08 January 2011

အင်းစိန်ထောင်က အကျဉ်းကျ စာနယ်ဇင်းသမား စည်သူဇေယျ စစ်ခွေးတိုက် အပို့ခံရ

၂၀၁၀ ခုနှစ်၊ ဧပြီလ ရန်ကုန်သင်္ကြန်ကာလ၊ ကန်တော်ကြီးက X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲခဲ့စဉ်မှာ သတင်းမှတ်တမ်းသွားယူခဲ့သူ စာနယ်ဇင်းသမား စည်သူဇေယျကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် အင်းစိန်ထောင်မှ အကျဉ်းချထားပါတယ်။ ၎င်းကို ချူပ်နှောင်ထားရာ ၅ တိုက်ကနေပြီး ပြစ်ဒဏ်တိုက်ဖြစ်တဲ့ စစ်ခွေးတိုက်ကို ပြီးခဲ့တဲ့ ၂ ရက်၊ ဇန်န၀ါရီလ ၆ ရက် မွန်းလွဲပိုင်းမှာ ပြောင်းရွှေ့ချူပ်နှောင်လိုက်ကြောင်း ထောင်ဝင်စာသွားတွေ့ကြသူ အခြားနိုင်ငံရေးအကျဉ်းသား မိသားစုများက တဆင့် သိရှိရပါတယ်။

“ကိုစည်သူဇေယျက ညွှန်းမှူးတန်းစီမှာ ထောင်တွင်းနေထိုင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ တင်ပြတယ်။ အဲသည်မှာ ညွှန်မှူးက မောက်မောက်မာမာနဲ့ ပြောတယ်။ ဒါကို သူက ပြန်လည် တုန့်ပြန်ရှင်းလင်းတာကို အရေးယူတဲ့အနေနဲ့ မနေ့နေ့လည်မှာတင် စစ်ခွေးတိုက်ကို ပို့လိုက်တာ ဖြစ်တယ်” ဟု အကျဉ်းကျနိုင်ငံရေးသမားတဦး၏ မိသားစုဝင်က ပြောပြသည်။

စည်သူဇေယျကို ဖမ်းဆီးစဉ်က သူ၏ဖခင်ဖြစ်သူ ဦဇေယျ (ကလောင်အမည် - သားကြီးမောင်ဇေယျ) ကိုလည်း ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ စည်သူဇေယျကို လုံခြုံရေး နဲ့ ဗီဒီယိုအက်ဥပဒေများနဲ့ မတရားစွပ်စွဲပြီးတော့ ထောင်ဒဏ် ၈ နှစ် စစ်အစိုးရက ချမှတ်ထားပါတယ်။ နောက်ထပ် ပုဒ်မတွေ အမျိုးမျိုး တွေ တပ်ပြီးတော့လည်း အကြိမ်ကြိမ် တရားရုံးထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာပြည်ရဲ့ ထင်ရှားတဲ့ စာရေးဆရာကြီး လင်းယုန်မောင်မောင် (ကွယ်လွန်) ရဲ့ သားနဲ့ မြေး တွေ ဖြစ်ပါတယ်။

ရင်းမြစ်..မိုးမခ

၂၀၁၀ အတွင်း ပြည်သူတွေ နဲ့ ကုန်ဈေးနှုန်း ( ရုပ်သံ )

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ချမှတ်

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေးအတွက် အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်မှာဖြစ်ပြီး ပထမအဆင့်ကို လာမယ့် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ စတင်အကောင်အထည်ဖော်ဖို့ ဒီကနေ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီရဲ့ လစဉ် ပုံမှန်အစည်းအဝေးအတွင်း ဆုံးဖြတ်လိုက်ကြပါတယ်။ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကလေးမြို့မှာ NLD အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံခေါ်ယူပြီး တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံး သဘောတူညီချက် ရဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်သွားဖို့ ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီရဲ့ လစဉ် ပုံမှန်အစည်းဝေးအတွင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က ပြောပြပါတယ်။

“ပထမတဆင့်မှာ ကျနော်တို့ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့တဲ့ ပင်လုံနဲ့ ပင်လုံစာချုပ်အကြောင်းကို ဟောပြောပွဲလုပ်မယ်။ ဒုတိယတဆင့်ကတော့ ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ဘယ်လို ဖော်ဆောင်မလဲ။ နောက်တဆင့်ကတော့ အားလုံး အဖွဲ့အစည်းပေါင်းစုံနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ပင်လုံသဘောတူညီချက်တခုကို ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။”

ဒီအဆင့် ၃ ဆင့်စလုံးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အဲန်ကယ်လ်တို့အနေနဲ့ အချိန်အားဖြင့် ဘယ်လောက်ကြာမယ်ဆိုတာမျိုး သတ်မှတ်ထားတာ ရှိပါသလားခင်ဗျ။ -

“အချိန်အားဖြင့်တော့ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး အမြန်ဆုံး ဆောင်ရွက်ဖို့အတွက် ကြိုးစားသွားဖို့ရှိပါတယ်။ ဒါပေမဲ့ အချိန်ကိုတော့ ဘယ်လောက်အတွင်းမှာ ဆိုတာကိုတော့ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။”

အချိန်အတိအကျ ပြောဖို့တော့ ခက်တာပေါ့လေ။ ဒါပေမဲ့ အဲန်ကယ်လ်တို့ စိတ်ထဲမှာ ၃ လကြာမယ်၊ ၅ လကြာမယ်။ ဒါမှမဟုတ်လည်း ၁ နှစ်ကြာမယ်၊ အဲဒီလိုမျိုး စိတ်ထဲမှာ မှန်းထားတာများ ရှိပါသလားခင်ဗျာ။ -

“ဒီလိုတော့ မှန်းထားတာမရှိပါဘူး။ ဒါပေမဲ့ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင်တော့ ကျနော်တို့ ကြိုးပမ်းသွားမှာပါ။ ပထမအဆင့်ကိုတော့ ကျနော်တို့ ပြည်ထောင်စုနေ့မတိုင်ခင်ပဲ လုပ်မှာပါ။ အဲဒါကတော့ ၂၈ ရက်နေ့မှာ ကျနော်တို့ ဟောပြောပွဲတခု လုပ်မှာပါ။ အဓိကကတော့ တိုင်းရင်းသားခေါင်းဆောင်တွေက ဦးဆောင်ပြီးတော့ ဟောပြောမယ်။ ဒါပေမဲ့ ဟောပြောယုံသက်သက် မဟုတ်ဘဲနဲ့ ဆွေးနွေးတဲ့ပုံစံမျိုးဖြစ်အောင် ကျနော်တို့ လုပ်မှာပါ။”

လုပ်ရင်လည်း NLD ရုံးမှာပဲ လုပ်ဖြစ်မယ်ထင်ပါတယ်။ ဟုတ်ပါသလား။ -

“ဟုတ်ပါတယ်။ NLD ရုံးမှာလုပ်ဖြစ်မှာပါ။”

အဲန်ကယ်လ်တို့အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း ကျင်းပဖို့ ပြင်ဆင်နေတယ်ဆိုတော့ ပထမအဆင့် ပြီးတဲ့နောက်မှာ ပြည်ထောင်စုနေ့ကလည်း ကျနေတော့ ပြည်ထောင်စုနေ့ အခမ်းအနား လုပ်တဲ့အခါမှာလည်း ဒုတိယပင်လုံ ညီလာခံဖြစ်မြောက်ရေးကို အထောက်အကူပြုစေမယ့်ပုံစံမျိုး သက်ရောက်စေမယ့် အခမ်းအနားမျိုးသားခင်ဗျ။ ဘယ်လိုစီစဉ်ထားပါသလဲ။ -

“ဟုတ်ပါတယ်။ တဆင့်စီတဆင့်စီတိုင်းမှာ ကျနော်တို့က ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာပါ။ ပြည်ထောင်စုနေ့မှာလည်းပဲ ကြေညာချက်လည်း ထုတ်မယ်။ ပြီးတော့ ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ပြနိုင်တဲ့ စာတမ်းလေးတစောင် ထွက်ပေါ်နိုင်အောင် ကျနော်တို့ ကြိုးပမ်းမှာပါ။”

ပြည်ထောင်စုနေ့ထုတ်မယ့်စာတမ်းက CRPP အနေနဲ့ ထုတ်မှာလားခင်ဗျ။ -

“ဟုတ်ပါတယ်။ CRPP အနေနဲ့ထုတ်မှာပါ။”

တခုရှိတာက တဖက်မှာ စစ်အစိုးရသတင်းစာအာဘော်တွေကလည်း အခုလို ဒုတိယပင်လုံ ညီလာခံခေါ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်တာတွေ ဝေဖန်ရေးသားတာတွေ အခုနောက်ပိုင်း တော်တော်လေးလုပ်လာတာ တွေ့ရပါတယ်။ အဲဒီဟာနဲ့ပတ်သက်လို့ရော အဲန်ကယ်လ်တို့အနေနဲ့ ဒီနေ့အစည်းအဝေးမှာ ပြောဆိုဆွေးနွေးကြတာ ရှိပါသလား။ -

“ဟုတ်ပါတယ်။ ဆွေးနွေးဖြစ်ပါတယ်။ ဒါတွေကတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ်မှာ ထားတဲ့စိတ်ဓါတ်၊ ပြီးတော့ ကျနော်တို့ရဲ့ ရှေ့ကိုသွားမယ့်ရည်မှန်းချက်ကို တမျိုးတမည်ပေါ့ တိုက်ခိုက်ဖို့ရည်ရွယ်တဲ့သဘောနဲ့ ရေးတဲ့ ဆောင်းပါးတွေလည်း နောက်ထပ်လည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အဓိကမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ သွားမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်မယ့် အရေးကြီးတဲ့အချက်ကို မေးကြတဲ့အခါမှာ သူတို့တွေလည်း နားလည်လာမှာပါ။”

ဒါပေမဲ့ အခုခေါ်မယ့် ဒုတိယပင်လုံညီလာခံဟာ စစ်အစိုးရကိုလိုလားတဲ့သူတွေ ပြောနေကြတာက သူတို့သွားနေတဲ့ ပြည်ထောင်စု စည်းလုံးညီညွတ်ရေးကို ပြိုကွဲအောင် တမင်လုပ်တာလို့ပြောကြတဲ့သူတွေ ရှိသလို ဒီမိုကရေစီအင်အားစုတွေ ကြားထဲမှာလဲ အခုလို ဒုတိယပင်လုံညီလာခံခေါ်တာဟာ ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ အချိန်အခါ လွဲနေတယ်လို့ ပြောဆိုသံတွေကလည်း ရှိနေပါတယ်။ အဲဒီလို ပြောဆိုနေကြတဲ့အပေါ်မှာရော အဲန်ကယ်လ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ -

“ကျနော့်အမြင်ကတော့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို ဖော်ဆောင်ဖို့ ကျနော်တို့ ကြိုးပမ်းတာပါ။ အဓိကက ကျနော်တို့ ပြည်ထောင်စုကြီး ခိုင်မာလာဖို့ တိုင်းရင်းသားများရဲ့ သွေးစည်းညီညွတ်ရေးကို ဖော်ဆောင်နိုင်ဖို့အတွက် အားထုတ်တဲ့ ကြိုးပမ်းတဲ့ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။ အဲဒီတော့အမြင် အမျိုးမျိုးနဲ့ ကျနော်တို့ကို ဆန့်ကျင်ပြီးတော့ ပြောတာရေးတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်ပြီ။ အဓိက တိုင်းရင်းသား သွေးစည်းညီညွတ်ရေးက မဖော်ဆောင်နိုင်သေးဘူး။ ဆိုတော့ ဒါကို အဓိက ဖော်ဆောင်နိုင်ဖို့အတွက် ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။”

ဒုတိယပင်လုံညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့ ဇိုမီးကွန်ဂရက်ရဲ့ (၂၂) နှစ်မြောက် အခမ်းအနားမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အပါအ၀င် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကိစ္စနဲ့ပတ်သက်လို့ ဒါဟာ စစ်အစိုးရ အာဏာပိုင်တွေကို ထိပ်တိုက်တွေ့တဲ့ လုပ်ရပ်ဆိုပြီး တရားဝင်နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ကတော့ လတ်တလော မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန်ကြတာတွေ ရှိပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒုတိယပင်လုံညီလာခံကိစ္စဟာ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ဖို့မဟုတ်ဘဲ တကယ်လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

CRPP အဖွဲ့ဝင် ၁၈ ဦးရှိတဲ့အထဲက ဒီကနေ့ အစည်းဝေးကို အဖွဲ့ဝင် ၁၁ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကျန်မတက်နိုင်သူတွေကတော့ ကျန်းမာရေး မကောင်းသူတွေ၊ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေနဲ့ ကွယ်လွန်သွားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း...VOA

မြဝတီ မြို့ မှ ကားတစ်စီး ကားမိုင်ထိ

မြဝတီကနေ ကော့ကရိတ်ကို ထွက်ခွာတဲ့ ကားတစီး ဒီကနေ့ ညနေ ၃နာရီလောက်က မြေမြုပ်မိုင်း ထိလို့ လူ ၉ ယောက်ဒဏ်ရာ ရပြီး တယောက်က ပြင်းထန် တယ်လို့ မဲဆောက်မှ သတင်းရရှိပါတယ်။

တောင်တက်တောင်ဆင်း လမ်းကျဉ်းတဲ့အတွက် ကားလမ်းကို အတက် တရက် အဆင်းတရက် သတ်မှတ်ထားရာမှာ ဒီကနေ့အတက်နေ့ ဖြစ်ပြီး မြဝတီကနေ ကုန်တင်ထားတဲ့ကား မိုင်းထိမှန်တာ ဖြစ်ပါတယ်။

အခုအခါ လူနာတွေကို မြဝတီဆေးရုံကို ပို့ထားရပါတယ်။ အခု မိုင်းထိမှန်မှု ဟာဘယ်သူ့ လက်ချက်လို့ အတိအကျ မသိရပေမဲ့ ဒီနေရာဟာ DKBA တို့အဓိက လှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။

ဒါပေမဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေလည်း လှုပ်ရှားနေတဲ့အတွက် အတိအကျ ဘယ်သူဘယ်ဝါရဲ့လက်ချက်လို့ ပြောလို့မရသေးကြောင်း နယ်စပ်ကလာတဲ့ သတင်းတွေအရ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။

ရင်းမြစ်..ဘီဘီစီ

07 January 2011

လူကုန်ကူးမှုများတွင် UNHCR နှင့် IOM ၀န်ထမ်းများ ပါဝင်ပတ်သက်

အမေရိကန်နှင့် အနောက်နိုင်ငံအချို့သို့ တရားမ၀င် ဒုက္ခသည်အယောင်အဆောင်များကိုဒုက္ခသည် များ အဖြစ် ဖန် တီးပေးပြီး လူကုန်ကူးမှုဆောင်ရွက်ရာတွင် UNHCR ,IOM နှင့်ဒုက္ခသည်စခန်းမှတာဝန်ရှိ သူအချို့ပူးပေါင်းလုပ်ဆောင်နေကြသည်မှာ အချိန်ကာလအတော်ကြာ မြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် အမှု ထမ်းဖူးသူ တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။ အစစ်အမှန် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ထွက်ပြေးလာကြသည့်ကရင်ဒုက္ခသည် မိသားစုများနေရာတွင် လူအစားထိုးဆောင်ရွက်ကြခြင်းဖြစ်သည်။ လူတဦးအစားထိုးခမှာဘတ်ငွေ၁သိန်း ၅သောင်းမှ ၂ သိန်း ထိပေါက်ဈေးရှိသည်။

အစား ထိုးမှု များ တွင် ကရင် ဒုက္ခသည် များ သာမက မြန်မာ နိုင်ငံရေး အကျဉ်းသားများ နှင့် အကျဉ်းသား ဟောင်းများ ၏ နာမည် များ ကို ပါ အစားထိုးဖော်ပြသည် ။အချို့ နိုင်ငံရေး အကျဉ်းသားများ မှာ ထပ်မံ ထောဒဏ် အပြစ်ပေး ခံရပြီး မြန်မာ အကျဉ်းထောင်ထဲတွင် ရှိသော် လည်း ၎င်း တို့ ၏ နာမည် များ နှင့် အစားထိုး လူစားများမှာ အမေရိကန် နှင့် ဥရောပ နိုင် ငံများ တို့ ရောက် နှင့်နေပြီး ဖြစ်သည်။

မိသားစုဝင် ၆ဦး ၇ဦးထိ လူစားထိုးမှုများရှိသည်။ ထိုသို့လူစားထိုးရာတွင် ကာယကံရှင်မိသားစုမှာ တဦးလျင် ဘတ်ငွေ ၁သောင်း၅ထောင်မှ ၂သောင်းထိသာရကြပြီး UNHCR , IOM ၀န်ထမ်းများနှင့် ဒုက္ခသည်စခန်း တာဝန်ရှိသူတို့ခွဲဝေယူကြသည်။ UNHCR မှဝန်ထမ်း အောင်ကျော်ဦးမှာ မြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိတရုပ်သူဌေးများ ၏ မသိသူမရှိ ဖြစ် သည်။

မြန်ပြည်၇ှိသူဌေးများသည် အမေရိကန် ပြည်ဝင်ခွင့်ရရန်ခက်ခဲသောကြောင့် ဒုက္ခသည်ယောင်ဆောင်ပြီး အမေရိကန်သို့ထွက်ခွာသွားကြသည်မှာ ထောင်နှင်ချီရှိနေပြီဖြစ်သည်။ ထိုသူများမှာ ဒုက္ခသည်စခန်းတွင်တညကိုမအိပ်ဘူးသူများဖြစ်ကြသည်။ လုပ်ငန်းစဉ်အဆင့်ဆင့်စစ်ဆေး မှုများတွင် ရန်ကုန်မှလေယာဉ်ဖြင့်မနက်ထွက်လာ ဘန်ကောက်မှနေ မဲဆောက်သို့ ညကားစီးထိုမှတဆင့် ဒုက္ခသည်စခန်းတွင်သွားရောက်အစစ်ဆေးခံပြီး ညနေတွင်ဘန်ကောက်သို့ပြန် ပြီးမြန်မာပြည်သို့ လေယာဉ်ဖြင့်ပြန်ကြကြောင်းသိရသည်။ အချို့မှာနောက်ဆုံးထိုင်းနိုင်ငံမှ ထွက်ခွာမည့်ရက်တွင် IOMအကူအညီဖြင့် ဘန်ကောက်လေဆိပ်မှစောင့်ဆိုင်းပြီးအမေရိကား သို့ထွက်ခွာကြသည်။

နောက်တမျိုးလူစားထိုးခြင်းမှာ ကာယခံရှင် မှာငွေကြေးတပြားတချပ်မှမရဘဲ စခန်းအာဏာပိုင်နှင့် UNHCR, IOM ၀န်ထမ်းများပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။ ဒုက္ခသည်စခန်းနေထိုင်သော ဒုက္ခသည်မိသားစုမှာ TBBC ထောက်ပံ့သော ရိက္ခာမလောက်ငှသောကြောင့် အပြင်သို့လနဲ့ချီပြီး အလုပ်ထွက်လုပ်နေကြသူများဖြစ်ကြသည်။ ထိုအချက်ကိုအခွင့်ကောင်းယူပြီး လူးစားထိုးကြခြင်းဖြစ်သည်။ တနှစ်စောင့်အမေရိကန်ကမခေါ်၊ ၂နှစ်စောင့်မခေါ်လို့ အမေရိကန်သံရုံးကခိုင်းစေထားသော OPE(Oversea Processing Entity) (IRC) ရုံးကိုသွားမေးတော့အခါမှာ မိမိ မိသားစုအားလုံး နာမည်ဖြင်အမေရိကန်ရောက်နေကြာင်းသိကြရသည်။

တချို့မှာယနေ့ထက်တိုင်လုံးဝသိရှိခြင်း မရှိသေးပေ။လွန်ခဲ့သည့် တစ်လကျော်က မဲလ ဒုက္ခသည် စခန်း မှ နိုင်ငံခြား သို့ ထွက်ခွာအသင့် ဖြစ်နေ သည့်မြန်မာ-ကရင် လူမျိုး လင်မယား နှစ်ဦး မှာ နာမည် နှင့် လူအစား ထိုး ပြီး ၀င်ရောက် လာခြင်း ကို ၎င်း တို့ ထွက် ခွာမည့်  သက်ဆိုင်ရာနိုင်ငံမှ စစ်ဆေးတွေ့ ရှိသဖြင့် အရေးယူစီစစ်ရာ ထိုလင်မယားနှစ်ဦးမှာ မဲဆောက် ထောင်ထဲ တွင် ထောင်ဒဏ်အပြစ်ပေး အကျဉ်းကျခံနေရ သော်လည်း ၎င်းတို့ အား ပွဲ စားလုပ်ပေး ခဲ့သည့် စခန်းမှ တာဝန် ရှိသူ များ ၊ ထိုင်းလူမျိုး အချို့ နှင့် ဒုက္ခသည် များ ပြည်ပထွက်ခွာရေးဧဂျင်စီ အချို့ မှ ၀န်ထမ်းများ မှာ မူ အရေး ယူခြင်း မခံရ ဟု ပေးစာတွင် ဖော်ပြထားသည်။

ရင်းမြစ်...http://www.myanmarwikileaks.org/2011/01/unhcr-iom.html#more

ဒေါ်အောင်ဆန်းစုကြည်အတွက် စာရင်းတင်သွင်းထောက်ခံကြစို့ ၊ ကမ္ဘာသိအောင်ကြိုးစားကြပါစို့ ( မောင်မောင်ဝမ်း )


နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနား မှာ ကမ္ဘာမှာထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေကို ဂုဏ်ပြုမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂုဏ်ပြုဘို့ စာရင်းလက်ခံနေပါတယ်။ ကျနော်တို့တတွေ ဆန္ဒရှိမယ်ဆိုရင် အောက်ဖော်ပြပါ လင့်ကိုဖွင့်ပြီး ကွပ်လပ်လေးတွေကိုဖြည့် ၊ အန်တီစုအတွက် စာရင်းသွင်း ထောက်ခံကြရအောင်ပါ၊

အန်တီစုရဲ့ အခန်းကဏ္ဍကို စစ်အာဏာရှင်တွေက မှေးမှိန်အောင်အားထုတ်နေချိန်မှာ ကျနော်တို့တတ်နိုင်တဲ့ဘက်က ကမ္ဘာသိအောင် ၊ ကမ္ဘာလူထုကြီး နားလည်သဘောပေါက်လာအောင် ကြိုးစားကြည့်ရအောင်ပါ။



ဒီလင့်ကိုသွားကြည့်လိုက်ပါ---------

http://www.guardian.co.uk/lifeandstyle/signup/2011/jan/07/top-100-women-nominations

လူမှုရေးဂီတကွန်ယက်များ

လူမှုရေးဂီတကွန်ယက်များ


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများကို တစ်ဖက် တလမ်းမှ အားပေးကူညီလှူဒါန်းမှုများ စဉ်ဆက်မပြတ် မနားတမ်းပံ့ပိုးမှု ပြုလုပ်ပေးသူများအနက်မှ ဂီတပညာရှင်တို့၏ အခန်းကဏ္ဍသည်လည်း အရေးပါလှသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဖေးမမှုများကို သဒ္ဒါပေါက်၍၄င်း၊ တစ်ဖက်တလမ်းမှ အားပေးခြင်းဖြင့်၎င်း လာရောက်၍ လှူဒါန်းကြသော ပြည်တွင်း ပြည်ပမှ အလှူရှင်များအား ပြန်လည်၍ ဂုဏ်ပြုပေးအပ်သော ဂုဏ်ပြုလွှာနှင့်တကွ အသင်း၏ လုပ်ဆောင်ချက်များကို ဖော်ပြထားသော VCD, DVD အခွေချပ်များတွင် ကြည့်ရှုသူ ပြည်သူအပေါင်း အတွက် သီဆိုဖျော်ဖြေပေးထားသော လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်သော ဂီတစကားလုံးများ ပါဝင်သည့် သီချင်းသံစဉ်များအားစတင်၍ သီဆိုဒါနပြုခဲ့သူ ဂီတပညာရှင်များတွင် အဆိုတော် မေခလာ (မငယ်)သည်လည်း အဓိကနေရာတွင် ပါဝင်ခဲ့သည်။ တေးရေး/ဆို စိုးသိင်္ခနှင့် မေခလာတို့၏ နောက်ပိုင်း အဆိုတော် နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT(အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ(Cyclone)၊ ကျော်သူ၊ ကိုရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုနေ၀င်း(မောင့်လပြည့်ဝန်း)၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက် (Big Bag)၊ အလင်္ကာ၊ နိုင်ဇော်(Lazy Club)၊ ဖြိုးကျော်ထိုက်၊ BK, JJ, P-XI, DICE, Feat - K လေး၊ ရည်မွန်လမင်း၊ စောသဉ္ဇာ၊ တွတ်ပီ(NES)၊ Po Po၊ ပိစိ၊ သူရိန်၊ ထက်အောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်း၊ ကိုဦး၊ အော်တာ၊ DENNIS၊ ထက်ထက်စိုး၊ ဟန်လင်းအောင်၊ ဖိုးလ၊ သက်နှင်းဆက် စသည့် အဆိုတော် ဂီတပညာရှင်များကပါ ၀ိုင်းဝန်း၍ လူမှုရေးလုပ်ငန်းများဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များတွင် အများပြည်သူတို့ အယူသီးမှုပပျောက်ရေးအတွက်၎င်း၊ လူမှုရေးလုပ်ငန်းများကို လူငယ်မျိုးဆက်သစ်တို့ စိတ်ဝင်စားမှုရှိလာရန်အတွက်၎င်း အားပေးအသိ အမှတ်ပြုသည့်အနေဖြင့် တစ်ဖက်တလမ်း ဂီတပညာရပ်တို့ဖြင့် ကုသိုလ်ဖြစ် ရေး/ဆို တီးခတ်ပေးဆပ် ခဲ့ကြသည်။

ယခုဆိုလျှင် ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များအား (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် အသင်း၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှု များပြုလုပ်လျှက်ရှိသည်။

ထိုသို့ ရိုက်ကူးမှုများပြုလုပ်ခဲ့ရာ အဆိုတော် ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ Hip Hop အဆိုတော် BK ( Black Night)၊ စောသဉ္ဇာတို့၏ ရုပ်ပုံလွှာများ ရိုက်ကူးပြီးစီးပြီး ဖြစ်ပါသည်။ မကြာခင်ရက်များတွင် အဆိုတော် ဆောင်းဦးလှိုင် အပါအ၀င် လူမှုရေးဂီတသမားများ၏ ရုပ်ပုံလွှာများကိုလည်း ဆက်လက် ရိုက်ကူးတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မကြာခင် အများပြည်သူ အလှူရှင်များလက်တွင်းသို့ ယင်း ဂီတလူမှုရေးသူရဲကောင်းများ၏ သံစဉ်များ၊ ရုပ်ပုံလွှာများရောက်ရှိတော့မည် ဖြစ်သည်။

ထိုကဲ့သို့ မိမိတို့၏ သံစဉ်များ၊ ဂီတပညာရပ်များဖြင့် လူမှုရေးလုပ်ငန်းဖြစ်သော အများပြည်သူ အတွက် ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ကုသိုလ်ဖြစ် သီဆိုဒါနပြုခဲ့ကြ သည့်အပြင် မိမိတို့၏ ချွေးနည်းစာ၊ မိမိတို့၏ ဂီတပညာရပ်ဖြင့် ပြည်တွင်း ပြည်ပတို့တွင် ဖျော်ဖြေ၍ ရရှိခဲ့သော ငွေကြေးအချို့ တို့ကိုပါမကျန် ကောင်းမှုပြုခဲ့ခြင်းတို့အပေါ် များစွာဝမ်းသာပီတိ သာဓု ခေါ်ဆိုလိုက်ပါသည်။ ထိုသို့ လှူဒါန်းခြင်းများသည် လှူဒါန်းမှုအတွက် ကုသိုလ်ရရှိသည့်အပြင် လူငယ် မျိုးဆက်သစ်တို့ လူမှုရေးလုပ်ငန်းများကို တက်ကြွစွာပါဝင် လှုပ်ရှားလိုစိတ်များပါ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဂီတလူမှုရေးကွန်ယက်မှ အစပြု၍ လူငယ်လူမှုရေးကွန်ယက်သည် မကြာမီအချိန်အတွင်း ပေါ်ပေါက်လာတော့မည် ဖြစ်တော့သည်။












ပေးပို့ ပေးသော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်.။

အော် မိန်းမ မိန်းမ ကိုယ့်တန်ဘိုးကိုယ်ရှိအောင်လုပ်တာလဲ မိန်းမဘဲ ကိုယ့်တန်ဘိုးကိုယ်ဖျက်တာလဲ မိန်းမပါဘဲ..။ (ဝိုင်းစုခိုင်သိန်းနဲ့ ဟိန်းဝေယံ)

Wine Su=>Heinwaiyan dad by yeyintanada

မုန်တိုင်းကျတဲ့ လမိုက်ရက်များစွာ

သမီးတို့နေထိုင်ရာအရပ်က ရန်ကုန် မြို့ရဲ့ ဆင်ခြေဖုံး တစ်နေရာမှာ။ အဖေ က အစိုးရ ၀န်ထမ်းကနေ ထွက်ပြီးဆင်ခြေဖုံးရဲ့ ကျူရှင်ဆရာ အဖြစ်နဲ့ သမီးတို့မိသားစုကို စောင့်ရှောက်ခဲ့ တာပါ။ အမေက အစိုးရအလုပ်ကနေကျန်းမာရေးအရ ထွက်ခဲ့တဲ့ ဆေးပင်စင်စား တစ်ယောက်။

အဖေရဲ့ လုပ်ငန်းကတော့ တတ်နိုင်တဲ့သူတွေစီက သင့်တော်တဲ့ ကျူရှင်ခယူတယ်။ မတတ်နိုင်သူတွေဆိုရင် လခမယူဘူး။ နှစ်ပေါက်တဲ့အထိ ဆယ်တန်းအောင် သွားတဲ့အထိ တာဝန်ယူပြီး သင်ပေးတယ်။ ဒီအပြင် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် ရောက်သွားတဲ့ ကျောင်းသားတွေဆို မပြတ်သေးသော သံယောဇဉ်နဲ့ အခမဲ့ စာဆက်သင် ပေးနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မေတ္တာ စေတနာတွေ နဲ့ရောပြွမ်းနေတဲ့ အဖေရဲ့ ကျူရှင် ကျောင်းကလေးက အတော်လေးကို ၀န်းကျင်အတိုင်းအတာ တစ်ခုအရ တော့ လူသိများ ထင်ရှားလာတယ်။

အဖေ့ကျောင်းထွက် ဆေးကျောင်းတက် ၊ အင်ဂျင်နီယာ ပညာသင်တွေ အတော်ကလေးရှိနေပြီး၊ သမီးတို့ အမေလည်း ရွှေစရွှေနလေးတွေ လည်မှာဝဲ လက်မှာတွဲလို့…။ ကျောင်းပိတ်ရက်တွေဆို သမီးတို့ မိသားစု ၅ ယောက်ရဲ့ အပန်းဖြေ ခရီး တွေ၊ ဘုရားဖူး ခရီးတွေနဲ့ သမီးတို့မိသားစု ကမ္ဘာလေးဟာ လှပတဲ့ အိမ်မက်ပမာလို့ ပြောရင် ရမလားပဲ။

နောက်ထပ် သမီးတို့ မိသားစုထဲ ထူးထူးခြားခြား မောင်လေးနှင့် ညီမလေး အမြွှာလေးတွေ ရောက်လာကြတော့လည်း ၀မ်းသာမဆုံး ချစ်ကြရပြန်ပါတယ်။ အဖေဟာ စာသင်တာအပြင် ဘာတွေ လုပ်တယ်ဆိုတာတော့ သမီးတို့ မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖေ အပါအ၀င် အိမ်လာဖူးတဲ့ မိတ်ဆွေတွေ စုပေါင်းရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံတော့ အဖေရဲ့ ဒိုင်ယာရီထဲ တွေ့ခဲ့ဖူးပါတယ်။

ဒီလိုနဲ့ ၁၉၉၆ခုနှစ် သြဂုတ်လ ၁၂ရက်နေ့ည။ သမီးတို့မိသားစုရဲ့ လှပတဲ့ အိမ်မက်ကလေး တစ်စစီ ကြေမွလွင့်ပြယ် သွားတဲ့နေ့ပါပဲ။ သမီးအသက် ၁၁နှစ်၊ ၆တန်း စတက်တဲ့နှစ်။ ည ၈ နာရီလောက်မှာ တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းတချို့ အဖေ့ နာမည်မေးပြီး အိမ်ထဲဝင်လာပါတယ်။ အဖေက အပေါ်ထပ်မှာ စာသင်နေတယ်။ အောက်မှာ လူသံကြားရလို့နဲ့တူတယ်၊ အဖေ ဆင်းလာပါတယ်။

အဖေက ဘာကိစ္စလဲ မေးကြည့်တော့ လူစိမ်းတွေထဲက ခပ်ကြီးကြီး တစ်ယောက်က ဆရာ သိမှာပါလို့ ဆိုပြီး.... ကျန်တဲ့ အသံကိုတော့ သမီးတို့ ဆက်မကြားရတော့ပါ။ ခပ်တိုးတိုးပဲ အဖေနဲ့ ပြောနေကြပါတယ်။ ပြီးတော့ အဖေ့အိပ်ရာကို ပြခိုင်းပြီး ၀င်ရောက်ရှာဖွေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ဓါတ်ပုံတွေ စာအုပ်စင်က စာအုပ်တချို့ ဆွဲထုတ်ယူကြတယ်။ ပြီးတော့ ခုနက လူကြီးကြီးက ကဲဗျာ... အင်္ကျီ နှစ်စုံလောက်ထည့် သွားတိုက်ဆေးတွေပါယူ၊ နှစ်ညလောက်တော့ ကြာမယ်၊ ခဏ လိုက်ခဲ့ပါတဲ့..။

သမီးတို့လည်း အဖေ့အတွက် ပစ္စည်းတွေကို အဖေ့ လွယ်အိတ်ထဲ ထည့်ပေးလိုက်တယ်။ အဖေ့ကို သူတို့ ခေါ်သွားကြပါပြီ။ နှစ်ညပြီးရင် အဖေ ပြန်လာလိမ့်မယ်လို့ သမီးတို့တတွေ မျှော်လင့်နေကြပါတယ်။ ပုံမှန်အတိုင်း ကျောင်းသွား ကျောင်းတက်ပါပဲ။ နှစ်ညကျော်လို့ သုံးညရောက်လည်း အဖေ ပေါ်မလာ၊ အမေ့မျက်နှာက အရင်လို မကြည်လင်တော့ပါ။ အမေ့ မျက်နှာမှာ နေ့တိုင်း မျက်ရည်တွေစီးလို့။ သမီးတို့လည်းအမေ့ကိုကြည့်ပြီး ငိုနေမိပါတယ်။ သမီးတို့ သုံးယောက်ကိုတော့ အမေက နေ့စဉ်မပျက် ကျောင်းကိုသွားဖို့သာ တိုက်တွန်းပါတယ်။ အမေ့ ဆန္ဒအတိုင်း သမီးတို့ ကျောင်းတက် မပျက်ခဲ့ပါ။

အဖေ အိမ်က ထွက်သွားပြီး နှစ်လ အကြာမှာတော့ အဖေ ထောင် ၁၃ နှစ်ကျသွားပြီ ဆိုတာ ကြားရတော့တာပါပဲ။ သမီး တို့ စားဖို့ သောက်ဖို့ ငွေရှာ ပေးနေတဲ့ အဖေ၊ သမီး တို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေရတဲ့ မိသားစု ဘ၀ကို ဖန်းတီး ပေးတဲ့ အရှင်သခင်၊ အခု အဖေ သမီးတို့ အနားမှာ မရှိဘဲ ဘယ်ရောက်နေပြီလဲ...။ အဖေနဲ့သမီးတို့ မိသားစု ၁၃ နှစ်ကြာ ကံမကုန်မှ ပြန်ဆုံကြရမယ့် အဖြစ်၊ သမီးတို့ ကို ဘယ်သူက လာရောက် ရှာဖွေကျွေးမှာတဲ့လဲ။ သမီးတို့ ပညာတွေကော ဘယ်လိုလဲ၊ သမီးတို့ ကမ္ဘာလေးတော့ ပျက်ပါပြီ။

၈လ သားအရွယ် အမြွှာမောင်လေးနှင့် ညီမလေးကတော့ဘာမှမသိ။ အရင်က အမြဲရှင်းသန့်နေတဲ့ အမေ့မျက်နှာ ရွှေလ၀န်းဟာ နေ့စဉ်နဲ့အမျှ မျက်ရည် စီးကြောင်း တွေ….။ အမေ့ ခန္ဓာကိုယ်ဟာ ပိန်လီ ဖျော့တော့။ သမီးတို့ဘ၀ ဘယ်ကမ်းဆိုက်မှာလဲ ကမ်းမမြင်ဘ၀။ မူးဝေနောက်ကျိ့။ တခါတခါ သတိ များပင်မရှိတော့သလို….။

အဖေလို စိတ်ဓါတ်ရှိတဲ့သူ၊ အဖေကို လေးစားတဲ့သူ တစ်ယောက် နှစ်ယောက်လောက်က အဖေ့ရဲ့ လက်ရှိ ကျူရှင်ကို ဆက်ထိန်းပေးပြီး ကယ်တင် ပေးခဲ့ပါတယ်။ အဖေ့နာမည်နဲ့တော့ ကျူရှင်ဖွင့်ခွင့် မရတော့ပါဘူး။ ဒါပေမဲ့ အဖေ ရှိစဉ်တုန်းကလိုတော့ ပျော်စရာတွေ မရှိတော့ဘူး။ စားချင်တာလည်း လုံလုံလောက်လောက် စားလို့ မရတော့ ဘူး။ မလောက်မင ဘ၀နဲ့ အကြွေးတွေတင်။ အဖေ ရှိစဉ် အရင်ကလို ကျူရှင်မဟုတ်တော့ဘဲ၊ ကျူရှင်က တစစနဲ့ ခြောက်ကပ် လာခဲ့ပါတယ်။ နောက်ဆုံးတော့ ဆရာတွေကိုလည်း အားနာတာနဲ့ ကျူရှင်ပိတ်ပြီး အဖေ့ ရဲဘော် တချို့ရဲ့ အကူအညီနဲ့ အမျိုးသမီးများ တည်းခိုရာ ဘော်ဒါဆောင်ဖွင့်ပြီး မိသားစုရဲ့ နေ့စဉ် အသက်ရှင်ဖို့ ပြဿနာကို ဆက်လက် ဖြေရှင်းကြရပြန်ပါတယ်။

အဖေ အင်းစိန်ထောင်မှာ တစ်နှစ်နေခဲ့ရစဉ် ကာလမှာလဲ အမေဟာ အိမ်တွင်း ခြိုးခြံချွေတာပြီး ၀တ္တရားမပြတ် အမြွှာကလေး တစ်ယောက်ကို သမီးထက် အကြီးဖြစ်သူ `မ၀ါကြီး´ ၈တန်း ကျောင်းသူနဲ့ အိမ်မှာထား၊ ကျန်တစ်ယောက်ကို ရင်ခွင်ပိုက်လို့ သမီးနဲ့ သမီး ညီမ အငယ်လေး တို့ဟာ အဖေ့ဆီ ထောင်ဝင်စာ သွားတွေ့ကြရတယ်။ နောက်တော့ အဖေ့ကို တောင်ငူထောင်ဆီ ပြောင်းရွှေ့လိုက်လို့ ဘယ်တစ်ခါမှ မရောက်ဖူးသော တောင်ငူကို အမေက ကြားကြားခြင်း သမီးတို့ မောင်နှမတွေ ကိုထားခဲ့ပြီး လိုက်သွားပါတော့တယ်။ အမြွှာတစ်ယောက်ကိုတော့ခေါ်သွားပြီး တစ်ယောက်ကိုတော့ နို့ဘူးနဲ့ သမီးတို့ ညီအမတွေ ဆီမှာပဲ ထားခဲ့ပါတယ်။ အမေဟာ ညဘက် ရထားစီး တစ်ညအိပ်ခရီးနဲ့ နောက်နေ့ ညဘက် သန်းခေါင် သို့မဟုတ် သန်းခေါင် ကျော်ကျော်လောက်မှာ သမီးတို့ ဆီပြန်ရောက်လာပါတယ်။

ဒီကာလ ညတွေအတွက် သမီးတို့ ညီမ သုံးယောက်နဲ့ အမြွှာကလေး တစ်ဦးတို့ဟာ အမေ ပြန်အလာကို မျှော်ရင်း ကျော်ဖြတ်ခဲ့ရတဲ့ ရက်တွေကို လက်ချိုးရေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သမီးတို့ အကြီးသုံးယောက်ကို အလှည့်ကျ တစ်ယောက်စီ ထောင်ဝင်စာ သွားတွေ့တိုင်း ခေါ်သွားတတ်ပြန်ပါတယ်။ အဖေကို တွေ့ ချင်ကြတဲ့ သမီးတို့ အတွက် အဖေကိုတွေ့ ခဲ့ ရပါတယ်။ ကားစီးရတဲ့ အခါမျိုးတွေလည်း ရှိခဲ့တယ်။

တခါတရံ ညနေပိုင်း ကားစီးဖြစ်ရင် တောင်ငူကို ည နှစ်နာရီကျော်လောက် ရောက်တတ်တယ်။ တည်းခိုခန်းခ မတတ်နိုင်တဲ့ သမီးတို့ မိသားစုအတွက်တော့ တောင်ငူဘူတာရဲ့ ထိုင်ခုံတွေ၊ တခါတရံ ညလုံးပေါက်ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်တွေ၊ တခါတရံတော့ ကားမှတ်တိုင်လို နေရာမျိုးတွေမှာ အသိမရှိတဲ့ သူစိမ်းတရံစာ နယ်မြေမှာ ကြောက်ကြောက်လန့်လန့်နဲ့ပဲ မနက်နေအထွက်ကို စောင့်မျှော်ရင်း အချိန်ကုန်ခဲ့ရပါတယ်။

တောင်ငူရာသီဟာ ပူရင် အလွန်ပူပြီး၊ အေးရင် အလွန်အမင်း အေးတတ်ပါတယ်။ ဆောင်းရာသီလို အချိန်အခါကို ခိုက်ခိုက်တုန် ကြုံခဲ့ရတာ မနည်းတော့ပါဘူး။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ လောက်မှ ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ထောင်တွင်းနိုင်ငံရေးသမား အကျဉ်းသားတွေကို ၀င်ရောက်တွေ့ဆုံခွင့် ရပြီးတဲ့နောက် သမီးတို့ရဲ့ တစ်လတစ်ခေါက် ပုံမှန်ထောင်ဝင်စာ တွေ့နိုင်ရေးဟာ အနည်းငယ်လေး အဆင်ချောလို့လာပါတယ်။ ICRC က နိုင်ငံရေး အကျဉ်းသားနှင့် မိသားစုများ ပုံမှန်တစ်လတစ်ခေါက် တွေ့ဆုံနိုင်ဖို့ ခရီးစရိတ်နဲ့ တည်းခိုခန်းခတွေ ထုတ်ပေးတဲ့အတွက် ICRCကို သမီးတို့ မိသားစုတွေ ကျေးဇူး အထူးတင်ရပါတယ်။ ICRC မှမကူရင် သမီးတို့နဲ့ အဖေရဲ့ တွေ့ဆုံရေးဟာ နှစ်တွေ ကြာလာသည်နှင့်အမျှ ဝေးကြရတော့မှာပါ။ ICRC ဟာ သမီးတို့အတွက် မုန်တိုင်းတွေကြားထဲက လေပြေအေးကလေး တစ်ခုပေါ့....။

သမီးတို့ ညီအစ်မတွေဟာ ငယ်ငယ်ကတည်းက ကျောင်းမှာ နှစ်စဉ် ဆုရနေကျပါ။ အဖေ ထောင်ကျသွားပေမယ့်လည်း ဆုရမပျက်ပါ။ ဒါပေမဲ့ အဖေ မရှိတဲ့ အချိန်တွေမှာ၊ ကျောင်းဆုပေးပွဲ တက်ဖို့တောင် သမီးတို့မှာ ၀တ်စားစရာ ပြောင်ပြောင်ရောင်ရောင်မရှိ၊ မ၀ယ်နိုင်တာကြောင့် ဆုပေးပွဲ အခမ်းအနားမှာ ဆုတက်မယူဖြစ်ကြတော့ပါ။

ဒီလိုနဲ့သမီး ကိုးတန်းကို ရောက်လာတယ်။ သူများတွေ ကျူရှင်ယူကြတယ်။ သမီးမယူနိုင်ဘူး။ ကျောင်းပုံမှန် တက်ပေမယ့် စာတွေကများပြီး နားမလည်တာက တနေ့တခြား တိုးလာနေတယ်။ ဒါပေမယ့် သမီးစိတ်ဓာတ်မကျဘဲ စွမ်းအားရှိသလောက် ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီအတန်းကို သမီးအောင်ခဲ့ပါတယ်။ အဲဒီ နှစ်မှာပဲ သမီး အစ်မ ၀ါကြီးလည်း ဆယ်တန်းကို သင်္ချာဂုဏ်ထူးဖြင့် အောင်ခဲ့ပါတယ်။ ရှစ်တန်းတုန်းက ငါးဘာသာ ဂုဏ်ထူးရခဲ့တဲ့ သမီးအစ်မဟာ အခုတော့ သင်္ချာ တစ်ဘာသာနဲ့ပဲ နှစ်သိမ့်လိုက်ရပါတယ်။ အဖေသာရှိမယ်ဆိုရင် အဖေသင်တဲ့ ရူပ၊ ဓာတုဗေဒ ပညာတွေမှာ သမီးတို့တတွေ ဂုဏ်ထူးရ ရမှာ အသေအချာပါ။ အခုတော့ သမီးတို့ဘ၀ ကံဆိုးပုံက ကိုယ့်အဖေနဲ့ စာမသင်လိုက်ရတဲ့ ဘ၀ပါ။ အဖေကလည်း ဒါကိုပဲ ၀မ်းနည်းမဆုံး ဖြစ်ခဲ့ရတာ ယနေ့ထိတိုင်ပါပဲ။

ဆယ်တန်းအောင်သွားတဲ့ အစ်မ၀ါကြီးဟာ သမီးတို့ စာဆက်သင်နိုင်ရေးနဲ့ မိသားစုအတွက် အပြင်မှာ အလုပ်လုပ်ရင်း စာပေးစာယူသင်တန်းနဲ့သာ ပညာဆက်ခဲ့ရပါတယ်။ သမီးတို့ တိုင်းပြည်ရဲ့ နိမ့်ပါးလှတဲ့ ပညာရေးထဲက အနိမ့်ကျဆုံး တက္ကသိုလ် ပညာရေးပါလို့ အဖေကိုယ်တိုင် စိတ်အပျက်ဆုံးဖြစ်နေတဲ့ စာပေးစာယူကို အဖေ့ သမီးတစ်ယောက်တော့ တက်နေရပြီ အဖေရေ... လို့သာ သမီးအော်ငိုလိုက်ချင်ပါတယ်။

ရာသီတွေပြောင်း နှစ်တွေလည်း ကြာညောင်းခဲ့ပေမယ့် အမေနဲ့ သမီးတို့ရဲ့ ထောင်ဝင်စာ တွေ့ဆုံမှုကတော့ တစ်လတစ်ခါ ပုံမှန်ရောက်ခဲ့ပါတယ်။ နောက်နှစ်မှာ သမီးလည်း ဂုဏ်ထူးမပါ ဗလာကျင်းနဲ့ ဆယ်တန်းအောင်ခဲ့ပါပြီ။ အမှတ်က သိပ်မနည်းလှတဲ့အတွက် GTC ကိုလျှောက်ခဲ့တာ အဆင်ပြေသွားပါတယ်။ အမေက သမီးကို GTC ကျောင်းကို လိုက်အပ်ပေးပါတယ်။ ဒါနဲ့ပဲ သမီးတစ်ယောက် GTC တက်ဖြစ်ပြီမို့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ရေးတွေးပြီး သောကတွေကြားက အင်အားအလင်းရောင် တစ်ချက် လက်ခဲ့ပါပြီ။

ရန်ကုန်နှင့် အလှမ်းဝေးတဲ့ မှော်ဘီကို အမေထည့်ပေးထားတဲ့ ထမင်းဘူးဆွဲ၊ မနက်စောစော ကျောင်းကားစီးပြီး နေ့စဉ်တက်ခဲ့ရတယ်။ အစားနည်းတဲ့ သမီးအတွက် ဘာဟင်းရယ်ဆိုတာ မစဉ်းစားမီ ၊ အဖေရှိတုန်းကလို ချေးမများမိခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျောင်းကားပေါ် လှမ်းအတက် ထမင်းဘူးကိုင်ထားတဲ့ လက်အရန်းးမှာ ထွက်လာတဲ့ အသံက `ဂလောက်ဂလောက်..´ ဒါဆိုရင် ငါးခြောက်ကြော်၊ အသံမကြားဘူးဆိုရင် ကြက်ဥ၊ဘဲဥကြော်ပါပဲ။

ဒါကြောင့် ကျောင်းမှာ သူငယ်ချင်း အပေါင်းအသင်း သိပ်မရှာဖြစ်ဘူး။ ထမင်းစားချိန်ဆို တစ်ယောက်ထဲ တစ်နေရာမှာပေါ့။ အဖေရှိစဉ်ကဆို ဘယ်သွားသွား သမီးတို့ ညီအစ်မ သုံးယောက် အမြဲတမ်းပါတယ်။ ရောက်တဲ့နေရာ၊ ရောက်တဲ့ဆိုင်ဝင် ကြိုက်တာစားပဲ။ သမီးတို့ စားချင်တာကို အမြဲဝယ်ကျွေးနေကျ။ ဒါတွေတွေးမိရင် ရင်ထဲမှာ ဆို့နင့်ပြီး မျက်ရည်က ဘယ်လို ကျလာမှန်းမသိတော့ပါဘူး။

ကျောင်းရောက်ပြန်တော့လည်း စာသင်ခန်းဝင်၊ ညနေကျောင်းပြန် အိမ်ပြန်ရောက်ရင် ဘာမျှကို လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် တစ်နေ့တာ ပင်ပန်းကြရတဲ့ ပညာရေးပါ။ ပညာလိုချင်လို့သာ သွားကြရတယ် လနှင့်ချီလာတော့ သိပ်မလွယ်လှဘူး။ တချို့ဆိုရင် ကျောင်းမရောက်ကြတော့ဘူး။ ကျောင်းကဝေး၊ မိဘနှင့်ဝေးဆိုတော့ ကျောင်းပျက်ပြီး စာမေးပွဲ ကျကြတယ်။ဒီအဖြစ်မျိုး မဖြစ်အောင် သမီးကြိုးစားပြီး အားယူရပါတယ်။ ဆယ်တန်းတုန်းက ဘယ်လောက်ပဲ ဂုဏ်ထူးတွေရနေပါစေ မှော်ဘီရောက်တော့ ကျစာရင်းထဲ ရောက်သူတွေလည်းရှိပါရဲ့။ ပထမနှစ်တော့ သမီးအောင်မြင်သွားပါပြီ ။ အဲဒီနှစ်မှာ ညီမငယ်လေးလည်း ဆယ်တန်းကို ရူပ၊ ဓာတု နှစ်ဘာသာ ဂုဏ်ထူးနဲ့ အောင်ပြီး ကွန်ပျူတာ တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။

ဘယ်လောက်ပင် ဒုက္ခပင်လယ်ဝေပါစေ လှိုင်းတွေကို ကျော်ဖြတ်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီလှိုင်းဆိုတဲ့ လောကဓံဟာ တက်လိုက်ကျလိုက်။ အိမ်ရဲ့စီးပွားရေး မပြေလည်မှုတွေ၊ နှစ်တွေကြာညောင်းလို့ အဖေနဲ့ ဝေးနေရတဲ့ဘ၀တွေ၊ အမေရဲ့ ပင်ပန်းရုန်းကန်နေရမှုတွေကို ကြည့်ရင်း သမီးစာသင်လိုတဲ့ စိတ်ဓာတ်တွေကျလာတယ်။ ဒုတိယနှစ်ကို ဖြေခဲ့ပေမယ့် စာမေးပွဲ ကျသွားပါပြီ။ ဒုတိယနှစ်ပြန်တက်ဖို့ ကျောင်းပြန်အပ်တော့လည်း ကျောင်းအပ်ဖို့ ငွေမရှိတော့ လိုက်လံချေးငှားရတဲ့ အချိန်ကြောင့် တစ်လကြာမှ သွားအပ်တော့ ကျောင်းတစ်လ နောက်ကျတဲ့အတွက် ဒီတစ်လအတွင်း ကျောင်းခေါ်ကြိမ် သုညဖြစ်တာမို့ ကျောင်းအပ်ခွင့်မရခဲ့ပါဘူး။ ဒီနှစ်မှာ ကျောင်းနားလိုက်ရ ပါတော့တယ်။ ဒုတိယနှစ်က နှစ်နှစ်ဆက်တိုက် ကျသလိုဖြစ်သွားတဲ့အတွက် အပြင်ဖြေခွင့်သာ ရခဲ့ပါတယ်။ ကျောင်းတက်ခွင့်မရပေမဲ့ ကျောင်းလခနှင့် အခြားစရိတ်ဖိုး ဆိုပြီး ၈၀၀၀ကျပ် နီးပါ သွင်းခဲ့ရပါတယ်။

ကျောင်းမတက်ဖြစ်တော့တဲ့အတွက် အဲဒီနှစ်မှာ သမီးတို့နေထိုင်ရာ သမိုင်းခ၀ဲခြံကနေ ရေလယ်ဘုရားရှိတဲ့ ကျောက်တန်းမြို့အထိ သွားရောက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ လျှပ်စစ်အင်ဂျင်နီယာ အနေဖြင့် အလုပ်ဝင်ခဲ့ရပါတယ်။ သမီးတို့ ကျောင်းဆက်တက်နိုင်ဖို့အရေး အမေကလည်း သူ့သူငယ်ချင်းဆီက မြေပဲဆားလှော်တွေ ဖောက်သည်ယူပြီး ဆိုင်တွေ လိုက်စပ်ရတယ်။

သိမ်ကြီးဈေးက သုံးပိဿာအလေးရှိတဲ့ ဖာလာပုံးကို လသာကားဂိတ်ကိုသယ်၊ အိမ်ရောက်ရင် မိသားစုတွေ ဖာလာစေ့ကို အကြီးအသေးရွေးကြရတယ် ရွေးပြီးဖာလာစေ့တွေကို နောက်ရက်တွေမှာ သိမ်ကြီးဈေး ပြန်အပ်ရတာတွေ၊ သမီးညီမငယ်လေးဆို ကျောင်းပိတ်ရက် ဖိနပ်စက်ရုံမှာ သားရေဖိနပ်တွေ အရောင်တင်တဲ့အလုပ် အထည်ချုပ်မှာ အထည်ညှပ်တဲ့အလုပ်ကို ၈တန်းကျောင်းသူဘ၀မှာ လုပ်ခဲ့ရသေးတယ်။ အရွယ်နှင့်မလိုက်အောင် လုပ်ခဲ့ရတော့ တနေကုန်ရပ်ပြီး အထည်ညှပ်ရတော့ ဘယ်ခံနိုင်ပါ့မလဲ နောက်ပြီး ကပ်ကြေးညှပ်ရတော့ လက်မနှင့် လက်ညှိုးတွေမှာ အရေပြားပွန်းပဲ့ကုန်တော့ အိမ်ပြန်ရောက်ရင် သူ့လက်ကလေးတွေကြည့်ရင်း မျက်ရည်ကျမိတာကို မိသားစုတွေပါ မျက်ရည်ကျရပြန်ပါတယ်။

နောက်တစ်နှစ်မှာတော့ ပြင်ပဖြေကို ၀င်ဖြေဖို့အတွက် ဆောက်လုပ်ရေးတုန်းက လစာကိုစုပြီး မေဂျာ ဘာသာရပ်တွေကို ဆရာတွေထံမှာ ကျူရှင်ယူ၊ မိုင်နာ ဘာသာရပ်တွေကို သူငယ်ချင်းတွေမေး ကိုယ်တိုင်လေ့လာယူ ပြင်ပဖြေနဲ့ပဲ အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တော့ B.Tech တက်ခွင့်ရခဲ့ပါပြီ။ လောကဓံလှိုင်း ပြန်တက်ပြန်ပါပြီ။ အမေ့ရဲ့ ကြိုးပမ်းရှာဖွေမှုကြောင့် အစ်မကြီးဝါ B.A(Eco) ဘွဲ့ကို ဘွဲ့နှင်းသဘင် တက်ယူပေးနိုင်ခဲ့ပါတယ်။ အဖေအမေစုံကြား ဘွဲ့ဝတ်စုံနဲ့ သမီးကိုထားပြီး ဓာတ်ပုံရိုက်နေကြတဲ့ မိသားစုတွေထဲမှာ အဖေမပါဘဲ အမေနှင့် အစ်မ၀ါကြီး ရဲ့ဓာတ်ပုံကိုကြည့်ပြီး သမီးအနေဖြင့် ရင်ထဲမှာဟာတာတာဖြစ်ပြီး မျက်ရည်ကျမိခဲ့ပါတယ်။

ထောင်ဝင်စာကိုတွေ့တိုင်း အဖေပြောတဲ့ စကားရှိတယ်။ အဖေဟာ လူဆိုးဖြစ်လို့ ထောင်ကျတာ မဟုတ်တဲ့အကြောင်း၊

တို့တိုင်းပြည်ကောင်းစားရင် အားလုံးကောင်းစားကြမှာမို့ အချင်းချင်း အာဃာတတွေနဲ့ ရန်သူလို့မမြင်ကြဘဲ စစ်အစိုးရကော အတိုက်အခံပါမကျန် တိုင်းရင်းသားတွေအားလုံး သင့်သင့်မြတ်မြတ် စကားပြောကြပါလို့ စာရေးပြောမိတာနဲ့ အဖေတို့ကို ထောင်ချတာဖြစ်တယ်။ အဖေက စစ်အစိုးရကို တိုက်မယ်ခိုက်မယ် ရိုက်မယ်ပုတ်မယ်လို့ ပြောတာမဟုတ်သလို ဒီလိုစိတ်မျိုးလည်း မရှိဘူး ။ အားလုံးအတူတကွ ချစ်ခင်ကြဖို့သာ တိုက်တွန်းခဲ့တာပါတဲ့။

သမီး တွေးကြည့်မိတာကတော့ အဖေတို့ တိုက်တွန်းချက်ကို သူတို့ မကြိုက်လို့ အဖေတို့ကို ထောင်ချတာပဲပေါ့။ သူတို့ မကြိုက်တာကို ပြောမိလို့ သူတို့က အဖေ့ကို လက်စားချေလိုက်တာလို့ပဲ သမီးထင်မိတယ်။ ငါ့ကို မထိနဲ့ မီးပွင့်သွားမယ်ပေါ့။ ဒါ လူမိုက်တွေရဲ့ စရိုက်ပဲ။ ရက်စက်လိုက်ကြတာများ ဒါဆို အချင်းချင်း မသင့်မြတ်ချင်လို့ ဖြစ်မှာပဲ။ စစ်အစိုးရက ရန်ဖြစ်နေတာက သူ့အတွက် သက်ဆိုးပိုရှည်မယ်လို့ ထင်တယ်နဲ့တူတယ်။ အင်းလေ…… သူ့မှာက လက်နက်တွေ အပြည့်နဲ့ဆိုတော့ ရန်ဖြစ်ရတာ ပိုအားရှိမှာပေါ့။ လက်နက်မရှိတဲ့သူကို ဘယ်ကြောက်ပါ့မလဲ။

ဘယ်လောက်များ ကမ်းကုန်အောင် မိုက်ရိုင်းနေသလဲဆိုရင် ဒီပဲယင်းအရေးအခင်းကိုပဲ ကြည့်လေ..။ လူဆိုးလူမိုက်တွေကို လက်မရွံ့လူသတ်သမားတွေ၊ ငတ်ပြတ်နေလို့ ပိုက်ဆံရရင် ဘာမဆို လုပ်ပါ့မယ်ဆိုတဲ့ ကြံ့ဖွံ့လို လူယုတ်မာတွေရဲ့ လူသတ်ပွဲကိုပဲ ကြည့်ရင် ရှင်းနေတာပဲ။ ဘုရားဟောမှာ အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာ နဉ္စ ဆိုတဲ့ လူမိုက်ကို ဝေးဝေးကရှောင် မပေါင်းဖို့နဲ့ ပညာရှိကို ချဉ်းကပ်ဖို့ ဘုရားရဲ့အဆုံးအမကို ဒီစစ်အစိုးရက ဆန့်ကျင်နေတာပင် တိုင်းပြည်အနေနဲ့ အင်မတန်ကို ရှက်စရာလည်း ဖြစ်သလို၊ ယဉ်ကျေးပါတယ်ဆိုတဲ့ သမီးတို့ တိုင်းပြည်ဟာ အတော်ကို ယုတ်မာရက်စက် ရိုင်းပြနေကြပါလားလို့ တွေးမိရင်း ကိုယ့်တိုင်းပြည်နှင့် လူမျိုးအတွက် ရင်ထဲမချိအောင် ၀မ်းနည်းနေမိပါတယ်။

ဩော် သမီးတို့ရဲ့မုန်တိုင်းကျ လမိုက်ညတွေ ဘယ်တော့များမှ ကုန်ဆုံးမှာလဲ၊ ပြန်စဉ်းစားမိတော့ ကိုယ့်မိသားစုတစ်စုတည်းမှ မဟုတ်တာ။ ထောင်ထဲမှအကျဉ်းကျနေတဲ့ အဖေ့လို နိုင်ငံရေးအကျဉ်းသားတွေ သူတို့ရဲ့မိသားစုတွေလည်း ထပ်တူထပ်မျှပဲလေ။ ဒါတင် ဘယ်ကမလဲ သမီးတို့ရဲ့မြန်မာပြည်သားအားလုံးဟာ မုန်တိုင်းနဲ့ လမိုက်ညတွေအောက်မှာ ရောက်နေကြတာပါပေါ့လား…။

၂၀၀၅ ခုနှစ် ဇူလိုင် ၂ရက်နေ့ အဖေ့ထောင်ဝင်စာ သွားတွေ့တယ်။ ညီမငယ်လေးပဲ လိုက်တော့တယ်။ အမြွာတွေလည်း အတော်လေး ကြီးလာပြီ။ လက်လွှတ်လို့ရနေပြီ။ လေးတန်းတောင် ရောက်ကြပြီမို့ အမေက အိမ်မှာပဲ ထားခဲ့တော့တယ်။

အမေတို့ ပြန်ရောက်ပြီး သုံးရက်မြောက် ညနေမှာတော့ အိပ်မက်လန့်နိုးဆိုသလို သမီးတို့အိမ်သားတွေ ခံစားလိုက်ရပါတော့ အိပ်မက်လား၊ တကယ်ပဲလား။ ညနေ သမီး မှော်ဘီကျောင်းက အပြန်မှာတော့ သမီးတို့ စက္ကန့်တိုင်း ၊ မိနစ်တိုင်း၊ နာရီတိုင်းမှာ တောင့်တမျှော်လင့်ခဲ့ရတဲ့ သမီးတို့ရဲ့ အင်အား မဟာ အဖေဟာ အိမ်ကို ပြန်ရောက်လို့နေပါပြီ။

ဝမ်းသာလွန်းလို့ မျက်ရည်ကျရပြန်ပါပြီ။ အဖေ့ထောင်သက်က တကယ်တော့ ၁၃ နှစ်။ အခု ၉ နှစ် မပြည့်သေး တစ်လအလိုမှာ ပြန်လွတ်လာတော့ ဟုတ်မှဟုတ်ပါ့မလား။ အဖေ သမီးတို့ဆီ တကယ်ပြန်ရောက်လာတာပါနော် အဖေလို့... သမီးနှုတ်က လွှတ်ခနဲ ထွက်ခဲ့ခြင်းနဲ့အတူ အဖေဟုတ်ရဲ့လားလို့ အဖေ့လက်ကို ဆွဲကိုင်ထားမိပါတော့တယ်။ ။

ရေးသားသူ..သက်ထက်နှင်းလှိုင် (C.D.C)


လူတိုင်းလူတိုင်း ဟာ နအဖ စစ်အာဏာရှင် လက်ထက်မှာ ကိုယ်တိုင် ခံစားချက်တွေရှိ ခဲ့ ကြပါတယ်ရှင်.။ဘဝတွေ အမြောက်အများပေးဆပ်ခဲ့ကြရတဲ့ မြန်မာ ပြည်သူ လူထု များတွင် ခံစားချက် ကိုယ်စီရှိနေ ကြဆဲပါ.။ထို့ကြောင့် ကိုယ်တိုင် ခံစားမှုရှိမှ၊ စာနာနားလည် ပေးနိုင်သလို ခံစားချက်ဆိုတာ ကိုပိုလို့ နားလည် ကြပါတယ်၊ဒါကြောင့် ကျမ မြတ်လေးငုံ မှ ဤ ပို့စ် လေးကို နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးအနေနဲ့ ပြန်လည် ခံစားပြီး တင်ပြပေးလိုက်ပါတယ်ရှင်.။

Voice of Burma 795 စာစောင်

VOB795KK

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း နှစ်(၂၀)ပြည့် အမှတ်တရ အခမ်းအနား ဖိတ်ကြားစာ..


၁၉၉၁ခုနှစ်ဇန္နဝါရီလ(၁၈)ရက်နေ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခရမ်းမြို့နယ်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးတင်မောင်ဝင်းဟာ အင်းစိန်ထောင်အတွင်းကွယ်လွန်ခဲ့ရပါတယ်..။

မြန်မာနိုင်ငံရဲ့အကယ်ဒမီဆုပေးပွဲအမှီတိုင်းပြည်တစ်ခုရဲ့တိုးတက်မှူ့ ကိုအဲဒီတိုင်းပြည်ရဲ့အနုပညာထုတ်ကုန်ကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်

မြန်မာရုပ်ရှင် ဗီဒီယိုဇာတ်ကားများအပေါ် အမြင် (၄) (သို့မဟုတ်) ဖားတုလို့ ခရုခုန် ဖင်ပြဲရုံသာရှိပေတော့မည့် ထိုဇာတ်ကားဟိုးတလောက YouTube မှာ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ တင်ခဲ့ပေမယ့် .. အကုန်လုံး မတင်နိုင်ခဲ့ဘူး။ Digital Right မရှိလို့ဆိုပြီး YouTube က ဖျက်လိုက်တယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ သီချင်းတွေ ခိုးဆိုတာတို့ ဘာညာတွေ ရှိတယ်။ Picasso ရဲ့ Good artists copy, great artists steal ဆိုတာ မျိုး ရှိစေအုံးတော့ မြန်မာစကားမှာ “ဖားတုလို့ ခရုခုန် - - -သာ ရှိပေမည်” ဆိုတာမျိုးလည်း ရှိပါတယ်။ အောက်ဖေါ်ပြပါ ဇာတ်ကားလို ဟိုကော်ပီ ဒီကော်ပီတွေ လုပ်မယ့်အစား မိမိနိုင်ငံနဲ့ သင့်တော်မည့် လူတွေကို တကယ့်ကို ပညာရစေမည့် ဇာတ်ကားမျိုး ရိုက်သင့်တယ်။

ကဲ ရှုစားတော်မူပါ

ဒါကတော့ မြန်မာဇာတ်ကားပါ ပြကွက်ပါ ။


ထိုကဲ့သို့ ဟိုးရှေးပဝေသနီကမော်တော်ကားကို အိညောင့် အိညောင့်နဲ့ မညီမညာလမ်းတွေမှာ မောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသားပါ



ဒါကတော့ မူရင်း Transporter ဇာတ်ကားမှ ရှုခင်းတွေပါ .. မြန်မာနိုင်ငံမှာလည်း ထိုကဲ့သို့သာယာတဲ့ နေရာမျိုးတွေ ရှမ်းပြည်မှာ ရှိပါတယ် ဗျာ .. တူစေချင်လည်း သွားရိုက်ပေါ့ ..


အင်း .. မူရင်းကားရဲ့ မော်တော်ကားက အဆင့်မြင့်မြင့်ပေါ့



သူကမူရင်းအတိုင်းဇာတ်ကားအတိုင်း ကားဘီလည်းတာပါ .. ဒါပေမယ့် ဘီးမပြတာမပါဘူး အခုလိုပဲပြီးသွားတယ်


မြန်မာကားများ ဘယ်လောက်ချွေတာလည်း ဆိုရင် မင်းသမီးကို ရေပဲ တိုက်ရှာပါ့နော်


မူရင်းကားကတော့ Orange Juice .. အင်း .. ရိုက်မယ့်ရိုက်လည်း ရေ တိုက်မယ့်အစား သူ့လို Orange Juice လေးဘာလေး မင်းသမီးကို တိုက်လိုက်တာ မဟုတ်ဘူး .. ချွေတာ နေတာ

အဲ အဲ .. မြန်မာဇာတ်ကားတွေရဲ့ လူဆိုးတွေပေါ့ .. ကုတ်အကျီ င်္အမည်းတွေကို မချွတ်တမ်း လူဆိုးမှန်းသိအောင် ဝတ်ပြကြရပါတယ်



ဒီအခန်းမှာ ပြောသွားတဲ့ Dialogs တွေ အားလုံးဟာ မူရင်း Transporter ကားထဲက အတိုင်းပါပဲ .. ၁၀ စက္ကန့်အချိန်ပေးမယ် ထွက်သွားတို့ .. ၅ စက္ကန့်အချိန်ပေးမယ် .. မင်းငါ့အကျီ င်္ကို လွတ်လိုက်ပါတို့ ဆိုတာ .. ဒါများ ဇာတ်လမ်း ဘယ်သူ ဇာတ်ညွှတ်းဘယ်သူ လုပ်နေသေးတယ် .. ဘာသာပြန်သူ ဘယ်သူ ဆို ဟုတ်သေး



ဒါက မူရင်းဇာတ်ကားရဲ့ ပြကွက်ပါ



မူရင်းကားမှာတော့ တကယ့် အကျီ င်္ချိတ်ကို လှမ်းပြီး ချိတ်တာပါ



မြန်မာကားက ပေါချက်က ကမ်းကုန်တယ် .. မူရင်း The Transporter ကားမှာ လူဆိုးတွေနဲ့ Fighting ချရင်း မင်းသားက ကုတ်အကျီ င်္ကို အကျီ င်္ချိတ်မှာ လှမ်းချိတ်တယ် .. မြန်မာကားကတော့ ဘယ်ကာရာအိုကေ စင်တင်တေးဂီတလည်း မသိ .. အတည်ပေါက်နဲ့ Microphone Stand မှာ သွားချိတ်တယ် .. ပေါပ .. သူတို့က အတည်ပေါက်ရိုက်ပြပေမယ့် မပြုံးပဲ ဝါးလုံးကွဲအောင် ရယ်ခဲ့ရတယ်။


မြန်မာကားမှာ သေနတ်မကိုင်ရလို့ အခုလို ဂျိုင်းကြားမှာ ပုစိန်နှစ်ချောင်း အတည်ပေါက်နဲ့ ထိုးထားလေရဲ့ .. ပေါချက်ကတော့ ကမ်းကုန်တယ်



ဒီဇာတ်ကားမှာ ကြည့်နေတဲ့သူငယ်ချင်းတွေပါ မပြုံးပဲ ဝါးလုံးကွဲရယ်ခဲ့ရတဲ့ ပြကွက် ခပ်ဆန်းဆန်းပါ .. မင်းသားကားမောင်းလာတာကို ပြေးဝင်တိုက်ကျတဲ့ မြန်မာကားမှ လူဆိုးတွေပါ .. ဘယ်သူကမှာ ကားမောင်းလာတာကို ပြေးဝင်တိုက်ကျမယ်လို့ မထင်မိပါဘူး .. အံ့ရော အံ့ရော


မူရင်းကားရဲ့ နာမည်အရင်းကတော့ "The Transporter" ပါ .. အောက်က ဓါတ်ပုံကတော့ မြန်မာကားရဲ့ နာမည်ပေါ့ ..






မြန်မာကား နာမည်ကတော့ "Carry" တဲ့ ဗျာ .. ရယ်လိုက်ရတာ ခွက်ခွက်လန် .. ပေါတယ်




မြန်မာကား မြန်မာပြည်က သရုပ်ဆောင်တွေကို ဇွတ်ကြီး မျက်စိမှိတ်ပြီး ကြိုက်တဲ့ သူတွေက အရင်က ပြန်ပြန် ငြင်းကျလွန်းလို့ အခုလို Screen Shot တွေနဲ့ ရေးလိုက်ရတာပါ။ ထိုဇာတ်ကားအတွက် ကုန်ကျမည့် ငွေကြေးပမာဏအား တကယ့်ကို အသုံးကျမည့် ပညာပေး အနုပညာရသမြောက်ဇာတ်လမ်းတစ်ခုကို အခြေခံတဲ့ ဇာတ်ကားမျိုး ရိုက်လို့ရပါတယ် ။ ပြကွက်တွေကို ပြောပြရင် မယုံမှာ စိုးလို့ အခုလို Screen Shot တွေနဲ့ရေးရခြင်းပါ။ ရေးသမျှ လာငြင်းနေရင်လည်း အဲဒီ လာငြင်းနေတဲ့သူဟာ ရူးနေတဲ့ သူလို့ပဲ မြင်မိမှာပါပဲ။


source. Myanmar LGBT Society

06 January 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအတွက် အကျိုပေးတဲ့သူ ဖြစ်နိုင်တယ်


မာတင် ပက်တီ
(ရိုက်တာသတင်းဌာန)

မြန်မာစစ်အစိုးရခေါင်းဆောင်တွေဟာ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့အာဏာကို ဆက်လက် ထိန်းသိမ်းထားတဲ့အတွက် သူတို့အနေနဲ့ပျော့ပျောင်းလာဖို့အလားအလာမရှိပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာကတော့ သူတို့ဟာ လူပါးလူနပ်တွေ လို့ပြောရမှာပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေခွံလဲတာက ပြီးသလောက်ရှိသွားပါပြီ။ လာမယ့်ဆယ် စုနှစ်ပေါင်းများစွာ အုပ်ချုပ်သွားတော့မယ့်၊ အရပ်သားတွေရှေ့တင်ထားတဲ့အစိုးရဲ့နောက်ကွယ်မှာ အာဏာ ကိုခိုင်မာအောင် လုပ်ဖို့ အတွက်၊ မကြာသေးခင်က နိုဗယ်ဆုရှင်လွတ်လာတာကို မီးမောင်းထိုးပြပြီး စစ်အစိုးရက လူတွေကို လုံးဝအာရုံပြောင်းသွားအောင် လုပ်လိုက်တယ်။

စစ်တပ်ကျောထောက်နောက်ခံပြု ထားတဲ့ ပါတီက လွန်ခဲ့တဲ့လကပဲ၊ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့အတူ အပြတ်အသတ်အနိုင်ရခဲ့တာဖြစ်တယ်။ ဒီလိုနဲ့လာမယ့် ရက်သတ္တပတ် ၆ ပတ်မှာ အစိုးရဖွဲ့စည်ပြီးတဲ့အခါ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာတွေဟာ လက်ရှိခေါင်းဆောင်တွေရဲ့လက်ထဲမှာပဲ ရှိမြဲရှိနေမှာ ဖြစ်ပါတယ်။

အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ နံပတ်နှစ် ဗိုလ်ချုပ် မောင်အေး တို့ရဲ့ အဓိကရန်သူ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ အခုအခါမှာ သူတို့အတွက် အန္တရာယ် တခုဆိုတာထက်၊အလွန်တန်ဘိုးရှိတဲ့သူတဦးဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ယူဆကြပါတယ်။ သူ့ရဲ့ပါတီဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး၊ လာမယ့်စနစ်သစ်မှာ၊ သြဇာတိက္ကမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံရေးအခန်းကဏ္ဍမရှိတော့ပါဘူး။ ဒါပေမယ့် သူ့ကို အရင်ကမပေးခဲ့ဖူးတဲ့ လွတ်လပ်ခွင့်တွေပေးလိုက်တဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ထိတွေ့ဆက်ဆံလာမှုနဲ့ အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလျော့ကျလာဖို့မျှော်လင့်ချက်တွေရှိလာစေပါတယ်။ ဒီလိုလွတ်လပ်ခွင့် ပေးလိုက်မှုဟာ စစ်တပ်ကစီမံအုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်လာစေဖို့ အဆုံး သတ်ဆောင်ရွက်မှု တွေကိုထပ်လောင်းဖြည့်စွက်ပေးလိုက်တာပါပဲ။ `သူတို့က ထိန်းချုပ်မှုကို လျှော့ပေးဖို့ တွန့်ဆုတ်နေကြတယ်၊ ဒီတိုင်းပြည်ကို ဆက်လက်ပြီး လုံးဝစိုးမိုးအုပ်ချုပ်ထားချင်ကြတယ်` လို့ ဟားဗတ်ကျောင်းဆင်း ပညာရှင်နဲ့ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ အောင်သူငြိမ်းက ပြောပါတယ်။

“သူတို့ပါတီက အပြတ်အသတ်အနိုင်ရခဲ့ တာကြောင့် ဗိုလ်ချုပ်တွေက သူတို့အတွက် စိတ်ချရပြီလို့ ယူဆကြတယ်။ တရုတ်ပြည်နဲ့ သူတို့မဟာမိတ်တွေက ရွေးကောက်ပွဲကို ထောက်ခံအားပေးကြတယ်။ သူတို့က အရပ်သားတွေအဖြစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အန္တရာယ်မဟုတ်တော့ဘူး” လို့သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်လိုက်တာဟာ သူ့ရန်သူတွေက စိတ်ကောင်း စေတနာနဲ့လွှတ်လိုက်တာတော့မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးဖို့သူ့ရဲ့ ကမ်းလှမ်းချက်ကို သူတို့က အခုထိ ဘာမှမတုန့်ပြန်သေးပါဘူး။ ရာစုနှစ်ဝက်နီးပါး စိုးမိုးအုပ်ချုပ်ခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးမှုကို ဆုတ်ယုတ်ကျဆင်း အောင်လုပ်ခဲ့တဲ့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးမသိကျိုးကျွံပြုနေ မှာဖြစ်တယ်လို့ အများစုက ယုံကြည်ယူဆကြပါတယ်။ ဒါပေမယ့် အများနဲ့မဆက်ဆံပဲ ဖာသိဖာသာနေလိုတဲ့ စစ်အစိုးရက၊ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာအင်တာဗျူးတွေ ဆက်တိုက်တသီကြီးလုပ်နေတာ၊ သံတမံ တွေ၊ နိုင်ငံရေး မဟာမိတ်တွေနဲ့တွေ့ဆုံပွဲတွေလုပ်နေတာတွေကိုထိန်းထိန်းသိမ်းသိမ်းနဲ့ ခွင့်ပြုထားခြင်းဟာ

အနောက်နိုင်ငံတွေနဲ့အစပျိုးထိတွေ့နိုင်ဖို့ သူတို့အနေနဲ့မလုပ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကို တစုံတရာ လုပ်ပေး စေချင်လို့ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စွန်းထင်းနေတဲ့ရုပ်ပုံလွှာကို ပိုမိုကောင်းမွန်လာဖို့ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ကျတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး အနောက်တိုင်းက ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် အခွင့်အလမ်းတခုလည်းဖြစ်နေပါတယ်။ နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေကိုဆွဲဆောင်ဖို့နဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရ အကြီးမားဆုံးမဟာမိတ်ဖြစ်တဲ့ အိမ်နီးချင်းတရုတ်ပြည်အပေါ် မြန်မာနိုင်ငံရဲ့ မှီခိုနေရမှုကိုလျှော့ချဖို့၊ အတွက်လည်းအရေးပါနိုင်ပါတယ်လို့ကျွမ်းကျင်သူများကပြောကြပါတယ်။ `သူတို့က ဒေါ်အောင်ဆန်း စုကြည်ကို အသုံးချဖို့ကြိုးစားနေကြတယ်။ ပြုပြင် ပြောင်းလဲရေးအတွက် သူတို့ရည်ရွယ်ချက် ရှိတယ်ဆိုတာကို မသိမသာပြသဖို့ကြိုးစားနေကြတယ်။ ပြောရမယ်ဆိုရင်၊ ပိုမိုကြီးမားတဲ့ ရင်းနှီးမျြုတ်နှံမှု တွေလုပ်လာကြအောင် တိုက်တွန်းအားပေးဖို့ နဲ့တရုတ်ရဲ့လွှမ်းမိုးနေမှုကနေ အကာအကွယ်တခုအနေနဲ့ အနောက်နဲ့ပြန်လည်ဆက်ဆံသွားဖို့ရည်ရွယ်တာဖြစ်တယ်` လို့ အမေရိကန်အခြေစိုက် နိုင်ငံခြားဆက်ဆံရေး ကောင်စီ က ဂျို့စ် ကာလန်ဇစ် ( Josh Kurlantzick ) က ပြောပါတယ်။ `သူတိုက တရုတ်နဲ့နီးကပ် နေမှုကိုလိုလားကြတယ်လို့ ကျနော် မထင်ပါဘူး။ ဘယ်အင်အားကြီးနိုင်ငံနဲ့ဖြစ်စေ ဘယ်လိုနီးကပ်နေမှုမျိုးကို မဆို သူတို့စိုးရိမ်မှုရှိကြတယ်လို့ ကျနော်ထင်ပါတယ်`လို့သူကပြောပါတယ်။

ဝေဖန်သုံးသပ်သူအချို့ကတော့၊ စစ်အစိုးရရဲ့ အသေးစိတ်ကျကျ ဒီမိုကရေစီအပေါ်ယံအပြင်ပန်း လုပ်ဆောင်မှု တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ အနောက်တိုင်းထက် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားအာရှကုန်သွယ်ဘက်နိုင်ငံတွေကို နှစ်သိမ့်စေဖို့လုပ်တာပဲဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ သူတို့က အာဏာရှင်စနစ်နဲ့ပဲ ကစားချင်တဲ့ စိတ်ဆန္ဒရှိနေတာကို အနောက်နိုင်ငံတွေက စိတ်ပျက်နေကြတာပါ။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေအနေနဲ့၊ တချိန်က ဘားမားလို့သိထားတဲ့နိုင်ငံဟာ အခုအခါမှန်ကန်တဲ့ ဦးတည်ချက်အတိုင်း တက်သစ်စဒီမိုကရေစီနိုင်ငံတခုဖြစ်တယ်လို့ ငြင်းချက်ထုတ်ကြပါ လိမ့်မယ်။ ငြင်းချက်ထုတ်ကောင်းထုတ်လို့ရပါလိမ့်မယ်။ စစ်တပ်လွှမ်းမိုးထားတဲ့လွှတ်တော်ဟာ အာဏာ အကန့်အသတ်နဲ့ရှိနေပြီး၊ဒီလွှတ်တော်ကနေ စစ်အစိုးရ ထိပ်သီးတယောက်ယောက်ကို သမတ အဖြစ်ရွေး ချယ်ဖို့ကသာ ပိုများပါတယ်။ ဒီသမတ ကပဲ အစိုးရတာဝန်ထမ်းဆောင်မယ့်သူအများစုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။အစိုးရ၀န်ကြီးတွေဟာရွေးကောက်ခံရသူတွေဖြစ်ဖို့လည်းမလိုပါဘူး။

အတိုက်အခံတွေကို ဘေးဖယ်ထားပြီး နိုင်ငံရေးနဲ့စီးပွားရေးကို စစ်အစိုးရနဲ့ သူ့ရဲ့အပေါင်းပါများက ဆက်ပြီးလွှမ်းမိုးထားတဲ့ ပိုနေမြဲကျားနေမြဲအနေအထားဟာ တရုတ်ပြည်နဲ့ အခြားအာရှနိုင်ငံတွေနဲ့ ပိုပြီးတောင်နီးစပ်စေမယ့်သဘောဖြစ်နေပါတယ်။ အစိုးရအနေနဲ့ ပိတ်ကားနောက်ကွယ်ကနေ အာဏာချုပ် ကိုင်ထားတာမျိုးကို၊ အဲ့ဒီနိုင်ငံတွေက လက်ခံချင်ကြပါတယ်။ အခြားသူတွေကတော့၊ ဒီလိုချည်းကပ်နည်းဟာ စစ်အစိုးရကို ပိုပြီးအကျိုးအမြတ်ရရှိစေနိုင်တယ်လို့ ငြင်းချက်ထုတ်ကြပါတယ်။ အနောက်နိုင်ငံတွေကို တခါးဖွင့်ပေးခြင်းအားဖြင့် အစိုးရကို ပြုပြင်ပြောင်း လဲစေဖို့ဖိအားပေးရာကျပါတယ်။ ဒီလိုနဲ့ ပွင့်လင်းမြင်သာမှု တွေရှိလာပြီး စစ်အစိုးရနဲ့နီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေအကြိုက်မဟုတ်တဲ့၊ သင့်လျှော်ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းဘောင်ကိုစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သူတို့ထဲက အများအပြားဟာ ပိတ်ဆို့ အရေးယူခြင်းခံထားရသူတွေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်းထိုင်းနိုင်ငံကိုပုံတူယူပြီး၊ အာရှရဲ့ အဆွဲဆောင်နိုင်ဆုံး ဈေးကွက်တခု ပေါ်ထွန်းလာစေဖို့၊ ကြီးမားတဲ့ သဘာဝအရင်းအမြစ်တွေ၊ အရံစွမ်းအင်တွေ၊ အလားအလာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကိုစိတ်ဝင်စားအောင်ဆွယ်ယူကာ အရှေ့တောင်အာရှကို ကမ်းလှမ်းနေ တာဖြစ်ပါတယ်။ မကြာသေးခင်က အာဆီယံအစည်းအဝေးတခုမှာ၊ အသစ်ဖွဲ့စည်းလိုက်တဲ့ မြန်မာ့စီးပွားရေး ကောင်စီက ဖြန့်ဝေခဲ့တဲ့စာစောင်တခုမှာ၊ သူတို့မကြိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေက အိမ်နီးချင်း နိုင်ငံတွေကို ပိုမိုအာရုံစိုက်ဖို့ဖြစ်လာစေခဲ့တယ်လို့ ရေးထားတာတွေ့ရပါတယ်။

ကျွမ်းကျင်သူတွေအနေနဲ့အသေအချာပြောနိုင်တာကတော့ မြန်မာ ဗိုလ်ချုပ်ကြီးတွေဟာ ရှေးဆိုရိုး စကားလို တဖြေးဖြေးပျောက်ကွယ်သွားကြမှာတော့ မဟုတ်ဘူးဆိုတာပါပဲ။ “သူတို့ဟာကောင်းကောင်း လှည့် စားခဲ့ကြပြီးပါပြီ။ မြန်မာနိုင်ငံဟာ ရှေ့ကိုတက်လှမ်းနေတယ်လို့ထင်ကြရင်တော့ ကျနော်တို့ဟာ ရိုးအ လွန်းရာကျပါလိမ့်မယ်။ စစ်အစိုးရက လမ်းဖွင့်ပေးချင်တဲ့လက္ခဏာမရှိပါဘူး။ အများကို အာရုံလွှဲပြောင်းပစ်ဖို့ ဒေါ်စုကိုလွှတ်ပေးခဲ့တာသာဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံ ဆွေးနွေးမယ့်၊ အပေးအယူလုပ်မယ့် လက္ခဏာလည်း မရှိပါဘူး၊ ဒါတွေအားလုံးကို အရင်ကလည်းကျနော်တို့တွေ့ခဲ့ရပြီးပါပြီ။ ဒီအစိုးရဟာ တိုင်းပြည်ကို အပြည့်အ၀ထိန်းချုပ်သွားရမယ်လို့ အလွန့်အလွန်ကို ယုံကြည်ထားကြတာဖြစ်ပါတယ်။ ဒေါ်စု ခြေလှမ်း တွေက စည်းကျော်လာတဲ့အခါ သူ့ကိုထပ်ပြီးအကျဉ်းချထားဦ့းမှာပါပဲ” လို့ ထိုင်းအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ပြောပါတယ်။

x x x x x

(၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က Reuters သတင်း ၀က်ဆိုက်တွင်ဖေါ်ပြထားသော Reuters မှ ဘန်ကောက်သတင်းထောက် Martin Petty ၏ Suu Kyi could be boon for Myanmar’s old soldiers ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)

(၅.၁.၂၀၁၁) နေ့ကမဲဆောက်မြို့ စီတီစီ ကျောင်းတွင် ပြုလုပ်သော ကရင်နှစ်သစ်ကူးပွဲတော် ဓာတ်ပုံသတင်း















ဓာတ်ပုံ များပေးပို့ ပေးသော KTTC အားကျေးဇူးတင်ပါတယ်ရှင်.။

မဲဆောက်မြို့ စီတီစီ ကျောင်းတွင်ပြုလုပ်သောကရင်နှစ်သစ်ကူးပွဲတော်

အတိုချုံးပေါ်ချင်တာ ဒီမှာရေး
အောက်မှာပေါ်ချင်တာဒီမှာရေး

ပြည်တွင်း မှ လူငယ်များ အတွက် စိုးရိမ်သော အုပ်ထိန်းသူတဦး၏ရင်ဖွင့်သံ

ရန်ကုန်မြို့၏ အထင်ကရ လမ်းမ ကြီးများနှင့် လမ်းဆုံ လမ်းခွ အချက်အချာ ကျသော နေရာ များတွင် ရှိသော အရက်ဆိုင်၊ ဘီယာ ဆိုင် များ တွင် အရက် အမျိုးမျိုး တို့၏ ကြော်ငြာ များကို မြန်မာမိန်းကလေးမော်ဒယ် လေးများ၏ မပေါတပေါ အယတ်အစားများနှင့် ဖော်ချွတ်ပုံ များကို ကြော်ငြာ ထားကြရာ ဖြတ်သွား ဖြတ်လာ ကလေး လူငယ်များ အဖို့ ဆွဲဆောင်မှု တစ်ရပ် သဖွယ် ဖြစ်နေ ပါ၍ ထိုသို့ ပြောင်ပြောင် တင်းတင်း ကြော်ငြာ နေမှု များကို တစ်နည်းနည်း ဖြင့် ဟန့်တား ပိတ်ပင် တားဆီးသင့် သည်ဟု ထင်မြင် ယူဆ မိပါသည်။

လက်ရှိအစိုးရ မှ ထိုသို့ ကြော်ငြာများကို ဖော်ပြခွင့် မပေးပါဘူး အမိန့်တွေထုတ်ထားပေမယ့် ယနေ့အချိန်ထိ လူမြင်ကွင်းများတွင် ကြော်ငြာ မှုများက ရှိဆဲပါ.။အမျိုးကောင်းသမီးမိန်းကလေးများအားယခုကဲ့သို့ ဖော်ချွှတ်ပြီး မပေါတပေါ တွေ ပြသနေသော ကြော်ငြာ များအားအမြန်ဆုံး ဖြုတ်ချ ပေးဘို့ လက်ရှိအစိုးရ တွင် တာဝန် အရှိဆုံးဖြစ်ပါသည်.။



မြန်မာပြည်တွင်းမှ အုပ်ထိန်းသူ တစ်ဦး၏ ရင်ဖွင့်သံ

.......................................................................................................................။

မန္တလေးဆေးတက္ကသိုလ် ဒုတိယနှစ် ဆေးကျောင်းသား ၂၅ ယောက်ကို ထုတ်ပယ်ခံရ


မန္တလေးဆေးတက္ကသိုလ် ဒုတိယနှစ် ဆေးကျောင်းသား ၂၅ ယောက်ကို အောက်တိုဘာနဲ့ နိုဝင်ဘာလ စာမေးပွဲ များအပြီးတွင် သတ်မှတ်အဆင့် မမှီသောကြောင့် ဆေး ကျောင်းမှ အပြီးအပိုင် ထုတ်ပစ်ခဲ့သည်။

ယခု အထုတ်ခံရတဲ့ ဆေးကျောင်းသား ၂၅ ယောက်မှာ ကျောင်းခေါ်ချိန် မပြည့်တာရော၊ သုံးခါဖြေရတဲ့ စာမေးပွဲမှာပါ မအောင်တာကြောင့် ပါမောက္ခချုပ် ဒေါက်တာသန်းဝင်း လက်မှတ်နဲ့ ကျောင်းကနေ အပြီးအပိုင် ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

မိဘများက မျှော်လင့်ချက်နဲ့ ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ထားရတဲ့ကြားက အခုလို ကျောင်းကနေ အပြီးအပိုင် အထုတ်ခံလိုက်ရတဲ့အတွက် ဘယ်သူ့ကို အကူအညီတောင်းရမှန်းမသိ ဖြစ်နေကြောင်း မိဘတဦးက ရင်ဖွင့်ပြောဆို ပါသည်။ “အောက်တိုဘာ နိုဝင်ဘာစာမေးပွဲမှာ ဘာသာရပ်အားလုံးကျတယ်ဆိုပြီးတော့ ၂၅ ယောက် ထုတ်လိုက်တာ၊ ခုတော့ ကျနော်တို့ ကိုယ်တိုင်ခံစားရပါတယ်။ ဘယ်တိုင်လို့တိုင်ရမှန်းလဲမသိ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ကျနော်တို့လည်း မရှိမဲ့ ရှိမဲ့ကြားကကျောင်းထားခဲ့ပြီး ဂုဏ်ယူနေတယ်။ ခုတော့ သောင်ပြင်လွှတ်တဲ့ ခွေးလိုဖြစ်နေတယ်။ လူသေသလိုခံစားရတယ်၊ တချို့ဆိုငိုနေတာ ခုထိတောင်ငိုလို့ မပြီးသေးဘူး” ကျောင်းသားမိဘတစ်ဦး ပြောခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားတွေ ခုလိုကျောင်းထုတ်ခံရတာနဲ့ပတ်သက်ပြီး မန္တလေးဆေးတက္ကသိုလ်မှာ စာသင်ပေးနေတဲ့ ကထိကဆရာတစ်ယောက်ကတော့ “အရည်အချင်းမြှင့်တဲ့ ကာလဆိုတော့ ကျောင်းသားတွေကို ပိုတော်လာအောင် ဆရာတွေ ဘက်ကတော့ လုပ်နေကြတာပါပဲ။ စကန်းရီးယားကနေ ပတ်တူးထိက နှစ်ကြိမ်ထိ ကျခွင့်ရှိတယ်။ ၃ကြိမ်ကျရင်တော့ ထုတ်ပစ်လိုက်တာပေါ့။ ကျနော်တို့ခေတ်တုန်းက ဆေးတက္ကသိုလ် ကျောင်းသားနဲ့တော့ လုံးဝ မတူတော့ဘူး။ တချို့က ၀ါသနာမပါဘဲနဲ့ လာတက်ကြတာကိုး။ မိဘတွေရဲ့ ဘိုင်ဖိုစ်နဲ့တက်ရတော့ တက်ရင်းနဲ့ စာတွေကလည်း အရမ်းများတဲ့အခါကျတော့ ကျောင်းနဲ့ ပိုပြီးအလှမ်းဝေးသွားတဲ့သဘော၊ ဒါတွေကတော့ရှိပါတယ်” ဟု ရှင်းပြသည်။

ဒီလိုဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားရော သက်ဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ အားနည်းမှုတွေကြာင့် ဖြစ်ကြောင်း ကျောင်းအပြီး ဆရာဝန်ဖြစ်ကာစ တစ်ယောက်က သူ့အတွေ့အကြုံကို ယခုလို ပြောပြသည်။
“စာတွေကတော့ခက်တယ် ခက်တာကိုမှ ကျောင်းသားတွေကလည်း ဂိမ်းဆိုင်တွေ၊ ကျူခုံတွေတို့၊ စင်တင်တို့၊ မာဆတ်ရှ်တို့ အကုန်ရောက်နေတာကို။ ခုကစည်းကမ်းနဲ့ ကိုင်မယ်ဆိုပြီး လုပ်လိုက်တာ ဒီဘက်ကလည်း အားနည်းချက်တွေ ရှိတာပဲ။ သင်တဲ့သူဖက်ကလည်း အားနည်းချက်ရှိတာပဲ။ သင်ထောက်ကူပစ္စည်းဆို မိုက်ကရိုစကုပ်ဆို တစ်ယောက်တလုံးရှိရမှာ လူလေးငါးဆယ် တစ်လုံး ကြည့်ရတယ်။ ပြီးတော့ အလောင်းတွေဘာတွေ ခွဲစိပ်လုပ်ရတာလည်း အရင်တုန်းက လေးငါးယောက် တစ်လောင်းပေါ့လေ။ ခုက ၁၀ချီ ရာချီမှ တစ်လောင်းဆိုတော့ ဘယ်သူမှလည်းဝင်မစမ်းဖြစ်တော့ဘူး။ စာကိုလည်း စိတ်ဝင်စားမှုမရှိဘူး။ အဲလိုဖြစ်နေတာ ကျောင်းသားဦးရေများပြီး သင်တဲ့ ဆရာကလည်းနည်း၊ ကြပ်မတ်မှုကလည်း မကောင်း။ အဲလိုဖြစ်နေတာ” ဟု ကျောင်းပြီးကာစ ဆရာဝန်တဦးပြောသွားခဲ့သည်။

ယခုလို ဆေးကျောင်းသားဘ၀ကနေ ရာသက်ပန် ထုတ်ခံလိုက်ရတာကြောင့် ကာယကံရှင် ကျောင်းသားတွေထက် မိဘတွေမှာ ရတက်ပွေပြီး သောကတွေပင်လယ်ဝေနေကြသည်။

သတင်းရင်းမြစ်..Mauk Kha

မွန်အမျိုးသားရေးရာအဖွဲ့ ချူပ်မှ ဒုတိယ ပင်လုံညီလာခံ ဖြစ်ပေါ်ရေး ကြိုဆိုထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်။

Support and Welcome 2nd Panlong Conference

Monthly Chronology of Burma's Political Prisoners for Decembe

Monthly Chronology of Burma's Political Prisoners for December 2010

အမေ့ကျေးဇူး


၁.၁.၂၀၁၁ ရက်နေ့ က အမေဒေါ်အောင်ဆန်းစုကြည် ရေးဆွဲပေးသွားသည့် ဆီဆေးပန်းချီကားကို ယနေ့ တိုင်ခံစားကြည့်ရှုရင်းနှင့် ပေါ်ပေါက်လာသော ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......

( ကျော်သူ )

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးပါ.။

05 January 2011

အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှု၊အမွေအနှစ်များ မပြောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြောဆိုနေတာတွေကိုစစ်အာဏာရှင်များဖျက်လိုက်ပါရှင်.


မန္တလေးကျုံးအတွင်းရှိ ရတနာပုံ ခေတ်လက်ကျန် ရှေးဟောင်းစက်ရှင် တံတားကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ ဖျက်သိမ်းလျက်ရှိကြောင်း သိရှိရပါသည်။

မန္တလေး ရတနာပုံမြို့ တည်ရာတွင် မြို့တော်လေးရပ်၌ ပြာသာဒ်ဘုံခုနစ်ဆင့်ရှိ ဓာတ်တံခါးလေးရပ်နှင့် ပြာသာဒ်ဘုံငါးဆင့်ရှိ မိတ်တံခါးရှစ်ရပ်၊ စုစုပေါင်းတံခါး ၁၂ ရပ်ရှိရာ အဆိုပါ တံခါးများသို့ ကျုံးကိုဖြတ်၍ တံတားကြီးများ ထိုးထားရာ၌ စက်ရှင်တံတားမှာ ကျုံးအနောက်မျက်နှာ အလယ်ရှိ စက်ရှင်တံခါးပေါက်သို့ ဆက်သွယ်ထားကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့ခံ တစ်ဦးကလည်း "စက်ရှင်တံတားကို အရင်တုန်းကတော့ စည်ရှည်တံတားလို့ ခေါ်ခဲ့ကြတယ်လို့ စာပေတွေထဲမှာ ဖတ်မှတ်ဖူးပါတယ်။ ပါပဓာတ်တံခါးကို 'စရေ'ဆိုတဲ့ ဓာတ်ဖက်နံသင့် သဘောအရ စည်ရှည်တံခါးလို့ သမုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ စည်ရှည်ကနေ စက်ရှင်လို့ ဖြစ်လာတယ်"ဟု ဆိုပါသည်။

မန္တလေးကျုံးနှင့်မြို့ ရိုးတွင် အရှေ့ဘက်မျက်နှာရှိ ဦးထိပ်တံတား၊ တောင်ဘက်မျက်နှာ ကျော်မိုးတံတား(ခ) မင်္ဂလာတံတား၊ အနောက်ဘက် မျက်နှာရှိ ကြေးမုံတံတား(ခ) အာဠာဝီတံတား၊ မြောက်ဘက်မျက်နှာရှိ လေးသိန်း တံတားတို့သည် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ပျက်စီးခဲ့ပြီး အသစ်ပြန်လည် တည်ဆောက်၍ လက်ရှိ အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရသည်။ စက်ရှင်တံတားမှာ အနောက်ဘက်မျက်နှာ အလယ်တည့်တည့်၊ ၁၉ လမ်းနှင့် မျက်နှာပြုတည်ရှိပြီး မူလပကတိမှ စစ်ကြောင့် ပျက်စီးသည့်အတိုင်း နှစ်ပေါင်း (၇၀) နီးပါး တည်ရှိခဲ့ပြီးနောက် ယခု စတင် ဖျက်သိမ်းသည်ကို တွေ့ ရခြင်း ဖြစ်သည်။

ကျုံးမြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်မျက်နှာများရှိ ကျုံးကူး တံတားကြီးများမှာ ဘုံခုနှစ်ဆင့်ရှိ ပြာသာဒ်ကြီးများနှင့် အဓိက တံခါးကြီးများကို ဆက်သွယ်ထားသော်လည်း အနောက်ဘက်မျက်နှာရှိ လက်ရှိ အသုံးပြုနေသော ကြေးမုံတံခါး(ခ)အာဠာဝီတံခါးမှာ မလွယ်ပေါက်ဟု ခေါ်ဆိုရမည့် ဘုံငါးဆင့်ရှိ ပြာသာဒ်ပေါက်ထားသော မိတ်တံခါးနှင့် ဆက်သွယ်ထားသည့်အပြင် ရတနာပုံခေတ်က အနောက်ဘက် လူသတ်ကုန်းနှင့်သင်္ချိုင်းတော်သို့ ရာဇ၀တ်သားနှင့် အသုဘ ရုပ်အလောင်းများ ထုတ်သည့် အမင်္ဂလာ တံတားအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဒီသတင်းအား news-eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်များ..


Nld Independence Day Statement

ပေးပို့ ပေးသော KTTC အားကျေးဇူးပါရှင်

၂၀၁၀ နှစ်ချုပ် နိုင်ငံရေး အစီစဉ်များ

ကိုနေဇော်နိုင် နဲ့ ဗိုလ်လောင်းသင်တန်း

ရွှေကလောင်ဘွဲ့ ပေးချင်တယ်

"ပြည်သူတွေ တာဝန်ကျေဖို့လိုတယ်" နိုင်ငံရေးသမားတွေ ဟောတာပြောတာ နားထောင်ရတဲ့ အခါဖြစ်စေ၊ ခေတ်ပေါ်ဒီမိုကရေစီ မဟာပညာကျော်တွေရေးတဲ့ စာတိုစာရှည်တွေကို ဖတ်ရတဲ့ အခါဖြစ်စေ၊ ပြည်သူတွေ တာဝန်ကျေပါ။ ကိုယ့်တာဝန်ကိုသိပါ ဆိုတဲ့ စကားတွေကို ထပ်ခါထပ်ခါ ကြားရတယ်။


ကြားရတဲ့ အခါတိုင်း နားကလောပြီး ဖတ်ရတဲ့အခါတိုင်း မျက်စိနောက်မိတယ်။ "ငပြူကများပြဲရတယ်ရှိသေး" လို့အမြဲပါးစပ်က ထွက်လာလေ့ရှိတယ်။ တကယ်တမ်း ကိုယ့်တာဝန်ကိုသိပြီး တာဝန်ကျေရမှာက သူတို့လေ။ ခေတ်တိုင်းခေတ်တိုင်းမှာ မြန်မာပြည်သူလူထုက တာဝန်မကျေခဲ့တာ ဘယ်မှာရှိလို့လဲ။

နယ်ချဲ့တပ်တွေ ရတာနာပုံနေပြည်တော်ကို သိမ်းဖို့ ကြည်းကြောင်းရေကြောင်း ချီလာတော့ လမ်းတလျောက်လုံးမှာရှိတဲ့ ရွာတိုင်းရွာတိုင်းကရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်ခဲ့ကြတယ်။ မြင်းခြံ၊ သပြေတန်း၊ အင်းဝခံတပ်တွေက ရဲမက်အပေါင်းကလည်း အသေခံပြီးတိုက်ဖို့ အသင့်ရှိနေခဲ့ကြတယ်။ ကင်းဝန်မင်းကြီးက "အင်္ဂံလိပ်တွေကို မခုခံရ၊ ခုခံလျှင် သူပုန်" ဆိုတဲ့ ကြေးနန်းရိုက်အမိန့်ထုတ်လို့သာ မတိုက်ကြရတာဖြစ်တယ်။

လက်နက်ချအညံခံခိုင်း

နေပြည်တော်ကို သိမ်းပိုက်ပြီး ဘုရင်နဲ့မိဘုရားကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မှာလည်း မြန်မာမျိုးချစ်တွေက အနယ်နယ်အရပ်ရပ်မှာ နယ်ချဲ့တပ်တွေကို ဆန့်ကျင်တိုက်ခိုက်မြဲ တိုက်ခိုက်ကြတယ်။ အဲဒီအခါ ကင်းဝန်မင်းကြီးနဲ့ အပေါင်းပါများက နယ်ချဲ့တပ်တွေနဲ့အတူ နယ်တကာလိုက်ပါပြီး မြန်မာမျိုးချစ်တွေကို လက်နက်ချအညံခံဖို့ လှုံ့ဆော်စည်းရုံးခဲ့ကြတယ်။ လက်နက်ချသူတွေကို တိုက်သူကြီး၊ ရွာသူကြီးရာထူးတွေပေးမယ်ဆိုပြီး နားချခဲ့တယ်။ လစာ ရိက္ခာတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေပေးပြီး ဆွယ်ခဲ့ကြတယ်။

ဒီလိုနဲ့ဘဲ စစ်ကဲတော်မင်းတို့ သမာဓိမြို့ဝန်မင်းတို့ဆိုတဲ့ နယ်ချဲ့လက်ပါးစေအဖြစ် ရောက်သူတွေရောက်သွားကြတယ်။ ကျက်သရေဆောင်ရွှေစလွယ်ရမင်း(KSM)၊ အမှုထမ်းကောင်းမင်း(ATM)၊ တိုင်းကျိုးပြည်ကျိုးဆောင်(TPS)၊ ဆိုတဲ့ ဘွဲ့ခံတွေလဲ ပေါ်ထွက်လာခဲ့တယ်။နှစ်လုံးပြူး ဆုချခံရသူ၊ ရွှေဓါးချီးမြှင့်ခံရသူတွေလည်းအများအပြားရှိလာခဲ့ကြ တယ်။

ဆာဘွဲ့အထိရကြ

အဲဒီဘွဲ့ထူးဂုဏ်ထူးတွေဟာ နယ်ချဲ့အစိုးရက သူတို့အကျိုးကို သစ္စာရှိစွာ ထမ်းဆောင်တဲ့ လက်ပါးစေတွေကို ချီးမြှင့်တာဖြစ်တယ်။ နောက်ပိုင်းမြန်မာလူထုရဲ့ လွပတ်လပ်ရေးတိုက်ပွဲတွေ အရှိန်အဟုန်ကြီးမားပြင်းထန်လာတဲ့အခါကြတော့ ဘိလပ်ရွှေမြို့တော်ကြီးရှိ "ဂျော့ဘုရင်ရွှေဘုန်း နေကနှုန်းပမာ" ကိုယ်တိုင်က ချီးမြှင့်တယ်ဆိုတဲ့ 'ဆာ'ဘွဲ့ ပေးခံရသူများတောင် ရှိလာခဲ့ကြတယ်။ ဂဠုန်ဆရာစံနဲ့ အပေါင်းအပါမျိုးချစ်လယ်သမားတွေကိုတော့ ကြိုးစင်ပို့ခဲ့ကြတယ်။ ကိုနုတို့၊ ကိုအောင်ဆန်းတို့လို ကျောင်းသားတွေကိုတက္ကသိုလ်ကထုတ်ပစ်ခဲ့တယ်။ သခင်ကိုယ်တော်မှိုင်းကို ရန်သူတော် နံပါတ် ၁ လို့ကြေညာပြီး ကိုအောင်ဆန်းကို ဆုတော်ငွေ ၅ကျပ် အထုတ်ခံဝရမ်းပြေး အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အမျိုးသားကျောင်းတွေ

ကိုနု၊ ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရလို့ တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက်ကြတော့လည်း မိဘပြည်သူတရပ်လုံးကတစ်ခဲနက်ထောက်ခံခဲ့ကြတယ်။ နောက်တော့ အင်္ဂံလိပ်ရဲ့ ကျွန်ပညာအစား သခင်ပညာသင်ကြားနိုင်ဖို့ အမျိုးသားကျောင်းတွေ တစ်နိုင်ငံလုံးအနှံ့ ထူထောင်ပေးခဲ့ကြတယ်။ ပြည်သူတွေကိုယ်တိုင် ငွေကြေးစိုက် ထုတ်ပြီး ကျောင်းတွေထောင်ပေးခဲ့ကြတာဖြစ်တယ်။ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကစပြီး အခကြေးငွေ လုံးဝမယူဘဲ စေတနာဆရာအဖြစ် လုပ်ကိုင်ခဲ့ကြတယ်။

အမျိုးသမီးတွေလည်း တိုက်ခဲ့ကြ

အဲဒီနောက် ကိုအောင်ဆန်းတို့ လူငယ်တစု ဘီအိုင်အေဖွဲ့စည်းထူထောင်ပြီး ဂျပန်တွေနဲ့ အတူဝင်ရောက်လာတော့လည်း တစ်ပြည်လုံးက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပြီး ယောက်ျားမှန်သမျှ ဘီအိုင်အေတပ်ထဲဝင်ခဲ့ကြတယ်။ တစ်ခါဗိုလ်ချုပ်အောင်ဆန်းတို့က ဂျပန်ကိုပြန်ပြီး တော်လှန်ကြဆိုတော့လည်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ရေးဆင်နွဲခဲ့ကြတယ်။ အမျိုးသမီးတွေကလည်း ယောက်ျားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီအချိန်က အင်္ဂံလိပ်၊ အမေရိကန်စစ်တပ်တွေတောင် စစ်မြေပြင်မှာ လက်နက်ကိုင်တိုက်ခိုက်တဲ့ အမျိုးသမီးတပ်ဖွဲ့တွေမရှိသေးပါဘူး။

တိုက်ပွဲခေါ်သံပေးသမျှ

စစ်ပြီးခေတ်လွတ်လပ်ရေးအတွက် နိုင်ငံရေးတိုက်ပွဲတွေ ဆင်နွဲရာမှာလည်း ဗိုလ်ချုပ်တို့ ဖဆပလကဘတိုက်ပွဲခေါ်သံပေးသမျှ တစ်ခဲနက်လိုက်ပါ ထောက်ခံခဲ့ကြတာချည်းဖြစ် တယ်။ နေသူရိန်အစည်းအဝေးကြီးတက်ကြဆိုလည်း အိမ်ရှိလူကုန်လာတက်ကြတယ်။ ပြည်လုံးကျွတ် သပိတ်တိုက်ပွဲ ခေါ်သံပေးတော့လည်း အစိုးရ၀န်ထမ်းအားလုံး၊ နယ်ချဲ့လက်အောက်က ပုလိပ်တွေပါမကျန် သပိတ်မှောက်ခဲ့ကြတယ်။ ပင်လုံညီလာခံလုပ်မယ်ဆိုတော့လည်း တိုင်းရင်းသားတွေပါ စုစည်းပါဝင်ခဲ့ကြတယ်။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်မှာ ပြည်သူလူထုဘက်က တာဝန်ကျေခဲ့ကြတာချည်းဖြစ်တယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ နောက်က အရိုးကြေကြေအရေခန်းခန်း တာဝန်သိသိနဲ့ လိုက်ပါခဲ့ကြတာချည်းဖြစ်တယ်။

ခေါင်းဆောင်ပိုင်းရဲ့ တာဝန်

လွတ်လပ်ရေးရပြီးနောက်ပိုင်း အမျိုးသားတပ်ပေါင်းစုကြီးဖြစ်တဲ့ ဖဆပလကြီးပြိုကွဲသွားတာ၊ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့တာ။ ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့အဆင့်က တက်မလာတာ အားလုံးဟာ ပြည်သူတွေကြောင့် လုံးဝမဟုတ်ဘူး။ မြန်မာပြည်သူလူထုဟာ နယ်ချဲ့လက်အောက်လဲ ကျွန်ဖြစ်ခဲ့ဖူး၊ ဖက်ဆစ်လက်အောက်လဲ ရောက်ခဲ့ဘူး၊ တော်လှန်ရေးတိုက်ပွဲ အလီလီလဲ ဆင်နွဲခဲ့ဖူး၊ ဖဆပလရဲ့ ပြည်တော်သာခေတ်နဲ့ ပြူစောထီးကိုလဲကြုံခဲ့ဖူး၊ ၁၉၆၂ခုနှစ် အာဏာသိမ်းကောင်စီအောက်လဲ ရောက်ခဲ့ဖူး၊ မြန်မာ့ဆိုရှယ်လစ်ဆိုတာလဲ ဖြတ်သန်းခဲ့ဖူးတဲ့ တဲ့ အတွေ့အကြုံတွေ၊ စစ်ရေးရော၊ နိုင်ငံရေးပါ ကြွယ်ဝနေပါတယ်။ ဒါကြောင့်မြန်မာလူမျိုးတိုင်း ကိုယ့်တာဝန်ကို သိပ်သိပါတယ်။ ရှေးကတာဝန်ကျေခဲ့သလို နောင်လည်းတာဝန်ကျေဖို့ အသင့်ရှိပါတယ်။

ရွှေကလောင်ဘွဲ့ပေးချင်

နိုင်ငံရေးသမားတွေက သူတို့တာဝန်မကျေခဲ့ကြတာတွေကိုတော့ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်လုပ်နေခဲ့ကြပြီး ပြည်သူလူထုကိုသာ တာဝန်ကျေကြပါ။ တာဝန်သိကြပါလို့ ထပ်ခါတလဲလဲ ပြောနေတာတွေ ကြားရတဲ့အခါတိုင်း ပါးစပ်ယားလွန်းလို့ မနည်းချုပ်တီးထားရတယ်။ အလားတူဘဲ ခေတ်ပေါ်မဟာပညာကျော်တွေက နိုင်ငံကြီးသားပီသကြပါလို့ လျှာအရိုးမရှိတိုင်း တောပြောတောင်ပြော ပြောနေတာတွေကြားရတိုင်းလည်း၊ KSMတွေ ATMတွေ TPSတွေကို ပြေးပြးသတိရမိပါတယ်။ SKL(Shwe Ka Laung်) ဆိုတဲ့ ဘွဲ့ထူးတစ်ခုထွင်ပြီး ပေးလိုက်ချင်စိတ်တောင်ပေါက်မိပါတယ်။

မပြုံးဘဲနဲ့ ၀ါးလုံးကွဲရယ်ချင်

သူတို့ပြောပြောနေတဲ့ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေက နိုင်ငံကြီးသားပီသတဲ့ ပြည်သူတွေတာဝန်သိလို့ သူတို့နိုင်ငံကြီးတွေချမ်းသာနေတာဆိုတဲ့ အသံတွေကြားရတိုင်း 'မပြုံးဘဲ ၀ါးလုံးကွဲ" ရယ်ချင်လာရတယ်။ နယူးယောက်ကုလသမဂ္ဂအဆောက်အအုံကြီး ပတ်ဝန်းကျင်ကလမ်းတွေမှာ ညနေ ၆ နာရီကျော်ရင် တယောက်ထဲလမ်းမလျှောက်ပါနဲ့လို့ ကုညသမဂ္ဂလုံခြုံရေးအစောင့်တွေက ညီလာခံလာတက်သူတွေကို မပြတ်သတိပေးနေရတာ၊ ငြိမ်းချမ်းသာယာနေတဲ့ နိုင်ငံကြီးရဲ့ပြယုဂ်လား။ ဘရွတ်ကလင်းရပ်ကွက်က လမ်းတွေ မှာ ဟီးထနေတဲ့ အမှိုက်ပုံကြီးတွေ မိလ္လာပိုက်ပေါက်က လျှံထွက်ပြီး လမ်းပေါ်မှာအိုင်ထွန်းနေတာတွေ၊ ကလေးလေးတွေက မူယစ်ဆေးလိုက်ရောင်းနေတာတွေ၊ လူငယ်ဒုစရိုက်ဂိုင်္ဏးတွေအချင်းချင်း ရိုက်ပွဲသတ်ပွဲကြီါ်တွေ နေ့စဉ်ဆူညံနေတာကရော ဒီမိုကရေစီရဲ့သင်္ကေတ တွေလား။

သစ်ပင်လူသားများ

သမ္မတအိုဘားမားရဲ့မြို့ ချီကာဂိုပန်းခြံကြီးအတွင်းက နှစ်ပေါင်းရာချီရှိနေပြီဖြစ်တဲ့ ဧရာမသစ်ပင်ကြီးအောက်မှာ နေထိုင်ကြတဲ့ အိုးမဲ့အိမ်မဲ့တွေထောင်ချီရှိနေတဲ့အတွက် အဲဒီ 'Tree People' လို့ခေါ်တဲ့ 'သစ်ပင်လူသားများ' အတွက် မြူနီစပယ်က စာတိုက်သင်္ကေတ တစ်ခုသတ်မှတ်ပြီး စာတိုက်ပုံးထားပေးရပါတယ်။ အဲဒီနိုင်ငံက သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါတိုင်း မဲလာပေးသူ ၅၀% ရှိအောင် ပါတီကြီးတွေက သူတို့ပါတီဝင်တွေကို မနည်းကြီးဆော်သြပေးရပါတယ်။ အဲဒါတာဝန်သိတာလား၊ တာဝန်ကျေတာလား။

သနားစရာ

ခေတ်ပေါ်မဟာပညာကျော်(SKL) တွေ ခဏခဏချီးမွန်းပြနေတဲ့ အာရှနိုင်ငံသေးသေးလေးမှာ အိမ်ဖော်မိန်းကလေးတွေကို ရေနွေးပူလောင်းတာ၊ အပ်တွေရိုက်သွင်းပြီး ဆုံးမတာ၊ ဓားနဲ့အသားကိုမွှန်းပြီး နှိပ်စက်တာတွေ သူတို့ဆီက သတင်းစာတွေမှာ နေ့စဉ်လိုလိုပါနေပါတယ်။ နိုင်ငံကြီးသားစိတ်ဓါတ်၊ နိုင်ငံကြီးသားပီသမှုဆိုတာ အဲဒါမျိုးတွေလား။ မြေအောက်ဘူတာရုံမှာ ဓာတ်ငွေ့တွေလွှတ်ပြီး လူရာပေါင်းများစွာ ဒုက္ခရောက်အောင်လုပ်တာ နိုင်ငံကြီးသားပီသမှုလား။ မူလတန်းကျောင်းလေးထဲ မောင်းပြန်သေနတ်ကြီးနဲ့ ဒလကြမ်းဝင်မွှေတာ နိုင်ငံကြီးသားစိတ်ဓါတ်လား။ နိုင်ငံတော်သမ္မတကြီးက အိမ်ဖြူတော်မှာ လုပ်အားပေးလာတဲ့သူလေးကို မတော်မလျော်ပြုတာ နိုင်ငံကြီးသားအပြုအမှုလား။ ခေတ်ပေါ်မဟာပညာကျော်(SKL) များ ဒါတွေကို မသိဘူးလား။ တော်တော်သနားစရာကောင်းတယ်။

လမင်းထိန်ထိန်သာ

မှန်တခါးတွေ အလုံပိတ်ပြီး လေအေးစက်ဖွင့်ထားတဲ့ အခန်းကြီးထဲကမထွက်ဘဲ မြန်မာပြည်မှာလမသာဘူးလို့ ညည်းပြပြီး ဒီမိုကရေစီနိုင်ငံတွေက လကိုလွမ်းနေလို့ကတော့ ပြည်သူတွေက "သနားတယ်"လို့ဟားတိုက်ရယ်သွမ်းသွေးလိုက်မှာ သေချာတယ်။

မနေ့က ဘိလပ်မှာ လမသာဘူး။ နှင်းတွေကျလို့ ဘောလုံးပွဲတွေတောင် ရွေ့လိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ လမင်းကြီး ထိန်ထိန်သာလို့

လူထုဦးစိန်ဝင်း......

ဇန်နဝါရီလ ၄ ရက်နေ့ ၂ဝ၁၁ ခုနှစ် ယနေ့ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်' အခမ်းအနား ဓာတ်ပုံသတင်း





























“ ကျမတို့ရဲ့နိုင်ငံ၊ ကျမတို့ရဲ့ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ’’ ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ဇန်နဝါရီလ ၄ ရက်နေ့ ၂ဝ၁၁ ခုနှစ် ယနေ့ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်' အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ သံတမန်များ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်းများနှင့် ပါတီဝင်များ စုစုပေါင်း လူအင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့သည်။

ဓာတ်ပုံနဲ့ သတင်းပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော နှင့် KTTC အားကျေးဇူးပါ.။