01 September 2012
၉၂ ပါဂျောင်ရှင်းတမ်း (ABSDF မြောက်ပိုင်း) ကျောင်းသား ရဲဘော်ဟောင်းများ၏ သတင်းစာရှင်းလင်းပွဲ..
၉၂ ပါဂျောင်ရှင်းတမ်း မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာ ရှင်းလင်းပွဲအား သြဂုတ်လ (၃၁)ရက်နေ့ နံနက် (၁၀း၃၀)အချိန်တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
 မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းတစ်ဦးမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
 မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း ကိုဘိုဘိုမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲသို့ မီဒီယာများလာရောက်
သတင်းယူနေစဉ်
 မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်း တစ်ဦးမှ မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ်
၉၂ ပါဂျောင်ရှင်းတမ်း မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ကျောင်းသား ရဲဘော်ဟောင်းများ
မနန်းခင်ထွေးကြည်၏မိခင်
သတင်းဓာတ်ပုံ
 ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
၃၁ နှစ်တဲ့ဗျာ
(၃၁) နှစ်တဲ့ဗျာ …
အရေးအကြောင်းတွေက စလာခဲ့ပြီပေါ့ … ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေက ထက်မြက်နေဆဲ။
(၃၁) နှစ်တဲ့ဗျာ …
ခြေလှမ်းတွေက နှေးကွေးလာစမြဲ … ကျွန်တော်တို့ရဲ့ လှမ်းချက်တွေက တက်ကြွနေဆဲ။
(၃၁) နှစ်တဲ့ဗျာ …
အရွယ်နှောင်းလို့ ဖေးမကူတွဲ … ကျွန်တော်တို့ရဲ့ ဖေးမမှုက လူသားမျိုးစုံဘဲ။
(၃၁) နှစ်တဲ့ဗျာ …
ဖြတ်သန်းမှုတွေက ဘဝမျိုးစုံဘဲ … ကျွန်တော်တို့ရဲ့ ဘဝတွေကတော့ သီလလုံဆဲ။
(၃၁) နှစ်တဲ့ဗျာ …
ဇရာဖက်ကို ခြေလှမ်းလာပြီဘဲ … ကျွန်တော်တို့က လောကကြီးတစ်ခုလုံးကို နုပျိုနေအောင်ဖေးမနေဆဲ။
(၃၁) နှစ်တဲ့ဗျာ့ …
ကျွန်တော်နဲ့ သူမတို့က မယိမ်းမယိုင်ရှိနေဆဲ … ကျွန်တော်တို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ
ငြိမ်းချမ်းနေမည့် အရပ်ဒေသတစ်ခုဘဲ။
(ကျော်သူ)
(သြဂုတ်လ (၃၁) ရက်နေ့တွင် ကြရောက်သော ကျွန်တော် ကျော်သူနှင့် ကျွန်တော့်ရဲ့ ပါရမီဖြည့်ဖက် ရွှေဇီးကွက်တို့၏ မင်္ဂလာနှစ် (၃၁) နှစ်မြောက် နေ့ရက်အတွက် ပြည်ပမှ ရေးဖွဲ့လိုက်တဲ့ နှလုံးသားထက်မှ စာသားစု)
(မျက်လုံးချင်း ဘယ်လောက်ဝေးဝေး နှလုံးသားချင်း နီးနီးလေးရှိနေဖို့ပါဘဲ)
တိုင်းပြည်အကျိုး၊ အများအကျိုး မနားမနေ ထမ်းရွက် သယ်ပိုးဆောင်ရွက်နေတဲ့ လက်တွဲညီလှတဲ့  အကိုကြီး ကိုကျော်သူနှင့် အမမရွှေဇီးကွက်တို့ရဲ့ ၃၁နှစ်မြောက် မင်္ဂလာနေ့ရက်မှသည်.. နောင်နှစ်(၁၀၀)တိုင်ပြီး တိုင်းကျိုး၊ ပြည်ကျိုး၊ အများအကျိုးကို ဆက်လက် သယ်ပိုး ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။
မြတ်လေးငုံ
မအူပင် ကွန်ပျူတာမှ ကျောင်းသား ၁၃ ယောက် စာမေးဖြေခွင့်မရပဲ၊ ကျောင်းထုတ်ခံရတော့မည့်သတင်း
မအူပင် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား ၁၃ ယောက်အား ကျောင်းခေါ်ကြိမ် မပြည့်စုံဆိုသည့် အကြောင်းပြ ချက်ဖြင့် ကျောင်းအုပ်ကြီးနှင့် မော်ကွန်းထိန်းတို့မှ စာမေးပွဲဖြေဆိုခွင့် မပေးဟု ထုတ်ပြန်ထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောင်းသားများမှ သမ္မတထံ တိုင်းကြားသည့် စာတွင် ဖော်ပြထားသည်။
ယင်းကျောင်းသားများအား ညွှန်ကြားရေးမှူးအမိန့်စာအရ၊ ကျောင်းပညာရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံခဲ့ပြီး စာမေးပွဲဖြေဆိုခွင့် ပေးထားပြီးဖြစ်သည်။ ၎င်းတို့ထပ် ကျောင်းခေါ်ကြိမ်နည်းသော သူများကို စာမေးပွဲဖြေဆိုခွင့် ပြုထားမှုများရှိနေသည်။ ကျောင်းခေါ်ကြိမ် နည်းသော ကျောင်းသူတဦးထံ မှ ကျောင်းအုပ်ဆရာမ ဒေါ်သဲနုဖြူ၊ မော်ကွန်းထိန်း ဒေါ်ဝင်းဝင်းမာ တို့မှ ငွေ ၅ သိန်းစီ ယူပြီး စာမေးပွဲဖြေဆိုခွင့်ပေးကာ၊ အခြား ကျောင်းသားများကိုလည်း ဖြေဆိုခွင့်ပေးထားသည်။ ယခု ကျောင်းသား ၁၃ ဦးတွင် မအူပင် ဗကသ ဥက္ကဋ္ဌ ကိုသီဟတင့်လွင် (ဂုဏ်ထူးတန်း) နှင့် အဖွဲ့ဝင် ကိုလှမျိုးဟန် နှင့် ကိုပြည့်စုံထွန်းတို့ ပါရှိသည်။ ဗကသအဖွဲ့ဝင်များ ဖြစ်သောကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် ကိစ္စဖြစ်သည်။
တက္ကသိုလ်စာမေးပွဲများကို လာမည့် စက်တင်ဘာ ဒုတိယပတ်တွင် ပြုလုပ်မည် ဖြစ်ရာ၊ စာမေးပွဲ အလွန်နီးကပ်နေပြီး၊ အခြားဆရာ၊ ဆရာမများ၊ မိဘနှင့် ကျောင်းသားများ သဘောမတူသည့်ကြားမှ သူတို့ ၂ ဦးတည်း သဘောထားဖြင့် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်ဖြစ်ပြီး၊ လာဘ်စားမှု၊ မမျှတမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကျောင်းသား ၁၃ ဦး စာမေးပွဲ ဖြေခွင့်ရရေးမှာ အလွန်အရေးကြီးနေပြီး၊ ကျောင်းထုတ်ခံရနိုင်သည့် အခြေအနေရှိသည်။ ယင်းကိစ္စအား သမ္မတနှင့် အာဏာပိုင် အဆင့်ဆင့်မှာ အရေးယူဆောင်ရွက်ရန် တိုင်ကြားထားပြီး၊ ကျနော်တို့ သမဂ္ဂအသီးသီးမှ ဝိုင်းဝန်းတောင်းဆိုကြရန် သတင်းထုတ်ပြန်လိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ရန်ကုန်ပြန်ရောက်
သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီ၌ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် သည် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရသည်။
ယင်းသို့ ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဒေါက်တာနိုင်အောင်နှင့် အတူ ပြည်ပအခြေစိုက် နိုင်ငံရေးခေါင်းဆောင်အချို့ဖြစ် သည့် ဒေါက်တာသောင်းထွန်းနှင့် ဦးညိုအုန်းမြင့်တို့ပါဝင်ကြောင်း သိရှိရပြီး ၎င်းတို့အား ပြည်တွင်းမှ နာမည်ကြီး ပုဂ္ဂိုလ် အချို့ဖြစ်သည့် သရုပ်ဆောင် ဦးသူရ(ခ) ဇာဂနာ၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးလှမောင်ရွှေတို့မှ လာရောက်ကြိုဆိုကြကြောင်း သိရှိရသည်။ 
 ထို့ပြင်အဆိုပါ ဒေါက်တာနိုင်အောင်နှင့်အဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည့်အချိန်၌ သတင်းလာရောက်ရယူကြသည့် သတင်းမီဒီယာများ အား ဒေါက်တာနိုင်အောင်နှင့်အဖွဲ့အား လာရောက်ကြိုဆိုသည့်သူများထဲမှ သရုပ်ဆောင် ဇာဂနာမှ ဆဲဆိုမှုပြုလုပ်သွားကြောင်း အဆိုပါနေရာ၌ သတင်း ယူနေသည့် သတင်းမီဒီယာသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။ 
"ကျွန်တော်တို့ သတင်းသမားတွေဆိုတာက သတင်းဦးရရှိဖို့နဲ့ ဓါတ်ပုံကောင်းကောင်းရရှိဖို့က ပထမပါ။ ပွဲတိုင်းပွဲတိုင်းမှာ ကြည့်ရင်လည်း သိနိုင်ပါတယ်။ သူ့စည်းနဲ့သူပဲ။ သတ်မှတ်ပေးတဲ့နေရာ ထက် ကျော်လို့ ပြောတယ်ဆိုရင် ဒါလက်ခံလို့ရ တယ်။ အခုဟာက ဘာမှစည်းမထားပဲနဲ့ ဆဲဆိုသွား တာပါ။ သူ့အနေနဲ့ နိုင်ငံခြားသတင်းတွေကြည့်ဖူးတာပဲ။ ဘယ်နိုင်ငံမှာရှိလဲ။ ဒီနေ့လို ဇာဂနာကပြော တယ်ဆိုတာ သူ့အစား တော်တော်ရှက်ဖို့ကောင်း တယ်။ ပျက်လုံးနဲ့ နိုင်ငံရေးမက်ဆေ့ခ်ျပေးဖို့ ကြိုးစားနေတဲ့လူလည်း နိုင်ငံရေးသမားပါပဲ။ အပါးဝတဲ့ နိုင်ငံရေး သမား ဖြစ်နိုင် ပါစေ ဗျာ"ဟု ပြည်ပအခြေစိုက် ရိုက်တာ သတင်းဌာနမှ ဗီဒီယိုသတင်းထောက် တစ်ဦးက ပြောကြားသည်။ 
ထို့ပြင် စက်တင်ဘာလ ၁ရက်နေ့ မနက် ၈နာရီကျော်ခန့်တွင် မိုးသီးဇွန်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည်ဟုလည်း သတင်းများအရ သိရှိရသည်။
သတင်း.... yangonchronicle
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် ဧရာတိုင်းဒေသကြီးမှ ရေဘေးဒုက္ခသည်များကို သွားရောက်အားပေးရန် ပုသိမ်မြို့ သို့ သွားရောက်မည်
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဧရာတိုင်းဒေသကြီးမှ ရေဘေးဒုက္ခသည်များကို သွားရောက်အားပေးရန် စက်တင်ဘာ
(၁)ရက်နေ့ တွင် ပုသိမ်မြို့ သို့ သွားရောက်မည်ဖြစ်ကြောင်း ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်း ကပြောသည်။ဧရာတိုင်းဒေသကြီး တွင်သြဂုတ်လလယ်ပိုင်းကမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းေ ကြာင့်မြို့ နယ် ပေါင်း ၂၄ မြို့ နယ်အတွင်းရေလွှမ်းမိုးနှင့်ကြုံေ တွ့ ခဲ့ရပြီးမိုးစပါးဧက သုံးသိန်းနီးပါး နစ်မြုပ်ခဲ့သည်။
သတင်း...  7Day News Journal
ဓာတ်ပုံ....AP
မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ၏ သတင်းစာရှင်းလင်းပွဲတွင်ပြသထားသောမှတ်တမ်းများ
သတင်း...  Messenger News Journal
ABSDF (မြောက်ပိုင်း)စခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုရန် စီစဉ် ထိုဖြစ်ရပ်များတွင် တာဝန်ရှိသူများဟု လူပုဂ္ဂိုလ် ၁၃ ဦးအား စွပ်စွဲ
ABSDF (မြောက်ပိုင်း)တွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သော ကိစ္စများနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းပြန်များက သြဂုတ်လ ၃၁ ရက် မနက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အမှုတည်ဆောက်နေပါတယ်”ဟု ကိုဆမားညီညီ ကပြောသည်။ အချက်ခြောက် ချက်ပါ မြန်မာပြည်မြောက် ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူများ၏ မိသားစုဝင်ဟောင်းများက တရားဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းပါက လက်တွဲမည်ဟုပါရှိပြီး ကာယကံရှင်ကိုယ်တိုင် တရားဥပဒေကြောင်း အရ ဖြေရှင်းရန် ရှိ၊ မရှိ မေးမြန်းရာတွင် ယင်းသို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
“ဒီဟာအားလုံးကို တစ်နေရာထဲမှာ တစ်စုတစ်ဝေးတည်း ဖြစ်ပြီးတော့မှ စွဲဆိုနိုင်အောင် ကြိုးစားနေပါ တယ်”ဟု ၎င်းကဆိုသည်။ အမှုတည်ဆောက်ပြီးပါက တရားရေးနှင့် ပြည်ထဲရေးတို့ကို သီးခြားစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုသွားရန် အစီအစဉ်ရှိကြောင်း ၎င်းတို့ကပြောသည်။
မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ အဆိုအရ အဆိုပါ ABSDF (မြောက်ပိုင်း) စခန်းတွင် တပ်မတော်ထောက်လှမ်းရေးဟု စွပ်စွဲကာ လူ ၁၀၀ ကျော်အား ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့အထဲ မှ ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက်တွင် တစ်ပြိုင်တည်း အသတ်ခံရသူ ၁၅ ဦး အပါအ၀င် လူ ၃၉ ဦးမှာ ၁၉၈၉ မှ ၁၉၉၂ ခုနှစ်အတွင်း အသတ်ခံခဲ့ရကြောင်း သတင်းထောက်များသို့ ပြောသည်။
ယင်းဖြစ်စဉ်တွင် ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒေါက်တာနိုင်အောင် အပါအ၀င် လူ ၁၃ ဦးသည် တာဝန်ရှိသူများဖြစ်ကြောင်း ၎င်းတို့က စွပ်စွဲလိုက်သည်။ ၎င်းတို့ထုတ်ပြန်သည့် တာဝန်ရှိသူ ၁၃ ဦးစာရင်း တွင် ရော်နယ်အောင်နိုင်၊ သံချောင်း(ခ) မြင့်စိုး (ခ) စ၀်ခွန်ကျော်၊ ကျော်ကျော်၊ မျိုးဝင်း၊ လှဆိုင်း၊  အောင်ကြီး၊ စိန်အေး၊ နေထွန်း၊ ထွန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ ကျော်တင်ဦး အစရှိသူများ ပါဝင်သည်။
သတင်း...  7Day News Journal
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ကျင်းပမည့် ဂီတဖြေဖျော်ပွဲ Sky Net မှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် ဦးအောင်ကြည် ခွင့်ပြု
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဆောင်ကျင်းပမည့် “စေတနာ့ဝသန်” ဂီတဖျော်ဖြေပွဲကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ ၈၈ အဖွဲ့ခေါင်းဆောင်များ စာတင်လျှောက်ထားခဲ့ရာ ထုတ်လွှင့်ပြသခွင့်
ပြုခဲ့ကြောင်း ၈၈ အဖွဲ့မှ ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကပြောသည်။
Sky Net ရုပ်သံလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသည့် အခပေး ရုပ်သံလိုင်းတစ်လိုင်းဖြစ်ပြီး ဖျော်ဖြေပွဲအများစုကို တိုက်ရိုက်ထုတ်လွှင့် ပြသလေ့ရှိနေသော်လည်း ၈၈ ကျောင်းသားများအဖွဲ့မှ စီစဉ်သည့်ပွဲ ဖြစ်နေခြင်းကြောင့် Sky Net ကုမ္ပဏီဘက်မှ တိုက်ရိုက်ခွင့်ပြုချက် မရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ၀န်ကြီးဆီကို မနေ့က စာတင်လာပါတယ်။ ၀န်ကြီးက အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး ချက်ချင်းပဲ လွှင့်ခွင့်ပြုခဲ့ပါတယ်”ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဟာ ဒီနေ့ ဒီအချိန်မှာ ပြောင်းလဲရေးကို သွားနေပါပြီ။ ပြောင်းလဲရေးမှာ အတူတကွ လက်တွဲဆောင်ရွက်ဖို့အတွက် ဒီလိုဖြစ်စဉ်မျိုးတွေ အများကြီး လိုအပ်ပါတယ်။ ခုဝန်ကြီးက လည်း ပြောင်းသွားပြီ။ ဒီပွဲလေးကို သေသေသပ်သပ် ကျင်းပချင်တယ်။ ရရှိတဲ့ ငွေတွေက လည်း ပြုပြင်ပြောင်းလဲရေးအတွက် ရည်မှန်းချက်ရှိရှိ လုပ်ကိုင်နေတာကြောင့် နားလည်မှုရှိရှိနဲ့ အားလုံးညှိနှိုင်း ပူးပေါင်းသွားကြရမှာပါ”ဟု ၈၈ ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက ၎င်းတို့ပွဲ တိုက်ရိုက်ထုတ်လွှင့်ခွင့် ရရှိခဲ့ခြင်းအပေါ် ပြောကြားသည်။
စေတနာ့ဝသန် ဂီတဖျော်ဖြေပွဲမှာ မြန်မာပြည်တစ်ဝန်းလုံးရှိ ပရဟိတနှင့် လူမှုရေးလုပ်ငန်းများ တွင် ပြန်လည် အသုံးပြုရန်အတွက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်တွင် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ညနေ ၄ နာရီတွင် စတင်ကျင်း ပတော့မည်ဖြစ်သည်။
သတင်း....  7Day News Journal
31 August 2012
ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ ရှင်းလင်းပွဲ ပြုလုပ်
မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည် ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။
အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံ အတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော် သို့ ရောက်ရှိမည် ဖြစ်သည်။
ထို့အတူ မနက်ဖြန်တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
အစိုးရ သူလျှိုဟု စွပ်စွဲခံရပြီး တောတွင်းရောက် ကျောင်းသားဒါဇင်ပေါင်းများစွာ သတ်ဖြတ်မှုခဲ့မှု ဖြစ်ပွားချိန်တွင် ဒေါက်တာနိုင်အောင်သည ABSDF ဗဟို ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ရော်နယ်အောင်နိုင်က မြောက်ပိုင်း ABSDF ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
“တရားစွဲတာတို့ကတော့ သက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ ဆန္ဒပါပဲ။ ကျွန်တော်တို့ကတော့ ဘယ်လိုနေရာ အမည်းရောင်နယ်မြေ၊ အညိုနယ်မြေတွေမှာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ တရားရေးမဏ္ဍိုင်ရဲ့ မျှတမှု၊ မှန်ကန်မှု၊ တောင့်တင်းမှုလိုအပ်ပါတယ်”ဟု မြောက်ပိုင်း ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးညီညီကျော်က The Voice Weekly သို့ပြောကြားသည်။
ယင်းအချိန်သတ်ဖြတ်ခံရသော ကျောင်းသားဟောင်းတစ်ဦး၏ သမီးဖြစ်သူမှာ ယင်းကိစ္စနှင့်ပတ်သက်၍ ယင်းအချိန် မြောက်ပိုင်း ဥက္ကဋ္ဌ ရော်နယ်အောင်နိုင်နှင့် အခြားသူများကို မြောက်ဥက္ကလာရဲစခန်းတွင် သြဂုတ်လ ၁၉ ရက်နေ့ညက တရားဝင် အမှုဖွင့်ထားပြီးဖြစ်ကြောင်း ကာယကံရှင် ဒေါ်စိမ့်စိမ့်သူက ပြောကြားသည်။
နိုင်ငံအတွင်း ပြန်ရောက်သည်နှင့် တပြိုက်နက် ရန်ုကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှင်းလင်းပြောကြားလိုကြောင်း ဒေါက်တာ နိုင်အောင်က The Voice Weekly သို့ ပြောကြားသည်။
“ကျွန်တော်ဥက္ကဋ္ဌဖြစ်နေချိန်မှာ ကျွန်တော်ကိုယ်တိုင်သိတာ၊ နောက်ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်တာ ဘာတစ်ခုမှမရှိပါဘူး။နောက်တစ်ခုက မြောက်ပိုင်းကိစ္စလိုဟာမျိုးကလူ့အခွင့်အရေးချိုး ဖောက်မှုတွေရှိတယ် ဆိုတာတွေကို တရားဥပဒေစိုးမိုးချိန်မှာ လွတ်လပ်တဲ့ စုံစမ်း ကော်မရှင်တွေ ဖွဲ့စည်းပြီး ပြန်လည် ဖော်ထုတ်သင့် တယ်လို့ယူဆပါတယ်”ဟု ၄င်းကဆိုသည်။
ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်သည်။
သတင်း.... The Voice Weekly
န၀တ၊ နယက လက်ထက်က သတ်မှတ်ခဲ့တဲ့ နာမည်ပျက် စာရင်းတွေ (Black Lists) ကို သမ္မတ ဦးသိန်းစိန်က ပယ်ဖျက်ပေးလိုက်တာ ဘာကြောင့်လဲ၊ ၈၈ မျိုးဆက်တွေ တဖွဲဖွဲ ပြန်နေတာ အာမခံချက် ရှိရဲ့လား။
န၀တ၊ နယက လက်ထက်က သတ်မှတ်ခဲ့တဲ့ နာမည်ပျက် စာရင်းတွေ (Black Lists) ကို သမ္မတ ဦးသိန်းစိန်က ပယ်ဖျက်ပေးလိုက်တာ ဘာကြောင့်လဲ၊ ၈၈ မျိုးဆက်တွေ တဖွဲဖွဲ ပြန်နေတာ အာမခံချက် ရှိရဲ့လား။ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဘီဘီစီ ၀ိုင်းတော်သား ဦးကိုကိုအောင်က မေးမြန်းထားပါတယ်။
30 August 2012
့မြန်မာအစိုးရက အမည်မည်းစာရင်း (Black list) မှ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးဖြစ်သော Aris, Alexander နှင့် Aris Kimတို့ နှစ်ဦးအပါဝင် ၂၀၈၂ဦးပယ်ဖျက်လိုက်
မြန်မာအစိုးရက အမည်မည်းစာရင်း (Black list) မှပယ်ဖျက်လိုက်သော လူပုဂ္ဂိုလ်၂၀၈၂ဦး၏စာရင်းကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးဖြစ်သော Aris, Alexander နှင့် Aris Kimတို့ နှစ်ဦးပါဝင်သည်။ အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်သူများစာရင်းတွင် ဗိုလ်ဗိုလ်ကျော်ငြိမ်း၊ စက်တင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ပြန်လာမည့် မိုးသီးဇွန်(ခေါ်)မိုးသီး၊ ကိုကိုအောင်၊ အောင်ဒင် စသောပုဂ္ဂိုလ်များပါဝင်သည်ကိုတွေ့ရသည်။ 
စာရင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။
 www.president-office.gov.mm 
http://www.president-office.gov.mm/briefing-room/daily-news/news1266 
ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်လိုဟု ဒေါက်တာနိုင်အောင်ဆို
၂၄နှစ်ကြာ မြန်မာနိုင်ငံနှင့် ဝေးကွာနေရာမှ ပထမဆုံးပြန်လာခွင့် ရမည့် ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင်ပင် သတင်းစာရှင်း လင်းပွဲလုပ်ရန် အကျိုးဆောင်များကို ကမ်းလှမ်းထားကြောင်း ၎င်းက The Voice Weekly သို့ပြောကြားသည်။
ဒေါက်တာနိုင်အောင်နှင့် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်ကပြောကြားသည်။
ဒေါက်တာနိုင်အောင်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။
ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်များ
နာမည်ပျက်စာရင်း (Black List)မှ ပယ်ဖျက်ပေးမည့်စာရင်း
29 August 2012
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု
စစ်တပ်သားများ၏ ၀ိုင်းဝန်း ထိုးကြိတ်မူကြောင့် စစ်တွေ သဲချောင်း အုပ်ချုပ်ရေးမှူး အစ်ကိုအကြီးဆုံး ဆေးရုံတင်ရ
ရခိုင်ပြည်နယ် စစ်တွေ သဲချောင်းတွင် တာဝန်ကျနေသော စစ်သားများ၏ ညှဉ်းပမ်းနှိပ်စက် ထိုးကြိတ်မူကြောင့် သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ အစ်ကို အကြီးဆုံး ဖြစ်သူ ဦးအောင်ဆွေကို စစ်တွေ ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရသည်။ 
လွန်ခဲ့သော စနေနေ့ ညနေ့ ၅ နာရီ ၄၅ မိနစ်ခန့်တွင် စစ်တွေမြို့ သဲချောင်း ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော ခမရ ၅၄၁ မှ တူးအိုင်စီခေါ် ဒုတပ်ရင်းမှူးက သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆွေကို ရိုက်ပုတ်ရန် အတွက် အကျီကိုဆွဲ၊ လက်ကို ဆွဲပြီး ဖမ်းချုပ်ရန် ပြုလုပ်နေစဉ် အစ်ကို အကြီးဆုံး ဖြစ်သူ ဦးအောင်ဆွေမှ ဘယ်လို ဖြစ်တာကြ တာပါလဲဟု ၀င်ရောက် မေးမြန်းရာ ဒုရင်းမှူး ဖြစ်သူက ဦးအောင်ဆွေ မျက်နာကို လက်သီးနှင့် ပစ်ထိုးလိုက်သဖြင့် နောက်လန် လဲကျသွားခဲ့ရာ နောက်ထပ် နှစ်ပွင့်နှင့် ဗိုလ် တစ်ဦးက ဦးအောင်ဆွေအား ခြေထောက်နှင့် တက်နှင်းသည်ဟု ဆိုသည်။
နောက်ထပ် အနီးအနားရှိ စစ်သား (၁၀) ဦးခန့်မှ ဦးအောင်ဆွေအား ၀ိုင်းဝန်းထိုးကြိတ်ကြရာ ဦးအောင်ဆွေမှာ သတိမေ့လုနီးပါး ဖြစ်သွားရာ ဘေးမှ ရပ်ကြည့်နေသူ ညီအငယ်ဆုံး ဖြစ်သူ ဦးအောင်အောင်မှ အစ်ကို အကြီးဆုံး ဖြစ်သူကို သွားရောက်ပွေ့ထူရာ ဦးအောင်အောင်ကိုပါ စစ်သားများက လက်သီးများဖြင့် ၀ိုင်းဝန်းပစ်ထိုးကြသည်ဟု ဆိုသည်။
“ ကျွန်တော်ကလည်း အစ်ကိုကြီးက သေလုမျောပါး ဖြစ်နေတော့ မခံရက်နိုင်တော့ ကျွန်တော်ကို ရိုက်ရင်လည်း ရိုက်ပါစေ ဆိုပြီး အစ်ကိုကြီး ဦးအောင်ဆွေကို သွားပွေ့တော့ ကျွန်တော်ကိုပါ ၀ိုင်းထိုးကြတယ်။ စစ်ဖိနပ်တွေ ၀ိုင်းကန်ကြတယ်။ မနေသာတဲ့ အဆုံး ကျောင်းပေါ်က ဆရာတော်ဆင်းလာမှဘဲ ထိုးကြိတ်တာကို ရပ်နားပြီး ကျွန်တော်တို့ ညီအစ်ကို နှစ်ဦးကို လက်ထိပ်ခတ်ပြီး ကျောင်းအောက်မှာ ချည်ထားပါတယ်။ ဆရာတော် မေတ္တာရပ်ခံတဲ့ အတွက် လက်ထိပ် ခတ်တာကို ဖြုတ်ပေးလိုက်ပြီး လွှတ်ပေးလိုက်ပါတယ်” ဟု ညီအစ်ကို သုံးယောက်ထဲမှ ညီအငယ်ဆုံး ဖြစ်သူဦးအောင်အောင်က နိရဉ္စရာသို့ ပြောသည်။
သို့သော်လည်း ဦးအောင်ဆွေမှာ အခြေအနေမကောင်းသဖြင့် အဆိုပါ ညဉ့်တွင် အိမ်တွင်ထားပြီး နောက်တစ်နေ့ တနင်္ဂနွေနံနက်တွင် စစ်တွေ ဆေးရုံကြီးကို တင်ပို့ခဲ့ရသည်ဟု ဆိုသည်။
“ စစ်တွေဆေးရုံကြီးကို ခုလို ဒဏ်ရာနဲ့ တင်မယ် ဆိုရင် ရဲစခန်းက ဆေးထောက်ခံစာကို လိုတဲ့အတွက် ရဲစခန်းမှာ သွားပြီး အမူဖွင့်ရပါတယ်။ ရဲစခန်းမှာ အမူဖွင့်ပြီးမှ ဆေးရုံတင်လို့ ရပါတယ်။ အခု တစ်ခါ ဒုတပ်ရင်းမှူးက ရဲကို တိုင်ရမလားဆိုပြီး မိသားစုတွေကို ခြိမ်းခြောက်တဲ့ အတွက် ဒီကနေ့ (အင်္ဂါနေ့) မှာ အနာမကောင်းဘဲ ဆေးရုံက ဆင်းခဲ့ရပါတယ်” ဟုဦး အောင်အောင်က ပြောသည်။
ယနေ့ ဆေးရုံမှ ဆင်းလာပြီးနောက်ပိုင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသူဦးအောင်ဆွေအား နိရဉ္စရာ က မေးမြန်းရာ သူက ယခုလို ပြောသည်။
“ အခုထက်ထိ နာနေပါတယ်။ ဒဏ်ရာတွေက မသက်သာသေးပါဘူး။ ဆေးရုံမှာလည်း ပြဿနာ လုပ်ချင် လုပ်လာနိုင်တဲ့ အတွက် အနာမကျက်ဘဲ ဆေးရုံက ဆင်းလိုက်ရပါတယ်။ ကျွန်တော်က တပ်နဲ့ဘာမှ ဖြစ်တာ မဟုတ်ပါ။ ကျွန်တော်ညီ အုပ်ချုပ်ရေးမှူး အောင်ဝင်းဆွေကို ထိုးကြိတ်မလို့ လုပ်နေတဲ့ အတွက် တူးအိုင်စီလို့ခေါ်တဲ့ ဒုတပ်ရင်းမှူးကို အဘ ဘယ်လို ဖြစ်ကြတာပါလဲလို့ ပြေလည်ရာ ပြေလည်ကြောင်း သွားမေးတာမှာ ကျွန်တော်ကို လက်သီးနဲ့ ထိုးတယ်။ ကျန်တဲ့ စစ်သားတွေက လက်သီးထိုး၊ ဖိနပ်တွေ တက်နင်းကြတယ်။ ကျွန်တော်မှာ အသက်ထွက်သွားမလို ခံစားခဲ့ရပါတယ်။ ကျွန်တော်ကို လာဆွဲတဲ့ ကျွန်တော် ညီအငယ်ဆုံး အောင်အောင်ကိုလည်း ၀ိုင်းထိုးကြတာ သူမျက်နာတွေမှာ ခုထိ ညိုမဲနေပါတယ်” ဟု ဦးအောင်ဆွေက ပြောသည်။
သူတို့တွင် ညီအစ်ကို သုံးဦးရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်ဝင်းဆွေမှာ ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။
ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေအမှတ် (၁) ရဲစခန်းသို့ တိုင်ကြားထားသော်လည်း အမူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ရှေ့တိုးလုပ်ဆောင်ခြင်းများ မရှိသေးကြောင်း ဦးအောင်ဆွေက ပြောသည်။
ယခုအခါ ဦးအောင်ဆွေနှင့် ဦးအောင်အောင်မှာ ဒုတပ်ရင်းမှူးက ခြိမ်းခြောက်ထားသဖြင့် သဲချောင်းကျေးရွာသို့ မပြန်ဝံ့ဘဲ ဖြစ်နေကြောင်း သည် ဟု နိရဉ္စရာ သတင်းဌာန တွင်ဖော်ပြထားပါသည်.။
မရိုးမဖြောင့်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိနှင့် အောက်ခြေဝန်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်
မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူး အဆင့်အတွင်း)နှ င့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယခု အရေးယူခဲ့သည့် စာရင်းမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။ 
အရေးယူရာတွင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ အချိန်မစေ့မီ အငြိမ်းစားယူစေခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးလျှော့ချခြင်း၊ ဌာနပြောင်း ပြစ်ဒဏ်ပေးခြင်း၊ နုတ်ထွက်စာ တင်စေခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ အရေးယူခြင်း ခံရသည့် ၇၂ ဦးထဲမှ အမှုဖြစ်၊ ပြစ်ဒဏ်ဖြစ်ကာ အရေးယူခြင်းခံရသော အရေအတွက်မှာ ၃၉ ဦးဖြစ်ပြီး ယင်းအထဲတွင် အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၁၃ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၂၆ ဦးတို့ ပါဝင်ကြောင်း၊ အရာရှိ ၁၃ ဦးအနက် ငါးဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး တစ်ဦးကို အချိန်မစေ့မီ ရာထူးမှ အငြိမ်းစား ယူစေခဲ့ကြောင်း၊ နှစ်ဦးအား ရာထူးတိုး ရပ်ဆိုင်းခဲ့ပြီး သုံးဦးကို ရာထူးမှလျှော့ချခဲ့ကာ နှစ်ဦးကို ဌာနပြောင်း ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၂၆ ဦးအနက် ခြောက်ဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ၁၂ ဦးကို ရာထူးလျှော့ချခဲ့ကြောင်း၊ တစ်ဦးကို နုတ်ထွက်စာ တင်စေခဲ့ပြီး သုံးဦးကို ရာထူးတိုး ရပ်ဆိုင်းခဲ့ကြောင်း၊ တစ်ဦးကိုမူ လစာနှစ်တိုး ရပ်ဆိုင်းခဲ့ကာ သုံးဦးကိုမူ ဌာနပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ ဌာနပြောင်းရွှေ့ခြင်း ခံရသောသူ အရေအတွက်မှာ ၃၃ ဦးရှိပြီး ယင်းအထဲတွင် အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၁၆ ဦးနှင့် အောက်ခြေ၀န်ထမ်း ၂၇ ဦးတို့ ပါဝင်ကြောင်း သိရသည်။ 
ထို့ပြင် စည်းကမ်းဖောက်ဖျက် ကျူးလွန်သဖြင့် သတိပေးဆုံးမမှုကို ခံရသော အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၄၇ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၁၄၄၄ ဦးရှိကြောင်း သိရသည်။ “မြို့တော်စည်ပင်က ဌာနမှူး အဆင့်တွေလို အရာရှိတွေ၊ တခြား အောက်ခြေ၀န်ထမ်းတွေ ငွေရေးကြေးရေး ကိစ္စတွေနဲ့ ပတ်သက်လို့  အလုပ်ဖြုတ်တာတို့၊ ရာထူးလျှော့ချတာတွေ၊ ဌာနပြောင်းတာတွေ ရှိတယ်လို့ သိရတယ်။ အဲဒီထဲမှာ အရာရှိတွေထက် အောက်ခြေ ၀န်ထမ်းတွေက ပိုများတယ်လို့ သိရတယ်” ဟု ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။ 
“ စည်ပင်သာယာနဲ့ ပတ်သက်တဲ့ ဘယ်လုပ်ငန်းမှာပဲ ဖြစ်ဖြစ် ပြည်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ၀န်ထမ်းတွေ မရိုးမဖြောင့်လုပ်တာရှိရင် အရာရှိတွေကို လာရောက် အသိပေး တိုင်ကြားလို့ရပါတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အစိုးရအသစ်က ချမှတ်ထားတဲ့ မူဝါဒအတိုင်း ၀န်ထမ်းအဖွဲ့အစည်းကို ကောင်းအောင် စစ်ဆေးအရေးယူတာတွေ လုပ်နေချိန်မှာ ၀န်ထမ်းတွေနဲ့ ဆက်နွယ် ဆောင်ရွက်နေရတဲ့ တစ်ဖက်က ပြည်သူတွေ အနေနဲ့ ၀န်ထမ်းတွေကို မရိုးမဖြောင့်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ ဌာနပေါင်း  ၂၀ တွင် ၀န်ထမ်းအရေအတွက် ၁၆၀၀၀ ကျော်ရှိကြောင်း  Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
အမည်မည်းစာရင်းမှ ပယ်ဖျက်ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေးသွားမည်
နိုင်ငံတော်အစိုးရသည် လက်ရှိ အခြေအနေတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ် ကို ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေးထား အကောင် အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။
ယခင်က နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းအလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်
အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်း မီဒီယာသမားများအပါအဝင် အချို့အား အကြောင်းအမျိုးမျိုးကြောင့် အမည်မည်း စာရင်း (Black List) သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲ လာသော ခေတ် စနစ်နှင့်အညီ ဖြေလျော့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခင်သတ်မှတ်ထားသည့် အမည်မည်းစာရင်းဝင် စုစုပေါင်း (၆၁၆၅) ဦးရှိသည့်အနက် ပြောင်းလဲလာသည့် မူဝါဒ
များနှင့် အညီ စိစစ်ဆောင်ရွက်ပြီး စုစုပေါင်း (၂ဝ၈၂) ဦးအား အမည်မည်းစာရင်းမှ ပယ်ဖျက်၍ ဖြေလျော့ ပေးလိုက်ကြောင်း နှင့် အမည်မည်း စာရင်းမှ ပယ်ဖျက်ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက်ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြပါရှိသည်.။
28 August 2012
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းအား အမိန့်အမှတ် ၂၂/၂၀၁၂ နှင့် ဒုတိယဝန်ကြီး များ ခန့်အပ်တာဝန်ပေးကြောင်းအား အမိန့်အမှတ် ၂၁/၂၀၁၂ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ၉ ဦးဖြစ်ပြီး ၎င်းတို့၏ လက်ရှိတာဝန်ယူရမည့် ဝန်ကြီးဌာနနှင့် ယခင်ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဦးစိုးသိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - စက်မှုဝန်ကြီးဌာန)
၂။ ဦးအောင်မင်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် - ပြန်ကြားရေးဝန်ကြီးဌာန (ယခင် - လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း - သမဝါယမဝန်ကြီးဌာန (ယခင် - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် - မွေး/ရေ ဝန်ကြီးဌာန (ယခင် - သမဝါယမ ဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)
၈။ ဦးအေးမြင့် - စက်မှုဝန်ကြီးဌာန (ယခင် - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း - အားကစားဝန်ကြီးဌာန (ယခင် - ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန)
ထို့အပြင် ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးစုစုပေါင်းမှာ ၁၅ ဦးဖြစ်ပြီး ၎င်းတို့ တာဝန်ယူရမည့် ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ရဲချုပ်ကျော်ကျော်ထွန်း - ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ - ယဉ်ကျေးမှုဝန်ကြီးဌာန
၎။ ဦးအောင်သိမ်း - သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် - လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် - ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန
၁၀။ ဦးထင်အောင် - စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် - ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် -ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် - အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး - ကျန်းမာရေးဝန်ကြီးဌာန
ယခင် သမ္မတရုံးဝန်ကြီးဌာန၌ ယခင်ဝန်ကြီး ၂ ဦးရှိရာမှ ယခုထပ်မံခန့်အပ်လိုက်သော သမ္မတရုံးဝန်ကြီး ၄ ဦးကြောင့် စုစုပေါင်း သမ္မတရုံးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ၆ ဦး ရှိလာမည်ဖြစ်သည်။ ထိုသို့ ပြည်ထောင်စု ဝန်ကြီးများ ပြောင်းလဲ ခန့်အပ်လိုက်ခြင်းကြောင့် လက်ရှိတွင် လစ်လပ် လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများမှာ -
- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
- ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
- ယဉ်ကျေးမှုဝန်ကြီးဌာန တို့ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စုဝန်ကြီးများအား ပြောင်းလဲ တာဝန်ပေးအပ်ကြောင်းနှင့် ဒုတိယ ဝန်ကြီးများ အား ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
သတင်း....   Eleven Media Group.
27 August 2012
ယနေ့ ဆွေးနွေးခဲ့သောဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် (ကော့မှူးမဲဆ န္ဒနယ်) ၏ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်
အခု ဦးမြင့်စိုးအဆိုကို တရားဥပဒေရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေးရှုထောင့်ကလည်း ကြည့်နိုင်ပါတယ်။ တရားဥဒေရှုထောင့် ကနေ အများအပြား ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီးမဆွေးနွေးတော့ ပါဘူး။ နိုင်ငံရေးရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်း အခုံတွေ ဖြစ်ကြ တာ ပြသနာတွေ တက် တာ မထူးဆန်းပါဘူး။
ထိုနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တာ။ သဘော မတူညီမှုတွေဖြစ် တာ၊ ပြသနာတွေတက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေ ရောက်ခဲ့ရင် ကြိုက်သလို မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေ ရှိတတ်ပါတယ်။ ဒီလိုပြ သနာတွေ တက် လို့ ကျွန်မတို့အနေနဲ့လည်း စိတ်ပျက်စရာလည်း မရှိပါဘူး။  ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာတွေပဲဖြစ်ဖြစ် တယ်အရေးကြီးတာက ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ပါပဲ။ ပြသနာ ကို ဖြေရှင်းတဲ့နေရာမှာ တကယ့် ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်း စားပြီးတော့ ဖြေရှင်း ရမှာ ဖြစ်ပါ တယ်။ ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းက မှန်လို့ရှိရင် ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာလည်းတက်ပါလိမ့်မယ်။ ပြည်သူတွေကလည်း ဒီဖြေရှင်းပုံဖြေရှင်းနည်းရဲ့ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာဖြစ်ပတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တိာက အခုကိစ္စက တရားဥပဒေကိစ္စဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့ လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုးကို လေးစားဖို့လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။
 ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ပြည်သူတွေ ပါပဲ။ ပြည်သူတွေ အတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေ ရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော် ဆို တဲ့ ဂုဏ်နဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။ ဒါကြောင့်အခု ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာ ကို ဖြေရှင်း တဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြောအမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။
သတင်းရင်းမြစ်....  Eleven Media Group
ကလေးငယ်စစ်သားအဖြစ် စုဆောင်းခဲ့သည့် အရာရှိနှင့် စစ်သားများအား အရေးယူထား
တပ်မတော်တွင်း စစ်သားစုဆောင်းမှုများ ပြုလုပ်ရာတွင် တပ်မတော် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများအား ဆန့်ကျင်၍ အရွယ်မရောက်သေးသူ ကလေးငယ်များအား စစ်သားအဖြစ် စုဆောင်းခဲ့သည့် အရာရှိနှင့် အခြားအဆင့်ရှိ တပ်သားစုစုပေါင်း ၁၈၀ ကျော်အားအရေးယူထားပြီး ဖြစ်ကြောင်း အမှတ်(၁)တပ်မတော် စစ်သားစုဆောင်းရေးတပ်မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကပြောကြားသည်။
“ကလေးစစ်သားစုဆောင်းတာတွေပာာ နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာတွေနဲ့ ကြည့်မယ်ဆိုရင်လည်း ဥပဒေနဲ့ညီညွှတ်ခြင်း မရှိပါဘူး။ ဒီလိုကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတာကို ကာကွယ်နိုင်ဖို့အတွက် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနဲ့ UN CTFMR တို့ကပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။
မကြာသေးမီ ကာလအတွင်းကလည်း ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တပ်မတော်၊ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်- ငြိမ်းချမ်း ရေးကောင်စီ၊  ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ်(SSA) တောင်ပိုင်းနှင့် ‘ဝ’ အမျိုးသားတပ်မတော်တို့တွင် ကလေးစစ်သားများ အသုံးပြုလျက် ရှိကြောင်း ကုလသမဂ္ဂကစာရင်း ထုတ်ပြန်ကြေညာခဲ့သည်။
“မြန်မာနိုင်ငံထဲမှာ ကလေးစစ်သား အသုံးပြုမှုတွေက တော်တော်များပါတယ်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာတွေလည်း တော်တော်ကို ပျောက်ဆုံးနေပါပြီ။ ဒီကိစ္စအတွက် တပ်မတော်အနေနဲ့ ထိထိရောက်ရောက် အရေးယူသင့်ပါပြီ။ ကလေးစစ်သား ပပျောက်ရေးအတွက် စီမံချက်တွေ ရေးဆွဲပြီး လုပ်ဆောင်သင့်ပါတယ်”ပာု ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရနှင့် UN CTFMR တို့အကြား ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း စီမံချက်(Plan of Action) လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုဇွန်လ ၂၇ ရက်နေ့တွင် နေ ပြည်တော်ရှိသင်္ဂပာပိာုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
သတင်း....  yangonchronicle
26 August 2012
ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာလယ်သမားများ အရေး ဆောင်ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာကုမ္ပဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရုပ်သိမ်းခံရကြောင်း ကာယကံရှင်က ပြောကြားသည်။
ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး၏ တင်ပြသော စုံစမ်း စစ်ဆေးမှု အစီရင်ခံစာအရ သြဂုတ် ၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၎င်းအား ရှေ့နေလိုက်သူများ အက်ဥပဒေ ပုဒ်မ ၁၃/စ ဖြင့် အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
မင်္ဂလာဒုံမြို့နယ် တရားရုံး ပြစ်မှုကြီး အမှတ် ၆၉၇/၂၀၀၇ တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၆ အရအလုပ်နှင့် ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ကျခံရသူဖြစ်ခြင်း၊ ယခုအခါတွင်လည်း ယင်းတရားရုံးတွင်ပင် ပြစ်မှုဆိုင်ရာ အမှုများဖြင့် တရားစွဲဆို ခံထားရခြင်း များသည် ရှေ့နေ ရှေ့ရပ် လုပ်ငန်းနှင့် စပ်လျဉ်းပြီး ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရာ ရောက်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး က စုံစမ်း စစ်ဆေး တွေ့ရှိရသဖြင့် ယခုကဲ့သို့ ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်၏ အကြောင်းကြားစာကို ကိုးကားပြီး ၎င်းက ရှင်းလင်း ပြောကြားသည်။
''ကျွန်တော်ဖြစ်ခဲ့တဲ့ အမှုတွေက အကျင့်စာရိတ္တနဲ့ပတ်သက်လို့ ဖြစ်တဲ့ အမှုတွေ မပါဘူး၊ အခုက တရားလွှတ်တော်ချုပ်က ပေးတဲ့ အပြစ်က ပြင်းလွန်းတယ်''ဟု ၎င်းက ဆိုသည်။
ရှေ့နေများတွင်ရှိသော ကျင့်ဝတ်များကို ချိုးဖောက်ပါက ရှေ့နေလိုင် ရပ်စဲခြင်း(ကာလတစ်ခုခုဖြင့်)၊ ရုပ်သိမ်းခြင်းများကို တရားလွှတ်တော်ချုပ်က ပြုလုပ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းနိုင်ကပြောကြားသည်။
''ရုပ်သိမ်းတယ်ဆိုရင် လိုင်စင် ပြန်မရဖို့များတယ်။ ရုပ်သိမ်းခံရတဲ့ ရှေ့နေအနေနဲ့လိုင်စင်ပြန်ရဖို့ အသနားခံစာတင်ရမှာပေါ့။ ရှေနေ ကျင့်ဝတ်နဲ့ မညီဘူးဆိုတာ မဟုတ်ဘူးဆိုတာကိုတော့ ခုခံ ချေပခွင့် ရှိသင့်တယ်''ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
၎င်းသည် ရှေ့နေ ဦးသိန်းသန်းဦး၊ ဦးစောဖရီးဒန်း၊ ဦးမျိုးမြင့်စိုး၊ ဒေါ်စန္ဒာဦး တို့နှင့်အတူ ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်ရန် ယခုလ ၂၃ ရက်နေ့က ကိုယ်စားလှယ် လွှဲစာ တင်ခဲ့သည်ဟု တရားစွဲဆိုခံရသူ ဦးနေမျိုးဝေက ပြောကြားသည်၊
''ကျွန်တော်ဘက်က လိုက်ပါမယ့် ရှေ့နေ နောက်ထပ်နှစ်ယောက် တိုးဖို့ရှိတယ်။ ဒါက သူထွက်ခြင်း မထွက်ခြင်းနဲ့တော့မဆိုင်ပါဘူး၊ သူကတော့ ထွက်သွားပါပြီ'' ဟု ၎င်းကဆိုသည်။
သတင်း... THE VOICE
ကျွန်တော်တို့က လူတွေပါဗျာ
၂ဝ၁၂ခုနှစ်၊ သြဂုတ်လ၊ ၂၄ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်(၁ဝးဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင် ဦးဖြိုးကိုကိုတို့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့သို့ကြိုတင်ပြီး ရှေ့ပြေး ရောက်ရှိနေကြသော နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသားများ ဖြစ်ကြသော ဦးကျော်ဝင်း၊ ဦးရောဘတ်အောင်၊ ဦးထွန်းထွန်းဝင်း(ပန်းသီး) နှင့် နာရေးကူညီမှုအသင်း(စစ်တွေ) အဖွဲ့သားများ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ကူညီလှူဒါန်း အားပေးစကားများ ပြောကြားခဲ့ကြသည်။
          စစ်တွေမြို့သို့ရောက်ရှိသည်နှင့် စစ်တွေမြို့ဘုရားကြီးသို့ ဦးစွာဝင်ရောက်ဖူးမျှော်ပြီးသည့်နောက် ဓညဝတီ ဘောလုံးကွင်း ၊ မင်းဂံကွက်သစ်(အမှတ်-၈)၊ ဓညဝတီ ရပ်ကွက်(နာဇီအနီး)၊ ရွှေစေတီကျောင်း၊ ဂစ်ခြေကျောင်း၊ မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်းတို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဒုက္ခသည် အပေါင်းတို့အား ဆန်အိတ်များလှူဒါန်းခဲ့ပြီး အားပေးနှစ်သိမ့်မေတ္တာပို့သမှုများကို ပြုလုပ်ပေးခဲ့ကြသည်။ ထိုဒုက္ခသည်စခန်းများတွင် အိမ်ထောင်စုပေါင်း (၄၃၂)စု၊ လူဦးရေပေါင်း (၁၇၂၈)ဦး ကျော်ခန့်တို့သည် နေရေး၊ စားရေး၊ ကျန်းမာရေး စသည်တို့နှင့်ကြုံတွေ့နေမှုများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။ ယောကျာင်္းဖြစ်သူ အသတ်ခံရ၍ လသားအရွယ်ကလေးငယ်လေးအား ချီပိုးထားသော မိခင်တစ်ဦး၊ မိဘမဲ့ကလေးငယ်များ၊ သားသမီးမဲ့မိအိုဖအိုများ၊ အိုးအိမ်မီးလောင်ပျက်ဆီးခဲ့ရသော အခြေအနေမဲ့ဒုက္ခသည်များစသည့် ဘဝပေါင်းမြောက်များစွာပျက်စီးခဲ့ရသော မိသားစုဝင်များတို့၏ ကြေကွဲ ဖွယ်ရာဘဝများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။
ထိုကဲ့သို့ဘဝပေါင်းများစွာဆုံးရှုံးခဲ့ရသော ရခိုင်ဒေသရှိဒုက္ခသည် များထဲတွင် မြန်မာ၊ ရခိုင်၊ ဟိန္ဒူ စသည့် ဗုဒ္ဓဘာသာဝင်များအားလှူဒါန်းကူညီခြင်းနှင့် အားပေးစကားပြောကြားခြင်း မေတ္တာပို့သပေးခဲ့ခြင်းတို့သည် ဒုက္ခသည်အပေါင်းအားလုံးအတွက် လောကဓံကိုရင်ဆိုင် နိုင်သည့်အင်အားများပေါ်ပေါက်စေခဲ့သည်။ ထို့ပြင်စစ်တွေမြို့ရှိ ရွှေဂရုနာ အခမဲ့ ဆေးပေးခန်းသို့လည်း သွားရောက်ကာ အားပေးစကားပြောကြားခဲ့ပြီး ဦကျော်သူ၊ ဒေါ်ရွှေဇီးကွက်တိုမှ အလှူငွေ (တစ်သိန်းကျပ်)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ (ခုနှစ်သိန်းကျပ်)၊ အသင်းသား ဖြစ်သူ ဦးကျော်ဝင်းမှ အလှူငွေကျပ်(ငါးသောင်း) တို့ကို လှူဒါန်းခဲ့သည်။ ထို့နောက် ညနေ ၅နာရီအချိန်တွင် နာရေးကူညီမှုအသင်း(စစ်တွေ)နှင့်မောင်းတောမြို့၊ အမျိုးသားကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း၊ ဒုက္ခသည်ကူညီရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ် အတွင်းရှိ ကူညီစောင့်ရှောက်ရေး ကိစ္စများ၊ လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းစဉ်များ၊ စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများနှင့် တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူတတ်မှု စသည့် လူမှုရေးကိစ္စရပ်များအား ပွင့်လင်းစွာဆွေးနွေးပွဲအား ကျင်းပခဲ့ကြသည်။ ဥက္ကဌဦးကျော်သူသည် ပြည်ပခရီးသို့ သြဂုတ်လ ၂၉ရက်နေ့တွင် ထွက်ခွာ ရတော့မည်ဖြစ်၍၊ ဒေါ်ရွှေဇီးကွက်နှင့် ဦးဖြိုးကိုကိုတို့နှင့်အတူ ၂၀၁၂ခုနှစ်၊သြဂုတ်လ၊ ၂၅ရက်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြသည်။ ကျန်ရစ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများသည် သြဂုတ်လ ၂၆ရက်နေ့ တွင် ရန်ကုန်မှ သင်္ဘော၊ မော်တော်ကားတို့ဖြင့် ကြိုတင်၍ စစ်တွေမြို့သို့ ပို့ထားသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများအား ဘူးသီးတောင်၊ မောင်းတောမြို့များရှိ ဒုက္ခသည်များထံသို့ ဆက်လက်ချီတက်ကာ ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို ပေးဆပ်သွားမည်ဖြစ်ပါသည်။
          ရန်ကုန်မြို့သို့ အပြန်ခရီးလမ်းကြောင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မီးလောင်လွင်ပြင်များ၊ မိမဲ့ဘမဲ့ ဖြစ်သွားသော ကလေးငယ်များ၊ အိုးအိမ်အဝတ်အထည် ပစ္စည်းဥစ္စာများ ပျက်ဆီးဆုံးရှုံးသွားကြရသော မိသားစုဝင်များ၏ ပုံရိပ်များသည် ကျွန်တော်တို့အတွက် စိတ်အစဉ်တွင် မေ့ဖျောက်၍မရနိုင်အောင် စွဲလန်းမိကာ ငြိမ်းချမ်းရေးကို တောင့်တမိပြီး တစ်ချိန်က ကျွန်တော်ရေးဖွဲ့ထားခဲ့သော “ ကျွန်တော်တို့က လူတွေပါဗျာ ” ဟူသော ကဗျာ စာပိုဒ်အား မြင်ယောင်မိတော့သည်။
ကျွန်တော်တို့က လူတွေပါဗျာ
တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊
သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊
အာဃာတတွေ ဘယ်လောက်ထားထား၊
အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊
ဗြဟ္မစိုရ်တရားရှိမှ မြင်တွေ့ရတဲ့ မြင်ကွင်းလေးတွေက ငြိမ်းချမ်းမှုကိုရစေတယ်လေ။
သူတို့က တိရစ္ဆာန်တွေပါ။ အခု … ကျွန်တော်တို့က လူတွေပါဗျာ။
ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။
ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။
တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။
မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။
ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။
မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။
ကျွန်တော်တို့က လူတွေပါဗျာ . . . . ။ ။
(ကျော်သူ)