15 October 2011

နေရာတိုင်းမှာ ဒါဖော်မြူလာ မဖြစ်ဘူး ဆိုတဲ့ ဦးဇာဂနာနှင့်တွေ့ဆုံခြင်း



မေး - ဦးဇာဂနာ အနုပညာလုပ်ငန်း ဆက်လုပ်ဖို့ ရှိလား။

ဖြေ - အဲဒါကတော့ ကျွန်တော်နဂိုကတည်းက အနုပညာသမားပဲဟာ။ အနုပညာအလုပ်က လုပ်သွား မှာပဲ။ တောက်လျှောက်လုပ်သွားမှာပဲ။ ကိုယ်တိုင် ရှေ့ ထွက်ပြီးတော့ မျက်နှာမပြနိုင်သေးရင်လည်း အနောက် ကနေ အကုန်လုပ်သွားမှာပဲ။ အနုပညာအလုပ်ကတော့ အကုန်လုပ်ဖို့ စဉ်းစားထားတယ်။

မေး - ဦးဇာဂနာရဲ့ ပြက်လုံးတွေဟာ ပြည်သူကိုအကျိုး ပြုတယ်လို့ ယုံကြည်ချက် ခံယူချက်ရှိပါသလား။

ဖြေ - ကျွန်တော် လူပြက်စလုပ်ကတည်းက ကျွန် တော့်စိတ်ထဲမှာကိုက ပါဘလစ်စပီကာဆိုတဲ့ ပြည်သူ့အသံ ကို ပြန်ပြောပေးတဲ့လူဖြစ်ချင်တယ်။ အဲဒီဖြစ်ချင်တာ ဖြစ်တဲ့အတွက် ကျွန်တော်တင်မကဘူး၊ ကျွန်တော့်တစ်ဖွဲ့ လုံးမှာရှိတဲ့သူက ပါဘလစ်စပီကာဖြစ်ချင်တဲ့စိတ်နဲ့ လူ ပြက်လုပ်ကြတာချည်းပဲ။

မေး - အခုသမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်၊ နောက် ဦးအောင်ကြည်နဲ့ တွေ့တယ်။ အဲဒီ လိုတွေ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - အဲဒါကတော့ အနှစ်ချုပ်ကလေးပြောရင်တော့ သူတို့ပြောနေကျစကားလေးရှိတယ်။ မတွေ့တာထက် စာရင် တွေ့ရင်ကောင်းတယ်တဲ့။ ကျွန်တော် နည်းနည်း ထပ်ဖြည့်ချင်တယ်၊ တွေ့ပြီး ဘာမှမလုပ်တာထက်စာရင် မတွေ့ပဲနေတာကောင်းတယ်လို့။

မေး - အခုလွတ်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေခဲ့ရတဲ့ အကျဉ်းသားတွေဟာ အခုနိုင်ငံ ရေးအခင်းအကျင်းအသစ်မှာ ဘယ်လိုနေရာက ပါဝင်နိုင် မယ်လို့ ဦးဇာဂနာ ထင်ပါသလဲ။

ဖြေ - ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့နေ ရာမှာ သူတို့လည်းပါတယ်။ အဲဒီလို လွတ်လာကျတဲ့ လူတွေဟာ ဘယ်နှစ်ယောက်ရှိမှန်းကို ကျွန်တော် တကယ်ကို မသိသေးတာ။ အခု လေးလေးမော်ဆိုတာ လွတ်လာတယ်ပြောတယ်။ အဲဒီ သူတို့ဆိုရင် အင်မတန်အားထားရတဲ့၊ မြန်မာ့နိုင်ငံရေးမှာ လည်း အင်မတန်အသုံးတည့်မယ့် မိန်းကလေးတွေပါ။ အင်မတန်တော်တဲ့ မိန်းကလေးတွေပါ။ အဲဒီတော့ ကျွန် တော်တို့လို နိုင်ငံရေးမှာဝင်ပြီး ကူညီမယ့်၊ ပံ့ပိုးမယ့်လူ တွေထက်တောင် ပိုပြီးတော့ ထဲထဲဝင်ဝင် ဘဝတစ်ခုလုံး ကို နိုင်ငံရေးအတွက် ပေးပြီးတော့ လုပ်မယ့်မိန်းကလေး တွေပါ။ ဆိုတော့ အခုလွတ်လာတဲ့လူတွေဟာ နိုင်ငံရေး လောကထဲမှာ ထဲထဲဝင်ဝင်လုပ်နိုင်တဲ့လူတွေပါလို့ ကျွန် တော်ယုံကြည်တယ်။

မေး - ဦးဇာဂနာကိုယ်တိုင်ရော အခုအစိုးရသစ်ရဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်မှာ ဘယ်လိုပါဝင်နိုင်မယ် လို့ ထင်ပါသလဲ။

ဖြေ - လတ်တလောအခြေအနေမှာတော့ ကျွန်တော့် အနေနဲ့က ပါဝင်နိုင်မယ့်လမ်းကြောင်းတော့ မရှိသေး ဘူးပေါ့။ သို့သော် ဘယ်လို တာဝန်ပေးလာမလဲ၊ ဘာခိုင်းလာမလဲ၊ အဲဒါတွေကိုလုပ်ဖို့ အဆင့်သင့်ရှိတယ်။

မေး - အရင်အစိုးရနဲ့ အခုအစိုးရသစ် အပြောင်းအလဲ ကြားမှာ ဦးဇာဂနာအကျဉ်းကျနေတုန်း ဘယ်လိုအပြောင်း အလဲတွေ မြင်ခဲ့သလဲ။

ဖြေ - SPDC နဲ့ ဒီဦးသိန်းစိန်အစိုးရနဲ့လား အဲဒါက တော့ ခင်ဗျားတို့လဲ မြင်နေတာပဲ။ အပြောင်းအလဲက တော့ လွှတ်တော်ဆိုတာကြီးဝင်လာရတယ်ပေါ့။ ကျွန် တော်တို့ လွှတ်တော်ဆိုတာကို အရင်က မမြင်ခဲ့ရဘူး။ အခုလွှတ်တော်မြင်လာပြီ။ ဒီအပြောင်းအလဲတစ်ခုအတွက် လွှတ်တော်က တင်လိုက်တဲ့အစိုးရအဖွဲ့တွေနဲ့လည်း လွှတ် တော်တက်ပြီးတော့ ပြောကြတယ်။ ကိုယ်စားလှယ်တွေ ရဲ့ပြောတာတွေလည်း ကျွန်တော်တို့တွေ့ရတယ်။ ဒါလေး တွေက ကောင်းပါတယ်။ အချို့လွှတ်တော်ကိုယ်စားလှယ် တွေက ဘာတွေလျှောက်ပြောမှန်းမသိတာတော့ မကောင်း ဘူးပေါ့ဗျာ။ တချို့မေးတာတွေ၊ ဖြေတာတွေကလည်း ကိုးလိုးကန့်လန့်ဖြစ်နေတာတော့ မကောင်းဘူး။ ဒီလို မကောင်းတာတွေလည်း တွေ့ကြဦးမှာပေါ့။ မေးတာ တခြား၊ ဖြေတာတခြားတွေလည်း အဲဒါတွေလည်း တွေ့ နေရတာပဲ။ သို့သော် ဒါတွေထက်ပိုပြီးတော့ အဆင်ပြေ တာတစ်ခုရှိတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ မြစ် ဆုံလိုဟာမျိုး။ ကျွန်တော်တို့ ပျော်ပျော်ကြီးချီးကျူးရမှာ ပေါ့။ ဝန်ကြီးဦးစိုးသိန်းလို လူမျိုးကို တွေ့လိုက်ရတာ ဝမ်းသာစရာကြီး။ ဒီသဘောတွေပေါ့။ ကောင်းတာတွေ လည်းရှိတယ်၊ မကောင်းတာတွေလည်းရှိတယ်။ သို့ သော် ကောင်းတာကို ကောင်းတယ်လို့ ကျွန်တော်တို့ ပြော ရမယ်။ မကောင်းတာကို မကောင်းဘူးလို့ ပြောရမယ်။ ဒီသဘောပါပဲ။

မေး - ဦးဇာဂနာ ဘာပုဒ်မနဲ့ ဘယ်လိုကျခဲ့တာလဲ။

ဖြေ - အဲဒါကတော့ ဒီလို၊ ကျွန်တော့်ကို ထောင်ချ လိုက်တာကတော့ အင်တာနက်နဲ့ပတ်သက်လို့ အီလက် ထရွန်နစ် အက်ဥပဒေ ၃ ခု၊ ပုဒ်မ ၃ ခုနဲ့ နံပါတ်တွေက တော့ ကျွန်တော် မမှတ်မိတော့ဘူး။ အဲဒီ ၃ ခုနဲ့ ချတာ။ ဗီဒီယိုအက်နဲ့ ချတယ်၊ နောက်ပြီးတော့ ၅ဝ၅ (ခ)နဲ့ ချ တယ်၊ ၂၉၅ နဲ့ ချတယ်။ ၅ဝ၅ (ခ)ရဲ့ အဓိပ္ပာယ်ကတော့ အစိုးရကို အကြည်ညိုပျက်စေတာကို ရည်ရွယ်တယ်ပေါ့။ ၂၉၅ ကတော့ သာသနာညှိုးနွမ်းအောင်လုပ်တာ။ အဲဒါ ကတော့ ကျွန်တော် ဘုန်းကြီးတွေကို ဆွမ်းကပ်မိတယ်။ အဲဒီတော့ ဒီနေ့ကစပြီးတော့ ဘုန်းကြီး ဆွမ်းမကပ်တော့ ဘူး။ နောက်တော့ ဗုဒ္ဓဘာသာကနုတ်ထွက်ပြီ။ ဘုန်းကြီး ဆွမ်းကပ်တာကို ထောင်ချတဲ့ဘာသာကို ကျွန်တော် ဘာ လို့ ကိုးကွယ်ရတော့မှာလဲ။ ဗုဒ္ဓဘာသာက ထွက်ပြီ။(ရယ်လျက်)

မေး - အခု အီလက်ထရွန်နစ် အက်ဥပဒေနဲ့ ဗီဒီယို အက်ဥပဒေအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - အီလက်ထရွန်နစ်အက်က အလကားပဲ။ ကျွန် တော့်ကို ထောင်ချတဲ့ တရားသူကြီးလည်း သူကိုယ်တိုင် ကွန်ပျူတာမဖွင့်တတ်ဘူး။ ကျွန်တော့်ကို တရားစွဲတဲ့ လူကတော့ တအားရယ်ရတယ်။ ခင်ဗျားရဲ့ အီးလ်မေး ပြောစမ်းပါတဲ့ဆိုတော့ ကျွန်တော်က thura601@gmail.com ဆိုတော့ ခင်ဗျားကို ကျွန်တော်မေးနေတာ အီးလ် မေးကို မေးနေတာ။ ကျွန်တော့်ကို ဂျီမေးလ် မပြောနဲ့တဲ့။ အလယ်မှာ အက်ပဲကွာပါတယ်လို့ မနည်းပြောယူရတယ် ဗျာ။ အဲဒီတော့ အဲဒါတွေက ဟာသပဲ။ နောက်တော့ ဗီဒီယိုအက်ဆိုတာကတော့ နာဂစ်ပေါ့ဗျာ။ နာဂစ်မှာ မုန် တိုင်းတိုက်ခံရတဲ့လူတွေ၊ ဘာတွေကို ဓာတ်ပုံရိုက်တဲ့ဟာကို ဆင်ဆာမတင်လို့ဆိုပြီး ကျွန်တော့်ကို ချတယ်။ အဲဒါက နာဂစ်ဖြစ်တဲ့ လူသေတွေကို၊ အလောင်းတွေကို ရိုက်တဲ့ ဓာတ်ပုံက ဆင်ဆာတင်စရာလားဗျာ။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို အဲဒါနဲ့ချတယ်။

မေး - အခု သီးလေးသီးအပေါ်ထွက်တဲ့ သတင်း တွေအပေါ်ရော။

ဖြေ - မဖြစ်နိုင်ပါဘူး။ ဒါက တရားစွဲလို့ရတဲ့ ကိစ္စ မှမဟုတ်တာ။ နောက်ပြီး အွန်လိုင်းမှာလည်း သီးနှစ်သီး နဲ့လည်း အခုနကတွေ့ပြီးပြီပဲ။ နာမည်ကြီးဂျာနယ်ကို တရားစွဲမယ်ဆိုရင် ဂေါ်ဇီလာ ရှုံးမှာပေါ့။ ဒါလည်း နာမည်ကြီးဂျာနယ်က အမှားတစ်ခုမှမပါဘဲ။ နောက်တစ် ခုက သီးလေးသီးလို့ နာမည်တပ်ခွင့် ကျွန်တော် ခွင့်မပြု ထားဘူး။ ဒါတော့ တရားဝင် မနေ့က ကန့်ကွက်လိုက် ပြီးပြီ။ ဘာလို့လဲဆိုတော့ ၄ယောက်မဆုံဘဲနဲ့တော့ လေး သီးမဖြစ်သင့်ဘူးလို့ ၊၂ ယောက်ပဲဆိုတော့ နှစ်သီးပေါ့။ မြပုဏ္ဏမာနာမည်လည်း အသုံးပြုခွင့် ကျွန်တော် မပေး ထားဘူး။

မေး - သီးလေးသီးက ဦးဇာဂနာရှိမှ ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ - အာ...အဲဒီလိုတော့ မထင်ပါဘူး။ အောင်မယ် လေး... သီးလေးသီးက ကျွန်တော့်ထက်တောင် တော် သေးတယ်။ အဲဒါကြောင့် ကျွန်တော်မရှိလဲ သူတို့ဖြစ်ပါ တယ်။

မေး - ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ ထောင်ထဲမှာဘယ်လောက်ကျန်သေးလဲ။

ဖြေ - ထောင်ထဲမှာလား။ အများကြီးကျန်သေးတာ ပေါ့။ အများကြီးဆိုတာ ၁၈ဝဝ ကျော်လောက်ကျန်သေး တယ်။ အဲဒီလူတွေ အမြန်ဆုံးလွတ်လာဖို့ ၊အဲဒီလူတွေမှ ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်။ ဗိုလ်ချုပ်ခင်ညွန့် နဲ့ပါတဲ့ ထောက်လှမ်းရေးတွေရော၊ သူတို့ပါ လွတ်ရ မှာ။ သူတို့ပါ တိုင်းပြည်အတွက် အများကြီးအလုပ်လုပ် ခဲ့တဲ့သူတွေပဲ။ ဒါတွေလည်း လွှတ်ပေးရမှာပေါ့။ နောက် တော့ ကာစတန်တွေရှိသေးတယ်။ အကောင်းဆုံးကတော့ ရှိသမျှအကျဉ်းသားအကုန် လွှတ်လိုက်ပါ။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာဖြစ်တဲ့ အမှုတွေမှမဟုတ်တာ။ သမ္မတကြီး ဦးသိန်းစိန် ချထားတဲ့ထောင်မှမဟုတ်တာ။ ရှေ့ကလူတွေ လုပ်သွားတာပဲ။ ထားထားလိုက်။ သူ့ဘာ သူ လွှတ်ပေးလိုက်။ အားလုံးလွှတ်ပေးလိုက်ရင် အား လုံးစိတ်ချမ်းသာသွားမယ်။

မေး - သီးလေးသီးအဖွဲ့ ပြန်ဆုံရင် ဘယ်လိုပြန်က ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ - ကျွန်တော်ကတော့ ကချင်မှကဖြစ်မယ်ထင် ပါတယ်။ သို့သော် ကျွန်တော်တို့ညီတွေလုပ်တာဆိုတော့ ကျွန်တော် အပြည့်အစုံပံ့ပိုးပေးရမှာပေါ့။

မေး - အိမ်နီးချင်းနိုင်ငံတွေနဲ့ အစိုးရသစ်ရဲ့ ဆက်ဆံ ရေးအပေါ်ရော... ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင် ပါသလဲ။

ဖြေ - အိမ်နီးချင်းနိုင်ငံဆို တစ်ခုတော့ရှိတယ်။ နိုင်ငံ တကာဆက်ဆံရေးကတော့ တော်တော်လေးအလှမ်းဝေး ခဲ့တယ် ထောင်ထဲမှာ။ အဲဒီအပေါ်မှာ သိပ်ပြီးတော့ ကျွန် တော် ဝေဖန်ဖို့ခက်တယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ယိုးဒယား နဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိတယ်၊ ဘာတွေရှိမလဲ ကျွန်တော်မလေ့ လာရသေးဘူး။ အိန္ဒိယနဲ့လည်း ဘာရှိလဲတော့ မသိရ သေးဘူး။ သေချာတာတစ်ခုကတော့ မြန်မာပြည်မှာ အမေရိကန်ကဆောက်တဲ့ဆည် မရှိသေးဘူး။ အဲဒါက တော့ သေချာတယ်။ နောက်တစ်ခုကတော့ မြန်မာပြည် က မြန်မာမလေးတွေကို အမေရိကန်တွေ မဝယ်သေး ဘူး။ အဲဒီနှစ်ခုကတော့ သေသေချာချာပြောနိုင်တယ်။ ကျန်တဲ့ဟာတွေတော့ မသိဘူး။

မေး - ဦးဇာဂနာအလေးစားဆုံး (သို့မဟုတ်) ဂုဏ် ယူတယ်လို့ ခံယူထားတဲ့သူ ဘယ်သူရှိမလဲ။

ဖြေ - ဟာ.. ဦးသူရပေါ့။ ဇာဂနာရဲ့အလေးစားဆုံး ပုဂ္ဂိုလ်ကတော့ ဦးသူရပဲ။ ဦးသူရရဲ့အလေးစားပုဂ္ဂိုလ် ကလည်း ဇာဂနာပဲပေါ့။ (ရယ်လျက်)

မေး - အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ်မှာ ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - ဝမ်းသာပါတယ်။ သို့သော် နှစ်ပိုင်းခွဲပြောရ မယ်။ စိတ်ခံစားမှုအနေနဲ့ပြောရရင် မကျေနပ်ဘူး။ နည်း လွန်းတယ်။ သမ္မတကပ်စီးကုတ်တယ်လို့ ပြောရမယ်။ နိုင်ငံရေးအရ ပြောရမယ်ဆိုလို့ရှိရင်တော့ နောက်တစ်ဆင့် အတွက် အရှိန်ယူလိုက်တာလို့ ကျွန်တော်ယူဆတယ်။ ရက်ပိုင်း လပိုင်းအတွင်း ကျန်ရစ်ခဲ့တဲ့လူတွေအကုန်လုံး၊ ထောင်ထဲကလူတွေအကုန်လုံး လွတ်လာလိမ့်မယ်လို့ ကျွန်တော်ပြောရမယ်။ အဲဒါကြောင့်မို့လို့ ဒါက အစပျိုး စမ်းသပ်ချက်ကလေးတစ်ခုလို့ပဲ ကျွန်တော်ခံယူပါတယ်။



မေး - တကယ်လို့ ဖွံ့ဖြိုးတိုးတက်မှု ၊သမိုင်းယဉ် ကျေးမှု နဲ့ အနုပညာ တစ်ခုခုကိုရွေးချယ်ရမယ်ဆိုရင် ဦးဇာ ဂနာ ဘာကို ရွေးချယ်မလဲ။

ဖြေ - ဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းယဉ်ကျေးမှု နဲ့ အနု ပညာတစ်ခုခုကို ထည့်ပေးရမှာပေါ့။ အဲဒါကတော့ ကျွန် တော်တို့ရဲ့မြောက်ပိုင်းက ပညာရှင်ကြီး တိန့်ရှောင်ဖိန် ရှိတယ်လေ။ ကျွန်တော်တို့ မြောက်ပိုင်းက အဲဒီလူကြီး ပြောသားပဲ။ တံခါးကြီးဖွင့်လိုက်ရင် အကောင်တွေဝင် လာလိမ့်မယ်တဲ့။ လေကောင်းလေသန့်တော့ ရတာပေါ့ တဲ့။ အိမ်ထဲကအကောင်တွေကို မောင်းထုတ်ဖို့ကျတော့ အိမ်ရှင်တာဝန်ပေါ့ဆိုတဲ့စကားလိုပေါ့ဗျာ။ ကျွန်တော်က တော့ ထောင်ထဲကဟာကို ပြန်ပြီးတော့ နမူနာပေးရတာ ပဲ။ အဲဒီပိုးကောင်တွေကို အဲဒီကနေပြီးတော့ ကျွန်တော် တို့အိမ်ထဲကကောင်တွေကို ကာကွယ်ဖို့ဆိုတာ အဲဒီဟာ တွေကို ပိုးသတ်ဆေးနဲ့ ဖျန်း တာ၊ ကျွန်တော်တို့ ၄ ယောက် ဆေးရုံကို တန်းရောက်သွားတယ်။ အဲဒါပါပဲ။ အဲဒီ နမူနာ နဲ့ပဲ ကျွန်တော်ပြောရမယ်။

မေး - အဖွဲ့အစည်းတစ်ခုခုက ကြိုးဆွဲရာ လာက ခိုင်းမယ်ဆိုရင်ရော။

ဖြေ - အာ. . . ကျွန်တော်က ကျွန်တော်မှ ကြိုး တပ်မခံတာ။ (ရယ်လျက်) ဘယ်သူပြောရင် ကပါ့မလဲ။ အားရပါးရရယ်လျက်။

မေး - ပါတီတစ်ခုရဲ့ အိုင်ဘုတ်ကို ဦးဇာဂနာ ဆွဲပေး တယ်ဆိုတာက။

ဖြေ - မဟုတ်ပါဘူး။ မဆွဲပေးပါဘူး။

မေး - ဒါဆို အိုင်ဘုတ်ဆွဲပေးတယ်လို့ သတင်းထွက် နေတာက။

ဖြေ - ပါတီတစ်ခု လိုဂိုဆိုတာ ကျွန်တော်မှ ပန်းချီ မဆွဲတတ်တာ။ သူတို့ပြောတာ ပါတီမဟုတ်ဘူး။ အဲဒီ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ရွေးကောက်ပွဲကြီးမလုပ် ခင်တုန်းက လှုံ့ဆော်မှုတစ်ခုအနေနဲ့သွားမယ်ဆိုရင် နာမည် လေးတစ်ခုလောက်တော့ ရွေးပေးလိုက်ပါလားဆို တော့။ သူငယ်ချင်းထောင်ဝင်စာကနေပြီးတော့ ပြောလိုက် တယ်။ အဲဒီတုန်းက ကျွန်တော် ထောင်ဝင်စာပိတ်ထား တာလေ။ အိုင်ဘုတ်လုပ်ပါလားလို့ ပြောရခြင်းရဲ့အ ကြောင်းအရင်းက ဂျပန်မှာ အဲဒီအဖွဲ့ရှိတယ်။ အဲဒါ ကြောင့် အဲဒီအိုင်ဘုတ်လုပ်ပါလားလို့ အကြံဥာဏ်လေး ပေးလိုက်တယ်။ ဒါလေးပါပဲ။

မေး - နိုင်ငံရေးပါတီတစ်ခုခုကိုရော ဝင်ဖို့ရှိပါ သလား။

ဖြေ - လတ်တလောတော့ မရှိသေးဘူး။ နောက် နောင် လိုအပ်မယ်ဆိုရင်တော့ ဝင်မှာပဲ။

မေး - ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရော ဦးဇာဂနာ ဖတ်ပြီးသွားပြီလား။

ဖြေ - ဖတ်ပြီးသွားပြီ။

မေး - ဘယ်တုန်းက ဖတ်တာလဲ။

ဖြေ - ထောင်ထဲရောက်မှ ဖတ်တာ။

မေး - အစိုးရသစ်ဟာ ယုံကြည်ချက်ကြောင့် ကျခံ နေရတဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာဟာ အမေ ရိကန်ဖိအားနှင့် ဆန်ရှင်ကြောင့်လို့ ဆိုနိုင်မလား။

ဖြေ - ကျွန်တော်က သိပ်မထင်ပါဘူး။ သမ္မတကြီး ရဲ့ စေတနာလို့ပဲထင်ပါတယ်။

မေး - လွတ်ငြိမ်းချမ်းသာခွင့်ပေးတိုင်း သာမန်အမှု လေးတွေက လွတ်အားများတယ်လို့ ဆိုနိုင်မလား။

ဖြေ - ဆိုနိုင်တာပေါ့။ သူတို့တစ်တွေကလည်း များ တာကို။ တကယ့် တကယ်ပြောရမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားလို့ ပြောခံရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ အကျဉ်းသားလေ။ အဲဒီယုံကြည်ချက် ကြောင့် အကျဉ်းကျခံရတဲ့အကျဉ်းသားဆိုတာ တစ်နိုင်ငံလုံး ပေါင်းမှ နှစ်ထောင်လောက်ရှိတာ။ တခြားအကျဉ်းသား တွေက ခြောက်သောင်းကျော် လောလောဆယ်ရှိတယ်။ ဒါတောင်မှ ၄၂ ထောင်မှာ နောက်ဟိုဘက် ရဲဘက်စခန်း တွေကပါ ပေါင်းရင် ရှစ်သောင်းကျော်လောက်ရှိမယ်။ အဲဒီလူတွေက ပိုများတော့ များတဲ့လူတွေက ပိုလွတ် တာပေါ့။ နိုင်ငံရေးအကျဉ်းသားက နည်းသွားတဲ့သဘော ပါပဲ။

မေး - မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကိုဘာပြောချင်ပါသလဲ။

ဖြေ - တကယ်ပြောရင်တော့ စီးပွားရေးက ကျွန် တော် နားကို မလည်တာ။ မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေကျတော့လည်း တအားကိုတော်တာလေ။ အဲဒီတော့ သူတို့လိုတော်တဲ့ လူတွေကျတော့ ကျွန်တော်က သူတို့ကို အကြံပေးဖို့ လည်း မတတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က အကုန် တတ်တယ်လေ။ သူတို့တော်တော်များများ အလုပ်လုပ် တတ်တယ်။ စပါးလည်းစိုက်တတ်တယ်။ ဘောလုံးအ သင်းလည်းထောင်တတ်တယ်။ အအေး လည်းထုတ်တတ်တယ်။ အရက်ပုလင်းလည်း ထုတ်တတ်တယ်။ အဲဒါမျိုးပေါ့။ အဲဒီတော့ ကျွန်တော်က နွားရှေ့ထွန်မကျူးပါဘူး။ သူတို့ က ကျွန်တော့်ထက် ပိုတတ်ပါတယ်။ နွားရှေ့ထွန်းကျူး တဲ့အလုပ် မလုပ်ဘူး။ (ရယ်လျက်)

မေး - အထဲမှာရော ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန် စစ်ပေးရဲ့လား။

ဖြေ - အဲ ...ဒီလိုပြောရမယ်။ အဲဒီလိုတော့ တိတိ ကျကျကြီး ပြောလို့မရဘူး။ ဒီဘက် ၂ဝဝ၉ စက်တင် ဘာလက စပြီးတော့မှ ကျွန်တော်တို့ မြစ်ကြီးနားထောင် ထဲမှာ... မြစ်ကြီးနားကိုပဲ ကျွန်တော်ပြောတာနော်။ ၄၂ ထောင်ထဲမှာ ကျွန်တော်ပြောလို့ရတာ မြစ်ကြီးနားထောင် ပဲရှိတယ်။ ကျန်တဲ့ထောင်တွေတော့ ကျွန်တော်မသိဘူး။ အဲဒီတော့ ၄၂ ထောင်ကို ကိုယ်စားမပြုဘူး။ ကျွန်တော် ပြောတာ မြစ်ကြီးနားထောင်ကိုပဲ ကိုယ်စားပြုတယ်။ ၂ဝဝ၉ စက်တင်ဘာကစပြီးတော့ ကျွန်တော်လွတ်လာတဲ့အချိန် အထိကတော့ ကျန်းမာရေးစောင့်ရှောက်မှုတော်တော်လေးကို ကောင်းတာ။ ရောက်လာတဲ့ဆရာဝန် တွေ၊ ဆေးမှူးတွေကလည်း
တော်တော်ကို စေတနာရှိ တာ။ ဘယ်လောက်တော်လဲဆို ဆေးမပေးနိုင်လောက် အောင် တော်တယ်။ ဆေးတော့ တစ်စက်မှမရှိဘူး။ (ရယ်လျက်)။ ဆေးတော့ စစ်ဆေးနေတာ။ အကြီးအကျယ်ပဲ။ ဆေးတော့ တစ်စက်မှမရှိဘူး။ ရောဂါကတော့ မှန်နေတာပဲ။ အားရပါးရ ရယ်လျက်။

မေး - ထောင်ဝင်စာကို ဘယ်လိုရသလဲ။

ဖြေ - ကျွန်တော်က ထောင်ဝင်စာ ပိတ်ခံထားရ တယ်။ ကျွန်တော်လွတ်လာတဲ့အချိန်အထိ ကျွန်တော့် မိသားစုနဲ့ တွေ့ခွင့်ပိတ်ခံထားရတဲ့အတွက် ကျွန်တော် တွေ့ကို မတွေ့ရဘူး။

မေး - ကျန်ခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရတဲ့ သူတွေကိုရော ထောက်ပံ့ပေးဦးမလား။

ဖြေ - ရှိတယ်။ ကျွန်တော်ပို့လိုက်တယ်။ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော့်ပစ္စည်းတွေ။

မေး - အထဲမှာရော နေထိုင်စားသောက်မှုအခက်အခဲ တွေရှိခဲ့သလား။

ဖြေ - မခက်ခဲဘူးဗျ။ တကယ့် တကယ့် ပြောရမယ် ဆိုရင်တော့ ဟိုးအရင်တုန်းက ထောင်ကျခဲ့တဲ့အချိန် ၂ဝဝဝ ခုနှစ်အရှေ့ကပေါ့နော်။ အဲဒီအခြေအနေနဲ့ ဒီတစ် ခေါက်နဲ့ တော်တော်ကွာတယ်။ ဒီတစ်ခေါက်ကတော့ တကယ်ပြောရင် ဒါအမှန်တိုင်း ပြောတာ။ ဒါကို ညာ စရာမရှိ။ အမှန်ကိုပြောရမယ်ဆိုရင်တော့ အစားအ သောက်တော်တော်အဆင်ပြေသွားပြီ။ အရင်တုန်းက ထက်စာရင် ဆန်တွေလည်း ကောင်းလာတယ်။ ပဲတနပ် ကောင်းလာတယ်။ ညနေကျတော့ တာလပေါလည်း တော်တော်ကောင်းလာတယ်။ အသားတွေလည်း တော် တော်ကောင်းလာတယ်။ လုံလုံလောက်လောက်စားရ တယ်။ ရေလည်း လုံလုံလောက်လောက် ချိုးရတယ်။ တကယ်ပြောရင်တော့ ဒီဘက်နောက်ပိုင်း အစားအ သောက်ကတော့ အပြစ်တင်စရာမရှိလောက်အောင် ပေါ့လေ။ ဟိုတယ်မှ မဟုတ်ပဲ။ အဲဒါကတော့ အဆင် ပြေတယ်။

မေး - ဦးဇာဂနာ အထဲမှာ ကျန်းမာရေးချို့ယွင်းတယ် လို့ သတင်းထွက်ခဲ့တဲ့အပေါ်ရော တကယ်ပဲလား။

ဖြေ - ဟုတ်တယ်။ ရောက်ရောက်ချင်းတုန်းကတော့ ဆရာဝန်လည်း မရှိဘူးလေ။ အဲဒီအချိန်ကတော့ တော် တော် စိတ်တောင်ဆိုးမိတယ်။ ကျွန်တော်ဖြစ်တဲ့အချိန် မှာ ဆရာဝန်ကို မရှိတော့ သူတို့ ဘာလုပ်ရမှန်းမသိဘူး။ အဲဒီတော့ ကျွန်တော်သေချင်ရင် အဲဒီနေရာ သေ။ ကျွန် တော် အဲဒီအချိန်မှာ လမ်းမပေါ်ရောက်သွားပြီ။ လမ်းမ ပေါ်ဆိုတာ ထောင်ရဲ့အလယ်ခေါင် လမ်းမပေါ်။ အဲဒီ နေရာမှာကို ကျွန်တော်ရောက်သွားပြီ။ ဆေးရုံတင်ရမှာ လား။ အဲဒါတွေပေါ့။ စိတ်ပျက်ဖို့ကောင်းတာ။ အဲဒီ အချိန်တုန်းက၂၀၀၉ခုနှစ် လေးလပိုင်း ၊ အပြင် လည်းမထုတ်ရဘူးတဲ့။ ဆေးရုံသွားဖို့လည်း မလွယ်။ အဲဒီအမိန့်ခံနေတာနဲ့ သေချင်ရင် ဒီမှာသေလို့ရပြီ။ အဲဒီ မှာ ပရက်ရှာက ၂၁ဝ ဖြစ်နေပြီ။ အပေါ်သွေးက ၊အဲဒါ သေလို့ ရပြီလေ။ မဟုတ်ရင်တော့ သွေးကြောပြတ်ပြီး တော့ လေဖြတ်သွားဖို့ ကောင်းတယ်။ အဲဒါ သူတို့ ပါမစ်ကို တောင်းနေတာ အပြင်မထွက်နိုင်ဘူး။ ဆေး ခန်းကို ။အဲဒါ ခင်ဗျားသေချင်ရင် သေလို့ရပြီ။ တစ်ည လုံးကို ဆရာဝန်မလာတာ။ သေရွာပြန် ဇာဂနာ ၊တုံးကျော် ဖားပါ။ (ရယ်လျက်) အဲဒီတုန်းက ၂ဝဝ၉ ခုနှစ် ၄ လ ပိုင်းက ဖြစ်တာ။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလလောက် ကစပြီး ကျွန်တော်အဲဒီလိုဖြစ်လိုက်လို့လားမသိဘူး။ လှုပ် လှုပ်ရှားရှား အုန်းအုန်းကျွက်ကျွက်ဖြစ်သွားပြီးတော့ ဆရာဝန်ရောက်လာတာ။ အဲဒါဖြစ်ပြီး ငါးလလောက် အကြာမှ ဆရာဝန်ပြန်ရောက်လာတာ။ အဲဒီကျတော့ မှတော်တော်ကိုအဆင်ပြန်ပြေလာတာ။

မေး - ကိစ္စတစ်ခုခုကို ဖြစ်လာရင် အစိုးရကို တွန်း အားပေးနေတိုင်း အဆင်ပြေပြေ ဖြေရှင်းလို့ရမယ်လို့ ထင်လား။

ဖြေ - မယုံကြည်ပါဘူး။ ဒီလိုပေါ့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် မေတ္တာရပ်ခံတဲ့ကိစ္စတွေနဲ့ လုပ်ရမှာပေါ့။ ဘာလို့လဲဆိုတော့ မြစ်ဆုံလေး တစ်ခါဖြစ်တာနဲ့ နောက် နောင်အစိုးရကို မြစ်ဆုံလို အလားသဏ္ဍာန်တူ ဖော်မြူ လာပေါ့။ ဖော်မြူလာဝင်သွားပြီးတော့ အာ ...အဲဒီလိုပဲ ဝိုင်းပြောကြမယ်ဆိုရင် အောင်မြင်မယ်ဆိုတာမျိုးတော့ ကျွန်တော်မယုံကြည်ဘူး။ နေရာတိုင်းမှာ ဒါဖော်မြူလာ မဖြစ်ဘူး။

မေး - လူ့အခွင့်အရေးကော်မရှင် ဖွဲ့လိုက်တဲ့အပေါ် ရော။

ဖြေ - ကောင်းပါတယ်။ အဲဒီ လူ့အခွင့်အရေးကော်မ ရှင် ဘယ်လောက်စွမ်းလဲ မတွေ့ဘူးလား။ ၁ဝ ရက်နေ့ ကြေညာချက်ထုတ်တယ်။ ၁၁ ရက်နေ့မှာ နိုင်ငံတော်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးတာပဲ။ ဘယ် လောက်စွမ်းလဲ။ ဒါဟာ ကောင်းတာ။

မေး - အခု ကျန်းမာရေးအခြေအနေကရော။

ဖြေ - ထောင်ကလွတ်လာတုန်းကတော့ အကောင်းပဲ။ ခင်ဗျားတို့နဲ့ တွေ့တော့မှ ကျွန်တော်ယိုင်နဲ့လာပြီ။ ဆေး ဖိုးဝါးခလှူခဲ့ဦး။ (အားရပါးရ ရယ်လျက်)

မေး - သမ္မတကြီးနဲ့ အစိုးရအဖွဲ့ကို အခုလက်ရှိ အခြေအနေတစ်ခုခုနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံချင်တာက။

ဖြေ - အဲဒါကတော့ ကျွန်တော်ပြောချင်တဲ့ စကားက တော့ ဖရီးပလိစ့် ကျေးဇူးပြုပြီးတော့ အားလုံးလွှတ်ပေး ပါလို့ ကျွန်တော်ပြောချင်တယ်။ အဲဒါကတော့ ကျွန် တော်ပြောချင်တဲ့ စကားပဲ။ ခင်ဗျားတို့ဆီကတစ်ဆင့် ပြောလို့ရမယ်ဆိုရင်လည်း အလွန့် အလွန် အဆင်ပြေမယ်။ ကျေးဇူးပြုပြီး အကျဉ်းသားအားလုံးလွှတ်ပေးပါလို့ သမ္မတကြီးကိုမှ မဟုတ်ဘူးနော်။ လုံခြုံရေးကောင်စီ ၁၁ ယောက်စလုံးကို မေတ္တာရပ်ခံချင်တယ်။ ကျေးဇူး ပြုပြီး အားလုံးလွှတ်ပေးပါလို့။ တိုက်ရိုက်လည်း စာနဲ့ ကျွန်တော် ပို့ဦးမှာ။

မေး - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော။ လူငယ်တွေ ကို မျိုးဆက်သစ်မွေးဖွားဖို့ လိုနေပြီလို့ ထင်သလား။

ဖြေ - အဲဒါ ကျွန်တော် ခုနကပြောတယ်လေ။ အန်တီ အနေနဲ့ကတော့ မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရေးလုပ် လို့ရနိုင်တဲ့ ကွင်းစ်ပေါ့။ အန်တီ့ကို ကျွန်တော် အကြံပေးမလို့။ အန်တီမနေ့က ခေါ်တာလေ။ ကျွန်တော်က အဲဒါ အင်တာဗျူးနေရင်း ဗျူးနေရင်းနဲ့ မသွားလိုက်ရတာ ကျွန်တော်က အဲဒီမှာ မလာလို့ဆိုပြီးတော့ ဟိုမှာ အန်တီက စာရေးပေးလိုက် တယ်။ စာအုပ်တစ်အုပ်ပါ ပေးလိုက်တယ်။ အေးအေး ဆေးသာ ဂျာနယ်လစ်တွေနဲ့ ပြောလိုက်တော့တဲ့။ ပြီး တော့မှ အားလုံးပြီးပြီဆိုတော့မှ အန်တီတို့ စကားပြော ရအောင်ဆိုတော့ ကျွန်တော် မနေ့ကလည်း မသွားလိုက် ရဘူး။ အန်တီ နှစ်ရက်စောင့်လိုက်ရတယ်။

မေး - ပါတီကိုရော ခေါ်သလား။

ဖြေ - ပါတီထဲကို မခေါ်ပါဘူး။ လူပုဂ္ဂိုလ်ပဲတွက်တာ။ ကျွန်တော်ကလည်း ပါတီထဲခေါ်တော့ သွားမှာမှမဟုတ် ဘဲ။ ဘာလို့လဲဆိုတော့ NLD ပါတီ က မှတ်ပုံမှ မတင်တဲ့ ပါတီဘဲ။ ဘာလုပ်ဖို့သွားရမှာလဲ။

ဟုတ်ကဲ့အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ရင်းမြစ်..Mess Journal

တရုတ်-မြန်မာ ဆက်ဆံရေးတွင် ပြည်သူများသာ အဓိကကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို


သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်သော လက်ရှိပြည်ထောင်စု အစိုးရလက်ထက်တွင် ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည့် သဘောထားနှင့် ပတ်သက်၍ ဖြစ်ပေါ်ရ သော မကျေလည် မှုများကြောင့် ပေါ်ပေါက်လာမည့် မြန်မာ-တရုတ်ဆက်ဆံရေး အခြေအနေများ တွင် နှစ်နိုင်ငံပြည်သူများ၏ သဘောထားများကသာ အဓိကကျ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယခုလ ၈ ရက်နေ့က နော် ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန် ကြီးနှင့်ဒေါ်အောင်ဆန်းစုကြတွ့ ဆုံမှုအပြီး ပြုလုပ်ခဲ့သော မီဒီယာ တွေ့ဆုံပွဲတွင် သူမက ပေါ်ပြူလာ နယူးစ်၏အမေးကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ သူမအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပြေလည်စေလိုသော သဘောထားများရှိပါကြောင်း၊ သို့သော်အိမ်နီးချင်းနိုင်ငံ ဖြစ်နေသည့်အတွက် နီးကပ်နေ သောကြောင့် တစ်ခါတစ်ရံပြဿနာများ ပေါ်ပေါက်နိုင် သည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

‘အဝေးကနေတဲ့သူနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေက အနီးကနေတဲ့ သူနဲ့ဖြစ်တတ်တာကတော့ ဘာမှထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး”ဟု သူမကဆိုသည်။ နှစ်ဖက်စလုံးမှ သဘောထားကြီးကြီးဖြင့် ရေရှည်အမြင်ဖြင့် လုပ်သွားသင့်ပြီး အရေးကြီးသည်မှာ နိုင်ငံနှစ်နိုင်ငံ ၏ဆက်ဆံရေးသည် ပြည်သူပြည်သားများ၏ သဘောထားကသာ အဓိက ဖြစ်ကြောင်း သူမကပြောကြားခဲ့ သည်။ ကန့်ကွက်သူများ ပြင်းထန်လာသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာပြည်သူများ၏ဆန္ဒကို အလေးထားသော အားဖြင့် စက်တင်ဘာလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ဒုတိယပုံမှန် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းစီမံကိန်းကို မိမိတို့ အစိုးရလက်ထက် တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

ထိုအကြောင်းကြားချက်ကို ပြည်တွင်းရှိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးခေါင်းဆောင် များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ၊ အနုပညာ၊ စာပေ၊ ဂီတနယ်ပယ်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းကြိုဆိုခဲ့ကြသကဲ့သို့ အမေရိကန်နှင့် ဥရောပနိုင်ငံအချို့မှ အပြုသဘောဆောင်သော ဆောင်ရွက်ချက်တစ်ခုအဖြစ် ကြိုဆိုခဲ့ကြောင်း ကမ္ဘာ့မီဒီယာ များတွင် ဖော်ပြချက်အရသိရသည်။

သတင်း..နိုင်လင်း( Popular News )

အင်းစိန်ထောင်တွင် HIV နှင့် AIDS ရောဂါသည်များ ဆေးမသောက်ဘဲ ဆန္ဒပြ


ရန်ကုန်မြို့ အင်းစိန်ထောင်တွင် HIV နှင့် AIDS ရောဂါသည်များအနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ပြောစကားနှင့် အညီ ကျန်းမာရေး မကောင်းသူများကို လွှတ်ပေးခြင်း မရှိသဖြင့် ထောင်မှ တိုက်ကျွေးသော ဆေးကို မသောက်ဘဲ ငြင်းဆန်ကာ ဆန္ဒပြနေကြသည်ဟု ထောင်တွင်းမှ လာသော သတင်းများအရ သိရသည်။

" ဟုတ်ကဲ့။ ကျွန်တော်ကို ထောင်ထဲက ပြောလိုက်တာက အခု HIV နဲ့ AIDS ရောဂါ ဝေဒနာရှင်တွေဟာ ထောင်ကတိုက်ကျွေးတဲ့ ARV ဆေးကို သောက်ဖို့ ငြင်းဆန်နေကြတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလ ၁၂ ရက်နေ့က လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ အင်းစိန်ထောင်က HIV နဲ့ AIDS ရောဂါသည် ၁၇ ဦးကိုဘဲ လွှတ်ပေးပြီး ကျန်တဲ့သူတွေကို မလွှတ်ပေးတဲ့ အတွက် ဒါကို မကျေနပ်တာကြောင့် ခုလို ဆေးသောက်ဖို့ ငြင်းဆန်ပြီး ဆန္ဒပြနေကြတယ်လို့ ပြောပါတယ်" ဟု ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ပြီး ပြန်လာသူ တစ်ဦးက ပြောသည်။

အင်းစိန်ထောင်ထဲတွင် HIV နှင့် AIDS ရောဂါ ဖြစ်ပွားနေသူ ၁၀၀ ခန့်ရှိပြီး အများစုမှာ ရောဂါ ဝေဒနာကို ဆိုးရွားစွာခံစားနေကြရသူများ ဖြစ်ကြောင်း သိရသည်။

" အခု ဒီရောဂါတွေကို ခံစားနေရတဲ့ ရောဂါသည်တွေက သူတို့ဟာ ထောင်ထဲက ကျန်းမာရေး မကောင်းတဲ့ သူတွေထဲက ဆိုးဝါးတဲ့ ရောဂါ ဝေဒနာရှင်တွေ ဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်က ကျန်းမာရေး ဆိုးဝါးနေသူကို အဓိကထားပြီး လွှတ်ပေးမယ်လို့ ပြောဆိုထားတယ်။ လွှတ်တဲ့ အခါ အနည်းစုသာ လွှတ်သွားပြီး အများစု မလွှတ်တဲ့ အတွက် သူတို့ကို လွတ်ပေးဖို့ ဆေးမသောက်ဘဲ ငြင်းဆန်ပြီး တောင်းဆိုနေကြတယ်လို့ သိရပါတယ်" ဟုသူက ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန်က ကျန်းမာရေး ဆိုးဝါးနေသူများကို လွှတ်ပေးမည်ဟု ပြောဆိုထားသော်လည်း ကတိ ပျက်ကွက်ပြီး မလွှတ်ပေးသဖြင့် HIV နှင့် AIDS ရောဂါသည်များမှာ စိတ်ပိုင်းဆိုင်ရာ အရလည်း ထိခိုက် ခံစားနေကြရကြောင်း သူက ထောင်တွင်းက သတင်းကို ကိုးကားပြီး ပြောဆိုသည်။

ယခုကဲ့သို့ HIV နှင့် AIDS ရောဂါသည်များ အင်းစိန်ထောင်တွင် ထောင်မှ တိုက်ကျွေးသော ဆေးများကို သောက်ရန် ငြင်းဆန်နေမူနှင့် ပတ်သက်ပြီး ထောင်တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသဖြင့် သီးခြား အတည်ပြုချက်အား ရယူနိုင်ခြင်း မရှိသေးပါ။

သတင်း..နိရဉ္စရာ

လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက် ထုတ်ပြန်ဦးမည်

လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက်ထုတ်ပြန်ပေးဦးမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြောကြားသည်။

အစိုးရသစ်၏ ဒုတိယအကြိမ် ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ဦးရေ ၆၃၅၉ ဦး လွတ်မြောက်လာပြီး ယင်းထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကနေသူ ၃၀၀ နီးပါး ပါဝင်ခြင်းသည် အမျိုးသား ပြန်လည်စည်းလုံးရေးအတွက် လှေကားထစ်တစ်ခုကို တက်လှမ်းလိုက်ခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ခြေလှမ်းတစ်လှမ်းလာပြီးရင် နောက်ခြေလှမ်းတွေ ထပ်လာဖို့ ရှိပါတယ်။ ပြည်သူတွေအနေနဲ့ ဒီခြေလှမ်းတွေ နောက်မဆုတ်သွားအောက် ဝိုင်းဝန်း ထောက်ခံဖို့ လိုပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထောက်ခံပေးမှုကြောင့် ရရှိလာသည့် အကျိုးရလဒ်သည် လတ်တလောလိုအပ်နေသည့် အမျိုးသားပြန် လည်ရင်ကြားစေ့ရေး ကို ထောက်ပံ့ပေးနိုင် သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူ ဦးခင်မောင်ဆွေ က ပြောကြားသည်။

“လိုအပ်နေတဲ့ကိစ္စတွေကို မြန်မြန်လုပ်ဖို့ လိုပါတယ်”ဟု ယင်းက ဆိုသည်။

အကျဉ်းထောင်များတွင် ကျန်ရှိသည့်နိုင်ငံရေးအကျဉ်းသားများ အားလုံးသည် ဆက်တိုက် လွတ်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၂ ရက် အကျဉ်းသားများ လွတ်လာချိန်တွင် ဖွင့်ဟပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စသည် အခြားသောကိစ္စရပ်များနှင့် ဆက်နွယ်နေသော ကိစ္စရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းဂျာနယ်တစ်ခု၏ တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့
သည်။

“နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတာ တခြားနိုင်ငံရေးကိစ္စတွေနဲ့ ခွဲခြားမြင်လို့ မရဘူး။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်း ဆိုတာ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုသလို ပူးပေါင်းဆောင်ရွက်မှုကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို အထာက်အကူ ဖြစ်မယ်လို့ အန်တီမြင်တယ်။ ဒါတွေကခွဲခြားမြင်လို့မရဘူး။ အားလုံးဆက်နွယ်နေတယ်”ဟု ယင်းကနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် အခြားသောနိုင်ငံရေး ကိစ္စရပ်များသည် ဆက်စပ်နေကြောင်း ဆိုသည်။

သမ္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးတိုး
တက်မှုများသည် နှစ်ဦးသား သဘောတူညီချက်ကို အကောင် အထည်ဖော်နေ သည်ကို မြင်တွေ့နေရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

“နိုင်ငံရေး အကျဉ်းသားတွေထဲမှာမှ ကိုမင်းကိုနိုင်အိမ်ကို သွားလည်တာ၊ ပြီးတော့လွတ်တဲ့အထဲ ကိုမင်းကိုနိုင် မပါလာတာတွေဟာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ သဘောတူညီချက်တွေ ရထားတယ်။ ဒီသဘောတူညီချက်တွေက တဖြည်းဖြည်းအကောင်အထည် ဖော်လာမှာကို မြင်နေရ ပါတယ်”ဟု ယင်းကပြောကြားသည်။

သတင်း....YC(KS) Yangon Chronicle

ကဲ မြန်မာပြည်ကလက်ရှိ သမ္မတကြီး ဆိုတာသူဘဲ..။



ကိုယ့်စီးဘို့ ဖိနပ်တောင် ကိုယ်တိုင်မစီးနိုင်ဘဲ တခြားသူကစီးပေးနေရတယ်။ သူများနိုင်ငံက သမ္မတ တွေနဲ့ တခြားစီကို ကွာခြားနေတာပါ။ဦးသိန်းစိန် တက်လာလည်း ဒီလို အောက်လက် ငယ်သားတွေကိုခိုင်း တာဘဲ၊ဦးသန်းရွှေတုန်းကလည်းတူတူ ၊လူတွေသာပြောင်း လွှဲသွားတယ်၊ စတိုင်တွေ ကတော့တူတူပါဘဲ၊ဦးသန်းရွှေ နဲ့ မတူတာက ဦးသန်းစိန်က အရပ်ဝတ်နဲ့မို့ဘဲ ၊ကျန်တဲ့ လုပ်ရိုးလုပ်စဉ်တွေကတော့ အားလုံး ပြန်သင်ထားသလိုပါ။

14 October 2011

၁၂.၁၀.၂၀၁၁ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်သော နိုင်ငံရေးအကျဉ်းသားစာရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြုစုသည်.။

Released PP-12 Oct

အစိုးရ အပြောနဲ့အလုပ် မညီကြောင်း ပြန်လည်လွတ်မြောက်လာသူမစုစုနွေး ဝေဖန်။


လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား အမြောက်အများ ထောင်ထဲမှာ ကျန်ရှိနေသေးတာကြောင့်အစိုးရဟာ အပြောနဲ့အလုပ် မညီဘူးလို့ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်က မနေ့က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသူ မစုစုနွေးက ဝေဖန် ပြောဆိုလိုက် ပါတယ်။

အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် ခန္တီးမြို့မှာ ရန်ကုန်ကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို စောင့်ဆိုင်းနေတဲ့ မစုစုနွေးကို RFA က ဒီကနေ့ ဆက်သွယ်ရာမှာ အခုလို ပြောဆိုလိုက်တာပါ။

"တကမ္ဘာလုံးက ကျမတို့အားလုံးက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးရင် အပြောနဲ့ အလုပ် ညီတယ်လို့ ကျမ ပြောချင်ပါတယ်။" မစုစုနွေးဟာ လာမယ့် တနင်္ဂနွေနေ့မှာ လေကြောင်းခရီးနဲ့ ရန်ကုန်မြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။

ရန်ကုန်ကို ပြန်လည် ရောက်ရှိတဲ့အခါ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်တဲ့ အထိ လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း မစုစုနွေးက ပြောပါတယ်။

"ကျန်နေခဲ့တဲ့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက်ကို ကျမတို့ ကျန်နေတဲ့သူတွေကတော့ အမြန်ဆုံး လွှတ်ပေးအောင်လို့ ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။" ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအ ထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး တည်းခိုနေတဲ့ ရန်ကုန်မြို့က ဟိုတယ်တခု အနီးမှာ ဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့မှုကြောင့် အာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

နောက်ပိုင်း အယူခံ တင်သွင်းမှုကြောင့် ပြစ်ဒဏ်ကို ၈ နှစ်အထိ သက်ဆိုင်ရာက လျှော့ချပေးခဲ့ပြီး၊ အခု ထောင်သက် ၄ နှစ်နီးပါး အကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

သတင်း .. RFA

ယခုလွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများကို NLD မှ ကျပ်ငွေ တစ်သောင်းစီ ထောက် ပံ့ကူညီ.

အကျဉ်းသား ခြောက်ထောင်ကျော်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ရာတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ နိုင်ငံရေးအကျဉ်းသား များကူညီ စောင့်ရှောက်ရေး တာဝန်ခံဦးနိုင်းနိုင်းက ပြောကြားသည်။

“အခုလက်ရှိတော့ ၂၀၆ ယောက်တော့စာရင်းရပြီ။ နိုင်ငံရေးအကျဉ်းသား ၂၅၀လောက်တော့ လွတ်လာလိမ့်မယ်လို့ တွက်ထားတယ်။ အဲဒီထက်တော့ မပိုနိုင်ဘူး။အဲဒီထဲမှာမှ NLD ကအယောက် ၉၀ လောက် ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ပုဒ်မ ၅ ည နှင့် ၁၇/၁ အပြင် နိုင်ငံရေးနှင့်နွယ်သော ပုဒ်မများနှင့် အပြစ်ဒဏ်ကျခံရသူများ အားလုံးကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ထားကြောင်း NLD မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများကို NLD မှ ကျပ်ငွေ တစ်သောင်းစီ ထောက် ပံ့ပေးနေကြောင်း အထက်ပါ ဦးနိုင်းနိုင်းက ပြောကြားသည်။

“မင်းကိုနိုင် ကတော့ အခုအခေါက်မှာ ပါမလာသေးဘူး။ နောက်အခေါက်ကလဲ ဘယ်တော့လွှတ်မယ်မှန်းလဲ မသိသေးဘူး” ဟု NLD မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်နေသည့် လေ့လာသူများ ပြုစုထားသော စာရင်းများအရ လွှတ်ပေးသည့် အကျဉ်းသား ၆၃၅၉ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၀၇ ဦးသာ ပါဝင်ကြောင်း သိရသည်။

အကျဉ်းထောင်များတွင် ကျန်ရစ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကိုပြုစုပြီး မကြာမီ ဒေါ်အောင်ဆန်း စုကြည်လက်သို့ ပေးအပ်မည် ဖြစ် ကြောင်း၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ပြည်သူများထံမှ လက်မှတ်များ ကောက်ခံကာ သမ္မတဦးသိန်းစိန်ထံ ပို့ပေးသည့် လှုပ်ရှားမှုတရပ် မကြာမီ လုပ်ဆောင်မည်ဖြစ်ကြောင်း NLD မှ ဧရာဝတီတိုင်းတာဝန်ခံ ဦးတိုးကျော်လှိုင်က ဆိုသည်။

ယခုလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံစကား
ပြောကြားမည်ဖြစ်ကြောင်း NLD မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသတင်းအား ရန်ကုန် ခရော်နီကယ် တွင်ဖော်ပြပါရှိသည်.။

လူရွှင်တော် ဇာဂနာ မြစ်ကြီးနားထောင်ကို ချီးမွှမ်း

၂၀၀၈ ခုနှစ်တွင် တည်ဆဲဥပဒေများစွာကို ချိုးဖောက်သူအဖြစ် တရားစွဲဆိုကာ အကျဉ်းချခြင်းခံရသည့် လူရွှင်တော် ဇာဂနာသည် ၃နှစ် ကျော်ကြာ နေခဲ့ရသည့် မြစ်ကြီးနားထောင်ကို အောက်ပါအတိုင်း ချီးမွမ်းခန်းဖွင့်ခဲ့သည်။

“ဘ၀တစ်လျှောက်လုံးမှာ ထောင်လေးခါကျဖူးတာ ဒီတစ်ခါထောင်ကျတာ ဓမ္မာရုံမှာနေရ သလိုပဲ”ဟု အောက်တိုဘာ ၁၂ ရက်က စမ်းချောင်းရှိ နေအိမ်သို့ ပြန်ရောက်ချိန်တွင် ဆိုသည်။

မြစ်ကြီးနားထောင်တွင် နေရစဉ် အပတ်စဉ်ထုတ်ဂျာနယ်များ၊ နေ့စဉ်ထုတ် သတင်းစာများကို ပုံမှန်ဖတ်ရှုရသည့်အပြင် နေရေးထိုင်ရေး မှာလည်း များစွာအဆင်ပြေကြောင်း ကိုဇာဂနာက ဆိုသည်။

“အရင်တုန်းကဆိုရင် ရေနွေးတစ်ခွက်ရဖို့ မနည်းတောင်းနေရတယ်။ အခုကျတော့ ကိုဇာ တောင်းတယ်ဆိုရင် ရေနွေး လိုသလောက်ရတယ်၊ ဂျာနယ်တွေလည်း ကိုယ့်ပိုက်ဆံရှိရင် ဝယ်ဖတ်လို့ရတယ်။ သူတို့ပေးတာကို ဖတ်ချင်ရင်တော့ လနဲ့ချီကြာတယ်”ဟု အကျဉ်းထောင်တွင် နေခဲ့ရပုံကို ပြောကြားသည်။

ကော့သောင်းထောင်တွင် သုံးနှစ်ထောင်ဒဏ် ကျခံထားရသည့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုဇေယျာသော်က “ကော့သောင်းထောင်မှာ နေတုန်းကလည်း အဆင်ပြေပါတယ်။ စာပေကိုလည်း ဖတ်ရှုခွင့်ရသလို နေရထိုင်ရတာ အဆင်ပြေပါတယ်”ဟု ရန်ကုန် ခရော်နီကယ်နှင့် တွေ့ဆုံစဉ်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် ကုလသမဂ္ဂမှ ပြဌာန်းထားသည့် အကျဉ်းထောင်စည်းကမ်းများကို ကျင့်သုံးထားကြောင်း၊ ယင်း အတွက် လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားက အင်းစိန်အကျဉ်းထောင်သည် ယခင်နှစ်များထက် တိုးတက်လာကြောင်း ရန်ကုန်တိုင်း ဒေသကြီး ထောင်အုပ်စု၏ တာဝန်ရှိသူ ဦးကျော်ခင်က ဆိုသည်။

YC(KS)ရန်ကုန် ခရော်နီကယ်

ရိုးသားစစ်မှန်မှုမရှိသော အကျဉ်းသားလွှတ်ပေးမှု

Prisoner Release Lacks Sincerity Burmese

13 October 2011

ကျိုင်းတုံထောင်ထဲ မှ သတင်းစကားပါးလိုက်တဲ့ ကိုမင်းကိုနိုင်..


ကျိုင်းတုံအကျဉ်းထောင်တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က သူ့အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တိုင်းပြည်ကောင်းစားရေး အတွက် မည်သူနှင့် မဆိုပူးပေါင်းဆောင်ရွက်မည်ဆိုသည့်သဘောထားကိုအလေးအနက်အပြည့်အ၀ထောက် ခံကြောင်း၊ NLD ပါတီတရားဝင်မှတ်ပုံတင်ပြီးရွေးကောက်ပွဲ ၀င်မည်ဆိုလျှင် လည်းထောက် ခံကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည် ယခုသွားနေသော လမ်းကြောင်းကိုထောက်ခံကြောင်း ကိုမင်းကိုနိုင်နှင် အတူကျိုင်းတုံအကျဉ်းထောင်တွင် အတူအကျဉ်းကျခံခဲ့ရပြီး ယမန်နေ့နံနက်ကပြန်လွတ် လာသူနိုင်ငံရေးသမားတစ်ဦးက The Messenger ဂျာနယ်မှသတင်းထောက်ကို ၁၂.၁၀.၂၀၁၁ နေ့ ည ဒေသစံတော်ချိန် ၈း ၂၀ နာရီခန့်တွင် တရားဝင်တွေ့ဆုံပြောကြားခဲ့သည်။

သတင်း..Messenger Journal.။

ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသောကျိုင်းတုံအကျဉ်းထောင်

ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသောကျိုင်းတုံအကျဉ်းထောင်အုတ်ရိုး။



ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသောကျိုင်းတုံအကျဉ်းထောင်



ကျိုင်းတုံထောင်မှာအကျဉ်းကျနေတဲ့၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင် ကိုမင်းကိုနိုင်နဲ့အတူနေထိုင်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူများ



ကျိုင်းတုံထောင်မှာအကျဉ်းကျနေတဲ့၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင်ကိုမင်းကိုနိုင် ဟာဒီနေ့လွတ်မြောက် တဲ့စာရင်းမှာ ပါဝင်ခြင်းမရှိဘူးလို့ကျိုင်းတုံအကျဉ်းဦးစီးမှ တာဝန်ခံ တစ်ဦးကပြောတယ်လို့ ကျိုင်းတုံ သို့သတင်းရယူ ရန်ရောက်ရောက်ရှိနေတဲ့ The Messengerဂျာနယ်မှ သတင်းအယ်ဒီတာက သတင်းပေးပို့ပါတယ်။ကိုမင်းကိုနိုင် အနေနဲ့ ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်သတင်းများထွက်ပေါ်နေခဲ့သော်
လည်း ၄င်း အနေနဲ့မျှော်လင့်ခဲ့ခြင်းမရှိကြောင်း ကိုမင်းကိုနိုင်နဲ့အတူနေထိုင်ခဲ့ပြီးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်
လည်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

သတင်းဓာတ်ပုံ..Messenger News Journal။

..........................................................................................................................................။

သွေးလှူဒါန်းပွဲကိုရည်ရွယ်ချက် (၄)ရပ်ဖြင့် ကျင်းပလှူဒါန်းမည်ဖြစ်သောကြောင်

၁။ သွေးလိုအပ်သောလူနာများထံသို့ အသက်ကယ်သွေးရရှိရန်

၂။ ကိုမင်းကိုနိုင်၏မွေးနေ့အတွက် ကုသိုလ်ပြုရန်

၃။ လွတ်မြောက်လာသော ကိုဇာဂနာနှင့် နိုင်ငံရေးအကျဉ်းသားများအား ကြိုဆိုသောအားဖြင့်

၎။ မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးချွင်းချက်မရှိလွတ်မြောက်ရန်ရည်သန်၍ သွေးလှူဒါန်းမည်ဖြစ်ပါသည်။

သွေးလှူဒါန်းနိုင်မည့်ရက်များ ၁၃ရက်မှ ၁၈ရက်နေ့ ထိ - အောက်တိုဘာလ - ၂၀၁၁ခုနှစ်

သွေးလှူဒါန်းမည့်သူများ ဆက်သွယ်ရန်

ကိုညီညီ 09-49328055

ကိုလင်းထက် 09-73125885

ကိုသီဟန် 09-49308433

ဒေါ်သီတာဝင်းအောင် 01-396476

မယဉ်ယဉ်ထိုက် 09-73170165

မဥမ္မာဝင်း 09-73079792

ကိုအောင်စိုးလွင် 09-43038808

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် BG သွေးအကူအညီပေးရေးနှင့် ပညာဒါနမှ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ (၁၈-၁၀-၂၀၁၁)နေ့တွင်ကျရောက်မည့် (၄၉) နှစ်ပြည့် မွေးနေ့အကြို အမှတ်တရ အဖြစ်

- သံဃာတော်များကိုဆွမ်းကပ်ခြင်း

- ၁၂း၀၀ နာရီတွင် မွေးနေ့ပွဲသီချင်းဆို၍ မွေးနေ့ပွဲကျင်းပခြင်း

- လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကိုကြိုဆိုပြီး မလွတ်မြောက်သေးသော နိုင်ငံရေးသမားများအတွက်လည်း ဆုတောင်းပွဲကျင်းပခြင်း

- B.G သွေးအကူအညီပေးရေးနှင့် အခြားသောစေတနာရှင်သွေးအဖွဲ့တို့မှ ပူးပေါင်း၍ ကိုမင်းကိုနိုင်အတွက် ကောင်းမှုကုသိုလ်များပြုလုပ်ပေးခြင်း စသည်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပါသည်။

အောက်ပါအစီအစဉ်အတိုင်းကြွရောက်ပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

ကိုညီ(တာဝန်ခံ) ၀၉၄၉၃၂၈၀၅၅

ကျင်းပမည့်နေရက် ၁၆-၁၀-၂၀၁၀

ကျင်းပမည့်အချိန် ၁၁း၀၀ နာရီ

ကျင်းပမည့်နေရာ ပိဋိကတ်သုံးပုံနိကာယ်ပရိယတ္တိစာသင်တိုက်(မြင်းခြံကျောင်း)၊ ပုလဲရတနာလမ်း (၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်။

လမ်းညွှန် ၂၅၇(အထူး)၊ ၃၉(အ၀ါ)၊ ၂၅၂(ဘီအမ်)၊ ၅၆(မ.ထ.သ)၊ ၈၈၊ ၃၉(ဒေ၀ူး) ၇၇ (အနီ)ဒိုင်နာ၊ ၉၆(အ၀ါ) ကားများစီးပြီး ပန်းခြံမှတ်တိုင်တွင်ဆင်းပါ။

မနေ့က မန္တလေး အိုဘိုထောင်ရှေ့ မြင်ကွင်း ဓာတ်ပုံ မှတ်တမ်း







ဒီသမီးလေးဟာ သူမိခင် ထောင်ထဲ ရောက်တော့ တစ်လ သမီးပဲ ရှိပါသေးတယ်။ ခုလွတ်တဲ့ အချိန်မှာ ၆နှစ်ကျော် ရှိနေပါပြီ။ အပြစ်မရှိတဲ့ သမီးလေး ထောင် (၆) နှစ်ကျနေတာ နဲ့ မတူဘူးလား။


အမေပြန်လွတ်မြောက်လာလို့ ပျော်ရွှင်နေကြတဲ့သားအမိ






မန္တလေးထောင်မှလွတ်မြောက်လာသောလူဝတ်လဲခံထားရသည့် မစိုးရိမ်ကျောင်းတိုက်မှသံဃာတော်များဆွမ်းဘုန်းပေးဘို့ စောင့်နေကြသည်.။


ဓာတ်ပုံ များအားပြန်လည် မျှဝေပေးသော ကိုဝိုင်ဝိုင်ကေ(Yeyint Kyaw)အားကျေးဇူးတင်ရှိပါသည်.။

DVB နဲ့ကိုဇာဂနာ အင်တာဗျူးအသံဖိုင်ပါ.။

ဇာဂနာနဲ့ အင်တာဗျူး by dvb entertainment

အခု လွှတ်တယ်ဆိုတာက မဖြစ်စလောက်လေး.. အားလုံးကို လွှတ်ပေးစေချင်တယ်.. ဦးသိန်းစိန်လက်ထက်မှာ ဖမ်းထားတာမှ မဟုတ်တာ.. ပြည်ပကပြန်လာမယ့်သူတွေကို တခွန်းထဲ ပြောချင်တယ်.. စောင့်ကြည့်ပါဦးလို့  ...အသီး၂သီးလုံးက ပုပ်နေတော့ ဂေါ်ပြားက ကော်တာပေါ့... (DVB သတင်းထောက် ကိုအေးနိုင်ဆက်သွယ်မေးမြန်းထားတာပါ)

12 October 2011

နိုင်ငံရေးအကျဉ်းသား ဟောင်းများရဲ့ ပထမအကြိမ် ဂါရဝပြုကန်တော့ပွဲ ဓာတ်ပုံသတင်း















ဓာတ်ပုံ..National League for Democracy

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင်




ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ ကျင်းပ ပြုလုပ်နေသော နိုင်ငံရေး အကျဉ်းသားဟောင်းများ ဂါရဝပြု ကန်တော့ပွဲ အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က " အခု သိရသလောက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ရာလောက် ရှိတယ်၊ ကျန်တဲ့သူတွေလည်း ဆက်လွှတ်မယ် ထင်တယ်။ အားလုံး လွတ်မယ်လို့ ထင်တယ်။ အခုလို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် " ဟု ပြောကြားခဲ့ကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသော The Voice Weekly အကြီးတန်းသတင်းထောက်က သတင်းပေးပို့သည်။

သတင်းဓာတ်ပုံ.။The Voice Weekly

ကိုဇာဂနာနှင့် အင်တာဗျူး

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့ လာရောက်ရန် လေယာဉ်ပေါ် မတက်မီအချိန်အတွင်း Eleven Media Group မှ မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။



မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။



မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ

ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။

ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။



မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။

ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။

ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

မေး- နိုင်ငံရေးအလုပ်ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။

ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။

ယနေ့ အင်စိန်ထောင်ရှေ့ မြင်ကွင်းဓာတ်ပုံသတင်း






ဓာတ်ပုံ..Burma VJ Media Network

အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ၊ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။..



မြစ်ကြီးနားမြို့ပြည်သူများနှင့် ရင်းရင်းနှီးနှီးစကားပြောနုတ်ဆက်နေသောပြည်သူအချစ်တော်



အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ၊ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် (ဦး)ဇာဂနာ (ခေါ်) ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ရာ ယနေ့နံနက် ၁ဝ နာရီ ၃ဝ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ် The Voice Weekly က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။


သတင်း..The Voice Weekly
ဓာတ်ပုံ..Eleven Media Group

လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများများစာရင်း

အင်းစိန်ထောင် လွတ်စာရင်း

၁။မအေးသီခိုင်၊
၂။မအေးချမ်း၊
၃။မယဉ်ကြည်၊
၎။ ဒေါ်သန်းသန်းဌေး
၅။အောင်မိုးလွင်
၆။ စောကလဲထူး
၇။ စောသန်းရွှေ
၈။ ဖိုးခွါး(ခ)အောင်ကျော်စိုး
၉။ အောင်ကျော်မိုး
၁၀။ ကိုလတ်(ခ)မောင်မောင်လတ်(ဗကသ)
၁၁။ စပ်ခွန်အောင်
၁၂။ စောနိုင်
၁၃။ ဇော်လေး
၁၄။ ကိုဇော်လင်းထွန်း
၁၅။ ဦးဘတင့်
၁၆။ ထွန်းထွန်းဦး
၁၇။ ဒိုးလေး
၁၈။ နိုင်ဝင်း

သာယာဝတီထောင်လွတ်လူစာရင်း

၁။ထွန်းဇော်(ခ)ဇော်မြင့်ဦး၊
၂-စိုးမင်းဦး(ခ)ဇန်ဇန် ၊
၃-ကြည်လွင်၊
၎-ကိုမျိုး(ခ)ကျော်မျိုးမင်း၊
၅-အောင်မင်း၊
၆-စိုးလှိုင်၊
၇-ရဲမြင့်၊
၈-စောဖလူး ၊
၉-စောလှဝင်း၊
၁၀-မောင်မောင်အေး၊
၁၁-မိုးညွန့်ဇော် ၊
၁၂-ထန်ကိုဟောက်၊
၁၃-ဇော်လင်းဥိး၊
၁၄-စောသက်ထွန်း၊
၁၅-ကျော်သူရ(အသေးလေး)၊
၁၆-လှဝင်း၊ ၁၇-မြင့်ဦး၊
၁၈-အောင်ခိုင်၊
၁၉-ကျော်ဆန်း၊
၂၀-ရှမ်းပု၊
၂၁-မောင်မောင်လတ်(ခ)ကိုလတ်၊
၂၂-ပေါ်လွင်(ခ)ကိုပေါ်၊
၂၃-နိုင်ဝင်း(ခ)ဦးနန္ဒဝံသ၊
၂၄-နေမင်း(ခ)ဝင်းရွှေ၊
၂၅-နေဝင်းအောင်(ခ)ဦးတိက္ခ၊
၂၆-ကျော်မောင်
၂ရ-မငယ်
၂၈-စောပလိုလောလ



လားရှိုးအကျဉ်းထောင်


၁။ ဦးစိန္တိမာ၊
၂။ ဦးအောင်ဇော်ဦး (NLD)၊
၃။ ဦးအုန်းကျော် (NLD)၊
၎။တင်တင်ချို (NLD)

ပူတာအို အကျဉ်းထောင်

၁။ ဒေါ်ဝင်းမြမြ (NLD)။

ကသာအကျဉ်းထောင်

၁။ဦးစောလှိုင် (အင်းတော် လွှတ်တော်အမတ် - NLD)

ကျောက်ဖြူအကျဉ်းထောင်


၁။အာကာဗိုလ်(GW)
၂။ဇော်ထက်ကိုကို
၃။

ဘူးသီးတောင်အကျဉ်းထောင်

၁။ကိုကိုကြီး(စမ်းချောင်း)
၂။ကိုသန်းထွန်းဇင်
၃။၊ ဦးအောင်စိုး

မိတ္ထီလာအကျဉ်းထောင်

၁။ဒေါ်စမ်းစမ်းတင်
၂။ကိုညွန့်ဝင်း

တောင်ကြီးအကျဉ်းထောင်


၁။ဦးကျော်ခင်(NLD)

တောင်ငူအကျဉ်းထောင်

၁။ကိုဇော်ရဲဝင်း
၂။အောင်ဇေဖြိုး ၊
၃။ဂျိမ်း
၎။ညီညီဦး

စစ်တွေအကျဉ်းထောင်

၁။SSPC ဥက္ကဌ ဗိုလ်ချုပ်ဆေထင်(ခ) စိုင်းကျော်စိန်

မြစ်ကြီးနားအကျဉ်းထောင်

၁။ကိုဇာဂနာ
၂။ကိုဇင်မင်းထွန်း၊
၃။ကိုကြင်စန်း၊
၎။ကိုမျိုးအောင်သန်း၊
ကလေးထောင်အကျဉ်းထောင်

၁။ ကိုမင်းအောင်
၂။ဦးအေးချို
၃။ဦးသိန်းလွင်ဦး
၎။ကိုလှိုင်မျိုး
၅။ကိုမြင့်နိုင်
၆။ ကိုအောင်အောင်


မအူပင် အကျဉ်းထောင်

၁။ နွဲ့နှင်းရည်


ပခုက္ကူ အကျဉ်းထောင်


၁။ချစ်ကိုလင်း

မြင်းခြံ အကျဉ်းထောင်

၁။ အောင်သိုက်စိုး၊
၂။သီဟ၀င်းတင်

လွိုင်ကော် အကျဉ်းထောင်

၁။ ဦးပီတာ

မော်လမြိုင် အကျဉ်းထောင်

၁။ ဖြိုးဖြိုးအောင်


ပဲခူးအကျဉ်းထောင်

၁။ဦးစိန်လှိုင်၊
၂။ဦးတိုးကြည်၊
၃ကိုညီညီ (ခေါ်) ရဲသူကို
၎။ ကိုဝဏ္ဏအောင်

စာရင်းများဆက်လက်ဖော်ပြပေးပါမည်.။

အင်းစိန်ထောင်မှာတော့ ထုံးစံအတိုင်း မိန့်ခွန်းပေးနေပါပြီး

အင်းစိန်ထောင်တွင် နိုင်ငံေ၇းအကျဉ်းသားများ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်းပြီး သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယခုအချိန်မှစတင်ကာ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများအား စတင် လွတ်ပေးနေကြောင်းသိရှိရသည် ။

သတင်းများအား ထောင်အလိုက် သေချာစာရင်းပြုစုပြီးဖော်ပြပေးပါမည်.။ယခုသတင်းများ မသေချာသေး တာတွေဖြစ်နေပါသဖြင့် စုစည်းပြီးဖော်ပြပေးပါမည်.။


ဒီနေ့ကစပြီး မြောက်များစွာသော စကားလုံးအဆန်းအသစ်တွေ နားထောင်ရတော့မယ်.။



(ဦး) ဇာဂနာက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံး လွတ်မြောက်ခြင်း မရှိသည့်အတွက် ၎င်း၏ လွတ်မြောက်မှုကိုပင် ကျေနပ်ခြင်း မရှိကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ယင်းကိစ္စကို တောင်းဆိုသွားမည် ဖြစ်ကြောင်း The Voice Weekly က တယ်လီဖုန်းဖြင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။

ယနေ့ မနက် မင်္ဂလာရှိသော သတင်းများ.၊ကိုဇာဂနာအပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်

ဟာသအနုပညာရှင် ဇာဂနာကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က အခြား ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အကျဉ်းသား တစ်ဦးနှင့်အတူ မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်ပေးလိုက်ပြီ ဖြစ်ပြီး ယနေ့တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာဖွယ် ရှိကြောင်း သိရှိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် (SNLD) သည် စစ်တွေထောင်တွင် ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာခဲ့ပြီး ယနေ့ညနေ ၄ နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။

ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့တွင် ဘူးသီးတောင် အကျဉ်းထောင် အကျဉ်းကျခံနေရသူများ အနက်မှ ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း) နှင့် အခြား တစ်ဦး စုစုပေါင်း သုံးဦး ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

သတင်း..The Voice

နယ်အကျဉ်းထောင်များအား နိုင်ငံရေးအကျဉ်းသားမိသားစုများဆက်သွယ်၍မရသေး

နိုင်ငံတော် သမ္မတကြီး၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် လွတ်မြောက်လာမည့် အကျဉ်းသားများနှင့် ပတ်သက်၍ ဆက်သွယ် စုံစမ်းရာတွင် အဆင်မပြေမှုများ ဖြစ်ပွားနေကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများက ပြောကြားသည်။

အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)မှ စတင်၍ ဆက်တိုက်လွှတ်ပေး သွားမည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများက ယနေ့နေ့လယ် ၁နာရီတွင် ကြေညာသွားသော်လည်း မည်သည့်ပြစ်မှုဖြင့် အကျဉ်းကျနေသူများကို ထည့်သွင်း ကြေညာသွားခြင်း မရှိကြောင်း သိရသည်။

အကျဉ်းဦးစီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက မိမိတို့ဆွေမျိုး၊ သူငယ်ချင်းများ လွတ်မြောက်လာခြင်း ရှိ/မရှိကို သိလိုပါက အကျဉ်းကျရာ အကျဉ်းထောင်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ယနေ့နေ့လယ်က ပြောကြားသည်။

“နယ်ထောင်မှာထားတဲ့ ဖုန်းတွေက အလကား အလှကြည့်ဖို့ထားတာ မဟုတ်ဘူး”ယင်းက ဆိုသည်။

ယင်းကြောင့် မိမိတို့မိသားစုဝင်များ လွတ်မြောက်လာခြင်း ရှိ/မရှိကို အကျဉ်းကျရာ နယ်ထောင်များသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမကိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားမိသားစုများကို ကူညီစောင့်ရှောက်သည့် ကွန်ယက်ဝင်တစ်ဦးက ဆိုသည်။

“နယ်ထောင်ကို ဆက်သွယ်ဖို့က ဖုန်းကိုပဲအားကိုးရတာ ဖုန်းမကိုင်တော့ ဘယ်လိုမှဆက်သွယ်လို့မရဘူး”ဟု ယင်းက ဆက်လက် ပြောကြားသည်။

အကျဉ်းသားများအား အကျဉ်းထောင်မှ လွှတ်ပေးပြီးနောက် သွားလာရေးစားရိတ် ထုတ်ပေးရာတွင် တစ်ထောင်ကျပ်အောက်သာ ရှိသဖြင့် လွတ်မြောက်လာသော အကျဉ်းသား၏ စားဝတ်နေရေးကို သက်ဆိုင်ရာမိသားစုများက စိတ်ပူပန်နေကြောင်း သိရသည်။

“ကိုကြီး အရင်တစ်ခါ လွတ်တယ်လို့ သတင်းထွက်တော့လည်း အိမ်ကို ကြိုအကြောင်းမကြားတော့ ထောင်ကပေးလိုက်တဲ့ စားရိတ်နဲ့ အဆင်ပြေပါ့မလား စိုးရိမ်တယ်။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့လည်း အိမ်ကို ကြိုအကြောင်းမကြားတော့ သူ့အတွက် စိတ်ပူတယ်”ဟု မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ကိုဇာဂနာ၏ ခယ်မဖြစ်သူမငြိမ်းက ဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့လယ်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မည်သည့်အကျဉ်းသားများဟူ၍ ခွဲခြားဖော်ပြထားခြင်း မရှိဘဲ အကျဉ်းကျ နေသူများအားလုံးအနက် ထိုက်သင့်သောပြစ်ဒဏ်ကို ကျခံပြီး စည်းကမ်းရှိ၍ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူ အကျဉ်းသားများအား လွှတ်ပေးမည်ဟုသာ ဖော်ပြထားသည်။

သတင်း... KS (Yangon Chronicle)

11 October 2011

မွေးနေ့ရှင် ကိုယ်တိုင် တက်ရောက်နိုင်ပါစေသား..။

နဂါးခံတွင်းသို့အ၀င်


ကမ္ဘာကြီး၏အကြွေးရှင်

တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးဒုတိယနေရာ၊ ဖွံ့ ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာ့ဘဏ်ထက် ငွေပိုချေးနိုင်သည့် ကြွေးရှင်၊ အမေရိကန်ရဲ့ အရေးကြီးသည့်ကြွေးရှင် ဖြစ်လာသည်။ အမေရိကန်က ၁ ဒေါ်လာသုံးတိုင်း ပြား ၄၀ ကြွေးတင်နေပြီး အတိုးငွေအများစုကို ကြွေးရှင်တရုတ်အား ပေးနေရသည်။ အမေရိကန်၏ ငွေချေးစာချုပ် ဒေါ်လာ ၁.၃ ထရီလီယံကို တရုတ် ၀ယ်ထားသည်။ အမေရိကန်က သူ၏မြီစားနေရာကို တရုတ်ဆီ လွှဲလိုက်ရပြီး သူကတော့ မြီရှင်ဖြစ်နေရပြီ။ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကြွေးရှင်အဖြစ်နှင့် တရုတ်ဘက်မှ ဖိအားပေးလာဖွယ်ရာ ရှိနေသည်။ တရုတ်သည် နိုင်ငံခြားအရံငွေ ဒေါ်လာဘီလီယံ ၃ သန်းကျော် စုဆောင်းထားနိုင်သည်။ ၂၀၁၀ မှာ တရုတ်စီးပွားရေးတိုးတက်မှုက တကမ္ဘာလုံး၏ ငါးပုံတပုံနီးပါး ရှိခဲ့ကြောင်း IMF က ဖော်ပြခဲ့သည်။ နှစ်စဉ် စီးပွားရေးဖွံ့ဖြိုးမှု ၈ ရာခိုင်နှုန်းဝန်းကျင် တိုးတက်နေသည်မို့ စီးပွားရေးမဟာ အင်အားကြီးနိုင်ငံ ဖြစ်လာတော့ မည်ဟု ကျွမ်းကျင် သူများက ခန့်မှန်းထားကြသည်။ ဓနအင်အား ကြီးထွားမှုနှင့်အတူ နိုင်ငံရေးသြဇာ ချဲ့ထွင်ရန်လည်း ကြိုးပမ်းလာသည်။

တရုတ်ပြည်ကောင်းစားရေးဝါဒ

တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေးသက်တမ်း အနှစ် ၉၀ ပြည့်ပြီ။ ကွန်မြူနစ်အစိုးရက စီးပွားရေးလွတ်လပ်ခွင့် ပေးထားပြီး နိုင်ငံကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည်။ တရုတ်စီးပွားရေးမူဝါဒသည် အမေရိကန်၊ ဥရောပ အနောက်အုပ်စုတို့နှင့်မတူ။ လက်ဝဲလား လက်ယာလား၊ အာဏာရှင်လား ဒီမိုကရေစီလား၊ လူ့အခွင့်ရေးရှိမရှိ၊ အဂတိလိုက်စားမှုကင်းမကင်း၊ အလုပ်သမားဥပဒေတွေ ကောင်း မကောင်း စသည့်အချက်များကို ထည့်မတွက်ပါ။ ပြည်တွင်းနိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုပါ။ တရုတ်ပြည်ကောင်းစားရေးဝါဒအရ ကိုယ့်အတွက် အမြတ်အစွန်းရလျှင် ဘယ်သူနှင့်မဆိုလုပ်မည်၊ မရလျှင်လည်း ဘာကိုမှ ငဲ့ကွက်နေမည်မဟုတ်။ ထို့ကြောင့် မည်သူတွေ မည်သို့ဝေဖန်နေပါစေ နိုင်ငံတကာမှ ပြစ်ဒဏ်ခတ်ထားသည့် အာဖရိကမှ ဇင်ဘာဘွေနှင့် ဆူဒန်၊ အာရှမှ မြန်မာလို နိုင်ငံမျိုးနှင့် လုပ်သည်။ အမေရိကန် အိမ်နောက်ဖေးဈေးကွက် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသထဲထိ စီးပွားရေးချဲ့ထွင်သည်။

စွမ်းအင်အရင်းအမြစ် ရှာပုံတော်

စီးပွားရေးပညာသီအိုရီအရ တရုတ်တွင် လူအင်အား၊ မြေအကျယ်အ၀န်း၊ ဓနအင်အား၊ နည်းပညာတွေ အလုံအလောက် ရှိသည်။ ကုန်ထုတ်လုပ်ရေးယန္တရားကြီး မောင်းနှင်ရေးအတွက် ပုံမှန် လိုအပ်နေသည်က လောင်စာစွမ်းအင် လုံခြုံရေးပင်။ သယံဇာတ ပြင်ပ ထွက်ရှာရေးဗျူဟာ အရ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ တွင်းထွက်ဓါတ်သတ္တုမျိုးစုံတို့ကို ကမ္ဘာပတ်၍ ရှာသည်။ ရေနံနှင့် တွင်းထွက်ကြွယ်ဝသည့် အာဖရိက နေရာတော်တော် များများကို ခြေဆန့်ထားပြီးပြီ။ ဇင်ဘာဘွေမှ တွင်းထွက်ဓါတ်သတ္တု၊ နှစ်ခြမ်းကွဲ တောင်ပိုင်းဆူဒန်မှ ရေနံသိုက်၊ အမေရိကန်မထိရဲသည့် အီရန်မှ ရေနံ၊ သယံဇာတ ကြွယ်ဝသည့် အိမ်နီးချင်း မြန်မာတို့သည် တရုတ်အတွက် စွမ်းအင်ထောက်ပံ့ရေး နိုင်ငံများပင်ဖြစ်သည်။ စီးပွားရေးတိုးတက်မှုနှင့်အတူ ပြည်ပမှ တင်သွင်းသည့်လောင်စာ လက်ရှိ ၆၅ ရာခိုင်နှုန်း၊ လာမည့် ၂၀၁၅ တွင် ၇၅ ရာခိုင်နှုန်း မှီခိုရန် ရှိနေသည်။

ဖောင်စီးရင်း ရေမငတ်ပါစေနှင့်

မြန်မာတွင် ဓါတ်ငွေ့သိုက် ၂.၅၄ ထရီလီယံ ကုဗမီတာခန့် ရှိနိုင်သည်။ တရုတ်ရှိ လက်ကျန်ဓါတ်ငွေ့သိုက်နှင့် ပမာဏတူနီးပါး ဖြစ်သောကြောင့် မက်လောက်စရာ ဖြစ်နေသည်။ လျှပ်စစ်စွမ်းအင်အတွက်လည်း ဧရာဝတီနှင့် သံလွင်မြစ်ပေါ်တွင် ဆည်များဆောက်၍ ရေအားလျှပ်စစ် ထုတ်ယူနိုင်သည်။ လောင်စာစွမ်းအင်သာမက ကျွန်းနှင့် သစ်မာ၊ ကျောက်မျက်ရတနာ၊ ဓါတ်သတ္တု၊ ကုန်ကြမ်းမျိုးစုံ ပေါချောင်ကောင်းရနိုင်၍ တရုတ်အတွက် ရတနာသိုက် တွေ့ထားသလိုပင်။ တရုတ်သည် ကုမ္ပဏီပေါင်း ၁၇၀၊ ဒေါ်လာ ၁၂.၃ ဘီလီယံဖြင့် မြန်မာတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေသည်။ တရုတ်ထုတ်ကုန်ဈေးကွက်အတွက် အရေးပါသည့် အကျယ်အ၀န်းနှင့် လူဦးရေလည်း မြန်မာတွင် ရှိနေသည်။ သမ္မတဦးသိန်းစိန်၏ မေလခရီးစဉ်တွင် တရုတ်အစိုးရထံမှ ငွေချေးငှားခြင်းအပါအ၀င် စီးပွားရေးသဘောတူညီချက် များစွာ လက်မှတ်ရေးထိုးခဲ့ သည်။ မြန်မာမှ ရနိုင်သော ရေရှည်အကျိုးအမြတ်များကို ရည်မျှော်၍ ၀န်ကြီးချုပ် ၀မ်ကျားဘောင်က မဟာဗျူဟာမိတ်ဆွေအဖြစ် ပြောခဲ့ခြင်းဖြစ်မည်။

မဟာဗျူဟာလမ်းဆုံပေါ်က ရွာ

ကုန်းမြေနှင့်ပင်လယ် ပထ၀ီအားသာမှုက တရုတ်ကို စီးပွားရေးနှင့် စစ်ရေး ဒုတိယနိုင်ငံအဖြစ် တွန်းပို့ပေးခဲ့သည်။ ဗဟိုအာရှတွင် တည်ရှိပြီး ကြီးမားပြန့်ကားသော ကုန်းပိုင်းနှင့် ကမ်းရိုးတန်းရေမိုင် ၉၀၀၀ ကျော် အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်ကို ပိုင်ထားသည်။ ယူနန်ပြည်နယ်မှ မြန်မာကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာကို စိုးမိုးချင်သည်။ အမေရိကန်လို သမုဒ္ဒရာ ၂ ခု ပိုင်ဆိုင်ချင်နေသည်။ တရုတ်အတွက် မြန်မာသည် အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဥရောပ၊ အာဖရိကတို့နှင့် ဆက်သွယ်ရေး လမ်းဆုံလမ်းခွ ဖြစ်နေသည်။ မြန်မာကိုဖြတ်၍ ကုန်စည်များ တင်ပို့နိုင်လျှင် မလက္ကာရေလက်ကြားကို သုံးရန်မလို၊ ကီလိုမီတာ ၃၀၀၀ ခရီးကျုံ့သွားမည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓါတ်ငွေ့ကို မြန်မာမှတဆင့် သယ်ယူနိုင်မည်။ မေလခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ ယူနန်ပြည်နယ်၊ ရွှေလီအထိ မိုင် ၅၀၀ ကျော် ခရီးကို ၃ နှစ်အပြီး ရထားလမ်းဖေါက်လုပ်ရန် သဘောတူထားသည်။ ကျောက်ဖြူမှ ရွှေလီ ဓါတ်ငွေ့ပိုက်လိုင်းကိုလည်း ၂၀၁၃ ပြီးစီးအောင် သွယ်တန်းမည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူ-ရွှေလီ ရထားလမ်းသည် တရုတ်ကုန်သွယ်ရေးအတွက် အမြတ်အစွန်းများစွာ ရှာပေးနိုင်သည်။ တရုတ်၏ လောင် စာထောက်ပို့လမ်းကြောင်း အတွက် ပါကစ္စတန်နှင့် မြန်မာက ခြေကုတ်စခန်းတွေ ဖြစ်နေသည်။ တရုတ်၏ စွမ်းအင်လုံခြုံရေးမူဝါဒအရ ပါကစ္စတန်နှင့် ဆက်ဆံရေးထက် မြန်မာနှင့် ဆက်ဆံရေးက ပို၍ အရေးပါနေသည်။

အာရှနဂါး ပုလဲကုံးဗျူဟာ

အနောက်ကမ္ဘာခြမ်းကို အမေရိကန်ကြီးစိုးခဲ့သလို အရှေ့ကမ္ဘာခြမ်းအများစုကို တရုတ်က ကြီးစိုးနိုင်ရန် ကြိုးပမ်းနေသည်။ ဗဟိုအာရှ၊ အိန္ဒိယပင်လယ်၊ အရှေ့တောင်အာရှ၊ အနောက်ဖက်ပစိဖိတ်တို့တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ တရုတ်သြဇာ ချဲ့ထွင်လာသည်။ ၂၀၁၀ ခုနှစ် တရုတ်စစ်သုံးစရိတ် ဒေါ်လာ ၁၅၀ ဘီလီယံအထက် ရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတွေ သုံးသပ်သည်။ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ သြစတြေးလျတို့က ရေတပ်လေတပ် ကာကွယ်ရေးတိုးချဲ့မှု လုပ်ခဲ့သည်။ စစ်ရေးအရ တရုတ်နှင့် အိန္ဒိယ-အနောက်အုပ်စုအကြား အားပြိုင်မှုတွင် မြန်မာသည် မဟာဗျူဟာဒေသ ဖြစ်နေသည်။ အကယ်၍ မလက္ကာရေလက်ကြား ပိတ်ဆို့ခံရသော် မြန်မာရေပိုင်နက်ကို ခြေကုတ် ယူကာ နောက်ဖေးပေါက် ဖြတ်လမ်းအဖြစ် သုံးနိုင်သည်။ တရုတ်၏ အိန္ဒိယသမုဒ္ဒရာထိန်းချုပ်ရေး ပုလဲကုံးဗျူဟာ (တရုတ်ပြည်မမှ ပါရှန်းပင်လယ်ကွေ့တလျှောက် နိုင်ငံများနှင့် မဟာဗျူဟာအရ ပူးတွဲခြင်းနှင့် ဆိပ်ကမ်းတည်ဆောက်ခြင်း) တွင် မြန်မာသည် တစ်စိတ်တစ်ဒေသဖြစ်သည်။

ကျွဲနှစ်ကောင်ကြားက မြေဇာပင်မဖြစ်စေရ

တရုတ်လူဦးရေ သန်းပေါင်း ၁၃၀၀ နှင့် အိန္ဒိယလူဦးရေ သန်းပေါင်း ၁၂၀၀ အာရှ၏ ကြီးနှစ်ကြီးကြားထဲတွင် မြန်မာလူဦးရေ သန်း ၆၀ ခန့်က ကြားညှပ်နေသည်။ မြန်မာက တရုတ်တစ်နိုင်ငံတည်း မဟာမိတ်မူကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည်။ သို့သော် ထိန်းညှိသည့်သဘောဖြင့် ကျောက်ဖြူဆိပ်ကမ်းကို တရုတ်သို့ပေးသလို စစ်တွေဆိပ်ကမ်းကို အိန္ဒိယသို့ ပေးထားသည်။ ယခု သမတဦးသိန်းစိန်က ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်း ရပ်တံ့လိုက်သောအခါ ထမင်းလုတ် ပုတ်ချခံရသလို တရုတ်ခံစားလိုက်ရသည်။ သို့သော် မိတ်ပျက်ရလောက်အောင်တော့ မဖြစ်၊ အစားထိုးပေးခြင်းဖြင့် ဖြေ သိမ့်ပေးနိုင်သည်။ မြန်မာအတွက်လည်း တစ်နိုင်ငံတည်း မဟာမိတ်မူမှ အမေရိကန်၊ ဥရောပ၊ အနောက်အုပ်စုတို့နှင့် ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ကြောင်း အချက်ပြလိုက်ရာရောက်သည်။ အမေရိကန်နိုင်ငံခြားရေးဌာန က မြန်မာအစိုးရတွင် ပြုပြင်ပြောင်းလဲလိုသူများ ပါရှိကြောင်းနှင့် လက်တွဲလုပ်ဆောင်နိုင် သည့် အလားအလာမြင်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။ ဒီမိုကရက်တစ်ကမ္ဘာက မြန်မာအပေါ် အပြုသဘောဆောင်လာခြင်း ဖြစ်သည်။ ပြည်သူ့ဆန္ဒအား အလေးထားခဲ့သည့် သမတဆုံးဖြတ်ချက်အပေါ် ပြည်သူတို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။ မြစ်ဆုံအောင်ပွဲသည် ဒီမိုကရေစီဘက်အရွေ့၏ ကောင်းကျိုးတစ်ခုဟုပြောလျှင် ရနိုင်သည်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

ကမ္ဘာကျော် တရုတ်စစ်သူကြီး ဆွန်ဇူးက စစ်မတိုက်ဘဲ အနိုင်ရအောင် တိုက်နိုင်ခြင်းဟာ အကောင်းဆုံး စစ်ဗျူဟာဟု ပြောခဲ့သည်။ အမေရိကန်ပင် မကင်းနိုင်သော တရုတ်ကို မိမိတို့က မျက်ကန်းမျိုးချစ်စိတ်ဖြင့် ယှဉ်၍မရပါ။ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးမို့ ချစ်ကြည်ရေးလည်းမပျက်၊ နိုင်ငံအတွက်လည်း အကျိုးရှိအောင် ဦးနှောက်ကြီးကြီးဖြင့် စဉ်းစားရပါမည်။ ဘုံအကျိုးစီးပွားနှင့်ယှဉ်လျှင် သဘောထားကွဲသူတို့အကြား နိုင်ငံချစ်စိတ်အခြေခံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း မြစ်ဆုံအောင်ပွဲက သက်သေခံနေသည်။ သို့ဆိုလျှင် အစိုးရနှင့် အတိုက်အခံတို့အကြား နိုင်ငံရေးပြဿနာဖြေရှင်းရန် ဘုံသဘောတူညီချက် ရနိုင်သည်။ ရန်ဘက်အမြင်ဖျောက်၍ အပြန်အလှန် အသိအမှတ်ပြုသည့် ပြိုင်ဘက်အဖြစ် အမြင်ပြောင်းကြည့်နိုင်လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်း ပွင့်သွားမည်။ ဤအပိုင်းကို အတွင်းစည်းဟု တင်စားချင်သည်။ တရုတ်၏ လွှမ်းမိုးမှုကို ချိန်ခွင်လျှာ ထိန်းညှိရန်အတွက် အပြုသဘောဆောင်လာသော ဒီမိုကရက်တစ်ကမ္ဘာနှင့်လည်း မိတ်ဖွဲ့ရန် လိုအပ်သည်။ ဤအပိုင်းကို အပြင်စည်းဟု တင်စားချင်သည်။ ဒီမိုကရေစီအိုင်ကွန်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အတွင်းစည်း၊ အပြင်စည်း နှစ်ခုလုံးတွင် အရေးအပါဆုံးဖြစ်သည်ကို မမေ့ပါနှင့်။ အတွင်းစည်းနှင့် အပြင်စည်းချ၍ နွံထဲ၌ ကျွံနေသော နိုင်ငံကို နှလုံးသားချင်းထပ်ကာ ကျွန်ုပ်တို့ ပြိုင်တူတွန်းရပါမည်။ ချုပ်ပြောရလျှင် ဗျူဟာမြောက် လှုပ်ရှားသူတို့မည်သည် သစ်တစ်ပင်ချင်းစီကို မြင်အောင်ကြည့်တတ်သလို သစ်တောတစ်ခုလုံးကိုလည်း ခြုံငုံကြည့်တတ်ရပါသည်။

*****

ရေးသားသူ.... ရိုးရိုးလူ(ရိုးမ၃)

အင်း​စိန်​ထောင်ထဲတွင် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကျန်း​မာ​ရေး​ဆိုး​ရွား

အင်း​စိန်​ထောင်တွင် နိုင်ငံ​ရေး​အကျဉ်း​သား​အနည်း​ဆုံး​ ၂၄ ဦး​ခန့်​ ကျန်း​မာ​ရေး​ အ​ခြေအ​နေဆိုး​ရွား​နေတယ်လို့​ ပြည်တွင်း​က နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ကူညီ​ပေး​နေတဲ့​ အဖွဲ့​က ​ပြောပါတယ်။

အင်း​စိန်​ထောင်ထဲက တိုက် ၂၊​ ၄၊​ ၅ အ​ဆောင်​တွေက နိုင်ငံ​ရေး​ အကျဉ်း​သား​ အနည်း​ဆုံး​ ၂၄ ဦး​ခန့်​ဟာ တီဘီ၊​ နှလုံး​၊​ ​သွေး​တိုး​၊​ လိပ်​ခေါင်း​၊​ ​ကျောက်ကပ်၊​ အစာအိမ်​ရောဂါ၊​ အ​ကြော​ရောဂါ၊​ အရိုး​ရောဂါ၊​ မျက်လုံး​နဲ့​ ပတ်သက်တဲ့​ရောဂါ​တွေ ခံစား​နေရတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​မိသား​စုများ​ အကျိုး​ဆောင် ကွန်ရက်က ဆိုပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ကျန်း​မာ​ရေး​ချို့​တဲ့​နေ​ပေမယ့်​ ​ထောင်အာဏာပိုင်​တွေက ​ဆေး​ဝါး​ကုသမှုမ​ပေး​ဘူး​လို့​ အကျိုး​ဆောင် ကွန်ရက်က ကို​အောင်​ဇော်ထွန်း​က ​ပြောပါတယ်။

“ကို​ဇော်လင်း​ထွန်း​ဆိုရင် အသည်း​ကင်ဆာဖြစ်တယ်။ အစာအိမ်မှာလည်း​ ​သွေး​ကြော​ယောင်တာဖြစ်တယ်။ တီဘီ​ရောဂါလည်း​ ဖြစ်​နေတယ်။ ၂၀၀၃ ခုနှစ်က ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂလှုပ်ရှား​မှုနဲ့​ ​ထောင်ကျ​နေတဲ့​ အနှစ် ၂၀ ကျ​နေတဲ့​ အကျဉ်း​သား​တ​ယောက်၊​ လက်ရှိအင်း​စိန်​ဆေး​ရုံမှာတက်​နေတယ်။ သူဆိုရင် ​ထောင်က​နေ သူ့​ကင်ဆာ​ဆေး​နဲ့​ပတ်သက်ပြီး​တော့​ ​ထောင်က​နေ ​ဆေး​ဝယ်တိုက်ရမှာ ဒါကို ​ဆေး​က​ဈေး​ကြီး​တော့​ အခုချိန်ထိ ဝယ်မတိုက်ဘူး​ သူ့​ရဲ့​ရောဂါကို ထိန်း​ချုပ်ပြီး​ အသက်ရှည်ရှည် ​နေရမယ့်​ကိစ္စ တို​တောင်း​သွား​နိုင်တယ်။”

အလား​တူ ​ကျောင်း​သား​လှုပ်ရှား​မှုနဲ့​ နှစ်ရှည်​ထောင်ဒဏ်ကျသူ​တွေ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေ၊​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) အဖွဲ့​ဝင်တချို့​လည်း​ ကျန်း​မာ​ရေး​ချို့​တဲ့​နေတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​အကျိုး​ဆောင်ကွန်ယက်က ဆိုပါတယ်။

“ဆိုလိုချင်တာက​တော့​ ​ထောင်အသီး​သီး​မှာ နှစ်ရှည်​ထောင်ဒဏ်​တွေ ကျခံ​နေရတယ်။ စား​ရေး​သောက်​ရေး​တွေမှာ ချို့​တဲ့​တယ် သူတို့​ရဲ့​ လွတ်လပ်စွာ သွား​လာလှုပ်ရှား​ခွင့်​ အချိန်အင်မတန်နည်း​ပါး​တယ်/ နှစ်ရှည်လာတာနဲ့​အမျှ အကျဉ်း​သား​တွေက ကျန်း​မာ​ရေး​ ထိခိုက်လာတယ်။ လိုအပ်ချက်ကို ​ထောင်​တွေက ပြည့်​ပြည့်​ဝဝ ကုသ​ပေး​မှု အား​နည်း​လာတဲ့​အတွက် အကျဉ်း​သား​တွေက ​ရေရှည်မှာ လုံး​ပါး​ ပါး​ပြီး​တော့​ ကျန်း​မာ​ရေး​ ထိခိုက်လာတဲ့​ပုံစံမျိုး​တွေ ရှိလာပါတယ်။”

အင်း​စိန်​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ဝန်း​ကျင်ရှိတယ်လို့​ ကို​အောင်​ဇော်ထွန်း​က ဆိုပါတယ်။

မြန်မာနိုင်ငံပြည်တွင်း​က အကျဉ်း​ထောင်အသီး​သီး​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ ဝန်း​ကျင်ရှိ တယ်လို့​ ထိုင်း​-မြန်မာနယ်စပ်အ​ခြေစိုက် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​ (​အေ​အေပီပီ-ဘီ) က ထုတ်ပြန်ထား​ပါတယ်။

သတင်း.....DVB

မြစ်ကြီးနား-မန္တလေး ရထားလမ်း ပိတ်ထားရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့သို့သွားသည့် ရထားလမ်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့မှစ၍ ယနေ့ အထိ သွားလာမရဖြစ်ကာ ပိတ်ထားရသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

“မန္တလေး-မြစ်ကြီးနား ရထားလမ်းက ပိတ်နေတာ လေးရက်ရှိပြီ။ သံလမ်းပျက်လို့လေ။ ရထားက မန္တလေးကလာပြီး မြစ်ကြီး နား မရောက်မချင်း ခေါင်းလှည့်မရတော့ အောက်ပြန်ဆင်းလို့လည်း မရဘူး။”ဟု ၎င်းမြို့ခံက ကေအိုင်စီကို ပြောသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ယခု ၅ရက်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)က ဟိုပင်၊ ဆားမှော်နှင့် မရမ်း သုံးနေရာရှိ သံလမ်း နေရာများကို ဗုံးဖောက်ခွဲပြီးနောက် ၆ရက်နေ့တွင် အစိုးရတပ်များက မြစ်ကြီးနား အနီးဝန်းကျင်၌ တန်ပြန် ဗုံးဖောက်ခွဲမှုကြောင့် ဖြစ်သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

သူက “အစိုးရစစ်သားတွေက ရထားနဲ့ အလွယ်တကူလာနေတော့ အဲဒါကို အဟန့်အတားဖြစ်အောင် KIA က သံလမ်းဗုံးခွဲတာ လေ။ အဲဒါကို စစ်တပ်ဖက်က မြစ်ကြီးနားမြို့နားက သံဘောင်ကွန်ကရစ်တံတားကို ဗုံးဖောက် ပြန်ဖျက်တာ တံတားလည်း ကျိုး သွားတယ်လေ။ လောလောဆယ် မြစ်ကြီးနားနဲ့ မန္တလေးက သွားလာရေး ရပ်တန့်နေတယ်။”ဟု ပြောသည်။

၎င်းရထားသံလမ်းကို ပြင်ဆင်မှုနေသော်လည်း အပျက်အစီးများသည့်အတွက် ပြီးစီးခြင်း မရှိသေးပေ။ ယခုလို ရထားလမ်းပိတ် နေသည့် ရက်ပိုင်းအတွင်း မန္တလေးမှ ဟိုပင်၊ ဟိုပင်မှ မိုင်းကောင်း၊ မိုင်းကောင်းမှ မြစ်ကြီးနားကို တွဲ ၂တွဲပါ ရထားဖြင့် ဆွဲပေး နေသလို ကချင်ပြည်နယ်အတွင်းမှ ခရီးသည်များ သွားလာရေးအတွက်လည်း ကြားကားပုံစံမျိုး ပြေးဆွဲနေသည်ဟု သိရသည်။

မန္တလေး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းမှာ ပြီးခဲ့သည့် ဇူလိုင်လ KIA နှင့် အစိုးရ အပစ်ရပ်မှု ပျက်ပြယ်ပြီးကတည်းက လုံးဝ ရပ်နားလိုက်ရပြီး ရထားလမ်းကို အဓိကထား အသုံးပြုနေရခြင်း ဖြစ်သည်။

အဆိုပါကုန်သည်က “အခုလို ရထားလမ်းပိတ်တော့ တဆင့်ခံသွားရင် ငွေကုန်၊ လူပင်ပမ်းတာမို့ မသွားကြဘူးလေ။ ရထား အချိန်မှန်ဖို့လည်း မလွယ်ဘူး။ ရေရှည် ပိတ်မယ်ဆိုရင်တော့ ကုန်ဈေးနှုန်းတက်မယ်။ စားသောက်ကုန်ရော လူသုံးကုန်ရော ပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုဒေသတွင် ပုံမှန်အားဖြင့် တစ်ရက်လျှင် ရထား ၈စီး ပြေးဆွဲလျှက်ရှိသည်ဟု မြို့ခံလူထု၏ ပြောကြားချက်အရ သိရသည်။ ထို့ အပြင် ရွှေဘို-မြစ်ကြီးနားကားလမ်းမှာလည်း အမည်ခံသာရှိပြီး အမှန်တကယ် သွားလာ၍မရပေ။

၁၉၉၄ခုနှစ်က မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် KIA သည် ယခုနှစ် ဇူလိုင်လတွင် အစိုးရသစ်နှင့် အပစ်ရပ်ခြင်း ပျက်ပြယ်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိသည်။ KIA သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ သိမ်းနီ၊ မူဆယ်၊ မုန်ကိုးနှင့် နမ့်ခမ်းဒေသများတွင် အခြေစိုက် လှုပ်ရှားနေသည့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

သတင်း..KIC