03 September 2010

နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် မြန်မာပြည်သူတွေအတွက် လူမှုရေးထောက်ပံ့မှုတွေကိုယ်တိုင်ပြုလုပ်နေသော ကိုကျော်သူရဲ့ ပြောကြားချက်...


(၃. ၉. ၂၀၁၀) ရက်နေ့ တွင် လွတ်လပ်သည်အာရှအသံ (RFA) သတင်းဌာနမှ ထုတ်လွှင့်ခဲ့သော သတင်း တစ်ခု အားကို ကျော်သူ မှ ပြန်လည် ရှင်းလင်း တင်ပြ ခဲ့ပါသည်.။

အနုပညာသည် လေးဦး ဟာသ သရုပ်ဆောင် ညီဂျော် ၊ အမျိုးသမီးသရုပ်ဆောင်များသန်းသန်းစိုး၊ ဆုရွှန်းလဲ၊့ ဂွမ်းပုံကြီး ၊အား ရုပ်ရှင် ရိုက်ကူး ခွင့်များ ပိတ်ပင် လိုက်သည် ဟု ကိုကျော်သူ မှ ပြောကြား သည်ဆို သည်မှာ မှားယွင်း နေပါသည်။


အမှန်မှာ...နာရေးကူညီမှုအသင်း(ရန်ကုန်)အား သွားရောက် လုပ်အားပေး သင်တန်းပေးခြင်းများကို ပိတ်ပင်
ခင်းဖြစ်ပါကြောင်းသာ ဖြစ်ပါသည်.ခင်ဗျာ...။


ရုပ်ရှင်သရုပ်ဆောင်များ လူမှုရေး လုပ်လိုပါက ရုပ်ရှင်အစည်းအရုံးမှ သဘောတူ ထောက်ခံချက် ရပါမှလုပ် ရမည့် သဘောပင် ဖြစ်တော့သည်။ ( ရုပ်ရှင်သည် ပြည်သူ့ အတွက်....တဲ့ဗျာ။)

လေးစားစွာဖြင့်

ကျော်သူ


..........................................................................................................................................................

လွတ်လပ်သည်အာရှအသံ (RFA) ထုတ်လွှင် ခဲ့သောသတင်း

ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ၄ ဦးကို အနုပညာလုပ်ငန်းပိတ်ပင်


2010-09-02

လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးကတော့ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင် သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ ဖြစ်တယ်လို့ ရန်ကုန် အနုပညာ အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

ဒါပေမဲ့ တားမြစ်ပိတ်ပင်တဲ့ အချိန်ကာလ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အခမဲ့ သရုပ်ဆောင်သင်တန်း ဖွင့်လှစ်ထားတဲ့ ရန်ကုန် နာရေးကူညီမှုအသင်းက ဦးကျော်သူကတော့ အခုလို လူမှုရေးလုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက်လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

သတင်းရင်းမြစ်...RFA