13 November 2010

ပြည်သူများ မျှော်လင့် နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါပြီရှင်.။




ဓာတ်ပုံ ...AP




ယနေ့ ညနေ ၅နာရီတွင်ပြည်သူများ မျှော်လင့် နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါပြီးရှင်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နအဖဥက္ကဋ္ဌ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံခဲ့ရပါတယ်။

ယနေ့ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် လွတ်မြောက်သွားပါပြီး.။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် သည် သူမအား စောင့်ကြိုနေသော ပြည်သူ လူထုကြီးအား ထွက်ပြီး ကိုယ်တိုင် နုတ်ဆက် ခဲ့ပြီး ယနေ့တွင် မိမိတို့ နေထိုင်ရာ နေအိမ် များ သို့ စည်းကမ်း ရှိစွာဖြင့် ပြန်လည် ကြပါရန် ပြောဆို ခဲ့ ပြီး မနက်ဖြန် နေ့လည် (၁၂)နာရီတွင် အဖွဲ့ချုပ်ရုံးသို့ သူမ လာရောက်ပါမည်ဟု ပြောကြားသွား ပါသည်.။သူမ၏ နေအိမ်တွင် အဖွဲ့ချုပ် ခေါင်းဆောင်များ နှင့်သူမ တွေ့ဆုံနေပါသည်ဟု သတင်း ရရှိပါသည်.။ပြည်သူ လူထု ကြီးကို ညီညီညွတ်ညွတ် နှင့် လိုချင်သော ပန်းတိုင်သို့ ရောက် ရှိအောင် ကြိုးစား သွားရမည် ဖြစ်ကြောင်း ပြောကြား သွားပါသည်ဟု သိရှိရပါသည်.။


ပြည်သူလူထု လေးစား ချစ်မြတ်နိုးမှုကို ခံယူထားသော ကျမတို့ ခေါင်းဆောင်ကိုယ်တိုင် ပြည်သူလူထုကြီးကို ထွက်ရောက် နုတ်ခွန်းဆက်စကား ပြောကြားနေပုံ



ယခု ရရှိသော ဒေါ်အောင်ဆန်းစုကြည် ၏ နောက်ဆုံးသတင်း

ယခု နောက်ဆုံးသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်ခြံရှေ့သို့ အဖွဲ့ချုပ်ခေါင်းဆောင် များဖြစ်ကြသော ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ နေလည်ပိုင်းတွင် ရောက်ရှိပါသည်ဟု သတင်းရရှိပါသည်.။

တက္ကသိုလ်ရိပ်သာလမ်း တွင် အာဏာပိုင် များ၏လုံခြုံရေး ဂိတ် ကတော့ လုံးဝ မရှိတော့ပါဘူးဟု သတင်းရရှိပါသည်.။ ခြံရှေ့ တွင်ထားရှိသော လုံခြုံရေးဂိတ် ကတော့ ရှိနေဆဲလို့ သိရှိရပါသည်.။

သူမ ၏နေအိမ်ခြံရှေ့ တွင် နိုင်ငံခြားသတင်းထောက်များနှင့် နအဖရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်များလဲ ရောက်ရှိနေပါသည်.။ပြည်သူများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များလည်းရှိနေပါသည်.။ပြည်သူလူထု အမြောက်အများ ရောက်ရှိနေကြပါသည့်ဟု သတင်းရရှိပါသည်.။

သူမ၏ခြံရှေ့တွင်ပြည်သူလူထု (၁၀၀၀)ကျော်လောက်စောင့်ကြို နေကြပါတယ်လို့သိရပါသည်.။ပြည်တွင်း ပြည်ပ
သတင်းထောက် ရာကျော်ကိုလဲ တွေ့မြင်နေရပါသည်.။အရပ်ဝတ် ထောက်လှမ်းရေးများကလည်း တော်တော်များများရောက်ရှိနေသည်ဟုလည်းသိရှိရပါသည်.။

ရန်ကုန်မြို့တွင်းမှာလည်း လုံထိန်းကားများ လှည့်လည် နေကြပါတယ်လို့လည်းသိရှိရပါသည်.။နအဖ ရဲ့ လက်ကိုင်တုတ်များ လည်း အများအပြား သူမ၏ ခြံရှေ့တွင် လည်း ရှိနေပါတယ်လို့ သိရှိရပါသည်.။

ညနေခင်း တက္ကသိုလ်ရိပ်သာ လမ်းတွင် ပြည်သူ လူထု ထောင်ပေါင်းများစွာ ရောက်ရှိ နေကြပါသည်.။ပြည်သူများအား စည်းကမ်း ရှိစွာ နေပေးဘို့ကို ဘဘဦးဝင်းတင် မှ လာရောက် ပြောကြားခဲ့ပါတယ်လို့လည်းသိရှိရပါသည်.။

ညနေခင်း ၅နာရီ အချိန်တွင် သူမ၏ အိမ်ရှေ့ မှ ဂိတ်ကိုသိမ်းနေပါသည်ဟု သတင်း ရရှိပါသည်.။သတင်း သေချာအောင် ဆက်လက် စုံစမ်းနေဆဲပါ.။

သူမ ၏ ရှေ့နေကြီး ဦးဥာဏ်ဝင်းက သတင်းဌာနများကို ပြောထားတာ ကတော့ ၁၃ရက်နေ့ မှာတော့သူမ၏ လွတ်မြောက်ရက်စေ့တာပါဘဲ၊ သူတို့ဥပဒေအတိုင်းဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က ည(၇)နာရီ၊... အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့ ည(၇)နာရီ ဖြစ်မယ်လို့လည်း ပြောဆိုထားခဲ့ပါတယ်.။

မြန်မာ ပြည်ဟာ အမေ ဦးဆောင်မှ တိုးတက်နိုင်မှာပါ..။






























ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်တို့ မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်ကိုစောင့်ကြို နေသော ပြည်သူများကို ဖြေကြားနေသောရုပ်သံ မြင်ကွင်း





သံတမန်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ



ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်ဟူသော မျှော်လင့်ချက်များ ထောက်ခံသူများအကြား မြင့်တက်လာစဉ် သူမ၏ နေအိမ်၌ နိုင်ငံခြားသံတမန်များနှင့် ယနေ့ တွေ့ဆုံခဲ့ကြောင်း မျက်မြင်သက်သေများ အပြောအရ သိရသည်။

တက္ကသိုလ်ရိပ်သာလမ်းထဲရှိ သူမ၏ အိမ်ခြံဝင်းအတွင်း ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်အချို့၏ ကားများ မွန်းလွဲပိုင်းတွင် ဝင်ရောက်သွားခဲ့ကြောင်း စောင့်ကြည့်နေသူများက ဆိုကြသည်။

အကန့်အသတ်ဖြင့် လွှတ်ပေးခြင်းမပြုရန် သူမက တောင်းဆိုထားသည်။ သို့သော် စစ်အစိုးရက နယ်သို့ ခရီးမထွက်ရန်နှင့် သူမကို ထောက်ခံသူများအား မတွေ့နိုင်ရန်အတွက် အကန့်အသတ်ထားရေး ကြိုးစားနေခဲ့သည်ဟု လန်ဒန်ထုတ် ဂါးဒီးယန်းသတင်းစာက ရေးသားထားသည်။

လွန်ခဲ့သော နှစ် ၂ဝ အတွင်း အချိန်အတော်များများကို အချုပ်အနှောင်တွင် ဖြတ်သန်းခဲ့ရသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၏ နေအိမ်အချုပ်မှာ မနက်ဖြန်တွင် ကုန်ဆုံးမှာ ဖြစ်သည်။ သို့သော် ယနေ့တွင် နေအိမ်အချုပ်ပြစ်ဒဏ် ၁၈ လ ပြည့်မြောက်ပြီဟု သတင်းစကားများ ထွက်ပေါ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းရပ်ကွက်များ အဆိုအရ အာဏာပိုင်များက ယနေ့မွန်းလွဲ ၂ နာရီ ၄၅ တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကို လွှတ်ပေးသည့် စာကို အာဏာပိုင်များက လက်မှတ်ရေးထိုးသည်ဟု ပြောဆိုသော်လည်း မည်သူမျှ စာပါအကြောင်းအရာ အသေးစိတ်နှင့် မည်သည့်အချိန်တွင် အများပြည်သူရှေ့ သူမ ပေါ်ထွက်လာမည်ကို ပြောပြနိုင်ခြင်း မရှိသေးပါ။

ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ရှေ့တွင် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ဒီနေ့ ရက်ပြည့်ပြီ” ဟု ရေးထားသည့် စာတန်း ချိတ်ဆွဲထားသည်ကို တွေ့ရှိရသည်။

NLD လူငယ် ၅ဝဝ ထက်မနည်းက ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်အင်္ကျီ ဆင်တူဝတ်ထားပြီး သူမ၏ ဓာတ်ပုံများအား ကိုင်ဆောင်ကာ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့သည်။ နိုင်ငံတွင်း နိုင်ငံပြင် နိုင်ငံရေး အသိုင်းအဝိုင်းတွင်မူ ပြစ်ဒဏ် ၁၈ လ ချုပ်ရက်မကုန်မီ တရက်အလို လွတ်လာလိမ့်မည်ဟု လက်ဆင့်ကမ်း ပြောကြားနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး ကုက္ကိုင်းလမ်းဆုံနားတွင်လည်း ရဲများ သိသာစွာ ကင်းလှည့် စောင့်ကြည့်နေခဲ့ပြီး လူ ၃ဝဝ ခန့်ကလည်း စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော် အမှောင်ရိပ်သန်းလာသည်နှင့်အမျှ အန်အယ်ဒီခေါင်းဆောင်တယောက်က စောင့်ဆိုင်းသူများကို အိမ်ပြန်ရန် တိုက်တွန်းရတော့သည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ”တကယ်လို့ လွတ်လာရင်လည်း အခုချိန်ကျမှ ရုံးကိုလာဖို့ မဖြစ်နိုင်တော့ဘူး။ မနက်ဖြန် မနက်ကျမှပဲ ရုံးလာဖို့ စီစဉ်မှာပါ။ မနက်ဖြန်ကျမှပဲ ပြန်လာဖို့ လာတဲ့သူတွေကို ပြောလိုက်ရတယ်။ အခု အခြေအနေထိတော့ မလွတ်လာသေးဘူးလို့ ပြောလို့ရမယ်” ဟု ပြောသည်။

“ဒီနေ့ မလွတ်ဘူး။ ကျနော်တို့ ယုံကြည်တာကတော့ မနက်ဖြန် လွတ်ရက်စေ့ပါပြီ။ လွတ်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

မတွေ့ရသည်မှာ ၁ဝ နှစ်ကြာပြီဖြစ်သော သူမ၏ သားငယ် ကိုထိန်လင်း မြန်မာပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ပြီး ရန်ကုန်ရောက်နေသည်ဆိုသော သတင်းလည်း ထွက်ပေါ်နေသည်။

တကမ္ဘာလုံး တွစ်တာသုံးသူများအဖို့ အပြောများဆုံး အကြောင်းအရာထဲ၌ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ယနေ့တွင် အချိန်အချို့ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် လထဲတွင် သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တွစ်တာ အသုံးပြုလိုသည်ဟု ပြောခဲ့ဖူးသည်။

လွန်ခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် အချုပ်အနှောင်ဖြင့် ဖြတ်သန်းခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဘီဘီစီ၊ ဗီအိုအေတို့မှသည် ကမ္ဘာ့သတင်းမီဒီယာကိုသာ နားစွင့်ခဲ့ရသည်။

သတင်းရင်းမြစ်...မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၃ မိနစ်

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုနေကြသောအဖွဲ့ဝင်များ နှင့်ပြည်သူများ၏သတင်းဓာတ်ပုံမြင်ကွင်း

ဲ့ယနေ့တွင် အဖွဲ့ချုပ်ရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် များနှင့် ပြည်သူများ က ဒေါ်အောင်ဆန်းစုကြည် အား ပြန်လည်လွတ်မြောက် လာမည်ဟုသတင်းတွေထွက်ပေါ်နေသောကြောင့် စောင့်ဆိုင်း ကြိုဆိုနေကြသော ဓာတ်ပုံသတင်း

အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ပြည်သူ များ အား ကြိုဆိုဘို့ မစောင့် မနေ ရလို့ အမိန့် မထုတ်ထားပေမယ့် ပြည်သူများ၏ ဆန္ဒအမှန် ကတော့ ကြိုဆိုဘို့ အမိန့်ကို ထုတ်စရာ မလိုဘဲ ကြိုဆိုလျက်ပါ..။


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ မေတ္တာပို့ ဆုတောင်းနေကြသော ပြည်သူများ၏ဆန္ဒအမှန် ကြွေးကြော်သံများ

ဒေါ်အောင်ဆန်းစုကြည်အား အဖွဲ့ဝင်များ နှင့်ပြည်သူများက တကယ် ဆန္ဒအမှန်၊မေတ္တာတရားအပြည့်နှင့် စောင့်ကြိုနေလျက်ပါ

ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထု က တကယ်ထောက်ခံတယ်ဆိုတာ အပြောနဲ့မဟုတ် လက်တွေ့ပြနေကြသောဓာတ်ပုံပါ

အဖွဲ့ဝင်များနှင့် ပြည်သူများအား ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်မှ မနက်ဖြန်မှပြန်လာပါရန်မေတ္တာရပ်ခံနေစဉ်



ဓာတ်ပုံ များပေးပို့ ပေးသော ကိုကေလတ် အားကျေးဇူး တင်ရှိပါသည်.။




News Update About Daw Suu

News Update About Daw Suu

12 November 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားပြီးလို့ သိရှိရပါကြောင်း






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေယနေ့ နေ့လည်တွင် သူမနေထိုင်ရာ နေအိမ်သို့ ရောက်နေပြီး လွှတ်ပေးမဲ့အကြောင်း လက်မှတ် ထိုးပြီးပြီလို့ပြောပါသည်။ မကြာခင်လွှတ်ပေးမဲ့ဝရမ်းအမိန့်စာရတာနဲ့ချက်ချင်း လွှတ်မည် ဟုသတင်း ရရှိ ပါသည်.။သေချာထပ်မံ သိရှိပါက ထပ်မံဖော်ပြပေးသွားပါမည်.။

ယနေ့ (၁၂.၁၁.၂၀၁၀) ညနေ (၄)နာရီ အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် အား လွတ်ပေးပါမည်ဟု အာဏာပိုင်များကပြောကြားလိုက်ပါသည်ဟုသိရပါသည်.။

အဖွဲ့ချုပ်ရုံးမှာ ပြည့်ညှပ်နေပြီဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရဲ့ အတွင်းအပြင်မှာ တိုင်းနဲ့ ပြည်နယ် အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လူငယ်တွေ၊ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။

ဒီအကြောင်းကို အဖွဲ့ချုပ်ရုံးမှာ အခု ရှိနေတဲ့ သူတယောက် ပြောပြတာက ...

“ပြည်နယ်နဲ့တိုင်းက ခေါင်းဆောင်တွေ ရုံးရှေ့မှာ အကုန်နီးပါး ရောက်နေကြတယ်။ လူငယ်တွေလည်း တော်တော်များများ ရောက်နေကြတယ်။ ရုံးရှေ့မှာက ပရိသတ်က ၈ဝဝ - ၁ဝဝဝ လောက် ရောက်နေကြပါတယ်လို့ပြောပါသည်။

အဖွဲ့ချုပ် ရုံးထဲမှာလည်း အဖွဲ့ချုပ်ဝင်များပြည့်ညှပ်နေသည်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ပိုစတာလို ပုံစံမျိုးဖြစ်အောင် တုတ်တံလေးတွေနဲ့ ကြွေးကြော် လို့ရအောင် လုပ်ထားကြလို့ပြောပါတယ်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်မယ်ဆိုတဲ့ အင်္ကျီတွေ ဝတ်ဆင် ထားကြပါတယ်လို့
ပြောပါသည်.။


ယနေ့ နေလည် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံခြား သံတမန်များ သူ၏ နေအိမ်တွင် တွေ့ဆုံ နေသည်လည်းသိရပါသည်.။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် လည်းတွေ့ဆုံမည်ဟုသိရှိရပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွင်လွတ်မြောက် ရပါ မည်ဟုသံတမန်များဆီ မှ သတင်း ရရှိပါသည်.။နအဖ အာဏာပိုင် များကတော့ တရားဝင် သတင်း မထုတ်ပြန် သေးပါ.။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်မှ အပြင်သို့ မထွက်ရှိသေးကြောင်း သတင်းရရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အား နအဖ စစ်အာဏာရှင်များက ကန့်သတ်ချက်၊ချွင်းချက် ၊များဖြင့် ပြုလုပ် မည်ဟု အဖွဲ့ချုပ် အဖွဲ့ဝင်များ မှ ခန့်မှန်းပြောဆိုနေကြပါသည်.။ထိုကဲ့သို့ နအဖ စစ်အာဏာရှင်များက ပြုလုပ်လာပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် က လုံးဝ လက်ခံမည် မဟုတ်ကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်း မှတဆင့် သတင်းစကားများထုတ်ပြန် ထားခဲ့ပါသည်.။

ယနေ့ ညနေစောင်းထိ အဖွဲ့ချုပ် ရုံးရှေ့တွင် အဖွဲ့ချုပ် အဖွဲ့ဝင် များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုလျက်ရှိသည်။ အဖွဲ့ချုပ် အဖွဲ့ဝင်များအား ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင် တို့ မှ မနက်ဖြန်မှ ပြန်လာပါရန် မေတ္တာရပ်ခံ ၍ ပြောကြားနေသည်ဟု သတင်းရရှိ ပါသည်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းပြောဆို...


ယနေအဖွဲ့ချုပ်ရုံးရှေ့မှ ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်လူကြီးများ...


နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ဆုံးမည့် လာမည့် စနေနေ့မှာ လုံးဝလွတ်မြောက်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။

မေး။...။ အန်ကယ် အန်တီစု ပြန်လွတ်မယ့် အပေါ် အန်ကယ့် အမြင်လေး ပြောပြပေးပါ...။

ရှေ့နေကြီးဦးဥာဏ်ဝင်း..။...။ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မယ်လို့ အန်ကယ်ပြောလိုပါတယ်..။

မေး။..။ ဘယ်နေ့ ဘယ်အချိန်လောက်ပါလဲ အန်ကယ်..။

ရှေ့နေကြီးဦးဥာဏ်ဝင်း..။....။ ၁၃ရက်နေ့ပေါ့ သူတို့ဥပဒေအတိုင်းဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က ည(၇)နာရီပေါ့... အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့ ည(၇)နာရီပေါ့။ ဒါပေမယ့် နေ့ခင်း လွှတ်ရင်လည်း ရပါတယ်ဗျာ... သူတို့ အဲ့လို တိတိကျကျ လုပ်တတ်တဲ့ အကျင့်ရှိတယ် ။ ဒေါ်စုလွတ်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်..။ ဟုပြောဆိုသွားပါတယ်..

အဖွဲ့ချုပ်အဖွဲ့ဝင်များ ကြိုဆိုရေးအတွက် ကြိုတင်ပြင်ဆင်နေကြပုံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ယက်တော နေအိမ်သို့ ဝင်ရောက်မှုနှင့် ပတ်သတ်ပြီး ထောင်ဒဏ် ၃နှစ်ကျခံရန် အမိန်ချမှတ်ခံရပြီးမှ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန်ဖြင့် နေအိမ်အကျယ်ချုပ် ၁နှစ်ခွဲကျခံခဲ့ရပြီး.. လာမယ့် ၁၃ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ရက် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်..။ လာမည့် ၁၃ရက်နေ့ဟာ ရုံးပိတ်ရက် စနေနေ့ ဖြစ်တဲ့အတွက် ၁၂ရက်နေ့ သောကြာနေ့မှာ လွတ်မြောက် လာနိုင်တယ်လို့လည်း ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှ အထူးမျှော်လင့်နေကြပါတယ်...။



အဖွဲ့ချုပ်ရုံးမှာ လူထုခေါင်းဆောင်အတွက် ကြိုတင်ပြင်ဆင်နေကြပုံ.. (ဓာတ်ပုံများ AP)

ယနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုဖို့အတွက် ကြိုဆိုရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အဖွဲ့ချုပ် အဖွဲ့ဝင်များ အထူးများပြားကြောင်း အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်မည့် စနေနေ့မှာ ရုံးပိတ်ရက် ဖြစ်သည့်အတွက် သောကြာနေ့မှာ လွတ်မြောက်လာဖို့ အထူးမျှော်လင့်နေကြပါတယ်..။ သောကြာနေ့ မနက်ပိုင်းမှာလည်း အဖွဲ့ချုပ်လူငယ်များ ရန်ကုန်မြို့ရှိ ဆေးရုံများမှာ သွေးလှူဒါန်းကြမှာ ဖြစ်ပါတယ်...။ ပြန်လည် လွတ်မြောက်လာမည့် လူထုခေါင်းဆောင်၏ လုံခြုံရေးအတွက် အဖွဲ့ချုပ်လူငယ် အယောက်(၁၀၀)ကျော် ကြိုတင်ပြင်ဆင် ထားကြကြောင်း သိရှိရပါတယ်..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၉၈၈)မှ (၂၀၁၀)ခုနှစ်အထိ (၂၂)နှစ်တာ ကာလအတွင်း စုစုပေါင်း ၁၅နှစ်ကျော် (၃)ကြိမ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခြင်းကို ခံခဲ့ရပါတယ်..။

သတင်း...ဒီမိုဝေယံ..။

APF သတင်းဌာန မှ ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာ ယနေ့ ညနေတွင် မဲဆောက် မှပြန်လည်ထွက်ခွာ


နိုဝင်ဘာလ (၇) ရက် မှာ ဂျပန်နိုင်ငံသားမစ္စတာ ထိုးရု ယာမဂျိဟာ အသက်(၄၉)နှစ်သည် ထိုင်းမြန်မာနယ်စပ် တံတားအောက်ကနေ ဘောနဲ့ နံနက် ၈း၃၀ မှာ မြ၀တီကို ကူးပြီး ၀င်ရောက်သတင်းရယူသူ အား မြန်မာ အာဏာပိုင် များကသူအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါသည်.။

ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာ အား မြန်မာအာဏာပိုင် များသည် မြဝတီရဲစခန်းတွင် (၂)ညထားပြီး၊ (၉.၁၁.၂၀၁၀)နေ့တွင် မြဝတီ ဘက်ကမ်းလှေဂိတ် အမှတ်(၂)ဂိတ်မှ ညနေ(၅)နာရီတွင် ပြန်လည်လွတ်ပေးခဲ့ပါသည်.။

ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာ အားဖမ်းဆီးခေါ်ဆောင်သွားစဉ် ဘောပင်ဗွီဒီယိုကင်မ၇ာတချောင်း၊ ဂျပန်ဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး ၊ နှင့် APF သတင်းဌာန ကဒ်ပြား နှင့် passport တို့ အားသိမ်းဆည်းထားပြီး၊
ပြန်လည် လွတ်ပေးသောအခါ သူ၏ ပစ္စည်းများ အားလုံးကို ပြန်လည် ပေးအပ်ခဲ့ပါသည်.။

ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာသည် ကျန်းမာရေးကောင်းမွန်စွာဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ပါသည်.။ယနေ့ (၁၁.၁၁.၂၀၁၀) နေ့လည် (၁)နာရီ အချိန်တွင် သတင်းဌာန များနှင့် သူတည်ခိုရာ ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်ရန် ချိန်းဆိုထားရာ ထိုင်းအာဏာပိုင်များက ခွင့်မပြုပါသဖြင့် မပြုလုပ်နိုင်ခဲ့ရပါလို့ သတင်းရရှိပါသည်။

ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာ သည် ယနေ့ (၁၁.၁၁.၂၀၁၀) ညနေတွင် မဲဆောက်မြို့ မှ ပြန်လည် ထွက်ခွာသွားပါသည်ဟုသတင်းရရှိပါသည်.။

ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဖြစ်သူ ကင်မ် ခေါ် မောင်ထိန်လင်း အား မြန်မာပြည်ဝင်ခွင့်ဗီဇာထုတ်ပေးလိုက်ခြင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ် ခေါ် ကိုထိန်လင်းဟာ မိခင်နဲ့ တွေ့ရအောင် မြန်မာ နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထား ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ရောက်ရှိ နေ ပြီး။ယနေ့တွင် မြန်မာ သံရုံးမှာ ဗီဇာ ထုတ် ပေးလိုက်ပါတယ်လို့ သတင်းရရှိပါသည်.။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးဥာဏ်ဝင်းကလဲ ဥပဒေအရဆိုရင် နိုဝင်ဘာလ ၁၃ရက်နေ့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် အားလွတ်ပေးရပါမည်လို့ ပြောကြား ခဲ့ပါသည်.။နိုဝင်ဘာလ (၁၃)ရက်နေ့သည် ရုံးပိတ်ရက်ဖြစ်နေသောကြောင့် မနက်ဖြန် တွင် အဖွဲ့ချုပ် အဖွဲ့ဝင် များစောင့်မျှော်လျက်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အား အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် (၁၀၀) ဦး က လုံခြုံ ရေးယူ ပေးရန်စောင့်ကြို လျက်ရှိပါသည်ဟုသတင်းရရှိပါသည်.။

နအဖ ရဲ့ မသမာတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း (ကြေညာချက် အမှတ် -၁၂၂/၂၀၁၀)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း (ကြေညာချက် အမှတ် -၁၂၃/၂၀၁၀)နှင့် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း (ကြေညာချက် အမှတ်- ၁၂၄/၂၀၁၀)တို့ကို နိုဝင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲတို့က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ (ခ)နှင့်အညီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၀ ဦး၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ (ခ)နှင့်အညီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ (ခ)နှင့်အညီ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးတို့အား ရွေးကောက် တင်မြှောက်ခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

နအဖ ရဲ့ မသမာတဲ့ရွေးကောက်ပွဲ အားကာတွန်းနဲ့ပုံဖော်









ထိုင်းသတင်းဌာန များတွင် နအဖတပ်နှင့် DKBA တပ်များတိုက်ပွဲဖြစ်ပွားမှုသတင်းကိုဖော်ပြရုပ်သံမြင်ကွင်း



11 November 2010

နအဖ ထင်သလို မချဉ်တဲ့ ကမ္ဘာ




နအဖ ထင်သလို မချဉ်တဲ့ ကမ္ဘာ ( စစ်မုန်းသူ )


No vote ပဲဖြစ်ဖြစ် I vote ပဲဖြစ်ဖြစ် သေသေချာချာစဉ်းစားကြည့်ရအောင်ပါ။ ရွေးကောက်ပွဲကို နအဖက ဘာလို့လုပ်တာလည်း ? ရွေးကောက်ပွဲမလုပ်ပဲ ဒီအတိုင်းဆက်နေသွားရင်ရော မဖြစ်ဘူးလား ? ကျနော့်အမြင်ကိုတင်ပြကြည့်မယ်နော်----- သူတို့ ဒီအတိုင်းဆက်နေသွားရင်.. တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲ နက်သထက်ပိုနက်လာမယ်ဆိုတာကို သိတယ်၊ သိကိုသိတယ်။

အဲသလို ဆင်းရဲတွင်းနက်လာလို့ တိုင်းပြည်မှာရှိတဲ့ လူထုက အုံကြွပြီဆို သူတို့ရဲ့နိဂုံးကိုလည်း သဘောပေါက်တယ်။ ဘာလို့ဆင်းရဲတွင်းနက်လာမှာလည်း ---- ဒီနေ့ ကမ္ဘာကြီးမှာ ဘယ်နိုင်ငံမှ အထီးကျန်နေလို့မရတော့ဘူး၊ နေချင်သပဆိုနေကြည့်လေ--

ဘာတွေဖြစ်လာလိမ့်မလည်း…အထီးကျန်ဖြစ်နေတဲ့ ကျူးဘားလို့ နိုင်ငံပဲကြည့်လိုက်ပါ.. နောက်ဆုံးမခံနိုင်လို့ ပြုပြင်ပြောင်းလည်းရေးတွေလုပ်လာရပြီ၊ ဘယ်ပြည်သူက ကြာရှည်အငတ်ခံနိုင်မှာလည်း၊ ဒုက္ခခံနိုင်မလည်း ပေါက်ကွဲထွက်လာမှာပဲ အဲဒီလို ပေါက်ကွဲမှု့ တွေကြောင့် ဇာတ်သိမ်းမလှတဲ့ အာဏာရှင် သမိုင်းကြောင်းတွေကိုလည်း နအဖ စစ်ခေါင်းဆောင်များမသိဘူးမထင်ပါနဲ့ သိပါတယ်။

အဲဒါကို ကုစားဘို့ နအဖဟာ မှန်မှန်ကန်ကန်မစဉ်းစားပဲ ဆေးမြီးတို နဲ့ကုဘို့ မမှန်ကန်တဲ့ အခြေခံဥပဒေကို မရိုးမသားပြဌာန်းတယ် ၊ ရွေးကောက်ပွဲလမ်းကိုရွေးချယ်တယ်။ အဲဒီရွေးကောက်ပွဲကိုရော မှန်မှန်ကန်ကန်အကောင်ထည်ဖော်ရဲ့လား ၊ မဖော်တာအားလုံးသိနေပါပြီ။ တကယ်တော့ ဒါဟာ ရွေးကောက်ပွဲ ( Election ) မှမဟုတ်တာ ( Selection ) ရွေးထုတ်ပွဲပဲ၊ ဒါကိုရွေးကောက်ပွဲထင်ပြီး လျှောက်မိကြတဲ့သူတွေအတွက်လည်းအပြစ်မဆိုသာပါဘူး၊ အဲသလိုရက်စက်လိမ့်မယ်လိုမှမထင်မိတာ၊ တကယ်တော့ ကမ္ဘာမှာရှိတဲ့ ဘယ်အာဏာရှင်မှ ရက်စက်ဘို့ဝန်မလေးတတ်ဘူးဆိုတာ အစဉ်လာပါ၊ အဲဒီတော့ လက်ရှိ နအဖ ဟာရွေးကောက်ပွဲကျင်းပပေးရခြင်းဟာလည်း.. နိုင်ငံတကာကိုဝင်ဆန့်ဘို့ကြိုးစားခြင်းသာဖြစ်ပါတယ်။

ဒါမှတိုင်းပြည် ကျဆင်းနေတဲ့ စီးပွားရေးကို လုပ်ဆောင်နိုင်မယ်လို့လွယ်လွယ်တွေးခဲ့တာကိုး၊ တနည်းအားဖြင့် ကမ္ဘာကြီးကို အချဉ်လို့ထင်မိတာကို၊ သူတို့ ထင်သလို ကမ္ဘာကြီးကရောချဉ်ပါသလား၊ အခုရွေးကောက်ပွဲရလာဒ်ကို ထောက်ခံလိမ့်မယ်လို့ထင်ပါသလား၊ တကယ်တော့ နအဖ အကြံက နိုင်ငံတကာစီးပွားရေးတွေမြန်မာမှာဝင်ရောက်လာဘို့ ၊ အဲဒါမှတိုင်းပြည်စီးပွားရေးတိုးတက်မယ်၊ အဲဒါမှ လူထုအုံကြွမှု့မဖြစ်မယ်။ သူတို့အေးအေးလူလူတသက်စာအုပ်ချုပ်သွားနိုင်မယ် ဒီလိုတွေးတာကိုး၊ သူတို့တွေးသလို ထင်သလိုဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတို့ယုံကြည်ပါသလား၊ အခုရွှေးကောက်ပွဲမှာ ကြံ့ဖွတ် ၈၀%မကလို့ ၁၀၀%အပြည့်နဲ့ပဲနိုင်နိုင် သိပ်ပူစရာမရှိပါဘူး၊

ဒီရွေးကောက်ပွဲရလာဒ်ကို အဓိက စီးပွားမြှုတ်နှံနိုင်တဲ့ ဘယ်နိုင်ငံကမှထောက်ခံမှာမဟုတ်ဘူးဆိုတာစောင့်ကြည့်ကြည့်ပါ၊ မထောက်ခံတော့ရော ဂရုစိုက်စရာလားလို့မေးခဲ့ရင် ကျနော်ကလည်းပြန်မေးမယ် ဒါလိုခြင်လို့ ဒါလုပ်တာ ဒါမရတော့ ခင်ဗျားတို့လုပ်တဲ့ဟာဘာဖြစ်သွားသလည်း အလကားပဲပေါ့ဆိုရင် ဘာပြောမလည်း၊ အဲဒီတော့ အချင်းချင် အထင်တွေမမှားကြပါနဲ့နော်၊ တကယ်တော့ နအဖ လုပ်သင့်တာက ရွှေးကောက်ပွဲမဟုတ်ဘူး ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ( ဒီမိုကရက်တစ်အင်အားစုတွေရယ်၊ နအဖရယ်၊ တိုင်းရင်းသားတွေရယ် ) အဲဒီကနေ အမျိုးသားပြန်လည်သင့်မြတ်ရေး အဲဒါတွေပြီးမှ၊ အခြေခံဥပဒေပြဌာန်း၊ပြီးမှရွေးကောက်ပွဲလုပ်၊ အဲသလိုမလုပ်သမျှ နောက်ထပ် ရွေးကောက်ပွဲ အကြိမ် ၁၀၀ လုပ် တိုင်းပြည်ဘယ်တော့မှတိုးတက်လာမှမဟုတ်ဘူးဆိုတာယုံပါ၊ ဘယ်နိင်ငံတကာကမှလည်း စီးပွားလာမမြှုတ်နှံဘူး၊ မွဲပြီးရင်းမွဲဖြစ်နေဦးမှာပါပဲ။ အချုပ်ပြောရရင် အဲဒီလမ်းရောက်ဘို့ ဘက်ပေါင်းစုံကကြိုးစားကြပါ၊ တရုတ်လို အာဆီယံလို စီးပွားလာမြှုတ်နှံတာလောက်လေးနဲ့ လူလုံးမလှဘူးဆိုတာကိုလည်းမမေ့ကြပါနဲ့၊

၈၀% နိုင်တာနည်းပါသေးတယ်၊ ၁၀၀ % နိုင်လည်း ဘာမှမဖြစ်ပါဘူး၊ နအဖ ထင်သလိုဖြစ်မလာပါဘူး၊

ကမ္ဘာကြီး သည် အချဉ်မဟုတ်ပါ

ရေးသားသူ...စစ်မုန်းသူ

ရခိုင်ပြည် ကြံ့ဖွံ့ ခြိမ်းခြောက်မှုများ စတင် လုပ်ဆောင်

မင်းပြားမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပြည်သူ့လွတ်တော် ကိုယ်စား လှယ်လောင်း ဦးအောင်စိန်သာ အသက် (၇၄) နှစ်အား ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီ အဖွဲ့ဝင်များက သတ်ဖြတ်ရန် ခြိမ်းခြောက်ခြင်း ခံနေရကြောင်း သိရှိရပါသည်။ မင်းပြား မြို့နယ်၊ ပြည်သူ့ လွတ်တော် အမတ် နေရာအတွက် ကြံ့ဖွံ့ ပါတီမှ ဦးကျော်မင်းက ၀င်ရောက် အရွေး ခံခဲ့ပြီး ရှုံးနိမ့် သွားခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရှိရသည်။

ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုမှုနှင့် ပတ်သက်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိန်သာက “ဟုတ်ပါတယ်။ ကျနော့်ကို သတ်ပစ်မယ်ဟု ခြိမ်းခြောက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ပါတီ ရှုံးသွားလို့ ထင်တယ်” ဟု ဆိုသည်။ သူက ဆက်ပြီး “ကျနော့်ကို သူတို့က မတရား ခြိမ်းခြောက်တာပါ” ဟု ပြောပြ ခဲ့သည်။

ယခုအချိန်တွင် စစ်တွေမြို့တွင်လည်း ကြံ့ဖွံ့ပါတီက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ကော်မရှင်တွင် ကန့်ကွက်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။ ရခိုင်ပြည် ရွေးကောက်ပွဲ ရလဒ် အခြေအနေမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကြံ့ဖွံ့ပါတီကို အသာစီး ရသည့် အနေအထား ရှိနေပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အမတ်လောင်း (၄၄) ဦး ၀င်ပြိုင်ရာတွင် (၃၅) ဦး အနိုင်ရသည်ဟု မြို့နယ် အဆင့် က အသိအမှတ်ပြု ခံထားရပြီးဖြစ်သည်။

ရွေးကောက်ပွဲ နောက်ပိုင်း ကြံ့ဖွံ့ပါတီနှင့် ပြည်နယ် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်များက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို မည်ကဲ့သို့ ယုတ်မာ ကောက်ကျစ်စွာ ဆောင်ရွက်မည်နည်း ဆိုသည်ဟု ပြည်သူများ စိတ်ဝင်တစား ရှိနေကြသည်။

မင်းပြားမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိန်သာသည် (၁၉၉၀) ရွေးကောက်ပွဲတွင်လည်း ၀င်ရောင် ယှဉ်ပြိုင် ခဲ့ဖူးသော နိုင်ငံရေးသမား တဦးဖြစ်ကြောင်း သိရှိရပါသည်.။

သတင်း... (Arakan Review)

NLD ပါတီခေါင်းဆောင်များကို ဩစတြေးလျသံအမတ်ကြီးတွေ့ဆုံ

ရန်ကုန်မြို့ ဩစတြေးလျနိုင်ငံ သံရုံးက သံအမတ်ကြီး Michelle Chan ဦးဆောင်တဲ့ သံကိုယ်စားလှယ်အဖွဲ့ဟာ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်းတို့နဲ့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ နေ့လည် ၁ နာရီက ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မဲ့ သံအမတ်ကြီး Ms. Chan အတွက် နှုတ်ဆက်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ ကျင်းပမှာ ဖြစ်ပြီး၊ အန်အယ်ဒီ ခေါင်းဆောင်တွေကို ကိုယ်တိုင် လာရောက် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဩစတြေးလျ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ အန်အယ်ဒီပါတီနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အလေးထား မေးမြန်းခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက တွေ့ခွင့်ရရင် တွေ့လိုကြောင်းလည်း စကားပါးတယ်လို့ သိရပါတယ်။

သတင်း....RFA

ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီးဘေးတွင် ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရ


၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၂ နာရီ ၀န်းကျင်တွင် ရွှေပြည်သာမြို့နယ် ဘိုရွှေကုန်းကျေးရွာ အနီးတွင် ရွှေပြည်သာမှ လှော်ကားဘက်သို့ ဓာတ်ငွေ့ပို့လွှတ်သည့် ပိုက်လိုင်းအဆက်မှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''အိပ်နေတုန်း အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ပြီးတော့ လင်းထိန်သွားတယ်။ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ပြီး မီးလောင်တာလို့ သိရတယ်။ အဲဒီပိုက်လိုင်းကို လူတွေ ဖြတ်သွားနေကျပါ။ အခုဖြစ်တဲ့ အချိန်မှာ လူတွေမရှိလို့ အသေအပျောက်တော့ မရှိခဲ့ပါဘူး။ နာရီဝက်လောက်ကြာတော့ မီးသတ်ကားတွေ ရောက်လာပြီး မီးကို ငြှိမ်းနိုင်လိုက်ကြတယ်။ ထပ်ပြီး အန္တရာယ် မဖြစ်အောင်လို့ အနီးမှာရှိတဲ့ မီးကြိုးတွေ ဖြတ်ချမယ်လို့တော့ ကြားတယ်''ဟု မီးလောင်ကျွမ်းမှုကို မျက်မြင်တွေ့ သူတစ်ဦးက ပြောသည်။

အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ မီးလောင်မှုမှာ မိနစ်၃၀ နီးပါးမျှ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ အခင်းဖြစ်ပွားရာသို့ မီးသတ်ကားများ၊ တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ကြကြောင်း ရပ်ကွက်တွင် နေထိုင်သူများမှ ပြောပြခဲ့သည်။

''မနက် ၃ နာရီလောက်မှာ အိပ်နေရာကနေ အသံကြီးတစ်သံကို ကြားရတယ်။ အသံက တော်တော်လေး ကျယ်တယ်။ အပြင်ကို ထွက်ကြည့်တော့ ကောင်းကင်တစ်ခုလုံးက နီရဲနေပြီး ဘာဖြစ်မှန်းကို မသိဘူး။ လမ်းမပေါ် ထွက်ကြည့်တော့မှ ဓါတ်ငွေ့ပိုက် ပေါက်တာလို့ သိရတယ်။ မီးတောက်တွေက တော်တော်လေးကို မြင့်တယ်''ဟု ရွှေပြည်သာမြို့နယ်၊ ၀န်ထမ်းကြီးရပ်ကွက်၊ စိန်ပန်းလမ်းတွင် နေထိုင်သူတစ်ဦးမှ ပြောပြခဲ့သည်။

ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ မီးလောင်မှုကြောင့် အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းအနီးမှ သစ်ပင်များ မီးလောင်ပြီး မီးလောင်သစ်ရွက်များ ပတ်ဝန်းကျင်သို့ လွင့်ကျခြင်း၊ ၆၆၀၀ ဗို့အားရှိ ကွန်ကရစ်ဓါတ်တိုင် မီးလောင်ခဲ့ပြီး မီးကြိုးများ ပြတ်တောက်ခြင်း၊ မီးသီးကွဲ ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်ဟု news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။

 နိုင်ငံတကာနှင့်ပြည်တွင်းတွင် အကြီးအကျယ်ဝေဖန်ခံခဲ့ရသော မသမာတဲ့နအဖရွေးကောက်ပွဲကို တရုတ်နှင့် အာဆီယံချီးကျူး

နိုင်ငံတကာနှင့်ပြည်တွင်းတွင် မသမာမှုစွဲချက်များဖြင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရသော မြန်မာရွေးကောက်ပွဲများကို တရုတ်အစိုးရနှင့် အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံတို့က ချီးကျူးခဲ့ကြသည်ဟုသိရသည်။

"ဒါဟာ မြန်မာနိုင်ငံမှာ ရွေးကောက်တင်မြှောက်ခံ အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ မူဝါဒလမ်းစဉ်ခုနှစ်ရပ် အတိုင်းအကောင်အထည်ဖော်ရာမှာ အရေးပါတဲ့အဆင့်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကြိုဆိုရမှာပါ"ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် တည်တည်ငြိမ်ငြိမ် ချောချောမွေ့မွေ့နှင့် ပြီးသွားခဲ့ကြောင်း ဟောင်လီက ဆိုသည်။ တရုတ်သည် မြန်မာနိုင်ငံသို့ လက်နက်အဓိကရောင်းချသည့် နိုင်ငံဖြစ်သလို သဘာဝဓာတ်ငွေ့ပြန်လည်ဝယ်ယူသည့် နိုင်ငံလည်းဖြစ် သည်။

အာဆီယံအဖွဲ့၏အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်ကလည်း မြန်မာနိုင်ငံ၏ နှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သော ရွေးကောက်ပွဲသည့် ထင်သာမြင်သာသည့် ရှေ့သို့ချီသော ခြေလှမ်းတစ်ရပ်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။

မြန်မာနိုင်ငံအတွင်း တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီပြုမှုလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်ရန် အာဆီယံက နှိုးဆော်ပါကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

မြန်မာရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရ၊ ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန် အပါအ၀င်နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေစဉ်တွင် တရုတ်နှင့်အာဆီယံက မြန်မာနိုင်ငံဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်း ဖြစ်သည်။



Ref; AFP, China praises much-criticised Myanmar election

မြဝတီမြို့ ထိန်းချုပ်ရေးအစိုးရသြဇာခံ ကရင်နယ်ခြားစောင့်တပ်ကိုလွှဲအပ်

ဗိုလ်မှူးကြီးစောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်မဟာ ၅ တပ်တွေနဲ့ စစ်အစိုးရတပ်တွေ မြဝတီမြို့ပေါ်မှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ၊ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့မှာတော့ အခြေအနေတွေ အတော်အတန် ငြိမ်သက်နေပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ဖက်ကို ထွက်ပြေးလာကြတဲ့ မြဝတီမြို့ခံ စစ်ပြေးဒုက္ခသည်တွေလည်း တစတစနဲ့ မြဝတီဖက်ကို ပြန်နေကြပြီး လူ ၂ ထောင်ကျော် ၃ ထောင်လောက်ကတော့ အခြေအနေကို ဆက်လက်စောင့်ကြည့်ရင်း မဲဆောက်ဖက်မှာပဲ ဆက်ရှိနေကြတယ်လို့ အိမ်မပြန်ရဲသေးတဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ဗိုလ်မှူးချစ်သူ ဦးစီးတဲီု့္ဘဗ တပ်တွေက မြဝတီမြို့ထဲ စစ်ဝတ်စုံ၊ လက်နက်တွေနဲ့ ဝင်ရောက်ခဲ့တာမို့၊ မြဝတီမြို့ခံတွေကြား အထိတ်တလန့် ဖြစ်သွားခဲ့တယ်လို့ မြဝတီမြို့ခံ တဦးက RFA ကို ပြောပြပါတယ် ။

ဗိုလ်မှူးကြီးချစ်သူ ဦးစီးတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ မြဝတီမြို့တွင်းကို ဒီကနေ့မနက် ၉ နာရီ လောက်မှာ ဝင်ရောက် ရှင်းလင်းခဲ့ပြီး မြို့ဝတီမြို့တောင်ဖက် ထိုင်း-မြန်မာ နယ်ခြားတလျှောက်ကို ထိန်းချုပ်လိုက်ပြီလို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးချစ်သူတို့ဟာလည်း ယခင် ဒီကေဘီအေအဖွဲ့ဝင်တွေပဲ ဖြစ်ကြပြီး စစ်အစိုးရရဲ့ အလိုကျ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ အုပ်စုဖြစ်ပါတယ်။ မြဝတီမြို့ရဲ့ လက်ရှိ အခြေအနေကို အာဏာပိုင်တွေနဲ့ နီးစပ်သူတဦးက RFAကို အခုလိုပြောပြပါတယ်။ နိုဝင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားစဉ် မြဝတီမြို့အတွင်း ပျက်စီးမှုတွေနဲ့ လက်ရှိ နောက်ဆုံး အခြေအနေကို မြဝတီမြို့ခံက ပြောပြရာမှာ များသောအားဖြင့်တော့ ပုံမှန်နီးပါး ဖြစ်နေပါပြီလို့ ပြောပါတယ်။

အသေးစိတ် သိရှိနိုင်ဖို့ မြဝတီ ရဲစခန်းနဲ့ မြဝတီဆေးရုံကို RFA ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ထိုင်းစစ်တပ် သတင်းရပ်ကွက်က ပြောဆိုတာကတော့ မြဝတီမြို့မှာ မနေ့မနက်က တိုက်ပွဲဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးသွားတဲ့ အရပ်သားငါးဦးကို ဆေးရုံကနေ သင်္ဂြိုဟ်ခဲ့တယ်လို့ ပြောပါတယ်။

ဆေးရုံမှာ ဒဏ်ရာရရှိထားသူ လူနာ၂၃ ဦး ရှိနေပြီး သွေးအလှူခံနေတယ်လို့ သိရကြောင်း ပြောပါတယ်။ သူတို့ရရှိ ထားတဲ့သတင်းအရ တိုက်ပွဲဖြစ်စဉ်အတွင်း အိမ်သုံးလေးလုံး လက်နက်ကြီး ထိမှန်ခဲ့ပြီး ဒီကေဘီအေ အဖွဲ့က မဆုတ်ခင် ဓာတ်ဆီဆိုင်ကို မီးရှို့သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြဝတီမြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသံဒိုင်ဆိုသူကို ဆုတ်ခွာသွားတဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့က ဖမ်းသွားတယ်လို့ သတင်းရကြောင်း ထိုင်းစစ်ဖက်သတင်းရပ်ကွက်က ပြောပါတယ်။ ဒီကိစ္စကRFA အနေနဲ့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

မြန်မာအာဏာပိုင်တွေဖက်က မနေ့က နေ့လည်ပိုင်းမှာ ပြန်လာလို့ရပြီ ဆိုပြီး ပြန်သွားကြတဲ့ အထဲက ဒုက္ခသည်တချို့ဟာ မနေ့ကညနေပိုင်းမှာ ထိုင်းဖက်ခြမ်း ပြန်ပြေးလာခဲ့ပါတယ်။ အဲဒီလိုပြန်ပြေးလာတဲ့ ဒုက္ခသည် ၈၀ဝ လောက်ကို ထိုင်းအာဏာပိုင်တွေကဒီကနေ့ မနက်ပိုင်းမှာ မြဝတီဖက်ကို ပြန်ပို့ ခဲ့ပါတယ်။ ဒါပေမဲ့ ရာဂဏန်းရှိတဲ့ ဒုက္ခသည်တွေဟာ ထိုင်းဖက်ခြမ်း တပ်မဟာဂိတ်ဘက်က မြန်မာ ဘုန်းကြီးကျောင်းအပါအဝင် စာသင်ကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်တော်သူတွေထံမှာ ခိုလှုံနေဆဲ ရှိနေသေးကြောင်း သိရပါတယ်။

သတင်း...RFA

ဒီကေဘီအေတပ်တွေ မနက်ပိုင်းက ဘုရားသုံးဆူကနေ ဆုတ်သွားပြီး

ဒီကေဘီအေတပ်တွေ မနက်ပိုင်းက ဘုရားသုံးဆူကနေ ဆုတ်သွားပြီး ကတည်းက မြို့ဟာ ငြိမ်သက်နေပြီး မြဝတီမြို့ရဲ့ အခြေအနေကတော့ ပုံမှန် ပြန်မဖြစ်သေးဘူလို့ နယ်စပ်ကနေ ဘီဘီစီ သတင်းထောက်တွေက သတင်း ပေးပို့ပါတယ်။

ဒီငြိမ်သက်မှုဟာ အချိန်ဆွဲပြီး စစ်ကူ စောင့်နေတာ ဖြစ်နိုင်တယ်လို့ ဒီကေဘီအေက ပြောပါတယ်။

ဘုရားသုံးဆူ မြို့လူထုကို မြို့ကနေ ဆုတ်ခွာဖို့ နအဖ စစ်တပ်က လူထုကို အမိန့်ပေးထားပြီး မြို့ထဲမှာလည်း လက်နက်ကြီးတွေ ဆင်ထားပါတယ်။

အနန်းကွင်း စစ်ဗျှုဟာကနေ ရောက်လာမဲ့ နအဖ စစ်ကူတွေလည်း အခု တရက် ခရီးသာသာမှာ ရှိတဲ့ တောင်စွန်း စခန်းကို ကျောလာနေပြီလို့ ဒီကေဘီအေဘက်က ပြောပါတယ်။

ဒီအတောအတွင်းမှာ မြဝတီမြို့မှာ နေထိုင်သူ သောင်းနဲ့ချီပြီး ထိုင်းနယ်စပ်ဘက်ခြမ်းကို ရောက်ရှိနေပါတယ်။

ဒီလူတွေကို ထိုင်းအာဏာပိုင်တွေနဲ့ နယ်စပ်က အင်ဂျီအိုတွေက စားနပ်ရိက္ခာ ဆေးဝါးတွေ လိုက်လံကူညီနေတယ်လို့ သတင်း ရရှိပါတယ်။

တဘက်မှာ မြဝတီမြို့မှာ အခြေအနေက ပုံမှန် မဖြစ်သေးပါဘူး။

နေ့ခင်းပိုင်းက မြန်မာ အစိုးရ စစ်သားတွေ မြို့ထဲကို အတော်များများ ဝင်သွားတော့ မြို့ခံလူထုက ပေါ်တာဆွဲမယ် အမှတ်နဲ့ ထွက်ပြေးကြရာမှာ မဲဆောက်ဖက်ထိ ရောက်လာခဲ့ပါတယ်။

မြဝတီကို နအဖ စစ်သားတွေ အလုံးအရင်းနဲ့ ရောက်လာသလို ဒီကေဘီအေက ဗိုလ်ကျော်သက်တို့ အဖွဲ့နဲ့ ကေအင်ယူတို့ ပေါင်းပြီး ပြန်လာတိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

သတင်း...ဘီဘီစီ

မြ၀တီခရိုင်တောင်ဘက်ခြမ်းရှိဝေါ်လေကျေးရွာအနီးတ၀ိုက်တွင် နအဖစစ်တပ်မှ81လက်နက်ကြီး ၄လုံးနှင့်လှမ်း၍ ပစ်ခတ်မှုကြောင့်ရွာသား၄၀၀ကျော်ထိုင်းဘက်သို့ထွက်ပြေး

မြ၀တီခရိုင် တောင်ဘက်ခြမ်းရှိ ဝေါ်လေကျေးရွာ အနီးတ၀ိုက်တွင် နအဖစစ်တပ်မှ 81 လက်နက်ကြီး ၄လုံးနှင့် လှမ်း၍ ပစ်ခတ် မှုကြောင့် ရွာသား ၄၀၀ကျော် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေပြီဟု ရွာသားများက ပြောသည်။

ဝေါ်လေရွာသားတဦးက “ဒီမနက် ၁၀နာရီမှာ ဗမာတပ်ဖက်က ဒီကေဘီအေတွေ ရှိနိုင်မယ့်နေရာတွေကို လက်နက်ကြီးနဲ့ ၄ချက်တိ တိ လှမ်းပစ်တယ်။ ရွာထဲမှာတော့ တလုံးမှ မ၀င်သေးဘူး။ လောလောဆယ် ရွာသားတွေ ပြေးလွှားနေတုန်းပဲ။ ထိုင်းဘက်ခြမ်းကို ၄၀၀ကျော်လောက် ကူးပြီ။”ဟု ပြောသည်။

ဝေါ်လေဒေသတွင် လှုပ်ရှားနေသော နအဖ စစ်တပ် စကခ(၈) နည်းဗျူဟာ(၃)မှ ယင်းသို့ ပစ်ခတ်ခြင်းဖြစ်ပြီး ယနေ့ နေ့လည်အချိန် ထိ ဒီကေဘီအေတပ်ဖွဲ့နှင့် အဆိုပါ နအဖစစ်တပ်တို့ အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်ကြောင်း ထိုနယ်မြေတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။

ဝေါ်လေကျေးရွာအတွင်း ကျန်ရစ်နေသေးသည့် ရွာသားများ၏ ပြောပြချက်အရ လက်ရှိအချိန်တွင် နအဖ စစ်တပ်များသည် ရွာဝင်း ဘောလုံးကွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ရွာသူရွာသားများကို တစုံတရာမှ ပစ်ခတ်ခြင်း မရှိသော်လည်း ဗိုလ်နှုတ်ခမ်းမွှေး၏ နေအိမ် အပါအ၀င် အခြားဒီကေဘီအေ မိသားစုနေအိမ်များကို မီးရှို့ဖျက်ဆီးရန်ရှိသည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာမှူးတစ်ဦးက ယနေ့မနက်တွင် နအဖဘက်မှ ဗိုလ်နှုတ်ခမ်းမွှေးနေအိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည် ဟု ကြားသိရကြောင်း ကေအိုင်စီကို ပြောသည်။

သတင်း..KIC

မြဝတီသတင်းအားထိုင်းသတင်းဌာန(7) တွင်ဖော်ပြထားသော ည(၁၀:၃၀) သတင်းရုပ်သံမြင်ကွင်း



မြဝတီ သတင်းအား9.11.2010 (12;00)ထိုင်းသတင်းဌာန (9 )တွင်ဖော်ပြနေသော (ရုပ်သံမြင်ကွင်း)

မြ၀တီမြို့တွင် ဖြစ်ပွားသော ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲများကို ကေအန်ယူ များက ပြုလုပ်သည်ဟု နအဖ စစ်အာဏာပိုင် စွပ်စွဲခဲ့သည့် မြန်မာ့အသံ ရုပ်သံသတင်း

10 November 2010

ဆရာဦးဝင်းတင် နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး


ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံနဲ့ ခွပ်ဒေါင်း အစစ်အမှန်တို့ရဲ့ အောင်ပွဲ ဖြစ်တယ်




ဦးဝင်းတင်နဲ့ မေးခွန်းများ

၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို မတ်လကတည်းက သပိတ်မှောက်ထားတဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို မိုးမခက ဆက်သွယ်ပြီးတော့ လက်ရှိ ရွေးကောက်ပွဲ အရှုပ်အထွေး၊ ပဋိပက္ခများအပေါ် ထင်မြင်ချက်ကို တောင်းခံခဲ့ပါတယ်။

ဆရာက တိုတိုတုတ်တုတ်ပဲ

“အခုအရေးအခင်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေ ရှုံးသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတဲ့ ပွဲဖြစ်တယ်။ အင်န်အယ်ဒီပါတီ အနိုင်ရသွားတယ်။ ၈၈ အရေးတော်ပုံကြီးနဲ့ ခွပ်ဒေါင်း အစစ်အမှန်တွေ နိုင်တဲ့ ပွဲ ဖြစ်တယ် …”
လို့ ပြောလိုက်ပါတယ်။

“လျပ်တပြက်သုံးသပ်ချက်ပဲ ဆိုဆို၊ အကြမ်းသုံးသပ်ချက်ပဲ ဆိုဆို တိုတိုပြောရရင်၊ ရွေးကောက်ပွဲဟာ ပြီးသွားပြီ။ ပြီးသွားတဲ့ အခါကျတော့ ပြဿနာတွေ မီးမွှေးပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ တန်းလန်းတွေပေါ့။ ဟုတ်လား။ ဟိုပါတီ ဒီပါတီက မဲခိုးလို့တို့၊ Free & Fair Election မဖြစ်ဘူးတို့။ တကယ်တမ်းကျတော့ ရွေးကောက်ပွဲကို ဓမြတိုက်တာပဲ။ ဒီကိစ္စတွေကတော့ သီးခြားကိစ္စပါပဲ။

ဒါ့အပြင် နောက်ပိုင်းမှာလဲ အနယ်နယ် အရပ်ရပ်က အမှုပေါင်းများစွာက ဘယ်အချိန်မှာ ဘာတွေ ဘယ်လို ပေါ်လာကြဦးမယ် မသိဘူး။ ဟုတ်လား။ အခုကျတော့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ကြုံးဝါးတဲ့သူက ကြုံးဝါး။ တချို့ကတော့ အစိုးရကို တရားစွဲမယ်လို့ ကြုံးဝါးတဲ့သူကလည်း ကြုံးဝါး။ ထားလိုက်ပေါ့ ပြီးပါပြီး။ သူတို့ဖာသာသူတို့ လုပ်ချင်တာ လုပ်မှာပဲလို့ ပြောတဲ့သူကလည်း ပြော။ မျိုးစုံ ဖြစ်ကျန်ခဲ့တာပေါ့ကွာ။

အခုဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကြားထဲမှာ မကျေနပ်တာတွေအပြင် ပြည်တွင်းစစ်လိုမျိုး တိုက်ပွဲတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။

ကျနော်တို့အနေနဲ့ တိုတိုတုတ်တုတ်သုံးသပ်ရရင် စစ်အစိုးရဟာ ဒီရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ။ ဒီလိုမျိုး မြင်ကြရမယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ အောင်မြင်မှုကြီးတခုအဖြစ် ကမ္ဘာကို ပြချင်တယ်။ သူတို့ကလည်း ကောင်းကောင်း ကျင်းပတယ်။ လူတွေကလည်း ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ သူတို့ရဲ့ ဘ၀သစ်အတွက် ရွေးချယ်ကြတယ်လို့ ကမ္ဘာာကို ပြချင်တယ်။ ဒါပေမယ့် ဘာဖြစ်သွားသလဲ ဆိုတော့ သူတို့ပြစေချင်သလို မြင်စေချင်သလို ဖြစ်မလာခဲ့ဘူး။
ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နဲတယ်။ မဲပေးသူတွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %လောက်အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွားတယ်။ အဓိကရှုံးတဲ့သူဟာ စစ်အစိုးရပဲလို့ ကျနော်တို့က ပြောကြတယ်။

ဒါဆိုရင် နိုင်တဲ့သူက ဘယ်သူလဲလို့ မေးကြရင် နိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ လို့ ပြောချင်တယ်။ ဘာလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သည်ရွေးကောက်ပွဲမှာ မဲမပေးချင် မပေးကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲမှာ မပါဝင်ဘူး။ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ လှုံဆော်တယ်။ မဲမပေးလဲ နေနိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ သည်လှုပ်ရှားမှုဟာ မြန်မာပြည် ကျေးလက်တောရွာတွေအထိ ပြန့်နှံ့ပြီးတော့ တောင်တန်းဒေသ၊ နယ်စွန်နယ်ဖြားတွေအထိ ဒီသဘောထားဟာ ပြန့်နှံ့သွားတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အဓိက နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီဖြစ်တယ်လို့ သုံးသပ်တယ်။

နောက်တမျိုး သုံးသပ်တာက ဘာလဲဆိုတော့ - တိုင်းရင်းသားပါတီတွေကနေပြီးတော့ သူတို့ရဲ့ ပြည်နယ်ဒေသကို အခြေခံပြီး အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ပြီးတော့ ကြံ့ဖွံ့ပါတီအပေါ်မှာ အောင်ပွဲခံမှုတွေကတော့ တပိုင်းပေါ့။ ဒါတွေကို အသာထားပြီးတော့ ပြည်မမှာ ကြည့်ကြမယ် ဆိုရင် အင်န်ဒီအက်ဖ်လို ပါတီမျိုးက သူတို့တွေက အစကတော့ နိုင်နေတာ၊ ကြိုတင်မဲတွေကြောင့် ရှုံးသွားတာလို့ ပြောကြတယ်။

ဒါပေမယ့် လူတွေက ဘယ်လို သုံးသပ်သလဲဆိုတော့ အင်န်ဒီအက်ဖ်နိုင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပဲ နိုင်တာ၊ ဘာကြောင့်လဲဆိုတော့ အဲသည်ပါတီက ဒေါ်အောင်ဆန်းစုကြည်ပုံတွေသုံးတယ်၊ အင်န်အယ်ဒီရဲ့ ခမောက်ပုံတွေကို သုံးတယ်။ ဒါတွေကို သုံးစွဲပြီး လုပ်တာကြောင့် သူတို့တတွေဟာလည်း ကိုယ်ပိုင်အရည်အချင်းနဲ့ နိုင်တာမဟုတ်ဘူး။
နောက်တချက်ပြောရရင်လည်း ၈ လေးလုံး အရေးတော်ပုံကြီးက နိုင်တယ်လို့ ပြောချင်တယ်။ အခုရွေးကောက်ပွဲဝင်တဲ့သူတွေက သူတို့ကိုယ်သူတို့ ၈၈ မျိုးဆက်တို့၊ ဘာတို့၊ ခွပ်ဒေါင်းတို့ ဘာတို့ စသည်ဖြင့် ပြောဆိုပြီး သုံးစွဲပေမယ့် သူတို့တတွေဟာ အနိုင်မရကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေက အတုအယောင်တွေသာ ဖြစ်တယ်။ အနိုင်မရကြဘူး။ တကယ်တမ်းကျတော့ မြန်မာပြည်ကြီးရဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ် အစစ်အမှန်တွေကသာ ဒီရွေးကောက်ပွဲကို အနိုင်ယူလိုက်တယ်လို့ သုံးသပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအင်အား အစစ်အမှန်တွေက သည်ရွေးကောက်ပွဲကြီးမှာ အနိုင်ရလိုက်တယ်ဆိုတာက ဘာနဲ့ အလားသဏ္ဍန်တူသလဲ ဆိုတော့ - ဖဲဝိုင်းတွေမှာဆိုရင် ဒီမိုကရေစီအင်အားအစစ်အမှန်တွေက ၀ိုင်းထဲမှာ အိမ်အပြည့် နေရာယူပြီး ထိုင်ကစားနေတာပါ။ အင်န်ဒီအက်ဖ်လိုမျိုးတွေ၊ ၈၈ အတုအယောင်တွေ၊ ခွပ်ဒေါင်းအတုအယောင်တွေက ၀ိုင်းထဲမှာ အပြည့်ဝင်မကစားနိုင်လို့ ဘေးကနေ ၀င်ထိုးတဲ့ သဘောသာသာလောက်ပါ။ ဘေးကနေ တဆယ်ထိုး၊ ငါးကျပ် ထိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့က ရာနဲ့ ထောင်နဲ့ ချီပြီး ထိုးနေတာကို ဘေးကနေ ၀င်ထိုးနေတာမျိုးပေါ့။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်တွေ၊ ခွပ်ဒေါင်းတွေ အနိုင်ရကြရင် သူတို့လည်း သည်ဟာကို မှီခိုပြီးတော့ စားရမလားလို့ ဘေးထိုးကြတဲ့သူတွေပါ။

အဲသည်မှာ သည်ရွေးကောက်ပွဲကြီးမှာ ဘယ်လိုပဲဆိုဆို ဘေးထိုးသားတွေအနေနဲ့ သူများ နံမယ်တွေ ပုံတွသုံးပြီး နိုင်ကြတယ်ပဲ ထား။ သူတို့က အစစ်အမှန်မဟုတ်တဲ့အခါကျတော့ ဘေးထိုးသားတွေ နိုင်တာကို ဖဲဝိုင်းမှာ လူမိုက်က ၀င်လုသွားတာကို ခံလိုက်ရတဲ့ သဘောပါပဲ။ ဒီလောက်ပဲ ကျနော်တို့က မြင်တယ် လို့ ဆိုချင်ပါတယ်။
ကျနော်တို့တတွေကတော့ အစကတည်းက ပြောထားတဲ့ လမ်းစဉ်အတိုင်းပဲ ပြည်သူတွေနဲ့၊ မြန်မာပြည်တွင်းက တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ဒုတိယပင်လုံညီလာခံကြီး ကျင်းပပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းအောင် ဆက်လက် ဆောင်ရွက်သွားကြရမှာပဲ လို့ ပြောချင်ပါတယ်။

(ဆရာဦးဝင်းတင်နဲ့ မိုးမခတို့ နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။)

သတင်းရင်းမြစ်..မိုးမခ

မြ၀တီမြို့တွင် နအဖအာဏာပိုင်များဖမ်းဆီးထားသူဂျပန် သတင်းသမား Toru Yamaji ပြန်လွတ်ပြီး


မြန်မာအာဏာပိုင်တို့က သတင်းသမား Toru Yamaji ကို အင်္ဂါနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။ ရွေးကောက်ပွဲသတင်းယူရန် မြန်မာပြည်သို့ သွားရောက်စဉ် ၂ ရက်ကြာ ထိန်းသိမ်းခံရပြီး လွတ်လာခြင်း ဖြစ်သည်ဟု ဘန်ကောက်မြို့ ဂျပန်သံရုံးက ပြောသည်။ Yamaji သည် ကလောင်အမည် ဖြစ်သည်။ သူ၏ အမည်ရင်းမှာ Toru Matsumoto ဖြစ်သည်။

တိုကျို အခြေစိုက် APF သတင်းဌာန အကြီးအကဲ အသက် ၄၉ နှစ် အရွယ် Yamaji သည် မြ၀တီမြို့မှ ပြန်လည် လွတ်မြောက်လာပြီး နောက်တွင် ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ ရောက်လာသည်ဟု ဂျပန် သံအရာရှိတို့က ပြောသည်။

Yamaji သည် တနင်္ဂနွေနေ့က ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီသို့ သွားရောက်စဉ် တရားမ၀င် ၀င်ရောက်မှုဖြင့် ထိန်းသိမ်းခံရသည်။

သတင်းသမား Yamaji ၏ ကျန်းမာရေး ကောင်းမွန်ပုံရသည်ဟု သံတမန်တို့က ပြောသည်။

သတင်းရင်းမြစ်...မိုးမခ

မြဝတီမြို့ပေါ်မှ ဒီကေဘီအေတပ်များ ဆုတ်ခွါ၊ ဘုရားသုံးဆူတွင် တိုက်ပွဲဆက်ဖြစ်


မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေတပ်များက ၎င်းတို့ ခြေကုပ်ယူထားသည့် ချစ်ကြည်ရေးတံတားထိပ်နှင့် မြို့တွင်းနေရာများမှ ဆုတ်ခွါသွားပြီ ဖြစ်သော်လည်း ဘုရားသုံးဆူဒေသနှင့် ဒီကေဘီအေ တပ်မဟာ (၅) တည်ရှိရာ ဝေါလေဂွင်များတွင် ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် (၈) နာရီနှင့် (၉) နာရီကြားတွင် မြဝတီမြို့ပေါ်၌ ပစ်ခတ်မှုတချို့ရှိခဲ့သော်လည်း ဒီကေဘီအေ တပ်များမြို့တွင်းမှ ဆုတ်ခွါသွားသည့်အတွက်ကြောင့် မဲဆောက်ရောက် စစ်ပြေးဒုက္ခသည် တဝက်ခန့် မြဝတီသို့ ယနေ့ နေ့လည် (၂) နာရီခန့်တွင် ပြန်လည်ထွက်ခွါသွားပြီဖြစ်ကြောင်း သိရသည်။

တပ်မဟာမှူး ဗိုလ်နှုတ်ခမ်းမွှေး(ခေါ်) ဗိုလ်မှူးကြီး စောလားဗွယ် ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ (၅) အခြေစိုက်ရာ ဝေါလေဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့် အဆိုပါဒေသရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များ ထိုင်းဘက်သို့ ဆက်လက်ထွက်ခွါလာနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံ၊ စံခလဘူရီနယ်စပ်မြို့ တဘက်ခြမ်းရှိ ဘုရားသုံးဆူဘက်တွင် ဒီကေဘီအေ တပ်မဟာ (၅) တပ်များနှင့် နအဖစစ်အစိုးရတပ်များ ယနေ့မနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အစိုးရဘက်မှ လေယာဉ်သုံးပြီး ပတ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ထိုင်းဘက်သို့ ထွက်ပြေးနေမှုများ ရှိနေကြောင်း ဒီကေဘီအေနှင့်နီးစပ်သည့် ကရင်အမျိုးသားတဦးက ပြောသည်။

သူက “ဘုရားသုံးစူမှာ စစ်တပ်က သူတို့ လေယာဉ်နဲ့ကို လာတယ်။ မနက် (၁ဝ) နာရီလောက်တုန်းက လေယာဉ် ၂ စီး လာတယ်။ သူတို့ ရွာထဲကို ပစ်ထည့်တယ်။ လက်နက်ကြီးတပ်ဆင်ထားတဲ့ အပေါ်ကနေပြီးတော့ ရွာထဲကိုပစ်တော့ ရွာသားတွေ တော်တော်လေး ထိနေပြီ။ ပြည်သူလူထုလည်း ထိုင်းထဲကို ပြေးလာတယ်။ ဒဏ်ရာရတဲ့သူတော့ ရှိတယ်။ ဒဏ်ရာရတဲ့သူက ဘယ်နှစ်ယောက်လဲ မသိဘူး။ သေတာလည်းရှိတယ်” ဟု ပြောသည်။

သတင်းရင်းမြစ်..ရိုးမ(၃)

၈ရက်နေ့အာဏာပိုင် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၂၀၁၀ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေမဲလိမ်ပွဲကြီးကျင်းပဆိုပါလား..



မျှဝေ ပေးပို့သူ ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။

နိုဝင်ဘာအတွင်း အားကောင်းသော မုန်တိုင်းတစ်လုံး ထပ်မံဖြစ်ပေါ်နိုင်

နိုဝင်ဘာလအတွင်း ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တစ်လုံးထပ်မံဖြစ်ပေါ်ရန် အလားအ လာများရှိနေသည့်အတွက် ကြိုတင် သတိပြုကာကွယ်ရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောသည်။

၎င်းက ၂ဝ၁ဝ ရာသီဥတုနှင့် သဏ္ဌာန်တူသောနှစ်များ၏ ရာသီ ဥတုတို့အား နှိုင်းယှဉ်ချက်အရ နိုဝင် ဘာအတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ၅ ကြိမ်ဖြစ်ပွားတိုင်း ၃ ကြိမ်မှာ မြန်မာနိုင်ငံသို့ ဝင်ရောက် လေ့ရှိကြောင်း၊ ထို့အပြင် နိုဝင်ဘာသည် မိုးလေဝသသမိုင်း၌ မုန်တိုင်း ဖြစ်နိုင်သောလဖြစ်သည့်အပြင် ယခင်က မြန်မာနိုင်ငံသို့ နိုဝင်ဘာအတွင်း မုန်တိုင်းဝင်ရောက်ခဲ့သည့် သာဓကများလည်းရှိကြောင်း၊ လက် ရှိ၌ ဘင်္ဂလားပင်လယ်အော်တောင် ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အပူ ချိန်သည် ပုံမှန်ထက် တစ်ဆင့်ပို မြင့်လျက်ရှိပြီး အပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်ရှိသည့်အတွက် မုန်တိုင်း ဖြစ်ရန် ပိုမိုအခြေအနေကောင်းလျက် ရှိကြောင်း၊ ၄င်းအပြင်မလက္ကာ ရေလက်ကြားဟုခေါ်သော ကော့သောင်းမြို့၏ တောင်ဘက် ပင်လယ် ပြင်၌ လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်နေသည့်အပြင် လေဖိအားနည်း ရပ်ဝန်းများ တန်းစီ၍ ဖြစ်ပေါ် နေသောကြောင့် နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် ၆ဝ ရာခိုင်နှုန်း သေချာနေသည့်အတွက် ကြိုတင်သတိပြု ကာကွယ်ရန် လိုအပ်သည်ဟု ဆိုသည်။ ”အရင်က မုန်တိုင်းတွေက ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း တွေမှာပဲဖြစ်တာများတယ်။

ဒါပေမဲ့ ရခိုင်ကို ဂီရိမုန်တိုင်းဝင်ပြီးတဲ့နောက် မှာ ရာသီဥတုပြောင်းသွားတာရှိတဲ့ အပြင်နေရာပါ တောင်ပိုင်းကို ပြောင်း လာတယ်။ ဒီလို ရာသီဥတု ဖြစ်စဉ်တွေ တောင်ပိုင်းကို ရွှေ့လာတဲ့အတွက် လေဖိအားနည်းရပ်ဝန်း မဖြစ် မချင်း မိုးရွာသွန်းမှုလျော့နည်းသွား မယ်။ ဒါပေမဲ့ မုန်တိုင်းဖြစ်ပြီ ဆိုရင်တော့ မိုးက ပြန်ရွာမှာပါ။ မုန်တိုင်းဖြစ်ဖို့ကလည်း အလားအလာတွေ ရှိနေတယ်။

နောက်တစ်ချက်က ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းဟာ တောင်ပိုင်းရောက်လေ ရေပြင်ဧရိယာ ပိုကျယ်လေဖြစ်တဲ့အတွက် တောင်ပိုင်းမှာသာ မုန်တိုင်းဖြစ်လာခဲ့မယ်ဆိုရင် ရေပြင်မှာ မုန်တိုင်းနေဖို့ အချိန်ပိုရတဲ့ အားကောင်းသော မုန်တိုင်းတစ်ခုအဖြစ်နဲ့ လာနိုင်လို့ ပိုကြောက်စရာကောင်းပါတယ်။ ဒါ့အပြင် နိုဝင်ဘာလို လမျိုးမှာ မုန်တိုင်းဖြစ်ရင် သင်္ချာလက္ခဏာ ဖြစ်တဲ့ ပါရာဘိုလာပုံစံလမ်းကြောင်း အတိုင်း အနောက်မြောက်၊ မြောက်၊ အရှေ့မြောက် စသည်ဖြင့် ကွေ့ကောက်ပြီး ဧရိယာကျယ်ကျယ် ပြန့်ပြန့်ကိုသွားတာ ဖြစ်တဲ့ အတွက် သတိထား စောင့်ကြည့်ဖို့တော့ လိုပါမယ်”ဟု ၄င်းက ထပ်လောင်း ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ မိုးလွန်ကာလဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်ပေါ်ပါက မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြေမှာ ၈ ရာခိုင်နှုန်းသာရှိကြောင်း၊ သို့ရာတွင် ထိုကာလအတွင်း မုန်တိုင်းဝင်ရောက်ခဲ့ပါက မိုးကြိုကာလ မုန် တိုင်းများထက် ပိုမိုအားကောင်း လျက်ရှိသည့်အပြင် အပျက်အစီး ဆုံးရှုံးမှုလည်း ပိုမိုများပြားနိုင် ကြောင်း သိရသည်။

သတင်း...သူရထွန်း

ယခုရက် ကာလအတွင်း၌ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လုံခြုံရေးစစ်ဆေးမှု ယခင်ကထက် ပိုမိုစစ်ဆေးလာကြောင်း သိရ

အဝေးပြေး ကားဂိတ်များ၊ ရှော့ပင်းစင်တာကြီးများနှင့် လူစည်ကား ရာနေရာများတွင် ယခင်ကာလများထက် လုံခြုံရေးများ တိုးမြှင့်ချထားရေးနှင့်အတူ စစ်ဆေးမှုအပိုင်းတွင်လည်း ပိုမို၍ တင်းကြပ်စွာ စစ်ဆေး ဆောင်ရွက်လာကြောင်း သိရှိရသည်။

ယခုလကာလတွင် လူစည်ကားရာ နေရာများဖြစ်သည့် စေတီပုထိုးများ၊ ရုပ်ရှင်ရုံများ၊ ရှော့ပင်းစင်တာများ၊ အခြေခံပညာကျောင်းများ၊ အဝေးပြေးကားဂိတ်များတွင် လုံခြုံရေးများပိုမို၍ ချထားခြင်းနှင့်အတူ စစ်ဆေးမှုအပိုင်းမှာလည်း တိကျ တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်လာကြောင်း စစ်ဆေးတွေ့ရှိလာကြောင်း စုံစမ်းသိရှိရသည်။

ထို့အတူ မ.ထ.သ အဝေးပြေး လက်ထောက်ဌာနမှူးဖြစ်သူ ဦးမျိုးဝင်းက "အခုရွေးကောက်ပွဲ ကာလရက်အတွင်းမှာ ကျွန်တော်တို့နဲ့အတူ သက်ဆိုင်ရာဌာန အသီးသီးက အဝေးပြေးကားဝင်း တစ်ခုလုံးမှာ စစ်ဆေးမှုတွေ အရင်ကထက်ပိုပြီးဆောင်ရွက် နေပါတယ်။ ခရီးသည်တစ်ဦးက ခရီးသွားမယ်ဆိုရင် နိုင်ငံသားစိစစ် ရေးကတ်ပြားပါရမယ်။ ဒါမှမဟုတ်ဘူးဆိုရင် သက်သေ အထောက်အထား တစ်ခုပါရမယ်။ နောက်ပြီးတော့ သူတို့နဲ့ ပါလာမယ့် အထုပ်အပိုးတွေကို စစ်ဆေးသွားမယ်။ ဒါ့အပြင် ပါဆယ်ပုံးတွေ၊ စာအိတ်တွေကိုလည်း တိကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။

အလားတူ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ လုံခြုံရေးမီးသတ်ဌာ နမှ ဌာနမှူးဖြစ်သူ ဦးထွန်းအောင် ငွေကလည်း "အခုကာလမှာ ဘုရား ကြီးရဲ့ စောင်းတန်းတွေ အကုန်လုံး မှာ သင့်လုံခြုံမှုအတွက် စစ်ဆေးပေးနေပါတယ်။ ကြည်ဖြူစွာဖြင့် စစ်ဆေးမှုကို လက်ခံပါ၊ မိုင်းသတိရှိပါ စတဲ့ သတိပေး ဆိုင်းဘုတ်ကို ကပ်ထားပြီးတော့ ကျွန်တော်တို့ဆီက ၀န်ထမ်းတွေအပြင် တခြားဝန်ထမ်းတွေ အကုန်လုံးက ဘုရားကိုလာတဲ့ ဘုရားဖူးလာသူတွေ အေးချမ်းစွာ ကုသိုလ်ယူနိုင်ဖို့အတွက် စစ်ဆေးမှုတွေကို ဆောင်ရွက်ပေးနေပါတယ်။ အဓိကကတော့ ဒီလို စစ်ဆေးပေးရခြင်း အကြောင်းအရင်းက စစ်ဆေးတဲ့သူ တွေကလည်း အမြဲတမ်းသတိရှိနေဖို့။ စစ်ဆေးခံရတဲ့ ဘုရားဖူးတွေက လည်း အမြဲတမ်း သတိရှိစေဖို့အတွက် ဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း ၀န်ထမ်းတွေကိုအရင်ကထက် ပိုမိုတိုးချဲ့လာပါတယ်" ဟု ယခု ကာလ၌ စစ်ဆေးရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်ဟု news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

မသမာတဲ့နအဖရဲ့ရွေးကောက်ပွဲဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်ကြိုတင်မဲများကို ပယ်ဖျက်ပေးရန်နိုင်ငံရေးပါတီများ၊ကျော်ကြားသူများနှင့်ဂျာနယ်လစ်များ တောင်းဆို

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ခမောက်ပါတီကို ပြည်သူတွေက အနိုင်မဲတွေ တစ်ခဲနက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒပေါ် အခြေမခံဘဲ ကြိုတင်မဲဆိုတဲ့ လက်နက်ပုံးတွေနဲ့ ပြည်သူ့ဆန္ဒကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ကြပါပြီ။ ဒါဟာ ပြည်သူ့ဆန္ဒကို မထေမဲ့မြင်ပြုတာ၊ ပြည်သူတွေအပေါ် အာဏာနောက်ခံနဲ့ ငါတကောကောတာ။ ကမ္ဘာ့အလယ်မှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အရှက်ရစေတဲ့ ဂုဏ်သိက္ခာမဲ့မှုကြီးကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခမောက်ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဥပဒေဘောင်အတွင်းက အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုပဲဖြစ်နေပါစေ ခမောက်ပါ တီဟာ နိုင်ငံရေးမှာ မရှုံးဘူးဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျွန်တော်တို့ နိုင်ငံရေးနောက်ကျော မလုံစရာ မရှိပါဘူး။ ခမောက်ပါတီဟာ မဲခိုးပြီး အနိုင်ရဖို့ ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့အတွက်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အတူ ပြည်သူကို ကျောမခိုင်းဘဲ နိုင်ငံရေးခရီးကို ဆက်လျှောက်မယ်ဆိုတာ မိဘပြည်သူများကို အသိပေး ကတိပြုပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

ကြိုတင်မဲများကို ပယ်ဖျက်ပေးရန် တောင်းဆိုသွားရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက"ကြိုတင်မဲတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားပါမယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

"တချို့မဲရုံတွေကိုတော့ ကန့်ကွက်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အပြောင်းအလဲက သိပ်အလားအလာမမြင်ဘူး"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းထွန်းအေးက ပြောကြားခဲ့သည်။

"ကြိုတင်မဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့ပါတယ်။ ကြိုတင်မဲတွေကို ပယ်ဖျက်ပေးသွားဖို့အတွက် တောင်းဆိုသွားဖို့ အစီ အစဉ်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ Press ခေါ်ပြီး ပြည်သူလူထုကို အသိပေး ပြောကြားသွားဖို့ရှိပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောကြားခဲ့ပါသည်။

"အခုလတ်တလောမှာတော့ ဌာနချုပ် အစည်းအဝေးလုပ်နေပါတယ်။ ဌာနချုပ်အစည်းအဝေးမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြိုတင်မဲအခြေအနေ၊ မဲရုံတွေမှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ကြိုတင်မဲတွေအတွက် ကန့်ကွက်စာ တင်ထားပါတယ်။ ကြိုတင်မဲတွေကို ပြန်စစ်ခွင့်ပေးရင်တော့ Fair ဖြစ်တယ်လို့ ယူဆပါမယ်။ ပြန်စစ်ခွင့်မရဘူးဆို ရင်တော့ Unfair ပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ခိုင်လုံတဲ့အကြောင်းပြချက်၊ ခိုင်လုံတဲ့အချက်အလက်တွေရအောင် ကြိုးစားနေပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လွင်ဦးက ပြောပြပါသည်။

"ကြိုတင်မဲဆိုတာက လိမ်ဆင်ကြီးပဲ။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲဆိုတာလည်း စကတည်းက တရားမျှတမှုမှ မရှိတာ။ မတရားတာကို မတရားဘူးလို့လဲ ပြောထားပြီးပါပြီ။ ဒီလိုမတရားမယ်မှန်းသိလျက်ရဲ့ ၀င်ပြိုင်တဲ့သူတွေ၊ အပေါက်ကျဉ်းကျဉ်းလေးကနေ ၀င်တိုးခဲ့တဲ့သူတွေ အခုကျတော့ ကျောချမှဓါးပြမှန်းသိတာ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် သူတို့တွေ ဒီလိုခံရလို့ ၀မ်းသာနေမှာတော့ မဟုတ်ပါဘူး။ သူတို့ဘက်က နာပါတယ်။ စကတည်းက မတရားတာကို လက်မခံတာဖြစ်တဲ့အတွက်ကြောင့်လည်း ကြိုတင်မဲဆိုတာနဲ့ မတရားလုပ်တာကိုလည်း လက်ခံစရာ အကြောင်းမရှိပါဘူး။ ရွေးကောက်ပွဲဝင်တဲ့သူတွေက မတရား သဖြင့်လုပ်တဲ့ ကြိုတင်မဲကိစ္စကို ကန့်ကွက်တယ်ဆိုရင်လည်း လုပ်သင့်တယ်လို့ပဲ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး ဦးသာဘန်းက ပြောပြသည်။

"ကြိုတင်မဲကိစ္စတွေက ကြားနေရတဲ့အတိုင်းဆိုရင် တော်တော်ကို ဗြောင်ကျကျနဲ့ ညစ်ပတ်စွာ လုပ်ဆောင်နေတာပဲလို့ မြင်တယ်။ ဒီလို ညစ်ပတ်လိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပေမယ့် ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လိမ့်မယ်လို့ ထင်မထားဘူး။ ဒီကိစ္စကို ပါတီတွေကသာမက မဲဆန္ဒရှင်တွေကလည်း ကန့်ကွက်သင့်တယ်။ ကော်မရှင်က အရေးမယူဘူးဆိုရင် တရားဥပဒေအရ တရားစွဲဆိုနိုင်မယ့် လုပ်ဆောင်မှုတွေ လုပ်သွားကြရလိမ့် မယ်လို့ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ပြောပြပါသည်။

"ကျွန်တော့်အိမ်ပတ်ဝန်းကျင်က မဲရုံတွေမှာလည်း ကြိုတင်မဲတွေ ထပ်ရောက်လာပြီး စောစောက နိုင်ထားတဲ့သူတွေ ရှုံးသွားတယ်လို့ ကြားရတယ်။ ကြိုတင်မဲဆိုတာ အဲလို ထပ်ရောက်လာပြီး ဘယ်က ရောက်လာမှန်းမသိ။ ဘာမှန်းမသိ။ ဘယ်သူပေးမှန်းလည်း မသိဘူး။ ပြီးတော့ အဲဒါတွေနဲ့ပဲ နိုင်သွားတယ်။ ဒါ့ကြောင့် ကြိုတင်မဲတွေ အကုန်လုံးကို သေချာပြန် စိစစ်ပြီးတော့ လုပ်သင့်တယ်။ ကြိုတင်မဲဆိုတာ အသင့်ဆောင်ထားပြီး လိုကာမှထပ်ဖြည့်တဲ့ ပုံစံဖြစ်နေတယ်" ဟု ကာတွန်းအော်ပီကျယ်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့က ဒီရွေးကောက်ပွဲကနေ လက်တွေ့ကျတဲ့ ပြောင်းလဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ တကယ် ယုံကြည်ထားတာ။ ဒါကြောင့်လည်း ပြည်သူတွေ မဲပေးဖို့တိုက်တွန်းခဲ့တာ။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ကြုံတွေ့ခဲ့ရတာတွေကတော့ ကျွန်တော်တို့ ယုံကြည်သလို မဟုတ်ခဲ့ပါဘူး။ အများယုံကြည်လက်ခံနိုင်တဲ့ ရလဒ်ဖြစ်ဖို့ သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေနဲ့ မလျှော်ညီတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ဖြေရှင်းပေးသင့်ပါတယ်" ဟု Weekly Eleven News ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။

"ဗဟန်းမှာ ခမောက်ရှုံးစရာ မရှိပါဘူး။ ဒါပေမယ့် ရှုံးတယ်ဆိုလို့ အံ့သြရပါတယ်။ မဲရုံအမှတ် ၂ မှာ မဲ ၂၅၀ နဲ့နိုင်နေတယ်။ ကြိုတင်မဲ ၁၀၀ ကျော်ထပ်ရောက်လာတဲ့အထိလည်း နိုင်နေသေးတယ်။ မြို့နယ်ကော်မရှင် ရုံးရောက်မှ မနိုင်တော့ဘူးဆိုတော့ ကိုယ်တိုင်မဲပေးခဲ့သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ပါဘူး" ဟု ဗဟန်းမြို့ နယ်တွင် နေထိုင်သူမဲဆန္ဒရှင်တစ်ဦးက ပြောပါသည်။

ကြိုတင်မဲနှင့်ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ

၅၁။(က) ရွေးကောက်ပွဲကျင်းပသော နေ့ရက်၌ မိမိနှင့်သက်ဆိုင်သည့် မဲဆန္ဒနယ်၏ ပြင်ပသို့ ခရီးဝေးသွားရန်၇ှိသူတစ်ဦးသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ကြိုတင်၍ ဆန္ဒမဲပေးနိုင်သည်။

(ခ) (၁) ရွေးကောက်ပွဲကျင်းပသောနေ့ရက်၌ မဲဆန္ဒနယ်အတွင်းတွင် ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်စွမ်းမရှိသော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများရှိပါက သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မိမိအဖွဲ့ဝင်နှစ်ဦးကို စေလွှတ်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်က ဆန္ဒမဲပေးလိုကြောင်း ပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ယင်းသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုယ်တိုင် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ရေးသွင်းရန် အခက်အခဲရှိလျှင် မဲစာရင်းတွင်ပါရှိသော ယင်းပုဂ္ဂိုလ်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊သားသမီးညီအစ်ကိုတစ်ဦးဦးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ဆန္ဒအတိုင်း ယင်း၏ရှေ့မှောက်တွင် ရေးသွင်းရမည်။ ထိုသို့ကူညီမယ့်သူမရှိလျှင် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ရှေ့မှောက်တွင် ယင်းပုဂ္ဂိုလ်က ညွှန်ကြားသည့်အတိုင်း ရေးသွင်းရမည်။

(၂)အချုပ်ခံနေရသူနှင့် ပတ်သက်လျှင် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူးကို သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအဖွဲ့ခွဲက ဆက်သွယ်၍ အချုပ်ခံနေရသူများ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ရဲအချုပ်စခန်း (သို့မဟုတ်) အကျဉ်းစခန်းအကြီးအမှူးသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ယင်းအချုပ်ခံနေရသူများ ဆန္ဒပြုပြီးသော လက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။

(၃)ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာနှင့်ပတ်သက်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ဆေးရုံတာဝန်ခံနှင့် ဆက်သွယ်ရမည်။ ဆေးရုံတာဝန်ခံသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ဆေးရုံရှိ သက်ဆိုင်ရာ အတွင်းလူနာ၏ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ပါ စာအိတ်ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။

(၄)နည်းဥပဒေခွဲ ငယ်(၂)နှင့်(၃)ပါ ကိစ္စရပ်များအတွက် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူး သို့မဟုတ် ဆေးရုံတာဝန်ခံတို့သည် ဤနည်းဥပဒေခွဲပါ မဲဆန္ဒရှင်များအား ယင်းတို့၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ပြီး ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲနေနိုင်ကြောင်း ဦးစွာရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒမဲပေးလိုကြောင်းပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရမည်။

(ဂ) ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်။

(ဃ) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်။ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၃)နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီပေးပို့ရမည်။ ယင်းပုံစံ ၁၃များ တွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကိုသိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်။

၅၂။ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ(၁၃)ပါ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည်။

၅၃။ (က) ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကိုကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ မဲရုံမှူးကသင့်လျော်သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့် ကွက်မဲစာရင်းပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲ လက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်။ ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင်ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့်မပြုရ။

(ခ) မဲရုံမှူးသည် ဆန္ဒမဲပေးခွင့်ပြုသည်ဖြစ်စေ ဆန္ဒမဲပေးခွင့်မပြုသည်ဖြစ်စေ ထိုအကြောင်းအရာများနှင့် မိမိ၏ဆုံးဖြတ်ချက်တို့ကို ကန့်ကွက် မဲစာရင်းပုံစံ(၁၄)တွင်ရေးမှတ်ထားရမည်။

အခန်း(၁၁)

မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း

၅၄။ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင့်ခွင့်ရှိသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။-
(က) တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ
(ခ) မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ
(ဂ) မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ
(ဃ) မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
(င) အချုပ်ခံနေရသူများ၊
(စ) ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများ၊
(ဆ) အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ၊


သတင်းရင်းမြစ်..news-eleven.

မြဝတီမြို့ခံ မြန်မာပြည်သူ တွေ ရဲ့ ဘဝ စိုးရိမ်ထိတ်လန့်နေဆဲ


မြဝတီမြို့ခံ မြန်မာပြည်သူများ စိုးရိမ်ထိတ်လန့် စွာဖြင့် ကမ်းပေါ်ပြေးတက်နေသော ယနေ့မြင်ကွင်း

မနေ့က DKBA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မြ၀တီမြို့မှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲ အကြီးအကျယ် ဖြစ်တဲ့ အခြေအနေတွေကို မတွေ့ရဘဲ အခြေအနေတွေဟာ အင်မတန် တင်းမာနေပြီး ရှုပ်ထွေးနေပါတယ်။ နေ့လယ်ပိုင်းမှာတော့ အခြေအနေက ငြိမ်သက်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေထဲက တချို့ မြန်မာပြည်ဘက်ကို ယာယီ ပြန်လာနေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မြ၀တီမြို့မှာ ငြိမ်သက်မှု ရှိသွားပြီလို့ ဆိုပေမဲ့ လူထုကတော့ အခုချိန်ထိ စိုးရိမ် ထိတ်လန့်နေသလို မဲရုံမှာ လုပ်အားပေးနေရသူတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွလည်း ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြ၀တီမြို့ခံ လူထုထဲက ၄၀,၀၀၀ လောက် နီးပါးဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ ထိုင်းနယ်ခြားစောင့်တပ် ၀င်းထဲမှာ မနေ့က ခိုလှုံခဲ့ကြပြီး ဒီနေ့မှာတော့ မိမိတို့ရဲ့ အိမ်ရာတွေဆီ ပြန်နေကြသူတွေလည်း ရှိနေပါတယ်။ မြ၀တီဘက်က ပုန်းအောင်းနေသူတွေကတော့ မနက်က လက်နက်ကြီးသံတွေကြောင့် စိုးရိမ် ပူပန်နေဆဲ ဖြစ်ကြောင်း မြ၀တီမြို့မှာ နေထိုင်နေဆဲ ပြည်သူတဦးက အခုလို ပြောပါတယ်။

မြဝတီဘက် ကမ်းကို မဲဆောက်ဘက်မှ စတင်ပြီးပြန်လည်ဝင်ရောက်သော မိုးကုတ်ဂိတ်မှမြန်မာပြည်သူများ

“၇ နာရီ၊ ၈ နာရီလောက်ကတော့ လက်နက်ကြီး လေးငါးခြောက်ချက်လောက် ကြားတယ်။ အခုပဲ လူတွေ အထုပ်တွေ အပိုးတွေပြင်ပြီး ပြေးနေကြတယ်။”

အခုဆိုရင် မြ၀တီမှာ စစ်တပ်နဲ့ DKBA တိုက်ပွဲတွေနဲ့ ရှုပ်ထွေးနေသလို ရွေးကောက်ပွဲကာလ မဲမသမာမှုတွေနဲ့ မှတ်ပုံတင် ယူခိုင်းပြီး မှတ်ပုံတင်နံပါတ်နဲ့ အနိုင်ကျင့် မဲထည့်ခိုင်းတဲ့အတွက် ရပ်ကွက် အာဏာပိုင်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီကို မြ၀တီ လူထုတွေက မုန်းတီးမှုတွေဖြစ်ပြီး ဒါးနဲ့ထိုးတဲ့ အဖြစ်တွေလည်း ဖြစ်ပေါ်နေပါတယ်။

မနေ့ကတော့ ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ် ကိုယ်စားလှယ်လောင်းရဲ့ ဖခင် ပစ်သတ်ခံရပြီး သားဖြစ်သူလည်း ရှောင်ပြေးနေရသလို မဲရုံမှူး၊ မဲရုံစောင့်တွေလည်း သူတို့ကို ဘယ်သူတွေက လာသတ်မလဲဆိုပြီး စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

“ကြံ့ခိုင်ရေး အလုပ်အမှုဆောင်၊ သူ့အဖေဆိုရင် မနေ့က တံတားနားမှာ နားထင်ကို သေနတ်နဲ့တေ့ပြီး ပစ်ခံရတယ်။ ပွဲချင်းပြီး သေသွားတယ်။ သူ့သားကတော့ ခရိုင်အလုပ်အမှုဆောင်ပေါ့၊ သူလည်း လွှတ်တော်အမတ်ပဲ။ သူ့ကိုလည်း အခု မဲပြီး လိုက်နေတာပေါ့။ သူကတော့ အရင်တုန်းက ဒီမှာ ဆရာကြီးပေါ့၊ တော်တော်များများ ထောင်ထောင် ထောင်ထောင် လုပ်တဲ့လူ။

“အခု မြ၀တီမှာတော့ ကြံ့ခိုင်ရေးနဲ့ မဲပုံးစောင့်တဲ့ ဆရာမတွေကို အဓိကထားပြီး လိုက်သတ်နေတယ်။ မဲပုံးစောင့်တဲ့ ဆရာမတွေ တော်တော်များများလည်း ကြောက်နေကြရတယ်။ သူတို့ခိုင်းလို့ လုပ်ရတာ၊ သူတို့က ဘာသိမလဲ။ သူတို့က မဲပုံးစောင့်ပေးတယ်၊ မဲမသမာမှုတွေကို မျက်ကွယ်ပြုထားတယ်ဆိုပြီး သူတို့ကို မဲတာပေါ့။ မဲပုံးစောင့်တဲ့ ဆရာမတွေရော၊ ရပ်ကွက်လူကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရော ကြောက်နေကြတယ်။

“မြ၀တီဘက်မှာတော့ အမှတ် ၄ ဥက္ကဋ္ဌ ကိုထွန်းထွန်းဆိုရင် သူ့မိန်းမနဲ့ ပတ်သက်တဲ့ မိသားစုတွေ အများကြီးရှိတယ်၊ ဈေးဆိုင်တွေ။ အဲဒီဈေးဆိုင်တွေပါ အကုန် သော့တွေခတ်ပြီး သူတို့ကတော့ ရှာလို့မရတော့ဘူး၊ ပျောက်နေတယ်။”

မြ၀တီမြို့ကို မော်လမြိုင်ဘက်က လာတဲ့ စစ်တပ်အင်အားတွေနဲ့ တိုးချဲ့ ချထားလိုက်ပါတယ်။ စစ်တပ်တွေ နေရာယူပြီ ဆိုတာနဲ့ စစ်တပ်ကိုရှောင်ပြီး ပြေးနေရတယ်လို့ မြ၀တီက ပုန်းအောင်းနေသူက ဆက်ပြောပြပါတယ်။

“စစ်တပ်က စကခ ၁၂ က၊ တပ်ရင်း ၃ ရင်း၊ တပ်သားအင်အားက ၆၀၀ ကျော်တယ်တဲ့။ လူတွေက စစ်တပ်တွေ ရောက်လာတယ်ဆိုရင် စစ်တပ်နဲ့ ဝေးတဲ့နေရာ ပြေးကြတာပေါ့။ မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်ဆိုတာ တအားကျယ်တယ်၊ အဲဒီဟိုဘက်မှာ ရာဘာခြံတို့၊ ကျွန်းတောတို့၊ သီဟိုဋ်ခြံတို့ဆိုတာ ရှိတယ်။ အဲဒီမှာ သူတို့ သွားပြီး နေကြတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ ဟိုးဘက်မှာ မြေနီကုန်းဆိုတာ ရှိသေးတယ်။ မြေနီကုန်းရွာတို့၊ ဘုရားကုန်းတို့မှာ သွားနေကြတယ်။”

နောက်ဆုံး အခြေအနေအရ ထိုင်းနယ်ခြားစောင့်တပ် ၀င်းထဲကို ဒုက္ခသည်တွေ လာနေတာတွေလည်း ရှိသလို အဲဒီနေရာတွေကနေ အိမ်တွေကို စိတ်မချလို့ ပြန်နေကြသူတွေလည်း ရှိပါတယ်။ မြ၀တီထဲက DKBA တွေ ပြန်ဆုတ်ခွာသွားတယ် ဆိုပေမဲ့ အခြေအနေတွေက အေးဆေးတဲ့ အခြေအနေမျိုးတွေ မတွေ့ရသေးပါဘူး။ ဒီနေ့မနက်မှာ လက်ဘက်ရည် ထွက်သောက်တဲ့ စစ်သား ၂ ဦး ပစ်သတ်ခံရပြီး တခြား အရပ်သား ၂ ဦးလည်း သေဆုံးမှုရှိကြောင်း မြ၀တီဆေးရုံကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ယနေ့ ညနေစောင်း မြဝတီမြို့ အခြေအနေ

မနက်ပိုင်းမှာပဲ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၄ ဦးရဲ့ သေနတ်တွေကိုလည်း စစ်တပ်က သိမ်းလိုက်ပါတယ်။ ဒီအတွက် နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တွေကိုသာမက နယ်ခြားစောင့်တပ်လုပ်ဖို့ ငြင်းဆန်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီနဲ့လည်း ထပ်မံ ပြဿနာတက်နိုင်ဖွယ် ရှိနေပါတယ်။

နောက်ဆုံးသတင်းတွေအရ မြန်မာစစ်တပ်ကတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နှုတ်ခမ်းမွေးရှိတဲ့ နေရာဖြစ်တဲ့ ၀ါးလေဆိုတဲ့ နေရာကို ပိုက်စိပ်တိုက်ရှာပြီး ချေမှုန်းရေးလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံဘက်ခြမ်း ဖွတ်ဖရမြို့နယ်ထဲမှာ ဒုက္ခသည်တွေ ၁,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်မှု ရှိနေပါတယ်။

သတင်း....VOA

ဓာတ်ပုံ...မြတ်လေးငုံ

09 November 2010

မြဝတီမြို့ မှ ခေတ္တတိမ်းရှောင်နေကြသော မြန်မာပြည်သူများအား မြဝတီ မြို့သို့ ပြန်လည်မပို့ ဆောင်စဉ် သတင်းဓာတ်ပုံ









ယနေ့ နေ့လည် ( ၂ )နာရီမှစ၍ မြန်မာပြည်သားများအား ပြန်လည် ပြီး မြဝတီမြို့သို့ ပို့ဆောင်နေပါသည်။