03 March 2012
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပရိတ်သတ်ဦးရေ စံချိန်တင်များပြား..
ရန်ကုန် ၊ မတ် ၃ (The Voice Weekly)
ပရိတ်သတ် စံချိန်တင်များပြားသောဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ်
(DVB) ရုပ်သံ..

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးခရီး ခရီးများထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့် မန္တလေမြို့သို့ ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲပြုလုပ်မည့် မြို့သစ်(အောင်ပင်လယ်) သို့သွားရောက်ရာတွင် လာရောက်ကြိုဆိုကြသူများ ဦးရေမှာ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် စံချိန်တင်လောက်အောင် အလွန်များပြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို လိုက်ပါသတင်းရယူခဲ့သူ သတင်းမီဒီယာသမားများက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက်ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို့အတွင်းသို့ ၀င်ရောက်ရာလမ်းတစ်လျှောက်ရှိ မန္တလေးမြို့ခံ များသာမက နိုင်ငံခြားသားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များပါ လာရောက်ကြိုဆိုကြပြီး ကားတန်းမှာ တံခွန်တိုင်အ၀ိုင်းမှ သိပ္ပံလမ်းအထိ ကားတန်းမှာ အလွန်ရှည်လျား များပြားနေကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။
ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုသူများ မြင်ကွင်း...
စည်းရုံးခရီးစဉ်တွေထဲမှာတောရာဇ၀င်တ င်လောက်ပြီး

ဓာတ်ပုံ The Voice Weekly
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ နံနက် (၉)နာရီအချိန်ခန့်တွင် ရောက်ရှိလာပြီဖြစ်ပါသည်။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ကြိုဆိုကြသည့် မန္တလေးလူထု... (ဓာတ်ပုံ ELEVEN MEDIA GROUP)
ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင်လာရောက်ကြိုဆိုနေကြသော မန်းပျိုဖြူများ။
(ဓာတ်ပုံ-ဥက္ကာကိုကို)
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ကြိုဆိုကြသည့် တိုင်းရင်းသား ကလေးငယ်လေးများ..
(ဓာတ်ပုံ-ဥက္ကာကိုကို)
ဒီနေ့မှစ၍ မန္တလေးမြို့ကြီး အန္တရာယ်အပေါင်းကင်းရှင်းလို့ ဘေးကင်းရန်ကွာ စည်းကား သာယာလှပါစေ.။ (ဓာတ်ပုံမြင်ကွင်း)

NLD အမှတ်သားပါ အလှဆင်ပစ္စည်းများ အရောင်းဆိုင်
(အောင်ပင်လယ်ကွင်း မြောက်ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတာဗျာ။ အကြိုညကတည်းက အောင်ပင်လယ်ကွင်းမှာ လူတွေများနေပါပြီ)
(အောင်ပင်လယ်ကွင်း မြောက်ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတာဗျာ။ အကြိုညကတည်းက အောင်ပင်လယ်ကွင်းမှာ လူတွေများနေပါပြီ)

အောင်ပင်လယ်ကွင်းအတွင်း Led TV ကြီးတွေ၊ အသံချဲ့စက်တွေ၊ ဆောင်းဘောက်စ်ကြီးတွေ အများကြီး ဆင်ထားပါတယ်။

အရေးပေါ် ဆေးကုခန်း
NLD လူငယ်ဆရာဝန်များအဖွဲ့
မနက်ဖန် အောင်ပင်လယ်ကွင်း အနောက်ဘက်ခြမ်းဘေးမှာ ဆေးခန်း ၂ ခန်းဖွင့်ပါမယ်။
NLD လူငယ်ဆရာဝန်များအဖွဲ့
မနက်ဖန် အောင်ပင်လယ်ကွင်း အနောက်ဘက်ခြမ်းဘေးမှာ ဆေးခန်း ၂ ခန်းဖွင့်ပါမယ်။

ခွပ်ဒေါင်းကြယ်ဖြူအလှပြယာဉ်
အောင်ပင်လယ်ကွင်း အနောက်- မြောက်ဘက်ထောင့်မှာ တွေ့ရတဲ့ NLD တံဆိပ်အလှဆင်အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခုပါ။
အဲဒီကောင်မလေးဆောင်းထားတဲ့ ဦးထုပ် ၁ လုံးကို ၂ ထောင်ကျပ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်ပုံပါ အင်္ကျီတွေဆို ဒီဆိုင်မှာ ကုန်အောင်ရောင်းလိုက်ရလို့ နောက်ဝယ်ချင်တဲ့သူတွေတောင် အခက်တွေ့ ရသတဲ့။
အဲဒီကောင်မလေးဆောင်းထားတဲ့ ဦးထုပ် ၁ လုံးကို ၂ ထောင်ကျပ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်ပုံပါ အင်္ကျီတွေဆို ဒီဆိုင်မှာ ကုန်အောင်ရောင်းလိုက်ရလို့ နောက်ဝယ်ချင်တဲ့သူတွေတောင် အခက်တွေ့ ရသတဲ့။
ပြည်တန်တဲ့ ပတ္တမြားဆိုတာ
နတ်မောက်သား ကိုအောင်ဆန်းပါ။
ဒါကိုပျောက်ရှအောင်လုပ်ခဲ့တာ
သောကဇာတ်ဝင်ခန်းရဲ့ အစပေါ့ ။
နတ်မောက်သား ကိုအောင်ဆန်းပါ။
ဒါကိုပျောက်ရှအောင်လုပ်ခဲ့တာ
သောကဇာတ်ဝင်ခန်းရဲ့ အစပေါ့ ။

အကြိုညမှာတောင် အောင်ပင်လယ်ကွင်းမှာ လူတွေများရင်
၃.၃.၂၀၁၂ အောင်ပင်လယ်မှာ လူပင်လယ်ဖြစ်တော့မှာပဲ
၃.၃.၂၀၁၂ အောင်ပင်လယ်မှာ လူပင်လယ်ဖြစ်တော့မှာပဲ

ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် မဏ္ဍပ်စင်
(အောင်ပင်လယ်ကွင်း တောင်ဘက်ခြမ်း)
(အောင်ပင်လယ်ကွင်း တောင်ဘက်ခြမ်း)
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီစဉ် အကြိုည (၂.၃.၁၂) ဓာတ်ပုံများ ပြန်လည်မျှဝေပေးသော ကိုညိုကြီး ကျေးဇူးတင်ရှိပါသည်.။
02 March 2012
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟဲဟိုး၊ အောင်ပန်း၊ ကလောစည်းရုံးရေးခရီးစဉ် (သတင်း၊ ဓာတ်ပုံ)
ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာစဉ်..
ဟဲဟိုးလေဆိပ်မှ ကြိုဆိုသူများ..
တောင်ကြီးမြို့မှာ ရောက်ရှိနေတဲ့ မင်းသားရဲတိုက်မှ လာရောက်ကြိုဆိုစဉ်..ဟဲဟိုးမြို့ ထရပ်ကားပေါ်မှ ဟဲဟိုးမြို့သူ မြို့သားများအား မိန့်ခွန်းပြောကြားစဉ်..
အမေစုရဲ့ စည်းရုံးရေးခရီးစဉ်မှာ ဟဲဟိုးမှ အောင်ပန်း ကလောအထိ အတူလိုက်ပါခဲ့ မင်းသားရဲတိုက်...
ကလောမြို့က ပြည်သူလူထု
အောင်ပန်းမြို့ လူထုဟောပြောပွဲ..
ကလောမြို့လူထုမှ ကြိုဆိုနေကြစဉ်..
ရန်ကုန်သို့ ပြန်လည်ထွက်ခွာစဉ်....
ဓာတ်ပုံများ.. ဒီမိုကောင်းကင်၊ ဒီမိုဝေယံ၊ နန်းကြည်သိန်း..
ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ခရီးစဉ်
မတ်လ ၃ရက်နေ့ နံနက် ၉နာရီ မန္တလေးမြို့ တွင် အောင်ပင်လယ်ကွင်း ၌ လူထုဟောပြောပွဲ ပြုလုပ်ပြီး မန္တလေးမြို့ ရှိ ဘုန်းတော်ကြီးများကို သွားရောက်ဖူးမြော်မည်ဖြစ်သည်။မတ်လ၄ရက်နေ့ နံနက်တွင် စစ်ကိုင်းမြို့သို့သွားရောက်မည်ဖြစ်သည်။မတ်လ၅ရက်နေ့ တွင် တံတာဦး၊နွားထိုးကြီး၊မိတ္တီလာ မြို့များတွင် လူထုဟောပြောပွဲပြုလုပ်မည်။မတ်လ၆ရက်နေ့တွင် နေပြည်တော် ခရီးစဉ် စတင်မည်ဖြစ်သည် ဟု မဟာအောင်မြေမြို့နယ် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က YPI သို့ပြောပါသည်။
“အောင်ပင်လယ်ကွင်းကကျယ်လွန်းတော့ လူတစ်ယောက်နဲ့တစ်ယောက်တောင်မမြင်ရဘူး။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောတာကို လူတွေအားလုံးကြည်ကြည် လင်လင်ပြတ်ပြတ် သားသားမြင်ရကြားရအောင်လို့ မန္တလေးမြို့က မြို့မိမြို့ဖများနဲ့ အလှုရှင်တွေရဲ့ အကူအညီနဲ့အောင်ပင်လယ် လယ်ကွင်းကြီးထဲမှာ ခေတ်မှီ LED Screen တွေဆင်ပြီးပြင်ဆင်ထားပါတယ်”။ ( မဟာအောင်မြေမြို့နယ် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် )
ဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ်တွင် သတင်းလိုက်ပါရယူမည့် သတင်းထောက်များ အနေဖြင့် PRESS CARD များကို ၂၉လမ်း ၇၂လမ်းထောင့်ရှိ မော်ဒန်ဂျာနယ်တိုက်ရုံးခွဲ တွင် ယနေ့ ညနေ ၅နာရီ အထိ လာရောက်ထုတ်ယူနိုင်ပါကြောင်း ဆရာရွှေနောင်ရိုးထံမှ သိရှိရပါသည်။
သတင်း...... Yangon Press International

01 March 2012
Subscribe to:
Posts (Atom)