15 January 2011
ပြည်တွင်းက လူငယ်တွေရဲ့လက်ရာပါ ၂၀၁၁ အနာဂတ်သစ် စာစောင် ဇန်န၀ါရီလ
ပေးပို့ ပေးသော ညီမလေး ဆုမွန် ကိုကျေးဇူးပါရှင်.။
14 January 2011
နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .
13 January 2011
12 January 2011
11 January 2011
ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏ တစ်ယောက် ကွယ်လွန်
ပကာသန မဖက်ဘဲ သဘာဝအတိုင်းသွားချင်သူ ကိုဝဏ္ဏ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ သုဿန်များသို့ ရုပ်အလောင်းများ သယ်ဆောင်မှုများပြုလုပ်ပေးရာတွင် အသက် (၈၀) နှစ် အထက် ဘ၀ပြောင်းသွားသော လူတို့အား ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သယ်ယူပို့ဆောင်ပေးလျှက် ရှိပါသည်။ အသက် (၈၀) နှစ်အောက် ဘ၀ပြောင်းသွားသော လူတို့အား ISUZU, TOYOTA (Hilux) စသည့် နိဗ္ဗာန်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ကူညီဖေးမလျှက် ရှိသည့်အပြင် ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်ကြီးများအား ဂျပန်နိုင်ငံ တွင် အသုံးပြုသော LINCON နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ကူညီဖေးမ ကုသိုလ်ယူလျှက် ရှိသည်။ အထူးအားဖြင့် နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့အကျိုးပြု အနုပညာရှင်များ ဘ၀ပြောင်းသွား သောအခါ ချွင်းချက်အနေဖြင့် အထူးနိဗ္ဗာန်မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင် သဂြိုလ်ပေးခြင်း၊ အအေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးဆပ်လျှက်ရှိသည်။
ယနေ့ နံနက် (၆း၃၀) နာရီတွင် ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏ တစ်ယောက် ကွယ်လွန် သွားပြီဟူသော သတင်းကို ကိုဝဏ္ဏ၏ တူဖြစ်သူ ဖိုးသောကြာမှ သတင်းပေးပို့သည့်အတွက် လိုအပ်သော စာရွက်စာတမ်းများကို လျင်မြန်စွာရရှိရန် ပြောကြားပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) မှ နိုင်ငံ့ဂုဏ်ဆောင် ပြည်သူ့အကျိုးသယ်ပိုးပေးခဲ့သော (သဘာဝအုပ်စု) ၏ စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ် ရုပ်အလောင်းအား ရေဝေးသုဿန်အအေးခန်းသို့ သယ်ဆောင်ရန်အတွက် အထူးနိဗ္ဗာန်မော်တော်ယာဉ်အား အဆင်သင့်ဖြစ်ရန် မှာကြားခဲ့သည်။ နံနက် (၁၀း၀၀) နာရီခန့်တွင် မီးသဂြိုလ်ခွင့်၊ အအေးခန်းထားရှိခွင့် သချိုင်းလက်မှတ်အား ရရှိပြီဟု ပြန်လည်အကြောင်းကြားသည့် အတွက် ကျွန်တော် ကျော်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဇင်ထွန်းအောင်နှင့် ကျော်ဟိန်း တို့နှင့်အတူ အထူးနိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုခြံ နေအိမ်မှ သွားရောက် သယ်ဆောင်ခဲ့ကြသည်။ သယ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက် ကျွန်တော်မှ ကိုဝဏ္ဏနှင့် တွေ့ဆုံခဲ့ပုံများ၊ ကိုဝဏ္ဏမှ ကျွန်တော့်အား ရုပ်ရှင်လောကထဲသို့ ပထမဦးဆုံး ပို့ဆောင်ရန် ကြိုးစားခဲ့ပုံများ၊ ကိုဝဏ္ဏ၏ ရိုက်ကွင်းများသို့ ကျွန်တော်ကိုယ်တိုင် ရုပ်ငြိမ်ဓါတ်ပုံရိုက်ရန် အကြောင်းပြပြီး ကျောင်းပိတ်ရက်များ တွင် ရှမ်းပြည်ဘက်သို့ လိုက်သွားပုံများ (ဖြတ်လျှောက်အခန်းများနှင့် ဇာတ်ပို့ခန်းများ) တွင် ကျွန်တော့် ၏ မိဘများမသိအောင် ၀င်ရောက်ရိုက်ကူးခဲ့ပုံများ၊ “ပန်းတွေနဲ့ဝေ” ရုပ်ရှင်ဇာတ်ကားကြီးအား ဗီဒီယို အဖြစ် ပြန်လည်၍ အသက်သွင်းရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာ ကိုဝဏ္ဏ က ကျွန်တော့်အား အဓိက ဇာတ်ကောင်အဖြစ် အသုံးပြုခဲ့ပုံများ စသည့် လွမ်းမောဖွယ်ရာဖြစ်ရပ်များကို ပြောကြားခဲ့သည်။
ရေဝေးသုဿန်သို့ ရောက်လုနီးနီး မြောက်ဥက္ကလာပ၊ ကန်သာယာလမ်းဆုံတွင် လူနေအိမ် များ၊ ဈေးဆိုင်တန်းများ အရှေ့တွင် အထူးနိဗ္ဗာန်မော်တော်ယာဉ် နောက်ဘီး ဟက်တက်ကွဲ သွား တော့သည်။ (ယင်းကဲ့သို့ ကျွန်တော် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များတွင် ရုပ်အလောင်း သယ်ဆောင် ရာ၌ နိဗ္ဗာန်မော်တော်ယာဉ် လမ်းခုလတ်တွင် စက်ချို့ယွင်းခြင်းကြောင့် ရပ်နားသွားရသည့် အခါများ တွင် “ဟေ့ … မနောက်နဲ့ကွာ။ ခင်ဗျားတို့အတွက် အဆင်ပြေအောင် လုပ်ပေးနေတာ ကူညီကြပါကွာ” ဟု ပြောဆိုလိုက်ပါက တနည်းမဟုတ် တနည်း စက်ပြန်လည် ကောင်းမွန်သွားပြီး သက်ဆိုင်ရာ သုဿန်သို့ ရောက်ရှိပို့ဆောင် ပေးနိုင်ခဲ့သည်။) ယခု ကိုဝဏ္ဏ၏ နောက်ဆုံးခရီး လမ်းကြောင်းတွင် “ကိုဝဏ္ဏရေ … မနောက်ပါနဲ့ဗျာ” ဟု ပြောဆို၍ မရနိုင် တော့ချေ။ ပေါက်ကွဲသွားသော နိဗ္ဗာန် မော်တော်ယာဉ် ဘီးမှာလည်း ပြန်လည်၍ အလိုလို ကောင်းမွန် လာမည်မဟုတ်။ ထို့ကြောင့် အသင်းရုံးချုပ်သို့ ဆက်သွယ်ပြီး နိဗ္ဗာန်မော်တော်ယာဉ် (အသက် ၈၀ နှစ် အောက် အသုံးပြုသော နိဗ္ဗာန်ယာဉ်) အား အမြန်ဆုံး လာရောက်ရန် ခေါ်ယူခဲ့သည်။ မြောက်ဥက္ကလာမြို့နယ်၊ ကန်သာယာ ရပ်ကွက်မှ မိဘပြည်သူများ၊ TAXI အငှားယာဉ်မောင်း ဆရာများကလည်း ၀ိုင်းဝန်း၍ အကူအညီများ ပေးကြသည်။ ဤသည်မှာ မြန်မာလူမျိုးတို့၏ အယူသီးမှုကို တိုက်ဖျက်ကြသည့် ချစ်စရာဓလေ့ တစ်ခုပင် ဖြစ်သည်။
အချိန်အနည်းငယ်အတွင်း ရောက်ရှိလာသော နိဗ္ဗာန်မော်တော်ယာဉ်ပေါ်သို့ ကိုဝဏ္ဏ၏ ရုပ်အလောင်းအား ၀ိုင်းဝန်းပြီး အထူးနိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ ပြောင်းရွှေ့သယ်ဆောင်ခဲ့ကြသည်။ ရောက်ရှိလာသော အသက် (၈၀) နှစ်အောက် သယ်ဆောင်သော နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ရေဝေး သုဿန်အအေးခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့တော့သည်။ ကျွန်တော်၏ အတွေးထဲတွင် စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏသည် ဖခင်ဖြစ်သူ ဦးသာဓု ထူထောင်ခဲ့သော သဘာဝအုပ်စု၏ အစ်ကိုအကြီးဆုံး ဖြစ်သည်နှင့်အညီ အများနည်းတူ သဘာဝကျကျ နောက်ဆုံးခရီးကို သွားချင်ခဲ့သူ တစ်ဦးများ ဖြစ်လေ ပြီလား ဟု . . . . ။
လေးစားဦးညွှတ်လျှက်
ညီငယ် - မောင်မောင် (ခ) ကျော်သူ
စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ်၏ ဈာပနအခမ်းအနားအား ၁၃.၁.၂၀၁၁ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် ရေဝေသုဿန်၌ မီးသဂြိုလ်ခြင်း အခမ်းအနား ကျင်းပမည် ဖြစ်ပါသည်။
၁၉၆၉ - ''သိုင်းသမား'' ရုပ်ရှင်ဇာတ်ညွှန်းရေးသားခဲ့။
၁၉၇၀ - ''ကတ္တီပါဖိနပ်စီး- ရွှေထီးဆောင်း'' ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည်။ ထိုကားဖြင့် ရုပ်ရှင်လောကသို့ ဒါရိုက်တာအဖြစ် ရောက်ရှိခဲ့။
၁၉၇၁ - ''ကတ္တိပါဖိနပ်စီး-ရွှေထီးဆောင်း''ရုပ်ရှင်ကားဖြင့် ၁၉၇၀-ခုနှစ်အတွက် အကယ်ဒမီ ဒါရိုက်တာဆု ချီးမြှင့်ခံရ။
၁၉၇၂ - ''လေထဲက အိပ်မက်ကလေး'' ၀တ္ထု ''ရှုမ၀မဂ္ဂဇင်း'' တွင်ရေးသားကာ စာပေလောကထဲ ရောက်ရှိခဲ့။ ''ဇာခန်းဆီးနောက်ကွယ်မှာ'' ရုပ်ရှင်ကားကို ရိုက်ကူးခဲ့။
၁၉၇၃ - ''ခြေဖ၀ါးတော်နုနု'' ရုပ်ရှင်ကားကို ရိုက်ကူး၊ ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကားကို ရိုက်ကူး။
၁၉၇၅ - ''ပန်းတွေနဲ့ဝေ'' စာအုပ်ထွက်ခဲ့။
၁၉၇၆ - ''ပန်းတွေနဲ့ဝေ'' ၀တ္ထုကို ရုပ်ရှင်ရိုက်ကူးခဲ့။ ဒေါ်ချိုချိုရည်နှင့် အိမ်ထောင်ပြု။ ''ချစ်တဲ့သူငယ်လေ'' ၀တ္ထု ကိုရေးသား၊ ရုပ်ရှင်ရိုက်ကူး။
၁၉၇၇ - ''ချစ်တဲ့သူငယ်လေ'' စာအုပ်ထွက်။
၁၉၇၉ - ''အိပ်မက်စိမ်း'' လုံးချင်းဝတ္ထုထွက်။
၁၉၈၀ - ''တက္ကသိုလ်လွမ်းချင်း'' ၀တ္ထုထွက်။ ''ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည်'' (ငြိမ်းကျော်နှင့်တွဲ၍)၀တ္ထုရှည်ထွက်။ ''မောင်စိန်သောင်း၊ မနှင်းရည်''ကို ဇာတ်ကောင်ပြု၍ မဂ္ဂဇင်းများတွင် ရေးသားခဲ့။
၁၉၈၁ - ''မောင်'' ၀တ္ထုရှည်၊ ''အရွယ်လွန်'' ၀တ္ထုရှည်များထွက်။
၁၉၈၄ - ''လှပါတယ် မသီတာ''၊ ''ရည်းစားစကား''၊ ''ချစ်ခင်စမှော်ရုံမှာလေ'' ၀တ္ထုရှည်များထွက်။
၁၉၉၀ - ''ခုနစ်စဉ်အလွမ်း'' ရုပ်ရှင်ဖြင့် ဒုတိယအကြိမ် ဒါရိုက်တာ အကယ်ဒမီဆုရရှိ။ ''ရယ်စရာမောစရာ'' ရုပ်ရှင်ကား။ ''ရင်ထဲကဆောင်းရာသီ'' ရုပ်ရှင်ကားများရိုက်။
၂၀၀၅ - ''အပြင်းပြေဖတ်ဖို့ ဖီလော်ဆော်ဖီ'' စာအုပ်ထွက်။
၂၀၀၅ - ''ရင်တွေခုန်နေသည်'' လုံးချင်းဝတ္ထုရှည်။ ''ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော မောင်ဝဏ္ဏ'' ၀တ္ထု ရှည်။ ''မင်းကိုကိုယ်ချစ်တယ်'' ၀တ္ထုရှည်။ ''ကံကောင်းတယ်ဆိုတာဘာလဲ'' (ဘာသာပြန်)စသည်ဖြင့် စာအုပ်များ ထွက်။
စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏသည် ဒေါ်ချိုချိုရည်နှင့် သားသမီး(၃)ဦးထွန်းကားခဲ့။ လုံးချင်းစာအုပ် (၂၀)ကျော်ရေးသားပြီး ရုပ်ရှင်ကားကြီး(၂၀)ကျော် ရိုက်ကူးခဲ့။ ယခုအခါ စာရေးခြင်း ရုပ်ရှင်ရိုက်ခြင်းဖြင့် အသက်မွေး လျက်ရှိ။ မိသားစုနှင့်အတူ သင်္ကန်းကျွန်း သာဓုခြံတွင် နေထိုင်လျက်ရှိ။
''ထင်ရှားသော စာအုပ်အချို့''
၁။ပန်းတွေနဲ့ဝေ
၂။ချစ်တဲသူငယ်လေ
၃။ချစ်ခင်စမှော်ရုံမှာလေ
၎။မောင်စိန်သောင်း၊ မနှင်းရည်ဝတ္ထုတိုများ
၅။မောင့်အပြင်၊ မောင့်ညီကိုတွေ မေ့အလွမ်းပြေ
၆။တက္ကသိုလ်လွမ်းချင်း
၇။ရင်တွေခုန်နေသည်
၈။သာဓုအင်ဆန်း(စုပေါင်း)
၉။မင်းကိုကိုယ်ချစ်တယ်
ဒီနေ့ မနက်ပိုင်းက အမေရိကန် ဆီးနိတ်အဖွဲ့ဝင် Mr. Paul Gorve နှင့်အဖွဲ့ဝင်များ တောင်ဒဂုံရှိ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ
ယနေ့ နံနက် ၈နာရီခွဲခန့်က တောင်ဒဂုံ၁၈ရပ်ကွက်ရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ အမေရိကန် ဆီးနိတ်အဖွဲ့ဝင် Mr. Paul Grove နှင့် ရန်ကုန်မြို့ အမေရိကန်သံရုံးယာယီတာဝန်ခံ Mr Dinger သံရုံးအတွင်းဝန် Mrs.Jeniffer တို့ လာရောက်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲတွင် HIV/AIDS Prevention and Care တာဝန်ခံ မဖြူဖြူသင်းနှင့် ကိုရာဇာတို့မှ ဦးဆောင်သည့်အဖွဲ့မှ လက်ခံတွေ့ဆုံကာ အဖွဲ့မှ လုပ်ဆောင်လျှက်ရှိသော အခြေအနေများနှင့် ရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေးခဲ့ပြီး Senate အဖွဲ့ဝင် Mr Paul Gorve နှင့် အဖွဲ့မှ သိလိုသည်များကို မေးမြန်းခဲပါသည်။ ဆွေးနွေးပွဲအား မနက် ၈နာရီခွဲမှ ၉နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး လူနာများအား လိုက်လံကြည့်ရှူ အားပေးစကား ပြောကြားခဲ့ပါသည်.။ ဆီးနိတ်အဖွဲ့ဝင် Mr.Paul Grove မှ ယခုဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်များအား အမေရိကန်နိုင်ငံသို့ ပြန်လည် ရောက်ရှိသည့်အခါ၌ ကော်မတီိသို့ အစီရင်ခံ တင်ပြသွားမှာဖြစ်ကြောင်း မည်သို့ ကိုင်တွယ်ဆောင်ရွက် မည်ဆိုသည်ကို ကော်မတီမှ ဆုံးဖြတ်ပါမည်ဟု ပြောဆိုသွားခဲ့ပြီး မနက်၉ခွဲခန့်မှာ အဆိုပါဂေဟာမှ ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။
သတင်းဓာတ်ပုံ...ဒီမိုဝေယံ
မနေ့က ညနေ ဆောင်းမိုး ရန်ကုန်မြို့ မှာ ရွာသွန်းဖြိုးခဲ့သော ဓာတ်ပုံသတင်း
မိုးရွာပြီဆိုတော့ သိတဲ့အတိုင်း ရေလျှံပြီလေ...။ တောင်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်အမတ် မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့ကတော့ အေးအေးဆေးဆေးပေါ့။ ဆောင်းတွင်းကြီး မိုးရွာတော့ ကြိုတင်မိုးဆိုပြီး ကြံဖန် ဂုဏ်ယူနေမလားတော့မသိ..။ ရန်ကုန်သူ ရန်ကုန်သား ပြည်သူ ပြည်သား တွေကတော့ ရာသီဥတုဒဏ်၊ မိုးဒဏ်၊ လေဒဏ်၊ မင်းဆိုး မင်းညစ်ဒဏ် ရန်သူမျိုးငါးပါး ဒဏ်တွေ ကြားမှာ အသားကျနေပါပြီ..။ အသားကျပြီး အရိုးပဲ ကျန်တော့တယ် ဆိုသလိုပေါ့။ ဒီကြားထဲ စားဝတ်နေရေးတွေ ရုန်းကန် နေရတဲ့ ကြားထဲမှာ စစ်မှုထမ်းရဦးမယ် ဆိုရင်ဖြင့် ...... နှူရာဝဲစွဲ လဲရာစစ်မှုထမ်း ဆိုသလို လုံးပါးပါးရတော့မှာ သေချာနေပါပြီ။ ၂၀၁၁မှာ မြန်မာပြည်သူ ပြည်သားတွေ (ကြံ့ဖွတ်နဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းမပါ) ဘေးဒုက္ခအပေါင်းက အမြန်ကင်းဝေးကြပါစေ...။
သတင်း ဓာတ်ပုံ.....ဒီမိုဝေယံ
စစ်အာဏာရူးလက်ထက်မှာ ရှင်သန်နေတဲ့ တောင်ငူမြို့ရဲ့ မိုးကျရွှေကိုယ် ခင်မောင်အေး နဲ့တောင်ငူနှစ် ၅၀၀ ပြည့်အလွဲများ
ပြီးတော့ တောင်ငူမြို့ရဲ့နှစ် ၅၀၀ ပြည့်ပွဲတော်ကြီးနော်..မန္တလေးမှာ တောင်နှစ် ၁၅၀ ပြည့်ပဲ ရှိသေးတာ၊ နှစ်ပေါင်း ၃၅၀ တောင်ကွာတယ်ဗျာ... .
ဝန်ထမ်းတွေကတော့သိတဲ့အတိုင်းပဲ ဒီလိုပွဲမျိုးမတက်လို့မရဘူးလေ၊စိတ်မပါလဲတက်ရတာပဲကို။ ရဲမက်တွေကိုင်တဲ့လက်နက်ကိုဗျာ .ကဒ်ထူစက္ကူ တွေကိုဆေးသုတ်ပြီး ဒိုင်းပုံစံလုပ်ပေးထားတယ် လှံကျတော့လည်း ၀ါးလုးံကို ဆေးနီသုတ်ပေးထားတယ်လေ ..
အဲပြည်သူငွေကို ကိုင်ပြီှး စစ်ဗိုလ်ချူပ် တွေရဲ့ကတော်တွေက ဒီကောင့်ကို အမည်ခံခိုင်းပြီး လုပ်ကွက် တွေကိုချပေးနေတာပေါ့။ CB bank ကိုလည်းဒီကောင်ဘဲအမည်ခံထားတာပါ။
အောင်မောင်း8888(ပြည်တွင်း)
အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေမပြဋ္ဌာန်းခင် ဒီကိစ္စဖြေရှင်းကြပါဦး. စစ်အာဏာရှင်များ ခင်ဗျား..
ဒီမိုဝေယံ
10 January 2011
အိန္ဒိယနိုင်ငံ မဟာဗောဓိ စေတီတော်ဝင်းအတွင်း တပ်ချုပ်ကြီးနှင့် ဒေါ်ကြိုင်ကြိုင် လှူဒါန်းထားတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်နှင့် ဆက်သွယ်မေးမြန်းချက်..
အဆိုပါနေရာဟာ စေတီတော် အနောက်ဖက်တည့်တည့် ဗောဓိညောင်ပင်ရဲ့ နေရာကောင်းမှာ လှူဒါန်းထားခြင်း ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တပ်ချုပ်ကြီးနဲ့ မိသားစု အဆိုပါ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေရာရှိ မဟာဗောဓိစေတီတော် အရှေ့တည့်တည့်မှာ ဓာတ်ပုံရိုက်ယူခဲ့တဲ့ ပုံတစ်ချို့မှာတော့ ဒေါ်ကြိုင်ကြိုင်မှ ဖိနပ်စီးထားပြီး.. တပ်ချုပ်ကြီးမှ အမြင်မတော်ဖွယ်ရာ စေတီတော် ဝင်းအတွင်း ပုဆိုးကိုမလျှက် လှည့်လည်ကြည့်ရှုနေတဲ့ ပုံများဖော်ပြပါရှိနေပါတယ်...။ အဆိုပါ ဓာတ်ပုံများမှာ ဖော်ပြပါရှိတဲ့ နိုင်ငံခေါင်းဆောင်ဆိုတဲ့ မိသားစုတွေရဲ့ မြင်ကွင်းများနဲ့ ပတ်သတ်ပြီး အိန္ဒိယနိုင်ငံမှာ သီတင်းသုံး နေထိုင်နေတဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်ဦးထာဝရနဲ့ ဆက်သွယ်မေးမြန်းချက်အား တင်ပြလိုက်ရပါတယ်...။
မေး.. အရှင်ဘုရား ပြီးခဲ့တဲ့နှစ်က ဗိုလ်ချုပ်သန်းရွှေရဲ့ အိန္ဒိယနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ မြင်တွေ့ရတဲ့ ဓာတ်ပုံတွေထဲက အကြောင်းအရာတစ်ချို့နဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို ဖြေကြားပေး စေလိုပါတယ်ဘုရား...
အရှင်ထာဝရ... ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ဘုရားကျောင်းဝင်းအတွင်းမှာ ဖိနပ်စီးခွင့် မရှိပါဘူး..။ လက်နက်ကိုင်ဖို့ဆိုတာ ပိုပြီးတော့ ဝေးတာပေါ့။ အခုလို ဒေါ်ကြိုင်ကြိုင် ကနေပြီးတော့ ဘုရားပွင့်တဲ့နေရာ မဟာဗောဓိစေတီတော်ရှေ့မှာ ဖိနပ်စီးပြီး ဓာတ်ပုံ အရိုက်ခံတာကတော့ အင်မတန်မှ အရုပ်ဆိုး အကျဉ်းတန်ပါတယ်။ နောက်တစ်ခုက ဦးဇင်းတို့ ဘုရားရှင်လက်ထက်က သာဓက တစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဗိမ္မိသာရမင်းကြီးဟာ ကျောင်းဝင်းအတွင်းမှာ ဖိနပ်စီးခဲ့တဲ့ ဝဋ်ကြွေးကြောင့် သူဟာဆိုရင် အရှင်လတ်လတ် သူရဲ့ဖြေဖဝါးကို ဓားခွဲခံရတဲ့ သာဓကတွေရှိပါတယ်.. ဦးဇင်းတို့ ဘုရားဗုဒ္ဓဝင်တွေမှာပါ။ ဒီကိစ္စမျိုးကြည့်မယ်ဆိုရင်တော့ ဒေါ်ကြိုင်ကြိုင်ဟာ ယခုဘဝမှာ မခံစားရရင်တောင် လာမယ့်ဘဝမှာ ဒီကိစ္စကို အပြည့်အဝခံစားရလိမ့်မယ်လို့ ဦးဇင်းအနေနဲ့မြင်တယ်။ နောက်သူတို့က အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့ အတွက်ကြောင့် မိစ္ဆာဒိဋ္ဌိအယူလည်း ဖြစ်နေတယ်လို့ ဦးဇင်းတော့ မြင်တယ်။ နောက်တစ်ခုက ဦးဇင်းတို့ ရဟန်းသံဃာ တွေတောင် ဘုရားဝတ္တက မြေမှာ ဘုရားပေါ်တက်တဲ့ အခါဖိနပ်ချွတ်ပြီး ပူဇော်ကြပါတယ်.။
နောက်ပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်လို့ .. ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်လို့ ပြောနေတဲ့ ဗိုလ်ချုပ်သန်းရွှေက ဘုရားဝတ္တကမြေမှာ ပုဆိုးကြီးမပြီး လမ်းလျှောက်တာ တော်တော်ကို အရုပ်ဆိုး အကျဉ်းတန်ပါတယ်။ ဘယ်လူကြီးလူကောင်းမှ ဒီလိုပုံစံမျိုး မလုပ်ကြပါဘူး။ နောက်တစ်ခုက တကယ့် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားရှင်ပွင့်တော်မူရာ နေရာလေ။ သူတို့ ဘုရားမြေပေါ်မှာ မလုပ်ကောင်းတာတွေ လုပ်နေတယ်လို့ပဲ ဦးဇင်းတော့မြင်တယ်..။ နောက်တစ်ခု ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းက ဦးဇင်းတို့ ရဟန်း၊ သံဃာတွေက မိုးထဲရေထဲမှာ လုံးဝဖိနပ်မစီးပဲနဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ မေတ္တာပို့ ဆုတောင်းပွဲတွေ ပြလုပ်ခဲ့တယ်။ ဒါကို ပြန်ကြည့်ချင်းအားဖြင့် ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားမြေတွေ အထွတ်အမြတ်ထားရာ နေရာတွေမှာ ဘယ်လောက်အထိ အလေးအနက်ထားတယ် ဆိုတာသိမြင်နိုင်ပါတယ်.. ။ အဲ့ဒီတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေပါလို့ ပြောနေသူတွေ ပိုပြီးတော့ အလေးအနက် ထားသင့်တယ်လို့ ဦးဇင်းတော့ ပြောချင်ပါတယ်ဟု အရှင်ထာဝရမှ ပြောဆိုသွားပါတယ်။
မေးမြန်းချက်များ ဖြေကြားပေးတဲ့ အရှင်ထာဝရနဲ့ ဓာတ်ပုံများ ပေးပို့လာတဲ့ KO Y အားကျေးဇူးတင်ပါသည်။
ဘုရားရှင်လက်ထက်က အဇာတသတ်မင်းကြီးဟာ ဖခင်ဗိမ္မိသာရမင်းကြီးကို သတ်မိသည့် အကုသိုလ် ကံကြောင့် မည်သို့ပင် ကောင်းမှုကုသိုလ်များ ပြုလုပ်ပါသော်လည်း ထိုအဖကိုသတ်မိသည့် ကံကြီးထိုက်မှုကြောင့် နောက်ဆုံးမှာ အပယ်သို့ ကျရောက်ခဲ့ရပါတယ်။ ထို့အတူ ထိုသို့ ကံကြီးထိုက်လောက်သော သံဃာသင်းခွဲမှု၊ ရဟန်းသံဃာများအား သတ်မိသည့် ကံကြီးများ ကျူးလွန်မိသူများ အဖို့တော့ မိမိတို့လှူဒါန်းပြုမူတဲ့ ကုသိုလ်ကံတွေက တားဆီးနိုင် မတားဆီးနိုင် ဆိုတာကိုတော့ စဉ်းစားချင့်ချိန်စရာ ဖြစ်ပါပေတော့သည်။
ဒီမိုဝေယံ...
မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်... ပြန်ဖတ်လိုလျှင် http://www.demowaiyan.co.cc/2011/01/blog-post_08.html
မြန်မာနိုင်ငံမှာ အသက် ၁၈နှစ် ပြည့်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း စစ်မှုမထမ်း မနေရ ဆိုတဲ့အမိန့်ကို ဒီဇင်ဘာလ ၁၇ရက် နေ့စွဲနဲ့ စစ်အစိုးရက ထုတ်ပြန်လိုက်
အသက် ၁၈နှစ်နဲ့ ၄၅နှစ်ကြား အရွယ် အမျိုးသားတွေ၊ အသက် ၁၈နှစ်နဲ့ ၃၅နှစ်ကြား အရွယ် အမျိုးးသမီးတွေ အနေနဲ့ ၂နှစ်ကနေ ၃နှစ်ကြာ စစ်မှုထမ်းကြရမှာ ဖြစ်ပြီး ငြင်းဆန်သူတွေအနေနဲ့ ထောင်ဒဏ် ၅နှစ်အထိ ကျခံရနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါပေမဲ့ ဒီပြန်တမ်းကို သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ အသိပေး ဖေါ်ပြတာမျိုးတော့ မရှိသေးပါဘူး။
နိုင်ငံတကာ စံညွှန်း အရတော့ တနိုင်ငံနဲ့ တနိုင်ငံကြား ပေါ်ပေါက်တဲ့ ကိစ္စရပ်တွေမှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တိုင်းသူ ပြည်သား အယောက်တိုင်း စစ်ပညာ တတ်မြောက်ထားရမယ်၊ စစ်မှုထမ်းတဲ့ အတွေ့အကြုံတွေ ရှိထားရမယ်၊ အချိန်မရွေး စစ်တိုက်တတ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့နိုင်ငံတွေမှာ စစ်မှုမထမ်း မနေရ ဆိုတဲ့ အမိန့်ကိုပြဌာန်းလေ့ ရှိကြတယ်လို့ ဥပဒေ ပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်ကတည်းက လူတိုင်း စစ်ပညာ တတ်ထားရမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့ဖူးကြောင်း၊ လူတိုင်း စစ်မှုထမ်းတဲ့ အတွေ့အကြုံရှိထားရင် ပြည်ပ ကျူးကျော်မှုတွေကို ကာကွယ်နိုင်မှာ ဖြစ်တဲ့ အတွက် ဒီပြဌာန်းချက် ကောင်းတယ်လို့ ဆိုနိုင်ကြောင်း၊ ဒါပေမဲ့ တိုင်းရင်းသား အချင်းချင်း တိုက်တဲ့ စစ်ပွဲတွေ၊ နိုင်ငံရေး အယူအဆ မတူသူတွေကို တိုက်ခိုက် ချေမှုန်း အသုံးပြုမယ်ဆိုရင်တော့ ဒီရည်ရွယ်ချက်က မှန်ကန်တယ်လို့ မယူဆနိုင်ကြောင်း အဲဒီ အမိန့် ပြန်တမ်းကို လက်ဝယ် ရထား သူ ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။
သတင်း..ဘီဘီစီ
ရန်ကုန်မြို့ လယ်၂၉လမ်း(အောက်)ရှိ တိုက်တစ်လုံး နံရံပြိုကျ ဖြစ်ပွားမှုကြောင့် အမျိုးသမီးတဦးသေဆုံး
''နေ့လယ် ၁၁ နာရီ ၂၅ မိနစ် ၀န်းကျင်မှာ ဖြစ်ခဲ့တာပါ။ တိုက်အောက် ပလက်ဖောင်းနားမှာ ထိုင်နေတဲ့ အသက် ၅၀ကျော် အမျိုးသမီးတစ်ဦးပေါ်ကို တိုက်နံရံက ပြိုကျခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်''ဟု ၂၉ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
''ဘေးတိုက်က တိုက်အသစ်ဆောက်ဖို့ ဖြိုဖျက်ပြီးပါပြီ။ ဖြိုပြီးသွားတော့ ဒီတိုက်ရဲ့ ရှေ့နံရံတစ်ခုက ဒီအတိုင်း ကျန်ခဲ့တာပါ။ အခု ပြိုတယ်ဆိုတာကလည်း အဲဒီ နံရံတစ်ခုတည်း ပြိုတာ ဖြစ်ပါတယ်'' ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ရှင်းပြပါသည်။
အဆိုပါ တိုက်ဘေးရှိ ၂၉ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် အဆောက်အအုံဟောင်းကို ဖြိုဖျက်ပြီး အဆောက်အအုံသစ် ဆောက်လုပ်ရန် ပြင်ဆင်နေသော မြေကွက်လပ်တစ်ခု ရှိကြောင်းနှင့် တိုက်အမှတ် ၂၄ သည် လူနေထိုင်ဆဲ အဆောက်အအုံ တစ်လုံး ဖြစ်ကြောင်း ကို news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။
09 January 2011
နိုင်ငံရေးအကျဉ်းသူ မသန္တာ ကျန်းမာရေးဆိုးဝါး အင်းစိန်ပြည်သူ့ဆေးရုံကြီး တင်ထားရ
သူ့ ရဲ့ ဝေဒနာဟာ စိုးရိမ်ရတဲ့ အခြေအနေရှိပြီး ခွဲစိတ်ကုသမှုကို ခံယူရနိုင်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မသန္တာဟာ ၂၀၀၇ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံကအပြန် ပုဒ်မ ၁၂၄ က နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့တရားစွဲဆိုခဲ့ပါတယ်။ ပုဒ်မ ၁၂၄ အရ ထောင်ဒဏ် တသက်တကျွန်း၊ မတရားအသင်းနဲ့ ဆက်သွယ်မှုအရ ထောင်ဒဏ် ၃ နှစ်၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထောင် ၅ နှစ်ကျခံနေရသူလည်း ဖြစ်ပါတယ်။
နအဖ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းနေတာမို့ အကျဉ်းသားတွေ ကျန်းမာရေး ဆိုးဝါးနေကြချိန်မှာပဲ အခုလို နိုင်ငံရေးအကျဉ်းသူ မသန္တာကို ထောင်ပြင်ပို့ ဆေးရုံတင်ထားရတာလည်း ဖြစ်ပါတယ်။ အလားတူ နအဖအကျဉ်းထောင်အသီးသီးမှာ ကျန်းမာရေးဆိုးဝါးနေသူ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ ချီ ရှိနေတယ်လို့ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ စာရင်းအရ သိရှိရပါတယ်။
သတင်း..DVB