24 December 2011

မြန်မာ နိုင်ငံတွင် ပုဂ္ဂလိက တက္ကသိုလ် ပထမဆုံး ဖွင့်လှစ်သွားမည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ်ဖြစ်တဲ့ ဗစ်တိုးရီးယား ယူနီဗာစတီ ကောလိပ် ကို လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်း လင်းပွဲမှ သိရပါသည်။

အဆိုပါ ကောလိပ်မှာ ဗြိတိန် နိုင်ငံရဲ့ ၉ တန်း ၁၀ တန်းအဆင့် Sixth Form ကို ပြည်တွင်းမှာ IGCSE ဖြေဆိုဖို့ မလိုဘဲ တက်ရောက်နို င်မှာ ဖြစ်ပါသည်။ အဆိုပါ အတန်းရဲ့ ပထမနှစ် သင်တန်းကို အခြေခံပညာ အလယ်တန်း အဋ္ဌမတန်း အောင်မြင်ပြီးသူ ဒါမှမဟုတ် Secondary Level II ကို အောင်မြင်ပြီး သူတိုင်း တက်ရောက် နိုင်တယ်လို့ သိရပါသည်။ ဒ့ါအပြင် Sixth Form ရဲ့ ဒုတိယနှစ် သင်တန်းကိုတော့ န၀မတန်း အောင်မြင်ပြီးသူ ဒါမှမဟုတ် Secondary Level II အောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်တာ ဖြစ်ပါသည်။

ဒ့ါအပြင် ပထမအဆင့် ဒီဂရီဒီပလိုမာဖြစ်တဲ့ Higher National Diploma အတွက်ကိုတော့ ၁၀ တန်း အောင်မြင်ပြီးသူတိုင်း တက်ရောက် သင်ကြားလို့ ရမှာဖြစ်တယ်လို့ သိရပါသည်။ အဆိုပါ ကောလိပ်မှာ သင်ကြားမှု ဆရာ ၊ ဆရာမတွေ အနေနဲ့ အင်္ဂလန် ၊ အမေရိကန် ၊ အိန္ဒိယ အစရှိတဲ့ ပြည်ပ နိုင်ငံများမှ ပညာရှင်များနဲ့ ပြည်တွင်းရှိ HND ဘွဲ့ ရရှိထားတဲ့ ဆရာ ၊ ဆရာမ များက သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါသည်။

သတင်းရင်းမြစ်...MRTV-4

တိုင်းရင်းသားများပညာရေးရန်ပုံငွေပွဲတော် ခွင့်ပြုမိန့်ရပြီ

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေ ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်၏ ၂၃ .၁၂.၂၀၁၁ နေ့ တော်ဝင်နှင်းဆီခြံတွင့်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ မှ ကျင်းပရန် ပွဲခွင့်ပြုမိန့်ရရှိပြီဖြစ်ကြောင်း တရားဝင်ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးဆောင်ရွက်သော ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်အား ဒီဇင်ဘာလ ၃၀ ရက်တွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ၌ကျင်းပရန် ပွဲခွင့်ပြုမိန့်ရရှိပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေဈေးရောင်းပွဲတော်အား နံနက် ၉နာရီတွင် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ဂီတပွဲတော်အား ညနေ ၃ နာရီမှ ည ၁၁ နာရီခွဲခန့်ထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

23 December 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ်


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံစဉ်။



ဦးတင်ဦးအတွက်အမှတ်တရလက်ဆောင်အားဒေါ်အောင်ဆန်းစုကြည်မှတဆင့်သူရဦးရွှေမန်းမှပေးအပ်စဉ်။

ဓာတ်ပုံ....Messenger News Journal

ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး တို့ ယနေ့နံနက် တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်တွေ့ ဆုံ။









ဓာတ်ပုံ.....Messenger News Journal

ယနေ့ နေပြည်တော်ရောက်ရှိ ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်



ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်သွားကြတဲ့သူတွေ ဟာ အခု ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားလာရင် စိစစ်ပြီးမှ လက်ခံမယ်လို့ NLD ပါတီက ပြောပါတယ်။ NLD ပါတီဝင်ဟောင်းတွေဟာ ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့ခြင်းရှိမရှိ ဆိုတာကို စိစစ်လက်ခံသွားဖို့အတွက် NLD ဗဟိုအလုပ်အမှုဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။ ဒီသတင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့် NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက် ကျပြီဆိုရင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာတွေ အတွက် NLD ဗဟိုအလုပ်အမှုဆောင်တွေ ဒီကနေ့ ဆွေးနွေးကြတဲ့အထဲ အဖွဲ့ဝင် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းကာ ပါတီဝင်လက်ခံရေးကိစ္စ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NLD ပါတီအတွက် အဖွဲ့ဝင်သစ်တွေရော အဖွဲ့ဝင်ဟောင်းတွေပါ ပါတီဝင်အဖြစ် အားလုံးပြန်လည် လျှောက်ကြရမှာပါ၊ အထူးသဖြင့်တော့ ပါတီဝင်ဟောင်းတွေဟာ NLD ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့တာ ရှိမရှိဆိုတာကို စိစစ်နိုင်ဖို့ ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ပါတီစည်းကမ်းဆိုတာ နဂိုရ်ထဲကရှိတယ်။ အဖွဲ့ဝင်တွေလိုက်နာရမယ့်စည်းကမ်းနဲ့ ညိစွန်းခြင်းရှိမရှိကိုစိစစ်မယ်။ အဖွဲ့ဝင် မဟုတ်ခဲ့တဲ့ သူတွေကိုတော့ စိစစ်စရာမလိုဘူးပေါ့ဗျာ။ အဖွဲ့ဝင်ဟုတ်ခဲ့တယ်၊ ပါတီနဲ့ကင်းကွာမယ်၊ ပါတီကနေ နုတ်ထွက်မယ်၊ ပါတီက ဘာမှ မပြောမဆိုကင်းကွာမယ်၊ အမျိုးမျိုးပေါ့။ အဲဒီလူတွေနဲ့ပတ်သက်ရင်တော့ စည်းကမ်းထိန်းသိမ်းရေးနဲ့ အကျုံးဝင်တာရှိသလား၊ အဲဒါစိစစ်ဖို့ပေါ့။ ပါတီဝင်မဖြစ်ခဲ့ဘူး၊ NLD အဟောင်းမဟုတ်ဘူးဆိုရင် ဘာမှ သိပ်ထွေထွေထူးထူး ပြဿနာမရှိဘူးပေါ့ဗျာ။ ပါတီဝင်ဖြစ်ခဲ့ရင်တော့ သူတို့နဲ့ပတ်သက်လို့ စိစစ်ဖို့လိုမှာပေါ့။ အဲဒါပါ”

NLD ပါတီဝင်အဖြစ် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးလျှောက်ထားနိုင်တယ်လို့လည်း NLD က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအတွက် NLD ပါတီဟာ မှတ်ပုံမတင်ဘူးလို့ ငြင်းဆိုထားချိန်က NLD ပါတီကနေ နုတ်ထွက်ကာ ရွေးကောက်ပွဲတွင်း တခြားနိုင်ငံရေးပါတီတွေကနေ ၀င်ရောက်ယှဉ်ပြိုင်ကာ လက်ရှိမှာလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေကြသူ တချို့NLD ပါတီထဲ ပြန်ဝင်မယ်လို့ ပြောဆိုတာတွေရှိသလို လက်ရှိပါတီတွေကနေ နုတ်ထွက်ကာNLD ပါတီဝင်ပြန်လျှောက်မယ်လို့ ပြောနေသူတွေ လည်း ရှိနေပါတယ်။

အခုတော့ NLD ပါတီဟာ မနက်ဖန် ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့မှာတော့ တရားဝင်နိုင်ငံရေးပါတီအဖြစ် လျှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်က ရွေးကောက်ပွဲကော်
မရှင်ကို သွားမှာ ဖြစ်ပါတယ်။

“မနက်ဖြန်ကာ ကျနော်တို့ မနက် ၇ နာရီလေယာဉ်နဲ့သွားပါမယ်။ နောက်ဟိုမှာ ကျနော်တို့ ပါတီဝင်ကြေးကို ဘဏ်မှာသွင်းရမယ်။ အဲဒါသွင်းပြီးတော့မှာ ကျနော်တို့ ပြည်ထောင်စုကော် မရှင်ရုံးသွားမယ်။ နေ့ခင်းလောက်နေ ရင်တော့ ပီးလောက်တာပေါ့။ ညနေ ၃ နာရီ ဖလိုက်နဲ့ပြန်မယ်။ ကျနော်တို့ ပြည်ထောင်စုကော်မရှင်ပေါ်မှာ လည်းတည်ပါတယ်။ လျှောက်လွှာနဲ့ပတ်သက်ပြီးတော့ ပြီးပြည့်စုံအောင်တော့ သေချာစီစဉ်ပြီးတော့ လုပ်ထားပါတယ်။ တခြားပါတီတွေတော့ တလ၊ နှစ်လ ကြာတာတွေ သတိထားမိတယ်။ အဲဒီတော့ ဒီဟာ ဘယ်လောက်ကြာမလဲဆိုတာ ကျနော်တို့တော့ မပြောနိုင်ပါဘူး။ သိပ်တော့ အကြာကြီးတော့ ဟုတ်မယ်မထင်ပါဘူး”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါရှင်။

အစိုးရကတော့ ကြားဖြတ်ရွေးကော်ပွဲရက်ကို ၃ လကြိုတင်အသိပေးမှာဖြစ်သလို ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးသား နိုင်ငံရေးပါတီတွေလည်း စည်းရုံးရေးတွေ လုပ်ဆောင်နိုင်ပြီလို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ နေရာအားလုံးမှာ NLD က ၀င်ပြိုင်မှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယှဉ်ပြိုင်ဖို့လည်း စီစဉ်ထားတာပါ။

ဒါပေမယ့် ဘယ်သူ ဘယ်နေရာကနေ ၀င်ပြိုင်ကြမယ်ဆိုတာကတော့ စာရင်းအတိအကျ မရှိသေးဘဲ စဉ်းစားနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်လို့လည်း NLD ပါတီခေါင်းဆောင်တွေက ပြောပါတယ်ရှင်။

သတင်း...VOA

ယခု တစ်ပတ်မြန်မာတိုင်း(မ်)စာစောင်

လှည်းတန်းဗုံး ပေါက်ကွဲမှု နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြချက်

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ပါတီ နိုင်ငံလုံး ဆိုင်ရာညီလာခံကျင်းပရန်ပြင်ဆင်

22 December 2011

အန်တီက အန်တီ၊ ဇာဂနာက ဇာဂနာ... ပြည်ပနိုင်ငံကို ပထမဆုံးအကြိမ်ဖြင့် ရောက်လာတဲ့ ကိုဇာဂနာရဲ့ သတင်းစာရှင်းလင်းပွဲ ဗွီဒီယို သတင်းမှတ်တမ်းပါ။

ကိုဇာဂနာ၏ ထိုင်းနိုင်ငံရောက်စကားတချို့

သူတွေ့မြင်ရတဲ့ ထိုင်း လူငယ်တွေရဲ့မျက်နှာတွေကလည်း ပူပင်ကြောင့်ကျမှုတွေမရှိဘဲ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိတဲ့ မျက်နှာမျိုးတွေ ဖြစ်တယ်လို့လည်း မှတ်ချက် ပေးပါသေးတယ်။

တချိန်တည်းမှာပဲ မြန်မာပြည်က လူငယ်တွေကိုလည်း သတိရပြီး လူရွှင်တော်ကြီးက စိတ်မကောင်း ဖြစ်မိသွားပုံ ရပါတယ်။

“ကျနော်တို့ တိုင်းပြည်က လူငယ်တွေရဲ့မျက်နှာတွေမှာတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ပါ”လို့ သူက ပြောဆို လိုက်ပြီး“ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းတွေ ဖြစ်ရဲ့နဲ့ ဘာဖြစ်လို့များ ဒီလောက် ကွာခြားရတာလဲ”လို့လည်း မေးခွန်း ထုတ်သလို ဆိုပါတယ်။

ဆန်ရှင် နဲ့ ပတ်သက်လို့ဗျာ ကျနော်တို့က အကော်ဒီယံအုန်းကျော်ကြီး တီဗီမှာထွက်ထွက်ပြီး စီးပွါးရေးပိတ်ဆို့တာဒို့မမှုပါ ဆိုကတည်းက မကြိုက်ခဲ့တာပါ ။ ဒါပေမဲ့ဗျာ အခုဟာက နိုင်ငံတကာ နဲ့ စီးပွါးရေး ဆက်ဆံဖို့ ကိုယ့်ပြည်တွင်းမှာ - ခိုင်မာတဲ့ မြေယာဥပဒေ ၊ ခိုင်မာတဲ့ ဘဏ်ပေါ်လစီ ၊ ခိုင်မာတဲ့မျှတတဲ့ နိုင်ငံခြားငွေကြေးဥပဒေ ၊ စပိမြန်ပြီး လွတ်လပ်တဲ့အင်တာနက် ဒါမျိုးတွေ ရှိနေရင် ဘယ်နိုင်ငံက စီးပွါးရေးသမားဖြစ်ဖြစ် ပြေးလာမှာပါ ။ အခုကိုယ့်တိုင်းပြည်ကိုယ်တိုင်က မပြင်သေးတာလို့ ကိုဇာဂနာ ပြောလိုက်ပါတယ် ။

၈၈ မျိုးဆက်ကျောင်းသားများ ရပ်တည်ချက် ဒေါ်အောင်ဆန်းစုကြည်နားလည်


၈၈ မျိုးဆက်ကျောင်းသား အဇွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အန်အယ်ဒီရုံး၌ ယနေ့ တွေ့ဆုံစဉ်

ယခုလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နားလည်မှုရှိကြောင်း ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြောကြားလိုက်သည်။

“ ကျွန်တော်တို့ ကို အန်တီက ပါတီမဟုတ်တဲ့ informal အဖွဲ့အစည်းတစ်ဖွဲ့ရဲ့ ရပ်တည်ချက်ကိုလည်း နားလည်ပါတယ်လို့ပြောပါတယ်” ဟု အဆိုပါအဖွဲ့မှ ကိုမြတ်သူကပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ကြေငြာချက်တွင် ၎င်းတို့အနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်စေလွှတ် ယှဉ်ပြိုင်မည် မဟုတ်ကြောင်းပါရှိပြီး ၎င်းကြေငြာချက်သည် ဒေါ်အောင်ဆန်းစုကြည်သွားနေသော နိုင်ငံရေးလမ်းကြောင်းနှင့် သွေဖီသည်ဟုသော
ဝေဖန်ချက်များ ထွက်လာခဲ့သည်။

ထိုသို့ဝေဖန်ချက်များ ထွက်ပေါ်ခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာတွင် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုထွန်းမြင့်အောင်က “ကျွန်တော်တို့ အနေနဲ့ ၈၈ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ ကျန်နေသေးသမျှ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ပါဘူး ”ဟုဆိုသည်။
ကိုကိုကြီး (စမ်းချောင်း) က “ဒါပေမယ့် အဖွဲ့ဝင်တွေအနေနဲ့ ကိုယ်ပိုင်ဆန္ဒအရ ၀င်ပြိုင်တာ ကိစ္စမရှိပါဘူး ကျွန်တော်တို့ အဖွဲ့နာမည်နဲ့ ၀င်ပြိုင်တာမျိုးတော့ မလုပ်ရပါဘူး” ဟု ထပ်လောင်းပြောကြားသည်။

သို့သော် ၈၈ ကျောင်းသားလူငယ်များအဖွဲ့အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များတွင် ၀င်ရောက်ပံပိုး ပေးသွားရန်ရှိကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ယခုလက်ရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ငါးရာကျော်ကျန်ရှိနေသေးသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့၏ ထုတ်ပြန်ထားပြီး ၈၈မျိုးဆက်ကျောင်းသားလူငယ်များမှ ခေါင်းဆောင် ၃၇ ဦး အနက် ၁၀ ဦးသာ အစိုးရကကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွန်ခဲ့သည့် လများအတွင်း လွတ်မြောက်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပြဿနာသည် ဆယ်စုနှစ် တစုကျော်ကြာရှည်နေပြီဖြစ်ကာ ယခုနှစ်အတွင်း သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အရေးကြီးသည့် လိုအပ်ချက်တချက်အဖြစ် ပြည်တွင်းနှင့်ပြည်ပ အစိုးရနှင့် အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုလျှက်ရှိသည်။

သတင်း..... Yangon Press International

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေးမည်

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေး
ရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၁ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဦးဉာဏ်ဝင်းကအတည် ပြုပြောကြားသည်။ သို့သော် တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးသွားသည်ကို မသိရကြောင်း ၎င်းကဆက်လက်ပြောသည်။ ထို့အတူ သူရဦးရွှေမန်းနှင့် တွေ့ဆုံမည်ဟု သိထားရပြီး မည်သည့်ရက်တွင်တွေ့ဆုံမည်ဖြစ်ကြောင်းကို မသိရှိရသေးကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌနှစ်ဦးဖြစ်သော ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းတို့အပြင် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့်လည်း ယခုလပိုင်း အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ထပ်မံ၍ အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးရန်ရှိသေးကြောင်း အစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသတင်းများ ထွက်ပေါ်နေသည်။ သို့သော် ဦးဉာဏ်ဝင်းက ထိုတွေ့ဆုံဆွေးနွေးမှုများကိုမူမသိဟုဖြေပြီး ဦးခင်အောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းနှင့် သူရဦးရွှေမန်းနှင့်တွေ့ဆုံဆွေးနွေးရန်ရှိသည်ကိုသာ အတည်ပြုဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သြဂုတ် ၁၉ရက်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အစိုးရ၏ ဆက်ဆံရေး ၀န်ကြီးဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ တွင် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ ဦးအောင်ကြည်နှင့်တွေ့ဆုံဆွေးနွေးမှုမှာ ဦးသိန်းစိန်အစိုးရ လက်ထက် တွင် လေးကြိမ်မြောက်တွေ့ ဆုံဆွေးနွေးမှုဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီမှတ်ပုံတင်ရန် နေပြည်တော်သွားစဉ်

သူရဦးရွှေမန်းနှင့် တွေ့ဆုံဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

သတင်း...7Day News Journal

21 December 2011

ပြည်သူတွေ အတွက် တကယ့်လိုအပ်ချက် ကိုသိဖို့တော့လိုမယ်ထင်တယ် ဦးသိန်းစိန် ရယ် မယောင်ရာဆီမလူးပါနဲ့



ကဲ မနေ့က ဖွင့်လှစ်လိုက်တဲ့ နေပြည်တော်က အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ဆိုပါလား ဦးသိန်းစိန် ငွေတွေ ဘယ်လောက်ကုန်လိုက်မလဲ


လေဆိပ် ဖွင့်ပွဲတက်ရောက်လာသူတွေကြည့်လိုက်ပါဦး ပြည်သူပိုက်ဆံတွေ ရေလိုသုံး စားသောက်နေကြတဲ့လူတိရိစ္ဆာန်တွေ ..

ဦးသိန်းစိန်ပြောတဲ့ သိပ်ကိုတိုးတက်နေတဲ့ မြန်မာပြည်ကြီးပေါ့ ဒါပေမယ့် တိုးတက်နေတာအာဏာရှင်အုပ်စု တစ်စုဆိုတာကိုတော့ ဦးသိန်းစိန်သိဖို့ကောင်းပါတယ်။




ဦးသိန်းစိန် ဒီကလေး ကတော့ ထမင်းတနပ်စားဘို့ သူအတွက် ဒီလို ဖြေရှင်းလိုက်ရတယ်.။




ဦးသိန်းစိန် ဒီပုံ ကိုသေချာကြည့်သင့်တယ်၊ ပညာသင်ရမယ့် အချိန်မှာ ပညာမသင်နိုင် မိဘတွေအတွက် တတ်နိုင်သမျှ ဝိုင်းကူပေးနေရတဲ့ မြန်မာပြည်က ကလေးငယ်တွေ..


ဒီလို မရှိဆင်းရဲသားပြည်သူတွေ အတွက် လိုအပ်တာတွေ ကူညီပေးသင့်တာဘာတွေလည်း????

မြန်မာပြည်သူ တွေဘာတွေလိုအပ်နေလဲ ဦးသိန်းစိန် သိပါနိုင်ပါစေ.။

အာရှနိုင်ငံသုံးနိုင်ငံတွင် မြန်မာအမျိုးသမီးများ တရားဝင်အလုပ်လုပ်ခွင့်ပြု

မြန်မာအမျိုးသမီးများအား ပြည်ပနိုင်ငံအချို့တွင် သွားရောက်အလုပ်လုပ်ခွင့်ကိုဒီဇင်ဘာ၁၉ရက်မှစ၍ အစိုးရက ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းကပြောကြားသည်။

“စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကို ခွင့်ပြုဖို့ရည်ရွယ်ပါတယ်။ ဆော်ဒီတို့၊ ဂျော်ဒန်တို့တော့မရပါဘူး”ဟု အလုပ်သမား ၀န်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။

ထိုသို့ခွင့်ပြုရာတွင် အိမ်အကူ၊သန့်ရှင်းရေးနှင့် ဖျော်ဖြေရေး အလုပ်များကိုမူလုပ် ကိုင်ခွင့်မပြုဘဲ အလုပ်သမားငါးဦးနှင့်အထက် ရှိသော ပြည်ပအလုပ်အကိုင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများတွင်သာခွင့်ပြုမည်ဟု ဦးချစ်ရှိန်ကပြောကြားသည်။

ထို့ကြောင့် အမျိုးသမီးလုပ်သားများစေလွှတ်ချင်သော အေဂျင်စီများအနေဖြင့် Employment Contract(အလုပ်သမားငှားရမ်းစာချုပ်)နှင့် အလုပ်ခေါ်စာတို့အား ပူးတွဲဖော်ပြ၍ လျှောက်ထားရမည်ဖြစ်သည်။

“ဒါကောင်းတဲ့အစီအစဉ်ပါ။ လောလောဆယ်မလေးရှားကိုသွားဖို့ ခေါ်စာကျပြီး မသွားရတဲ့ အမျိုးသမီးတွေအတွက် အဆင်ပြေသွားတာပေါ့”ဟု မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့သော် အလုပ်သမားငှားရမ်းစာချုပ်တွင် အလုပ်နေရာ၊ အလုပ်အကိုင်အမျိုးအစား၊ အလုပ်ချိန်၊ အချိန်ပိုကြေး၊ နားရက်၊ နေထိုင်စရိတ်နှင့်လူမှုရေးလုံခြုံမှုများစွာ ပါဝင်ရမည်ဟုဦးချစ်ရှိန်က ပြောကြားသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူများအားအောက်တိုဘာ ၂၄ ရက်မှစ၍ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသော Smart Card ရှိသူများကို ပြည်ဝင်ခွင့်ထုတ်ပေးမည်ဟု ကန့်သတ်ခဲ့ပြီးနောက် အမျိုးသမီးလုပ်သားများသွားရောက်ရန် ခက်ခဲခဲ့သည်။ မြန်မာအမျိုးသမီးများ သည်မလေးရှားနိုင်ငံတွင် သာမက ထိုင်း၊ စင်ကာပူ၊ ဂျော်ဒန်၊ ဆော်ဒီ၊ ကာတာနှင့် ဒူဘိုင်းနိုင်ငံတို့တွင် များစွာရှိနေကြသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားသုံးသန်းကျော်ရှိပြီး တရားဝင်သွားရောက်လုပ်ကိုင်သူ ခုနစ်သိန်းနီးပါးရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။


သတင်း..... 7Day News Journal

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေး ကော်မတီ အဖွဲ့ဝင် ၁၂ ဦးတို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေးအတွက် ကော်မတီ ဖွဲ့ထားတဲ့အဖွဲ့ဝင် ၁၂ ဦးတို့ဟာ ဒီနေ့ နေ့လည် ၁၁ နာရီကနေ ၁၂:၃၀ ခွဲအထိ ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်တို့ တွေ့ဆုံ





မြန်မာ့ဒီမိုကရေစီခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်တို့ ဟာ
ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ကြပါသည်.။



ဓာတ်ပုံ ...AP

20 December 2011

၇၃နှစ်မြောက် ဗိုလ်အောင်ကျော်နေ့အခမ်းအနားကို သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့




၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်၌ ၇၃ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ (မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်) ဗိုလ်အောင်ကျော်နှင့် တကွ ကျောင်းသားအာဇာနည်အပေါင်းအား ဂုဏ်ပြုဦးညွတ်ပွဲနှင့် သမိုင်းတာဝန်ဆက်ခံပွဲအခမ်းအနားကို နံနက် ၈နာရီမှ နေ့လည် ၁၁ နာရီအချိန်ထိ ကျင်းပခဲ့ပါသည်။


သတင်း..မြစ်မခ မီဒီယာ

ပညာတော်သင်တစ်ဦး၏ အတွေ့အကြုံ

ကုန်းဘောင်ခေတ်ကတည်းက ဥရောပနိုင်ငံများသို့ စေလွှတ်ကာ ပညာရပ်များကို သင်ကြားစေခဲ့သည့် နိုင်ငံတော်မှ စေလွှတ်သည့် ပညာတော်သင်များရှိခဲ့သည် ။ နိုင်ငံရပ်ခြားမှ ရလာသော ပညာရပ်များဖြင့် နိုင်ငံတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့သော သာဓကများ ရှိခဲ့သည်။

လွတ်လပ်ရေးရပြီး ကာလတွင်လည်း ပညာတော်သင်များစေလွှတ်ကာ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး ကို ကြိုးစားခဲ့ကြသည်။ ဖဆပလ ခေတ်၌ ပညာတော်သင်စေလွှတ်ရေးတွင် ဘက်လိုက်မှုများရှိကြောင်း ဒေါက်တာသန်းထွန်း ရေးသားသည့် “ငါပြောချင်သမျှ ငါ့အကြောင်းစာအုပ်”တွင် တွေ့ရသည်။ အာဏာပိုင်များနှင့် နီးစပ်သည့် သူများကိုသာ ရွေးချယ်လေ့ရှိသည်ကို တွေ့ရသည်။

ဦနေ၀င်း အုပ်ချုပ်သည့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တွင် ပညာတော်သင်ဆိုသည်မှာ နိဗ္ဗာန်ဆုထက် ခက်ခဲသော အရာတစ်ခု ဖြစ်လာခဲ့သည်။ စစ်အုပ်ချုပ်ရေး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အစိုးရပညာသင်ဆုများ အထိုက်အလျောက် ပွင့်လာခဲ့သည်။

သို့ရာတွင် နိုင်ငံခြားတက္ကသိုလ်မှ မြန်မာကျောင်းသားများကို ပညာသင်ဆုပေးလိုသော်လည်း ပြည်တွင်းရှိ အခက်ခဲများကို ကျော်ဖြတ်ရသည့် နှောင်ကြိုးက ပညာသင်ဆုရ ရှိရန်ထက်ပင် ခက်ခဲသည်။ ပညာသင်ဆုရရှိသူကို အချိန်မှီ မစေလွှတ်နိုင်ခြင်း၊ ရွေးချယ်ရာတွင် သင့်တော်သူကို (အာဏာပိုင်များနှင့် နီးစပ်သူကို) မတွေ့ရှိခြင်း စသည့် အချက်များ၊ မမြင်နိုင်သော အခက်အခဲများက တံတိုင်းပမာ ကာဆီးနေသည်။

၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကွန်ပျူတာသိပ္ပံဘာသာရပ် ပါရဂူဘွဲ့အတွက် ပညာသင်ဆုတစ်ခုကို စင်္ကာပူ အမျိုးသား တက္ကသိုလ် (NUS)က မြန်မာနိုင်ငံမှ ခေါ်ယူခဲ့သည်။ ပညာသင်ဆုရရှိရေး အတွက် အစိုးရမှ အသက်အကန့်အသတ်ဖြင့် ခေါ်ယူကာ စာမေးပွဲစစ်ဆေးခဲ့သည်။ ကွန်ပျူတာဘာသာရပ်နှင့် အင်္ဂလိပ်ဘာသာ နှစ်ခုကို စစ်ဆေးခြင်းဖြစ်သည်။ အမှတ်အများဆုံး ရရှိသည့် ကျောင်းသားသုံးဦးအား ပညာရေးဝန်ကြီး၊ ညွှန်ချုပ်၊ ပါမောက္ခချုပ်၊ ပါမောက္ခ တို့မှ လူတွေ့ စစ်ဆေးခဲ့သည်။ အမှတ်အများဆုံးရရှိသည့် ဆရာအား ရွှေးချယ်ခြင်းမပြုဘဲ၊ တတိယရရှိသည်၊့ အာဏာပိုင်များနှင့်ဆက်နွယ်သည့် ဆရာမတစ်ဦးကို ရွှေးချယ်ခဲ့ကြောင်း ပထမ ရရှိခဲ့သည့် ဆရာမှ ပြောပြခဲ့သည်။

“ကျနော့်ကို မရွေးခဲ့တာ ကျနော့်ဘ၀ တစ်ခုလုံးကောင်းဖို့ ဖြစ်လာတာဗျ” ဟု ၄င်းဆရာမှ ပြောဆိုခဲ့သည်။ ၄င်းဆရာသည် ပညာတော်သင်ဆု ငြင်းပယ်ခြင်း ခံရပြီးနောက် ဆရာအဖြစ်မှ နှုတ်ထွက်ကာ နိုင်ငံခြားအခြေစိုက် ကုမ္ပဏီတစ်ခုတွင် ဆော့ဖ်ဝဲ ရေးသားသူအဖြစ် ငါးလခန့် တာဝန်ယူပြီးနောက် မိခင်ကုမ္ပဏီ အခြေစိုက်ရာ နယူးဇီလန် နိုင်ငံတွင်အကြီးတန်း ဆော့ဖ်ဝဲ အင်ဂျင်နီယာ အဖြစ်ဖြင့် ခန့်အပ်ခြင်းခံရသည်။

ယခုအခါ ၄င်းဆရာသည် သူ၏ မိသားစုနှင့်အတူ ကမ္ဘာပတ်ကာ မိခင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။

“ ကျနော်တို့နိုင်ငံရဲ့ ပညာရေး စနစ်ကသာ နိမ့်တာမဟုတ်ဘဲ ၊ ပညာရေးဌာနကို ဦးစီးဦးဆောင်လုပ်နေတဲ့ ဆရာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်က နိမ့်တာဗျ၊ နိုင်ငံ့အရေးထက် မိသားစုအရေးကို စဉ်းစားနေကြတော့ လူမှန် နေရာမှန် မရှိတော့ဘူး” ဟုပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် လောက်တွင် နိုင်ငံခြားပညာသင်ဆု ရရှိရေးအတွက် ငယ်ရွယ်သော တက္ကသိုလ်ဆရာ၊ ဆရာမများကြားတွင် ခေတ်စားခဲ့သည်။ မြန်မာနိုင်ငံ၌ပညာသင်ဆု ဆိုသည်မှာ ဌာနဆိုင်ရာများတွင် လုပ်ကိုင်သော နိုင်ငံဝန်ထမ်းများသာ ရသောအခွင့်အရေးဖြစ်သည်။ ပညာရေးဌာန တစ်ခုမှ ပညာတော်သင်ရရှိရေး အတွက် ပဏမအနေဖြင့် ပါမောက္ခ၏ ခွင့်ပြုချက်၊ ထောက်ခံချက် လိုအပ်ပေသည်။

ဒုတိယအဆင့် အနေဖြင့် ရွေးချယ်ရေးဆိုင်ရာ စာမေးပွဲဖြေဆိုရသည်။ ရွေးချယ်ရေး စာမေးပွဲအောင်မြင်ပါက တတိယအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာမှ စစ်ဆေးမှုများပြုလုပ်သည်။ တာဝန်ရှိသူများကို ပြေးကပ်ရသည်။ ဂျပန်နိုင်ငံမှ ပေးအပ်သည့် စကော်လာရှစ် ဖြစ်ပါက ၂၀၀၇-၈ ၀န်းကျင်တွင် ကန်တော့ငွေမှာ ကျပ်သိန်း ၃၀ မှ ၅၀ ကြား ရှိသည်။ ငွေမက်သူ အရာရှိကြီးမဟုတ်ဘဲ ၊ ပန်းဦးဆက်ခြင်းကို နှစ်သက်သူဖြစ်ပါက ဆရာမများမှာ ပန်းဦး ဆက်ကြရသည်။ တချို့အရာရှိကြီးများမှာ ပန်းနှင့်ငွေ နှစ်ခုလုံးကို နှစ်ခြိုက်ကြသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ခွင့်ပြုပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ၄င်းဌာနမှပင်ပြုလုပ်ပေးသည်။ ထို့ကြောင့် ဌာနဆိုင်ရာမှ နိုင်ငံခြားပညာတော်သင် ဆိုသည်မှာ အိမ်မက် မမက်ကောင်းသော အရာ ဖြစ်နေဆဲ ပင်ဖြစ်သည်။

ဂျပန်နိုင်ငံမှ လာသော ပညာသင်ဆု ကန်တော့ကြေး ဈေးကြီးရခြင်းမှာ ဂျပန်တွင်ပေးသော ပညာသင် ထောက်ပံ့ကြေး မြင့်မားသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံမှ ရောက်သွားသော ကျောင်းသား အချို့မှာ တစ်လလျှင် ဒေါ်လာ (၂၀၀၀) အနည်းဆုံးစုဆောင်းနိုင်ကြသည်။ မသုံးမစားဘဲ အငတ်ခံကာ ငွေစုသော ကျောင်းသားများကိုလည်း တွေ့ရသည်။

ပညာရေးအတွက်ပေးသော ထောက်ပံ့ကြေးကို ပညာရေးအတွက် မသုံးဘဲ မြန်မာနိုင်ငံတွင် တိုက်ခန်းနှင့် ကားဝယ်သည်ကို ပါမောက္ခမှ သိရှိသွားသည့်အတွက် ပါရဂူဘွဲ့မရဘဲ ပြန်သွားရသော ကျောင်းသားများလည်း ရှိသည်။ နိုင်ငံခြားတက္ကသိုလ် အချို့မှပေးသော ထောက်ပံ့ကြေးသည် ပညာသင်နေစဉ်ကာလအတွင်း လိုအပ်သည့် ပစ္စည်းများဝယ်ယူရေးနှင့် ပညာရေးအတွက် လိုအပ်သော ခရီးသွားလာမှု၊ သုတေသနလုပ်ငန်းနှင့် နေထိုင်စားသောက်မှု အတွက်ပေးထားခြင်းဖြစ်သည်။

ယခုအခါတွင် အတိုက်အခံနှင့် လက်ရှိအစိုးရမှလည်း နိုင်ငံပြန်လည် ထူထောင်ရေးတွင် ပညာရေး၏ အရေးပါပုံကို သဘောပေါက်ထားပြီးဖြစ်သည်။ အစိုးရမှလည်း နိုင်ငံခြားတိုင်းပြည်များမှ ပညာသင်ဆုများ ရရှိရေးကို အသည်းအသန် ဆောင်ရွက်လာသည်။ အချို့သောနိုင်ငံမှ ပညာသင်ဆုများ ပေးရေးကို သဘောတူထားပြီး ဖြစ်သည်။ ပညာသင်ဆု အများဆုံးရနိုင်သော ဌာနများသည် အကျင့်ပျက်ခြစားသော ဌာနများဖြစ်လာရန် အခြေအနေရှိနေသည်။

သံရုံးများနှင့် တက္ကသိုလ်များက ပေးအပ်သော ပညာသင်ဆုများမှာ နှောင်ကြိုးမဲ့ ဖြစ်သော်လည်း အခက်အခဲများ ရှိနေသည်။ သာမန်ဘွဲ့ရ တဦးအနေဖြင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်တွင် ကျွမ်းကျင်သော်လည်း အင်္ဂလိပ်စာကျွမ်းကျင်မှုကို တနှစ် (သို့) နှစ်နှစ်ခန့် ရန်ကုန် မန္တလေး ကဲ့သို့မြို့ကြီးများတွင် ပြင်ဆင်ကြရသည်။

ရပ်ဝေးမှ ကျောင်းသားဖြစ်ပါက ရန်ကုန်တွင် နေထိုင်စားသောက် စရိတ်နှင့် သင်တန်းကြေးများကို ပေါင်းပါက တလလျှင် ကျပ် ၂ သိန်းနှင့် ၃ သိန်းကြားရှိသည်။ တနှစ်စာအတွက် ဖြစ်ပါက ကျပ် ၂၅ သိန်းနှင့် ၃၀ အကြား ရှိပြီး (၂) နှစ်စာ အတွက်ဖြစ်ပါက ကျပ်သိန်း ၅၀ နှင့် ၆၀ ကြားရှိသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်စပ်ဝင်လာသော ပညာသင်ဆုဖြစ်ပါက သက်ဆိုင်ရာ NGO မှတာဝန်ရှိသူများနှင့် ဆက်စပ်မှုမရှိပါက စကော်လာရှစ်ဆိုသည်မှာ ဝေလာဝေးပင်။

သာမန်ပြည်သူ၊ ငွေမရှိသော ခေတ်ပညာတတ်များအနေဖြင့် ပညာတော်သင်ဆု တခု ရရှိခြင်းဆိုသည်မှာ ထီထိုးသကဲ့သို့ပင်ရှိနေပေသေးသည်။ သာမန် လူတန်းစားများအနေဖြင့် သိန်းဆယ်ကြီးဂဏန်းကို မရေရာသော မျှော်မှန်းချက်တွင် ရင်းနှီးမည့်အစား အခြားသော လုပ်ငန်းများတွင်သာ ရင်းနှီးတော့မည်ဖြစ်သည်။

NGO များနှင့်ဆက်စပ်လာသော ပညာသင်ဆုအများစုမှာ Community Performance ဟုခေါ်သော လူ့အဖွဲ့အစည်းတွင် ပရဟိတလုပ်ငန်း အတွေ့အကြုံသည် အဓိကအရေးပါသည်။ ထို့ကြောင့် NGO များနှင့် နိုင်ငံရေး အဖွဲ့အစည်းများမှ လာသော ပညာသင်ဆုသည်လည်း အစိုးရဌာနဆိုင်ရာများကဲ့သို့ပင် လက်သင့်ရာ စားတော်ခေါ်သည့် အဆင့်တွင်ရှိနေသေးသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ပညာရေး ရေစီးကြောင်းတွင် ပညာတော်သင်ဆု ဆိုသည်မှာ အစိုးရအာဏာပိုင်များနှင့် ဆက်စပ်သော၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် ရင်းနှီးကျွန်းဝင်သော၊ ငွေကြေးချမ်းသာသော လူတန်းစားသုံးရပ်အတွက် ဟုဆိုချင်ပါသည်။

တသီးပုဂ္ဂလိက ပညာသင်ဆု ရရှိသူ လူငယ်များအနေဖြင့် မိမိတို့ ရရှိသောပညာသင်ဆုအကြောင်းကို အခြားသော လူငယ်များသို့ လက်ဆင့်ကမ်းသင့်သည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပညာသင်ကြားရန် ထွက်လာသော လူငယ်များတွင်လည်း ငါတကိုယ်ကောင်းစားရေး စိတ်ဓာတ်များ ကိန်းအောင်းနေသည်ကို တွေ့ရသည်။ မိမိရရှိခဲ့သော ပညာသင်ဆုအကြောင်းကို မိတ်ဆွေ သူငယ်ချင်းများကို မျှဝေရန် အင်မတန်မှ ၀န်လေးသည်ကို တွေ့ရသည်။

ယခုအခါတွင် ပွင့်လင်းစ မြန်မာ့စာနယ်ဇင်းလောကသားတို့ အနေဖြင့် ပညာသင်ဆုနဲ့ ပတ်သတ်သော အချက်အလက်များကို စနစ်တကျရှာဖွေစုဆောင်း တင်ပြသင့်သည်။

လက်ရှိအစိုးရ အနေဖြင့် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ပညာရေးဌာနကို အောက်ခြေအဆင့်မှ စတင်ကာ တဆင့်ချင်း ပြင်ဆင်သင့်သည်။ သံပြိုင်သီဆို သင်ကြားနေသည့်၊ ညာစားနေသည့် ကျူရှင် ပညာရေး လောကကို အပြီအပိုင်စွန့်လွှတ်ပြီး၊ နိုင်ငံသားစိတ်ဓာတ်ပြည့်ဝသော အနာဂါတ်မျိုးဆက်သစ်များ မွေးထုတ်ရေးကို စဉ်းစားသင့်သည်။

Civic Ethicsပြည့်သူ့နီတိပြည့်ဝသော နိုင်ငံသားကောင်းများမရှိပါက မည်မျှပင် သယံဇာတ ပေါကြွယ်ဝစေကာမှု နိုင်ငံကို ပြန်လည်တည် ဆောက်နိုင်မည်မဟုတ်ပေ။ အမုန်းတရားနှင့် အဂတိကင်းသော ပညာရေးစနစ်မျိုးကို တည်ထောင်နိုင်ပါမှ ၂၁ ရာစု၏ ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရေစီးကြောင်းတို့တွင် လိုက်ပါနိုင်မည်ဟု ယုံကြည်မိပါသည်။

မောင်ရမ္မာ

၁၈၊ ၁၂၊၂၀၁၁

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ထားဝယ်ကမ်းခြေဒေသများမှ သဘာဝသယံဇာတများ မျိုးသုန်းသွားမည်ကို ဒေသခံများနှင့်ပညာရှင်များစိုးရိမ်

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ပြီးစီးသွားပါက ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ကမ်းခြေဒေသ များမှ သဘာဝသယံဇာတများ ရှားပါးပျောက်ကွယ် မျိုးသုန်းသွားမည်ကို ဒေသခံများနှင့် ပညာရှင်များ စိုးရိမ်ပူ ပန်လျက်ရှိကြောင်း သိရှိရသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် သက်ဆိုင်သော စက်မှုဇုန်စီမံကိန်းများ ၏ သက်ရောက်မှုက မြန်မာ့သဘာဝသယံဇာတများကို ပျက်စီးသွားနိုင်သောကြောင့် မြန်မာနိုင်ငံမှ ပညာရှင်များအနေဖြင့် အဆိုပါ စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေမည့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှာဖွေသင့်ကြောင်း၊ မြန်မာနိုင်ငံအစိုးရမှလည်း ယင်းအချက်များကို စီစစ်ပြီးမှ ခွင့်ပြုစေချင်ကြောင်း ပြောဆိုလျက်ရှိသည်။

'' ရေနက်စီမံကိန်းက ဖွံ့ဖြိုးရေးကို ဦးစားပေးတာဖြစ်တဲ့အတွက် သဘာ၀၀န်းကျင်ကတော့ ပျက်စီးမှာပဲ။ အခု ပေါပေါများများတွေ့နေရတဲ့ သက်ရှိသယံဇာတတွေက လျော့သွားမှာညမဟုတ်ဘူး။ ပျောက်ကို ပျောက်သွားမှာ။ ဒါသိပ်နှမျောစရာ ကောင်းတယ်။ အရမ်းဝမ်းနည်းစရာလည်း ကောင်းတယ်'' ဟု သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာရှင် ဦးအုန်းကပြောဆိုသည်။

ယခုအခါ တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးရှိ ကမ်းခြေတလျှောက်တွင် မူးဒူးကမ်းခြေ၊ ဘ၀ါကမ်းခြေနှင့်ဝက်မ ကိုက် ကမ်းခြေတို့တွင် သက်ရှိသယံဇာတများဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်းနှင့် ခရုများကို ပေါများစွာ တွေ့မြင် နေရသေးကြောင်း၊ အဆိုပါ သက်ရှိသယံဇာတများအပြင် ရှားပါးတိရစ္ဆာန်များဖြစ်သည့် ကြံ့သူတော်၊ ကျား၊ ဆင်၊ မိကျောင်း၊ တောဝက် စသည့်တို့ကိုလည်း တွေ့နိုင်သေးကြောင်း သိရှိရသည်။

ထားဝယ်ဒေသခံများအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်စက်မှုဇုန်ကြောင့် လက်ရှိကြုံတွေ့နေရသော မြေယာပြဿနာများ၊ စီးပွားရေးအရနစ်နာ ဆုံးရှုံးမှုများအပြင် ကြုံတွေ့လာရမည်ဖြစ်သော သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာများနှင့် လူနေမှု ကုန်ကျစရိတ်လည်းမြင့် တက်လာနိုင်ခြင်း ယဉ်ကျေးမှုဆိုင်ရာ ရှေးထားဝယ်စကားများလည်း ပျောက်ကွယ်နိုင်ခြင်းစတဲ့ ဆုံးရှုံးထိခိုက်မှုများနှင့် ကြုံတွေ့လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များနှင့် ဒေသခံများ သုံးသပ်ပြောဆိုလျက်ရှိသည်။

ရေနက်ဆိပ်ကမ်းပြီးသွားပါက မောင်းမကန်ကမ်းခြေပျောက်ဆုံးသွားမည်ကို ထားဝယ်မြို့ခံ သတ္တဗေဒပညာရှင်အချို့၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွစွာလှုပ်ရှားသူ အချို့နှင့် မြန်မာနိုင်ငံမှ သတ္တဗေဒပညာရှင်အချို့နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များကလည်း စိုးရိမ်ပူပင်လျက်ရှိကြောင်း သိရှိရသည်။

`ထားဝယ်၊ မောင်းမကန်ကမ်းခြေမှာ ဇီဝမျိုးစုံမျိုးကွဲတော်တော်စုံစုံလင်လင်ရှိနေသေးတယ်၊ ကမ်းခြေက မပျက်ဆီးသေးဘူး၊ သတ္တဗေဒပညာရှင်တွေအတွက်ရော မြန်မာနိုင်ငံအတွက်ပါ အဖိုးတန်တဲ့ ကမ်းခြေပါ၊ ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် ပျက်ဆီးသွားမှာကိုတော့ စိတ်ပူနေမိတယ်`ဟု ဒေသခံ တက္ကသိုလ်မှ ထားဝယ် ဆရာတဦးက ပြောသည်။

ထားဝယ်တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ မောင်းမကန်ကမ်းခြေ၏ အလျားသည် ၃ ဒသမ ၇ မိုင် ရှည်လျားပြီး၊ အကျယ်အားဖြင့် ပေ ၇၅၀ ကျော်ရှိသော ကမ်းနီးရေတိမ်ပိုင်းမှာ အကျယ် ၂၅၀၀ ပေရှိကာ ကမ်းခြေ၏ ဆင်ခြေလျှောမှာ ၁၀ ဒီဂ၇ီအောက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် မောင်းမကန်ကမ်းခြေသည် ကမ်းခြေပုံသဏ္ဍန်ရှည်လျား ပြန့်ပြူမှုရှိပြီး၊ ကမ်းခြေတလျှောက်ချောက်မရှိ၊ ကျောက်ဆောင်အန္တရာယ် မရှိခြင်း၊ ကြည်လင်သော ရေ၊ သဲပြင် ဖြူခြင်း၊ ငါးပုစွန်နှင့် ရေနေသတ္တ၀ါ၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါများခြင်းတို့ကြောင့် ကောင်းခြင်းငါးဖျာဖြင့် ပြည့်စုံသော ကမ်းခြေဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

''မြင်ဆိုင်းကဏန်းနဲ့ ခရုတွေက ဒီရေအကျမှာ ခြေချစရာမရှိအောင် အများကြီးတွေ့ရတယ်။ နောက်ပိုင်း လူဦးရေ ထူထပ်လာရင် ဒီသယံဇာတတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်။ '' ဟု ထားဝယ် တက္ကသိုလ် သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာစိန်စိန်သိန်းက ပြောဆိုသည်။

မူးဒူးကမ်းခြေ၊ ဘ၀ါကမ်းခြေနှင့် ၀က်မကိုက်ကမ်းခြေတို့တွင် မြင်ဆိုင်းကဏန်းနှင့် နန္ဒာလှိုင်ခရု(ဒေသအခေါ်) များကို ဒီရေအကျတွင် ပေါများစွာ တွေ့ရှိရကြောင်း၊ ဒေသခံများမှာ ၄င်းကဏန်းနှင့် ခရုများကို ကောက်ယူ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြကြောင်း၊ မင်းသမီးနန္ဒာလှိုင် ခေတ်ကောင်းစဉ်ကာလက စတင်၍ ပေါပေါများများတွေ့လာရသည့် နန္ဒာလှိုင် ခရုများမှာ Export တန်းဝင်သော ခရုများ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။

ထားဝယ်တိုင်းဒေသကြီးအတွင်းတွင် လုပ်ကိုင်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development PCL နှင့် မြန်မာ နှစ်နိုင်ငံအစိုးရများ နားလည်မူစာချွန်လွှာရေးထိုးခဲ့ကြပြီး၊ ၂၀၀၉ ခုနှစ်နှိဝင်ဘာ ၂ရက်နေ့တွင် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများ မူဘောင်သဘောတူညီမူ စာချုပ်(Cooncessin Signing) အားလက်မှက်ရေးထိုးကာ ၂၀၁၀မှ၂၀၁၄အထိ ငါးနှစ်စီမံကိန်းအဖြစ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီအားကျေးဇူးတင်ရှိပါသည်.။

NLD ပါတီ ခေါင်းဆောင်နှစ်ဦးရွေးချယ်

တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်နှစ်ဦးကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပါတီတည်ထောင်သူများ စုံညီအစည်းဝေး၌ ရွေးချယ်လိုက်ကြောင်း ယင်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပထမခေါင်းဆောင်အဖြစ် ဦးတင်ဦးအား လည်းကောင်း၊ ဒုတိယခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်း စုကြည်အား လည်းကောင်း ရွေးချယ်ခဲ့ပြီး ယင်းတို့ နှစ်ဦးသည် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန် မကြာမီရက်ပိုင်းအတွင်း နေပြည်တော်သို့ သွားရောက်ရန် ရှိကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

“ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့နေပြည်တော်ကို သွားမယ်ဆိုတာကို မထုတ်ပြန်ရသေးပါဘူး”ဟု ဦးအုန်းကြိုင်က ဆိုသည်။

NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗဟိုအောင်နိုင်ရေးကော်မတီအား နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး လစ်လပ်သည့်မဲဆန္ဒနယ် အသီးသီးတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းရန်ရှိကြောင်း သိရသည်။

တိုင်းရင်းသား၊ အမျိုးသမီးနှင့် လူငယ်များကို NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစားပေးရွေး ချယ်ရန်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတည်ထောင်သူစာရင်းအား နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ပြီး ၁၇ ရက်အကြာတွင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သတင်း....Transparency Myanmar

NLD ပါတီ ခေါင်းဆောင်နှစ်ဦးရွေးချယ်

တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်နှစ်ဦးကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပါတီတည်ထောင်သူများ စုံညီအစည်းဝေး၌ ရွေးချယ်လိုက်ကြောင်း ယင်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပထမခေါင်းဆောင်အဖြစ် ဦးတင်ဦးအား လည်းကောင်း၊ ဒုတိယခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်း စုကြည်အား လည်းကောင်း ရွေးချယ်ခဲ့ပြီး ယင်းတို့ နှစ်ဦးသည် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန် မကြာမီရက်ပိုင်းအတွင်း နေပြည်တော်သို့ သွားရောက်ရန် ရှိကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

“ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့နေပြည်တော်ကို သွားမယ်ဆိုတာကို မထုတ်ပြန်ရသေးပါဘူး”ဟု ဦးအုန်းကြိုင်က ဆိုသည်။

NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗဟိုအောင်နိုင်ရေးကော်မတီအား နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး လစ်လပ်သည့်မဲဆန္ဒနယ် အသီးသီးတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းရန်ရှိကြောင်း သိရသည်။

တိုင်းရင်းသား၊ အမျိုးသမီးနှင့် လူငယ်များကို NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစားပေးရွေး ချယ်ရန်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတည်ထောင်သူစာရင်းအား နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ပြီး ၁၇ ရက်အကြာတွင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သတင်း....Transparency Myanmar

19 December 2011

ဗိုလ်ချုပ်အောင်ဆန်း ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ



အခန်း ( ၁ )

ဇာတိမြေလတ် ဟု ခေါ်သော ဗမာပြည်၏ အပူပိုင်းဇုန် ဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်း ခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့် တွင် အပူပိုင်း ဇုန်ကုန်းမြေပြင်များ ဖြစ်သော နှမ်း၊ပဲနှင့် ၎င်းဆီများ ထွက်၍ ကုန်ရောင်းကုန်ဝယ် အတော် တွင်ကျယ်သော မြို့ကလေးတစ်မြို့ ရှိလေသည်။ မီးရထား ဘူတာရုံ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျား များနှင့် ပွဲစား ကုန်သည်ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ၀ဲယာ ပတ်လည် တို့တွင် မြေပဲ နှမ်းခင်း တို့ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ ကြည့်လျှင် ရေးရေး ထင်သော တောင်တန်းများကို နောက်က ခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်း ထိုင်သူတို့၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဂူ၏ အနောက်မြောက် ယွန်း ကိုက်လေးရာခန့် ပေါ်၌ “ခပေါင်းကုန်း”(သို့မဟုတ်) န-ကျားကူး ခေါ်သော အိမ်ခြေတစ်ရာ ခန့်ရှိ ရွာကလေး ရှိလေသည်။

ယင်းချောင်း ဟု ခေါ်သော သဲချောင်းကြီး၏ တစ်ဖက်ကမ်း (အနောက်ဘက်ကမ်း) ၌ကား ယာခင်း၊ လယ်ကွင်းပြင် များနှင့် ဥယျာဉ် အချို့ကို တွေ့ရပေသည်။ ထိုမှ လွန်လျှင် တောင်ကုန်း ကျကျ နေရာတွင် အရှေ့ဘက်မှ တာမြောင်း ခံထားသော အိမ်ခြေ (၂၀၀) ခန့်ရှိ ရွာ တစ်ရွာ ရှိလေသည်။ ရွာ၏ မြောက်ဘက်တွင် ကပ်လျက် (ရှေး လူကြီးများ ပြောသလို) လောကဓာတ် မြန်မာ အထက်တန်း သင်ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိလေသည်။ ထိုမှ ယာတစ်ခင်း အလွန်တွင် (၅)ရက် တစ်ဈေးဖွင့်ရာ ဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ် ဂါတ်တန်းလျား များ ရှိလေသည်။ ထိုအနီးတွင် စာတိုက် ရှိလေသည်။ ထို စာတိုက်ကို အနောက်မြောက် စောင်းစောင်း မလှမ်းမကမ်း တွင် အိမ်ခြေ (၁၅၀)ခန့် ရွာတစ်ရွာ ရှိပြန်လေသည်။



စာတိုက်နှင့် ရှေ့တည့်တည့် ပေတစ်ရာ နှင့် မြေတလင်း ပြောင်ပြောင် ကို ကျော်လွန်၍ ကိုက် (၁၀၀) ခန့် အကွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ကပ်၍ မြို့အုပ် ရှိသည်။ ထိုဘုန်းကြီးကျောင်း နှင့်ဆက်၍ ထောင့်မှန် (Right angle) ကျကာ (၁၅) ပေ ခန့်မြင့်သော အုတ်တံတိုင်းကြီး လေးဖက် လေးတန် ခြံရံလျက် စေတီငယ်များ အလယ်တွင် ရွှေရောင် တပြောင်ပြောင် တောက်နေသော စေတီတော်ကြီး တစ်ဆူနှင့် သပ်ရပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောက်ကုန်းများ ရှိလေသည်။ ထိုမှ မြောက်ဘက် မလှမ်းမကမ်း တွင်ကား အိမ်ခြေ (၁၀၀) ကျော် ရွာတစ်ရွာ ရှိပြန်လေသည်။ ထိုရွာများ အနက် ရွာကြီး သဖွယ် အိမ်ပေါင်း အများဆုံး နှင့် ဆိုင်ကန္နား အတော်အတန် ရှိ၍ စာရေး၊ စာချီ၊ မြို့အုပ်၊ ရှေ့နေ၊ ကုန်သည်များ နေကြသော ရွာကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီး အနောက်ဘက် ကမ်း တောင်ကုန်း ပေါ်တွင် တည်လျက် ရှိသော ရွာပင် ဖြစ်လေသည်။ ထိုရွာကို နတ်မောက် ဟူ၍ လည်းကောင်း၊ တောင်ရွာ ဟူ၍ လည်းကောင်း ခေါ်ကြလေသည်။ ထိုရွာကိုသမိုင်းစာ အရကား ပီဠိယက္ခမင်း တည်ထောင်သွားသည်ဟု ဆိုလေသည်။ သို့သော် ကျွန်တော်၏ ဘေး မှတ်တမ်း အရကား ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါ လောက် တွင် ထိုရွာကို စတင် တည်ထောင်ခဲ့သည် ဟု မှတ်သား ဖူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တစ်ရွာလုံးရှိ အိမ်ဝိုင်းများ အနက်အကျယ်ဆုံး အိမ်ဝိုင်းကြီး ထဲတွင် ဧရာမ အိမ်ကြီး ရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့် ၀င်နိုင်အောင် မြင့်၍ အဆောင်ပေါင်း များစွာ ရှိသော်လည်း ထိုအခါက အတောင် (၈) တောင် ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာ လည်း (၃) ပေခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးမြန်မာမင်း လက်ထက်က နတ်မောက်မြို့၊ မြို့သူကြီး အိမ်ပင် ဖြစ်လေသည်။ ယခုကား အိမ် မရှိတော့ပြီ။ ထိုအိမ်နောက် ဖေးဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင် ခဲ့လေသည်။ ကျွန်တော့်ကို မွေးဖွားစဉ် အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်း မပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီးဖြစ် လေသည်။ ယခုအခါ ကဲ့သို့ အနည်းငယ်မျှ မြို့ မဆန်ဘဲ တောရွာစုကြီး တစ်ရွာမျှသာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံ တဒေါင်ဒေါင်၊ နေ့လယ် နေ့ခင်းများ တွင် ရက်ကန်းသံ တခြွင်ခြွင် နှင့် ကြားရတုန်းပင် ရှိလေသည်။

အချိန်ကား (၁၉၁၅) ခု၊ ဖေဖော်ဝါရီလ ဖြစ်၍ ပထမ ကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲ တွင် ဖြစ်ပေသည်။ ထိုအချိန် ထိုအခါကား ဂျာမနီသည် ရေငုတ်သင်္ဘောများ ဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်အခါ ဖြစ်လေသည်။ အနောက် စစ်မျက်နှာပြင်ဟု ခေါ်သောပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ မျက်နှာ၌ကား ပထမအကြိမ် တိုက်ပွဲကြီးများ မှာ မပြီးမဆုံးနိုင်သော သောင်မတင် ရေမကျ ရှေ့မတိုးနောက်မဆုတ် အခြေအနေပင် ရှိလေသည်။ အရှေ့မျက်နှာပြင် ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာကား မဆူးရိရာနှင့် ၀ါဇနစ်ဇူ စစ်ပွဲကြီးများ ဖြစ်ပွားလျက် ရှိကြလေသည်။

ထိုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်၊ (၁၂၇၆) ခု၊ တပေါင်းလဆန်း (၁) ရက်၊ စနေနေ့ နံနက် လင်းအားကြီး အချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိ လာခဲ့ရပေသည်။ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီး ကီရို၏ ပြောကြားချက် အရ ဆိုလျှင် တိုင်းပြည်တစ်ပြည် ၏ အစိုးရထီးနန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကို မွေးဖွားတတ်သော ဇာတာ ဟု ဟောထား လေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်း စဉ်းစားခြင်း မပြုခဲ့ကြချေ။ ကျွန်တော် မွေးဖွားသည် နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာအမည်မှာ (ထိန်လင်း) ဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက် အစ်ကို ကိုအောင်သန်း နှင့် နာမည်လိုက်အောင် အောင်ဆန်း ဟု ခေါ်တွင် ခဲ့လေသည်။ မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှ သော်လည်း ထိုင်နိုင် ထနိုင်သော ကလေးဘ၀မှ စ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူ ဖြစ်ခဲ့သည်။ ကျွန်တော် ငယ်ငယ်တုန်း က တော်တော်နှင့် စကားမပြောတတ် ရကား။ လူကြီးမိဘများမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ် ကြောင့်ကြ ခဲ့လေသည် ဟု သိရလေသည်။ အနာအဖျား ထူသည်။ အစားကြူး သည်။ အမဲ သား၊ငါးကို အလွန် ကြိုက်သည်။ ကျွန်တော်၏ မိခင် ဈေးသွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍ သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့် မိခင်က ပြန်၍ ပြောပြသဖြင့် သိရပေသည်။ လူရိုင်း ဘ၀က ကျွန်တော်လာသလား မသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများ နှင့် အသားမကျ ခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ် လာသည်။ ထိုအခါ လူယဉ်ကျေးများ နှင့် ငါလူရိုင်းဟု ဇာတိ ခွဲပစ်ချင်သည့် စိတ်များ ရှိသည်။

လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်း ငါ့စိုင်း ညောင်ကိုင်း ရောက်ရောက် ဆိုသည်ကို ကျွန်တော်ကြိုက်၏။ ကျွန်တော့်၏ စိတ်တွင် အင်မတန် စိုပြည် လတ်ဆတ်သော ဘ၀ ဟု ယူဆသည်။ ဗမာပြည်ရှိ လူသည် လူရိုင်းမျိုး ဘ၀ ရောက်ချင် ရောက်သွားပါစေ လွတ်လပ်ချမ်းသာစွာ ခေါင်းဆောင် နေနိုင်ပြီ ဆိုလျှင် မလွတ်လပ်သော လူ့ယဉ်ကျေး ဘ၀ထက် ကျွန်တော် အဆတစ်ရာ ကြိုက်သည်။ နှစ်သက်သည်။ စိမ်းလန်း စိုပြည် ကျယ်ပြန့်သော လွင်ပြင်ရိုင်း ပေါ်တွင် လက်ပန်းပေါက် ခတ်၍ လွတ်လွတ် လပ်လပ် မြူးတူး အော်ဟစ်နေလိုသည်။

ငယ်ငယ်တုန်းက ကျွန်တော် အတီးအမှုတ်၊ အက အခုန် အတော် ၀ါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော်ဝါသနာပါသည်။ စားပွဲဖြစ်စေ၊ ခေါက်စရာ တွေ့လျှင် အမြဲ ခေါက်လေ့ရှိရာ ကျွန်တော်၏ လက်မှာ ယနေ့တိုင် အချိန်မှန်မှန် လက်ရေကွာကျ ခဲ့လေသည်။ သို့သော် ကျွန်တော် အနည်းငယ် ကြီးပြင်း လာသည်နှင့် လူကြီးမိဘများက ကျွန်တော့်အား အတီးအမှုတ် ၀ါသနာကို ခွင့်မပြု။ နဂိုဝါသနာ မဟုတ်၍လား မသိ။ယခု ဤစိတ်မျိုး ပျောက်ပြယ်သလောက် ရှိခဲ့ပြီ။ ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရော စိတ်ရော ပျော့ပျောင်းသည် ဆိုသည့် အချက်ကို နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့။ ကြိုးလည်း မကြိုးစားချင်။ ကျွန်တော် ကား စကား အပြောအဆို မဖွယ် မယဉ်ကျေး။ အသက် (၈) နှစ်ထဲ ရောက် ၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမူအရာလည်း ကြမ်း၏။ အလိုက်လည်း မသိ။ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်း ဟူ၍လည်း တစ်ခုမှမရှိ။ အသက် လေးငါးခြောက်နှစ် တိုင်အောင် အိပ်ရာတွင် သေးပါ၏။ မီးဖိုကို ညညရှိခိုး၍ “အရှင်စဖိုည၊ ကျွန်တော် မနေ့”ဆိုခဲ့ရသည်ကို အမှတ်ရ သေးသည်။ အသက် (၁၅) နှစ်ထဲ ရောက်သည့် အခါ၌ ပင် အခြားအရပ် အိမ်တစ်အိမ် တစ်ည သေးပါဖူးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်း ကျောင်းမှ ခြောက်တန်း အောင်၍ ခုနစ်တန်း အ၀င် ကျောင်းအပြန် ဖြစ်သည်။ ကျွန်တော်၏ အစ်ကို အကြီးဆုံး မှာလည်း ၎င်းနှစ်တွင် ဘီအက်စ်စီ သင်္ချာဂုဏ်ထူးတန်း ကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ ကျောင်းတွင် မိမိ ကျောင်းဟောင်း ဖြစ်သည့်အတိုင်း ကျောင်းဆရာ ၀င်ရောက် လုပ်ကိုင်ရန် ကျွန်တော်နှင့် အတူပင် လိုက်ပါလာလေသည်။ ထိုအခါ ရေနံချောင်းမြို့ သို့ နတ်မောက်မှ သွားသည့်နည်း မှာ တောင်တွင်းကြီး သို့ ရထားစီး၊ တောင်တွင်းကြီး မှ မိကျောင်းရဲသို့ ကားစီး၊ မိကျောင်းရဲ မှ ရေနံချောင်း သို့ သင်္ဘောစီး၊ သို့မဟုတ် လျှင် မကွေးသို့ ဘတ်စကားစီး၊ မကွေးမှ သင်္ဘောစီး ရလေသည်။ နှစ်ရက် ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်း မှတစ်ဆင့် မီးရထား တစ်တန်၊ မော်တော်ကား တစ်တန် သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက် လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေး မှတစ်ဆင့် သွားကြသည်။ မကွေးမြို့ တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အသိအိမ်တွင်တည်းခိုကြသည်။ လူပျိုပေါက်စ ဖြစ်သော ကျွန်တော်မှာ သူစိမ်းတစ်ရံစာ အိမ်တွင် မနေတတ်။ အထူး ရှက်တတ်သည်။ မိန်းကလေးနှင့် ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ထိုည အိပ်ခါနီး ရှက်လွန်း၍သေး မပေါက်မိ။ ညအိပ်သည့်အခါ မအောင့်နိုင်ဘ သေးပါလေသည်။ ကျွန်တော်လည်း ပါပြီးမှ သိလေသည်။ ဤမျှ ကျွန်တော် မသိမ်မွေ့။

ညီအစ်ကို မောင်နှမများ ထဲတွင် ကျွန်တော် အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အိမ်စံချိန်နှင့် ကြည့်လျှင် ကျွန်တော် အလိုလိုက် ခံရဆုံး ဖြစ်၏။ အဆိုးဆုံး ဟုလည်း အိမ်နီးနားချင်း ပါမက ရွာနီးနားချင်း ပါ အသိအမှတ်ပြု ခံရ၏။ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်း နှင့် ကျွန်တော်မှာ အသက် (၃) နှစ်ခွဲ၊ (၄) နှစ်မျှ ကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဖက် ဖြစ်၏။ သူက လက်မြန်၏။ ကျွန်တော်က အားကြီး၏။ မချိန်မဆ လက်လွတ်စပယ် လုပ်ခဲ့၏။ သူက နု၏။ မင်းသား ကျချင်၏။ ကျွန်တော်က ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင် မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်း မစား။ စားသောက် နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျွန်တော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင် စား၏။ သူက အ၀တ်များကို သပ်သပ်ရပ်ရပ်ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများ ပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ။ ကျွန်တော်က ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကပါး၏။ လျင်၏။ ကျွန်တော်က ထူ၏။ အေး၏။
ကျွန်တော်၏ မြို့ကား ရွာသာသာ တောအရပ်ပင် ဖြစ်သည်။ ကျွန်တော် ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့ အရပ်မှာ တောကျ၏။ ထိုအခါ ကလီဖား ခေါ် ဆံပင်ညှပ် ကုလား တစ်ယောက် တလေသာ ရှိ၏။ သို့ဖြစ်ရာ ၎င်း ကလီးဖားမှာ လက်မလည်။ ကျွန်တော်တို့အား ကတုံးရိတ်ရန်၊ တစ်ခါတစ်ခါ ရိတ်တတ်သည့် အိမ်နီးချင်းတို့ကို ခိုင်းရလေသည်။ တစ်ခါ တစ်ခါ ကျွန်တော်တို့ ဖခင် ကိုယ်တိုင် ရိတ်ပေးလေသည်။ ကျွန်တော်၏ ဖခင်မှာ ယခု ကွယ်လွန်သည်မှာ (၁၅) နှစ် ကျော်လေပြီ။ ကျွန်တော်၏ ဖခင်သည် ကျွန်တော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တစ်နေ့ နေ၍ စကားတစ်ခွန်း မပြော။ မျက်နှာထား ဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာ များလည်း ရှိ၏။ လောကွတ် မရှိ၊ ဟန် မရှိ၊ ဖာသိဖာသာ နေတတ်၏။ အကိုင် အတွယ်၊ အသွားအလာ၊ အမူအရာ ကြမ်း၏။ ငြင်းမိလျှင် လျှော့မပေးတတ်။ သို့သော် စိတ်နှလုံးက အထူး ဖြောင့်စင်း၏။ စကား တည်၏။ အပို မပြော။ ထို့ကြောင့် ရှေ့နေစာမေးပွဲ ၀င်ထားသော် လည်း ရှေ့နေလိုက်၍ စားသည်ကို ကျွန်တော် မမှတ်မိ။ ယာလုပ်၊ ကုန်ကူး၊ ငွေချေး၍သာ စီးပွားဖြစ်သည်။ စီးပွားဖြစ်ခြင်း မှာလည်း ကျွန်တော်တို့ မိခင်၏ ဒိုးတူ ဘောင်ဖက် ကူညီမှု ကြောင့်ပင် ဖြစ်လေသည်။

ကျွန်တော် တို့အား အခြားသူ တစ်ဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျွန်တော်တို့ ဖေဖေက ဓားမ ထက်မထက်ကို ကောင်းကောင်း မသွေးဘဲ အတင်းတွန်းချ၍ ရိတ်၏။ အထူးပင် ခေါင်းရည် နာ၏။ ကျွန်တော်တို့သည် ၎င်း ခေါင်းရိတ်မည့် အခါကို ရွံ့၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့် အခါတိုင်း ကျွန်တော့် အစ်ကိုက အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ၏။ ကျွန်တော်က မငို၊ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်၏။

ကျွန်တော်၏ အစ်ကိုကား စိတ်မြန်၏။ ကျွန်တော်တို့ ညီအစ်ကို (၄) ယောက် ရှိသည့် အနက် ဒုတိယ အစ်ကိုကြီး သာလျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တစ်သက်လုံး မည်သူ နှင့်မျှ ရန်မဖြစ်ဖူး။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့်အစ်ကိုကား သူများအပြောမခံ။ သူကသာ ဦးအောင်ပြောခဲ့၏။ ကျွန်တော်ကားသူများအပြောသာခံရ၏။ မြှောက်လို့ မြှောက်မှန်းမသိ။ ခြောက်လို့ခြောက်မှန်းမသိ။ ထုံပေပေအလွန်နိုင်၏။ တစ်ခါသော် (၁၀) မိုင် ခန့် အကွာ ရွာတစ်ရွာသို့ ကျွန်တော်၏ မိဘများနှင့် လိုက်သွား၍ သူကြီးအိမ် တွင် တည်းခို နေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေး တစ်ယောက်က ကျွန်တော့်အား မြှောက်၍ “ဗိုလ်ကြီး”“ဗိုလ်ကြီး”ဟု ခေါ်ရာ ကျွန်တော့်မှာ များစွာ သဘောကျကာ ထန်းလျက် ဖြူဆုပ်တွေ ခေါ်တိုင်း ပေးခဲ့သည်။ ကျွန်တော်သည် လိမ်လည်လေ့မရှိ။ လိမ်လိုသော်လည်း မလိမ်တတ်။ ခဏ ချက်ချင်းပင် ဖြောင့်ချက် ပေး၏။ ကျွန်တော်တို့ နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်း ပိတ်၏။ သို့သော် ယောက်ျားကလေး များမှာ ဥပုသ်နေ့ပင် ဖြစ်သော်လည်း ကျောင်းသို့ သွားရ၍ ရေခပ်၊ မြက်နုတ် လုပ်ရသည်။ အလုပ်မရှိ လျှင်လည်း ကျောင်းမှာပင် နေရသည်။ တစ်နေ့သော် နေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ၍“အလုပ်မရှိရင် အိပ်နေကြ၊ မကစားကြနဲ့”ဟု ဘုန်းကြီးက အမိန့် ရှိလေသည်။ အားလုံး ကျောင်းသားများအား “မအိပ်ချင်ဘူးလား”မေးသည့်အခါ မအိပ်ချင် ကြသော်လည်း အိပ်ချင်သည် ဟု ဘုန်းကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော့်အား ဘုန်းကြီးက “အောင်ဆန်းရော မအိပ်ချင်ဘူးလား”ဟု အထူးတလည် မေးရာ ကျွန်တော်က “မအိပ်ချင်ပါဘုရား”ဟု ပြန်လျှောက်ရာ ဘုန်းကြီးမှာ ပြုံး၍ နေလေတော့သည်။



ကျွန်တော်သည် ငယ်စဉ်က ချောင်တစ်ချောင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်သည်။ ကလေးနှင့် မလိုက်။ အများ အားဖြင့် ဣနြေ္ဒကြီးသည်။ ကစားခုန်စား များစွာ မလေ့ကျင့်။ သို့သော် ကစားသည့် အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းမျိုး ကိုမှ နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကျည်းသား ရိုက်ခြင်း စသည်တို့ကို ၀ါသနာ ပါသည်။ ခြင်းလုံး ခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့် မဖြစ်။ အချုပ်ဆိုလျှင် ကျွန်တော်၏ ကလေးဘ၀မှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင် ချောက်စောင်း ကဲ့သို့ အဖုအထစ် အပြစ်အနာအဆာ များသည်။ စိမ်းလန်းစိုပြည် ညီညာသော မြက်ခင်းသဖွယ် ရှုချင်စဖွယ် မဟုတ်ပေ။ အသက် (၁၀) နှစ်ခန့် အထိ အနာရောဂါနှင့် ကင်းသည် ဟူ၍မရှိ။ သေလုမတတ် အကြိမ်ကြိမ် ဖြစ်ဖူး၏။ ၀ဲနာ အကြီးအကျယ် သုံးလကျော် စွဲ၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲ နေရပါမည်နည်း ဟု တမ်းတမိ၏။
ကျွန်တော်သည် ထိုကလေးဘ၀ ကပင် သူပုန် စိတ်ထား ရှိလေသည်။ အကြံကြီးသူ ဖြစ်လေသည်။ ( ဗမာပြည်ကို အင်္ဂလိပ် လက်မှ ပြန်ရရန် သူပုန် ထနည်း အမျိုးမျိုးကို စဉ်းစား စိတ်ကူးခဲ့လေသည်။ တစ်ခါတစ်ရံ လည်း ဟုတ်တိပတ်တိ စိတ်ကူး၏။ တစ်ခါတစ်ရံလည်း ပြဒါးရှင်လုံး စသည်တို့ကို ရှာဖွေလိုသော စိတ်များ ပေါ်ပေါက်၏။ ပြဒါးရှင်လုံး စသော အစွမ်းအားဖြင့် ဗမာပြည်ကို ကယ်တင်လို၏။ ) ကျွန်တော် ရန် မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သူဟု မဆိုနိုင်။ ငယ်ငယ်က သရဲတစ္ဆေ အလွန် ကြောက်တတ်သည်။ ရန် ဖြစ်ခဲ၏။ ကျွန်တော့် အစ်ကိုကား ရန် ခဏခဏ ဖြစ်၏။ ဦးအောင် ရိုက်နှက်၍ အိမ်ပြေးလာခဲ့၏။ သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်ကား ဤကဲ့သို့ မဖြစ်ဖူး။ ရန်တစ်ခါသာ အကြီးအကျယ် ဖြစ်ဖူး၏။ ထိုအခါ လူချင်း ထိုးသတ် ပုတ်ခတ်စဉ်၌ကား ကျွန်တော်က နိုင်၏။ လူချင်း ပြန်ဖြည်သည့်အခါ မရှောင်မတိမ်း ထုံပေပေ နေသဖြင့် ခုံဖိနပ် နှင့် အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဘက် ကို လိုက်လေရာ ခေါင်းမူး၍ မမီ။ ထိုလိုက်သည့် အချိန်ကား သတ္တိ ကောင်းပါ၏။ ခေါင်းမူး လာ၍ ခေါင်းစမ်း ကြည့်၍ သွေးတွေ မြင်သဖြင့် ခေါင်းပေါက်မှန်း သိသောအခါ ကျွန်တော် ငိုလေတော့သည်။ သတ္တိ ခေသွား လေတော့သည်။ ရွယ်တူ ကလေးချင်းများ ပေါ်တွင် တစ်ခါတလေ အနိုင်ကျင့်ချင်သည့် စိတ်ကား ရှိသည်။ တစ်ခါတွင်ကား ဘုန်းကြီးကျောင်း နေစဉ် ကြက်တောင်ရိုက် ကစားခြင်းမှ ကျောင်းသား နှစ်ယောက် ရန်ဖြစ်ရာ ကျောင်းသား တစ်ယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော ကျောင်းသား မိဘများက ဘုန်းကြီးအား လျှောက်ရာ ဘုန်းကြီးက ဤကစားမျိုးကို အားလုံး ကျောင်းသားများ ကျောင်းဝင်း အတွင်းမှာ သော်လည်းကောင်း၊ အပြင်မှာ သော်လည်းကောင်း မကစားရ ဟု ပညတ်လေသည်။ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအစ်ကို ၀မ်းကွဲများက သဘောမကျ သဖြင့် အာဏာ ဖီဆန်ကာ ရွာထဲတွင် ကစား လေတော့သည်။ ကျွန်တော်တို့ ကစားနေသည်ကို အခြား ကျောင်းသား တစ်ဦးနှစ်ဦးက မြင်၍ ဘုန်းကြီးထံ သွားရောက် တိုင်တန်းသောအခါ ဘုန်းကြီးက ကျွန်တော့်မိခင် နှင့် ဦးလေးများ ကိုပါ ခေါ်၍ ၎င်းတို့ရှေ့တွင် ကျွန်တော်တို့အား ပြင်းထန်စွာ ရိုက်နှက် လေတော့သည်။ ကျွန်တော်မှာ ပထမ ကြိတ်ခံသော်လည်း နောက်ပိုင်းတွင် သတ္တိ မကောင်းနိုင်တော့ဘဲ ငိုလေတော့သည်။ ကျွန်တော်သည် ထိုသို့ သွားရောက် တိုင်တန်းသူ ကျောင်းသားကို ယနေ့တိုင် အခဲ မကျေချင်လှ။ ဤကဲ့သို့ အလုပ်ပို မေတ္တာကို မျက်နှာလို မျက်နှာရ အထက်လူကြီးအား တိုင်ခြင်း တောခြင်းကို ငယ်ငယ်ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူး စက်ဆုပ်လှသည်။ ယခုခေတ်သစ် ကျောင်းများတွင် ကျောင်းသား များအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက် စေသင့်လေသည်။ ဤ အကျင့်မျိုးကား အကျင့်ယုတ် ဖြစ်လေသည်။

ကျွန်တော်တို့၏ မိဘကား ပစ္စည်းဥစ္စာ အတော်အသင့် ရှိ၍ ကြွေးရှင် မြီရှင် ဖြစ်ရာ ဆင်းရဲသား အများအပြားနှင့် ဆက်ဆံရပေသည်။ ကျွန်တော်တို့၏ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ် ရှိ၍ စိတ်ကောင်း ရှိလေသည်။ သို့ပင် ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများ မပေးဆပ်နိုင်၍ ကြိမ်းမောင်း သောအခါ ကျွန်တော် အထူးပင် စိတ်မကောင်း ဖြစ်မိ၏။ ထိုအခါ ကျွန်တော်က ငွေတိုးကြီး စနစ်၏ ဆိုးဝါးပုံကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပေသည်။ များသော ဆင်းရဲသား တို့မှာ ကြွေးတစ်ခါ ယူမိလျှင် ကျေနိုင်စရာ မရှိပေ။ ဤစနစ်ကို ယခု ခေတ်သစ်တွင် အလျင်အမြန် ပြင်ဆင်သင့်သည်။ ၎င်းအပြင် ယခုလက်ရှိ ဆင်းရဲသား ကြွေးမြီများကို အားလုံး လျှော်ပစ်ရန် သင့်လေသည်။ ထိုကြွေးများမှာ အတိုး၏ အညွန့် အကြွေး များသာ ရှိတော့မည်မှာ ကျွန်တော် ယုံမှား သံသယ မရှိပေ။
ကျွန်တော်ကား ကြွားရမည် ဆိုလျှင် မျိုးကြီး ဆွေကြီးမှ ပေါက်ဖွားသူ ဖြစ်သည်။ ကျွန်တော်၏ ရှေးအဆက်အနွယ်တို့မှာ ပုဂံပြည် တရုတ်ပြေးမင်း လက်ထက် ဂျင်ဂျစ်ခန်း အမှူး ရှိသော တရုတ်တို့ ၀င်ရောက် နှောင့်ယှက်သောအခါ နိုင်ငံခြားသားတို့၏ အောက် မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော် မွေးဖွားရာ ဒေသသို့ စုန်ခဲ့လေသည် ဟု ဦးလေး တစ်ယောက်က ပြောပြဖူး လေသည်။ အလောင်းဘုရား တတိယနိုင်ငံ ထူထောင်စဉ် အခါက တိုင်းပြည်မှာ ဖရိုဖရဲ ဖြစ်၍ နေရာ ရွှေဘိုမှ ဦးအောင်ဇေယျ က ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီး ဦးမြ (နာမည်ကောင်းကောင်း မမှတ်မိ) ဆိုသူမှာလည်း မိမိနယ်ကို အုပ်စီး ခေါင်းဆောင်၍ ဗမာ့ထီးနန်း ထူထောင်ရန် ကြံလေသည်။ နောက်မှ အလောင်းဘုရား အကြောင်းကြား သဖြင့် လူများ စေလွှတ် စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်းလက်ရုံး အကြောင်း ကြားသိရသည့် အခါ အလောင်းဘုရား ထံ ၀င်ရောက်၍ သက်စွန့် ကြိုးပမ်း အမှုထမ်းလေသည် ဟုလည်း မှတ်သား ရဖူးသည်။ မင်းတုန်း ဘုရင် လက်ထက်တွင် သက်တော်ရှည် အမတ်ဖြစ်သော ခမ်းပေါက် မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုးအနွယ် ဖြစ်သည်ဟု ကြားဖူးသည်။ မင်းတုန်း ဘုရင်၏ သမားတော်တစ်ဦး (လူအမည်မှာ ဦးကျော်ဇံ ဖြစ်လေသည်။ ဘွဲ့ကိုကား မသိ။) မှာလည်း ကျွန်တော်တို့ အမျိုးအနွယ်ဝင် ဖြစ်လေသည်။ စုံနံ့သာမြိုင် ရေးသော ဆရာကြော့ မှာ ဦးအောင်ဇံ၏ မြေး ပင်တည်း။ ရှင်အဂ္ဂသမာဓိ မှာလည်း ကျွန်တော်တို့ အမျိုး ဟုပင် သိရသည်။ ကျွန်တော်တို့ ဘေးမှာ နတ်မောက် မြို့သူကြီး ဖြစ်လေသည်။ စာတတ်သည်။ ဉာဏ်ထက်သည်။ လက်မြောက်သည်။ စိတ်ထက်သည် ဟူ၍ ကြားနာဖူးသည်။ မိမိအထက် မြို့ဝန်နှင့် မတည့်၍ အလုပ်ပြုတ်ဖူးလေသည်။ အလုပ်ပြုတ်သဖြင့် မန္တလေး ရွှေ့မြို့တော်သို့ တက်၍ အရာခံနေဆဲ အနိစ္စ ရောက်လေသည် ဟု တစ်ခါက ပုရပိုက် မှတ်တမ်းတွင် ဖတ်ရဖူးသည်။ ( စကားအလျဉ်းသင့်၍ ရေးရဦးမည်။ ရှေးကလည်း DIARY ဒိုင်ယာရီ ခေါ် နေ့စဉ်မှတ်တမ်း ရှိလေသည်။ ဘယ်သွားသည် စသည်ကို မှတ်ထားချက်များ တွေ့ရလေသည်။ ) ကျွန်တော်တို့ ဘေးတွင် အစ်ကိုကြီး တစ်ယောက် နှင့် ညီနှစ်ယောက် ရှိသည်ဟု သိရသည်။ အစ်ကိုကြီးမှာ ရန်ကုန် ဆိပ်ကမ်းအုပ် ဖြစ်သည်ဟု သိရသည်။ ညီအငယ် တစ်ယောက်မှာ တရုတ် မြို့ဝန် ဦးဘွား ဟူ၏။ မြင်ကွန်း မြင်းခုံတိုင်တို့ ငယ်ဆရာ ဖြစ်သည်။ ၎င်းမင်းသားများ အထတွင် မြင်ကွန်း မင်းသားတို့ အတွက် ဓားပြတိုက် ငွေရှာပေးရလေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ၍ ဦးဘွား ရာထူး ကျလေသည်။ ကျွန်ယုံ၏ သစ္စာကြီးမှုကြောင့် အမှု မထင်ရှား၍ လည်းကောင်း၊ မင်းတုန်းမင်း ကဲ့သို့ သိမ်မွေ့သော မင်း လက်ထက်ဖြစ်၍ လည်းကောင်း အသက်ချမ်းသာရာ ရလေသည်။နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်) မှာ ကျွန်တော်တို့ ဘေးကတော် ၏ တူတော်သည်။ ဦးမင်းရောင် ကား လက်ရုံးအားကိုး ဖြစ်သည်။ အမိုက်ဆုံး ဆိုသူများကို တပည့် လုပ်ထားသည်။ ၎င်း၏ တပည့်တစ်ယောက် (နာမည်ကား မမှတ်မိ) သည် ဇာတ်ပွဲများတွင် လူပြက်ပြက် သည့်အခါ အများရယ်တုန်း မရယ်။ အများ ရယ်ပြီးမှ တစ်ယောက်တည်း ကျယ်လောင်စွာ အကြာကြီး ရယ်တတ်သည်ဟု သိရသည်။ ဤကဲ့သို့ အရွဲ့တိုက် ရယ်သည်ကို ဗိုလ်လရောင် တွေ့၍ အားရကာ ဆုချ လေတော့သည်။ တစ်ခါလည်း ၎င်း၏ တပည့်နှင့် ၎င်း၏ ညီ သုံးမြို့ဝန် ဦးမင်းမောင် ၏ တပည့်တို့သည် ၎င်းတို့၏ ဘွားအေ မယ်တော်ပျံတွင် လက်ဝှေ့ ထိုးကြသည်။ ဦးမင်းရောင်၏ တပည့် ရှုံးသည်။ ညီဖြစ်သူ ဦးမင်းမောင်က မိမိ၏ တပည့် နိုင်သဖြင့် ပ၀ါတစ်ပိုင်း ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင် က မခံချင်၍ မိမိ တပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတစ်ထည် ဆုချလေသည်။ တစ်ခါလည်း ကြက်သား စားလို၍ ဦးမင်းမောင်အား ကြက် အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့် မတူ။ လူပျော့ ဖြစ်လေသည်။ စောင်းတီး၊ သီချင်းဆို တော်သည်။ စကားပြော ချိုသာသည်။ အထက်လူကြီးများ၏ အချစ်တော် တစ်ဦးဟု သိရသည်။ ဦးမင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအား မကျွေးပစ်သော ဟူ၏။ ဤကား ကျွန်တော်၏ အမျိုးအနွယ် အကြောင်း သိသမျှပင်တည်း။

အခန်း (၂)

ကျောင်းသားဘ၀ ကျွန်တော်၏ မိခင် ဖခင် နှစ်ဦး စလုံးမှာ ဉာဏ်ကောင်းသော အမျိုး ဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေ စာမေးပွဲ တွင် ဗမာ တစ်ပြည်လုံး တတိယစွဲ ခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကို အားလုံးလည်း ဉာဏ်ကောင်း ကြသည်။ သို့သော် ဒုတိယ အစ်ကိုကြီးက စာသင် အထူး ပျင်းလှ၍ အခြား ညီအစ်ကိုများ ကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာ မတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲ ညီအစ်ကိုများ၊ ဦးလေးများ မှာ မိမိတို့ ဆိုင်ရာ ကျောင်းစာမေးပွဲ များတွင် ထိပ်တန်း ကျကျ အောင်မြင်ကြသူ ချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများ သည် ပညာကို အထူး လိုလားသည်။ ကျွန်တော်၏ အစ်ကိုများ ကို (၅) နှစ်သား အရွယ် မှစ၍ ကျောင်းထား ခဲ့လေသည်။ ကျွန်တော် တစ်ယောက်သာ အငယ်ဆုံး ဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက် (၈) နှစ် ရောက်မှသာလျှင် ကျောင်းစ နေရလေသည်။ ကျွန်တော် ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်း အား အသက် (၁၁) နှစ် ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ (၆) တန်း တွင် ရှိသည်။ ကျွန်တော့်မှာ အသက် (၈) နှစ် ထဲ ရောက်သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြု အခမ်းအနားဖြင့် ကိုအောင်သန်းတို့ ရှင်လောင်း ဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်း ဖြစ်ချင် သဖြင့် မိခင်အား ပူဆာသေးသည်။ ထိုအခါ မိခင်က ရှင်လောင်း လုပ်တဲ့လူ သည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်း နေပါတော့မည် ဟု ကတိပေးကာ ထိုတွင်မှ ကျောင်းစနေ ဖြစ်လေသည်။ တန်းကျော် တက်ခဲ့ရပြန် သဖြင့် လေးနှစ်နှင့် ဆယ်တန်း အောင်မြင်သည်။ အင်္ဂလိပ် – မြန်မာ သတ္တမတန်း စာမေးပွဲ တွင် ဗမာ တစ်ပြည်လုံး တွင် န၀မ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာ ကျောင်း နှင့် အမျိုးသားကျောင်း များတွင် ပထမစွဲ ခဲ့၍ ဆုကို ရရှိခဲ့ပြီးသည့်နောက် ရန်ကုန်တက္ကသိုလ် တွင် ခြောက်နှစ်ခွဲမျှ နေခဲ့သည်။ နိုင်ငံရေး စိတ်သန်မှု ကြောင့် ကျောင်းစာ များကို မလေ့ကျက် သဖြင့် (ဘီ-အေ) အတန်း အထိ အောင်ရုံသာ အောင်ခဲ့သည်။ (ဘီ-အေ) အထက်တန်းနှစ် တွင် ကျောင်းသား သပိတ်မှောက် ခေါင်းဆောင်တစ်ဦး ဖြစ်၍ အလုပ်ရှုပ် သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ် မဖြေဘဲ နေခဲ့ရသည်။ နောက် (ဘီ-အယ်လ်) အတန်းကိုတက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်၊စာအုပ်လည်းမရှိ၊ မှတ်စုလည်း မထား၊ စာလည်းမကြည့်၊ မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာလိုက်စားသဖြင့် (ဘီ-အယ်လ်) ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော့် တစ်သက်တွင် စာမေးပွဲ ပထမဆုံး နှင့် နောက်ဆုံး ကျရှုံးခြင်း ပေတည်း။ ကျရှုံးသော်လည်း ဥပဒေ ရာဇ၀င် ဖြစ်သော ပထမ မေးခွန်း စတွင် ကျွန်တော် ပထမ ရခဲ့သည်။ ဒုတိယ (ဘီအယ်လ်) နှစ် တွင် နှစ်စေ့အောင် ကျွန်တော် မနေရတော့ပေ။ ဥရောပ တိုက်တွင် မြူနစ် စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေ များကို ထောက်ဆ၍ တိုင်းပြည် အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။

မြန်မာစာသင် ဘုန်းကြီးကျောင်း နေရစဉ်က ကျွန်တော် အထူး မပျော်ပိုက်သည့် အချက် တစ်ချက် ရှိလေသည်။ ထိုအချက်မှာ ကစား ခုန်စားခြင်း၊ ကလေးဘ၀ သစ်ပင်တက် ရေကူး အလုပ်မျိုးကို ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တစ်သဘောတည်း လောက် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာ ကျင်လည်မှုတွေကို လေ့လာခွင့် မရ။ သစ်ပင် တက်သည်ကို မြင်ရလျှင် အဆိုအမြည် ခံရသည်။ ရေကူးသည်ကို သိလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဉာဏ်ပညာ ဘက်မှ အခွင့်အလမ်း ရခဲ့၍ ပေါက်မြောက် ခဲ့သလောက် ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်း နေပေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်း မရခဲ့။ အမျိုးသားကျောင်း ဖြစ်သည့် အတိုင်း ဆင်းရဲ သဖြင့် ကစား ခုန်စား လေ့ကျင့်ရာ နေရာ၊ ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။



ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီး များ၏ အချို့ အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်လေသည်။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့် သလောက် တိုးတက်မည် မဟုတ်ချေ။ ပညာဆိုသည်မှာ စာအုပ် စာတမ်း ဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည်“အတိုင်းအဆ”မထင်။ အလွန် ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ် အားလုံးပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်း ထဲမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေကြ စေသည်။ ထို့ကြောင့် ပညာသင်ကြားဖူးသည့် အမှန် စင်စစ်အားဖြင့် သူ၏ တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ်နိုင် စွမ်းသော “ဉာဏ်ပညာကို လည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓာတ်တို့ကို လည်းကောင်း၊ ( Emotion of the Education ) ပြုပြင်ပြုစု စီမံထားခဲ့သူ သာလျှင် ဖြစ်သည်။ ဘီ-အေ ပင် အောင်စေကာမူ ပါရဂူ ဘွဲ့ကြီးပင် ရစေကာမူ ပထမကျော်ကြီး ပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက်၊ အသုံး မ၀င်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာ ရှိသည် မဟုတ်။ စာအုပ်များတွင် ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဉာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာ မဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများ ကိုလည်း တိုးတက် စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်။ ရာဇ၀င်ကို ဖန်တီးနိုင်ရမည်။ လောကဓာတ် ပညာကို သိရုံသာ မဟုတ်။လောကဓာတ် ပညာကို တိုးချဲ့ နိုင်စေရမည်။ ပထမ ပညာကို သိရုံသာမဟုတ်။ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေ စုံစမ်းနိုင်စွမ်းစေ ရမည်။ လောက အကြောင်းကို နားလည်စေရုံသာ မဟုတ်။ သည့်ထက် ကောင်းသောလောကကို ဖန်ဆင်း နိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်း မျှပင်တည်း။ ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်း ကျရမည့် ပညာတွင် သညာလည်း ပါသည်။ ဉာဏ်နှင့်လည်း ယှဉ်ရမည်။ ဉာဏ်ချည်းသာ တိုးတက်၍ “သညာ”မရှိပါမူလည်း ဤမျှ ပိုမိုဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည် နိုင်ပေ။ လောကဓာတ် ပညာကို မတတ်မသိဘဲ လောကဓာတ် ပညာဉာဏ်ကိုသာ ရလျှင် လောကဓာတ် ပညာ၏ တန်ဖိုးကို တင်းပြည့် မသုံးနိုင်ပေ။ တိုင်းပြည် အခြေအနေ ပြဿနာ၊ ခေတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည် အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညာတတ်သည် ဟု မဆိုနိုင်ပေ။ လူတစ်ယောက်၏ သက်တမ်းတွင် ဘ၀ ပထမက သိမြင်လာသော စိတ်နေ စိတ်ထားဝါဒ တို့သည် အမှန်ချည်း မဟုတ်။ ပြုပြင် ပြောင်းလဲရမည်သာ တည်း။ ယနေ့ အယူအဆ နှင့် မနက်ဖြန် အယူအဆ တို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတစ်ဦး၏ တစ်ဘ၀တွင် အကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများ ကို တွေ့သောအခါ ထိုလူသည် သမာဓိ မတည်၊ ရှေ့နောက် မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲ ဖောက်ပြန်ဖြစ်ခြင်း ပင်တည်း။ ၀ါဒ ပြောင်းလဲမှုမှာ ဉာဏ်အမြင်၏ ပြောင်းလဲမှုကြောင့်။ သမာဓိ မတည်ခြင်း မဟုတ်ပေ။ တစ်နည်း တိုးတက်ခြင်း ပေတည်း။ အမှန်အားဖြင့် သမာဓိ ဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့အား သမာဓိ လက်ကိုင်ကြသူ ရှားပေသည်။ သမာဓိ ဆိုသည်မှာ လောက၏ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အပျက်သနစ် စုံတို့ကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲ လည်း ၀မ်းမနည်း၊ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဉာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု၊ ဘေးဒုက္ခ အန္တရာယ်ကို မတိတ်မလန့် တစ်သမတ်တည်း တည်ငြိမ်စွာ ရှိခြင်းကို ဆိုလေသည်။ ဘုရား အစရှိသော သူတော်ကောင်း တို့၏ စိတ်တည်နေပုံမျိုး တည်း။ သို့ဖြစ်ရာ သာမန် ကိုယ်ကျင့်အမူအရာ အပြောအဆို ဘမ်းပြတည်ငြိမ်မှုကို လူအပေါင်း တို့က သမာဓိဟု သာမည ပြောစမှတ် ပြုကြလေသည်။ အမှန်စင်စစ် ကား ထို ဘမ်းပြ တည်ငြိမ်မှုတွင် မည်မျှ အတွင်း ဖောက်လွဲ ဖောက်ပြန်မှုများ တိုးပွား များပြားသည် ကို လူအပေါင်းတို့ မစဉ်းစား မိကြချေ။ ကျွန်တော်သည် ဣနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူ တစ်ယောက်ဟု အသိအမှတ်ပြု ခံခဲ့ရလေသည်။ ကျွန်တော်၏ ကိုယ် အမူအရာ စိတ်ထား သရုပ် တို့သည် ဖောက်လွဲဖောက်ပြန် သဘောကို မပြပေ။ သို့သော် အကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။ မည်မျှ သမာဓိတရားကို ပိုင်ဆိုင်ပေ သနည်း။ ကျွန်တော် သာလျှင် ကျွန်တော်၏ အတွင်း လှုပ်ရှားမှု တို့ကို ဤစာအုပ် ဖတ်ရင်း တွေ့မြင်ရလိမ့်မည်။ အသိဆုံး ဖြစ်ပေသည့် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုများ ကား သမာဓိတရားကို လုံးဝ မပိုင်ဆိုင်သေးခြင်း ၏ အမှတ်လက္ခဏာ ပင်တည်း။ ယခုလည်း ကျွန်တော် သမာဓိ တရားကို ပိုင်ပြီလား။ လုံးဝ မပိုင်သေးပေ။ ထို့ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကား လုပ်၍ မဆိုကြပါနှင့်ဦး။ လူတစ်ယောက်၏ ဉာဏ်အမြင် လှုပ်ရှား ပြောင်းလဲမှု၊ ၀ါဒ ပြောင်းလဲမှုကို သမာဓိ မတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ်များက အရှင်အာဒိစ္စ၀ံသ ဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခူနီမများ ရှိ သင့်သည်ဟု စာအုပ်တစ်အုပ်ရေးသားမှုကြောင့် ၀ိုင်းပယ်ကြ၏။ သပိတ်မှောက် ကြ၏။ အမှန်ကား သူ၏ ပြောင်းလဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိ အလားဖြင့် အမှားမရှိသူ မရှိ၊ အမှားသိမှ အမှန်မြင်လေသည်။ အမှားတစ်ခု လုပ်မိလျှင် အမှားနှစ်ခါ လုပ်မိသောအခါ မှန်လာပေလိမ့်မည်။ သို့သော်လည်း မှားပင်မှားစေကာမူ မိမိဉာဏ်အမြင် အလျောက် ပြောင်းလဲမှုများ ရှိအပ်သည်သာ တည်း။ လှေနံဓားထစ် ဆိုသော အလုပ်၊ အပြော၊ အတွေး တို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက် ပေတည်း။

ဗုဒ္ဓ ဂေါတမသည် သဗ္ဗညုတ ရွှေဉာဏ်တော် ကို ခြောက်နှစ် တိုင်တိုင် အမှား အမျိုးမျိုးကို ကျော်ကာ ရှာဖွေ တွေ့ရှိခဲ့လေသည်။ ထိုဉာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သော အစ၌ သိဒ္ဓတ္ထ မင်းသားသည် မိမိ ဉာဏ်အမြင် အရ အနုမာန မျက်ရမ်းဆ၍ ပြောင်းလဲမှု ရှိလာလေသည်။ အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသေး၊ မောင်းမမိဿံ ခြွေရံ ပရိသတ် တို့နှင့်တကွ နန်းသုံးဆောင်ဝယ်၊ မင်းစည်းစိမ်ကို စွန့်ပယ်၍ သောင်မမြင်၊ ကမ်းမမြင်၊ ရသေ့ရဟန်းအသွင် လျော်တေ သင်္ကန်းကို ၀တ်ဆင်၍ ““ဘိက္ခန သိလောယာစန သိလောတိ ဘိက္ခု”ဟူသည် နှင့်အညီ သူတောင်းစား ဘ၀မျိုးသို့ ပြောင်းလဲမှုသည် သာမန် ပကတိမျက်စိအားဖြင့် ကြည့်လျှင် ရူးသည်၊ မိုက်သည်ဟု ဆိုရပေမည်။ မိမိ၏ မင်းစိတ်၊ မင်းဝါဒကို ဆန့်ကျင်သော လောဘစိတ်၊ လောက၀ါဒအား ဤသို့ ပြောင်းလွဲ ခဲ့လေသည်။

မြန်မာပြည် ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် သက်ရှိထင်ရှားရှိမည် ဆိုပါက (၁၃၊၂၊၂၀၁၁) ရက် တွင် (၉၆) နှစ်ပြည့်ပြီ ဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိ အကျဉ်းကို တော်တော်များများ ဖတ်ဖူး မှတ်ဖူးကြလိမ့်မည် ထင်ပါသည်။ သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ဖတ်ဖူး မှတ်ဖူး ကြသူများ ရှားလိမ့်မည် ထင်ပါသည်။ သို့အတွက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ၏ အတ္ထုပ္ပတ္တိ ကို ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိ စာအုပ်မှ ဖော်ပြ လိုက်ရပေသည်။ သည်စာကို ဗိုလ်ချုပ်အောင်ဆန်း သည် ဂျပန်ခေတ် ဗမာ့တပ်မတော် စစ်ဝန်ကြီး နှင့် စစ်သေနာပတိ ဘ၀တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာဘာသာ ဖြင့်ရေးသားခဲ့သည့် ဆောင်းပါးအနည်း ငယ်မှ တစ်ခု ဖြစ်သည် ကိုလည်း တွေ့ရသည်။

( အယ်ဒီတာ )

မော်နီတာတွင် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ အဖြစ် – ဗိုလ်ချုပ်နှင့် ပတ်သက်သော စာများ ရွေးကောက်စုစည်း၍ ဂျာနယ် တစ်စောင် ထုတ်ဝေခဲ့ပါသည်။ထိုဂျာနယ် မှ ပြန်လည် ဝေမျှလိုက်ပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သမိုင်းကြောင်းကောင်းသူများကိုသာဦးဆောင်စေသင့်

မြန်မာနိုင်ငံတွင် အမြန်လိုအပ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရဘက်မှ သမိုင်းကြောင်း ကောင်းသူများကို ဦးဆောင်စေသင့်ကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် နားလည်မှုအရင်းခံကာ ဆွေးနွေးရသည့်အတွက် သမိုင်းကြောင်းကောင်းသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ နာမည်ပျက် မရှိသူများကို ဦးစားပေးရွေးချယ်သင့်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း က ပြောကြားသည်။

“ငြိမ်းချမ်းရေးဆွေးနွေးတဲ့သူတွေဟာ ရိုးသားမှု မရှိဘူးဆိုရင် ရလဒ်ကောင်းတွေ မပေါ်လာနိုင်ဘူး”ဟု ယင်းက ဆက်လက် ပြာကြားသည်။

လက်ရှိအချိန်တွင် အစိုးရသစ်အနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့အား တာဝန်ပေးထားသည်။

ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့သည် တပ်မတော်အစိုးရ လက်ထက်တွင် အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား တိုက်ခိုက်မှုနှင့် အကျင့်ပျက် လာဘ်စားမှုတို့တွင် အကြီးအကျယ်ပါဝင် ပတ်သက်နေသူ များ ဖြစ်သည် ကို တွေ့ရှိရကြောင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်နေသူ တစ်ဦးက ဆိုသည်။

“အရင်အစိုးရအဖွဲ့ဝင်တွေထဲမှာ လာဘ်စားတဲ့နေရာမှာ နာမည်ကြီးတဲ့သူတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတော့ အစိုးရဖက်ကကို တစ်ဖက်နိမ့်နေပြီ။ ဆက်ပြောရရင် ဒီလိုလူတွေက နိုင်ငံအဆင့်ကိစ္စရပ်တွေ ကိုင်တွယ်နေတာက သမ္မတကြီးပြောပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ ဆိုတာကို ပြည်သူတွေ တစ်မျိုးထင်စရာ ဖြစ်နေတယ်” ဟု ယင်း၏အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ပုံငွေများကို ထိန်းချုပ်ခွင့်ရထားသူ ဦးအောင်သောင်းသည် လတ်တလောဖြစ်ပွားနေသည့် ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း NLD ရုံးတွင် ငြိမ်းချမ်းရေးတရားဟောမှုကိစ္စနဲ့ပက်သက်ပြီး ကျောင်းတိုက်မှ နှင်ထုတ်ရာတွင် နောက်ကွယ်မှ အဓိကပါဝင် ပတ်သက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာနတွင် ညွှန်ချုပ်အဖြစ်တာဝန်ယူခဲ့သူ ရဟန်းလူထွက် ဦးအံ့မောင်နှင့် မဟနဆရာတော်တစ်ချို့ ပူးပေါင်းဆောင်ရွက်သည့် ယင်းကိစ္စရပ်တွင် ဦးအောင်သောင်းမှ လိုအပ်သည်များကို ပံ့ပိုးကူညီကြောင်း ယင်းတို့နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ထုတ်ဖော် ပြောကြားသည်။

“ဆရာတော်ကို NLD မှာ တရားဟောလို့ဆိုပြီး ကျောင်းတိုက်ကနှင်ထုတ်တာဟာ ဦးအောင်သောင်းရဲ့ မရိုးသားမှုနဲ့ နိုင်ငံရေး အကောက်ကြံမှုကို ဖော်ပြ နေတာပါ။ ဒီကိစ္စရပ်ကို ဦးဇင်းတို့တတွေ ပြေလည်စွာဖြေရှင်းဖို့ ကြိုးစားရမှာပါ။ သူဆင်တဲ့ အကွက်ထဲကိုတော့ အရောက်မခံပါဘူး”ဟု ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ကျောင်းတိုက်အတွင်းမှ သံဃာတစ်ပါးက မိန့်တော်မူသည်။

အစိုးရအဖွဲ့အတွင်း သမ္မတကြီး၊ စက်မှုဝန်ကြီးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးတို့ ဦးဆောင်သည့် ပြုပြင်ပြောင်း လဲရေးသမားများ နေရာရနေသော်လည်း ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ကဲ့သို့ ခေတ်နောက်ပြန်ဆွဲ လိုသူများ၏ အန္တာရာယ်ကိုလည်း သတိပြုမိရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားသည်။

“သူ ဒီအကွက်ကိုဆင်တာက ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ NLD ကို အကျပ်ရိုက်စေနိုင်တယ်။ ဘုန်းကြီးကို ကျောင်းတိုက်က ဖယ်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘုန်းကြီးတပည့်တွေ၊ နိုင်ငံရေးသမားတွေ ဆူဆူပူပူလုပ်ရင် ဖမ်းမယ်။ သူတို့တွေ အဖမ်းခံရရင် NLD ရဲ့ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်လည်း ပြောင်းသွားမယ်။ ဒီအထိ ရည်ရွယ်ပြီး လုပ်တာ”ဟု ယင်း နိုင်ငံရေးလေ့လာသူက သုံးသပ်ပြသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို အမြဲဂရုပြုတတ်သူ ရွှေညဝါဆရာတော်က ကျောင်းတိုက်မှ နှင်ထုတ်ခံရသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မီဒီယာများအား သတင်းထုတ်ပြန်ပြီး၊ နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့သို့လည်း ဒီဇင်ဘာ ၁၅ ရက်နေ့စွဲဖြင့် လျှောက်ထားလွှာတစ်စောင် ပေးပို့လိုက်သည်။

ရွှေညဝါဆရာတော်နှင့်ပက်သက်သည့် ဦးအောင်သောင်း၏ လုပ်ဆောင်ချက်သည် သမ္မတကြီး ဖော်ဆောင်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကို ကြီးစွာအနှောင့် အယှက်ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီတစ်ခု၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဆက်လက် ပြောကြားသည်။

“NLD ဝင်လာရင် သူနေရာပျောက်တော့မယ်လေ။ဒါကြောင့် သူကလွှတ်တော်ထဲကို NLD မဝင်လာရအောင်ရယ်၊ သူ့ကိုယ်ကျိုးစီးပွား တိုးတက်အောင် ရယ်ကို လုပ်တာ၊ ဒီလို မရိုးသားမှုတွေလုပ်လေ၊ သူလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ပျက်ပြားလေပဲ”ဟု ယင်းက ဆိုသည်။၏

ဦးအောင်သောင်းသည် ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုတွင် အဓိကပါဝင်ခဲ့သူတစ် ဦးဖြစ်ပြီး ပြည် တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း သိသာသည့် အကျိုးရလဒ်များ ရရှိခဲ့သည်ကို မတွေ့ရသည့်အတွက် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် မှ နှုတ်ထွက်ပေး သင့်ကြောင်း ပြည်သူအများစုက ဆိုသည်။

“သူတို့လည်းဗျာ ဆယ်သက်စားမကုန်အောင် ချမ်းသာနေတာ၊ ဘာကြောင့် အေးအေးဆေးဆေး မနေဘဲ ပြည်သူတွေကို ဒုက္ခဆက်ပေးနေတာလဲ မသိဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

သတင်း....Transparency Myanmar

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာလည်း သရုပ်ဆောင်သစ်သုံးမည်


ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေး ဆပ်ကော်မတီအဖွဲ့က ဒီဇင်ဘာ၁၃ရက်၊ မနက် ၉နာရီ က Sule Gallery houseမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲလေး လုပ်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ဦးမိုးသူ၊ဦးဇာဂနာ၊ဦးစိမ်းနီ၊ဦးမော်လင်း၊ ဦးဇင်ဝိုင်း၊ ဒါရိုက် တာမောင်မောင်ဦး (စနှိုးဝှိုက်)၊ လူမင်း၊ဝေဠုကျော်၊ထွန်းအိန္ဒြာဗို၊ အရိုင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ဥက္ကဋ္ဌ ဦးမိုးသူ၊ ဒုဥက္ကဋ္ဌ ဦးအောင်လွင်၊ အတွင်းရေး မှူး ဦးဇာဂနာ၊ တွဲဖက်အတွင်းရေးမှူး(၁)ဦးဇင်ဝိုင်း၊တွဲဖက်အတွင်းရေးမှူး(၂) ဒါရိုက်တာ ကြည်ဖြူသျှင်ဆိုပြီး အတည်ပြုခဲ့ကြပြန်ပါတယ်။

ဆက်လက်ပြီး သမိုင်းဆိုင်ရာပြု လုပ်ဖို့ ဆပ်ကော်မတီ၊ဇာတ်ညွှန်း ကော်မတီ၊ သရုပ်ဆောင်ရွေးချယ်ရေး ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ အယ်နီမေးရှင်းနဲ့ပတ်သက်တဲ့ ကော်မတီစတဲ့ ကော်မတီဖွဲ့စည်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
ကာ ကော်မတီအဖွဲ့များ အတည်ဖွဲ့တော့မှာ ဖြစ်ပါတယ်။ ဆပ်ကော်မတီအဖွဲ့ဝင် များအတွက် ရုံးခန်းကိုတော့ တော်ဝင်စင်တာမှာ အခန်းတစ်ခန်းယူပြီး ရုံးထိုင်တော့ မှာဖြစ်ပြီး၊ နောက်ပိုင်းတွေ့ဆုံဆွေးနွေးပွဲတွေ ကိုလည်း အဆိုပါရုံးခန်းမှာပဲ လုပ်တော့ မှာဖြစ်ပါတယ်။ ရုံးဖွင့်ပြီဆိုတာနဲ့ ဆပ်ကော်မတီအဖွဲ့တွေအပြင်၊ ရုံးအဖွဲ့သီးသန့်လည်း ထပ်ဖွဲ့မှာဖြစ်ပါတယ်။

မကြာခင်မှာလည်း ဆပ်ကော်မတီအဖွဲ့ ဝင်တွေက ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် စင်ကာပူမှာရှိတဲ့ စတူဒီယို တွေကို လေ့လာရေးခရီးထွက်ကြဖို့ စီစဉ်ထားကြောင်း၊ ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ကော်မတီ အဖွဲ့ဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ရှိကြောင်း၊ ရုံးဖွင့်ပြီဆိုတာနဲ့ ဗိုလ်ချုပ်ဇာတ်ရုပ်အတွက် သရုပ်ဆောင်အသစ်များကို အနယ်နယ်အရပ်ရပ်ကနေ လျှောက်လွှာ များခေါ်ယူတော့ မှာ ဖြစ်ကြောင်း၊ ဒေါ်ခင်ကြည်နေရာကိုလည်း သရုပ်ဆောင်သစ် ရှာမှာဖြစ်ကြောင်း ကော်မတီအဖွဲ့မှပြန်ကြားရေး တာဝန်ယူထားသူ ဒါရိုက်တာ ကြည်ဖြူ သျှင်ကပြောပါတယ်။

သတင်း.....ပေါ်ပြူလာဂျာနယ်

18 December 2011

၈၈ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ၏ (၅၀)နှစ်မြောက် မွေးနေ့ အမှတ်တရ သူ၏ ကိုယ်ရေးရာဇဝင်.။


k6
k7

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး သည် ယခုလက်ရှိ မိုင်းဆတ်

ထောင်ထဲတွင် နိုင်ငံရေး
အကျဉ်းသား တဦးအနေ နှင့် ဆက်လက် နေနေရဆဲ

ဖြစ်ပါသည်.။

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖွယ်ရှိ

လွတ်လပ်ရေးဗိသုကာ ဦးအောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်အဖြစ် တာဝန်ယူခဲ့သော ဒေါက်တာတင်မျိုးဝင်းသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း ဒေါက်တာတင်မျိုးဝင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လာမည့် ဒီဇင်ဘာလ ၂၄ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် NLD အနေဖြင့် ခေါင်းဆောင်များရွေးချယ်ပြီး နေပြည်တော်သို့ နေချင်းပြန်ခရီး သွားရောက်ကာ မှတ်ပုံတင်မည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုဒေါက်တာတင်မျိုးဝင်း ရွေးကောက်ပွဲဝင်မည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါက်တာတင်မျိုဝင်း ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်သည် ယခု စက်မှု (၁) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း မဲပုံးထောင်ခဲ့သည့် နေရာဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း NLD ပါတီနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။

NLD ပါတီ၏ ရုံးအဖွဲ့မှူးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်မှာ မန္တလေးတိုင်းတိုင်းဒေသကြီး မိထ္တီလာမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ၎င်းက ဆိုသည်။

သတင်း....Transparency Myanmar

NLD ပါတီ၏ ပညာရေးရန်ပုံငွေပွဲတော် ပြုလုပ်မည့်နေရာ ပြောင်းရွှေ့လိုက်ရ

ပြန်လည်ပြုလုပ်ခွင့်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်း ပွဲတော် ပြုလုပ်မည့်နေရာကို ပြောင်းရွှေ့လိုက်ရပြီဖြစ်ကြောင်း NLD မှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါပွဲကို သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာ ၁၅ရက်နေ့၌ပြုလုပ်မည်ဖြစ်သော်လည်း သက်ဆိုင်ရမှ ခွင့်မပြုသဖြင့် ယင်းအစီစဉ်ကို ဖျက်သိမ်း လိုက်ရကြောင်း ပွဲစီစဉ်သူထဲတွင်ပါဝင်သူ ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“သုဝဏ္ဏကွင်းမှာ အန်ကယ်တို့ ပွဲလုပ်မယ်ဆိုတော့ ဥပဒေကထပ်ထုတ်လိုက်တယ်။ ဘယ်အားကစားကွင်းမှ အားကစားပွဲကလွဲရင် ဘာပွဲမှ မလုပ်ရတော့ဘူးတဲ့” ဟု NLD မှ ဦးဝင်းထိန်က ပြောကြားသည်။

ယင်းပွဲကို MCC Hall တွင် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ပြုလုပ်သွားနိုင်ရန် စီစဉ်နေကြောင်း၊ ပြုလုပ်မည့်ရက် အတိအကျကို မသတ်မှတ်ရ သေးကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၎င်းအပြင် ဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော် IC တေးဂီတအဖွဲ့ကလည်း ဖျော်ဖြေပြီး ရန်ပုံငွေများကို ရှာဖွေပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောဆိုသည်။

NLD ပါတီသည် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်လိုက်ချိန်တွင် လိုအပ်လာသည် ရန်ပုံငွေများကို ရှာဖွေပေးနိုင်မည့် ရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းပွဲပြုလုပ်မည့်နေရာကို ရရှိထားပြီးဖြစ်သော်လည်း ပွဲခွင့်ပြုမိတ်ကို ခရိုင်အဆင့်မှရရှိထားပြီး တိုင်းအဆင့်မှ ခွင့်ပြုချက်ရရှိရန် ဆက်လက်ကြိုးစား နေကြောင်း သိရသည်။

လက်ရှိ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေချိန်တွင် အာဏာရှင်အစိုးရ လက်ထက်က ပြုလုပ်လေ့ရှိသော အထက်ပါ နှောက်ယှက်မှုမျိုးကို ပြုလုပ်မှုများ ပြန်လည်ပေါ်ပေါက်လားကြောင်း ၈၈မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ နာမည်ကျော် တရားဟောဆရာတော်နှစ်ပါးကိုလည်း နိုင်ငံရေး၌ ပါဝင်ပတ်သက်ခဲ့မှုကြောင့် နည်းအမျိုးမျိုးဖြစ်နှောက်ယှက်မှုများ ပြန်လည် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း... Transparency Myanmar