ရှမ်းပြည်နယ်  မိုင်းယန်းမြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တို့၌  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအချို့တွင်  ရေကြီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်  မိုင်းယန်းမြို့နယ်တွင် သြဂုတ် ၂၅ရက် ည ၁၀နာရီမှ ည ၁၂နာရီအထိ  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းလွေရွာအနီး နမ့်ဟိုတွဲချောင်း  ရေလျှံကာ မိုင်းယန်း- မိုင်းခတ်သွား ကားလမ်းပေါ်သို့ သုံးပေအထိ  ရေကျော်ခဲ့ပြီး မိုင်းယန်းမြို့  ကောင်းမွန် ရပ်ကွက်၊ ၀မ်ပိန်းရပ်ကွက်နှင့်  မိုင်းလွေရွာတို့မှ လူနေအိမ်လေးလုံး ပြိုကျပျက်စီးခဲ့ကြောင်း၊ထို့အတူ  မွန်ပြည်နယ်ဘီးလင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  သဲဖြူချောင်းရေ တိုက်စားရာမှ သြဂုတ် ၂၈ရက် ည ၁၀နာရီခန့်တွင်  ကဇိုင်း-ညောင်ထောက်-သဲဖြူလမ်းပေါ် မိုင်တိုင်အမှတ် ၇၅နှင့် ၇၆ကြားရှိ  သံပေါက်ဘေလီတံတားတစ်စင်း၏ တိုင်တစ်တိုင်နှင့် ရက်မတစ်ချောင်း  မျောပါသွားခဲ့ပြီး ကြမ်းခင်း တစ်ပေခန့် နိမ့်ဆင်းသွားခဲ့ကြောင်း၊ကို၂၀၁၀ခုနှစ် စက်တင်ဘာ ၁ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။ 
