01 February 2014

Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွား

Unity journal တွင်ဖေါ်ပြ ခဲ့သောလျှိုဝှတ် ဓါတုလက်နက်စက်ရုံသတင်းဆောင်းပါးနှင့်စပ်လျှင်း၍ အရေးယူဆောင်ရွက်မှု ဟုယူဆရသော စစ်ဆေးမှုများကို အာဏာပိုင်များ ကဆောင်ရွက်လျှက်ရှိပြီးယနေ့ ည တွင် ပေါက်မြို့ နေ Unity journal သတင်းထောက် ကိုလူမော်နိုင် အား သက်ဆိုင်ရာ လာရောက် ခေါ်ဆောင် သွားကြောင်းနှင့် ၊ အခြား ရန်ကုန်နေ သတင်းထောက် ၃ ဦး ၏နေအိမ်များသို့ ယနေ့ ညတွင် ဝင်ရောက်စစ်ဆေးမှု များရှိကြောင်း ၄င်း Unity Journal အယ်ဒီတာ ဖြစ်သူ ကိုတင်ဆန်း မှပြောကြားပါသည်။


 နောက်ဆက်တွဲ သတင်း
 
 Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွားပြီဟု သိရှိရသည်။

သတင်း...Thiha Thwe

30 January 2014

အာဏာရှင်တွေလည်း တယ်ကြောက်စရာကောင်းသကိုး ကြိမ်းလိုက်ဝါးလိုက်တာ အရမ်းပဲရှင်..



ဘုန်းကြီးဆိုတာ ရန်ဖြစ်ရတဲ့ အမျိုးမဟုတ်ဘူး၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အကာအကွယ် ပေးရမယ်၊


မင်းတို့ မကြာမီ ရွေးကောက်ပွဲတွေ ဘာတွေ လုပ်လိမ့်မယ်၊
အဲဒီတော့ ရွေးကောက်ပွဲလုပ်တာ သူတို့ဟာ သူတို့ လုပ်တာ၊ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး၊

ဘယ်ပါတီ မဲထည့်ပါ၊ ဟိုပါတီ မဲထည့်ပါ၊ အဲသလို စသည်ဖြင့် ဘယ်တော့မှ မပြောနဲ့၊ နိုင်ငံရေး မလုပ်ရဘူးလို့ မဆိုဘူး၊

နိုင်ငံရေးက လုပ်ကို လုပ်ရမယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာ တစ်ဖက်သတ် လုပ်လို့မရဘူး၊ ဒါကြောင့်မို့လို့ တစ်ဖက်သတ်အနေနဲ့ ဘယ်ပါတီ မဲထည့်ပါ စသည်ဖြင့် မင်းတို့ တောရွာတွေမှာလည်း ဘယ်တော့မှ မပြောနဲ့။

ပြီးတော့ များသောအားဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတို့ ဘာတို့မှာ ဒို့ဗမာပြည်က ရန်ဖြစ်တတ်တယ်၊ လူသတ်မှုတွေ ဘာတွေ ဖြစ်တတ်တယ်၊ မင်းတို့ အရင်လဲ ပြောပြီးပြီ၊

မင်းလှ လေးလောင်းပြိုင်တူ၊ အဲဒါတွေ ရှိတယ်၊ ဒီတော့ ဒါမျိုးတွေ မဖြစ်အောင် ကိုယ့်ရွာကို တားပါ။ ကိုယ့်ရွာက ဒကာဒကာမတွေကို ရန်မဖြစ်ကြနဲ့၊ မဲရွေးပွဲနဲ့ ပတ်သတ်ပြီး ရန်မဖြစ်နဲ့၊ ညီညီညွတ်ညွတ် ကိုယ်ကြိုက်တဲ့ ပါတီ ကိုယ့်ဟာကို မဲပေးကြ စသည်ဖြင့် အဲသလို အသိညာဏ်ပေးပါ။ ရန်ဖြစ်တဲ့အထဲ ကိုယ်မပါပါနဲ့။

ဘုန်းကြီးဆိုတာ ရန်ဖြစ်ရတဲ့ အမျိုးမဟုတ်ဘူး၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အကာအကွယ် ပေးရမယ်၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ငြိမ်းချမ်းသွားအောင် လုပ်ရတဲ့ လူတန်းစားထဲ ရောက်သွားပြီ၊ အဲဒါ ကိုယ့်အဆင့်အတန်းကို အမြဲတမ်း မှတ်ထား။

ဒို့က ကိုယ်တိုင် ရန်ပွဲထဲ ပါဘို့ မဟုတ်ဘူး၊ ရန်ပွဲတွေကို ငြိမ်းအောင် လုပ်ပေးရမယ့် တာဝန်သာ ရှိတယ်၊ အဲဒီ ကိုယ့်တာဝန်ကိုလည်းပဲ အမြဲတမ်း မှတ်ပြီးတော့ထားပါ။

---------------------------------------------
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်ဘုရားကြီး
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓ)
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
 

28 January 2014

“ သပိတ် အကြောင်း... ”


“ သပိတ် အကြောင်း... ”
•••••••••••••••••••••
အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ် ကို အမဲရောင်အဖြစ် ဘယ်သူ သတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော် သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာမြသပိတ် လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။

(မောင်ပြည့်စုံအောင်)

အဖြေ။ ။ သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ဘုရားအလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာလှူဒါန်းပါတယ်။ ဒီပရိက္ခရာထဲမှာ သပိတ်လည်း ပါပါတယ်။
ဗြဟ္မာလှူတဲ့သပိတ်ဟာ ဘာနဲ့လုပ်ထားတယ်ဆိုတာ တိတိကျကျ မဖေါ်ပေမဲ့ သုဇာတာ သဌေး သမီး နို့ဃနာဆွမ်းလှူဒါန်းတဲ့ကာလမှာ (ဃဋိကာရမဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပတ္တော)
ဗြဟ္မာကြီးလှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ်(မြေသပိတ်)လို့ ဆိုပါတယ်။
ဘုရားလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့် ကျင့်နေတဲ့ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာသူဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းဖို့ လာတဲ့ အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက်သွားခဲ့တယ်။ ဘုရားလောင်းတော်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။

အဲဒီကနေ သတ္တာသတ္တဟစံတော်မူကာ နောက်ဆုံး  ရာဇာယတနသတ္တာဟ စံနေတော်မူတဲ့အချိန်မှာ
နတ်မင်းကြီးလေးပါးက (ဣန္ဒနီလမဏိမယေ ပတ္တေ)မြဖြင့်ပြီးတဲ့ သိပတ်(မြသပိတ်)ကို ကပ်လှူကြပါတယ်။
ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တစ်ဖန် ပဲနောက်အဆင်းရှိတဲ့ ကျောက်နဲ့လုပ်ထားတဲ့
သပိတ်လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော်မူပါတယ်။
ဘုရားရှင်က ထိုပဲနောက်အဆင်းရှိတဲ့ သပိတ်လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ်လေးလုံးကနေ အနားရစ်လေးရစ်ပါတဲ့သပိတ်တစ်လုံးတည်း မြင်တွေ့ရပါတယ်။
ဒါကြောင့် ဘုရားရဲ့သပိတ်တော်အရောင်ဟာ ပဲနောက်အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။

တစ်ဖန် ပါတိမောက်ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီးမြေသပိတ် သံပိတ် နှစ်မျိုးသာ အပ်ပါတယ်လို့ဆိုပါတယ်။ ဒီနှစ်မျိုးမှာ မြေသပိတ်ကို (၂)ကြိမ်မီးဖုတ်ပြီး သံသပိတ် ကို (၅)ကြိမ် မီးဖုတ်ရမယ်လို့ အဋ္ဌကထာက ဆိုထားပါတယ်။

ဒီလို မီးဖုတ်ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းရှိစေလိုရင်းဖြစ်တယ်။
သပိတ်အမဲရောင်ဖြစ်အောင် ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ (သမဏသာရုပ္ပေန- ရဟန်းတို့ အား လျောက်ပတ်သော အားဖြင့်၊ ပက္ကံ-ကျက်ပြီးသော)ဟုဆိုထားတဲ့အတွက် သမဏ သာရုပ္ပဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ ဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူတာက မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊  ကဆုန်လပြည့်နေ့ဖြစ်ပြီး၊ သတ္တာသတ္တာဟ (၄၉)ရက်အကြာ ၀ါဆိုလဆန်း(၄)ရက်နေ့ခန့်မှာ နတ်မင်းကြီးလေးဦး၏ ပဲနောက် အဆင်းရှိ သပိတ်ကို အလှူခံယူတော်မူတဲ့အတွက် သပိတ်သတ်မှာရာကာလကို မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါတယ်။
မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာကိုပြောရမယ်ဆိုရင် ဘုရားဖြစ်တော်မူပြီး (၄၉)ရက်ခန့်အကြာမှာ နတ်မင်းကြီးလေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ်လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရားရုပ်ပွားတော်မြတ်အား မြသပိတ်လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ခေါ်ကြတဲ့ ဖန်သပိတ်တွေပါ။
အဲဒီသပိတ်တွေလည်း ဘုရားအား လှူဒါန်းဖို့ရာ မသင့်တော်ဘူးလို့ ထင်ပါတယ်။

- [ ဦးကောဝိဒ(မြိတ်)]

27 January 2014

မြန်မာနိုင်ငံ က ဆေးတက္ကသိုလ် မှာ တက်ရောက်နေတဲ့ ဆေးကျောင်းသူကို မုဒိမ်းကျင့်ခံရတဲ့အမှု့ တရားခံ အစစ်အမှန် အမြန် ပေါ်ပေါက်ပါစေ







 
"မြန်မာ့တရားရေးကို စိန်ခေါ်လာတဲ့ နော်မေသူသူဇော် သေဆုံးမှု" 2013 ဧပြီလ လောက်က ဆေးဖက်ကျောင်းသူလေး တစ်ယောက်ဟာ ဘုရင့်နောင်တံတားပေါ်က ခုန်ချပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲ့ဒီကျောင်းသူလေးနာမည်က နော်မေသူသူဇော်ဖြစ်ပြီး အသက် ၁၉ နှစ်သာ ရှိပါသေးတယ်။ နော်မေသူသူဇော် ရဲ့ ရည်းစားဖြစ်သူက ရဲမင်းဦးလို့ ခေါ်တဲ့ ဆေးကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ကောင်မလေးသေတဲ့နေ့က သူဟာ သူ့ချစ်သူ ရဲမင်းဦးနဲ့ လျှောက်လည်ရာက ပြန်လာပြီး စော်ဘွားကြီးကုန်းကနေ မှော်ဘီကို ည ၇ နာရီ ၄၅ မိနစ်မှာ ပြန်သွားတယ်လို့ ရဲမင်းဦး က စစ်ချက်ပေးပါတယ်။ မေသူဇော်ရဲ့ လွယ်အိတ်ကို ဘုရင့်နောင် တံတားပေါ်မှာ လေညှင်းခံ ထွက်လာတဲ့ ရွာမရပ်ကွက်က မိန်းခလေးသုံးယောက်မှ ည ၈ နာရီအချိန်မှာ တွေ့ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဇော်ဘွားကြီးကုန်းကနေ မှော်ဘီကို သူ့ရည်းစားရှေ့မှာ ပြန်သွားတဲ့ မိန်းခလေးဟာ ဘုရင့်နောင်တံတားပေါ်မှာ ည ၈ နာရီမှာ ဘယ်လို ကိုယ့်ဟာကိုယ် သတ်သေမလဲ ??? ဇော်ဘွားကြီးကုန်းနဲ့ ဘုရင့်နောင်ဆိုတာ ဆန့်ကျင့်ဘက်ပါ။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ မိန်းခလေးဟာ ဇော်ဘွားကြီးကုန်းကလာပြီး ခရေပင်လမ်းခွဲမှာ ဆင်း၊ တက္ကစီဌားပြီး ဘုရင့်နောင်တံတားကိုလာပြီးမှ လွယ်အိတ်ကို တံတားမှာ ချပြီး မြစ်ထဲကို ခုန်ဆင်းသတ်သေတယ်လို့ ယူဆပါသတဲ့။ စော်ဘွားကြီးကုန်းကနေ ခရေပင်လမ်းခွဲကို ဟိုင်းလတ်စီးရင် အနည်းဆုံး ငါးမိနစ်နဲ့ ဆယ်မိနစ်ကြာပါတယ်။ ခရေပင်လမ်းခွဲက ဘုရင်နောင်တံတား - ပေါက်တောဝကို တက္ကစီ ဌားရင်လည်း အနည်းဆုံး ၁၅ မိနစ်က နာရီဝက်လောက်ကြာနိုင်ပါတယ်။ အင်းစိန်ပန်းခြံကစပြီး ဂုံးတံတား၊ အင်းစိန်ဈေး၊ ပေါက်တောဝ မီးပွိုင့်အထိ လမ်းတောက်လျှောက် ပွင့်နေတာတောင် ငါးမိနစ်က ဆယ်မိနစ်လောက်ထိကြာပါတယ်။ ဒီလိုဆိုရင် ည ၇ နာရီ ၄၅ မှာ ရည်းစားနဲ့ လမ်းခွဲလာတဲ့ မိန်းခလေး ည ၈ နာရီမှာ ကိုယ့်ကိုကိုယ် ဘုရင့်နောင်တံတားမှာ သတ်သေတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းချက်ကို လက်ခံနိုင်ဖွယ်ရှိပါသလား ??? အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့ အလောင်းပေါ်လာတယ်။ ရဲက နှစ်ရက်ထားပြီးတော့ ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်တယ်လို့ဆိုပါတယ်။ ဆေးရုံက သုံးရက်ထားမယ့်ဟာကို ရဲက အမိန့်စာထုတ်ပြီး သဂြိုလ်ပါသတဲ့။ ပြီးတော့မှ ရဲမင်းဦးအိမ်က အရင်သိပြီး ကောင်မလေးအိမ်ကို အကြောင်းကြားတယ်လို့ ဆိုပါတယ်။ ကောင်မလေး တံတားမှာ ချန်ခဲ့တဲ့ အိတ်နဲ့ဖိနပ်။ အိတ်မှာ ကောင်မလေးရဲ့ ကျောင်းသားကတ်ဒ် ရှိပါတယ်။ ကျောင်းသားကတ်ဒ်ထဲမှာ နေရပ်လိပ်စာလည်း ပါတယ်။ ဒါပေမယ့် ကောင်မလေးကို ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်ပါတယ်။ ဆေးစာကို ရေးတာက အင်းစိန်က မူ့ခင်းဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းဖြစ်ပါတယ်။ ဆေးစာမှာတော့ ကောင်မလေးမှာ ပြင်ပဒဏ်ရာ မတွေ့ရပဲ အဆုတ်ထဲရေ၀င်ပြီး သေဆုံးတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကောင်မလေးဟာ အပျိုစစ်စစ်လို့ ဆိုပါတယ်။ ကောင်မလေးရဲ့ အပျိုမှေးတောင် မပျက်စီးတဲ့ သဘောပေါ့။ ဒါပေမယ့် ရဲတပ်ဖွဲ့ကပေးတဲ့ ပုံ မဟုတ်ပဲ မိသားစုက စုံစမ်းပြီးရထားတဲ့ အလောင်းဘေးတိုက်ပုံ ကောင်မလေးရဲ့ နောက်ကျောမှာ သွေးစွန်းနေတယ်လို့ ယူဆနိုင်တဲ့ အနီကွက်ကို တွေ့ရသလို၊ ရဲ ကပေးတဲ့ ပုံမှာလည်း လက်ဝဲဘက် လက်ကျိုးနေတယ်လို့ ယူဆနိုင်ပါတယ်။ မူ့ခင်းဆရာဝန်ကြီးက အပျိုစစ်စစ်လို့ ထွက်ချက်ပေးပေမယ့် သေဆုံးသူရဲ့ ဖုန်းထဲမှာ သူ့ရည်းစား ရဲမင်းဦးနဲ့ ပို့ထားတဲ့ မက်ဆေခ်ျ့တွေမှာတော့ ကောင်မလေးဟာ သူ့ရည်းစားနဲ့ လွန်ကျုးထားတယ်လို့ တွေ့ရှိရပြီး ကောင်မလေးဟာ တားဆေးစားနေရပါသတဲ့။ တားဆေးစားနေရတဲ့ မိန်းခလေးဟာ အပျိုစစ်စစ်ဖြစ်ပါ့မလား ??? အမှုရှုပ်ထွေးလာပါပြီ။ ဒါဆိုဘာလို့ ရဲတပ်ဖွဲ့နဲ့ မှုခင်းဆရာဝန်ကြီး၊ တရားသူကြီးတွေက ဒီလိုသံသယ၀င်စရာတွေကို သတိမပြုခဲ့ပါသလဲ ??? ဆေးကျောင်းသား ရဲမင်းဦးရဲ့ ဖခင်ဟာ GE(အင်ဂျင်နီယာ) တပ်က အရာခံဗိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။ GE တပ်က ဆာဂျင်တွေ အင်ဂျင်နီယာတွေ ဘယ်လောက် ပိုက်ဆံရတယ်၊ ချမ်းသာတယ်ဆိုတာ နီးစပ်သူတွေ သိကြမှာပါ။ ဒါတင်မကပဲ ရဲမင်းဦးနဲ့ သေဆုံးသူကောင်မလေးတို့ဟာ အဲ့ဒီနေ့က ရွှေတိဂုံဘုရားနဲ့ Junction Square တို့ကို လည်ပတ်ခဲ့ကြပါသတဲ့။ တိတိကျကျဆို ရဲမင်းဦ သူ့ အစ်ကိုတစ်ဦးနှင့် သေဆုံးသူကောင်မလေးတို့ဖြစ်ပါတယ်။ ဒါပေမယ့် ရဲမင်းဦးရဲ့ သူငယ်ချင်းတွေဟာ အဲ့နေ့က သေဆုံးသူကောင်မလေး ၀တ်တဲ့ ဂါဝန်နဲ့ အရောင်ကိုပါ သိကြပါသတဲ့။ ဒီအကြောင်းကို သေဆုံးသူကောင်မလေးအိမ်က ရဲမင်းဦးနဲ့ သူ့အပေါင်းအသင်းများက ကောင်မလေးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ကာ ကိုယ့်ကိုကိုယ် သတ်သေသလို ဇတ်လမ်းဆင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ဆုံး သံသယဖြစ်စရာ အကောင်းဆုံးကတော့ ကောင်မလေး အလောင်းပေါ်တဲ့ လှိုင်မြစ်ကမ်းနဲ့ နှစ်လမ်းအကွာမှာ ရှိတာကတော့ လူသတ်သမားလို့ စွပ်စွဲခံရတဲ့ ကောင်မလေးရဲ့ချစ်သူ ရဲမင်းဦး ရဲ့ အိမ်ပဲ ဖြစ်ပါတော့တယ်။ ဒီလို သံသယတွေ၊ ထောက်ပြစရာတွေ လျို့ဝှက်ချက်နေတဲ့ ပြည့်လျှမ်းနေတဲ့ အမှုကို လူသေမှုဆိုပြီး အမှုပိတ်လိုက်တာဟာ ရဲတပ်ဖွဲရဲ့ စွမ်းရည်ကို ဝေဖန်စရာဖြစ်နေပြီး၊ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘုတ်နဲ့ ၀က်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာကြပါတယ်။ လူအများစုကတော့ မြန်မာ့တရားစီရင်ရေးကို ကိုင်လှုပ်လာမလား ဆိုတာ စောင့်ကြည့်နေကြရင်း။ တရားဥပဒေ စိုးမိုးနိုင်ပါစေ။ 

မာဃ Credit to: Aye Chan Mon

26 January 2014

ကျေနပ်ပါတော့အမေ


၂၄.၁.၂ဝ၁၄ ရက်နေ့ ည (၉းဝဝ) နာရီအချိန်ခန့်က ကျွန်တော့်ထံသို့ အမေဒေါ်ခင်ယုမေ ဆုံးသွား ပြီ ဟူ၍ အမေ့အိမ်မှ အကြောင်းကြားခဲ့သည်။ အမေက သူဆုံး-ဆုံးခြင်း ချက်ခြင်းသင်္ဂြိုဟ်ပေးရန်နှင့် မောင် ကျော်သူတို့အား ချက်ခြင်းအကြောင်းကြားရန် မှာကြားခဲ့သည့်အတွက် ကျွန်တော့်ထံသို့ အမေ့၏ ဆွေမျိုး တစ်ဦးမှ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၅.၁.၂ဝ၁၄ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အမေဒေါ်ခင်ယုမေ၏ ကျန်ရစ်သောရုပ်ခန္ဓာအား လာရောက်သယ်ဆောင်မည့် အစီအစဉ်အား ချက်ခြင်းဆွဲ ခဲ့သည်။ သို့သော် နံနက်အချိန်တွင် သံဃာတော်များအား ဆွမ်းကပ်တရားနာပြီးမှ သယ်ဆောင်လိုကြောင်း အကြောင်းကြားခဲ့သည့်အတွက် နံနက် (၁၁း၃ဝ) နာရီအချိန်တွင် အမေ၏ နေအိမ်ရှိရာ အမှတ် (၂၉)၊ သီရိ မင်္ဂလာရိပ်သာ၊ ကမ္ဘာအေးဘုရားလမ်းသို့ သွားရောက်ကာ အမေဒေါ်ခင်ယုမေ၏ ရုပ်ခန္ဓာအား မှန်ခေါင်းထဲ သို့ ထည့်သွင်းပြင်ဆင်ပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ သည်။ အမေဒေါ်ခင်ယုမေအားရည်စူး၍ ကျန်ရစ်သူမိသားစုတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူ ငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းခဲ့သည်။ အမေဖြစ်စေချင်သော ချက်ခြင်းသင်္ဂြိုဟ်ပေးခြင်း အမေ့ဆန္ဒ ပြည့်ဝခဲ့ပြီ ဖြစ်ပါသည်။ သို့သော် ကျွန်တော်ပြန်လည်၍ တွေးမိကာ လူတွေဟာ သေခြင်းတရားကို မေ့ပျောက်နေကြသ လား။ သေခြင်းတရားကို အမေ့ခံနေကြတာလား။ သေခြင်းတရားကို မသိကျိုးနွံ ပြုလုပ်နေကြတာလား … ဟူ၍ဖြစ်သည်။ အဘယ့်ကြောင့်ဆို အမေဒေါ်ခင်ယုမေသည် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် မော်ဒယ်(လ်)လောက၏ ဘုရင်မတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် ဂီတလောကတွင်လည်း အောင်မြင်ကျော်ကြား ခဲ့သော အဆိုတော်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ရုပ်ရှင်လောကတွင်လည်း အကယ်ဒမီနှစ်ထပ်ကွမ်း ရုပ်ရှင် မင်းသမီးကြီးတစ်ဦး ဖြစ်ခဲ့သည်။ အဘယ့်ကြောင့် ထိုကဲ့သို့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် အနုပညာရှင်တစ်ဦး၏ နောက်ဆုံးခရီးသည် ငြိမ်သက်ခြောက်သွေ့စွာဖြင့် ပြီးဆုံးသွားရသနည်း။ တကယ်ဆို ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင်၊ မော်ဒယ်(လ်) လောကမှ ပညာရှင်များ လက်တွဲညီညီ စည်စည်ကားကား ကျင်းပ သင့်သော ဂုဏ်ယူသင့်သည့် မှတ်ကျောက်တင်ရမည့် ဈာပနအခမ်းအနားတစ်ခု ဖြစ်သင့်တော့သည်။ “မည်သည့်အချိန် … မည်သည့်နေရာ … မည်သည့်ပုံစံဖြင့် သေဆုံးကြရမည်ကို သင်တို့အားလုံး မသိနိုင်။ ဒါကြောင့် အချိန်တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်းတွင် မရဏာနုဿတိ ပွားများနေထိုင်ကြဖို့ အရေးကြီးလှသည်။”'