21 August 2010

ပုသိမ်တွင် ၁၄ ပေ ကုန်တင်ယာဉ်များ ကုန်ချိန်ခပေးနေရ၍ ပြန်လည် စစ်ဆေးပေးစေလိုဟုဆို

ပုသိမ်မြို့အတွင်းသို့ တိုက်ရိုက်ဝင်ခွင့်ရှိသော ၁၄ ပေ ဒိုင်နာယာဉ်များကို ကုန် မချိန်ဘဲ ကုန်ချိန်ခဟုဆိုကာ ကားတစ်စီးလျှင် ကျပ် ၅ဝဝဝ ကျော် ကောက် ခံနေကြောင်း၊ ကုန်တင် ယာဉ်လုပ်ငန်းတွင်လုပ်ကိုင်သူ ဦးအောင်ကိုကဆိုသည်။

အရင်တုန်းကလည်း ကုန်မချိန်ဘဲ သုံးတန် အောက် ၁၄ ပေ ဒိုင်နာတွေ ကို ပြည်တွင်းကုန်တင်ကုန် ချအလုပ်သမားအဖွဲ့က ကျပ် ၅၆ဝဝ ကောက်ခံတယ်။ ဒါတွေကို သက်ဆိုင်ရာက ဒီနှစ် ၂ဝ၁ဝ ဧပြီလမှာ သက်ဆိုင်ရာက စစ်ဆေးအ ရေးယူခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း အခု ဇူလိုင်လ မှာပုသိမ်ကားကြီးဝင်းအ တွင်း တိုက်ရိုက်ကုန်ချခွင့် မပြုဘူး။ ကုန်ချိန်ခဆိုပြီး ကျပ် ၅၂ဝဝ ကောက်ခံနေ ပါတယ်။ အရင်လို သက် ဆိုင်ရာက ပြန်လည်အရေး ယူပေးစေချင်ပါတယ် ဟု ၄င်းက ထပ်မံပြောပြသည်။

ရန်ကုန်မှ ပုသိမ်သို့ ၁၄ ပေ ဒိုင်နာယာဉ်တစ်စီး ကုန်တန်ဆာခသည် တစ် သိန်းနှစ်သောင်းကျော်သာ ရှိသော်လည်း၊ ပုသိမ်ကား ကြီးဝင် အဝင်လမ်းစုံတွင် ပုသိမ်ကားအသင်း ကြေး၊ မထသကြေး၊ ကွင်းကြေးနှင့် မြို့ရှောင်လမ်းကြေး လေး ထောင်ကျော် ပေးဆောင် ရကြောင်း သိရသည်။ ယခု လို ကုန်မချိန်ဘဲ ကုန်ချိန်ခ ကျပ် ၅ဝဝဝ ကျော် ပေး ဆောင်ရခြင်းနှင့်ပေါင်းလျှင် စုစုပေါင်း ကျပ် တစ် သောင်းနီးပါးကုန်ကျနေသော ကြောင့် ကုန်စည်စီးဆင်းမှု ကို အဟန့်အတားသဖွယ် ဖြစ်နေကြောင်းသိရသည်.။

တင်ဇာဦး

ပြည်တွင်းက ဆိုရှယ်နက်ဝါ့ခ် မြန်မာဖေ့စ်ဘုတ်ခ် စတင်ပြုလုပ်

ပြည်တွင်းက ဆိုရှယ်နက်ဝါ့ခ် သုံးသူတွေအတွက် ရည်ရွယ်ထားတဲ့ မြန်မာဖေ့စ်ဘုတ်ခ် www.myanmarfacebook.com ကိုလာမယ့် စတင်ဘာလ ၁ ရက်နေ့မှ စတင်လွှင်တင်မယ်လို့ သိရပါတယ်။ MMFB (မြန်မာဖေ့စ်ဘုတ်ခ်ဆိုက်) အနေနဲ့မြန်မာနိုင်ငံသားတွေ အပန်းဖြေရေးနဲ့အတူ ပြည်ပက ဆိုရှယ်နက်ဝါ့ခ်ကင်း ဆိုက်တစ်ခုဖြစ်တဲ့ face book ဆိုက်ကိုပြည်တွင်းက MMFB နဲ့ အစားထိုးနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုတယ်။ Facebook ဆိုက်ကို ယှဉ်ပြိုင်ကာ မဟုတ်ဘဲ မြန်မာတွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေပဲ သီးသန့် ရှိနေနိုင်မယ့် ဆိုက်တစ်ခုဖြစ်လာပြီး အသုံးပြုသူ အသင်းဝင်တွေ အနေနဲ့ MMFB ကိုလူမှုကွန်ရက်အတွက် သာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ရိုးရာယဉ်ကျေးမှုနဲ့ အထွေထွေ ဗဟုသုတတွေရှာမှီး လမ်းညွှန်နိုင်မယ့်နေရာတစ်ခု ဖြစ်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်တယ်လို့ သိရကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဝါရင့် ရှမ်း နိုင်ငံရေးသမားကြီး ဦးရွှေအုံး ကွယ်လွန်


ဝါရင့် ရှမ်း နိုင်ငံရေးသမားကြီး ဦးရွှေအုံး ဟာ သောကြာနေ့ ည ၇ နာရီ လောက် အချိန် ရန်ကုန် စမ်းချောင်း အရပ် မှာ ရှိတဲ့ သူ့ရဲ့ နေအိမ် မှာ အသည်း ကင်ဆာ ရောဂါ နဲ့ ကွယ်လွန် သွားပါတယ်။

သူဟာ မြန်မာပြည် လွတ်လပ်ရေး မရခင် ခေတ် သူ့ရဲ့ လူငယ် ဘဝကတည်း က နိုင်ငံရေး ထဲမှာ ပါဝင်လှုပ်ရှား ခဲ့သူ တဦး ဖြစ်ပြီး မြန်မာပြည် နိုင်ငံရေး သမိုင်းမှာ အရေး ပါတဲ့ ပင်လုံ ညီလာခံ ကို တက်ရောက် ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေး တိုက်ပွဲဝင်ကာလ က သူ ဟာ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် မှာ ဦးဆောင် လှုပ်ရှားခဲ့သူ တဦးပါ။

မြန်မာပြည် ကို စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် နိုင်ရေး အတွက် အမြဲလို ကြိုးပမ်း ခဲ့တဲ့ ရှမ်း နိုင်ငံရေး သမား တဦး ဖြစ်တဲ့ သူ ဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီ အင်အားစုတွေ ၊တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ ဝင်ရောက် ယှဉ်ပြိုင် ဖို့ အတွက် တွန်းအား ပေးခဲ့ ပါတယ်။

လာမယ့် ရွေးကောက်ပွဲ ကို ဝင် ရောက်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP ပါတီ ကို တည်ထောင်သူ တဦး ဖြစ်ပြီး အဲဒီ ပါတီ မှာ နာယက တဦးအဖြစ် ကွယ်လွန် ချိန် အထိ ဆောင်ရွက်ခဲ့ပါတယ်။

ဦးရွှေအုံး ဟာ အမှား ကို ဝန်ခံရဲ သလို စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် တစိုက်မတ်မတ် ကြိုးစား လာတဲ့ ရှာမှရှား တဲ့ သူရဲကောင်း တယောက် ဖြစ်တယ် လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေးပါတီ များ ပေါ်ထွန်းစဉ်ကာလမှာ သူဟာ ရှမ်းတိုင်းရင်း သား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပြီး ပြည်ထောင်စု တိုင်း ရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် UNLD ရဲ့ သဘာပတိ အဖွဲ့ဝင် တဦး ဖြစ်ခဲ့ ပါတယ်။

ဦးရွှေအုံး ဟာ ကွယ်လွန်ချိန် မှာ အသက် ၈၈ နှစ် ရှိပြီ ဖြစ်ပြီး ကိုယ်တပိုင်း လေဖြတ် ဝေဒနာ ခံစားနေရ သူ ဇနီးသည် နဲ့ သား သမီး ၄ ဦး ကျန်ရစ်ပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

နိုင်ငံပိုင်သတင်းစာဖြစ်သောသတင်းစာနာရေးသတင်း


ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို စက်တင်ဘာ ၁ရက်နေ့ မှစ၍ ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ စ၍ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလေဆိပ်များ၌ မည်သည့်နိုင်ငံသားတိုင်းမဆို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ဧပြီလ၃၀ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာ ပြောင်းလဲကျင့်သုံးရေးဆိုင်ရာ အစည်းအဝေးမှဆုံးဖြတ်ခဲ့သည့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များအရ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထို့သို့ပြုလုပ်ပြီး လေးလအကြာ စက်တင်ဘာ ၁ရက်နေ့တွင် ဆိုက်ရောက်ဗီဇာပေးခြင်းကို ယာယီ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာပေးခြင်းအား ယာယီရပ်နားထားရခြင်းတွင် ဗီဇာထုတ်ပေးပြီး လေးလတာကာလတွင်း ဆိုက်ရောက်ဗီဇာ အသုံးပြု ၀င်ရောက်ခဲ့သည့် ခရီးသည်အနေအထား၊ ၀င်ငွေရရှိမှုအခြေအနေ စသည်တို့ကို ပြန်လည်သုံးသပ်မည် ဖြစ်သောကြောင့် ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက စုံစမ်းသိရှိရသည်။

"ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို စက်တင်ဘာလ ၁ရက်နေ့က စပြီး ယာယီရပ်နားသွားပါမယ်။ ဗီဇာထုတ်ပေးခဲ့တဲ့ အချိန်အတွင်းမှာ ဘယ်နိုင်ငံက ဘယ်လူမျိုးတွေဝင် လာတယ်။ နိုင်ငံတော်အတွက် ၀င်ငွေက ဘယ်လိုရှိတယ် စသဖြင့် ဆိုက်ရောက်ဗီဇာနဲ့ ပတ်သက်တဲ့ အချက်တွေကို ပြန်သုံးသပ်ဖို့ရှိတဲ့ အတွက် သုံးသပ်နေတဲ့အချိန်အတွင်းမှာ ဆိုက်ရောက်ဗီဇာထုတ်ပေးမှုကို ခဏရပ်ထားတာ ဖြစ်ပါတယ်" ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

၎င်းကပင်ထပ်မံ၍ " ဘယ်အချိန်မှာ ပြန်ပြီး ဆိုက်ရောက်ဗီဇာ ပေးမလဲဆိုတာကတော့ မသိပါဘူး။ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ရပ်ထားတဲ့ ကာလအတွင်းမှာတော့ အရင်လိုပဲ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးရင် ဗီဇာပေးမှာ ဖြစ်ပါတယ်။" ဟု ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ချိတ်ဆက်ပျံသန်း ပြေးဆွဲလျက်ရှိသည့် နိုင်ငံတကာလေကြောင်း လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း" ဒီလကုန်ကစပြီး ဆိုက်ရောက်ဗီဇာ ထုတ်မပေးတော့ဘူးလို့ သိရတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ အခုချိန်ထိ သေချာမသိရသေးပါဘူး။ အနည်းဆုံး နှစ်လလောက်တော့ ရပ်ထားမယ်လို့ ကြားရတာပဲ။"ဟု သူကြားသိချက် ကို ပြောပြခဲ့သည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကြောင့် မြန်မာနိုင်ငံသို့ ယခုနှစ် ခရီးသွားရာသီတွင် ခရီးသွားများ ပိုမိုများပြားလာနိုင်သည့် အနေအထားရှိသည်ဟု သုံးသပ်မှုများရှိခဲ့ရာမှ လက်ရှိတွင်မူ ဗီဇာထုတ်ပေး မှုယာယီရပ်ဆိုင်းမည် ဖြစ်သည့်အတွက် ခရီးသွားများပြားချိန်အမှီ ဆိုက်ရောက်ဗီဇာ ပြန်လည်ထုတ်ပေးရန် မျှော်လင့်နေကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ သိရှိရသည်။

ဆိုက်ရောက်ဗီဇာ လျှောက်ထားသူများအတွက် ထုတ်ပြန်ထားသည့်အချက်အချို့

- မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုလိုင်စင် ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊တည်းခိုခန်းများတွင် နေထိုင်လည်ပတ်မည့်သူဖြစ်ရမည်။ တည်းခိုမည့် လိပ်စာကို အတိအကျဖော်ပြရမည်။

- ဆွေမျိုးများ၊ မိတ်ဆွေများ၏ နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံအပါအ၀င် တည်းခိုရန်နေရာရှိသူများ အနေဖြင့် လက်ခံမည့်သူ၏ လိပ်စာကို အတိအကျ ဖော်ပြရမည်။

- မိဘ၏ နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက် ၇ နှစ်အောက် ကလေးများကို မိဘနှင့်အတူ အခမဲ့ခွင့်ပြုသည်။ သီးခြားပတ်စ်ပို့ ကိုင်ဆောင်သူ အသက် ၇နှစ်အောက် ကလေးများကို ဗီဇာကြေးအခမဲ့ခွင့်ပြုမည်။

- တစ်ဦးချင်း လာရောက်လည်ပတ်သူ ဖြစ်ပါက ကိုယ်ပိုင်ငွေအနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀ ပါရှိကြောင်း တင်ပြနိုင်ရမည်။ မိသားစု အလည်အပတ် လာရောက်ခြင်းဖြစ်ပါက အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၀၀ပါရှိကြောင်း တင်ပြနိုင်ရမည် (သို့မဟုတ်) အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီမျှသော နိုင်ငံခြားသုံးငွေကို တင်ပြနိုင်ရမည်။

- ခွင့်ပြုချက်မရှိသော ကန့်သတ်နယ်မြေများကို သွားရောက်ခြင်းမပြုရ။ ဆိုသော ထိုသတင်းအား news-eleven. ဂျာနယ်တွင် ဖော်ပြထားပါသည်.။

စစ်အာဏာရှင်များမှ တိုင်း ဒေသကြီးများ ခေါ်ဝေါ် သုံးစွဲရန် သတ်မှတ်ခြင်း



ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ တိုင်း နှင့် ဒေသများ အဖြစ် ငြိမ်း အဖွဲ့ များအား ခွဲဝေ ပေးအပ်ခြင်း



စစ်အစိုးရမှ ပြည်ထောင်စု နယ်မြေ သတ်မှတ်ခြင်း



ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အမိန်ကြေငြာစာအမှတ် ၃၂၊ ၃၃၊ ၃၄/၂၀၁၀တို့ ကို သြဂုတ်လ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ယနေ့ညနေပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာမှ တစ်ဆင့်ကြေညာခဲ့သည်။

အမိန့်ကြေငြာစာ ၃၂/၂၀၁၀ အပြည့်အစုံမှာ တိုင်းဒေသကြီးများ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည်နေ့မတိုင်မီနိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉ ပါ ပြဌာန်းထားသည့်အတိုင်း


(က) စစ်ကိုင်းတိုင်းကို စစ်ကိုင်းတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊


(ခ) တနင်္သာရီတိုင်းကို တနင်္သာရီတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊


(ဂ) ပဲခူးတိုင်းကို ပဲခူးတိုင်းဒေကြီးအဖြစ်လည်းကောင်း၊


(ဃ) မကွေးတိုင်းကို မကွေးတိုင်း ဒေသကြီးအဖြစ်လည်းကောင်း၊


(င) မန္တလေးတိုင်းကို မန္တလေးတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊


(စ)ရန်ကုန်တိုင်းကို ရန်ကုန်တိုင်းဒေသကြီးအဖြစ်လည်းကောင်း၊


(ဆ)ဧရာဝတီတိုင်းကို ဧရာဝတီတိုင်းဒေသကြီးအဖြစ်လည်းကောင်း ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်လိုက်ကြောင်း ဟုဖော်ပြပါရှိပါသည်။

ဆက်လက်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အမိန့်ကြေငြာချက် အမှတ် ၃၃/၂၀၁၀ ကိုလည်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အဆိုပါကြေ ငြာချက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ရုံးစိုက်ရာမြို့များသတ်မှတ်ခြင်း၊


(၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၆ အရကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်းသတ်မှတ်ထား ကြောင်း ဖော်ပြထားပါသည်။


(က) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်းမြို့နယ်၊ နမ့်ခန်းမြို့နယ်၊ ပန်ဆန်း၊ ပန်ခန်းမြို့နယ် ခြောက်မြို့နယ်တို့ကို စုစည်းပြီး "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊


(ခ) စစ်ကိုင်းတိုင်းရှိလေရှီးမြို့ နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်း မြို့နယ်တို့ကို စုစည်းပြီး "နာဂ"ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ


(ဂ)ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ် နှင့်ပင်းတယမြို့နယ်တို့ကိုစုစည်းပြီး "ဓနု"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊


(ဃ)ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ စီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ကိုစုစည်းပြီး "ပအို့"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ။


(င)ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်ထုံမြို့နယ်တို့ကိုစုစည်း ပြီး "ပလောင်"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။


(စ) ရှမ်းပြည်နယ်ရှိကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကိုစုစည်းပြီး "ကိုးကန့်"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ။


၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သည့်ရက် မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည့်လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့် အညီ အပိုဒ်(၁)ပါအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် သတ်မှတ်လိုက်ကြောင်းနှင့် ၎င်းတို့၏ရုံးစိုက်ရာမြို့များကို အောက်ပါအတိုင်း သတ်မှတ်လိုက်ကြောင်း သိရသည်။


(က) "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွက် ဟိုပန်မြို့၊


(ခ) "နာဂ"ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွက် လဟယ်မြို့၊


(ဂ) "ဓနု"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ပင်းတယမြို့၊


(ဃ) "ပအို့"ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွက် ဟိုပုန်းမြို့။


(င) "ပလောင်"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွက် နမ့်ဆန်မြို့၊


(စ) "ကိုးကန့်"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွက်လောက်ကိုင်မြို့တို့ဖြစ်ကြောင်း ကြေညာချက်တွင်ပါ ၀င်ပါသည်။

ထို့ပြင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ သည်အမိန့်ကြေငြာစာအမှတ် ၃၄/၂၀၁၀ ကို ယနေ့ရက်စွဲဖြင့်ထပ်မံ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်း ဖြစ်ပါသည်။

ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ခရိုင်နှင့် မြို့နယ် များသတ်မှတ်ခြင်း။


(၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၄ တွင် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အုပ်ချုပ်ရေးနယ်မြေနှင့်ပတ်သက်၍ သတ်မှတ်ပြဌာန်းဖော်ပြထားပါသည်။


(၂)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့်အညီ အောက်ပါခရိုင်နှင့်မြို့နယ်များကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်လိုက်သည်။


(က) ခရိုင်၊


၁။နေပြည်တော်ခရိုင်


(ခ)မြို့နယ်များ


၁။ ဇေယျာသီရိမြို့နယ်


၂။ ဇမ္ဗူသီရိမြို့နယ်


၃။ ဒက္ခိဏသီရိမြို့နယ်


၎။ ဥတ္တရသီရိမြို့နယ်


၅။ ပုပ္ဗသီရိမြို့နယ်


၆။ ပျဉ်းမနားမြို့နယ်


၇။ လယ်ဝေးမြို့နယ်


၈။ တပ်ကုန်းမြို့နယ် တို့ဖြစ် ကြောင်းဖော်ပြပါရှိပါသည်။

အဆိုပါအမိန်ကြေညာစာ သုံးခုစလုံးတွင် အမိန့်အရ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး အတွင်းရေးမှူး(၁)နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ဖော်ပြပါရှိကြောင်း သိရသည်။

မြန်မာ့ တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ

မြန်မာ့ တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ





ရဲဘော်သုံးကျိပ် ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်သားတွေ နယ်ချဲ့ ဗြိတိသျှကို တိုက်ထုတ်ပစ်ဖို့ ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာချိန်ဟာ ဗမာ့ တပ်မတော်ရဲ့ ခေတ်သစ် သမိုင်းကို စတင် မွေးဖွားခဲ့ချိန် ဖြစ်ပါတယ်။ လက်နက်ခဲယမ်း မပြည့်မစုံနဲ့ အတွေ့အကြုံ နုနယ်ပြီး အင်အား မတောင့်တင်းသေးတဲ့ တပ်မတော်ဟာ ရှုပ်ထွေးလှတဲ့ မြန်မာ့နိုင်ငံရေး သမိုင်း အတက်အကျ အချိုးအကွေ့တွေကိုလည်း ကြုံတွေ့ ခဲ့ရတယ်။


ဗမာပြည် လွတ်လပ်ရေး မရခင် တနှစ်အလို ၁၉၄၇ ခုနှစ်မှာ မြန်မာ့ အမျိုးသား သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းကို သူ့ပြိုင်ဘက်တွေက ဗြိတိသျှ စစ်တပ် အရာရှိ တချို့ရဲ့ အကူအညီနဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။


အဲဒီ နောက်ပိုင်းမှာ တိုင်းပြည်ဟာ ဖရိုဖရဲနဲ့ ပြည်တွင်းစစ်ထဲ ကျရောက် ခဲ့ရတယ်။ သမိုင်းမှာ ထင်ရှားတဲ့ ရဲဘော် သုံးကျိပ်လည်း နိုင်ငံရေး အုပ်စုနှစ်ခုရဲ့ လွှမ်းမိုးမှုအောက်မှာ ပြိုကွဲ ခဲ့ရတယ်။


အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်ရဲဘက်တွေ ရောင်စုံ သူပုန်တွေနဲ့ ပူးပေါင်းဖို့ တောခို သွားချိန်မှာ ဗိုလ်ချုပ်နေဝင်းဟာ တပ်မတော်ကို ဦးဆောင် စုစည်းခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းဟာ ဗမာ့ တပ်မတော်ကို လယ်သမား၊ အလုပ်သမားနဲ့ မြန်မာပြည်သူ လူထုက ထူထောင်ခဲ့တာ ဖြစ်တယ်၊ ကြေးစား စစ်သားတွေနဲ့ ထူထောင်ထားတာ မဟုတ်ဘူးလို့ တခါက ဂုဏ်ယူပြီး ပြောခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်းဟာ သူ့စကားနဲ့သူ ချောင်ပိတ် မိခဲ့တယ်။


လမ်းပေါ်ထွက်ပြီး ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နှင်းဖို့ စစ်တပ်ကို အမိန့် ပေးခဲ့တယ်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် နိုင်ငံ မတည်မငြိမ် ဖြစ်လာတဲ့ အခါမှာ ဗိုလ်ချုပ်နေဝင်းဟာ မြန်မာ့ ရုပ်မြင်သံကြားကနေ "လူစုလူဝေးနဲ့ ဆူပူ သောင်းကြမ်းမှုတွေ လုပ်နေမယ် ဆိုရင် စစ်တပ် ဆိုတာ ပစ်ရင် ထိအောင် ပစ်တယ်၊ ခြောက်လှန့်ပြီး လေထဲ မပစ်ဘူး" လို့ တိုင်းပြည်ကို ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့်လည်း စစ်တပ်ဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ခါးပိုက်ဆောင်တပ်လို့ မြန်မာပြည်သူတွေ ပြောတာ အံ့သြစရာ မဟုတ်ပါဘူး။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်နေဝင်းမှာ စစ်တပ်နဲ့ ပတ်သက်ပြီး လုံးဝ ကွဲပြားတဲ့ အမြင်တွေ ရှိတယ်လို့ သမိုင်းဆရာတွေက ကောက်ချက် ချကြတယ်။ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး ပြည်သူ့ဘက်က ရပ်တည်ကြတဲ့ စစ်ခေါင်းဆောင်တွေ ရှိခဲ့ကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်ပေး သွားကြတဲ့ အမည်မသိ အညတြ ရဲဘော်တွေလည်း အများအပြား ရှိကြပါတယ်။

ကျနော့်ရဲ့သူရဲကောင်း
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

ဗိုလ်မှူးချုပ် ကျော်ဇော

ဗြိတိသျှ အုပ်စိုးတဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွား လာခဲ့တယ်။ အဲ့ဒီအချိန်က မြန်မာ့ လွတ်လပ်ရေး အတွက် နယ်ချဲ့ ဗြိတိသျှတွေကို ဆန့်ကျင် တွန်းလှန်တာဟာ မြန်မာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေး တာဝန်တရပ် ဖြစ်ပါတယ်။


ဗိုလ်ချုပ်ဟာ ဒီတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ခဲ့တယ်။ သူဟာ သူ့ပိုင်ဆိုင်မှု အားလုံးနဲ့ သူ့အသက်ကိုပါ စွန့်လွှတ် သွားခဲ့သူ ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ယုံကြည်ချက်ကနေ ဘယ်တော့မှ သွေဖည် မသွားဘဲ စွဲစွဲမြဲမြဲ လုပ်ကိုင်သွားသူ ဖြစ်တယ်။ သူ ကျဆုံးသွားချိန် အထိ ဘဝ တလျှောက်လုံး နယ်ချဲ့ကို ဆန့်ကျင်ခဲ့သူ ဖြစ်တယ်။ နယ်ချဲ့ ဗြိတိသျှတွေနဲ့ စေ့စပ် ညှိနှိုင်းလို့ ယုံကြည်မှု တည်ဆောက်ခဲ့ပေမယ့် မြန်မာပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရဖို့ အတွက်ကို ဘယ်လို အပေးအယူမှ မရှိခဲ့ဘူး။


ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကို တိုက်ယူရာမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ လုပ်ငန်းကို အမျှော်အမြင် ရှိရှိနဲ့ အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်။ အင်အားကြီးတဲ့ ရန်သူကို တိုက်ဖို့ အတွက် စစ်တပ်တတပ် လိုတယ် ဆိုတာ သဘောပေါက်တယ်။ ဒါကြောင့် သူ့ခေါင်းဆောင်မှု အောက်မှာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို လူ ၃၀ နဲ့ စတင် ဖွဲ့စည်းခဲ့တယ်။ လအနည်းငယ် အတွင်း ဗမာ့ လွတ်လပ်ရေး တပ်မတော်ဟာ တပ်သားသစ် ထောင်ပေါင်း များစွာကို စုဆောင်း နိုင်ခဲ့တယ်။


စစ်တပ်ကို ဖွဲ့စည်း ထူထောင် ခဲ့ပြီးနောက် ခေတ်မီ တပ်မတော် ဖြစ်လာအောင်လည်း တပ်မတော် လေ့ကျင့်ရေးကျောင်းနဲ့ စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့တယ်။ တပ်မတော်ကို ခိုင်မာတဲ့ အဖွဲ့အစည်း တခု ဖြစ်လာအောင် ဖန်တီးခဲ့တာ ဗိုလ်ချုပ် အောင်ဆန်း ဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ဟာ အနာဂတ် တပ်မတော်ကို နိုင်ငံရေးနဲ့ ကင်းကင်း နေသင့်တယ် ဆိုပြီး လမ်းညွှန် ခဲ့ပါတယ်။


နိုင်ငံရေး မျက်နှာစာမှာလည်း ဗိုလ်ချုပ်ဟာ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ အင်အားစုတွေကို စုစည်းနိုင်ခဲ့တယ်။ ပညာတတ် အထက်တန်းလွှာတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တော်လှန်ရေးထဲ ပါဝင်လာအောင် စည်းရုံး နိုင်ခဲ့တယ်။


ဗိုလ်ချုပ် အောင်ဆန်းရဲ့ အပြောင်မြောက်ဆုံး ဆောင်ရွက်ချက်က ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် ကျူးကျော်သူတွေကို ပြန်လည် တိုက်ထုတ်ဖို့ အတွက် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်ကြီးကို ဖန်တီး နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်။ နောက်ထပ် ထူးခြားတဲ့ အရည်အချင်းက တိုင်းရင်းသား လူမျိုး ပေါင်းစုံကို သူနဲ့အတူ ရပ်တည်ပြီး လွတ်လပ်ရေးကို အတူတကွ တောင်းဆိုဖို့ စည်းရုံးနိုင်ခဲ့ခြင်း ပါပဲ။


၁၉၃၅ ခုနှစ် ကနေ ၁၉၄၇ ခုနှစ် အထိ တိုတောင်းလှတဲ့ ၁၂ နှစ်တာ ကာလ အတွင်း ကျောင်းသား ခေါင်းဆောင် ဘဝကနေ အမျိုးသား ခေါင်းဆောင် တယောက် ဖြစ်လာတာ ကျနော်တော့ အတော် အံ့ဩမိတယ်။


ကြီးမြတ်တဲ့ ခေါင်းဆောင်တိုင်းမှာ ရှိအပ်တဲ့ အရည်အချင်းတွေ အကုန်လုံး ဗိုလ်ချုပ် အောင်ဆန်းမှာ ရှိတယ်။ ကျနော် တွေ့ဖူးခဲ့သမျှ ခေါင်းဆောင်တွေထဲမှာ အထက်မြက်ဆုံး ခေါင်းဆောင် တယောက် ဖြစ်တယ်။ သူ အလုပ်လုပ်တဲ့ အခါ စွမ်းဆောင်ရည် အပြည့် ရှိတယ်။ အစည်းအဝေး ခေါ်လိုက်တိုင်း ဘာဆွေးနွေးမလဲ ဆိုတဲ့ အစီအစဉ် သူ့မှာ အမြဲ ရှိတယ်။ အစည်းအဝေးကို အချိန်မဖြုန်းဘဲ စနစ်တကျ စီမံ သွားနိုင်တယ်။ အစည်းအဝေး ပြီးတဲ့ အခါလည်း လူတိုင်းဟာ ကိုယ်ဘာလုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားတယ်။


နောက်ဆုံး အနေနဲ့ အရေးပါတဲ့ အရည်အသွေး တခုက ဗိုလ်ချုပ် အောင်ဆန်းဟာ ကိုယ်ကျင့်သိက္ခာ ကြီးမားပြီး စိတ်ထက်သန်တဲ့ မျိုးချစ် ပုဂ္ဂိုလ်တယောက် ဖြစ်ခြင်းပါပဲ။ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ အတူ မြန်မာပြည်သူ အားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ခင် မြတ်နိုး တမ်းတ နေဆဲပဲလို့ ကျနော် ယုံကြည်ပါတယ်။


(ဗိုလ်မှူးချုပ် ကျော်ဇောဟာ သက်ရှိထင်ရှား ကျန်ရှိ နေသေးတဲ့ ရဲဘော် သုံးကျိပ်ဝင် နှစ်ဦးထဲက တဦးဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက် ရှိပါတယ်။)

မျိုးချစ်စစ်သည်
ဗိုလ်မှူးချုပ် လက်ျာ (၁၉၁၁ - ၁၉၇၈)

အောင်ဇော်

ဗိုလ်မှူးချုပ် လက်ျာ (ခေါ်) လှဖေဟာ စကားပြော သိမ်မွေ့ နူးညံ့ပြီး ရိုးရိုးကုပ်ကုပ် နေတတ်တဲ့ ရဲဘော် သုံးကျိပ် တယောက် ဖြစ်တယ်။ ဒါပေမဲ့ ရဲဘော် သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာ သင်တဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းက ဗမာ့ တပ်မတော်ကို ဦးဆောင်ဖို့ တာဝန် ပေးတဲ့ အခါမှာ ဗိုလ်မှူးချုပ် လက်ျာဟာ စစ်သားကောင်း တယောက် အဖြစ် သက်သေ ပြခဲ့တယ်။


ဗိုလ်လက်ျာဟာ ဒို့ဗမာ အစည်းအရုံးကို ဖွဲ့စည်း တည်ထောင်ခဲ့သူတွေ ထဲမှာ ပါတယ်။ အဲ့ဒီ အဖွဲ့ကို ဗြိတိသျှ နယ်ချဲ့အား ဆန့်ကျင်တဲ့ ပညာတတ် မျိုးချစ်လူငယ် တစုက ထူထောင်ခဲ့တာ ဖြစ်တယ်။ အဖွဲ့ဝင်တွေဟာ သူတို့ကိုယ် သူတို့ 'သခင်' တပ် ခေါ်ကြတယ်။ ဗိုလ်လက်ျာဟာ ဗမာပြည် ကွန်မြူနစ် ပါတီ အပေါ် သစ္စာရှိတဲ့ ထိပ်တန်း ပါတီဝင် တဦးလည်း (ဗမာပြည် ကွန်မြူနစ် ပါတီ စတင် တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပါဝင်ခဲ့သူ) ဖြစ်တယ်။


ဗိုလ်လက်ျာဟာ ဗမာ့ လွတ်လပ်ရေး တိုက်ပွဲ အတွက် နိုင်ငံခြား အကူအညီ ရှာဖွေဖို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ တရုတ်ပြည်ကို ပထမဆုံး သွားခဲ့တယ်။ ရဲဘော် နှစ်ယောက် ချိန်းထားတဲ့ အဆက်အသွယ်နဲ့ လွဲပြီး သောင်တင်နေစဉ် လိုအပ်နေတဲ့ ရန်ပုံငွေကို ရှာဖွေခဲ့တာ ဗိုလ်လက်ျာ ဖြစ်တယ်။


ဂျပန်ပြည်မှာ စစ်သင်တန်း တက်ပြီးနောက် ဗိုလ်လက်ျာကို ထိုင်းနိုင်ငံက တဆင့် မြန်မာပြည်ထဲ ဝင်ပြီး ကျေးလက် ပြည်သူတွေကို တော်လှန်ရေး လှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော် စည်းရုံးဖို့ တာဝန် ပေးခဲ့တယ်။ ဗိုလ်လက်ျာနဲ့ တပ်ဖွဲ့ဟာ မြန်မာနိုင်ငံ တောင်ပိုင်းက ကျေးလက် ပြည်သူတွေကို စည်းရုံးပြီး တပ်သားသစ်တွေ စုဆောင်းခဲ့တယ်။


တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်း ပြီးရင် ဗိုလ်လက်ျာဟာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ ဗိုလ်လက်ျာကို တပ်မတော်ရဲ့ ခေါင်းဆောင် အဖြစ် သူ့နေရာမှာ အစားထိုး တာဝန် ယူစေချင်တာကို လုပ်ဖော် ကိုင်ဖက်တွေက သိကြတယ်။ ဗိုလ်လက်ျာရဲ့ နေရာကို ပြိုင်ဆိုင်မဲ့ နိုင်ငံရေး ပြိုင်ဘက်တွေ ရန်က ဗိုလ်ချုပ် အောင်ဆန်းဟာ သတိနဲ့ အမြဲ ကာကွယ် ပေးခဲ့တယ်။ အဲ့ဒီ အချက်ဟာ ၁၉၄၉ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်နေဝင်းနဲ့ ဗိုလ်လက်ျာ အကြားမှာ ကြီးမားတဲ့ တင်းမာမှုတွေ ဖြစ်စေခဲ့တယ်။


ဗိုလ်လက်ျာဟာ နု-အက်တလီ စာချုပ်ရဲ့ နောက်ဆက်တွဲ အဖြစ် လက်ျာ - ဖရီးမင်း ကာကွယ်ရေး စာချုပ်ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တယ်။ လက်ျာ - ဖရီးမင်း စာချုပ်ဟာ ဗြိတိသျှတပ်တွေ မြန်မာနိုင်ငံထဲ ဝင်ထွက်ခွင့်နဲ့ ဗမာ့ တပ်မတော်ကို စစ်သင်တန်း ပေးမယ့် အစီအစဉ်တွေ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်ခဲ့လို့ ဗိုလ်လက်ျာကို ဗြိတိသျှ လိုလားသူ အဖြစ် စွပ်စွဲ ခဲ့ကြတယ်။


၁၉၄၇ ခုနှစ်၊ ဇူလိုင်လမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရပြီးနောက် ဗိုလ်လက်ျာဟာ တပ်မတော်မှာ ကြာကြာဆက်ရှိ မနေတော့ပါဘူး။ နောက်တနှစ် အကြာမှာ မြန်မာအစိုးရကို တိုက်နေတဲ့ ကရင် ခေါင်းဆောင်တွေကို ထောက်ခံ နေတယ်လို့ စွပ်စွဲခံရပြီး ဗိုလ်လက်ျာ တပ်မတော်ကနေ နုတ်ထွက်ခဲ့တယ်။ ဖဆပလ အဖွဲ့ချုပ်ထဲ ဝင်ခဲ့ပြီး နိုင်ငံရေး လုပ်ခဲ့တယ်။ ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာတယ်။


ဗိုလ်လက်ျာဟာ ၁၉၅၀ ခုနှစ်တွေမှာ လက်ျာ ကုမ္ပဏီနဲ့ မာတဘမ် ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်တဲ့ စီးပွားရေးသမား အဖြစ်နဲ့ နိုင်ငံခြားကို ရေထွက်ပစ္စည်း တင်ပို့တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ ဗိုလ်လက်ျာနဲ့ ချမ်းသာ့ ကယ်ဝကြတဲ့ သူ့ မိသားစုဟာ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး အသိုင်းအဝန်းမှာ လူသိများ ထင်ရှားပြီး ဩဇာရှိ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။


ဗိုလ်လက်ျာဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်း ဖြုတ်ချတာ ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုကို ထောက်ခံသူ ဖြစ်တယ်။ ၁၉၆၀ ခုနှစ် နောက်ပိုင်းမှာ ဗိုလ်လက်ျာဟာ တောခိုခဲ့ပြီး ဦးနုရဲ့ ပြည်ပြေး အစိုးရနဲ့ ပူးပေါင်းခဲ့တယ်။ ပြည်ချစ် လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်မှူးတဦး ဖြစ်ခဲ့တယ်။ ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ အဲ့ဒီတပ်ဟာ ကရင်နဲ့ ပဋိပက္ခတွေ ကြားမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့တယ်။ ရန်ကုန်ကို ချီတက်ပြီး ဗိုလ်နေဝင်းကို ဖြုတ်ချဖို့ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူး။


၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလမှာ ကရင် တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲ တပွဲအတွင်း ဗိုလ်လက်ျာ ကျဆုံး ခဲ့ရတယ်။

ရှင်သန်ဆဲ သွေးသောက်တဦး
ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉)

ရဲနည်

ဗိုလ်မှူးချုပ် ကျော်ဇောဟာ ရဲဘော် သုံးကျိပ်ဝင်တွေထဲက သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးမှာ တဦး ဖြစ်တယ်။ မျိုးချစ် စိတ်ဓာတ် ပြင်းထန်ပြီး လက်ဝဲယိမ်းတဲ့ ဗိုလ်ကျော်ဇောဟာ ၁၉၄၄ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ် ပါတီထဲ ဝင်ခဲ့တယ်။ ပါတီက ရွေးချယ် တင်မြှောက်ထားတဲ့ ပါတီ ဗဟိုကော်မတီဝင် တဦး ဖြစ်ပေမယ့် ပါတီရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင် ခဲလှတယ်။ စစ်မြေပြင်က သူရသတ္တိ ပြောင်မြောက်မှုတွေကိုသာ လူသိ များပါတယ်။


ဗိုလ်ကျော်ဇော ထင်ရှား ကျော်ကြား ခဲ့တာဟာ ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်းစိန်တိုက်ပွဲမှာ စခဲ့တယ်။ ရန်ကုန်မြို့ မြောက်ဘက် ဆင်ခြေဖုံး နေရာတွေကို သိမ်းပိုက်ထားတဲ့ ကရင် သူပုန်တွေကို တိုက်ထုတ်ခဲ့တဲ့ သုံးလကျော်ကြာ တိုက်ပွဲဟာ သူ့ရဲ့ စစ်မှုထမ်းသက် တလျှောက် မေ့မရနိုင်တဲ့ အရှည်လျားဆုံး စစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနဲ့ အန္တရာယ် အများဆုံး စစ်ပွဲလို့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ထဲမှာ ရေးသားခဲ့တယ်။ အင်းစိန် တိုက်ပွဲမှာ ဗိုလ်ကျော်ဇောဟာ သူ့တပ်ဖွဲ့တွေနဲ့ အတူ အမြဲ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ သတ္တိ ပြောင်မြောက်တဲ့ တပ်မှူး တဦး အဖြစ် အထက် အရာရှိတွေနဲ့ စစ်သားဟောင်းကြီးတွေကလည်း အမှတ်ရ ကြတယ်။


ရှမ်းပြည်နယ်ထဲ ကူမင်တန်တပ်တွေ ကျူးကျော် ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်ကလည်း ဗိုလ်ကျော်ဇော နာမည်ဟာ လူတိုင်း ပါးစပ်ဖျားမှာ တဖွဖွ ပြောဆိုရတဲ့ အထိ ဖြစ်ခဲ့တယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် သူ့ရဲ့ စွန့်စားခန်းတွေဟာ ဒဏ္ဍာရီဆန်ဆန် ပါပဲ။ မြန်မာတပ်တွေ ထိုင်းနိုင်ငံ နယ်ခြားကို ဖြတ်သန်းခွင့်ရဖို့ အတွက် ဘိန်းအရောင်းအဝယ် တခုမှာ ကူမင်တန်တွေ လိမ်လိုက်တဲ့ ထိုင်း စစ်ဗိုလ်ချုပ် တယောက်နဲ့ ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူခဲ့တယ်။


ထိုင်း-မြန်မာ နယ်စပ် အနီး တောင်ထူထပ်တဲ့ ဒွိုင်တန်တောင်တန်းပေါ်က ကူမင်တန်တွေရဲ့ ခံတပ်ကို တိုက်ဖို့ စစ်ပြင်နေတုန်း ထိုင်းဆက်သွယ်ရေး အရာရှိ တယောက်က ဒီခံတပ်ကို သိမ်းပိုက်ဖို့ အချိန် ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ "မနက် ၈ နာရီ စတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့ အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်" လို့ ဗိုလ်ကျော်ဇောက အကြောင်း ပြန်လိုက်တယ်။


အဲ့ဒီ တိုက်ပွဲကို ကြည့်ဖို့ ထိုင်းနိုင်ငံဘက် အခြမ်းမှာ လူတသောင်းကျော် စုဝေး ရောက်ရှိနေကြပြီး တချို့ဆိုရင် တိုက်ပွဲရဲ့ ရလဒ်ကို အလောင်းအစား လုပ်နေသူတွေတောင် ရှိခဲ့တယ်။ ဗိုလ်ကျော်ဇောဟာ သူပြောတဲ့ အတိုင်း ညနေ ၄ နာရီမှာ မြန်မာအလံကို လွှင့်ထူနိုင်ခဲ့တယ်။


၁၉၅၇ ခုနှစ်၊ ဧပြီလမှာ ဗိုလ်ကျော်ဇောရဲ့ ကံကြမ္မာ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ အမာခံ စခန်း တခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရာက ရှာဖွေ တွေ့ရှိခဲ့တဲ့ အထောက်အထားတွေဟာ တပ်မတော်ရဲ့ လှုပ်ရှားမှု သတင်းတွေကို ကွန်မြူနစ် သူပုန်တွေထံ ဗိုလ်ကျော်ဇော ပို့ခဲ့တယ်လို့ ဆိုပြီး ရာထူးကနေ အနား ပေးခဲ့တယ်။ တပ်မတော်ကနေ အနားယူ ခဲ့ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို တက်တက့်က့က ထောက်ခံခဲ့တယ်။


၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ ကြားကပဲ ဗမာပြည် ကွန်မြူနစ် ပါတီ ထိန်းချုပ်ရာ နယ်မြေဆီ ရှောင်ထွက် နိုင်ခဲ့တယ်။ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီနဲ့ စစ်ကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ပါတီတွင်း ပြိုင်ဆိုင်မှုတွေကြောင့် ပါတီပြိုကွဲခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာတော့ ဗိုလ်ကျော်ဇော တရုတ်ပြည်ထဲ ဝင်ရောက် ခိုလှုံခဲ့ရတယ်။


အခုအခါ အသက် ၉၀ ရှိပြီ ဖြစ်တဲ့ ဝါရင့် တပ်မှူးကြီး ဗိုလ်ကျော်ဇောဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက် ရှိပါတယ်။ ဧရာဝတီ မဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်း တခုမှာ ဒီနေ့ခေတ် တပ်မတော်ကို 'ကြေးစားတပ်' လို့ ပြောဆိုခဲ့တယ်။ တိုင်းပြည် အကျိုးအတွက် စစ်တိုက်ခဲ့တဲ့ သူတို့ခေတ်က တပ်မတော် ခေါင်းဆောင်တွေနဲ့ မတူတဲ့ "ဒီနေ့ခေတ် စစ်ခေါင်းဆောင်တွေရဲ့ တခုတည်းသော ရည်ရွယ်ချက်က စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့" လို့ ပြောခဲ့ပါတယ်။

ဗိုလ်မှူးကြီး လေးပေ
ဗိုလ်ချုပ် စမစ်ဒွန်း (၁၉၀၆ - ၁၉၇၉)

ရဲနည်

၁၉၄၆ ခုနှစ်၊ လန်ဒန်မြို့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားမှာ ဖီးမာရှယ် ဝီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံ ကြနေကြတယ်။ မြန်မာ နိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည် သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဖြစ်ခဲ့တဲ့ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက် လှည့်ပြီး "ဒါ အရပ်လေးပေပဲ ရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ" ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက် ပေးလိုက်တယ်။ အဲဒီက စပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေက ခေါ်ကြတော့တယ်။


လူကောင်သေးသေးနဲ့ အဲ့ဒီ ကရင် အမျိုးသားကြီးဟာ အိန္ဒိယစစ် တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ် သင်တန်းမှာ အတော်ဆုံး ကျောင်းသားဆုကို ရရှိခဲ့သူ ဖြစ်တယ်။ အဲ့ဒီနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် လက်အောက်က ဧရာဝတီမြစ်ဝ ကျွန်းပေါ် ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင် ပြောက်ကျား တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တယ်။


ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်း ကာလမှာ အဓိက အခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ် အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။


အဲဒါဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေ အကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်း တခု ဖြစ်ပါတယ်။


၁၉၄၉ ခုနှစ်၊ ကရင်လူမျိုးတွေ ကိုယ်ပိုင် လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြတဲ့ အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင် ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင် တပ်ဖွဲ့တွေနဲ့အတူ တပ်မတော် ရာထူးတွေက ရပ်ဆိုင်း ပစ်ခဲ့ကြတယ်။


စမစ်ဒွန်းဟာ ကရင် အမျိုးသားရေး စိတ်ဓာတ် ပြင်းပြသူ တယောက် ဖြစ်ပေမယ့် ဗမာ့ တပ်မတော် အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်း ပီသတဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်။ တပ်မတော် ဦးစီးချုပ် တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်း ပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။


တပ်မတော်ကနေ ထုတ်ပယ် ခံရပြီး နောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ် သံသယ ထားခဲ့တယ်။ ၁၉၇၉ ခုနှစ်၊ ကွယ်လွန်ချိန် အထိ စောင့်ကြည့် ခံခဲ့ရတယ်။


ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ် စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူ မကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ 'Memoirs of the Four-foot Colonel' ဟာ ရေးသား ပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင် အာရှ အစီအစဉ်က ထုတ်ဝေ ဖြန့်ချိ ခဲ့ပါတယ်။

စံပြစစ်သား
ဗိုလ်မှူးကြီး ဗထူး (မွေးဖွားနှစ်မသိ - ၁၉၄၅)

ရဲနည်

ဗိုလ်မှူးကြီး ဗထူးဟာ တိုင်းပြည်နဲ့ တပ်မတော် အတွက် ဘဝ တခုလုံးကို ပေးဆပ်ခဲ့သူ အဖြစ် လူအများက လေးစား ဂုဏ်ပြု ခဲ့ကြတယ်။ ၁၉၄၁ ခုနှစ်မှာ ဗမာ့ လွတ်လပ်ရေး တပ်မတော်က ဂျပန် အကူအညီနဲ့ မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်မြို့ကို သိမ်းပိုက်ခဲ့ချိန်မှာ ဗိုလ်ဗထူးဟာ ဇနီးနဲ့ သားသမီး သုံးယောက်ကို ထားခဲ့ပြီး ဗြိတိသျှကို တော်လှန် တိုက်ခိုက်ဖို့ ပူးပေါင်း ပါဝင်လာတယ်။


၁၉၄၃ ခုနှစ်မှာ ဗိုလ်မှူး အဆင့် ရာထူး တိုးမြှင့် ခံခဲ့ရပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက ထောက်ပံ့ရေး လမ်းကြောင်းတွေ လုံခြုံရေး အတွက် တာဝန် ယူခဲ့ရတယ်။ ဂျပန်ခေတ်မှာ ဗမာ့ တပ်မတော်ကို နာမည် အသစ်နဲ့ ပြန်လည် ဖွဲ့စည်းတဲ့ အခါ မန္တလေး အခြေစိုက် အထက် ဗမာပြည်တိုင်း (ယခု အလယ်ပိုင်းတိုင်း) စစ်ဌာနချုပ်ရဲ့ တိုင်းမှူး ဖြစ်လာတယ်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော် ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ လျှို့ဝှက် အစည်းအဝေး ကျင်းပပြီး ဂျပန် တပ်တွေကို မတ်လ ၂၇ ရက်မှာ တမျိုးသားလုံး အုံ့က တော်လှန်ဖို့ အစီအစဉ် ရေးဆွဲရာမှာ ဗိုလ်ဗထူးလည်း ပါဝင်ပါတယ်။


ဒါပေမဲ့ မန္တလေးကို ပြန်ရောက်လို့ သတ်မှတ်ရက်မတိုင်မီ သုံးပတ်အလို မတ်လ ၈ ရက်နေ့မှာ အခြေအနေအရ သူ့အစီ အစဉ်နဲ့သူ ဂျပန်ကို စစ်ကြေညာပြီး စတိုက်ပါတယ်။ ဗိုလ်ဗထူးရဲ့ အကြောင်းပြချက်က စစ်နည်းဗျူဟာ မြောက်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲဘော်တွေကို ဂျပန်တွေ သံသယ ဝင်နေတာ သိတဲ့ ဗိုလ်ဗထူးဟာ တော်လှန်ရေး လှုပ်ရှားမှုကြီး တရပ်လုံးကို ဂျပန်တွေ အာရုံ မစိုက်မိအောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ ခပ်ခွာခွာ နေပြလိုက်တယ်။


သူနဲ့ သူ့တပ်တွေဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အမိန့်ကို မနာခံတော့ဘူးလို့ ကြေညာလိုက်တဲ့ အခါ ဂျပန်တွေဟာ ဗိုလ်ဗထူး အပေါ်မှာပဲ အာရုံစိုက် သွားကြတယ်။ အဲ့ဒီလို အာရုံပြောင်းသွားချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေဟာ စီစဉ်ထားတဲ့ အတိုင်း မတ်လ ၂၇ ရက်မှာ ဂျပန် တော်လှန်ရေးကို စတင်နိုင်ခဲ့တယ်။ အဲ့ဒီနေ့ကို ဖက်ဆစ် တော်လှန်ရေးနေ့၊ နောက်ပိုင်းတော့ တပ်မတော်နေ့လို့ သတ်မှတ်ခဲ့ကြတယ်။


ဗြိတိသျှ ဦးဆောင်တဲ့ မဟာမိတ် တပ်တွေ အိန္ဒိယက တဆင့် အထက် မြန်မာပြည်နဲ့ မန္တလေးကို ဝင်ရောက်နိုင်ရေး ဗိုလ်ဗထူးက ကူညီခဲ့ပါတယ်။ ဂျပန်တွေရဲ့ နောက်ကြောက နေရာ ယူထားပြီး ဖြစ်တဲ့ ဗိုလ်ဗထူးဟာ ထောက်ပံ့ရေး လမ်းကြောင်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်။ မဟာမိတ်တပ်တွေ မေမြို့ကို သိမ်းပိုက်ရေးကိုလည်း ဗိုလ်ဗထူးက အကူအညီ အများကြီး ပေးနိုင်ခဲ့တယ်။


ဗိုလ်ဗထူးရဲ့ သတ္တိနဲ့ ဦးဆောင်နိုင်မှုကို ဗိုလ်ချုပ် အောင်ဆန်းက ချီးကျူးခဲ့ပြီး ဗိုလ်ဗထူးကို ဗိုလ်မှူးကြီး ရာထူး တိုးမြှင့် ပေးခဲ့တယ်။ ဒါပေမဲ့ ဒီရာထူးကို ဗိုလ်ဗထူး လက်ခံ မသွားနိုင်ခဲ့ပါဘူး။ ထားဝယ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုထံလည်း ပြန်မရောက် နိုင်ခဲ့ဘူး။ ၁၉၄၅ ခုနှစ်၊ ရှမ်းပြည်နယ် တောင်ပိုင်းက ရွာလေး တရွာမှာ ငှက်ဖျား ရောဂါနဲ့ ဗိုလ်ဗထူး ကျဆုံး သွားခဲ့တယ်။


ဗိုလ်ဗထူးဟာ ရိုးသား ဖြောင့်မတ်ပြီး ထက်မြက်သူ၊ သတ္တိရှိပြီး ဝီရိယကောင်းတဲ့ စစ်ခေါင်းဆောင်လို့ ဗိုလ်ချုပ် အောင်ဆန်းက ရေးသားခဲ့တယ်။ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဗိုလ်ဗထူးကို ဂုဏ်ပြုတဲ့ အနေနဲ့ ရှမ်းပြည်တောင်ပိုင်း ရပ်ဆောက် ဒေသမှာ တပ်မြို့ တမြို့ တည်ခဲ့ပြီး 'ဗထူးတပ်မြို့' လို့ အမည် ပေးခဲ့တယ်။ အဲ့ဒီမြို့ကို တပ်မတော် အရာရှိတွေကို သင်တန်း ပေးဖို့နဲ့ တပ်မိသားစုတွေ နေထိုင်ဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်အကျဉ်းစံ
ဗိုလ်မှူးကြီး ကြည်မောင် (၁၉၁၉ - ၂၀၀၄)

ထက်အောင်

"စစ်တပ်ဟာ စစ်တပ် အလုပ်ကိုပဲ လုပ်ရမယ်၊ နိုင်ငံရေးနဲ့ ကင်းကင်းနေရမယ်" ဆိုပြီး သူ့ရဲ့ ဘဝတလျှောက် ကိုင်စွဲတဲ့ ခံယူချက်ကို ဗိုလ်မှူးကြီး ကြည်မောင် တဖြစ်လဲ ဦးကြည်မောင်ဟာ ၁၉၉၀ ခုနှစ်တုန်းက တိကျ ပြတ်သားစွာ ပြောခဲ့ပါတယ်။


ဦးကြည်မောင်ဟာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့တယ်။ အဲ့ဒီ အချိန်က ဗိုလ်မှူးကြီး ကြည်မောင်ဟာ စစ်အာဏာ သိမ်းတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ တဦးတည်းသော တော်လှန်ရေး ကောင်စီဝင် ဖြစ်တယ်။


၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဗိုလ်မှူးကြီး ကြည်မောင်ဟာ ဗိုလ်နေဝင်း ဦးစီးတဲ့ လူထု အစည်းအဝေး ပွဲတွေကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်။ နောက်တနှစ် အကြာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဘဝကနေ သူ့ကို အငြိမ်းစား ပေးလိုက်ပါတယ်။


ဦးကြည်မောင်ဟာ နိုင်ငံရေး ယုံကြည်ချက် အတွက် စုစုပေါင်း ၁၁ နှစ်ကြာ ထောင် ၄ ကြိမ် ကျခဲ့တာကြောင့် သူ့ကိုယ်သူ ဝါရင့် အကျဉ်းသား အဖြစ် ခိုင်းနှိုင်း ခဲ့ဖူးတယ်။


ဦးကြည်မောင်ဟာ ရန်ကုန် တက္ကသိုလ် ကျောင်းသား တယောက် အဖြစ်နဲ့ နိုင်ငံရေး လှုပ်ရှားမှုထဲ စတင် ဝင်ရောက်ခဲ့တယ်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဗြိတိသျှ အစိုးရကို ဆန့်ကျင်တဲ့ တတိယ အကြိမ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား သပိတ်မှာ ပါဝင်ခဲ့တယ်။ ဆန္ဒပြပွဲရဲ့ တပ်ဦးမှာ ကျောင်းသား သမဂ္ဂ အလံကို ကိုင်စွဲ လွှင့်ထူထားစဉ် ဗြိတိသျှ စစ်ပုလိပ်တွေရဲ့ ရိုက်ချက်ကြောင့် ဦးခေါင်းမှာ ဒဏ်ရာ ရသွားပေမယ့် သူရဲ့ အလံမလှဲတတ်တဲ့ စိတ်ဓာတ်ဟာ အဲဒီ အချိန် ကတည်းက စခဲ့တာ ဖြစ်ပါတယ်။


၁၉၈၈ ခုနှစ်မှာတော့ ဒီမိုကရေစီ လှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်တဲ့ ခေါင်းဆောင် တဦး ဖြစ်လာတယ်။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံရပြီးနောက် ဦးကြည်မောင်ဟာ ၁၉၉၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နဲ့ အနိုင်ရအောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်မှု ပေးခဲ့တယ်။


အတိတ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် စစ်တပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခုံရုံးတင်မှာလားလို့ နိုင်ငံခြား သတင်းထောက် တယောက်ရဲ့ အမေးကို "မြန်မာနိုင်ငံမှာ နျူရင်ဘတ်လို ခုံရုံးမျိုး ကျနော်တို့ မလိုအပ်ပါဘူး" လို့ ဦးကြည်မောင်က ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ တပ်မတော် စစ်ထောက်လှမ်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်က အခွင့်ကောင်းယူပြီး ဦးကြည်မောင်ကို ဖမ်းဆီး ထောင်ချခဲ့တယ်။


၁၉၉၅ ခုနှစ်၊ ထောင်က လွတ်လာပြီးနောက် ဦးကြည်မောင်ဟာ နိုင်ငံရေး အပေါ် သူ့ရဲ့ ချဉ်းကပ်ပုံကို အခုလို ပြောခဲ့တယ်။ "ဒါက ကစားပွဲ တခုပဲ၊ ကျနော်တို့က အဲ့ဒီ ကစားပွဲထဲက ကစားသမားတွေ ဖြစ်တယ်။ ဒါဆို အတ္တမကြီးဘဲ အဓိပ္ပာယ်ရှိရှိ ကစားကြရအောင်" တဲ့။


ဒါပေမဲ့ နောက်နှစ်နှစ် အကြာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ အနားယူခဲ့တယ်။ ဦးကြည်မောင်ဟာ သူ့ဘဝရဲ့ နောက်ဆုံး အချိန်တွေမှာ မြန်မာ့ တပ်မတော် သမိုင်းကို သုတေသန ပြုရင်း ၂၀၀၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က နေအိမ်မှာပဲ ကွယ်လွန် သွားခဲ့ပါတယ်။

ပြည်သူ့ဗိုလ်ချုပ်
ဗိုလ်ချုပ်ကြီး သူရတင်ဦး (၁၉၂၇)

ထက်အောင်

ဗိုလ်ချုပ်ကြီး သူရတင်ဦးဟာ သူ့ရဲ့ ရဲစွမ်းသတ္တိကြောင့် 'သူရ' ဘွဲ့ ချီးမြှင့်ခံရပြီး မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဆင့်ထိ ရာထူး တိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ ၁၉၇၆ ခုနှစ်မှာ ဗိုလ်နေဝင်းကို ဖြုတ်ချဖို့ ပူးပေါင်း ကြံစည်တယ် ဆိုပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲချက် တင်ခဲ့တာကြောင့် သူ့ရဲ့ တပ်မတော်သား ဘဝဟာ အဆုံးသတ် ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်၊ လူထုအုံ့က ဆန္ဒပြမှုတွေ အတွင်းမှာတော့ ဒီမိုကရေစီ လှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်သူ တဦး ဖြစ်လာခဲ့တယ်။


အခုအခါ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ၁၉၄၃ ခုနှစ်၊ ဗမာ့ လွတ်လပ်ရေး တပ်မတော်ထဲ ဝင်ခဲ့စဉ်က အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။ ကူမင်တန် တပ်ဖွဲ့တွေ ကျူးကျော် ဝင်ရောက်မှုကို တိုက်ထုတ်တဲ့ တိုက်ပွဲတွေမှာတော့ တပ်မှူး တင်ဦးရဲ့ သူရ သတ္တိနဲ့ ခေါင်းဆောင်မှုဟာ သူ့ရဲဘော်တွေ အတွက် အားကျ အတုယူစရာ ဖြစ်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ပေးအပ်ခဲ့တဲ့ အထိ ဗိုလ်နေဝင်းက ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ် ခံခဲ့ရတဲ့ အထိပါပဲ။


တပ်မတော်ထဲမှာ သာမက ဗိုလ်ချုပ်ကြီး တင်ဦးဟာ အရပ်သားတွေရဲ့ လေးစား ချစ်ခင်မှုကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဈာပနမှာ ဆန္ဒပြကြတဲ့ ကျောင်းသားတွေက "ဗိုလ်ချုပ်ကြီး တင်ဦး အသက်ရာကျော် ရှည်ပါစေ" လို့ ကေ့းကြော်တဲ့ အထိ ဖြစ်ခဲ့တယ်။ တကယ်တော့ နိုင်ငံတော် သစ္စာဖောက်မှု ဆိုတာထက် လူကြိုက်များတယ် ဆိုတဲ့ အချက်က ဦးတင်ဦးကို ရာထူး ဖြုတ်ချဖို့ ဖြစ်လာစေခဲ့ပုံ ပါပဲ။ ၁၉၇၆ ခုနှစ်မှာ ဦးတင်ဦးကို ထောင် ၇ နှစ် ချခဲ့တယ်။ ဒါပေမဲ့ ၂ နှစ်စောပြီး ပြန်လွတ်လာတယ်။


ထောင်ကလွတ်တော့ ဦးတင်ဦးဟာ မထင်မရှားဘဲ နေခဲ့တယ်။ အဲ့ဒီနောက် ၁၉၈၈ ခုနှစ်၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အပြင်ဘက်မှာ ဆန္ဒပြနေတဲ့ ပြည်သူ ထောင်ပေါင်း များစွာကို မိန့်ခွန်း ပြောခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ သူဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆို ပါတော့တယ်။


၁၉၈၉ ခုနှစ်မှာ ဦးတင်ဦး နောက်တကြိမ် ထပ်ပြီး အဖမ်းခံရတယ်။ ဒီတကြိမ်မှာတော့ တပ်မတော် ပြိုကွဲအောင် လုပ်တယ် ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။ လျှို့ဝှက် စစ်ခုံရုံးရဲ့ စစ်တပ် အရာရှိတွေ ရှေ့မှာ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းက "တပ်မတော်ကို ငါ ချစ်တယ်၊ ဒါပေမဲ့ ပြည်သူကို တပ်မတော်ထက် ပိုချစ်တယ်" လို့ ပြောလိုက်တယ်။ အဲဒီ အတွက် ဦးတင်ဦးဟာ အင်းစိန် အကျဉ်းထောင်မှာ ၆ နှစ် နေခဲ့ရတယ်။


၁၉၉၅ ခုနှစ်မှာ ထောင်က ပြန်လွတ်လာပြီး ဦးတင်ဦးဟာ နိုင်ငံရေးကို ဆက်လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်အနှံ့ ခရီးစဉ်တွေမှာ အတူပါတယ်။ ၂၀၀၃ ခုနှစ်၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ အနီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မော်တော်ယာဉ်တန်းကို စစ်အစိုးရ အားပေး အားမြှောက် ပြုထားတဲ့ လူရမ်းကားတွေက အကြမ်းဖက် တိုက်ခိုက်တဲ့ အတွက် ဦးတင်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် အကျယ်ချုပ် ချထားခံရတာ အခုချိန်ထိပါ။


မှတ်ချက် ။ ။ ယင်းကဏ္ဍကို လွန်ခဲ့သော ၂ နှစ်က ဧရာဝတီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ သို့သော် တိုင်းပြည် က အရေးတကြီး လိုအပ် နေသည့် လူထု ယုံကြည် လေးစားနိုင်သော မျိုးချစ် တပ်မတော်သားများ၊ တပ်မတော် ခေါင်းဆောင်များ ပေါ်ထွန်း လာစေရေး သတိ ဆန္ဒ ရှိစေရန် ဧရာဝတီက နှိုးဆော် လိုသောကြောင့် ယခု စာစုကို ပြန်လည် တင်ဆက် လိုက်ရပါသည်။

ရင်းမြစ်...မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

20 August 2010

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်



ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်။သီရိလင်္ကာတွင်ရိုက်ကူးသည်။ဒေါ်ဝင်းမင်းသန်းသည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ၏ဇနီးဖြစ်သည်။

၁၉.၈.၂၀၀ရ ကုန်ဈေးနှုန်းကျဆင်းရေးပြုလုပ်ခဲ့သော ၈၈မျိုးဆက် ကျောင်းသားများ၏ဓာတ်ပုံမှတ်တမ်းအား(၃)နှစ်ပြည့်အဖြစ်ပြန်လည်ဖော်ပြခြင်း

စစ်အာဏာရှင်များပြုလုပ်မည့်မတရားတဲ့အနိုင်ရရေး လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးခြင်း၊ဟောပြောခြင်း၊ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းများကို သတ်မှတ်ထားခြင်း

ရွေးကောက်ပွဲအနိုင်ရရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် စုဝေးခြင်း၊ ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ကြေညာချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။စုဝေးခြင်းနှင့် ဟောပြောခြင်း ပြုလုပ်လိုပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ ခုနစ်ရက်ကြိုတင်၍ ခွင့်ပြုမိန့်လျှောက်ထားရမည် ဖြစ်သည်။


ပါတီဌာနချုပ်နှင့် ပါတီရုံးခွဲများတွင် စုဝေးခြင်း၊ ဟောပြောခြင်းများကို ပြုလုပ်လိုပါက ခွင့်ပြုချက်လျှောက်ထားရန်မလိုဘဲ သက်ဆိုင်ရာကော်မရှင်အဖွဲ့များသို့ ကြိုတင်၍ အသိပေးတင်ပြရမည်ဖြစ်ကြောင်း သိရသည်။


ခွင့်ပြုမိန့် လျှောက်ထားရာတွင် လျှောက်လွှာ၌ ပြုလုပ်လိုသည့်နေရာ၊ ပြုလုပ်လိုသည့်နေ့ရက်၊ စတင်မည့်အချိန်နှင့် ပြီးဆုံးမည့်အချိန် (ခန့်မှန်း)၊ တက်ရောက်မည့်အင်အား (ခန့်မှန်း)၊ ဟောပြောမည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များ၏အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာ၊ လျှောက်ထားသူ၏အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့ကို အပြည့်အစုံဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။


ခွင့်ပြုမိန့်ထုတ်ပေးရာတွင် စုဝေးခြင်းနှင့် ဟောပြောခြင်းပြုလုပ်ရန် သတ်မှတ်သည့်နေရာသို့ အလံများကိုင်ဆောင်၍လည်းကောင်း၊ စီတန်းလှည့်လည် ကြွေးကြော်ချီတက်ခြင်း မပြုရဟူ၍လည်းကောင်း၊ စုဝေးခြင်းနှင့် ဟောပြောခြင်းပြီးဆုံးသည့်အခါ စီတန်းလှည့်လည် ကြွေးကြော် ချီတက်ခြင်းမပြုဘဲ လူစုခွဲရမည်ဟူ၍လည်းကောင်း စည်းကမ်းချက်များ သတ်မှတ်ဖော်ပြရမည်ဟု သိရသည်။


ခွင့်ပြုမိန့်ထုတ်ပေးပါက စုဝေးခြင်းနှင့် ဟောပြောခြင်း စတင်ပြုလုပ်မည့်အချိန်မတိုင်မီ ၄၈ နာရီ ကြိုတင်ထုတ်ပေးရမည်၊ ခွင့်ပြုမိန့်လျှောက်ထားခြင်းကို ငြင်းပယ်ပါက အကျိုးအကြောင်း ဖော်ပြလျက် စုဝေးခြင်းနှင့် ဟောပြောခြင်း စတင်ပြုလုပ်မည့်အချိန်မတိုင်မီ ၄၈ နာရီ ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။


လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ရေးသား၊ ထုတ်ဝေလိုပါက နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင်လျှောက်ထားရန် လိုအပ်သည်။


လျှောက်ထားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ထံသို့ နိုင်ငံရေးပါတီ ထုတ်ဝေခွင့် မှတ်ပုံတင် လျှောက်ထားရမည် ဖြစ်ပြီး မှတ်ပုံတင်သက်သေခံ လက်မှတ်ထုတ်ပေးရန်အတွက် နိုင်ငံတော်သို့ သတ်မှတ်ထားသော မှတ်ပုံတင်ကြေးတစ်သိန်း၊ အာမခံကြေးငါးသိန်း တို့ကို ကြိုတင်ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။


ယင်းနောက် နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင်ရရှိပြီးသော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့ထုတ်ဝေလိုသော မူဝါဒ၊ သဘောထား ရပ်တည်ချက်၊ လုပ်ငန်းစဉ်ဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များအတွက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြ စိစစ်မှုခံယူခြင်းမှ ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။


လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် စုဝေးခြင်း၊ ဟောပြောခြင်းနှင့် ရေးသားပုံနှိပ် ထုတ်ဝေရာတွင် ကျူးလွန်ခြင်းမပြုရန် တားမြစ်ချက်များရှိရာ ယင်းတားမြစ်ချက်များအနက် အချို့မှာ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေခြင်း၊ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေခြင်းတို့ ဖြစ်ကြသည်။


ရွေးကောက်ပွဲဝင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦးသည် ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့်ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။


ထို့ပြင် နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ပါတီဝင် အင်အားစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြလျက်ရှိရာ လက်ရှိ၌ နိုင်ငံရေးပါတီ ၁၈ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့)တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲများ ဖြစ်သည်ဟုnews-eleven. ဂျာနယ်တွင် ဖော်ပြပါရှိသည်.။


USDP ပါတီ အမတ်လောင်း ဘယ်သူ တွေလဲ

လွှတ်တော် သုံး ရပ်စလုံးမှာ ဝင်ရောက် ရွေးချယ် ခံမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြဖို့ လွှတ်တော် အမတ်လောင်း စာရင်း ပြုစုနေပါတယ်။

ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးတွေ ထဲက အလုပ် သမား ဝန်ကြီး ဦးအောင်ကြည် ကတော့ ရန်ကုန်မြို့ မင်္ဂလာ တောင်ညွှန့် မြို့နယ်ကနေ ဝင်အရွေး ခံမှာ ဖြစ်ပြီး ကျန်တဲ့ ဝန်ကြီး အများစုက နယ်တွေမှာ ဝင် အရွေးခံကြမှာ ဖြစ်ပါတယ်။

ဆည်မြောင်း ဝန်ကြီး ဦးဌေးဦးက ဟင်သာတ၊ စီမံကိန်းနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီး ဦးစိုးသာ က တွံတေး၊ စွမ်းအင် ဝန်ကြီး ဦးလွန်းသီက ကွမ်းခြံကုန်း၊ စက်မှု (၁) ဝန်ကြီး ဦးအောင် သောင်း က မန္တလေးတိုင်း တောင်သာ မြို့နယ်၊ ဆက်သွယ်ရေးနဲ့ ကြေးနန်း ဝန်ကြီး ဦးသိန်းဇော်က ကချင် ပြည်နယ် မိုးကောင်း မြို့နယ် စတဲ့ နယ်မြို့တွေမှော ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်တယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာ ဝင် အရွေးခံကြမယ့် လွှတ်တော် ကိုယ်စားလှယ် တွေထဲမှာ တာမွေမြို့နယ်က ဒေါ်လဲ့လဲ့ရွှေ၊ တောင်ဒဂုံက ဒေါ်စုစုလှိုင်၊ သင်္ဃန်းကျွန်းက ဦးခင်ငွေ စတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း တုန်းက မြို့နယ် အတွင်းရေးမှူး လုပ်ခဲ့သူ သုံးယောက် ပါဝင်တယ်လို့ သူက ဆက်ပြော ပါတယ်။ စစ်တပ်က အငြိမ်းစားတွေ အစိုးရနဲ့ နီးစပ်တဲ့ စာရေး ဆရာတွေ ကို လည်း ကိုယ်စားလှယ်တွေ အဖြစ် ရွေးထားတာ တွေ့ရပါတယ်။

ဖွဲ့စည်းပုံ ရေးဆွဲ ရေးမှာ ပါဝင်ခဲ့ပြီး သတင်းစာထဲမှာ ကလောင် နာမည် အမျိုးမျိုးနဲ့ ဆောင်းပါး ရေးနေတဲ့ တက္ကသိုလ်မြတ်သူ၊ လက်ရှိ စာပေ စာနယ်ဇင်း ဥက္ကဌ လုပ်နေတဲ့ အငြိမ်းစား ဗိုလ်မှူးကြီး တက္ကသိုလ် တင်ခ၊ သတင်းနဲ့ စာနယ်ဇင်း ညွှန်ကြား ရေးမှူး လုပ်ခဲ့တဲ့ ဗိုလ်တထောင် ဘုရား ဂေါပက အဖွဲ့ဝင် အငြိမ်းစား ဗိုလ်မှူးလှထွန်း တို့ကို ရွေးထား တယ်လို့ စောစောက ပါတီ တာဝန်ရှိသူ ကပဲ ပြောပါတယ်။

အများစုက တော့ အရပ်ထဲမှာ နာမည်ပျက် မရှိသူ ငွေကြေးလည်း အသင့် အတင့် ရှိသူ တွေကို လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အဖြစ် ရွေးထားလို့ လည်း သူက ဆိုပါတယ်။

ဗုဒ္ဒဟူးနေ့ ကျရင် မြို့နယ် အလိုက် ပါတီ ဆိုင်းဘုတ် တင်ဖို့ ညွှန်ကြား ထားတယ်လို့ လည်း သိရပါတယ်။ နောက်ပိုင်း ကျရင် ရွေးကောက်ပွဲ ဝင်မယ့် ဝန်ကြီးတွေ နုတ် ထွက်ပြီး ကျန်တဲ့ ဝန်ကြီးတွနေဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ ပြင်ဆင် ထားတယ်လို့ ပါတီ တာဝန်ရှိသူ ပါတီ တာဝန်ရှိသူ က ဘီဘီစီကို ပြောပါတယ်။

သတင်းရင်းမြစ်...BBC

စစ်အာဏာရှင်ပြုလုပ်တဲ့ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်တွေ လိုက်နာရမယ့်မဲဆွယ်ရေးစည်းကမ်းတွေရွေးကောက်ပွဲကော်မရှင်ကသြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ထုတ်ပြန်


လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ ဆိုပြီး ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် တွေ လိုက်နာ ရမယ့် စည်းမျဉ်း စည်းကမ်း တွေကို ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ဒီစည်းကမ်း တွေဟာ ဇွန်လက ကြေညာ ခဲ့တဲ့ နိုင်ငံရေး ပါတီတွေ စည်းဝေး ဟောပြောတဲ့အခါ လိုက်နာရမယ့် စည်းကမ်းချက် တွေနဲ့ သိပ် မကွာလှ ပါဘူး။

အဓိက ကတော့ ကိုယ်စားလှယ် လောင်း တွေ လူစု လူဝေးနဲ့ မဲဆွယ် ဟောပြောတဲ့ အခါ ရွေးကောက်ပွဲ ကော်မရှင်ကို တစ်ပတ် ကြိုတင် အကြောင်း ကြားပြီး ခွင့်ပြုချက် ရယူဖို့၊ အလံတွေ ကိုင်ပြီး စီတန်း လှည့်လည်တာ၊ ကြွေးကြော်တာတွေ မလုပ်ဖို့နဲ့ ပါတီ စာစောင် တွေ ထုတ်တဲ့ အခါ (၁၉၆၂) ပုံနှိပ် ဥပဒေနဲ့ စာပေ စိစစ်ရေး မူတွေကို လိုက်နာဖို့တို့ ဖြစ်ပါတယ်။

စည်းကမ်းချက် တွေထဲမှာ လူစု လူဝေးနဲ့ ဟောပြောဖို့ (၇)ရက်ကြိုတင် အကြောင်းကြား ရမယ်ဆို တဲ့ အချက် ဟာ မလိုအပ်ဘဲ ထည့်ထားတာလို့ မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင် က ထောက်ပြ ပါတယ်။

ဒီမိုကရက်တစ် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု ကတော့ ရွေးကောက်ပွဲ မဲဆွယ်ဖို့ စည်းကမ်းချက်တွေပိုတင်းကြပ် လာတယ်လို့ မြင်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်အရွေးခံဖို့ မျှော်လင့်နေတဲ့ ပါတီတွေ အ တွက် ကော်မရှင်ရဲ့ ကန့်သတ်ချက် တွကြောင့် အတော် အခက်အခဲ ဖြစ်စေ ပေမဲ့ ပြည်နယ် လွှတ်တော် အတွက် အရွေးခံ မယ့် တိုင်းရင်းသား ပါတီငယ်တွေ ကတော့ သိပ်အခက်အခဲ မရှိဘူးလို့ ပြောကြပါတယ်။

သတင်းရင်းမြစ်...BBC

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်ခြင်း(၆)နှစ်ပြည့်








အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်းမြို့နယ် အမှတ် ( ၂ ) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်ခြင်း ( ၆ ) နှစ်ပြည့် အခမ်းအနားကို ယနေ့ မနက် တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် ကျင်းပခဲ့ပါသည်.။

ဓာတ်ပုံများ ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူးတင်ရှိပါသည်.။

ရွေးကောက်ပွဲ သပိတ်မှာ လူထုပါဝင်စေဖို့ NLD စဉ်းစား


နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ နေ့လယ်မှာ ကျင်းပတဲ့ ပါတီခေါင်းဆောင်များ အစည်းအဝေးအတွင်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အစတုန်းက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ် ဆိုတုန်းက မှတ်ပုံမတင်ဘဲနေဖို့ ဆုံးဖြတ်ထားခဲ့ရာက အခုတော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်သွားမယ်ဆိုပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတိအကျ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ ကျင်းပခဲ့တဲ့ ပါတီခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအတွင်း တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့လည်း အစကတည်းက ဒါကို လက်မခံနိုင်ဘူး၊ ပြုပြင်ပေးပါလို့ ပြောထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေတွေဟာ အဲဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံ ပြည်သူလူထု ဆန္ဒအတိုင်း မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိစေမယ့်ဆီကို ဦးမတည်နိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။”

ဒီလို ပါတီအနေနဲ့ သပိတ်မှောက်မယ့်အပြင် ဒီသပိတ်မှောက်တဲ့အထဲ ပြည်သူလူထု ပါဝင်လာအောင် NLD အနေနဲ့ ဦးဆောင်လုပ်မယ်၊ မလုပ်ဘူး ဆိုတာကိုတော့ ဆက်လက် ဆွေးနွေးနေကြတုန်းလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကနေ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ ပြည်သူလူထုဟာ ရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေလိုက နေနိုင်တဲ့ အကြောင်းလည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကြေညာထားပြီးဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေများမှာ ဖော်ပြထားတဲ့ ဥပဒေပါ အချက်အလက်များအတိုင်း လုပ်သားပြည်သူ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ပိုင်ခွင့်ကို အသုံးချပြီးတော့ ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေချင်လည်း နေလို့ရတယ်လို့ ကျနော်တို့ သုံးသပ်ကြောင်းလည်း ဆုံးဖြတ်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း NLD က လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေး လုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောသွားပါတယ်။

သတင်းရင်းမြစ်...VOA

မြန်မာပြည်က အနာဂတ်သစ် ဂျာနယ်

New Future

ပေးပို့ ပေးသော ညီမလေး မဆုမွန် အားကျေးဇူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးတင်ဦးနှင့်ဦးဝင်းတင်ခေါင်းဆောင်သော အဖွဲ့သည်ယုံကြည်ချက်ကြောင့်အကျဉ်းချခံထားရသောမိသားစုဝင်များအားတွေ့ဆုံ








ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူးတင်ရှိပါသည်.။

ရွှေခမောက် စာစောင်အမှတ်စဉ် ( ၁ ၂ ၁)

Shwekhamauk 121

AAPP welcomes the U.S.A’s endorsement of a Commission of Inquiry on Burma and urges other nations to take action.

AAPP CoI Release

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးလှုပ်ရှားလုပ်ငန်းများ.



ကမ္ဘာမြေကြီး ကျန်းမာသန်စွမ်းဖို့

နိုင်ငံတစ်နိုင်ငံ၏ ခေတ်တစ်ခေတ်ကို ထူထောင်ရာ၌ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စသည်တို့သည် အရေးပါသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုသည်လည်း အဓိက အခန်းကဏ္ဍတွင် ပါဝင်ပေသည်။ လူတစ်ဦးချင်း၏ ကျန်းမာရေး ကောင်းမွန်ရန် အရေးကြီး သလို မိသားစု၊ ပြည်ထောင်စုသားအားလုံး၏ ကျန်းမာရေးသည်လည်း ကောင်းမွန်ရန် အရေးကြီး သည်။ ပြည်ထောင်စုသားများ နေထိုင်သော တိုင်းပြည်တစ်ပြည်လုံး ကျန်းမာသန်စွမ်းသလို ကမ္ဘာမြေ ကြီးတစ်ခုလုံးသည်လည်း ကျန်းမာသန်စွမ်းမှု ပြည့်ဝစွာ ရှိရန်လိုအပ်သည်။ ကမ္ဘာမြေကြီး ကျန်းမာ သန်စွမ်းဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အဓိကဖြစ်တော့သည်။

ထို့ကြောင့် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သင်တန်းသူ/သားများ မျိုးဆက်သစ် လူငယ်/ရွယ်များတို့အား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး သင်တန်းအား ၁၉.၈.၂၀၁၀ (ကြာသပတေး) နေ့တွင် ဆရာမ ဒေါ်ဒေ၀ီသန့်စင်မှ သင်ကြားပို့ချရာတွင် ပထမဦးစွာ အသင်းသူ/သားများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို မိမိတို့ သိရှိသလောက် ဖွင့်ဟပြောဆို ခဲ့ကြပြီးနောက် ဆရာမ ဒေါ်ဒေ၀ီသန့်စင်မှ “ယနေ့ကမ္ဘာဟာ သဘာဝဘေးအန္တရာယ်ဆိုးပေါင်း မြောက်များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကလည်း လူတွေကြောင့်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ လူတွေ မဆင်မခြင်လုပ်ဆောင်ရာကနေ ဖြစ်လာတာပါ။ ဒါကို အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အဲလိုထိန်းဖို့ဆိုရင် လူထု အသိပညာဗဟုသုတရှိဖို့လိုပါတယ်။” ဟု ပြောကြားပြီး သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ကာကွယ် ခြင်းဆိုင်ရာ ပညာရပ်များအား သင်ကြားပို့ချလျှက် ရှိပါသည်။

ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး သင်တန်းများ မပေးမီ အချိန်ကာလ ကတည်းက နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သစ်တောပြုန်းတီးရေးကို ကာကွယ် စောင့်ရှောက်ရန်အတွက်၎င်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ပါးရေးအတွက်၎င်း၊ နာရေးရှင်တို့ အကျိုး မဲ့ ငွေကုန်ကြေးကျ မဖြစ်စေရန်အတွက်၎င်း၊ သေဆုံးသူတို့၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်မှု ပြုရာတွင် သစ်သားအပြည့်ဖြင့် ပြုလုပ်ထားသော သစ်သားခေါင်းများကို အသုံးမပြုဘဲ သစ်သားကဒ် အခင်းဖြင့်သာ ယနေ့အချိန်ထိ အသုံးပြု မီးသင်္ဂြိုလ်ခဲ့ပါသည်။

ထိုနည်းတူစွာ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သဘာဝပတ်ဝန်းကျင်၏ ဆိုးကျိုးကို ခံစားခဲ့ရသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆို မိမိတို့ အဆောက်အဦး ဆောက်လုပ်ရန်၊ အသင်းတည်ရာ နေရာဌာနသည် ပလပ်စတစ်အမှိုက်ပုံ (ကြွပ်ကြွပ်အိတ် အမှိုက်ပုံ) ဖြစ်နေသောကြောင့်ပင် ဖြစ်တော့သည်။ ဤ မြေနေရာတွင် အဆောက်အဦး တည်ဆောက်ရာတွင် အခက်အခဲဖြစ်ခြင်း၊ အကုန်အကျများခြင်း၊ အရိပ်အာဝါသ ရှိရန် အရိပ်ရအပင်ကြီးများ စိုက်ပျိုးရန် ခက်ခဲခြင်း၊ အဆောက်အဦးတည်ဆောက်ပြီးသော အခါတွင်လည်း လူနာများ၊ ၀န်ထမ်းများ၊ အသင်းသူ/သားများ အနေနှင့် မြေကြီးအောက်မှ ထွက်သော ကျန်းမာရေးကို ထိခိုက်စေမည့် Gas ဓါတ်ငွေ့များ၊ အပူငွေ့များနှင့် နွေရာသီ အချိန်ကာလတွင် အပေါ်မှ နေရောင်ခြည်၏ ပူပြင်းသော အပူရှိန်များကို ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ အဆောက်အဦး တည်ဆောက်ရာတွင် ကြိုတင်ကာကွယ်မှု အနေဖြင့် အဆောက်အဦးအောက်ခြေ မြေကြီးအတွင်းတွင် Gas ဓါတ်ငွေ့များ ထွက်ရန်အတွက် ပိုက်များသွယ်တန်း၍ ဆောက်လုပ်ခြင်း၊ အရိပ်ရအပင်များ စိုက်ပျိုးရန် မြေကြီး များအား ပြင်ပမှ မြေကြီးများ အစားထိုးကာ စိုက်ပျိုးခြင်းများကို ပြုလုပ်ခဲ့ရသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူသားတို့အတွက် ပေးဆပ်မှုများ ပြုလုပ် ဆောင်ရွက် ပေးလျှက်ရှိသလို လူသားတိုင်းနှင့် သက်ဆိုင်သော အလုပ်ဖြစ်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု တို့ကိုလည်း တစ်ဖက်တစ်လမ်း ထမ်းဆောင်ပြုလုပ်ပေးရန် ပြင်ဆင်လျှက် ရှိပါကြောင်း . . .

ကျွတ်စေ … လွတ်စေ

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ၁၉.၈.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီတွင် ရန်ကုန်မြို့ မြောက်ဒဂုံရုံး နာရေးကူညီမှုအသင်း (ရန်ကုန်)ဈာပနသင်တန်းတွင် လုပ်အားပေး အသင်းသူ/သားများအား ရုပ်အလောင်းများကို သွားရောက် သယ်ဆောင်ရာတွင် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းတို့ မဖြစ်ပေါ်စေရန် ဈာပန ပို့ဆောင်ရေး သင်တန်း ၄/၂၀၁၀ မှ စ၍ မိမိတို့ ကူညီဖေးမခဲ့မှုများ၊ အတွေ့အကြုံများ (ရဲမှုခင်း) လမ်းကြောင်းများကို ပရိုဂျက်တာဖြင့် ပြသပို့ချကာ လူမှုရေး ရဲဆေးတင်ပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဘ၀တစ်ပါးသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းလဲသွားကြသော ရုပ်ခန္ဓာများအား သယ်ဆောင်သင်္ဂြိုလ် ပေးရခြင်းများကို ဆောင်ရွက်ပေးရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေနစ်သေဆုံးသော ပုပ်ပွနေသော အလောင်းများ၊ သစ်တုံးပိခြင်း၊ ဓါတ်လှေကားညှပ်ခြင်း၊ ဆွဲကြိုးချ သေဆုံးခြင်း၊ ရထားကြိတ် သေဆုံးခြင်း စသည့် စသည့် ဦးနှောက်များထွက်နေခြင်း၊ ကိုယ်လက်ခန္ဓာ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်း ပေါင်း များစွာကို အခမဲ့ကုသိုလ်ဖြစ် ပို့ဆောင်ပေးလျှက်ရှိပါသည်။

ယင်းကဲ့သို့ ပရိုဂျက်တာဖြင့် ပြသသော သင်တန်းတွင် ဦးကျော်သူမှ အသင်းသူ/သားများအား “မိမိတို့သည် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ဘ၀တစ်ပါးသို့ ပြောင်းသွားကြကုန်သော သူတို့အား သင်္ဂြိုလ်ပေးခြင်း ကိစ္စရပ် တစ်ခုတင်မက ထိုသို့ ဘ၀အသီးသီးသို့ ရောက်ရှိကြကုန်သော သူများတွင် စိတ် အစွဲများဖြင့် မကျွတ် မလွတ်ကြသူတို့များစွာ ရှိနေပါ၍ ယင်းကဲ့သို့ မကျွတ် မလွတ်သော သူတို့အား ကျွတ်တန်းဝင်စေရန် ရည်ရွယ်၍ ကောင်းမှုကုသိုလ် အသီးသီးတို့ကို အမျှပေးဝေကြဖို့ အရေးကြီးကြောင်း။ မိမိတို့ နေ့စဉ်ပေးဆပ်လျှက်ရှိသော ကောင်းမှုကုသိုလ်တို့အား သစ္စာဆို၍ အမျှပေးဝေခြင်းသည် ထိရောက်သော အမျှပေးဝေမှုဖြစ်ကြောင်း … အကျွတ် အလွတ်ပွဲများ ပြုလုပ် ပေးခြင်းသည်လည်း မိမိအတွက်တင်မက မကျွတ် မလွတ်သေးသော အများအတွက်ပါ ထိရောက် သော ပေးဆပ်မှုဖြစ်ကြောင်း” ပြောကြားသွားသည်။

ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ယခင်က ရေဝေးသုဿန်တွင် အကျွတ် အလွတ် ပွဲများကို အများနှင့်အတူ ပြုလုပ်ပေးခဲ့သော်လည်း ယခုအခါ ဤသို့ ပြုလုပ်ရန် အခက်အခဲများ ကြုံတွေ့ နေသည့်အတွက် မိမိတို့ တစ်ဦးချင်းအနေနှင့် တစ်နေ့တာ ပေးဆပ်မှု ကောင်းမှုများကို သစ္စာဆို အမျှ ပေးဝေခြင်းတို့အပြင် ဆရာတော်ကြီးများ ချမှတ်ပေးထားသော အဓိဌာန်ကျင့်စဉ်များကို ကျင့်ကြံ အားထုတ်ပြီး အဓိဌာန်ပြီးမြောက်သော နေ့ရက်တွင် အမျှပေးဝေခြင်းများကို ပြုလုပ်ပေးဆပ်လျှက် ရှိသည်။

ဂရပ်ဖစ် ဒါန

နေ့စဉ် တိုးတက်ပြောင်းလဲနေသော ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေကြသော ကျွန်တော် တို့သည် လူမှုရေး လုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပါဝင်၍ တက်ကြွစွာ အများပြည်သူများအတွက် ပေးဆပ်နေကြသလို နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုဆက်ဆံရေး ၌ အသုံးပြုကြသော ပြန်ကြားရေးဌာနတွင် အသုံးဝင်သည့် ကွန်ပျူတာ စာစီစာရိုက်ခြင်း၊ စာရင်းဇယား ရေးဆွဲခြင်း စသည့် ပညာရပ်များအား တတ်ကျွမ်းမှုရှိကြသော်လည်း လက်ကမ်းစာရွက်များ၊ တီရှပ် အင်္ကျီများ၊ ကြော်ငြာပိုစတာများ ထုတ်ယူရန် ဒီဇိုင်းရေးဆွဲခြင်း ဖန်တီးခြင်း ပညာရပ်ဖြစ်သော Graphic Design၊ Photoshop ပညာရပ်များအား ကျွမ်းကျင်မှုရှိစေရန်အတွက် ကွန်ပျူတာ ပညာရှင် ဆရာ ဦးတင်ထက်မှ အပါတ်စဉ် တနင်္လာနေ့၊ ကြာသပတေးနေ့များတွင် လာရောက်ပြီး ပညာဒါနဖြင့် ပေးဆပ်လျှက် ရှိပါသည်။

ထိုကဲ့သို့ Graphic Design၊ Photoshop ပညာရပ်များအား သင်ကြားရာတွင် Toolbox icon များ ရှင်းပြခြင်း၊ Shortcut key များ ရှင်းပြခြင်း၊ ဓါတ်ပုံများ ပြုပြင်ပုံ ပြုပြင်နည်းများ၊ အရောင်ကာလာ များ ထည့်သွင်းခြင်း ပညာရပ်များအား အခြေခံမှစ၍ စိတ်ရှည်လက်ရှည်ဖြင့် သင်ကြားပို့ချ ပေးခဲ့ပါသည်။


စီစစ်ရွေးချယ်

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် လူငယ်/ရွယ်များအား ဗဟုသုတ ကြွယ်ဝရေး၊ အတွေးအခေါ်မြင့်မားရေး၊ ဥာဏ်ပညာထက်မြက်ရေး၊ ဆုံးဖြတ်ချက် မှန်ကန်တိကျရေး၊ ဘာသာတရား ကိုင်းရှိုင်းရေး၊ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုနိုင်ရေး၊ လူသားအချင်းချင်း ရိုင်းပင်းကူညီမှုရှိရေး၊ ကျန်းမာရေး အသိပညာတိုးတက်ရေး၊ သမိုင်းစစ် သမိုင်းမှန်များကို သိရှိနားလည် သဘောပေါက်ရေး၊ သမိုင်းဝင် ပုဂ္ဂိုလ်၊ အာဇာနည် ပုဂ္ဂိုလ်တို့၏ မှန်ကန်သော အတ္ထုပတ္တိများကို သိရှိရေး စသည့် ရည်ရွယ် ချက်များဖြင့် ဖွင့်လှစ်ထားသော “သုခအလင်း” စာကြည့်တိုက်သို့ စေတနာ သဒ္ဒါတရား ထက်သန်စွာ ဖြင့် လာရောက်လှူဒါန်းကြသော အလှူရှင်များ၏ စာအုပ်စာပေများကို ၀မ်းမြောက်စွာဖြင့် လက်ခံရယူ လျှက်ရှိပါသည်။

လာရောက်လှူဒါန်းသော စာအုပ်စာပေများသည် ဘာသာရပ်မျိုးစုံ စာပေများ၊ ဖျော်ဖြေရေး၊ ပညာပေး၊ ဘာသာရေး စသဖြင့် စုံညီလှပါသည်။ ထို့ကြောင့် မိမိတို့ “သုခအလင်း” စာကြည့်တိုက်၏ ရည်ရွယ်ချက်ဖြစ်သော ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းရေး ဟူသော ရည်ရွယ်ချက်အား မပျောက်ပျက်ရအောင် လူငယ်/ရွယ်များအတွက် အကျိုးရှိသော စာအုပ်စာပေများ ကို စီစစ်ရွေးချယ်ကာ စာကြည့်တိုက်တွင် ထားရှိရေးအတွက် လုပ်အားပေး အသင်းသူ/သားများက တက်ညီလက်ညီ ၀ိုင်းဝန်းရွေးချယ်ခြင်း၊ ဟောင်းနွမ်းလျှက်ရှိသော အဖိုးတန် စာအုပ်စာပေများအား သပ်ရပ်စွာဖြင့် ပြန်လည်၍ အဖုံးများ ဖုံးပေးခြင်း၊ ချုပ်ပေးခြင်းများ၊ စာကြည့်တိုက်တွင် စာရင်းသွင်း ခြင်းများ၊ စာအုပ်စင်များပေါ်တွင် ကဏ္ဍအလိုက် သတ်မှတ်ထားရှိ ပေးလျှက်ရှိပါသည်။

“သုခအလင်း” စာကြည့်တိုက် စတင်ဖွင့်လှစ်ချိန်တွင် အကျိုးပြု စာအုပ်စာပေ (၅၀၀) အုပ်ခန့် သာ ရှိခဲ့သော်လည်း ယခုအချိန်တွင် အုပ်ရေ (၃၀၀၀) ကျော်ခန့်နှင့် မျိုးဆက်သစ်တို့အား စာပေ အင်အား ဖြည့်တင်းပေးလျှက် ရှိပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

19 August 2010

စစ်အာဏာရှင်ပြုလုပ်မည့် တရားမျှတမှုမရှိတဲ့၂၀၁၀ရွေးကောင်ပွဲကို ဆန့်ကျင်ရေးလှုပ်ရှာမှုများစတင်ပြုလုပ်

စစ်အစိုးရ မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ အား မဲမပေးရန်နှင့် အစွမ်း ကုန် တိုက် ဖျက် ပြစ်ရန် ဆန့် ကျင်သည့် စာများ အား ပဲခူး မြို့  နှင့် မန္တလေးမြို့ တို့ တွင်ယနေ့ နေ့ လည် ပိုင်းက လူငယ် များ က လိုက် လံ ဝေငှ ကြောင်း သိရသည်။

ပဲခူး မြို့  လည် တစ်ဝိုက် တွင် ဝေငှာ သော စာများ ထဲ ဉ် ဒေါ်အောင်ဆန်းစုကြည် မပါသည့် ရွေးကောက်ပွဲ သည် အတု အယောင် ရွေးကောက် ပွဲ သာ ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်အစိုးရ က ရွေးကောက် ပွဲ ကျင်းပရန် အတွက် တက္ကသိုလ်စာမေးပွဲ များ စော၍ စစ်ခြင်းကြောင့် ကျောင်းသား အချို့ မှာ လည်း မကျေမနပ် ဖြစ်ကြသည်။


ရင်းမြစ်..Freedom News Group

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လူမှားပြီးကိုယ်သမီး ကိုယ်ပြန်သတ်မိတဲ့သတင်းဆိုး

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဧည့်သည် အမျိုးသမီးထံမှ ငွေကို ရယူလို၍ မိဘဖြစ်သူက ကိုယ့်သမီး ကိုယ်မှားယွင်း သတ်မှု လွန်ခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ တောင်ဘက် ၄ မိုင်အကွာရှိ တိမ်ညို ကျေးရွာတွင် ဖြစ်ပွားပြီး ဦးမောင်သိန်း (၄၅) နှစ်နှင့် ဒေါ်မြင့်အေး (၄၁) နှစ်က သမီး မဝေဝေလွင် (၂၃) နှစ်ကို သတ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုလင်မယားမှာ ဧည့်သည် အမျိုးသမီးကို သတ်ပြီး ငွေ (၁၅) သိန်း ရယူရန် စီစဉ်ခဲ့သော်လည်း ညအချိန်တွင် သမီးဖြစ်သူနှင့် ဧည့်သည် အမျိုးသမီး ခြင်ထောင်ပြောင်းခြင်းကို မသိလိုက်ဘဲ သတ်မှတ်ထားသည့် ခြင်ထောင် အထဲ အိပ်နေသော အမျိုးသမီးမျက်နှာကို ခေါင်းအုံးဖြင့် ဖိသတ်လိုက်ကြောင်း ရဲစခန်းတွင် ဝန်ခံပြောခဲ့သည်ဟု စခန်းသို့ လိုက်ပါပို့ဆောင်ခဲ့သည့် ရွာခံတဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

“သူတို့ စီစဉ်ခဲ့တာက ဧည့်သည်အမျိုးသမီးနဲ့ သူ့သမီးကို အိပ်ရာ(၂)ခု ခြင်ထောင်ကိုယ်စီ သီးခြားအိပ်ခိုင်းတယ်။ ဧည်သည် အမျိုးသမီးကို လည်ပင်းကြိုးကွင်း သတ်မယ်လို့ စီစဉ်ခဲ့တာ။ အိပ်ရာဝင်တဲ့အခါ ဧည့်သည် အမျိုးသမီးက ခြင်ထောင်က ဆေးနံ့ရတယ်ဆိုပြီး သူတို့ချင်း အိပ်ရာ လဲအိပ်ကြတာကို မသိလို့ လူမှားသတ်တာ ”ဟု ကိုဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

သေဆုံးနေသော အလောင်းကို အိမ်အောက်တွင် အသင့် တူးထားသည့် တွင်းထဲကို ထည့်ရန် ပြင်ဆင်ချိန်မှ မိမိတို့ သမီးဖြစ်နေမှန်း သိရပြီး လင်မယားနှစ်ဦး ငိုကြွေးရာမှ ပတ်ဝန်းကျင်က သိသွားရခြင်း ဖြစ်သည်။

“မနက်စောစော သူတို့သမီး ကြိုးဆွဲချ သေလို့တဲ့ ဝန်းကျင်ကလူတွေကို အကူအညီတွေ တောင်းတော့ ကျနော်တို့ သိတာ” ဟု အိမ်နီးနားချင်းတဦးက ဆိုသည်။

ထိုအမှုအား တိမ်ညို ရဲစခန်းက လာရောက် စစ်ဆေးရာ မသင်္ကာဖွယ်တွေ့၍ ဧည့်သည်အမျိုးသမီး အပါအဝင် မိဘနှစ်ဦးအား ရဲခစန်းသို့ ခေါ်ဆောင် မေးမြန်းခဲ့ရာမှ ဝန်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။

မခင်အေးငွေမှာ မင်းပြားမြို့ မင်းကန်ကြီးရပ်ကွက်ဖြစ်ပြီး ကုန်ရောင်း ကုန်ဝယ်လုပ်ကိုင်နေသူ တဦးဖြစ်သည်။ ဦးမောင်သိန်းတို့ မိသားစုမှာ သမီးတဦးသာရှိပြီး ကျပန်း လုပ်ကိုင်စားသောက်ကြသည်။

ယခုအခါ တရားခံ လင်မယားနှစ်ဦးအား လူသတ်မှုဖြင့် တရားစွဲထားပြီး မြောက်ဦး ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းနှင့် ဧည့်သည် အမျိုးသမီးက လူသတ်မှုကို အိမ်ရှင်လင်မယား ကြံစည်ကတည်းက သိရှိခဲ့သော်လည်း အသက် အန္တရာယ်ကို စိုးရိမ်သောကြောင့် အိပ်ချင် ယောင်ဆောင်ခဲ့ကြောင်း ရဲစခန်းတွင် ပြောကြားသည်ဟု နီးစပ်သူ တဦးက ဆိုသည်။

ရင်းမြစ်..(မဇ္ဈိမ)

မြန်မာပြည်က အိမ်ရှင်မတွေက အောင့်လိုက်-အေးလိုက် ခံစားရတယ်တဲ့

ကလေးမြို့မှာ (၂ဝ၁ဝ)ဇူလိုင်လ အတွင်း ရွှေအခေါက်ဈေးက (၆)သိန်း ခုနစ်သောင်းကျပ်။ (၁၅ပဲရည်) ရွှေအလတ်က (၆)သိန်း တစ်သောင်းကျပ်။ (၁၉ပဲရည်)ရွှေအရည်မီက (၅)သိန်းငါးသောင်းကျပ်လို့ သိရပါတယ်။ ဆန်ဈေးက ဧ၇ာမင်းဆန်ကော်ချက် တစ်တင်းခွဲအိတ် (၂၆ဝဝဝ)ကျပ်။ ရိုးရိုးဆိုရင် (၂၄ဝဝဝ)ကျပ်။ ရွှေတိုးဆန်ကော်ချက်ဆိုရင် (၁၉ဝဝဝ)ကျပ်။ ရိုးရိုးကျတော့ (၁၇၅ဝဝ)ကျပ် ဖြစ်ပါတယ်။ ဆန်ကွဲ၊ ဖွဲမပါတာကို ကော်ချက်လို့ခေါ်တာပါပဲ။

ဆီဈေးက ပဲဆီသန့်က (၁ဝ)ပိဿာတစ်ပုံးကို (၄ဝဝဝဝ)ကျပ်။ ဆားတစ်ပိဿာ (၄၅ဝ)ကျပ်။ ငရုတ်နို့ဆီဗူးနဲ့ တစ်ဗူး(၂ဝဝ)ကျပ်။ ကြက်သွန်နီက တစ်ပိဿာ (၇ဝဝ)ကျပ်။ ကြက်သွန်ဖြူက တစ်ပိဿာ(၂၈ဝဝ)ကျပ်။ မီးသွေးက တစ်တင်းခွဲအိတ်နဲ့ တစ်အိတ်ကို (၂၅ဝဝ)ကျပ်တို့ ဖြစ်ကြပါတယ်။

''ကျွန်မတို့က ရွှေဈေးအတတ်အကျကို သတင်းတစ်ပုဒ် အနေနဲ့ပဲ သိ,သိနေရပေမယ့် စိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူး။ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ အဲ အခြေခံ စားကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေးတွေ အတက်အကျ ကိုတော့ သိရုံသက်သက် မကပဲ ခံစားမှုပါ ပါ,ပါတယ်။ ဈေးတက်ရင် ရင်ထဲ အောင့်အောင့်သွားပြီး ဈေးကျသွားရင်တော့ ရင်ထဲအေး,အေးသွား ပါတယ်''လို့ အိမ်ရှင်မတွေက ပြောကြပါတယ်ဟု လျှပ်တပြက် ဂျာနယ် တွင်ဖော်ပြပါရှိသည်.။

18 August 2010

ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ငလျင်ဒဏ်ခံနိုင်ရေး ထည့်သွင်းတည်ဆောက်မှု အားနည်းနေသေး


ရန်ကုန်မြို့တစ်နေရာအား မြင်တွေ့ရစဉ်

ရန်ကုန်မြို့တွင် တည်ဆောက်ထားသော အဆောက်အအုံများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်ကာလများက တည်ဆောက်ခဲ့သော အဆောက်အအုံများဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်ရေး ထည့်သွင်းစဉ်းစားပြီး တည်ဆောက်ထားမှု နည်းပါးခဲ့သည်ကို တွေ့ရကြောင်း ဆောက်လုပ်ရေး ပညာရှင်များထံမှ သိရှိရသည်။ ''လက်ရှိ ရန်ကုန်မှာရှိတဲ့ အဆောက်အအုံတွေရဲ့ ၉၀ ရာခိုင်နှုန်းက ၂၀၀၀ ပြည့်နှစ်မတိုင်ခင် ကာလတွေတုန်းက ဆောက်ထားတဲ့ အဆောက်အအုံတွေများတယ်။ အဲဒီ အဆောက်အအုံတွေရဲ့ ကွာလတီ၊ နည်းစနစ်တွေ နိမ့်ကျခဲ့တာလည်း ရှိနေတယ်။

အဆောက်အအုံ တည်ဆောက်မှု နည်းပညာတွေက အုတ်တွေ၊ကျောက်တွေကို အထပ်ထပ်စီပြီး တည်ဆောက်ကြတာ များတယ်။ ထုထည်က ကြီးမားနေပြီး တခြား ထိန်းချုပ်ထားတာတွေလည်း မရှိတော့ မတော်တဆ ငလျင်လှုပ်ခဲ့မယ်ဆိုရင် ပျက်စီးမှု များနိုင်ပါတယ်''ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် ၁၉၉၀ ပြည့်နှစ် ၀န်းကျင်က နှစ်ထပ်တိုက် ဆောက်လုပ်မှု များပြားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ခန့်တွင်မူ အထပ်မြင့် အဆောက်အအုံ များပြားလာခဲ့ကြောင်းလည်း သိရှိရသည်။ ''၁၉၉၀ လောက်တုန်းက တဲမှတိုက်ပေါ်ဆိုတဲ့ အစီအစဉ်တွေကြောင့် developer တွေ အားကောင်းလာတော့ တန်ဖိုးနည်း အဆောက်အအုံတွေ ဆောက်ခဲ့ကြတာ တွေ့ရတယ်။ တန်ဖိုးနည်းဆိုတော့ အရည်အသွေးကိုလည်း သိပ်မကြည့်ဖြစ်တော့ဘူး ဖြစ်ခဲ့ကြတယ်။ငလျင်နဲ့ပတ်သက်ပြီး အသိပညာကလည်း အားနည်းတဲ့အပိုင်းလည်း ပါပါတယ်။အဲဒီနောက်ပိုင်းမှာတော့ အဆောက်အအုံတွေရဲ့ အရည်အသွေးပိုင်းကို ကြည့်လာကြတယ်''ဟု အဆိုပါ ပညာရှင်က ဆက်လက် ပြောကြားခဲ့သည်။

ငလျင်လှုပ်တဲ့အခါ ထိခိုက်ပျက်စီးမှုက အဆောက်အအုံ နိမ့်တာ၊ မြင့်တာနဲ့ မဆိုင်ပါဘူး . . . ငလျင်ရဲ့ frequency ပေါ် မူတည်ပြီး ခံရတာပါ။ ဆိုလိုတာက အထပ်နိမ့်တဲ့ အဆောက်အအုံက ငလျင်သက်ရောက်တဲ့ အဓိက နေရာမှာရှိနေရင်တော့ သူလည်း ခံရမှာပါပဲ။ တုန်ခါမှုနဲ့ နီးကပ်တဲ့ အဆောက်အအုံက ပိုခံရမှာပါပဲ။ အဓိက ပြောချင်တာကတော့ အထပ်မြင့်တာ၊ နိမ့်တာထက် အဆောက်အအုံတိုင်းကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့ပါ . .
''ငလျင်လှုပ်တဲ့အခါ ထိခိုက်ပျက်စီးမှုက အဆောက်အအုံနိမ့်တာ၊ မြင့်တာနဲ့ မဆိုင်ပါဘူး။ အဆောက်အအုံနိမ့်လို့ စိုးရိမ်စရာ မရှိဘူးဆိုတာ မဟုတ်ပါဘူး။

ငလျင်လှုပ်ရင်တော့ အကုန်ခံရမှာပါပဲ။ ငလျင်ရဲ့ frequency ပေါ်မူတည်ပြီး ခံရတာပါ။ ဆို လိုတာက အထပ်နိမ့်တဲ့ အဆောက်အအုံက ငလျင်သက်ရောက်တဲ့ အဓိကနေရာမှာ ရှိနေရင်တော့ သူလည်း ခံရမှာပါပဲ။ တုန်ခါမှုနဲ့ နီးကပ်တဲ့ အဆောက်အအုံက ပိုခံရမှာပါပဲ။ အဓိက ပြောချင်တာကတော့ အထပ်မြင့်တာ၊ နိမ့်တာထက် အဆောက်အအုံတိုင်းကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့ပါ''ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးစောထွေးဇော် က ပြောပြခဲ့သည်။

''လောလောဆယ်မှာ ငလျင်ဒဏ်ခံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းကို ရေးဆွဲနေတုန်းပါပဲ။ ဒီစည်းမျဉ်းထက် လောလောဆယ်မှာ zoning map က ပိုအရေးကြီးနေပါတယ်။ မြေပုံမှာ ဘယ်ဒေသက မြေငလျင် ဘယ်အဆင့်လောက်ထိ ခံနိုင်တယ် ဆိုတာကိုပါ ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒီမြေပုံအရပဲ ငလျင်ဒဏ်ခံ စည်းမျဉ်းက ဆက်ဆွဲမှာဆိုတော့ ဒီနှစ်ထဲ ပြီးနိုင်မယ်၊ မပြီးနိုင်ဘူးဆိုတာက အတိအကျပြောလို့ မရသေးပါဘူး''ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

''ရိုးရိုး အဆောက်အအုံကတော့ အပေါ်ကနေ အောက်ကို ဒေါင်လိုက် သက်ရောက်တဲ့ ဖိအားတွေကိုပဲ ခံနိုင်အောင် တည်ဆောက်ကြပါတယ်။ ငလျင်ဒဏ်ခံ အဆောက်အအုံဖြစ်ဖို့ ဆိုရင်တော့ ငလျင်လှုပ်တဲ့အခါ ဖြစ်လာတဲ့ မြေသားတုန်ခါမှုတွေကြောင့် ဖြစ်လာမယ့် ဘေးတိုက်အားကိုပါ ခံနိုင်အောင် တည်ဆောက်ရပါတယ်။ အဲဒီ ဘေးတိုက်သက်ရောက်အားကြောင့် အဆောက်အအုံရဲ့ အလေးချိန်ကနေ အားပြန်ဖြစ်သွားတယ်။ ဒီတော့ ဦးပေါ့ရင် အားနည်းတယ်၊ ဦးလေးရင်တော့ အားပိုများနိုင်ပြီး ထိ ခိုက်ပျက်စီးမှုလည်း များနိုင်ပါတယ်''ဟု ဦးစောထွေးဇော် က ပြောပြခဲ့သည်။


ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကလည်း ''ရန်ကုန်မှာ ဟိုးစောစောပိုင်း အချိန်တုန်းက အဆောက်အအုံတွေ များသေးတယ်။ အဲဒီခေတ်တုန်းက အုတ်တွေနဲ့ချည်း ဆောက်တာများတော့ ငလျင်ဒဏ်ခံနိုင်ဖို့ နည်းပါးပါတယ်။ မြို့ထဲမှာ DB(Damage Building) လို့ခေါ်တဲ့ အန္တရာယ်ရှိ အဆောက်အအုံတွေ များနေသေးတာ တွေ့ရပါတယ်။ အဲဒါတွေက ငလျင်နဲ့ပတ်သက်ပြီး အားနည်းချက်တွေ ရှိနေသေးတယ်။

ခု နောက်ပိုင်းမှာတော့ ငလျင်ဒဏ်ခံဖို့ ထည့်သွင်း တွက်ချက်လာတာတွေ ရှိလာပါတယ်။ မဝေးတော့တဲ့ကာလမှာ ငလျင်ဒဏ်ခံ အဆောက်အအုံ စည်းမျဉ်းကလည်း ထွက်လာတော့မှာဆိုတော့ သဘာဝဘေးခံနိုင်တဲ့ အဆောက်အအုံတွေ တည်ဆောက်နိုင်တော့မှာပါ။ ဒီစည်းမျဉ်းတွေ ထည့်သွင်းတည်ဆောက်ဖို့အတွက် အသိ ပညာရှိဖို့ လိုပါတယ်''ဟု သုံးသပ် ပြောကြားခဲ့သည့်ကို news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။

ခမရ ၄၃၅ နဲ့ ၄၃၆ တပ်ရင်း ၂ရင်း လိုက် နှုတ်ထွက်စာ တင်

မြန်မာ တပ်ဖွဲ့ဝင် ရဲဘော်များရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တောင်ဥက္က္ကလာပမှာ အခြေစိုက်တဲ့ ခမရ ၄၃၅ နဲ့ ၄၃၆ တပ်ရင်း နှစ်ရင်းက အရာရှိအရာခံ အကြပ်တပ်သားတွေ အားလုံး နှုတ်ထွက်စာတင်ထားပါတယ်။

တပ်ရင်းလိုက် နှုတ်ထွက်စာ တင်လိုက်ရတဲ့အကြောင်းရင်းက ၂ ချက်ရှိတယ်လို့သိရပါတယ်။

အချိန်အတော်ကြာအောင် တင်ပြထားတဲ့ ရိက္ခ္ခာ မလောက်ငမှုပြဿနာနဲ့ တောင်းထားတဲ့ဘဏ်စုငွေတွေကိစ္စ္စကို ကနေ့အထိ အကြောင်း ပြန်ကြားခြင်း မရှိတဲ့အတွက် သည်းမခံနိုင်တဲ့အဆုံး ပြီးခဲ့တဲ့ အပတ်ကစပြီး တစ်တပ်လုံး နှုတ်ထွက်စာ တင်တာဖြစ်တယ်လို့ ခမရ ၄၃၅ ကတပ်ကြပ်ကြီး တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဘဏ်စုငွေနဲ့ရိက္ခာ ကိစ္စ တောင်းဆိုထားတာ အချိန် ကြာမြင့်ခဲ့သည့်တိုင် အထက်က ဘာမှ အရေးယူဆောင်ရွက် ပေးခြင်းမရှိကြောင်း တပ်ရင်းမှူးကတဆင့် တင်ပြခဲ့ကြောင်း အဲဒီတပ်ကြပ်ကြီးကပဲ ဘီဘီစီကို ပြောပါတယ်။

အဲဒီကိစ္စ အခုတပ်ရင်းမှူးကိုယ်တိုင်ကပါ နှုတ်ထွက်စာတင်ကြောင်း အခုတော့ နှုတ်ထွက်စာတင်တဲ့တပ်ရင်း ၂ ရင်းဖြစ်ကြောင်းနဲ့ တပ်ရင်းတရင်းမှာ အင်အား ၂၀၀ ရှိကြောင်း တပ်ကြပ်ကြီးက ဘီဘီစီကိုပြောပါတယ်။

တကယ်တော့ ရဲဘော်တွေရဲ့ ဘဏ်မှာစုထားတဲ့ဘဏ်စုငွေတွေ ပြန်ထုတ်မပေးလို့ စစ်တပ် တပ်ရင်းတခိျု့ ရဲတပ်ရင်းတခိျု့ မကြေမနပ်ဖြစ်နေတာ ကြာပါပြီ။ ရဲမွန်တပ်ဆိုရင် အခုထက်ထိ အဝိုင်းခံထားရဆဲပါ။ ရဲဘော်တွေရဲ့ ဒီဘဏ်စုငွေတွေဟာ မြန်မာ့စီးပွါးရေး ဦးပိုင်လိမိတက်မှာ ရှိနေပြီး အခုထက်ထိတော့ ပြန်ထုတ်မပေးပဲ ထားလို့ ပြဿနာ မပြေလည် ဆဲဖြစ်နေပါတယ်။

ရင်းမြစ်..ဘီဘီစီ

မြန်မာရှေးဟောင်းပစ္စည်းမျိုးစုံ ထိုင်းသို့ နေ့စဉ် ပုံမှန်တင်သွင်း

မဲဆောက်-မြ၀တီ နှစ်နိုင်ငံနယ်စပ်ဂိတ်များကို မြန်မာဘက်က ပိတ်ထားသော်လည်း ရှေးဟောင်းပစ္စည်းမျိုးစုံ ထိုင်းဘက်သို့ ခိုးထုတ်သည့်လုပ်ငန်းကို မြန်မာအာဏာပိုင်များနှင့် နားလည်မှုယူကာ ပုံမှန်လုပ်ဆောင်လျက်ရှိသည်ဟု ရှေးဟောင်းပစ္စည်း ကုန်သည်များက ပြောသည်။

မြန်မာရှေးဟောင်းပစ္စည်း ကုန်သည်တဦးက “မြန်မာရှေးဟောင်းပစ္စည်းတွေကတော့ ညတိုင်း မြ၀တီကနေ မဲဆောက်ဘက် သယ်နေတာပဲ။ ဒီအလုပ်က ဒီနယ်စပ်မှာ တွင်ကျယ်နေတာ အနှစ် (၂၀) လောက်ရှိပြီ။ အရင်လ ဂိတ်တွေ စပိတ်ချိန်မှာတော့ တပတ်လောက် နားတာကလွဲပြီး အခုပုံမှန်ပြန်ဖြစ်သွားပြီ။ အရေးကြီးတာက အာဏာပိုင်အဖွဲ့စုံနဲ့ အဆက်မပြတ် ဆက်သွယ်နေရင် ဘာအခက်အခဲမှမရှိဘူး” ဟု ပြောသည်။

ရှေးဟောင်းပစ္စည်းများအား ထိုင်းဘက်သို့ ပို့ဆောင်ရာတွင် မြန်မာဘက်၌ အာဏာပိုင်အဖွဲ့များကို ပေးကမ်းရသကဲ့သို့ ထိုင်းဘက်တွင်လည်း ယူနီဖောင်းဝတ် ၀န်ထမ်းအဖွဲ့များကို ပေးကမ်းညှိနှိုင်း၍ လုပ်ဆောင်ရပြီး ဆယ်စုနှစ်တခုကျော် ကာလအတွင်း မည်သည့်အခက်အခဲမှ မရှိဘဲ လွပ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သည်ဟု ယင်းကုန်သည်က ပြောသည်။

ထိုင်းဘက်ပို့မည့် ရှေးဟောင်းပစ္စည်း အရေအတွက်ကို ကြည့်၍ မြ၀တီဘက်တွင် တရားမ၀င် ရာဖြတ်ပုံစံမျိုးဖြင့် ရာဖြတ်သည့်အတိုင်း ပေးရပြီး ထိုင်းဘက်တွင်လည်း ၎င်းတို့ရာဖြတ်သည့်အတိုင်း ပေးဆောင်ရသည်ဟု သိရသည်။

မြန်မာနိုင်ငံအရပ်ရပ်မှ ရှေးဟောင်းပစ္စည်းများ မြ၀တီမြို့သို့ ယာဉ်တန်းတရက်ခြား ပုံမှန်ပါရှိတတ်ပြီး တခေါက်လျှင် အနည်းဆုံး (၁၀) ဘီးတပ်ယာဉ် တစီးစာခန့်ရှိသည်ဟု မြ၀တီမြို့မှ ရှေးဟောင်းပစ္စည်းပြုပြင်သော အလုပ်ရုံတခုမှ အလုပ်သမားတဦးက ပြောသည်။

၎င်းက “ရှေးဟောင်းပစ္စည်း သီးသန့်တော့ လာလို့မရဘူး။ အထူးသဖြင့် ကုန်ကားတွေမှာ အရောအနောလုပ်ပြီး သယ်ကြရတယ်။ လမ်းခရီးမှာ ကျိုးတာပဲ့တာတွေ ရှိတော့ အဲဒါတွေကို ကျနော်တို့အလုပ်ရုံမှာ မူရင်းအတိုင်းဖြစ်အောင် ပြန် ပြင်ပေးရတယ်။ ကျနော်တို့ရုံမှာဆိုရင် ရန်ကုန်-မန္တလေးက ပန်းပုကျောင်းဆင်းတွေ၊ အပြင်က ၀ါရင့်ပန်းပုပညာသည်တွေကို ငှားပြီး လုပ်ကိုင်နေတာပါ” ဟု ပြောသည်။

မြ၀တီမြို့မှ ဘုန်းတော်ကြီးတပါးက “ဒီကိစ္စ ခေါင်ကနေမိုးယိုတော့ ခက်တယ်။ မြ၀တီကို ဘန်ကောက်က ထိုင်းဒကာတွေ ဘုရားလာဖူးကြတယ်။ မြန်မာလက်ရာ ရှေးဟောင်းဘုရားတွေနဲ့ မြန်မာရှေးဟောင်း အနုပညာလက်ရာတွေကို သူတို့က ဖူးချင်တယ်၊ မြင်ချင်တယ်ဆိုတော့ ကိုယ့်မှာက ဘာမှပြစရာမရှိဘူး။ ရှက်ရှက်နဲ့ပဲ ပြန်ပြောရတယ်။ ရှေးဟောင်းဘုရားနဲ့ မြန်မာအနုပညာလက်ရာတွေ တနေရာတည်းမှာပဲ အစုံကြည့်ချင်ရင် မဲဆောက် ရှေးဟောင်းပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ ရှိတယ်လို့ပဲ ပြောလိုက်ရတယ်” ဟု မိန့်ကြားသည်။

မြန်မာနိုင်ငံမှ ရှေးဟောင်းဘုရားမျိုးစုံနှင့် ရှေးဟောင်းလက်ရာပစ္စည်းများ နိုင်ငံတကာသို့ လွယ်လင့်တကူ ရောက်ရှိနိုင်ရန်အတွက် ရှေးဟောင်းပစ္စည်း အများဆုံးခိုးထုတ်သည့် နယ်စပ်မှာ မြ၀တီနယ်စပ်ဖြစ်သည်ဟု မဲဆောက်တွင် နေထိုင်သည့် မြန်မာရှေးဟောင်းသုတေသနဦးစီးဌာနမှ အငြိမ်းစားပညာရှင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။

မြ၀တီခရိုင်မှ ကျောင်းဆရာတဦးက “မြန်မာနိုင်ငံမှာ ရှေးဟောင်းပစ္စည်း ခိုးထုတ်တဲ့ မြ၀တီနယ်စပ် ဈေးကွက်ဆိုတာက မြန်မာသိ ကမ္ဘာသိပဲ။ လက်ရှိမြ၀တီခရိုင် ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း အပါအ၀င် မြ၀တီမှာ ခရိုင်ဥက္ကဋ္ဌ လုပ်သွားတဲ့ လူတွေအားလုံးက ရက်ကြီးခါကြီးနဲ့ အခြားအစိုးရ အခမ်းအနားတွေမှာ ပြောလိုက်ရင် ကိုယ့်အမျိုးဂုဏ်ဆိုတာ ကိုယ်ထိန်းသိမ်းရမယ်၊ ကိုယ့်ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ကိုယ်ထိန်းသိမ်းရမယ်ဆိုပြီး မစားရ၀ခမန်း အမြဲပြောတယ်။ လက်တွေ့နဲ့က တခြားစီပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့၏တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာရှေးဟောင်းပစ္စည်းမျိုးစုံ ရောင်းချသည့် ဆိုင်ကြီး (၁၀) ဆိုင်ခန့်ရှိပြီး လက်ရှိရောင်းချနေသည့် ရှေးဟောင်းပစ္စည်းတခု၏ ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ (၃) ထောင်တန်မှ (၅) သိန်းတန်အထိ ရှိသည်။

ရင်းမြစ်...ခေတ်ပြိုင်

မန္တလေးမြို့တွင်အ၀တ်လျှော်စက်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွား၍ အမျိုးသမီးတစ်ဦး သေဆုံး

အ၀တ်လျှော်စက်မှတစ်ဆင့် ၀ိုင်ယာ ရှော့ဖြစ်ပြီး မီးလောင်မှုတစ်ခု ဩဂုတ် လ ၆ ရက်နေ့ ညနေ ၃ နာရီခွဲက ပြည်ကြီး တံခွန်မြို့နယ် ကျွဲဆည်ကန် ကားကြီး ၀င်းအတွင်းဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုး သမီးတစ်ဦး သေဆုံးခဲ့သည်ဟု တရား ၀င်ထုတ်ပြန်ကြေညာထားသည်။

ဖြစ်ပွားပုံမှာ ကျွဲဆည်ကန်ကားကြီးဝင်း အတွင်းရှိ အဆောင်အခန်း အမှတ် (၈) ပြည့်ပြည့် စတိုးဆိုင်တွင် အ၀တ်လျှော် စက်မှ ၀ိုင်ယာ ရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ရေချိုးခန်းအတွင်း ရေချိုး နေသည့် အလုပ်သမ မအရုဏ်ဦးမှာ အခန်းထဲ ပိတ်မိပြီး မီးခိုးငွေ့များ ကြောင့် သတိလစ်မေ့မြောသွားခဲ့သည်။

ယင်း အမျိုးသမီးကို မန္တလေး အထွေ ထွေရောဂါကု ဆေးရုံကြီး သို့ ပို့ဆောင် ခဲ့ရာ ၎င်းနေ့ ညနေ ၅ နာရီခွဲတွင် သေ ဆုံးသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် တန်ဖိုးငွေ ကျပ် သုံးသောင်း ကျော်ခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကို ပြည်ကြီး တံခွန်ရဲစခန်း က (ပ)၃၄၁/၂၀၁၀ ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄(က) အရ ဆိုင်ရှင် ဦးကျော်တင့်အားအမှုဖွင့် အရေးယူထားသည်ဟု မြန်မာတိုင်းမ် ဂျာနယ်တွင်ဖော်ပြ ထားပါသည်.။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် အဝေးပြေးကားလက် မှတ်များကိုအွန်လိုင်းမှ ၀ယ်ယူနိုင်တော့ မည်ဖြစ်ကြောင်း သိရ


အောင်မင်္ဂလာအဝေးပြေးကား ၀င်းမှပြေးဆွဲလျက်ရှိသောအဝေးပြေး ကားလိုင်းများနှင့် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းများ၏ အသွားအပြန်ကားလက်မှတ်များကို ပင်ရင်းဂိတ်ဈေးအတိုင်း easyticket. asia website တွင် ယခုလ ၂၀ရက် နေ့မှစ၍ ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။


''Online မှဝယ်ယူလိုသူက Easy Ticket ရဲ့ Prepaid Member ဖြစ်ရန်လိုအပ်ပြီးတော့ ကြိုတင်ငွေ ၆၀၀၀ကျပ်သွင်းဖို့ လိုပါတယ်။ မိမိ သွားလိုတဲ့ခရီးစဉ်နှုန်းထားပေါ်မူတည် ပြီး အနည်းဆုံးလက်မှတ်တစ်စောင်နှုန်း ကြိုတင်ပေးသွင်းထားမှသာ online ကနေတဆင့် ကြိုတင်လက်မှတ်ဝယ် ယူနိုင်မှာဖြစ်ပါတယ်''ဟုအဆိုပါအစီ အစဉ်ကိုဆောင်ရွက်သည့် Easy Ticket ကုမ္ပဏီမှ Chief Operating Officer ဒေါ်မေသူခင်က ပြောသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင်ဖော်ပြထားပါသည်.။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကဝန်ထမ်းတွေ အလုပ်တော်တော်များနေကြတယ်ထင်ပါရဲ့ အမှိုက်ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊လေထု၊ ရေထုညစ်ညမ်းမှုများကြုံတွေ



ရန်ကုန်မြို့၏ သန့်ရှင်းမှုကျဆင်းလာခြင်းတွင် အမှိုက်ကို စီမံခန့်ခွဲ၍ စွန့်ပစ်မှုမရှိခြင်းလည်း ပါဝင်နေပြီး အမှိုက်ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု သာမက လေထု၊ ရေထုညစ်ညမ်းမှုများကိုပါ ကြုံတွေ့လာရကြောင်း သတင်း ရရှိပါသည်။


ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏မြို့တော် ဖြစ်ခဲ့ပြီး ယခင်ကတည်းက လူဦးရေများပြားခဲ့ကာ ယခုနောက်ပိုင်းတွင်မူ မြို့ပြသို့ပြောင်းရွှေ့ နေထိုင်ကြသူများ၏ အဓိကရွေးချယ်ရာ မြို့ကြီး ဖြစ်လာသည့်အတွက် လူဦးရေသိပ်သည်း ထူထပ်မှုပိုမိုလာသည်ဟု သိရှိရသည်။


"ရန်ကုန်မြို့နေလူထု စွန့်ပစ်တဲ့အမှိုက်က အော်ဂဲနစ်များပါတယ်။ အော်ဂဲနစ်ဆိုတာက သက်ရှိသတ္တ၀ါ တွေကို မွေးဖွားနိုင်တဲ့အရာဖြစ်ပြီး ဘက်တီးရီးယားတွေ တစ်ဆင့်ပြန်လည် ပေါက်ဖွားမှု များစေတယ်။ လေ့လာထားသလောက် စွန့်ပစ်အမှိုက်တွေထဲမှာ အော်ဂဲနစ်ပါဝင်မှုရာခိုင်နှုန်း ၅၀ အောက်ပဲရှိတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေပါ။ မြန်မာနိုင်ငံကတော့ ရာခိုင်နှုန်း ၅၀ အထက်မှာ ရှိပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံသာဖြစ်သည့်အတွက် အမှိုက်ကို စီမံခန့်ခွဲပြီးမစွန့်ပစ်သော နိုင်ငံများတွင် ပါဝင်နေပြီး မီးလောင်တတ်သောအမှိုက်နှင့် မီးမလောင်တတ်သော အမှိုက်များကို ခွဲခြားစွန့်ပစ်မှု မရှိသေးကြောင်း သိရသည်။


အမှိုက်များကို စုပုံသည့်အခါတွင် တစ်လွှာချင်းစီ အထပ်လိုက် စုပုံရပြီးအမှိုက်၏ သာမန်အပူချိန် သည် ၆၅ မှ ၇၅ ဒီဂရီဖာရင်ဟိုက် ရှိကာ စုပုံထားသည့်အမှိုက်များတွင် အောက်ဆုံးရှိ အမှိုက်များသည် အပူချိန်မြင့်တက်လာကြောင်း၊ အပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက် ကျော်ပါက အော်ဂဲနစ်တွင် ပါဝင်သည့်ဘက်တီးရီးယားများ ငြိမ်သက်သွားကာ ၁၀၀ ဒီဂရီဖာရင်ဟိုက် ကျော်လျှင်မူ ပြန်ရှင်သန်လာကြကြောင်း သိရှိရသည်။




ပြန်လည်ရှင်သန်လာသည့် ဘက်တီးရီးယားများမှ တစ်ဆင့် မီသိန်းဓာတ်ငွေ့ထွက်ရှိလာပြိး အဆိုပါဓာတ်ငွေ့သည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည့် ဓာတ်ငွေ့ပင်ဖြစ်ကြောင်း သိရသည်။


"အမှိုက်က ထွက်ရှိတဲ့ မီသိန်း ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေထုညစ်ညမ်းစေတာထက် ၂၁ ဆပိုပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။


ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ် အတွင်း နောက်ဆုံးကောက်ယူခဲ့သော အမှိုက်စစ်တမ်းအရ မီးဖိုချောင်ထွက် အမှိုက် ၇၃ ဒသမ ၂၇ ရာခိုင်နှုန်း၊ ပလတ်စတစ် ၁၇ ဒသမ ၇၅ ရာ ခိုင်နှုန်း၊ ခြံထွက်အမှိုက် ၃ ဒသမ ၆၆ ရာခိုင်နှုန်း၊ စက္ကူ ၂ ဒသမ ၁၄ ရာခိုင်နှုန်း၊ အ၀တ်စ ၁ ဒသမ ၁၄ ရာခိုင်နှုန်း၊ သတ္တု ၀ ဒသမ ၂ ရာခိုင်နှုန်း၊ ဖန်အမှိုက် ၀ ဒသမ ၄၅ ရာခိုင်နှုန်း၊ အခြားအမှိုက် ၁ ဒသမ ၂၉ ရာခိုင်နှုန်း အသီးသီးရှိသည်ဟု သိရှိရသည်။


လူတစ်ဦးချင်း၏ အသုံးပြုမှုမှ ထွက်ရှိသည့် နေ့စဉ်စွန့်ပစ်သော အမှိုက်သည် ၀ ဒသမ ၂၈၇ ကီလို ဂရမ်ရှိသည့်အတွက် လူဦးရေထူ ထပ်များပြားလာပြီဖြစ်သည့် ယခုနှစ်များအတွင်း အမှိုက်ထွက်ရှိမှုလည်း ပိုမိုလာခဲ့သည်ဟု သိရှိရသည်။


"နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေမှာ အော်ဂဲနစ်အမျိုးအစား များပြားတဲ့အတွက် မီးရှို့ဖျက်ဆီးလို့ မရနိုင်ဘူး။ မီးရှို့လိုက်ရင် အရည်တွေ ထွက်လာတာနဲ့ အမှိုက်တွေ ပျက်စီးတဲ့အထိ စောင့်ပြီး မီးရှို့ရင်လောင် စာဆီကုန်ကျမှုများတာ စတဲ့ အနေအထားတွေရှိပါတယ်"ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူက ပြောကြားသည်။


ရန်ကုန်မြို့သည် လူဦးရေများပြားခြင်း၊ ကားအစီးရေများပြားလာခြင်း၊ စက်ရုံအလုပ်ရုံများပြားလာခြင်း၊ မီးစက်ကို အသုံးပြုမှုများပြားခြင်း စသည်တို့ကြောင့် မီးခိုးငွေ့များမှတစ်ဆင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများလည်း ကြုံတွေ့နေရကာ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးသည့် သစ်ပင်များ နည်းပါးလာမှုကြောင့်လည်း အပူချိန်မြင့်တက်မှု၊ ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်လာရသည်ဟု သိရှိရသည်။


မီးခိုးငွေ့များကြောင့် လေထု ညစ်ညမ်းမှုများကို ကြုံတွေ့လာရသည့်နည်းတူ လေထုညစ်ညမ်းမှုနှင့် အိုဇုန်းလွှာပျက်စီးမှုကို ကာဗွန်ဒိုင် အောက်ဆိုက် ၂၁ တန်နှင့်ညီမျှ အောင်ဖြစ်စေသော မီသိန်းဖြစ်စဉ်ကို ဖြစ်စေသည့် အမှိုက်များ တိုးပွားလာမှုကလည်း ယင်းညစ်ညမ်းမှုများကို မြင့်တက်လာစေသည်ဟု သိရှိရသည်။


အမှိုက်စွန့်ပစ်မှုစနစ် ထိန်းချုပ်နိုင်မှု အားနည်းသည့်အတွက် ရေစီးရေလာ ကောင်းမွန်ရေးကို အနှောင့်အယှက်ဖြစ်စေခြင်း၊ မြောင်းများ ပိတ်ဆို့မှုမှတစ်ဆင့် ရေလျှံမှုကို အလွယ်တကူ ဖြစ်ပေါ်စေခြင်းများကို ရန်ကုန်မြို့နေ လူထုတွေ့ကြုံရမှုများ ရှိကာ ရန်ကုန်မြို့သည် လွန်ခဲ့သော နှစ်များကထက် သန့်ရှင်းမှုကျဆင်းလာပြီး ယခင်က စိမ်းလန်းသော၊ သန့်ရှင်းသော မြို့တော်အဖြစ်မှ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်ဟုလည်း ရန်ကုန်မြို့တွင် နေထိုင်သူအချို့က ဆိုပါသည်။


ရေထုအတွင်းသို့ စွန့်ပစ်အမှိုက်များ ရောက်ရှိမှုကြောင့် ရေထုညစ်ညမ်းမှုများလည်းရှိပြီး ယင်းရေထု ညစ်ညမ်းမှုသည် အာဆီယံ သတ်မှတ်စံနှုန်းထက် များပြားနေကြောင်း၊ လေထုညစ်ညမ်းမှုသည်လည်း အာဆီယံ စံနှုန်းထက် များပြားနေကာ အမှိုက်များကြောင့် မြေထုညစ်ညမ်းမှုများကိုလည်း ကြုံတွေ့လာရကြောင်း သိရသည်။


"အရင်ကတော့ လူနည်းပြီး အိမ်တွေက အလှမ်းဝေးကြတယ်။ အခုနောက်ပိုင်းတော့ လူနေထူထပ်လာတယ်။ ရေဆိုးပြဿနာတွေ ကြုံလာရတယ်။ အိမ်သာနဲ့ရေတွင်း အိမ်ရှေ့၊ အိမ်နောက်ဆိုတာတွေ မလုပ်နိုင်ကြတော့ဘူး။ တိုက်ခန်းတွေမှာ နေလာကြရတယ်။ မြေကြီးထဲကို ရေဆိုးစိမ့်ဝင်မှုများတော့ အ၀ီစိတွင်းရေ၊ ကန် ရေတွေတောင် သောက်သုံးလို့ မသင့်တာတွေရှိလာတယ်" ဟုရေသန့်စနစ် နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦး က ပြောကြားသည်။


ရန်ကုန်မြို့နေသူများသည် နေ့စဉ်စွန့်ပစ်အမှိုက်များကို လမ်းများ၌ အခကြေးငွေဖြင့် သိမ်းဆည်းပေးသည့် လှည်းများသို့ စွန့်ပစ်ခြင်း၊ လမ်းများဘေးရှိ အမှိုက်ပုံနေကျနေရာများသို့ ညဘက်အချိန်များတွင် သွားရောက်စွန့်ပစ်ခြင်းများ ပြုလုပ်နေကြသဖြင့် အဆိုပါနေရာဝန်းကျင်၏ မြင်ကွင်းများကို ရုပ်ဆိုးစေသည်ဟု သိရှိရသည်။


"မီသိန်းက အိုဇုန်းလွှာကို ပျက်စီးစေတယ်။ မီးလောင်မှုကို အားပေးတယ်။ တချို့အမှိုက်ပုံတွေမှာ မီသိန်းကြောင့်အလိုအလျောက် မီးလောင်နေစေတယ်။ တချို့အမှိုက်ပုံတွေထဲမှာ လှိုက်ပြီး မီးလောင်နေတယ်" ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက
news-eleven ဂျာနယ်အားပြောကြားခဲ့ဟု ထိုဂျာနယ်တွင်ဖော်ပြထားပါသည်။