23 October 2010

ညောင်ဦးမြို့တွင်အောက်တိုဘာလ၂၃ရက်နေ့နံနက်ပိုင်းကကုန်းတွင်းမုန်တိုင်း တိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးလက်ရှိတွင်မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများရှိနေဆဲ



ညောင်ဦးမြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကုန်းတွင်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့၏ ပြောကြားချက်များ အရ သတင်း ရရှိပါသည်။

'မနက် ၅ နာရီကျော်၊ ၆ နာရီလောက်မှာ လေပြင်း စတိုက်တယ်။ မိုးသည်းတယ်။ အခုတော့ လေတိုက်လိုက်၊ မိုးရွာလိုက် ဖြစ်နေတယ်။ မနက်ကလောက်တော့ မပြင်းတော့ပါဘူး။ လူတွေကတော့ အပြင်မထွက်ကြဘူး။ ပျက်စီးဆုံးရှုံးမှု ရှိ၊ မရှိတော့ မသိရသေးပါဘူး''ဟု ညောင်ဦးမြို့မှ ဒေသခံတစ်ဦးက နံနက် ၁၀ နာရီဝန်းကျင်တွင် ပြောကြားသည်။

မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော်နေသော ကုန်းတွင်းမုန်တိုင်းသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အနီးတွင် ဗဟိုပြုနေကြောင်း သိရှိရသည်။

မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်မှ နောက် ၁၂ နာရီ အတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားပျော့သွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။

မုန်တိုင်းသည် လက်ရှိတွင် အညိုရောင်အဆင့် ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းလျက် ရှိသည်။

မုန်တိုင်း၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ အထိ ရှိနိုင်ကြောင်း သိရှိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ပြီးနောက် ကုန်းတွင်းမုန်တိုင်း အဖြစ်သို့ ပြောင်းလဲကာ အောက်တိုဘာလ ၂၃ ရက် နေ့ နံနက် ၃ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့ကို ဗဟို ပြုနေခဲ့သည်။ ထို့နောက် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၀န်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ကို ဗဟိုပြုလာခဲ့ခြင်း ဖြစ်သည့်သတင်းအား news-eleven ဂျာနယ် တွင်ဖော်ပြထားပါသည်.။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကလုန်းမုန်တိုင်း ဂီရိ သက်ရောက်နိုင်မှုကြောင့် ကြိုတင်နှိုးဆော်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကလုန်းမုန်တိုင်း ဂီရိ သက်ရောက်နိုင်မှုကြောင့် ကြိုတင်နှိုးဆော်ဆောင်ရွက်မှုများကို အောက်တိုဘာလ ၂၂ ရက်နေ့မွန်းလွဲပိုင်းမှစတင်ကာ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်လာပြီး ၂၄ နာရီအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ကုန်တွင်းပိုင်းသို့ ၀င်ရောက်လာနိုင်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့်စစ်ကိုင်းတိုင်းအောက်ပိုင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

"နေ့လယ်ပိုင်းလောက်က ရပ်ကွက်ရုံးမှာ အစည်းအဝေးလုပ်ပြီး မုန်တိုင်းသတိပေးမှုတွေ ပြုလုပ်ခဲ့တယ်။အနီရောင်အဆင့်ရောက်နေတဲ့ မုန်တိုင်းက အားကောင်းလာတဲ့အခြေအနေမှာရှိတဲ့အတွက် ၀င်ရောက်လာရင် မြစ်သား၊ သဲတော၊ ၀မ်းတွင်းစတဲ့နေရာတွေမှာ ဖြစ်နိုင်လို့ဆိုပြီး အခုလိုကြိုတင်ပြင်ဆင်မှုတွေ လုပ်တာပါ"ဟု မြစ်သားမြို့ခံ ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့သည်။

ထို့အတူ မန္တလေးမြို့ပေါ်တွင် မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ ကြိုတင်သတိပေးမှုများ မတွေ့ရှိသေးသော်လည်း အက်ဖ်အမ်လိုင်းများ၊ ရုပ်မြင်သံကြားလိုင်းများနှင့် နိုင်ငံခြားမြန်မာပိုင်းအစီအစဉ်ရုပ်သံလိုင်းများမှ မုန်တိုင်းအခြေအနေများကို အဆက်မပြတ် လွှင့်ထုတ်ပေးမှုကြောင့် မိမိတို့၏လုပ်ငန်းဆောင်တာများ၊ မုန်တိုင်းဝင်ရောက်ပါက ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။ မန္တလေးမြို့တွင် အောက်တိုဘာ ၂၁ ရက်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အောက်တိုဘာ ၂၂ ရက်နေ့ညနေပိုင်းတွင်လည်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိသည့်သတင်းအားnews-eleven ဂျာနယ်တွင်ဖော်ပြ ထားပါသည်.။

NLD ပါတီ တည်ရှိနေသေးကြောင်း တကိုယ်တော်စည်းရုံးရေးဆင်း









ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်မှNLD လူငယ်တစ်ဦးဖြစ်သော ကိုခင်မောင်ဦးသည် ပါတီရုံး အနီး တစ်ဝိုက်တွင် ၂၁.၁၀.၂၀၁၀ နေ့ တွင် ရွေးကောက်ပွဲ ဥပဒေ လက်ကမ်း စာစောင် များနှင့် NLD ပါတီ တည်ရှိနေသေးကြောင်းလက်ကမ်းစာစောင် ကို တစ်ကိုယ်တော် ပြည်သူကြား လိုက်လံ ဖြန့်ဝေ စည်းရုံးနေပါသည်။

ထိုစာစောင်များအား အဖွဲ့ချုပ် ပါတီ လူငယ်များ၊ ကျောင်းသား လူငယ်များနှင့် ဒီမိုကရေစီအင်အားစုများ၊ သံဃာများမှ ဖြန့်ဝေ အသိပေး နေသော လူထု အသိပေး လက်ကမ်း စာစောင်များ ဖြစ်ပြီးလုပ်ဆောင်ရခြင်းရည်ရွယ် ချက်မှာ-

၁။NLD ပါတီ တည်ရှိနေသေးကြောင်း လူထုမှ ပိုမို သိရှိ နေစေရန် နှင့်

၂။ရွေးကောက်ပွဲ ဥပဒေများကို လူထုမှ သိရှိနားလည်၍ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိင်စေရန်ဖြစ်သည်။

ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့မှ ဒီ/ငြိမ်းပါတီ တရားဝင်နုတ်ထွက်

ဘဏ္ဍာရေးနှင့်ပတ်သက်သော သဘော ထားကွဲလွဲမှုများကြောင့် မကြာသေးမီက ဖွဲ့စည်းလိုက်သော ဒီမိုကရေစီမိတ်ဆွေ ပါတီများ အဖွဲ့မှ ဒီမိုကရေစီနှင့်ငြိမ်းချမ်း ရေးပါတီ တရားဝင်နုတ်ထွက်လိုက်ပြီး ချင်းအမျိုးသားပါတီကလည်း အဆိုပါ အဖွဲ့ဝင် မပါဝင်တော့ ကြောင်း သိရသည်။

အဆိုပါ ဒီမိုကရေစီမိတ်ဆွေပါတီများ တွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီ အင်အားစု(အင်န်ဒီအက်ဖ်)၏ ငွေရေး ကြေးရေး အရှုပ်အရှင်းကိစ္စများကြောင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ လ ၁၄ ရက်နေ့တွင် အဖွဲ့သို့ တရားဝင် စာပို့ခဲ့ကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့် က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြောသည်။

ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူ တစ်ဦးကလည်း အဆိုပါအဖွဲ့တွင် မပါ ၀င်တော့ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က အတည်ပြုပြောကြားခဲ့သော် လည်း အကြောင်းပြချက်ပေးရန် ငြင်းဆို ခဲ့သည်။

"ကျွန်တော်တို့ အစည်းအဝေးတစ်ခု ပဲ တက်ဖြစ်တယ်။ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီကလည်း ထွက် တော့မယ်လို့ပြော တယ်"ဟု ၎င်းက ဆိုသည်။ အဆိုပါသတင်းအား အတည် ပြုရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ် ပါတီတာဝန်ရှိသူများကို မြန်မာ တိုင်း(မ်)က ဆက်သွယ်ရာ အဆက် အသွယ်မရခဲ့ပါ။

ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့လည်း ပါဝင်သော အဆိုပါအဖွဲ့ ကို အောက်တိုဘာလ ၂ ရက်နေ့က ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီအင်အားစု ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း မဲဆန္ဒရှင် များအား ပြသသည့်အနေဖြင့် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

"ကြိုးက ပြတ်သွားပြီ။ ပြန်ဆက်မယ် ဆိုရင် အထုံးဖြစ်သွားမယ်။ မခိုင်တော့ ဘူး။ သံသယရှိခဲ့ဖူးတာကို ရှင်းရှင်း လင်းလင်းလုပ်တာ ကောင်းပါတယ်။နိုင်ငံရေးသမားဆိုတာ ဖြောင့်မတ် တည်ကြည်ရမယ်။ ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုရှိဖို့လိုတာမှာပေါ့" ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၏ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင် ဆွေက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ နုတ်ထွက် သွားခြင်းနှင့် ပတ်သက်ပြီး ၀မ်းမနည်းပါဘူး၊ ၀မ်းသာပါတယ်"ဟု ပြောသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီက သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပကာ ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့မှ နုတ်ထွက်ခြင်းမှာ လောကြီးသွားခြင်းဖြစ် ကြောင်း ပြောဆိုခဲ့သော်လည်း နောက် တွင် ၎င်းပါတီ၏ဗဟိုအလုပ်အမှုဆောင် ကော်မတီက ကန့်ကွက်ခဲ့သည်ဟု သူက ဆိုသည်။

"သူတို့က ရှုံ့ချည်နှပ်ချည် လုပ်နေတာပဲ။ ကတိမတည်သူတွေ၊ ပြည်သူ အတွက် မကြည့်တဲ့သူတွေလို့ပဲ ထင်ပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်ကို မကျင့်သုံးဘဲ သူများပါတီကို တိုက်ခိုက်တာပါ။ သူတို့က ကျွန်တော်တို့ပါတီကို နိုင်ငံရေး တိုက်ကွက်ဖော်ပြီး မဲရအောင် လုပ်နေတာပဲ"ဟု အင်န်ဒီအက်ဖ်ကို တွဲဖက် တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

"တကယ်လို့ သူတို့သာ လွှတ်တော် ထဲရောက်ခဲ့ရင်လည်း အာဏာလုပွဲတွေ ဆက်လုပ်မယ့်သူတွေလို့ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ ဦးဇော်အေးမောင်ကမူ ဒီမိုကရေ စီ မိတ်ဖက်ပါတီများအဖွဲ့မှ ၎င်းတို့ပါတီ နုတ်ထွက်ရန် အစီအစဉ်မရှိပါဟု ပြော ကြားသည်။

"ကျွန်တော်တို့တစ်တွေက ငွေရေးကြေးရေးအရ ပတ်သက်မှုမရှိပါဘူး။ လုပ်ပြီးသားကိုတော့ မဖျက်ချင်တော့ဘူးဗျာ။ အင်န်ဒီအက်ဖ် အနေနဲ့ တခြားက ငွေကြေးအကူအညီယူတာမယူတာကို စိတ်မ၀င်စားပါဘူး။ အရေးကြီးတာက ဒီမိုကရေစီဘက်တော်သားတွေ ဖြစ် ဖို့ပါပဲ"ဟု သူကပြောသည်။

ဦးလှမောင်ဆွေအား မြန်မာတိုင်း(မ်)မှ ဆက်သွယ်ခဲ့သော်လည်း ၎င်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး အောက်တိုဘာလ ၁၁ ရက် နေ့က အဆိုပါ နိုင်ငံရေးပါတီ ခြောက်ခုအား ပေးပို့ခဲ့သောစာကိုသာ ပြသခဲ့သည်။

အဆိုပါစာတွင် ၎င်းအနေဖြင့် အင်န်ဒီအက်ဖ်နှင့် ရခိုင်တိုးတက်ရေးပါတီ အပါအ၀င် မည်သည့်ပါတီကိုမှ ငွေကြေး ထည့်ဝင်ခြင်း မရှိခဲ့ကြောင်း၊ ကိုယ်စား လှယ်လောင်းတချို့ကိုမူ တတ်အားသရွေ့ ကူညီပံ့ပိုးခဲ့ကြောင်း ဖော်ပြထားပြီး ၎င်းကူညီခဲ့သော ကိုယ်စားလှယ်လောင်းများ၏အမည်နှင့် မည်သို့ကူညီ ခဲ့သည်ကို ဖော်ပြထားခြင်းမရှိပေဟု မြန်မာတိုင်းမ် ဂျာနယ်တွင်ဖော်ပြပါရှိပါသည်။

22 October 2010

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ အား အရှက်တရားကင်းမဲ့တဲ့ နအဖ စစ်အစိုးရ မှ ခိုးယူ အသုံးပြုထားခြင်း



အမျိုးသားညီလာခံမှသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)အထိ အတိုက်အခံပါတီများ၊ တိုင်းရင်းသား အင်အားစုက ကန့်ကွက်နေသည့်ကြားမှပင် ငါ့မြင်းငါစိုင်းတဲ့ စစ်အစိုးရက အမျိုးသားညီလာခံကို အတင်းဇွတ်မှိတ်ဆွဲပြီး။ လာမယ့် မေလမှာ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုချက်ယူတော့မယ်တဲ့ဗျာ။ လူထုထောက်ခံသလား မထောက်ခံသလား ဘာမှမသိသေးပါပဲ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံကြေညာလိုက်သေးသည်။

အော် .. ဇွတ်ဆိုမှ တကယ့် ဇွတ်အတင်းလုပ်တတ်တဲ့ တဇွတ်ထိုးအုပ်စုပဲဗျာ၊ အခုတော့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်းမပါ။ ရွေးကောက်ပွဲ အနိုင်ရပါတီလည်းမပါဘဲ ရေးဆွဲခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ၄၇။ ၇၄ အခြေခံဥပဒေများထဲမှ ပြောင်းသင့်ပြောင်းထိုက်သည်များကို ပြုပြင်ပြောင်းလဲပြီး ဆွဲခဲ့တယ်တဲ့ခင်ဗျ။ ပြောင်းလိုက်တဲ့ထဲမှာ နိုင်ငံတော်ရဲ့မြို့တော်နဲ့ နိုင်ငံတော်အလံလဲ ပါသွားတယ်ဗျ။ ဇွတ်လုပ်ကြတဲ့ သူများ အချိန်ယူ အချိန်ဆွဲ ရေးဆွဲခဲ့တဲ့ အလံဟာ ဘယ်လိုပုံစံလဲ ဆိုတာ အားလုံးလည်း စိတ်ဝင်စားကြမယ် ထင်တယ်။ ကျနော်လည်း စိတ်ဝင်စား ကြည့်မိခဲ့တယ်ဗျ ...

ကဲ ... တွေ့ပါပြီဗျာ။ မူကြမ်းထဲက အခန်း (၁၃) နိုင်ငံတော် အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော် ဆိုပြီး စာမျက်နှာ (၁၇၅)မှာ ဒီအလံပါပဲ၊

အော် ဒီအလံပုံကို နောက်တနေရာမှာလည်း တွေ့ဖူးသလိုပေါ့၊ မှတ်မိပါပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံနဲ့ တထပ်တည်းတူပါတယ်။ ဓါတ်ပုံများကို ထပ်ကြည့်နိုင်သည်။



ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၉၉၀ခုနှစ်။ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် မာနယ်ပလော၌ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၂ ခုနှစ်ကတည်းက ၀ါ စိမ်း နီ သုံးရောင်ခြယ်၊ အလယ်တွင် ကြယ်ဖြူတပွင့်ဖြင့် စတင်တည်ထောင်ကတည်းက ဒီအလံတခုတည်းကိုပဲ အတည်ပြု သတ်မှတ်ပြီး အသုံးပြုလာရာ ယနေ့တိုင်ဖြစ်သည်။





အလံ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ

မြန်မာနိုင်ငံလွတ်လပ်ရေး၊ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းအသုံးပြုခဲ့သော ၀ါ စိမ်း နီ အလံအား ဂုဏ်ပြုလျှက် “စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးတိုက်ပွဲ” တွင် ၀ါ စိမ်း နီ အရောင်များအား အခြေခံ အဖြစ် အသုံးပြုခြင်းဖြစ်သည်။

အ၀ါရောင်မှာ ကြီးမြတ်ခြင်း၊ ဂုဏ်ရောင်ပြောင်ခြင်းနှင့် ဘာသာ သာသနာကို ရည်ညွန်းသည်။

အစိမ်းရောင်မှာ ဆန်ရေစပါးပေါများခြင်း၊ သာယာဝပြောခြင်းကို ရည်ညွန်းသည်။

အနီရောင်မှာ၊ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိပြောင်မြောက်ခြင်းကို ရည်ညွန်းသည်။


အဖြူရောင်ကြယ်ဖြူကြီးမှာ ဖြူစင်ခြင်း၊ နယ်ချဲ့တော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ် တော်လှန်ရေး၏ အထိမ်းအမှတ်ဖြစ်သည်။

အထက်ပါအချက်များကို ကြည့်ရင် မူရင်း အလံပိုင်ရှင်အစစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖြစ်သည်။ ၁၉၉၀ ခုနှစ် စတင် တည်ထောင်ကတည်းက စတင်အသုံးပြုခဲ့သော အလံ မူရင်းပိုင်ရှင် အစစ် ပေါ်လာသော အခါ .........

လက်ရှိ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ ထောက်ခံမှုများရပါမှ အတည်ဖြစ်နိုင်သော နိုင်ငံတော် အခြေခံ ဥပဒေ (မူကြမ်း) ကို ၀ိုင်းရေးဆွဲခဲ့ကြတဲ့ ညီလာခံ ကိုယ်စားလှယ်ကြီးတွေ၊ တဇွတ်ထိုးသမားတွေ အုပ်စုဖွဲ့ အချိန်ဆွဲပြီး တစုအစည်းတည်း ၀ိုင်း၍ အလံခိုး ခဲ့ပါကြောင်း လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ဘွင်းဘွင်းကြီးပေါ်နေပါတော့တယ်။

(ပြည်သူ့ အာဏာ ပြည်သူ့ ၌ တည်ပါစေသောဝ်)

ရေးသားသူ...မောင်ရေခဲ

ပေးပို့ ပေးသော မောင်ရေခဲ အားကျေးဇူးတင်ရှိပါသည်။

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ ပိုမိုအားကောင်းလာ၊ နာဂစ်မုန်တိုင်းနီးပါး အားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးအစီအစဉ်များ စတင်လုပ်ဆောင်သင့်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန် တိုင်းဂီရိသည် လက်ရှိတွင် အနီရောင်အဆင့်ကို ရောက်ရှိလာပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ အချိန် တိုင်းထွာချက်များအရ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ယနေ့နံနက်မှ နောက် ၁၈ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသကို ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


ဆိုင်ကလုန်းဂီရိသည် Category ၁ အဖြစ် အားကောင်းသွားပြီး မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကို ဦးတည်နေကာ တစ်နာရီ ၈၁ မိုင်နှုန်းအထိ အားကောင်းခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့အနီး ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်ပြီး တစ်နာရီ ၉၁ မိုင် (၁၄၈ ကီလိုမီတာ)အထိအင်အားပြင်းလာနိုင်သည်ဟု အမေရိကန်နိုင်ငံ မုန်တိုင်းသတိပေးရေးစင်တာမှ ထုတ်ပြန်ထားပါသည်။




လက်ရှိအနေအထားထက် ပိုမိုအားကောင်းလာပါက နာဂစ်မုန်တိုင်းနီးပါး အားကောင်း လာနိုင်ဖွယ်ရာရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယခုကတည်းက စတင်လုပ်ဆောင်သင့်ကြောင်းလည်း ခန့်မှန်းပြောကြားမှုများ အရသိရသည်။

မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် ကုန်းမြေကို ၀င်ရောက်မတိုက်ခတ်မီ ၂၀၀၈ ခုနှစ် မေလ ၁ ရက်နေ့တွင် Category ၂ ရှိခဲ့ပြီး နောက်တစ်ရက်တွင် Category ၄ အဆင့်ဖြင့် ၀င်ရောက်ခဲ့ကြောင်း၊ ယခုမုန်တိုင်းမှာ ကုန်းမြေ မ၀င်ရောက်မီ Category ၁ ဖြစ်နေပြီး ပိုမိုအားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုပြင်ဆင်သင့်ပြီဖြစ်ကြောင်းလည်း သိရှိရသည်ဟုnews-eleven ဂျာနယ် တွင်ဖော်ပြပါရှိပါသည်။



ဤအလံသာ ကျမတို့ မြန်မာနိုင်ငံတော်အလံ အစစ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်အလံ





၁၉၉၀ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ရင်ထဲမှအသည်းကြားက မဲတပြားနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ




မသမာသူ လူသတ်သမား တွေသူများအလံကို ခိုးပြီး လိုက်ထုတ်တဲ့ အလံ


နအဖ ရဲ့၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးလျှင် ဖမ်းဆီးအပြစ်ပေးမည်ဟု ကြံ့ဖွံ့ပါတီဝင် ကျေးရွာ ရာအိမ်မှူးက ပြောဆို

၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးလျှင် ဖမ်းဆီးအပြစ်ပေးမည်ဟု ကြံ့ဖွံ့ပါတီဝင် ကျေးရွာ ရာအိမ်မှူးက ပြောဆိုသည့်အတွက် ဒေသခံရွာသားများ အခက်ခဲကြုံနေရသည်။ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ခေတ်ဆန်းကျေးရွာ ရာအိမ်မှူး ဌေးဦးက ရန်ကုန်တွင် အလုပ်သွား လုပ်ကိုင်နေသည့် လူငယ်များ၏ မိဘများကို ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်ကြောင်း ရွာသားတဦးက ပြောသည်။

“ရွာသားတွေကို မင်းတို့ဘယ်မှ မသွားနဲ့ မဲထည့်ရမယ်၊ မထည့်ရင် ဖမ်းဆီးထောင်ချမယ်ပြောတယ်၊ ရွာက ကလေးတွေက ရန်ကုန်မှာ အလုပ်သွားလုပ်နေတာ အဲဒါကို ပြန်လာခဲ့ မဲလာထည့်ရမယ်၊ ကြိုတင်မဲထည့်ရမယ်၊ မထည့်ရင် ဖမ်းမယ် အဖေကိုပြောတော့ အဖေက ကလေးတွေကို ပြန်ခေါ်နေရတာပေါ့၊ ကြံ့ဖွံ့ပါတီကို ထည့်ခိုင်းတယ်၊ ဒီမှာက ကြံ့ဖွံ့တခုဘဲ အဲလို ခြိမ်းခြောက်လိုက်၊ မှတ်ပုံတင်လုပ်ပေးမယ် မြူဆွယ်လိုက် လုပ်တာ” ဟုပြောသည်။

ယင်းကဲ့သို့ မဲထည့်ရမည်ဖြစ်သည့်အတွက် အလုပ်လုပ်နေသည့် လူငယ်များမှာ အလုပ်လက်မဲ့ အခြေအနေ ဖြစ်သွားတော့မည်ဖြစ်ကြောင်း ၎င်းရွာသားက ဆက်ပြောသည်။“ကောင်လေးတွေက စက်ရုံမှာ အလုပ်လုပ်နေတာ၊ တရက်မှ ပျက်လို့မရဘူး၊ နေ့တိုင်းအလုပ်ဆင်းနေရတယ်၊ အဲဒါနဲ့ ကလေးတွေက တောပြန်ရင် အလုပ်က ပြုတ်ဦးမယ်” ဟုပြောသည်။

ထိုကဲ့သို့ ခြိမ်းခြောက်ခံရသည်မှာ ခေတ်ဆန်းကျေးရွာ တရွာတည်းမဟုတ်ဘဲ ဘိုကလေးမြို့နယ်အတွင်းရှိ သာဖြန်၊ ဂရမ်းဒိုင်နယ်၊ သဇင်ကုန်းဒိုင်နယ်များမှ ဒေသခံများကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

ဘိုကလေးမြို့ပေါ်တွင်လည်း ကြံ့ဖွံ့ပါတီမှ ဝန်ကြီးတဦးက ၎င်းအားထောက်ခံမဲပေးရန်အတွက် ဆွမ်းလောင်းအသင်းသို့ ဆွမ်းကုန်ကျစရိတ်လှူဒါန်းမည်ဟု ပြောပြီး ယနေ့အထိ ငွေကြေးရရှိခြင်းမရှိသည့်အတွက် ဆွမ်းလောင်းလှူရန် အခက်ခဲများကြုံတွေ့ခဲ့ရသည်ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။

“ဓမ္မာရုံဆွမ်းလောင်းအသင်းကို ငွေလေးလစာ တာဝန်ယူမယ် သိန်း (၁၂၀) ပေါ့၊ ဆွမ်းလောင်းအသင်း ဂေါပက လူကြီးတွေက အဲဒီကြံ့ဖွံ့ပါတီဝန်ကြီးက လေးလစာတာဝန်ယူလှူတယ်ဆိုပြီး မိုက်ကြီးနဲ့ လိုက်အော်တယ်၊ တကယ်တမ်းငွေလဲ မကျလာဘူး၊ တကယ်တမ်းငွေမကျတော့ ဆွမ်းလောင်းဖို့အခက်ခဲတွေ ဖြစ်နေတာ” ဟုပြောသည်။

စစ်အစိုးရဝန်ကြီးများ ဦးဆောင်သည့် ကြံ့ခိုင်ဖွံဖြိုးရေးပါတီသည် လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိသည်။

သတင်းရင်းမြစ်..ရိုးမ(၃)

လမ်းပြကြယ်လား၊ လမ်းပျောက်ကြယ်လား

အခုတလော မီဒီယာတွေပေါ်မှာ ကမောက်ကမနိုင်လှတဲ့ ၀ါကြွားမှုတွေ၊ အစဉ်အလာမဟုတ်တဲ့ တရားသေ သဘောတရားတွေကို အာဘောင်အာရင်းသန်သန်နဲ့ “ငါ့စကား နွားရ” ပြောဆိုနေကြတာကို မကြာခဏ ကြားနေရပါတယ်။ NDF (အမျိုးသားဒီမိုကရေစီ အင်အားစု) ပါတီက စစ်အာဏာရှင်တွေရဲ့ အကျိုးတူ စီးပွားဖက် ခေတ်ပျက်သူဌေးတွေဆီက လက်သိပ်ထိုးပြီးတမျိုး၊ ဗြောင်တမျိုး ထောက်ပံ့ကြေးတွေ ယူခဲ့တဲ့အတွက် သူ့မိတ်ဖက်ပါတီတချို့က ဝေဖန်ကြ၊ နှုတ်ထွက်ကြနဲ့ တော်တော်လေး ရှက်ဖွယ်လိလိ ဖြစ်နေမှုအပေါ် မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက ထင်မြင်ချက်အမျိုးမျိုး ပြောဆိုနေကြတာနဲ့ ပတ်သက်ပါတယ်။

ဒီအထဲမှာ ပဲခူးမြို့က “လမ်းပြကြယ်” အဖွဲ့ခေါင်းဆောင် ရှေ့နေဦးအေးမြင့်ရဲ့ ပြန်လည်တုံ့ပြန်ချက်တွေကတော့ တော်တော့်ကို မှတ်သားလောက်ပါတယ်။ သူက NDF အနေနဲ့ ဦးလှမောင်ရွှေဆီက ထောက်ပံ့ကြေးယူတာ မှန်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထောက်ပံ့ကြေးပေးရင်လည်း ယူရမှာပဲလို့ ရွှန်းရွှန်းဝေအောင် ပြောပါတယ်။ ဒါဟာ သူ့အရိုးနဲ့ သူ့ကို ပြန်ထိုးဖို့ဖြစ်တယ်။ “ရန်သူ့လက်နက်၊ ကိုယ့်လက်နက်” အယူအဆဖြစ်တယ်လို့လည်း ရွှေဉာဏ်တော်စူးရောက်စွာနဲ့ မှတ်ချက်ချပါတယ်။

NLD က ရွေးကောက်ပွဲ သပိတ်မှောက်တာ မှားတယ်။ ဒီဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည် မှားတယ်။ ဦးဝင်းတင်နဲ့ ဦးဉာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ဆိုတာကို ပြောပြီး၊ ပါတီဝင်ထုနဲ့ ပြည်သူလူထုကို စည်းရုံးနေတယ်။ ဒီစကားမျိုး ဒေါ်အောင်ဆန်းစုကြည် ပြော၊ မပြော မသေချာဘူး၊ (သူ့အဆို) တဆင့်ကြားစကားဟာ တရားမ၀င်ဘူး … စသဖြင့် ပြောဆိုပြီး NDF (ဆွေငြိမ်း) တို့ရဲ့ လေသံကိုလည်း ထပ်ဆင့်ရှေ့နေလိုက်ပေးခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူငယ်နှပ်စား မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံရေးရော၊ မြန်မာ့နိုင်ငံရေးကိုပါ နေ့စဉ်ထိတွေ့သိရှိနေသူပါ။ ဒါကို ဦးအေးမြင့် လေးလေးနက်နက် သိဖို့လို့ပါတယ်။

“စကား၊ စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုတဲ့ ဆိုရိုးကလေးနဲ့တော့ ကွက်တိပဲလို့ တွေးလိုက်မိပါတယ်။ ဦးအေးမြင့် အခုလိုဘာကြောင့် မရှက်မကြောက် ပြောနေရသလဲ။ သူ့အခြေခံက ဘာလဲ။ ၂၀၀၀ ပြည့်လွန်နှစ်များက အင်းစိန်ထောင် (၅) တိုက်မှာ၊ အခုလို ပရမ်းပတာ အပြောတွေ၊ အလုပ်တွေကြောင့် သူ့အမှုတွဲတွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ပျက်အထင်သေးတာ ခံခဲ့ရဖူးပြီ။ “လမ်းပြကြယ်” အဖွဲ့ဆိုတာ လုပ်ပြန်တော့လည်း အာဏာပိုင်နဲ့ ပုလင်းတူဘူးဆို့လုပ်လို့ အားကိုးတကြီးနဲ့ လာရောက်တိုင်တန်းသူတွေ အာဏာပိုင်ရဲ့ အစစ်အဆေး အမေးအမြန်းခံရ၊ ရန်ရှာခံရ ဖြစ်ခဲ့ဖူးပြီ။ အကူအညီ တောင်းပြန်ရင်လည်း အခကြေးငွေ တောင်းလွန်းလို့ အကြိမ်ကြိမ် မျက်နှာပျက်ခဲ့ရဖူးပြီ။ ဒါကြောင့် ပဲခူးမြို့လူထုက “လမ်းပြကြယ်” မဟုတ်ဘူး၊ “လမ်းပျောက်ကြယ်” လို့ သမုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် မီဒီယာတွေအနေနဲ့ သူ့ရဲ့အကျင့်ဆိုးကို နားလည်ခွင့်လွှတ်ပြီး (အဆိုးထဲက အကောင်းရှာပြီး) ကလေးစစ်သားကိစ္စ ဆောင်ရွက်ပေးမှုတချို့ကို ကမ္ဘာသိအောင် ဖော်ပြပေးခဲ့ပါတယ်။ ဒီ့အတွက် ကမ္ဘာ့အဖွဲ့အစည်းတချို့က ပေးတဲ့ ဆုတချို့တောင် ရခဲ့ပါသေးတယ်။

ဒါပေမယ့် ဦးအေးမြင့်ဟာ ကိုယ့်တပိုင်တနိုင် ကလေးစစ်သားကိစ္စလောက်နဲ့ မတင်းတိမ်နိုင်တော့ဘူး။ ကိုယ်နားမလည်တဲ့ နိုင်ငံရေးကိစ္စကိုပါ (စိတ်ကြီးဝင်ပြီး) ဆရာကြီး လုပ်လာပါတယ် (သည်းခံပါ၊ မြှောက်ပေးတဲ့လူကလည်း မြှောက်ပေးတာကိုး၊ ဘုန်းကြီးရူးနဲ့ လှေလူး တွေ့တယ်ဆိုသလိုပေါ့)။

NLD ရွေးကောက်ပွဲသပိတ်မှောက်ရခြင်းရဲ့ အခြေခံက ဘာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံက ဘာကို ဦးတည်နေသလဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ၀ိသေသတွေကို သိသလား၊ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့အတွက် ဒီမိုကရေစီအင်အားစုဆိုသူတွေ မဲမရတော့ဘဲ ကြံ့ဖွံ့က အပြတ်အသတ် အနိုင်ရသွားမှာပေါ့ … တဲ့။ ဦးအေးမြင့် သိဖို့က NLD လုပ်နေတဲ့ ရွေးကောက်ပွဲသပိတ်ရဲ့အခြေခံဟာ နိုင်ငံရေးတိုက်ပွဲပါ။ NLD သပိတ်မမှောက်လည်း ကြံ့ဖွံ့က နိုင်လည်းနိုင်၊ ရှုံးလည်းနိုင်ဖြစ်အောင် ရွေးကောက်ပွဲ ဥပဒေ၊ ကော်မရှင် ဥပဒေတွနဲ့ အကွက်ချပြီး ညစ်ထား၊ ညှစ်ထားပြီးသားပါ။ ဒါကို ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင်ပြည်သူတွေ အားလုံးသိပါတယ်။ ကမ္ဘာကလည်း သိပါတယ်။ မသိတာ ဦးအေးမြင့်ပါ။ တရားဥပဒေကို မထီမဲ့မြင် ချိုးဖောက်နေတာတွေကို ကြည့်ရင်း ငုတ်တုတ်မေ့နေတာက ဦးအေးမြင့်ပါ။ သြော် … နက်နက်ဆင်းလေ၊ တိမ်မှန်းသိရလေ ဆိုသလိုဖြစ်နေပါပြီ။ NLD ကို တရားခံမရှာပါနဲ့။ သူ့ဖာသာ ပုပ်လို့ ကြွေကျတဲ့ သစ်သီးအတွက် သစ်ပင်မှာ တာဝန်မရှိပါဘူး။

အင်္ဂလိပ်ကိုလိုနီ အင်ပါယာအရှင်အတွက် ဘုန်းတော်ဘွဲ့မရေးဘဲ “လျှာပေါ် မြက်ပေါက်ချင် ပေါက်ပါစေ” ဆိုတဲ့ အမျိုးသားစာဆိုဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်က ဘာကို ညွှန်ပြနေသလဲ။ နယ်ချဲ့ဖိနှိပ်သူ လူတန်းစားနဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ တသက်လုံး ဘယ်လိုမှ မပတ်သက်ဘူးဆိုတဲ့ သံမဏိစိတ်ဓာတ်ပါ။

ရုပ်ဝတ္တုပိုင်းဆိုင်ရာ အရဖြစ်စေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရဖြစ်စေ၊ ကိုယ့်ကျင့်သီလ အရဖြစ်စေ၊ ဘာသာတရား အရဖြစ်စေ၊ တမျိုးသားလုံးအပေါ် အလွန်နက်ရှိုင်းတဲ့ နိုင်ငံရေးကပ်ရောဂါဆိုးကြီးကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်ကို လမ်းဆုံးအထိ ပို့ဆောင်နေတဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒသမားတွေရဲ့ ပေးကမ်းစွန့်ကြဲမှုကို လက်ခံတယ်ဆိုကတည်းက ကိုယ်ဘယ်ဘ၀ ရောက်သွားပြီလဲ၊ စည်းရဲ့ဘယ်ဘက်မှာ ရောက်သွားပြီလဲ။ ဒီပြဿနာဟာ အတွေးအခေါ်ပြဿနာ ဖြစ်ပါတယ်။ လူတန်းစားစိတ်ဓာတ်နဲ့ ဆိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ နိုင်ငံရေးပူးပေါင်းလုပ်ကြံမှုကြီးပါပဲ။ နိုင်ငံရေး ပါရာဇိကံပါပဲ။

“ရန်သူ့လက်နက်၊ ကိုယ့်လက်နက်” ဆိုတဲ့ အယူအဆက ရန်သူကို ချေမှုန်းပြီး ရန်သူ့ဆီက လက်နက်နဲ့ ကျန်တဲ့ ရန်သူတွေကို ပြန်တိုက်မယ်ဆိုတဲ့ အယူအဆပါ။ ရန်သူ့ဆီက လက်နက်ကို အသနားခံပြီး တောင်းလို့ ဘယ်တော့မှ မရပါဘူး။ ရန်သူကလည်း သူ့လက်နက်ကို အလွယ်တကူ ဘယ်တော့မှ မပေးပါဘူး။ စိတ်ကူးမယဉ်ပါနဲ့။

တကယ်တော့ တော်လှန်ရေးတွေဟာ ပြည်တွင်းပြည်ပရဲ့ ဖိအားနဲ့ အုံကြွပေါက်ကွဲမှုများ၊ အုပ်ချုပ်သူ လူတန်းစားအတွင်း ကသောင်းကနင်း အကျပ်အတည်းနဲ့ ပဋိပက္ခများ … စတဲ့ အကြောင်းပေါင်းစုံ ဆုံစည်းမှုများ၊ တနည်းအားဖြင့် သမိုင်းဖြစ်ပေါ်တိုးတက်မှုများအရ တစ်စုံတရာသော အဆင့်များကို ဖြတ်သန်းရင့်မှည့်လာပြီးမှ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။

အကျယ်ချဲ့ပြောရရင် လူသားရဲ့ဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများ အံဝင်ခွင့်ကျမဖြစ်တဲ့အခါ၊ သိပ်သည်းမည်းမှောင်နေတဲ့ အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရားရဲ့ အဓွန့်ရှည်မှုကို သည်းမခံနိုင်ကြတဲ့အခါ၊ ပြည်သူလူထုအဖို့ နှောင်ကြိုးကလွဲပြီး တခြားဆုံးရှုံးစရာ မရှိတော့တဲ့အခါ၊ ဆင်းရဲမွဲတေခြင်းနဲ့ ဖိနှိပ်ရက်စက်ခြင်းဒဏ်ကို ဘယ်လိုမှ ရင်စည်းမခံနိုင်တော့တဲ့အခါ၊ အမျိုးသားဂုဏ်သိက္ခာကို ကမ္ဘာ့ဗိုလ်ပုံအလယ်မှာ ထပ်တလဲလဲ အရှက်ခွဲခံခဲ့ရပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပုံရိပ်ကို အစော်ကားခံရတဲ့အခါ၊ တော်လှန်ရေးတွေ၊ လူထုအုံကြွမှုတွေ ပေါ်ပေါက်ရစမြဲပါပဲ။ ဒါဟာ နိယာမတရားပါပဲ။

အဲဒါကို နားမလည်ဘဲ ငါ ဦးဆောင်လိုက်ရင်၊ ငါ လုပ်လိုက်ရင် ဖြစ်တယ်ဆိုပြီး ရူးကြောင်ကြောင် အိုးနင်းခွက်နင်း၊ ဘ၀င်မြင့် လေလုံးထွားနေတာကတော့ ယိုသူမရှက်၊ မြင်သူရှက်ဖြစ်ရပါတယ်။ အမြင်မတော်၊ ဆင်တော်နဲ့ ခလောက်ဆိုသလိုဖြစ်ပါတယ်။

နေ့စဉ် အရုဏ်တက်မှာ၊ နေမင်းကြီး ပုံမှန်အတိုင်း ထွက်လာတာ၊ သူတွန်ကျူးပေးလို့ ထွက်လာရတာဆိုပြီး ဘ၀င်မြင့် စိတ်ကြီးဝင်နေတဲ့ ကြက်ဖအိုကြီး ပုံပြင်ကို သတိရမိပါတယ်။

နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်ဆိုတာ ပြည်သူလူထုနဲ့အတူ သေအတူရှင်မကွာ တိုက်ပွဲဝင်နေတဲ့ ကာလမှာ ပြည်သူလူထုက သူရဲကောင်းအဖြစ် ဂုဏ်ပြုအသိအမှတ်ပြုခြင်းကို ခံကြရပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ပါဝင်လိုက်ပါမှု၊ စွမ်းပကား၊ ရဲစွမ်းသတ္တိနဲ့ တော်လှန်ရေးသစ္စာရှိမှုအပေါ် အထင်သေးလာပြီ၊ ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်လာပြီ၊ ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်မြင့်လာပြီ၊ ပြည်သူလူထုနဲ့ ကင်းကွာလာပြီ ဆိုရင်တော့ အသနားခံလို့မရတဲ့ အနာဂတ်မှာ သမိုင်းရဲ့ ဒဏ်ခတ်မှုကို ကောင်းကောင်းကြီး ခံကြရပါတယ်။

ကျနော်တို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ရန်သူနဲ့ ပူးတိုက်မယ်၊ အတွင်းဝင်တိုက်မယ်ဆိုပြီး ပူးပေါင်းခဲ့ကြသူတွေဟာ ဘယ်လိုဇာတ်သိမ်းသွားကြသလဲ။ ပြည်သူတွေကတော့ အဲဒီနိုင်ငံရေးပြက်လုံးဟောင်းတွေကို ကြားရဖန်များလို့ ငြီးငွေ့နေပါပြီ။

ပြည်သူလူထုရဲ့ နိုင်ငံရေးအသိနဲ့ သတိကို အထင်မသေးပါနဲ့၊ စစ်ဖိနပ်ကို ခွေးကတက်က လျှာနဲ့ လျက်ခဲ့ကြသူတွေနဲ့ နောက်ဆုံးနေ့တွေကို ကျနော်တို့ တွေ့ဖူးခဲ့ကြပြီ။ သမိုင်းရဲ့ဒဏ်ခတ်ခံရမှာကို ပုန်းနေလို့ ရချင်ရမယ်၊ ပြေးလို့တော့ မလွတ်ဘူးဆိုတာ သိစေချင်တာပါပဲ။ ။

ရေးသားသူ....ဝေမင်းအောင်

ရင်းမြစ်...ခေတ်ပြိုင်

21 October 2010

အောက်တိုဘာလ၂၁ရက်နေ့မွန်းတည့်မှနောက်၃၆နာရီအတွင်း ရခိုင်ပြည်နယ်စစ်တွေမြို့နှင့်ကျောက်ဖြူမြို့အကြားမှမုန်တိုင်းငယ် ဖြတ်ကျော်နိုင်ကြောင်းခန့်မှန်း

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ နောက် ၃၆ နာရီအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တည်ရှိနေခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဆိုပါ မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များ အရ သိသိသာသာ ရွေ့လျားလာခြင်း မရှိဘဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့် အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ပိုမို အားကောင်းလာနိုင်ကာ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မုန်တိုင်းငယ်သည် လက်ရှိ၌ လိမ္မော်ရောင်အဆင့် ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဒေသကို ဦးတည် ရွေ့လျားမည့် အခြေအနေဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း ဒေသ တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု သိရှိရသည်။

ပင်လယ်ကမ်းရိုးတန်းဒေသ ကမ်းနီးကမ်းဝေး ပင်လယ်ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို သတိပြုသင့်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဆိုထားသည်ဟုnews-eleven.ဂျာနယ်တွင်ဖော်ပြထားပါသည်။

စစ်အာဏာရှင် အဘိဓာန်မှာ စာနာတယ် ဆိုတာ မရှိ

“---ရထားကလည်း တဂျိန်းဂျိန်းနဲ့မောင်း။ စစ်ကိုင်းတံတားပေါ်က ကားလမ်းမှာ ဒေါက်တာ ဇော်မြင့်မောင် ယောက်ဖ ခမျာ ကျနော်တို့ အချုပ်တွဲ ပြတင်းပေါက်နဲ့ မယှဉ် ယှဉ်မိအောင် ဆိုင်ကယ်ကို မောင်းရင်း ဇနီးမောင်နှံကို တွေ့ပေးရတယ်---”

အင်းစိန်ထောင်မှ မြစ်ကြီးနားထောင်သို့ ပြောင်းရွှေ့ ထိန်းသိမ်းခံရစဉ် အတွေ့အကြုံများကို နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမောင်မောင်ဝမ်းက ရေးသား ဖော်ပြထားသည်။

မြန်မာပြည် န၀တ-နအဖ စစ်အာဏာရှင် လက်အောက်မှာ ကျနော် ထောင် ၂ ကြိမ် ကျဖူးတယ်။ ပထမအကြိမ်က ၁၉၈၉ မှာ။ စုစုပေါင်း ၅ နှစ်ကျပြီး ၁၉၉၄ ထဲမှာ သရက် အကျဉ်းထောင်က ပြန်လွတ်ခဲ့တယ်။ ဒုတိယအကြိမ် ထောင်ကျတာ ၁၉၉၆ မေလ ထဲမှာ။ ကျနော့်ကို ၁၉၉၆ မေလ ထဲမှာ အင်းစိန်ထောင်တွင်းက အထူးတရားရုံးကနေ ထောင် ၁၀ နှစ် ချလိုက်တယ်။ အမှုကတော့ ပုဒ်မ ၅ (ည) ရယ်၊ တရားမ၀င် ကျောင်းသားသမဂ္ဂ ဖွဲ့စည်း တည်ထောင်မှုရယ်။

ဒုတိယအကြိမ် ထောင်ကျတာ တော်တော် ကံကောင်းတယ် ပြောရမလား မသိဘူး။ အင်မတန်မှ ဆိုးရွားလှတဲ့ စစ်ကြောရေးစခန်း ၀င်စရာ မလိုဘဲ၊ ဖမ်းပြီး ချက်ချင်း ဆိုသလို အထူးတရားရုံးတင်၊ ချက်ချင်း ထောင်ချ ခံခဲ့ရလို့ပါ။ ဘာအမှုနဲ့ တရားစွဲခံရမှန်းတောင် မသိဘူး။ နောက် တရားသူကြီးက စာဖတ်ပြမှ သြော် .. ဒီအမှုတွေနဲ့ စွဲတာပါလား ဆိုတာ သိရတော့တယ်။ ထောင်ကျပြီးသွားတော့ အင်းစိန်မှာ နေရတယ်။

အဲဒီလိုနဲ့ တစ်နှစ်လောက် နေအပြီးမှာတော့ ထောင်ပြောင်းခံရတယ်။ အဲဒီနေ့က အဖြစ်အပျက်တွေ မှတ်မိနေသေးတယ်။ ညဘက် ကတည်းက ထောင်ပြောင်းရှိတယ်၊ ကျနော်ပါတယ် လို့လည်း သတင်း ရထားတော့ ကြိုပြင်ထားတယ်။ ဒီလိုနဲ့ မနက် ၃နာရီလောက်ရှိမယ် ထင်တယ်၊ ထောင်ဝန်ထမ်းတွေ ရောက်လာပြီး လိုက်နှိုးသံတွေ ကြားရတော့တာပဲ။ တချို့ခမျာလည်း သူတို့ မပါလောက်ဘူး ထင်ကာ အေးအေး ဆေးဆေး နေနေရာက ကသီလင်တ နဲ့ တွေ့တဲ့ ပစ္စည်းတွေ ကောက်ထည့် လိုက်ခဲ့ရတော့တာပေါ့။ အခန်းထဲက ထွက်ထွက်ချင်းပဲ ကျနော်တို့ကို ခေါင်းစွပ်တွေ အုပ်ပြီး ထောင်ထဲက ကွက်လပ် တစ်ခုမှာ စုထိုင်ခိုင်းထားတယ်။ တစ်ယောက်ချင်း နာမည်ခေါ်၊ စစ်ပေါ့။

” ပိုက်တင် -အဖေနံမည် =“ဦးလှဘော်”

------- ရှိ ----------------------------

ထောင်ကျ နံပါတ်ပြော--------

၁၄၈၇ /စီ -----------------

--------------------------------------------------------

ကျော်ခင်-------------

သန့်ဇင် ---------------

တစ်ယောက်ချင်းစီ နာမည်ခေါ် မေး။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ထားတော့ ဘာမှမမြင်ရဘူး။ ဘယ်သူတွေပါမှန်း နာမည်တွေ ခေါ်သံကြားမှ သိတော့တယ်။ ဒီလိုနဲ့ ထောင်မှုးတစ်ယောက်ရဲ့ ခပ်ငေါက်ငေါက် အသံက ဟိန်းထွက်လာတယ်။

ဟေ့ ..မင်းတို့ထဲမှာ ကျော်စိန် ခေါ် မှတ်ကြီး ( အဖေနာမည် - ဦးစံမြ ) ပါလား ---

တစ်ယောက်ဆီကမှ အသံထွက်မလာ။ ဒါနဲ့ အဲဒီလူကို ထောင်ဝင်ထမ်းတွေ တခါ သွားရှာပုံရတယ်။
ခဏလေးကြာတော့-

ဆရာ --ခေါ်ထုတ်တဲ့ အထဲမှာ ပါသွားပြီ။ အခု ဒီအုပ်စုထဲမှာပဲ။

ထောင်မှုး စိတ်တိုသွားပုံရတယ်။
ကိုယ့်နာမည်တောင် ကိုယ်မသိဘူးလားကွ ---- ဘယ်ကောင်လဲ ကျော်စိန် ခေါ် မှတ်ကြီး။

ကျနော်တို့ အုပ်စုဆီက တစ်ယောက်မှ အသံထွက်မလာဘူး။
ဒါနဲ့ ထောင်မှုးလည်း နောက်တစ်ခေါက် နာမည်တွေ ထပ်ခေါ်ပြီး၊ နာမည် အခေါ်ခံရတဲ့သူတွေက မတ်တပ်ရပ် နေပေးရတယ်။ တစ်ယောက်ပြီး တစ်ယောက် တန်းစီခေါ်ပေါ့။ နောက် တော့...

ဟေ့ကောင် ---မင်းနာမည်ဘယ်သူလဲ။

မှတ် --မှတ်--မှတ်ကြီးပါ....ထစ်ထစ်ငေါ့ငေါ့ ကတုန်ကရင် အသံတစ်ခု ထွက်လာတယ်။

ကိုယ့်နာမည်တောင် ကိုယ်မသိဘူးလားကွ .. ဆိုပြီး ဆောင့်ကန်သံ ကြားလိုက်ရပြီး..

အား--အား ကြောက်ပါတယ်ဗျ -- ကြောက်ပါတယ် ..ဆိုတဲ့ အသံကြီးက မနက်ခင်း အရုဏ်ထုကို ဖြိုခွဲပစ်လိုက်တယ်။ ကျနော် စိတ်တိုလိုက်တာ မပြောပါနဲ့တော့။ ဒီလူကလည်း ဘယ်လိုလူစားလဲ မသိဘူး။ နာမည် အထပ်ထပ် ခေါ်တာတောင် ကိုယ့်နာမည် ကိုယ်မသိရအောင် စိတ်မှ မှန်ရဲ့လားလို့ စိတ်ထဲ တွေးမိလိုက်တယ်။ မအေ၊ နှမ မိုးမွှန်အောင် ဆဲသံတွေကလည်း စုံနေတာပဲ။

ပြီးလည်းသွားရော ကျတော်တို့အားလုံး တစ်ယောက်နောက်ကို တစ်ယောက်က ကိုင်ရင်း တန်းစီပြီး ထွက်ခိုင်း။ နောက် ထောင်ရှေ့မှာ ရပ်ထားတဲ့ ကားပေါ် တင်ပြီး အင်းစိန်ထောင်မကြီးဆီ ပို့တယ်။ ထောင်မကြီး ရောက်တော့ ကျနော်တို့ကို တစ်ယောက်ချင်းစီ သံခြေကျဉ်း ခတ်တယ်။ ဒီကြားထဲ သံခြေကျဉ်း ရိုက်ရတာ အဆင်မပြေလို့ ဆိုပြီး စောစောက ကိုမှတ်ကြီး ခေါ် ကိုကျော်စိန် ဆိုတဲ့သူကို ဆဲသံတွေက ထပ်ပေါ်လာပြန်ရော။ ကျနော် တော်တော် စိတ်ညစ်သွားတယ်။ ဒီလူကြည့်ရတာ တမျိုးပဲ။ ဘာမှုနဲ့များ ပါလာတာလဲ မသိဘူး။ ကျနော့် စိတ်ထဲမှာတော့ ရာဇ၀တ်သားတွေကို ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်ပြောင်းထည့်တာ အတော် မကျေမနပ် ဖြစ်နေမိတယ်။

အဲဒီအသုတ် ထောင်ပြောင်းတုန်းက ကိုယ့်လိုလူတွေ တော်တော် များတယ်။ ထောင်ပြောင်းမှပဲ မတွေ့တာ ကြာပြီဖြစ်တဲ့ ကိုယ့်လူတွေကို တွေ့ရတော့တယ်။ ကျနော်တို့ကို အင်းစိန်ထောင်ကနေ အင်းစိန်ဘူတာကို ပို့။ အားလုံးကို အချုပ်တွဲပေါ်မှာ တင်ပြီး အဲဒီတွဲကို အင်းစိန်ဘူတာကနေ လူနည်းနည်း ပါးတဲ့နေရာထိ ဆွဲသွားပြီး အဲဒီမှာပဲ မထွက်မချင်း ရပ်ထားတယ်။ ကျနော်ကတော့ ထောင်ပြောင်းခံရတယ် ဆိုတာ စိတ်ထဲက ပျောက်သွားပြီး -ရထားပေါ်မှာ နှစ်များစွာ ကွဲကွာနေတဲ့ ကိုယ့်ရဲဘော်တွေနဲ့ စကားတွေ ပြောမကုန် ဆိုမခမ်းပေါ့။

အင်းစိန်ထောင်ထဲမှာ တစ်ထောင်ထဲသာ အတူတူနေရပေမယ့် တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာ မဟုတ်ဘူးလေ။ ကျနော်တို့ အုပ်စုကြီး ထောင်ပြောင်းတာဟာ ထောင်ပြောင်းတာနဲ့ မတူဘဲ -ပျော်ပွဲစားခရီး ထွက်လာသလိုပဲ ရထားပေါ်မှာ သီချင်းတွေဆိုကြ၊ စကားတွေ ပြောကြ၊ မတွေ့တာ မမြင်ရတာ ကြာပြီဖြစ်တဲ့ ပြင်ပမြင်ကွင်းတွေကို အားပါးတရ ကြည့်ရနဲ့ ပြန်စဉ်းစားရင် အမှတ်တရ အဖြစ်အပျက်တွေပါ။

တောင်ငူရောက်တော့ တောင်ငူထောင် ပြောင်းရမယ့် သူတွေ ချထားခဲ့တယ်။ နောက်တစ်နေ့ မန္တလေးဘူတာ ရောက်တယ်။ မန္တလေးဘူတာမှာတော့ မြင်ကွင်းက မကောင်းဘူး။ ကျနော်တို့ကို လုံထိန်း ရဲတပ်ရင်းက ရဲတွေနဲ့ ၀ိုင်းထားတယ်။ ဘူတာတစ်ဘက်မှာ အချုပ်ကား ရပ်ထားတယ်။ ဘူတာကနေ အဲဒီအချုပ်ကားရောက်သည်အထိ တစ်ဘက်တစ်ချက်မှာ ရဲတွေက သေနတ်တွေကို အသင့် အနေအထားနဲ့ ကိုင်ထားရင်း ကျနော်တို့က အလယ်ကနေ လျှောက်သွားရတာပေါ့၊ အရာရှိ လုပ်တဲ့သူကဆို ပစ္စတိုသေနတ် တရမ်းရမ်းနဲ့။ ဟို အမိန့်ပေးလိုက် ဒီ အမိန့်ပေးလိုက်နဲ့။ ပုံမှန်ဆို လူထုက သိမှာ မဟုတ်ပါဘူး။ အဲသလို လုပ်လိုက်ခါမှ လူတွေက စိတ်ဝင်စားသွားပုံ ရတယ်။ ၀ိုင်းလာပြီး စပ်စုကြတယ်။ ကျနော်က “ကျနော်တို့ ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေပါလို့” ပြောလိုက်တော့ အရာရှိ လုပ်တဲ့သူက လာတဲ့ပြီး ဟိန်းလိုက် ဟောက်လိုက်တာ မပြောပါနဲ့တော့။ လူတွေက တစ်စတစ်စ စိတ်ဝင်စားပြီး များလာတော့ ကျနော်တို့ကို ဇွတ်အတင်း အချုပ်ကားပေါ် တင်ပြီး မောင်းထွက်ခိုင်းတော့တာပဲ။

နောက်တော့ မန္တလေး ထောင်အသစ်ကို ရောက်တယ်။ ကျနော်တို့ ပါလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပြီး စားစရာတောင် ချန်မထားဘူး အကုန် သိမ်းပစ်လိုက်တယ်။ ကျနော်တို့အားလုံး ဒေါသတွေ ထွက်လိုက်တာ မပြောပါနဲ့တော့။ ဦးဝင်းထိန် (NLD ပါတီက ဗိုလ်ကြီးဟောင်းဝင်းထိန်) နဲ့ဆို စကားများတဲ့ အထိ ဖြစ်ကြတယ်။ အစက ကျနော်တို့ကို ဘယ်ထောင်ပို့လို့ ပို့မှန်းမသိဘူး။ မန္တလေးထောင်ရောက်မှ ကျနော်တို့ ခရီး ဆက်ရဦးမယ်။ ဦးဝင်းထိန်အပါဝင် တစ်အုပ်စုကို မြင်းခြံထောင် နဲ့ ကျနော်တို့ကို မြစ်ကြီးနားထောင် ပို့မယ်ဆိုတာ အဲဒီအခါမှ သိရတော့တယ်။

ကျနော်တို့ကို နောက်၂ ရက်လောက် အကြာမှာ မန္တလေးထောင်ကနေ မြစ်ကြီးနားထောင်ကို ပို့တယ်။ ဒေါက်တာဇော်မြင့်မောင် (အမရပူရ NLD လွှတ်တော် ကိုယ်စားလှယ်)လည်း ပါတယ်။ အဲဒီခရီးစဉ်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ပုံရိပ်လေးတွေ နှလုံးသားထဲမှာ ထင်ကျန်ရစ်ဆဲပါ။ ထောင်ပြောင်းမယ့် သတင်းကို ဒေါက်တာဇော်မြင့်မောင်က သူ့မိသားစုဆီကို သတင်း လျှို့ဝှက် ပို့လိုက်တော့ -သူ့မိသားစုတွေက ဘူတာကနေ စောင့်နေတယ်။ ဒါပေမယ့် ပါလာတဲ့ လုံခြုံရေး အရာရှိက မိသားစုတွေနဲ့ တွေ့ခွင့် ကောင်းကောင်း မပေးလို့ အဆင်မပြေ ဖြစ်ခဲ့ရတယ်။ ကျနော်တို့ အချုပ်တွဲကို ဘူတာနဲ့ ခပ်ဝေးဝေးဆီ ပို့ထားလိုက်တယ်။ နောက် ရထား ထွက်လာတော့ ဒေါက်တာဇော်မြင့်မောင် မိန်းမက သူ့အစ်ကိုနဲ့ ဆိုင်ကယ်စီး လိုက်လာတယ်။ သူ့အစ်ကိုက ရှေ့က ဆိုင်ကယ်မောင်း- သူက နောက်က တင်ပါးလွှဲ ထိုင်လိုက်လာရင်း သာမန်ဆို သိပ် အထူးအဆန်းကြီး မဟုတ်ပါဘူး၊ ဒါပေမယ့် ဖြစ်ချင်တော့ စစ်ကိုင်း တံတားကြီးပေါ်မှာ နောက်မှာ စစ်ကိုင်းတောင်ကြီးက မို့မို့။ စေတီပုထိုးတွေက ကြည်ညိုစရာ မြင်ကွင်း။ ရထားကလည်း တဂျိန်းဂျိန်းနဲ့မောင်း။ စစ်ကိုင်းတံတားပေါ်က ကားလမ်းမှာ ဒေါက်တာ ဇော်မြင့်မောင် ယောက်ဖ ခမျာ ကျနော်တို့ အချုပ်တွဲ ပြတင်းပေါက်နဲ့ မယှဉ် ယှဉ်မိအောင် ဆိုင်ကယ်ကို မောင်းရင်း ဇနီးမောင်နှံကို တွေ့ပေးရတယ်။ စကားလည်း သိပ် သဲသဲကွဲကွဲ ပြောမရပါဘူး။ စစ်ကိုင်း ရွာထောင်ဘူတာမှာ နာရီဝက်လောက်နားမယ်လို့ ကြားတယ်။ အဲဒီကနေ စောင့်ပေးပါ ဆိုပြီး အော်ပြောရတယ်။ တကယ့် ရုပ်ရှင်ထဲက မြင်ကွင်းထက်တောင် ပိုတယ် လို့ ပြောချင်တယ်။ စစ်ကိုင်းရွာထောင်မှာ မိသားစုတွေနဲ့ နာရီဝက်လောက် တွေ့ခွင့် ရလိုက်ပါတယ်။

ရွှေဘို ဘူတာ ရောက်တော့ ရထားပေါ်က လုံခြုံရေးတွေက အကြံအဖန် လုပ်တယ်။ ဘူတာက တက်လာတဲ့ ခရီးသည် အချို့ကို ပုံမှန်ရထားခထက် လျှော့ပြီး ကျနော်တို့ အချုပ်တွဲပေါ်က စင်္ကြန်ပတ်လမ်းပေါ်မှာ တင်ခေါ်လာတယ်။ အဲဒီတော့လည်း ကျနော်တို့အတွက် စကားပြောဖော်တွေ ရလာတာပေါ့။ ကျနော်တို့က အချုပ်ခန်းထဲမှာ သူတို့က အပြင်က။ အချိန်ကာလ သိပ်မကြာခင်မှာပဲ အမျိုးသမီး တစ်ယောက်နဲ့ ကျတော်တို့ထဲက ကိုပိုက်တင် ဆိုသူနဲ့ အဖွဲ့ကျသွားတယ်။ ကျနော်တို့ကို နိုင်ငံရေး အကျဉ်းသားတွေ ဆိုတာ သိသွားတယ်။ သူက ကျောင်းဆရာမ ( ကျနော် နာမည် မေ့သွားတာ ခွင့်လွှတ်ပါ။) ကျောင်းအားရက်မှာ လယ်ယာသုံးပစ္စည်း အချို့ကို ရွှေဘိုကနေ မြစ်ကြီးနား တက်ရောင်းပြီး အပိုဝင်ငွေ ရှာနေရတာ။ ကျနော်တို့ကို လမ်းတလျှောက် ကူညီလိုက်တာ၊ မြတ်မယ့်ငွေ ကုန်တဲ့ အပြင် အိတ်ထဲကပါ ပါသွားရှာတယ်။ ဒီလို ပြည်သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

မြစ်ကြီးနားထောင် ရောက်တော့ တော်တော် မှောင်နေပြီ၊ ကျနော်တို့ကို ဆောက်ပြီးလို့ သိပ်မကြာသေးတဲ့ တိုက်အသစ်မှာ ထားတယ်။ ရင်ခွဲတိုက် သေးသေးလေး။ မျက်နှာချင်းဆိုင် စုစုပေါင်း ၁၀ ခန်း ရှိတယ်။ မြစ်ကြီးနားထောင်မှာ လူရွှင်တော် ကိုပါပါလေးတို့ အုပ်စုက ကျနော်တို့ထက် အစောပိုင်း ကတည်းက ရောက်နေပြီးသား။ အဲဒီအချိန်က နိုင်ငံရေး အကျဉ်းသား ဆိုလို့ စုစုပေါင်း ၁၇ ဦးလောက်ပဲ ရှိမယ် ထင်တယ်။ မြစ်ကြီးနားထောင်မှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ ပြဿနာကတော့ ထောင်ဝင်စာ အခက်အခဲပါပဲ။ ခရီးက အရမ်း ဝေးလွန်းတော့ မိသားစုတွေက တော်ရုံ မလာနိုင်ကြဘူး။ အဲဒီတော့ ကျနော်တို့မှာ အစားအသောက် အရမ်း ခက်ခဲတယ်။ တော်တော် အခက်ခဲနဲ့ကို ရင်ဆိုင်ခဲ့ရတာပါ။

ကျနော်တို့နဲ့အတူ မြစ်ကြီးနားထောင်ကို ကိုမှတ်ကြီး (ခေါ်) ကိုကျော်စိန် ဆိုသူပါ ပါလာခဲ့တယ်လေ။ အစက သူ့ကို ကျနော်ထင်တာ တခြား ရာဇ၀တ်မှုလို့ ထင်ခဲ့တာ။ နောက်မှ သိလာခဲ့ရတာ သူလည်း ကျနော်တို့လို ပုဒ်မ ၅ (ည)ပဲဗျ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ၅(ည)။ အထူးပြုပြီးပြောရတာက တခြား နိုင်ငံရေး မဟုတ်တဲ့ ပုဒ်မ ၅(ည)ဆိုတာရှိသေးတယ်- ဒါကြောင့် ခွဲပြောရတာ။ သူက ရန်ကုန်၊ စမ်းချောင်း၊ မုန့်လက်ဆောင်ကုန်း ဆိုတာမှာ နေတယ်။ မိဘတွေ မရှိတော့ဘူး။ ဘယ်လို ပြောရမလဲ သူ့ပုံစံက တမျိုးပဲ။ လုံးလုံး စိတ်ရောဂါလည်း မဟုတ်၊ လုံးလုံး လွတ်နေတာလည်း မဟုတ် (နည်းနည်းတော့ ရှိပုံရတယ်) ဒါပေမယ့် သူက အေးအေးဆေးဆေးသမား။ အပြင်မှာ အရက် အရမ်း သောက်တယ်လို့ ပြောတယ်။ အခုလည်း အမူးလွန်ပြီး ထောင်ကျလာတာ။

ဖြစ်ပုံက ဒီလို။ စမ်းချောင်းမှာ ၉၆ ကျောင်းသား လှုပ်ရှားမှု အပြီး လိုက်ဖမ်းတယ်။ ဒီလို လိုက်ဖမ်းချိန်မှာ လူထုက ရဲတွေ စစ်သားတွေကို ရရာလက်နက် (လောက်လေးတို့ ဂျင်ဂလိတို့ )နဲ့ ချောင်းမြောင်း ခုခံကြလို့ -တွေ့ရာလူကို မုန်းတီး မှုနဲ့ အဓမ္မ ဖမ်းဆီးနေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ကိုကျော်စိန်က အရက်မူးပြီး လမ်းဘေး အိပ်ပျော်နေတုန်း ကားပေါ်ပစ်တင် ဖမ်းခေါ်ခံခဲ့ရတာပါပဲ။ ( တရားခံ ရှာတဲ့ သဘောပေါ့ )။

နောက်တော့ စစ်ကြောရေးစခန်း ခေါ်သွားပြီး စစ်တယ်..တဲ့။ သူပြောပြလို့ သိရတာပါ။ နိုင်ငံရေး လုပ်လားလို့ မေးတော့ -မလုပ်ဘူးလို့ ဖြေတိုင်း သူ့ကို ရိုက်တော့တာပဲ တဲ့။ (တကယ်တော့ သူ့ ခမျာ နိုင်ငံရေး ဆိုတာကို ဘာမှန်း မသိတာပါ။) ပါတီဝင်ဖြစ်ခဲ့လားလို့ မေးတော့ သူ ဘာသိမှာလဲ။ မဟုတ်ပါဘူး ဖြေလိုက် ..အရိုက်ခံရလိုက်နဲ့။ နောက်တော့ ကြောက်လာတယ်။ လုံထိန်းတွေကို ခဲနဲ့ပေါက်တဲ့ထဲ သူပါ ပါတယ်ဆို စွပ်စွဲတယ်။ ဘယ်သူပါသေးလဲ ဆိုပြီး ဆက် စစ်တော့ သူက အရိုက်ခံရမှာ ကြောက်တာနဲ့ (တကယ်ဆို စစ်ကြောတဲ့လူတွေ သိသိကြီးနဲ့ တရားခံရှာချင်လို့ လုပ်ကြံတာပါ။) သူ့ယောက်ဖ အေးမြင့်လည်း ပါ ပါတယ်ဆို ပြောလိုက်တယ်။

အေးမြင့်ပါ အဖမ်းခံရပြီး ထောင် (၇)နှစ်စီ ချလိုက်တယ်။ အေးမြင့်ဆို ဘာမှန်းကို မသိဘဲ ထောင်ကျလာတာ။ ကိုကျော်စိန်နဲ့ ထောင်ပြောင်း ရထားပေါ်မှာ တွေ့တော့ စကားတွေ များကြရော။ ကိုကျော်စိန်က “ ငါလည်း ထပ် အရိုက်ခံရမှာ ကြောက်တာနဲ့ မင်းနာမည်ပြောလိုက်တာ” တဲ့။ တကယ်တော့ အေးမြင့်က ကိုကျော်စိန်တို့ မိသားစုကို ဒိုင်ခံ စီးပွား ရှာပေးနေသူ တစ်ယောက်ပါ။ သူပါ ထောင်ချခံလိုက်ရတော့ မိသားစုဝင်များ ခမျာ အရမ်း ဒုက္ခရောက်သွားရှာတာပေါ့။ အေးမြင့်က ငိုသံပါကြီးနဲ့ "ကျော်စိန်ရာ ..ငါ့ကိုမှ ကွက်သတိရ ရသလားကွာ .." တဲ့။

ထောင်ထဲမှာ နိုင်ငံရေးနှစ်ပတ်လည် အခမ်းအနားတွေ လုပ်ပြီဆို အများနည်းတူ ကိုကျော်စိန်က ပါဝင်လေ့ ရှိတယ်။ ( ခံယူချက်-ယုံကြည်ချက် ဆိုတာ နားမလည်ပါဘူး။ အများနဲ့ အလိုက်သင့်တော့ နေတတ်တယ်)။
ထောင်ထဲမှာ နေသွားတဲ့ ကာလ တလျှောက်လုံး သူ့ကို ကြည့်ရတာ ဘာအပူမှ မရှိဘူး။ စကားလည်း သိပ်မပြောဘူး။ သူ့ဘ၀က ဆေးလိပ်တစ်တို ရှိရင် ပြည့်စုံနေတာပဲ။ ဆေးလိပ် ပြတ်သွားပြီ ဆိုရင်တော့ အသည်းအသန် လိုက်ရှာတတ်တယ်။ တစ်နေ့ အခမ်းအနားတစ်ခု အပြီးမှာ ကျနော်က နောက်ပြီး ကိုကျော်စိန်ကို စကား ပြောခိုင်းတယ်။ သူ့အသံဝါကြီးနဲ့ ထတဲ့ပြီး.. သူ့တိုက်ခန်းထဲက လှမ်းအော်ပြောလိုက်တယ်။ “ကျနော်လည်း ဒီနေ့ကစပြီး သန်းငွေကို အပြင်းအထန် တော်လှန်တော့မယ်.. ဒါပါပဲ..” တဲ့။

“ကိုကျော်စိန် ..သန်းငွေ ဆိုတာ ဘယ်သူလဲ” လို့ ကျနော်က မေးလိုက်တော့ “မြေနီကုန်း ရဲစခန်းက နယ်ထိန်းလေ..” တဲ့။ ကျနော်တို့ ရယ်လိုက်ရတာ။

နောက်တော့ ကိုကျော်စိန်ကို ပြစ်မှု ထပ်ကျူးလွန်ရင် ကျန်နေတဲ့ ထောင်ကြွေးပြစ်ဒဏ်တွေပါ ထပ်ပေါင်းပြီး ကျခံရမယ်။ အခုတော့ လျှော့ရက်နဲ့ လွှတ်ပေးတာပါ ဆိုတဲ့ ခံဝန်ချက် လုပ်ရတဲ့ ပုဒ်မ ၄၀၁ နဲ့ ထောင်က လွှတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူ ထောင်ထဲမှာနေခဲ့တာ ၅နှစ်လောက်တော့ ရှိရော့မယ်။ (၇နှစ် ကျတာဆိုတော့ ၂နှစ် လျှော့လွှတ် လိုက်တာပေါ့။) သူ့ကို လွှတ်မယ့်နေ့က ဘာ စိတ်လှုပ်ရှားမှုမှ မရှိဘူး။ လွှတ်ဖို့ ခေါ်သွားခါနီးတောင် ကျနော်တို့ကို ဘာပြောလဲ ဆိုတော့-
“ကျနော် ထောင်ရှေ့ ခဏ လိုက်သွားလိုက်ဦးမယ်..” တဲ့။
ကျနော်က လှမ်းနောက်ပြီး “ပြီးရင် ပြန်လာမှာလား” ဆိုတော့ အခြေအနေ အရပဲ”..တဲ့။ အဲဒီလို လူပါ။

ကျနော်တို့ တော်လှန်ရေးမှာ ယုံကြည်ချက်ကြောင့် အသက်တောင် ပေးဆပ်သွားတဲ့သူတွေ - ဘ၀တွေ ပေးဆပ်သွားတဲ့သူတွေ အများကြီးပါ။ တစ်ဘက်က ကြည့်မယ် ဆိုရင်လည်း ဖြေသာပါတယ်။ ယုံကြည်မှု တစ်ခုအတွက် ပေးဆပ်ရမယ် ဆိုတဲ့ အတွေးပါ။ သို့သော်လည်း ယုံကြည်ချက် ဆိုတာ ဘာမှန်းမသိ။ နိုင်ငံရေး ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့ ကိုကျော်စိန်တို့လို( စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့) လူမျိုးကို နိုင်ငံရေးပုဒ်မကြီး တပ်ပြီး ထောင်နှစ်ရှည်လများ ချလိုက်တာဟာ မစာနာမှု တစ်ခုပါ။

ကျနော်တို့ ထောင်ချခံခဲ့ရတယ် ဆိုတာဟာ ကိုယ်လုပ်လို့ ကိုယ်ခံရတာ သိပ်ပြီးတော့ မဆန်းပါဘူး။ မှုလည်း မမှုပါဘူး။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့သူကို ဘာမှ ပတ်သက်ခြင်းမရှိဘဲ ထောင်ချရုံသာမက သူ့ပါးစပ်က ထွက်တဲ့ စကားကိုတောင် အတည်မဟုတ်မှန်း သိရက်နဲ့ အတည်ယူပြီး နောက်ထပ်တစ်ယောက် (ယောက်ဖ အေးမြင့်) ကိုပါ ထောင်ချတယ် ဆိုတာ တော်တော့်ကို ရက်စက်တဲ့ ကိစ္စပါ။

သူတို့အလှည့်ကျရင် အလွန်မှ ကြောက်တတ်ပါတယ်။ နာမည်ကျော် ပန်းချီဆရာမ ချောအိသိန်းက ကျနော့်ကို တခါက ပြောခဲ့ဖူးပါတယ်။ သူနဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ သမီး(အေးအေးသစ်ရွှေ)နဲ့က ရန်ကုန်တက္ကသိုလ်၊ ဥပဒေမှာ ကျောင်းတက်တုန်းက သူငယ်ချင်းတွေပါ။ ၈၈ဖြစ်တော့ ဦးသန်းရွှေတို့ မိသားစုတွေမှာ လုံခြုံရေးအပြည့်နဲ့ နေ နေတဲ့ အချိန်မှာတောင် “ကြွေးကြော်သံတွေကြားလေ.. ကြောက်လို့ တုန်နေတာပဲ ..” လို့ အေးအေးသစ်ရွှေက ချောအိသိန်းကို ပြောခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒေါသ ကြီးတတ်သူဟာ အကြောက်လည်း သိပ်ကြီးတတ်တယ် ဆိုတဲ့ ဗုဒ္ဓ အဆုံးအမကို သွားအောက်မေ့မိပါတော့တယ်။

အာဏာရှင် တော်တော်များများရဲ့ဖြစ်စဉ်များကို လေ့လာကြည့်မယ် ဆိုရင် တော်တော်များများဟာ အပြုံးနဲ့ ရက်စက်တတ်ပြီး.. အကြောက်တရားနဲ့ ကျဆုံးမှုကို ရင်ဆိုင်လေ့ရှိတယ် ဆိုတာ သိရပါတယ်။

"စစ်အာဏာရှင် အဘိဓာန်မှာ စာနာတယ် ဆိုတာ မရှိ။ ”



မူရင်း - ဟစ်တိုင် အင်တာနက် စာမျက်နှာ http://hittai.net

အမေရိကန်က မြို့နယ် ၁၄ ခုက မြန်မာကွန်မြူနီတီများက စစ်အစိုးရရွေးကောက်ပွဲနဲ့ ရလဒ်များကို ထောက်ခံခြင်းမရှိကြောင်း သဘောထားထုတ်ပြန်


လွန်ခဲ့သည့် အောက်တိုဘာ ၁၉ မှာကတည်းက အမေရိကန်ရောက် မြန်မာကွန်မြူနီတီများ စုစည်းပြီး စစ်အစိုးရ၏ ၀ါဒဖြန့်များနှင့် အပေါင်းအပါများနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ရန်နှင့် တချိန်တည်းတွင်ပင် စစ်အစိုးရ၏ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအပေါ်ကိုလည်း သဘောထားကြေညာချက် ထုတ်ြပန်ရန် စီစဉ်လျက်ရှိကြောင်း သတင်းတင်ဆက်ခဲ့သည်။


ယမန်နေ့ အောက်တိုဘာ ၂၀ ရက်စွဲဖြင့်၊ အင်္ဂလိပ် မြန်မာ ၂ ဘာသာနှင့် အမေရိကန် မြန်မာကွန်မြူနီတီတို့၏ စစ်အစိုးရနှင့် အပေါင်းအပါများအပေါ် သဘောထားထုတ်ပြန်ချက် ထွက်လာရာ၊ မြို့နယ် စုစုပေါင်း ၁၄ မြို့နယ်မှ မြန်မာ့အရေး လှုပ်ရှားသူ မြန်မာမိသားစုများက စစ်အစိုးရ၏ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် ထွက်ပေါ်လာမည့် ရလဒ်များကို မထောက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၇ ရက် နီးကပ်လာသည်နှင့် အမျှ ရွေးကောက်ပွဲ ထောက်ခံမှုများနှင့် ကန့်ကွက်ဆန့်ကျင်မှုများ ပြည်တွင်း ပြည်ပအနှံ့ ပြန့်နှံ့လာကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပလျက်ရှိရာ မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး လူအခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇ၀တ်မှုများကို စုံစမ်းအရေးယူရန် တိုက်တွန်း ဆွေးနွေးမှုများ ရှိနေသည်။ ထိုနည်းတူ ကမ္ဘာတ၀ှမ်းရှိ မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အဖွဲ့အစည်းများကလည်း မြန်မာစစ်သံရုံးများနှင့် စစ်အစိုးရထောက်ခံသည့် နိုင်ငံများ၏ သံရုံးများရှေ့တွင် စစ်အစိုးရနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲများ တခဲနက် တပြိုင်နက်တည်း ကျင်းပကြရန် စီစဉ်လျက် ရှိသည်။


“မြန်မာစစ်အစိုးရက ဒီမိုကရေစီရေးသမိုင်းမှန်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်။ အခု ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာတဲ့ လွှတ်တော်ကတဆင့်လည်း စစ်အာဏာရှင်စနစ် သက်ဇိုးရှည်အောင် လုပ်နေပြီ ဖြစ်တယ်။ စစ်ဝါဒဖြန့်တွေကို တွန်းလှန်ဖို့ကိုတောင် အခွင့်အရေးမရှိတဲ့ လွတ်လပ်မှုမရှိတဲ့ ပြည်တွင်းက ပြည်သူတွေမှာ သူတို့ရဲ့ ဆန္ဒမဲလက်မှတ်ကိုတောင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့အရေး ပိုင်ဆိုင်ခွင့် လုံးဝမရှိဘူး။ စစ်အစိုးရနဲ့ အလိုတော်ရိတွေရဲ့ စိတ်တိုင်းကျ ချယ်လှယ် ချုပ်ကိုင်မှုကို ခံနေကြရတယ်။ ဒါကြောင့် ပြည်တွင်းက ပြည်သူတွေကိုယ်စား ကျနော်တို့ မြန်မာမိသားစုတွေက ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်တယ်”


ဟု ၀ိုင်းဝန်းစီစဉ်ကြသူများထဲမှ ဆန်ဖရန်ဘေးဧရိယာရောက်၊ အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး တာဝန်ခံ၊ ဒီပဲယင်းလုပ်ကြံမှုကြီးရဲ့ မျက်မြင်သက်သေဖြစ်သူ ကိုတိုးလွင်က မိုးမခကို ပြောကြားလိုက်သည်။


“အခုလိုမျိုး အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ၊ တက်ကြွ စိတ်ဝင်စားသူ မြန်မာမိသားစုတွေ စုဝေးနေထိုင်ရာ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကနေပြီး အခုလုံး စုစည်းတဲ့ သဘောထား ထုတ်ပြန်နိုင်တာကို ဂုဏ်ယူမိပါတယ်။ အမေရိကန် မြန်မာကွန်မြူနီတီရဲ့ သဘောထားကို အမေရိကန်အစိုးရနဲ့တကွ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတွေ အားလုံးက သိရှိအောင် ၀ိုင်းဝန်း လက်တွဲ လာကြအောင် ဆက်လက် လှုံဆော်သွားကြရမှာ ဖြစ်ပါတယ်။“


ဟု စီစဉ်လှုံဆော်သူ တဦးဖြစ်သူ၊ ၀ါရှင်တန်ဒီစီ မက်ထရိုဒေသရောက်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူ ကိုညီညီအောင်က ဖြည့်စွက်ပြောကြားလိုက်သည်။

ယခုကဲ့သို့ အမေရိကန်ရှိ မြန်မာကွန်မြူနီတီအများစု၏ သဘောထားကို ထုတ်ပြန်လိုက်နိုင်ခြင်းကြောင့် လာမည့် ရက်သတ္တပတ်များအတွင်း အောက်တိုဘာ ၂၉ ၊ ၃၀၊ ၃၁ ရက်များကို အခြေပြုပြီး ၀ါရှင်ရှင်၊ နယူးယောက်ဒေသတို့တွင် စစ်အစိုးရနှင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္̔ဒထုတ်ဖော်လှုပ်ရှားမှုများကို ဖော်ဆောင်ကြရာတွင် ထိုဒေသရောက် မြန်မာများ၏ သဘောထား သက်သက်မဟုတ်ဘဲ ၀ိုင်းဝန်းထောက်ခံသူ အမေရိကန်ရှိ မြို့နယ် ၁၄ ခု က မြန်မာတို့၏ သဘောထားကို ကိုယ်စားပြုသည့်အတွက် စိတ်အားတက်ကြွဖွယ် အားကောင်းသည့် လှုပ်ရှားမှု ဖြစ်လာသည်ဟု ဆိုနိုင်သည်။



အမေရိကန်အရှေ့ခြမ်း မြို့ကြီးများတွင် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြမှုများ ကျင်းပကြသည့်နည်းတူ အမေရိကန်အနောက်ခြမ်း မြို့ကြီးများတွင်လည်း အလားတူ လှုပ်ရှားမှုများကို အတူတကွ ဆောင်ရွက်ကြရန် တိုင်ပင်နေကြသည်ဟု သိရသည်။

ယခုလက်ခံရရှိထားသည် သတင်းထုတ်ပြန်ချက်များအရ - တောင်ကိုရီးယား၊ ဆိုးလ်မြို့တွင် အောက်တိုဘာ ၂၄မှာ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ၊ အောက်တိုဘာ ၂၆ မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ ဂျပန်၊ တိုကျိုတွင် အောက်တိုဘာ ၂၀မှာ ယူအင်န်ရှေ့ ဆန္ဒ̔ပြပွဲ၊ အောက်တိုဘာ ၂၇မှာ ချီတက်ကန့်ကွက်ပွဲ၊ နိုဝင်ဘာ ၇မှာ သံရုံးရှေ့ ဆန္ဒပြပွဲ တို့ ပြုလုပ်မည် ဖြစ်ကြောင်း၊ ပြင်သစ်၊ ပဲရစ်မြို့ နှင့် ဂျာမဏီ၊ စတော့ဟုမ်းမြို့တို့တွင် နိုဝင်ဘာ ၇မှာ ဆန္ဒပြပွဲများ စီစဉ်နေကြောင်း၊ အမေရိကန်ပြည်၊ နယူးယောက်နှင့် ၀ါရှင်တန် ဒီစီတို့တွင် အောက်တိုဘာ ၂၉ ၊ ၃၀ မှာ ဆန္ဒပြပွဲများ ကျင်းပကြမည် ဖြစ်ကြောင်း သိရှိရသည်။ အခြားနိုင်ငံများနှင့် မြို့များက လှုပ်ရှားမှု အစီအစဉ်များကို သတင်းစုံစမ်းပြီး မိုးမခက တင်ဆက်သွားမည် ဖြစ်သည်။

အမေရိကန်ရှိ မြန်မာကွန်မြူနီတီ ၁၄ မြို့နယ်၏ သဘောထားထုတ်ြပန်ချက်ကို သည်နေရာမှာရယူနိုင်ပြီ။

ပေးပို့ ပေးသော ကိုမောင်ရစ် အားကျေးဖူးတင်ရှိပါသည်.။

နအဖ ရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲပေးလျှင် အောက်ပါအချက်အလက်များကို သတိပြုပါ လို့ပြောနေပေမယ့် မတရားတဲ့ ရွေးကောက်ပွဲ ဆိုတော့ ယုံရဘို့ခက်သား...

(၁) ယခုအချိန်မှစ၍ သက်ဆိုင်ရာကျေးရွာအုပ်စု၊ ရပ်ကွက်ကောင်မရှင်အဖွဲ့ခွဲရုံး ကြေညာထားသော မဲပေးခွင့်ရှိသူများ စာရင်းတွင် သင့်နာမည်ပါမပါ သွားရောက်ကြည့်ရှုပါ။

(၂) ဆန္ဒမဲပေးခွင့် ရှိသူစာရင်းတွင် သင့်နာမည် မပါပါက တောင်းဆိုလွှာပုံစံ (၃) ဖြင့် မဲပေးခွင့်အတွက် စာရင်းသွင်းပါ။

(၃) ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် နံနက် ၆ နာရီ အချိန်မှ စတင်၍ မဲရုံများ ဖွင့်လှစ်မည် ဖြစ်ရာ မဲပေးရန်အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားဖြင့် မဲရုံသို့ သွားပါ

(၄) မဲပေးပုံ အဆင့်ဆင့်မှာ

* မဲရုံဝင်ပေါက်မှ ၀င်၍ အမျိုးသားမှတ်ပုံတင် ကတ်ပြားကို မဲစာရင်း စစ်ဆေးသူအား ပြပါ။ မဲစာရင်းတွင်ပါသော သင့်နာမည်၏ဘေးတွင် လက်မှတ် ရေးထိုးရပါမည်။မဲစာရင်း စစ်ဆေးသူက လိုအပ်သလို စိစစ်မှု ပြုလုပ်ပါမည်။ ထို့နောက် ဆန္ဒမဲလက်မှတ် ထုတ်ပေးသူရှေ့သွားပြီး ဆန္ဒမဲလက်မှတ် ထုတ်ယူရပါမည်။
* မဲလက်မှတ်ပေါ်တွင် ရွေးကောက်ပွဲကော်မရှင် တံဆိပ်နှင့် အောက်ခြေတွင် မဲရုံမှူး လက်မှတ်နှင့် အမည် ပါရှိပါမည်
* မဲလက်မှတ်ပေါ်တွင် စွန်းပေရာ၊ ခြစ်ရာများ၊ စုတ်ပြဲရာများ ရှိပါက ပယ်မဲ ဖြစ်နိုင်သဖြင့် ပြန်လဲပေးပါရန် တောင်းဆိုရမည်
* မဲလက်မှတ်ရလျင် ရှေ့တည့်တည့်တွင် လျှို့ဝှက်ဆန္ဒပြုခန်းသို့ သွားရောက်၍ သင်ရွေးချယ်သော ကိုယ်စားလှယ်လောင်း၏ နာမည်ဘေးတွင် အမှန် အမှတ်အသား (√)ကို ထင်ထင်ရှားရှား ခြစ်ပေးခြင်းဖြင့် ဆန္ဒပြုရမည် ဖြစ်သည်။
* မဲလက်မှတ်ဖြင့် မဲပေးခြင်းသည် မည်သူက မည်သူ့ကို မဲပေးသည်ကို လုံးဝ မသိနိုင်ပါ။ သို့ပါ၍ မိမိ မဲပေးလိုသော ကိုယ်စားလှယ်၏ ဘေးကွက်လပ်တွင် အမှန်ခြစ်ကို ရဲရဲဝံ့ဝံ့ ရေးထည့်လိုက်ပါ
* ကိုယ်စားလှယ် တစ်ဦးတည်းကိုသာ အမှန်ခြစ်၍ ဆန္ဒပြုရပါမည်။ ပိုခြစ်ပါက ပယ်မဲ ဖြစ်ပါမည်။ မည်သည့် ကိုယ်စားလှယ်မျှ အမှန်မခြစ်ပါကလည်း ပယ်မဲ ဖြစ်လိမ့်မည်
* ဆန္ဒပြုပြီးလျှင် မဲလက်မှတ်ကို ခေါက်၍ လျှို့ဝှက်ဆန္ဒပြုခန်းမှ ထွက်၍ မဲပုံးထဲသို့ ထည့်လိုက်ပါ။

မှတ်ချက် ။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို အထက်ပါအတိုင်း ဆန္ဒပြုပြီးသည့်အခါ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်များ အတွက်လည်း ယင်းကဲ့သို့ ဆန္ဒပြုရန် ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ကို ဆန္ဒပြုရမည့်သူ ဖြစ်ပါက နောက်ထပ်မဲတစ်ပုံးကို ဆက်ထည့်ရပါဦးမည်။

(၅) သင်ပေးခဲ့သောမဲ တန်ဖိုးရှိမရှိကို စိတ်ဝင်စားပါက မဲရုံပိတ်ချိန် မဲရေတွက်မှုကို စောင့်ကြည့်ပါ

စလူဆိပ် ကျေးရွာ အုပ်စုတွင် စက်လှေနစ် သေဆုံးသူ ၂၂ ဦး အတွက် ထောက်ပံ့ငွေ သိန်း ၂၂၀ ကျော် ပေး

လပွတ္တာ ခရိုင် အတွင်းရှိ ပင်လယ်နှင့် နီးသော ဒေသ တစ်ခု ဖြစ်သည့် စလူဆိပ် ကျေးရွာ အုပ်စုတွင် အောက်တိုဘာလ ၆ ရက် နေ့က ဆရာမများ၊ ကျောင်းသား များနှင့် ဒေသခံ အချို့ အပါအဝင် လူ ၇၉ ဦး တင်ဆောင် လာသော စက်လှေ တစ်စီး နစ်မြုပ်၍ သေဆုံးခဲ့သူ ၂၂ ဦး အတွက် ကူညီ ထောက်ပံ့ငွေ ကျပ် ၂၂၉ သိန်း ရရှိ ထားကြောင်း လပွတ္တာ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ ထောက်ပံ့ငွေ များကို မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီး ဌာန အပါအဝင် အစိုးရ အဖွဲ့ အစည်းများ၊ လူမှုရေး အဖွဲ့ အစည်းများ၊ လပွတ္တာ အခြေစိုက် ကုမ္ပဏီ များနှင့် ဒေသခံ လုပ်ငန်းရှင် များက ဝိုင်းဝန်း လှူဒါန်း ထားခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

" မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တစ်ဦးတည်းက သိန်း ၁၁၀ လှူထား ပါတယ်" ဟု ၄င်းက ဆိုသည်။ စလူဆိပ် ကျေးရွာမှ ရပ်မိရပ်ဖ ဦးမြင့်နိုင်က ယင်း ထောက်ပံ့ငွေ ကျပ်၂၂၉ သိန်းထဲမှ သေဆုံးသူ ၂၂ ဦး အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်ရှစ်သိန်းခွဲမှ ကိုးသိန်း အထိ ပေးအပ် ထားပြီး ဖြစ်ကြောင်း၊ ရက်လည် ဆွမ်းသွတ်သည့် အောက်တိုဘာလ ၁၂ ရက်နေ့ ကလည်း ရွာရှိ အလယ်တန်းကျောင်း (Cyclone Shelter) တွင် ကွယ်လွန်သူ ၂၂ ဦး အတွက် ရည်စူး၍ ရက်လည် ဆွမ်းကျွေး ခဲ့ကြောင်း၊ ယင်းအတွက် ကုန်ကျစရိတ် လေးသိန်းခန့် ကိုလည်း အဆိုပါ ထောက်ပံ့ ငွေများ ထဲမှပင် ကျခံ သုံးစွဲ ခဲ့ကြောင်း ရှင်းလင်း ပြောဆိုသည်။ "

သေဆုံး သူတွေ အတွက် ထောက်ပံ့ငွေ တွေ ထပ်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု ၄င်းက ဆိုသည်။ စလူဆိပ် ချောင်းရိုးတွင် အောက်တိုဘာလ ၆ ရက်နေ့က ဖြစ်ပွား ခဲ့သည့် စက်လှေ တိမ်းမှောက်မှု တွင် စလူဆိပ်ရွာမှ ၁၇ ဦး၊ ပဒဲကော ရွာမှ နှစ်ဦးနှင့် ပိတောက်ကုန်း ရွာမှ သုံးဦး စုစုပေါင်း လူ ၂၂ ဦး သေဆုံးခဲ့ ရသည်ဟု
The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

ဗဒတ တပ်ပေါင်းစု၏ရွေးကောက်ပွဲဆန့် ကျင်ရေးလှုပ်ရှားမှု




ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်း စုအဖွဲ့ကြီး၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ၊ SAFFRON GENERATION၊ NEW GENERATION၊ မြေလတ်ကျောင်းသားများ အဖွဲ့ တို့ဖြင့် သြဂုတ်-စက်တင်ဘာလတို့တွင် ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ပါသည်။

သံဃာ၊ ကျောင်းသား လူငယ်အင်အားစုများ တပ်ပေါင်းစုဖွဲ့၍ ၂၀၁၀ ရွေးကောက်ပွဲ ပြတ်ပြတ်သားသား ဆန့်ကျင် သည့်လှုပ်ရှားမှုများကို ရန်ကုန်မြို့ နေရာအနှံ့အပြင်၊ မြန်မာနိုင်ငံအတွင်းရှိ တချို့မြို့များတွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ယခုလည်း တပ်ပေါင်းစု(ဗဒတ)သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက် နှင့် ၁၇ ရက်(စနေ၊ တနင်္ဂနွေ) နေ့များတွင် ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့သည့် “ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အခွင့် အရေးရှိသလို မဲမပေးပဲ နေနိုင်တဲ့ အခွင့်ရေးလည်း ရှိတယ်” စာသား ပါရှိသော ပို့စကဒ်များကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၂၀) မြို့ နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး လှုပ်ရှားမှု တရပ် အဖြစ် ပြုလုပ်ခဲ့ကြ ကြောင်း သိရပါသည်။ အဓိက ဖြန့်ချိခဲ့ သည့် မြို့နယ်များမှာ မရမ်းကုန်းမြို့နယ်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ ဒဂုံ၊ ပုဇွန်တောင်၊ ကျောက်တံတား၊ တာမွေ၊ တောင်ဥက္က လာပ၊ သန်လျင်၊ ကျောက်တန်းနှင့် သုံးခွ စသည့်မြို့နယ်များဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဗဒတ တပ်ပေါင်းစုတွင် ပါဝင်ကြသော လူငယ်၊ ကျောင်းသားအင်အားစုများသည် အဆိုပါ ပို့စကဒ်ပေါင်း တစ်သောင်းခြောက်ထောင်ကျော်ကို ရန်ကုန်မြို့ရှိ လူနေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၊ လမ်းမများ၊ ရုပ်ရှင်ရုံများတွင် နည်းအမျိုးမျိုးဖြင့် ပြည်သူများထံ ဖြန့်ကြဲဝေငှခဲ့ကြကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)အနေနဲ့ နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲမှာ မဲလုံးဝ မပေးရေး ပို့စကဒ် ဖြန့်ဝေတဲ့ လှုပ်ရှားမှု လုပ်ရသည့် ရည်ရွယ်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ တွင် ပယ်မဲပေးတာနဲ့ လုံးဝ မဲသွားမပေးသည့် ကွာခြားချက် တို့ကို ဗကသများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းအဖွဲ့မှ ဆက်သွယ်မေးမြန်းခဲ့ရာ တပ်ပေါင်းစု ပြောရေး ဆိုခွင့်ရှိသူ ကိုရန်နိုင်က ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။

“ကျနော်တို့က ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မဲမထည့်ဖို့ နှိုးဆော်တဲ့ အနေနဲ့ ဒီပို့စကဒ်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တာပါ။ အဲဒီ လှုပ်ရှားမှု လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခုချိန်မှာ ပြည်သူတွေက ၀ိုးဝါးနေတယ်ဗျာ။ ဘယ်ပါတီကို မဲထည့်ရမှန်း မသိဘူး၊ ဘာလုပ်ရမှန်း မသိဘူး၊ ဘယ်လိုဆောင်ရွက်ရမှန်း မသိဘူး ဖြစ်နေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ပြည်သူလူထုအနေနဲ့ မဲလည်း ပေးပိုင်ခွင့် ရှိသလို မဲမပေးပဲ နဲ့လည်း နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ အသိ၊ ပြည်သူတွေ တဦးတယောက်ချင်းစီမှာ အခွင့်အရေး ရှိတယ်ဆိုတဲ့အသိကို ပြည်သူတွေအထဲမှာ ပြန့်နှံ့သွား အောင် သိရှိသွားအောင် အဲဒါကို နှိုးဆော်တဲ့အနေနဲ့ ကျနော်တို့ ဆောင်ရွက်ခဲ့တာပါ။”


“တချို့နေရာတွေမှာတော့ ကြံ့ဖွတ်တွေရဲ့ စည်းရုံးမှုကတကြောင်း၊ နအဖအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကတကြောင်း၊ တဖက်ကလည်း ရယက တွေ မယကတွေ စစ်အာဏာရှင်တွေရဲ့ ဖိအားပေးမှုကတကြောင်း ပြည်သူလူထုက မဲမပေးပဲ မနေရဲလို့ မဲရုံကိုသွားမယ်၊ သွားပြီးတော့ အဲဒီမဲတွေကို ပေးတဲ့အခါမှာလည်း ပယ်မဲဖြစ်အောင် ပေးလိုက်မယ် ဆိုပြီးတော့ ပြောတာဆိုတာတွေ ကျနော်တို့ သိရပါတယ်။ ဒါပေမယ့် ကျနော် ပြောချင်တာ ဘာအဓိကလည်း ဆိုတော့ အဲဒီလို မဲရုံကို သွားလိုက်ပြီးဆိုတာနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုကနေ အသိအမှတ်ပြုတယ်ဆိုပြီတော့ စစ်အာဏာရှင်တွေက ပြောမှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုက အသိအမှတ်ပြုတယ်၊ ပါဝင်ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီးတော့ အသိအမှတ်ပြုရာ ရောက်တယ်။ သူတို့မှာ အဲဒီလို ဖြစ်စေချင်တဲ့ဆနတွေ ရှိတယ်။ အဲဒီလို ရှိတဲ့အခါကျတော့ အဲဒီလို အဖြစ်မခံနိုင်လို့ ပြည်သူလူထု အနေနဲ့ မဲရုံကို လုံးဝမသွားပဲနဲ့ တတ်နိုင်သလောက်နေမယ်၊ မဲမပေးပဲနဲ့ တတ်နိုင်သလောက်နေမယ်၊ နေပြီးတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အတွက်ကို ပြည်သူကို မဲမပေးဖို့အတွက်ကို ကျနော်တို့က နှိုးဆော်တာ။ နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့၊ မြန်မာနိုင်ငံ ပြည်သူလူထုကြီးရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြည်သူတိုင်းဟာ မဲပေးပိုင်ခွင့် ရှိသလို မဲမပေးပဲ နေနိုင်ခွင့်ရှိတယ် ဆိုပြီးတော့ ပြောဆိုတယ်။ ဒီစကားကလည်း ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပဲနဲ့ တခြားလူ ပြောသွားလည်း ကျနော်တို့ က လက်ခံရမှာပဲ။ ဒါဟာ မှန်တယ်၊ မျှတတယ်။ ဒါကြောင့် ဒါကို လက်ခံရမယ်။ လက်ခံပြီးတော့ ကျနော်တို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ လုံးဝမဲမပေးပဲနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သွားဖို့ကို ပြည်သူလူထုအနေနဲ့က လုပ်ပိုင်ခွင့်ရှိတယ်။ ဒါ ပြည်သူတဦးတယောက်ချင်းစီရဲ့ လုပ်ပိုင်ခွင့်ပါ။ ဒီလုပ်ပိုင်ခွင့်ကို ပြည်သူတွေအနေနဲ့ အကျိုးရှိရှိနဲ့ ဒီအချိန်မှာ အသုံးချဖို့ လိုအပ်တယ်လို့ ပြောချင်တယ်

သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းအဖွဲ့မှ လူငယ်ကျောင်းသားအင်အားစုများသည် ယခုကဲ့သို့ ညီညီညွတ်ညွတ်နှင့် တပ်ပေါင်းစုဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကို မဲမပေးဘဲ သပိတ်မှောက်ရေး ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်လာကြသည့် အခြေအနေနှင့်ပတ်သက်၍ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။


“ကျနော်တို့က အရင်ကတည်းက ကျောင်းသားထု ခေတ်အဆက်ဆက်က စစ်အစိုးရကို ဆန့်ကျင်ခဲ့တာလေ။ မတရားတာတွေ့ရင်တော့ ဂရုကို မစိုက်ပဲ ဆန့်ကျင်ခဲ့တာ။ ကျနော်တို့ ကျောင်းမဖွင့်ခင်ကတည်းက ကျောင်သားအဖွဲ့တွေက သူဟာနဲ့သူ ဒီ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို လုပ်နေကြတယ်။ ခု တပ်ပေါင်းစု ဖွဲ့လိုက်တဲ့အချိန်မှာ ဘယ်လို ဖြစ်လာကြလဲဆိုတော့ ကျနော်တို့ လူငယ် အင်အားတွေ ကျောင်းသားအင်အားတွေ စုစုစည်းစည်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့လုပ်ငန်းတွေ အများကြီး ပိုပြီး လုပ်လာနိုင်တယ်။ ပိုပြီး အားရကျေနပ်မှု ရှိလာတယ်။ ပိုပြီးလည်း ထိရောက်လာတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ၂၀၁၀ ရွေးကောက်ပွဲ တခုတည်းမှ မဟုတ်ဘူး။ ကျနော်တို့ တပ်ပေါင်းစု ဖွဲ့လိုက်တာက၊ လူငယ် ကျောင်းသား အင်အားစုတွေက ကျနော်တို့ ရည်မှန်းချက်က ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားပြီ၊ ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလမှာလည်း ၂၀၀၈ အခြေခံဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြည်သူမကြိုက်တဲ့ အချက်တွေကို ပြင်လို့ရအောင် လုပ်မယ်။ ကျနော်တို့ မကြိုက်တဲ့အချက်တွေ ပြင်ပေးပါ ဆိုပြီးတော့ ဆက်ပြီးတော့ လှုပ်ရှားမှုတွေ လုပ်မယ်။ ဥပမာအားဖြင့် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်အမိန့်နဲ့ သူရဲ့နာမည်စာရင်း တင်လိုက်တဲ့ သူတွေ လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါတယ်ဆိုတဲ့ အဲဒီလိုမျိုးအချက်တွေကို ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလ တွေမှာလည်း တပ်ပေါင်းစုကျောင်းသားလူငယ်တွေအနေနဲ့ ဒီဟာကို ဆက်ပြီး ဆန့်ကျင်သွားဖို့ အစီအစဉ်တွေ ရှိတယ်။ ပိုပြီးလည်း ထိထိရောက်ရောက် လုပ်လာ နိုင်မယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်


ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)၏ အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်သော New Generation အဖွဲ့သည် ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပါသည်။

New Generation အဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး လှုပ်ရှားမှုအဖြစ် ဗဒတ တပ်ပေါင်းစုမှ ထုတ်ဝေ သော မဲမပေးရေး ပို့စကဒ်များ၊ လက်ကမ်းစာစောင်များကို အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်ရှိ ပေါက်ခေါင်းမြို့၊ မြေပုံမြို့၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် စစ်တွေမြို့တို့တွင် အနှံ့အပြားဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဗကသများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ) သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းအဖွဲ့မှ ဆက်သွယ်မေးမြန်း ခဲ့ရာတွင် New Generation အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပံသုဆန်က ယခုလို ပြောကြားခဲ့ပါသည်။

“ဗဒတအနေနဲ့ပေါ့ ကျနော်က ရခိုင်ပြည်နယ်က New Generation ကဆိုတော့ ရခိုင်ပြည်နယ်အတွင်းမှာ လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ စလုပ်တာကတော့ အောက်တိုဘာလ ၅ ရက်၊ ၆ ရက်နေ့မှာပေါ့၊ ရခိုင်ပြည်နယ်ရဲ့ ပေါက်ခေါင်းမြို့၊ ပြီးတော့ ၇ ရက်၊ ၈ ရက်မှာကျလို့ရှိရင် မြေပုံမြို့၊ ၃ ရက်၊ ၄ ရက်ကတော့ ကျောက်တော်၊ ၉ ရက်၊ ၁၀ ရက်နေ့က ပုဏ္ဏား ကျွန်း၊ ပြီးတော့ ၁၁၊ ၁၂၊ ၁၃ ဆိုရင် စစ်တွေမြို့နယ်တ၀ိုက်ပေါ့ အဲဒီ့မှာ လုပ်ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးရေးလှုပ်ရှားမှုတရပ်ပေါ့။ အဲဒီလို လုပ်တယ်၊ ပြီးတော့ WLB ကဖြန့်ချိထားတဲ့အခွေတွေပေါ့နော် တပ်မတော် ပြည်သူပူးပေါင်းရေး လုပ်ငန်းအခွေတွေကို ကျနော်တို့ ဖြန့်ဖြစ်ပါတယ်။”

20 October 2010

ရန်ကုန်တိုင်းဒေသကြီးအတွင်းပျော်ပွဲရွှင်ပွဲများနှင့်စတိတ်ရှိုးပွဲများ ပြုလုပ်ခွင့်ပါမစ်ကိုနိုဝင်ဘာလ ၁ ရက်နေ့မှ စပြီးခေတ္တရပ်ဆိုင်းထားမည်ဆိုပါလားဗျို့

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပျော်ပွဲရွှင်ပွဲများ၊ စတိတ်ရှိုးပွဲများလုပ်ခွင့် ပါမစ်များကို ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ပျော်ပွဲရွှင်ပွဲများနှင့် စတိတ်ရှိုးလုပ်ပိုင်ခွင့် အမိန့်ကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း ရိုးရာမပျက် ကျင်းပသည့် ပွဲတော်များနှင့် လုံခြုံရေး အာမခံချက် ပေးနိုင်သည့် ပွဲများကိုသာ လုပ်ပိုင်ခွင့် စဉ်းစားချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ညဘက်လူစည်ကားရာ နေရာဖြစ်သည့် စားသောက်ဆိုင်ကြီးများနှင့် နိုက်ကလပ်များအားလုံး ယာယီ ပိတ်ထားရမည် ဆိုခြင်းမှာလည်း မဟုတ်မမှန်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ''အခုအပြင်မှာ ပြောနေကြတဲ့ လူအများအပြားလာတဲ့ စားသောက်ဆိုင်တွေအားလုံး ခေတ္တ ပိတ်ထားရမယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ထုတ်ပြန်ချက်လည်း အခုချိန်ထိ မရှိသေးဘူး။ဒါပေမယ့် နိုဝင်ဘာလ ၁ ရက်နေ့က စပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ၊ စတိတ်ရှိုးပွဲတွေကို ပြုလုပ်ခွင့်တွေကို ယာယီရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရာမပျက် ကျင်းပမယ့် ပျော်ပွဲရွှင်ပွဲတွေ၊ လုံခြုံရေးကို ထိန်းသိမ်းနိုင်မယ့် ပွဲတွေကိုတော့ ပြုလုပ်ခွင့် စဉ်းစားပေးသွားမယ်။ ဘယ်အချိန်လောက်မှာပဲ ပျော်ပွဲရွှင်ပွဲတွေ၊ စတိတ်ရှိုးပွဲတွေရဲ့ လုပ်ခွင့်ကို ပြန်လည် ခွင့်ပြုသွားမယ် ဆိုတာကိုတော့ မသိသေးပါဘူး''ဟု ပြောကြားခဲ့သည့်သတင်းအား news-eleven. ဂျာနယ်တွင် ဖော်ပြထားပါသည်။

နအဖရဲ့မတရားတဲ့ ၂၀၁၀ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်တစ်သီးပုဂ္ဂလအမတ်လောင်းအချို့ ခန်းမငှားရန် အခက်တွေ့

နိုင်ငံရေးပါတီများအတွက် မြန်မာ့ရုပ်/သံမှ နှစ်ကြိမ်စီ ဟောပြောထုတ်လွှင့်ခွင့်ရရှိထားသော်လည်း တစ်သီးပုဂ္ဂလအမတ်လောင်း တို့အတွက် မူ ဤသို့အခွင့်မရသောကြောင့် အများပြည်သူ တို့ကို ဟောပြောလိုသည့်အခါ အများပြည်သူ နှင့် သက်ဆိုင်သော ခန်းမများ၊ ဓမ္မာရုံများကိုသာ အားထား ငှားရမ်းကြရတော့မည်ဖြစ်သည်။

သို့ရာတွင် အချို့မဲဆန္ဒနယ်များရှိ ခန်းမတို့သည် နိုင်ငံရေးပါတီတို့အား မငှားရမ်းလိုကြ ခြင်းနှင့် ပုံမှန်ငှားခထက် ပိုများသောနှုန်းထား များ ပြင်ဆင်သတ်မှတ်ထားခြင်းတို့လည်း ပေါ်ပေါက်လျက်ရှိသည်ဟု တစ်သီးပုဂ္ဂလအမတ်လောင်းအချို့ထံမှ ကြားသိရသည်။

"ကျွန်တော်ဝင်ပြိုင်မယ့် ချမ်းအေးသာစံ မဲဆန္ဒနယ်မှာတော့ ခန်းမငှားတဲ့ ခုနစ်နေရာလောက်က နိုင်ငံရေးမဲဆွယ် ဟောပြောဖို့ဆိုရင် မငှားရဲ ဘူးလို့ အကြောင်းပြန်တယ်။

"ကျွန်တော်တို့လို တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းတွေက မြန်မာ့ရုပ်/သံကလည်း ဟောပြောခွင့်မရှိ၊ အခုလို ဟောပြော စရာနေရာလည်း ငှားလို့မရဆိုတော့ စဥ့်အိုးထဲခေါင်းသွင်းပြီး အော်ရုံပဲရှိတော့တယ်"ဟု မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးစိန်လှက ပြောသည်။

မန္တလေးမြို့၊ လမ်း ၈၀ ပေါ်ရှိ ယူနန်ဘုံကျောင်း၊ ဘူတာကြီးအနီးရှိ မင်္ဂလာခန်းမအချို့နှင့် အထက် မြန်မာပြည် ဆရာဝန်များ အသင်းတိုက်အပါအ၀င် ချမ်းအေးသာစံ မဲဆန္ဒနယ်အတွင်း ဟောပြော ခွင့်ရနေရာများအဖြစ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည်ဟု သိရသော အဆိုပါခုနစ်နေရာစလုံးက ၎င်း၏စုံစမ်းငှားရမ်း မှုကို ငြင်းဆိုခဲ့ကြသည်ဆို၏။

ချမ်းအေးသာစံမြို့နယ်သည် မန္တလေး၏ ဗဟို အချက်အချာဒေသဖြစ်သောကြောင့် အဆိုပါ ခန်းမများက ပါတီနိုင်ငံရေးလှုပ်ရှား မှုများနှင့် မပတ်သက်လိုသဖြင့် ဤသို့ငြင်းဆိုခြင်းဖြစ်နိုင် သည်ဟု ဦးစိန်လှက သုံးသပ်ပြောဆိုသည်။

မန္တလေးဒေသ၏ အချက်အချာမဟုတ်သော အမရပူရမဲဆန္ဒနယ်တွင်မူ ခန်းမငှားရမ်းစရာပင် မလိုဘဲ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေး ကောက်ပွဲကော်မရှင်တို့က ဟောပြောခွင့်ရနေရာများ စီစဉ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

"ကျွန်တော့ မဲဆန္ဒနယ်ဖြစ်တဲ့ အမရပူရမြို့ နယ်မှာတော့ ကျေးရွာတွေကိုပဲ လှည့်လည် စည်းရုံးနေတာဖြစ်လို့ ခန်းမတွေ ငှားစရာ မလိုပါဘူး။ 'ပြည်သူ့စုစည်းခန်းမ'လို့ အမည်ပေး သုံး နှုန်းထားတဲ့ ဓမ္မာရုံတွေ၊ ဘော်လီဘောကွင်းနဲ့ ဘောလုံးကွင်းလိုနေရာတွေကို ကျေးရွာရွေး ကောက်ပွဲကော်မရှင်က အနည်းဆုံး နှစ်နေရာ လောက် စီစဉ်ပေးပါတယ်။ အဲဒီအစီအစဉ်ကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရပါတယ်။ လူစည်ကားရာ မြို့လယ်ကောင်တွေမှာ ကျတော့ ခန်းမပိုင်ရှင်တချို့က အကြောက်တရား တွေရှိနိုင်လို့ မငှားရဲကြတာတွေရှိမှာပါ"ဟု မန္တလေးခရိုင်၊ အမရပူရမဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၀င်ရောက် ယှဉ်ပြိုင် မည့် တစ်သီးပုဂ္ဂလအမတ်လောင်း ဒေါက်တာသန်းမြင့်က ဖုန်းဖြင့်ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါက်တာ ဖုန်းဝင်းက "ကျွန်တော့မိတ်ဆွေတွေ သွားငှား ကြတော့ ခန်းမလုပ်ငန်းရှင်တွေက ငှားမယ်၊ မငှားဘူး မသေချာသေးဘူးလို့ ပြန်ဖြေကြသတဲ့။ ပြီးတော့ အရင်တုန်းက အခမဲ့ဟောပြောလို့ရတဲ့ ခန်းမတွေကလည်း ငှားခတွေ သတ်မှတ်လိုက်ကြတယ်။

"နေရာတချို့က အရမ်းခေါင်လွန်းတယ်။ အဲဒီလိုနေရာတွေမှာ ဟောပြောနိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေပါ ချထားပေးဦးမယ်လို့ လည်း ပြောတော့ ကျွန်တော်တို့က လောလောဆယ်မှာ ဟောပြောဖို့ ခန်းမမငှားသေးပါဘူး" ဟု ၎င်းက ဖြေကြားသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)နှင့် မဟာမိတ်ဖွဲ့ ထားကြသော တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ခြောက်ဦးထဲတွင် အပါအ၀င် ဖြစ်သည့် ဒေါက်တာဖုန်းဝင်းအနေဖြင့် ၎င်း၏မဟာမိတ်များ အသုံးပြုလျက်ရှိသော 'ပြည်သူလူထု ကိုယ်တိုင် ပူးပေါင်းပါဝင်လာစေ သည့်နည်း'ကို ကိုင်စွဲ ထားသောကြောင့် လတ်တလော၌ ခန်းမငှားရန် မလိုအပ်သေးဟု ဖြည့်စွက်ပြောကြားသည်။

"လောလောဆယ်တော့ လူထုရဲ့ အသံနဲ့ လူထုကပြောတာတွေကိုပဲ နားထောင်မှတ်သားနေပါတယ်။ သူတို့ဘက်က မေးစရာတွေများ လာတဲ့အချိန်ရောက်ရင် သူတို့ကို ပြန်လည်ဖြေကြား ဟောပြောနိုင်ဖို့အတွက် သူတို့အများစု လာရောက်နားထောင်နိုင်မယ့်နေရာကို စီစဉ်ရမှာပါ"ဟု ဒေါက်တာဖုန်းဝင်းက ပြောသည်ဟုမြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်.။


အာဏာပိုင်နအဖက မဲရုံလုံခြုံရေးအတွက် မီးသတ်နဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေကို အသုံးချတော့မယ်။



နအဖက မဲရုံတွေမှာ မဲရုံလုံခြုံရေးအတွက် မီးသတ်နဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေကို တာဝန်ပေးမယ်ပြောတဲ့အတွက် နအဖရဲ့  အသုံးချမှုကို မခံကြဖို့  မြန်မာနိုင်ငံက မီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့  ကြက်ခြေနီအဖွဲ့ ဝင်များကို ပြောကြားလိုပါတယ်။

ဒီလိုမျိုး မီးသတ်အဖွဲ့ ဝင်တွေ ကြက်ခြေနီအဖွဲ့ ဝင်တွေကို တစ်ပါတီအာဏာရှင်စနစ်နဲ့  အုပ်ချုပ်ခဲ့တဲ့ နေ၀င်းရဲ့  မဆလပါတီအုပ်ချုပ်မှုလက်ထက်မှာလည်း မဲပေးပွဲတွေမှာ တာဝန်ပေးခဲ့တာ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလိုမျိုး နအဖတွေလို လုံခြုံရေးတာဝန်ပေးခဲ့တာမျိုးတော့ မဟုတ်ပါဖူး။ မဲပေးပွဲမှာ မဲဆန္ဒလာပေးကြတဲ့သူတွေရဲ့  ကျန်းမာရေးအတွက် ကြက်ခြေနီအဖွဲ့ ဝင်တွေက စောင့်ရှောက်ပေးရပါတယ်။ ထို့ အတူ မီးသတ်တပ်ဖွဲ့ ဝင်တွေကလည်း မီးဘေးမတော်တစ်ဆ မဖြစ်ရအောင် စောင့်ကြည့်ပေးနေရတာမျိုး တာဝန်ပေးခံရတာပါ။

မဆလခေတ်က လုံခြုံရေးအတွက် တာဝန်ပေးတာကတော့ မဆလခေတ်က ရပ်ကွက်ကောင်စီဝင်တွေ ရဲတွေ ဖြစ်ပါတယ်။ မဲပေးပွဲအတွက် မဲလာပေးတဲ့သူတွေကို မဲပေးတဲ့နေရာမှာ အစစအရာရာ ကူညီပေးဖို့ အတွက် လုပ်အားပေးအနေနဲ့  ကျောင်းဆရာဆရာမတွေကို မဲရုံမှာ ကူညီလုပ်အားပေးခိုင်းပါတယ်။ မီးသတ်အဖွဲ့ ဝင်တွေ ကြက်ခြေနီအဖွဲ့ ဝင်တွေကတော့ ကိုယ်နဲ့ ဆိုင်တဲ့ မီးအန္တရာယ်ကာကွယ်ပေးရေး ကျန်းမာရေးဆိုင်ရာတွေအတွက် ကူညီပေးဖို့  မဲရုံတွေကို ပုံမှန်လိုက်ကြည့်ပေးရတာ လုပ်ရပါတယ်။

နအဖရဲ့  လက်ကိုင်ဒုတ် ရွေးကောက်ပွဲကော်မရှင်က ပြောကြားချက်အရ အခုလိုမျိုး နအဖက မီးသတ်အဖွဲ့ ဝင်တွေနဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေကို မဲရုံလုံခြုံရေးတာဝန်ပေးမယ်ဆိုတာ မီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေနဲ့ မဆိုင်တဲ့ အလုပ်တွေကို လုပ်ခိုင်းတာပါဘဲ။ ပြောရရင်တော့ နအဖရဲ့  အာဏာသက်ဆိုးရှည်ရေးအလုပ်တွေမှာ အသုံးချတာပါဘဲ။ ဒီထက်ပိုပြောရရင်တော့ မီးသတ်နဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေရဲ့  အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုတဲ့ ပရဟိတစိတ်ထားတွေကို နွားတွေ နဖားထိုးသလို အသုံးချတာပါဘဲ။ မီးဘေး သဘာဝဘေးအန္တရာယ်တွေ ကျရောက်တာမျိုးတို့  ပြည်သူ့ ကျန်းမာရေးလုပ်ငန်းတို့ အတွက်ဆိုတာမျိုးကိုသာ မီးသတ်တပ်ဖွဲ့ ဝင်တွေ ကြက်ခြေနီအဖွဲ့ ဝင်တွေက လုပ်ဆောင်ရမှာပါ။

ထပ်ပြောရရင်တော့ နအဖတွေ သူတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီးမှာ မဲရုံလုံခြုံရေးအတွက်ဆိုရင် ရဲတွေ စစ်တပ်တွေကို ယူနီဖောင်းတွေနဲ့  ပေါ်တင် လုံခြုံရေးစောင့်ခိုင်းရင် အများအမြင်မှာ ပေါ်ပေါ်ထင်ထင်ကြီးဖြစ်မှာစိုးလို့  မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့ ဝင်တွေကို ခေါင်းငှားခံခိုင်းတာပါဘဲ။ ပြည်သူ့ ချဉ်ဖတ်ဘ၀ရောက်အောင်ကို မီးသတ်နဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေကို နအဖက ထပ်ပြီးထိုးကျွေးလိုက်တာပါဘဲ။

မြန်မာနိုင်ငံ မီးသတ်အဖွဲ့ ဝင်တွေနဲ့  ကြက်ခြေနှီအဖွဲ့ ဝင်တွေကို ပြောကြားလိုတာကတော့ မိမိတို့ ရဲ့  အဓိကတာဝန်ဖြစ်တဲ့ မီးဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ပေးရေးနဲ့  ရှေးဦးသူနာပြုလုပ်ငန်းတွေကိုသာ ဆောင်ရွက်ပေးလိုတဲ့ အများအကျိုးသယ်ပိုးပေးလိုတဲ့ မိမိတို့ ရဲ့  ပရဟိတစိတ်ထားမွန်မြတ်ကို နအဖအာဏာရူးတွေက သူတို့ အာဏာသက်ဆိုးရှည်ရေးအတွက် အသုံးချတာ မခံကြဖို့  အထူးတိုက်တွန်းပြောကြားလိုပါတယ်။

19 October 2010

မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာပါတီနှစ်ခု မဲဆွယ်စည်းရုံးစဉ်ရိုက်ပွဲဖြစ်ရာရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၁၄၄အမိန့်ထုတ်ထား

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာတွင် ပါတီနှစ်ခု မဲဆွယ် စည်းရုံးစဉ် ရိုက်ပွဲ ဖြစ်ပွား သဖြင့် ယခုအခါ ပုဒ်မ ၁၄၄ ကို ထုတ်ထားပြီး ၅ ယောက်ထက် ပိုမစုရဟု ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ထုတ်ထားသည်ဟု သတင်း ရရှိသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူ တစ်ဦးက“ လွန်ခဲတဲ့ စနေနေ့ ညနေပိုင်းမှာ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီက ခမောင်းဆိပ် ကျေးရွာမှာ မဲဆွယ် စည်းရုံးနေစဉ် ကြံ့ဖွတ်ပါတီက လာနှောင့်ယှက်တဲ့ အတွက် တဖွဲ့နဲ့ တဖွဲ့ အကြီးအကျယ် ရိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေ့က စပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၁၄၄ ထုတ်ပြီး ၅ ယောက်ထက် ပိုမစုရ ဆိုပီး အမိန့်ထုတ်ထားပါတယ်” ဟု ပြောသည်။

ခမောင်းဆိပ် ကျေးရွာမှာ မောင်တောမြို့မှ မြောက်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိပြီး မွတ်ဆလင် ဘာသာဝင် အများစု နေထိုင်သော ကျေးရွာ ဖြစ်ကြောင်း သိရသည်။

“ အခု လက်ရှိ အခြေအနေမှာ မောင်တောမြို့နယ်မှာ ရှိတဲ့ ပြည်သူတွေက အပြင်ပေါ်ဆိုရင် ကြံ့ဖွတ် ပါတီကို အားပေးတယ်လို့ ထင်ရပေမယ့် တကယ်တန်း မွတ်ဆလင် လူထု ထောက်ခံနေတာက အစိုးရနဲ့ မဆိုင်တဲ့ အမျိုးသားဖွံဖြိုးရေး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ ဖြစ်ပါတယ်။ ဒါကို ကြံ့ဖွတ်ပါတီက သိနေတဲ့ အတွက် နေရာတိုင်းမှာ လိုက် အနှောင့်အယှက်ပေးနေတော့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီက နောက်ဆုံး မခံမရပ်နိုင်ဖြစ်ပြီး ခုလို ရိုက်ပွဲ ဖြစ်ပွားတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

မောင်တောမြို့နယ်တွင် ပါတီများ စတင်မဲဆွယ် စည်းရုံးချိန်မှ စတင်ပြီး ကြံ့ဖွတ်ပါတီဝင်များနှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီတို့ အကြား အနည်းဆုံးရိုက်ပွဲ ၇ ပွဲခန့် ဖြစ်ပွားခဲ့ပြီ ဖြစ်ကြောင်းနှင့် ထိုအထဲတွင် မောင်တောတောင်ပိုင်းတွင် မြင်းလွှတ်ကျေးရွာနှင့် သပြေတော ကျေးရွာများတွင်လည်း ရိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လွန်ခဲ့သော အပတ်ကလည်း မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာတွင် ကားသုံးစီးဖြင့် မဲဆွယ် စည်းရုံးရန် လာရောက်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ရွာအ၀င်တွင် ကြံ့ဖွတ်ပါတီဝင်များက ကန့်ကွက် ဆန္ဒပြခဲ့ကြသဖြင့် မဲဆွယ်စည်းရုံးရေးကို တခြားကျေးရွာ တစ်ခုတွင် ရွှေ့ပြောင်း လုပ်ဆောင်ခဲ့ရသည်။

ယခု ခမောင်းဆိပ်တွင် ဖြစ်ပွားသော ရိုက်ပွဲမှာ အပြင်းထန်ဆုံး ဖြစ်သဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်။

ခမောင်းဆိပ်ရွာတွင် အိမ်ခြေပေါင်း ၁၈၀၀ ကျော်ရှိပြီး မဲထည့်နိုင်သူ လူပေါင်း ၆၀၀၀ ကျော်ရှိကြောင်း သိရသည်။ မောင်တော တမြို့နယ်လုံးတွင် မဲရုံပေါင်း ၂၇၄ ရုံရှိပြီး ခမောင်းဆိပ် ကျေးရွာတွင် မဲရုံ (၆) ရုံ ရှိမည်ဟု သိရသည်။

မောင်တောမြို့နယ်တွင် လာမည့် ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရသူ အရေအတွက်မှာ ၂၅၇၃၆၄ ဦး ရှိကြောင်း သတင်း ရရှိသည်။

မောင်တောမြို့နယ်တွင် ယှဉ်ပြိုင်ကြမည့် ပါတီ ၄ ပါတီ ရှိပြီး အဆိုပါ ပါတီများမှာ တစည၊ ကြံ့ဖွတ်၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ပါတီတို့ ဖြစ်ကြသည်။

သတင်း...နိရဉ္စရာ

နအဖရဲ့ မတရားတဲ့၂၀၁၀ ရွေးကောက်ပွဲ၏ သတင်းအစုံ ရုပ်သံ



ပြည်ပသတင်းသမားတွေနဲ့ လေ့လာသူတွေကို မြန်မာရွေးကောက်ပွဲမှာ လက်မခံ



ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး။ အောက်တိုဘာ ၁၈၊ ၂၀၁၀။


လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပတော့မယ့် မြန်မာ့ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို လာရောက် လေ့လာခွင့်နဲ့ နိုင်ငံတကာ သတင်းထောက်တွေ လာရောက် သတင်းယူခွင့်ပြုမှာ မဟုတ်ဘူးလို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက အခုလို ပြောပါတယ်။

“Observer အနေနဲ့ မလုပ်ပါနဲ့တဲ့၊ မရပါဘူးတဲ့။ ဒါမျိုးပြောတာပါ။”

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြား သတင်းဌာန ၁၇ ခုလောက် ရှိနေပြီး ဒီသတင်းဌာနတွေမှာ မြန်မာနိုင်ငံသား သတင်းထောက်တွေ အများစု ပါဝင် အလုပ်လုပ်နေကြပါတယ်။ ဒါကြောင့် ပြည်ပက သတင်းထောက်တွေကို ဖိတ်ကြားဖို့ မလိုဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ပဲရစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က အာရှရေးရာ တာဝန်ခံ ဗင်းဆင့် ဘရော့ဇဲလ်က အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲ တခုမှာ ရှိရမယ့် အနေအထား တခုကို စစ်အစိုးရက နောက်ထပ် ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရက ပြည်တွင်းမီဒီယာတွေ အားလုံးကို ထိန်းချုပ်ထားတယ်။ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း သတင်းယူဖို့ နိုင်ငံတွင်း ၀င်ရောက်ခွင့် မပြုဘူးဆိုတော့ ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ ဆိုတာလည်း လုံးဝ မရှိတော့ပါဘူး။”

ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်လောင်း ၃,၁၅၃ ဦး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦးက အမတ်နေရာ ၁,၁၅၈ နေရာကို ၀င်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။ လွှတ်တော် မဲဆန္ဒနယ် ၅၄ ခုမှာတော့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တဦးစီသာ ရှိတဲ့အတွက် သူတို့က လွှတ်တော်အမတ်အဖြစ် အရွေးခံရမှာ သေချာပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မလိုတော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေက ရွေးကောက်ပွဲတခု တရားမျှတမှု ရှိမရှိ စောင့်ကြည့်ရတာ ဖြစ်တယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲတွေမှာ လေ့လာစောင့်ကြည့်သူ ဖြစ်ပြီး မြန်မာ့ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်နေသူ ဦးခင်မောင်ရွှေက အခုလို ပြောပါတယ်။

“အဓိကကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်တဲ့သူတွေ အနေနဲ့ဆိုရင် ကျနော်တို့ ဘာလုပ်လဲဆိုတော့ ပုံမှန်အားဖြင့် ရွေးကောက်ပွဲက ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတဲ့ဟာမျိုး၊ ရွေးကောက်ပွဲ မတိုင်ခင်ရော၊ ရွေးကောက်ပွဲ အတွင်းရော၊ ရွေးကောက်ပွဲ ပြီးတဲ့နောက်ရော သူတို့ လေ့လာ သုံးသပ်ပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းပါတယ်။ သတင်း အချက်အလက်တွေက Source ခိုင်ခိုင်လုံလုံနဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းရပ်ကွက်က လာတဲ့ဟာတွေ၊ သူတို့ကိုယ်တိုင် သွားပြီးတော့ အင်တာဗျူးထားတဲ့ဟာတွေ၊ ပြည်သူလူထု ကြားမှာရော၊ ရွေးကောက်ပွဲ ကော်မရှင်ရော၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြားမှာရော၊ အစရှိသဖြင့် အဲဒါမျိုးတွေမှာ သူတို့ သတင်းအချက်အလက် တိကျ ခိုင်လုံအောင် စုဆောင်းတယ်။

“စုဆောင်းပြီးရင် နိုင်ငံတကာ ဥပဒေသနဲ့ ညီရေး၊ မညီရေးဆိုပြီး ပြန်ပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရတယ်။ သုံးသပ်ပြီးရင် တခါပြန်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီဥစ္စာတွေကတော့ မဖြစ်သင့်ဘူး၊ နောက်နောင် ဖြစ်လာမယ့် ရွေးကောက်ပွဲတွေဆိုရင် ဒီဥစ္စာကတော့ ဒီလိုမျိုး ပြင်ဆင်သင့်တယ်ဆိုတဲ့ ထောက်ခံ အကြံပြုချက်တွေ ပေးရတယ်ပေါ့။ ဒါ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေရဲ့ တာဝန်။”

ပြီးခဲ့တဲ့အပတ်က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က မြန်မာနိုင်ငံကို တရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အတွက် အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မြန်မာစစ်အစိုးရက လက်မခံခဲ့ပါဘူး။

သတင်းရင်းမြစ်..VOA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံပထမဦးဆုံးအကြိမ် ကြားနာ

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဒီနေ့ ပြစ်ဒဏ်ချမှတ်တာကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဘက်က အယူခံတင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်ကလည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက်ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်ရက်မတိုင်ခင် ဒီအမှုကို အပြီးသတ် ကြားနာပြီး ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါကြောင့် အမြန်ဆုံး ပြန်ကြားနာသွားနိုင်ဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံထားပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယနေ့ ကြားနာမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ရင်းမြစ်..ခေတ်ပြိုင်

18 October 2010

ကိုမင်းကိုနိုင် ၏ (၄၈)နှစ်မြောက်မွေးနေ့ထုတ်ပြန်ကြေငြာချက် ( နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( မြန်မာနိုင်ငံ )

Min Ko Naing 48th Birthday_Bur

သခင်အုန်းမြင့် တလပြည့် မှတ်တမ်း ဓာတ်ပုံ








ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူးတင်ရှိပါသည်.။

နအဖစစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မင်းကိုနိုင်ရဲ့ (၄၈) နှစ်မြောက်မွေးနေ့



မင်းကိုနိုင် _ MIN KO NAING [18

ရွှေခမောက်စာစောင် အမှတ်စဉ်(၁၂၅)

Shwekhamauk 125