22 May 2010

ကိုကျော်သူလို လူသား များများပေါ်စေသား (ကဗျာ)

PDF

The Voice - 6- 28 စာစောင်

TheVoice-6-28 စာစောင်

မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြောက်ငွေညှစ်ခံရ


မလေးရှားနိုင်ငံ Kedah ပြည်နယ်၌ မြန်မာလူငယ် ၄ ဦးသည် ကိုထွန်းဆိုသူ ပွဲစား၏ ခြိမ်းခြောက်ငွေညှစ်ခံနေရ သဖြင့် မြန်မာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) မှ ငွေပေးချေပြီး ကယ်ဆယ်ခဲ့ရသည်ဟု သတင်းရသည်။

ဖြစ်ပွားပုံမှာ ကိုထွန်းဆိုသူ မွန်အမျိုးသားပွဲစားတစ်ဦးသည် ကိုအောင်(အသက် ၂၉နှစ်)၊ မမျိုး(အသက် ၂၉ နှစ်)၊ ကိုနိုင်(အသက် ၂၄ နှစ်)၊ မအေး(အသက် ၂၉ နှစ်) အပါအ၀င် အခြား ၃ ဦးကို အလုပ်ပေးမည်ဟုဆိုကာ ဧပြီလ ၁၆ ရက်နေ့တွင် ပူခတ်ဘရာ အရပ်မှ ခေါ်ဆောင်ခဲ့သည်။

ထို ဧပြီလ ၁၆ ရက်နေ့တွင်ပင် စိုက်ပျိုးရေးခြံတစ်ခြံသို့ ခေါ်ဆောင်သွားခဲ့သည်။ ဧပြီ ၂၁ ရက်နေ့တွင် Lataing ကုမ္ပဏီတွင် အလုပ်သွင်းပေးခဲ့သည်။ ထိုညမှာပင် ထို ကိုထွန်းဆိုသူက သူတို့လေးဦးနှင့်အတူပါလာသော ကိုမင်း၏ ဇနီးဖြစ်သူ မစိုး (အသက် ၂၉ နှစ်) ကို ခေါ်ထုတ်သွားခဲ့သည်။ ဧပြီ ၂၄ ရက်နေ့တွင် မစိုးက မလေးရှား တွင် မနေချင်တော့သဖြင့် ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ကိုထွန်းမှ ကျန် ၆ ဦးအား ပြောခဲ့သည်။

ဧပြီ ၃၀ ရက်နေ့တွင် မယားပျောက်သွားသဖြင့် ကိုမင်းနှင့် သူ၏အမေဆိုသူ အမျိုးသမီးကြီးသည် အလုပ်မှထွက် ပြေးသွားခဲ့သည်။ မေလ ၁ ရက်နေ့တွင် ပွဲစားကိုထွန်းမှ အခြားအလုပ်တစ်ခုကို ပြောင်းပြီး အလုပ်လုပ်ရမည်ဟု ပြောသည်။ မေလ ၃ ရက်နေ့တွင် ကျန် ၄ ဦးမှ စုံတွဲတစ်တွဲကို သူဌေးနဲ့တွေ့ရန် ခေါ်ထုတ်သွားပြီး လမ်းတွင် ၎င်း တို့ ၂ ဦးအား ထွက်ပြေးသွားသော ၂ ဦး နှင့် ပတ်သတ်ပြီး တာဝန်ရှိသည်ဟုဆိုကာ ခြိမ်းခြောက်ပြီး စိုက်ပျိုးရေး ခြံတစ်ခြံသို့ ခေါ်သွားပြီး ၄ ရက်ကြာ ထိန်းသိမ်းထားခဲ့သည်။

ထို မေလ ၃ ရက်နေ့ညတွင် ကိုထွန်းအပါအ၀င် ကိုထွန်း၏သူဌေးဆိုသူနှင့် သူတို့ကိုယ်သူတို့ ရဲဟုပြောသော လူ ၂ ဦးတို့သည် ထိန်းသိမ်းထားသော ကိုအောင် နှင့် မမျိုးတို့အား လျှော်ကြေး ရင်းဂစ် ၂၀၀၀ ကျော်ပေးရန် လက် ထိပ်ပြခြိမ်းခြောက်သည်။ ငွေကို မြန်မာပြည်လှမ်းမှာရန်လည်း ပြောသည်။

မေလ ၇ ရက်နေ့တွင် သူတို့ အလုပ်လုပ်နေခဲ့သော ရာဘာခြံသို့ ပြန်ခေါ်သွားခဲ့သည်။ ထို့နောက် ကိုထွန်းမှ ၄ ယောက်စလုံးအား သူ့သူဌေးနဲ့လိုက်တွေ့ရန်နှင့် ငွေလျှော်ရန်ပြောသည်။

မေလ ၇ ရက်နေ့ နေ့လည် ၁၀ နာရီခန့်တွင် ကိုထွန်း၏ သူဌေးဆိုသူရောက်လာပြီး အလုပ်လုပ်ပြီးဆပ်ရန် နှင့် ကိုထွန်းခေါ်ရာသို့ လိုက်သွားရန်ပြောခဲ့သည်။ ထို့နောက် ၄ ယောက်စလုံးအား စိုက်ပျိုးရေးခြံတစ်ခြံသို့ ခေါ်သွား ခဲ့သည်။ ကိုထွန်းရဲ့ လူယုံ ၂ ဦးက ရင်းဂစ် ၂၈၂၀ ကို ၂ ရက်အတွင်း ပေးရန်ပြောခဲ့သည်။ ၇ ရက်နေ့ည ၁၂ နာရီခန့်တွင် ကိုထွန်းအပါအ၀င် ကိုထွန်း၏သူဌေးဟုဆိုသူနှင့် ရဲဟုသူတို့ဘာသာပြောသော လူ ၃ ဦးက အမျိုး သား ၂ ဦးစလုံးကို လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားသည်။ အမျိုးသမီးအား ၂ ရက်အတွင်း ငွေရှာကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ မမျိုးမှာ အလွန်ကြောက်လန့်ပြီး မေ့မြောသွားသဖြင့် သူတို့အားလုံး ပြန်သွားခဲ့ သည်။ မေလ ၈ ရက်နေ့တွင် ကိုထွန်းရောက်လာပြီး ၂ ရက်အတွင်း ငွေပေးရန် ထပ်ပြောပြန်သည်။

မေလ ၉ ရက်နေ့တွင် ၎င်းတို့ လေးဦးသည် မလေးရှားရှိ ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦးထံ ဖုန်းဆက်အကူအညီ တောင်းခဲ့သည်။ ထိုမိတ်ဆွေက မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) သို့ အကူအညီပေးပါရန် ဖုန်းဆက် တောင်းခံခဲ့သည်။

မေလ ၁၂ ရက်နေ့တွင် ဘီအာအိုမှဥက္ကဌ ဦးမောင်လှ ကူညီရန်သွားခဲ့သည်။ ၁၄ ရက်နေ့တွင် ကိုထွန်းဆိုသူနဲ့ ဖုန်းဖြင့်ဆက်သွယ်ပြီး ညှိနှိုင်းကာ ရင်းဂစ် ၄၀၀၀ ပေး၍ ကယ်ဆယ်ခဲ့သည်။

ထို ကိုထွန်းဆိုသူမှာ မွန်အမျိုးသားဖြစ်ပြီး အသက် ၄၀ ပတ်ဝန်းကျင်ရှိသည်။ ပိန်ပိန်ပါးပါးဖြစ်ပြီး သူ၏ကားမှာ WBM 9699 အနက်ရောင်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသား ဒုက္ခသည်များမှာ ရောက်ရှိရာနေရာဒေသအသီးသီးတွင် ခက်ခက်ခဲခဲလုပ်ကိုင်နေကြ ရသည်။ ပြန်ပေးဆွဲခံရခြင်း၊ လူသတ်မုဒိန်းကျင့်ခြင်းခံနေရခြင်း၊ ခြိမ်းခြောက်ခံနေရခြင်း၊ ဓါးပြတိုက်ခြင်းများ ခံနေ ရသည်။ ထို့ပြင် မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးထောင်ချခြင်းများကိုလည်း ခံနေရသည်။ အဆိုးဆုံးမှာ မလေးရှား UNHCR မှ မြန်မာလူမျိုးများအပေါ် ဖိနှိပ်ခွဲခြားဆက်ဆံမှုများကြောင့် မလေးရှားရောက် မြန်မာဒုက္ခ သည်များ၏ ဘ၀လုံခြုံမှုကင်းမဲ့နေသည့်အပြင် လူ့အခွင့်အရေးများ အလွန်အမင်း ဆုံးရှုံးနစ်နာနေကြရသည်။

မောင်မြန်မာ(BRO)

22 May 2010

မှတ်ချက်။ ပွဲစားအမည် ကိုထွန်း ဆိုသူမှာ အမှန်ဖြစ်ပြီး အနိုင်ကျင့်ခံခဲ့ရသူများ၏ နာမည်များကို ပြောင်းလဲထား သည်။

ပေးပို့ ပေးသော မောင်လေး ခမိခဆဲ ကိုကျေးဇူးတင်ပါသည်.။

နာရေးကူညီမှုအသင်း၏ ၂၂.၅.၂၀၁၀ ရေလှူဒါန်းခြင်းနှင့် ကုသိုလ် နဲ့ အကုသိုလ် လွန်ဆွဲပွဲ





















နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၁.၅.၂၀၁၀ (သောကြာ)နေ့တွင် သောက်ရေ/သုံးရေ လိုအပ်လျှက်ရှိသော သံလျင်မြို့နယ်၊ သုံးခွမြို့ဘက်သို့အသွား လမ်းတစ်လျှောက်ရှိ ပျဉ်းမကန်စံပြကျေးရွာ၊ တံတားပြာကျေးရွာ၊ အနောက်စုကျေးရွာ၊ စွယ်တော်ကွင်းကျေးရွာ၊ ရွှေဘိုစုကျေးရွာနှင့် ဒေးပေါက်စံပြကျေးရွာ တို့တွင် ရေလှူဒါန်းမှုကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေးလူငယ်များနှင့် ကိုလူချောအဖွဲ့ (ရုပ်ရှင်သရုပ်ဆောင် လူကြမ်းမင်းသား) ပူးပေါင်းပြီး ကုသိုလ်ဖြစ် လှူဒါန်းခဲ့ကြပါသည်။

ဦးစွာ သံလျင်မြို့ တာဝ (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်)ကျောင်း အရှေ့ရှိ တော်ဝင်နှင်းဆီ အမျိုးသမီးသီးသန့် အဆင့်မြင့် ဘော်ဒါဆောင်မှ မိမိတို့ပါသွားသော ရေဂါလံ (၂၅၀၀) ဆံ့ ပလပ်စတစ် ရေတိုင်ကီပုံးများထဲသို့ ကား (၂) စီး ရေဖြည့်ပြီး သုံးခွမြို့နယ်ရှိ ရေဒုက္ခသည်တို့ရှိရာ ကျေးရွာများသို့ သွားရောက် ရေအလှူ ပြုခဲ့ကြပါသည်။

ထူးခြားချက်မှာ … မိမိတို့သည် သောက်ရေ သုံးရေ ရေဒုက္ခသည်များထံသို့ သွားရောက်လှူဒါန်းရန် ရေအလှူရှင်တို့ထံမှ ရေများဖြည့်ဆည်းနေချိန် နံနက် (၁၁း၀၀) နာရီအချိန်တွင် မိုးများ ရွာသွန်းခဲ့ပါသည်။ သောက်ရေ/သုံးရေ ရေဘေးဒုက္ခသည်များကို မိမိတို့သည် လူအချင်းချင်း ရိုင်းပင်းကူညီ ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြသလို မိုးနတ်သားများမှလည်း မိုးရေစက်များဖြင့် ရေဒုက္ခသည်များထံသို့ မိုးရေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြခြင်းပင် ဖြစ်တော့သည်။

ထိုကဲ့သို့ လူအချင်းချင်း ကယ်တင်ဖေးမခြင်းတင်မက ဒေ၀တာ နတ်မင်းများကလည်း ပံ့ပိုးကူညီ ခြင်းများ ပြုလုပ်ပေးနေသော်လည်း . . . အချို့သော ရေဒုက္ခသည် ကျေးရွာ ဒေသများတွင် ရေချို တစ်ဆင့် လှူဒါန်းသူတို့အား ရေပိုက်ကြီးကြီးနှင့် မလှူရန် လာရောက်တားမြစ်ခြင်း၊ ဒေသခံလူထုက ပေ (၈၀) ခန့် အ၀ီစိတွင်း တူးလျှင် ရေချိုထွက်သည်ဟု ပြောကြားသော်လည်း မိမိတို့ ကုသိုလ်ဖြစ် အသင်းအဖွဲ့တို့အား ပေ (၂၀၀) ခန့်တူးမှ ရေချိုထွက်နိုင်ကြောင်း မုသားသုံးပြီး ဖျက်လို ဖျက်ဆီးနှင့် လာရောက်ပြောဆိုသူများ၊ ရေဘေးဒုက္ခသည် ရွာများရှိရာ လမ်းဆုံ လမ်းခွများတွင် ရွာများသို့ အ၀င်တွင် ထိုရွာများသို့ မိမိတို့ ကားများဖြင့် ၀င်ရောက်ပါက ပြဿနာတက်မည်ဖြစ်ကြောင်း၊ သွားလို့ရမည် မဟုတ်ကြောင်း လာရောက်ဟန့်တားခြင်းများ ကြုံတွေ့ခဲ့ရပါသည်။

ထိုသို့သော . . . ကုသိုလ်နှင့် အကုသိုလ် လွန်ဆွဲပွဲတွင် ကျွန်တော်တို့သည် ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေးပြီး ဒူးမထောက် ဦးမညွှတ်ဘဲ ကုသိုလ်ရေး ကိစ္စရပ်များကို ရဲရဲရင့်ရင့် ရင်ဆိုင်ချီတတ်သွားမည် ဖြစ်ပါကြောင်းနှင့်. . .

ယနေ့  (၂၂.၅.၂၀၁၀) ရက်နေ့ တွင်လည်း ယင်းဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေး အဖွဲ့သားများနှင့် ရုပ်ရှင်လူကြမ်းသရုပ်ဆောင် (ကိုလူချော) အဖွဲ့သားများ ပူးပေါင်းကာ ဒါနကုသိုလ်ကို ရဲရဲရင့်ရင့် သွားရောက်ပြီး ရေလှူဒါန်းမှုများ ဆက်လက် ပြုလုပ်လျှက်ရှိပါကြောင်း . . . . ။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

ဒို့လူမျိုး တွေ နေ၀င်ချိန်ကို စောင့်ကြနေကြတာလား။

ဒို့လူမျိုး တွေ နေ၀င်ချိန်ကို စောင့်ကြနေကြတာလား။

ဒီပုံတိုင်းသာ ဆက်သွားရင် မကြာပါ ဘူး နေ၀င်ချိန်ကို ရောက်တော့မှာပါ။ ကမ္ဘာမှာ ဗမာလူမျိုး
ဆို တာ ပျောက်ဘို့ အချိန်သိပ်မလိုတော့ဘူး။လူမျိုးပျောက်ပြီ ဆိုမှတော့ ဒို့တွေကကော ။
စဉ်းစားစရာကို မလိုတော့ဘူး။


တိုင်းပြည်ကို အမျိုးမျိုး နှိပ်စက် ၊ ယုတ်မာမှုမှာ နှိုင်းယှဉ်စရာ မရှိ ၊ ဒါ တွေကို သိရဲ့နဲ့ ငုံ့ခံနေကြတော့မှာ
လား။ဒို့တွေမှာ စိတ်ဓါတ်ခွန်အားတွေ နည်းပါးလာအောင် လုပ်နေကြလို့ ဒို့လူမျိုးတွေ ရင်ထဲမှာ
အကြောက်တရား တွေ ကိန်းအောင်းနေကြပြီ။

တစ်ချိန်က ကမ္ဘာမှာ ဗမာလူမျိုးဆိုပြီး ကြွေးကြော်နိုင်ခဲ့ကြတာ သူရဲကောင်းတွေ ရှိခဲ့ကြလို့ဘဲ။ဒို့တွေ
လည်း လုပ်ရ င် ဖြစ်ပါတယ် ။ ဘာတွေ ကို စဉ်းစားပြီး တွေးကြောက်နေကြမှလဲ။ဒို့တွေရဲ့ စီးလုံးညီညွတ်
မှုကို ပြသဖို့ အချိန်ရောက်နေကြပြီ။ အား လုံး ညီညီညွတ်ညွတ်နဲ့ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ယူကြဖို့
ဘဲလိုပါတယ်။ဒီလိုချိန်မှာ မဟုတ်တာတွေ စဉ်းစားပြီး ရင် ထဲမှာ အကြောက်တရားတွေ ကိန်းအောင်း
လာအောင် ပြောတဲ့သူဟာ ဒို့ရဲ့ရန်သူဘဲ။

လူတိုင်းကတစ်နေ့တော့သေကြမှာဘဲ။ရှင်လျက်နဲ့သေနေရတဲ့ဘ၀ကပိုဆိုးပါတယ်။သေချာစဉ်းစားကြည့်
ကြပါ။ဒို့တိုင်းပြည် ဘာတွေလိုအပ်နေလဲ ။ ဒါတွေကို ငါ တို့တွေ တောင်းဆိုကြရမယ်။ဒို့တွေ မဟုတ်တာ
လုပ်တာ မဟုတ်ဘူး ။ လိုချင်တာကို ရဲရဲ ၀င့်ဝင့် ထုတ်ဖော်ပြောဆိုတာပါ ။

ကိုယ်အိမ်ထဲမှာကိုနေ၊ ဖြစ်သမျှကို ညီးညူ ၊ ကံတရားကို ပုံချနေလို့ မရဘူး ။တိုင်းပြည်အကျိုးကို
ဆောင်ရွက်ချင် တဲ့သူတွေ အများကြီးရှိပါသေးတယ်။ငါ တို့တိုင်းပြည်ကောင်းစားရေး အတွက်
အရာရာကို လက်လွတ်အဆုံးရှုံး ခံ ထောင်ထဲမှာ ရောက်နေတဲ့သူရဲကောင်းတွေကို ငါ တို့တတ်နိုင်
တဲ့ဘက်က ပြန်ပြီးဂုဏ်ပြုကြရမယ်။

ဒို့တွေအားလုံးသိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဒို့တိုင်းပြည်လိုအပ်နေတဲ့ လွတ်လပ်ရေးကို တိုင်းပြည်ကောင်းစားရေးအတွက် ရယူပေးခဲ့တာ။

လက်တစ်ဆုပ်စာ ကိုယ်ကျိုးရှာ လူတစ်စု ကောင်းစားဖို့မဟုတ်ဘူး။ဒို့တွေမတရားမှုကို ဆန့်ကျင်ရမယ်။
ဒို့တွေရဲ့ဆန္ဒအမှန်ကိုထုတ်ဖော်ကြမယ်။ဒို့တွေကိုဦးဆောင်မယ့်ခေါင်းဆောင်ကောင်းတွေလိုအပ်တယ်။
ဘယ်သူဘဲခေါင်းဆောင်လုပ်လုပ် ဦးတည်ချက်က တိုင်းပြည်ကောင်းစားရေးဘဲဖြစ်ရမယ်။

အားလုံး မကြောက်မရွံ့ နောက်မတွန့်ဘဲ ဒို့တိုင်းပြည်မှာ လိုအပ်နေတဲ့ အရောတွေကို တောင်းဆိုကြမယ်။
တိုင်းပြည်ကိုချစ်သောတပ်မတော်သားတွေကိုလည်းပြောပြချင်ပါတယ်။သင်တို့ကိုလစာရိက္ခာထောက်ပံ့
နေသည်မှာ ပြည်သူတွေဖြစ်သည်။သင်တို့ကို ထမင်းကျွေးနေသောသူ ပြည်သူလူထုကိုညင်းပန်းနှိပ်စက်
ဒုက္ခပေးခြင်းသည် ကိုယ့် ထမင်းရှင်ကို ပြန်လည်ပြစ်မှားခြင်းဖြစ်ပေသည်

ကျွန်တော်တို့တွေ သိသော တပ်မတော်သည် ပြည်သူမှပေါက်ဖွားလာခြင်းဖြစ်သည်။ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်ဖြစ်သည်။ ကိုယ်ကျိုးရှာ
လူတစ်စု၏ မှားယွင်းစွာ ပေးသော ကိုယ်ကျိုးရှာအမိန့်ကို လိုက်နာခဲ့မိ၍ တစ်ကမ္ဘာလုံးက လေးစား
ရသော သာသနာဝန်ထမ်း ရှင်ရဟန်းများကိုပင် သွေးစိမ်းရှင်ရှင်ထွက်အောင် ရိုက်ပုတ်ခဲ့ကြလေပြီ။
အမိန့်ဆိုသောစကားကို အသုံးချလျက် သင်တို့ကို ထိုသို့ကြမ်းတမ်းယုတ်မာရိုင်းစိုင်းသော စိတ်ဓါတ်
များကို သင်တို့ရင်တွင်းသွတ်သွင်းပေးနေသည်မှာ ထိုကိုယ်ကျိုးရှာ အာဏာရှင်လူတစ်စု ပင်ဖြစ်သည်။
သင်တို့ရင်တွင်းမှ ထိုသို့သောစိတ်ဓါတ်များကို မောင်းထုတ်၍ ပြည်သူချစ်သောတပ်မတော်သားများ
အဖြစ် ပြန်လည်ပြုပြင်သင့်သည်။

ယနေ့တပ်မတော်တွင်း ဖြစ်ရပ်မှန်များကို သင်တို့ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်ကိုကာကွယ် စောင့်ရှောက်ရန် ပေးအပ်ထားသော လက်နက်များဖြင့်တိုင်းသူပြည်သား
တို့အား ခြိမ်းခြောက်နေမယ့်အစား ကိုယ်ကျိုးရှာ အာ ဏာရှင် လူတစ်စုကို မောင်းထုတ်ရန်ကြိုးပမ်း
နေသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများနှင့် လက်တွဲရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။


တိုင်းရင်းသားပြည်သူများခင်ဗျာ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရွက်၍ သင်တို့၏ တိုင်းရင်သားခေါင်းဆောင်များ အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်ကိုပြန်လည် အမှတ်ရစေလိုပါတယ်။ ပြည်နယ် ပြည်မ
မခွဲခြားရေးနှင့် တိုင်းပြည်အတူတွ စည်းလုံးညီညွတ်ရေးကို ရရှိရန် သဘောတူညီလက်မှတ်ထိုး
ခဲ့ကြ သည်မှာ သင်တို့အင်မတန်မှ လေးစားကြသေ သင်တို့၏ ခေါင်းဆောင်များပင်ဖြစ်သည်။
ယနေ့ ဒီအချိန်သည် ပင်လုံစာချုပ်ပါ အချက်အလက်များ အကောင်အထည် ဖော်ရန်
တိုင်းပြည်ကို တိုးတွန် ကောင်းမွန်ရန် အတွက် အတူတကွ လုပ်ကိုင် ဆောင်ရွက် ကြရန်
သင်တို့ကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။


ဒို့တိုင်းပြည်မှာ သူရဲကောင်းတွေ အများကြီးပါ။မိန်းမသားဖြစ်ပေမယ့် တစ်ကမ္ဘာလုံးက လေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးမျိုးဆက် ဒေါ်အောင်ဆန်းဆုကြည်အသက်ကြီးပေမယ့်စိတ်ဓါတ်မကြဘဲ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်နေတဲ့ ဟံသာဝတီ ဘဘ ဦးဝင်းတင်။တိုင်းပြည်ကောင်းစားရေး
အတွက် ဘ၀နှင့်ရင်းနှီးမြှပ်နှံခဲ့တဲ့ အငြိမ်းစား စစ်ဦးစီးချုပ် ဘဘ ဦးတင်ဦးဗမာလူမျိုးတွေရဲ့အမှားကို
ထောက်ပြကာ တစ်နိုင်ငံလုံး မကြောက်တရား လှည့်လည် ဟောကြားနေတဲ့ ဆရာတော် ဦးသုမင်္ဂလ
နိုင်ငံကျော် လူသားတွေ ဖြစ်ပေမယ့် ပြည်သူတွေကို ကူညီဖို့ ဘ၀ကိုရင်းနှီးမြှပ်နှံထားတဲ့ ကိုကျော်သူ..
ကိုဇဂနာဒို့ကျောင်းသားတွေလဲ သတ္တရှိရှိရဲဝံ့ပါတယ်၊တိုင်းပြည်အတွက်ဆို အသက်ပါပေးထားတဲ့
ကိုမင်းကိုနိုင် နှင့်တစ်ကွကျောင်းသားခေါင်းဆောင်များအခြားတိုင်းကျိုးပြည်ပြု နိုင်ငံရေးပါတီများ
မြန်မာစစ်အစိုးရက မရားသဖြင့် ဒုက္ခပေးသည်ကို သီးမခံနိုင်၍တိုင်းတစ်ပါးတွင်ခတ္တတိမ်းရှောင်နေ
ရသောသူများသူတို့တွေအခုချိန်ထိ သက်ရှိထင်ရှားရှိနေကြသေးတယ် ။ သူတို့တွေဟာ ရင်ထဲက
ကြောက်ရွံ့ခြင်းကို မောင်းထုတ်ကာ တိုင်းပြည်အကျိုးကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေကြတယ်။


အားလုံးသောရဟန်းရှင်လူပြည်သားများ၊ ကျောင်းသားများနှင့်တိုင်းပြည်ကို တကယ်ချစ်သော တပ်မတော်များခင်ဗျာ မိမိနိုင်ရာတာဝန်ကို ထမ်းဆောင်ပြီး ဒို့တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော တရားမျှတ၍ လွတ်လပ်စွာ တိုင်းပြည်ကို တိုးတက်စေနိုင်သာ ဒီမိုကရေစီနိုင်ငံ
နိုင်ငံတောကြီး ပေါ်ပေါက်ရေးကိုဝိုင်းဝန်းကြိုးစားကြပါလို့ တောင်းဆိုလိုက်ပါတယ်။


ဒီမိုကရေစီရရှိရေး ........ ဒို့အရေး
စစ်အာဏာရှင် စနစ်ပျက် သုဉ်းရေး .................ဒို့အရေး
မတရားမှုကို အလို မရှိ အလိုရှိ တာ ဒီမိုကရေစီိ .....................................
ဒို့တွေ အား လုံး တရားမျှတ၍ လွတ်လပ်စွာ တိုင်းပြည်ကို တိုးတက်စေနိုင်သာ ဒီမိုကရေစီ နိုင်ငံတော်
ကြီးဆီသို့  ချီတက်ကြပါစို့တိုင်းပြည်ကို တိုးတက်ကောင်းမွန်စေချင်တဲ့



ဗမာ့သွေး

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအားရာထူးချပြီးအနှစ်(၂၀)အတွင်း ကျူးလွန်ခဲ့သည့်ပြစ်မှုများအတွက်ထောင်ဒဏ်တသက် တကျွန်းနဲ့သေဒဏ်ချမှတ်လိုက်ခြင်း


မြန်မာပြည်သူများမှ ဒီလို မြင်ချင်စမ်းလှပါဘိ။ မြန်မာနိုင်ငံမှာ မည်သည့် အာဏာရှင်မှ မရှိစေရဖို့  ၀ိုင်းဝန်းကြိုးပမ်းကြပါစို့ ။

ပြန်လည်မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူး အထူးတင်ရှိပါသည်.။

မြန်မာပြည်မှာ နေထီးဆောင်း မှုဖြစ်ပေါ် .....



ယခင် သီတင်းပတ် က သောကြာကြယ် နှင့် လ တို့ နီးကပ်မှု ဖြစ်စဉ် ကြောင့် မြန်မာ နိုင်ငံတွင်
အုတ်အော် သောင်း နင်း ဖြစ်ပြီး နောက် ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် ယနေ့ မနက် ၁၁
နာရီ ခန့် က နေထီး ဆောင်းမှု ဖြစ်စဉ် ကို တစ်နာရီ ခန့် တွေ့ မြင်ရသည် ဟု မော်လမြိုင်မြို့ မှ
ဆရာ မ တစ်ဦး က Freedom News Group သို့ ပြောသည်။

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ရှိ လှည်းတန်း ၊ ရန်ကုန် မြို့ လည် နှင့် ကြည့်မြင်တိုင်
စသည့် နေရာ အချို့ တွင် တွေ့ မြင်ရမှု မရှိ ဟု သိရသည်။




မြန်မာ နိုင်ငံတွင် နေထီးဆောင်းခြင်း နှင့် ပတ်သက် ၍ အတိတ် နိမိတ် တဘောင် များစွာရှိ ပြီး
ယနေ့  နေထီးဆောင်း ခြင်း နှင့် ပတ်သက် ၍ အတိတ်၊နိမိတ် ကောက် ယူမှု ဆိုင်ရာ သုတေသီ
ဦး ကျော်မြင့် က နေထီးဆောင်း တယ် ဆိုတာ မြန်မာ ဘုရင် တွေ နန်းကျချိန် တို့ မင်းလောင်ပေါ်
တဲ့ အချိန် တို့ တိုင်းပြည် မှာ အငတ် ဘေး တို့ ဆိုက် တဲ့ အချိန် မှာ ပေါ်တဲ့ နိမိတ် ဟု ပြောကြားသည်။

Myanmar: Water Scarcity Areas (as of 18 May 2010)

Water Shortage Map

အရေးတော်ပုံ ရင်ခုန်သူများ...

Aung Way Spirit of Revolution Series

ယနေ့တွင်ဗကသကျောင်းသားခေါင်းဆောင် ကျော်ကိုကို ထောင်တိုးချခံရ


ထောင်ဒဏ်သုံးနှစ်ကနေ ပြန်လွှတ်ခါနီးအချိန်ကျမှ အာဏာပိုင်တွေက သူ့ကို အသင်းပင်း ဖွဲ့စည်းမှု ပုဒ်မ ၆ နဲ့ ထောင်ဒဏ် သုံးနှစ်၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောက်ယှက်မှု ပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ်ဆိုပြီး နောက်ထပ် ထောင်ဒဏ် ငါးနှစ်ကို ဒီကနေ့ပဲ ချမှတ်လိုက်ပါတယ်။


ဗီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် သုံးနှစ်ကျခံနေရတဲ့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ခေါင်းဆောင် ကိုကျော်ကိုကိုဟာ မကြာခင်မှာ လွတ်ရက်စေ့တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ထောင်ဒဏ်သုံးနှစ်ကနေ ပြန်လွှတ်ခါနီးအချိန်ကျမှ အာဏာပိုင်တွေက သူ့ကို အသင်းပင်းဖွဲ့စည်းမှု ပုဒ်မ ၆ နဲ့ ထောင်ဒဏ် သုံးနှစ်၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါး နှောက်ယှက်မှု ပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ်ဆိုပြီး နောက်ထပ် ထောင်ဒဏ် ငါးနှစ်ကို ဒီကနေ့ပဲ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

စက်တင်ဘာသံဃာ့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများ အဖွဲ့ချုပ်က ခေါင်းဆောင်ကိုကျော်ကိုကိုဟာ ဗွီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ကျလို့ ပြန်လွတ်ခါနီးအချိန်ကျမှ သင်းဖွဲ့ ဖွဲစည်းမူ ပုဒ်မ ၆ နဲ့ ၃ နှစ်နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ၂ နှစ် ကို ဒီနေ့မှာပဲ ထပ် အမိန့်ချ လိုက်ပါတယ်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်အဖြစ်ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုကျော်ကိုကို ကို အာဏာပိုင်တွေက ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်တရားရုံးမှာ ဗွီဒီယို အက်ဥပဒေနဲ့ ၃ နှစ် ချခဲ့ပါတယ်။ ဒီနောက် တောင်ကြီးထောင်ကို ပို့ခဲ့ပါတယ်။

ထောင်ချပြီကာမှ ၂၀၁၀၊ မတ်လ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ပြန်ပို့ပြီး ထပ်မံ တရားစွဲခဲ့တာဖြစ်ပါတယ်။ သူ့ကို ဒီနေ့မှာတော့ ကျောက်တံတား တရားရုံးမှာ ပုဒ်မ ၂ ခုနဲ့ ထောင် ၅ နှစ် ချလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ပြောပါတယ်။

“ကျော်ကိုကို ကို ကျောက်တံတားမြို့နယ် တရားရုံးကပေါ့နော်။ ၂ နာရီလောက်မှာ အမိန့်ချတယ်။ သင်းဖွဲ့ပုဒ်မ ၆ နဲ့ ၃ နှစ်၊ ၅၀၅(ခ) နဲ့ ၂ နှစ် ပေါ့။ တရုံးစီ ခွဲချတယ်။”

အခုလိုမျိုး လွတ်ရက်စေ့ခါနီးမှ ထပ်မံတရားစွဲဆိုတဲ့ ပုဒ်မတွေဟာ ဥပဒေအကြောင်းခြင်းရာနဲ့ ညီညွတ်မှုရှိမရှိကိုလည်း မေးမြန်းကြည့်တဲ့ အခါမှာတော့ -

“အသင်းအဖွဲ့အနေနဲ့ ဖွဲ့ထားတဲ့ ပုံသဏ္ဍန်မျိုးနဲ့ ပြစ်ဒဏ်ပေးတဲ့ ကိစ္စမှာ တရားခံဘက်ကနေပြီးတော့ ဒါဟာ အသင်းအဖွဲ့ ဖွဲ့ ထားတာ မဟုတ်ပါဘူးလို့ ခုခံချေပရမယ်ဆိုတဲ့ အနေအထားမျိုးတော့ တရားခံဘက်ကို ပုခုံးပြောင်းပြီးတော့ ရှင်းလင်းစေတဲ့ အချက်ဟာဖြင့် ဒါ ဥပဒေနဲ့ မညီဘူးပေါ့နော်။ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းခြင်းရာကို ဘယ်လိုပုံသဏ္ဍန်နဲ့ ဖွဲ့ စည်းတယ်၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းတယ်၊ ဘယ်မှာဖွဲ့စည်းတယ်ဆိုတဲ့ အချက်အလက်တွေဟာ ဖော်ပြဖို့လိုတယ်။ အဲဒီလိုပဲ ဒီ နိုင်ငံတော် လုံခြုံရေးဆိုင်ရာကို ထိပါးစေတဲ့ ပုဒ်မ ၅၀၅(ခ) ဆိုတာဟာလည်း ဒီ ၂၀၀၇ ခုနှစ်မှာ ဒီလိုပဲ ရဟန်းသံဃာတွေရဲ့ မေတ္တာသုတ်ရွတ်ပွဲမှာ သူတို့လည်း ပါဝင်ပြီးတော့ လိုက်ခဲ့တယ်။ ကျော်ကိုကိုက အဲဒီမှာ ဟောပြောတယ်။ အဲဒီ ဟောပြောတာဟာ လှုံ့ဆော်တယ်လို့ ပြောလို့ ရမလား၊ မရဘူးလား။ အဲလို ဟောပြော လိုက်တဲ့ အတွက် ဘယ်လိုပြဿနာ တွေ ပေါ်ပေါက်လာနိုင်သလဲ၊ ပေါ်ပေါက်လာသလဲပေါ့နော်၊ အဲဒီလို အချက်အလက်တွေကိုလည်း တရားစွဲ အဖွဲ့အစည်း အနေနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ခြင်းမရှိဘူး။”

ကိုကျော်ကိုကိုလိုပဲ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းကတော့ သင်းဖွဲ့ပုဒ်မ ၆ အပါအ၀င် ပုဒ်မ ၄ ခု လောက်နဲ့ ထောင် ၁၅ နှစ်ခွဲ ကျခံနေရပါတယ်။ ကိုဒီငြိမ်းလင်းကတော့ ဝေးလံခေါင်သီတဲ့ ခန္တီးထောင်မှာ မျက်စေ့သိပ်မမြင်တော့ဘဲ မျက်စေ့ကိုက်တဲ့ဝေဒနာ ပြင်းထန်စွာ ခံစားနေရတာကြောင့် ဆေးကုသခွင့်တောင်းထားပေမဲ့ အခုထိ မရသေးဘူးလို့ မိသားစုက ပြောပါတယ်။


ရင်းမြစ်...VOA

ထိုင်းနိုင်ငံ ရဲ့ နံမည်ကြီးအဆိုတော် တဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုသီချင်းနဲ့ ဂုဏ်ပြု...





ဘန်ကောက်တိုက်ခိုက်မှုအတွင်း အီတလီ ဓာတ်ပုံဆရာသေဆုံး

အီတလီနိုင်ငံသား အလွတ်တမ်းဓာတ်ပုံဆရာ ဖေဘီယိုပိုလန်ဂီးသည် ဗုဒ္ဓဟူးနေ့(မေလ၁၉ရက်)က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဆန္ဒပြသူများအား စစ်တပ်မှ ပစ်ခတ်နှိမ်နင်းမှုအတွင်း သေနတ်ထိမှန် သေဆုံးသွားကြောင်း ၎င်း၏ မိသားစုက ပြောကြားသည်။ အသက်၄၅နှစ်အရွယ် ပိုလန်ဂီးသည် ဥရောပ မဂ္ဂဇင်းတစ်စောင်အတွက် လွန်ခဲ့သည့် သုံးလကတည်းက ထိုင်းနိုင်ငံတွင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။


ဘန်ကောက်တွင် ရှိနေသည့် အီတလီသတင်းထောက်များ၏ ပြောကြားချက်အရ ပိုလန်ဂီမှာ ကျည်ကာအင်္ကျီ ဝတ်ဆင်ကာ ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားပြီး ဝမ်းဗိုက်ပိုင်းကို ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။ ပိုလန်ဂီးကို မော်တော်ဆိုင်ကယ်ဖြင့် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြသော်လည်း ဆေးရုံတွင် သေဆုံးသွားသည်။ ပိုလန်ဂီးသည် စွယ်စုံရ ဓာတ်ပုံပညာဆရာ တစ်ဦးဖြစ်ပြီး ဖက်ရှင်နှင့်ကြော်ငြာ ဓာတ်ပုံများ ရိုက်ကူးခြင်းကို ၂၅နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

(ဆန္ဒပြသူများအား ထိုင်းစစ်တပ်မှ ဖမ်းဆီးထားစဉ်)

သို့သော် ပိုလန်ဂီးသည် နိုင်ငံရပ်ခြား ဒေသများမှ သတင်းဓာတ်ပုံများ ရိုက်ကူးခြင်းကို စိတ်အားထက်သန်သူ တစ်ဦးလည်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့တွင် ဆန္ဒပြသူများအား ရှင်းလင်းနှိမ်နင်းရန် ရောက်ရှိလာသည့် စစ်တပ်နှင့် ဆန္ဒပြသူများကြား ထိပ်တိုက်တွေ့ကြစဉ် စစ်တပ်မှ ပစ်ခတ်မှုထိမှန်ကာ ပိုလန်ဂီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အီတလီနေ့စဉ်ထုတ် သတင်းစာ Corriere della Seraတွင် ရေးသားဖော်ပြထားသည်။

(မီးရှို့ဖျက်ဆီးနေသည့် ဆန္ဒပြသူတစ်ဦး)

ဘန်ကောက်မြို့တော်တွင် ဆန္ဒပြခေါင်းဆောင်များက အညံ့ခံပြီးနောက်ပိုင်း ထင်ရှားသည့် ဈေးဝယ်စင်တာဖြစ်သော Central World အပါအဝင် အဆောက်အဦ ၂၇ခုကို ဆူပူအုံကြွသူများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်အဘီဆစ်က နိုင်ငံကို ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ဘန်ကောက်မြို့တော်တွင် အိမ်ပြင်မထွက်ရ အမိန့်ကို ဆက်လက်ထားရှိပြီး ထိုင်းစစ်တပ်မှ ဆန္ဒပြသူများကို ဖမ်းဆီးရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ planet new တွင်ဖော်ပြထားပါသည်.။

21 May 2010

ပြည်သူများထံရံပုံငွေကိုမတရားသဖြင့် ကောက်ခံနေသည့် ကျောက်ဖြူ ခယက အာဏာပိုင်များ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ရှိသော တိုးချဲ့ အိမ်ယာများနှင့် အိမ်သစ် ဆောက်သူများထံမှ ခယကမှ ရံပုံ ငွေအတွက် အကြောင်းပြကာ အာဏာပိုင်များက ငွေကောက်ခံနေသည်ဟု သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ဒေသခံ တဦးက “ ခယက ဥက္ကဌ၏ အမိန့်နဲ့ ကျောက်ဖြူ တိုးချဲ့ ရပ်ကွက်က အိမ်တွေကို ခယက ရံပုံငွေ အတွက် ဆိုပီး အိမ်တဆောင်ကို ကျပ်ငွေ တသိန်း ကျစီ ကောက်ခံ နေပါတယ်။ ရေရှည် တည်တည် တံ့တံနဲ့ နေလိုတယ်ဆိုရင် တောင်းတဲ့ ငွေကို ပေးသွင်းပါ။ မဟုတ်ရင် အိမ်ယာတွေကို ဖြိုဖျက်သွားမယ် ဆိုပီး ပြောပါတယ်” ဟု ပြောသည်။

ကျောက်ဖြူ ငလပွိ ချောင်းကမ်းနား တလျှောက်တွင် မဆလ ခေတ်ကတည်းက ကျူးကျော် အိမ်ယာများ အဖြစ် တည်ရှိနေသော အိမ်ခြေ (၂၀)ကျော်ခန့်မှာ ယခုအခါ အိမ်များ ဖြိုဖျက်ခံရမည်ကို စိုးရိမ်သဖြင့် ငွေကြေး မတတ်နိုင်သည့်ကြားထဲမှ ကျပ်ငွေ တသိန်းစီကို ခယက ရံပုံငွေ အတွက် ပေးသွင်းနေကြရသည်ဟု သူက ပြောသည်။

၎င်းပြင် ကျောက်ဖြူ ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ခယကမှ အိမ်သစ် ဆောက်လုပ်ခွင့် ပါမိတ်များ ချပေးရာတွင် ပါမိတ် တစောင်ကို အိမ်အကြီး အငယ်အလိုက် ကျပ်ငွေ ၁၀၀၀၀ မှ ၅၀၀၀၀ အထိ ကောက်ခံနေကြောင်း သိရသည်။

ကျောက်ဖြူ တောင်ရင်းကျေးရွာမှ ရွာသားတစ်ဦးကလည်း “ကျွန်တော်တို့ ဒေသ အတွင်းမှာ အိမ်အသစ် ဆောက်တာပဲ ဖြစ်ဖြစ် ပြန်ပြင်တာပဲ ဖြစ်ဖြစ် ခယက ရံပုံငွေအတွက် ကျေးရွာ ရယက တာဝန်ခံတွေဆီ ကတဆင့် ခယကကို ငွေပေးသွင်း နေကြရပါတယ်။ အိမ်ဆောက်ဖို့ ပိုက်ဆံ မရှိတဲ့ကြားထဲမှာ ရှိတဲ့ ငွေလေးကို စုပြီး အိမ်ပြင်တာတောင် ခယကကို ငွေပေးနေကြရပါတယ်” ဟု ပြောသည်။

သတ်မှတ် တောင်းခံ ငွေများကို မပေးသွင်းနိုင်ပါက တိုးချဲ့အိမ်ယာများကို ဖြိုဖျက်ရန်နှင့် အိမ်သစ် ဆောက်လုပ်သူများကို ဖမ်းဆီး အရေးယူရန် ခယက မှ အမိန့်ထုတ်ထားကြောင်းလည်းဟု သိရသည်။

၎င်းပြင်သူက “ ရယကတွေ လာတောင်းတဲ့ ငွေကို မပေးနိုင်ဘူးလို့ ငြင်းရင် ရဲနှင့် စည်ပင်ဝန်ထမ်း တွေကို ခေါ်လာပြီး အိမ်ကို သိမ်းမယ်ဆိုပီး ခြိမ်းခြောက် တာတွေလည်း ရှိနေတဲ့ အတွက် အိမ်အသိမ်း ခံရမှာကိုကြောက်ပီး လူတွေက အိမ်အသစ် ဆောက်ရင် ငါးသောင်းကျပ်၊ အိမ်ပြင်ရင် တစ်သောင်း ကနေ နှစ်သောင်းကျပ်ထိ ပေးနေကြပါတယ်” ဟု ဆက်ပြောသည်။

ကျောက်ဖြူ အမှတ် (၁) ဖေါင်တော် အနီးရှိ ဈေးဆိုင်ခန်းများကိုလည်း ဆိပ်ကမ်းသစ် တည်ဆောက်မည်ဟု ဆိုကာ တစုံတရာ လျော်ကြေးမပေးဘဲ ဖြိုဖျက်ပစ်ခဲ့ပြီး ယခုအခါ ဖြိုဖျက်ခံရသူများက နေပြည်တော်ကို တိုင်ကြားထားသဖြင့် အဆိုပါ ဆိပ်ကမ်းကို ယခုအချိန်ထိ မဆောက်လုပ်နိုင်သေးဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

နအဖ လက်ထက် ရခိုင်ပြည်သူအများ ဆင်းရဲတွင်း နက်နေကြရခြင်းမှာ အာဏာပိုင်များက မတော်မတရား အခွန် အကောက် ကောက်ခံခြင်း၊ ထောက်ပံ့ကြေး တစ်စုံတစ်ရာ မပေးပဲ ကျေးရွာများကို အတင်းအဓမ္မ ပြောင်းရွှေ့ ပစ်ခြင်း၊ ဘိုးစဉ် ဘောင်ဆက် သက်မွေး ၀မ်းကျောင်းပြု လုပ်ကိုင် စားသောက်လာသော လယ်ယာမြေများနှင့် ဥယျာဉ် ခြံမြေများကို လျော်ကြေး တစ်စုံတရာ မပေးပဲ အတင်း အဓမ္မ သိမ်းပိုက်နေခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။


ရင်းမြစ် .
နိရဉ္စရာ

ဘန်ကောက် အပျက်အစီးပြမြေပုံ ဧပြီ ၁၀ ရက်မှ ယနေ့အထိ သေဆုံး ၇၇ ဦး၊ ဒဏ်ရာရ ၁၄၀၀ ကျော်ထိခိုက်




ဘန်ကောက်မြို့တွင် ဖျက်ဆီးခံရသော နေရာများပြမြေပုံဧပြီ ၁၀ ရက်မှ ယနေ့အထိ သေဆုံး ၇၇ ဦး၊
ဒဏ်ရာရ ၁၄၀၀ ကျော်ထိခိုက်ခဲ့ပြီး ချယ်နယ် ၃ ရုပ်မြင်သံကြား၊ ဘဏ်များ၊ စင်ထရယ်ဝေါလ်အပါအ၀င် အဆောက်အဦး၃၆ လုံးမီးရှို့ဖျက်ဆီးခြင်းခံရကာ ဘတ်ငွေ သန်း ထောင်ပေါင်းများစွာ ဆုံးရှုံးပြီးဖြစ်သည်။

ရွှေခမောက် စာစောင် အမှတ်(၁၁၅)

Shwekhamauk Bull 115

ယနေ့ ၁၁ နာရီခွဲတွင် ထိုင်းတီဗွီ ၃ (သောကြာနေ့ ကိုရီးယားဇာတ်လမ်းတွဲဖြင့်)ပြန် လည်ထုတ်လွှင့်


မနက်ဖြန်မနက်မှစ၍ လောင်စာဆီဈေးများ တလီတာလျှင် ၀.၅၀ ဘတ်(ပြား ၅၀) ကျမည်ဟု PTT က ယနေ့ကြေညာပြီ။


Khon Kaen, Maha Sarakham, Kalasin, Roi Et, Chiang Mai, Chiang Rai, Phrae and Nan ဒေသများမှရှပ်နီများ ဘတ်စ်ကားတန်းဖြင့် နေရပ်သို့ ချောမောစွာပြန်ရောက်။ Social Development and Human Security ၀န်ကြီးဌာနမှ ၎င်းတို့အား လမ်းခရီးတွင် စားသောက်ရန် ဘတ်ငွေ ၂၀၀ စီ ထောက်ပံ့ခဲ့သည်။

ရန်ကုန်မြို့ တွင် BM ဘစ်ကားများနေရာတွင် စီးတီးဘစ်ကားများအစားထိုးတော့မည်


မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) လက်အောက်တွင် ပြေးဆွဲ နေသော ဘီအမ် မော်တော်ယာဉ် လိုင်းများ အား လုံးကို ပြည်ပမှ မှာယူထားသော City Bus ကားများ ရောက်ရှိလာမှသာ ၎င်း နေရာတွင် အစားထိုး ပြေးဆွဲ သွားမည်ဟု သိရသည်။ ယခုလက်ရှိ တွင် မထသ City Bus ကား အစီး ၃၀၀ ကို ပြည်ပမှ မှာယူ ထားပြီး ဖြစ်ရာ မကြာမီ အသုတ်လိုက် ခွဲ၍ ရောက်ရှိလာမည် ဖြစ်ပြီး ၎င်းကားများ ရောက်ရှိ လာပါက ယခု ပြေးဆွဲနေသော ဘီအမ် ကားများကို မြို့တွင်း ပြေးဆွဲခွင့် မပြု တော့ကြောင်း သိရ သည်။ “ကျွန်တော်တို့ ကားအစီး ၃၀၀ မှာထား ပါတယ်။


အဲဒီကားတွေ အကုန်လုံး ရန်ကုန်ကို ရောက်မှ အစားထိုး ပြေးဆွဲမှာပါ အခု ချက်ချင်း ဘီအမ်ကားတွေ မြို့ထဲ မဝင်ရတော့ဘူးလို့ မပြောသေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်ကမှ မြို့တွင်းသို့ မဝင်ရလို့ ပိတ်လိုက်တဲ့ ကားလိုင်း နှစ်လိုင်း ရှိတယ်။ စစ်ကျန် ဘတ်စ်နဲ့ ဒိုင်နာ ကားတွေပါပဲ။ ဒါကြောင့် အခုမှာတဲ့ ကားတွေ မပြည့်စုံ သေးဘဲ ဘီအမ်တွေကို ချက်ချင်း ဖယ်ခိုင်း လိုက်မယ် ဆိုရင် ခရီးသည်တွေနဲ့ လိုင်းကားတွေ မမျှမတ ဖြစ်သွားမယ်၊ ဒါကြောင့် မှာတဲ့ကားတွေ အကုန်ရောက်လာမှ ဘီအမ်ကားတွေကို မြို့တွင်း ပြေးဆွဲခွင့် ပိတ်မှာပါ”ဟု မထသမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြ ထားသည်။

နမ့်ခမ်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီ မ၀င် မနေရ စုဆောင်း

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီဝင်စုဆောင်းရေး လုပ်ငန်းများ ယနေ့စတင် လုပ်ဆောင်နေ ကြောင်း သိရသည်။


ယနေ့ မြို့ပေါ်ရပ်ကွက်များအတွင်း ပါတီဝင်စုဆောင်းရာတွင် တစ်ရပ်ကွက် အယောက် ၅၀ မ၀င်မနေရ စနစ်ဖြင့် စုဆောင်း နေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


နမ့်ခမ်း ကြံ့ဖွံ့ပါတီအနေဖြင့် ဒေသတွင်း ပါတီဝင် စုဆောင်းရေး အတွက် ကြိုတင် ပြင်ဆင်နေရာ မေလ ၁၉ ရက်နေ့က ကြံ့ဖွံ့ တာဝန် ရှိသူများနှင့် ကွန်ဟိုင်း ၊ နောင်ခမ်းနှင့် မန့်ကွန် ကျေးရွာအာဏာပိုင်များတွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေး သည်။


“ရွာဘက်တွေမှာ ပါတီဝင်စုဆောင်းဖို့ မနေ့ကတော့ ကျေးရွာအာဏာပိုင်တွေနဲ့ ညှိနှိုင်းတာပေါ့ သူတို့ အားလပ်မဲ့အချိန် လုပ်ငန်းတွေ စတင်နိုင်မှာပါ လောလောဆယ် ပြင်ဆင်နေပါပြီ ” ဟု နမ့်ခမ်းကြံ့ဖွံ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းတို့ အနေဖြင့် ပါတီဝင်အင်အား ရရှိရန် ဒေသအာဏာပိုင်များ၏ အကူအညီယူမည် ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အ တွက် နမ့်ခမ်းမြို့ပေါ်တွင် ကြံ့ဖွံ့ပါတီဝင်အင်အား အနည်းဆုံး ၅၀၀၀ စုဆောင်းရန် အာမခံထားရကြောင်း သူက ဆိုသည်။


“ဒီနေ့နေ့လည်ပိုင်း ရပ်ကွက်ထဲမှာ စကောက်နေပြီ တစ်ရပ်ကွက်ကို အယောက် ၅၀ ကြံ့ဖွံ့မ၀င်မနေရပေါ့ အဲဒါ ရယကကို အထက်ကအမိန့် ချပြီးလုပ်တာလို့ ပြောတယ် ” ဟု ပထမဒေသခံက ပြောသည်။



ဧပြီလကုန်ပိုင်းက နအဖ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၀ ကျော်သည် ၄င်းတို့၏ရာထူးများမှ နူတ် ထွက်လိုက်ကာ ကြံ့ဖွံ့ပါတီ ဦးဆောင်သူများ ဖြစ်လာကြသည်။



ယခုအခါ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဧပြီလ ၂၉ ရက်နေ့က ပါတီ မှတ်ပုံတင် လျှောက်ထားသည်။



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် ၀င်ရောက်ယှဉ်ပြိုင်စရာမလိုပဲ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူ ထားကာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ကြံ့ဖွံ့အနေဖြင့်လည်း ရွေးကောက်ပွဲ အနိုင်ရရန် ထင်တိုင်းကျဲ နေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။



ရင်းမြစ်..သျှမ်းသံတော်ဆင့်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးမြင့်ကွယ်လွန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးမြင့် (၈၇) နှစ်သည် ယနေ့ မွန်းလွဲ(၁)ခန့်တွင် ရန်ကုန်မြို့ရှိ တောင်ဥက္ကလာပနေအိမ်၌ ကွယ်လွန်သွားပြီဖြစ်သည်။



ဦးစိုးမြင့် ခေါ် သခင်စိုးမြင့်သည် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး စီအာပီပီအဖွဲ့ဝင်၊ တောင်သူလယ်သမားရေးရာကော်မတီ တာဝန်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သည်။



ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးကြွယ်၊ သားသမီးများ ဖြစ်ကြသော ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်ချိုချိုမြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်သင်းသင်းမြင့်နှင့် မြေး (၁၁) ယောက်တို့ ကျန်ရစ်သည်။


ဦးစိုးမြင့်၏ ရုပ်ကလာပ်ဈာပနအခမ်းအနားကို စနေနေ့ (၂၂. ၅. ၂၀၁၀)တွင် ပြုလုပ်မည်ဟု သိရသည်။

Johnson n Johnson ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာရွှေမင်းသမီး ထက်ထက်မိုးဦးက7days news ဂျာနယ်မှဂျာနယ်လစ်မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း






၁၉.၅.၂၀၁၀ ဗုဒ္ဓဟူးနေ့ ညနေတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသောJohnson n Johnson ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦးမှ7DaysNewဂျာနယ်မှ
ဂျာနယ်လစ်မိန်းကလေးတစ်ဦး၏ဆံပင်ကိုဆွဲကာပါးကိုရိုက်ပြီး ကိုယ်ထိလက်ရောက်စော်ကားခဲ့သည်ဟု ခိုင်လုံတိကျသေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။


ဖြစ်စဉ်မှာအဆိုပါဂျာနယ်မှဂျာနယ်လစ်မိန်းကလေးကရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦး
အားအင်တာဗျူးရန်အတွက်၎င်းအခမ်းအနား၌ချိန်းဆိုထားခဲ့သည်။ချိန်းဆိုပီးနောက်ဂျာနယ်လစ်
မိန်းကလေးမှရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦး၏အိမ်ထောင်ရေးကိစ္စမှာတည်မြဲသွား
ပြီလားဟုမေးမိရာ၎င်းမှစိတ်ဆိုးမာန်ဆိုးနှင့်မိန်းကလေး၏ဆံပင်ကိုဆွဲကာပါးကိုရိုက်နှက် ပြီးလက်သည်း များနှင့်လည်းကုတ်ခြစ်ခဲ့သည်ဟုသိရှိရပါသည်။


အထက်ပါဖြစ်စဉ်အားဂျာနယ်လစ်မိန်းကလေးဘက်မှမြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းကော်မတီနှင့်
မြန်မာနိုင်ငံရုပ်ရှငအစည်းအရုံးသို့တိုင်ကြားမည်ဟုလည်းသိရပါသည်။ယခုကဲ့သို့မင်းမဲ့စရိုက်ဆန်ဆန်
ပြုမူခြင်းများသည်မြန်မာနိုင်ငံတွင်နအဖစစ်အစိုးရ၏ဆွေမျိုးများနှင့် ပိုက်ဆံရှိအသိုင်းအ၀ိုင်းများကြား
တွင် အတော်ခေတ်စားနေပါသည်။ထို့အပြင်မီဒီယာဘက်မှသာအမြဲရပ်တည်မည်ဟုကြွေးကြော်ထား
သော ဆရာကြီးများအနေနှင့် မီဒီယာဘက်မှရပ်တည်မည်လား..?

ရွှေမင်းသမီးဘက်မှရပ်တည်မည်လားဆိုသည်ကိုတော့ မြန်မာနိုင်ငံ၏လွန်စွာမှ မှန်ကန်တိကျ
သေချာသော၊လူ့အခွင့်အရေးကိုလေးစားမှုအပြည့်အ၀ရှိသောတရားဥပဒေပိတ်ကားပေါ်တွင်
ဆက်လက်ရှုစားကြပါလို့…

မာဃ၀ိဇ္ဇာ



ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်..

ဘယ်သူတွေကများ လက်နက်တွေနဲ့ ပြည်သူတွေကို အနိုင်ကျင့်နေတာ လည်း အမြန်ဆုံး ဖော်ထုတ်ပေးပါဦး ကူညီပါရစေ ဆိုတဲ့သူတွေရယ်..

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၏ တောင်ဘက် ၁၂ မိုင်အကွာ ဒရယ်လူးကျေးရွာတွင် သေနတ်ဖြင့် လုယက်မှုတစ်ခု မေလ ၁၆ ရက်နေ့ ည ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လုယက်မှုဖြစ်ပွားပုံမှာ ၂၀၁၀ ခုနှစ် မေလ ၁၆ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ဒရယ်လူးကျေးရွာနေ ဒေါ်- (ခ)ဒေါ်-နေအိမ်သို့ ပြည်သူ့စစ်ယူနီဖောင်းဝတ် ၃ ဦးနှင့် အရပ်ဝတ်ဖြင့် ၁ ဦး ရောက်ရှိလာပြီး အဆိုပါနေအိမ်မှ မောင်-- ၃၅ နှစ်အား ရ.ယ.က ဥ က္ကဋ္ဌအိမ်သို့ လိုက်ပို့ရန် ပြောကြားခဲ့ကြောင်း သိရသည်။မောင်--မှ ရ.ယ.က ဥက္ကဋ္ဌအိမ်မှာ နှစ်အိမ်ကျော်တွင်ရှိကြောင်း ပြန်ပြောရာ ၎င်းတို့အား မချေမငံပြန်ပြောရမလား၊ ငါတို့ကတာဝန်အရလာသည်ဟုဆိုကာ မောင်--နှင့်အဆိုပါ နေအိမ်မှ စာရင်းငှား--ကိုအိမ် အောက်တွင် ကြိုးဖြင့်တုတ်ထားခဲ့ကြောင်း သိရသည်။


ထို့နောက် အဆိုပါလူလေးဦး မှ '၀ါးဘလောက်သောက်ရွာမှ ကျင်းစား--ရှိလား'ဟုမေးပြီး အိမ်ပေါ်တက်၍ ရှာဖွေမှုများပြုလုပ်နေစဉ် အိမ်အောက်တွင် ကြိုးတုတ်ခံထားရ သူ မောင်--နှင့်စာရင်းငှား--တို့နှစ်ဦးမှာ ထွက်ပြေး၍ ဓါးပြဟုအော်ဟစ်သဖြင့် အဆိုပါနေအိမ်သို့ ရွာသား ၂၀ ဦးခန့်က ၀ိုင်းဝန်းထားခဲ့သည်ဟု သိရသည်။ ထိုသို့ ရွာသာများဝိုင်းဝန်းထားမှုကြောင့် လုယက်သူ ၄ ဦး မှာ ဒေါ်--နေအိမ်မှ ငွေ ၁၃ သိန်းခန့်နှင့် ရွှေတစ်မတ်သားကို ယူဆောင်ပြီး ကျည်အတွဲလိုက်ထွက်သော သေနတ်ဖြင့် ပစ်ခတ်၍ အိမ်အနောက်ပေါက်မှ ထွက်ပြေးခဲ့ကြောင်း သိရသည်။

အိမ်အနောက်ခြံစည်းရိုးအရောက်တွင် လက်ပစ်ဗုံးဟု ယူဆရသောအရာဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် လူ ၂ ဦးသေဆုံးပြီး လူ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၃ ဦးအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ရကြောင်း သိရသည်။ ဒဏ်ရာရရှိသူနှင့် သေဆုံးသူများမှာ ဒရယ်လူးကျေးရွာနှင့် ကင်မလာကျေးရွာတို့မှ ဖြစ်ပြီး အရောင်းအ၀ယ်၊ လယ်လုပ် ၊ လယ်ကူလီ၊ စက်ဘီးဆိုင်ကယ်ပြင်သူနှင့် ကျပန်းလုပ်သူများဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ထွက်ပြေးသူများကို ကိုယ်တိုင်ကိုယ်ကျလိုက်လံ ဖမ်းဆီးရန်ကြိုးပမ်းခဲ့ပြီး ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူနေရသူတစ်ဦးက ''ဖြစ်တာက တနင်္လာနေ့ညကိုးနာရီခွဲလောက်က ဖြစ်တာပါ။ ကျွန်တော်လည်း သေနတ်သံကြားလို့ အဖော်နှစ်ယောက်နဲ့ ရွာထဲကိုထွက်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့အိမ်ကလည်း ဆွေလိုမျိုးလိုဖြစ်နေပြီး ညီမကလည်း အဲဒီအိမ်မှာအဖော်အဖြစ် သွားအိပ်ပေးနေတာပါ။

ဖြစ်တဲ့အချိန်မှာအဲဒီအိမ်မှာကကောင်လေးနှစ်ယောက်နဲ့အိမ်ရှင်အမျိုးသမီးရယ်၊ကျွန်တော့ညီမရယ်
စုစုပေါင်းလေးယောက်ရှိမယ်ထင်ပါတယ်။ကျွန်တော်လည်းသေနတ်သံကြားပြီးအဲဒီအိမ်ကိုရောက်တဲ့
အခါဓာတ်မီးနဲ့ထိုးကြည့်တော့လူလေးငါးယောက်လောက်ရှိမယ်ထင်တယ်။အရပ်သားနဲ့နှစ်ယောက်
ကတော့ထွက်ပြေးသွားတယ်၊ကျန်တစ်ယောက်ကတော့ အိမ်နောက်ဖက်မှာ စောင့်ပေးနေတယ်။

ကျန်နှစ်ယောက်နဲ့ ကျွန်တော်တို့ထိပ်တိုက်ရင်ဆိုင်ရတာပဲ။ကျွန်တော်လည်း သူ့လက်ထဲကသေနတ်ကိုလု တယ် ဒါပေမယ့်မရဘူး။ကျွန်တော့ကို သေနတ်ဒင်နဲ့ထုတယ်။ကျွန်တော်လည်း ယူလာတဲ့သံချောင်းနဲ့ပြန်ရိုက်တယ်။ သူတို့လည်း ဒဏ်ရာရရှိခဲ့တယ်။ ဒီလိုနဲ့ကျွန်တော်တို့ ထွေးလားလုံးလားရှိနေတုန်း ကျွန်တော့ခေါင်းပေါ်သေနတ်ဒင်နဲ့ ထုရိုက်လိုက် လို့ ကျွန်တော်လဲကျပြီးသတိမေ့သွားတယ်။အဲဒီအချိန်မှာ ကျွန်တော့ကို သေနတ်နဲ့ပစ်တာ ခါးကိုရှပ်ထိသွားပါတယ်။

ကျွန်တော်နဲ့အတူ ၀ိုင်းဝန်းဖမ်းဆီးဖို့လုပ်တဲ့သူတစ်ယောက် သေနတ်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေသွားပါတယ်။ လက်ပစ်ဗုံးနဲ့ပစ်တာဆိုတာကတော့ ကျွန်တော်မေ့ပြီးနောက်ပိုင်းမှဖြစ်တော့ မသိတော့ပါဘူး။ သူတို့ကိုင်တဲ့သေနတ်ကတော့ လက်မောင်းလောက်အရှည်ရှိပါတယ်။ သူတို့အသက်တွေကတော့ ခန့်မှန်းရတာက အသက် ၃၀ ကျော် ၄၀ ၀န်းကျင်တွေပါပဲ'' ဟုပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင် သေဆုံးသူဦးရေမှာ ၄ ဦးရှိကြောင်းနှင့် ကွမ်းခြံကုန်းမြို့နယ်ဆေးရုံတွင် ၇ ယောက်၊ ရန်ကုန်ဆေးရုံကြီးတွင် ၆ ယောက် တက်ရောက်ကုသနေရာမှ မေလ ၁၉ ရက်နေ့က တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

လုယက်မှုဖြစ်သည့် ကွမ်းခြံကုန်းမြို့နယ်၊ဒရယ်လူးကျေးရွာမှ အိမ်ရှင်နှင့် နီးစပ်သူတစ်ဦးကလည်း '' အိမ်ရှင်ကအပျိုကြီးပါ။ အိမ်မှာကားလည်းရှိတယ်၊ရွာအနေနဲ့ ပြောရင်ချမ်းသာတယ်ပေါ့။ အခုပါသွားတာက ၁၃ သိန်းကျော်နဲ့ရွှေ လက်စွပ်တစ်ကွင်းပါသွားတယ်လို့ သိရပါတယ်။ အိမ်ရှင်တွေကတော့ ဒဏ်ရာပဲရတာပါ။ သေဆုံးတာတော့ မရှိပါဘူး။ သေတာက ၀ိုင်းဝန်းဖမ်းဆီးဖို့လုပ်တဲ့သူတွေပါ။ ဖြစ်ဖြစ်ချင်း တစ်ယောက်သေတယ်။ လမ်းမှာ တစ်ယောက်သေတယ်။

ဆေးရုံကြီး မှာတစ်ယောက်သေတယ်။ နောက်ပြီး လန့်ပြီးသေတဲ့ အမျိုးသမီးတစ်ယောက် သူကနှလုံးရောဂါရှိတယ်လို့လည်း သိရပါတယ်။ဖြစ်တဲ့အိမ်နဲ့ နှစ်အိမ်ကျော်သုံးအိမ်လောက်ဖြစ်မှာပေါ့။အခင်းဖြစ်တဲ့အိမ်ကလည်း လူသူကင်းတဲ့နေရာမှာ မဟုတ်ပါဘူး။ ညစောစောပိုင်းလည်း ဖြစ်နေတယ်။ သေနတ်တွေလည်းပါတယ်။ လိုက်တဲ့သူတွေကို လက်ပစ်ဗုံးလိုအရာနဲ့ပေါက်လိုက်တာ ပတ်ဝန်းကျင်ရွာတွေကတော့ ကြားရတယ်လို့ပြောပါတယ်။

ဗုံးဖောက်လို့ ကျင်းတောင်ဖြစ်သွားတယ်လို့ ပြောကြပါတယ်။ ကျွန်တော်တို့ရွာက လက်ခုပ်ကုန်းနဲ့ကွမ်းခြံကုန်းကြားထဲမှာ ဘေးနားမှာလည်း တော်လမ်းတိုက်နယ်၊ လက်ခုပ်ကုန်း၊ ၀ါးဘလောက်သောက်၊ တော်ကူးစတဲ့ တိုက်နယ်တွေရှိပါတယ်။ ကျွန်တော်တို့ရွာမှာ သေနတ်သံမကြားခဲ့ရတာ ၃၉ နှစ်လောက်ကိုရှိနေပြီ အခုဖြစ်တော့ တစ်ရွာလုံးထိတ်လန့်နေကြတာပေါ့''ဟု ဖြစ်စဉ်ကိုရှင်းပြခဲ့သည်။

လုယက်သူများထွက်ပြေးသည်ဟု ယူဆရသော ကော့မှူးမြို့နယ်၊ ၀ါးဘလောက်သောက်ကျေးရွာသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် လုယက်သူများထွက်ပြေးနိုင်သည်ဟု ယူဆရသော ကျေးရွာများသို့လည်း ပိတ်ဆို့ရှာဖွေရေးပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

20 May 2010

အဆိုတော် စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် ဦးသုမောင် (ခ) ဦးဗလ ၏ ဈာပန ဓာတ်ပုံမှတ်တမ်း














ပန်းတွေနဲ့ ဝေပြီး..နှောင်းတစ်မြေ့ မြေ့ နဲ့ ကျန်ရစ်သူတို့ ရဲ့ အလွမ်း.....။

အဆိုတော် စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် ဦးသုမောင် (ခ) ဦးဗလ ၂၀၁၀ ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ည (၉း၀၀) နာရီအချိန်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၂၀၁၀ ခုနှစ်၊ မေလ၊ ၂၀ ရက်နေ့ နံနက် (၁၀း၀၀) အချိန် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်ပေါင်းများစွာနှင့် ကိုသုမောင်အား ချစ်ခင်လေးစားကြသော ပရိတ်သတ်အပေါင်းမှ စည်ကားသိုက်မြိုက်စွာ လာရောက်ကြပါသည်။


ထူးခြားချက် ၂ ခုမှာ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ကိုသုမောင်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို မေလ၊ ၁၆ ရက်နေ့ သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်သည့်အချိန်တွင် မိုးများရွာသွန်းပေးခြင်းနှင့် မေလ၊ ၂၀ ရက်နေ့ ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည့် အခမ်းအနားနေ့တွင် ပိတောက်ပန်းများ ပွင့်ခြင်းတို့ပင် ဖြစ်သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

နာရေး ကူညီ မှုအသင်း၏ (၁၉ ၅. ၂၀၁၀) နေ့ ရေကုသိုလ် ပြုလုပ်


















နာရေးကူညီမှု အသင်း၏(၁၉.၅.၂၀၁၀) ရေကုသိုလ် အလှူ


နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေအလှူရှင်များ လှူဒါန်းထားသော အလှူငွေဖြင့် ပဲခူးမြို့ ဝေါမြို့နယ် ဘက်ရှိ ရွာများသို့ ၁၉.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ထိုနည်းတူစွာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ရေကယ်ဆယ်ရေးအဖွဲ့ (၂) သည် နံနက်ပိုင်းတွင် ဒလမြို့နယ်၊ တံတားချောင်း ကျေးရွာနှင့် ဆေးဘုန်းကြီးကျောင်းကျေးရွာတို့တွင် လူဦးရေ (၃၀၀၀) ကျော်ခန့်အတွက် ရေများ သွားရောက်ပြီး လှူဒါန်းခဲ့ကြပါသည်။ ယင်းသို့ လှူဒါန်းခဲ့ရာတွင် ဒေသခံ ကလေး၊ လူကြီးနှင့် သံဃာတော်များပါ ပါဝင်ပြီး ၀ိုင်းဝန်း ကူညီပံ့ပိုးမှုများ ရရှိခဲ့ပါသည်။ ထိုဒေသတို့တွင် အ၀ီစိ တူးဖော်ရေး၊ ရေလှောင် အုတ်ကန်တည်ဆောက် ရေးများအတွက် ညှိနှိုင်းဆောင်ရွက် ခဲ့ကြပါသည်။



ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ပါသည်.။