06 February 2010

အမေ ဖတ်ဖို့ရေးတဲ့ ကဗျာ



"အနောက်မှာ လေပြည်
အရှေ့မှာ လေနီကြမ်း ကောင်းကင်မှာနီမြန်းနေပြန်တော့
အမေ့လာရာလမ်းကို သားမှန်းမျှော်ကြည့်လိုက်ပါတယ်.......အမေ။
"အမေ.......
အနေဝေးပေမယ့်
အဖြေတွေးကြည့်ရင်တော့
အမေရေ......
နွေတစ်ခေါက် ပြန်ရောက်တော့မယ်နော် လောကရဲ့ဇါတ်ခုံပေါ်မှာ
ပြကွက်ကောင်းတဲ့ မှော်ဆရာရဲ့အတတ်ပညာတွေနဲ့
ဟပ်ချလောင်း ဟပ်ချလောင်း
ထပ်ခါတစ်လည်းလည်း ပြောင်းပြနေပေမယ့်
အိမ်အိုလေးက ဟောင်းနေဆဲပါပဲလား....အမေ။
အမေ..ကျွန်တော်တို့ရဲ့ အမေ
မလျှော့တဲ့ ဇွဲ ရဲရဲနီမြဲ
သံမဏိခဲမို့ အမေ့လိုရာပြည့်စေချင်ပါတယ်.....
..အမေ။
ဒါပေမယ့်.....အမေ
အနောက်မှာ လေပြည်
အရှေ့မှာ လေနီကြမ်း ကောင်းကင်မှာနီမြန်းနေပြန်တော့
အမေ့လာရာလမ်းကို သားမှန်းမျှော်ကြည့်လိုက်ပါတယ်.
....အမေ။

ကိုလင်း

နအဖစစ်ဗိုလ်ချုပ်ရဲ့ဆွေးတော်ရှစ်သောင်းမျိုးတော်ပေါင်းတို့ လုပ်စားနေကြတာမြန်မာပြည်သူတွေလဲအကြမ်းဖက်ခံနေရပြီး

န အ ဖ ရဲ့ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့မွေးရပ်ဇာတိဖြစ်တဲ့ စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ကန့်ဘလူမြို့မှာမြို့အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးတဦးရဲ့ အဂတိလိုက်စားမှု၊ မတရား

အနိုင်ကျင့်မှုတွေကြောင့် မြို့ခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့စုံစမ်းသိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အစ်ကိုဖြစ်သူဦးကျော်ညွန့်နဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး၊
ဦးစိုးမြင့်
ဆိုသူဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကစလို့ မြို့ခံတွေထံက အဓမ္မငွေကြေးကောက်ခံမှု၊
မြို့ပိုင် ဈေးနဲ့ အဆောက်အဦးတွေ ရောင်းချမှုတွေကနေကျပ်ငွေ သန်းပေါင်း ရာနဲ့ချီ ရရှိနေပြီး၊
စာရင်းရှင်းတင်ပြတာ
တွေလည်းမရှိဘူးလို့ မြို့သူမြို့သားတွေက RFA ကို ပြောပြပါတယ်။

ဘဘဦးဝင်းတင်နှင့် ဗဒိုဒေးဗစ်သာကဘော် စကားပြောခြင်း အစီအစဉ်

Discussion on NDF Presd n U Win Tin

မြန်မာနိုင်ငံရဲ့အကျဉ်းထောင်အတွင်းထောင်သက်တမ်းကြာ မြင့်စွာနေခဲ့ရသောမြန်မာနိုင်ငံရေးအကျဉ်းသားတဦး သရက်ထောင် မှ ပြန်လွတ်.


ဦးဘမျိုးသိန်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပီဒီအက်ဖ်)နဲ့ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၁၉ နှစ်ကျခဲ့တဲ့ ဦးဘမျိုးသိန်း(အသက် ၅၆ နှစ်)ဟာ မကွေးတိုင်း သရက်မြို့အကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာပါတယ်၊ ပဲခူးတိုင်း ပြည်မြို့ဇာတိဖြစ်တဲ့ ဦးဘမျိုးသိန်းကို စစ်အစိုးရ အာဏာပိုင်တွေက ၁၉၈၉ ခုနှစ်တုန်းက ရန်ကုန်မှာ ဖမ်းဆီးခဲ့တာပါ၊ အခုတော့ လွတ်ရက်စေ့လို့ ပြန်လွတ်လာတာပါ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျန်နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ပြန်လွတ် စေချင်တယ်လို့ ဦးဘမျိုးသိန်းက ပြောပါတယ်၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်တွင်းမှာ ကျန်းမာရေးကုသစောင့်ရှောက်မှုဟာ အရေးအကြီးဆုံး လိုအပ်ချက်ပဲလို့ ပြောပါ တယ်၊

ဦးဘမျိုးသိန်း. ထောင်တွင်းအတွေ့အကြုံ ဆက်သွယ်မေးမြန်းဖြေကြားချက်

“လွတ်ရက်စေ့လို့ ပြန်လွတ်လာတာပါ၊ နိုင်ငံရေးအမှုက ပုဒ်မ ၅(ည)။ ပုဒ်မ ၅(င) တို့။ အသင်းအဖွဲ့ ၆ တို့လေ၊ ပထမအမှုကတော့ ၆ နှစ်ကျတယ်၊ အင်းစိန်ထောင်ထဲမှာပဲ၊ အန်ကယ် ဦးဝင်းတင်တို့နဲ့ ၂၄ ယောက်အမှုတွဲမှာ ထပ်ပြီးတော့ ၁၂ နှစ် ကျတယ်၊ ကိုဂျင်မီတို့။ ဒေါက်တာ ဇော်မြင့်မောင်တို့နဲ့ ၁၂ နှစ် ထပ်ကျတယ်၊ စုစုပေါင်းတော့ အားလုံး ၁၉ နှစ်ကျတယ်၊ ၁၉ နှစ် ဖြစ်သွားပြီးတော့ အင်းစိန်ထောင်ကနေ သရက်ထောင်ကို ၁၉၉၇ မှာပြောင်းပြီး အခု ၂ဝ၁ဝ ကျမှ လွတ်တယ်ပေါ့ လေ၊ ၁၉ နှစ်အတိ နေရတယ်ပေါ့လေ၊”

ဦးဘမျိုးသိန်းကို ဘာ့ကြောင့် အဲဒီအမှုတွေနဲ့တရားစွဲတာလဲ၊

“ကျနော်က ၁၉၈၉ မှာ ပီဒီအက်ဖ်လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်မှုနဲ့ ကျတာပါ၊ ”

၁၉ နှစ်ကြာ ထောင်တွင်းအတွေ့အကြုံလေးတွေကို နည်းနည်း အကျဉ်းချုံး ပြောပြလို့ရမလား၊

“အိုင်စီအာစီ(နိုင်ငံတကာကြက်ခြေနီအဖွဲ့) လာပြီးတဲ့နောက်ပိုင်း နည်းနည်း ချောင်ချောင်လည် လည် ရှိသွားတယ်ပေါ့လေ၊ ၁၉၉၉-၂ဝဝဝ ခုနှစ်၊ ဒီဘက်ပိုင်းမှာတော့ ထောင်ပိုင်ရဲ့ သဘောထား အပေါ် မူတည်နေတယ် ထင်တယ်၊ ထောင်ပိုင်ရဲ့ စိတ်သဘောထားအပေါ် မူတည်ပြီးတော့မှ ကောင်းတဲ့အခါလည်း ကောင်းလာတယ်၊ မကောင်းတဲ့အခါလည်း မကောင်းဘူးပေါ့၊ “အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အရင်တခါတုန်းက ကျနော် တို့ သရက်ထောင်ကပဲ မနီမိုလှိုင်ဆိုရင် ကျန်မာရေး အသည်းအသန်ဖြစ်တယ်၊ ၁ဝ ရက်။ ၁၂ ရက် လောက် ခံရတယ်၊ ရောဂါနဲ့ဆေးနဲ့မတွေ့တာဘဲလားတော့ မသိဘူး၊ အဲဒီလို ဖြစ်ခဲ့ဖူးတယ်၊ “မကြာသေးခင်ရက်ပိုင်းက ကိုမျိုးသန်ဏ္ဍဆိုတာလေ၊ သူလည်းပဲ အစာအိမ်။ ကျောက်ကပ်နဲ့ အသည်း ဖြစ်တယ်ပေါ့လေ၊ ဒါပေမယ့် မှန်းချက်ထုတ်တာက တခါ အူရောဂါ ဖြစ်တယ်ပေါ့လေ၊ ရောဂါနဲ့ ဆေးနဲ့ မတွေ့ဘူး ဖြစ်နေတယ်၊ လေးရက်ငါးရက်လောက် ကြာတဲ့အခါကျမှ အပြင်ကို ဆေးဝါး ကုသခွင့်ပေးဖို့ တော်တော်တောင်းယူရတယ်၊ “ကျနော်တို့မှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျဉ်းထဲကျပ်ထဲ ဖြစ်နေတဲ့ အကျဉ်းသား တွေအနေနဲ့ကျန်မာရေးက ဆိုးဆိုးရွားရွား ဖြစ်နေတဲ့အချိန်မှာ အပြင်ကို အလွယ်တကူ ဆေးဝါး ကုသ ထုတ်ခွင့်မပေးတာ တော်တော်ဂွကျနေတယ်ပေါ့လေ၊”

အကျဉ်းထောင်ထဲမှာ ရှိနေတုန်း ဘယ်သူတွေနဲ့ တွေ့ခဲ့ရ။ စကားတွေ ပြောခဲ့ရလဲ၊

“သရက်ထောင်ထဲမှာ မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင်။ ကမ္ဘာမှာပြောမယ်ဆိုရင် ပြောလို့ရတဲ့ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား။ အသက် ၈၇ နှစ် ရှိတဲ့ ဦးကျော်ခိုင် တောင်ကုတ် လွှတ် တော်ကိုယ်စားလှယ်နဲ့တွေ့ခဲ့ရပါတယ်၊ သူကတော့ ကျန်းကျန်းမာမာ။ စိတ်ဓာတ်ခိုင်ခိုင်မာမာပဲ၊ “ကိုဖိုးဖြူ ရှိတယ်။ ကိုဇော်ဌေး ရှိတယ်၊ ဦးအေးမြင့် ရှိတယ်၊ နောက် ဦးအောင်ခင်ဘို ဘိုကလေး အန်အယ်လ်ဒီအဖွဲ့က ရှိတယ်၊ ဦးသန့်ရှင်း ပခုက္ကူက ရှိတယ်၊ မနီလာသိန်း။ နောက် မနီမိုလှိုင်။ တော်တော်များများရှိကြပါတယ်၊ ကျန်းမာရေးတွေကတော့ တချို့လည်း ကောင်းကြ တယ်၊ တချို့လည်း မကောင်းဘူးပေါ့၊”

အခု ပြန်လွတ်လာပြီဆိုတော့ နိုင်ငံရေး ယုံကြည်ချက်ကရော၊

“နိုင်ငံရေးယုံကြည်ချက်ကတော့ ဆက်ပြီးတော့ရှိနေဦးမှာပဲ၊ အဓိက ကတော့ ၉ဝ ခုနှစ် ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အန်အယ်ယ်ဒီ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေ ကတော့ ဆက်ပြီးတော့ ဆုပ်ကိုင်ထားတဲ့ကိစ္စကတော့ ကျနော်တို့ရဲ့ အဓိကအားဖြစ်တယ်၊ ဒါကို ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးလုပ်ဖို့ ရှိတယ်ပေါ့လေ၊”


ရင်းမြစ်၊ DVB
ဓာတ်ပုံ ၊ AAPP

ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့


ထိုင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်က ထိုင်းအစိုးရကို မေတ္တာရပ်ခံနေသည့်ကြားမှ ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃) စုကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်တွင် အတင်းအကျပ် နေရပ်ပြန်ပို့လိုက်သည်။



ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအကျပ် မြန်မာဘက်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။



မျက်မြင်သက်သေ ဒုက္ခသည်တဦးက “ဒီမနက်အစောကြီးဘဲ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) က သူတို့ကို အတင်းကားပေါ် တက်ခိုင်းပြီး ဟိုဘက်ကမ်းပြန်ပို့လိုက်တယ်၊ စခန်းထဲမှာလည်း အရပ်ဝတ်တွေနဲ့ ကရင်လိုတတ်တဲ့ ထိုင်းစစ်သားတွေက ဒုက္ခသည်တွေကို ပြန်ဖို့ လိုက်ပြီး ပြောဆိုနေတယ်” ဟု ပြောသည်။



ဒုက္ခသည်များက အန္တရာယ်ရှိသည့်အတွက် လောလောဆယ်တွင် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းပြောပြီး ယာယီဒုက္ခသည် စခန်းအတွင်းမှာပင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု သိရသည်။



ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါးမလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက နအဖ၊ ဒီကေဘီအေ ထက်တောင် ဆိုးနေတယ်၊ ကိုယ်ချင်းစာတရားမရှိဘူး” ဟု ပြောသည်။



ယနေ့နံနက်က နောင်ဘိုးယာယီဒုက္ခသည်များ၏ နေအိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ရာ လက်ကိုင်ဖုန်းတလုံးကို တွေ့ရှိသွားပြီး “မင်းတို့က ဒီဖုန်းတွေနဲ့ ယူအန်နဲ့သတင်းဌာနတွေကို သတင်းပေးနေကြတယ်” ဟုဆိုကာ သိမ်းဆည်းသွားသည်။



ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ယမန်နေ့က ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့သည်။



ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ဆူလဖုံးက “ထိုင်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ ဟေတီနိုင်ငံကို ကူညီပြီး ကရင်ဒုက္ခသည်တွေကို မကူညီရင် ဝေဖန်ခံရမယ်။ သူတို့ကိုပြန်ပို့ရင် မြေမြှုပ်မိုင်းရှင်းလင်းတဲ့အချိန်ထိ စောင့်ဆိုင်းဖို့ လိုသလို ကူညီရေးအဖွဲ့တွေ စေလွှတ်ပြီး ဒုက္ခသည်တွေကို ဘေးကင်းရာမှာ စောင့်ရှောက်ထားဖို့လည်း လိုတယ်” ဟု ပြောကြားသည်။



KWO ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဘလူးမင်းနိုက်ဇန်က “များပြားလှတဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာကို ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့တာဟာ သူတို့ကို သေတွင်းထဲ ပြန်ပို့တာနဲ့အတူတူပါပဲ။ သူတို့ကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းပြီး သူတို့ကို လုံခြုံတဲ့ နေရာမှာ ထားရှိဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။



ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။



အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့ ဖေဖော်ဝါရီ (၅) ရက်မှ စတင်ကာ မြန်မာဘက်သို့ အပြီး ပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။



ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန် လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။



ရင်းမြစ် ၊ ခေတ်ပြိုင်

ရာဇ၀င်ထဲက သတို့ သမီး ဧရာဝတီ ဘ၀ပျက်အောင် နအဖတွေ ဖျက်ဆီးနေတယ်။

နအဖဟာ ဧရာဝတီမြစ်ဆုံမှာ ဆည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားထုတ်ကာ တရုတ်ပြည်ကို ရောင်းချလိုတာဘဲ သိပြီး မြန်မာပြည်တစ်ပြည်လုံးအတွက် စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီး ပျက်စီးပြီး အနာဂါတ်မှာ ပြည်သူတွေ ဒုက္ခရောက်မှာ မသိကြဖူး။



ဧရာဝတီမြစ်ကြီးရဲ့  ဆုံစည်းရာအစ မေခ မလိခမြစ်ဆုံဒေသကို နအဖတွေ ဖျက်ဆီးနေပါပြီ။ မြန်မာပြည်ဆိုတဲ့ နိုင်ငံတော်ကြီးဟာ နှစ်ပေါင်းမြောက်မြားစွာကတည်းက ပေါ်ပေါက်တည်ရှိခဲ့တဲ့ သမိုင်းကြောင်းမှာ ဧရာဝတီဆိုတာ ကျွန်တော်တို့ ရဲ့  အဘိုးအဘွား အဘီအဘင်ကစလို့  နောင်မျိုးဆက်ပေါင်းမြောက်မြားစွာ ဆက်လက်တည်ရှိနေအောင် ထိန်းသိမ်းစောင့်ရှောက်ရမျာကို အခုတော့ နအဖက အမျှော်အမြင်မဲ့စွာနဲ့  တိုင်းတစ်ပါးကို လျှပ်စစ်ဓါတ်အားရောင်းချပြီး ဒေါ်လာငွေရလိုဇောတစ်ခုထဲနဲ့ အသိဥာဏ်နည်းပါးစွာ လုပ်ရက်တာကြောင့် ဧရာဝတီသမိုင်းရိုင်းတော့မှာ ဖြစ်သလို ဆိုးကျိုးတွေကို ပြည်သူတွေရဲ့  ဘ၀တွေ ဆုံးရှုံးနစ်နာမှုနဲ့  ပေးဆပ်ရတော့မှာပါ။
နအဖရဲ့  လောဘဇောကြောင့် အသိဥာဏ်နည်းပါးမှုကြောင့် မြန်မာပြည်တစ်ဝှမ်းလုံးက ပြည်သူတွေ ဒေသခံနေထိုင်သူတွေ ဦးစွာကြုံတွေ့ ရမှာတွေကတော့ - - ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသတွေ ရေလွှမ်းမိုးခံရမယ်။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသမှာ နေထိုင်သူတွေ အတင်းအဓမ္မ နေရာပြောင်းရွှေ့ ခံရမယ်။ ဒီလို အတင်းအဓမ္မနေရာပြောင်းရွှေ့ ရမယ့် ပြည်သူတွေအတွက် နေရာအစားပြန်ပေးတာ လျော်ကြေးငွေပေးတာတွေ မရှိဖူး။ -

ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသမှာ နေထိုင်သူတွေကို အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ပိုမိုတိုးများလာမယ်။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသမှာ နေထိုင်သူတွေအတွက် မလိုလားအပ်သော လူမှုရေးထိခိုက်နစ်နာမှုတွေ ကြုံတွေ့ နိုင်စေမယ်။ -

ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသက သစ်တောတွေ ပျက်ဆီးဆုံးရှုံးမယ်။
-

ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသက ဒေသခံပြည်သူလူထုရဲ့  အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ထိခိုက်မယ်။
- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် ဧရာဝတီမြစ်ကြီးရဲ့  ရေစီးဆင်းမှုတွေကို ပုံမှန်မရှိစေဘဲ ရေစီးဆင်းမှုပြောင်းလဲမှုရဲ့  ဆိုးကျိုးတွေကို ကြုံရမယ်။ -

ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် ဧရာဝတီမြစ်ကြီးရဲ့  ရေကြောင်းသဘာဝပြောင်းလဲမှုဖြစ်ပေါ်ပြီး မြေလွှာတွေကိုပါ ပြောင်းလဲစေနိုင်တာကြောင့် မြေငလျင်အန္တရာယ်တွေပါ ဆက်စပ်ထိခိုက်နိုင်စေမယ်။


နအဖရဲ့  အသုံးမကျတဲ့လုပ်ရပ်ကြောင့် ဒီထိခိုက်မှုတွေကို ခါးဆီးခံရမှာကတော့ ပြည်သူတွေပါဘဲ။
ကမ္ဘာ့မြေပုံပေါ်မှာ မြန်မာပြည် ပျောက်ကွယ်အောင် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်သဘာဝတွေကို နအဖဟာ ဖျက်ဆီးပစ်နေပါတယ်။

ရာဇ၀င်ထဲက သတို့ သမီး ဧရာဝတီကတော့ နအဖလို မုဒိန်းကောင်တွေကြောင့် ဘ၀ပျက်ရပါတော့မယ်။ ဧရာဝတီ ဘ၀ ပျက်တာဟာ မြန်မာပြည်သူတွေ ဘ၀ပျက်ရသလိုပါဘဲ။


ဧရာဝတီမြစ်ဆုံဟာ မြန်မာပြည်ရဲ့  အပေါ်ဘက်မှာ တည်ရှိနေတာကြောင့် မြန်မာတစ်ပြည်လုံးက အဓိကအားထားနေရတဲ့ ဧရာဝတီ ပျက်ဆီးမှုဟာ မြန်မာပြည်တစ်ပြည်လုံး ထိခိုက်မှာ အမှန်ပါဘဲ။

နအဖတွေရဲ့  ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကြောင့် ကြုံတွေ့ ရမယ့် ဒီဆိုးကျိုးတွေကို အသေးစိတ်သိရအောင် အောက်ဖေါ်ပြပါ မှတ်တမ်းကို ဖတ်စေလိုပါတယ်။

dammingtheirrawaddy-burmese

ပေးပို့ ပေသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

05 February 2010

မြဝတီမြို့မှ နအဖရဲ့ အကောက်အခွန် ဝန်ထမ်းများ (သို့) အကြမ်းဖက်သူတောင်းစားများ.။

မြဝတီဘက်ကမ်း

ဒီမိုသတင်းထောက်များသည် မယ်ဆောက်ဘက်ကမ်း ဘက်ကိုပင် မြင်နိုင်၍ မြ၀တီတွင်ရှိသော ကုန်သွယ်ရေးဇုံမှ အကောက်ခွန်နဲ့ စစ်တပ် ပေါင်း၍ ပြည်သူကို ညစ်နည်းပေါင်းစုံနှင့်ညစ်နေသည်ကိုတော့ အတွင်းကျကျ သိဖို့ ခဲယဉ်းပေလိမ့်မည်….

ထို့ပြင် ချစ်ကြည်ရေးတံတားတစ်ခုတည်း တွင်ပဲ ကုန်ပစ္စည်းများသွားနေသည်မဟုတ်ဘဲ..ငြိမ်းချမ်းရေးဂိတ် (၂၀) ကျော်မှ လည်း တရားမ၀င် ကုန်ပစ္စည်းစီးဆင်းနေပါသည်…ဒါတွေ အားလုံးသည် မြ၀တီမြို့ကိုကျော်ချင်လျှင် ဖြင့် ကျွန်တော်တို့ ကုန်သွယ်ရေးဇုံကို ဖြတ်ကိုဖြတ်ရပါတော့သည်…ထို ပြည်သူ၏ လုပ်စာကိုစားနေသော အကောက်ခွန်ဝန်ထမ်းများ ၏ မိုက်ရိုင်းပုံများကို ကျွန်တော် ပြောရလျှင်ကား ပြောမဆုံးအောင်ဖြစ်နေပါတော့မည်…ထို့ကြောင့် အပိုင်းခွဲ၍ အပိုင်း (၁) အနေနဲ့ မြ၀တီမြို့ရှို ကုန်သွယ်ရေးဇုံ ရှိ အတွင်းကျကျ သတင်းများကို ပို့ပေးလိုက်ပါသည်…

မြ၀တီကုန်သွယ်ရေးဇုံသည် တရားဝင်ရော၊ တရားမ၀င်ရော ကုန်ပစ္စည်းမျိုစုံ ဖြတ်သန်း ရာနေရာဌာနဖြစ်ပါသည်…နေ့စဉ် ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် အစီး ၄၀၀ နီးပါးခန့်သည် ပြည်သူကို ဒုက္ခပေးနေသော ၀န်ထမ်းများကြားတွင် ကြုံသလို ထမင်းအိုးလေးမကွဲသွားအောင် အမျိုးမျိုး လုပ်ကိုင်နေရပါသည်…ထို ၀န်ထမ်းများ၏ ဒဏ်ကို မခံနိုင်သော ကားအစီး ၁၀၀ ခန့်သည် တောလမ်းကပင် သွားလာနေပါသည်…

တောလမ်းသည် ရင်းနှီးထားသော ပစ္စည်းများ အလွယ်တကူ ဆုံးရှုံးနိုင်သည်ကို ကားသမားကော ပစ္စည်းပိုင်ရှင်ကော မသိသည်မဟုတ် …..သိသည်ချည်းဖြစ်သည်…ပြီးတော့ မောင်းရသည့်ကားလမ်းက မကောင်း၍ ပစ္စည်းများ မပျက်ဆီးအောင်လည်း ထိန်းမောင်းကြရပါသေးသည်… သူပုန်ပဲရန်ရှာမည်လား…. စစ်တပ်ကပဲ သိမ်းမည်လား…ဘယ်က လက်နက်ကိုင် တွေထွက်လာမလဲ….ပိုက်ဆံပေး၍ ရလျှင်တော့ တော်သေးသည်ပေါ့လေ……..

ထို့ထက်လည်း အခက်အခဲပေါင်းမြောက်မြားစွာရှိနေပါသည်.. တွေးစေချင်ပါသည်…မေးလျှင် မေးခွန်းတွေအများအပြားထွက်လာလိမ့်မှာ ဖြစ်သော်လည်းပဲ ဒီမေးခွန်းကို စာဖတ်သူဖြေစေချင်ပါသည်…ဒီကားတွေ ဘာကြောင့် ကုန်သွယ်ရေးဇုံက မသွားတာလဲ.....? ကုန်ပစ္စည်းတရားမ၀င်ဟုကြောင့်လည်း ပြောမရတော့ပြီ….အကောက်ခွန်ဝန်ထမ်းတွေ စားပိုးနင့်အောင်စား၍ တရားမ၀င် ကုန်ပစ္စည်းတွေကို သယ်ချင်တိုင်းသယ်လို့ရအောင် လုပ်ခဲ့သည်မှာလည်း သက်သေရှိနေသည်….ဒါဆိုရင် ဘာကြောင့် ကုန်သွယ်ရေးဇုံကို မဖြတ်တာလဲ….? ၀န်ထမ်းကို ပိုက်ဆံပေးလို့ ရ၍ မြတ်မည် အထင်ဖြင့် ကုန်သည် များသည် တရားမ၀င် ကုန်ပစ္စည်းများကို မြ၀တီဘက်သို့ သယ်ဆောင်လာခဲ့သည်….။

တံတားထိပ်က စားပိုးနင့်အောင်စားသော အကောက်ခွန်က တံတားကိုပဲ တာဝန်ယူလေသည်….ကုန်သွယ်ရေးဇုံရှိအကောက်ခွန်ကျတော့ ပြည်သူမျက်ဖြူဆိုက်အောင် တော့ တနည်းနည်းဖြင့် လုပ်ရမည်လေ…ဘာကြောင့်လဲဆိုတော့ ၀န်ထမ်းအချင်းချင်း ညှိထားပြီးပြီလေ….. အခုဆိုရင်တရားမ၀င်ပစ္စည်းတွေမြ၀တီမြို့ထဲမှာ အပြည့်အသိပ်ရှိနေပြီလေ…ကုန်သည် ဘယ်လိုပင်ဖြစ်စေ ကုန်သွယ်ရေးဇုံနှင့် တောလမ်း နှစ်ခုထဲက တစ်ခု ကိုရွေးကို ရွေးရမည်လေ…။ ဘယ်ကုန်သည်မဆို ကုန်သွယ်ရေးဇုံကို ရွေးကြမည်သာဖြစ်ပါသည်…ဒီလိုဇုံကိုရွေးကြသည့် အကြောင်းကတော့ ကျွန်တော်ရှင်းမပြလည်း စာဖတ်သူသိပါလိမ့်မည်… ။ ဘာပဲဖြစ်ဖြစ် ဇုံဘက်က ဖြတ်သော ပစ္စည်းသည် အနည်းနှင့်အများတော့ အန္တာရယ်ကင်းသည်လေ….ဇုံထဲက ၀န်ထမ်း တွေ ပြည်သူကို ဘယ်လောက်တောင် ဒုက္ခပေးလိုက်ပါသလဲ……...?

ကျွန်တော်ပြောခဲ့သလိုပင် မြ၀တီကုန်သွယ်ရေးဇုံမှ ၀န်ထမ်းများသည် သူတို့ရှေ့မှောက်ရောက်လာသော သားကောင်ကို အလွတ်ပေးရိုးထုံးစံမရှိပါ…သူတို့အတွက် အသား၊ အဆီ ပေးခဲ့မှ စားဝင်၊ အိပ်ပျော်လေသည်…မဟုတ်မမှန်သည့်အလုပ်ကို အထက်ကော၊ အောက်ကော မကြိုက်သည့်ခေတ်တွင် ပေါ်တင်ကြီးတော့ လိုချင်သည့်အရာကိုမတောင်းရဲ…

ဘောင်ထဲကနေ တရားဝင်အောင်လုပ်ပြီး ဖြဲခြောက်မှ လိုချင်သည့်အရာသည် လိုရင်လိုသလောက် ထွက်လာမည်မဟုတ်ပါလား….ထို့ကြောင့် မသူတော်အချင်းချင်း ပေါင်းပြီး ရုပ်ရှင်ရိုက်လိုက်ပုံကတော့……………
နကသ ဗိုလ်မူးသိန်းထွန်း သည် ယာဉ်ကြီး၊ ယာဉ်ငယ် တွေကို စစ်ရာတွင် ယာဉ်ပေါ်ရှိပစ္စည်းသည် များသည်၊ နံသည် ဟု အမျိုးမျိုးအကြောင်းပြကာ…( ကျားနှာစေးနေပြီး ) ယာဉ်ပေါ်ရှိပစ္စည်းများကို စစ်ဆေးရေးဂိတ်အတွင်း ချခိုင်းခြင်း….ထုတ်ပိုးထားသောပစ္စည်းများကို တစ်စဆီလုပ်ပစ်ခြင်း…. ချထားသောပစ္စည်းများကို ညနေ ၄ နာရီမှ ပြန်ပေးခြင်း….။ ပြန်ပေးပြီး ပစ္စည်းများကို ဘာအကြောင်းပြချက်မှမရှိဘဲ မြ၀တီသို့ပြန်ယူသွားစေခြင်း….စသည့် ညစ်နည်းမျိုးစုံကို စာနှင့်ဖော်ပြလို့မရအောင် လုပ်ပါတော့သည်… မှတ်ချက် ( အဲဒီအချိန်တွင် ပစ္စည်းပိုင်ရှင် ဘယ်လောက် မျက်ဖြူဆိုက်နေမလဲဆိုတာ ကိုယ်ချင်းစာကြည့်ပါ )….

အဲလိုဆောင်ရွက်မူများကြောင့် ဘာတွေဆက်ဖြစ်လာပါသနည်း..ဆက်ဖတ်ကြည့်ပါ…

ဗိုလ်မှုးသည် တစ်ခုကိုလို၍ တစ်ခု ကိုညစ်နေခြင်းသာဖြစ်သည်……ထိုအချိန်တွင် ကားဝင်းအတွင်းတွင် အကောက်ခွန်နှင့် နကသ တို့မှမွေးမြူထားသော မထသ ဂိတ်မှူးများ၊ ပွဲစားများ၊ ဈေးသည်များသည် အကောက်ခွန်အရာရှိနှင့် ချိတ်ဆက်ပေးကြပါသည်….. ဒီလိုအကောက်ခွန်အရာရှိနှင့် ငွေကြေး ညှိနှိုင်းပြီးပါက ကားကို ၀င်ရောက်အစစ်ဆေးခံရာတွင် အလွန်လွယ်ကူပြီး ကုန်ပစ္စည်းချဖို့နေနေသာသာ ဒရိုင်ဘာလက်ပြလိုက်ရင် ပြီးပါပြီ…. အကောက်ခွန်အရာရှိ နှင့် ဘယ်လို ငွေကြေးညှိရပါသလဲ…. .? ယခင်က၅၀၀၀ နှင့် ၁ သောင်းကြား ယူနေပြီးအဆင်ပြေနေကြသော အကောက်ခွန်အဖွဲ့သည် ယခုတွင်မူ အိုင်တင်ခံပါတော့သည်….ထို့ကြောင့် အဆင်ပြေစေခြင်းအလို့ငှာ ထပ်တက်သွားသည့် လာဘ်ငွေ ပမာဏကတော့ ၃ သောင်းမှ ၅သောင်းကြားဖြစ်လာတော့သည်…ဂိတ်မှူး၊ ပွဲစားများကြားခံရ၍်လည်း အားလုံးအဆင်ပြေစွာ ထွက်ခွာနိုင်ဖို့ကို ၈ သောင်းခန့် အကုန်ကျခံနေရပါသည်…

ဒီလို အဖွဲ့ ပေါင်းစုံလို့ခေါ်တဲ့ ၀န်ထမ်း ကို ဆက်သပြီးရင်တော့ ယာဉ်ခဗျာ အေးအေးဆေးဆေးသွားလို့ရပါပြီ….
နောက်ဆုံးသတင်းများအရ အကောက်ခွန်အဖွဲ့သည် ကုန်သွယ်ရေးဇုံမှ မြ၀တီပိုက်ဆံလက်ခံရာဌာနများသို့ ပို့ပေးရန်အတွက် ဆိုင်ကယ်အငှားမောင်းသူတစ်ဦးကို ဂိတ်စာရင်းမှတ်သူအဖြစ် ဟန်ဆောင်နေခိုင်း၍ တစ်နေ့ ၂ သောင်းကျပ်နှင့် ငှားရမ်း ထားရပါလေသည်…အကောက်ခွန်ရုံးထဲတွင် လူကြီး လာရင် ပိုက်ဆံပုံကိုမြင်မှာစိုး၍ မနက် ၉း၀၀ နာရီင်္တွင် တစ်ကြိမ်၊ နေ့လည် ၁း၀၀ နာရီတွင်တစ်ကြိမ် တစ်နေ့နှစ်ကြိမ် ပြည်သူချွေးနှဲစာကို သူပိုင်ငွေအဖြစ် ပို့နေရပါသည် ခင်ဗျာ…………။

ကိုသီလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦး မကြာမီလွတ်မည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မျှော်လင့်..


ရင်းမြစ် VOA သတင်းဋ္ဌာန
မေ ၃၀ ဒီပဲယင်း အရေးအခင်း ပြီးကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း မကြာခင်မှာ ပြည့်တော့မှာမို့ သူ့ကို ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း NLD ပါတီနဲ့ မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားခဲ့တာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆိုရင် ၆ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေ အနေနဲ့ သူ့ကို ထိန်းသိမ်းထားတဲ့ရက် စေ့တဲ့နေ့မှာ ပြန်လွှတ်ပေးလိမ့်မယ်လို့ NLD ပါတီ အနေနဲ့ မျှော်လင့်တဲ့အကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“လာမယ့် ၁၃ ရက်နေ့ဆိုရင် ဒီဥပဒေအရ ချုပ်နှောင်ထားတဲ့ ကာလကလည်း ကုန်နေပါပြီ။ လွတ်မြောက်ရမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ အန်ကယ် ဦးတင်ဦးက လွတ်လာရင် ပါတီကို ဆက်လက် ဦးဆောင်မယ်။ ကျနော်တို့လည်း ပိုပြီး အားရှိတာပေါ့။”
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့ သားလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသန့်ဇင်ဦးကလည်း ဖခင်ဖြစ်သူကို ဘာပြစ်မှုမှမရှိဘဲ ဖမ်းဆီးထားတာမို့ လွတ်ရက်စေ့တဲ့နေ့မှာ ပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

“ကျနော်တို့လည်း မျှော်လင့်ချက် အများကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အတိုင်းဆို လွတ်ရက်ကလည်း စေ့နေပြီ။ လွတ်ရက်မစေ့တောင် သူ့အနေနဲ့ တခြား ဘာမှ ပြစ်မှုကျူးလွန်ခဲ့တာ မရှိတဲ့အတွက်ကြောင့် ဒီမတိုင်ခင်မှာလည်း ပြန်လွှတ်ဖို့ ကောင်းတယ်၊ ပြန်လွှတ်ပေးသင့်ပြီလို့ ကျနော် ယူဆပါတယ်။ လက်ရှိ အာဏာရှိတဲ့ အစိုးရလက်ထဲမှာ ရှိတော့ လွှတ်မယ်ဆိုလည်း သူတို့သဘော၊ မလွှတ်ဘူးဆိုလည်း သူတို့သဘော၊ ကျနော်တို့ကတော့ လွှတ်ဖို့သင့်ပြီ၊ လွှတ်ပေးလိမ့်မယ်လို့ ယုံလည်း ယုံကြည်တယ်၊ မျှော်လည်း မျှော်လင့်ပါတယ်။”

တကယ်လို့ ဦးတင်ဦး အနေနဲ့ ပြန်လွတ်လာရင် သူ့ရဲ့ လက်ရှိ ပါတီရာထူးဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌ ရာထူးကို ဆက်လက် ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“သူကတော့ လက်ရှိ ဒုတိယဥက္ကဋ္ဌလေ၊ ဒီတာဝန်ကို သူ ဆက်လက် ထမ်းဆောင်မှာပါ။ ဒီအတိုင်းပဲ ဖြစ်မှာပါ။”

ဦးတင်ဦးဟာ လောလောဆယ်မှာ ကျန်းမာရေးအရ ဆိုးဆိုးရွားရွားကြီး စိုးရိမ်ရတဲ့ အနေအထားမှာ မရှိလှပေမဲ့ မကြာခင် ရက်ပိုင်းအတွင်းကပဲ နှလုံးခွဲထားရတယ်လို့ ဆိုပါတယ်။

“လောလောဆယ်တော့ ကျနော် နေ့ရက်မသိဘူး၊ အန်ကယ်ဦးတင်ဦးက နှလုံးခွဲထားတယ်လို့ ကျနော် သိရပါတယ်။ ခွဲတယ်ဆိုတာတော့ သိပါတယ်။ သိပ်မကြာသေးပါဘူး၊ တပတ် ဆယ်ရက်ပါ။”

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ အရင်ကလည်း ကျောက်ကပ်မှာ ကျောက်တည်လို့ ခွဲစိပ်ကုသမှု ခံယူခဲ့ရဖူးပါတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က သေနတ်မှန်ထားတဲ့ ဒဏ်ရာတွေက ပြန်နာတာ၊ ခြေထောက်မှာ သွေးကြော ပြန်ထုံးတဲ့ရောဂါ စတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို ဒီပဲယင်း အရေးအခင်း အပြီးမှာပဲ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။ ဖမ်းဆီးပြီးပြီးချင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အင်းစိန်ထောင်ကို ပို့ခဲ့ပေမဲ့ ဦးတင်ဦးကိုတော့ ကလေးမြို့ အကျဉ်းထောင်ကိုပို့ပြီး ၉ လလောက် ချုပ်နှောင်ထားခဲ့တာပါ။

အဲဒီနောက်မှာတော့ ပုဒ်မ ၁၀(ခ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေနဲ့ အာဏာပိုင်တွေက သူ့ကို ရန်ကုန်က နေအိမ်မှာပဲ အကျယ်ချုပ်နဲ့ ဖမ်းဆီး ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

ရင်းမြစ် VOA သတင်းဋ္ဌာန

ရွှေရတု အတွဲ၉-အမှတ်၁၀..

အော် နအဖ တို့ စီပွားရှာချက် ကတော့ အံ့မခန်းပါရှင်.အသက်မရှိတဲ့ မြန်မာပြည်သူတွေ ဆီကတောင်ဒဏ်ငွေ တောင်းနေပါသေးလား..

Kyaw Thu Open Letter



ကဲကြည့် ကြပေတော့ မြန်မာပြည်သူတွေ ကိုယ်ရဲ့ နောက်ဆုံး ခရီးသွားဘို့ တောင်
ဘာနဲ့ သချိုင်းကို သွားရ ပါမလဲ ?။

“လမ်းထဲကို နာရေးပို့ ဆောင်ယာဉ်များ မဖြတ်ရတဲ့။ ဒဏ်ငွေ တစ်သောင်းတဲ့”။

လမ်းမအ၀င်မှာ ဆိုင်းဘုတ်စိုက်ထားကြတဲ့သူများကို အံ့သြမိပါရဲ့ ။ ဒဏ်ငွေရိုက်မယ့်သူများလည်း အံ့သြမိပါရဲ့ ။

04 February 2010

အသစ်ရောက်ရှိလာသော နအဖစစ်တပ်အမြှောက် တပ်ရင်း အတွက် ရခိုင်လူထုပိုင် လယ်မြေများ ဆက်လက် သိမ်းဆည်းခံရ




ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နအဖ စစ်အစိုးရမှ အသစ်တိုးချဲ့ချထားလိုက်သည့် အမြှောက် တပ်ရင်း အမှတ် ၃၇၇ အတွက် ဒေသခံ ရခိုင်လယ်သမားများ ပိုင်ဆိုင်သည့်လယ်မြေ ဧက၂၀၀၀၀ နီးပါးကို မကြာသေးမီက တပ်ပိုင်မြေအဖြစ် စစ်အစိုးရမှ သိမ်းဆည်းလိုက်ကြောင်း ကံစောက်ကျေးရွာသား တဦးကပြောသည်။

“သိမ်းထားတာက အများကြီးပါဘဲ၊ ဧကသောင်းနဲ့ချီပြီးရှိတယ်။ တပ်ရင်းအဆောက်အဦး တွေနဲ့ သူတို့ တပ်မိသားစုတွေ နေဖို့လို့ပြောတယ်။ အခု တပ်ဆောက်အဦးတွေ ဆောက် နေပြီ။”ဟု သူက ပြောသည်။

ယခု အသစ်ရောက်ရှိလာသည့် အမြှောက်တပ်ရင်းမှာ အမှတ် ၃၇၇ ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ နောက်ဆုံး ရောက်ရှိလာသော အမြှောက်တပ်ရင်း ဖြစ်သည်။

ယခု သိမ်းဆည်းထားသည့် လယ်မြေများမှာ ကျောက်တော်မြို့နယ် ကျေးရွာများ ဖြစ်ကြသည့် ကန်စောက် ၊ ပလောင်ချောင်း၊ ပြိုင်းဆိတ်၊ ပြိုင်းချောင်း၊ ပြိန်းတော၊ ဇနိတောင်၊ ၀ဲကြီးထောင့်၊ လက်ပုချေကျေး ရွာနှင့် တောင်ပူဇာကျေးရွာများမှ လယ်မြေများဖြစ်သည်။

၎င်းပြင် အဆိုပါ တပ်ရင်းအနီးတွင် အမြောက်တပ်ရင်းမှ ကျေးရွာ တရွာကို တည်ဆောက်ရန် စီစဉ်နေသည်ဟု လည်း သတင်းထွက်ပေါ်နေသည်ဟု သူက ပြောသည်။

“ အခုက ဗမာပြည်က အိုးအိမ်မဲ့နဲ့ လမ်းဘေးက လူတွေကို ခေါ်ယူလာပြီး တပ်ရင်းနားက ပြိုင်းချောင်းမှာ ရွာချပေး မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ဗမာရွာတွေ တည်ဆောက်ပေးမယ့် နအဖ စီမံကိန်းအရလို့ ပြောနေကြတယ်။” တခြားတဘက်တွင်လည်း ပုဏ္ဍားကျွန်းနှင့်ကျောက်တော်သို့ သွားရာ မော်တော်ကားလမ်း ဘေးဝဲယာ တလျှောက်တွင် အစိုးရ ဌာနဆိုင်ရာများမှ ဒေသခံများပိုင်ဆိုင်သည့် လယ်မြေများကို ရော်ဘာခင်းနှင့် ကြက်ဆူခင်းများချရန် သိမ်းဆည်းထားဟု သိရသည်။ “သိမ်းထားက ဌာနတွေ အများကြီးပါ။ ရဲ ၊ စစ်တပ်၊ သစ်တော၊ ကြံဖွံ့ မျိုးစုံပါဘဲ။ ဌာနတခု ၅ ဧက ၁၀က အထိ သိမ်းထားပါတယ်။ ပြီးတော့ ဌာန ဆိုင်းဘုတ်တွေ စိုက်ထားတယ်၊ အဲဒီ နေရာတွေမှာ အခုဆို ထင်းတောင်မခုတ်ရတော့ဘူး။ ဒေသခံ ရခိုင်လူထုတွေက လယ်မဲ့ယာမဲ့တွေ ဖြစ်ကုန်ပါပြီ”ဟု အဆိုပါ ဒေသခံမှ ဆက်ပြောသည်။ ရခိုင်ပြည်နယ်တွင် ၁၉၈၈ ခုနှစ်က တပ်ရင်း ၃ ရင်းသာ ရှိသော်လည်း နောက်ပိုင်း နအဖ စစ်အစိုးရမှ တပ်ရင်းပေါင်း ၆၀ ကျော်ကို တပ်စွဲထားသည်။ ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ တပ်ရင်း အများအပြား ချထားခြင်း ရည်ရွယ်ချက်မှာ ဒေသခံ ပြည်သူပိုင် လယ်မြေများကို သိမ်းပိုက်ရန်နှင့် လူမျိုးရေးအရ သွေးရောရန် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ယခုအခါ ရခိုင်ပြည်နယ် တခုလုံး၏ မြေဧက ထက်ဝက်ခန့်ကို စစ်တပ်မှ နည်းမျိုးစုံဖြင့် အကြောင်းပြကာ သိမ်းပိုက် ထားပြီဖြစ်ကြောင်း ပြည်တွင်းမှလာသည့် သတင်းများအရ သိရသည်။

ရင်းမြစ်.
နိရဉ္စရာ

မြန်မာပြည်မှာ နအဖသန်းရွှေတို့  မသေခင် အမွေခွဲကုန်ကြပြီ။ ရေတင် မြေတင်မက လေပါ ခွဲဝေကုန်ကြပြီ။

၁၉၄၆ ခုနှစ်ကတည်းက ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်းလိုင်းရယ်ဆိုပြီး စတင်တည်ထောင်ခဲ့ရာကနေ ၁၉၇၂ ခုနှစ်မှာ မြန်မာ့လေကြောင်းလိုင်းလို့ အမည်သတ်မှတ်ပြောင်းလဲခေါ်ဆိုကာ၊ ၁၉၉၃ ခုနှစ်မှာ (Myanmar Airways International – MAI) လို့  အမည်တွင်နေတဲ့ မြန်မာအင်တာနေရှင်နယ်လေကြောင်းလိုင်းကို အခုတော့ ကမ္ဘောဇဘဏ်အုပ်စုကို ၈၀% ပုဂ္ဂလိကပိုင်ဆိုင်စေဖို့  နအဖကနေ ရောင်းချလိုက်ပါပြီတဲ့။





ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်း (ဆရာကျောင်း) ဟာ မောင်အေးရဲ့  စီးပွားရေးလက်ရုံးကြီး ဖြစ်ပါတယ်။

နအဖဟာ တိုင်းပြည်တစ်ပြည်စီးပွားရေးအတွက် အဓိကကျတဲ့ ပြည်သူပိုင် (နိုင်ငံပိုင်) လုပ်ငန်းကြီးများနဲ့  ရေပေါ်ရေအောက် မြေပေါ်မြေအောက် သယံဇာတများကို ပုဂ္ဂလိက (နအဖလူများ) ပိုင်အဖြစ် ရောင်းချနေရာမှာ အခုဆို တိုင်းပြည်ရဲ့  လေကြောင်းလိုင်းပါ ရောင်းချတဲ့အထိ မိုက်ရိုင်းစွာ လုပ်ပြပါပြီ။

၂၀၁၀ ခုနှစ်မှာ နအဖတွေဟာ သူတို့ အုပ်စုအတွင်းမှာ အချင်းချင်း အာဏာခွဲပွဲတွေ၊ တိုင်းပြည်ပိုင် လုပ်ငန်းတွေကို အမွေခွဲပွဲတွေနဲ့  ပြည်သူပိုင် သယံဇာတတွေကို ရောင်းချပွဲကြီးတွေလုပ်ပြီး မြန်မာပြည်ကြီးကို ၀ိုင်းဖဲ့စားသုံးမြိုဆို့ လို့ နေကြပါပြီ။

နအဖခေါင်းဆောင်ကြီး သန်းရွှေ မသေခင် သန်းရွှေမိသားစုများနဲ့  အပေါင်းအပါများက မြန်မာပြည်ကြီးကို သည်းသည်းမည်းမည်း အမွေခွဲနေကြပါပြီ။


ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေမလေးရှားဌာနခွဲမှ၂၀၁၀ရွေးကောက်ပွဲအကြောင်းကိုရှင်းလင်းပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မလေးရှားဌာနခွဲ မှ မြန်မာအလုပ်သမားများအား ၂၀၁၀ ရွေးကောက်ပွဲအကြောင်းနှင့် ၂၀၀၈အခြေခံဥပဒေအကြောင်း ရှင်းလင်းပွဲ စတင်ပြုလုပ်နေကြောင်း သိရသည်။

ဇန်နာဝါရီလ ၁၅ ရက်နေ့မှစတင်၍ NLD -LA အဖွဲ့များ ၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်နိုင်ရန်နှင့် မလေးရှားရောက်ပြည်သူများအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျင်း၍ တိုင်းရင်းသားပြည်သူတို့၏ ရှေးအနာဂတ်ကို သိရှိလာနိုင်အောင် လှုပ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒေသတခုကနေတခုကိုသွားတဲ့အခါမှာ ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက်ကြိုတင်ပြီးတော့ အဲဒီဒေသက NLD-LA အဖွဲ့ နယ်မြေတာဝန်ခံတွေကို နေရာ စီစဉ်ထားခိုင်းတယ်၊ ဘယ်နေ့ ဘယ်အချိန်မှာ ၂၀၁၀ ရွေးကောက် ပွဲဆိုင်ရာ ရှင်းလင်းပွဲရှိတယ်ဆိုပြီတော့ စာဖြန့်ဝေတယ်၊ တကယ်လို့နယ် မြေတာဝန်ခံမရှိဘူးဆိုရင်လည်း လူသူသိများတဲ့ လူတစ်ယောက် ယောက်ကို ခေါင်းဆောင်တင်ပြီးတော့ အလုပ်သမားတွေကို စုထားခိုင်း တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေး ရှား) မှ ဥက္ကဌ ဦးကျော်ကျော်က ပြောသည်။

ရှင်းလင်းပွဲမှာ မြန်မာစစ်အစိုးရမှ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲသည်တရားမျှတမှုမရှိနိုင်ကြောင်း၊ ၁၉၉၀ ခုနှစ်အတွင်းပြုလုပ်ခဲ့သောရွေး ကောက်ပွဲတွင် (NLD) မှ အနိုင်ရခဲ့သော်လည်း ယနေ့အချိန်ထိ အာဏာ လွှဲပြောင်းပေးမှုမရှိကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲ မှာလည်းမည်သူနိုင်သည်ဖြစ်စေ တိုင်းရင်းသားပြည်သူများ အတွက်မည်သည့်အာ မခံချက်မှမရှိသည့် စနစ်ဖြင့် အုပ်ချုပ်သွားမည်ဖြစ်ပြီး၊ စစ်အစိုးရ၏ ရာသက်ပန် အာဏာတည်မြဲရေးကိုသာ ဦးတည်သွားမည်ဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေလည်း ပြည်သူတွေအတွက်မည်သည့်အကျိုးသက် ရောက်မှုမျှမရှိကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်း ကြောင်း ၄င်းက ဆက်ပြောသည်။

မလေးရှားနိုင်ငံတွင်အလုပ်လုပ်နေသည့်တရားဝင်အလုပ်သမားနှင့်တရားမဝင်အလုပ်သမား
ပေါင်းငါသိန်းနီးပါး
ရှိပြီး၊ယခုအချိန်တွင်ရှင်းလင်းပွဲပေါင်း၅၀ဝန်းကျင်ပြုလုပ်ခဲ့ပြီးလူဦးရေ၂သောင်း
နီးပါး
တက်ရောက်ခဲ့သည်။ပထမဆုံးလုပ်သောရှင်းလင်းပွဲတွင်အလုပ်သမား၁၀ဦးခန့်သာရှိပြီးနောက်
ပိုင်းတွင်တဖြည်းဖြည်းတိုးလာကြောင်း သိရသည်။


“၂၄ ရက်နေ့မှာ ဥက္ကဌ ဦးကျော်ကျော်တို့လားပြီး ဆွေးနွေးပွဲတွေ လုပ်သွား ပါတယ်၊ အဲဒီမှာ ၂၀၀၈ အခြေခံဥပဒေအကြောင်းရယ် ၂၀၁၀ ရွေး ကောက်ပွဲအကြောင်းတွေနဲ့ပတ်သက်ပြီး ရှင်းပြတယ်၊ သူတို့ရှင်းပြတဲ့နေ ရာမှာ ကျွန်တော်တို့မသိတဲ့ အချက်အလက်တွေ အများကြီး ပါတယ်၊ ဥပမာဆိုရင် အုပ်ချုပ်ရေးအာဏာက ဘယ်သူ့ဆီကနေ ဆင်းသက် လာတာလည်း၊ နောက်ပြီးတော့ ပြည်သူ့လွှတ်တော်မှာ စစ်အစိုးရက ၂၅ %ပါရမယ်ဆိုတာတွေရယ် ကျန်တဲ့ ၇၅% ကလည်း စစ်အစိုးရကနေ နာမည်ပြောင်းပြီး ရွေးကောက်ပွဲဝင်သွားမယ်ဆိုတာတွေ၊ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်လျှင် ၇၅% မဲရှိမှသာ ပြင်ဆင်လို့ရတဲ့ကြောင်း တွေပါတယ်” ဟု မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ပါစီးကူတန်မြို့ရှိ အလုပ်သမား ကိုဇော်မျိုးအောင်က ပြောသည်။

ရှင်းလင်းပွဲတွင် လူပေါင်း ၁၂၀ ကျော်တက်ရောက်ကြောင်း၊ ထိုမျို့နယ်အ တွင်း မြန်မာနိုင်ငံမှ အလုပ်သမားပေါင်း ၄၀၀ ကျော်ရှိပြီး အများစုမှာ ၂၀၀၈ အခြေခံဥပဒေအား သဘောမတူ ဆန့်ကျင်ကြောင်းနှင့် ယခု အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေကောက်ပွဲသည်လည်း ထူးခြားမှုမရှိ ကြောင်း ၄င်းက မိမိတို့အားအုပ်ချုပ်မည့်စနစ်ကို ပြည်သူအများသိ သင့်ကြောင်း ဆက်ပြောသည်။

“ကျနော်တို့အနေနဲ့တော့ ဒီကိစ္စကို မသိသေးတဲ့ လူတွေသိလာအောင် မေးလ် (mail) ကနေတစ်ဆင့်၊ အွန်လိုင်း (online) ကနေတစ်ဆင့် ဖြန့်ဝေသွားမယ် နောက်ပြီးတော့ ဒီသတင်းကို စာရွက်တွေနဲ့ဖြန့်ဖို့လည်း အစီအစဉ်ရှိတယ်၊ အဲဒါကို ဒီလ ၇ ရက်နေ့လောက်မှာ စလုပ်သွားမယ် စာရွက်တွေ ဖြန့်ရင်လည်း မြန်မာအလုပ်သမားတွေ အများအပြားရှိတက် တဲ့နေရာတွေမှာ ဖြန့်ဖို့ အစီအစဉ်ရှိတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထိုသို့ရှင်းလင်းပွဲပြုလုပ်ရာတွင် ရပ်ကွက်အတွင်းရှိ မြန်မာအလုပ်သမား များအား စုစည်းပြီး (NLD-LA) အဖွဲ့မှ လာရောက်ရှင်းလင်းကြောင်း၊ အလုပ်နာရက်ဖြစ်သော တနင်္ဂနွေနေ့တွင် (NLD-LA) မှ အဖွဲ့လေးဖွဲ့ခွဲ၍ ဆွေးနွေးပွဲများပြုလုပ်ကြောင်း သိရသည်။

“အဓိကကတော့ ဒီရှစ်လပိုင်းမှာ အလုပ်လုပ်ခွင့်ကုန်လို့ပြန်ကြမဲ့လူတွေရယ်နောက်ပြီး မြန်မာနိုင်က တရားဝင်အလုပ်သမားတွေရောတရား မဝင်တွေ ရော အာလုံးပါတယ်၊ ဘာလို့လည်းဆိုတော့ ဒီလူတွေ သူတို့ပြန်သွားလို့ရှိ ရင်သူတိုရဲ့မိသားစုတွေ နောက်ပြီးတော့ သူတို့နဲ့ နီးစပ်တဲ့လူတွေကို ၂၀၀၈အခြေခံဥပဒေအကြောင်းကို ပြောပြလို့ရမယ်၊ ဒါမှပြည်သူတွေသိလားမယ်” ဟု ဦးကျော်ကျော်က ပြောသည်။

NLD-LA အနေနှင့် ၂၀၀၉ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ကြေငြာထားသောရွှေဂုံတိုင်ကြေငြာချက်အတိုင်း ၂၀၀၈ အခြေခံဥပဒေကို နအဖမှဒီမိုက ရေစီနှုန်းထားအတိုင်း ပြန်လည်ပြင်ဆင်မှုပေးလျှင် NLD အနေဖြင့် ရွေး ကောက်ပွဲဝင်ရန် ပြန်လည်းစဉ်စားမည်ဖြစ်ကြောင်း အကယ်၍ ပြင်ဆင် မှုမရှိပဲ ၂၀၀၈ အခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲပြု လုပ်သွားမည် ဆိုပါက NLD အနေနှင့် စဉ်းစားမည်မ ဟုတ်ကြောင်း ဥက္ကဌ ဦးကျော်ကျော်က ဆက် ပြောသည်။

ပေးပို့ ပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားဌာနခွဲ ဥက္ကဌ ကိုကျော်ကျော် အားကျေးဇူးတင်ပါသည်.။


လက်တွဲဝန်းရံ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲခေါ်သံ

ရက်စွဲ။ ။ ဖေဖော်ဝါရီလ (၂) ရက်၊ ၂၀၁၀ ခုနှစ်
စာအမှတ်။ ။ K/GAB/ 03

အကြောင်းအရာ။ ။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြပါရန် ရဲဘော်ရဲဘက်များသို့ နှိုးဆော်ချက်

အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာတမျိုးသားလုံး စစ်အာဏာရှင် စနစ်မှ လွတ်မြောက်စေရန် ရည်သန်၍ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆောင်ထားသော ကြေငြာချက်အား ပူးတွဲပေးပို့အပ်ပါသည်။

လေးစားစွာဖြင့်

အလုပ်မှုဆောင်အဖွဲ့
ပြည်တွင်းပြည်ပ ဂျီအေဘီ အင်အားစုကြီး
Democratic Forces

အာဏာရှင်က နန်းတော်ပေါ်ရောက် ပြည်သူတွေက အမှိုက်ပုံပေါ်ရောက်နေတယ်

အာဏာရှင်က နန်းတော်ပေါ်ရောက် ပြည်သူတွေက အမှိုက်ပုံပေါ်ရောက်နေတယ်

အာဏာရှင်ဆိုတာ အာဏာရှင်လိုဘဲ ကျင့်တယ်။ သေသည့်တိုင် အာဏာကို လက်လွှတ်မှာ မဟုတ်ပါ (နေ၀င်း၏ နောက်ဆုံးပြောစကားအပြည့်အစုံ)။

Last Speech of U Ne Win on July 23 1988 Before He Resigned and Retired

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

နအဖစစ်တပ်၏ရက်စက်မှုကိုခံနေရသောကရင်လူမျိုးများ၏ဘဝပုံရိပ်..

အာဏာရှင်ဆိုတာ အာဏာရှင်လိုဘဲ ကျင့်တယ်။ သေသည့်တိုင် အာဏာကို လက်လွှတ်မှာ မဟုတ်ပါ။



အာဏာရှင်တွေဆိုတာ သေသွားတဲ့အခြေအနေနဲ့  အာဏာကို လက်လွှတ်ဆုံးရှုံးရတဲ့အခြေအနေကလွဲပြီး အာဏာကို သေသည့်တိုင်အောင် ဖက်တွယ်ဆုပ်ကိုင်ထားတတ်တာမို့  ဘယ်သောအခါမှ ဘယ်အကြောင်းပြချက်နှင့်မှ မယုံကြည်ရပါ။

အမျိုးမျိုးလိမ်လည်လှည့်ဖြားပြီး နောက်ဆုံးကြတော့ မင်းသားခေါင်း ဆောင်းထားပြတဲ့ ဘီလူးမျက်နှာကို အစွယ်တစ်ဖွားဖွားနဲ့  ထုတ်ပြကြတာပါဘဲ။ အာဏာကို ထိခိုက်မယ်ဆိုရင် အဖေအရင်း အမေအရင်းတောင် ဒုက္ခပေးဖို့  ၀န်မလေးတတ်သူများမို့  အာဏာရှင်အုပ်စုထဲမှာလည်း အချင်းချင်း ချကျွေးတာတွေ ဖြုတ်ထုတ်သတ်တွေ အချိန်မရွေး လုပ်လေ့ရှိကြပါတယ်။

ရန်ကုန်မြို့  ကျိုက္ကဆံ ဆရာစံခမ်းမမှာ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့ တုန်းက တိုင်းပြည်ကို ရေဒီယိုကရော ရုပ်မြင်သံကြားကနေပါ ပြောကြားခဲ့တဲ့ အာဏာရှင်နေ၀င်းရဲ့  ပြောစကားအပြည့်အစုံကို ပြန်လည်ဖေါ်ထုတ်လိုက်ပါတယ်။

နေ၀င်း ပြောစကားထဲမှာ အာဏာရှင်ပီပီ လေပြေလေးသွေးပြီး ပြောနေရာကနေ မူလဇာတိကပြလာတာမို့  သူ့ ရဲ့  ပြောစကားထဲမှာ ခြိမ်းခြောက်မှုတွေက သက်သေပြနေသလို ရုပ်မြင်သံကြားဖန်သားပေါ်မှာလည်း ဒေါသတွေထွက်ပြီး မျက်နှာကြောတင်းတင်း လေသံမာမာနဲ့  ပြောတာတွေ့ မြင်ကြရပါတယ်။

ထို့ အတူ ဒီအချိန်မှာ မြန်မာပြည်တစ်ပြည်လုံးက ရဟန်းရှင်လူပြည်သူအပေါင်းတို့ ဟာ မြို့ အသီးသီး နယ်အဖုံဖုံ လှည်းနေလှေအောင်းမကျန် အာဏာရှင်နေ၀င်းရဲ့  တစ်ပါတီအာဏာရှင်စနစ် ဖျက်သိမ်းပစ်ဖို့  နေ့ ရောညပါ ကြွေးကြော်တောင်းဆိုနေကြတာမို့  နေ၀င်းဟာ အာဏာလက်လွှတ်ရတော့မှာကို အတော့်ကိုစိုးရိမ်ထိတ်လန့် နေပြီး ဂယောင်ခြောက်ခြားဖြစ်နေကာ သူ့ အမှားတစ်ခုမှ မဟုတ်သလိုနဲ့  ကျန်တဲ့သူတွေအပေါ် လက်ညှိုးထိုးလွှဲချပြီး အပြစ်တင်ပြောဆိုတာကိုလည်း ကြားရပါတယ်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

02 February 2010

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ၏ ဇန်နဝါရီ တစ်လအတွင်း သတင်းမှတ်တမ်းများ

Chronology of Political Prisoners in Burma for Jan 2010 Eng

အင်တာနက် ကာတွန်းများ

Cartoon

မြေတွေရိုင်းနေတာကို အရင်ပြင်



ပန်းတွေ ရိုင်းလှချည့်လို့ မပြောနဲ့ မြေတွေရိုင်းနေတာကို အရင်ပြင်ရမှာပါ..


ဒီကနေ့ လူကြီးတွေက လူငယ်တွေကို လွယ်လွယ်နဲ့ အပြစ်ပြောတတ်ကြတယ်ဗျ။ လူငယ်တွေမှာ တကယ်ကော တိုင်းပြည်အတွက် လူငယ့်ဝန်းကျင်အတွက် အကျိုးရှိရာ ရှိကြောင်းတွေ လုပ်ခွင့်ရှိပါသလားလို့ လူကြီးတွေကို မေးခွန်းထုတ်ချင်ပါတယ်။ ယနေ့ခေတ် ဘီယာစတေရှင်တွေ ရမ်စတေရှင်တွေ အနှိပ်ခန်းတွေ လောင်းကစားဒိုင်တွေ မှိုလိုပေါက်ပြီး လူငယ်တွေ အဲဒီမှာ လွတ်လွတ်လပ်လပ် လုပ်ချင်ရာ လုပ်ခွင့်ရှိပေမယ့် ဘုရားပေါ်မယ် လူစုပြီး တံပျက်စီးလှည်းချင်တာတောင် ခွင့်ပြုချက်တောင်းရမယ်ဆိုတော့ တစ်မျိုးပါလားလို့။ လူငယ်တွေကို အကျိုးရှိရာ ရှိကြောင်းတွေ လုပ်ခွင့်ပေးမှ တစ်နေ့ရင်ကျက်တဲ့လူကြီးတွေ ဖြစ်လာမှာပါ။


ပန်းတွေ ရိုင်းလှချည့်လို့ မပြောနဲ့ မြေတွေရိုင်းနေတာကို အရင်ပြင်ရမှာပါ..
လူကြီးတွေက လူငယ်တွေကို လမ်းဖွင့်ပေးမှုတွေ နေရာပေးမှုတွေ လက်တွဲခေါ်မှုတွေ လုပ်ပေးသင့်ပါတယ်...။ မိမိတို့လူငယ်ဘဝက အနေအထားတွေ အတွေ့အကြုံတွေကို ယနေ့လူကြီးတွေ အသိဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ တခုသတိထားရမှာက ပြောင်းလဲလာတဲ့ ခေတ်အနေအထားပါ... ။ ယနေ့အချိန်မှာ ကမ္ဘာကြီးဟာ ရွာကြီးတခုလို ဖြစ်နေပါပြီ။ IT နည်းပညာ ခေတ်မှာ ယနေ့လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးလာပါပြီ။ ဒါကတော့ ကွာဟလာတဲ့ ခေတ်အနေအထားနဲ့ မျိုးဆက်သစ်လူငယ်တွေနဲ့ လူကြီးတွေ အကြားကွာဟလာမှုပါပဲ....။ လူကြီးတွေက မိမိတို့ အတွေ့အကြုံတွေနဲ့ ယနေ့ခေတ်ကာလရဲ့ လူငယ်တွေရဲ့ အမြင်တွေပေါင်းစပ်ပေးဖို့ ကြားခံတခုလိုအပ်နေပါပြီ။ ဥပမာအားဖြင့် ဘောလုံးအသင်းကောင်း တစ်ခုမှာ လူဟောင်းတွေနဲ့ လူငယ်ခြေသစ်တွေ ပေါင်းစပ်ထားမှ အသင်းကောင်း တစ်ခု ဖြစ်ပေါ်လာတာပါ...။ လူကြီးတွေက လက်တွဲခေါ်ပြီး လုပ်ပိုင်ခွင့်တွေပေးရမှာပါ...။


ဘေးကနေ အကြံဥာဏ်တွေ ပေးပြီး လက်တွဲခေါ်ပြီးနေရာပေးရမှာပါ...။လူငယ်တွေကိုအမြင်မကြည်လင်သဖြင့် အထင်မသေးသင့်ပါဘူး။ ဥပမာအားဖြင့် ဆံပင်ရှည်ရှည်ထားတိုင်း လမ်းသရဲလို့ မထင်သင့်ပါ... လက်ရှိစစ်ခေါင်းဆောင် တွေ ဆံပင်တိုတိုထားပေမယ့် စိတ်ဓာတ်တွေက ယုတ်ညံ့နေပါတယ်။ အပေါ်ယံသဘောနဲ့ လူငယ်တွေကို အထင်မသေးသင့် အမြင် မကြည်လင်မဖြစ်သင့်ပါဘူး။
ယနေ့ခေတ် ဘီယာစတေရှင်တွေ ရမ်စတေရှင်တွေ အနှိပ်ခန်းတွေ လောင်းကစားဒိုင်တွေမှာ လူငယ်တွေပျော်ပါးနေတယ် ထင်ရပေမယ့် ... ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းတုန်း မန္တလေးက ဆိုင်ကယ်စီး ဆိုးသွမ်းလူငယ်တွေဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံယာတော်တွေကို အကြိုအပို့လုပ်ပေး လမ်းရှင်းပေး တပ်ဥိးကပါဝင်ပေးရင်း ပြည်သူတွေရဲ့ အချစ်တော်ဖြစ်ခဲ့ ကြပါတယ်။ အဓိက ပြောချင်တာကတော့ လူငယ်တွေဟာ ကျောက်ရိုင်းတုံးတွေ မြေရိုင်းတွေပါ... ပြုပြင်ပေးမယ့် ထိန်းကျောင်းပေမယ့် အသိအမှတ်ပြုပေးမယ့် နေရာပေးမယ့် သူတွေရှိရင် တိုင်းပြည်အတွက် အဖိုးတန်တဲ့ သူတွေဖြစ်လာမှာပါ..။


အဓိကကတော့ အခုလို စစ်အာဏာရှင် အမှောင်ခေတ်ကြီးမှာ လူငယ်တွေဟာ အနာဂတ်ပျောက်နေကြပါတယ်...။ လူငယ်တွေကို မျက်စိပိတ် နားပိတ် အသိဥာဏ်တွေ ပိတ်ပင်ထားခြင်း ခံထားရတဲ့ ကြားထဲက လူငယ်တွေဟာ ရရှိတဲ့ အလင်းရောင်လေးထဲက ဖောက်ထွက်ဖို့ကြိုးစားနေကြရတာပါ...။ လူငယ်အတွက်ဘီယာစတေရှင်တွေ ရမ်စတေရှင်တွေ အနှိပ်ခန်းတွေ လောင်းကစားဒိုင်တွေကို မရောက်ရောက်အောင် တွန်းပို့ခံနေရတာလည်း ဒီစစ်အာဏာရှင်စံနစ်ဆိုးကြီး ကြောင့်ပါ....။ လူကြီးတွေ အနေနဲ့ ယနေ့လူငယ်တွေရဲ့ ဘဝကို နားလည်စာနာပေးပြီး.. မြေရိုင်းကို မြေယဉ်ဖြစ်အောင် ကျောက်ရိုင်းကို တန်ဖိုးရှိတဲ့ ကျောက်ဖြစ်အောင် .. ယနေ့အသိပညာရှိတဲ့ လူကြီးတွေက ပြုစုပျိုးထောင်နေရာပေးပြီး အနာဂတ် အတွက် စစ်အာဏာရှင် စံနစ်အောက်က အလွတ်ရုန်းနိုင် အောင်လူငယ်တွေကို နေရာပေး၊ အသိအမှတ်ပြုပေးပြီး လက်တွဲခေါ်ယူသင့် ပါကြောင်း.....။

ပေးပို့ ပေးသူ ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကဦးအောင်ဆန်းဦးကို သပိတ်မှောက် ကံဆောင်ကြောင်း အသိပေး ကြေညာချက်




ကလှစ်နှိပ် ပြီးအားပေးလိုက်ပါ.။

ယုံကြည်ချက် ကဗျာ (၁)..

ပါဝါ ၅၄ ရဲ့ ၆၄ ပါဝါ

ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ချီးမြှင့်တော်မူခဲ့တဲ့ “ဒီမိုကရေစီဆိုတာ မင်းကျင့်ဝတ်” ။

သဲကုန်းဆရာတော်အဖြစ်၎င်း၊ သီတဂူဆရာတော်ဆရာတော်အဖြစ်၎င်း၊ သပိတ်အိုင်ဆရာတော်အဖြစ်၎င်း ထင်ရှားကျော်စောတော်မူတဲ့ စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တော်ရ ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရရဲ့  ရှားပါးလှစွာသော သမိုင်းဝင် ရေးသားချီးမြှင့်တော်မူခဲ့တဲ့ ရေးသားဟောကြားမှုလေးကို ပြန်လည်ဖေါ်ထုတ်ပေးလိုက်ပါတယ်။





ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရဟာ ၁၉၈၈ ခုနှစ် ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူအပေါင်းအတွက် “ဒီမိုကရေစီဆိုတာ မင်းကျင့်ဝတ်” ဆိုပြီး ရေးသားချီးမြှင့်တော်မူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့  ဒီလိုချီးမြှင့်ပေးမှုဟာ ပြည်သူလူထုအတွက်တင်သာမက အုပ်ချူပ်နေသူများကိုပါ မင်းကောင်းမင်းမြတ်အဖြစ် အုပ်ချူပ်စေလိုသော၊ မင်းကောင်းမင်းမြတ်တို့ ၏ ဂုဏ်ကြန်အင်လက္ခဏာနှင့်ပါ ပြီးပြည့်စုံစေလိုသော စေတနာတရားထက်သန်စွာဖြင့် သွန်သင်ဆုံးမပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

(အကျယ်ချဲ့ ဖတ်ရှူနိုင်ရန်အတွက် အောက်ဖေါ်ပြပါပုံပေါ်တွင် mouse click နှိပ်ပြီးကြည့်နိုင်ပါသည်။





ဒီ အဖိုးထိုက်တန်လှတဲ့ ရေးသားချီးမြှင့်မှုကို ပြည်သူအများ ပြန်လည်နာကြားခွင့်ရဖို့ နဲ့  ရှိသင့်ရှိထိုက်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မင်းကျင့်တရားလေးတွေကို အမှောင်မိုက်ဖုံးနေတဲ့ အဓမ္မ၀ါဒီ နအဖဗိုလ်ချူပ်ကြီးများလည်းဘဲ ပြန်လည်နာယူဖြစ်ပြီး ကျင့်သုံးနိုင်ကြမယ်ဆိုလျှင်





အရှင်ဘုရား ဆုတောင်းပေးခဲ့သလို - “အမှန်တရား - နေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ပုဂ္ဂိုလ်တိုင်းမှာ ထွန်းတောက်ပါစေ” ဘုရား။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။


01 February 2010

နအဖ စစ်တပ် ၏ ရက်စက်မှု ပုံရိပ်များ ...

Burmese+Solider+Kill+Karen+Villagers+and+Burn+Down+Villages FBR

ရွှေခမောက်စာစောင် အမှတ်စဉ်(၁၀၉)

Shwekhamauk Bulletin 109

မွန်အမျိုးသားနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မွန်ပြည်နယ်) အစည်းအဝေးကျင်းပ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် စည်းရုံးရေးကော်မီတီ အထူးအစည်းအဝေးတရပ်ကို ဇန်နဝါရီလ (၃၀) ရက်နေ့တွင်ကျရောက်သော ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ဥက္ကဌ ဦးလွန်းတင် နေအိမ်၌ ကျင်းပခဲ့ရာ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးလွန်းတင် ၊ဦးဥာဏ်ဝင်း အပါအ၀င် မွန်ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် လူမှုအထောက်အကူအဖွဲ့ဝင်များ အခြားဖိတ်ကြားထားသူများ စုံစုံညီညီ တက်ရောက်ကြပြီး ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရပ်တည်ချက်နှင့် လက်ရှိအနေအထားများ၊ မွန်ပြည်နယ် စည်းရုံးရေးအဖွဲ့နှင့် မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Voice Of Burmar

VOB747KK

31 January 2010

THE VOICE 6 -13

The Voice 6-13

မြန်မာပြည်ရောင်းရန်ရှိသည် (ပုံ - နအဖ)။


မြန်မာပြည်ရောင်းရန်ရှိသည် (ပုံ - နအဖ)။ လာပြန်ပြီ။ “နိုင်ငံပိုင် (ဆိပ်ကမ်းများ) ပုဂ္ဂလိကသို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။


စာသားလေးကတော့ မသိရင် တိုင်းပြည်တိုးတက်ဖို့ အတွက် ပုဂ္ဂလိကလုပ်ငန်းတွေ အားပေးတယ်လို့  ထင်ကြမှာဘဲ။ နအဖက အားပေးနေပါတယ် ပုဂ္ဂလိကလုပ်ငန်းတွေလေ … နအဖသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများ အပေါင်းအပါတစ်သိုက်ရဲ့ ဆွေမျိုးသားချင်းတွေ ကပ်ဖားယက်ဖား စီးပွားရေးသမားကြီးတွေ မောင်ပိုင်စီးလုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေပါ။ နအဖက သူတို့ လူတွေဘဲ ကြီးစိုးချယ်လှယ်လုပ်ကိုင်နေတဲ့ စီးပွားရေးအတ္တသမားကြီးတွေ လက်ထဲ လွှဲပြောင်းလုပ်ခိုင်းလိုက်တာကိုဘဲ လိမ်ဆင်ကြီးနဲ့  စကားလုံးအလှလေးတွေနဲ့ ဖေါ်ပြနေလေရဲ့ ။



အခြားနိုင်ငံတွေမှာတော့ တိုင်းပြည်ရဲ့  အဓိကအရေးကြီးတဲ့ လုပ်ငန်းတွေကို နိုင်ငံပိုင်အနေနဲ့  နိုင်ငံကို အုပ်ချူပ်နေတဲ့ ပြည်သူ့ ကိုယ်စားပြု ပြည်သူ့ အစိုးရကိုယ်တိုင်က ထိန်းသိမ်းကြီးကြပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မြှင့်မားအောင် လုပ်ကိုင်နေပေမယ့် ကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ မတရားကြီးစိုးနေတဲ့ နအဖက တိုင်းပြည်ပိုင်တွေ နိုင်ငံပိုင်အဆောက်အဦးတွေ သယံဇာတတွေ လုပ်ငန်းကြီးတွေ ရေမြေတောတောင်သဘာဝတွေကို ထင်ရာစိုင်းပြီး ရောင်းစားလို့ နေပါတော့တယ်။



အခုလို ၂၀၁၀ ခုနှစ်ကာလအတွင်းမှာ သန်းရွှေတို့  နအဖတွေ ပြည်သူပိုင်ပစ္စည်းတွေကို ကသုတ်ကရက်နဲ့  ခပ်မြန်မြန်ရောင်းစားနေကြတာ အင်မတန် မရိုးသားသော မိုက်ရိုင်းသော လုပ်ရပ်ဖြစ်ပါတယ်။ သန်းရွှေတို့ ရဲ့  ယုတ်မာပက်စက်မှု ဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ သမိုင်းဝင်မြေနေရာတွေ အဆောက်အဦးတွေ၊ တိုင်းပြည်တစ်ခုရဲ့ ဝင်ငွေအတွက် အဓိကအရေးကြီး အခရာကျလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ကြွယ်ဝလှတဲ့ သယံဇာတပစ္စည်းတွေ၊ ရေမြေအောက်က ပေါများလှတဲ့ ကျောက်မျက်ရတနာတွေ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ အကုန်လုံးကို ယူနီဖောင်းအရေခြုံထားကြတဲ့ နအဖ သန်းရွှေနဲ့ နအဖဗိုလ်ချူပ်ကြီးတွေက ပုဂ္ဂလိကအမည်ခံ သူတို့ ရဲ့  သားသမီးတွေ ဆွေမျိုးသားချင်းတွေ စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေလက်ထဲ အခုကတည်းက ရောက်နေအောင် ပိုင်ဆိုင်နေအောင် လုပ်နေကြပါတယ်။ နောင် မြန်မာပြည်ကို သူတို့ ဘဲ ဆက်အုပ်ချူပ်လို့ ဘဲဖြစ်ဖြစ် အခြားသူတွေ အုပ်ချူပ်လို့ ဘဲဖြစ်ဖြစ် သူတို့ လက်ထဲရောက်နှင့်နေပြီးသားဖြစ်အောင် မိုက်မိုက်ရိုင်းရိုင်းနဲ့  နိုင်ငံပိုင်တွေကို အနုနည်းနဲ့  မောင်ပိုင်စီးထားတာ ဖြစ်ပါတော့တယ်။


နောင်ဆိုရင် နိုင်ငံပိုင်ဆိုတာ ခပ်ရှားရှားနဲ့ ဖြစ်ပြီး ရှိမယ့်နိုင်ငံပိုင်ဆိုတာကလည်း အရေးမပါ အရာမရောက်တဲ့ လုပ်ငန်းလေးတွေနဲ့  နောင်တက်မယ့်အစိုးရကို အမည်သာခံထားစေပြီး တိုင်းပြည်ရဲ့  အရေးကြီးသောစီးပွားရေးလုပ်ငန်းကြီးတွေအားလုံးနီးပါး အခု နအဖရဲ့  လူတွေက ဆုပ်ကိုင်ချယ်လှယ်ထားတော့မှာပါ။ နအဖဟာ တိုင်းပြည်နဲ့  လူမျိုးကို လက်နက်အာဏာနဲ့  ကြာကြာအုပ်စိုးထားဖို့ မလွယ်တော့တဲ့အခြေအနေမှာ အနာဂတ်မြန်မာပြည်ရဲ့  စီးပွားရေးကို ချယ်လှယ်ချုပ်ကိုင်ထားဖို့  သန်းရွှေတို့ ရဲ့  ယုတ်မာပက်စက်သော ခြေလှမ်းဖြစ်ပါတော့တယ်။ မြန်မာပြည်သူပြည်သားတွေကို အာဏာကျွန် စစ်ကျွန်အဖြစ်နဲ့  သွတ်သွင်းခဲ့ရုံအားမရသေး ငွေကျွန်အဖြစ်ပါ တစ်သက်လုံး သားစဉ်မြေးဆက် နလန်မထူနိုင်ဘဲ ဆက်ခံနေရအောင် လုပ်တာဖြစ်ပါတယ်။




နအဖဟာ မြန်မာ့မြေရော ရေရော ရောင်းနေတာ အတော့်ကုန်နေပြီမို့  မြန်မာ့လေပါ ရောင်းလို့ ရ ရောင်းဦးမှာပါ။ မြန်မာပြည်သူပြည်သားတွေ စက္ကန့် တိုင်း ရှူနေရတဲ့ လေတောင် ရောင်းစားလို့ ရရင် ရောင်းစားဦးမယ့် နအဖပါ။

နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများ) သို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။


ဒီတော့ ကျွန်တော်တို့  ပြည်သူပြည်သားတွေ ဘာလုပ်ကြမလည်း။ ကျွန်တော်တို့  နိုင်ငံပိုင်ပစ္စည်းတွေကို ကာကွယ်ကြရမှာပါ။ ပြည်သူပိုင်ပစ္စည်းတွေကို နအဖပုဂ္ဂလိကလက်ထဲ မရောက်ဖို့  အတတ်နိုင်ဆုံး ကာကွယ်ကြရမှာပါ။ ရောက်နေတဲ့ လုပ်ငန်းစီးပွားများနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်ကျိုးအတ္တစီးပွားရေးသမားကြီးတွေ ဆက်လက်ကြီးပွားမနေတော့အောင် ပြည်သူ့ အတိုင်းအတာအင်အားနဲ့  သပိတ်မှောက်ကြရမှာပါ။ ဒီနအဖမိသားစုတွေရဲ့  စီးပွားရေးလုပ်ငန်းကြီးတွေကို အားမပေးကြဘဲ အမျိုးသားတော်လှန်ရေးတစ်ရပ်အနေနဲ့  သူတို့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်ဆီးပစ်ကြရမှာ ဖြစ်ပါတယ်။


တိုင်းသူပြည်သားတွေကို ဂုတ်ခွထိုင်ပြီး ညဉ်းပမ်းနှိပ်စက်နေရုံသာမက တိုင်းပြည်ရဲ့  အသွေးအသားအနှစ်တွေကို ဂုတ်သွေးစုတ်နေတဲ့၊ တိုင်းပြည်ပိုင် နိုင်ငံပိုင်တွေကို မောင်ပိုင်စီးနေတဲ့သူတွေကို တော်လှန်ကြပါ။


နအဖက ပေါ်တင်ဗြောင်ပြောနေပြီ။ နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများထံ) သို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။


မြန်မာပြည်သူပြည်သားများအားလုံးကနေ အမြန်လုပ်ဆောင်ရမယ့် အမျိုးသားရေးတာဝန်ကတော့ နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများ) ထံ မရောက်ကြစေဖို့ ၊ ပုဂ္ဂလိက (နအဖလူများ) လက်ထဲ မတရား ရောက်ရှိနေသော နိုင်ငံပိုင် (ပြည်သူပိုင်) လုပ်ငန်းများကို ပြည်သူပိုင်ပြန်သိမ်းနိုင်ဖို့ အတွက် နအဖအာဏာရူးတွေကို ခြေမှုန်းကြဖို့ ပါဘဲခင်ဗျာ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူး တင်ပါသည်.။

"ဆောရီး"ကို အလွယ်တကူ မပြောပါနဲ့ ရှင်

ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်... ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။ ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။

ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ကပျာကယာရှေ့တက်ပြီး "နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်" လို့ တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို လှမ်းပေးတယ်။ စူနေတဲ့ကောင်မလေးရဲ့ နုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။

အဲဒီ "ဆောရီး" က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။

ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။ ကောင်မလေးငိုတဲ့အထိ သူအစသန်ခဲ့သလို ကောင်မလေးရယ်တဲ့အထိ သူချော့တတ်ခဲ့တယ်။ ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို အမြဲလေခိုးလျော့ပြီး တစ်နေရာမှာ ပုန်းနေတတ်တယ်။ ခြေမကိုင်၊ လက်မကိုင်မီဖြစ်နေတဲ့ ကောင်မလေးကို ချောင်းကြည့်ရင်း သူ့ဆီဆက်လာမယ့် ကောင်မလေးရဲ့ဖုန်းကို သူစောင့်နေခဲ့တယ်။ ပြီးတော့ ကောင်မလေးဆီက လေခိုးလျော့တဲ့သူခိုးကို ဆူပူကြိမ်းမောင်းသံတွေ နားထောင်ပြီး သူသဘောကျနေတတ်တယ်။ ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့ အဲဒီလိုအပြုအမှုကို သူအရမ်းနှစ်ခြိုက်ခဲ့တယ်။

ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး အဝေးကအခုမှ ရောက်လာဟန်နဲ့ လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ်တယ်။ ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကိုကြည့်ပြီး သူခိုးရယ်နေတတ်တယ်။ ပြီးမှ စိတ်မကောင်းဟန်နဲ့ "ဆောရီး.... ငါမှားသွားတယ်" လို့ တောင်းပန်တတ်တယ်။ ကျိန်ဆဲနေတဲ့ ကောင်မလေးနုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့ ကောင်လေးကို ဆုံးမတတ်တယ်။ ကောင်မလေးရဲ့ အဆုံးအမအောက်မှာ ကောင်လေးက ခေါင်းငုံ့လို့..... နေ့ရက်တွေကို ရယ်မောခြင်းနဲ့ သူတို့အဆုံးသတ်ခဲ့ကြတယ်။

အဲဒီ "ဆောရီး" က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြတယ်။ ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့ဘူး။ ကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီး ကောင်လေးကို အပြစ်တင်တယ်။ နောက်တော့ ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြတယ်။ ကောင်မလေးငိုတော့ ကောင်လေးက "ဒါ ငါ့အလုပ်အတွက်" လို့ ဖြေရှင်းတယ်။



ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားတယ်။ နောက်တော့လည်း ကောင်မလေးက မနေနိုင်ပါဘူး။ ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။ နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။ ရန်ဖြစ်တိုင်းလည်း ကောင်မလေးဖက်ကစပြီး ပြေငြိမ်းတာချည်းပဲ။

အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့ ကောင်လေးက ကောင်မလေးကို ဂတိပေးတယ်။ မွေးနေ့မှာ ကောင်လေးအလာကို ကောင်မလေးစောင့်နေခဲ့တယ်။ ညနက်သန်းခေါင်အထိ၊ မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။ မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းရာတွေ စွန်ထင်းလို့.... ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း "ဆောရီးနော်... နင့်ကို ငါလက်ထပ်ပါရစေ" ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။

အဲဒီ "ဆောရီး" က တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်ပါတယ်။

မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ ပိုတိုးတက်အောင်မြင်ခဲ့တယ်။ ကောင်မလေးက ကောင်လေးအတွက် နေ့တိုင်းချက်ပြုပ်၊ လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်ကောင်မလေးက ဈေးသွားတိုင်း ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။ "ဘာကြောင့်လဲ" လို့ ကောင်လေးမေးခဲ့ရင် ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။

တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်။ ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။ ဒါကို ကောင်မလေး မမေးခင် အကြောင်းအမျိုးမျိုးပြပြီး ကောင်လေးဖြေရှင်းတတ်တယ်။ အဲဒီကစ ကောင်မလေး စကားသိပ်မပြောတော့ဘူး။ အရင်ကလိုလည်း မသွက်လက်တော့ဘူး။ ဘယ်မှလည်း သိပ်မသွားတော့ဘဲ မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေတတ်ခဲ့တယ်။ ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး ကောင်မလေးငိုနေတတ်တယ်။

နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။ ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။ ဒါကိုကောင်လေးက မလုံသလိုနဲ့ "ဆောရီး... ဒီနေ့ အလုပ်မှာ စားပွဲသောက်ပွဲရှိပြန်တယ်" လို့ ပြောတတ်တယ်။

အဲဒီ "ဆောရီး" က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။

တဖြေးဖြေး အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။ အလုပ်အကိုင်ကောင်းလေ၊ ဘေးက မြှောက်ပင့်တဲ့လူများလေနဲ့ ကောင်လေးရဲ့နေ့ရက်တွေက မြှောက်ပင့်သံတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။ ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင် အထွက်နည်းခဲ့တယ်။ ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။ အရင်တုန်းက ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့ တီတီတာတာစကားလေးတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်ထဲ အဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။

ကောင်လေးကို "ဘယ်အချိန် ပြန်လာမလဲ?" လို့ မေးတိုင်း ကောင်လေးက အစာသီးနင်သွားတဲ့အသံနဲ့ "ဆောရီး... ငါအလုပ်များနေတယ်" လို့ ပြန်ဖြေတတ်တယ်။ ဖုန်းခွက်ကို မသာမယာချရင်း ကောင်မလေး စိတ်မကောင်းဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန် အိမ်ပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူး။

အဲဒီ "ဆောရီး"က ဝတ်ကျေတမ်းကျေပြောတဲ့ ဆောရီးဖြစ်ပါတယ်။

ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။ ကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့ အိုစာသွားတဲ့ သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီအလှတွေ သူစပြင်ခဲ့တယ်။ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မယ်၊ တွန့်ဆုတ်နေလို့ မဖြစ်မှန်း သူသိခဲ့တယ်။

အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး ကောင်လေးဆီကို သွားခဲ့တယ်။ ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ ပထမဆုံးအကြိမ် သူသွားခဲ့တာဖြစ်သလို နောက်ဆုံးအကြိမ်လဲဟုတ်ခဲ့တယ်။ ဓာတ်လှေကားခလုတ်ကို နှိပ်ပြီး ကောင်လေးအမြဲပြောတဲ့ "အလုပ်များတယ်" ဆိုတဲ့နေရာကို သူရောက်လာခဲ့တယ်။ ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို သူလိုက်ကြည့်ခဲ့တယ်။ နေရာတိုင်းက လှပလို့နေတယ်။ ဝရန်တာကိုဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ သူရောက်လာခဲ့တယ်။ ရုံးခန်းတံခါးကို သူသာသာလေး တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ သူအံ့သြမင်သက်သွားမိတယ်။

သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက သူ့ခင်ပွန်းမဟုတ်ခဲ့ဘူး...
သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့ နောက်တောက်တောက် ကောင်လေးမဟုတ်ခဲ့ဘူး...
ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့ ကောင်လေးလည်း မဟုတ်ခဲ့ဘူး....

တစ်ခြားမိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ယောက်ျား၊ သွေးသားတွေ ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေခဲ့တယ်။

ကောင်မလေးကိုတွေ့တော့ ကောင်လေးက ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။ နေရာကနေ ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်တယ်။ အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာသွန်းလို့.........

ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူး။ "ဆောရီးပဲ.... နင့်ကိုပဲ ငါချစ်ပါတယ်ကွာ... နင့်ကိုပဲ ငါတကယ်ချစ်တာပါ" တဲ့။ ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။



အဲဒီ "ဆောရီး" က လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။

ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး။ ကောင်မလေးပျောက်နေခဲ့တယ်။ ကောင်မလေးမရှိတော့ ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့... အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။ နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။ ကောင်မလေးကို လိုက်ရှာချင်ပေမယ့် သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို ဘယ်သွားရှာရမှန်း မသိခဲ့ဘူး။ ကောင်မလေးရဲ့တစ်ဦးတည်းသော သူငယ်ချင်းက သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ ကောင်လေးတတ်နိုင်ခဲ့တယ်။ ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့ ဖုန်းကို (၂၄)နာရီလုံး ဖွင့်ပြီးစောင့်နေခဲ့တယ်။

ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။ တစ်နေ့မှာ စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။ ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့ နမူနာရုပ်ကြွလေးတွေပါတယ်။ ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က မြက်တွေကြားထဲမှာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။ ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး စာထဲမှာ ဒီလိုရေးထားပါတယ်။

"နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။ ငါပျော့ညံ့လွန်းလို့ဖြစ်မယ် ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင်လို့လည်းဖြစ်မယ်။ ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ ငါ့ကိုယ်ငါ ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။ နင့်အပြန်ကို ငါနေ့တိုင်း စောင့်စရာမလိုတော့ဘူး။ ဟင်းတွေ ပူပူနွေးနွေးချက်ပြီး အေးစက်သွားတဲ့အထိ ငါစောင့်စရာ မလိုခဲ့တော့ဘူး။ ဖုန်းလည်း ငါမသုံးတော့ဘူး။ နင့်အတွက်နဲ့ (၂၄)နာရီလုံး ဖုန်းကို ငါဖွင့်ထားစရာလဲ မလိုတော့ဘူး။

ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်ဆိုတာကို ငါနားလည်သွားပြီ။ လှပတဲ့နေ့ရက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ငါသိသွားပြီ။ နင့်ကို ဘယ်လိုချစ်ရမယ်ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့အချစ်တွေကို အနာတရဖြစ်အောင် နင်ဆော့ကစားခဲ့လို့ဖြစ်တယ်။ ကွာရှင်းစာချုပ်ကို ငါးကန်အောက်မှာ ငါဖိထားခဲ့တယ်။ နင်လက်မှတ်ထိုးပြီးရင် ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။ ဆောရီးပဲ.... ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ"

လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့တယ်။ ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွတ်ခြင်းတွေယူပြီး ကောင်မလေးမရှိရင် သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့ ကောင်လေးလိုက်သွားခဲ့တယ်။ ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။ ကောင်လေးဆီက စာရေးပြီးတဲ့နောက် သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်လို့ ကောင်မလေးအဖေက စိတ်မကောင်းစွာပြောတယ်။ ကောင်လေးအသိတွေ ချာချာလည်ကုန်တယ်။ နောင်တတွေက တပွေ့တပိုက်နဲ့ သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။

တချို့ "ဆောရီး" က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။

ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ တန်ဖိုးထားမြတ်နိုးသူတစ်ယောက်ကိုတော့ လူတိုင်းကြုံကြရမှာပဲ။ အဲဒီလို ကိုယ့်ကိုယ်တန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။ "ဆောရီး"ဆိုတဲ့ တောင်းပန်မှုတိုင်းက "ကိစ္စမရှိပါဘူး"ဆိုတဲ့စကားနဲ့ လဲလှယ်လို့မရနိုင်ခဲ့ပါဘူး။ ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ဒဏ်ရာတွေ မပေးမိပါစေနဲ့။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်နာကျင်စေပါတယ်။

အလင်းစေတမန် မှ ပေးပို့ လာလို့ ဖတ်ပြီး သိပ်နှစ်သက်မိ လို့ ကျမ ပြန်တင် လိုက်ခြင်း ဖြစ်ပါသည်.။