12 October 2012

နိုင်ငံတကာအလုပ်သမားသမဂ္ဂ မြန်မာနိုင်ငံ၌ရုံးစိုက်မည်


မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများတောင်းဆိုပေးရေးနှင့် အလုပ်သမားသမဂ္ဂများ အများအပြား ပေါ်ပေါက် လာနိုင်စေရန်အတွက် နိုင်ငံတကာအလုပ်သမားသမဂ္ဂပေါင်းချုပ်(ITUC) ရုံးခွဲဖွင့်လှစ်ရေး ကိစ္စရပ်နှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ITUC)မှ တာဝန်ရှိသူများ အောက်တိုဘာလ ၉ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Mount Pleasant Hotel အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
“မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂအဖွဲ့တွေ ခုရှိနေပြီဆိုပေမယ့် မဖွံ့ဖြိုးသေးပါဘူး။ ဒီအဖွဲ့က မြန်မာအလုပ်သမားသမဂ္ဂဖွံ့ဖြိုးရေးအတွက်ပါ ဆောင်ရွက်ပေးသွားမှာပါ။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဖြစ်နေတဲ့ပြဿနာတွေအတွက်လည်း ဖြေရှင်းပေးသွားမယ်လို့ သူတို့ကပြောပါတယ်”ပာု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများကို ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ရရှိရေး၊ အလုပ်သ မားများ၏ အကျိုးစီးပွားအတွက် အခွင့်အရေးအကာအကွယ်ပေးမှုများ၊ စက်မှုလုပ်ငန်းခွင်ဆက်ဆံရေးတွင် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် လျော် ကန်သော အလေ့အထများ တိုးတက်ရရှိစေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
“လက်ရှိမှာကို ပြည်တွင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ဖြစ်နေတဲ့ပြဿနာတွေက အများကြီးပါပဲ။ ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းကြီးက ပြည်တွင်းမှာရုံးခန်းလာဖွင့်မယ်ဆိုတော့ ပြည်တွင်းက အလုပ်သမားတွေအတွက် ဝမ်းသာစရာပေါ့။ ပြည်တွင်းမှာ အလုပ်သမားအဖွဲ့အစည်း တွေ အများကြီးရှိတယ်ဆိုပေမယ့် ဖွံ့ဖြိုးမှုမရှိသေးပါဘူး”ပာု အလုပ်သမားအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နိုင်ငံတကာ အလုပ်သမားသမဂ္ဂပေါင်းချုပ်(ITUC)သည် ကမ္ဘာ့အကြီးဆုံးအလုပ်သမား အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၅၃ နိုင်ငံရှိ အလုပ်သမားသန်းကို ကိုယ်စားပြုသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်း..yangonchronicle

11 October 2012

အောက်တိုဘာလ ၁၈ ရက်မှစတင်၍ နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar တို့ကို ရောင်စုံထုတ်ဝေတော့မည်ဖြစ်ပြီး၊ ရောင်းဈေးကို ပြောင်းလဲရန်မရှိကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ကြေညာ


နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar တို့ကို လာမည့်  အောက်  တိုဘာလ ၁၈ရက်မှစတင်၍ ရောင်စုံထုတ်ဝေတော့မည်ဖြစ်ပြီး၊ ရောင်းဈေး  ကို ပြောင်းလဲရန်မရှိကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ကြေညာသည်။

နေပြည်တော်နှင့် မန္တလေးတွင် သတင်းစာအားလုံးကို နေ့စဉ် ရောင်စုံထုတ်ဝေမည်ဖြစ်ပြီး၊ ရန်ကုန်တွင် မူ မြန်မာ့အလင်းနှင့် ကြေးမုံတို့ ကို တစ်ပတ်ခြားစီ ရောင်စုံထုတ်ဝေမည်ဖြစ်သည်။ 

ဒီဇင်ဘာလလယ်မှစတင်၍သတင်းစာအားလုံးကို ရောင်စုံထုတ်ဝေမည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ ``ပြည်သူလူထု ဗဟိုပြု အသိအမြင်ဗဟုသုတပေးဝေမည့် အသွင်သစ်ရောင်စုံသတင်းစာများ  မကြာ မီ ပြည်သူ့  ထံမှောက်ရောက်ရှိပါတော့မည်´´ဟု ရောင်စုံသတင်းစာထုတ်ဝေမည့်အကြောင်း ကြော်ငြာ တွင် ရေးသားဖော်ပြထားသည်။

ထိုသို့ ရောင်စုံသတင်းစာများ ထုတ်ဝေရန်အတွက် နိုင်ငံပိုင်သတင်းစာများက ပုံနှိပ်စက်အသစ်များကို မကြာသေးခင်က ၀ယ်ယူထားကြောင်းလည်း သတင်းရရှိသည်။
သတင်း....  7Day News Journal

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့လည်ပိုင်းက ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ကြသည်။
 

ဆန္ဒပြပွဲကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး  စစ်တွေမြို့ ကမ်းနားလမ်း ဧစေတီ ဘုရားမှ ဆိုင်းဘုတ်များ၊ လက်ကိုင် ပိုစတာများကို ကိုင် ဆောင်ပြီး မြို့ထဲထိ ချီတက်ကာ  ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြသည်ဟု  ဦးဆောင်သူတဦးဖြစ်သူ ဒေါ်မညိုအေးက ပြောသည်။

“အဓိက အချက်(၈)ချက်ပါတယ်။ နံပါတ်(၁) ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို လိုက်နာလေးစား ပါ၊ (၂) တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများအား အလိုမရှိ၊ (၃) မြန်မာ့ပြည်တွင်းကို OIC ၀င်မစွက် နဲ့ ထွက်သွား၊ (၄) မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊ (၅) သားရေပေါ်အိပ်၊ သားရေနားစား တွေ ထွက်သွား၊ (၆) မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်၊ (၇) မြန်မာ့ အမျိုးသမီးများ ဘ၀ လှပလုံခြုံမှုရှိပါစေ၊ (၈) မြန်မာ တမျိုးသားအားလုံး စည်းလုံးညီညွတ်ကြ ဆိုတဲ့ ပိုစတာများတွင် ရေးသားကာ မိမိတို့၏ သဘောထားများကို ထုတ်ဖေါ်ခဲ့ကြသည်″ ဟု သူမက ပြောသည်။

ဆန္ဒပြပွဲတွင် အမျိုးသမီးများက အကြမ်းဖက်ဝါဒ အလိုမရှိ (OIC Get Out)ဟု ရေးထားသည့် တီချပ် အကျီင်္များကို ၀တ် ဆင်ထားပြီး ဆရာတော်ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိ ၀င်္ကာဘာကွင်းသို့ သွားရောက်လူစုပြီး ထိုမှ တဆင့်  မြို့တွင်းသို့ လှည့်လှည်ကာ ဆရာတော် ဦးဥတ္တမပန်းခြံတွင် ဆန္ဒပြပွဲကို အဆုံး သတ်ခဲ့ဟု သိရသည်။


ဆန္ဒပြပွဲတွင် အမျိုးသမီး ၂၀၀၀ ခန့်ပါဝင်ပြီး တဖြည်းဖြည်း မြို့သူမြို့သားများ ပူးပေါင်း ပါဝင်လာသည့်အတွက် လူ ၅၀၀၀ ခန့်ဖြစ်သွားခဲ့ပြီး ဗလီကြီးရှိရာဘက်သို့ သွားသည့်လမ်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထား ခဲ့ ကြောင်း မြို့ခံလူငယ် တဦးကပြောသည်။

ယမန်နေ့ကလည်း စစ်တွေမြို့နှင့် ရဟန်းသံဃာတော်များ ဦးဆောင်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကောင်စစ်ဝန်ရုံးရှေ့ တွင် OIC ရုံးဖွင့်မည့်ကိစ္စနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် စက်တင်ဘာလ ၂၉ ရက်နေ့က လူနည်းစု ဗုဒ္ဓဘာဝင်များ အကြမ်းဖက်ခံရမှုကို ကန့်ကွက်သည့်နေဖြင့် ဆန္ဒပြပွဲတခုကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြသည်။

ယခုကဲ့သို့စစ်တွေမြို့တွင် ရက်ဆက် (OIC)ကို ဆန္ဒထုတ်ဖော်ပြသနေသည့်အပေါ် စစ်တွေမြို့နယ် ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားသည်။

“ OIC ဆိုတာက ဘာသာရေးကို အဓိကထားတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ ဒီကလူတွေက သုံးသပ်ကြ တယ်။ NGO မဟုတ်ဘဲ သီးခြားမူဆလင်နိုင်ငံတွေ ပူးပေါင်းဖွဲ့ထားပြီး ဘာသာရေး ကို အဓိကအခြေခံတဲ့ အတွက် မြန်မာနိုင်ငံဆိုတာက ဗုဒ္ဓဘာသာ အများစုနေတဲ့နိုင်ငံဖြစ်တယ်။ သူတို့က ရခိုင်မှာဖြစ်ခဲ့တဲ့ အရေးအခင်းကို အကြောင်းပြုဝင်လာပြီး သူတို့ရဲ အယူဝါဒတွေကို အသုံးချ လုပ်သွားမှာကို စိုးရိမ်တဲ့အတွက် ခုလို ကန့် ကွက်တဲ့ သဘောလို့မြင်ပါတယ်” ဟု ဆိုသည်။

OIC အနေနှင့် တခြားပြဿနာများစွာတက်နေသည့် မူဆလင်နိုင်ငံများကို မသွားဘဲ မြန်မာနိုင်ငံကို ၀င်လာသည့် အ ပေါ် မှာ ရခိုင်ပြည်သူများက သံသယများရှိနေကြောင်းနှင့် ယခုကဲ့သို့ သံဃာ တော်များအပါအ၀င် အမျိုးသမီး များက OIC ကိုလက်မခံကြောင်း ဆန္ဒပြတောင်းဆိုနေသည့်အတွက် ပြည်သူများဆန္ဒကို လိုက်လျှော့ရန် ပြည်နယ် အစိုးရကိုလည်း ဖိအားပေးတောင်းဆိုရန် အစီ အစဉ်ရှိကြောင်း ဦးအောင်မြကျော်က ပြောသည်။


ယခုကဲ့သို့ ပြည်သူများကန့်ကွက်နေသည့်အတွက် ဒီမိုကရေစီဖော်ဆောင် သည့်အစိုးရ အနေဖြင့် ပြည်သူများ၏ ဆန္ဒကို နားထောင်သင့်ကြောင်း စစ်တွေမြို့မှ လူကြီးတဦးကပြော သည်။

ပြည်သူများက မြန်မာနိုင်ငံတွင် OIC  ရုံးဖွင့်လှစ်မည်ကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်တွင် ကန့်ကွက်သည့် ဆန္ဒပြ ပွဲများ ဆက်တိုက် ပေါ်ပေါက်နေသော်လည်း OIC ရုံးများကို မြန်မာနိုင်ငံတွင် မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း OIC၏ မူဆလင် လူနည်းစု ရပ်ဝန်းဌာန ရိုဟင်ဂျာအရေးဆိုင်ရာတာဝန်ခံ မစ္စဒီနာ မန်ဒနီက ပြောသည်ဟု ဘီဘီစီ မြန်မာပိုင်းအစီအစဉ် အင်တာ နက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ဖွင့်လှစ်မည့် OIC ရုံးမှာ ဗီဇာအပါဝင် ထောက်ပံ့ရေးဆိုင်ရာများကို လုပ်ဆောင်မည်ဖြစ်ပြီး စစ် တွေမြို့တွင် ဖွင့်လှစ်မည့်ရုံးမှာ လူသားချင်းအကူအညီ ထောက်ပံ့ပေးရာ ရုံးအဖြစ် ထားရှိမည်ဖြစ်ကြောင်း မစ္စ ဒီနာမန်ဒနီက ယမန်နေ့ညနေက ထုတ်လွင့်သည့် ဘီဘီစီ မြန်မာပိုင်းကို ပြောသွားသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် OIC တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သတင်း...  Narinjara News

ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုးချဲ့ရန်ဟုဆိုကာ မတရားသဖြင့် ငွေကြေးကောက်ခံ



ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ဆင်တပ်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်လှိုင်မှ ကျေး ရွာအုပ်ချုပ်ရေးမှူးရုံး တိုးချဲ့ရန် အကြောင်းပြချက်ဖြင့် ငွေကြေးများ မတရားသဖြင့် ကောက်ခံနေကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။
အဆိုပါ ငွေကြေး မတရားကောက်ခံရခြင်း၏ ရည်ရွယ်ချက်မှာ ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာပိုင် သာရေး၊ နာရေးသုံးပစ္စည်းများ ထားရှိရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို တိုးချဲ့ဆောက်လုပ်ရန်အတွက်ဖြစ်ကြောင်း၊ တစ်အိမ်ထောင်ကို ငွေကျပ်ငါးထောင် မထည့်မနေရ ကောက်ခံကြောင်း၊ ယင်းရွာ၌ အိမ်ခြေ သုံးရာကျော်ခန့် ရှိကြောင်း ဆင်တပ်ကျေးရွာနေ ဦးညိန်းက ပြောကြားသည်။
ယင်းသို့ ငွေကြေးကောက်ခံမှုအပေါ်ကျေးရွာတွင်းနေ ပြည်သူများမှ ယခုအချိန်သည် မြစ်ရေတိုး၍ ရေကြီးရေလျှံမှု များဖြစ်နေသည့်အတွက် စိုက်ခင်းများအတွင်း ရေဝင်ပြီး ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးများနှင့် ရင်ဆိုင်နေရသည့်အတွက် ယင်းသို့ ငွေကြေးကောက်ခံမှုကို ခေတ္တဆိုင်းငံ့ထား စေလိုကြောင်း ပြောကြားမှုအပေါ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်လှိုင်မှ အာဏာသုံးကာ ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်း၊ သွားရောက်ပြောဆိုသည့် ရွာ၏ ရပ်မိရပ်ဖသုံးဦးအား ဓာတ်ပုံများ ရိုက်ယူထားကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ ဆက်လက်ပြောကြားချက်အရ သိရသည်။
“ဘာပဲဖြစ်ဖြစ် ငါတို့ရုံးက ကောက်ခံတာကို ထည့်ကိုထည့်ရမယ်ဆိုတဲ့ အာဏာရှင်ဆန်ဆန် စကားလုံးတွေသုံးပြီး မထည့်ရင် ရွာကနေ နှင်ထုတ်မယ်တို့ ဘာတို့ ပြောတော့ ရွာသားတွေက ကြောက်လည်းကြောက်တော့ စိတ်ညစ်ပြီး အောင့်ခံနေရတာပေါ့။ အခုအချိန်အထိ မထည့်နိုင်သေးတာ အိမ် ခြောက်ဆယ်လောက် ကျန်သေးတယ်။ သူတို့လည်း နေ့တိုင်းလို လို ဖိအားပေးခံနေရတယ်” ဟု ဆင်တပ်ကျေးရွာနေ ဦးလှဖေက ပြောကြားသည်။
အဆိုပါ ငွေကြေးကောက်ခံမှုနှင့် ပတ်သတ်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်လှိုင်က ရွာသားများအနေဖြင့် မကျေနပ်ပါက တိုင်ချင်ရာသို့ တိုင်နိုင်ကြောင်း၊ ငါတို့အထက်တွင် လူကြီးများစွာရှိကြောင်း၊ ဒါကြောင့် မင်းတို့တိုင်ချင်ရာသို့ တိုင်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။
“ကျွန်တော် သိရသလောက် ရပ်/ကျေးနည်းဥပဒေမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကနေ ငွေကြေးတောင်းခံခြင်း မပြုရဆိုတာ ပါတယ်လေ။ ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန်မှာ အရင်စနစ်ဟောင်းက အကျင့်ဆိုးတွေကို ချန်ထားခဲ့သင့် ပြီ။ အထက်ပိုင်းမှာ ပြောင်းလဲ နေပေမယ့် အောက်ခြေမှာ မပြောင်းလဲသေးပဲ အရင်လို ခေါက်ရိုးကျိုးနေတုန်းပဲ။ ဒီတော့ ကျေးလက်ဒေသတွမှာ ဒီမိုကရေစီစနစ်ဆိုတာဘာလဲ  ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရတွေကို သိရှိနာလည်းအောင် ဆောင်ရွက်ဖို့ အထူးလိုအပ်နေပါတယ်။ ကျေးလက်ကလူတွေ ဒီမိုကရေစီစနစ်ဆိုတာ ဘာမှန်း မသိရင် စနစ်ပြောင်းသွားပေမယ့် အရင်လို ဖိနှိပ်ခံနေရဦးမှာပဲ”ဟု ရွှေကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးဇာနည် မင်းက ဆိုသည်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများသည် ဧရာဝတီဖြစ်ရေတိုးမှုကြောင့် လွန့်ခဲ့သည့် နှစ်ပတ် ကျော်မှ စတင်၍ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

သတင်း....  yangonchronicle

10 October 2012

ငွေတိုးပေးသူအချို့ ပူပန်နေ

Photo
ရပ်ကွက်၊ ကျေးရွာနှင့် ဈေးများအတွင်း လိုင်စင်မဲ့ ငွေတိုးချေးသူများနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှုလုပ်ပြီးနောက်ပိုင်း အတိုးချေးသူများကြား ပူပန်မှု ပိုများလာကြောင်း ယင်းအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

မှတ်ပုံတင်လိုင်စင်မဲ့ ငွေတိုးချေးစားသူများအား ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစားပါက The Money LendersAct. 1945 ပုဒ်မ ၅ နှင့် ပုဒ်မ ၆ အရ အရေးယူနိုင်ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၄အရ လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းကို တားမြစ်ထားကြောင်း သြဂုတ်လ ၁၇ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း ငွေတိုးပေးသူ အမျိုးသမီးတစ်ဦးက “သတင်းစာမှာပါ လာတော့ ချေးတဲ့သူဘက်က မရိုးသားတဲ့သူတွေ ပါလာတယ်။ နိုင်ငံတော် အနေနဲ့ ပြည်သူဘက်က ဆိုတော့ ငွေရှင်ဘက်မှာ ဥပဒေဆိုတာ မရှိတော့ဘူး။ အဲဒီတော့ ချေးတဲ့သူအချို့က တိုင်ချင်ရာတိုင် ဖြစ်လာတယ်”ဟု ဆိုသည်။

သတ်မှတ်ချက်ကို လိုက်နာမှုမရှိပါက The Money Lenders Act. 1945 အက်ဥပဒေပုဒ်မ ၁၇ အရ ငွေဒဏ်ဖြစ်စေ၊ သုံးလထိ ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံနိုင်ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇ အရ ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်အရေးယူ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

“အခုကျတော့ ပေးတဲ့သူတွေကလည်း သိပ်မပေးချင်ကြတော့ဘူး။ အတိုးယူတဲ့သူ တချို့ကလည်း ပြန်မပေးချင်ကြတဲ့သူတွေ ရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေကလည်း ဆုံးမှာစိုးလို့ မပေးဘဲနေတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ လုံးဝရပ်သွားတာတော့ မဟုတ်ဘူး။ ပေးလက်စလူတွေကို ဆက်ပေးနေတာတော့ရှိတယ်။ လူတိုင်းကိုတော့ မပေးရဲကြတော့ဘူးပေါ့”ဟု မော်ကျွန်းမြို့နယ်တွင် အတိုးပေးနေသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လိုင်စင်မဲ့လုပ်ကိုင်ပါက ဥပဒေကြောင်းအရ အရေးယူနိုင်ကြောင်း ကို ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့သည့်အပေါ် ငွေတိုးချသူများအနေဖြင့် ၎င်းတို့ချေးငွေများ ဆုံးရှုံးမည်ဆိုပါက ဥပဒေကြောင်းအရ ပြန်၍ရရှိရန် အခြေအနေနည်းပါးသည့်အတွက် စိုးရိမ်ပူပန်လာကြသည်။ ထို့အပြင် ငွေချေးယူသူအချို့ကလည်း ငွေချေးသူမှာ တရားမ၀င် ငွေချေးသူများဖြစ်၍ ပြန်မဆပ်လျှင်ပင် ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူရန် အခက်အခဲရှိနိုင်သည်ကို သိ၍ ငွေပြန်မဆပ်တော့ ဟု ပြောခြင်း၊ ငွေမဆပ်၍ တရားစွဲဆိုက စွဲနိုင်ကြောင်း ပြော ဆိုခြိမ်းခြောက် မှုအချို့ ရှိလာသည်ဟု ဆိုသည်။

ငွေထုတ်ချေးသူအနေဖြင့် ၎င်းတို့၏ငွေကြေးအားလုံး ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် အတိုးနှုန်းများကိုလည်း ပုံစံအမျိုးမျိုးဖြင့် မတ်တိုး၊ နေ့ပြန်တိုး၊ ၁၂ ရက်အပြတ် ပေးချေရသော ငွေချေးပုံစံတို့ဖြင့် ၂၀ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း အတိုးတို့ဖြင့် ထုတ်၍ချေးသည်။

ငွေတိုးချသူများအနေဖြင့် ချေးငွေယူသူများအား ငွေယုံကြည်အပ်နှံခြင်း စာချုပ်တို့ဖြင့် ချုပ်ဆိုကာ ငွေချေးယူသူဘက်မှ လိုက်နာမှုမရှိပါက ယုံကြည်အပ်နှံမှု ဖောက်ဖျက်သည့်အတွက် ပုဒ်မ ၄၀၆ နှင့် လိမ်လည်မှုပုဒ်မ ၄၂၀ တို့ဖြင့် တရားစွဲဆိုလေ့ရှိကြောင်း သိရသည်။

“ယုံကြည်အပ်နှံခြင်းနဲ့ စာချုပ်ချုပ်လို့ ပြစ်မှုမြောက်တဲ့အတွက် ထောင်ကျသွားတာတွေရှိတယ်။ ပိုက်ဆံယူတဲ့သူတွေကို ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်တယ်။ ငွေတိုးချေးတဲ့သူတွေ အများစုက စာချုပ်တစ်စောင်ပဲ ချုပ်တယ်။ ချေးတဲ့သူတွေကို မပေးဘူး”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်ဖြင့် ချေးငွေများအား ရပ်ကွက်အုပ်ချုပ် သူများမှ တစ်ဆင့် ချေးငွေများ ထုတ်ချေးပေးသော်လည်း ဆင်းရဲနွမ်းပါးသည့် ပြည်သူလက်ထဲ တိုက်ရိုက်ရောက်ရှိမှု နည်းပါးသည့်အတွက် ရပ်ကွက်တွင်း ရှိ ငွေချေးသူများထံမှ အဆမတန် အတိုးနှုန်းဖြင့် ချေးယူကြရလေ့ရှိသည်။

“အစိုးရက ချေးငွေပေးတာ အန်တီတို့မရဘူး။ သူတို့အချင်းချင်း ပတ်သက်ရာလူတွေပဲပေးတာ။ တကယ်တမ်း အန်တီတို့လက်ထဲ မရောက်ဘူး။ ဒီတော့ ရပ်ကွက်ထဲကပဲ ယူတော့ တယ်။ ပေါင်စရာပစ္စည်းမရှိတော့ အပေါင်ဆိုင်မသွားနိုင်ဘူး”ဟု လှိုင်သာ ယာမြို့နယ်နေ ဒေါ်တင်ထွန်း က ပြောကြားသည်။

လှိုင်သာယာမြို့နယ်နေ ဒေါ်သန်းသန်းဦးကလည်း “အဒေါ်တို့ဆို ကြားတောင်မကြားဖူးဘူး။ ရပ်ကွက်ထဲက ငွေချေးတဲ့သူဆီကပဲ ယူတယ်”ဟု ရှင်းပြသည်။

ဥပဒေဘောင်အတွင်း လုပ်ကိုင်ခွင့် ပေးမထားသည့်အတွက် ဆုံးရှုံးမှုကာမိရန် အတိုးနှုန်းပိုယူ သည့်အတွက် နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနေကြောင်း ငွေတိုးချေးငှား သူတစ်ဦးက ပြောသည်။

“အတိုးနှုန်းများတယ် ဆိုတာကလည်း ချေးတဲ့သူဘက်က မပေးရင် အရင်းနဲ့အတိုးက အတော်လောက်ကျသွားမယ်။ အကယ်၍ ပြန်မဆပ်လို့ တရားရုံးရောက်ရင်လည်း ကိုယ်တွေမှာ လိုင်စင်မရှိတဲ့အတွက် ကြားထဲက ရှေ့နေ၊ တရားသူကြီးတွေပဲ စားသွားတာ။ သူတို့က အမှုကိုခြောက်လ၊ တစ်နှစ်ထိဆွဲပြီးကာမှ နောက်ဆုံး ဤအမှုကို ပလပ်လိုက်သည်ဟုဆိုပြီး ပြီးသွားတာ။ ဒီတော့ ငွေရှင်ဘက်က အများကြီး ဆုံးရှုံးသွားတယ်”ဟု သုံးခွမြို့အတွင်းရှိ ငွေတိုးပေးသူ ဦးနိုင်လင်းဦးကပြောသည်။

ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကလည်း “ချေးတဲ့သူတွေက ပိုက်ဆံပြန်လိုချင်တော့ ငွေယူတဲ့သူတွေကို တရားမကြောင်းအရ လိမ်လည်မှုနဲ့ တရားစွဲတယ်။ အချို့ကတော့ အမှုအတောအတွင်း ပြန်ဆပ်တယ်။ တချို့က အမှုပြီးတောင် ပြန်မဆပ်လို့ ၀ရမ်းထုတ်စစ်ရတယ်”ဟု ဆိုသည်။

“နယ်တွေမှာတော့ အတိုးပေးတာကို ဥပဒေတွေ ထွက်တာ၊ မထွက်တာကိုလည်း မသိဘူး။ အဆင်ပြေသလိုပဲ လုပ်နေကြတာ။ ပေးတာလည်း နှုတ်ကတိတွေနဲ့ပဲ ပေးနေကြတာ များပါတယ်။ ပေးကတည်းက သေချာတဲ့သူကိုပဲ ရွေးပေးတယ်။ နယ်ကလူတွေဆိုတော့ တရားဝင်တာ၊ မ၀င်တာ မသိဘူး။ ပေးနေကြရတာပဲ။ ယူတဲ့သူတွေကလည်း နောက်တစ်ကြိမ် ထပ်မရမှာစိုးလို့ ပုံမှန်ပြန်ကြတာ များပါတယ်”ဟု နယ်ဒေသများတွင် အကြွေးပေးနေသော စနစ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် မယ်မသော်ကျေးရွာမှ အတိုးပေးထားသူက ပြောသည်။

သတင်း.....  7Day News Journal

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်

 



စစ်တွေတွင် ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။

“ အခု ဦးဇင်းတို့က ဦးဥတ္တမ ပန်းခြံကို ရောက်ရှိနေပါတယ်။ ရဟန်းတော်တွေက ၇၀၀နဲ့ ၁၀၀၀ ကြား လောက်မှာ ရှိမှာပါ။ လူကတော့ သောင်းချီပြီး ရှိမယ် ထင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့ သံရုံးရှိရာ အနောက်စံပြ ရပ်ကွက်ကနေ လမ်းမကြီးတလျှောက် လူတွေ ပြည့်နေပါတယ်။ အခု ငြိမ်းချမ်းစွာဘဲ လိုလားချက်တွေကို တောင်ဆို ဆန္ဒပြနေကြရပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဆရာတော် ဦးပညာဇောတက ပြောသည်။

ဦးဇင်းတို့ တောင်းဆိုတာက “ OIC ကို မြန်မာပြည်မှာလည်း အလိုမရှိ၊ ရခိုင်ပြည်နယ် အတွက်လည်း အလိုမရှိ၊ ငြိမ်းချမ်း ယှဉ်တွဲ အတူနေထိုင်ရေး အတွက် အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်တွေ ကို မြို့ပြင် သို့ ပြောင်းရွှေ့ပေးပါ၊ ဘင်္ဂလာဒေခ်ျ့ရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ပေးပါ၊ (၅) တရားမ၀င် ဘင်္ဂလီ ကိစ္စနှင့်ပတ် သက်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီး အား ထောက် ခံအပ်ပါသည် ဆိုပြီး အချက် ၅ ချက် တောင်းဆိုပါတယ်” ဟု သူက ပြောသည်။

OIC ကို ကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီးလည်း ဆရာတော်က ယခုလို မိန့်ကြားသည်။

“ OIC က နိုင်ငံခြား အဖွဲ့အစည်းလေ။ မွတ်ဆလင်နိုင်ငံတွေက အဖွဲ့အစည်းလေ။ သူတို့က ဒီနိုင်ငံမှာ ဘာမှ ၀င်ရောက် လုပ်ကိုင်စရာ အကြောင်း မရှိဘူး။ အခုလို ရုံးလာဖွင့်တယ်ဆိုတော့ ပြည်တွင်းရေး ကိစ္စကို ၀င်စွက်ဖက်တာ ဖြစ်ပါတယ်။ အခု ဖြစ်တာက ပြည်တွင်းရေး ကိစ္စတယ်။ ဒါကြောင့် ခုလို ၀င်စွက်ဖက် တာ ကို ဦးဇင်းတို့က လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်” ဟု ပြောဆိုသည်။

ယခုအခါ ပြည်သူများမှလည်း OIC အလိုမရှိ၊ အင်ဘာလာကို ရွှေ့ပေးပါ စသော ကြွေးကြော်သံများ ကို ကြွေးကြော် ကာ ဆန္ဒပြနေကြသည်ဟု သိရသည်။

ညနေ ၄ နာရီထိ လူစု မကွဲသေးဘဲ ဆက်လက် ဆန္ဒပြနေကြကြောင်း၊ အာဏာပိုင်များမှလည်း တစ်စုံ တစ်ရာ နှောင့်ယှက် မူများ မရှိသေးကြောင်း ဆရာတော်က မိန့်ကြားသည်။

Photo .... Coral Arakan

  သတင်း... Narinjara


09 October 2012

အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်သောအာရှအသံ RFA မြန်မာဋ္ဌာန၏ Facebook စာမျက်နှာကို မကြာသေးမီက ပိတ်သိမ်းလိုက်ကြောင်း


အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်သောအာရှအသံ RFA မြန်မာဋ္ဌာန၏ Facebook စာမျက်နှာကို မကြာသေးမီက ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ပုံမှန်ကြည့်ရှုသူ ပရိတ်သတ် Fan အရေအတွက် ၁၇၀၀၀ ကျော်ရှိသည့် ဖေ့စ်ဘွတ်စာမျက်နှာကို မည်သည့် အကြောင်းကြောင့် ပိတ်သိမ်းလိုက်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မကြာသေးမီ ရက်ပိုင်း က RFA သတင်းဋ္ဌာနတွင်း လိင်မှုကိစ္စ ပြဿနာများနှင့် ပတ်သက် သည့် ဝေဘန်ချက် များကို ဖေ့စ်ဘွတ် စာမျက်နှာများတွင် ၀င်ရောက်ရေးသားကြမှုနှင့် ဆက်စပ်နိုင်ကြောင်း ယင်းသတင်းဋ္ဌာနမှ အမည် မဖေါ်လို သည့် ၀န်ထမ်းတဦးက YPI သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြီးခဲ့သည့်လကုန် အမေရိကန်ခရီးစဉ်အတွင်း RFAရုံးချုပ်သို့ သွားရောက် လည်ပတ် စဉ် ဋ္ဌာနမှူးဒေါ်ငြိမ်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရုပ်သံအင်တာဗျူး ပြုလုပ်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို RFA Facebook တွင် ဖေါ်ပြခဲ့ပြီးနောက် ဖေ့စ်ဘွတ် သုံးစွဲသူများက ဒေါ်ငြိမ်းရွှေ ၏ မေးခွန်း များနှင့်ပတ်သက်၍ ပြင်းထန်သည့် ဝေဖန်ချက်များ ရေးသားခဲ့ကြသည်။

ထို့အပြင်RFA ၀ါရှင်တန်ရုံးမှ အသက် ၆၀အရွယ် အိမ်ထောင်သည် အမျိုးသား အယ်ဒီတာတဦးက အသက် ၄၀ကျော် အိမ်ထောင်ရှိ ၀န်ထမ်းအမျိုးသမီးနှစ်ဦးနှင့် လိင်မှုဆိုင်ရာအရှုပ်တော်ပုံ ပေါ်ပေါက် ခဲ့ပြီးနောက် ဋ္ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ရှိခဲ့သည်ဟု အမည်မဖေါ်သူ ၀န်ထမ်းက ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် RFA ၀န်ထမ်းများ အမှတ်တရ တွဲရိုက်ထားသည့် ဓါတ်ပုံကို RFA Facebook တွင်ဖေါ်ပြခဲ့ရာ ၄င်းဓါတ်ပုံအောက်တွင် လိင်မှုအရှုပ်တော်ပုံနှင့်ပတ်သက်သူများအား ဝေဖန်လှောင်ပြောင် သည့် မှတ်ချက်များ ရေးသားကြသည်ကိုတွေ့ရသည်။ ယင်းကဲ့သို့ ဝေဖန်မှတ်ချက်များ ဖေါ်ပြထားသည်ကို ရက်အတန်ကြာ တွေ့ရပြီးသည့်နောက် RFA Facebook စာမျက်နှာ ရုတ်တရက် ကွယ်ပျောက် သွားခြင်းဖြစ် သည်။

RFA ပရိသတ်များ ဆက်သွယ်ရန် ပေးထားသည့် burmese@rfa.org အီးမေးလ်လိပ်စာသို့ YPI ဆက် သွယ်မေးမြန်းသော်လည်းမေးလ် လိပ်စာမှားယွင်းသည်ဟုသာ အကြောင်းပြန်လာ သည်ကိုတွေ့ရ သည်။ 

အမည်မဖေါ်လိုသည့် RFA ၀န်ထမ်းတဦးက YPI သို့ ပြောကြားရာတွင် RFA မြန်မာဌာန ကို ပြန် လည်ဖွဲ့ စည်း လိုသည့် အကြောင်းပြချက်ဖြင့် အောက်တိုဘာလအကုန်ပိုင်းတွင် RFA ၀န်ထမ်း ၄ဦးအား အလုပ်မှ ထုတ်ပစ်မည်ဟုဆိုသည်။ ရန်ကုန်မြို့တွင် RFA မြန်မာဌာနရုံးခွဲကို ဖွင့်လှစ် လည်ပတ်နေပြီဖြစ်၍၀ါရှင်တန်ရုံး ချုပ် တွင် ၀န်ထမ်းအများအပြားမလိုတော့ပဲ ဌာနကို ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဌာနမှူးအပါအဝင် အထက် အရာရှိများက RFA ၀န်ထမ်းများအားရှင်းပြခဲ့ကြောင်း သို့ရာတွင် ဋ္ဌာနတွင်း အရှုပ်တော် ပုံကိစ္စ ကို မြန်မာ ဋ္ဌာန၏အထက်သို့ တိုင်ကြားသည်ဟု မသင်္ကာသူများအား အကြောင်းပြဖြုတ်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်ဟု သူ့အနေဖြင့် ယူဆကြောင်း ပြောသည်။

RFA “လွတ်လပ်သည့် အာရှအသံ”သတင်းဋ္ဌာန၏ ရည်ရွယ်ချက်မှာ သတင်းလွတ်လပ်ခွင့်မရှိသည့် အာရှတိုက် ရှိ အာဏာရှင် နိုင်ငံများ ကွန်မြူနစ်နိုင်ငံများသို့ ရေဒီယို ရုပ်သံမှတဆင့် သတင်းအချက် အလက်များ သုံးသပ်ချက်များကို ထုတ်လွှင့်ပေးရန် ဖြစ်ကာ ဒီမိုကရေစီ အရ သတင်းလွတ်လပ်ခွင့် ရရှိပြီးသည့်နောက်တွင် ဖျက်သိမ်းသည့် သာဓကများ ရှိခဲ့သည်။ ။

Yangon Press International

ကော့သောင်းကျောက်မီးသွေးစက်ရုံရပ်ဆိုင်းရေး ပါတီ၊ ကွန်ရက်နှင့် ဒေသခံများတောင်းဆို


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း သန်းဖြိုးသူကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကော့သောင်း ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်မှုများရပ်ဆိုင်းပေးရန် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ အမေ့အိမ်ပညာရေးကွန်ရက်နှင့် ဒေသခံပြည်သူလူကိုယ်စားလှယ်များက တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“ကော့သောင်းကျောက်မီးသွေးစက်ရုံတည်ဆောက်မှုတွေ တရားဝင်ရပ်ဆိုင်းပေးဖို့အတွက် ပါတီတွေ၊ ကွန်ရက်တွေ၊ ဒေသခံတွေတောင်းဆို သွားမှာပါ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ဒါကိုပြန်စမယ်လို့ အသံပြန်ထွက်လာပါတယ်။ ဒါကြောင့် ဒီကြေညာချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ထုတ်ပေးစေလိုပါတယ်”ပာု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်း ကော့သောင်းကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရပ်ဆိုင်းရေးအတွက် သက်ဆိုင်ရာသို့တင်ပြ၍ အသိပညာပေးပောာပြောပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရပ်ဆိုင်းရေးအတွက် ဒေသခံအင်အားငါးသောင်းဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ တိုင်းဒေသကြီးအစိုးရထံ လက်မှတ် ထိုးတောင်းဆိုခြင်း၊ ကျောက်မီးသွေး ၏ဆိုးကျိုးများအကြောင်းကို ဒေသခံများအားပညာပေးခြင်း စသည့်ကိစ္စရပ် များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကော့သောင်းကျောက်မီးသွေးစက်ရုံ စပြီးဆောက်ကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့တာပါ။ ခုလောလောဆယ်တော့ ဒေသခံတွေကို ဆိုးကျိုးတွေက ဘာရှိတယ်။ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက် တယ်ဆိုတာတွေကို အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒေသခံ အဖွဲ့အစည်းတွေကလည်း အရှန်အပာုန်မြှင့် လုပ်ဆောင်နေပါတယ်”ပာု ကော့သောင်းဒေသခံတစ်ဦးက ပြောကြားသည်။
ကော့သောင်းမြို့နယ်အတွင်း မြို့နယ်လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ထုတ်လွှတ်လျက်ရှိသည့် မီးအားများမှာ နေ့ဘက် တွင် ၅၀၀ ကီလိုဝပ်ခန့်နှင့် ညဘက် ၁.၂ မဂ္ဂွါဝပ်ခန့်သာရှိသည့်အတွက် ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားပိုမိုသုံးစွဲနိုင်စေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ ကော့သောင်းကျောက် မီးသွေးသုံးဓာတ် အားပေးစက်ရုံ ကိုတည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
     သတင်း...Express Time

08 October 2012

Ve Ve အချိုရည်စက်ရုံမီးလောင်မှုဖြစ်ပွား


ရွှေပြည်သာမြို့နယ် ကမ်းသာရာစက်မှုဇုံရှိ ဘီဘီအချိုရည်စက်ရုံတွင်မီးလောင်မှုဖြစ်ပွားနေပါတယ် လို့ ဘီဘီ စက်ရုံမှအလုပ်သမားတစ်ဦးက dvbသို့ပြောပါတယ်။

"မီးက ၉နာရီခွဲထဲက စလောင်နေတာပါ။ ကျွန်တော်တို့လည်း မီးလောင်နေတယ်ဆိုတာကြားကြားချင်း ထွက်လာတာ။ မီးကတော်တော်များတယ်။ဘေးစက်ရုံတွေကိုတောင်ကူးနိုင်တယ်။ အခု ဆိုရင် မီးသတ်ကား အစီး၂၀လောက် ရောက်နေပါပြီ။ ဒါပေမယ့်မီးကတော့မငြိမ်းသေးဘူး" လို့ စက်ရုံဝန်ထမ်းတစ်ဦး ပြောပါတယ်။

စက်ရုံဝန်းထမ်းကို မေးမြန်းနေတဲ့ ည၁၀နာရီကျော်အထိမီးမငြိမ်းသေးကြောင်း သိရပါတယ်။

သတင်း.....  DVB TV News

07 October 2012

ပုဂ္ဂလိက ဘဏ်များနှင့် ပတ်သက်၍ ပြည်ပတွင် ဖြစ်ပေါ် နေသော သတင်းများမှာ ကောလာ ဟလများ သာဖြစ် ကြောင်း နှင့် ပုဂ္ဂလိက ဘဏ်များ အပေါ် ယုံကြည်မှုရှိရန် ဗဟိုဘဏ်မှပြောကြား

ယခုရက်ပိုင်း ကာလတွင် ပုဂ္ဂလိက ဘဏ်လောကနှင့် ပတ်သက်၍ ကောလာဟလ သတင်းများ ထွက်ပေါ် လျက် ပြည်သူ လူထုအနေဖြင့် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်ကာ မေးမြန်း စုံစမ်းမှုများ ရှိနေကြောင်း သိရှိရသည်။အဆိုပါ သတင်းများနှင့် ပတ်သက်၍ ကောလာ ဟလများ သာဖြစ်ပြီး ဘဏ်များ၏ အကျိုးစီးပွားကို ထိခိုက် စေရန် အလို့ငှာ မလိုလားသူများ ထုတ်လွှင့်သော သတင်းသာ ဖြစ်ကြောင်း၊ မှန်ကန်မှု မရှိကြောင်း၊ ပုဂ္ဂလိကဘဏ် များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စနစ်တကျ ကြီးကြပ် ကွပ်ကဲမှု အောက်တွင် ဘဏ် လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်းဥပဒေ များနှင့်အညီ လုပ်ငန်းများကို တည်ငြိမ်ခိုင်မာ စွာဖြင့် လည်ပတ် လုပ်ကိုင် လျက်ရှိကြောင်း၊ သို့ဖြစ်၍ ပုဂ္ဂလိက ဘဏ်အားလုံး အပေါ် ပြည်သူလူထု အနေဖြင့် စိတ်ချ ယုံကြည်စွာ ဆက်သွယ် ဆောင် ရွက် နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းထုတ်ပြန် ထားကြောင်း သတင်း ရရှိသည်။