25 December 2010

ရိုးစင်းပေမယ့် ပျော်စရာကောင်းတဲ့ မြန်မာပြည်က ခရစ္စမတ်ပွဲတော်

ခရစ္စမတ်၊အခါသမယလေးကို၊ အသက် ၀င်ပီပြင်စေဖို့ဆိုရင် အေးမြမြ ဆောင်းကလည်း မပါမဖြစ်တစ်ခုပေါ့။ ရန်ကုန်ဆောင်းက မအေးလှဘူး ဆိုပေမယ့် ခရ စ္စမတ်နီးကပ်လာတာနဲ့အမျှ အအေးဓာတ်လေး တဖြည်း ဖြည်းပေးရင်း ပျော် စရာပွဲတော်ကြီးကို သူလည်းပဲ ကြိုဆို လာပြီပေါ့။

ကုန်တိုက်တွေ၊ စားသောက်ဆိုင် တွေ၊ ဟိုတယ်တွေကလည်း နားဝင်ပီ ယံ ချိုလှတဲ့ခရစ္စမတ်သီချင်းသံတွေ၊ မျက်စိပသာဒဖြစ်ဖွယ်ရာ အလှဆင် မီးလုံးတွေနဲ့ ခရစ္စမတ်ကို ကြိုဆိုနေကြသလို ခရစ်ယာန်ဘာသာဝင်တွေ ကလည်း ရိုးရှင်းတဲ့ ခရစ်ယာန်ရိုးရာ ချစ်စရာ အလေ့အထလေးတွေနဲ့ ပွဲတော်ကို ဆင်နွှဲကြဖို့ ပြင်ဆင်နေပါပြီ။

ဒီဇင်ဘာလ ရောက်ပြီ ဆိုရင် ညချမ်း ချိန်တွေ မှာ ဂစ်တာတွေ၊ ထရမ်း ဘုန်း တွေကိုယ်စီနဲ့ လူငယ်တွေ တစ်အိမ်ဝင် တစ်အိမ်ထွက် ခရစ္စမတ် သီချင်းတွေ ဆိုကြပြီ။ "ဒီလိုသီချင်းထွက်ဆိုတဲ့အခါ ရင်ထဲမှာ အေးချမ်း သွားတယ်။ ဘုရား ကျောင်းက သူငယ်ချင်းတွေနဲ့ တစ်ညလုံး အတူတူသွားကြတော့ ပျော်ဖို့လည်း အရမ်းကောင်းတယ်"လို့ ခရစ်ယာန် ဘာသာဝင် လူငယ်လေးတစ်ဦးက ဆိုပါတယ်။

အဲဒီလို သီချင်းသွားဆိုတာဟာ အိမ် ရှင်မိသားစုတွေကို ကောင်းချီးပေးတာ ဖြစ်တယ်လို့ သူကပြောပါသေးတယ်။

ခရစ္စမတ်အကြိုနေ့ ညမှာတော့ အများစုဟာ ဘုရားကျောင်းမှာ ၀တ်ပြု ဘုရားရှိခိုးဆုတောင်းကြပါတယ်လို့ စိန်မေရီဘုရားရှိခိုးကျောင်း ဂေါပကအဖွဲ့က ဦးရစ်ချတ်ခင်မောင်ဦးက ပြောပြပါတယ်။

"ည ၁၁ နာရီမှာ၊ဘုရားကျောင်း စတက်တယ်။ အားလုံး စုပေါင်းပြီး မစ္ဆားတရားနာကြတယ်။ တရားနာပြီး ၁၂ နာရီကျော်မှာ အချင်း ချင်း Merry Christmas လို့နှုတ်ဆက်ကြပြီး ဒီက ကျွေးတဲ့ ပေါင်မုန့်၊ ကောက်ညှင်းပေါင်း စတာတွေကို တပျော်တပါး စားသောက် ကြတယ်"လို့ သူကဆိုပါတယ်။

ဘုရားကျောင်းလာရောက်ပြီး၊၀တ်ပြုသူ အမျိုးသမီးတစ်ဦးကလည်း"ဘုရားကျောင်းကအပြန် အိမ်ရောက်ရင်မိသားစုတွေနဲ့ ကြက်သား ဆံပြုတ် ပူပူနွေးနွေးလေးကို သောက်ကြတယ်။ နောက်တစ်နေ့ ခရစ္စမတ်နေ့ရောက်တဲ့အခါကြတော့ အိမ်မှာ ကြာဇံချက်၊ ပူတင်း၊ ငှက် ပျောသီးပေါင်း စတာတွေ ကို မိသားစုတွေ၊ အမျိုးတွေ၊ သူငယ်ချင်း တွေက လာပြီးစားကြတယ်။ ပြီးတော့ လည်းအိမ်နီးနားချင်းတွေ ကို ဝေတယ်" လို့ ဆိုပါတယ်။

ဒီလိုအရသာရှိတဲ့ မုန့်တွေအပြင် နောက်ထပ်သူတို့စားကြတာတစ်ခုက တော့ ဒိုဒိုးလို့ခေါ်တဲ့ မုန့်ကလားမည်း တစ်မျိုးပါပဲ။ ထောပတ်၊ ဗာဒံစေ့၊ ကောက်ညှင်း ငချိပ်တို့ နဲ့ ပြုလုပ်ထားတဲ့ ဒီမုန့်ဟာ ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ ဂိုအာမြို့ကနေ အခြေခံပြီး မြန်မာနိုင်ငံ ကို ရောက်ရှိလာတယ်လို့သိရပါတယ်။

"အရင်က ကျွန်တော်တို့အဖေတွေ အမေတွေ၊ အဖိုးတွေ၊ အဖွားတွေ ခေတ်က ဒီမုန့်ကို အိမ်မှာကိုယ်တိုင် ၀ိုင်းပြီး ထိုးကြတယ်။ အခု နောက်ပိုင်းတော့ ဆိုင်ကပဲဝယ်စားကြတာ များပါ တယ်"လို့ ရိုးရာမုန့် အကြောင်းကို ဦးရစ်ချတ်ခင်မောင်ဦးက ပြောပြပါတယ်။ ဒိုဒိုး လိုပဲ ပွဲတော်မှာ စားလေ့ရှိကြတဲ့ နောက်ထပ်မုန့်တစ်မျိုးကတော့ သစ် သီးစုံပါဝင်တဲ့ ခရစ္စမတ်ကိတ်မုန့်ပါ။

ဒါ့ပြင် ရန်ကုန်မြို့မှာရှိတဲ့ အင်တာ နေရှင်နယ်စာသင်ကျောင်းတွေ၊ သံရုံး တွေနဲ့ ခရစ်ယာန်အသင်းတော်တွေမှာ လည်း ခရစ္စမတ် ပျော်ပွဲရွှင်ပွဲများကို ပွဲ တော်ရက်မတိုင်ခင် ရက်အနည်းငယ် အလိုမှာ ကျင်းပလေ့ရှိကြပါတယ်။

"ကျောင်းတက်တုန်းကဆို နှစ်တိုင်း ပျော်ပွဲရွှင်ပွဲလုပ်ကြတယ်။ အတန်းတစ် တန်းကို ဆိုင်ခန်းတစ်ခန်းနဲ့ ကိုယ်ကြိုက် တာကို စုပေါင်း ပြီးရောင်းကြတယ် "လို့ ILBC ကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့ စမ်းရေက ပြောပါတယ်။

တချို့ကျတော့လည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးရက် အားလပ်ရက်တွေမှာ ခွဲခွာနေရတဲ့ ချစ်သူ၊ ခင်သူတို့ဆီပြန်ကြရင်း ပျော်စရာအချိန် လေးတွေကို ဖန်တီးကြတယ်။

"မနှစ်ကဒီလိုအချိန် စင်ကာပူကနေရန်ကုန်ကိုပြန်လာတုန်းက ခရစ္စမတ်နေ့မတိုင်ခင်ညမှာ တစ်ညလုံးမအိပ်ဘဲ အိမ်နားက ဘုရားရှိခိုး ကျောင်းက ခေါင်းလောင်းတီးသံကို နားထောင်ကြတယ်။ ပြီးတော့အဖေနဲ့အမေကို Merry Christmas လို့ နှုတ်ဆက်ပြီး လက်ဆောင် တွေ ပေးတယ်။ နောက် တစ်နေ့ ဘုရားရှိခိုးကျောင်းမှာလည်း သူငယ်ချင်းတွေနဲ့ လက်ဆောင်ပစ္စည်း တွေလဲကြတယ်"လို့ စမ်းရေက ပြောပါ သေးတယ်။

ကျုံပျော်သူ ငွေမလေးကလည်း နှစ်စဉ် ခရစ္စမတ်ဆို လက်ရှိနေထိုင်ရာ ရန်ကုန်ကနေ ဇာတိမြို့ကို ပြန်လေ့ရှိပြီး သူငယ်ချင်းတွေနဲ့ ဘုရားကျောင်းအတူ သွား၊ ပါဆယ်ဂိမ်းတွေ ဆော့ကြသလို လူငယ်တွေဆိုတဲ့ စတိတ်ရှိုးပွဲတွေ သွား ကြည့်ရတာ အရမ်းပျော်ဖို့ကောင်း တယ် လို့ ဆိုပါတယ်။

မြန်မာလူမျိုးတွေ နွှဲပျော်ကြတဲ့ ခရစ္စမတ်ပွဲတော်ဟာ ကမ္ဘာအနှံ့က မြို့ပြကြီးတွေမှာ ဆင်နွှဲကြတဲ့ ခရစ္စမတ်ပွဲတော် တွေလောက် မခမ်း နား မကြီးကျယ်သလိုမြူနှင်းတွေနဲ့ ပြည့်နှက်နေတဲ့ အဖြူရောင်ခရစ္စမတ်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ ဓလေ့တွေ နဲ့ ရောင်စုံခရစ္စမတ်လေးဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။


မေစန္ဒီ

ငါးဆယ့်နှစ်






“ငါးဆယ့်နှစ်”


၅၂ နှစ်တဲ့ဗျာ . . .
အရေးအကြောင်းတွေကစလာခဲ့ပြီဘဲ၊
သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
ခြေလှမ်းတွေက နှေးကွေးလာမြဲ၊
သူမရဲ့လှမ်းချက်တွေကတက်ကြွနေဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊
သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။

၅၂ နှစ်တဲ့ဗျာ . . .
ဖြတ်သန်းမှုတွေက ဘ၀မျိုးစုံထဲ၊
သူမရဲ့ဖြတ်သန်းမှုဘ၀ကတော့ သီလလုံဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊
ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊
ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသဘဲ။

(မောင်တစ်ထမ်းမယ်တစ်ရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)

ကျော်သူ

ပေးပို့ ပေးသော ကိုကျော်သူ နှင့် မမြင့်မြင့်ခင်ဖေ တို့ အား ကျေးဇူးပါရှင်

24 December 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ ၂၀၁၁ ပြက္ခဒိန်..

မြန်မာပြည်တွင်းကမြန်မာ ပြည်သူ့တွေရဲ့ ရင်တွင်းခံစားချက်စာ

ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ်အဆင့်များကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခဲ့မှုသည် (၁) နှစ်လျှင် အနည်းဆုံး( ၁၀ ) ကြိမ်ထက်မနည်းရှိခဲ့သည့်အတွက် ဌာနဆိုင်ရာပြည်နယ်အဆင့်ရှိ ၀န်ထမ်းများမှာ ကြောက်ရွံ့  နေရပါသည်။ ၄င်းဝန်ထမ်းများသည် ကရင်ပြည်နယ်မှ ပြောင်းရွေ့ ခွင့် ရအောင် ကြိုးစားနေရကြောင်းကို စုံစမ်းလျှင်သိရှိနိုင်ပါသည်။

ကရင်ပြည်သူအတွက် မည်သည့်တိုးတက်မှုများကိုမှ တာဝန်ထမ်းဆောင်စဉ် ကာလထဲမှ ယနေ့တိုင်မ လုပ်ပေးဘဲနှိပ်ကွပ်လျက်ရှိပြီး ပြည်နယ်မှ ကရင်လူမျိုးများ အချင်ချင်း မသင့်မြတ်အောင် လုပ်ဆောင်နေခြင်း၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို အစိုးရနှင့် မသင့်မြတ်အောင် လုပ်ဆောင်ဖန်တီးခြင်း၊ လာဘ် အကြီးအကျယ်စားပြီး မန္တလေးမြို့တွင် မူးယစ်ဆေး အရောင်းအ၀ယ်ပြုလုပ်သည့် လူနှစ်ဦးထံမှ လာဘ်ငွေ ကျပ်သိန်း ( ၅၀၀၀) ခန့်ကို ယူပြီး မြ၀တီရှိ ကျောက်ခွဲစက်နျင့် ပဲတီစိမ်းစိုက်ရန် အတွက် ချပေးထားသော မြေဧက ( ၅၂) ဧကကို အိမ်ယာစီမံကိန်းအဖြစ် ဆောက်လုပ်ရန် (၀) အဖွဲ့အစည်းမှ လောစန်း၏ ကိုယ်စားလှယ်ခင်စန်းရီ ( မင်းပဒုမ္မာ ) ကုမ္ပဏီ အမည်ဖျောက်ပြီး သူ၏ညီဖြစ်သူကို ကုမ္ပဏီ ထဲတွင်အလုပ်လုပ်ခိုင်ပြီး ရှယ်ယာဝင်ယူခဲ့ပါသည်။

၎င်းမြေ၏ အမည်ပေါက် ( ၃) ဦးရှိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးရောင်း ၀ယ်မှုဖြင့် သေဒါဏ် ကျခံနေရသော ဦးရန်လောက်ဟိုငင်း ၁၃ ၊ တလန (နိုင်) ၀၂၂၆၄၅ ကိုင်ဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ မူးယစ်အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးမယူတဲ့ ၁၃။ တစန(နိုင်) ၀၃၃၆၈၁ ကိုင်ဆောင်သူ ဖြစ်ပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော မူးယစ်ဆေးများမှာ မင်းပဒုမ္မာ ကုမ္ပဏီမှ ခင်စန်းရီ. နောက်ကွယ်မှ ၀အဖွဲ့အစည်း၏ အဖွဲ့မှ လောစန်းဖြစ်ပါသည်။ မူးယစ်ဆေးတန်ဘိုးများမရရှိသည့်အတွက် မြ၀တီမြို့ ရှိ ကျောက်ခွဲစက်နှင့် ပဲတီစိမ်းစိုက်ခင်းကို သိမ်းယူပြီး ပယက ဥက္ကဌ ဗိုလ်မှူး ချုပ်ဇော်မင်းကို ငွေပေး ပြီး မန္တလေးမြို့  တွင် တိုက်ဆောက်ပေးပြီး ဥက္ကဌ ညီကို ကုမ္ပဏီတွင် ပါဝင်ခိုင်းပြီး ရှယ်ယာဝင်ယူပြီး မူးယစ်ဆေးရောင်း ချသူ ထုပ်လုပ်သူ (၀) လူမျိုး လောက်စန်းတို့အား ကူညီပါဝင်ပတ်သက်နေသည့်ကို စုံစမ်းလျှင်သိရှိနိုင်ပြီး လာရောက်မစုံစမ်း မစစ်ဆေးဘဲနေသည်ကို ကရင်ပြည်သူလူထုနှင့် မြ၀တီမြို့ မှ တာဝန်ကျဝန်ထမ်းများမှာ သိလျက်နှင့် ပယက ဥက္ကဌ ကို ကြောက်နေရပါဝသည်။ ၀န်ထမ်းများမှာလည်း ၄င်းတို့ ကြံရာပါ အဖြစ် သတ်မှတ်ခံရမှာကို နေ့စဉ် စိုးရိမ်နေကြပါသည်။

ပယက ဥက္ကဌ အနေဖြင့် မူးယစ်မှုနှင့် ပတ်သက်သည့် မြေ အဆောက်အဦးတို့ကို နိုင်ငံပိုင် အဖြစ်ပြန်လည်သိမ်းယူရမည်ကို သိလျက်နှင့် (၀)လူမျိုး လောစန်း. အဆမတန် ပေးထားသော လာဘ်ငွေကြောင့် ယခုကဲ့သို့ အိမ်ယာစီမံကိန်ကို မင်းပဒုမ္မာကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။

မြို့ တော်ဝန်( မန္တလေး) ဗိုလ်မှူးချုပ် ( အငြိမ်းစား) ဖုန်းဇော်ဟန်ဟာ တပ်မမှူးဖြစ်စဉ်က မိမိတပ်မ၏လက်နက်တိုက်ကို မီးလောင်မှုဖြစ်အောင်လုပ်ဆောင်ပြီး သူ၏ဆရာသမားများ၏ အစီအစဉ်ဖြင့် မန္တလေး စည်ပင်သာယာသို့ အရည်အချင်းမရှိပဲ ရောက်ရှိလာပြီး လုပ်ငန်းရှင်၊ စီးပွားရေးသမားတွေနျင့် ပေါင်းသင်ပြီး နည်းမျိုးစုံလာဘ်စားခြင်း ကိုယ့်ထက်စီနီယာများကို နှိပ်ကွပ်ခြင်း၊ မြို့ တွင်းရေမြောင်းများကို မြေဖိှု့ အိမ်မြေကွက်များရောင်းစားခြင်း၊ ၄င်းဇနီး၊အမျိုးများ၏ကုမ္ပဏီ များ မိတ်ဆွေးများနှင့် ပူးပေါင်းကာ လာဘ်လာဘ မျိုးစုံယူ၍ တိုက် ခြံမြေ ဈေးဆိုင်ခန်းမြောက်များစွာကို ပိုင်ဆိုင်ပြီး အများပြည်သူ၏ဘဏ္ဍာငွေများကို လစဉ်အထက်လူကြီးဧည့်ခံစရိတ်ဟု ပြပြိး ကျပ်သိန်း (၈၀၀ ) မှ သိန်း (၁၀၀၀) ကြား လာဘ်ပေးပြီး ပြည်သူကို နှိပ်စက်ဒုက္ခပေးနေသည်။ ၄င်းထံမှ လာဘ်ရထားသော ဆရာသမားများကလည်း လာဘ်ငွေရရဗိနေသောကြောင့် သိလျက်နှင့် ငြိမ်နေပြီး ယခုအခါ ဦးနုသမီးဒေါ်သန်းသန်းနုနှင့် ယှဉ်ပြိုင်အမတ်ရွေးရန်လုပ်နေပြီး ပြည်သူလူထုကို ထပ်မံဒုက္ခပေး ဖို့ ကြံရွယ်နေသောသူ့ ကို မဲထည့်မည်စိုးရိမ်မိသဖြင့် DVB ၊ VOA တို့ကို သတင်းပေးခြင်းဖြစ်ပါသည်။ (စုံးစမ်းလျှင်သိနိုင်ပါသည်။)

မီးမလောင်ခင် ရတနာပုံဈေးကြီးကိုလည်း လမ်းများပိတ်၍ ဆိုင်ခန်းအသစ်ဆောက်ခြင်း၊ မီးသတ်လမ်းများကို ပိတ်၍ ဆိုင်ခန်းဆောက်ခြင်း၊ ရတနာပုံဈေး၏ မူလကန်ထရိုက်အင်ဂျင်နီယာမှ ယခုကဲ့သို့လုပ်လျှင် ပြိုကျမည်ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်လျှင် မီးသတ်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို စာနှင့်တကွ အကြိမ်ကြိမ် ထိုသို့ မလုပ်ရန် တင်ပြသော်လည်း မြို့ တော်ဝန် ဖုန်းဇော်ဟန်မှာ လိုက်နာမှုမရှိဆက်လက် လုပ်ကိုင်ပြီး ဈေးအဟောင်း၏ ရေစင်များ အရေးပေါ်ထွက်ပေါက်များကို ပိတ်၍ ဆိုင်ခန်းများ ထပ်မံဆောက်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း(၁၀၀၀) မှ (၁၅၀၀) ဖြင့် ရောင်းချပါသည်။ ပြီးသည့်အခါ ဈေးလုံခြုံရေးကို လျှပ်စစ်ဝါယာ လျှော့(စ်) ဖြစ်အောင် ဖန်တီးခိုင်ပြိး ရတနာပုံဈေးကြီးကို မီးရှို့ ခိုင်းခဲ့ပါသည်။ ရတနာပုံဈေးကြီးမီးလောင်းသွားသည့်အခါ သူ့၏သမက်ဖြစ်သူနှင့် M.G.W ကုမ္ပဏီ ကို ဆောက်လုပ်ရေး တင်ဒါ မခေါ်ပဲ လက်သိပ်ထိုးဆောက်ခွင့်ပြု ပြီး သူ၏ ဆရာသမားများ မိန်းမ၏ မိတ်ဆွေများ အမည်ခံများအတွက် ဆိုင်ခန်းပေါင်း (၁၅၀) ကျော်ကို ချပေးပြီး တစ်ဘက်လှည့် နှင့် လာဘ်ငွေ ယူနေသည်ကို စုံစမ်း လျှင်သိနိုင်ပါသည်။ မန္တလေး စည်ပင်သာယာအတွက် လိုအပ်သော သံချောင်း၊ ဘိလပ်မြေ၊ ကတ္တရာ များကို ပေါက်ဈေးထက် ကျပ်(၁)သိန်းကျော်ပိုပေး၍ ယောက်ဖများ၊ ဆွေမျိုးများကို ကြိုတင်၍ ၀ယ်ခိုင်းပြီး တစ်ဘက်လှည့်နှင့် ငွေများလာဘ်စားနေကြောင်းကို စည်ပင်သာယာဝန်ထမ်းများမှ ပြောကြားနေပြီး မည်သူမှ လာရောက်မစစ်ဆေးသည့် အတွက် ပြောရန်ခက်ခဲနေကြပြီး တိုင်းကြားရန် ခက်နေပါသည်။ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးလျှင် ပြောဆိုရန် အသင့်ရှိနေပါသည်။

ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးပါရှင်..။

လှိုင်းဘွဲမြို့နယ်ရှိ ရွာသူရွာသားများ အား နအဖစစ်တပ်မှ အဓမ္မခေါ်ယူ ပေါ်တာဆွဲနေ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးနယ်များမှ ရွာသူရွာသားများအား ဒီဇင်ဘာလလယ်ပိုင်းမှ ယခုအချိန်ထိ နအဖ စစ်တပ်နှင့် နယ်ခြားစောင့်တပ်များမှ ပေါ်တာအဖြစ် အဓမ္မခေါ်ယူအသုံးချနေကြောင်း နယ်စပ်မှလာသည့် သတင်းများအရသိရသည်။

နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် စစ်ကွပ်ကဲရေးဌာနချုပ်(၁၉) လက်အောက်ခံတပ်ရင်းများသည် လှိုင်းဘွဲမြို့နယ်၊ ကဆောဝါးလေး(ဆင်ဖြူတောင်)ရှိ ၎င်းတို့၏ ရိက္ခာစုဆောင်းထားရှိရာနေရာသို့ တပ်ရိက္ခာပို့ဆောင်ရန်အတွက် ကျေးနယ်များမှ ရွာသားများကို ပေါ်တာဆွဲရာတွင် နယ်ခြားစောင့်တပ် BGF (၁၀၁၂)တပ်ရင်းမှ တာဝန်ယူလျှက်ရှိကြောင်း ကေအဲန်ယူ ဖားအံ ခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက ယခုလို ပြောသည်။

“နအဖ ခလရ(၆၁)၊ ခမရ(၁၀၆)တပ်တွေက လှိုင်းဘွဲမြို့နယ်ထဲက ကျေးနယ်တွေမှာ ပြီးခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက ပေါ်တာဖမ်းနေတာ။ သူတို့(နအဖ)က ဆင်ဖြူတောင်မှာ သူတို့ရိက္ခာကို စုဆောင်းထားနေကျလေ။ အခုလည်း အဲဒီကို ရိက္ခာ ပို့ဖို့အတွက် ကားနဲ့သယ်လို့ အဆင်မပြေတော့ လူနဲ့ပဲသယ်ခိုင်းတာ။ ပေါ်တာဆွဲဖို့အတွက်ကို BGF (၁၀၁၂)တပ်ရင်းကလည်း ၀ိုင်းကူပေးနေတယ်လို့ သိရတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယင်းသို့ ပေါ်တာဆွဲရာတွင် ရွာ ၂ရွာ၊ ၃ရွာရှိသည့် ကျေးနယ်တခုလျှင် လူအယောက် ၅၀စီ တောင်းခံကြောင်းနှင့် ယခုလို ပေါ် တာအဆွဲခံရသည့် ကျေးရွာများမှာ ပိန္နဲတော၊ ကွီးလေး၊ သကွီးကလား၊ ၀ိုင်းထော်၊ ကြာအင်း၊ ၀ါးကုပ်တော၊ ဖွေးဖိုးကလားရွာ များအပြင် မဲစမိတ်၊ နောင်ကိုင်ကျေးရွာများမှ အမျိုးသမီးပေါ်တာများလည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

နယ်ခံတစ်ဦးက “ပိန္နဲတောရွာမှာတော့ ခလရ(၆၂)တပ်ရင်းက ဒီလ ၂၁ရက်နေ့ကနေစပြီး ပေါ်တာဆွဲနေတာ ဒီနေ့အထိပဲ။”ဟု ပြောသည်။

သို့သော် ပေါ်တာအဖြစ် ခေါ်ဆောင်ခြင်းခံရသည့် ရွာသူရွာသားများအနက် စုစုပေါင်း အမျိုးသမီး၊ အမျိုးသားဦးရေ အတိအကျ ကို သိရှိရန်အတွက် ကေအိုင်စီက ဆက်လက် စုံစမ်းနေဆဲပင် ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ရက်နှင့် ၆ရက်နေ့များတွင် ကေအဲန်ယူ တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၀၂)နှင့် ဗဟိုအထူး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ မာနယ်ပလောဂွင်ရှိ ဆင်ဖြူတောင်၊ ကြယ်ပြောင်ကုန်းနှင့် ထီးသေ့ဟီးကျေးရွာအနီးတွင် နအဖ ခလရ(၂၈) တပ်ဖွဲ့ဝင်များကို ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၆ဦးကျဆုံးကာ ၄ဦး ထိခိုက်ခဲ့သလို စစ်ကားတစ်စီးလည်း မိုင်းထိမှန်ကာ ပျက်စီးသွားခဲ့သည်။

နအဖတပ်များသည် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ယခုအချိန်ထိ လှိုင်းဘွဲမြို့နယ်၊ မာနယ်ပလောတ၀ိုက်ရှိ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ နေရာများကို ကေအဲန်ယူတပ်များက ပြောက်ကျားတိုက်ခိုက်သည့်အတွက် မာနယ်ပလောဒေသရှိ နို့ဒေးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရာနှင့်ချီသည့် နို့ဒေးရွာသားများမှာ ကျေးရွာစွန့်ခွာ၍ နယ်စပ်နှင့် ထိုင်းဘက်ခြမ်းသို့ ထွက် ပြေးနေခဲ့ရသည်။

အဆိုပါ မာနယ်ပလောဒေသတွင် ကေအဲန်ယူ နယ်မြေခံတပ်များအပြင် နအဖ ရတခနှင့် စကခ(၁၉) လက်အောက်ခံ တပ်ရင်း များဖြစ်သည့် ခလရ(၆၁)၊ ခလရ(၆၂)၊ ခလရ(၂၈)၊ ခမရ(၃၄၃)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)၊ ခမရ(၅၈၇)တပ်ရင်းများက စစ်ရေး လှုပ်ရှားလျှက်ရှိသလို နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကလည်း ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာနေသည်။

သတင်း...KIC

GLOBAL သတင်းဋ္ဌာနက DKBA အဖွဲ့ရဲ့ ဓာတ်ပုံတစ်ချို့ပါ...


ဓာတ်ပုံများ Play နှိပ်ကြည့်ပါရန်....

Last call for the resistance
သတင်းဖတ်ချင်ရင်..http://www.globalpost.com/dispatch/asia/101101/myanmar-burmese-refugees-mae-la

23 December 2010

အဖွဲ့ချုပ်ရုံးတွင် ယနေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စု စိတ်ဓာတ်အကြောင်း ဟောပြောပွဲ အခမ်းအနား သတင်းဓာတ်ပုံ












ဓာတ်ပုံများ ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးပါရှင်...

ရန်ကုန်မြို့ရှိ မဟတ္တမဂန္ဒီ ဟောခန်းမကြီးအား ရွှေ့ပြောင်းရတော့မည် ဖြစ်ကြောင်း

ရန်ကုန်မြို့ရှိ မဟတ္တမဂန္ဒီ ဟောခန်းမကြီးအား ရွှေ့ပြောင်းရတော့မည် ဖြစ်ကြောင်း ခန်းမမှ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဂန္ဒီဟောခန်းမကြီးအား ရန်ကင်းမြို့နယ်၊ ဆရာအတတ်သင် သိပ္ပံကျောင်းအနီး ကြေးတိုင်နှင့် မြေစာရင်းရုံးရှေ့ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံးဟောင်းသို့ မကြာမီရက်များအတွင်း ပြောင်းရွှေ့ရတော့မည် ဖြစ်ကြောင်း၊ ယခင်ကအဆိုပါ ခန်းမတွင် အလှူမင်္ဂလာပွဲများ လက်မှတ်ရေးထိုးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “သေချာတာကတော့ ရွှေ့ရမယ်လို့ပြောတယ်။ လူကြီးတွေကတော့ ဒီအစီအစဉ်ကို ပိုပြီးသိမှာပါ”ဟု ယင်းခန်းမရှိ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ လက်ရှိတွင် အဆိုပါခန်းမ၌ အိမ်ခြံမြေအပြောင်းအလွဲ စာချုပ်များ၊ အများနှင့်သက်ဆိုင်သော အရောင်းအဝယ်စာချုပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ပြုလုပ်ပေးလျက်ရှိကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

AlJazeera သတင်းဋ္ဌာနနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုမှ တိုက်ရိုက်မေးမြန်း ဆွေးနွေးတဲ့ ရုပ်သံဖိုင်....

၂၁ ရက်နေ့ မြန်မာပြည်တွင်း သတင်းများ ရုပ်သံ

နအဖ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေသော ကရင်နယ်မြေ ကလို့ ထူးဖော ဗျူဟာမှူး ဒီကေဘီအေ မှ ဗိုလ်မှူး ကျော်သက် နှင့် အင်တာဗျူး ရုပ်သံ

မြန်မာငွေစက္ကူအတု လက်ခံရရှိခဲ့ပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးပါတဲ့ရှင်



တစ်ထောင်ကျပ်တန်နှင့် ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများ ကိုလက်ခံရရှိခဲ့ပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ကြပါဟု ဗဟို ဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။ငွေကျပ် ၁ဝဝဝ ကျပ် တန်နှင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူအတု များအား ပြည်သူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရာမှ တွေ့ရှိ ၍သော်လည်း ကောင်း၊ ဘဏ်ထုတ် ငွေများတွင်ပါဝင်၍သော်လည်းကောင်း လက်ခံရရှိခဲ့ပါကထို ငွေ စက္ကူအတုများ ပြန့်ပွားခြင်းမရှိ စေရန်နှင့် ငွေစက္ကူအတုပြုလုပ်၍ သုံးစွဲ သူ များအား ဖမ်းဆီး ထိန်း သိမ်း နိုင်ရန်အတွက် သက်ဆိုင်ရာသို့ အချိန်မီ သတင်းပေးပို့ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ငွေစက္ကူအတု ပြုလုပ်သည့် ကိစ္စမှာ ရှေးယခင် နှစ်များ စွာက တည်းကရှိခဲ့သော်လည်းမြန်မာနိုင်ငံ ၌ငွေစက္ကူအတုများအား အများ အပြား ဖမ်းဆီးရမိခြင်း မရှိ သေး ကြောင်း၊ ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ်ငွေစက္ကူအတုများ အားတွေ့ရှိပါက တွေ့ရှိ သည့် နေရာ အား နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ် များနှင့် ရဲစခန်း တို့သို့ တာဝန်သိစိတ် ဖြင့်အကြောင်းကြားရန် လိုအပ် ကြောင်း၊ အကယ်၍ဘဏ်ထုတ်ငွေ များမှတစ်ဆင့် လက်ခံရရှိခဲ့ပါက ကာယကံရှင်အနေဖြင့် မိမိငွေကြေး ထုတ် ယူခဲ့သောဘဏ်အား ငွေ ထုတ်ယူခဲ့သည့် အထောက်အ ထားနှင့်တကွ ပြန်လည်တင်ပြ ပြော ဆိုပါက အဆိုပါငွေအတုအတွက် ¤င်းငွေကြေးနှင့် တန်ဖိုးတူညီသော ငွေကိုပြန်ရနိုင်မည်ဖြစ်သည့်အပြင် ဘဏ်အနေဖြင့်လည်း အဆိုပါငွေ အတုအားမည်သူ့ဆီမှ လက်ခံရရှိ ခဲ့သည်ဆိုသည်ကို ဖော်ထုတ်စုံစမ်း နိုင်မည်ဖြစ်ကြောင်း၊ ရဲစခန်းသို့ငွေ အတုလက်ဝယ်ရရှိသည့် ကိစ္စအား သတင်းပေးပို့ပါကလည်း ထိုငွေ အတုအားမည်ကဲ့သို့ လက်ခံရရှိခဲ့ ခြင်းဖြစ်သည်ကို သေချာစွာ ရှင်း လင်းပြောကြား ရန် လိုအပ်ကြောင်း ၄င်းကဆိုသည်။

ငွေစက္ကူအတုနှင့် ပတ်သက်၍ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမောင် မောင်ဝင်းက မည်သူမဆိုငွေစက္ကူ ဖြစ်စေ၊ ဘဏ်ငွေ လက်မှတ် ကိုဖြစ် စေလိမ်လည်အတုပြုလျှင် သို့မ ဟုတ် အတုပြုလုပ်မှန်း မိမိ သိ လျက်နှင့်ထိုသို့ လိမ်လည် အတုပြု လုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပြု လုပ်ပါက ထို သူအားရာဇသတ်ကြီး ပုဒ်မ ၄၈၉ (က)အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်း အထိ ဖြစ်စေ၊ ဆယ်နှစ် အထိထောင်ဒဏ်တစ် မျိုးမျိုးကိုဖြစ် စေချမှတ် နိုင်သည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း၊ ထို့အပြင် ငွေစက္ကူအတု ကိုဖြစ်စေ၊ ဘဏ်ငွေ လက်မှတ်ကိုဖြစ်စေ အတုမှန်း သိလျက် အစစ်အမှန်အဖြစ် အသုံး ပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ)အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်အရေး ယူနိုင်သည့် အပြင် ငွေဒဏ်လည်းချ မှတ်နိုင် ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ် ထားကြောင်း သိလျက်နှင့် သုံးစွဲ ရန်ကြံရွယ်ကာ လက်ဝယ်ထားပါ က ခုနစ်နှစ်အထိထောင်ဒဏ် ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည် ဟုဥပဒေအရ ပြဋ္ဌာန်းထား သည်ဟု ဆိုသည်။ဆက်လက်၍ ၄င်းက ”ငွေ အတုမှန်းမသိလို့ ကိုယ့် လက်ထဲ ရောက်နေတာဆိုရင်တော့ဘာမှ မဖြစ်ဘူး။

အကယ်၍များပြည်သူ တစ်ယောက်ရဲ့ လက် ထဲကိုရောင်း ဝယ်ဖောက်ကားရင်းနဲ့ ငွေတု ရောက်လာမယ်။ အဲဒီ လူကလည်း ငွေတုမှန်းမသိဘဲ ပြန်ဖလှယ်တဲ့ အခါကျမှ ငွေအတုမှန်းသိသွားရင် တော့အဖမ်းခံ ရနိုင်တယ်။ တကယ် လို့အတုမှန်းစောစောစီးစီး သိခဲ့ တယ်ဆိုရင် တော့ နီးစပ်ရာရဲစခန်း ကိုအကြောင်းကြားပြီး ဒီငွေတုကို ဘယ်ကနေပြီးဘယ်လိုပုံစံနဲ့ရခဲ့တယ် ဆို တာကို သတင်းပို့ဖို့လိုပါတယ်။နောက်တစ်ချက် က ငွေစက္ကူ အတု ကိုမ သိဘဲ ကိုင်ထားရင်လည်း လက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူခံရ နိုင်တဲ့အတွက် ရိုးရိုး သားသား လုပ် ကိုင်စားသောက်တဲ့ မသိနားမလည် သူတွေက ဒုက္ခရောက်နိုင် တယ်။

ဒီတော့သက်ဆိုင်ရာကလည်းငွေတု ပပျောက်အောင်နဲ့ ငွေတုပြုလုပ်သူ တွေကို တရား ဥပဒေအရ အမြန်ဆုံး ဖမ်းဆီးနိုင်အောင် ပြည်သူတွေကို ငွေတုတွေ့ရင် ဘယ်လို ဆောင်ရွက် သင့်တယ်ဆိုတဲ့ ပညာပေးမှုမျိုးတွေ လုပ်သင့်တယ်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ ကလည်း ဗဟိုဘဏ်အနေဖြင့် ငွေတုပြဿနာ အားဖြေရှင်းရန်အတွက် ငွေတုနှင့် ပတ်သက် သော ပညာပေးမှုအစီ အစဉ်တစ်ရပ်အား ပြည်သူများသိ ရှိစေရန် စီစဉ် ဆောင် ရွက် လျက်ရှိ သည်ဟုသိရသည်ဟု ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြပါရှိသည်.။

22 December 2010

ကိုနေဇော်နိုင်ရဲ့ ကျွန်တော် ဆွဲဖွင့်မိသောတံခါးများက ဒီတခါ နအဖရွေးကောက်ပွဲ မှာ ပြည်သူတွေကို မတရားပြုလုပ်ပုံပြည်သူ့အသံတွေ ဖော်ပြထားခဲ့ပါတယ်ရှင်..။

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်မှာဒီကနေ့သွားရောက်တွေ့ဆုံ

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို နှစ်ဘက်စလုံးက တရားဝင် ထုတ်ပြန်ဖို့ မရှိပေမဲ့ သူတို့ တွေ့ဆုံစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီနေ့ ၂ နာရီမှာ ရန်ကုန်မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ဒေါ်စုအိမ်မှာ လာတွေ့ပါတယ်။ ဒေါ်စုနဲ့ ဆွေးနွေးပါတယ်။ Delegation ၄ ယောက်စလုံး လာပါတယ်။ Head of Delegation က ဂျော့ခ်ျ ပက်စလီ စန်နူး၊ Deputy Head က ပက်ထရစ် ၀ီလီယက်၊ Protection Unit က ဒိုမိနစ် အာဘန်၊ နောက် ဒေါက်တာဇော်ဝင်းပါ။ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး ကိစ္စတွေ အဓိက ဆွေးနွေးတယ်လို့ ကျနော် သိပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono ရဲ့ ဖိတ်ကြားမှုအရ အင်ဒိုနီးရှား သံအမတ် နေအိမ်ကို သွားရောက်ပြီး သံအမတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်မှု မရှိပါဘူး။

သတင်း..VOA

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု တိုင်းရင်းသားဒေသများတွင်နအဖမှ တိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ်ကန့်ကွက်ကြောင်းကြေငြာခြင်း

့မြန်မာပြည်တွင်း ဒီမိုကရေစီရေးလှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသား လူငယ်အဖွဲ ခုနှစ်ဖွဲ့ ပူးပေါင်း ပါဝင်ဖွဲ စည်းထား သောဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသားဒေသများတွင် နအဖစစ် အစိုးရ ဆင်နွှဲနေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲ လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြသည်။

ဗဒတ တပ်ပေါင်းစုဝင် သံဃာတော်များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အတွင်းရှိ မြို့နယ်ပေါင်း (၂၂)တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀)နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့ များတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဗဒတတပ်ပေါင်းစုမှ ဖြန့် ဝေခဲ့သည့် စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာချက်ချင်းရပ်၊ပြည်တွင်း စစ်ချက်ချင်းရပ်၊စစ်ပွဲအလိုမရှိ၊တွေ့ဆုံ ဆွေးနွေး အဖြေရှာ ရေးချက်ချင်း ဆောင်ရွက်ပေး စသည့် စစ်ဆန့်ကျင်ရေး စာသားများ ပါဝင်ပြီး ငြိမ်းချမ်းရေး ဂျိုးဖြူငှက်မြန်မာပြည် မြေပုံဆီသို ပျံသန်းနေဟန် သရုပ်ဖော်ထားသောပုံများပါရှိသည်။

လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဗဒတ၏ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်း အတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊အင်းစိန်မြို့ နယ်၊ တွံ့ တေးမြို့ နယ်၊ သန်လျင်မြိုနယ်၊ ကျောက်တန်းမြို့ နယ်၊ သုံးခွမြို့ နယ်၊သာကေတမြို့ နယ်၊ ကျောက်တံတားမြို့ နယ်၊ ဗိုလ်တထောင်မြို့ နယ်၊ ဒေါပုံမြို့ နယ်၊ ပန်းပဲတန်းမြို့ နယ်၊ လသာမြိုနယ်၊လမ်းမတော်မြို့ နယ်၊ စမ်းချောင်းမြို့ နယ်၊ ပုဇွန်တောင်မြို့ နယ်၊ မင်္ဂတောင်ညွန့် မြို့ နယ်၊ တောင်ဥက္ကလာမြို့နယ်၊ မရမ်းကုန်းမြို့ နယ်၊ ဒလမြို့ နယ်၊ ကြည့်မြင်တိုင်မြို့ နယ် တို့ နှင့်ပဲခူးတိုင်း၊ ပဲခူးမြို့ နယ် တို့တွင် ပြုလုပ်ခဲ့ကြသည်။







Statement No-5-2010 of UFBAD

ABMA ဂျာနယ် အတွဲ (၁) အမှတ် (၂၂)

ABMA Journal Volume 1 No 22

21 December 2010

မြန်မာပြည်သူတွေသတိတော့ထားကြပါ လေယာဉ်ပြေးလမ်းကြောင့်လေယာဉ်ဘီးဘဲကျွံမလား? လမ်းချော်မလား? ဆိုတာ စောင့်ကြည့်လိုက်ပါမကြာမှီသတင်းလာမည်မျှော်သာမျှော်ပေတော့

နေပြည်တော် လေဆိပ်သစ်ကို ၂၀၁၁ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်ကာ ပြည်တွင်း ခရီးစဉ်အတွက် စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း နေပြည်တော်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ၂၀၀၉ ခုနှစ် အတွင်းက Asia World Co.Ltd မှ လေဆိပ်ဆောက်လုပ်ရေး စီမံကိန်း အဆင့်သုံးဆင့်ဖြင့် စတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေကြောင်း ခရီးစဉ်များ ဆိုက်ကပ်နိုင်မည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းများနှင့် ပြည်တွင်း ခရီးစဉ် အသုံးပြု အဆောက်အအုံသစ်များကို တစ်ပြိုင်နက် ဆောက်လုပ်လျက် ရှိပြီး ၂၀၁၁ ခုနှစ် မတ်လ အတွင်းတွင် နေပြည်တော် လေဆိပ်သစ်ကြီးကို ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် လေဆိပ်သစ် ဖွင့်လှစ်ပြီးပါက လေဆိပ်သစ်တွင် ပြည်တွင်း ခရီးစဉ်အတွက် နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှု ပေးနိုင်မည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေကြောင်းခရီးစဉ်များ အတွက်ကိုမူ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်မှ ပျံသန်း ပြေးဆွဲနိုင်ရန် ရှိကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာပြည်ဒီမိုကရေစီခရီးအတွက်မြန်မာ့ကျောင်းသားလူငယ်များမှ ကျောင်းသားလူငယ်တစ်ယောက်၏ အာဏာပိုင်ထံတင်ပြတောင်းဆိုတဲ့စာ

Letter

Voice of Burma

VOB793KK

နိုင်ငံရေးအကျဉ်းသူ မသင်းဇူလိုင်ကျော် လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်



ဘလော့ဂါ ကိုနေဘုန်းလတ် ကို ယုဇနာဂါးဒင်းကော်ဖီဆိုင်မှာ ဝင်ရောက်ဖမ်းဆီး စဉ်မှာ မသင်းဇူလိုင်ကျော်နဲ့တူတူ ကော်ဖီသောက်နေချိန် အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ဆန္ဒပြမှုနဲ့ဆက်စပ်ပြီး ၂၀၀၈ ခုက ဖမ်းဆီးခံရတာပါ။ သူ့ကို စစ်အစိုးရက ပုဒ်မ ၅ ည၊ ဗွီဒီယို အက်ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ် ခွဲ အမိန့်ချခဲ့ပါတယ်။

ပဲခူးတိုင်း ပြည်မြို့ အကျဉ်းထောင်ကနေ ဒီနေ့မနက်လွတ်ရက်စေ့လို့ပြန်လည် လွတ်မြောက် လာခဲ့ကြောင်းသတင်းရရှိပါသည်.။

သူမနဲ့ တူတူဖမ်းဆီးခံခဲ့ရသော ဘလော့ဂါ ကိုနေဘုန်းလတ် အားယနေ့အချိန်ထိ ဘားအံထောင်ထဲတွင် ထောင်ဒဏ် အနှစ်(၂၀) ကျော် ဖြင့်မတရားသဖြင့်အာဏာပိုင် များက အမိန့်ချ ဖမ်းဆီးထားဆဲ ပင်ဖြစ်ပါသည်.။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ) ပြည်တွင်း


မြန်မာပြည်တွင်းဒီမိုကရေစီရေး လှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသားလူငယ်အဖွဲ့ ခုနှစ်ဖွဲ့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသားဒေသများတွင် နအဖစစ်အစိုးရဆင်နွှဲနေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲလှုပ်ရှားမှုကို ပြုလုပ် ခဲ့ကြသည်။ ဗဒတတပ်ပေါင်းစု အဖွဲ့ဝင်သံဃာတော်များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိမြို့နယ် ပေါင်း(၂၀)တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀)နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့များတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဗဒတတပ်ပေါင်းစုမှ ဖြန့်ဝေခဲ့သည့်စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ စစ်ပွဲအလိုမရှိ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ချက်ချင်းဆောင်ရွက်ပေး စသည့်စစ်ဆန့်ကျင် ရေးသားစာများ ပါဝင်ပြီးငြိမ်းချမ်းရေး ဂျိုးဖြူငှက် မြန်မာပြည်မြေပုံဆီသို့ ပျံသန်းနေဟန် သရုပ်ဖော်ထားသောပုံများ ပါရှိသည်။ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများ တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗဒတ၏စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ်၊ တွံ့တေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ သာကေတမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို.နယ်၊ ဒေါပုံမြို.နယ်၊ မင်္ဂတောင်ညွန့်မြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဒလမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် တို့နှင့် ပဲခူးတိုင်း ပဲခူးမြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြသည်။

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးပါရှင်..။

The Voice 7 - 2

The Voice 7-2

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ဧ။် ဇနီးဖြစ်သူ နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ၏ အပြန်အလှန်ပေးစာ

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုနှင့်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ အပြန်အလှန်ပေးစာ
Letter From Daw Aung San Suu Kyi 20.12.2010 (Korea)

တောင်ကိုရီးယားနိုင်ငံတွင်ထုတ်ဝေသည် (ဟန်ဂယောလဲ) အမည်ရှိ အထင်ကရ သတင်းစာစောင်တွင် ယနေ့ (၂၀.ဒီဇင်ဘာလ ၂၀၁၀) က တောင်ကိုရီးယားနိုင်ငံရဲ့  ၁၅ ကြိမ်မြောက် သမ္မတ လည်းဖြစ် ၂၀၀၀ ပြည်နှစ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်လည်းဖြစ်ခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၈ရက်နေ့ က ကွယ်လွန်ခဲ့ သူ သမ္မတ ကြီး မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံသို့  ပေးပို့ ခဲ့သည့် စာသ၀ဏ်နှင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်၍ မစ္စယီဟီဟို ထံသို့  ပြန်လည် ပေးပို့  လိုက်သည့် အပြန်အလှန် စာသ၀ဏ်ကို အထက်ဖော်ပြပါ သတင်းစာ တွင် အထူးသတင်းတရပ် အနေဖြင့် ဖော်ပြထုတ်ဝေခဲ့ပါသည်၊၊

အဆို သတင်းစာတွင်ဖော်ပြပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စယီဟီဟို တို့ ၏ အပြန်အလှန် ပေးပိုသည့် စာသ၀ဏ်လွှာကို အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ မှ အဖွဲ့ ဝင် ကိုဇော်မိုးအောင်မှ အတိအကျ ဆီလျှော်အောင်ဘာသာပြန်ထားသည်ကို အများပြည်သူတို့ အနေဖြင့် ဖတ်ရူ့  ရလေအောင်မျှဝေလိုက်ပါသည်။

ပေးပို့ ပေးသော ကိုရန်နိုင်ထွန်း အားကျေးဇူးပါရှင်..

နအဖသတင်းစာ တခုတွင် နအဖခေါင်းဆောင်လူသတ်သမားဦးသန်းရွှေ တို့မိသားစုလိုက် အလှူဒါန ပြုလုပ်နေသောဓာတ်ပုံ တွင် ဦးသန်းရွှေတို့၏ ဗီဇ ကိုပြသလိုက်ပုံ မြင်ကွင်း..


တစ်နေ့ က နအဖ သန်းရွှေတို့  မိသားစုလိုက် စစ်ကိုင်းမြို့ က ရာဇမဏိစူဌာ ကောင်းမှုတော် မဟာစေတီတော်ကြီးကို သွားရောက် ဖူးမြော်ကြတုန်းက သန်းရွှေတို့  မိသားစုတွေ အလှူငွေ လှူဒါန်းတယ်ဆိုပြီး နအဖ သတင်းဝါဒဖြန့် ချီရေးစာစောင်ဖြစ်တဲ့ ကြေးမုံသတင်းစာပါ ဓါတ်ပုံကြီးကြီးနဲ့  ထည့်သွင်းထားပါလေရဲ့ ။ နအဖသန်းရွှေရယ် ကြိုင်ကြိုင်နဲ့  သမီးများတင်မက မြေးမလေးက သန်းရွှေနဲ့ အတူ အလှူဒါနကို လက်ကနေ ကိုင်ထားတဲ့ ပုံပါ။ ဘေးကတော့ ဘုရားလူကြီး ဂေါပကကြီးနှစ်ဦးက မတ်တပ်ရပ်နေပြီး တစ်ယောက်ကတော့ သန်းရွှေတို့ မိသားစုကို လက်အုပ်လေးချီ ကန်တော့နေလေရဲ့ ။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ မြန်မာပြည်သူပြည်သားတွေ ဘာသာရေး ကိုင်းရှိုင်းတဲ့ အရိုအသေ အလေးအမြတ်ထားတဲ့ ဦးခိုက်ရှိခိုးတဲ့ ရှင်တော်မြတ်စွာဘုရားရှေ့  ဘုရားစေတီပုထိုးဝန်းအတွင်း ဘုန်ကြီးကျောင်း ပရ၀ုဏ်ဝန်းအတွင်းတွေမှာ ဖိနပ်မစီးရဖူး သံဃာတော်တွေ ဆွမ်းဆန်ပစ္စည်းလောင်းလှူတဲ့နေရာကအစ ဖိနပ်မစီးကြဖူးဆိုတာကို မြန်မာပြည်သူပြည်သားတွေ ရှေးအစဉ်အဆက်ကတည်းက လိုက်နာကြတယ်ဆိုတာ အထူးပြောနေစရာ မလိုပါဖူး။

တိုင်းတစ်ပါးသားတွေတောင် ဘုရားစေတီပုထိုးတွေ ဘုန်းကြီးကျောင်းဝန်းအတွင်းတွေမှာ ဖိနပ်စီနင်းဝင်ရောက်မှုပြုလုပ်မိခဲ့လို့  ပဋိပက္ခဖြစ်ကြရတဲ့အထိ သမိုင်းတွင်ခဲ့တယ်ဆိုတာ သိကြပါတယ်။

ယခုအခါမှာတော့ မြန်မာပြည်မှာ မိစ္ဆာဒိဌိတွေ မတရားလွှမ်းမိုးနေတဲ့ လက်ထက်ရောက်မှ ဘုရားစေတီပုထိုးတွေမှာ စစ်ဖိနပ်စီး တက်ရောက်ကြတာ၊ လူသတ်လက်နက်တကိုင်ကိုင်နဲ့  သွေးဆာနေကြတာ၊ ဘုန်ကြီးကျောင်းဝန်းအတွင်း ယမ်းသေနတ်သံတွေ ယမ်းငွေ့ တွေ ပျံ့ လွှင့်နေအောင် လုပ်နေကြတာ၊ သံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်ကြတာတွေဟာ အေးချမ်းသာယာခဲ့တဲ့ မြန်မာပြည်ကြီးမှာ တကယ့်ကို အဓမ္မ၀ါဒီတွေ ကြီးစိုးနေကြတာပါ။

ဒီလို အဓမ္မ၀ါဒီ မိစ္ဆာဒိဌိတွေကတော့ နအဖ သန်းရွှေ ဦးဆောင်တဲ့ နအဖအာဏာရူးအုပ်စုပါဘဲ။ နအဖ သန်းရွှေက ဘုရားတရားရိုသေကိုင်းရှိုင်းသလို လုပ်ပြနေပေမယ့် အထက်က ပြောခဲ့တဲ့ အဓမ္မလုပ်ရပ်တွေက မူလဇာတိရုပ်ကို သက်သေပြနေပါတယ်။ ယခုလည်း ကြည့်ပါ။ နအဖ သန်းရွေက သူ့ ရဲ့  မြေးမကို ဘုရားစေတီတော်ကြီးထဲမှာ ဖိနပ်ပေးစီးထားပါလေရဲ့ ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးပါရှင်..။

မတရားတဲ့ နအဖ ရဲ့ရွေးကောက်ပွဲကြီးမှာ ကြံဖွတ်ပါတီရဲ့ ဆိုးဆိုးရွားရွားလုပ်လိုက်တဲ့ လုပ်ရပ်တခု ..





နိုဝင်ဘာလ (၇) ရက်နေ့  က နအဖတွေ အကွက်ဆင်ပြီး ကျင်းပခဲ့တဲ့ နအဖ အသွင်ပြောင်း သက်ဆိုးရှည်ရေး ရွေးကောက်ပွဲမှာ အမျိုးမျိုးသော လိမ်ညာကောက်ကျစ်မှုများ လှည့်ဖြားသွေးဆောင်မှုများ အကွက်ဆင် ဖန်တီးမှုများ ရှိတယ်ဆိုတာ မြန်မာပြည်သူပြည်သားအပေါင်း လက်တွေ့ မှာ ပိုပြီး သိသိသာသာ သိရှိလာကြမှာပါ။

နအဖ အသွင်ပြောင်း ကြံ့ ဖွတ်ပါတီဟာ အသက် (၁၈) ပြည့်မှသာ မဲပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ တရားဝင်သတ်မှတ်ချက်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်လိုက်တဲ့ လုပ်ရပ်တစ်ခုကတော့ - ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းမြို့ မဲရုံအမှတ် (၆) မှာ အသက်မပြည့်သေးသူတွေကို အောက်ဖေါ်ပြပါ ယာယီမှတ်ပုံတင်သက်သေခံလက်မှတ်တွေ ကမန်းကတန်းထုတ်ပေးပြီး ကြံ့ ဖွတ်ပါတီကို မဲ အတင်းအဓမ္မ ပေးခိုင်းခဲ့တာပါ။

တာဝန်သိပြည်သူတစ်ဦးမှ လာရောက်ပေးအပ်ထားသည်ကို ဓါတ်ပုံဖြင့် မှတ်တမ်းတင်ပြီးဖေါ်ပြအပ်ပါတယ်။ အသက်မပြည့်သေးသူကို ယင်းလက်မှတ်ဖြင့် ကြံ့ ဖွတ်ပါတီက မဲပေးခိုင်းခဲ့တယ ဖြစ်ပါတယ်။ ဒီလို မဲပေးပိုင်ခွင့်မရှိသူကို မဲပေးခိုင်ခြင်းဟာ တရားဥပဒေကို ဗြောင်ချိုးဖောက်တာဖြစ်လို့  ကြံ့ ဖွတ်ပါတီကို တရားဥပဒေအရ အရေးယူဖို့  လိုပါတယ်။


ဒီလို အဖြစ်အပျက်တွေ မြန်မာပြည်တစ်ဝှမ်း မဲဆန္ဒနယ်မြေ နေရာတော်တော်များများ ဖြစ်ခဲ့ပါတယ်။ နအဖက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ ဖွတ်ပါတီ အနိုင်ရတယ်ဆိုပြီး ပြောဆိုနေတာတွေဟာ ဒီလို တရားဥပဒေကို ဗြောင်ချိုးဖောက်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ကြံ့ ဖွတ်ပါတီကိုရော နအဖတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်များ တရားမ၀င်ပါကြောင်း အသိအမှတ် မပြုပါကြောင်း ပြောကြားလိုက်ရပါတယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးပါရှင်..။

မြန်မာပြည်က စစ်အာဏာရှင်ခေတ်မှာခေတ်မှီတိုးတက်ပါတယ်ဆိုတဲ့စစ်အာဏာရှင်များ၏ ပြောစကားနဲ့ကတော့လွဲနေတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ ဆိုးရွားနေမှုမြင်ကွင်းပုံရိပ်




မတိုးတက်နေသောနေရာများ မကျန်ရှိဖူးလို့  ပြောခဲ့တဲ့ နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အညာစကားနဲ့  သန်းရွှေတို့ နအဖတွေ ပြည်သူတွေအပေါ် ထားတဲ့ စေတနာများ ဆိုတာတွေဟာ အပြောတစ်ခြား လက်တွေ့ တစ်ခြား ဖြစ်နေတယ်ဆိုတာ သိသာအောင် ထုတ်ဖေါ်ပြသလိုက်ရပါတယ်။

သန်းရွှေတို့ နအဖအုပ်စုတွေဟာ စစ်စရိတ်တွေကျတော့ ဒေါ်လာသန်းပေါင်းများစွာ ဘုံးပေါလအော သုံးစွဲနေပြီး ပြည်သူ့ ကျန်းမာရေးအတွက်တော့ လစ်လှူရှူထားတာတွေကို သိရအောင် ပြည်သူ့ ဆေးရုံကြီးတစ်ခုမှာ မြင်တွေ့ ရတဲ့ မြင်ကွင်းတွေကို ဓါတ်ပုံအထောက်အထားများနဲ့ တစ်ကွ ပြသလိုက်ရပါတယ်။

ပြည်သူ့ ဆေးရုံကြီးရဲ့  လူနာစောင့်တွေ နေရတဲ့နေရာကလည်း ရေဝေးက ထိုင်ခုံထက် အင်မတန် ဆိုးရွားလှပါတယ်။ ရေဝေးက ထိုင်ခုံတွေက ပြည်သူ့ ဆေးရုံကြီးက လူနာစောင့်ခုံတွေထက် အများကြီး သာဦးမယ်။ နောက် အရေးပေါ်ဆေးရုံကားဆိုတာကလည်း သံဇကာနဲ့ အကျဉ်းချထားသေးတယ်။ ပြည်သူတွေအတွက် အရေးပေါ်ရင် ထွက်မရဖူး ဖြစ်နေတယ်။


ပြည်သူ့ ဆေးရုံကြီးကို ပြုပြင်ထိန်းသိမ်းခြင်း မရှိဘဲ ပစ်စလက်ခတ်ထားတဲ့ အနေအထားတွေကြောင့် ပြည်သူ့ ဆေးရုံကြီးရဲ့  အဆောက်အဦးတွေထဲ ရောက်သွားတာနဲ့ လူနာတွေ စိတ်ဆင်းရဲစေပါတော့တယ်။ လူနာကုတင်ပေါ်ကနေ မျက်နှာကြက်ကို ကြည့်လိုက်တာနဲ့ မျက်နှာကျက်မှာ မစင်ကြယ် မသန့် ရှင်း စုတ်ပြတ်နေတဲ့ မျက်နှာကြက်ပုံကြောင့် ငါလည်း အခြေအနေမကောင်း သေရတော့မှာလားဆိုတဲ့ စိတ်အတွေးဝင်ပြီး သံဝေဂရအောင်များ တမင်သက်သက် လုပ်ထားပေးထားသလား မသိဘူး။

ပြည်သူ့ ဆေးရုံကြီးဝန်းထဲ မော်တော်ကား ၀င်တာနဲ့ ယာဉ်ဝင်ခဆိုပြီး (၁၀၀) စတောင်းတော့တာပဲ။ ပြီးတော့ လူနာအချို့ကို မေးကြည့်လိုက်ရင်တော့ စိတ်ဆင်းရဲစရာသတင်းက သူတို့ရဲ့ ဝေဒနာ မဟုတ်ဘဲနဲ့ ဆေးရုံကြီးရဲ့  ယိုယွင်းပျက်စီးနေတဲ့ အနေအထားတွေ အစစအရာရာ လိုအပ်နေတဲ့ ဆေးဝါးတွေနဲ့  ဆေးပစ္စည်းကိရိယာတွေ နောက် နအဖလက်အောက်က ထိုက်သင့်တဲ့ လစာအပြည့်အ၀ မရမှု၊ ရှိသင့်တဲ့ စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်စည်းကမ်းတွေ လျော့ပါးနေမှုတို့ ကြောင့် ပျက်စီးခြစားနေတဲ့ ကျန်းမာရေး ၀န်ထမ်းသူနာပြုဆရာမတွေအချို့ တွေရဲ့ ဆက်ဆံပြောဆိုမှု အပေါက်ဆိုးခြင်းက စ ပါတော့တယ်။

ပြည်သူလူထုရဲ့  ကျန်းမာရေးကို ကုသပေးနေတဲ့ ပြည်သူ့ ဆေးရုံကြီးတွေမှာ ဒီလို အဆောက်အဦးတွေ ယိုယွင်းပျက်စီးနေတာ၊ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးနေတာ၊ သန့် ရှင်းစင်ကြယ်မှု မရှိတာ၊ ဆေးဝါးပစ္စည်းကိရိယာ လိုအပ်နေတာ၊ ကျန်းမာရေးဝန်ထမ်း လုံလောက်မှု မရှိတာတွေဟာ မတိုးတက်နေသောနေရာများ မကျန်ရှိဖူးလို့  ပြောတဲ့ နအဖ သန်းရွှေရဲ့  စကားနဲ့  အတော့်ကို ရှေ့ နောက်မညီ အမှန်တကယ်မှာ အတော်ကြီးကို လွဲချော်နေတာ တွေ့ ရမှာပါ။

နအဖ သန်းရွှေတို့  မုသားဝါဒ မသုံးဘဲ လိမ်လည်မပြောဆိုဘဲ ပြောရမှာကတော့ အမှန်ပြောသင့်တာကတော့ - မပျက်ဆီးသောနေရာမှန်သမျှ မကျန်စေရလို့ ပြောရမှာပါ။ နိုင်ငံတော်အကြီးအကဲဆိုသူလို့  ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ထားတဲ့ နအဖ သန်းရွှေတို့ ရဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ စေတနာဟာ ဒီလိုပါတကားလို့ဘဲ မှတ်ယူရတော့မဲ့ ပြည်သူတွေအတွက် သေဘေးနဲ့  နီးနေရတဲ့ ဘ၀ပါဘဲဗျာ။

မြန်မာပြည်ကြီးမှာ ဒီလို ယိုယွင်းပျက်စီးနေပြီး ဒီလို ပြည်သူ့ ဆေးရုံတွေ အများကြီးပါ၊ လာပါ၊ ကြည့်ပါ၊ လေ့လာ ပါလို့ဘဲ ပြောပါရစေဗျာ။

မတိုးတက်နေသောနေရာများ မကျန်ရှိဖူးလို့  ပြောတဲ့ နအဖ သန်းရွှေရဲ့  စကားက ပြောင်းပြန် ဖြစ်နေပါ တော့တယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးပါရှင် ...။

20 December 2010

Wikileaks အဖွဲ့က နောက်ထပ် ပေါက်ကြားလိုက်တဲ့ အမေရိကန်သံရုံး လှျို့ဝှက်ကြေးနန်း မှတ်တမ်းတခု

“သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့ လိမ်ညာလှည့်ဖျားတာကို မိမိတို့ ခံနေရတယ်, ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန အရာရှိတဦးက အမေရိကန် ကောင်စစ်ဝန်ကို ပြောဆိုခဲ့ကြောင်း အခုရက်ပိုင်းအတွင်း Wikileaks အဖွဲ့က နောက်ထပ် ပေါက်ကြားလိုက်တဲ့ အမေရိကန်သံရုံး လှျို့ဝှက်ကြေးနန်း မှတ်တမ်းတခု မှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ် ဧပြီလ ၂၇ ရက် နေ့စွဲနဲ့ နယူးဒေလီ အမေရိကန်သံရုံးက ပေးပို့တဲ့ ကြေးနန်းစာမှာ အခုလို ဖော်ပြထားတာပါ။ ဒီကြေးနန်းမှတ်တမ်းအရ အဲဒီကာလမတိုင်ခင်လေးမှာ အိန္ဒိယကို လာရောက်ခဲ့တဲ့ စစ်အစိုးရ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံခြားရေး အရာရှိMohan Kumar ကာမေ က အမေရိကန် ကောင်စစ်ဝန်ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယသူပုန်တွေကို နှိမ်နင်းဖို့ မြန်မာဘက်က အကူအညီ ပေးခဲ့တဲ့အတွက် အပြန်အလှန် အနေနဲ့ အိန္ဒိယဆီက လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ တောင်းခံဖို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး လာရောက်ခဲ့တာ ဖြစ်ကြောင်း အိန္ဒိယအရာရှိက ပြောပြတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ဝယ်ယူရေးနဲ့ စစ်အစိုးရအပေါ် ဩဇာလွှမ်းမိုးရေးမှာ တရုတ်က မိမိတို့အပေါ် အသာစီး ရနေကြောင်း၊ ဒါကြောင့် မြန်မာ စစ်အစိုးရကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ထပ်ဆင့် ဖိအားပေးဖို့ အမေရိကန်က မိမိတို့ကို ဖိအားပေးမယ်ဆိုရင် ဖြစ်စေချင်သလို ဖြစ်လာမှာ မဟုတ်ကြောင်း၊ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ တင်သွင်းနိုင်အောင် အိန္ဒိယကို ဖိအားပေးခိုင်း လေလေ မြန်မာစစ်အစိုးရက မိမိတို့ကို ဒေါသတကြီး တုန့်ပြန်လေလေ ဖြစ်ကြောင်း အိန္ဒိယအရာရှိက ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ကောင်စစ်ဝန်က မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး အိန္ဒိယ အနေနဲ့ မြန်မာစစ်အစိုးရကို အကူအညီပေးမယ် ဆိုရင် အမေရိကန် အစိုးရက လိုလားမှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အိန္ဒိယအရာရှိက အိန္ဒိယ- မြန်မာ ဆက်ဆံရေးဟာ နယ်စပ်က သူပုန်နှိမ်နင်းရေး တခုတည်းသာ ရှိနေကြောင်း၊ သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေး ကိစ္စမှာ အလိမ်ခံနေရကြောင်း တဲ့တိုး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံကို အိန္ဒိယရဲ့ အရှေ့အာရှ ပေါင်းကူးတံတားအဖြစ် အသုံးပြုနိုင်မယ့် အခွင့်အရေးတွေလည်း မရရှိခဲ့ကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်။

မြန်မာ စစ်အစိုးရ အရာရှိတွေက သူတို့ဟာ တရုတ်ကို “မုန်းတီး, ကြောင်း၊ တတ်နိုင်ရင် တရုတ်နဲ့ မဆက်ဆံလိုကြောင်း၊ ဒါပေမယ့် အိန္ဒိယထက်စာရင် တရုတ်က ပိုပြီး အားကိုးရတယ်လို့ ခံစားရတဲ့အတွက် ဆက်ဆံနေတာ ဖြစ်ကြောင်း အိန္ဒိယအရာရှိကို ပြောဆိုတယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် အိန္ဒိယက မြန်မာကို T_55အမျိုးအစား တင့်ကားတွေ ရောင်းချပေးမယ်ဆိုတဲ့သတင်း မမှန်ကန်ကြောင်း အဲဒီ အိန္ဒိယအရာရှိက အမေရိကန် ကောင်စစ်ဝန်ကို ပြောဆိုခဲ့တယ်လို့လည်း ဒီကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးအရာရှိရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ရဲ့ အိန္ဒိယ အခြေစိုက် ၀န်ကြီး ဒေါက်တာတင့်ဆွေက ဒါဟာ မြန်မာ စစ်အစိုးရက အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန် တို့ကို ရန်တိုက်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဗမာ ဗိုလ်ချုပ်ကြီး ပြောတာကတော့ အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန်၊ သုံးနိုင်ငံကြားမှာ ကစားပြီးတော့ တနည်းအားဖြင့် ရန်တိုက်ပေးရာ ကျတဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ မှန်ကန်တဲ့ သုံးသပ်ချက်တခုတော့ မဟုတ်ဘူးခင်ဗျ။ ဒီ အိန္ဒိယနဲ့ အမေရိကန်ကို ရန်တိုက်ပေးခြင်း အားဖြင့် အိန္ဒိယကနေ မြန်မာ စစ်အစိုးရအပေါ် ပိုလာမယ့် ဖိအားတွေကို လျော့အောင် ကြိုးစားမှု တခုလည်း ဖြစ်တယ်ခင်ဗျ။ သို့သော် ဒီ သုံးသပ်ချက်တွေဟာ ကြာခဲ့ပြီလည်း ဖြစ်ပြီးတော့ ဒီကနေ့ကာလမှာ တရုတ်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် အခြေအနေတွေကတော့ ပြောင်းသွားပြီ။ ဒီ ပြောင်းသွားတဲ့ အနေအထားတွေဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ကျင့်သုံးခဲ့တဲ့ မူဝါဒတွေ၊ ကျဆုံးမှုတွေကို ကြည့်ပြီးတော့ ဒါကို ကြည့်ခြင်းအားဖြင့် အိန္ဒိယ အစိုးရဟာ သူတို့ ၁၈ နှစ်ကျော် ကျင့်သုံးခဲ့တဲ့ အရှေ့မျှော်မူဝါဒရဲ့ အခြေခံ ဗမာပြည်အပေါ်မှာ ချတဲ့မူဝါဒတွေကို ပြောင်းလဲစေဖို့အတွက် ဒါ တွန်းအားတခု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆပါတယ်,

Wikileaks အဖွဲ့က ဖော်ပြလိုက်တဲ့ ကြေးနန်းစာမှာ အိန္ဒိယ နိုင်ငံခြားရေး အရာရှိက အမေရိကန် ကောင်စစ်ဝန် ကို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာတင့်ဆွေရဲ့ အမြင် ဖြစ်ပါတယ်။

သတင်းး..RFA

၂၀၁၁ ခုဟာ မြန်မာနိုင်ငံရဲ့ အင်မတန်မှ အရေးကြီးတဲ့ နှစ်ဖြစ်မယ်လို့ မြန်မာ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြော


၂၀၁၁ ခုဟာ မြန်မာနိုင်ငံရဲ့ အင်မတန်မှ အရေးကြီးတဲ့ နှစ်ဖြစ်မယ်လို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး အစိုးရသစ် တစ်ရပ်မှာ လက်ရှိ နအဖ အစိုးရ ခေါင်းဆောင်တွေ အများဆုံး ပါဝင်မှာ ဖြစ်ပေမယ့် အသွင် သဏ္ဍာန် အားဖြင့် အစိုးရသစ် တစ်ရပ်ကတော့ ပေါ်လာမှာ ဖြစ်ပြီး ရွေးကောက်ပွဲမှာ နေရာ တချို့ အနိုင်ရ ပါတီတွေကတော့ လွှတ်တော် ကနေ တစ်စုံတရာ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

တစ်ဘက်မှာလည်း NLD အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တခိျု့နဲ့ နိုင်ငံရေး အင်အားစုတချို့ကလွှတ်တော် ပြင်ပကနေ နိုင်ငံရေး လှုပ်ရှားမှုတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ၂၀၁၁ မှာ ဘယ်လိုဖြစ်လာမယ် ဆိုတာကို သူ့အနေနဲ့ အသေအချာ မပြောနိုင်ပေမယ့် အဓိကအားဖြင့် အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ပေါ်လာအောင်တော့ အားလုံးဝိုင်းပြီး ကြိုးစားကြရမယ် လို့လည်း ပြောပါတယ်။

လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး ဖြစ်စဉ် ပုံသဏ္ဍာန်နှစ်ခု ရှိနေရာမှာ ဒီအင်အားစု နှစ်ခု ပေါင်းဆုံနိုင်အောင်ကတော့ နှစ်ဦးနှစ်ဖက် နားလည်မှုယူဖို့လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

''နှစ်ဖက်စလုံးက နိုင်ငံကောင်းဖို့အတွက် လုပ်နေတာ၊ နိုင်ငံမှာ ဒီမိုကရေစီ အဆောက်အအုံ တွေ ပေါ်လာဖို့ လူ့အခွင့်အရေးတွေ ပိုပြီးတော့ ကောင်းကောင်း မွန်မွန် ဖြစ်အောင် နှစ်ဖက် စလုံးက လုပ်ချင်တယ်ဆိုလို့ရှိရင် နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းတွေ ပေါ်လာမှာပဲ''လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်း...ဘီဘီစီ

ခုလိုစည်းကမ်းတွေ ထုတ်သင့်တာ ကြာနေပါပြီး အာဏာရှင်တွေ ရဲ့ သားသမီးတွေကို အရင် စောင့်ကြည့်သင့်တာပါရှင်..။

အခြေခံပညာကျောင်း သင်ကြားနေသည့် အချိန်ကာလအတွင်း ကျောင်းသားကျောင်းသူများ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်တတ်သည့် ဖျော်ဖြေရေးများ ရှိသည့် နေရာများ၊ ပန်းခြံများနှင့် အခြား နေရာများတွင် စောင့်ကြည့်စစ်ဆေး ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေးနှင့် စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။

ကျောင်းသားကျောင်းသူများ ကျောင်းမတက်ဘဲ မိမိ၏ ဆုံးဖြတ်ချက်ဖြင့် အုပ်ထိန်းသူ မိဘများ မသိဘဲ သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ရှိသူများထံသို့ ခွင့်တိုင်ကြားပြီး လူငယ်များ မသွားသင့်သည့် နေရာများသို့ အကြောင်းအမျိုးမျိုးဖြင့် သွား လာနေသည့် ဖြစ်စဉ် အချို့များ ဖြစ်ပွားနေသဖြင့် ယင်းကဲ့သို့ သွားလာတတ်သည့် နေရာများတွင် ပညာရေးဝန်ထမ်းများမှ စုံစမ်း၍ စစ်ဆေးထိန်းသိမ်းကာ ပြန်လည် ခေါ်ဆောင်မည့် စနစ်အား ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယင်းစနစ်ကို ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အဓိကထားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပညာရေးနှင့် စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''ကျောင်းသားကျောင်းသူတွေ ကျောင်းပညာ သင်ကြားချိန် ကာလအတွင်းမှာ သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မသွားသင့်တဲ့ နေရာတွေကို သွားနေတဲ့အတွက် ကျောင်းတွေကို ကျောင်းသားမိဘတွေကိုပါ ခေါ်ယူပြီးတော့ ပညာပေးမှုတွေ ပြုလုပ်မယ်။ လိုအပ်လာရင် အဆင့်ဆင့်ကို စာထုတ်ပြီးတော့ ထိန်းသိမ်း ဆောင်ရွက်မှုတွေ ပြုလုပ်ခိုင်းသွားမယ်။ အဓိကကတော့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးတွေ အနေနဲ့ကလည်း မိမိရဲ့ ကျောင်းသူကျောင်းသားတွေ အခြေအနေကို လေ့လာနေဖို့ လိုအပ်တယ်''ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အထက (၁) ဒဂုံကျောင်းအုပ်ကြီး ဖြစ်သူ ဒေါက်တာအောင်ကိုကို ကလည်း''ကျွန်တော်တို့ကျောင်း အနေနဲ့ကတော့ နှစ်စပိုင်းမှာ ကျောင်းသား ကျောင်းသူတွေ တချို့က သူ့နည်းသူ့ဟန်နဲ့ ခွင့်တိုင်ပြီးတော့ ပန်းခြံတွေ၊ ကစားကွင်းတွေကို သွားရောက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ အဲဒီ ကျောင်းသားက အိမ်ကနေပြီးတော့ ကျောင်းကို အကြိုအပို့ယာဉ်နဲ့ လိုက်လာတယ်။

ကျောင်းရှေ့လည်းရောက်ရော ကျောင်းဝတ်စုံကို အပြင်အ၀တ်အစားနဲ့ လဲပြီးတော့ သူ့နည်း သူ့ဟန်တစ်မျိုးနဲ့ ကျောင်းက တာဝန်ရှိသူတစ်ယောက်ကို ခွင့်လှမ်းတိုင်ပါတယ်။ ဒီလိုဖြစ်စဉ်တွေ ဖြစ်လာတဲ့အတွက် ဆရာတို့ အနေနဲ့ နောက်ပိုင်းမှာ ခွင့်တိုင်မယ်ဆိုရင် မိဘကိုယ်တိုင် ကျောင်းကိုလာတိုင်ရမယ်ဆိုတဲ့ စနစ်ကို လုပ်ခဲ့တယ်။ အကယ်၍ မတိုင်ဘဲနဲ့ ကျောင်းပျက်မယ်ဆိုရင် ကျွန်တော်တို့ တာဝန်ရှိသူတွေ အနေနဲ့သူ့ရဲ့ နေအိမ်ကို စုံစမ်းမယ်။ ပြီးတော့ ကလေးသွားတတ်တဲ့ နေရာတွေကို သွားရောက် စောင့်ကြည့်သွားပါမယ်။

ဒီလို အရွယ်နဲ့ဒီလိုမျိုး အခြေအနေတွေ ဖြစ်နေတယ် ဆိုတာလည်း ခေတ်ရေစီးအရ ပြောင်းလဲနေတဲ့ ပုံစံတွေကို ဘာမှမပြောလိုဘူး။ ဒါပေမယ့် တချို့ ကျောင်းသားမိဘတွေက ကလေးတွေကို အရမ်း တင်းကြပ်လွန်းတယ်။ အဲဒီကလေးတွေက လွတ်လပ်ခွင့် အချိန်အနည်းလေးရရင် ပျက်စီးဖို့များ သွားပါတယ်။ တချို့မိဘတွေဆိုရင်လည်း လိုတာထက်ပိုပြီးတော့ ပိုက်ဆံကို ပိုပေးတဲ့ အတွက်ကြောင့်လည်း ကလေးတွေ ပျက်စီးတာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်သတင်းအား news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။

နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”


နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”

၈၈ မတ်လ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားဆန္ဒပြပွဲ၊ မတ်လ ၁၆ တံတားနီ ဆန္ဒပြပွဲကို ဦးဆောင်လာသူ။ တံတားနီဖြစ်ရပ်မှန်ကို စာတမ်းရေး ဖြန့်ဝေခဲ့သူ။

၈၉ မှာ ထောက်လှမ်းရေးက ခဏခဏ ဖမ်းစစ်ဆေး။ နောက်ဆုံးတော့ အင်းစိန်ပို့ကာ ၂ နှစ်လောက် အချုပ်ဘ၀ ထားခဲ့ပြီး ၉၁ မှာ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူ။

အင်းစိန်ထောင်မှာ အဖေ ဦးဘိုးအောင် နဲ့ သား အောင်သူ။ သားအဖ၂ယောက်ရဲ့ အမှတ်တယများက ဘယ်လိုမှ မေ့မရ။ အစဉ်အလာနဲ့ ယုံကြည်ရာ ကြားက ပဋိပက္ခ ပြေငြိမ်းရာ-

မိခင်ဖြစ်သူက ခင်ပွန်းနဲ့သားအတွက် တပတ်တခါ ထောင်ဝင်စာလာ၊ ဖွယ်ဖွယ်ရာရာနဲ့။ အခုတော့ ဖခင်ဖြစ်သူက မရှိတော့။ မိခင်ကြီးကလဲ တသက်တာ ထောင်ဝင်စာ ခရီးကြောင့် ကျန်းမာရေး မကောင်း။

အောင်သူက သူငယ်ချင်းတွေကို ခင်သလို ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ မပြင်တတ်။ စကားလုံးကောင်းကောင်းနဲ့ သီချင်းတွေ ရေးတတ်သလို အတွေး ကောင်းကောင်းနဲ့လဲ နောက်တတ် ပြောင်တတ်။

ထောင်ကလွတ်လာပြီး မိသားစုဘ၀လေး တည်ဆောက်နေရင်း ၉၆ ဒီဇင်ဘာ ကျောင်းသား လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့၊ အဖမ်းအဆီးတွေကို ရှောင်တိမ်းခဲ့ရသေး။

နောက်ဆုံးတော့ ၈၈ မျိုးဆက် ကျောင်းသားများ၊ သူငယ်ချင်းဟောင်းများနဲ့ ပြန်လက်တွဲ၊ နိုင်ငံမှာ အဓိက အကျဆုံး “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ထောင် ၆၅ နှစ် ချခံရပြီး မြန်မာပြည်မြောက်ဖျား ပူတာအိုထောင်ထိ ပို့ခံထားရသူ။

တခါတခါ အကြော ဆိုင်းသွားတတ်တဲ့ ရောဂါနဲ့ အလွန် အေးပါတယ် ဆိုတဲ့ ရာသီဥတုကြား ယုံကြည်ချက်နဲ့ အသက်ရှင်နေသူ။ သူငယ်ချင်းတွေကို ချစ်တဲ့သူ။ မြန်မာပြည်ကို ချစ်တဲ့သူ။ မိခင်နဲ့ဝေး အိမ်နဲ့ ဝေးနေတဲ့သူ။ ကျွန်တော်တို့ ဘယ်လိုမှ မေ့မရတဲ့သူ။

အောင်သူ။ နာမည်အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”

ရေးသားသူ...... သားကြီး

ကိုအောင်သူ အတွက် အမှတ်တရ မိုးမခ မှ ပြန်လည် မျှဝေ လိုက်ပါတယ်ရှင်.. ကျမ ရဲ့ မြတ်လေးငုံ

ဘလော့ဂ်စတင် ရေးသားခဲ့စဉ်က ကိုအောင်သူ ရဲ့ အကြောင်းကို အရင်ဆုံး စတင် ရေးသားခဲ့ပါသည်.။

19 December 2010

Who Is Aung San Suu Kyi?

မြန်မာ့ညူကလီးယားကိစ္စ လာရောက်စစ်ဆေးဖို့ IAEA တောင်းဆို

မြန်မာနိုင်ငံမှာ ညူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သံသယဖြစ်စရာ နေရာတွေကို လာရောက်စစ်ဆေးခွင့် ပြုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက မကြာသေးခင် လပိုင်းတွေအ တွင်း စစ်အစိုးရကို စာရေးသား တောင်းဆိုထားကြောင်း ဒီကနေ့ ထုတ်ဝေတဲ့ Wall Street Journal သတင်းစာက ရေးသားလိုက်ပါတယ်။

မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာရာမှာ အဲဒီအထဲမှာ ညူကလီးယားနည်းပညာတွေ၊ တာဝေးပစ်ဒုံးပျံတပ်ဆင်တာတွေနဲ့ မြေအောက်လိုဏ်ခေါင်း တူးဖော်တာတွေ ပါဝင်တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် အာရှနိုင်ငံတွေက စိုးရိမ်နေကြတာပါ။

အီရန်၊ ဆီးရီးယား စတဲ့ နိုင်ငံတွေကို မြောက်ကိုရီးယား စစ်လက်နက်ပစ္စည်းတွေ ပင်လယ်ရေကြောင်း က သယ်ယူရာမှာ မြန်မာဆိပ်ကမ်းကတဆင့် ကြားခံလွှဲပြောင်းပြီး ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အရာရှိ တွေက စွပ်စွဲထားပါတယ်။ ဒါ့ပြင် မကြာသေးခင် နှစ်တွေအတွင်း မြန်မာရေပိုင်နက်နဲ့ လေကြောင်းပိုင်နက် တွေကို ဖြတ်သန်းပြီး ဒုံးကျည်အစိတ်အပိုင်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတွေနဲ့ လေယာဉ်တွေကို အမေရိကန်က ကြားဖြတ် တားမြစ်ခဲ့တယ်လို့လည်း ဝါရှင်တန်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။

သတင်း....RFA

စစ်အာဏာပိုင်တွေ ဗေဒင် ယတြာ လုပ်နေပြန်တယ် ဖောက်လိုက်ရတဲ့ လမ်းနောက်တော့လည်းလမ်းတွေကအကောင်းမရှိ

ရခိုင်ရှေးဟောင်မြို့ရိုးဂိတ်

ဘီစီ ၆ ရာစုကတည်းက တည်ရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရခိုင် ရှေးဟောင်း မြို့တော် တစ်ခုဖြစ်သည့် ဓည၀တီ မြို့တော်ဟောင်းကို ဖြတ်ပြီး ရထားလမ်း စတင် ဖေါက်လုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရှေးဟောင်း သမိုင်းသုတေသီ တဦးက “ ကျွန်တော် သွားကြည့်တော့ ဓည၀တီ မြို့ဟောင်း အရှေ့ဘက်ကနေ စဖေါက် နေပါတယ်။ နောက်တစ်ရက်ဆိုရင် မြို့ရိုးပေါ်ကို ရောက်ပါလိမ့်မယ်။ အခု မြို့ရိုးပေါ်မှာ လမ်းဖေါက်မယ့် အမှတ်အသားတွေဖြစ်တဲ့ အလံနီ တိုင်လေးတွေကို အူကြောင်း တလျှောက်မှာ စိုက်ထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

တခြား လူစည်ကားရာနေရာများက ရထားလမ်းကို ဖေါက်လုပ်လျှင် ရနိုင်သော်လည်း မဖေါက်လုပ်ဘဲ ဓည၀တီ မြို့တော်ဟောင်းပေါ်မှ ဖြတ်သန်းဖေါက်လုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း ဖြစ်ကြောင်းသူက ပြောသည်။

“ ကျွန်တော်တို့အနေနဲ့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဓည၀တီမြို့ ဟောင်းပေါ်က ဖြတ်မဖေါက်ဖို့နဲ့ တခြားနေရာက လွဲပြောင်း ဖေါက်လုပ်ဖို့ စာရေးသား တင်ပြထားတာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က လုံးဝ ဂရုမစိုက်ဘူး။ တခြား ဖေါက်လို့ရတဲ့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့က မဖေါက်ဘူး။ ခုလို လုပ်တာဟာ ရခိုင်ယဉ်ကျေးမူု အမွေအနှစ် တွေကို ဖျက်ဆီးဖို့ သူတို့ အစီအစဉ်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုလို လုပ်တဲ့ အတွက် ရခိုင်တွေ အတွက်သာမက မြန်မာနိုင်ငံ တခုလုံး အတွက် ကြီးမားတဲ့ ဆုံးရှုံးမူကြီး ဖြစ်ပါတယ်။”

ဓည၀တီ မြို့တော်ဟောင်းမှာ ရခိုင်ဘုရင် စန္ဒသူရိယ မင်းထီးနန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး အဆိုပါ ဘုရင်သည် ဘုရားရှင်အား ပင့်ဖိတ်ပြီး ယခုမန္တလေးရှိ မဟာမုနိ အပါအ၀င် တခြား မဟာကျိန်၊ မဟာကျန် ဘုရား ဆင်းတုတော် အများအပြားကို သွန်းလုပ်ခဲ့ကြောင်း သမိုင်းအရ သိရသည်။

ယခုအချိန်ထိ ဓည၀တီ မြို့တော်ဟောင်းတွင် နန်းမြို့ရိုးများ၊ အုတ်တံတိုင်းများ အထင်အရှား တည်ရှိနေကြောင်း သိရသည်။

ယခုရထားလမ်းကြောင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားမည်ကို ရခိုင်အမျိုးသားများက အထူး စိုးရိမ် လျှက်ရှိကြောင်း သိရသည်။

ယခု ဖေါက်လုပ်နေသော ရထားလမ်းသည် ဓည၀တီ မြို့တော်ဟောင်း ကိုသာမက ဝေသာလီ မြို့တော်ဟောင်းကိုပါ ဖြတ်ဖေါက်မည် ဖြစ်သဖြင့် နအဖ စစ်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူရေး ရည်မှန်းချက်ထက် ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်က ပိုရှိနေကြောင်း အများက ခန့်မှန်းပြောဆိုနေကြောင်း သိရသည်။

၎င်းပြင် လက်ရှိဖေါက်လုပ်ထားသော စစ်တွေ-ရန်ကုန် ကားလမ်းမှာ သွားလာ၍ မရအောင် ပျက်စီးနေသော်လည်း ကားလမ်းကို တိုးတက်ကောင်းမွန်အောင် မပြုပြင်ဘဲ နောက်ထပ် ရထားလမ်း တစ်ခုကို ဖေါက်လုပ်လာခြင်းမှာ နောက်ကွယ်က အကြောင်းအရာ များစွာရှိနေကြောင်း စစ်တွေမှ ရဟန်းပျိုတစ်ပါးမှ သုံးသပ် ပြောကြားသည်။

သတင်း...နိရဉ္စရာ

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ အမှိုက်ပုံကြောင့် သောက်သုံးရေကန် ပျက် စီးမှုသတင်းရုပ်သံ

မြန်မာပြည်စစ်မြေပြင်မှ ဂေါ်ရခါး စစ်သူရဲ ကောင်းကြီး အသက် ၉၃နှစ်တွင် ကွယ်လွန်


ဒုတိယကမ္ဘာစစ် မြန်မာပြည်စစ်မြေပြင်အတွင်း ဂျပန် ဖက်ဆစ်များစွာကို ရဲဝံ့စွန့်စားတိုက်ခိုက်ခဲ့ပြီး၊ ဗြိတိသျှ အမြင့်ဆုံး စစ်သူရဲကောင်းဆု Victoria Cross ရရှိခဲ့သူ ဂေါ်ရခါး စစ်သားကြီး လက်ခ်ျဟီမန်း ဂူရန်းသည် အသက်

၉၃ နှစ်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

လက်ခ်ျဟီမန်း ဂူရန်း (Lachhiman Gurung) ကို နီပေါနိုင်ငံ ကျေးရွာတစ်ရွာတွင် မွေးဖွားခဲ့သည်။ ၁၉၄၀ ခုနှစ် ဗြိတိသျှ လက်အောက်ခံ အမှတ် (၈) ဂေါရခါးရိုင်ဖယ်တပ်ကို စ၀င်ချိန်တွင် အရပ် ၄ပေ ၁၁ လက်မသာရှိသည်။ ဗြိတိသျှ စစ်သားတစ်ယောက် အနိမ့်ဆုံး အရပ်သတ်မှတ်ချက်ထက် အများကြီး ပုနေသည်။

၁၉၄၅ နွေဦးတွင် ဂျပန်များကို တိုက်ခိုက်ဖို့ ဂူရန်း တစ်ယောက် အိန္ဒိယတပ်များနှင့်အတူ မြန်မာပြည် တောနက်ထဲ ပါသွားခဲ့သည်။ ထိုအချိန်က ဂျပန်ဗိုလ်ချုပ် ဆီဇိုဆာကူရီရဲ့ အမှတ် (၂၈) ဂျပန်တပ်မမှာ ဧရာဝတီမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ဆုတ်ဖို့ လုပ်နေသည်။ အင်္ဂလိပ်စစ်ဗိုလ်ချုပ် ဆာဝီလျံဆလင်း အမိန့်အရ၊ ဗိုလ်မှုးချုပ် ဆာမွန်တဂူ စတော့ဖို့ရဲ့ အိန္ဒိယ အမှတ် (၇) တပ်မနဲ့ အမှတ် (၈) ဂေါ်ရခါး ရိုင်ဖယ်တပ်များက ဧရာဝတီမြစ်ဖြတ်ကူးမယ့် ရန်သူ ဂျပန်များကို ဖြတ်တိုက်ကြဖို့ ဖြစ်သည်။

ရိုင်ဖယ်လက်ဖြောင့်တပ်သား ဂူရမ်းနှင့်အဖွဲ့က ဧရာဝတီမြစ် အနောက်မြောက်ဖက် တောင်းတော်ရွာနားတွင် မိုက်မိုက် ကန်းကန်း ၀ိုင်းဝန်းဖြတ်ပိတ်ပြီး၊ မေလ ၁၂-၁၃ ရက်များတွင် ဂျပန်တပ်သား ၂၀၀ကို ညတိုက်ပွဲများဖြင့် တိုက်စစ်ဆင် ခဲ့ကြသည်။ ဂူရန်းတို့ရှိရာ ကတုတ်ကျဉ်းထဲ ရန်သူလက်ပစ်ဗုံးနှစ်လုံး ထိမှန်သောကြောင့် သူ့ညာဖက်လက်မှာ ဆုတ်ပြတ်ကြေမွသွားပြီး လက်ချောင်းငယ်အားလုံး ပြတ်ထွက်သွားခဲ့သည်။ မျက်စိတစ်ဖက်လည်း ဆုံးရှုံးခဲ့သည်။ သူ့ရဲဘော် နှစ်ယောက်မှာလည်း ဒဏ်ရာများနှင့် မှောက်နေသည်။

ဂျပန်တပ်များက ညာသံပေးပြီး သူတို့ ကတုတ်ကျဉ်းနား ၀င်နိုင်ဖို့ ကြိုးစားကြသည်။ ရိုင်ဖယ်သမား ဂူရန်းက ဘယ်လက်တစ်ဖက်ဖြင့် သေနတ်ထဲ ကျဉ်ဆံထည့်ရင်း လေးနာရီကြာ တစ်ဦးထဲ ပုံမှန်ဆက်လက် ပစ်ခတ်နေခဲ့သည်။ ဘေးတွင် ဒဏ်ရာဖြင့်လဲနေတဲ့ သူ့ရဲဘော်များက ဂူရမ်းရဲ့ “ဂေါ်ရခါးကွ ဘာမှတ်လို့လဲ၊ လာစမ်းကွာ” ဆိုတဲ့ အသံများ ကြားနေကြရသည်။

နောက်နေ့မနက် အိန္ဒိယတပ်များ ထပ်ကူရောက်လာချိန်တွင် ဂူရန်းတို့ရှေ့ပတ်လည်တွင် ဂျပန်အလောင်း ၈၇ လောင်းကို တွေ့ရသည်။ ဂူရန်းတစ်ဦးထဲ ပစ်သတ်ခဲ့တာ ၃၁ လောင်း ရှိသည်။ ဆေးရုံပို့ပြီးနောက် ဂူရန်းမှာ သူ့ညာလက်နှင့် သူ့ညာ မျက်စိ ဆုံးရှုံးခဲ့သည်။

၁၉၄၅ ဒီဇင်ဘာ အိန္ဒိယ ဒေလီမြို့တွင် ဗြိတိသျှစစ်ဗိုလ်ချုပ် ဖီးလ်မာရှယ် လော့ဒ်ဝေဗယ်လ် က တပ်များဖြင့်ချီတက်ပြီး ဂူရမ်းကို Victoria Cross သူရဆုတံဆိပ် ချီးမြှင့်ခဲ့သည်။ နီပေါနိုင်ငံကလည်း အမျိုးသားသူရဲကောင်းဆု အပ်နှင်းခဲ့သည်။ နောက် ဂေါရခါးတပ်ရင်းမှ အိန္ဒိယစစ်တပ်သို့ပြောင်းပြီး ၁၉၄၇ ခုနှစ် အိန္ဒိယ လွတ်လပ်ရေးပြီးနောက် ဆာဂျင်ရာထူးဖြင့် အငြိမ်းစားယူရင်း ကျွဲ၊ နွား၊ ဆိတ်များဖြင့် လယ်နှစ်ဧကတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် စစ်ပြန်ဂေါ်ရခါး မိသားစုဝင် ၂၀၀၀ ဗြိတိန်တွင် အခြေချဖို့ဖြစ်လာခဲ့သည်။ မြန်မာပြည်မှ ဂျပန်များကို မောင်းထုတ်ခဲ့သူ သူရဲကောင်းစစ်စစ် ဂူရမ်းမှာ မြေးများဖြင့် ဟွန်းစလိုးမြို့တွင် နောက်ဆုံးနေထိုင်ရင်း ကွယ်လွန် သွားခဲ့သည်။

သတင်း herald scotland