21 November 2009

မဟတ္တမဂန္ဒီ၏ နောက်ဆုံးရုပ်ပုံလွှာများ..။

Mahatma Gandhi's Funeral

အိန္ဒိယအမျိုးသားရေးခေါင်းဆောင် မဟတ္တမဂန္ဒီရဲ့နောက်ဆုံးရုပ်ပုံလွှာတွေကို
မှတ်တမ်းတစ်ခုအနေနဲ့တင်ပြပေးလိုက်တာပါ။ရှားပါးသမိုင်းဝင်ဓာတ်ပုံလေးတွေကို
ပြန်လည်မျှဝေလိုက်တာပါ.။အစပိုင်းမှာဂန္ဒီရဲ့နောက်ဆုံးနေ့ရက်လေးအကြောင်း
ရေးထားတာလေးပါပါတယ်။


On Friday 30 January 1948, Gandhi woke up at his usual hour, 3:30 a.m. After the morning prayer he put the final touches to the new constitution for Congress which he had been unable to finish the previous night. The rest of the morning was spent answering letters. Someone mentioned the fact that despite his poor health he was working incessantly. 'Tomorrow', he explained, 'I may not be here'. Gandhi would not permit those who attended the prayer meetings: 'If I have to die I should like to die at the prayer meeting. You are wrong in believing that you can protect me from harm. God is my protector.' Mahatma Gandhi's body lay on the pyre with his head to the north. In that position Buddha met his end. At 4:45 p.m., Ramdas, the third son of the Mahatma, set fire to the funeral pyre. The logs burst into flames. The vast assemblage groaned. Women wailed; men wept. The wood crackled and seethed and the flames united into a single fire. Now there was silence. Gandhi's body was being reduced to ashes and cinders. A nation's father was dead. The information and any attached documents contained in this message may be confidential and/or legally privileged. The message is intended solely for the addressee(s). If you are not the intended recipient, you are hereby notified that any use, dissemination, or reproduction is strictly prohibited and may be unlawful. If you are not the intended recipient, please contact the sender immediately by return e-mail and destroy all copies of the original message.







မေးလ် နဲ့ ပေးပို့ပေးသော ငယ်သူငယ်ချင်း အားကျေးဇူးတင်ပါတယ်.။ပြန်လည်မျှဝေ ခံစားနိုင်ကြပါစေရှင်..။
မြတ်လေးငုံ..။

မင်းသား ကျော်သူ ခေါ်လိုက်....။






မိမော်ကဖတဆိုးကလေးပါ။သူမအပျိုဖော်ဝင်စမှာသူ့ဖခင်အဆုတ်နာ(တီဘီ)ရောဂါနဲ့ကွန်လွန်ခဲ့ပါတယ်။
မိခင်ခမျာမှာလည်း ပညာမရှိရှာ ၊ခင်ပွန်ရှိစဉ်ကလည်း မစုဆောင်းနိုင်ခဲ့တာကြောင့်မိခင်နဲ့သမီး နေ့စဉ်ဝမ်းကျောင်းရေးအတွက် ရာသီပေါ်သီးနှံလေးတွေ ရောင်းချရပါတယ်။

ဆင်းဆင်းရဲရဲနဲ့ပဲ မိမော် ဆယ်တန်းအောင်ခဲ့ပြီး အဝေးသင် တက္ကသိုလ် ဆက်တက်ပါတယ်။ချို့တဲ့ခွန်းလို့ မနက်စာနဲ့ညစာမကြာခဏပေါင်းစားကြရတဲ့အထိပါပဲ။ကျောင်းစရိတ်ကလဲရှိနေတော့ဈေးဗန်းခေါင်း
ပေါ်မကမချနိုင်ခဲ့ပါဘူး၊သည်ကြားထဲ မိခင်က ပန်းနာရင်ကျပ်ဝေဒနာသည်မို့ ဆေးဖိုးက သူတို့ ဝင်ငွေ
လေးထဲကပဲ့ ထွက်သွားပြန်ပါသေးတယ်။

မရွယ်ရောက်နေတဲ့မိမော်တယောက်ရည်းစားသနာရှိတယ်လို့အရပ်ထဲကလည်းမကြားမိ၊တွဲသွား
တွဲတွဲလာလည်းမမြင်မိကြပါဘူး။တရက်မှာတော့ သားအမိနှစ်ယောက် တယောက်ကိုတယောက်
ဖက်ပြီး ကျိတ်ငိုခဲ့ရပါတော့တယ်။မိမော်မှာကိုယ်ဝန်ရှိနေပါပြီ။ သူ့မိခင်ရောသူမ ကပါ ပါဏာတိပါတာကံ ကိုမကျူးလွန်ခဲ့ကြပါဘူး။ဖြစ်သမျှ အကြောင်းအကောင်း ချည်းပဲလို့သာလက်ခံပြီးဖုံဖိမရတဲ့ ပြသာနာ
အတွက် ပတ်ဝန်းကျင် နဲ့ လောကဓံကို ရင်ဆိုင်ခဲ့ကြပါတယ်။မိမော်မိခင်က ကလေးအဖေ ဘယ်သူ
လဲဆိုတဲ့ မေးခွန်းကို မကြာခဏမေးခဲ့ပေမယ့်မိမော်ရဲ့ နှုတ်ဆိတ်ပြီး တသွင်သွင်စီးကျနေတဲ့ မျက်ရည်
တွေကသာ အဖြေဖြစ်ခဲ့ပါတယ်။

သည်လိုနဲ့ မီးဖွားချိန်ရောက်လာခဲ့ပါတယ်။ ဆေးရုံတက်မွေးဖို့နေနေသာသာ ဆေးရုံသွားဖို့တောင် သူ့တို့ကားမဌားနိုင်ကြဘူး။အရပ်ထဲက လက်သည်အဒေါ်ကြီးခမျာ မီးလည်းဖွားပေး ၊ထမီဟောင်း
လေးတွေလည်းပေးကမ်းကူညီရင်းကုသိုလ်ယူခဲ့ရပါတယ်။ဝမ်းထဲကကလေးကျွတ်သွားတဲ့အချိန်မှာ
မိမော်က ပင်းပန်းနွမ်းနယ်အားလျော့လျက်ဘာလေးမွေးလဲ မေးရှာပါတယ်။လက်သည်ကြီးက
ယောင်္ကျားလေး မွေးတဲ့အကြောင်းဖြေပြီ မိမော်နဖူးက ချွေးစက်လေးတွေ သုတ်ပေးရင်းအားပေး
ရှာပါတယ်။အားပြည့်သွားအောင်ကော်ဖီလေးသောက်လိုက်ဦးဆိုတော့မိမော်ခေါင်းညိတ်ပြီးကော်ဖီ
ထသောက်ပါတယ်။ကော်ဖီကုန်သွားတော့ တခွန်းသာပြောပြီး ပြန်လှဲချရင်း မိမော်တယောက်
လောကကြီးထဲ ကအပြီးအပိုင် ထွက်သွားပါတော့တယ်..။

“ယောင်္ကျားလေးတဲ့လားအဒေါ်ကြီးရယ်”
တဲ့ပါ။


ရန်ကုန်မြို့ အစွန့် မြို့သစ် မှာနေတဲ့ ကျနော်မိခင်ဆီသွားရင်း အဲသည့်နာရေးသတင်းကိုကြား
ခဲ့ရတာပါ။ ကျနော်ရောက်သွားတဲ့နေ့က မိမော်အသုဘချပြီးနောက်တရက်ပါ။ကျနော့် မိခင်က ဆက်ပြောပါသေးတယ်။ မီးတွင်းမှာဆုံးပြီး သင်္ဂြိန်ဟ်ဖို့ အခက်တွေ့ နေတဲ့မိမော် အမေကို
အရပ်ထဲက တယောက်တပေါက် အကြွပြုကြပါသည်တဲ့။ သမီးဖြစ်သူရဲ့ အလောင်းမြေကျရေး
အတွက် လုံလောက်တဲ့ငွေကြေး မရှိရှာတဲ့ မိမော်မိခင်ခမျာ မျက်ရည်တွေနဲ့သာ လာသမျှလူတွေ
ကိုလိုက်ကြည့်နေပါသည်တဲ့။အရပ်သားထဲကရုတ်တရက်“ကျော်သူကိုခေါ်လိုက်”လို့ထအော်ပါတယ်။
ကျန်လူတွေကလည်း”ဒါကောင်းတယ်။မီးတွင်းကြီးဆုံးတော့တခါတည်းကျော်သူခေါ်ပြီးသင်္ဂြိုဟ်လိုက်
တော့”ဆိုကြတာနဲ့အရပ်သားတယောက်ကနာရေးကူညီမှုအသင်းကိုဆက်သွယ်ပေးလိုက်တယ်လို့
အမေကပြောပါတယ်။(အရပ်သူအရပ်သားတွေခမျာမှာလည်း လက်လုပ်လက်စားတွေမို့ လူအားသာ
ကူညီနိုင်ကြတာပါ။ငွေအားဖြင့် မတတ်နိုင်ကြပါဘူး)။

ကျနော်ကအမေ့စကားကိုဖြတ်ပြီး“အမေရယ်....နာရေးကူညီမှုအသင်းကို အကူအညီတောင်းမယ်
မဟုတ်ဘူး။
ဘယ့်နှယ်ကျော်သူ့ခေါ်လိုက်တုန်း”လို့ပြောလိုက်မိပါတယ်။အမေက“ဟဲ့သား....
သူတို့ကပညာဗဟုသုတ
နည်းပါးကြတယ်ပွယ်။အပြောအဆိုကလည်း မတတ်ကြရှာဘူးလေ။
ညည်တော့သားပြောတဲ့နာရေးကူညီမှု
အသင်းဆိုတာသူတို့ရုတိတရက်ဘယ်သုံးနှုန်းတတ်ကြမလဲ”
တဲ့..။နာရေးကိစ္စတွေမှာကူညီမှုတွေပေးနေရှာတဲ့မင်းသားကျော်သူပဲအမှတ်ထားပြီးကျော်သူလို့
ခေါ်လိုက်ပြောကြရှာတာပေါ့”လို့ရှင်းပြပါတယ်။တဆက်တည်းပဲအမေကနာရေးကူညီမှုအသင်း
မော်တော်ယာဉ်ရောက်လာပြီးမြို့သစ်နဲ့ အနီးဆုံးသုသာန်ကိုပို့ပေးခဲ့ကြောင်း၊အရပ်ထဲကလူတွေကလဲ သူတို့အားကိုးတကြီးနဲ့ အကူအညီတောင်းတာကိုအခကြေးငွေလုံးဝမယူဘဲမေတ္တာနဲ့အပြည့်အဝ
ကူညီပေးသွားတဲ့အသင်းကမော်တော်ယာဉ်ပြန်ထွက်သွားတဲ့အထိဝိုင်းကြည့်ုပြီးကျေးဇူးတင်
နှုတ်ဆက်ခဲ့ကြကြောင်းပြောပြပါတယ်။

မိမော် မိခင်ခမျာလည်း သမီးဆုံးကတည်းက တောက်လျှောက်ကျနေတဲ့ မျက်ရည်တွေဟာ
နာရေးကူညီမှုအသင်းကမော်တော်ယာဉ် ပြန်ထွက်သွားတဲ့အထိပါပဲ။နောက်ဆုံးကျနေတဲ့
မျက်ရည်တွေဟာ သမီးဖြစ်သူ့ရဲ့အပူတကာအပူထဲကအပူဆုံးဒုက္ခကို ဖြေရှင်းပေးသွားတဲ့ အသင်းကြီးကိုကျေးဇူးတင်လွန်းလို့ ကျနေတဲ့ မျက်ရည်တွေဖြစ်မှာ သေချာပါတယ်။

(ကိုကျော်သူခင်ဗျာ....ဖော်ပြပါအရပ်သူအရပ်သား၊အများစုမှာဆင်းရဲနွမ်းပါးကြပြီး စကား
အပြောအဆို
အသုံးအနှုန်း အားနည်းကြပါတယ်။ နားရေးကူညီမှု အသင်းကြီးအပေါ်တော့
အထူးကျေးဇူးတင်လျက် ပြောမဆုံး
နိုင်၊ချီးမွမ်းမဆုံးနိုင်ကြပါခင်ဗျား...)

KMO

အမှိုက်ထဲက ရတနာ များ စာအုပ် ကနေပြန်လည်ဖော်ပြဖြင်းသာ ဖြစ်ပါသည်..။

ကျမ အမှိုက်ထဲက ရတနာ များ စာအုပ် ကိုဖတ်ပြီး မင်းသားကိုကျော်သူအား လေးစားမိ ပြီး ပြန်လည်တင်ြပခြင်းသာဖြစ်ပါသည်..။

မြတ်လေးငုံ..။

ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း....။



ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေပါသည်။

ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုးခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင်ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိပါသည်။

ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မှီစက်ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီဖြစ်ပါသည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင် အောက်ပါဖုံးနံပါတ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။


ထိုင်းနိုင်ငံ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုံးနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။

စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ

အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄

မေးလ်ထဲက ပို့ပေးလာသော မောင်လေး ဗညား (ခ) ဇေယျာဆွေ..။

ပြန်လည်ဖြန့်ဝေ ပေးစေချင်ပါတယ်ရှင်..။လက်လှမ်းမှီ သလောက်ပေါ့နော်..။

မြတ်လေးငုံ..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးစာပေ...။



မြန်မာ့နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန် စာပေရေးသားခြင်းပါ တွဲဖက်လုပ်ဆောင်သူ ခေါင်းဆောင်အများအပြား ရှိပါတယ်။ ဒါပေမယ့် အများစုက စာပေရေးသားတဲ့အခါ ရိုးရိုးစကားပြေမျိုးကိုသာ ရေးသားလေ့ရှိပေမယ့် တချို့ကတော့ ရသဆန်တဲ့ အရေးအသားတွေလည်း ရေးဖွဲ့တတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ နိုင်ငံရေးစာပေများက ရသပါဝင်တဲ့ အရေးအသားဖြစ်ပါတယ်။ ဒါကြောင့် သူ့စာတွေက စာဖတ်သူတွေရဲ့ နှလုံးအိမ်ကို ပိုပြီး ဆွဲယူနိုင်ပါတယ်။

ဒီလို ရသဆန်တဲ့အရေးအသားမျိုးတွေက စာများများ ဖတ်ရှုထားခြင်းနဲ့ ဘာသာစကား ကျွမ်းကျင်မှုတွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းလို့ ပြောနိုင်တဲ့ အလေ့အထတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ ဘာသာစကား ပိုင်နိုင်မှုဖြစ်ပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာ အင်္ဂလိပ်စကား ကျွမ်းကျင်တဲ့ မြန်မာတွေက စကားပြောတဲ့အခါ မြန်မာလိုပြောပေမယ့် အင်္ဂလိပ်စကားတွေ ညှပ်ပြီး သုံးနှုန်းလေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီလို မရှိပါဘူး။ ဘယ်လောက်ပဲ အင်္ဂလိပ်လို ပြောနေပါစေ မြန်မာလို ပြောတဲ့အခါတိုင်း လုံးဝ အင်္ဂလိပ်စကားကို ရောနှောမသုံးပါဘူး။ တခါတရံ သူ့နံဘေးမှာ ရှိနေသူက မြန်မာလိုဘယ်လိုပြောရမယ်ဆိုတာ ချက်ချင်းမသိလို့ သူ့ကို မေးမြန်းတာမျိုးတွေတောင် ရှိပါတယ်။

တဆက်တည်း ပြောရမယ့်အရည်အချင်းကတော့ ရိုးသားခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမသိတဲ့ အကြောင်းအရာဆို ဘယ်တော့မှ သိသလိုမလုပ်ပါဘူး။ မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိပါတယ်။ မှတ်တမ်းမှတ်ရာကို ပြန်ကြည့်ပြီးမှ ဖြေရမယ့် မေးခွန်းမျိုးဆိုရင်လည်း သူပြန်ပြီး အဖြေပေးမယ့်အကြောင်း ပြောခဲ့သလို ပြောတဲ့အတိုင်းလည်း အချက်အလက် ရှာဖွေပြီး ပြန်လည်ဖြေဆိုခဲ့တာတွေ ရှိပါတယ်။ သူဟာ ပြောတဲ့အတိုင်း လုပ်ပြီး လုပ်တဲ့အတိုင်းလည်း ပြောသူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးစာပေများကို ဖတ်ရှုတဲ့အခါ သူ့ရဲ့ယုံကြည်ချက်၊ မြန်မာပြည်သူတွေရဲ့ လိုလားချက်နဲ့ ခေတ်စနစ်ရဲ့ ပုံရိပ်တွေ ထင်ဟပ်နေမှာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အတွေးအခေါ် အယူအဆတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် သူ့ရဲ့ လေ့လာအားထုတ်မှု ဘယ်လောက်ရှိတယ်ဆိုတာတွေကို တွေ့ရှိနိုင်ပါတယ်။

‘မြန်မာပြည်က လာတဲ့စာ’၊ ‘မြန်မာပြည်မှ ပေးစာများ’ လို့ ဘာသာပြန်ထားကြတဲ့ Letters from Burma စာအုပ်မှာ ၁၉၉၅ ခုနှစ် နိုဝင်ဘာလကနေ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလအထိ ဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ မအိနိချိ သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ၅၂ ပုဒ် ဖော်ပြထားပါတယ်။ ဒီပေးစာ ဆောင်းပါးတွေဟာ ဂျပန်နိုင်ငံမှာ သြဇာရှိတဲ့ ဂျပန်သတင်းစာအသင်းကြီးက ပေးအပ်တဲ့ ဆုကို ၁၉၉၆ ခုနှစ်မှာ ရရှိခဲ့တဲ့ ဆောင်းပါးတွေဖြစ်ပါတယ်။ ဒီဆောင်းပါးတွေထဲမှာ မြန်မာပြည်ရဲ့ လူမှုဘဝတွေ၊ ပွဲလမ်းသဘင်နဲ့ ဆက်စပ်နေတဲ့ ဓလေ့ထုံးစံတွေ၊ အဲန်အယ်လ်ဒီ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေ၊ နိုင်ငံရေးအကျဉ်းသားများ အကြောင်း စသဖြင့် အကြောင်းအရာမျိုးစုံ ပါဝင်ပြီး သူစဉ်းစားမိတဲ့အတွေးတွေ၊ သူ့အတွေ့အကြုံတွေနဲ့ ဖတ်ရှုမှတ်သားဖူးတဲ့ အကြောင်းအရာတွေကိုပါ ရောနှော ရေးသားထားပါတယ်။ ဒီဆောင်းပါးများမှာ အဲဒီအချိန်က လတ်တလော ဖြစ်ပျက်နေတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်ပေမယ့် အပြစ်ဖို့ရေးသားတာမျိုးမဟုတ်ဘဲ အကောင်းမြင်တဲ့ ရှုထောင့်ကနေ ဆင်ခြင် ရေးသားထားတာတွေ့ရပါတယ်။

ဥပမာအားဖြင့် အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများအကြောင်း ရေးသားတဲ့အခါမှာတောင် ဘယ်သူကြောင့် ဘယ်ဝါကြောင့်ဆိုတာမျိုး စွပ်စွဲရေးသားတာမျိုးမဟုတ်ဘဲ “အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့သူတွေရဲ့ အရေအတွက် အတိအကျကို ရဖို့ရာ မလွယ်ပါဘူး။ ဒါပေမယ့် ဒီအရေအတွက်က မနည်းသလို အချိန်နဲ့အမျှ တိုးနေပါတယ်။ လွတ်လပ်မှုအတွက် ပေးဆပ်ရတဲ့ အဖိုးအခဟာ နည်းပါးတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ မြန်မာပြည်မှာတော့ အထူးပဲ မြင့်မားလှပါတယ်”လို့ ရေးသားခဲ့ပါတယ်။

၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ Let's Visit Burma စာအုပ်နဲ့ Aung San စာအုပ်ကို ရှာဖွေမတွေ့နိုင်သူတွေအတွက် Freedom From Fear စာအုပ်ရှိရင် အဆင်ပြေပါတယ်။ အဲဒီစာအုပ်ထဲမှာ မူရင်း Aung San လို့ရေးထားတဲ့စာမူကို My Father လို့ ဖော်ပြထားပြီး Let's Visit Burma ကိုတော့ My Country and People ဆိုတဲ့ခေါင်းစဉ်နဲ့ အပြည့်အစုံ ပြန်လည်ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိုလိုနီစနစ်အောက်က မြန်မာနဲ့ အိန္ဒိယ ပညာတတ်တွေအကြောင်း၊ မြန်မာပြည်ရဲ့ စာပေနဲ့ အမျိုးသားရေး အကြောင်းတွေ ရေးသားထားတဲ့ ဆောင်းပါးများကို ဖတ်ရှုနိုင်သလို ပြည်တွင်းကနေ ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းများကိုလည်း ဖော်ပြထားပါတယ်။

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး မြန်မာပြန်စာအုပ်မှာတော့ မူရင်းအင်္ဂလိပ်စာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာအားလုံးကို ဖော်ပြမထားဘဲ တချို့ကို ချန်လှပ်ထားပါတယ်။ ဒါပေမယ့် မူရင်းစာအုပ်မှာမပါတဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လကနေ ၁၉၈၉ ခုနှစ် ဇူလိုင်လအထိ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေ၊ သတင်းစာရှင်းလင်းပွဲ မှတ်တမ်းတွေကို ဖော်ပြထားပါတယ်။

မြန်မာပြန်စာအုပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အမှာစာ ရေးထားပြီး စာရေးတာ၊ မိန့်ခွန်းပြောတာတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ယူဆချက်ကို အခုလို ရေးသားထားပါတယ်။

“စာရေးခြင်း၊ မိန့်ခွန်းပြောခြင်း၊ စကားပြောခြင်း စသော လုပ်ရပ်များ၏ အဓိက ရည်ရွယ်ချက်တစ်ခုကား လူအချင်းချင်း နားလည်မှုတိုးပွားစေရန်ဖြစ်သည်ဟု ကျမ ယူဆပါသည်။ မြန်မာ့ လူမှုရေး၊ နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတို့ကို ကမ္ဘာက ပိုမို၍ သိရှိနားလည်စေရန် ရည်ရွယ်၍ ဤစာအုပ်ပါ ဆောင်းပါးများကို ရေးသားခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတနိုင်ငံကို အမှန်တကယ် အကျိုးပြုနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရန် ပြည်သူပြည်သားအပေါင်းတွင် ပွင့်လင်းပြတ်သားစွာ သုံးသပ်ဝေဖန်ပိုင်ခွင့်နှင့် အသိအမြင်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ပိုင်ခွင့်များ ရှိရမည်ဟုလည်း ကျမ ယုံကြည်ပါသည်။”

အမှာစာမှာ ပြောထားသလိုပါပဲ။ အဲဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး၊ ‘ဗိုလ်’၏ အဓိပ္ပာယ်အစစ်အမှန် စတဲ့ ဆောင်းပါးတွေဟာ သူ့အယူအဆများကို ဆွေးနွေးတင်ပြထားတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ဆောင်းပါးမှာ စိုးရိမ်ကြောက်လန့်မှုများအကြောင်း၊ အကြောက်တရားတွေ ရှိနေတဲ့ မြန်မာပြည်အကြောင်း ရှင်းလင်းရေးသားထားပြီး ရက်စက်တဲ့ အာဏာစက်ကို တွန်းလှန်ဖို့ သစ္စာတရား၊ ကရုဏာတရားနဲ့ တရားမျှတမှုတို့ကို ကိုင်စွဲသင့်တဲ့အကြောင်း ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တခြားစာအုပ်ကတော့ The Voice of Hope စာအုပ်ဖြစ်ပြီး အမေရိကန်စာရေးဆရာ Alan Clements နဲ့ တွေ့ဆုံပြောကြားချက်များကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ အခန်း ၁၃ ခန်း ပါဝင်ပြီး အမေးအဖြေများအဖြစ် ဖော်ပြထားပါတယ်။ ဒီစာအုပ်ကိုတော့ မြန်မာပြန်ဆိုထားခြင်း မရှိသေးပါဘူး။

ဒီလို လုံးချင်းမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တခြားစာမူတွေလည်း ပြည်ပမှာထုတ်ဝေတဲ့ စာနယ်ဇင်းတွေမှာ ဖော်ပြဖူးပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ Parade သတင်းစာမဂ္ဂဇင်းမှာလည်း ၂ဝဝ၃ ခုနှစ် မတ်လ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ All We Want Is Our Freedom ဆိုတဲ့ ဆောင်းပါး ဖော်ပြခဲ့ပြီး အဲဒီဆောင်းပါးထဲမှာ မြန်မာပြည်သူတွေ ဘယ်လောက်ထိ လွတ်လပ်မှုလိုလားကြတယ်ဆိုတာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးစာပေတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်တည်း ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်မှာမဟုတ်ပါဘူး။ နောင်အလျဉ်းသင့်တဲ့အခါ သူ့ရဲ့စာပေတွေအကြောင်း ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ။

ရင်းမြစ်..မိုးမခမှ ဆရာ ထိန်းလင်းပြန်လည်ရေးသားခဲ့ခြင်းကို တင်ပြလိုက်ပါသည်..။

မြန်မာပြည် ကို ကူညီ ကြပါစို့ ..။






ကိုမျိုးချစ်မြန်မာဘလော့ မှ ပြန်လည် ဖော်ပြ လိုက်ပါတယ်ရှင်..။

မြတ်လေးငုံ..။

20 November 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပေးတဲ့စာ ကို နအဖ အကြီးကဲ လိုက်လျောရန် တောင်းဆို....။


နေအိမ်အကျယ်ချုပ်ကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ လိုက်လျောဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာပါ အချက်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ လိုက်လျောဖို့ တိုက်တွန်းတောင်းဆိုလိုက်တဲ့ အဖွဲ့တွေက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်တို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပေးစာမှာ အချက် ၆ ချက်ပါဝင်ပြီး ပထမဆုံးအချက်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကမ့်ဘဲလ်နဲ့ အဖွဲ့ကို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ပေးခဲ့လို့ အထူး ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။




ဒုတိယ အချက်အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားရေးကို သူ့အနေနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့òဖိးရေးကောင်စီနဲ့ ပူပေါင်းဆောင်ရွက်လိုကြောင်း၊ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုကြောင်း တင်ပြချက်အပေါ် လိုအပ်တဲ့ စီစဉ်ဆောင်ရွက်ပေးမှုတွေအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောဆိုထားတာပါ။ အဲဒီနောက် အဖွဲ့ချုပ်လုပ်ငန်းတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်တွေအားလုံးကို သူ့ရဲ့ နေအိမ်ကို ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း၊ ကျန်းမာရေးမကောင်းတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင် တို့ကို သူတို့ရဲ့ နေအိမ်တွေမှာ သွားရောက်ပြီး ဂါရဝပြုလိုကြောင်း တင်ပြထားပါတယ်။

နောက်ဆုံးမှာ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့ နောက် နိုင်ငံတော်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို ပူပေါင်းဆောင်ရွက်လိုကြောင်းနဲ့ အဲဒါတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အထူး မေတ္တာရပ်ခံထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာဟာ တိုင်းပြည် တိုးတက်ပြောင်းလဲရေးအတွက် အရမ်းအရေးကြီးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ လိုက်လျောသင့်တယ်လို့ ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင် က ပြောပါတယ်။

“အဓိက ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချူပ်မှူးကြီး သန်းရွှေဆီကို ပေးလိုက်တဲ့စာဟာ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုအဖြစ် ကျနော်တို့ ရှုမြင်တယ်။ တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက်လည်း အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းပြည်မှာ အမျိုးသား ရင်ကြားစေ့ရေးကို အမှန်တကယ် တည်ဆောက်လိုတဲ့ စစ်မှန်တဲ့စိတ်ဆန္ဒ ပြင်းပြင်းပြပြ ရှိနေတယ် ဆိုတာကို ဒီစာက ထင်ရှားစေတယ်။

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဗိုလ်ချူပ်မှူးကြီးနဲ့တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုတာဟာ လက်တွေ့ကျတဲ့ ရဲရင့်တဲ့ ခြေလှမ်းတစ်ရပ်ပဲလို့ ကျနော်တို့ မြင်တယ်။ အဲဒီအတွက် ကြိုဆိုတယ်။ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုသဘော ချဉ်းကပ်မှုကို အခွင့်ကောင်းတရပ် အနေနဲ့ လက်ဆုပ်လက်ကိုင် ရယူပြီး တိုင်းပြည်နဲ့ လူထုမျက်နှာကို ကြည့်ပြီးတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ ယနေ့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အားလုံးကို ပြေလည်သွားစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်တာပါ။”

ဒါနဲ့ပတ်သက်လို့ အဖွဲ့သုံးဖွဲ့ပေါင်းပြီး ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား တို့က လူထုနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကို ကိုယ်စားပြုပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကို စစ်အစိုးရအနေနဲ့ လက်တွဲ ညှိနှိုင်းအဖြေရှာသင့်တယ်လို့ ဖော်ပြထားပါတယ်။ “အမေရိကန် သမ္မတ မစ္စတာအိုဘားမာကလည်း အာရှခရီးစဉ်မှာ ဗမာပြည် ညီညွတ် တိုးတက်ငြိမ်းချမ်းတာ သူတို့ မြင်ချင်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လမ်ကြောင်းပေါ်ကို ဦးတည်လာရင် သူတို့အနေနဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေ တောင်းဆိုနေတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားရေးဆိုတာ အဓိက လုပ်ရမယ့် တာဝန်ရှိသူဟာ နအဖ စစ်အစိုးရ ကိုယ်တိုင်သာ ဖြစ်တယ်လို့ အိုဘားမားရဲ့ စကားက ထင်ရှားစေပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုကို ကိုယ်စားပြုပြီး အိုဘားမားအနေနဲ့ နိုင်ငံတကာကို ကိုယ်စားပြုပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေ၊ နည်းလမ်းအသစ်တွေနဲ့ ပူးပေါင်းလက်တွဲဖို့ တောင်းဆိုနေတဲ့ နေရာမှာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေက ဒီ အခွင့်အခါကောင်းကို ဆုပ်ကိုင်ပြီး တိုင်းပြည် ပြေလည်ရာ ပြေလည်ကြောင်း ညှိနှိုင်းဆောင်ရွက်ပါ လို့ လေးလေးနက်နက် တိုက်တွန်း တောင်းဆိုချင်တာပါ။” ကြေညာချက်ရဲ့ နောက်ဆုံးအပိုဒ်မှာ အဖွဲ့ချုပ်က လူထုဦးဆောင်ပါတီအဖြစ် ရွှေဂုံတိုင် ကြေညာစာတမ်းအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး လူထုကို လက်တွဲဦးဆောင်ကာ အချိန်ကိုက် လှုပ်ရှားမှုတွေ လုပ်သွားဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

ရင်းမြစ်..DVB..။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း မိန့်ခွန်းများ၏အသံဖိုင်..။


RFA မှ လွှင့်ထုတ်ခဲ့တာနော်။

ပေးပို့ ပေးသူ ....အာကာ..။

19 November 2009

နအဖ ကြောက်လန့် ပုံများ မြန်မာပြည်သူလူထု ၏ အင်တာနက် ဆက်သွယ်ရေးကွန်ရက် Face Book- ကို ပိတ်လိုက်ပါပြီး...။

မြန်မာပြည်သူလူထု အင်တာနက်အသုံးပြုမှုကို နည်းမျိုးစုံဖြင့် ထိန်းချုပ်နေသော စစ်အစိုးရက ပြီးခဲ့သည့် (၃) ရက်မှစပြီး လူထုအတွင်း အသုံးများနေသည့် ဆက်သွယ်ရေးကွန်ရက်တခုဖြစ်သည့် Face Book- ဖေ့(စ်)ဘွတ်(က်) ကို ပိတ်လိုက်သည်။

မူလလုပ်နေကျအတိုင်း Face Book- ဖေ့(စ်)ဘွတ်(က်) ကို ပိတ်ပစ်လိုက်ခြင်းမဟုတ်ဘဲ ဆက်သွယ်မှု အမှားအယွင်းပုံစံ အသစ်တမျိုးဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်း အိုင်တီအသိုင်းအ၀ိုင်းက ပြောသည်။ “IP Drop လုပ်ပစ်လိုက်တယ်။ မသိရင် ကိုယ့်ဆီကပဲ ကော်နက်ရှင် ကျနေသလိုလို။ စစ်တပ်က သိပ်ကို တော်ပါတယ်ဗျာ။ အရမ်းတော်ပါတယ်။ Banned တာမဟုတ်ဘဲ connection error ပုံစံမျိုး လုပ်လိုက်တာ ခင်ဗျ” ဟု ပြည်တွင်း အိုင်တီပညာရှင် တဦးက ပြောသည်။

လက်တလော အခြေအနေအရ Face Book- ဖေ့(စ်)ဘွတ်(က်) အသုံးပြုနေသူများသည် စစ်အစိုးရက ပိတ်ပင်ထားသည့် သတင်းဝက်ဘ်ဆိုက်များကဲ့သို့ ပရော့ဇီများဖြင့်ကျော်ပြီး ခက်ခက်ခဲခဲ အသုံးပြုနေရကြောင်း သိရသည်။

“ပြည်တွင်းမှာ တားမြစ်မထားတဲ့ ၀က်ဘ်ဆိုက်ဆိုတာ မရှိဘူး။ သုံးသမျှ သူတို့ဥပဒေနဲ့ ငြိတာပဲ။ အီးမေးလ်လည်း သူတို့ အီးမေးလ်ပဲ သုံးရမယ်လို့ ပြောထားတာပဲ” ဟု ပြည်တွင်း အိုင်တီပညာရှင်တဦးက ပြောသည်။

စစ်အစိုးရက အင်တာနက်ကဖေးများကို စည်းကမ်းချက် (၁၉) ချက် ချမှတ်ပြီး လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်းကို (၅) မိနစ်တခါ မှတ်တမ်းတင်ပြီး ယင်းမှတ်တမ်းများကို (၂) ပတ်တကြိမ် စီဒီများဖြင့် ကူးယူကာ မြန်မာအင်ဖိုတက်သို့ ပေးအပ်ရန် ညွှန်ကြားထားသည်။

ထို့အပြင် လာရောက်သုံးစွဲသူများကို မှတ်ပုံတင်နံပါတ်နှင့် နေရပ်လိပ်စာ အပြည့်အစုံကို မှတ်တမ်းတင်ခိုင်းထားပြီး ဒေါင်းလော့ လုပ်မှုအားလုံးကို မှတ်တမ်းတင်ထားရန်နှင့် အင်တာနက်ဆိုင်များမှ Floppy Drive၊ CD Drive နှင့် USB Port များကိုလည်း သုံးခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။

ယခုသတင်းအား http://www.baymyanmar.com မှ ပေးပါသည်..။
http://www.baymyanmar.com ဘလော့တွင်လဲ တင်ပြထားပါသည်..။

Quarterly Human Rights Report (Jul-Sep 2009) by ND-Burma

Quarterly Human Rights Report (Jul-Sep 2009) by ND-Burma

ပေးပို့ ပေးသူ ကိုအောင်မျိုးသိမ်း

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကြေငြာချက်။

Joint Statement No.7 2009 Bur

ပေးပို့ ပေးသူ ကိုလူချော..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ ထုတ်ပြန်ကြေငြာချက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ ထုတ်ပြန်ကြေငြာချက်။

The Voiceဂျာနယ်။(နိုဝင်ဘာ၁၆)

The Voiceဂျာနယ်။(နိုဝင်ဘာ၁၆)

18 November 2009

Burma News International (BNI) (၁၄ )ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်..။

Burma News International (BNI)
(၁၄) ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက် ။

..
(၁၄) ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး ကို ၂ဝဝ၉ ခုနှစ် နိုဝင်္ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ ထိ ထိုင်းမြန်မာ နယ်စပ်တနေရာတွင် (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင်သတင်းဌာနများဖြစ်သည့် ကချင်သတင်း ဌာန၊ ကရင်သတင်းဌာန၊ ကန္တာရဝတီတိုင်းမ် သတင်းဌာန၊ ကုလားတန် သတင်းဌာန၊ ကောင်းဝါသတင်း ဌာန၊ မဇ္ဈိမသတင်းဌာန၊ နိရဉ္စရာသတင်းဌာန၊ သျှမ်းသံတော်ဆင့်၊ လွတ်လပ်သော မွန် သတင်းအေဂျင်စီ၊ သတင်းနှင့် မီဒီယာကွန်ယက်နှင့် ခွန်နထုမ် သတင်းဌာနမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။




အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာသော သတင်းဌာန ကိုယ်စားလှယ်များက ဘီအန်အိုင် နှင့် ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်မူများကို အပြန်အလှန် လေ့လာ ဆန်းစစ်ခဲ့ကာ ဘီအမ်အိုင်အတွက် ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ခဲ့သည်။

ထိုသို့ ရေးဆွဲချမှတ်ရာတွင် နအဖ စစ်အစိုးရမှ ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဘီအန်အိုင်မှ အများသဘောတူ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်နိုင်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ အကယ်၍ နအဖစစ်အစိုးရမှ ၄င်းတို့ ကျေညာထားသည့်အတိုင်း ၂ဝ၁ဝ ခုနှစ် ရွှေးကောက်ပွဲကို ကျင်းပ ပြုလုပ်မည်ဆိုပါက လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ပြုလုပ်ရန် လိုအပ်သည်။ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ဖြစ်ရန်အတွက် သတင်းလွတ်လပ်ခွင့်ရရှိရန် လိုအပ်ပြီး သတင်းသမားများကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန်မှာလည်း အထူး အရေးကြီး သည်။ ထိုသို့ မဟုတ်ပါက ၂ဝ၁ဝ ခုနှစ် နအဖ ပြုလုပ်ရန် စီစဉ်နေသော ရွေးကောက်ပွဲ မှာ တရားမျှတသော ရွှေးကောက်ပွဲ ဖြစ်နိုင်မည် မဟုတ်သည့်အပြင် နိုင်ငံတကာမှ လည်း အသိအမှတ်ပြုနိုင်လိမ့်မည် မဟုတ်ပေ။ သို့အတွက်ကြောင့် ကျွန်ုပ်တို့ ဘီအန်အိုင်မှ နအဖ စစ်အစိုးရအား အောက်ပါ အချက်များကို တောင်းဆို လိုက်သည်။

၁.။ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရသော သတင်းထောက်အားလုံးကို ရွေး ကောက်ပွဲ မတိုင်မှီ ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်။

၂။ ပြည်တွင်းပြည်ပ သတင်းထောက်များအား လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် နှင့် ပုံနှိပ် ဖေါ်ပြခွင့်ပြုရန်။

၃။သတင်းစာနယ်ဇင်းများအပေါ် တင်းကျပ်စွာ စာပေစီစစ်ရေးမှ ဆင်ဆာလုပ်မှုကို ရပ်ဆိုင်းရန်။

၎င်းအပြင် ဘီအန်အိုင်အနေဖြင့် ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲ အပါအဝင် တိုင်းရင်းသား နယ်မြေအသီးသီးတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး နှင့် ပဋိပက္ခ များကို မြန်မာနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန် ထုတ်ဖေါ် တင်ပြသွားမည် ဖြစ်သည်။

ဆက်သွယ်ရန်

၁။ ဦးခွန်ဆိုင်း- (ဝ) ၈၁ ၅၃၁ ၂၈၃၇

၂။ နိုင်ကဆော့မွန်- (ဝ) ၈၁ ၃၆၅ ၉၁၄ဝ

၃။ နန်းဖော့ဂေ- (ဝ) ၈၇ ၂ဝ၉ ၉၇၇၂


ပေးပို့ ပေးသူ ကိုအောင်မျိုးသိမ်း..။

ခေတ်မမှီ မဖွံဖြိုး မီးမရသော နိုင်ငံကဲ့သို့ မဲမှောင်သော နအဖဖော်လံဖား ဘလော့များ။


သတင်းမမှန်များဖြင့် မဲမှောင်နေသော စစ်အစိုးရ ဖော်လံဖားစီဘောက်များ

နဂိုကတည်းက နအဖအကြိုက် ဖော်လံဖားရေးသားနေတဲ့ ကျေးစေတမာန်(ကျီးစေတန်)နဲ့ OppositEye(စွေစောင်း) ဘလော့(၂)ခုမှ စီဘောက်များ ယနေ့မဲမှောင်ကာဘာမှ မမြင်ရတဲ့ အခြေအနေသို့ရောက်ရှိ သွားပါတယ်။ သတင်းအမှောင်များနဲ့ အမြင်မကြည်လင် တဖက်စောင်းနင်း ရေးသားဖော်ပြလေ့ရှိပြီး အထူးသဖြင့် လူထုခေါင်းဆောင်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများအား တဖက်စောင်းနင်း သတင်းများ မမှန်မကန်သတင်းများနှင့် တိုက်ခိုက်လေ့ရှိကာ ၊ နိုင်ငံရေးဘလော့များ ၊နိုင်ငံရေးသတင်းWebsite များအားလည်း နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၏ မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဆိုပြီး အောက်လမ်းနည်းဖြင့် Hack ခြင်း၊ စီဘောက်များတွင် ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုံးများ သုံးခြင်းဖြင့်ဖြင့် တိုက်ခိုက်လေ့ရှိပါတယ်။

ယနေ့မှာတော့ အမဲပေါ်အမဲထပ်ကာ ကျီးကန်းကို အိုးမဲသုတ် ပေးထားသကဲ့သို့ ဒယ်အိုးက အဖေခေါ်ရလောက်အောင် နအဖ၏ ခေတ်မမှီ မဖွံဖြိုး မီးမရသော နိုင်ငံကဲ့သို့ မဲမှောင်နေပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ အောက်ပါလင့်ခ်များမှာ သွားရောက်ကြည့်ရှုနိုင်ပါသည်။

http://oppositeyes.blogspot.com/
http://kyeesaytaman.blogspot.com/

Mail ထဲသို့ ပေးပို့ လာသော ကြောင့် ပြန်လည်ဖြန့် ဝေလိုက်ပါသည်..။

ယနေ့နေ့စွဲ့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထူးကြေငြာချက်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နအဖသို့ပေးစာအားဖတ်ကြည့်ကြပါစို့..။

Photobucket
Photobucket
Photobucket
ပေးပို့ ပေးသူ သူငယ်ချင်းကိုလူချော....။

17 November 2009

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆုပေးပွဲကို ဥရောပ ၃ နိုင်ငံတွင် ကျင်းပပေး


လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Right Watchက ကျင်းပပြုလုပ်ပေးတဲ့ ဆုပေးဂုဏ်ပြုတဲ့ အခမ်းအနားတွေကနေ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အရေးကြီးကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကို ထိထိရောက်ရောက် ပြောခွင့်ရခဲ့တယ်လို့ ဆုရရှိသူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။ ကိုဘိုကြည်ဟာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က ချီးမြှင့်တဲ့ Alison Des Forges Award ဆုကို ဒီနှစ်အတွက် ရရှိခဲ့ပြီး ဒီဆုအတွက် ဂုဏ်ပြုအခမ်း အနားကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အင်္ဂလန်၊ ဂျာမဏီနဲ့ ဆွစ်ဇလန် ဥရောပ ၃ နိုင်ငံမှာ ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။ ဆုအခမ်းအနားကျင်းပပုံနဲ့ သူ ဆုရရှိတဲ့အပေါ် ကိုဘိုကြည် က ပြောပါတယ်။

“လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ၂ဝဝ၉ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူဆုကို ဆက်ပြီး ကျနော့်ကို ပေးပါတယ်။ ၂ဝဝ၈ ကလည်း ကျနော်ရတယ်။ ဒီနှစ်ပေးတဲ့ဆုက ထူးထူးခြားခြား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှာ နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ အယ်လီဆန်ဒီဖို့ဆိုတဲ့ အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို ထုတ်ဖော် ပြောကြားတဲ့အတွက်ရော၊ လူ့အခွင့်အရေးတွေကို စွမ်းစွမ်းတမံ စွမ်းဆောင်တဲ့အတွက်ရော ဒီဆုကို ပေးပါတယ်။


“ဆုပေးပွဲအခမ်းအနားက နိုဝင်ဘာ ၈ ရက်နေ့မှာ ဂျာမနီနိုင်ငံ ဟားဗတ်မြို့ မှာ ပထမဆုံး စလုပ်တယ်။ နောက် မြူးနစ်မှာ လုပ်တယ်။ လန်ဒန်မှာ နိုဝင်ဘာ ၁၂ ရက်နေ့က လုပ်တယ်။ မနက်ဖြန်ဆိုရင် ဂျနီဗာမှာ လုပ်ပါမယ်။ သူတို့ ဆုပေးပုံက နည်းနည်းထူးဆန်းတယ်။ အခမ်းအနားကို တနေရာတည်းမှာ လုပ်ပြီး ဂုဏ်ထူးဆောင် ကတ်ပြားပေးတာ မဟုတ်ဘဲ အဲဒီမှာ ရှိနေတဲ့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဖိတ်ပြီး ကျနော့်ရဲ့ လုပ်ဆောင်ချက်တွေ ပြောမယ်၊ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြောမယ်။ ဘာကြောင့် ဆုပေးရတယ် ဆိုတာကို ရှင်းပြမယ်။ ပြီးရင် အဲဒီလူတွေအကုန်လုံးက ဂုဏ်ပြုတဲ့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ ပေးရက်စပက် ပုံစံမျိုးနဲ့ လုပ်မယ်။”

Alison Des Forges Award ဆုဟာ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကို ဦးဆောင် လုပ်ကိုင်ခဲ့ပြီး ဒီနှစ် ဖေဖော်ဝါရီမှာ လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့သူ Alison Des Forges Award ကို ဂုဏ်ပြုတဲ့အနေနဲ့ ပထမဆုံးနှစ်အဖြစ် စတင် ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။ ကိုဘိုကြည် ဟာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က ချီးမြှင့်တဲ့ ဆုတွေကို ၂ နှစ် ဆက်တိုက် ထူးထူးခြားခြား ချီးမြှင့်ခံရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကို တက်ရောက်တဲ့သူတွေဟာ ထူးထူးခြားခြား ချမ်းသာတဲ့သူတွေ များပြီး မြန်မာနိုင်ငံအကြောင်း ပိုမိုစိတ်ဝင်စားလာကြကာ မြန်မာနိုင်ငံကို သွားလည်ဖို့ အစီအစဉ် လုပ်တာတွေတောင် ရှိတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“ပွဲတပွဲမှာ အနည်းဆုံး ၃ဝဝ၊ ၄ဝဝ လောက် တက်တာတွေ ရှိတယ်။ နိုင်ငံရေးခေါင်းဆောင်တချို့တွေ ကျနော်ထိတွေ့ခွင့်ရတယ်။ဂျာမန်မှာဆိုရင် ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိတွေ့ခွင့်ရမယ်။ လန်ဒန်မှာဆိုရင် အမေရိကန်စစ်တပ်က စစ်ဗိုလ်တယောက်ပါ လာတက်တာ ကျနော်တွေ့ရတယ်။ အဲဒီမှာ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးက အရေးကြီးကြောင်းနဲ့ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဘာကြောင့် လုပ်ဆောင်နေရတယ်ဆိုတဲ့ အကြောင်းတွေ သေသေချာချာ ရှင်းပြနိုင်တယ်။ သူတို့အနေနဲ့ သူတို့ အစိုးရပိုင်းတွေကိုရော နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက အရေးကြီးတယ် ဆိုပြီး ပိုပြီး ဖိအားတွေ ပေးလာလိမ့်မယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီး ထဲထဲဝင်ဝင် လုပ်ဆောင်လာနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။”




ကိုဘိုကြည် နှင့် ဇိုရာဖန်း ( ဖဒို မန်းရှာ ၏ သမီးငယ်)


သတင်း..DVB...။
ဓာတ်ပုံ.....မြတ်လေးငုံ အားပေးပို့ပေးသောသူငယ်ချင်း ကိုလူချော..။

16 November 2009

ကဲ ကြည့်လိုက်ပါအုံးရှင်..။မြန်မာပြည်မှာ သေချာတဲ့ ရတနာပုံသတင်းစာ..။



" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ် ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင်ဖော်ပြခဲ့ပါ၏။

မေးလ်ထဲ ကနေ ပြန်လည် ဖော်ပြခြင်းသာဖြစ်ပါသည်..။

(မူရင်း ..ကိုညိုကြီးဘလော့ ဖြစ်ပါသည်)..။

မြတ်လေးငုံ..။

* သံတိုင်ကြားက N.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ ကိုခွန်မြင့်ထွန်း ...။

Ko KHON

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များ၏ လွတ်လပ်ရေးနှင့်ပါတ်သက်သော သဘောတရားအမြင်..။

The Reminiscence of NLD Leaders

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းဖွင့်လှစ်။...။(ဂျပန်နိုင်ငံ)

တာဝန်ခံ ဆရာတော်အရှင်ဓမ္မဇောတိ
အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းရှိရာ အဆောက်အဦး

ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ စုဂါမိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းကို ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးအား စစ်အစိုးရမှအကြမ်းဖက်ဖြိုခွဲခဲ့မှု နောက်ပိုင်း တိုင်းပြည်မှာ ဆုတ်ယုတ်နေတဲ့ သာသနာ့ အန္တရာယ်ကိုကာကွယ်ရန် နှင့် အပြည်ပြည်ဆိုင်ရာမှ သံဃာတော်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ၌ ပထမဦးဆုံးရုံးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ ဆရာတော်အရှင်ဓမ္မဇောတိက(ထိုင်းနိုင်ငံ) မှမိန့်ကြားသွားပါတယ်။

" ဦးဇင်းတို့တိုင်းပြည်မှာ ဆုတ်ယုတ်နေတဲ့ သာသာနာ့အအန္တရာယ်ကို ကာကွယ်ဖို့နဲ့ သံဃာ့အရေးအတွက် တခြားသော အပြည်ပြည်ဆိုင်ရာ ဋ္ဌာနခွဲတွေနဲ့ လက်တွဲဆောင်ရွက် နိုင်ဖို့အတွက်ပါ။ လောလောဆယ် လုပ်ဆောင်မဲ့ အစီအစဉ်တွေကို ဒကာ၊ဒကာမတွေနဲ့ တိုင်ပင်ပြီး ဆက်လက် ဆောင်ရွက်ပါ့မယ်။ ဦးဇင်းဆီလည်း ဆက်သွယ် ဆွေးနွေး ဆောင်ရွက် နိုင်ပါတယ်။ ဂျပန်မှာပထမဦးဆုံး ဖွင့်လှစ်တဲ့ ရုးံခန်းပါ "။ဟု အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိကမှ မိန့်ကြားသွားပါတယ်။

ဆက်သွယ်နိုင်တဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကတော့....

Room(501) Sugamo 3-24-5 Toshima-ku
Tokyo, Japan
E-Mail... vcdma2006@gmail.com
ဦးဓမ္မဇောတိ ...... 080-3250-6712
......090-9972-6001
.....080-5373-2524
.....080-3380-5847
.....080-3120-9084
.....090-1695-2455

သတင်း၊ဓာတ်ပုံ ဒီမိုဝေယံ..။...။

ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ စုစည်းတင်ဆက်မှု။...။

Bogyoke Aungsan Speech

ပေးပို့လာသူ မောင်ငယ် ခမိခဆဲ။..။