23 November 2012

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Mr.John Key နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ (မှတ်တမ်းဓာတ်ပုံ)

ဓာတ်ပုံများ ကို အင်တာနက် စာမျက်နှာမှ ကူးယူ ဖော်ပြလိုက်ပါသည်.။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် Mr. John Key အားပြည်သူတွေကို အားပေးတဲ့ အကူအညီဖြစ်ဖို့ လိုအပ်တယ်လို့ပြော

ုံ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် Mr. John Key တို့ဟာ နိုဝင် ဘာလ ၂၂ ရက်နေ့ညနေ ၄ နာရီခွဲက နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်.။

နယူးဇီလန်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့ပေးရာမှာ ပြည်သူလူထုရဲ့ အင်အားကို ဖြည့်ဆည်းပေးတဲ့ အကူအညီတွေကို အဓိကထားပေးဖို့ လိုတယ်ဆိုတာကို ဒီကနေ့ နယူးဇီလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုဖြစ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလို ပြန်လည်ပြောကြားခဲ့ပါတယ်။

"အမေတို့ပြောတဲ့ကိစ္စကတော့ အကူအညီပေးတာက ဘာမှပြောစရာမရှိပါဘူး၊ ပေးပုံပေးနည်းကတော့ အရေးကြီးပါတယ်၊ နောက် အကူအညီပေးတဲ့နေရာမှာ ပြည်သူလူထုရဲ့အင်အား ကို ဖြည့်တင်းပေး တဲ့နည်းနဲ့ ပေးဖို့လိုအပ် တယ်၊ အစိုးရရဲ့အင်အားကို ဖြည့်ပေးတဲ့နည်းနဲ့ ပေးဖို့မလိုဘူး၊ အမေတို့နိုင်ငံဟာ အာဏာရှင်အစိုးရဲ့လက်အောက်မှာ အကြာကြီးနေခဲ့ရတဲ့နိုင်ငံဆိုတော့ အစိုးရ ရဲ့အင်အား က အင်မတန်မှကြီးပါတယ်၊ ထပ်ပြီးတော့ဒီအင်အားကို ဖြည့်တင်းပေးလို့ရှိရင် ဒီမိုကရေစီလမ်းကြောင်းဘက်ကို သွားတဲ့နေရာမှာ နှောင့်နှေးနိုင်ပါတယ်၊ ဒီလိုဆွေးနွေးတယ်ဆို တာ နှစ်နိုင်ငံကြားထဲ မှာ နားလည်မှုရရှိအောင် နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို တတ်နိုင် သမျှ ဖြောင့်ဖြူးအောင် လုပ်ပေးချင်တဲ့ ဆန္ဒနဲ့ဆွေးနွေးတာပါ"

နယူးဇီလန်ဝန်ကြီးချုပ် Mr. John Key ဟာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ နယူးဇီလန် ၀န်ကြီးချုပ်ဖြစ်ပြီး၊ သူဟာ နိုဝင်ဘာ ၂၁ ရက်က ရွှေတိဂုံဘုရားကို တက်ရောက်ကြည်ညိုခဲ့ပြီး၊ နယူးဇီလန်နိုင်ငံသား ကီဝီစစ်သား ၉ ဦး သဂြိုလ်ထားရာ ထောက်ကြံ့ စစ်သချိုင်းကို သွားရောက် အလေးပြုဖို့ရှိတယ်လို့ သိရပါတယ်။

နယူးဇီလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ဒေါ်လာ ၇ သန်းကူညီဖို့ ရှိပါတယ်။
 
သတင်း..RFA

22 November 2012

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိပြီး မြန်မာစီပွားရေး လုပ်ငန်း ရှင်များအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တ်ာဝန် ဦးလှမြင့်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နယူးဇီလန်နိုင်ငံ သံရုံးမှ Deputy Head of Mission Mr. Todd Cleaver နှင့် သံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် New Zealand and Myanmar Talking Business အခမ်းအနားကို ညနေ ၃ နာရီတွင် တာမွေ မြို့နယ်ရှိ ချက်ထရီယံဟိုတယ်၌ ကျင်းပရာရှေးဦးစွာ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီးက မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

နယူးဇီလန် နိုင်ငံဝန်ကြီးချုပ် မစ္စတာဂျွန်ကီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံ စေတီတော်အား သွားရောက်ကြည်ညိုကြသည်။

(သတင်းစဉ်)

UNAIDS ၏ ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ်

UNAIDS က ပေးအပ်သည့် အေအိုင်ဒီအက်စ် ရောဂါ ရှိသူများအား ခွဲခြား ဆက်ဆံခံရမှု မရှိရေး ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ် ကြောင်း အဆိုပါ အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် အရ သိရသည်။

အာဖရိက မှ အာရှအထိ ဒေါ်အောင်ဆန်းစုကြည် ၏ အကြောင်းကို ပြောကြပြီး အားကျ အတုယူဖွယ် ကောင်းသည့် ပုဂ္ဂိုလ်ဖြစ်ကာ UNAIDS ၏ အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ရသည့် အတွက် ဂုဏ်ယူမိ ကြောင်း UNAIDS ၏ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ မီရှဲလ် ဆီဒီဘေး က ပြောကြားသည်။

ဂုဏ်သိက္ခာနှင့် အခြေခံ လူ့အခွင့်အရေး အတွက် နေ့စဉ် ရုန်းကန် လှုပ်ရှား နေရသည့် လူများ၏ ခေါင်းဆောင် အဖြစ် ရွေးချယ် ခံရခြင်း အတွက် အလွန် ဂုဏ်ယူ မိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည် ဟု UNAIDS ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါရှင် လေးသောင်း ကို ကုသ ပေးနေရပြီး၊ ရောဂါရှိကြောင်း သံသယ ရှိလျှင် စောစီးစွာ စစ်ဆေးခြင်းဖြင့် ရောဂါသစ် များကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဆီဒီဘေးက ပြောကြားသည်။
 The Voice Weekly
 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အာင်ဆန်း စုကြည် က ဒီမိုကရေစီ တကယ်လိုလားရင်လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့ လိုကြောင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အာင်ဆန်း စုကြည် က ဒီမိုကရေစီ တကယ်လိုလားရင် ဒီမိုကရေစီ နည်းမကျတဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့ လိုကြောင်း ပြောဆိုလိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် အင်္ဂါနေ့က ဆက်သွယ်မေးမြန်းရာမှာ သမ္မတအိုဘားမားက မြန်မာပြည် မှာ ပြည်သူလူထု က ရွေးချယ်တဲ့အစိုးရကသာလျှင် တိုင်းပြည်အုပ်ချုပ်ခွင့်ရှိရေးကို အာမခံတဲ့ ဖွဲ့စည်းပုံဥပဒေတခု ပေါ်ပေါက် ဖို့လိုကြောင်း ပြောဆိုခဲ့တာနဲ့ဆက်နွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလိုပြုပြင်ဖို့အတွက် NLD ပါတီတခုတည်းရဲ့ သဘောထားနဲ့ ဆောင်ရွက်မှာမဟုတ်ပဲ လွတ်တော်ကိုယ်စားလှယ်အများစုနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တဆက်တည်းမှာပဲ ဝန်ကြီးဌာနတွေက နိုင်ငံတော်ဘဏ္ဏာငွေ ကျပ်သန်းပေါင်း ၆ သောင်းခန့် အလွဲသုံးစားပြုခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့ လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း တက္ကသိုလ်တချို့ကို သွားရောက်လေ့လာခွင့်ရခဲ့ရာမှာ အင်မတန်အားကျစရာကောင်းကြောင်းနဲ့ မကြာခင် ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင် သန်ရေး အတွက် ကော်မတီတခုဖွဲ့စည်းဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောဆိုခဲ့ပါတယ်။

20 November 2012

လွိုင်ကော် အကျဉ်းထောင်တွင် သေဒဏ် ကျခံ နေသူ ဦးမြင့်အေးဒီကနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရှိ သူ၏ နေအိမ်သို့ ရောက်ရှိ။



















ရန်ကုန် နိုဝင်ဘာ ၂၀ လူ့အခွင့် အရေး ကာကွယ်မြှင့်တင် သူများကွန်ယက် ဖွဲ့စည်း တည်ထောင်သူ ၊ လွိုင်ကော် အကျဉ်းထောင်တွင် သေဒဏ် ကျခံ နေသူ ဦးမြင့်အေး နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ဒီကနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရှိ သူ၏ နေအိမ်သို့ ရောက်ရှိ။

 သတင်း.... DVB

``အိုဘားမား မြန်မာပြည်မှာ ဒီမိုကရေစီကို ပွေ့ဖက်ခြင်း`` တဲ့။

 
 နိုဝင်ဘာ ၁၉ လန်ဒန်က နာမည်ကျော် ညနေခင်း သတင်းစာရဲ့ မျက်နှာဖုံးသတင်း ခေါင်းစဉ်ပေးပုံလေးက ချစ်စရာ ``အိုဘားမား မြန်မာပြည်မှာ ဒီမိုကရေစီကို ပွေ့ဖက်ခြင်း`` တဲ့။
 
 

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက် . . .


မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန် သမ္မတ အိုဘားမားပြောကြား . . .

မြန်မာနိုင်ငံ မင်္ဂလာပါ....

လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့် ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာ ခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော် ပြောနိုင် ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ

ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန် ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါတယ်။ လွတ်လပ်မှုရဲ့ အသံကို မျော်လင့်နေတဲ့ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေ၊ ကျောင်းသားတွေရဲ့ အသံတွေကိုလည်း ကြားခဲ့ရပါတယ်။ သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို ဘယ်တော့မှာ အဆက်အသွယ်မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပသွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့် ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျော်လင့်ချက်တွေ ခင်ဗျားရဲ့နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။ " ကျွန်တော် သမ္မတတာဝန်ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ''လို့ ကျွန်တော်သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ အံ့အားသင့်ဖို့တဲ့ အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။

ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်တစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။ မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက်ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေအတွက် အခွင့်အလမ်းတွေဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ်မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ အစပဲရှိပါသေးတယ်။

အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။ ပြည်သူတွေရဲ့ အတူတကွစုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ်ဆင်ဆာ လွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့အသံကို လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး''လို့ ပြောခဲ့ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။

အမေရိကဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်ရေးအင်အားရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက်ထိန်းချုပ်မှုအောက်မှာပဲရှိရပါမယ်။ သမ္မတလည်းဖြစ်၊ စစ်သေနာပတိချုပ်လည်းဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင် ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့် ဆန္ဒအတိုင်းလွှမ်းမိုးလို့မရပါဘူး။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လိုတရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ အနာဂတ်တစ်ခု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတဲ့၊ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်း ဆောင်တဲ့စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့အနာဂတ်ပါပဲ။ အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင်အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်း တိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။

နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။ အခြေခံအရကတော့ ဒီတိုင်းပြည်ရဲ့လူတွေကိုသာ ခင်ဗျားတို့ရဲ့ယူနီယံအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားလိုပဲ ကျွန်တော် ယုံကြည်တာက အမျိုးမျိုးအထွေထွေ ကွဲပြားနေမှုဟာ အင်အားတစ်ရပ်ပါ။ ဒါဟာ အားနည်းမှု မဟုတ်ပါဘူး။ ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့် တိုင်းပြည်၊ ကျွန်တော့်ဘ၀က ဒါကိုသင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာ ကိုမှမယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေလျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။

အမေရိကမှာ ရိုးရှင်းတဲ့အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်းဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ စည်းမျဉ်းတွေကိုချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ တစ်ချိန်က ကျွန်တော့်ကို မဲပေးခွင့်ရဖို့တောင် ငြင်းပယ်ခဲ့တဲ့အစဉ်အလာရှိခဲ့ဖူးတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အလေးအနက်ယုံကြည်တာက ဒီတိုင်းပြည်ဟာ သူရဲ့မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး ဒီနယ်နိမိတ်တွေအတွင်းရှိနေတဲ့ လူသားတိုင်း ခင်ဗျားတို့နိုင်ငံရဲ့ အကြောင်းအရာတစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ပါပဲ။
 
 
 ကျေးဇူးတင်ပါတယ်။
 
 

19 November 2012

အမေရိကန် သမ္မတ အိုးဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တွေ့ဆုံမှု အသံဖိုင်

အမေရိကန် သမ္မတ အိုးဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တွေ့ဆုံမှု အသံဖိုင် - DVB Live

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရန်ကုန်လေဆိပ်သို့ ရောက်ရှိ(ရုပ်သံမြင်ကွင်း)

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရန်ကုန်လေဆိပ်သို့ ရောက်ရှိ(တရုတ် ရုပ်သံမြင်ကွင်း)
 ယနေ့ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ တွေ့ဆုံပွဲမြင်ကွင်း

သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် သတင်းကို တိုက်ရိုက် ကြည့်နိုင်ပါသည်။

သမ္မတအိုဘားမားသတင်းကို တိုက်ရိုက်(လိုက်ဖ်) ကြည့်ချင်ရင် ဒီလင့်ခ်မှာ ပြမယ်လို့ ဆိုပါတယ်။
http://pages.tvunetworks.com/downloads/player.html# 
စကိုင်းနက် up to date ချန်နယ်က ပြမှာပါ။ လင့်ခ်ကို ဒေါင်းလုပ် လုပ်ပြီး လိုင်းနံပါတ် ၉၉၂၂၁ ကို ဖွင့်ပါ။ အဆင်ပြေပါစေ။
 

ယနေ့ အရေးကြီးပုဂ္ဂိုလ် ယာဉ်တန်း ကြောင့် ခရီးသွားပြည်သူများ အတွက် ပန်ကြားချက်


Photo: ခရီးသွားပြည်သူများ အတွက် ပန်ကြားချက်

၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် အရေးကြီး ပုဂ္ဂိုလ်ယာဉ်တန်း ဖြတ်သန်းစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်းအတိုင်း ရန်ကုန်မြို့တွင်းရှိ ၁ဝ မိုင်လမ်းဆုံ၊ လေဆိပ်လမ်းနှင့် ပြည်လမ်းဆုံ၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ အေဒီမီးပွိုင့်၊ ပြည်လမ်းနှင့် အင်းလျားလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီအဝိုင်း၊ မြေနီကုန်းမီးပွိုင့်၊ လွှတ်တော်အရှေ့၊ ပြည်လမ်းနှင့် အလုံလမ်းဆုံ၊ ဦးဝိစာရအဝိုင်းနှင့် ရွှေတိဂုံဘုရား မြောက်ဘက်မုခ် လမ်းဆုံတို့၌  ယာဉ်တန်း မဖြတ်သန်းမီ မိနစ် ၂ဝ ခန့် ကြိုတင်၍ ခေတ္တလမ်းပိတ် ထားမည်ဖြစ်ပြီး လမ်းလွှဲမှ သွားလာနိုင်ရေး အတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ထားကြောင်း သိရှိရသည်။

တော်ဝင်လမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ အေဒီမီးပွိုင့် ၊ ပြည်လမ်းနှင့် အင်းလျားလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီအဝိုင်း၊ မြေနီကုန်းမီးပွိုင့်၊ လွှတ်တော်အရှေ့၊ ပြည်လမ်းနှင့် အလုံလမ်းဆုံ၊ ဦးဝိစာရ အဝိုင်းနှင့် ရွှေတိဂုံဘုရား မြောက်ဘက်မုခ် လမ်းဆုံတို့၌ ယာဉ်တန်း မဖြတ်သန်းမီ မိနစ် ၂ဝ ခန့် ကြိုတင်၍ ခေတ္တလမ်းပိတ် ထားမည်ဖြစ်ပြီး လမ်းလွှဲမှ သွားလာနိုင်ရေး အတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ထားကြောင်း သိရှိရသည်။၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် အရေးကြီး ပုဂ္ဂိုလ်ယာဉ်တန်း ဖြတ်သန်းစဉ် ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်မှ ပြည်လမ်းအတိုင်း ရန်ကုန်မြို့တွင်းရှိ ၁ဝ မိုင်လမ်းဆုံ၊ လေဆိပ်လမ်းနှ င့် ပြည်လမ်းဆုံ ၊ ပြည်လမ်းနှင့်
သတင်း..မြဝတီ

ယနေ့ ကြေးမုံ သတင်းစာ



မကြာမီ ရောက်ရှိလာတော့မည့် အမေရိကန်သမ္မတ မစ္စတာအိုဘားမားအား ကြိုဆိုရန် စောင့်ဆိုင်းနေသော မြန်မာပြည်သူလူထု..

မကြာမီ ရောက်ရှိလာတော့မည့် အိုဘားမားကို ကြိုဆိုရန် စောင့်ဆိုင်းနေသော သံဃာတော်များကို တွေ့ရစဉ်။
မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးနှင့် လာသောအိုဘားမားကို ကြိုဆိုရန် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းပြင်ဆင်နေသော ကျောင်းသူ၊ ကျောင်းသားနှစ်ဦးနှင့် ကူညီပေးနေသော ရဲမေတစ်ဦး။
မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီး လာရောက်မည့် အိုဘားမားကို ကြိုဆိုရန်  ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေသော ကျောင်းသူလေးများ.။
မကြာမီ ရောက်ရှိလာတော့မည့် အမေရိကန်သမ္မတ အိုဘားမားအား ကြိုဆိုနေကြသူများ။

 ဓာတ်ပုံ- ဥက္ကာကိုကို

ဗိုက်ပေါက်ရဲ့ အနာကို ဘယ်သူဆေးကုပေးမလဲ



 


ဗိုက်ပေါက်ရဲ့ အနာကို ဘယ်သူဆေးကုပေးမလဲ (ဇော်သက်ထွေး) ၁၆-၁၁-၂၀၁၂ထုတ် Health Care Journal မှဆောင်းပါးနိုင်ငံရေး အကျဉ်းသားဟောင်း ကိုထွန်းလင်းကျော် ခေါ် ဗိုက်ပေါက် ရဲ့ညာဖက်နံရိုးကြားမှာ အပေါက်ကြီး တစ်ပေါက်ရှိနေပါတယ်၊အဲဒီအပေါက်ကြီးထဲ ကို နေ့စဉ် ပတ်တီးလိတ် ငါးလိပ် ထည့်လိုက် နောက်နေ့ပြန်ထုတ်လိုက်နဲ့အသက်ဆက်နေရတာပါ။ အဲဒီအပေါက်ကြီးကနေ အထဲက တစ်ခြမ်းလှီးထားတဲ့ အဆုတ်ကိုမြင်နေရပါတယ်။ သူ့အတွက်ဆေးကုသစရိတ်ကိုထောက်ပံ့ လိုသူများ Health Care Journal ဖုန်း ၀၁ ၈၆၀၃၈၁၉ ကိုဆက်သွယ်ပေးကြပါ။အပတ် စဉ်သူ့အတွက် ရရှိတဲ့အလှူငွေ တွေကိုသူ့ထံ ပေးအပ်ပြီး အလှူရှင်စာရင်း ကိုဂျာနယ်မှာေ ဖ်ာပြပေးသွားမှာပါ။ လောလောဆယ် Health Care Journal ကကျပ်ငါးသောင်းမတည် လှူဒါန်းပေးထားပါတယ်။

နိုင်ငံရေး အကျဉ်းသား ၆၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်


မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၆၆ ဦးကို လာမယ့် တနင်္လာနေ့ (နိုဝင်ဘာလ ၁၉) ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတယ်လို့ RFA က စုံစမ်းသိ
ရပါတယ်။


နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရှစ်ကြိမ်မြောက် လွတ်ငြိမ်းချမ်း သာခွင့်မှာ ကျောင်းသား တပ်မတော် (ABSDF)တပ်ဖွဲ့ဝင်တွေ၊ ဖောက်ခွဲမှုနဲ့ အကျဉ်းကျသူတွေလည်း ပါဝင်မယ့် အပြင်၊သေဒဏ်ကနေ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲထားတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ချို့လည်း ပါဝင်ဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။


လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာမယ့်သူတွေထဲမှာ ကယားပြည်နယ်၊ လွိုင်ကော်ထောင် မှာ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက် ခေါင်းဆောင် ဦးမြင့်အေးနဲ့ သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်ကိုလင်္ကျာထွန်း တို့လည်း ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။


မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စု သမ္မတ ဘရက် အိုဘားမားဟာ မြန်မာနိုင်ငံကို လာရောက်လည် ပတ်ဖို့ရှိပြီး၊ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။


သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်   ပေး ခဲ့ပြီး၊ အကျဉ်းသား ၄၅၂ ဦးကို အကျဉ်းထောင်တွေက လွှတ်ပေးခဲ့ပါတယ်။

WELCOME OBAMA





ဓာတ်ပုံ ...ကိုဘိုဘိုထွန်း