03 September 2010

ဆုရတာက နအဖ ဘက်တော်သားများ ပါးစပ်အပြောနဲ့  ကယ်ဆယ်နေတာ ကာကွယ်နေတာက သိန်းစိန်တို့ ၊တကယ်ဘေးအန္တရာယ်ကြုံလို့  အသက်ဆုံးရှုံးခဲ့ကြရတာ ပြည်သူတွေ၊



နအဖက ပြောတော့ အမျိုသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မီတီကို ၂၀၀၅ ခုနှစ်ကတည်းက ဖွဲ့ စည်းထားခဲ့တာဆိုပါလား။

နာဂစ်မုန်တိုင်းဘေးကြုံတော့ နာဂစ်မုန်တိုင်းတိုက်နေချိန် ဘယ် နအဖမှ ဘယ် အမျိုသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဝင်တွေမှ စွန့် စွန့် စားစား ကယ်ဆယ်ရေးလုပ်ဖို့  မပြောနဲ့  နာဂစ်မုန်တိုင်းတိုက်ပြီး နောက်နေ့ ရက်တွေမှာတောင် လမ်းပေါ်မှ မမြင်ခဲ့ရဖူး။ တကယ်တမ်း ကယ်ဆယ်ရေးလုပ်ခဲ့ကြရတာ ရဟန်းသံဃာတွေနဲ့  ပြည်သူတွေအချင်းချင်းပါဘဲ။

ရက်အတော်ကြာမှ နိုင်ငံတကာ ကူညီမှု ဒေါ်လာငွေ ရနိုင်မှန်း ပွပေါက်ဆိုပြီး သေသွားကြတဲ့ ပြည်သူတွေ မျက်နှာမှ မထောက် သူတောင်းစားတောင်းသလို တောင်းခဲ့ကြတဲ့ နအဖတွေ လက်ပါးစေတွေ အလျှိုလျှို အသီးသီး ပေါ်လာခဲ့လိုက်ကြတာ။ ကုလသမဂ္ဂက လှူတဲ့ အလှူပစ္စည်းတွေအပေါ်မှာတောင် ဗိုလ်ချူပ်တွေက လှူတဲ့ပုံစံ နာမည်ပေါ်တင်တပ်တာ မရှက်ကြတော့ဖူး။ နအဖလက်ပါးစေ အဆင့်ဆင့်ကလည်း ကုလသမဂ္ဂနဲ့  နိုင်ငံတကာက နာဂစ်မုန်တိုင်းဘေးသင့် ဒုက္ခသည်ပြည်သူတွေအတွက် လှူတဲ့ပစ္စည်းတွေကို ဖြတ်ပြီး ဘုံးလိုက်ကြ ရောင်းစားလိုက်ကြတာ လူကြားလို့ တောင် မကောင်းဖူး။

နအဖနဲ့ အတူ တိုင်းပြည်ရဲ့  စီးပွားရေးလုပ်ငန်းတွေကို မောင်ပိုင်စီး နိုင်ငံရဲ့  မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေကို ကိုယ်ပိုင်ပစ္စည်းလိုသဘောထားပြီး ရောင်းစားနေကြတဲ့ တေဇတို့  ဌေးမြင့်တို့ လို သူခိုးကြီးတွေကို အခုတော့ နအဖ သိန်းစိန်က နာဂစ်မုန်တိုင်းအတွက် ကူညီခဲ့လို့  ဆုတွေ ပေးသတဲ့ဗျာ။

နအဖက အမျိုသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ကြီးနဲ့  ရူးကြောင် မူးကြောင် မျက်နှာပြောင် သိန်းစိန်ရေ အခု ပဲခူးမြို့ မှာ ရေကြီးတာ နအဖ အမျိုသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မီတီအနေနဲ့  မြန်မာနိုင်ငံမှာ မိုးရာသီဆိုရင် နှစ်စဉ် မြစ်ရေချောင်းရေတွေလျှံပြီး မြစ်ရေချောင်းရေကြီးကြတာ သိသိကြီးနဲ့  ချောင်းကမ်းပါးတွေ မြစ်ကမ်းပါးတွေ ဘယ်တုန်းကများ ပြုပြင်ပေးတာ ရေတိုက်စားမှုဒဏ် ရေကြီးမှုဒဏ်ကာကွယ်ပေးတာ ရေလွဲတွေ ဖောက်လုပ်ပေးတာများ ရှိပါသလည်း။



နောက်ဆုံးကြတော့ ပါးစပ်အပြောနဲ့  ကယ်ဆယ်နေတာ ကာကွယ်နေတာက သိန်းစိန်တို့ ၊ တကယ်ဘေးအန္တရာယ်ကြုံလို့  အသက်ဆုံးရှုံးခဲ့ကြရတာ ရင်ဆိုင်နေကြရတာက ပြည်သူတွေ၊ ကြားထဲက မျက်နှာရ ဆုရတာက နအဖ ဘက်တော်သားများ ဖြစ်တာမို့  မြန်မာပြည်ကြီးမှာ သဘ၀ဘေးအန္တရာယ်တွေ တွေ့ ကြုံရမှာ ရင်လေးလွန်းလို့  မြန်မာပြည်သူပြည်သားများ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေလို့  ဆုတောင်းနေရပါတော့တယ်။

့ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။