09 October 2010

မင်္ဂလာရှိသောသတင်းတပုဒ်မှာကဖြင့် စစ်အစိုးရ၀ါဒဖြန့် အနုပညာရှင်များအားလုံးကို အမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းလိုက်ပြီးတဲ့ရှင်.

ယမန်နေ့ညနေခင်း ရရှိသော သတင်းအရ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြည်ရေးဌာနက မြန်မာပြည်မှ ရောက်ရှိဖျော်ဖြေနေသော အိုဗေးရှင်းအဖွဲ့တခုလုံး၏ ဗီဇာကို ရုတ်သိမ်းကြောင်း ထုတ်ပြန်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည် သြဂုတ်လဆန်းကတည်းက ရောက်ရှိပြီး အမေရိကန်ပြည်အနှံ့ လှည့်လည်ဖျော်ဖြေမှု ပြုနေသော လူ ၁၀ ဦး ပါဝင်သည့် မြန်မာဂီတအဖွဲ့သည် စစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်နှင့်အတူ ပူးပေါင်းလှုပ်ရှားနေသည့်အတွက် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်မှုများ တောက်လျောက် ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံး အောက်တိုဘာ ၇ ရက်တွင် ၎င်းအဖွဲ့ကို ဗီဇာအာမခံပေးခဲ့သူ ဘုန်းတော်ကြီးကိုယ်တော်တိုင်က မေတ္တာရပ်ခံ၍ မရသည့်အဆုံး ရှေ့နေများနှင့်တိုင်ပင်ပြီး အာမခံမှုကို တရားဝင် ရုတ်သိမ်းကြောင်း အမေရိကန်အစိုးရထံ အကြောင်းကြားခဲ့ရသည်။

“ဒီနေ့မနက်ကတည်းက မေရီလင်းပြည်နယ်က အောက်လွှတ်တော်အမတ် Chris Van Holler ၊ အထက်လွှတ်တော်အမတ် Charles Schumer တို့ကိုယ်တိုင်က ကျနော်တို့ကို ခေါ်ယူပြီး မေးမြန်းစုံစမ်းတယ်။ ကျနော်တို့ကလည်း ဒီဂီတဖျော်ဖြေပွဲနဲ့ အမေရိကန်မြန်မာကွန်မြူနီတီရဲ့ ပဋိပက္ခတွေ၊ အချင်းချင်း အငြင်းပွားမှုတွေ ဖြစ်ရတာကို ပြောပြတာပေါ့နော်။ နောက်ဆုံး ၀ါရှင်တန်ဒီစီမက်ထရိုက မြန်မာတွေရဲ့ သဘောထား၊ ဗီဇာကို စပွန်ဆာပေးခဲ့တဲ့ ဆရာတော်ရဲ့ သဘောထားတွေကိုပါ ရှင်းပြတယ်။ အဲဒီနောက်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပြောဆိုကြတာတွေ အပြီးမှာ သူတို့အားလုံးကို အမေရိကန်အစိုးရက တရားဝင်ထုတ်ပေးထားတဲ့ P1 visa ပေါ့နော်၊ ဖျော်ဖြေရေးပြည်ဝင်ခွင့်ကို ဒီကနေ့မှာပဲ ရုတ်သိမ်းလိုက်ပြီဆိုပြီး အရေးယူလိုက်တယ် လို့ ကျနော့်ကို အကြောင်းကြားလိုက်ပါတယ်”

ဟု ယခုအရေးအခင်းတွင် မြန်မာမိသားစု အသိုင်းအ၀န်းများနှင့်အတူ ပါဝင်ဆောင်ရွက်နေသည့် ကိုညီညီအောင်က မိုးမခကို ပြောပြသည်။

ထိုသို့ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့်ကို ရုတ်သိမ်းလိုက်သည့်အတွက် ၎င်းတို့အားလုံးသည် တရားမ၀င်ဧည့်သည်များဖြစ် အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျင် ၎င်းတို့သည် တိုင်းပြည်မှ ချက်ခြင်း ထွက်ခွာကြရမည် ဖြစ်သည်။ မထွက်ခွာမီ ၎င်းတို့ရောက်ရှိရာတွင် ဒေသခံပြည်သူတို့က လက်မခံကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားပါက သက်ဆိုင်ရာတို့က ထိန်းသိမ်းပြီး မူလနိုင်ငံသို့ ထွက်ခွာစေရန် ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ ထို့အပြင် ထိုကဲ့သို့ အရေးယူခံရသူများကို နောင်တွင် အမေရိကန်ပြည်ဝင်ခွင့်ကိုလည်း အချိန်အကန့်အသတ်ဖြင့် ပိတ်လိုက်ပြီဖြစ်သည်ဟု သိရသည်။



“ကျနော်တို့ လက်ခံရရှိတဲ့ စာတွေအရ သူတို့အနေနဲ့ ဇူလိုင် ၁၂ ရက်စွဲနဲ့ ခွင့်ပြုထားတဲ့ ဧည့်ဗီဇာကို အာမခံလျောက်ပေးခဲ့တဲ့ အဖွဲ့က အောက်တိုဘာ ၈ ရက် နေ့စွဲနဲ့ ရုတ်သိမ်းကြောင်း တောင်းဆိုလာတဲ့အတွက် ဥပဒေနဲ့အညီ ထိုဧည့်ဗီဇာတွေကို ရုတ်သိမ်းလိုက်တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။ နံမည်စာရင်းတွေအရ - စိုးမိုး၊ မင်းမော်ကွန်း၊ ရဲလေး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းစုခိုင်သိန်း၊ အယ်လ်ဆိုင်းဇီ၊ ရေဘက္က၀င်း - အားလုံးပေါင်း ၁၀ ဦးစလုံးကို ဗီဇာရုတ်သိမ်းတယ်လို့ ရေးထားတယ်။ နံမည်ရင်းတွေနဲ့ ရေးထားတာကို ဖတ်ပြရရင် - Wyaw Min, Ye Tuk Min, D Myaing, May H Mu, Wyine Thein စတာတွေ ဖြစ်ပါတယ်။ ပြန်သွားပြီးသား လူတွေကိုကောပါ ဗီဇာရုတ်သိမ်းပြီး အရေးယူတဲ့ သဘောပေါ့နော်။ အမေရိကန်အစိုးရအနေနဲ့ အခုလိုမျိုး မြန်မာအမေရိကန်ပြည်သူတွေ ကိုယ်တိုင် အများစုက လက်မခံတဲ့ကိစ္စကို အစိုးရကိုယ်တိုင်လည်း လက်မခံဘူး ဆိုတာကို ပြသတဲ့ သဘောပါပဲ။”ဟု ကိုညီညီအောင်က ဖြစ်စဉ်ကို ပြောပြသည်။



ထိုသတင်းကို ကြားသိရသည့် ဆန်ဖရန်ဘေးဧရိယာနေ၊ အင်န်အယ်ဒီ (အဝေးရောက်နယ်မြေ) ၏ တာဝန်ခံတဦး ဖြစ်သူ ကိုတိုးလွင်က ၎င်း၏ သဘောထားကို ပြောကြားရာတွင် -“ဒီခရီးစဉ် စတင်ကတည်းက ကျနော်တို့မြန်မာကွန်မြူနီတီအတွင်းမှာ အချင်းချင်း ပြောဆို ဆွေးနွေးကြတာတွေ အကြိမ်ကြိမ်ရှိခဲ့တယ်။ ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံရေးရပ်တည်ချက်အရ ကန့်ကွက်ဆန္ဒပြရတာတွေကို လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။ မည်သူကိုမှ နစ်နာအောင် တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မရှိပါဘူး။ အမေရိကန်မြန်မာတွေရဲ့ သဘောထား၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ဒါတွေကို ဥပဒေနဲ့ အညီ စနစ်တကျ ရင်ဆိုင် တင်ပြနိုင်ခဲ့လို့ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့လို့ ပြီးတော့ စစ်အစိုးရကို နိုင်ငံရေးအရ ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒ ရပ်တည်ချက်တွေကြောင့် အခုလိုမျိုး အဖြေထွက်ပေါ်လာရတယ်လို့ ပြောချင်ပါတယ်”
ဟု ပြောဆိုလိုက်သည်။


မြန်မာစစ်အစိုးရသည် ၁၉၈၈ တွင် တိုင်းပြည်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ပြီင်္းသည့် အချိန်မှ စတင်ပြီး မြန်မာပြည်တွင်းတွင် စာပေ စာနယ်ဇင်း ရုပ်ရှင် သဘင် ဂီတ မီဒီယာများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သည့်အပြင် ၎င်းတို့၏ စစ်အာဏာရှင်ဝါဒဖြန့်ချိရေးအတွက် မီဒီယာကို ဘက်ပေါင်းစုံတွင် အသုံးချခဲ့သည်။ စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့် အနုပညာရှင်များကို မြန်မာပြည်တွင်းရှိ ပြည်သူများက အတိအလင်း ကန့်ကွက်ခြင်း မပြုနိုင်ခဲ့သော်လည်း ကျောင်းသားအရေးအခင်းများ ဖြစ်ပွားတိုင်း ကျောင်းသားများက ၎င်းအနုပညာရှင်များကို ထုတ်ဖော်ဝေဖန်ခဲ့ကြသည်များ ဖြစ်ပွားခဲ့သည်။ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီး ပြည်ပတွင် မြန်မာပြည်သူအများအပြား ရွှေ့ပြောင်းနေထိုင်လာကြရာ ယခုအချိန်တွင် စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ချိမှုများကို ကန့်ကွက်ရှုတ်ချကြောင်း လှုပ်ရှားမှုများ မြန်မာပြည်ပတွင် ပထမဦးဆုံးအကြိမ် အတိအလင်း ဖြစ်ပွားခြင်းဖြစ်သည်။

ယခု ၂၀၁၀ နိုဝင်ဘာလတွင် စစ်အစိုးရ၏ တဖက်သတ် စိတ်တိုင်းကျ ချယ်လှယ်ထားသည့်အတွက် အတိုက်အခံနိုင်ငံရေး အင်အားစုများက ဆန့်ကျင်သပိတ်မှောက်ထားသော ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေချိန်တွင် အမေရိကန်ရှိ ပြည်ပရောက် မြန်မာမိသားစု အသိုင်းအ၀ိုင်းများက စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်မှုများကို လက်မခံကြောင်း၊ ထိုအပြုအမူများကို အားပေးကူညီဆောင်ရွက်သည့် အနုပညာရှင်များကိုလည်း ဆန့်ကျင်ရှုတ်ချကြောင်း လှုပ်ရှားမှုတခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အခုလိုမျိုး အမေရိကန်ရောက် မြန်မာပြည်သူတွေရဲ့ ညီညွတ်တဲ့ သဘောထားကို တယောက်တလက်၊ ကိုယ်ထူကိုယ်ထ ပြသနိုင်တဲ့အတွက်ကော၊ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ ကိုယ်တိုင်ကလည်း တရားသဖြင့် ရပ်တည်ပေးကြတဲ့အတွက်ကော၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကိုယ်တိုင်က ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။”ဟု သတင်းကြားသိရသည့် အယ်လ်အေမြန်မာကွန်မြူနီတီက ကိုကျော်က မိုးမခသို့ ပြောကြားသည်။

ပေးပို့ ပေးသော ကိုမောင်ရစ်အားအထူးကျေးဇူးတင်ရှိပါသည်.။

မဟာရန်ကုန် ရဲ့ မြို့တော်ဝန်ကနေ တိရစ္ဆာန်စိတ်နဲ့ လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ ပြည်သူအများရွံ့ရှာမှုရှိနေဆဲကြံ့ဖွတ်ပါတီရဲ့သားသတ်ကောင်အဖြစ်ခံယူလိုက်ခြင်း



နအဖ လက်ကိုင်ဒုတ် အောင်သိန်းလင်းဟာ မြို့ တော်ဝန်ဘ၀နဲ့  ပြည်သူပိုင်ဘဏ္ဍာငွေတွေကို ထင်တိုင်းကြဲ၊ ဘုံးရုံတင်မက ပြည်သူတွေကို အမျိုးမျိုးသောအကြောင်းတွေနဲ့  အေးဓါးမြတိုက်ကာ ကိုယ်ကျိုးစီးပွားချမ်းသာကြွယ်ဝနေတဲ့အပြင် ၊ငွေကိုရေလိုသုံးပြီးယခုလည်းနအဖရဲ့ရွေးကောက်ပွဲမှာ ပြည်သူ့ ဘဏ္ဍာငွေတွေနဲ့ဘဲ၊ပြည်သူတွေကိုစည်းရုံးနေပါအုန်းမယ်။ထို့ကြောင့် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ နယ် ကြံဖွတ်ရုံးအနီးမှာ ကြီးမားတဲ့ နေအိမ်တိုက်ကို ဆောက်လုပ်ခဲ့ကာ မကြာခင်က ပြောင်းရွှေ့ နေထိုင်ကြောင်း သိရှိရပါတယ်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ နယ်က တိုက်သစ်၊နေအိမ်အသစ်ကို ပြောင်းရွှေ့ ရတဲ့ သူရဲ့ ရည်ရွယ်ချက်ကတော့ လာမည့် နိုဝင်ဘာလ (၇) ရက်နေ့ မှာ ကျင်းပမယ့် နအဖရွေးကောက်ပွဲအတွက် တောင်ဥက္ကလာပမြို့ နယ်တွင်း မဲအများအပြား ရရှိဖို့ အတွက် တောင်ဥက္ကလာပမြို့ နယ်ကြံ့ ဖွတ်ရုံးအနီးကနေ မဲဆွယ်ဆောင်ရွက်မှုတွေ အလေးပေးလုပ်ဖို့  ဖြစ်ကြောင်း သိရှိရပါတယ်။

တောင်ဥက္ကာပမြို့ နယ်နေ ပြည်သူအပေါင်းတို့ အနေနဲ့  ကြံ့ ဖွတ်အရေခြုံ ခွေးခြင်္သေ့ သားသတ်ကောင် တိရစ္ဆာန်စိတ်နဲ့ လူမျက်နှာတွေ အုပ်ချုပ်နေကြတဲ့ အောင်သိန်းလင်းကတော့ စားကျက်ပြောင်းလာပြီမို့  ရတဲ့နည်းနဲ့  ရှောင်ကြ၊ ရှာကြပါတော့ရှင်..။အထူးသဖြင့် အမျိုးကောင်းသမီးများ ပိုလိုတောင်ရှောင်သင့်ပါကြောင်း သတင်းပေးလိုက်ပါတယ်ရှင်..။

(သတင်းပေးပို့ လာသော မိတ်ဆွေတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)။

သံလျင်မြို့နယ်ရှိ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင် နေအိမ် အားအကြမ်းဖက်အနုကြမ်းစီးခံရ

သံလျင်မြို့နယ် ၊ ဓမ္မရောင်ခြည်လမ်းထဲမှာ ရှိတဲ့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇနီးအိမ်ကို မနေ့ည(၁၀)နာရီကျော်ကျော်လောက်တွင်ထိုအိမ်အား စာရေးဆရာကြီး၏ အမျိုးသမီး ဒေါ်နီနီခင်အသက် (၇၅) နှစ်အရွယ် တယောက်တည်းရှိနေစဉ် အမျိုးသား ဟာ အိမ်အတွင်းသို့ဝင်ရောက်လာပြီ အဘွားအိမ်အား မီးပြုပြင် ပေးမည်ဆိုပြီး အနုကြမ်းစီးသွားတာလို့ သတင်းရရှိပါသည်.။

အနုကြမ်းစီးတဲ့ သူက အိမ်အတွင်းမွှေနှောက်ပြီး ငွေသားများကိုရှာဖွေကာမတွေ့သဖြင့် အဘွားအိုဆီမှ တောင်းရမ်းခဲ့သည်လိုလည်းသိရှိခဲ့ပါသည်။စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်၏အမျိုးသမီးအားထိုသူမှာ“ခေါင်းကို အုတ်ခဲကျိုးနဲ့ထု၊ လည်ပင်းလဲ ညှစ်၊ ပါးစပ်လဲပိတ်၊ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ် ခဲ့ပါသည်.။ကိုယ်ထိလက်ရောက်ပြုလုပ်ခံထားရသော အဘွားအိုမှာ ဘာမှပြန်မလုပ်နိုင်ဘဲ ရရှိထားသောဒဏ်ရာကြောင့်သတိမေ့သွားစဉ် ထိုသူလဲ ထွက်ပြေးသွားဟုသိရပါသည်။ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၏အမျိုးသမီး မှာသတိရရချင်း အိမ်းဘေးနားမှလူများအား အကူအညီ
လှမ်းတောင်းပြီး သူ၏ ဒဏ်ရာများကြောင့် အိမ်နီးနားခြင်းများက နီးစပ်ရာ သံလျင်ဆေးရုံသို့ ပို့ပေးခဲ့ပါသည်။ အဘွားအိုမှာအသက်အရွယ်ကလည်းကြီးနေသောကြောင့် စိုးရိမ်ရသည်ဟုလည်းသိရှိရပါသည်။ ယခုတွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောတွင် တက်ရောက် ကုသနေရသည်။ိုထိုသတင်းအား ထပ်မံဖော်ပြပေးပါအုန်းမည်။

အေးချမ်းသာယာ ပြည်မြန်မာဆိုသော နအဖ ရွှေစစ်သားအာဏာပိုင်တွေရဲ့လက်သုံးစကားကတော့ အပြောနဲ့
လက်တွေ့မှာတော့ တခြားစီဆိုသလိုပါဘဲရှင်.။ပြည်သူတွေရဲ့ အသက်အိုးအိမ်ဆိုတာ ကျီးလန့်စာစာ နေနေရတဲ့
မြန်မာပြည်ကြီးပါဘဲလား.။ပြည်သူရဲ တွေလဲ ဘယ်တွေရောက်နေပါသလဲ။ ညကင်းစောင့်တဲ့ လုံခြုံရေးသမားကြီး တွေလည်း ဘယ်ပွဲတွေကိုက်နေကြသလဲဆိုတာတော့ မသိရပါလားရှင်.။ကိုယ်အိမ်တည်းမှာနေရတာတောင် လုံခြုံမှု မရှိတဲ့ တိုင်းပြည်ကြီးပါလားလို့တောင် ပြန်မေးရတော့မည်လား။

တိုင်းပြည်ကြီး သာယာဝ ပြောသည်ဟု ဆိုတဲ့ စကားကြီးကတော့ စာတမ်းတွေ မှာဘဲရှိပါတော့ တယ်ရှင်.။တိုင်းပြည်မသာယာလို့ မဝပြောလို့ ယခုလို ကိုယ့် မိဘအရွယ် တွေကိုယ်လည်း စော်ကားပြီး လုယက်မှုတွေ၊ပေါသထက် ပေါနေခြင်းပါလားရှင်.။တခါမှလည်းယခုလိုလုယက်မှု၊လူသတ်မှုများအား အာဏာပိုင်တွေရဲ့ သတင်းဌာနများတွင် တရားဝင်ဖော်ပြခြင်းမရှိခဲ့ပါဘူး။မရှောင်ယာတွေဆီလူးနေမည့် အစား ပြည်သူတွေအတွက် တကယ်လိုအပ်ချက်တွေသာ ဖြည့်စည်းလို့နေပါတော့လားရှင်..။

သတင်း ပေးပို့ ပေးသော မိတ်ဆွေအား ကျေးဇူးတင်ရှိပါသည်။

08 October 2010

၂၀၁၀ ခုနှစ် - နိုဘယ်ငြိမ်းချမ်းရေးဆုကိုတရုပ်လူမျိုးLiu Xiaobo ရရှိသွားပါသည်.။





၂၀၁၀ ခုနှစ် - နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိသူ တရုတ်အမျိုးသား Liu Xiaobo ဖြစ်ပါတယ်။ Liu Xiaobo ဟာ လူ့ အခွင့်အရေးနဲ့  ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ ဖြစ်ပါတယ်။

Liu Xiaobo ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထဲမှာ တရုတ်အစိုးရက ထောင်ဒဏ် ( ၁၁ )နှစ် ချမှတ်ခံခဲ့ရပါသည်။Liu Xiaobo ဟာ ၂၀၀၄ ခုနှစ်မှာ နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းမှုဆုကိုလည်း ရရှိခဲ့ပါသေးတယ်။




ဓာတ်ပုံ..AFP

န အ ဖ ရွေးကောက်ပွဲ ကော်မရှင်အား ရုပ်သံမှ ဟောပြောခွင့် တစ်သီးပုဂ္ဂလအမတ်လောင်းများ တောင်းဆို

နိုင်ငံရေး ပါတီများနှင့် တန်းတူအခွင့်အရေးအဖြစ် ရုပ်သံမီဒီယာများမှ ဟောပြောစည်းရုံးခွင့် ရရန်ရွေးကောက်ပွဲကော်မရှင်ထံ တစ်သီး ပုဂ္ဂလအမတ်လောင်းများက တောင်းဆို မည်ဖြစ်ကြောင်း သိရသည်။

တစ်သီးပုဂ္ဂလအမတ်လောင်း များမှာ လွှတ်တော်သုံးရပ်လုံးတွင် ၀င်ရောက် အရွေးခံမည်ဖြစ်ပြီး အမတ်လောင်း ၁၀၀ခန့် ရှိကာ စတုတ္ထအများဆုံးဖြစ်၍ ယင်းသို့ တောင်းဆိုခြင်းဖြစ်ပြီး ရုပ်သံမီဒီယာများမှ စည်းရုံးခွင့်မရပါက များစွာနစ်နာမှုရှိ ကြောင်း သိရသည်။

''တစ်သီးပုဂ္ဂလကလဲ အင်အား များပါတယ်။ ကိုယ်စားလှယ်ရာခိုင်နှုန်းနဲ့ တွက်ရင် စတုတ္ထအများဆုံးပါ။ လွှတ်တော် သုံးရပ်လုံးမှာ ၀င်ပြိုင်မှာဖြစ်လို့ ကျွန်တော် တို့ကို လျစ်လျူမရှုသင့်ဘူး။ တန်းတူအခွင့် အရေးတော့ ပေးသင့်တယ်။ ရုပ်သံက စည်း ရုံးမှုက ပိုပြီးထိရောက်မှုရှိလို့ ကျွန်တော်တို့ အတွက် အများကြီးနစ်နာပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့အချင်းချင်းတိုင်ပင် ပြီး လုပ်ဆောင်တာပါ''ဟု တစ်သီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာစိုးနိုင်ကပြော သည်။

ရုပ်သံမီဒီယာများမှ ဟောပြော ခွင့်ရရန် တစ်သီးပုဂ္ဂလအမတ်လောင်း ၁၅ ဦးက ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ တောင်းခံခြင်းဖြစ်ပြီး တစ်သီးပုဂ္ဂလများ အားလုံးကိုယ်စား ကိုယ်စားလှယ်တစ်ဦးကို ဟောပြောခွင့်ပြုပါက မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးပါတီများအား ၁၅မိနစ်ဟောပြော ခွင့်ပြုထားရာ ယင်းတို့အား ၁၀မိနစ်ခန့် စည်းရုံးဟောပြောခွင့်ပြုက လက်ခံမည်ဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၃၇ပါတီအား စက်တင်ဘာ ၁၄ရက်တွင် ရုပ်သံမီဒီယာများမှ စည်းရုံး ဟောပြောခွင့်ပြုကြောင်း သတင်းထုတ် ပြန်ခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ စက်တင်ဘာ ၂၄ရက်တွင် စတင် စည်းရုံးဟောပြောခဲ့ကာ ယင်းနေ့မှစ၍ နိုင်ငံရေးပါတီများအလှည့်ကျဟောပြော စည်းရုံးလျက်ရှိကြောင်း သိရသည်။


သတင်း...YGM

ဥပဒေမရှိတဲ့ မရဏမင်း





ဥပဒေမရှိတဲ့ မရဏမင်း


ရင်နှင့်ဖွယ် ဖြစ်ရပ်ကလေးတစ်ခု ။ ။ ၇.၁၀.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၉း၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်နေကွယ်လွန်သူဒေါ်အုံးရီအသက် (၆၇)နှစ် နှင့် သားဖြစ်သူဦးခင်ဦးအသက်(၄၈) နှစ်တို့၏ ရုပ်အလောင်းများကိုနာရေးကူညီမှုအသင်း(ရန်ကုန်)က အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများ၊ ၀န်ထမ်းများမှ နိဗ္ဗာန်ယာဉ် (၂) စီးဖြင့် သွားရောက် သယ်ဆောင်ကာကျီစုသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။

သားဖြစ်သူဦးခင်ဦးသည် B ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော (၅) ရက်ခန့်က သတိမေ့မျောနေကာမိခင်ကြီးဒေါ်အုံးရီ မှ အနီးကပ်ပြုစုစောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် (၂) ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူတစ်ဦးဖြစ်သည်။

မိခင်ကြီးဒေါ်အုံးရီသည် ( ၆.၁၀.၂၀၁၀ ) ရက်နေ့ကသားဖြစ်သူအား ရက်ရှည် ပြုစု စောင့်ရှောက် ပေးခဲ့ရသော်လည်းသားဖြစ်သူဦးခင်ဦးသည် သတိ ပြန်လည်ရရှိခြင်းမရှိသဖြင့် မိခင်မေတ္တာ၊သားသမီးဇော တို့ဖြင့် ပေါက်ကွဲပြီး သတိလစ်နေသောသားဖြစ်သူအားလှုပ်ရမ်းကာ “သားမောင်ခင်ဦး သားလေးမောင်ခင်ဦး” ဟု နှစ်ခွန်းသာခေါ်ဆို ၍ နှလုံးဖောက်ပြန်ပြီး ဘ၀တပါးသို့ ည (၆း၀၀) နာရီတွင် ကွယ်လွန်သွားရှာခဲ့သည်။

သားဖြစ်သူဦးခင်ဦးသည် မိခင်၏ အော်ခေါ်မှုတို့ကို ကြား၊ မကြားတော့ မသိ။ ည (၈း၀၀) နာရီတွင် မိခင်ကြီးဒေါ်အုံးရီနောက်သို့ လိုက်ပါသွားတော့သည်။ ကျန်ရစ်သူဇနီးနှင့် သမီးငယ်လေး နှစ်ယောက်တို့သည် လောကကြီးအလယ်တွင် ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ဘ၀ဖြင့် ကျန်ရစ်ခဲ့တော့သည်။

ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိသည့် နေ့ရက်၊ အချိန်ကာလများမတူညီကြသော်လည်းကမ္ဘာ မြေပြင်မှ ပြန်လည်ထွက်ခွာသွားချိန်တို့သည် အဘယ်ကြောင့် တူညီတိုက်ဆိုင်နေကြပါသလဲဟူ၍ တွေးမိတော့သည်။

ထို့ကြောင့် မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစားမခွဲ။ အချိန်ကာလသတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာမိတ်ဆွေရန်သူမခွဲချေ။ အာဏာကိုရူးသွပ်သူများ၊ ဥစ္စာပစ္စည်းမက်မောသူများ၊ မိဘ၊ ဆရာ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းစသဖြင့် သံယောဇဉ် တွယ်တာသူများအဖို့ သံဝေဂရသင့်ပြီ ဖြစ်သည်။ ဥပဒေမရှိတဲ့ မရဏမင်း၊ လူတန်းစားမခွဲခြားတဲ့ မရဏမင်း၊ အသက်ကြီးငယ်မရွေးခေါ်ဆောင်တတ်တဲ့ မရဏမင်းနှင့် မတွေ့ခင် စပ်ကြားသီလလုံခြုံရန်၊ မေတ္တာလွှမ်းခြုံ၍ လောကကောင်းကျိုးထမ်းဆောင်ပေးရန်၊ သရဏဂုံတည်မြဲရန် အရေးကြီးလှပါပေသည်။


မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊
နာလည်းနာနိုင်သည်။
မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊
သေလည်းသေနိုင်သည်။
ငါသည်မုချ သေရမည်။
အချိန်အနည်းငယ်သာလိုတော့သည်။
အသေမဦးခင် - ဥာဏ်ဦးအောင်၊
တရားအားထုတ်ကြပါလော့။
(မိုးကုတ်ဆရာတော်ဘုရားကြီး သြ၀ါဒ)

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူး တင်ရှိပါသည်.။

ရန်ကုန်-ကျောက်ဖြူလမ်းပိုင်းရှိ ခွေးတောက်ချောင်းတံတား ထပ်မံကျိုးကျ


ရန်ကုန်-ကျောက်ဖြူလမ်းပိုင်းရှိ မအီတောင်ကုတ် လမ်းပိုင်းအတွင်းရှိ ခွေးတောက်ချောင်းတံတားပေါ်မှ ဆယ်ဘီး ယာဉ်တစ်စီးနှင့် သယ်ဆောင်လာသော မြေတူး၊ မြေကော်စက် ယာဉ်ကြီးတစ်စီးတို့ ဖြတ်သန်းမောင်းနှင်စဉ် ကျိုးကျသွားကြောင်း သိရသည်။

ခွေးတောက်ချောင်းတံတားမှာ တောင်ကုတ်မြို့နယ်၊ မအီ မြို့ မော်စံပြရွာရှိ လ၀ူးချောင်းတံတားအနီးတည်ရှိကာ ပေ ၁၅၀ ရှည်သော ဘေလီသံပေါင်သစ်သားကြမ်းခင်းတံတားဖြစ်ကြောင်း နှင့် စက်တင်ဘာ ၂၈ရက် နံနက် ၉နာရီ၄၅မိနစ်တွင် မြေတူး ယာဉ်တင်ဆောင်လာသော ဆယ်ဘီးကားက မအီမြို့ဘက်မှ လ၀ူးဖော်ရွာ(တောင်ကုတ်မြို့)ဘက်သို့ ဖြတ်သန်းမောင်းနှင်စဉ် ကျိုးကျခြင်းဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ၁၃တန်ဖြစ်ကြောင်း သိရသည်။

''မနှစ်ကလဲ ဒီတံတားရဲ့ ဒီနေရာကပဲ နစ်ဆန်းကင်တာ ခြောက်ဘီးတစ်စီးကျိုးကျခဲ့တယ်။ ဒီတံတားကျိုးတာ သုံးလေး ကြိမ်ထိရှိသွားပြီ။ ဖြစ်လိုက်ရင် အခုလိုကြီးကြီးမားမားပဲ၊ ဒါပေမဲ့ ကံကောင်းတာက လူအထိအခိုက်မရှိခဲ့ဖူးဘူး''ဟု မထသလိုင်း ခွဲ(၂)မှ ကော်မတီဝင်တစ်ဦးက ပြောသည်။

သတင်း..YGM

ဟူးကောင်းတောင်ကြား ဒေသခံတို့ လယ်မြေ အသိမ်းခံရ


ကချင်ပြည်နယ် တနိုင်း ဟူးကောင်းချိုင့်ဝှမ်းက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို ယုဇနကုမ္ပဏီရဲ့ လုပ်ငန်းတိုးချဲ့မှုမှာ မတရား သိမ်းယူခံထားရတဲ့အတွက် ဒေသခံတွေ တရားစွဲဆိုထားသူတွေ အခု ထပ်တိုးလာနေပါတယ်။ အဓမ္မ လယ်ယာမြေ သိမ်းယူမှု ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်တဲ့အတွက် တရားစွဲသူတွေ ထပ်တိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာအမှုတွေနဲ့ ဘယ်လို ထပ်ပြီး တရားစွဲဆိုထားတယ်ဆိုတာ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နူးပန်က တင်ပြထားပါတယ်။

စစ်အစိုးရနဲ့ ပူးပေါင်းပြီး တနိုင်း ဟူးကောင်းချိုင့်ဝှမ်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ကို သူ့ရဲ့ စိုက်ပျိုးရေးနယ်မြေ ချဲ့ထွင်ရာမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို မတရား သိမ်းယူမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက တရားစွဲဆိုထားတာပါ။

ယုဇနကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကြောင့် အဆိုးဝါးဆုံး ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဟူးကောင်းတောင်ကြား ကျေးရွာ ၅ ရွာက လယ်သမားတွေ ၁၀၀ ကျော် လျော်ကြေးရဖို့အတွက် စက်တင်ဘာလကတည်းက မြစ်ကြီးနားမှာ လျှောက်ထားခဲ့ရာကနေ အခု လျော်ကြေးတောင်းသူတွေ ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဘယ်လိုအမှုတွေနဲ့ ဘယ်လောက် ထပ်တိုးလာတယ် ဆိုတာကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လယ်သမားတွေအတွက် ကူညီပေးနေသူ ရှေ့နေ ဦးမြင့်သွင်က အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ နောက်ထပ် တိုးပါသေးတယ်၊ ရွာတွေ၊ ရွာသစ်တွေကရော ဒီ ယုဇနကုမ္ပဏီက ရွာတွေဖျက်ပြီးတော့ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ အဖျက်ခံရတဲ့ ပုဂ္ဂိုလ် နောက်ထပ် အယောက် ၃၀ ရှိသေးတယ်ခင်ဗျ။ ဘာလျော်ကြေးမှ မရသေးသူတွေလို့ ပြောပါတယ်။ သူတို့အနေနဲ့ ကျနော်တို့ ထပ်ဆွဲပေးဖို့လည်း ပြင်ဆင်နေပါတယ် ခင်ဗျ။ အခုဆိုလို့ရှိရင် ၁၇ ယောက် တသုတ်ရယ်၊ အယောက် ၂၀ တသုတ်ရယ်၊ နောက်ထပ်အယောက် ၃၀ တသုတ်ရယ် ပေါ်နေပါတယ်ခင်ဗျ။”

တရားပြိုင်ဘက်ကတော့ ဦးဌေးမြင့် နာမည်ကို အသုံးပြုပြီး တရားမစွဲဘို့ တင်ပေမဲ့ ဒေသခံတွေကတော့ ဥက္ကဋ္ဌတယောက် အနေနဲ့ တာဝန်ရှိသူဖြစ်တယ် ဆိုပြီး လူတွေ ထပ်တိုးပြီး တရားစွဲလာကြတာပါ။ စွဲဆိုခွင့်အတွက် ကိစ္စတွေကို ထပ်ပြီး တရားပြိုင်ကို ခေါ်ထားဆဲဖြစ်ပြီး နောက်ထပ် အယောက် ၃၀ အမှုတင်ထားတာ မတင်ဖြစ်သေးတဲ့အတွက် လာမယ့် တနင်္လာ၊ အင်္ဂါလောက်မှ ပြန်တင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ကျနော်တို့ နောက်ထပ် ချိန်းထားတာက ၇ ရက်နေ့ကို တမှု ချိန်းထားပါတယ်။ ၁၂ ရက်နေ့ကို တမှု ချိန်းထားပါတယ်။ ဒီနစ်နာကြေးတွေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေတွေနဲ့ ပတ်သက်တဲ့ နစ်နာကြေးတွေ ဆွဲထားတဲ့ တပြားမှ နစ်နာကြေး မယူရသေးတဲ့ ၁၇ ယောက်က ဆွဲတာ တမှု၊ ဘာမှ မယူရသေးတဲ့ အယောက် ၂၀ က ဆွဲထားတာ တမှု၊ အဲဒီနှစ်မှုကို ၇ ရက်နေ့တချိန်း၊ ၁၂ ရက်နေ့တချိန်း၊ တရားပြိုင်လာဖို့ ချိန်းထားပါတယ် ခင်ဗျ။”

အခုလို တရားစွဲဆိုရာမှာလည်း အဝေးက ရောက်လာကြတဲ့ ဟူးကောင်း ဒေသခံတွေကို စိတ်ပျက်သွားအောင် ရုံးချိန်းရက်တွေ ကြန့်ကြာအောင် လုပ်နေတယ်လို့ ဒေသခံတွေကို စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီပေးနေသူ ဒေါ်ဘောက်ဂျာက အခုလို ပြောပါတယ်။

“ဒီကိစ္စကတော့ သူတို့လည်း တောင်သူတွေကို ညစ်ပတ်တာလည်း ပါတာပေါ့လေ။ တောင်သူတွေ ဒုက္ခရောက်အောင်၊ စိတ်ကုန်သွားအောင်၊ အမျိုးမျိုး လုပ်နေတဲ့ ပုံစံမျိုးလည်း ပါတယ်။ ပြီးတော့ ဒီကြားထဲမှာလည်း တောင်သူတွေကို ရွာတွေမှာ လိုက်ညှိတာလည်း ရှိတယ်။ ပိုက်ဆံယူမလားပေါ့။ အဲဒီလို ပိုက်ဆံအထုတ်လိုက် ပေးပြီးတော့ ထုတ်ပေးမယ် ဆိုပြီးတော့လည်း လုပ်သေးတယ်။ တချို့လည်း ခြိမ်းခြောက်တာလည်း ရှိသေးတယ်။ ပြီးတော့ အခုလည်း ရုံးချိန်းကို သုံးရက်ချိန်းလိုက်၊ လေးရက်ချိန်းလိုက်၊ အမျိုးမျိုး လှည့်ပတ်လုပ်နေတာက သူတို့ရဲ့ သက်သက် ညစ်ပတ်တဲ့ပုံစံပဲ။”

ဒေသခံတွေရဲ့ လယ်ယာမြေတွေကို အဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မရောင်းမနေရ ခြိမ်းခြောက်မှုတွေနဲ့ သိမ်းယူထားတာတွေရှိပြီး တချို့ကိုတော့ ပေါက်ဈေးထက် အဆမတန်လျှော့ပြီး တဧကမှာ ကျပ် ၈၀,၀၀၀ နဲ့သာ ချပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုရက်ပိုင်းမှာလည်း ယုဇနကုမ္ပဏီ ဝန်ထမ်း ၅ဝဝ ခန့်ကို တနိုင်းဒေသ ကွပ်ကဲမှုဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ် ကြီးကြပ်မှုနဲ့ ယုဇန ကုမ္ပဏီရုံးမှာ ပြည်သူ့စစ် သင်တန်းပေးပြီး လက်နက်တွေ ထုတ်ပေးခဲ့တဲ့အတွက် ဒေသခံတွေ ထိတ်လန့်နေတယ်လို့ ပြောပါတယ်။

အခုလို အခက်အခဲကြားမှာ ဒေသခံတွေ အနေနဲ့ တရားစွဲဆိုနေရတဲ့အတွက် ပြသနာတွေ ရှိပေမဲ့ အောင်မြင်အောင် လုပ်ဆောင်သွားမှာ ဖြစ်သလို မအောင်မြင်ခဲ့ဘူး ဆိုရင်လည်း အထက်ကို ဆက်တက်သွားမှာ ဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ယုဇန ကုမ္ပဏီက ကြံနဲ့ ပလောပီနံ စိုက်ပျိုးရေးအတွက် ချဲ့ထွင်ထားတဲ့ မြေတွေဟာ ဘိုးဘွားစဉ်ဆက် မိသားစုပေါင်း ၂,ဝဝဝ ကျော် လုပ်ကိုင်လာခဲ့တဲ့ မြေစုစုပေါင်း ဧက ၄၀၀,၀၀၀ ကျော် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လယ်သမားတွေအတွက် နေ့စဉ် စားဝတ်နေရေး လှုပ်ရှားတဲ့ ဘဝတွေ ပျက်စီးသွားခဲ့ရုံသာမက နေအိမ်တွေလည်း ပြောင်းရွှေ့ခံရပြီး ဆက်လက် လုပ်ကိုင်စားသောက်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်ကတည်းက တနိုင်း ဟူးကောင်းချိုင့်ဝှမ်းမှာ ၀င်ရောက်လာတာဖြစ်ပြီး အဲဒီအချိန်ကတည်းက စလို့ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူမှု ပြဿနာတွေ ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။

သတင်းရင်းမြစ်..VOA

ကျွန်တော်သိတဲ့ ‘အန်ကယ်’ရဲ့ သမိုင်းဝင် ပုံရိပ်အချို့


၁၉၈ဝ ခုနှစ်တစ်ဝိုက်မှာ ကျွန် တော်ဟာ ကျောင်းနေဖက် တက္ကသိုလ်သူငယ်ချင်း အသိုင်း အဝိုင်းနဲ့ အတော်ကင်းကွာနေပြီ။ ကျွန်တော်က ကျွန်တော့်အတွေး အခေါ် မျက်နှာမူရာနောက်ကို တစိုက်မတ်မတ် လျှောက်နေခဲ့ တယ်။ အဲဒီကာလတွေအတွင်း ဆရာဒဂုန်တာရာဆီကို မကြာ မကြာ ရောက်ဖြစ်တယ်။ တစ်နေ့ ဆရာတာရာ့ ဆီကို ရောက်စဉ် တရုတ်နိုင်ငံသွားဖူးတဲ့ ဆရာ့ထံမှာ ‘ စစ်ပြီးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး’ စာတမ်းအတွက် အကူအညီတောင်း၊ လာရောက် လေ့လာတဲ့ သမိုင်း ဌာနက ကျွန် တော့်မိတ်ဆွေ MASTER ကျောင်း သားအကြောင်း စကားစပ်မိတယ်။

ဆရာက အဲဒီစာတမ်းပြည့်စုံအောင် ရုပ်ရှင်မင်းသား ကိုမြတ်လေး၊ ဒေါ် ခင်နုနဲ့ ဦးအုန်းမြင့်တို့ဆီကိုပါ သွား ရောက်မေးမြန်းရေးသားဖို့ စာရေး ပေးလိုက်ကြောင်း ပြောပြတယ်။ ကျွန်တော်က သခင်အုန်းမြင့်ကို ဗမာ့ခေတ် ဦးအုန်းခင်နဲ့ မှားပြီး ပြောမိ တယ်။ ”ကျွန်တော်ပြောတာ က တိုးတက်ရေးဦးအုန်းမြင့်ဗျ” လို့ ဆရာကပြောမှ ခပ်ဝါးဝါးသိသလို ဖြစ်တယ်။ ကျွန်တော်က ၁၉ နှစ် လောက်အထိ တောမှာကြီးတဲ့ အကောင် ဆိုတော့ တိုးတက်ရေး သတင်းစာကို မသိ၊ မမီလိုက်။

ကျွန် တော်တို့ရွာကိုလည်း သတင်းစာ အရောက်အပေါက်နည်းတာကိုး။ ဒီတော့ ဆရာက ”အခု ဘီဘီစီ မှာ အင်္ဂလိပ်စာပို့ချချက် အသံလွှင့်တဲ့ ကိုအောင်ခင်ရဲ့ အဖေလေဗျာ”လို့ ဆိုတယ်။ ဖရက်ဒီအုန်းမြင့်(ခေါ်) ကျွန် တော့်သူငယ်ချင်းအောင်ခင် ဘီဘီစီ မှာ အလုပ်ရပြီး အသံလွှင့်နေတာ ကို သိသလို၊ သူ့အသံကို ဘီဘီစီ ဖွင့်တိုင်း ကြားနေခဲ့တယ်။ သူနဲ့ ကျွန်တော်က တက္ကသိုလ်ကို တစ် နှစ်တည်းမှာ ရောက်ကြပြီး ‘ဂီးလ် ဘတ်မြင့်ဆွေ’ (ဂျပန်ခေတ် ဆေးရုံ ကြီးပေါ်ဝယ် စာအုပ်ရေးတဲ့ ဆရာဝန် ကြီး ဦးမြင့်ဆွေ၏သား) ကြားခံပြီး သိကျွမ်းရင်းနှီးခဲ့တယ်။ သူက လမ်း ၅ဝ ဘက်မှာနေပြီး ကျွန်တော်က သံလျက်စွန်းမှာ နေတယ်။ အတော် ရင်းနှီးကြပေမယ့် သူ့မိဘကို ဘယ် သူဘယ်ဝါမှန်း ကျွန်တော်မသိခဲ့။

ဆရာတာရာပြောပြမှ သခင်အုန်းမြင့် ဟာ ကျွန်တော့် သူငယ်ချင်း ရဲ့ ဖခင် မှန်း ကျွန်တော်သိတယ်။ ဒါဟာ သခင်အုန်းမြင့် (ခေါ်) တိုးတက်ရေး ဦးအုန်းမြင့်ရဲ့အမည်ကို ကျွန်တော် ပထမဦးဆုံး ကြားသိခဲ့ရဖူးခြင်း ဖြစ်တယ်။ ကျွန်တော်တို့ထဲက လူတချို့ က သခင်အုန်းမြင့်ကို အဘဦးအုန်း မြင့်လို့ ခေါ်ကြတယ်။ ကျွန်တော်က ‘အန်ကယ်’ လို့ပဲ ခေါ်ပြောတယ်။ ‘အန်ကယ်’ လို့ စခေါ်ရတဲ့ကာလ ဟာ သူ့အမည်ကို ကြားသိရပြီး နောက် ၁ဝ နှစ်အကြာ ၁၉၉ဝ ခုနှစ် အစောပိုင်းကာလတွေမှာ ဖြစ်တယ်။ ထိုစဉ်က ကျွန်တော်တို့ လူတွေ အယောက် ၁ဝဝ ကျော်လောက် တစ်နေရာတည်းမှာ စုနေကြရတဲ့ အချိန်။ အဲဒီထဲမှာ အန်ကယ်လည်း ပါတယ်။ ကျွန်တော်ပြောပြလို့ ကျွန် တော့်ကို ‘ဖရက်ဒီ့’သူငယ်ချင်းမှန်း သိသွားတယ်။

ကျွန်တော်နဲ့ အန်ကယ် စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ပြောဖြစ်တယ် ဆိုတာက အန်ကယ်ပြောပြတာကို ကျွန်တော် နားထောင်ခဲ့ရတာက ၈ဝ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အန်ကယ်က သူဖြတ်သန်းခဲ့တဲ့ သမိုင်းခေတ်တွေထဲက သမိုင်းအဖြစ် အပျက်တွေကို ပြောပြတယ်။ ကျွန် တော်က ကျွန်တော် မှတ်ဖူးတဲ့ စာအုပ်တွေထဲက သမိုင်းအပိုင်းအစ လေးတွေနဲ့ ချိန်ထိုးပြီး အန်ကယ် ပြောသမျှကို မှတ်သားရတယ်။ အန်ကယ့်မှာ စာတွေ့လက်တွေ့ အတွေ့အကြုံ တစ်ပုံတစ်ပင် ကြီး ရှိနေတယ်။ အန်ကယ့်ထံမှ ဆည်း ပူးလို့မှ အားမရခင် တစ်ရက် အန်ကယ် တစ်နေရာကို ပြောင်း ရွှေ့သွားတယ်။မကြာခင် အန်ကယ် ဆေးရုံတက်ရတယ်လို့ သိရတယ်။

ကျွန်တော်တို့တစ်တွေ အန်ကယ့် အတွက် စိုးရိမ်ခဲ့ကြတယ်။ အန်ကယ့်ကျန်းမာရေးကို ကိုယ့်မိဘ ရဲ့ကျန်းမာရေးကဲ့သို့ ပူပန်မိခဲ့ကြ တယ်။ ၂ ရက်လောက် အကြာမှာ သခင်အုန်းမြင့် ဆေးရုံမှာဆုံးသွားပြီ ဆိုတဲ့သတင်း လွင့်ပျံ့လာတယ်။ ကျွန်တော်တို့တစ်တွေ ယူကျုံးမရ ဝမ်းနည်းကြရပြီပေါ့။ အဲဒီအချိန်က ကျွန်တော်တို့ အားလုံးဟာ ညစဉ်ညတိုင်း တစ် ယောက်တစ်လှည့် သီချင်းတစ်ပုဒ်စီ ပျော်ပျော်ပါးပါး ဆိုနေခဲ့ကြတဲ့အချိန်။ အန်ကယ့်သတင်းဆိုးကို ကြားရတဲ့ အချိန်မှာ အန်ကယ့် အတွက် ဝမ်း နည်းခြင်းအထိမ်းအမှတ်အဖြစ် သီချင်းအဆို တစ်ညရပ်ဖို့ ကျွန် တော်က မေတ္တာရပ်ခံတယ်။ အား လုံးကလည်း သဘောတူတယ်။ နောက် တစ်ရက် အကြာမှာ ကျွန် တော့်ဆီကို ဆေးပြင်းလိပ် အလိပ် ၅ဝ လူကြုံနဲ့ ရောက်လာတယ်။ သူ မသေကြောင်း၊ သူ့အပေါ် အလေး အနက်ထားတဲ့အတွက် ကျေးဇူး တင်ကြောင်း အန်ကယ့်စကားလည်း ပါလာတယ်။

ဒီတော့ ကျွန်တော်တို့ အားလုံး အန်ကယ့်အတွက် ဝမ်း သာပျော်ရွှင်ခဲ့ရပြန်တယ်။ ကောလာ ဟလ ပြာပုံထဲက ထပျံသန်းတတ် တဲ့ ‘အန်ကယ်မီးငှက်’။ ခုတော့ အန်ကယ်က လမ်းခု လတ်မှာ တကယ့်ကို တာဝန်ကျေ စွာနဲ့ ကျွန်တော်တို့ကို ကျောခိုင်း ထွက်ခွာသွားခဲ့ပြီ။ တစ်နည်းဆိုရရင် ကျွန်တော်တို့ ကို စိတ်ချသွားခဲ့ပြီ။ ကြယ်တစ်စင်း ကြွေတိုင်း အလင်း တစ်စနဲ့ လမ်းပြခဲ့သည်မဟုတ်လား။ ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက် နံနက် ၄ နာရီလောက်မှာ ဝါရင့် နိုင်ငံရေးသမားကြီး၊ သမ္ဘာရင့် သတင်းစာဆရာကြီး တိုးတက်ရေး ဦးအုန်းမြင့် (ခေါ်) သခင်အုန်းမြင့် သို့မဟုတ် ကျော်လင်းစာပေတိုက် ပိုင်ရှင် ကွယ်လွန်ခဲ့တာဟာ မိုး သောက်ကြယ် တစ်စင်း ကြွေလင့် သလိုပင်။

အန်ကယ် ကွယ်လွန်တဲ့ သတင်းကို နေ့လယ် ၂ နာရီမှာ ကျွန်တော် ရတယ်။ အန်ကယ့်ကို ရက်မကူးခင် ဂါရဝပြု ကန်တော့ ဖို့ ၄ နာရီမှာ အန်ကယ့်အိမ်ကို ကျွန်တော် ရောက်သွားတယ်။ အန်ကယ်က စူနီယံပတ်ခ်အိမ်မှာ မရှိတော့။ ကျွန်တော်ဟာ ကုလားထိုင် ပေါ်မှာထိုင်ရင်း တခြားဧည့်သည် တွေနဲ့ စကားပြောနေသော်လည်း ကျွန်တော့်အတွေးက လွန်ခဲ့တဲ့ ၂ လ ဇူလိုင်လလယ်ပိုင်း ရက်တစ် ရက်ဆီကို ရောက်နေတယ်။ အန် ကယ်သက်ရှိထင်ရှားရှိစဉ် ကျွန် တော် နောက်ဆုံး ဦးချကန်တော့ ခဲ့တဲ့နေ့။ အန်ကယ့်ခန္ဓာကိုယ်က အရိုးပေါ်အရေတင် ဖြစ်နေတယ်။

သို့သော် သူ့အခန်းက အထွက်မှာ ကျွန်တော်သွားတွဲတော့ အန်ကယ် က ”ရတယ်..မတွဲနဲ့..မတွဲနဲ့” လို့ ပြောတယ်။ ကျွန်တော့်ကို တွေ့ချင် လို့ လူ ၂ ယောက်၊ ၃ ယောက် လောက်နဲ့ မှာနေခဲ့တာ။ ၃ ပတ် လောက်ရှိပြီ။ ကိစ္စက ကျွန်တော် အန်ကယ့်ကို မေးမြန်းခဲ့ဖူးတဲ့ကိစ္စ။ ဟိုးလွန်ခဲ့တဲ့အချိန်က ကျွန်တော် ဖတ်ဖူး မှတ်ဖူးသလိုလိုရှိတဲ့ ‘၃ဝ၃ ဘားဟုမ်း’ ဆိုတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန စာနံပါတ် ကို ကျွန်တော် က ဝေဝေဝါးဝါး ဖြစ်နေခဲ့တယ်။ ဒီ အကြောင်း အန်ကယ့်ကို မေးကြည့် ဖူးခဲ့ပေမယ့် ကျွန်တော်ရော အန်ကယ်ပါ မေ့မေ့ပျောက်ပျောက် ရှိခဲ့ကြတယ်။

ဒီစာက ၁၉၄၇ ခုနှစ်အတွင်း စစ်ကိုင်းမြို့မှာ ပြုလုပ်တဲ့ အထက်မြန်မာနိုင်ငံ နယ်ပိုင်ကြီးများ အစည်းအဝေး နှင့် ၄င်းနှစ် နှစ်ကုန်ပိုင်းလောက် မှာ တွံတေးမြို့မှာ ပြုလုပ် တဲ့ အောက်မြန်မာနိုင်ငံ နယ်ပိုင်ကြီး များ အစည်းအဝေးတို့ကို ပေးပို့ တဲ့ ‘ပြည်ထဲရေး’ ရဲ့စာ။ အဲဒီ စာရဲ့အကျိုးဆက်ကြောင့် နောက် နှစ် ၁၉၄၈ ခုနှစ်အတွင်းမှာ မြန်မာ တစ်နိုင်ငံဟာ ငါးပါးသာမက သံဃာ စင်ပါမှောက်ခဲ့ရတယ်လို့ ဆိုရ လောက်တယ်။ ပြည်သူလူထုဆန္ဒမဲ ဖြင့် တိုင်းပြုပြည်ပြု လွှတ်တော်တွင်း မှာ တရားဝင် အတိုက်အခံ လူနည်း စု အမတ်အဖြစ် ရပ်ခံနေတဲ့ ကွန်မြူ နစ်အမတ်တွေထဲက အချို့လည်း ကိုယ်လွတ်ပြေးခဲ့ရတယ်။

အထက်ပါ စာနံပါတ်ထဲက ‘ဘား’ ဆိုတာကို ‘BAR’ သို့မ ဟုတ် STROKE လို့ ကျွန်တော် က ထင်မှားခဲ့တယ်။ အန်ကယ်နဲ့ နောက်ဆုံးတွေ့တဲ့ ထိုနေ့က အန်ကယ်က ကျွန်တော့်ကို ‘ဘား’ ဆိုတာ BUR ကို ပြောတာဗျ လို့ ပြောပြတယ်။ အဲဒီ စာလုံးတစ်လုံး ထောက်ပြလိုက်မှ ကျွန်တော် ရှင်း သွားတယ်။ ဒီစာနံပါတ် က ‘303/BUR HOME ‘ ဆိုတာကို ကျွန်တော် သဘောပေါက် သွား တယ်။ အန်ကယ်နဲ့တွေ့ချိန် သိပ် မကြာ။ အန်ကယ့်ကျန်းမာရေး အတွက် အန်ကယ့်ကို နားနားနေနေ အနားယူ စေချင်တဲ့ဆန္ဒနဲ့ ချက်ချင်းပဲ ကျွန်တော် ပြန်ချလာခဲ့တယ်။

အန်ကယ်နဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ၊ အလေးအနက် ထား မှတ်သားအတုယူစရာတွေ တစ်ပုံတစ်ပင်ကြီးရှိတယ်။ မှတ်သား အတုယူစရာတွေ များလောက် အောင်လည်း အန်ကယ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးကာလ၊ ဂျပန်တော် လှန်ရေးကာလ၊ ကကျစ်ဘီခေတ်၊ တိုင်းပြုပြည်ပြု လွှတ်တော်ခေတ်၊ ဖဆပလခေတ်၊ အိမ်စောင့်အစိုးရ ခေတ်၊ ပထစ ၂ နှစ်တာခေတ်၊ မဆလခေတ်၊ ၁၉၈၈ ခုနှစ် ဒီဘက် ပိုင်းခေတ်များအထိ နိုင်ငံရေး ရေစီး ကြောင်းအတွင်း အောက်ရေတိုးတဲ့ ရေစီကြောင်းမှာ ရော၊ အပေါ်ရေစီး တဲ့ ရေစီးကြောင်းမှာပါ ထဲထဲဝင်ဝင် ရှိခဲ့တဲ့ ဝါရင့်နိုင်ငံရေး သမားကြီး မဟုတ်ပါလား။

၂ဝဝ၈ ခုနှစ် ဇွန်လ ထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာပါတဲ့ အန်ကယ့်အင်တာဗျူးကို ဖတ်မိတဲ့ အခါ သတင်းစာဆရာကြီး ဂျာနယ် ကျော်ဦးချစ်မောင်နဲ့ အန်ကယ်တို့ရဲ့ ဆရာတပည့်ဖြစ်ခဲ့ပုံကို သိလိုက်ရ တဲ့အပြင် ‘ဂျာနယ်ကျော်’ ကို ဆရာတပည့်နှစ်ယောက် စိတ်တူ ကိုယ်တူ မွေးထုတ်ခဲ့မှန်းလည်း မှတ် သားမိလိုက်ရတယ်။ အန်ကယ် ကွယ်လွန်တဲ့ အခါမှ အန်ကယ့်ခြေ လှမ်းကို စေ့ငုမိတဲ့အခါ သတင်းစာ ဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင် ရဲ့ဟန်တွေ၊ သဏ္ဌာန်တွေနဲ့ပါလား လို့ ကျွန်တော် အတွေးနယ်ချဲ့မိ တယ်။

- ဒီတော့လည်း ဗိုလ်ချုပ်အောင် ဆန်းနဲ့ သခင်သန်းထွန်းတို့၊ ကန္ဒီ စာချုပ်ကိစ္စအတွက် သွားတဲ့အခါ ကန္ဒီသွားအဖွဲ့နဲ့အတူ သတင်း ထောက်အဖြစ် မပါ ပါအောင် လိုက် သွားခဲ့တဲ့ အန်ကယ့်ရဲ့ပုံရိပ်..

- လက်ပံတန်းကနေ ရန်ကုန်ကို အဝတ်အစားဖြစ်သလိုနဲ့ ဆင်းလာ တဲ့တစ်ခေါက်မှာ သခင်သန်းထွန်း နေအိမ်ကို ဝင်တည်းခဲ့တဲ့ပုံရိပ်..

- အဲလို ဖြစ်သလို လာခဲ့တဲ့ အတွက် သခင်သန်းထွန်းက ပြော တဲ့အခါ သခင်သန်းထွန်း အပြင်သွား နေစဉ်မှာ သခင်သန်းထွန်းရဲ့ အရောင်နုနုအင်္ကျီနဲ့ ပုဆိုးကိုဝတ်ပြီး သခင်သန်းထွန်း ပြန်အလာကို ထိုင်စောင့်ခဲ့တဲ့ပုံရိပ်…

- တိုးတက်ရေး သတင်းစာထဲမှာ ဗိုလ်ချုပ်ကို ဝေဖန်တဲ့ဆောင်းပါး ပါပြီးနောက်၊ မန္တလေးအသွား လေ ယာဉ်ပေါ် တက်စဉ် လေယာဉ်မှ ဆင်းလာသော ဗိုလ်ချုပ်က ‘ကျုပ် က မဖောက်ပြန်ဘူးဗျ၊ ဘယ်တော့ မှ မဖောက်ပြန်ဘူး’ လို့ လက်ညှိုး ထိုးပြောနေခိုက်မှာ ဗိုလ်ချုပ်ကို ရှောင်တိမ်းပြီး ဗိုလ်ချုပ်ဘေးကနေ လေယာဉ်ပေါ် အတင်းတိုးတက် သွားခဲ့တဲ့ပုံရိပ်…

ထိုပုံရိပ်၊ ဤပုံရိပ် စတဲ့ အန်ကယ်ပြောပြခဲ့သမျှ သုံးဖက် မြင်ပုံရိပ်များနှင့်အတူ ကျွန်တော်တို့ အန်ကယ့်ကို လွမ်းဆွတ်ဂါရဝပြုနေ မယ်။


အောင်မြိုင်

NDD မှတ်တမ်းနှင့် သုတေသနဌာန တလအတွင်းမြန်မာသတင်း

NDD Monthly Chronology Events September - 2010

07 October 2010

ပုဂ္ဂလိကစက်သုံးဆီ အရောင်း ဆိုင်များမှလို သလောက် ရောင်းချပေးလျက်ရှိသော်လည်း အကြိမ်ကြိမ်လာရောက်ဝယ်ယူသူ များကိုမူ စိစစ်ရောင်းချပေးလာ ကြောင်း သိရ


ပုဂ္ဂလိကစက်သုံးဆီ အရောင်း ဆိုင်များအား စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်ဆီရောင်းချပေးနေမှုကို လျှော့ချလိုက်သည့်နောက်ပိုင်းတွင် အရောင်းဆိုင်များမှ လို သလောက် ရောင်းချပေးလျက်ရှိသော်လည်း အကြိမ်ကြိမ်လာရောက်ဝယ်ယူသူ များကိုမူ စိစစ်ရောင်းချပေးလာ ကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိ က စက်သုံးဆီဆိုင်များကို စက် တင်ဘာ ၉ ရက်နေ့မှစတင်၍ ဓာတ်ဆီရောင်း ချပေးနေမှုကို ၃ဝ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းကြောင့် အရောင်း ဆိုင်များအနေဖြင့် ခေါက်ပြန် ဝယ်ယူ၍ ပြင်ပသို့ ပြန် လည်ရောင်းချသူများဟု ယူဆရ သူများအား ကားနံပါတ် မှတ်သား၍ စိစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

”ရောင်းချမှုကို နည်းနည်း လျှော့လိုက်ရတယ်။ အမှန်တကယ် သုံးစွဲသူတွေကိုတော့ လိုသလောက် ရောင်းချပေးပြီး ပြန်ရောင်းမယ့်သူ တွေကိုတော့ စိစစ်ရောင်းတယ်၊ မရောင်းဘူးတော့မဟုတ်ဘူး။ အခေါက်ရေ အရမ်းများလာရင် တောင်းပန်လွှတ်ရတယ်” ဟု နီလာ ရိုးမစက်သုံးဆီရောင်းဆိုင်မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များ စတင်ဖွင့်လှစ်သည့်အချိန်တွင် ဓာတ်ဆီရောင်းချမှုကို အကန့် အသတ်မရှိ ခွင့်ပြုထားခြင်း၊ လက် လီခွက်ခြင်ဆိုင်များနှင့် ဈေးနှုန်း ကွာဟခြင်းများကြောင့် ပြင်ပ ပြန် လည်ရောင်းချရန် လာရောက် ဝယ် ယူသူများ များပြားခဲ့ပြီး ယခုအခါ တွင် လက်လီခွက်ခြင်ဆိုင်ငယ်များ နှင့် ဈေးနှုန်းကွာဟမှု နည်းပါးသွား ခြင်းကြောင့် ခေါက်ပြန်လာရောက် ဝယ်ယူမှုများ လျော့ကျသွားကြောင်း သိရသည်။ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီ တစ်ဂါလန် ကျပ် ၂၅ဝဝ ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ် ၂၈ဝဝ ခန့်ရှိကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြင်တွင်းဓာတ်ဆီထုတ်လုပ်မှုနှင့် သုံးစွဲမှု မျှတစေရန်အတွက် ပြည်ပ မှ အဆင့်မြင့်ဓာတ်ဆီ(အော့တိန်း)ကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ သည်။ ဓာတ်ဆီအသုံးပြုမောင်းနှင် ရသော မည်သည့် ကားမဆို အော့ တိန်းဆီ အသုံးပြု၍ ရကြောင်း သိရ သည်။


ဝေယံမိုးမြင့်

မတောင်းဘဲ ရတဲ့ သံယောဇဉ်များနှင့် ခိုစာရောင်းတဲ့အဘွားအို


သင်္ခါရလောက၌ အကျုံးဝင်သော သက်ရှိသက်မဲ့အားလုံးထဲတွင် သတ္တလောကသည် အရေးအကြီးဆုံး၊ အသုံးအဝင်ဆုံးနှင့် ပဓာနအကျဆုံး ဖြစ်ကြောင်း သိချိန်ကစ၍ သဘာဝတရား၏ စေစားရာအတိုင်း လူများသည် လှုပ်ရှားရုန်းကန်ခဲ့ရသည်။ ထိုထိုသော ကြိုးစားလှုပ်ရှား ရုန်းကန်ခဲ့ရသည့် ဘဝများစွာထဲတွင် ပျော်ရွှင်ကြည်နူးမှု ရစရာ နည်းနည်းကပင် ရခဲလှသည

ဘဝအတွက် အားအင်ပြန်ဖြစ်ခဲ့ရသဖြင့် ဆုံးရှုံးနစ်နာမှုများကို ဖက်တွယ်မနေဘဲ လုပ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုးလျက် ဘဝခရီးတစ်လျှောက် တွန်းလှန်ချီတက်ခဲ့သူက ၇၄နှစ်အရွယ်ရှိ အဘွားအို ဒေါ်ခင်ရွှေ ဖြစ်သည်။ ”အဘွားအလုပ်ပေါင်းကို စုံနေပြီ။ ဒီအရွယ်ထိ လုပ်ရတုန်း၊ လုပ်နိုင်တုန်း။ နောက်ဘယ်အချိန်ထိ ဆက်လုပ်ရမယ်ဆိုတာတော့ မသိသေးဘူး” ဟု အဘွားဒေါ်ခင်ရွှေ ကဆိုသည်။ငယ်စဉ်ကတည်းက ဘဝကို ကြုံရာကျပန်း လုပ်ကိုင်စားသောက်ခဲ့သည်။ ခေါင်းရွက်ဈေးသည် လုပ်ခဲ့သည်။ ယခုတစ်ဖန် လမ်းဘေးပလက်ဖောင်းပေါ် ခိုစာရောင်းသည့် အလုပ်ရွေးချယ်မိပြန်သည်။

နေ့စဉ် ဒလမှော်စက်မှ သမ္ဗန်စီးခရီးနှင်၍ ရန်ကုန်မြို့အနှံ့ ခိုစာရောင်းခဲ့သည်မှာ ၆နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ အသက်အရွယ်နှင့် ကျန်းမာရေးအရ ရွေးချယ်လုပ်ကိုင်ခဲ့ရခြင်းဖြစ်သော်လည်း ဝမ်းဝ၍ ခါးမလှတောင် ကျေနပ်နေသေးသည်။”အဘွားရဲ့ တစ်ရက်အမြတ်က ကျပ် ၁ဝဝဝ၊ ၁၅ဝဝ ပဲ။ မိုးရွာလို့ မရောင်းရရင် အိတ်ထဲက စိုက်ရ တယ်။ မိုးရွာထဲလည်း ကြာကြာမရောင်းနိုင်တော့ တစ်ခါတလေ ဒီအတိုင်းကျွေးပစ်ပြီး ပြန်ရတာရှိတယ်” ဟု လက်ရှိ ခိုစာရောင်းသည့် အလုပ်အကြောင်း အဘွားအိုက ပြောပြသည်။ ယခုတော့ ၇၄ နှစ်ဆိုသော သက်တမ်းသည် အရာရာကို ဥပေက္ခာပြုဖို့ အချိန်တန်နေပြီဆိုတာလည်း သိနေသည်။ ဆုံးရှုံးမှုတွေသာများခဲ့သော ရခဲလှလူ့ဘဝ လက်ဆောင်ကြောင့် အရေထူခဲ့သည်။

ထိုအထဲတွင် ခင်ပွန်းသည်ဆုံးပြီးနောက် ပြောရလျှင် မယုံနိုင်စရာကောင်းလောက်အောင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုက ပြင်းထန်လှသည်။ ”အဘွားယောက်ျားသေတော့ သမီးနှစ်ယောက်နဲ့ကျန်ခဲ့တယ်။ သူတို့ကိုယ်စီအိမ်ထောင်ကျတော့ အဘွားတစ်ယောက်တည်း ဖြစ်သွားတယ်။ အဲဒီကနေ သမီးတစ်ယောက်ဆုံးပြန်ရော။ ကျန်ခဲ့တဲ့ ကလေးကို အဘွားက စောင့်ရှောက်ရပြန်တယ်။ ရှိတဲ့ သမီးတစ်ယောက်ကလည်း သူ့အိမ်ထောင်နဲ့ သားသမီးနဲ့ဆိုတော့ အဘွားအသက်ကြီးမှ ပိုပင်ပန်းခဲ့တယ်” ဟု ဆိုသည်။ဘာတစ်ခုမှ အံဝင်ခွင်ကျ ဖြစ်မလာခဲ့သည့် ကံကြမ္မာတွင် အဘွားအိုဘဝဆိုတဲ့ ပုစ္ဆာတစ်ပုဒ်အား ကြိုးစားအဖြေရှာခဲ့ပြန်သည်။

တစ်ခါတစ်ရံတော့လည်း လွန်ခဲ့သည့်နှစ်၂ဝက နေ့ရက်တို့ကို ပြန်လည်တွေးမိသည်။ ထိုအချိန်က မပြည့်စုံမှုသည် အင်အားတွေရှိသည်။ ယင်းအချိန်က သူ့ဘဝရှေ့ရေးအတွေးများထဲတွင် ဒီနေ့ဒီအချိန် အခြေအနေမျိုးတော့ မမြင်ခဲ့မိတာအမှန်။ တစ်မနက်တာ ဈေးရောင်း၍ ပြန်ရောက်ချိန်များတွင် အမိမဲ့မြေးများ၏ ညှိုးငယ်နွမ်းလျသောအသွင်သဏ္ဌာန်ကြောင့် တည်ဆဲရောက်ရှိသည့် သက်တမ်းအား အနှစ်၂ဝလောက် ပြန်ငယ်ချင်မိသည်။ သမီးအချစ် မြေးအနှစ်မို့ သွားလေသူ သမီး၏ ရင်သွေးများအား စောင့်ရှောက်ကာ ဘဝအမောတွေ ဖြေရသည်။”အဘွား အခုနေတာက ဆွေမျိုးတွေအိမ်မှာပဲ။ စားတာတော့ တစ်ခါတစ်ရံ ရှိတဲ့သမီးတစ်ယောက် အိမ်ပေါ်တက်စားလို့အဆင်ပြေပါတယ်။

အမြဲတမ်းတော့ ဘယ်ဟုတ်မလဲ။ အဘွားဝင်ငွေကတော့ အဘွားဆေးဖိုးရယ်၊ သုံးဖို့ရယ် လောက်ငရုံရပါတယ်။ မြေးတွေကို မုန့်ဖိုးပေးချင်ရင် သမ္ဗန်ဆိပ်ကိုလာတဲ့ ဆိုင်ကယ်ကယ်ရီ မစီးဘဲ လမ်းလျှောက်တယ်။ ကယ်ရီခက ကျပ် ၃ဝဝ ဆိုတော့ တချို့ရက်တွေဆို မစီးဘူး။ သမ္ဗန်ကတော့ အသွား ကျပ် ၁ဝဝ၊ အပြန် ကျပ် ၁ဝဝ မစီးလို့ မဖြစ်တာကြောင့် စီးရတာ။ ဒီပုဇွန်တောင်ထိ ခိုစာလာရောင်းဖို့ က ဘတ်စ်ကားထပ်စီးရသေးတယ်” ဟု အဘွားအိုဒေါ်ခင်ရွှေ က ဝင်ငွေနှင့်ထွက်ငွေအား အချိုးချပြသည်။ ယခုအခါ အဘွားအို၏ နေ့စဉ်ဘဝထဲတွင် ဒလမှ ရန်ကုန်ကူးခဲ့ရသည့်အချိန်များ၌ အတွေးစတို့သည် တွေးရင်းမောလို့ လာသည်။ အစီအစဉ်တကျရှိသော နေ့ရက်တို့ကို ဖြတ်ကျော်ဖို့ အချိန်တွေလည်း နှောင်းခဲ့ပြီဖြစ်သည်။

မပြောင်းလဲသော ကံကြမ္မာ၌ မတောင်းဘဲရခဲ့ သည့် သံယောဇဉ်ကြောင့် ကြည် နူးခဲ့ရသည်။ တစ်ချိန်က လှိုင်းတံပိုးကြားဝယ် ခင်ပွန်းသည်အတွက် ဖြည့်ဆည်းရင်း သမီးတို့အတွက် ပူပန်ခဲ့ရသည်။ ယခုတစ်ဖန် မြေးငယ်တွေအတွက် တွေးမိရင်း…တစ်နေ့တစ်နေ့ ဒလမှရန်ကုန်ကူးရင်း ကြီးမားသော သင်္ဘော ကြီးအနီးက သမ္ဗန်လေးဖြတ်သွားရတိုင်းတွေးမိသည်မှာ လှိုင်းနှင့် နီးလေ အန္တရာယ်ကြီးလေမို့ဘဝသည်လည်း တစ်နေ့တခြား ကယ်သူမဲ့လှိုင်းတွေကြားမှာ ရိုက်ခတ်မှုက ပိုမိုပြင်းထန်လာခဲ့ပြီ။

မိုးမြင့်မြတ်(ပေါ်ပြူလာဂျာနယ်)

သိပ်ကိုခေတ်မှီပြီးတိုးတက်နေပါတယ်လို့ပြောပြောနေတဲ့နအဖစစ်အာဏာပိုင်များ ဒီလိုမော်တော်ကားလမ်းတွေကိုလည်းပြုပြင်ပေးသင့်ပါပြီး



ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့၌ ချိုင့်ခွက်ကြီးနှင့် မြေသားပျက်စီးမှုများ ဖြစ်ပေါ်နေသဖြင့် အဆိုပါလမ်းများသို့ ညဘက်သွားလာသည့် ယာဉ်မောင်းများပိုမို၍ အခက်တွေ့နေကြောင်း စုံစမ်းသိရှိရသည်။

လမ်းမကြီး၌ ချိုင့်ခွက်ကြီးများနှင့် မြေသားပျက်စီးကြောင့် ကားမောင်း သူများ ရုတ်တရက် တွေ့မြင်လာရမှု အပေါ် ရှောင်တိမ်းရခြင်းများကြောင့် မတော်တဆ ယာဉ်တိုက်မှုအချို့နှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးသူ အချို့ရှိသည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ် ၂၀ ရပ် ကွက် မောင်းမကန် ကန်သာလမ်း ဧရာဝဏ်လမ်း၌ နေထိုင်သူတစ်ဦးကလည်း "အိမ်ရှေ့ကလမ်းက တော်တော်လေးဆိုးတယ်။ လမ်းဆိုးတဲ့ အတွက် ၃၉ အထူးကားဂိတ်တောင် နှစ်မှတ်တိုင်လောက် ကျော်ပြီးတော့ ဂိတ်ပြောင်းလဲ ပြေးဆွဲနေရတယ်။ ဒီလမ်းရဲ့အထာကို မသိတဲ့ ညဘက်မောင်းလာတဲ့ ကိုယ်ပိုင်ကားတွေ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဆိုရင် တက္ကစီကားတစ်စီးက မောင်းနေရင်း နဲ့ထိုးရပ်သွားတယ်။ ကားအောက်ပိုင်းနဲ့ လမ်းပေါ်ကကျောက်ခဲကြီးနဲ့ ငြိနေတဲ့အတွက် ထုခွဲပြီးမှကားကိုဆက် သွားရပါတယ်။ တချို့ကားတွေဆိုရင် မှောက်တော့မလို စောင်းပြီးတဲ့အနေထားသွားရတယ်။ လမ်းကိုလာပြင်တယ်။ ဒါပေမယ့် အသေအချာ မပြင်ဘူး။ ချိုင့်ခွက်ကြီးထဲကို ဂ၀ံကျောက်တုံးကြီးတွေ ထည့်တယ်။ အပေါ်ကနေ သဲတွေအုပ်သွားတယ်။ အဲလိုနည်းနဲ့လည်း ခဏခဏပြင်တယ်။ ပြီးတော့လည်း ခဏခဏ ပြန်ပျက်ပါတယ်"ဟု သူမ၏အတွေ့ အကြုံအား ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့၌ ချိုင့်ခွက်ကြီးများ၊ မြေသားပျက်စီးမှုများ ကို ပြန်လည်ပြုပြင်မှု အချို့ပြုလုပ်သော်လည်း သေသပ်မှုမရှိမှုကြောင့် ပြန်လည်၍ ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက် ဂန္ဓာမာလမ်းတွင် နေထိုင်သူတစ်ဦးကလည်း "ကျွန်တော်တို့လမ်းထဲမှာ ချိုင့်ခွက်ကြီးတွေ ဖြစ်ပေါ်နေတယ်။ ညဘက်ဆိုရင် ကားတွေဖြတ်သွားတိုင်း အဲဒီချိုင့်ခွက်ထဲကို ကားဘီးကျွံကျတဲ့အသံ ခဏခဏကြားရတယ်။ အဓိကကတော့ ချိုင့်ခွက်တွေ ဖြစ်နေတဲ့အနားမှာ လျှပ်စစ်မီးတိုင် တွေကပျက်နေတယ်။ အဲဒါကြောင့်မို့ ဒီလမ်းကို လာနေကျမဟုတ်တဲ့ ယာဉ် မောင်းတွေလာရင် ဒီလိုအခက်အခဲတွေကို ကြုံတွေ့နေရတဲ့ အသံကို ကြားနေရပါတယ်"ဟု ၎င်း၏ကြုံတွေ့မှုအား ပြောပြခဲ့သည်။



တောင်ဒဂုံမြို့နယ်၂၀ ရပ်ကွက် မောင်းမကန် ကန်သာလမ်းမကြီး တစ်နေရာကို အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့တွင် ချိုင့်ခွက်များ ဖြစ်ပေါ်လျက် ရှိသောကြောင့် ကားအောက်ပိုင်း ပျက်စီးမှုကိုလည်း ကားပိုင်ရှင်များခဏ ခဏကြုံတွေ့နေရပြီး ပျက်စီးမှုများ အနက် လေးကျိုးခြင်း၊ ရှော့ဘား များပျက်ခြင်းတို့ ဖြစ်လျက်ရှိကြောင်း ကားဝပ်ရှော့တစ်ခုမှ သိရှိရသည်။

ယခုကဲ့သို့ လမ်းမကြီးများ၌ ညပိုင်းယာဉ်များသွားလာပါက ယာဉ်မောင်းသူများအနေဖြင့် မမြင်နိုင်သည့် အန္တရာယ်များ ရုတ်တရက်ဖြစ်နိုင်ခြင်း နှင့်အတူ လမ်းများပေါ်၌ လမ်းပျက်စီးမှုများ ရုတ်တရက် ကြုံတွေ့နိုင်သည့် အတွက် ကားမောင်းရန် အန္တရာယ်ရှိကြောင်း သတိရှိရန်လိုအပ်သည်ဟု လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

"ညပိုင်းပဲဖြစ်ဖြစ်၊ နေ့ပိုင်းပဲဖြစ်ဖြစ် ကားမောင်းရင် အမြဲတမ်းဂရု စိုက်ဖို့လိုတယ်။ ညဘက်မောင်းတဲ့ ယာဉ်မောင်းတွေက ပိုပြီးသတိပြုဖို့ လိုတယ်။ ကိုယ်သွားနေကျလမ်း မဟုတ်ဘူးဆိုရင် ပိုပြီးသတိထားသင့် တယ်။ တချို့လမ်းတွေဆိုရင် အဝေးကနေ လမ်းဆိုးနေတယ်။ ချိုင့်ခွက်ကြီးတွေ ဖြစ်နေတယ်ဆိုတာကို အဝေးကနေကြိုပြီးမတွေ့ရဘူး။

အနီးကပ်ရောက်မှပဲ တွေ့ရတဲ့အတွက် ကားအောက်ပိုင်းပျက်စီးမှု၊ မမျှော်လင့်တဲ့ ပြဿနာတချို့ကိုလည်း ကြုံတွေ့နေရပါတယ်။ တချို့ယာဉ်တွေဆိုရင် အရှိန်အနည်းငယ်တင်ပြီး မောင်းတဲ့လမ်းမပေါ်မှာ ကားတစ်စီးကရပ်ထားတယ်။ အဲဒီကားမှာလည်း ရောင်ပြန်တွေမပါတဲ့အတွက် အနီးကပ် ရောက်တော့မှပဲ ဗြုန်းခနဲဆိုပြီး တွေ့တော့မှ ရှောင်တိမ်းလို့မရဘဲ ယာဉ်တိုက်မှုတွေဖြစ်တာ ရှိပါတယ်။ ကျွန်တော်ဆိုရင် ပြီးခဲ့တဲ့နှစ်ရက်လောက် ကညဘက် ချိုင့်ကြီးကြီးတစ်ခွက်ကို အနီးရောက်မှ မြင်လိုက်ရတယ်။ ရှောင်လို့မရအောင် ချိုင့်ကကြီးနေတော့ အရှိန်နဲ့ကျသွားတယ်။

ချိုင့်ရဲ့အနက်ကရှစ်လက်မနီးပါးရှိတော့ ကားက ဂျိမ်းဆိုပြီးကျသွားတာ ကားအောက် ပိုင်းတွေကျိုးထွက်၊ ပြုတ်ထွက်ပြီလို့တောင် ထင်ရတယ်။ ဒါကြောင့် ညဘက်ကားမောင်းရင် သတိထားဖို့လိုပါတယ်။ လမ်းပေါ်မှာကားမောင်းရင် အန္တရာယ်ရှိတယ်ဆိုတာ သတိထားသင့်ပါတယ်"ဟု ရန်ကုန်မြို့အတွင်း ယာဉ်မောင်းသက်တမ်းနှစ် ၃၀ကျော် ရှိသူတစ်ဦးက ဆိုသည်။


အလားတူ လမ်းမကြီးပေါ်တွင် ချိုင့်ခွက်ကြီးများ ဖြစ်နေသည့်အပြင် လမ်းမကြီးကိုဖြတ်၍ သွားလာနေသည့် မီးရထားသံလမ်း အနီး၌လည်း ကျောက်တုံးကြီးများနှင့် သံတိုင်အချို့ ရှိနေခြင်းကြောင့် ယင်းနေရာများကိုလည်း ညဘက်များ၌ မကြာခဏ မတော်တဆ ဖြစ်ပွားလျက်ရှိကြောင်း ယင်းရပ်ကွက်အနီးတွင် နေထိုင်သူများက ပြောကြားခဲ့သည့်သတင်းအား news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်.။

NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို တရားမ၀င် အသင်းအဖြစ် ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရကို NLD ဘက်က တရားစွဲဆိုတာကို ဗဟိုတရားရုံးချုပ် ရန်ကုန်က ဒီကနေ့ လက်ခံလိုက်ပါပြီ။ ကြားနာမှုတွေအတွက် ချိန်းဆိုမယ့်ရက်ကို စောင့်ပြီး ဥပဒေကြောင်းအရ ဆက်ပြီး လုပ်ဆောင်သွားဖို့ NLD ပါတီဘက်က ရှေ့နေတွေ ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တဲ့ကိစ္စမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက အနိုင်ရထားခဲ့တဲ့ NLD ပါတီက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နိုင်ငံရေးပါတီ အဖြစ်က ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပါတီဟောင်း တခုဟာ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်ရင် ဖျက်သိမ်းစရာ မလိုဘဲ အလိုလို ပျက်ပြယ်တယ်ဆိုတဲ့ ဥပဒေ ရှိလျက်နဲ့ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တဲ့အတွက် ဒီလိုလုပ်တာဟာ ဥပဒေအရ မညီညွတ်ဘူးဆိုပြီး NLD ဘက်က စစ်အစိုးရကို တရားစွဲဆိုခဲ့တာပါ။

ဒီစွဲဆိုချက်ကို တရားရုံးက ဒီကနေ့ပဲ လက်ခံလိုက်တဲ့အကြောင်း NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့က တရားစွဲတဲ့ အဆိုလွှာ တင်လိုက်တာ။ တရားရုံးက အမှုကို လက်ခံပြီးတော့ မှတ်ပုံတင်မယ်တဲ့။ မှတ်ပုံတင်ပြီးရင်၊ Register လုပ်ပြီးရင် ဆက်သွားမယ်တဲ့။ ကြားနာတာတွေ ဘာတွေက နောက်မှလာမှာပေါ့။ တရားစွဲဆိုခွင့် ရလိုက်တယ်ဆိုရင် ဒါ တရားစွဲပြီးနေပြီလေ။”

NLD ဘက်က တရားစွဲဆိုလိုက်တဲ့ အမှုကို ရှေ့နေချုပ်ရုံးရဲ့ ပုဂ္ဂိုလ်က တရားရုံးမှာ ရင်ဆိုင်ရမယ့်သဘော ဥပဒေမှာ ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ အခုအမှုကို ဆက်ပြီး သွားနိုင်အောင် ကြားနာခွင့်ရဖို့ စောင့်ဆိုင်းနေတယ်လို့ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ တခြားတဘက်က လာရင်တော့ ရှေ့နေချုပ်ရုံးက လာမှာပေါ့။ တရားရုံးချုပ် အမှုတွေဆိုရင် ဘယ်နေ့ ဘယ်နေ့ ကြားနာမယ်ဆိုတာ Notice Board ကို ကြည့်ရတယ်။ အခု အဲဒါကို စောင့်ကြည့်ရမှာပေါ့။”

NLD ပါတီကို ဖျက်သိမ်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တရားစွဲဆိုခဲ့တာ ရှိပေမဲ့ တရားရုံးက လက်မခံခဲ့ပါဘူး။ ဒီကိစ္စကိုပဲ ဒီကနေ့မှာ ပြန်ပြီး တရားရုံးက လက်ခံရတာက ဘယ်လို ကွာခြားချက်တွေ ရှိလို့လဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ဒီနှစ်ခုကြားမှာ ကွာခြားချက်က ဥပဒေ အချက်အလက် ကျနော်တို့ ဖော်ပြတဲ့ နေရာတွေမှာ ကွာပါတယ်။ သဘောတော့ အတူတူပဲလေ။ အရင်ဟာက သူတို့ ပြန်ပေးထားတော့ ကျနော်တို့က အခု အသစ်ထပ်တင်တာ။”

အရင်တုန်းက ပယ်တာ ဘာကြောင့် ပယ်တာလဲခင်ဗျ။

“အဲဒါ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးဆိုတဲ့ စကားလုံးတလုံးပဲ ပါပါတယ်။ ဘယ်လုပ်ထုံးလုပ်နည်းလဲဆိုတာ ကျနော်တို့လည်း မသိပါဘူး။”

အခု လက်ခံလိုက်ပြီဆိုတော့ NLD ပါတီက တရားစွဲဆိုခွင့် ရလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်လားခင်ဗျ။

“ဟုတ်ပါတယ်၊ အဲဒီအဓိပ္ပာယ်ပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုကို တရားဝင် ရပ်တည်ခွင့် မရှိတော့ဘူးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ NLD ပါတီက လွဲပြီး တခြားပါတီတွေကနေ စစ်အစိုးရကို အခုလို တရားစွဲဆိုတာတော့ မတွေ့ရပါဘူး။

သတင်း....VOA

မွေးစားပါ့မယ်ဆိုတိုင်း ယုံရမှာလား

ရွှေဂုံတိုင် ကလေးပြုစု စောင့်ရှောက်ရေး ဌာနမှ ကလေးအချို့ကို တွေ့ရစဉ်

မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ အစွန်အဖျားမှ ရွာငယ် မြို့ငယ်များတွင်သာမက ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင်ပါ ဖြစ်ပေါ်နေသည့် ကလေးသူငယ် လူကုန်ကူးမှု များစွာသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ရင်ခွင်ပိုက် အရွယ်မှ ဆယ် ကျော်သက် အရွယ်အထိ ကလေးသူငယ်များကို မွေးစားလိုသူများ တိုးလာနေမှု၊ ကလေးသူငယ်များကို အဓမ္မခိုင်းစေရန်၊ တောင်းရမ်းခိုင်းရန်အတွက် ၀ယ်ယူနေသည့် ကလေးသူငယ် လူကုန်ကူး ဈေးကွက်ကြီး ဖွံ့ဖြိုးနေမှုလည်း ဆက်စပ်လျက် ရှိနေပါသည်။

ယင်းကဲ့သို့ ကြီးထွားနေသည့် ကလေးသူငယ်များ လူကုန်ကူးခံရမှုများတွင် မိရင်းဖရင်းများပင် ပါဝင် ပတ်သက်မှုများ ရှိလာခဲ့ရသည်ဟု ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ်များကို လေ့လာနေသူများက ဆိုပါသည်။

သားအရင်း သမီးအရင်း စာရင်းသွင်းလိုသူတွေ . . .


၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းကာလများမှ စ၍ ရင်ခွင်ပိုက် အရွယ်မှ ဆယ်ကျော်သက် အရွယ်များအထိ ကလေးသူငယ်များကို သားအရင်း၊ သမီးအရင်းနှယ် မွေးစားလိုသူများ ကမ္ဘာတစ်ဝန်းတွင် တရိပ်ရိပ် မြင့်တက်နေသည်ဟု အစီရင်ခံစာများက ဖော်ပြခဲ့ကြသည်။

၁၉၉၅ ခုနှစ်က ကမ္ဘာတစ်ဝန်းမှ စွန့်ပစ်ခံ ကလေးငယ် များစွာအနက် ကလေးဦးရေ ၂၀၀၀၀ ကျော်ကို မွေးစားလိုသူများ ပေါ်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင်တော့ စွန့်ပစ်ခံ ကလေးငယ် များစွာအနက် ကလေးငယ် ၄၅၀၀၀ ခန့် မွေးစားလိုသူများ လက်ဝယ်သို့ ရောက်ရှိသွားရသည်။ ဆယ်နှစ်နီးပါး ကာလအတွင်း ကလေးသူငယ် မွေးစားနှုန်း နှစ်ဆခန့် မြင့်တက်သွားသည်ဟု ယူနီဆက် အဖွဲ့ကြီးက ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် စွန့်ပစ်ခံ ကလေး အရေအတွက်က နှစ်စဉ် သန်းရာနှင့်ချီ၍ ရှိနေသည်။ ၂၀၀၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ စွန့်ပစ်ခံ ကလေးငယ်လေးများ အရေအတွက်မှာ ၁၃၂ သန်းခန့် ရှိသည်။ အဆိုပါ ကလေးများကို မွေးစားလိုသူများ အရေအတွက်ကလည်း နှစ်စဉ်တိုး၍ နေပြန်သည်။ ယင်းအချက်သည်ပင်လျင် ကမ္ဘာပေါ်တွင် ရင်ခွင်ပိုက်မှစ၍ ဆယ်ကျော်သက်များ အထိ ကလေးသူငယ် အရောင်းအ၀ယ် ဈေးကွက် ကြီးကြီးမားမား ဖြစ်ပေါ်စေသည့် အဓိက အချက်ပင် ဖြစ်သည်။

ဖွံ့ဖြိုးဆဲ တတိယနိုင်ငံများက မိမဲ့ဖမဲ့ ကလေးငယ်တို့ကို ဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှ မွေးစားလိုသူများထံ ရောင်းချသည့် ဈေးကွက်က ကြီးမားလာလေလေ ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များအတွက် လုံခြုံစိတ်ချရမှုများက နည်းပါးလာလေလေပါပဲ ဟု လူကုန်ကူးမှုများကို လေ့လာနေသူတို့က ဆိုကြသည်။ ယူနီဆက်က ထုတ်ပြန်ချက်တွေ အရတော့ ဘီလာရုစ်၊ ဘရာဇီးလ်၊ အီသီးယိုးပီးယား၊ ဟွန်ဒူးရပ်စ်၊ ပီရူးနှင့် ရိုမေးနီးယားက ကလေးငယ် တို့ကို ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ အမေရိကန် ပြည်ထောင်စုက မွေးစားလိုသူများထံ တင်ပို့နေသည့် ဈေးကွက်က ကြီးကြီးမားမားပင် ရှိနေသည်ဟု သိရသည်။ သည်ဈေးကွက်ကြီးထဲကို အာရှနှင့် အာဖရိက က ကလေးငယ်များပါ ရောက်ရှိသွားရသည်ဟု လေ့လာသူတွေက သုံးသပ်ကြသည်။

အာရှတစ်ခွင်မှာတော့ မိရင်းဖရင်း ရှိကြသော်လည်း မွေးစားဖို့ အသင့် ဖြစ်နေရှာသည့် ကလေးငယ်တို့ကို အဓိက ရှာဖွေဝယ်ယူနေသည့် ဂိုဏ်းများ၊ လူပွဲစားများက တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးများမှာ အခြေစိုက်ထားကြသည်က များသည်။ တရုတ်နိုင်ငံတွင် မျိုးရိုးအမွေ ဆက်ခံနိုင်သည့် သားယောက်ျားလေး မရှိသော ဇနီးမောင်နှံတို့က အမွေ ဆက်ခံနိုင်ဖို့အတွက် မွေးစားကလေးများကို ပွဲစားတွေက တစ်ဆင့် လိုက်လံရှာဖွေရာမှ ကလေးငယ် ၀ယ်ယူ ရောင်းချသည့် ကြီးမားသော ဈေးကွက်ကြီး တစ်ခု ပေါ်လာပြန်သည်။

တရုတ်နှင့်ထိုင်း နယ်စပ်ရှိ ကလေးသူငယ် အရောင်းအ၀ယ် ဈေးကွက်သို့ အဓမ္မခိုးယူခံရခြင်း၊ မိခင်ဖခင် များနှင့်အတူ လူကုန်ကူး ခံလိုက်ရခြင်းနှင့် လူပွဲစားတွေက တစ်ဆင့် မိရင်းဖရင်းများထံ မွေးစားဖို့ တောင်းခံရင်း ရောက်လာကြသည်က များသည်ဟု . . .

နယ်စပ်က ကြီးထွားလာတဲ့ ကလေးဈေးကွက် . . .


တရုတ်နိုင်ငံကဲ့သို့ ရိုးရာဓလေ့အရ ကလေးရှာဖွေ မွေးစားလိုသူများ အတွက် ကလေး အရောင်းအ၀ယ် ဈေးကွက် ဖွံ့ဖြိုးမှု ရှိနေသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း ရင်ခွင်ပိုက် အရွယ်မှ ဆယ်ကျော်သက် အရွယ်အထိ ၀ယ်ယူနေသည့် ဂိုဏ်းများ၊ အဖွဲ့အစည်းများ မြန်မာ-ထိုင်း နယ်စပ်စည်းရိုး တစ်လျောက် အခြေချထားမှုများ ရှိနေကြသည်။

ထိုင်းနှင့်တရုတ် ရဲတပ်ဖွဲ့များ၏ အစီရင်ခံစာများ အရ ထိုင်း ကလေးငယ် အရောင်းအ၀ယ် ဈေးကွက်တွင် မွေးစအရွယ် ရင်ခွင်ပိုက်မှ အသက် ခြောက်နှစ်ခန့် အထိ ကလေးတစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ နှင့်အထက်တွင် ရှိနေပြီး တရုတ်နိုင်ငံ၌ မွေးစအရွယ်မှ အသက်ခြောက်နှစ်ခန့်အထိ ကလေးငယ်တစ်ဦးကို တရုတ်ယွမ်ငွေ ၃၀၀၀၀ နှင့်အထက်မှာ အရောင်းအ၀ယ် လုပ်လေ့ရှိကြသည်။

''တရုတ်နိုင်ငံက ကလေး ဈေးကွက်ကတော့ မွေးစားဖို့ သက်သက် အရောင်းအ၀ယ် လုပ်ကြတာများတယ်ဗျ။ တရုတ်လူမျိုးတွေရဲ့ ဓလေ့အရလည်း မျိုးရိုးအမွေ ဆက်ခံဖို့ လိုအပ်ချက်အရ ငွေပေးပြီးတော့ကို လူပွဲစားတွေက တစ်ဆင့် မွေးစားဖို့ ၀ယ်ယူကြတာ။ လာရောင်းတဲ့ ဂိုဏ်းတွေကတော့ ဒီကလေးတွေကို ဘယ်ပုံဘယ်နည်းနဲ့ ယူခဲ့ကြသလဲ ဆိုတာကတော့ တွေးနေစရာ မလိုပါဘူး။

လုယက်လာမယ်၊ ခိုးလာမယ်၊ ငွေနည်းနည်းနဲ့ သူတို့ မိဘတွေဆီကနေ မွေးစားပါ့မယ်ဆိုပြီး ယူ လာကြမှာပါပဲ။ တရုတ်ကနေ တစ်ဆင့် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ စပိန်လို နိုင်ငံကြီးတွေက မွေးစားလိုသူတွေဆီကို တင်ပို့နေတဲ့ ဂိုဏ်းတွေ၊ လူပွဲစားတွေ ရှိနေတဲ့အတွက် ဈေးကွက်ထဲကို ပုံစံမျိုးစုံနဲ့ မြန်မာနိုင်ငံ က ကလေးတွေ ရောက်သွားမှာပဲ။ ထိုင်းနိုင်ငံက ကလေးဈေးကွက်ကျတော့ မွေးစားဖို့ ဆိုတာထက် အဓမ္မခိုင်းစေဖို့၊ တောင်းစားခိုင်းဖို့ ၀ယ်ယူကြတဲ့ အဖွဲ့အစည်းတွေ၊ ဂိုဏ်းတွေများတယ်။ ထိုင်းမှာတော့ အိမ်နီးချင်း နိုင်ငံတွေက ကလေးတွေကို ဘန်ကောက်၊ ရနောင်း၊ မဲဆောက်နဲ့ မယ်ဆိုင် မြို့တွေမှာ တောင်းစားခိုင်းဖို့အတွက် ဂိုဏ်းတွေက ၀ယ်ကြတယ်။

ဘန်ကောက်မြို့မှာ ကလေး သူတောင်းစား တစ်ယောက်ရဲ့ ၀င်ငွေကလည်း တစ်နေ့ကို ဘတ် ၃၀၀လောက်ကနေ ဘတ် ၁၀၀၀ ကျော်အထိ ရနိုင် တဲ့အတွက် ကလေးဝယ်တဲ့ ဂိုဏ်းတွေက ကလေးတွေကို အသက် ခြောက်နှစ်လောက်အထိကို တောင်းစားခိုင်းဖို့ ၀ယ်ယူတတ်ကြတယ်။ အသက်ခြောက်နှစ် ကျော်သွားရင်တော့ ဒီကလေးတွေကို စက်ရုံတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ရေလုပ်ငန်းရှင်တွေဆီကို ကလေးလုပ်သား အနေနဲ့ ထပ်မံ ရောင်းချတတ်ကြတယ်။ အဲဒီတော့ ဒီကလေးတွေမှာ နှစ်ခါ နစ်နာရပြန်တယ်''ဟု အစိုးရ မဟုတ်သော လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ဆိုပါသည်။


မွေးစားပါ့မယ် ဆိုလေတိုင်း . . .

မြန်မာ ကလေးသူငယ် အများစုကတော့ တရုတ်နှင့်ထိုင်း နယ်စပ်ရှိ ကလေးသူငယ် အရောင်းအ၀ယ် ဈေးကွက်သို့ အဓမ္မ ခိုးယူခံရခြင်း၊ မိခင်ဖခင်များနှင့်အတူ လူကုန်ကူး ခံလိုက်ရခြင်းနှင့် လူပွဲစားတွေက တစ်ဆင့် မိရင်းဖရင်းများထံ မွေးစားဖို့ တောင်းခံရင်း ရောက်လာကြသည်က များသည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ် အများစုက မြို့ငယ်၊ ရွာငယ်များကို ပစ်မှတ်ထားသည် ဆိုသော်လည်း မြို့ကြီးပြကြီးတွေမှာ ဖြစ်သွားခဲ့တာလည်း ရှိသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ် အချို့မှာတော့ အမိအရင်း အဖအရင်းက ဆွေနီးမျိုးစပ် တစ်ရွာတည်း တစ်ရပ်တည်းသား လူပွဲစားကို ယုံကြည်၍ မွေးစားဖို့ ပေးလိုက်ရာက လူကုန်ကူးမှုတွင် ရောင်းစားလိုက်သူတွေ အဖြစ် ပါဝင် ပတ်သက်သွားခဲ့ရသည် အထိ ဖြစ်စဉ်တွေလည်း ရှိနေသည်။

''ကျွန်တော်တို့လို တတိယနိုင်ငံတွေ မှာတော့ ၀င်ငွေ နည်းပါးလွန်းကြတဲ့ အတွက် မိရင်းဖရင်း ဖြစ်ပေမယ့်လည်း ငါတို့ထက် စာရင်တော့ ငါတို့ သားသမီးတွေကို ပိုလှအောင် ဆင်နိုင်မယ်၊ ပိုဝအောင် ကျွေးနိုင်မယ်၊ ပိုသာအောင် ထားနိုင်မယ်ဆိုတဲ့ စိတ်နဲ့ သားရင်း သမီးရင်းကို မွေးစားမယ့် သူတွေဆီ ပို့လိုက်ကြတာ များပါတယ်။ ရတဲ့ပိုက်ဆံ ဆိုတာကလည်း သူတို့ မိသားစုအတွက် ဘ၀ပြောင်းလောက်တဲ့ ပမာဏလည်း မဟုတ်ကြပါဘူး။ လူပွဲစားတွေကလည်း မျက်နှာသိတွေ၊ ဆွေနီးမျိုးစပ် တွေထဲက ဖြစ်နေ၊ သူတို့ခေါ်လာတဲ့ မွေးစားမိဘတွေ ဆိုတာလည်း ဥပဓိရုပ်ကောင်း၊ ရည်ရည်မွန်မွန်တွေ ဆိုတော့ ယုံစားမိကြတာလည်း ပါတယ်။

တမင် ရည်ရွယ်ချက်ရှိရှိ ရောင်းစားကြတာတော့ မဟုတ်ပါဘူး။ နောက်တော့မှ သူတို့သားသမီးကို ကလေး ရောင်းစားတဲ့ဂိုဏ်းက ၀ယ်သွားတာမျိုး၊ တောင်းစားခိုင်းခံရတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့ရတာဟာ အင်မတန် ရင်နာစရာ ကောင်းပါတယ်။ ဒါကြောင့် ချစ်လို့ မွေးစားပါ့မယ်လို့ ဆိုလေတိုင်း အယုံမလွယ်ကြဖို့ အထူးပဲ အရေးကြီးပါတယ်''ဟု လူကုန်ကူးမှု ဖြစ်စဉ်များကို လေ့လာနေသူ သုတေသီ စာရေးဆရာ ၀င်းနိုင်ထွန်း က သတိပေးစကား ဆိုပါသည်။


လူပွဲစားတွေရဲ့ ပစ်မှတ် ဖြစ်နေလေတဲ့ ကလေးငယ်တွေ . . .



၂၀၀၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ လူကုန်ကူးမှု ၅၂ မှု ဖြစ်ပွားခဲ့ရာ ယင်းတွင် ကလေးသူငယ် လူကုန်ကူး ခံရမှုမှာ ၇ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့သည်ဟု မှတ်တမ်းများက ဆိုပါသည်။ ယင်း လူကုန်ကူး ခံရမှုများထဲမှ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၆ ဦး ကို သက်ဆိုင်ရာက ကယ်တင်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကလေးသူငယ် လူကုန်ကူး ခံရမှုမှာ တစ်နိုင်ငံလုံး လူကုန်ကူးခံရမှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လအထိ ထုတ်ပြန်ခဲ့သော စာရင်းများအရ ကလေးသူငယ် လူကုန်ကူးခံရမှုမှာ လူကုန်ကူးခံရမှု စုစုပေါင်း၏ ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဝင်ငွေနည်း မိသားစုများထံသို့ ကလေးမွေးစားရန် လူကုန်ကူး ဂိုဏ်းများက မိသားစုဝင်များနှင့် ရင်းနှီးသည့် လူပွဲစားများကို အသုံးချကာ ချဉ်းကပ်လေ့ရှိသည်ဟု ဖြစ်စဉ်များအရ သိရပြီး မိသားစုများထံသို့ မွေးစားကလေး ရယူလိုမှုနှင့် ချဉ်းကပ်လာမှုများကို နောက်ကြောင်း ရာဇ၀င် စုံစမ်းမှုများ၊ မွေးစားကလေး လုပ်ထုံးလုပ်နည်းများကို လေ့လာပြီးမှသာ ယုံကြည် အပ်နှံသင့်ကြောင်း လေ့လာသူ တစ်ဦးကလည်း အကြံပြုထားပါသည်။

''မိမိတို့ရဲ့ ဘ၀ရပ်တည်မှု အနေအထားတွေ အရ မိမိ သားသမီးရင်းကို မွေးစားဖို့ ပေးမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ မွေးစားမယ့် မိဘတွေရဲ့ နောက်ကြောင်းကိုတော့ စုံစမ်းဖို့ လိုပါလိမ့်မယ်။ ပြီးရင် ဘယ်လို လုပ်ထုံးလုပ်နည်းတွေ ရှိသလဲ။ အဲဒါလည်း လေ့လာရပါ့မယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်မှာ ကလေးပြုစုရေး ကျောင်းတွေ ရှိပါတယ်။ ရင်ခွင်ပိုက်ကနေ အသက် သုံးနှစ်အထိကို ရွှေဂုံတိုင် ကလေးပြုစုရေးမှာ ပြုစုပေးထားတာ ရှိပါတယ်။ အဲဒီမှာ မွေးစားလိုတဲ့ မွေးစားမိဘတွေကို ဘယ်ပုံဘယ်နည်း နိုင်ငံတော်ကနေ ခွင့်ပြုပေးနေသလဲ။ အဲဒီ သတ်မှတ်ချက်တွေထဲမှာ မွေးစားကလေးကို ဥပဒေအရ အမွေစားအမွေခံ အဖြစ် မွေးစားရမယ်ဆိုတဲ့ အချက်တစ်ချက် ပါရှိပါတယ်။ ဒါတွေကိုလည်း လေ့လာသင့်ပါတယ်။ ဒါပေမယ့် နယ်မြို့လေးတွေ၊ ကျေးလက်ဒေသတွေ မှာတော့ အဲဒီလို စုံစမ်းလေ့လာဖို့ ရှိနိုင်ကြမှာ မဟုတ်ပါဘူး''ဟု ၀ါရင့် တရားရုံးချုပ် ရှေ့နေကြီးတစ်ဦးက သုံးသပ် အကြံပြုထားသည်။

အောင်စည်ဟိန်း၊ အိရွှေစင်ဝင်း

မြင်လွှာ ရှက်လောက် တဲ့ အင်တာနက် ပေါ်က ပုံရိပ်များ

နာမည် ခိုင်မာ နေပြီဖြစ်သော မိန်းကလေး အနုပညာရှင်(သရုပ်ဆောင်၊ အဆိုတော်)အချို့သည် ဓာတ်ပုံရိုက်ကူးခံရာတွင် အလှ အပ သက်သက်ကို ဦးစားပေး လွန်းပြီး မိမိနိုင်ငံ၊ မိမိလူမျိုး၏ ပုံရိပ်ကို မျက်ကွယ်ပြု သကဲ့သို့ ဖြစ်နေကြောင်း အင်တာနက် စာမျက်နှာ များပေါ်ရှိ ပုံရိပ် အချို့က သက်သေ ခံနေပါသည်။ ကြည့်မြင် ရသူတို့၏ သွေးသား ကို ဆူပွက် လာစေသော ၀တ်စား ဆင်ယင်မှု၊ ကိုယ်နေ ဟန်ထား တို့သည် မြန်မာ ဟူသော အမည်နာမ နှင့် လားလားမျှ မအပ်စပ် ပါ။ ထို့ကြောင့် ပျိုမျစ် နုနယ် လှသွေးကြွယ် နေကြသော အနုပညာရှင် ငယ်ငယ် ချောချော များ အနေဖြင့် ထိုသို့သော အလှ ပုံရိပ် များကို ဆင်ခြင် သတိဖြင့် ဖန်တီး တင်ဆက် ကြစေ ချင်ပါသည်။


မလုံမခြုံဝတ်မှ ခေတ်မီမတဲ့လား

လွန်ခဲ့သော သုံးရက်ခန့်က ရွှေတိဂုံ စေတီတော်သို့ ရောက်ပါသည်။ အရှေ့ဘက် စောင်းတန်း အထက်ရှိ လုံခြုံရေး ဂိတ်တွင် “ဘောင်းဘီတို၊ စကတ်တို၊ စကက် ရှေ့ကွဲ၊ နောက်ကွဲ တွေနဲ့ ဘုရား ပေါ်တက်လို့ မရဘူး။ ရောက်လက်စနဲ့ တက်ချင် တယ်ဆိုရင် ဟောဟို အခန်းမှာ သွားလဲပါ၊ သင့်တော်တဲ့ ၀တ်စုံ တွေ အဆင်သင့် ထားပေးပါတယ်” ဟု မိန်းကလေးငယ် နှစ်ဦးကို လုံခြုံရေး ၀န်ထမ်းက ပြောနေသံ ကြားရ သဖြင့် အမှတ်မထင် ကြည့်မိရာ အမှန်ပင် ထို ကလေးမငယ် နှစ်ဦး ၀တ်ထားထား သည့် အ၀တ် အစားမှာ ဘုရား ကျောင်းကန် သွားရန် မဆိုထားနှင့် လူတောထဲ ၀င်ရန်ပင် မသင့်တော်သော အ၀တ်အစား များ ဖြစ်နေ ပါသည်။ အချို့သော မိန်းကလေး ငယ်များ၏ စိတ်တွင် မလုံမခြုံ ၀တ်မှ ခေတ်မီသည် ဟု ထင်နေရော့ သလား၊ သို့တည်း မဟုတ် ဘယ်လို နေရာကို ဘယ် အ၀တ်အစား ၀တ်သွား ရမလဲ ဆိုတာ လောက်ကိုပင် မခွဲခြား နိုင်အောင် ဦးနှောက်နည်း နေရော့ သလားဟု တွေးတော မိပါသည်။ မိဘ အုပ်ထိန်းသူ များ ဂရုထား ပေးစေ လိုပါသည်။


အမြင်မတော်သူ မြန်မာအမျိုးသမီးတစ်ဦး

ရန်ကင်း မြို့နယ်၊ ဂွတ္တလစ် ဈေးကွေ့ ထိပ်က အမှိုက်ပုံ ကျန်းမာရေး အတွက် ရင်သိမ့်တုန်

ရန်ကင်း မြို့နယ်၊ ဂွတ္တလစ် ဈေးကွေ့ မှတ်တိုင် ရှိ အမှိုက်ပုံကြီး သည် စွန့်ပစ်စားကြွင်း စားကျန်များ၊ အမှိုက သရိုက်များ မြင်မကောင်း အောင် ပြည့်ညပ် နေပြီး ယင် တလောင်းလောင်း၊ ခွေး တသောသော ဖြစ်နေ ပါသည်။ ထိုနေရာ တွင်ရှိသော ဈေးတန်း လေးတွင် ဈေးသည်၊ ဈေးဝယ်များ၊ လာရောက် ရပ်နား ကြသော ကားကြီး ကားငယ် များဖြင့် အမြဲမပြတ် စည်ကား ရှုပ်ထွေး သော နေရာလည်း ဖြစ်နေရာ ထိုသူများ အတွက် လည်း ထို အမှိုက်ပုံကြီး က အနှောင့် အယှက်ဖြစ်သည့် အပြင် ပတ်ဝန်းကျင် နေအိမ်များ အဖို့လည်း အနံ့အသက် ဆိုးကို နေ့စဉ်နှင့် အမျှ ခံစား နေရ ပါသော ကြောင့် ကျန်းမာရေး ထိခိုက် စေသည့် ထို အမှိုက်ပုံကြီးကို ဖယ်ရှား ရှင်းလင်း ပေး ပါရန် တင်ပြ လိုက် ရပါသည်။

အနံ့အသက်ဆိုးဒဏ်မခံနိုင်သူ

06 October 2010

ရွှေခမောက်စာစောင် အပါတ်စဉ် (၁၂၄)

Shwekhamauk 124

မြန်မာပြည်တွင်းမှာဈေးဝယ်ရင်း ရုပ်ရှင်ကြည့်နိုင်ရန် Junction Centre-Maw Tin ဖွင့်ပြီးဆိုပါလား


ကမ္ဘာ့အဆင့်အတန်းမီ နည်းစနစ်များ ပေါင်းစပ်ထားသော တမူထူးခြားသည့် Juncition Centre Maw Tin ဖွင့်ပွဲကို (၁၈၊၉၊၂ဝ၁ဝ)ရက်၊ နံနက် (၉)နာရီက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းနှင့် အနော်ရထာလမ်းရှိ Juncition Centre Maw Tin တွင်ပြုလုပ် ကျင်းပခဲ့ရာ ရွှေတောင် ဖွံ့ဖြိုး တိုးတက်မှုကုမ္ပဏီ လိမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဇော်နိုင်၊ Benhurr Co.,Ltd မှအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်အောင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ Juncition Centre Maw Tin သည် (၄)ထပ် အဆောက်အအုံဖြစ်ပြီး ပထမထပ်တွင် စီးတီးမတ်နှင့် ကမ္ဘာ့အဆင့်အတန်းမှီ Branded အိတ်၊ဖိနပ်၊မျက်မှန်နှင့် ကော်ဖီဆိုင်များ၊ ဒုတိယထပ်တွင် လူငယ်ကြိုက် ဖက်ရှင်အဝတ်အထည် ဒီဇိုင်းအသစ်အဆန်းများ၊ တတိယထပ်တွင် လူသုံးကုန်ပစ္စည်းများ၊ ကလေးများအတွက် အသုံးအဆောင်များနှင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ အသားအရည် ထိန်းသိမ်းမှုနှင့် အလှပြုပြင်ရေးဆိုင်များ၊ စတုတ္ထထပ်တွင် လူကြီးလူငယ်များပါ ကစားနိုင်သော ကစားကွင်းနှင့် လူမျိုးဘာသာမရွေး စားသောက်နိုင်သော စားသောက်ဆိုင်များနှင့် Junction Cineplex ပါရှိပြီး Cineplex တွင် ရုပ်ရှင်ရုံ(၂)ရုံပါဝင်ကာ တစ်ရုံလျှင် ခုံ(၂၂ဝ)ပါဝင်ပြီး ရုံနှစ်ရုံအတွက် လူဦးရေ (၄၆ဝ)ဝင်ဆံကြောင်း သိရသည်။ ၄င်းစင်တာအား နေ့စဉ်နံနက် (၉)နာရီမှ ည(၉)နာရီအထိနှင့် စားသောက်ဆိုင်တန်းများအား နေ့စဉ် ည(၁ဝ)နာရီ အထိ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ နိုင်ငံတကာသံရုံးများသို့ တောင်းဆိုစာများ ပေးပို့ ။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ EU အပါအ၀င်နိုင်ငံတကာသံရုံးများသို့  ၄င်းတို့ ၏ ကြေငြာချက်နှင့် တပ်ပေါင်းစုဝင် ကျောင်းသားလူငယ်ပေါင်းနှစ်ရာနီးပါး လက်မှတ်ရေးထိုးတောင်းဆိုထားသော တောင်းဆိုချက်စာကို ပေးပို့ ခဲ့ကြသည်။

တောင်းဆိုချက်စာတွင် နိုင်ငံကြီးများအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြရန်နှင့် ရွေးကောက်ပွဲဝင်ပါတီများကိုလည်း ထောက်ပံ့ကူညီမှုများ မပြုလုပ်ကြရန် ကန့် ကွက်တောင်းဆိုထားပြီး ဗဒတတပ်ပေါင်းစု၏ အချက်ခြောက်ချက်ပါ ကြေငြာချက်နှင့် လက်မှတ်ပေါင်းနှစ်ရာနီးပါး ပါဝင်သော တောင်းဆိုချက်စာကိုပါ တပါတည်းပေးပို့ ခဲ့ကြခြင်းဖြစ်သည်။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုကို ၁၉၈၈ပြည်သူ့အရေးတော်ပုံ နှစ်ဆယ့်နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည့် (၈.၈.၂၀၁၀) ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး (၁၆.၉.၂၀၁၀) ရက်နေ့ တွင် ၄င်းတို့ ၏ အချက်ခြောက်ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်ကြေငြာခဲ့ကြသည်။

ယခုပြုလုပ်သော တောင်းဆိုချက်ပေးပို့ ခြင်းကို EU အပါအ၀င် နိုင်ငံတကာသံရုံးအတော်များများသို့ ပေးပို့ ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ တပ်ပေါင်းစုပြန်ကြားရေးကော်မတီက ယခုလှုပ်ရှားမှုကို သတင်းထုတ်ပြန်ရာတွင် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ ယခုလက်ရှိအခြေအနေနှင့် ခံစားချက်အစစ်အမှန်များကို ကောင်းစွာနားလည်မှုမရှိပဲ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးနေခြင်းများကို တွေ့ မြင်နေရသဖြင့် ယခုကဲ့သို့ သံရုံးများသို့ စာရေးတောင်းဆိုရခြင်းဖြစ်ကြောင်းနှင့် ၄င်းသံရုံးများမှတဆင့် သက်ဆိုင်ရာနိုင်ငံများ၏အစိုးရများက မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို နားလည်သဘောပေါက်လာပြီး ၄င်းတို့ ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသဘောတရားများကို ပြန်လည်သုံးသပ်ပြုပြင်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂ၊ ရွှေဝါရောင်မျိုးဆက်၊ NEW GENERATION၊ ရန်ကုန်တိုင်း အတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား လူငယ် အင်အားစုအဖွဲ့ နှင့် မြေလတ်ကျောင်းသား များအဖွဲ့ များ ပါဝင်ပြီး အမာခံကျောင်းသားလူငယ်ပေါင်းနှစ်ရာကျော်နှင့် တနိုင်ငံလုံးအနေဖြင့် တပ်ပေါင်းစုအဖွဲ့ ဝင်ပေါင်း ငါးရာကျော်ထိ ရှိသည်။ ၄င်းတို့ တပ်ပေါင်းစုသည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးကို ပုံစံမျိုးစုံ နည်းမျိုးစုံဖြင့် မည်သည့်အင်အားစုနှင့်မဆို ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

Ba Da Ta - Action Announcement

ပေးပို့ ပေးသော မိတ်ဆွေ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဖုန်းလိုင်းများကို မွမ်းမံမှုများ ပြုလုပ်နေ၍ နှစ်ပတ်ခန့် လိုင်းအနည်းငယ်ကျဆင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဖုန်းလိုင်းများကို မွမ်းမံမှုများ ပြုလုပ်နေ၍ နှစ်ပတ်ခန့် လိုင်းအနည်းငယ်ကျဆင်းနိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ GSM ဖုန်းလိုင်းများအားလုံးအတွက် မွမ်းမံမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်းမြို့နယ် အိတ်ချိန်းရုံး၊ စမ်းချောင်းမြို့နယ် အိတ်ချိန်းရုံး၊ အလုံမြို့နယ် အိတ်ချိန်းရုံး စသည့် အိတ်ချိန်းရုံးသုံးခုတွင် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ စမ်းချောင်းနှင့် အလုံအိတ်ချိန်းရုံးများတွင်သာ လုပ်ဆောင်ပေးတော့ကြောင်း သိရသည်။

“ ဗဟန်းအိတ်ချိန်းရုံးက Prepaid စနစ်ကို မွမ်းမံဆောင်ရွက်ပေးမှုတွေလုပ်တယ်။ ကျန်အိတ်ချိန်းရုံးနှစ်ခုမှာသာ GSM လိုင်း မွမ်းမံမှုတွေ ဆောင်ရွက်တယ်။ လက်ရှိကာလမှာ လိုင်းတွေကို အဆင့်မြင့်ဆောင်ရွက်မှုတွေ ပြုလုပ်နေလို့ လတ်တလော လိုင်းအနည်းငယ်ကျနိုင်ပါတယ် ” ဟု ၄င်းက ပြောသည်။ GSM အိတ်ချိန်းရုံးများသည် ရန်ကုန်တွင် နှစ်ရုံး၊ မန္တလေးတွင် တစ်ရုံးရှိပြီး ပြည်တွင်း GSM Network များ တိုးချဲ့ရန်အတွက် GSM ရေဒီယိုစခန်း ၃၀ ခုကို တိုးချဲ့တည်ဆောက်လျက်ရှိပြီး၊ နိုင်ငံအတွင်း GSM မိုဘိုင်းဖုန်းအလုံးရေ ငါးသိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

05 October 2010

ဦးဝင်းထိန် ပြောတဲ့ “တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

ဦးဝင်းထိန်

ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

အဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။

ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။

အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။

လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။

ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။

အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။

နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။

ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။

ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။

ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။

ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။

ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။

အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။

ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။

စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။

ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။

ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။

ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။

မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။

အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။

အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။

နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။

ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။

၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။

အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။

အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။

ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။

ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။

ရင်းမြစ်..ဧရာဝတီ

စာရေးဆရာ သုမောင် ၏ ခွေးချော်လဲ _ အိမ်


ကျွန်တော်သည် ကျွန်တော့် အိမ်ကလေးကို အလွန် မြတ်နိုးပါသည်။ Home Sweet Home ဆိုသည့် စကား ကိုယ့်အိမ် ကိုယ့်ရာဟာ အချိုမြိန်ဆုံး ဆိုတာ ကမ္ဘာသုံး စကားသုံးမို့ ထပ်ပြောရတာ အားနာပါသည်။

နော့ပေတည့် ယခုပြောမည့် ကျွန်တော် အိမ်အကြောင်းမှာ တစ်မျိုးတစ်မည် ရှုထောင့်မို့ ပြုံးချင့်စဖွယ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်သည် ကျွန်တော့် အိမ်အကြောင်း အက်ဆေး ၃ ပုဒ်လောက် ရေးဖူးပါသည်။ ပထမ အပုဒ်က ကျွန်တော့် အိမ်သည် စာရေးဆရာ အိမ်စစ်စစ် ဖြစ်ကြောင်း ဖြစ်ပါသည်။ ပြန်၍ နှူးရပါမူ ထိုအိမ်ဆောက်သော ကာလမှာ ၁၉၈၀ ဖြစ်သောကြောင့် ဆိုရှယ်လစ် ခေတ်ဖြစ်သဖြင့် လူသုံးကုန် ပစ္စည်းများ ပြည်သူ့ဆိုင်မှာ ၀ယ်ရပါသည်။

အပြင် မှောင်ခိုမှာက ၁၀ဆလောက် ဈေးကြီးသည်။ ကျွန်တော်ကလည်း သမီးဦး ကိုယ်ဝန်ရှိပြီ သိရသည်နှင့် အိမ်ကို အုတ်မြစ် စချသည်။နောင်မှ တဖြည်းဖြည်းချင်း ရောက်ရား ဟု သဘော ထားသည်။ တကယ်တော့ ထိုစဉ်က ကျွန်တော့်မှာ စာပေ(လုံး ချင်း)၊ ဂီတ၊ ရုပ်ရှင်တွင် အောင်မြင်ကျော် ကြားနေသူ ဖြစ်သော်လည်း “ကျားကြီး ခြေရာကြီး”ဆိုသလို ၀င်ငွေထွက်ငွေ မျှနေသည်။ စုစု ဆောင်းဆောင်းလည်း ၀ါသနာမပါ၊ ပါသော ၀ါသနာကလည်း မော်တော်ကား ဖြစ်သဖြင့် ရသမျှ ကားအသစ် ၀ယ်စီးပစ်မိသည်။ မချွင်းမချန် အပြစ် ဖို့ရပါမူ အရက်သေစာ အသောက် ကျူးတာလည်းပါသည်။

ဒါလေးများ ဟု မထင်ပါနှင့်။ တလောက ဇနီးသည် အေးဘုံ တွက်ပြမှ သောက်သက်ရှည်ခဲ့သော ကျွန်တော့် ယမကာဖိုးမှာ ထိုစဉ်က နောက်ဆုံးပေါ် ကား နှစ်စီးစာရှိသည်။ ဆိုကြပါစို့။ နော တဖြည်းဖြည်းချင်း ဆောက်ယူမည်။ အိမ် အုတ်မြစ် ချသည်။ ကံကောင်းချင်တော့ ထိုစဉ်က “စာပေ ဟောပြောပွဲ”များက လက်မ လည်အောင် ပြောခဲ့ရလေရာ ထုံးစံ အတိုင်း တိုက်ပုံ အင်္ကျီစ၊ ပုဆိုး၊ စက်ရုံ ထွက်ပစ္စည်း၊ ဒေသထွက် အစား အသောက် စသဖြင့် လက်ဆောင်ရပါ သည်။ ထိုတွင် ဌာနဆိုင်ရာ စက်ရုံများက လက်ဆောင် ပေးရာတွင် သူရို့စက်ရုံ ထွက်ပစ္စည်းများ အစိုးရ ဈေးဖြင့် ၀ယ်ယူခွင့် ပါမစ်များပါ လက်ဆောင်ပေး တတ်ပါသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ဘိလပ်မြေစက်ရုံ၊ အိမ်မိုးကျောက်ပြား စက်ရုံ၊ ကော်ဇောစက်ရုံ၊ အုတ်စက်ရုံ၊ ပရိဘောဂ စက်ရုံ စသဖြင့် အိမ်ဆောက် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများမှာ ဟောပြောခွင့် ရခဲ့ပါသည်။

ထိုအခါ စောစောက ပြောသလို အစိုးရ ဈေးဖြင့် ၀ယ်ယူခွင့် ရတော့သည်။ အခြားစာရေး ဆရာများတော့ ထိုပါမစ်များ မည်သို့ အသုံးချသည် မသိ။ ကျွန်တော် အဖို့ရာ ကား အုတ်မြစ် ချရာက တမံ သလင်းခင်း၊ နံဘေးအုတ်စီ၊ ထုတ်ယောက်ဒိုင်း မြားတပ်၊ ကျောက်ပြားမိုး၊ စားပွဲကု လားထိုင်ပြင်ဆင်၊ ကော်ဇောခင်း စသည် ဖြင့် တဖြည်းဖြည်းချင်း အစိုးရဈေးဖြင့် အိမ်တစ်လုံး ဖြစ်သွားပါတော့သည်။ အပြင်ဈေးထက် ၁၀ ဆ သက်သာပါတော့သည်။ အလီလီရသမျှ ပစ္စည်းကို သုံးရသဖြင့် အိမ်ပုံစံတော့ ခေတ်မမီပေ။ သို့သော် အခန်းများကို ရသည့်ပစ္စည်း ပေါ်မီပြီး ဖွဲ့ရပြုရသဖြင့် နေလို့ထိုင် လို့ကောင်းသော အိမ်တစ်လုံးတော့ ဖြစ်သွားပါသည်။ ကျွန်တော့် ဗီဇကလည်း ရိုးရာမပျက် မော်ဒန် ဆန်သဖြင့် ကျွန်တော့်အိမ်မှာ အင်္ဂလိပ်ခေတ် အရာရှိ ဘန်ဂလိုနှင့် အလိုလို တူသွားပါသည်။ ဘာပဲဖြစ်ဖြစ် စာပေ ဟောပြောရာမှ ရသော ပစ္စည်းများဖြင့် ဆောက်သဖြင့် “စာရေး ဆရာအိမ်”ဟု ကျွန်တော့်ဘာသာ ခံတွင်းတွေ့ ပီတိဝေ့ပါသည်။

စကားမစပ် ကျေးဇူး ဆပ်ရပါမူ ကျွန်တော့် အိမ်အောက်ထပ်မှာ ကာရံထားသော အုတ်များမှာ ထိုစဉ်က သမိုင်း အုတ်စက်ရုံမှာ အမှု ထမ်းနေသော ပိန်ပိန် မည်းမည်း စာသရဲ၊ စက်ရုံစာပေပွဲများ အတွက် ရဲရဲဝံ့ဝံ့ တာဝန်ခံသူ လူငယ် တစ်ယောက်၏ ကျေးဇူးဖြစ်ပါသည်။ သူက ပါမစ်ပေးလို့ ကျွန်တော့်အိမ် အောက်ထပ် အုတ်ပတ်ကား ဖြစ်ရသည်။ အကောင်းစား စက်အုတ်များမို့ လှပ တင့်တယ်ပါသည်။ ထိုမည်းမည်း ပိန်ပိန် စာသူငယ်လေးကား ခုနှယ်ခါ အမျိုးသား စာပေဆု သာမက စာပေဆု မျိုးစုံရ ခေတ်ပေါ် ဂန္ထ၀င် စာရေးဆရာကြီး နေ၀င်းမြင့် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော့်မှာ အောက်ထပ်နေတိုင်း သူ့ သတိရ၏။ ဧည့်သည် ဧည့်ခံတိုင်း သူ့ကျေးဇူး အမှတ်ရ၏။ ကုန်ကုန် ပြောကြကြေး၊ အိမ်သာ တက်လျှင်ပင် သူ့ဆီ လှမ်း မေတ္တာပို့ရပါသည်။ ထို ကျွန်တော့် အိမ်ကလေးသည် ခုနှယ်ခါ ကျွန်တော်နှင့် သဏ္ဌာန် တူနေပေပြီ။ အိမ်ရှင်နှင့်အိမ် လိုက်ဖက်ညီပါ ပေသည်။ ကျွန်တော်က ယခု အချိန်ထိ အိုသော်လည်း ရုပ်ရှင် ရိုက်ရဆဲ၊ သီချင်း ဆိုနိုင်ဆဲ၊ စာရေး ပိုတောင်ကောင်းဆဲ။ ထို့နည်းတူ ကျွန်တော့်အိမ်သည် အိုမင်း လာသော်လည်း ပို၍ တင့်တယ်လာပါ သည်။ ရှေးဟောင်းဘန်ဂလိုပုံစံမို့ ဟောင်းလေကောင်းလေဆိုသလို ဖြစ် နေ၏။ တောဘုန်းကြီး ကျောင်းကဲ့သို့ ကျက်သရေ ရှိပြီး လူနေလို့ ကောင်းသော သဘော ဆောင်နေ၏။ ခေတ်သုံးစကား “အင်းတိတ်”ဟုဆိုရပါမည်။ စက်အုတ်၊ ကျွန်းသစ်များ သုံးထားသောကြောင့် ကြာလေ အဆီတက်ပြီး တန်ဖိုးတက်လေ ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော့်အိမ်လေးကို ကျွန်တော် ချစ်ပါသည်။

သည်ကနေ့ မော်တော် ကားလောကတွင် ဈေးအကြီးမားဆုံးမှာ ဇိမ်ခံကား (မာစီဒီးကဲ့သို့) မဟုတ်တော့ ပါ။ဘက်စုံသုံးခေါ် ပွဲလည်းတိုး၊ တောခရီး ကြမ်းလည်းနှင်၊ ပါဂျရိုး ကဲ့ သို့ ကားမျိုးဖြစ်နေပါပြီ။ ကျွန်တော့် အိမ်လည်း ဤသို့ သာလျှင်တည်း။ အဖိုး တန်လို့တော့ မဟုတ်။ ရသည့် ပစ္စည်းပေါ် မူတည်ပြီး လိုရမည်ရ စိတ်ကူးတည့် သလို တစ်ဆင့်ချင်း အခန်း ဖွဲ့ရသော ကြောင့် ခုနှယ်ခါတွင် ဘုရားခန်း သီးသန့်၊ ဧည့်ခန်းသီးသန့် အပြင် ယာယီ ဘက်စုံသုံး ဧည့်ခန်းပါထား ရှိနိုင်နေတော့ သည်။ ယာယီဘက်စုံသုံး ဧည့်ခန်းဆို၍ ထည်ထည်ဝါ၀ါတော့ မဟုတ်၊ သူငယ်ချင်း အရက်သမားများ လာလျှင် အဆင်ပြေရန်၊ မီးဖိုဆောင်နှင့် အိမ်သာ ရေချိုးခန်းကြားမှာ အရတည်ကာရံ ထားခြင်းသာ ဖြစ်၏။ ဟုတ်ပါ့။ ထိုသို့ ရှိသဖြင့် သောက်စားဖို့ အမြည်းလည်း မီးဖိုခန်းလှမ်းဆွဲ၊ အော့ချင် အန်ချင်သေး ပေါက်ချင်လည်း အိမ်သာထဲ ပြေးရုံသာ။

ထိုသို့ ဘက်စုံသုံး ကျွန်တော့်အိမ် ကလေးမှာ ခုနှယ်ခါ မော်ဒန်သဘော ဈာန်လျှောခဲ့ ရလေပြီ။ အကြောင်းကား ဖိုးသောကြာ လူလူသူသူ ဖြစ်လာလို့ ငွေယားလေး ပေါ်တော့ သားက အိမ်ပြင် ဆောက်ချင်သတဲ့။ ပထမသူက အိမ် တစ်ခုလုံးဖြိုပြီး ပြန်ဆောက်ချင်တာ ဖြစ်သည်။ ကျွန်တော်က ကိုယ့်အိမ် ရာဇ၀င်ကိုယ် သိသောကြောင့် လက်ဖျားနှင့်မျှ အတို့မခံကြောင်း အမိန့်ထုတ် ရသည်။ ထိုအခါ သူက အိမ်ပြင်မည် လုပ်သည်။ အပေါ်ထပ် ပျဉ်ထောင်ကို အုတ်ပတ်ကား တက်ချင်သည်။ ဒါလည်း ကျွန်တော်က လက်မခံပါ။ ကျွန်တော်က ရိုးရာနှင့် မော်ဒန်ကို ပေါင်း စပ်ချင်သည်။ ပျဉ်ထောင်အုတ်ခံပဲ ကြိုက်သည်။ နောက်ဆုံး ဖိုးသောကြာက တစ်အိမ်လုံး ဆေးအသစ် သုတ်မည် ဖြစ်ပါတော့သည်။ ဒါတော့ လက်ခံ နိုင်စရာ ရှိသည်။ နော့ပေတည့် ကျွန်တော့် မူလရွေးချယ်မှု အတိုင်း သုတ်လက်စ အရောင်သာ ထပ်သုတ်ဟု ပြောရသည်။

ကျွန်တော်က အရောင်ရွေးသည်။ ဧည့်ခန်းဆို ခပ်မှိုင်းမှိုင်း။ အိပ်ခန်းဆို လင်းလင်းချင်းချင်း၊ အိမ်သာကိုတော့ သန့်သန့်ပြန့်ပြန့်...စသည်။ သားကလည်း အဖေ့ သဘောကျ လုပ်ပေးရှာသည်။ ဆေးအကောင်းစား တွေ သုတ်သည်။ ကျွန်တော်က ကွန်က ရစ် မကြိုက်ပေ။ ထိုကြောင့် အုတ်ကွက် သာဖော်သည်။ အုတ်ကွက် ဖော်ရာ၌လည်း ညီညီညာညာ မဟုတ်။ ဖြစ်သလို ဖြစ်သည်။ ပြီးမှ ကျွန်တော်က မြန်မာဖြစ် ဘားနစ်တွေ ပြောင်နေအောင်သုတ် ထားသည်။ ဒါလည်း သားက ဘားနစ် အကောင်းစားတွေ ၀ယ်ပြီး ထပ်သုတ်သည်။ ပရိဘောဂတွေကလည်း ဟောင်းနေပြီး သူက အသစ် လဲချင်သော်လည်း သူ့အမေ အေးဘုံနှင့် လက်ထက်ပွားမို့ ကော်ပတ်တိုက်ပြီး အကောင်းစား ပေါလစ်သာ ပြန်တင်ခွင့်ပေးသည်။

သည်မှာတင် ပြဿနာ ပေါ်တော့သည်။ ပေါလစ် အကောင်းစား ပြဿနာ ဖြစ်သည်။ သားသည် ပရိဘောဂများ သာ မက အိမ်ရှိ သစ်သား၊နံရံ၊ ပရိဘောဂ၊ ခွေးခြေက အစ ပေါလစ် တင်တော့သည်။ ထို့ထက်ကား နှစ်ပေါင်း သုံးဆယ်လောက် အသား သေနေပြီဖြစ်သော အပေါ်ထပ် ကြမ်းခင်းကိုပါ ကော်ပတ်စား ပေါလစ် အကောင်းစား သုတ်ပါတော့သည်။

အပေါ်ထပ်မှာက အိပ်ချိန်သာ တက်ကြပြုကြတာ ဖြစ်သော်လည်း TV ကြည့်ချိန်တော့ အပေါ် တက်ကြသည်။ စကားမစပ် ပြောရလျှင် ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင် ရှိသည်။ ကျွန်တော် ခဏခဏ ရေးဖူးသော လမ်းဘေးက ခွေးကြီး ရန်လုံကား သေလေပြီ။ သူ ရှိတုန်းကလည်း အိမ်ထဲ ၀င်ခွင့်မရပါ။ သူသည် အိမ်နှင့် ပတ်သက်လို့ ကျွန်တော် စာရေးသော ဆင်ဝင်အောက် ကုလား ထိုင်နားမှာ ရစ်သီခွင့်၊ အိပ်စက်ခွင့် ရရှာသည်။ တလောကတော့ ၈ လကြာ ဒုလ္လဘ ရဟန်းခံရာမှ လူပြန်အထွက် ဆရာတော် စွန့်လိုက်သော အိမ်တွင်းမွေး မွေးစုတ်ဖွားမလေး တစ်ကောင် ပါလာသည်။

ဘုန်းကြီးလက်ပေါ် ကြီးလာခဲ့ရ တာရော၊ သူ့ဗီဇကိုကလည်း အိမ်တွင်း နေမို့ လူစကားနားလည်သလိုရှိသည်။ လူမိသားစုများကဲ့သို့ အိမ်ထဲ သွားလာ နေထိုင်ခွင့် ရှိသည်။ စောစောကပြော သလို ဘုန်းကြီး၏ ခွေးဖြစ်သောကြောင့် လူတွေနဲ့ နီးစပ်ပြီး ပရောပရီရှိသည်။ ဆိုကြပါစို့။ တစ်အိမ်လုံး၏ အချစ်တော် ဖြစ်နေသည်။

ခွေးဆိုလျှင် အိမ်စောင့်ဖို့ လောက်သာ တန်ဖိုး ထားတတ်သော အေးဘုံ ပင်လျှင် ခွေးလေး အရောဝင်ရာ ဖင်တက်ခေါင်းတက် ခံရတော့သည်။ ထိုအခါမျိုးမှာလည်း အေးဘုံက စိတ်မဆိုးပေ။ ကျေနပ်၍ပင် နေတော့သည်။ ဟုတ်ပါ့၊ သူဟင်းချက်လျှင် အနားမှာ နေသည်။ သူ စာဖတ်လျှင် အနားမှာထိုင် သည်။ ညအိပ်လျှင် အေးဘုံအောက် တည့်တည့် ခုတင် ခြေရင်းမှာ အိပ်သည်။ အောင်မယ် သူ နေ့လယ်တစ် ရေးတစ်မော အိပ်လျှင်တောင် ခွေးက ခုတင်အောက် ၀င်ပြီး အေးဘုံနှင့် အပြိုင် အိပ်သည်။

ဆိုလိုတာက အေးဘုံ အချစ်တော် ဖြစ်နေပေပြီ။ လူ့သဘာဝကား လစ်လျှင် လစ်သလို ပြတတ်ပါသည်။ ကျွန်တော့် စာတွေ အဖတ်များသော ပရိသတ်သည် အေးဘုံကို သိနေရုံမက သူ့စရိုက် သဘာဝကိုပင် သဘောပေါက် နေလောက်ပါပြီ။ ဆိုကြပါစို့။ ဣနြေ္ဒကြီးသည်၊ စိတ်ဓာတ် မာကျောသည်၊ စကား ပြောပြတ်သည် စသဖြင့် လူရိုသေ ရှင်ရို သေဟု မတန်မရာ ၀ိသေသ ပြုရပါလိမ့်မည်။

သို့သော် တစ်နေ့တွင် အဘွားကြီးသည် လူအလစ် အပေါ်ထပ်မှာ ထိုခွေးနှင့် ဆော့ကစားတော့သည်။ လိုက်တမ်း ပြေးတမ်းလို ကစားတာဖြစ်သည်။ ထိုအခါ သူ့သားတော်မောင်၏ လောကွတ် ချော်မှုက သူ့ရောခွေးပါ ချော်တော ငေါ့စေတော့သည်။ ၀ုန်းဒိုင်း အသံကြားလို့ သမီးကြီးက ပြေးတက်ကြည့်တော့ ဣနြေ္ဒရှင် ဒေါ်အေးဘုံကြီး ကြမ်းပြင် ပေါ်မှာ ပိုးလိုးပက်လက်။ ခွေးကတော့ ချော်လဲသော်လည်း ပြန်ထ ပြေးနေပြီ။ အေးဘုံက ရုတ်တရက် မထနိုင်တော့ပေ။ သမီးက တွဲထူရတော့သည်။ ထိုအချိန်က ကျွန်တော် အိမ်မှာ မရှိပေ။ ညနေ ထမင်းစားဖို့ အေးဘုံကို စားပွဲ ပြင်ခိုင်းတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။ မေးတော့လည်း ယောင်ဝါးဝါး ဖြေပေမယ့် မျက်နှာက မချိုမချဉ် စပ်ဖြီး ဖြီးရယ်။ အသက်ကြီးမှ ကလေးကလား ဖြစ်ရတာ ရှက်နေပုံရသည်။ သမီးရည်း စားဘ၀ကပင် ရှက်ဟန်မပြ၊ ရိုးအအ သည် မိန်းမ၊ ခုမှ။

ဒီမှာတင် ကျွန်တော်သည် ဖိုးသောကြာ ပြုသမျှ နုခဲ့ရသော ကျွန်တော့် အိမ်သစ်လွင် သွားရခြင်းကို တုံ့ပြန်ဖို့ အပြစ်ဖွဲ့ရတော့သည်။ ကျွန်တော်သည် ဆိုင်သည် မဆိုင် သည်အပထားလို့ စာရေးဆရာ စကား ပြောတော့မည်။ ဒဿန ပါအောင်လည်း ရှာကြံ လေးနက်ကြရသည်။ “ဟေ့ ဖိုးသောကြာ မှတ်ထားကွ။ ပြောင်စေချင်လို့ ပေါလစ်တင်တိုင်း မကောင်းဘူး။ “ပြင်လွန်းရင် ဖင်ချွန်း” တဲ့။ သက်ကြီးစကား ရှိတယ်။ ခုဟာက မင့်အမေ ဖင်ပွန်းရပြီး အဲ မလိုအပ်ဘဲ ပေါလစ် အတင်လွန်သွားတော့ ခွေး တောင် ချော်လဲတယ်မှတ်”

မြန်မာပြည်တွင်း အဖြစ်အပျက် လေးတွေကို ကာတွန်းနဲ့ပုံဖော်






ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်ဈာပနာမြင်ကွင်း






သံဝေဂတရား ထပ်မံရရှိခြင်း

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်သည် ၂.၁၀.၂၀၁၀ (စနေနေ့) နံနက် (၆း၄၅)နာရီအချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။ ကျန်ရစ်သော ရုပ်ခန္ဓာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က သွားရောက်သယ်ဆောင် ကူညီပေးခဲ့ပါသည်။

ယနေ့ ၄.၁၀.၂၀၁၀ (တနင်္လာနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေး ကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ။သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုးပေးခဲ့ပါသည်။

ရုပ်ရှင်အစည်းအရုံးမှ “နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သရုပ်ဆောင်များ အနေဖြင့် သွားရောက်ကူညီ သင်ကြားပို့ချပေးခြင်း မပြုလုပ်ရန်” ဟူသော စာထုတ်ခဲ့သော်လည်း အနုပညာရှင်များဖြစ်သော ဘဘ ဦးသုခမှ အစပြု၍ ဒွေး၊ သုမောင်၊ ဂျော်လီဆွေ၊ ညီဘွား၊ ထွန်းထွန်းနိုင်၊ ဇော်ဝမ်း၊ စန္ဒာအောင်သိန်း၊ အေ၀မ်း ဦးလှမျိုး၊ အလှဖန်တီးရှင် မိတ်ကပ်အောင်အောင် (တောင်ကြီး)နှင့် ဇာတ်ပို့ဇာတ်ရံများ၊ လူကြမ်းသရုပ်ဆောင်များ၊ ဟာသသရုပ် ဆောင်များ၊ အနုပညာရှင်များတို့၏ မိဘ ဆွေမျိုးသားချင်းတို့၏ နာရေးကိစ္စများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)က လုပ်ဆောင်ပေးဆပ်လျှက် ရှိပါသည်။

ကျွန်တော်သည် အမေ ဒေါ်တင်တင်လှ၏ အသုဘအခမ်းအနားတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများက ကျွန်တော်အတွက် သံဝေဂတရားများကို ထပ်မံ၍ ရရှိစေခဲ့သည်။

အကြောင်းမှာ - အမေ ဒေါ်တင်တင်လှသည် ကျွန်တော်တို့၏ ရုပ်ရှင်ဘက်တွင် မင်းသားကြီး ဦးရွှေဘ၊ တွံတေး သိန်းတန်တို့ လက်ထက်ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကတွင် ရုပ်ရှင်ဖလင်များ ပျက်တောက်သွားသည့် အချိန်တွင် ရုပ်ရှင်လောက သားများ ခေတ္တရုပ်ရှင် အနုပညာလောကနှင့် အလှမ်းဝေးခဲ့ကြရသည်။ တဖန် ဗီဒီယိုများပေါ်ကာစ အချိန်ကာလတွင် ကျွန်တော်၏ ပထမဦးဆုံးသော ဗီဒီယိုဇာတ်ကား ဖြစ်သည့် စာရေးဆရာမ မအေးလေး ၀တ္ထုဖြစ်သော “ဥက္ကာ” အမည်ရှိ ဗီဒီယိုဇာတ်လမ်းတွင် ကျွန်တော်၏ မိခင်အဖြစ် ပြန်လည်၍ ရုပ်ရှင်အနုပညာလောကသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့၏ နောက်မှ ရုပ်ရှင်လောကအတွင်းသို့ ၀င်ရောက်လာသော မင်းသား၊ မင်းသမီးသစ်များ၏ အဒေါ် ဇာတ်ဝင်ခန်း၊ အမေ ဇာတ်ဝင်ခန်းများတွင် ပါဝင်၍ သရုပ်ဆောင်ပေးခဲ့ရသော ၀ါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးတို့၏ ခိုင်းစေချက်များ (နိုင်ငံတော်ကိစ္စ) ရပ်များကို အချိန် မရွေး မိမိ၏ အလုပ်မအားလပ်သည့်ကြားမှ မိမိ၏ အနုပညာကို အသုံးချကာ ပေးဆပ်နေသူ တစ်ဦးလည်း ဖြစ်သည်။

အမေ ဒေါ်တင်တင်လှ ကဲ့သို့ ရုပ်ရှင်အစည်းအရုံး၏ ခိုင်းစေချက်များကို မိမိတို့၏ ကျန်းမာရေး၊ လူမှုရေး၊ အိမ်တွင်းရေးကိစ္စ အ၀၀တို့ကို စွန့်လွှတ်ကာ ပေးဆပ်ခဲ့ကြသော အနုပညာရှင်ပေါင်းများစွာ ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံတော်အတွက်၎င်း၊ ရုပ်ရှင်အစည်းအရုံး အတွက်၎င်း၊ ရုပ်ရှင်လုပ်ငန်းအတွက်၎င်း မညီးမညူပေးဆပ်ခဲ့ကြသော သရုပ်ဆောင်များ၏ နောက်ဆုံး အချိန်ဖြစ်သော ဈာပန အခမ်းအနားများတွင် ထိုကဲ့သို့ ခိုင်းစေခဲ့သော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ အမှုဆောင်များသော်၎င်း၊ အဖွဲ့ဝင်များသော်၎င်း၊ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့ရခြင်းသည် သံဝေဂရဖွယ် ဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင်လုပ်ငန်းအတွက်သော်၎င်း၊ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေပွဲများသော်လည်း မည်မျှပင်ပေးဆပ်ခဲ့ပါမူ ဤကမ္ဘာမြေပြင်မှ ထွက်ခွာသွားရသည့် အချိန်တွင် “သင် သွားလိုရာသွားနိုင်ပြီ ကျွန်ုပ်တို့နှင့် ယခု အချိန်မှစ၍ ပတ်သက်ခြင်းမရှိတော့” ဟူသော ပြန်တမ်းစာလေး တစ်စောင်ကိုသာ လူကြုံနှင့် ထည့်ခိုင်းလိုက်ခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော လူလူချင်း စာနာစိတ်မရှိသော လုပ်ရပ်ပင် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။


ဝမ်းနည်းကြေကွဲရပါကြောင်း ပန်းခြင်းလေးတစ်ခု၊ ပန်းခွေလေးတစ်ခုကိုမျှ မမြင်တွေ့ခဲ့ရ။ ထိုနေ့ ထိုရက်တွင် ယင်း အနုပညာ အဖွဲ့အစည်းကြီး၏ အမှုဆောင်များ၊ ဥက္ကဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များအားလုံးတို့သည် မည်မျှအရေးကြီးသည့် လုပ်ငန်းတစ်ခုကို တစ်ယောက်မကျန် လုပ်ဆောင် နေရပါသနည်း။

တလက်စတည်း ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ၏ ဖခင်၊ ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ)၏ ခင်ပွန်း ဘ၀တစ်ပါးသို့ ပြောင်းလဲစဉ်ကလည်း ထိုနည်းအတိုင်းပင် မြင်တွေ့ခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ မြန်မာပြည်တွင်ရှိစဉ်က၄င်း၊ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ) မကျန်းမာစဉ် အချိန်က၄င်း နိုင်ငံတော်အခမ်းအနားများ၊ ရန်ပုံငွေပွဲများ တွင် စင်မြင့်ပေါ်သို့ အတင်းအဓမ္မ တက်ခိုင်း၍ “ဟေလားရေ မောင်တို့ …. ဟေလားရေ မောင်တို့” စသည့် သီချင်းကို မောပန်းနွမ်းနယ်မှုများကြားမှ မညှာစတမ်း သီဆိုဖျော်ဖြေ ပေးခဲ့ရသော်လည်း ခင်ပွန်းဖြစ်သူ၏ ဈာပနအခမ်းအနားတွင်တော့ ထိုခိုင်းစေခဲ့သော လူပုဂ္ဂိုလ်များ မတွေ့ရှိခဲ့။

အနုပညာရှင်များသည် လူရယ်လို့ လူ့လောကကြီးထဲ ရောက်လာသည့်အချိန်မှစ၍ ပေးဆပ်မှုများစွာ လောကကြီးအတွက်၊ လူသားများအတွက်၊ နိုင်ငံတော်အတွက် ပေးဆပ်မှုများ ရှိခဲ့သော်လည်း ထိုသူတို့၏ နောက်ဆုံးခရီး ကမ္ဘာမြေကြီးကို နှုတ်ဆက်သည့် အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာဖြင့် နှုတ်ဆက်ခရီးလမ်းကြောင်းကို တက်ညီလက်ညီလာရောက် အားပေးပြုပါက ကျန်ရစ်သူ မိသာစုများအနေဖြင့်၎င်း၊ လာရောက်ကြသော ဧည့်ပရိတ်သတ်များအတွက်၎င်း အမြင်တင့်တယ်၍ မင်္ဂလာရှိပေမည်။

အချုပ်ဆိုရသော် “ရုပ်ရှင်သည် ပြည်သူ့အတွက်၊ ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောက သားများအတွက်” ဟူသော ဆောင်ပုဒ်များကို ထုတ်ဖော်ကြွေးကြော်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လုပ်ငန်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင်များ ပတ်သက်ခြင်းမပြုရ ဟူသော စာများထုတ်ပြန်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များအနေနှင့် လူလူချင်း စာနာစိတ်မွေးကာ မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) အနက်မှ တစ်ပါးတည်းသော ကရုဏာတရားလေးကို လက်ကိုင်ပြု၍ မိမိတို့ အသင်းအဖွဲ့အား စည်းလုံးညီညွတ်စွာဖြင့် အုပ်ချုပ်စေချင်တော့သည်။ သို့တည်း မဟုတ်ပါက မိမိတို့၏ အသင်းအဖွဲ့ အမည်နာမဖြစ်သော ရုပ်ရှင်အစည်းအရုံး ဟူသော အမည်ကို ပြောင်းလဲသင့်ပြီဖြစ်ပါကြောင်း မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာထား၍ ကရုဏာဒေါသောဖြင့် ပြောကြား လိုက်ရပါတော့သည်။

အမေ ဒေါ်တင်တင်လှ၏ ရုပ်အလောင်းအား အအေးခန်းမှ ထုတ်လာစဉ် ခန်းမထဲ အရောက် ကြည့်ရှုလိုက်သောအခါ အမေ၏ အောက်နှုတ်ခမ်းသည် လောကကြီးကို မကျေနပ်၍၄င်း၊ အနုပညာလောကကြီးကို နာကျဉ်း၍၄င်း၊ ဝေဒနာကို ခံစားရ၍၄င်း … စသည့် နာကျဉ်းမှုများ၊ ကြေကွဲမှုများ၊ မကျေနပ်မှုများကြောင့်လားတော့မသိ။ သွားဖြင့် ပြတ်လုနီးပါး ကိုက်ထားသော ဒဏ်ရာတွင် သွေးစို့နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤ ဒဏ်ရာ၏ တရားခံ အဖြေကိုတော့ ကာယကံရှင်များသာ သိပါလိမ့်မည်။

မည်သို့ဖြစ်စေ အများပြည်သူတို့အား ထဲထဲဝင်ဝင် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ ပညာဒါန ပေးဆပ်မှု စသည့် လူမှုရေးကောင်းမှုတို့ကို နေ့စဉ်မပျက် အချိန်ပြည့် ပေးဆပ်မှုများ ပြုလုပ်ခွင့်ရခဲ့သည်မှာ (၃) နှစ် တိတိ ရှိခဲ့ပြီ ဖြစ်ပါ၍ ကျွန်တော်အား အနုပညာလုပ်ဆောင်ချက်များ ပိတ်ပင်ခဲ့သော နိုင်ငံတော်မှ လူပုဂ္ဂိုလ်ကြီးများအား ကျေးဇူးအထူးတင်ရှိကာ သာဓု ခေါ်ဆိုလိုက်ပါသည်။

ကျော်သူ

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။