28 July 2012

“ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ အင်တာနက Free အသုံးပြုနိုင်တော့မည်”


ရွှေတိဂုံစေတီတော်သို့ လာရောက်ကြည်ညိုကြသည့် နိုင်ငံခြားသားများ အသုံးပြုရန် ဝိုင်ယာလက်/ ဝိုင်ဖိုင်ကို တပ်ဆင်ရန် စီစဉ်ထားပြီးဖြစ်၍ သြဂုတ်လ ဒုတိယပတ်အတွင်း စတင်အသုံးပြုခွင့် ရရှိတော့မည်ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူထံမှ သိရှိရသည်။ ယင်းစက်ကို ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီက ရွှေတိဂုံစေတီတော် ဂေါပကရုံးသို့ လှူဒါန်းထားခြင်းဖြစ်ပြီး နိုင်ငံခြားသားများသည် တစ်ဦးလျှင် အများဆုံး မိနစ် ၃၀ အခမဲ့ အသုံးပြုခွင့်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ ဝိုင်ဖိုင်ကို စေတီတော်ရင်ပြင်တွင် သင့်တော်ရာနေရာ၌ တပ်ဆင်ထားမည်ဖြစ်ကာ စေတီတော်ပေါ်၌ မည်သည့်နေရာမှမဆို အသုံးပြုနိုင်ရန်လည်း စီစဉ်ပေးထားမည် ဖြစ်ကြောင်း သိရှိရသည်။

ဝိုင်ဖိုင်ကို Password ပေးထားမည်ဖြစ်၍ အသုံးပြုလိုသူ အချိန်မရွေး အသုံးပြုနိုင်ရန်အတွက် အသုံးပြုခွင့်ကတ် ထုတ်ပေးမည်ဖြစ်သည်။ စေတီတော် စတင်ဖွင့်ချိန်မှ ပိတ်ချိန်အထိ အချိန်မရွေး အသုံးပြုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကာ လောလောဆယ် စမ်းသပ်ကာလအဖြစ် စက်တစ်ခုသာ တပ်ဆင်ထားသော်လည်း နောင်တွင် စေတီတော်မုခ်အားလုံး၌ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူထံမှ သိရှိရသည်။ ဂေါပကအဖွဲ့ရုံး အနေဖြင့်လည်း အင်တာနက် အသုံးပြုနိုင်ကြောင်းကို နိုင်ငံခြားသားများ သိရှိစေရန် နီးစပ်ရာ ဝက်ဘ်ဆိုက်များတွင် တင်ထားပေးမည်ဖြစ်ပြီး ရင်ပြင်ပေါ်တွင်လည်း အင်တာနက် အသုံးပြုနိုင်ကြောင်းဆိုင်းဘုတ်များလည်း ထောင်ကာ ကြေညာထားမည် ဖြစ်သည်။ ရွှေတိဂုံစေတီတော်သို့ ဇူလိုင် ၁ ရက်မှစ၍ ၂၄ ရက်အထိ ဧည့်ဝင်ဦးရေ ၁၄၃၈၃ ဦးရှိပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှ အများဆုံးလာရာက် ကြည်ညိုကြကြောင်း  ဇူလိုင်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

“ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား အား မန္တလေးမြို့၌ ပြုလုပ်မည်။”

ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ငွေရတု အခမ်းအနားအား မန္တလေးမြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို ကပြောသည်။

အဆိုပါ အခမ်းအနားကို မန္တလေး ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုတ်ကြီး ဒဏ္ခိဏာရာမ ဘုရားကြီးတိုတ်ကျောင်းတွင် ပြုလုပ်မည် ဖြစ်ပြီး မနက်ပိုင်း၌ အရုဏ်ဆွမ်း၊ သင်္ဃန်းများ ကပ်လှူကာ ရေစက်ချ အမျှအတန်းပေးဝေ မည်ဖြစ်ကာ အလှူပွဲပြီးမှ တက်ရောက်လာသည့် ဒီမိုကရေစီအင်အားစု များ နှင့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အကြောင်းအရာများကို သုံးသပ်ဆွေးနွေး ကြမည် ဖြစ်ကြောင်း သိရသည်။

“ဒီအရေးတော်ပုံကြီးရဲ့ အဓိက ရည်ရွယ်ချက်ကြောင့် အပြင် ထွက်သွားခဲ့တဲ့ သူတွေ၊ သေသွားခဲ့တဲ့သူတွေ၊ ကျန်ခဲ့တဲ့ သူတွေကို အဓိက ဦးတည် တာတော့ နိုင်ငံမှာ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး ရရှိရေး အစ ရှိတာတွေနဲ့ အသက်ပေးခဲ့ရသူတွေ၊ ဘ၀ပေးခဲ့ရသူတွေ ရှိတယ်၊ အဲဒီတုန်း က ရည်မှန်းချက်တွေကို အခု စနစ်တကျ ပြန်လည် အကောင် အထည်ဖော်နိုင်ရေး နဲ့ အကောင်အထည် ဖော်ရာမှာလည်း အားလုံး ညီညီ ညွတ်ညွတ် နဲ့ ပူးပေါင်းပါဝင်ပြီး အေးအေးချမ်းချမ်း ဆက်ပြီး အကောင် ထည်ဖော်နိုင်ဖို့ အတွက် တွေ့ဆုံကြမှာ ဖြစ်တယ်” ဟု ကိုပြုံးချိုကပြောသည်။

တွေ့ဆုံမှု ပြုလုပ်မည့် အခမ်းအနားမှာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပထမဆုံး အကြိမ် တွေ့ဆုံမှု ပြုလုပ် သည့် အခမ်းအနားဖြစ်ကြောင်း ကိုပြုံးချိုက ထပ်လောင်းပြောသည်။
သတင်း....  Popular Myanmar News Journal

ယနေ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား ပထမဆုံး အကြိမ်လာရောက်တွေ့ဆုံ

ယနေ့ နံနက် ၁၀း၀၀ အချိန် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥတ္တရသီရိ မြို့နယ်ရုံးခွဲ သို့ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံခဲ့သည်။ 

အဆိုပါတွေဆုံ ပွဲသို့ ရောက်ရှိ လာသူ ဒေသခံများ အား ဒေါ်အောင်ဆန်းစုကြည် က ဒေသတွင်း အခက်အခဲများ မေးမြန်းရာ ဒေသခံတို့က ဒေသတွင်း လူငယ်ထု အလုပ်အကိုင် ရရှိရေး၊ ကလေးငယ် တို့၏ ပညာရေး၊ ကျန်မာရေး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရှိ ရေး၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးတို့ တင်ပြခဲ့ကြသည်။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အတွက် သင်တန်း များကို လည်းကောင်း၊ ပညာရေး ကဏ္ဍ တွင် ကျောင်းဆရာ ဖူလုံရန်အတွက် ဒေသတွင်းကျောင်းဆရာ လုပ်ကိုင်လိုသူများ ကို ကျောင်းဆရာ ဖြစ် သင်တန်းကို လည်းကောင်း ကျန်းမာေ၇း အတွက် လိုအပ်သည့် ဗဟုသုတများကို လည်းကောင်း၊၊ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရှိ ရေး၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရှေ့နေများ၏ အကြံဥာဏ် ယူဆောင်ရွက်သွားရန် ပြန်လည်ဆောင်ရွက်ပေး ခဲ့ကြောင်းသတင်း ရရှိသည်။ ယင်းနောက် နေ့လည် ၁၁း၄၀ အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်းသတင်းရရှိသည်။ 

သတင်း......  Popular Myanmar News Journal

အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများထံသို့ သူရ ဦးရွှေမန်း မေတ္တာရပ်ခံချက် (ဘာသာပြန်)

 လူကြီးမင်းခင်ဗျား

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာ အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်သော ဆွေးနွေးမှုတစ်ခုကို ကျွန်တော် ပြန် လည် သတိရမိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုနှင့် ပတ်သက်၍ ဆွေးနွေးကြပါသည်။ ယခုအခါ ကျွန်တော် သည် ပြည်သူ့လွှတ်တော်တွင် အဆိုပြုတင်သွင်းရာ၌ တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဖြစ်နေပါသည်။

ထိုကြောင့် ဤစာဖြင့် ကျွန်တော် သင့် ထံသို့ အလေးအနက် တောင်းဆိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ လုပ်ဆောင်နေသော ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန် အစိုးရနှင့် ကွန်ဂရက်က အကန့်အသတ်များ ကို လျှော့ချလာသဖြင့် ကျေးဇူးတင်ပါသည်။ သို့သော် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံတွင် လာရောက်ခွင့်ပြုသော အချိန်တွင် သင်တို့နိုင်ငံအတွက် ကျွန်တော်တို့ နိုင်ငံ၏ ထုတ်ကုန်ကို ပိတ်ပင်ဆဲဖြစ်သည်ကို ကြားသိ၍ စိတ်မကောင်း ဖြစ်မိပါသည်။ ဤခွဲခွဲခြားခြားကိစ္စများမှာ ပြည်သူတို့၏ ဝေဒနာများကို ဖြေသိမ့်ခြင်းငှာ မစွမ်းသာပါ။ အထူးသဖြင့် ဝေးလံသော ဒေသများတွင် နေထိုင် သော တိုင်းရင်းသားများအတွက် အလွန် ထိခိုက်စေပါသည်။

ထို့ကြောင့် ရှမ်းပြည်နယ် ကွမ်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်နန်းဝါနုက ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အရေးကြီးသော အဆိုတစ်ခုကို တင်ပြခဲ့ပါ သည်။ သူ၏ အဆိုတွင် ''၂ဝဝ၃ ခုနှစ် မြန်မာ့လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို ပြင်ဆင်ခြင်းနှင့် အက်ဥပဒေ အောက်မှ ပို့ ကုန် ကန့်သတ်မှု ပြင်ဆင်ချက်'' ကို တင်ပြရာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ကြပါသည်။ ဆွေးနွေးပွဲအတွင်းတွင် ကျွန်တော်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ဤအဆိုသည် မည်မျှအရေးပါအရာရောက်ကြောင်း၊ ပြည်သူ့လွှတ်တော်က အချိန်နှင့်အညီ ကူညီ ထောက်ပံ့မှု ပြုလျှင် ထိရောက်မှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤတင်ပြမှုကို ယခုစာနှင့် အတူ ပူးတွဲတင်ပြပါသည်။ လူကြီးမင်းခင်ဗျား။ လွှတ်တော်သို့ တင်ပြသော အဆိုကို မီဒီယာများတွင် ထည့်သွင်းဖော်ပြရာ ပြည်သူများထံမှ ကျယ်ကျယ်ပြန့် ပြန့် ဂရုစိုက်အလေးထားမှုရကြောင်း ကျွန်တော် အလေးအနက်ထား တင်ပြလိုပါသည်။ လူကြီးမင်းအနေဖြင့် ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေးကို ထောက်ခံသူဖြစ်ပါက မြန်မာနိုင်ငံသို့ ချမှတ်ထားသော မည်သည့်ပုံစံ၊ မည်သည့်နည်း အကန့်အသတ်မျိုးမဆို ကူညီအဆုံး သတ်လာလျှင် အထူးကျေးဇူးတင်မိပါမည်။ လူကြီးမင်းမှတစ်ဆင့် အစိုးရနှင့် အမေရိကန် ကွန်ဂရက်ကို အကန့်အသတ်များ ဆောလျင် စွာ ရပ်ဆိုင်းလာပါလျှင် ကျွန်ုပ်တို့၏ နောက်ကြောင်း ပြန်မလှည့်သော ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်၍ အင်အားတိုး ပွားလာမည်ဖြစ်ကြောင်း ပြောလိုပါသည်။ လူကြီးမင်းအနေဖြင့် ကျွန်ုပ်၏ တင်ပြချက်အား အလေးအနက်ထား လက်ခံစဉ်းစားပေးပါရန် တင်ပြအပ်ပါသည်။

သူရရွှေမန်း

ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်

27 July 2012

ဇူလိုင်လ(၂၅)ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးရဲ့ထူးခြားသောဖော်ပြချက်။

Add caption

လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းပေးရန် အဆိုကို ပြည်ထောင်စုလွှတ်တော် အတည်ပြုခဲ့ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်

လယ်မြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ဇူလိုင်လ ၂၆ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထို့ကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဇလွန်မဲဆန္ဒနယ်၏ 'လယ်မြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်း လေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်'အဆိုကို ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ် ၄၅ ဦးပါဝင် ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ပါဝင်ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်များ စတင်ပေါ်ပေါက်ခဲ့သည့်အချိန်မှ ယခုအထိ လွှတ်တော်ကိုယ်စားလှယ် အများဆုံး ဆွေးနွေးခဲ့သည့် အဆိုတစ်ခုဖြစ်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်က ''ဒီကိစ္စဟာ ဘယ်လောက်အတိုင်းအတာအထိ တောင်သူလယ်သမားတွေ၊ ပြည်သူတွေ စိတ်ဝင်စားတယ်ဆိုတာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ဟာ မိမိတို့ရဲ့ ဒေသအသီးသီးမှာ ဖြစ်ပေါ်ခံစားနေရတာတွေနဲ့ ပတ် သက်ပြီး တစ်ချို့လည်း မျက်ရည်လည်ရွဲနဲ့၊တစ်ချို့လည်း ဆို့နင့်ပြီး အသည်းနှလုံးထဲက ခံစားပြီးတင်ပြသွားပါတယ်။ ဒီကိစ္စကို လွယ်လွယ်ကူကူ မဆုံးဖြတ်ဘဲ(လွှတ်တော်တွင် မှတ်တမ်းတင်ရုံ မဆုံးဖြတ်ဘဲ) ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူလိုပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် ထောက်ခံမဲ ၃၉၅၊ ကြားနေ ၂၄ မဲ နှင့် ကန့်ကွက် ၁၇၆ မဲရှိခဲ့ခြင်းကြောင့် လယ်ယာမြေ သိမ်းဆည်းခံရမှုများကြောင့် တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပါသည်။

သတင်း........  Eleven Media Group

26 July 2012

ပြည်သူ့ချဉ်ဖတ် ဦးအောင်သိန်းလင်းကို ဒီဗီဘီကဆက်သွယ်မေးမြန်း

တောင်ဥက္ကလာပမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းဟာ တရုတ်သတင်းစာတ စောင်နဲ့ တွေ့ဆုံမေးမြန်းချက်တခုမှာ မြစ်ဆုံစီမံကိန်းကိုဆက်လုပ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီကို ပြည်သူတွေထောက်ခံနေတာဟာ ပြည်သူတွေရူးနေလို့ပါလို့ ထဲ့သွင်းပြောကြား သွား ပါတယ်။အဲ့ဒီ သတင်းထွက်ပေါ်လာတဲ့အချိန်မှာပဲ ဒီဗီဘီက ဦးအောင်သိန်းလင်းကို ဆက်သွယ်မေးမြန်ကြည့်ခဲ့ပါတယ်။

ယခုထွက်ပေါ်လာမည့် ဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ၀န်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန် ထည့်သွင်းထား

ယခုလွှတ်တော်အစည်းအဝေးအတွင်းအတည်ပြုနိုင်ဖွယ်ရှိသည့်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင်ဝန်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန်ထည့်သွင်းရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ်များ၏ပြောကြားချက်အရသိရသည်။
“အခုပြဌာန်းမယ့် anti-corrruption Law အဂတိလိုက် စားမှုတားမြစ်ရေး ဥပဒေကိုပြည်သူ့ လွှတ်တော်မှာတင်ထားတယ်ပြည်ထောင်စုမှာ တင်တာတော့လာဘ်ပေးလာဘ်ယူဥပဒေပေါ့ ဒီဥပဒေနှစ်ခုမှာပစ္စည်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကလာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအတွက်တာ
ဝန်ရှိတဲ့ညွှန်ကြားရေးမူးချုပ်က notic စာပေးနိုင်တယ်ဆိုပြီးပါတယ်။အဲဒီ nitic ပေးတဲ့အပိုင်း ကို ဥပဒေပြဌာန်းပြီးဆောင်ရွက်လိုက်ရင် တစ်လောက ၀န်ကြီးဦးစိုးသိန်းပြောတဲ့ ပိုင်ဆိုင် မှုတွေကြေညာနိုင်ဖို့ကတော့ဖြစ်လာမှာပါ” ဟုအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကြမ်းတင် သွင်းထားသူပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

နေပြည်တော်တွင်ပြုလုပ်သော သတင်းမီးဒီယာ တွေ့ဆုံပွဲတစ်ခုတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း က မိမိအနေဖြင့်လာဘ်ပေးလာဘ်ယူကိစ္စများတွင်ပါဝင်ပတ်သက်မိပါက ရာထုးမှ နှုတ်ထွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှုများ ဖော်ပြရန်မူ အချိန်ယူဆောင်ရွက်ရမည်ဟု ၄င်းကပြောကြားခဲ့သည်။ ထိုကဲ့သို့ဝန်ကြီးများ၏ပိုင်ဆိုင်မှုစာရင်းဇယား များထုတ်ပြန်လာနိုင်မှုအပေါ်နိုင်ငံရေးလေ့လာသူတစ်ဦးက“လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုပါဒါဟာ နိုင်ငံ
တစ်ကာမှာလည်းရှိပါတယ်။ ကျွန်တော်တို့ဆီမှာ လုပ်နိုင်ရင်တော့ ဘာပဲပြောပြော မရှိတာထက်ရှိတာက
ပိုကောင်းပါတယ်။ အဲဒီရှိတာတွေကို လိုက်နာဖို့လည်းလိုအပ်ပါတယ် ကျွန်တော်သိသလောက်တော့ အဂတိလိုက်စားမှုလို့ဆိုရာမှာ ပေးသူရော ယူသူကိုပါ အရေးယူနိုင်လောက်တဲ့ ခိုင်မာတဲ့ဥပဒေတွေရှိဖို့လိုပါတယ်” ဟုပြောကြားခဲ့သည်။

အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေ၌၀န်ကြီးများ၏ပိုင်ဆိုင်မှု များကြေညာကြရာ တွင် အစိုးရသစ်စတင် တာဝန်ယူသော မတ်လ ၃၁ ရက်နေ့နောက်ပိုင်း ရရှိသောငွေများကို ကိုသာဆို လိုခြင်းဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က“ အရင်ကဟာတွေ ကိုတော့ ပြန်ပြောနေလို့ မရတော့ဘူးပေါ့။ အခုအစိုးရသစ်တက်လာပြီးနောက်ပိုင်း ကိစ္စတွေပဲအကျုံးဝင်မှာပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စက တစ်နေရာတည်းကွက်လုပ်နေလို့
ရတဲ့ ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်မှာတောင်ဆွေးနွေးနေပြီပဲ။ ၀န်ကြီးတွေ တင်မကပါဘူး။အစိုးရ၀န်ထမ်းတိုင်းနဲ့ဆိုင်တဲ့ကိစ္စ၊တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ” ဟုပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံ သည်အရှေ့တောင်အာရှနိုင်ငံများထဲတွင်အဂတိလိုက်စား မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အကောင်းဆုံးစံပြနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင်ယခင်ကတည်းကအဆိုပါဥပဒေအားပြဌာန်းထားပြီးသားဖြစ်
ကြောင်းကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးက"ကျွန်တော်တို့ ဆီမှာ ဥပဒေလေးရာကျော်ရှိပါတယ်။ ဒီဥပဒေ အပါအ၀င်ဖြစ်ပါတယ်။ ရှိပြီးသားကိုပြန်ဖြည့်စွက်တာပါ။ဒီထဲမှာမှဝန်ကြီးတွေရဲ့ပိုင်ဆိုင်မှု ကိုပါဖော်ပြရမယ်ဆိုရင် ပိုပြီးတော့ပွင့်လင်းမြင်သာမှုရှိတာပေါ့။ တစ်ချို့ကဒီဥပဒေကို အသစ်လို့ထင်ကြတယ်။ ဒါကဟိုးအရင်ကတည်းကရှိပြီးသားပါ”ဟုပြောကြားသည်။ 

သတင်း.... Messenger News Journal

ဇွန်လှိုင်လ ၂၅ ရက်နေ့မှစပြီး မှုခင်းသတင်းထုတ်ပြန်မှု ရပ်ဆိုင်း

ပြည်ပ မီဒီယာတစ်ခုသို့ သတင်းပေါက်ကြားမှုကြောင့် ပြည်တွင်း သတင်းဂျာနယ်များကို ဇူလိုင် ၂၅ ရက်နေ့မှ စ ၍ မှုခင်းသတင်းထုတ်ပြန်မှု ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သံလျင် မြို့နယ် ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေးသည့် သတင်းကို မြန်မာဘာသာဖြင့်ရေးသား ထုတ်လွှင့်နေသည့် ပြည်ပ အခြေစိုက် Mizzima သတင်းဌာန သို့ပြောကြားခြင်းမရှိဘဲ ဖော်ပြခဲ့သောကြောင့် သတင်းထုတ်ပြန်မှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ 

သတင်း.....  The Voice Weekly

အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိန်အမတ်များ ဆွေးနွေး

ဒီမိုကရေစီရေးရာ ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်နေသော  ဗြိတိန်အခြေစိုက် Westminster Foundation for Democracy (WFD) အဖွဲ့ အကြီးအကဲ Linda Duffield ဦးဆောင်သည့် ပါတီ ပေါင်းစုံမှ ဗြိတိန်လွှတ်တော် အ မတ်များ အဖွဲ့နဲ့ အမျိုးသားဒီမို ကရေစီချုပ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်   လ(၂၅)ရက်နေ့တွင် နေပြည်တော်  မှာ တွေ့ဆုံဆွေးနွေးကြောင်းသိရ သည်။

ဗြိတိန်လွှတ်တော် အမတ် များအဖွဲ့သည် ညနေပိုင်းတွင် အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်များ  နှင့် တွေ့ဆုံကာ လွှတ်တော်အ တွင်း အတွေ့အကြုံတွေနဲ့ NLD ပါတီ၏ ရပ်တည်ချက်များကို  ဆွေးနွေးခဲ့ကြောင်းပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်   က ပြောပါသည်။

““ဗြိတိန်အဖွဲ့က သူတို့က ဒီ လွှတ်တော်ထဲမှာ ဘယ်လိုအတွေ့  အကြုံရှိနေလဲ။အခုဒီ ရရှိထားတဲ့  ခံစာချက်၊အဆိုတွေ ဘယ်လိုထင် သလဲ သူတို့တော်တော်စိတ်ဝင် စားတယ်။ရှိပါတယ်။သူတို့အဲတာ  တွေကိုမေးပါတယ်။မေးပြီးတော့  NLD  ရဲ့ကြားဖြတ်ရွေးကောက်ပွဲ  Manifesto ကဘာလဲလို့မေးတော့၊  အဲတာ Rule of Law  နံပါတ်တစ် က ဥပဒေစိုးမိုးရး၊နံပတ်နှစ်က တော့ ထာဝရတည်တံ့တည်ငြိမ် တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတစ်ခု ရရှိဖို့၊နောက်တတိယ ကတော့  ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ရယ် အဲဒီလိုပြောတယ်။ပြောတော့ ဒါ  သူတို့က အဲဒီ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံ ဥပဒေကို ဘယ်လိုပြင်မလဲဆို တာကို ခုနကလည်း ပြောထား တယ်။ဒါတဖြေးဖြေးတော့ပေါ့လေ   ဖြစ်အောင်ကြိုးစားယူရမယ်။ခုနေ ကတော့ Majority    မဟုတ်သေး ဘူး။ သူတို့က အဲတာကိုပဲပြော သွားတယ်””ဗြိတိန်လွှတ်တော် အ မတ်များအဖွဲ့သည် လွှတ်တော်   တိုင်းရင်းသားပါတီ အသီးသီးမှ   လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လည်း ဆက်လက်ပြီး တွေ့ဆုံခဲ့ ကြောင်းလည်းသိရသည်။အဖွဲ့တွင် (WFD) အဖွဲ့အကြီးအကဲ J Linda Duffield   အပါအ၀င် ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ၊လေဘာပါ တီ၊လစ်ဘရယ် ဒီမိုကရက်စတဲ့  ပါတီတွေက လွှတ်တော်ကိုယ်စား လှယ် ၇ဦး လိုက်ပါလာကြောင်း  သတင်းရရှိသည်။


သတင်း... HOT NEWS

25 July 2012

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်အဆိုကို ပထမဆုံးအကြိမ်အဖြစ်ဒေါ်အောင်ဆန်းစုကြည်၏ ၀င်ရောက်ဆွေးနွေးချက် အပြည့်အစုံ

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်အဆိုကို ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ဆွေးနွေးခဲ့ရာ ( ဒေါ်အောင်ဆန်းစုကြည်၏ ၀င်ရောက်ဆွေးနွေးချက် အပြည့်အစုံ )

လေစားအပ်ပါသော လွှတ်တော် ဥက္ကဌ ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များရှင်။ကျမက ရန်ကုန်တိုင်းဒေ သကြီး ကောမှုးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ကျမ အနေနဲ့ဦးတီခွန်မြတ်ရဲ့တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်ရေးများကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။
အခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့ဝေါဟာရကိုသတ်သတ် မှတ်မှတ် အဓိပ္ပယ်ဖေါ်ထားတာမရှိပါဘူး။၁၉၈၂ ခု နှစ် နိုင်ငံသားဥပဒေမှာဆို-ရင်တော့ တိုင်းရင်းသား ဆိုတာ ၁၈၂၃ခုနှစ်ကစပြီး ဒီနေ့ နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပါယ်ဖေါ် ထားပါတယ်။အဲ့ဒီ့အထဲမှာဗမာတွေလည်းပါပါတယ်။အခု ဆွေးနွေးချက်တွေ အ၇ဆိုရင် ပြည်နယ်တွေကို အခြေခံတဲ့တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့် အရေးတွေ ကိုရည်ညွန်းပြီးတော့ပြောကြတယ် လို့ ကျမတို့ မှတ် ယူရပါတယ်။ပြည်နယ်တွေ အကြောင်းပြောမယ်ဆို လို့ရှိရင် ကျမတို့နိုင်ငံမှာဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ပြည်နယ်ဒေသတွေဟာ အဆိုးဝါးဆုံးဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ် ဆိုလို့ ရှိရင်ခု နောက်ဆုံး အာရှ ဖွံ့ဖြိုးရေး ရဲ့နောက်ဆုံးဂဏန်းအရ ၇၃.၃ ရာခိုင်နှုန်းရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ရာခိုင်နှုန်း ။ရှမ်းမြောက် ဆိုရင် ၃၇.၄ရာခိုင်နှုန်း။ရှမ်းတောင် ဆိုရင် ၂၅.၂ ရာခိုင်နှုန်းပျမ်းမျှခြင်း အားဖြင့် ရှမ်းပြည်နယ်ရဲ့ဆင်းရဲမွဲတေမှုနုန်းဟာ ၃၇.၁ရာခိုင်နုန်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှု အခြေနေ ကတော့ ၄၃.၅ ရာခိုင်နုန်းဖြစ်ပါတယ်။တစ်နိုင်ငံလုံးရဲ့ ပျမ်းမျဆင်းရဲမွဲတေမှု နှုန်း ဟာ ၂၅. ၆ ရာခိုင်နှုန်း ဖြစ်တာကြောင့်မို့ ဒီပြည်နယ်တွေမှာပျမ်းမျှခြင်း နိုင်ငံရဲ့  ဆင်းရဲမွဲတေမှုနုန်းမြင့်နေ တယ်လို့ပြောလို့ရပါတယ်။ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈. ၆ ပျမ်းမျှခြင်းရာခိုင် နုန်း ထက်မြင့်နေပါတယ်။

မွန်ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျနေတယ်။ဒီကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့် ကျမတို့ပြည်နယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေနေဟာ ကြေနပ်ဖွယ်ရာ မ၇ှိဘူးဆိုတာ ထင်ရှားပါတယ်။

ထို့အပြင်လည်း ကျမတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီးငြိမ်းသွားတယ်ဆိုတာမရှိသေးပါဘူး။ဒါကြောင့်တိုင်းရင်း သားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှေက်ခြင်းဆိုတာဟာဘာသာစကားယဉ်ကျေးမှု
ထိန်းသိမ်းခြင်းနဲ့ပိုပြီး..များစွာကျယ်ပြန့်နက်နဲတယ်ဆိုတာကိုကျမတို့ဆိုနိုင် ပါတယ်။..ဒါကိုထောက် ထားပြီးတော့ ပင်လုံစိတ်ဓါတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့ မရတဲ့ တန်းတူ ညီမျရေး အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး အတွက် ကျမတို့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ဆွေးနွေးညှိနိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့် အရေးများကို ကာကွယ်နိုင်ဖို့အတွက်ဥ ပဒေများကိုလိုအပ်သလို ပြုပြင်ခြင်း ၊လိုအပ်သလိုပြဌာန်းခြင်း တို့ များဆောင်ရွက် ဖို့ ရန်ကို တိုက်တွန်းရင်း ဦးတီခွန်မြတ်ရဲ့ အဆိုကိုကျမအနေနဲ့ထောက်ခံပါတယ်။
ကျေးဇူးတင်ပါတယ်။

သတင်း...  The Voice Weekly

ဓာတ်ပုံ.... AP

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့တွင်ပန်းလောင်မြစ်သဘာဝအတိုင်းစီးဆင်းရေးမြစ်သားမြို့တွင်လူထုဆန္ဒဖော်ထုတ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့တွင် မြို့၏ ဘေးမှ ကွေ့ဝိုက်စီးဆင်းနေသော ပန်းလောင်မြစ်ပေါ်တွင်တည်ဆောက်ထားသည့် စမာဆည်ဖျက်သိမ်းပေးရန်နှင့် စမာဆည်ပေါ်ရှိရေလွှဲတံခါး တည်ဆောက်မှုအား ကန့်ကွက်သည့် အနေဖြင့် ပန်းလောင်မြစ်သဘာဝအတိုင်း စီးဆင်းရေး လူထုဆန္ဒဖော်ထုတ်ပွဲကို ဇူလိုင် ၂၅ရက် နံနက် ၉နာရီမှ ၁၀ နာရီအထိပြုလုပ် ခဲ့ကြသည်။ "တစ်မြောင်းကူးလည်း ရေမလွှဲ ၊နှစ်မြောင်းကူးလည်းရေမလွှဲ တောင်သူမွဲတာ ရေလွှဲဆည်ကြောင့်၊အကျိုးမပြုတဲ့ ရေလွှဲဆည်ဖျက်သိမ်းပေးပါ သမ္မတကြီး ၊တိုင်းပြည်ကြွေးမြီးလျော့လိုလျှင် အကျိုးမရှိရင် မလုပ်ကြပါနဲ့၊အသုံးမ၀င်တဲ့ ရေလွှဲဆည်တံခါးတပ်လည်း ဘာမှမထူး "စသည့် ဆောင်ပုဒ်များ ကိုင်ဆောင်ကာမြစ်သားမြို့ လူထု ၁၀၀ က ငြိမ်းချမ်းစွာ၊လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့နေလူထုမှလည်း ဆန္ဒထုတ်ဖော်လှည့်လှည်သူများကို ၀န်းရံအားပေးခဲ့ကြသည်။ မြစ်သားမြို့ လူထုငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခြင်းကို ဥပဒေနှင့်အညီ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ခွင့် ရရန်လျှောက်လွှာတွင် ထည့်သွင်းတောင်းဆိုသည်။လူအင်အား ၊လှည့်လည်မည့်လမ်းကြောင်း အတိုင်းခွင့်ပြုခဲ့ခြင်း မရှိသော်လည်း ခွင့်ပြုမိန့်လမ်းကြောင်း ၊လူအင်အား အတိုင်းလှည်လည် ဆန္ဒထုတ်ဖော်ရာတွင်မှု နှောင်ယှက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ပြုလုပ်သူ မြစ်သားမြို့ခံ တစ်ဦးကပြောသည်။ မြစ်သားမြို့အနီး ပန်းလောင်မြစ်ပေါ်တွင် စမာရေလွှဲဆည်ကို ၁၉၉၇ / ၉၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စမာရေလွှဲဆည်ပေါ်ရှိ သဲထုတ်ရေတံခါးကို ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက တည်ဆောက်ပြီးစီးခဲ့ပြီး ပြီးခဲ့သည့် တနလာင်္နေ့ ဇူလိုင် ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း မြစ်သားမြို့ခံများကပြောသည်။
သတင်း..... Popular Myanmar News Journal

အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ

24 July 2012

ကချင်စစ်ဘေးရှောင်ဒုက္ခသည်များအား တရုတ်နှင်ထုတ်


ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ တိက်ပွဲများကြောင့် ကချင်စစ်ဘေးရှောင်ဒုက္ခသည် Camp နှစ်ခုမှ ဒုက္ခသည်များအား ဆက်လက်နေထိုင်ခွင့်မပြုတော့ဘဲ တရုတ်ပြည်မှ တာဝန်ရှိသူများမှ ဇူလိုင်လအတွင်း နှင်ထုတ်ခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံက ကချင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူအညီမပေးတဲ့အပြင် သူတို့ပြည်တွင်းကတောင် နှင်ထုတ်ပါတယ်။ ကျွန်တော်တို့မှာလည်း ပိာုဘက်က စစ်ကိုကြောက်လို့ ဒီဘက်ကိုရှောင်၊ ဒီဘက်က လက်မခံလို့ ဘယ်ကိုပြေးရမှန်းမသိဘူး။ မြန်မာအစိုးရအနေနဲ့လည်း ဒါကို တခုခု ပြန်စီစဉ်ပေးသင့်ပါတယ်။ ဒုက္ခသည်စခန်းမှာ လူတွေ တနေ့တခြားပိုများလာပေမယ့် အကူအညီမဲ့နေတုန်းပါပဲ”ပာု ကချင်စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦးက ပြောကြားသည်။
ကချင်စစ်ဘေးရှောင်ဒုက္ခသည်များအား တရုတ်တာဝန်ရှိသူများမှ နှင်ထုတ်ခဲ့သည့် Camp နှစ်ခုမှာ နောင်တောင်းမြို့နှင့် သုံးဖာလုံကွာရှိ ယန်းလုနှင့် လော့မိုင်တို့ရှိ Camp များဖြစ်ပြီး ယခုကဲ့သို့ နှင်ထုတ်ခဲ့ခြင်းမှာ ဒုက္ခသည်များသည် မိုးဦးကာလတွင် ဖြစ်ပွားလေ့ရှိသည့် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါများဖြစ်ပွားနေသည့်အတွက် ယင်းရောဂါများ တရုတ်ပြည်တွင်းသို့ ဝင်ရောက်လာမည့် အန္တရာယ်ကိုကြိုတင်ကာကွယ်ရန်ပာု အကြောင်းပြ၍ နှင်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
“အခု ဒုက္ခသည်စခန်းမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ၊ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေပါတယ်။ တရုတ်အာဏာပိုင်တွေက ဒီကိစ္စကို အကြောင်းပြပြီးတော့ နှင်ထုတ်တာပါ။ အခုလက်ရှိတော့ ကချင်ဒုက္ခသည်စခန်းတွေကို အဖြူရောင်တွဲလက်များနဲ့ စိမ်းရောင်စုအဖွဲ့တွေက လာပြီး အကူ အညီတွေ ပေးနေပါတယ်။ ဒါပေမယ့် ဒုက္ခသည်အရေအတွက်နဲ့ သူတို့ လှူဒါန်းတဲ့ပမာဏက မမျှတတော့ အကူအညီတွေကတော့ လိုအပ်တုန်းပါပဲ”ပာု ရန်လု(Yan Lu)ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့သော ကိစ္စရပ်များကြောင့် အဖြူရောင်တွဲလက်များနှင့် စိမ်းရောင်စုအဖွဲ့တို့မှ ကချင်စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ စိတ်ဓာတ် မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် လူမှုရေးအကူအညီများကိုပေးခဲ့ပြီး ပညာရေးဆိုင်ရာ အထောက်အပံ့များအနေဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့နယ် များရှိ အလှူရှင်များ၊ အဖွဲ့အစည်းများမှတစ်ဆင့် လှူဒါန်းခဲ့ကြသော အလှူငွေများကို လိုအပ်ချက်များအပေါ် မူတည်၍ ခွဲဝေလှူဒါန်းခြင်းများကို ပြုလုပ် ပေးခဲ့ကြကြောင်း သိရသည်။

သတင်း.............. yangonchronicle

မင်္ဂလာပါ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ရှေ့လစမယ်



ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မင်္ဂလာပါ ဒီမိုကရေစီအမည်နဲ့ ရုပ်ရှင်ပွဲတော်ကို လာမဲ့လမှာ စတင် ကျင်းပမယ်လို့ သိရပါတယ်။

လွတ်လပ်မှုကို ဖော်ကျူးတဲ့ ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲ ဒုတိယ အကြိမ်မြောက် အဖြစ် သြဂုတ်လ ၁၈ ရက်နေ့မှာ စတင်ပြီး ၃ လကြာ ကျင်းပသွားမှာ ဖြစ်ကြောင်း စီစဉ်သူ တစ်ဦးဖြစ်တဲ့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် Art of Freedom လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ထက် ထူးခြားစွာ ဓာတ်ပုံဆောင်းပါး ကဏ္ဍအပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ သီချင်းပြိုင်ပွဲလည်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသီချင်းပြိုင်ပွဲကို ကျင်းပရတာကလည်း မြန်မာလူငယ်တွေ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးသား ဂုဏ်ပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့
ဖြစ်တယ်လို့ ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး ခေတ်ပေါ်ပုံစံနဲ့ရောမြန်မာသံစဉ်နဲ့ပါ သီဆိုခွင့်ရှိကြောင်း သိရပါတယ်။ ဆုရွေးချယ်ပွဲကို ဇန်န၀ါရီလ ၄ ၇က်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

 
သတင်း...  RFA

23 July 2012

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ပြည်ခိုင်ဖြိုးပါတီဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းပြောကြား



မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြင့်သည့် မြစ်ဆုံစီမံကိန်းကို မဖြစ်မနေ ပြန်လည်စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ဖြေကြားပြောဆိုခဲ့ကြောင်း Eleven Media Group ဝက်ဆိုဒ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်တွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် များနှင့် မီဒီယာများ၊ ပြည်သူ့အသံများက တရုတ်နိုင်ငံ၏ မြစ်ဆုံစီမံကိန်း ဆောက်လုပ်နေမှုများကို ကန့်ကွက်ခဲ့သည့်အတွက် ယင်းမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့မှုအပေါ် ရန်ကုန်မြို့တော်ဝန်ပောာင်း(ငြိမ်း) ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
“မြစ်ဆုံစီမံကိန်းကို သမ္မတကြီးက သူ့သက်တမ်းအတွင်းမှာ ဆက်မလုပ်တော့ပါဘူးလို့ ပြည်သူတွေကို ကတိပေးမှုအပေါ် ဦးအောင်သိန်းလင်းက ခြေနဲ့ဖျက်လိုက်တာပါပဲ။ အရင်အကျင့်ပောာင်းတွေကတော့ ပြန်ပေါ်လာပါပြီ။ သမ္မတကြီးအနေနဲ့ ဒီကိစ္စကို သေသေချာချာစဉ်းစားသင့်ပါတယ်။ ဦးအောင်သိန်းလင်းရဲ့ သူ့သဘောနဲ့သူ ပြောဆိုနေမှုတွေကိုလည်း ရပ်တန့်သင့်ပါတယ်”ပာု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်သီး၏ ပြောကြားခဲ့သည်။
ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ပြည်ခိုင်ဖြိုး(USDP)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့သည့် အငြင်း ပွားဖွယ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။
သတင်း... Eleven Media Group Website

22 July 2012

စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များ ဇူလိုင် ၂၃ရက်တွင် ဆန္ဒပြမည်

စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များက မိမိတို့ကျောက်ဝိုင်း ပီပြင်စွာ ပေါ်ထွက်လာရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်များရှင်ကျောက်ဝိုင်းရှိ ဆိုင်ခန်းရှင်ဦးရေ (၁၀၀)ခန့်က ကျောက်ဝိုင်းဖြစ် မြောက်ရေးအတွက် ဇူလိုင် ၂၃ ရက်(မနက်ဖြန်) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ယင်းကျောက်မျက်ဈေးရှေ့တွင် ဆန္ဒထုတ်ဖော်ကြ မည်ဖြစ်သည်။ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှလည်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဦးတိုက်လျှောက် ထား သည့် ကျောက်မျက်ဆိုင်ခန်း ရှင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်သီက ပြောသည်။

“ ၁၉ ရက်နေ့ (ဇူလိုင် ၁၉)က တရားဝင်စာနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။ လျှောက်တာကတော့ ၂၁၊ ၂၂၊ ၂၃ သုံးရက်လျှောက်တာ တစ်ရက်ပဲခွင့်ပြုတယ်။ ၂၁၊ ၂၂ က စနေ၊ တနင်္ဂနွေ ဖြစ်နေလို့ မရဘူးတဲ့။ ကျန်တာကတော့ တင်ထားတဲ့အတိုင်း ခွင့်ပြုပါတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။

ဆန္ဒထုတ်ဖေါ်ရသည့်အကြောင်းရင်းမှာ တိုင်းဒေသကြီးအာဏာပိုင်များက ယခင်ကတည်းက တည် ရှိနေသော ဘော်ဂါကျောက်ဝိုင်းကိုပိတ်ပြီး ဆင်များရှင်ကျောက်ဝိုင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် နှုတ်ဖြင့် အမိန့်ပေးသည့်အတွက် မိမိတို့ ကျောက်မျက်ဆိုင်ခန်းရှင် ၁၃၀ က တစ်ဦးလျှင် ကျပ် ၁၀ သိန်းနီး ပါးထည့်ဝင်ပြီး ဆိုင်ခန်းများ တည်ဆောက်ခဲ့ရကြောင်း၊ ကျောက်ဝိုင်းကို ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်ကာ ဖွင့်လှစ်ခဲ့ပြီး ယင်းနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း၊ သို့သော် သမ္မတလာသည့်ရက်ပိုင်းသာ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ကျန်နေ့များ တွင် ဘော် ဂါကျောက်ဝိုင်း တွင်သာ ပြန်လည်အရောင်းအ၀ယ် ပြုလုပ်နေကြသည်ဟုဆိုသည်။

တရုတ်ကုန်သည်များကလည်း စကားပြန်များ၏အလိုအရ ဘော်ဂါကျောက်ဝိုင်းတွင်သာ အရောင်း အ၀ယ် ပြုလုပ်နေကြ၍ မိမိတို့ဈေး တရားဝင်ဖြစ်ပေါ်လာရေးအတွက် ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဆင်များရှင်ကျောက် မျက်ရတနာဈေးမှ ဆန္ဒထုတ်ဖော်မည့် ဆိုင်ခန်းရှင်များက ပြောသည်။

“ကျွန်မတို့က အရင်ကတည်းက ဘော်ဂါမှာ အရောင်းအ၀ယ် လုပ်လာတာပါ။ အာဏာ ပိုင်တွေ က ဘော် ဂါဈေး ကို ဖျက်ပြီး ဆင်များရှင်ဝိုင်းကို ပြောင်းရမယ်ဆိုလို့ ကျွန်မတို့စိုက်ထုတ်ပြီး ဈေးဖြစ်အောင်လုပ်ရတာ ပါ။ ခုကျတော့ အရင်ဈေးဟောင်းနေရာမှာပဲ ရောင်းဝယ်ခွင့်ပြုနေတော့ ကျွန်မတို့ အများကြီးနစ်နာပါတယ်။ ဒါကြောင့် ခုလို ဆန္ဒထုတ်ဖော်ရတာပါ။”ဟု ပြောသည်။ ဘော်ဂါကျောက်မျက်ဈေးသည် စစ် ကိုင်းမြို့ ဘော် ဂါရပ် ကွက်ရှိ လမ်းမ၀ဲယာပေါ်တွင် တည်ရှိသည်။

သတင်း..... 7Day News Journal