11 September 2010

ဒီတောင်ကို မောင်ကျော်နိုင်ပါ့မလား. ..

ဆရာရှေ့မှာ တပည့်ရောက်နေသလို..
လုံးဝ မဆင်းနိုင်ဘူး...(စိတ်ကောက်နေပုံ)
ဝေဒနာခံစားနေရပုံ..လူပြည်မှာနေဖို့ အချိန်ဘာမှ မကျန်တော့ဘူး (နိုင်ငံခြားရေးဝန်ကြီး နာရီကြည့်နေစဉ်)

ဓာတ်ပုံ AP
တရုတ်ပြည်ကို အလည် အပတ်ရောက်ရှိနေတဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ ဓာတ်ပုံ တစ်ချို့ပါ.. စိတ်ရော ကိုယ်ပါ ဂျုံးဂျုံးကြနေပုံ ပေါ်နေတာ ပုံတွေကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်..။ အိန္ဒိယခရီးစဉ်ထက် အခြေအနေပိုဆိုးနေတဲ့ ပုံပါပဲ... ဒီတောင်ကို မောင်ကျော်နိုင်ပါ့မလားပဲ..

အလုံမြို့နယ်ရဲစခန်းမှာ တပ်ပြေးပါဆိုပြီး စခန်းမှုးရဲ့ဖိနပ်နဲ့ပါးရိုက်တာကို ခံရပြီး ရိုက်နှက်နှိပ်စက် ခံရတဲ့ မောင်အောင်မင်းနိုင်အမှု နောက်ဆက်တွဲ သတင်း

တပ်ပြေးပါဆိုပြီး အလုံရဲစခန်းမှာ မတရားဖမ်းဆီး ရိုက်နှက် ခံရတဲ့ မောင်အောင်မင်းနိုင်
ပြီးခဲ့တဲ့ သြဂုတ်လ(၂၁)ရက်နေ့က အလုံမြို့နယ် ရဲစခန်းမှာ တပ်ပြေးဆိုပြီး မတရားစွပ်စွဲ ဖမ်းဆီးပြီး ပါလာတဲ့ငွေကိုယူ လူကို တညလုံး ရိုက်နှက် ညှင်းပန်းတာခံခဲ့ရတဲ့ မောင်အောင်မင်းနိုင်ရဲ့ အဆိုပါ.. အမှုနဲ့ပတ်သတ်ပြီး နောက်ဆက်တွဲ အခြေအနေများကို ထပ်မံဖော်ပြလိုက်ပါတယ်.. ယခင်သတင်း ဖတ်ချင်ရင် Click.

အထက်ပါ မောင်အောင်းမင်းနိုင်အား အာဏာပိုင်များမှ မတရားဖမ်းဆီး နှိပ်စက်ခံရတဲ့ အဆိုပါတရားဥပဒေမဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ အဆိုပါနေ့ မနက်မှာ ရဲစခန်းကို သွားရောက် တိုင်ကြားပေးခတဲ့ အတွက်ကြောင့် အထက်အာဏာပိုင်များမှ ခေါ်ယူစစ်ဆေးခဲ့ပြီး။ ၉ရက်နေ့ မှာတော့ မောင်အောင်မင်းနိုင်နဲ့ ဖိနပ်နဲ့ပါးကို ရိုက်တဲ့ စခန်းမှုးကို မရမ်းကုန်းရဲစခန်းမှ မြို့နယ်မှုးမှ ပြန်လည် ခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။

မရမ်းကုန်း မြို့နယ်မှုး.... စခန်းမှုးကို ခေါ်ပြီး " ကိုအောင်မင်းနိုင်ကို ဖိနပ်နဲ့ ပါးရိုက်တာ.. သူပါလား"

မောင်အောင်မင်းနိုင်....".ဟုတ်ကဲ့ သူရိုက်တာပါ.."

မရမ်းကုန်း မြို့နယ်မှုး.. မြို့နယ်မှုးက ဘာမှ ထပ်မမေးတော့ပါဘူး..။ "စခန်းမှုးကိုကြည့်ပြီး စခန်းမှုးအနေနဲ့ ကိုအောင်မင်းနိုင်ကို ဘာများမေးချင်ပါသလဲ "..

စခန်းမှုး.. (မဆီမဆိုင် မေးမြန်းပုံ) ကိုလူမော်လတ် (အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်) ရဲ့ ဖခင်ဟာနိုင်ငံရေးအမှုနဲ့ထောင်ဒဏ် အနှစ်၂၀ကျနေတယ်ဆိုတာသိပါလား...

မောင်အောင်မင်းနိုင် .. ".ဒါကျွန်တော့် ကိစ္စမဟုတ်ဘူး ကျွန်တော်မသိဘူး..."

စခန်းမှုး.. " အခုထွက်ဆိုချက် တွေဟာ အောင်မင်းနိုင်အနေနဲ့ ကိုယ်တိုင်ထွက်ဆိုတာလား လူမော်လတ်ကနေ သင်ထားပေးလို့  ထွက်ဆိုတာလား "

မောင်အောင်မင်းနိုင် ...ကျွန်တော် ဖြစ်တာ. ခံရတာ ကျွန်တော် အသိဆုံးမို့ လူကြီးတွေမေးတာ ကိုကျွန်တော့် ဘာသာဖြေခဲ့တာပါ..

စခန်းမှုး.. " ..အလုံရဲစခန်းလာပြီး ကိုလူမော်လတ်က သူ့အကြောင်းသိစေရမယ်လို့ ခြိမ်းခြောက်ပြီး ပြောသွားတာ ကိုအောင်မင်းနိုင်သိပါလား"

မောင်အောင်မင်းနိုင်...."မသိပါဘူး.." ဟု ပြန်လည် ဖြေဆိုခဲ့ပါတယ်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်
အထက်ပါ အကြောင်း အရာများနဲ့ ပတ်သတ်ပြီး ပုဂ္ဂိုလ်ရေး စော်ကားမှုတွေ ပါဝင်နေတဲ့ အတွက် ကိုလူမော်လတ်က ပြန်လည်ပြောပြရာမှာတော့.. အဆိုပါ အခင်းဖြစ်ပြီး မနက်ပိုင်းမှာ မောင်အောင်မင်းနိုင်မှ ရောက်ရှိလာပြီး ငိုယိုတိုင်ကြားတဲ့ အတွက် ဖြစ်စဉ် အကြောင်းအရာတွေ အင်မတန် ဆိုးရွားတဲ့ အတွက် အလုံမြို့နယ် ရဲစခန်းကို အဆိုပါညက အဖြစ်အပျက်တွေ တကယ် ဟုတ်မဟုတ် သွားရောက်မေးမြန်းရာမှာတော့ ကိုတင်မိုးဆိုတဲ့ နယ်ထိန်းမှ... တောင်းပန်ပြောဆိုပါတယ်..။ အမှုမှာတောင်းပန်ရုံထက် ဥပဒေမဲ့လုပ်ရပ်အား ဖြေရှင်းနိုင်မည့် မြို့နယ်မှုးနှင့် တွေ့ခွင့်တောင်းရာ အဆိုပါနေ့က မြို့နယ်မှုး ဖခင်ဖြစ်သူ အသည်းအသန် ဖြစ်နေသည့်အတွက် ရုံးမှာ မရှိလို့ တွေ့ခွင့် မရခဲ့ဟုဆိုပါသည်။

ကိုလူမော်လတ် ဆက်လက်ပြောပြတာကတော့ " မိမိတို့ စခန်းမှုးနှင့် တွေ့ခွင့်တောင်းရာ ရုံးမှာ ရှိနေသည်ဟု အားလုံးက ပြောဆိုပေမယ့်လည်း အဆိုပါ မောင်အောင်နိုင်ဦးအား ဖိနပ်ဖြင့် ရိုက်သည့် စခန်းမှုးမှ ဆင်းမတွေ့ခဲ့ကြောင်း ပြောဆိုပါသည်။ ထို့အတွက်ကြောင့် အလုံမှာရှိတဲ့ SB ရဲအထူးတပ်ဖွဲ့အား သွားရောက်အကြောင်းကြားပြီး ယခုအမှုမှာ လူအခွင့်အရေးချိုးဖောက်မှု ဖြစ်သဖြင့် အထက်အာဏာပိုင် လူကြီးများမှ မည်သို့ အကောင်းဆုံး စီစဉ်ပေးမည် ဆိုတာ သိချင်၍ လာရောက် အကြောင်းကြားချင်း ဖြစ်ကြောင်း ပြောဆိုရာမှ အဆိုပါ အလုံ SB မှစာတင်ပေးသဖြင့် နေပြည်တော်မှ အဆိုပါဖြစ်စဉ်ကို အသေးစိတ် အစီရင်ခံပါဟု ခရိုင်မှုးအား အကြောင်းကြားလာပါသည်...။

ကိုလူမော်လတ်.....ခရိုင်မှုးကို တာဝန်ပေးလိုက်တယ်ဆိုလို့ သူတို့စစ်တယ် ကိုအောင်မင်းနိုင်ရော ဒါပေမယ့် သူတို့စစ်တဲ့ထဲမှာ ဖိနပ်ချွတ် ပါးရိုက်တာမပါဘဲ ကျန်နေပါတယ်။ ဒါကို မကြေနပ်လို့ မောင်အောင်မင်းနိုင်က ပြောလာတယ်.. ဒါကြောင့် ပြည်ထဲရေးရုံးကို ထပ်တိုင်တယ်.. ထပ်ပြီး အမှုစစ်ထပ်ဖွဲ့ခိုင်းတယ် ဗဟန်းမြို့နယ်မှုးနဲ့ ... ဗဟန်းမြို့နယ်မှုးရုံးးခန်းမှာ ကျွန်တော်ရော.. ကိုအောင်မင်းနိုင်ပါ.. စစ်တယ် .. ကိုအောင်မင်းနိုင်က သူကိုဖမ်းတာတွေ ချတာတွေ..ဖြစ်စဉ် အသေးစိပ်ကိုပြောပြပါတယ်..ကျွန်တော့်ကိုတော့ မိသားစုဘာလုပ်လဲ။ NLD ပါတီဝင်လား ကျွန်တော်က ကိုအောင်မင်းနိုင်လာပြောလို့ တာဝန်ရှိ လို့လုပ်တာပါ..ကျွန်တော်တို့ အဖွဲ့အစည်း (NLD)မှာ.ထိန်ချန် ထားပိုင်ခွင့် မရှိတာတွေ.. ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရ အကာအကွယ် ပေးနေတဲ့ အဖွဲ့ဖြစ်နေလို့ ရှဥ့်လဲလျှောက်သာ ပျားလဲဆွဲသာအောင် အရှည်မဖြစ်ရအောင် အလုံရဲစခန်းသွား လူကြီးတွေနဲ့တွေ့ပြီး ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့ပြောဖို့ သွားတဲ့အကြောင်း ဒါတွေပြောပြီး.. ကိုယ်ပြောတာကို ကိုယ်တာဝန်ယူတဲ့ သဘောပေါ့လေ.. လက်မှတ်ထိုးရတယ်။

ကိုအောင်မင်းနိုင်က သူဖြစ်စဉ်မှာ လက်မှတ်ထိုးရတယ်.. ကျွန်တော်ကလည်း ကိုယ်ပြောတဲ့ဖြစ်စဉ်မှာ ထိုးရတယ် .. ဗဟန်းမြို့နယ်မှုးက အလုံစခန်းမှုး(ဖိနပ်နဲ့ပါးရိုက်သူ) ကိုလဲ ခေါ်မေးတယ်။ ကျွန်တော်က အလုံစခန်းမှုး ဖိနပ်ချွတ်ပါးရိုက်တာ ဟုတ်ပါတယ်လို့.. ပြောပါလားလို့မေးတော့ သူတို့က မပြောဘူး.. ဗဟန်းမြို့နယ်မှုးက မပြောဘူး အဲဒါနဲ့ပြန်လာတယ်.. ဒီနေ့ကြတော့ ၉.၉.၂၀၁၀ ပေါ့လေ..မရမ်းကုန်း မြို့နယ်မှုးက ခေါ်တယ်...ကျွန်တော်ကတော့ လိုက်သွားပါတယ် ..ဒါပေမယ့် ကျွန်တော်ကိုတော့ ခေါ်မမေးဘူး... ဖမ်းတဲ့ တပ်ကြပ်ကျော်နိုင်လင်း ကိုမောင်အောင်မင်းနိုင်နဲ့ မျက်နှာချင်းဆိုင် စားပွဲဝိုင်းမှာ ထိုင်ခိုင်းပြီး အလည်က မရမ်းကုန်မြို့နယ်မှုး ကထိုင်တယ် .. ကိုအောင်မင်းနိုင်ကို ရိုက်နှက်တာ သူပါသလားလို့မေးတယ်... ရိုက်တဲ့ထဲမှာ သူမပါဘူး.. ဖမ်းတုန်းကတော့ ပါတယ်လိုဖြေတယ်။ တပ်ကြပ်ကျော်နိုင်လင်းကို မင်း ကိုအောင်မင်းနိုင်ကို ဘာမေးချင်တာရှိလဲတဲ့။ တပ်ကြပ်ကျော်နိုင်လင်း ကဖမ်းတုန်းက အလုံရဲစခန်းမှာ လိပ်စာမေးတော့.. ဒလဆိုတဲ့ အခုတော့ဘာလို့ ကိုလူမော်လတ် လိပ်စာဖြစ်နေရတာလဲတဲ့ ကျွန်တော် မိဘတွေနဲ့နေတာ.. ဒလမှာနေတာပါ.. အခု အလုံရဲက ခဏခဏခေါ်တွေတော့ကိုလူမော်လတ်တို့ အိမ်မှာနေတာပါ။ တွေ့လို့ လွယ်အောင်ပါလို့ ပြောလိုက်တော့ ထပ်မမေးတော့ဘူး..

အဲ့ဒီ၉ရက်နေ့က ကျွန်တော်နဲ့ မောင်အောင်မင်းနိုင် အမေနဲ့က အောက်ကဆိုင်မှာ စောင့်နေတာ.. ပြန်ဆင်းလာတော့ ပြောပြတယ်။ လူကြီးစကားမပြောလို့ မကြေမနပ်ဖြစ်ရတာပါ...။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လူကြီးတွေ ရှေ့နေတွေနဲ့ တိုင်ပင်မယ်... အဓိကကတော့ လူ့အခွင့်အရေးချိုးဖောက်တာရယ် ဥပဒေမဲ့ တရားမဲ့လုပ်ရပ်ရယ်.. နောက်အခုလဲ အလုံစခန်းမှုးက ယောင်္ကျားပဲ လုပ်ရင်လုပ်တယ်ပေါ့.. ဘာလို့ သူများကို လှည့်ရမ်းနေတာလဲ. ယောင်္ကျားမပီသဘူးလို့ထင်တယ်..။ ကျွန်တော်ဒီကိစ္စ နှစ်ဦးနှစ်ဘက်ပြေလည်ဖို့ လိုက်လုပ်ပေးနေတာပါ။ အခု စေတနာနဲ့လိုက်လုပ်ပေးတာကို.. မဆိုင်တဲ့မေးခွန်းတွေနဲ့ ကျွန်တော်ကိုပါ.. စော်ကားလာတာပါ။ ဒါကြောင့် ဒီကိစ္စကို အထက်ကိုတိုင်မယ် .. ဗိုလ်ချုပ်မှုးကြီး သန်းရွှေအထိပါ စာတင်ပြီး ရေးသားတောင်းဆိုမည်ဟု ကိုလူမော်လတ်မှ ပြောဆိုသွားပါတယ်....။

အထက်ပါ အမှုတွေနဲ့ အတူ ကျွန်တော်တို့ နိုင်ငံမှာ မှန်ကန်တဲ့ တရားဥပဒေ မရှိမှု.ရဲ့အောက်မှာ နိုင်ငံသားတွေရဲ့ လုံခြုမှု မရှိတဲ့ ဘဝတွေပါ.။. နိုင်ငံသား တစ်ယောက်ကို ဘာမှ ဥပဒေအရ အကာအကွယ် မပေးနိုင်တဲ့ အပြင်.. အကြောင်းပြချက်မရှိပဲ ရိုက်နှက် ဖမ်းဆီး အာဏာကို လိုအပ်တာထက် ပိုမို အသုံးပြုမှုတွေကြောင့် အသက်ဆုံးရှုံး၊ ပျောက်ဆုံးရတဲ့ အဖြစ်အပျက်တွေ ဟာ နေရာအနှံမှာ ဖြစ်ပျက်နေပါတယ်..


ဒီမိုဝေယံ

လူမဆန်တဲ့စစ်အာဏာရှင်တွေရဲ့လုပ်ရပ်ကြောင့်သေဆုံးခဲ့သော ပဲခူးမြို့မှလူငယ်(၂)ဦးရဲ့နောက်ဆုံးခရီးကိုပဲခူးမြို့ခံများလိုက်ပါပို့ဆောင် (ရုပ်သံမြင်ကွင်း)

Download:
FLVMP43GP
Download:
FLVMP43GP

ခေါ်ဆိုခထက်ဝက်သက်သာသည့် VOIP ၀န်ဆောင်မှုသစ် ပြည်တွင်းတွင် ၀ယ်ယူနိုင်မည်

လက်ရှိသုံးစွဲလျက်ရှိသည့် Voice Over Internet Protocol (VOIP) ဖုန်းများထက် ဈေးနှုန်းထက်ဝက်သက်သာသည့် Rynga အမည်ရှိ VOIP ဖုန်းအကောင့်ကို ပြည်တွင်းတွင် စက်တင်ဘာ ၂၇ ရက်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းထိုအကောင့်များကို ရောင်းချပေးသည့် Online Business Group တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုအကောင့်များသည် ခေါ်ဆိုခသက်သာသည့်အပြင် နိုင်ငံအများစု သို့ လေးလတာအတွင်း တစ်ပတ်လျှင် နှစ်နာရီအခမဲ့ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ ၀ယ်ယူပြီး Credit များကို မကုန်မချင်းသုံးစွဲနိုင်ကြောင်း သိရသည်။ “ဖုန်းပြောဆိုခကတော့ အခြား VOIP တွေထက် ဈေးထက်ဝက်သက်သာပါတယ်။ ဒါပေမယ့် ငွေသွင်းရတာ ခက်ခဲမှုရှိတာရယ်၊ ကွန်နက်ရှင်ကောင်းမှ သုံးနိုင်တာရယ်ကြောင့် မတွင်ကျယ်သေးတာပါ။

အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့အတွက် ပြည်ပရောက် မြန်မာအတော်များများ အသုံးပြုကြပါတယ်” ၎င်းကပြောသည်။ Rynga VOIP ဖုန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.rynga.com တွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီး အကောင့်ဝယ်ယူ လိုပါက Online Business Group (ဖုန်း-၆၉၀၀၃၁) သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

မြန်မာပြည်တွင်းအများပြည်သူနေရာများတွင် အင်တာနက် လွှင့်တင်ပါက လိုင်စင်လျှောက်ထားရန်လို

စားသောက်ဆိုင်များနှင့် ဟိုတယ်များအပါအ၀င် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် လူအများသုံးစွဲနိုင်ရန် အင်တာနက်လွှင့်တင်မည်ဆိုပါက အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုလိုင်စင်အား လျှောက်ထားရန်လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အခကြေးငွေ ကောက်ခံသည်ဖြစ်စေ၊ မကောက်ခံသည်ဖြစ်စေ အဆိုပါလုပ်ငန်းလိုင်စင်ကို လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း ဆိုသည်။ အဆိုပါ လိုင်စင်လျှောက်ထားခြင်းမရှိဘဲ အများနှင့်သက်ဆိုင်သော နေရာများတွင် အင်တာနက်လွှင့်တင်ထားသူများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စစ်ဆေးအရေးယူဖွယ်ရာရှိကြောင်း သိရှိရသည်.။

10 September 2010

မြန်မာနိုင်ငံစစ်အာဏာရှင်ခေတ်မှာ တတ်လဲတတ်နိုင်ကြပါပေတယ် ခုတမျိုးနောက်တော့လဲတမျိုး မရိုးရပါလား


ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်အချို့ ရွေးကောက်ပွဲဝင်မည်


မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်အချို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲ တွင် ၀င်ရောက်အရွေးခံကြမည်ဖြစ်ကြောင်း သိရသည်။

အသင်းဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ (ဇေကမ္ဘာဆောက်လုပ်ရေး) အပါအ၀င် ဦးဌေးမြင့် (ယုဇနဆောက်လုပ်ရေး)၊ ဦးရန်ဝင်း (အေ၀မ်း ဆောက်လုပ်ရေး) နှင့် ဦးတင့် ဆန်း (အေစီအီးဆောက်လုပ် ရေး) တို့ ပါဝင်အရွေးခံမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့ သည့် အသင်းနှစ်ပတ်လည်အစည်း အဝေးတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးကိုကိုထွေးက ပြော ကြားသည်။

ယခင်က အသင်းကြီးများ၏ စည်းမျဉ်း များတွင် နိုင်ငံရေးကင်းရှင်းရမည်ဟု ပြဋ္ဌာန်းခဲ့သော်လည်း ယင်းပြဋ္ဌာန်းချက်ကို ပြန်လည်ပြု ပြင်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

"နိုင်ငံတကာမှာလည်း စီးပွားရေး လုပ်ငန်းရှင်တွေ နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ကြတယ်။ လုပ်ငန်းရှင်တွေ နိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ ဖွဲ့စည်းပုံလည်း မရှိဘူးလေ။ အခု အသင်းက လုပ်ငန်းရှင်တွေစုပြီး ဖွဲ့ထားတဲ့ အဖွဲ့ အစည်း၊ ပါတီနိုင်ငံရေးမလုပ်ရဘူးလို့ ဆက်ထား ရင် သဘောထားတွေ ကွဲလွဲ လာနိုင်တယ်။ ဒါကြောင့် အခုလုပ်ခွင့်ရှိ အောင် လုပ်ပေးတာပါ။ အသင်းကနေ ထွက်သွားစရာ မလိုပါဘူး။ ဆက်လက် လုပ်ကိုင်နိုင်ပါတယ်"ဟု ဦးကိုကိုထွေး က ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင်လည်း အသင်းဝင် စီးပွားရေးလုပ်ငန်း ရှင်များသည် ရွေး ကောက်ပွဲတွင် ပါဝင်နိုင်ရန် လွန်ခဲ့သည့် တစ်နှစ်ကတည်းကပင် အသင်းဖွဲ့စည်း ပုံကို ပြင်ဆင်ခဲ့ပြီးဖြစ်သောကြောင့် အသင်းဝင်များအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော်လည်း အသင်း မှ နုတ်ထွက်ရန်မလိုကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ခင်ရွှေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ် တော်မဲဆန္ဒနယ်အမှတ်(၉) (တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ)တွင် အရွေးခံမည်ဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း နိုင်ငံရေး ကင်းရှင်းစရာ မလိုတော့

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ( MCEA) စည်းမျဉ်းပါ ဗဟိုအလုပ်အမှုဆောင်များ နိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့် အသင်းစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ရန် အတည်ပြုလိုက်ကြောင်း စက်တင်ဘာ ၄ ရက် ဒွါဒသမ အကြိမ်နှစ်ပတ်လည် အသင်းသား စုံညီနှစ်ပတ်လည်ပွဲတွင် ထုတ်ပြန်ကြေညာသည်။ MCEA ၏ အသင်းအဖွဲ့ စည်းမျဉ်းပါ အပိုဒ် ၄၀ အရ ဗဟိုအလုပ်အမှုဆောင်များ၏ အရည်အချင်းပါ နိုင်ငံရေးအဖွဲ့အစည်း တစ်ခုခုတွင် ပါဝင်ခြင်း မရှိသူဖြစ်ရမည်ဆိုသည့် စာပိုဒ်ကို ပြင်ဆင်ဖြည့်စွက်ရန် ခွင့်ပြုချက်ကို အသင်းသားစုံညီ အစည်းအဝေးပွဲတွင် အတည်ပြုပေးပါရန် အသင်းသားများ၏ သဘောတူညီမှုကို တောင်းခံခဲ့ရာ အသင်းသားများမှ သဘောတူ အတည်ပြုခဲ့ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာပြည်မှာပြည်သူတွေတော်တော်များများစားဝတ်နေရေးအတွက်ကြောင့် စာရိတ္တတွေအကျင့်တွေပျက်ပြားကုန်ပါပြီးဒါတွေဟာဘယ်သူကြောင့်ပါလဲ..။

ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ နယ်မှလာသည့် ရွေ့လျားဈေးသည်အသွင်ဖြင့် အညာဒေသ ထွက်ကုန်များအား လိမ်လည် ရောင်းချမှုများရှိနေကြောင်း သိရှိရပါသည်။

ရွေ့လျားဈေးသည်များ အသွင်ဖြင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း အပြင် အုပ်စုလိုက်လိမ်လည်မှုများလည်း ရှိနေကြောင်းကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူများထံမှ သိရှိရပါသည်။

"ပထမတော့ အမျိုးသမီးနှစ်ယောက် ထဲပါ။ နယ်ကပါလာတဲ့ ဆန်တွေရောင်းဖို့ပါတယ်ဆိုပြီး နမူနာပြ လာစပ်ပါတယ်။ ဆန်ကိုကြည့်လိုက်တော့ ကောင်းပြီးဈေးနှုန်းကလည်း လက်ရှိပေါက်ဈေးထက် တစ်ပြည်ကို ၂၀၀ ကျပ် သက်သာနေပါတယ်။ အရည်အသွေးကောင်း ဈေးနှုန်းသက်သာတဲ့အပြင် ဆိုင်မှာလည်း သွားဝယ်စရာမလိုဘူး။ နေကလည်းပူနေတော့ ဆန်လာစပ်တဲ့ အမျိုးသမီးကိုလည်းအားနာပြီး သနားတာနဲ့ယူမယ်ဆိုပြီး ဈေးနှုန်းညှိခဲ့ပါတယ်။ ဒါနဲ့ ဆန်သွားယူမယ်ဆိုပြီး အပြင်ခဏ ထွက်သွားပါတယ်။ ခဏနေတော့ အဖော်ယောက်ျားတစ်ယောက် ဆန်အိတ်ထမ်းပြီး ပါလာပါတယ်။ အန်တီတို့က ဆန် ၁၀ပြည် ၀ယ်လိုက်တယ်။ ဆန်ဖိုးငွေရှင်းပြီး ပြန်သွားတယ်။ ဆန်ကိုပြန်ချိန် ကြည့်တော့ဆန် ၁၀ ပြည်ဝယ်တာ ၆ ပြည် ကျော်ကျော်လေးပဲရှိတာကို တွေ့ရပါတယ်။ ခြင်တောင်းကို လည်း စစ်ပြီးမှဝယ်တာပါ။ ကိုယ့်ရှေ့မှာ အပြည့်ချိန်ပေးခဲ့ပေမယ့် ခြင်တောင်းမှာ အတိုးအလျှော့လုပ်နိုင် အောင်လျှာခံထားနိုင်တယ် ဆိုတာကို လုံးဝမစဉ်းစားလိုက်မိဘူး။ လိမ်သွားတယ်ဆိုတာ နောက်မှသိရတော့တယ်"ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပြခဲ့ပါသည်။

နယ်မှလာသည့် ရွေ့လျားဈေးသည်အသွင်ဖြင့် ဆန်၊ သနပ်ခါး၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နှင့် အညာဒေသထွက်ကုန် ပစ္စည်းများအစ ရှိသည်တို့ကို လိမ်လည်၍ရောင်းချသည့် ဖြစ်ရပ်များမှာ ဆင်ခြေဖုန်း ရပ်ကွက်များတွင် သာမက မြို့သစ် မြို့နယ်များအပါအ၀င် အချို့သော မြို့နယ်များတွင်လည်း အလားတူ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

"ဒီအဖြစ်မျိုးတွေက ခဏခဏ ဖြစ်နေပါတယ်။ လူတွေကလည်း ဈေးသက်သာတယ်။ ပစ္စည်းကြိုက်တယ်ဆိုရင် ဘာကြောင့်ဒီလိုလျှော့ရောင်းရတာလဲ ဆိုတာကိုမစဉ်းစားဘဲ နေအိမ်တွေထဲကို အလွယ်တကူ ၀င်ခွင့်ပေးကြတယ်။ ကိုယ့်အိမ်ထဲကို သူစိမ်းတွေ၊ အကြောင်းမသိတဲ့သူ တွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ခေါ်ဖို့မသင့်ပါဘူး။ လူတိုင်းကို လည်းအလွယ်တကူနဲ့ မယုံကြည်သင့် ပါဘူး။ လူလိမ်အများစုက ရိုးသားတဲ့ပုံစံဖမ်းပြီး သားကောင်တွေရှာတတ် ပါတယ်။ အခုလိုကိစ္စမျိုးမှာ အမှန် တကယ်ရိုးသားဖြူစင်တဲ့ ကျေးလက် ဒေသခံတွေအတွက် များစွာ နစ်နာမှု တွေရှိပါတယ်"ဟု အငြိမ်းစား ရဲ ၀န်ထမ်းဟောင်းတစ်ဦးက ပြောပြခဲ့ ပါသည်။

ရပ်ကွက်များရှိ နေအိမ်များတွင်လည်း တံခါးများလုံခြုံစွာ ပိတ်ထားကြရန်နှင့် လူစိမ်းလာပါက အလွယ်တကူမဖွင့်ပေးကြရန်၊ အိမ်စောင့် ကျန်ရစ်ခဲ့သူများ အနေဖြင့်လည်း မပေါ့ဆကြဘဲ အထူးသတိရှိကြရန် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်လူကြီးများက သတိပေး ပြောကြားမှုများပြုလုပ်ကြကြောင်း ကို eleven ဂျာနယ် တွင်ဖော်ပြထားပါသည်.။

ရခိုင်ပြည်နယ် အနောက်ဖက်နယ်စပ် မောင်းတောမြို့နယ်စံပြကျေးရွာ ကလေးများတောင်းရမ်းစားသောက်နေရ



တောင်းရမ်း စားသောက် နေကြရတဲ့ ရခိုင်ပြည်နယ်ရှိ နတလ စံပြကျေးရွာရှိ ကလေးများ


ရခိုင်ပြည်နယ် အနောက်ဖက်နယ်စပ် မောင်းတောမြို့နယ်မှာ အစိုးရစီမံကိန်းနဲ့ တည်ထောင်ထားတဲ့ စံပြကျေးရွာတွေမှာ အစားအစာမလုံလောက်လို့ ကလေးငယ်တွေက နီးစပ်ရာဘုန်းကြီးကျောင်းတွေဆီသွားပြီး စားစရာတောင်းနေကြရပါတယ်။

“နတလ စံပြကျေးရွာက ကလေး အယောက် ၂၀ က နေ ၃၀ လောက်ရှိရာက အခုတလော အယောက် ၅၀ လောက် ဘုန်းကြီးကျောင်းတွေမှာ လာပြီး အလှူခံတာပေါ့လေ လာတောင်းကြတာပေါ့ ” လို့ မျက်မြင်တွေ့မြင်သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

နတလ စံပြ ကျေးရွာ တွေဆိုတာ ဗမာပြည်ဘက်က အစိုးရ အစီစဉ်နဲ့ ပြောင်းရွေ့လာရောက် နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး အစီအစဉ်နဲ့ နတလ စံပြကျေးရွာတွေကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မောင်းတော မြို့နယ် တစ်ခုထဲမှာ တင် ရွာ ၂၀ ရှိပါတယ်။ ဒီရွာတွေမှာ အလုပ်အကိုင် မရှိသူများပြားပြီး ကုန်ဈေးနှုန်းကလည်း ကြီးမြင့်လို့ ထမင်းနပ်မှန်အောင် မစားနိုင်ဘူး ဖြစ်နေကြပါတယ်။ ဒါကြောင့်မို့ အခုလို တောင်းစားသောက်တဲ့ ကလေးတွေ ပိုပြီး များလာနေတာ ဖြစ်တယ်လို့သိရပါတယ်။

သတင်းရင်းမြစ်..BBC

09 September 2010

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဘူးသော ရှိလို့ရှိ မှန်းမသိတဲ့အစိုးရကအကောင်းဆုံးဘဲဆိုခြင်းအားကိုနေဇော်နိုင်က အခုလိုရှင်းပြထားပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုက္ကဌ ဦးတင်ဦး ညီဖြစ်သော ဦးစိန်အောင်၏ ဈာပနာ..







ဘဘ ဦးတင်ဦး၏ ညီ ကွယ်လွန်ရှာပြီ

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အ၀၀တို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ ညီအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ၈.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်မှု အခမ်းအနား အား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က စတီးမှန်ရွှေခေါင်းနှင့် အသင်းသူ/သားများသည် ၀ိုင်းဝန်း ကူညီဖေးမ ပေးဆပ်ခဲ့ကြပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှဗိုလ်မှုးနိုင်မင်းနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲရဲမှုးတစ်ဦး စကားများရာဗိုလ်မှုးနိုင်မင်းပါလာသောသေနတ်နှင့်ထုတ်ပစ်

ယမန် နေ့ ညက နေပြည်တော် ဟိုတယ်ဇုန် အတွင်း ရှိ တော်ဝင်ကုမုဒြာ ဟိုတယ် အနီးတွင် ရှမ်းပြည်နယ် မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အစည်း အဝေး လာတက်သည့်ရဲမှုး တစ်ဦး ၏ အစိုးရ ကား ဆူဇူကီး အပြာရောင် နှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှုး နိုင်မင်း ဆိုသူစီးလာ သည့် ကိုယ်ပိုင်ကား မတ်တူး အဖြူရောင် တို့ တိုက်မိရာမှ ဗိုလ်မှုး နိုင်မင်း ဆိုသူ ကရှမ်းပြည် မှ (ကိုးကန့် ဒေသတွင် တာဝန် ကျသည် ဟု သိရသည်) ရဲမှုး အား ဆဲဆိုပြီး နောက်မူးမူးဖြင့် သူ့ တွင် ပါလာ သော ပစ္စတို သေနတ် ဖြင့် ထုတ်ပစ် သည် ဟု ဟိုတယ်ဇုန် ၀န်ထမ်း
တစ်ဦးက Freedom News Group သို့ ပြောသည်။

အင်္ဂါနေ့ ည ၁၂ နာရီခန့် တွင် ဟိုတယ် ဘား တစ်ခု မှာ သူငယ်ချင်း အရာရှိ နှစ်ဦး နှင့် အတူ သောက်စားပြီး ပြန်လာသည့် ဗိုလ်မှုး နိုင်မင်း သည် ကားရပ်ထားသည့် နေရာ မှ ထွက်ရန် နောက်သို့ ဆုတ်စဉ်ရဲမှုး ကား နှင့် တိုက်မိပြီး အဆိုပါ ရဲမှုး က ဖြစ်စဉ် ကို အမှု ဖွင့်ထားရန် လို ကြောင်း ပြောသည်တွင်သူ့ တွင် အသင့် ပါလာသည့် ပစ္စတို သေနတ် နှင့် ထုတ်ပစ်ခြင်း ဖြစ်သည် ဟု အမည်မဖော်လိုသည့်ဟိုတယ် ၀န်ထမ်း က သူမျက်မြင် တွေ့ ရှိ ပုံ ကို ပြောသည်။

သူက “သေနတ် သံ က နဲနဲ ကျယ်တယ် ဒါပေမယ့် ၊ဘားတွေ ပိတ်ချိန် ကားသံတွေ နဲ့ ဆူညံနဲ့ တော့ ဘာဖြစ်မှန်း မသိလိုက်ကြဘူး၊ ရဲမှုး လည်း မထိ ဘူး ၊ဘယ်သူမှ မထိ ဘူး သူ့ သူငယ်ချင်းတွေ ဆွဲထား တော့ သူက အမူး လွန်နေတာ သူက ရာထူး တိုး လို့ ဒီမှာ ဒင်နာ လာလုပ်တာ ဟုပြောသည်။

နေပြည်တော် ဟိုတယ် ဇုန် အုပ်ချုပ်ရေးမှုး ဖြစ်သူက မူ ထို ပြဿနာ ကို တွေ့ မြင်လိုက်သည့် ဟိုတယ်ဝန်ထမ်း များ အား မည်သူမှ ထုတ်ဖော် မပြောရ ဟု ခြိမ်းခြောက်ထားသည်။

လွန်ခဲ့သည့် စနေနေ့ က ပဲခူး အခြေစိုက် ခလရ ၅၉ မှ စစ်သားများ က သေနတ်ဖြစ် အကြောင်းမဲပစ်ခတ်သောကြောင့် လူငယ် နှစ်ဦးသေဆုံး ခဲ့ရသည်။

သတင်းရင်းမြစ်...Freedom News Group

ဘုန်းကြီးဦးဥတ္တ (ခေါ် ) ဆရာတော်ဦးဥတ္တမ (ခေါ် ) ဘိက္ခုဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင် အတ္တုပတ္တိ


*ဆရာတော် ဦးဥတ္တမ*အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ စက်တင်ဘာလ ၉ ရက်နေ့ ကျရောက်မည်ဖြစ်သောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူတစ်ရပ်လုံးသို့ အသိပေး တိုက်တွန်းအပ်ပါသည်။
ဆရာတော်ဦးဥတ္တမ • လွတ်လပ်ရေးမျိုးစေ့ချခဲ့သူ။ • ဟေ့ကောင် ကရက်ဒေါက်(အင်္ဂလိပ်ဘုရင်ခံ)မင်းထွက်သွားစမ်းပါ။ • ဒါတို့နိုင်ငံ…………?



ဘုန်းကြီးဦးဥတ္တ (ခေါ် ) ဆရာတော်ဦးဥတ္တမ (ခေါ် ) ဘိက္ခုဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင် (ဖိုင်တွဲအမှတ် - ၃ A – 1 OF 1927 )

အဖအမည် - ဦးမြသာဦး။

မိခင်အမည်-ဒေါ်အောင်ကျော့ဖြူ။


မွေးသက္ကရာဇ် - ခရစ်နှစ် ၁၈၈၀- ခု။ဒီဇင်ဘာ(၂၈)ရက်။


မွေးချင်း- ၃ယောက်တွင်အကြီးဆုံးသား။ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့်
ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။

မွေးရပ် - စစ်တွေမြို့ ။

ပညာအရေအချင်း -

အသက်(၁၃)နှစ်အရွယ်တွင် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားရာတွင် အကျော်တစောရှိသော ရွှေစေတီကျောင်းဆရာတော်ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။(၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေအဖြစ် သင်္ကန်းစည်းကြသည်။ ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့ နာမများရရှိခံယူကြသည်။ထို့နောက် အရှင်ဦးဥတ္တမရဟန်းဝတ်ဖြင့်ရန်ကုန်၊မအူပင်၊ပဲခူး၊တောင်ငူ၊မန္တလေးနှင့်ပခုက္ကူမြို့များတွင်လှည့်လည်နေထိုင်ပညာသင်ယူခဲ့သည်။ဗုဒ္ဓစာပေကျမ်းဂန်များကိုလည်းအပတ်တကုတ်လေ့လာကြိုးပမ်းဆည်းပူးခဲ့သည်။
တောင်ငူမြို့ တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရသည်။ တောင်ငူမြို့ မှ ရှမ်းမကြီး တစ်ဦးက သားအဖြစ်မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင် ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏ အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက်(၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင်အဖြစ် ဖြေဆို အောင်မြင် ခဲ့သည်။ထိုနှစ်မှာပင် ကာလကတ္တားမှပြန်လာပြီး ရှင်ဝတ်ဖြင့် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သင်ယူသည်။

ထိုစဉ် ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ရဟန်းဒါယကာပြု၍ အသက်(၂၀) အရွယ်တွင် ရဟန်းအဖြစ်ခံယူသည်။အရှင်ဥတ္တမသည် ရဟန်းအဖြစ်ခံသည်။အိုင်စီအက်စ်(I.C.S) ရာထူးမှ နုတ်ထွက်ပြီး အမျိုးသားကောလိပ်ကို တည်ထောင်သော ဗင်နိုဂို့ရှ်၏ ကောလိပ်တွင် အရှင်ဥတ္တမက ပါဠိနှင့် ဗုဒ္ဓ ဘာသာစာပေတို့ကို ကူညီပို့ချ ပေးလေသည်။

သက္ကတစသော ရှေးဟောင်းဟိန္ဒူစာပေကျမ်းများကို သင်ယူဆည်းပူးသည်။ထိုအချိန်မှာ မြန်မာပြည်တွင်လည်း နိုင်ငံရေးကိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခြင်းမပြုကြသေးသော်လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A=youngmen'sbuddhistsassociations) ကို တက္ကသိုလ် ပညာ တတ များဖြစ်သော ဦးဘဖေ (ဘကြီးဘဖေ) ၊ ဦးမောင်ကြီး(အမ်အေ) ၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်းထုထောင်ပြီး အမျိုး ဘာသာ၊ သာသနာ၊ ပညာဟူသော ဆောင်ပုဒ်ဖြင့် စတင်လှုပ်ရှားလာကြသည်။ အရှင်ဥတ္တမကိုယ်တော်တိုင်အိန္ဒိယမှ ပြန်ရောက်လာပြီး ၀ိုင်အမ်ဘီအေလှုပ်ရှားမှုကို တက်ကြွစွာ ဦးဆောင်ခဲ့သည်။၁၉၀၇-ခုနှစ် ၊ ဇန်န၀ါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှုး (Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အိုတာရီနှင့်အတူနေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ထိုစဉ် ဂျပန်စာ၊ စကား ၊ အယူဝါဒ ၊ ဓလေ့ထုံးစံတို့ကို ကိုယ်တိုင်သင်ယူပြီး တစ်နှစ်အကြာစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ ဆရာတော်သည် မြန်မာစာပေကျမ်းဂန်တို့အပြင်ပါဠိ ၊ ဘင်္ဂါလီ ၊ နာဂရီ ၊ သက္ကဋ၊ အင်္ဂလိပ်၊ တိဘက် ၊ ဂျပန် ၊ပြင်သစ်ဘာသာစကားကိုးမျိုးကို တတ်မြောက်သည်။

လက်ရှိနေရပ် - ကလကတ္တားမြို့  ၄ အေ၊ ကောလိပ်စကွဲ (College Square ) - မဟာဗောဓိအသင်း(Maha Bodhi Society)။

အလုပ်အကိုင် - ဘုန်းကြီး - ၀ါဒဖြန့်ချီရေးသမား။

ပုံသဏ္ဌာန် အရပ်အမြင့် - ၅ ပေ ၄ လက်မ။

ကိုယ်လုံးကိုယ်တည် - တောင့်တင်းသည်။


ဆံပင် - ပြောင်အောင်ရိတ်ထားသည်။

မျက်ခုံးများ - ပါး၍ကောက်ကွေးသည်။


နဖူး - ကျယ်၍မြင့်သည်။


မျက်လုံးများ - နက်ပြောင်သည်။

မျက်စိအမြင် - မျက်မှန်တပ်ရသည်။


နှာခေါင်း - ကြီးသည်။

ပါးစပ် - စိစိပိတ်သည်။


လက်ချောင်းများ - တို၍ တုတ်သည်။


နားရွက်များ - အနေတော်။

ဦးခေါင်းနှင့် ကပ်နေသည်။

နားဖောက်ထားသည်။


မျက်နှာ - ၀ိုင်းသည်။

အသားရောင် - အ၀ါရောင်ဖျော့ဖျော့။

မှတ်ဆိတ်မွှေး - မရှိ။
နှုတ်ခမ်းမွှေး - မရှိ။

အမှတ်အသား - အပေါ်နှုတ်ခမ်းလက်ဝဲဘက်တွင်စောင်းစောင်း
ဓါးပြတ်ရာတစ်ခုရှိသည်။ ဂုတ်တွင် မှည့်တစ်လုံး ရှိသည်။ နဖူး၏ လက်ျာဘက်၌ အမာရွတ်တစ်ခုရှိသည်။

ထူးခြားချက်များ -မတ်မတ်လမ်းလျှေက်သည်။စကားကို ကျယ်ကျယ်နှင့်မြန်မြန် ရခိုင်သံဝဲ၍ပြောသည်။ အိန္ဒိယ အမျိုးသားတစ်ဦးကဲ့သို့ ပြုံး ရွှင်သော အမူအရာရှိသည်။ စကားပြောရာ၌ ပွဲကျအောင်ပြောသည်။

ဝတ်ဆင်နေကျ - ပင်နီိပိတ်ဖြင့် လုပ်ထားသော သင်္ကန်းအ၀ါရောင်။


မြင်လျှင်မှတ်မိသောအရာရှိများ
မြန်မာနိုင်ငံ မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန ( C. I .D Burma) ရှိထောက် လှမ်းရေးဌာနမှ မြန်မာအရာရှိအားလုံး။

“ဦးဥတ္တမပန်းခြံ”

“၂၂ နှစ် ကြာခဲ့ပြီးမှ”ကမ္ဘာ့နိုင်ငံရေးဗဟုသုတကို ဗမာ့နိုင်ငံရေးလောကသို့ သယ်ယူဆောင်ကြဉ်းလာ၍ ဗမာပြည်သူပြည်သားများအား နိုင်ငံရေးအသိဉာဏ်မျက်စိကို ပထမဆုံး ဖွင့်ပေးခဲ့သည့်

ဆရာတော်ဦးဥတ္တမ…

အင်္ဂလိပ်အစိုးရ၏ စစ်တပ်၊ ပုလိပ်တပ်၊ ရုံး၊ ထောင်၊ ဂါတ်အမျိုးမျိုးနှင့် ဥပဒေဆိုးကို ရောစွက်ကာအဘက်ဘက်မှ ဖိနှိပ်ချုပ်ချယ်မှုကိုခံနေရချိန်တွင်ဗမာပြည်သူပြည်သားရဟန်းရှင်လူများအားနယ်ချဲ့ဆန့်ကျင်ရေးသဘောတရား
နှင့် လက်တွေ့လုပ်ငန်းကို ပထမဆုံး ပေါင်းစပ်ပေးခဲ့သည့် ဆရာတော်ဦးဥတ္တမ……နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ၏ နိုင်ငံရေးအရ ပထမဆုံး ဖမ်းဆီးထောင်ချခြင်းခံရ၍ ဗမာတစ်မျိုးသားလုံးအား ရှေ့ဆောင်လမ်းပြခဲ့သည့်ဆရာတော်ဦးဥတ္တမ…….ဆရာတော်၏ဘွဲ့အမည်နာမသည် ဆရာတော်ပျံလွန်တော်မူခဲ့သည့် ၁၉၃၉ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း ၂၂ နှစ် ကြာခဲ့ပြီး လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း ၁၂ နှစ်တိုင်တိုင် ရှိခဲ့ပြီးမှ “ဦးဥတ္တမ အထိမ်းအမှတ်ဖြစ်မြောက်ရေးအဖွဲ့”၏ ၆-နှစ်တိုင်တိုင် ကြိုးပမ်းမှုကြောင့် လွန်ခဲ့သော ၁၉၆၁ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက် (ဆရာတော်၏ ၈၂ နှစ်မြောက် မွေးနေ့ဖြစ်သော ပြာသိုလဆန်း ၁၂ ရက်) နေ့က ရန်ကုန်မြို့တော်မှ ပန်းခြံတစ်ခုအား “ဦးဥတ္တမပန်းခြံ”ဟူ၍ အမည်တပ်သတ်မှတ်ခြင်းခံခဲ့ရ လေသည်။


“တိုက်ဆိုင်မှုတစ်ခု”

မည်သို့င်ဖြစ်စေ ယင်းအမည်တပ် သတ်မှတ်မှုသည် တစ်စုံတစ်ခုသောတိုက်ဆိုင်မှုကြောင့် ထူးခြားသည် ဆိုင်နိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလိပ်နယ်ချဲ့သမားများ ဗမာပြည်ကို ၀င်ရောက် သိမ်းပိုက်ပြီး အင်္ဂလိပ်စစ်တပ် အလုံးအရင်းနှင့် တပ်စခန်းချရာစစ်နယ်မြေကို အကြောင်းပြု၍ အမည်ပေးခဲ့သော ရွှေတိဂုဏ်စေတီတော်ခြေရင်းမှ“ကန်တော်မင်ပန်းခြံ”ကိုယင်းအင်္ဂလိပ်နယ်ချဲ့စစ်တပ်များ၏အကြမ်းဖက်ရိုက်နှက်
ဖမ်းဆီးနှိပ်စက်မှုများအကြားမှ မတုန်မလှုပ် နောက်မဆုတ်ဘဲ ရဲရဲတောက်ရင်ဆိုင်ခဲ့သောဆရာတော်ဦးဥတ္တမ၏ ဘွဲ့အမည်ကို ပြောင်းလဲကာ “ဦးဥတ္တမပန်းခြံ”ဟူ၍ သတ်မှတ်လိုက်သောကြောင့်ပင် ဖြစ်ပေသည်။


“လေးကိုင်းသဏ္ဍာန် နံရံကြီး”

အဆိုပါဦးဥတ္တမပန်းခြံစတင်ဖွင့်လှစ်သည့်နေ့ကဦးဥတ္တမ၏နိုင်ငံရေးဆောင်ရွက်ချက်များကိုပန်းချီဖြင့်သရုပ်ဖော်
ထားသည့်ရှည်လျားသည့်ပိတ်ကားနံရံကြီးနှင့်ထိုနံရံကြီးရှေ့အလယ်ဗဟိုတွင်ဦးဥတ္တမရုပ်တုပု့တော်(ရွှံ့စေးနှင်
့ကိုယ်တပိုင်း) ကို တွေ့မြင်ကြရသည်။
ယင်းနံရံပန်းချီနှင့် ဆရာတော်၏ ရုပ်တုပုံတော်များမှာ ယာယီဆင်ယင်ပြသထားခြင်း ဖြစ်သည်။ တကယ်တန်း ထုလုပ်ပြီးစီးသည့်အခါတွင် လေးကိုင်းသဏ္ဍာန် နံရံကြီးမှာ အလျား ၆၅-ပေ အမြင့်၁၂ပေရှိမည်ဖြစ်၍နံရံကြီးရော နံရံမှ ကိုယ်လုံးကြွရုပ်ပုံများပါ အင်္ဂတေဖြင့် တွေ့မြင်ကြရမည် ဖြစ်သည်။ ဦးဥတ္တမ ပုံတော်မှာလည်း အလုံးစုံပြီးစီးသည့်အခါတွင် အမြင့် ၉-ပေရှိ မတ်တတ်ရပ် ကြေးရုပ်ပုံတော်ကြီးအဖြစ် သွန်းထုပြုလုပ်ထားရှိမည်ဟု သိရသည်။အဆိုပါ နံရံပန်းချီရုပ်တုများနှင့်အထူးသဖြင့် ဦးဥတ္တမဆရာတော်၏ ကြေးရုပ်ပုံတော်ကို ပန်းပုဆရာကြီး ဦးဟန်တင်က သွန်းလောင်းထုလုပ်ရန် စီစဉ်ရာထားသည်။

“ပန်းပုဆရာ၏ အနုပညာ”

ပန်းခြံဖွင့်ပွဲ အခမ်းအနားနေ့က မြင်တွေ့လိုက်ရသော ဆရာတော်၏ ကိုယ်တပိုင်းရုပ်ထုမှာ ဆရာဦးဟန်တင်၏ အနုပညာလက်ရာ မြောက်မှုကို အပြည့်အ၀ ဖော်ပြနေသည်ဟုပင် ဆိုနိုင်သည်။ဦးဟန်တင်သည် ဆရာတေ်၏ ပုံကို လွန်ခဲ့သော ၂-နှစ်ခန့်ကပင် ထုလုပ်ခဲ့သည်ဟု သိရသည်။ သို့ထုလုပ်စဉ်က ယင်းပုံတူရုပ်တုကို မည်သူကမှ ခိုင်းစေခြင်းမပြုခဲ့သည်မဟုတ်၊ ပန်းပုဆရာပီသသည့် ဦးဟန်တင်၏ အနုပညာဗီဇကြောင့် တိုင်းပြည်တွင် ထင်ရှားသော ပုဂ္ဂိုလ်ကျော်များ၏ ရုပ်တုပုံတူများကို အချိန်ရတိုင်း အလဟဿမဖြစ်စေဘဲ ထုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤတွင် ၁၉၅၄ ခုနှစ်ကပင် စတင်၍ တိုးချဲ့ဖွဲ့စည်းခဲ့သောဦးဥတ္တမအထိမ်းအမှတ်ကော်မတီသည်ဆရာတော်ကို ဂုဏ်ပြုသောအားဖြင့် ကြေးရုပ်ပြုလုပ်ထားရှိရန်နှင့် ဦးဥတ္တမလမ်း ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမ စာသင်ကျောင်း စသည်တို့ ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ အစိုးရတို့နှင့် တဘက်မှ အရေးဆိုနေလေရာ ဦးဟန်တင်သည် ယင်းကော်မတီနှင့် တွေ့ဆုံကာ ဆရာတော် ဦးဥတ္တမပုံတူရုပ်တုကို ပြသခဲ့သည်။


“မျက်ရည်ကျရှာသူ”

ကော်မတီကလည်း ပို၍ တိကျသေချာစေရန် ဆရာတော်ဦးဥတ္တမ နှစ်မ ဒေါ်အိမ်စိုးကို ခေါ်၍ ရုပ်တုကို ပြသခဲ့ရာ ဒေါ်အိမ်စိုးသည် ဦးဟန်တင်၏ လက်ရာဖြစ်သော ဆရာတော်၏ကိုယ်တပိုင်းရုပ်တုကို ကြည့်ကာ မျက်ရည်ကျခဲ့ရရှာသည်။ သို့ဖြစ်ရာ ဦးဥတ္တမ အထိမ်းအမှတ်ဖြစ်မြောက်ရေးကော်မတီ၏ တာဝန်ပေးချက်အရ ဆရာတော်၏ ကြေးရုပ်ပုံတူ (တကိုယ်လုံး) ထုလုပ်ပြီးစီးသည့်အခါတွင် ဆရာဦးဟန်တင်၏ လက်ရာပြောင်မြောက်မှုဖြင့် ဆရာတော်၏ ကြေးရုပ်မှာ ယခုထက် ပိုမိုသက်ဝင် လှုပ်ရှားလာလိမ့်မည်ဟု မျှော်လင့်ရသည်။


ဆရာတော်ဦးဥတ္တမ


ဆရာတော်ဦးဥတ္တမ သည် ကျဉ်းမြောင်းနုန့်နဲ့သော အမျိုးသားစိတ်ဓာတ်များ ကမ္ဘာကိုလွှမ်းခြုံ၍ နေစဉ်၌ပင် လွတ်လပ်ရေးစိတ်ကား တမျိုးသားတည်း တပြည်ထောင်တည်းအတွက်သာ မဟုတ် နယ်ချဲ့ကိုလိုနီ စံနစ်အောက်၌ စုန်းစုန်းမြုပ်သော အာရှတိုက်ကြီးတတိုက်လုံးအတက်ဖြစ်သည်ဟု စွဲမှတ်ယုံကြည်ရုံမက နယ်ချဲ့ ၏မျက်နှာကို ရဲရဲကြည့်ကာ နယ်ချဲ့ ၏အင်အားဖြင့် ဖိနှိပ်သမျှသောဆင်း ရဲ ဒုက္ခမျိုးမျိုးတို့ကို မတွန့်မဆုတ် ခံယူခဲ့၏။

ဆရာတော်၏ကြိုးပမ်းမှုကြောင့်မန်မာနိုင်ငံသားတို့သည်အိပ်သောယေက်ျားနိုးသောလားသို့လွတ်လပ်ရေးလမ်းစ
ကိုမြင်ကြရ၏။ ဆရာတော်ကား ယခုမြန်မာ နိုင်ငံတော်သူနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရ၍ ခံစားစံစားနေရသော အချုပ်အခြာ အာဏာပိုင်လွတ်လပ်ရေး ဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သောအာဇာနည် မျိုးချစ်ပုဂ္ဂိုလ်ကြီးပေ တည်း။


ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး


ခေါင်ဇာနည်ဝင်၊ ပြောင်မာတင်သည့်၊ မြရှင်သကျ၊ သမ္ဗုဒ္ဓ၏၊ ပုတ္တရင်းစစ်၊ ဖြစ်ကြီးဖြစ်၍၊ မဟစ္ဆရီ၊ အံ့လောက်ဘိသား၊ တြိသာသနာ၊ စက်ရောင်ဝါနှင့်၊ မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်၊ သက်စွန့်လျက်ပင်၊ ရွှေလမ်းထွင်သား၊ အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်၊၀ံသပါလိတ်၊ ရဲတိဟိတ်သို့၊ စိတ်စေတနာ၊ စူးစိုက်စွာလျှင်၊ မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့၊ ပစ်ချိန်ကျင်းကျင်း၊ ရန်မာန်ခွင်းသည်၊ ဘက်ကင်းတေဇော်ရှိန်ဘုရား။သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့် နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင်ဖြစ်ပေသည်။ ဆရာတော်ဦးဥတ္တမသည် ဒေးဒရဲမြို့အပိုင် ဆူးကလပ်ရွာတွင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောပြောမှုဖြင့် မအူပင်ထောင်တွင် ၁၂ လမျှ အကျဉ်းချခံခဲ့ရသည်။၁၉၂၂ ခု ဇွန်လ ၂၆ ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်သည်။ ထိုသို့ ဆရာတော် ထောင်မှ လွတ်မြောက်လာသည့်အခါ ၁၉၂၂ ခု ဇူလိုင်လ ၂၃ ရက်နေ့တွင် ရဟန်းရှင်လူများက ရန်ကုန်မြို့ ဂျူဗလီဟောတွင် တခဲနက် ဂုဏ်ပြုပူဇော်ကြသည်။


ယင်းပူဇော်ပွဲတွင် လယ်တီပဏ္ဍိတဆရာ ဦးမောင်ကြီးက အထက်ဖော်ပြပါ ဘဒ္ဒန္တဥတ္တမအရှင်သူမြတ် ဘုန်းတော်ဘွဲ့မင်္ဂလာရတုဖြင့် ရေးသားပူဇော်ဂုဏ်ပြုခဲ့လေ ည်။
ဆရာတော်ဦးဥတ္တမသည် ဤသို့ ချီးကျူးပူဇော်ခံထိုက်အောင်ပင် ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေး တို့တွင် အမျိုးသားများ တက်ကြွလာစေရန် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းခဲ့သည်။ဆရာတော် ဦးဥတ္တမ၏ ဘ၀နိဒါန်းပိုင်းသည် တနိုင်ငံလုံး အုတ်အုတ် ကျက်ကျက် တခဲနက်ဖြစ်အောင်အောင်မြင်ကျော်ကြားခဲ့ သော်လည်း ဆရာတော်၏ ဘ၀နိဂုံးမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။


တနည်းဆိုလျှင်နိုင်ငံရေးခေါင်းဆောင်ဗိသုကာတဦး၏ဘ၀ကိုနိုင်ငံရေးကပင်ဖျက်ဆီးခဲ့ခြင်းဖြစ်ပေသည်။ဆရာ
တော် ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှ အစပြု၍ ကလောင်ကိုကိုင်၍ တရားဟော စင်မြင့်ပေါ်တက်၍ မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့သည်။
သူပြောသမျှ စကား၊ သူဟောသမျှ ရဲရဲတောက် တရားများသည် လွတ်လပ်ရေး မွတ်သိပ်နေသူပြည်သူများအဖို့ အားဆေးတစ်ခွက်ဖြစ်ခဲ့သည်။ ဒူးထောက်ခေါင်းငုံ့နေကြရရာမှ ရင်ကော့ခေါင်းမော့လာနိုင်ကြသည်။


“ဆာဂျီနယ် ကရက်ဒေါက်………သင် ဗမာပြည်က ထွက်သွားလိုက်ပါ”ဆရာတော်က အုပ်စိုးသူ အင်္ဂလိပ်ဘုရင်ခံထံ စာဖြင့် ကန့်ကွက်ရေးသားပေးပို့ လိုက်သည့်အခါ အမျိုးချစ်သူများက ကြက်သီးမွေးညှင်းထမျှ အားရကျေနပ်ခဲ့ကြသည်။
ဆရာတော်အား ဆူကလပ်ရွာတွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဟောပြောမှုဖြင့် မအူပင်တွင် ထောင်ဒဏ် အပစ်ပေးလိုက်သည့်အခါ ပုသိမ်မှစ၍ တနိုင်ငံလုံး သံဃသမဂ္ဂီ အသင်းများ၊ ကုမ္မာရီအသင်းများမှာ အုံကြွမှုပေါ်ပေါက်လာ၍ တနိုင်ငံလုံး စည်းလုံးမိသွားကြသည်။ ဆရာတော်ဦးဥတ္တမသည်ပြည်သူများ၏လေးစားကြည်ညို၍ပြည်သူများနှင့်တသွေးတည်းတသားတည်းဖြစ်သည်။


အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုဖြင့်၁၉၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ရန်ကုန်မြို့တွင် ထောင်ဒဏ် ၃နှစ်ရုံးတင်အပြစ်ပေးခံခဲ့ရသည့်အခါဖိုက်စကွဲယား(ပန်းခြံဗန္ဓုလပန်းခြံ)တွင်သွေးမြေကျလူထုဆန္ဒပြပွဲ
ဖြစ်ပွားခဲ့ပြီး ယင်းမှအစပြု၍ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များလွှမ်းမိုးပြန့်ပွားသွားကြပြန်သည်။ဆရာတော်၏ ဘ၀ နိဒါန်းပိုင်းသည် လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးတန်ဆောင်။ဆရာတော်၏ ဘ၀နိဂုံးပိုင်းက ထိုသို့မဟုတ်ပြီ။ အင်္ဂလိပ်အစိုးရက အိမ်ကြက်ခြင်း အိုးမည်သုတ်ခွပ်စေသော ၉၁ ဌာန အုပ်ချုပ်ရေးကို ပေးအပ်လိုက်သဖြင့် မြန်မာပြည်ကို အိန္ဒိယပြည်က ခွဲထွက်ပြီးလျှင် ၁၉၃၆ ခု၊ နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပရန်စီစဉ်သည်။သည်တွင်နိုင်ငံရေးပါတီများအဖို့အနိုင်ရရှိရန်ကြိုးပမ်းရာ၌ဆရာတော်ဦးဥတ္တမ
ကိုချဉ်းကပ်စည်းရုံးကြသည်။



ထိုအချိန်ကဆရာတော်မှာ ဆီးချိုရောဂါနှင့် အသက်အရွယ်ကြီးရင့်လာ ၍စိတ်ပန်း ကိုယ်နွမ်းဖြစ်နေသဖြင့်လည်းကောင်း၊နိုင်ငံရေးခေါင်းဆောင်များစည်းရုံးမှုမရှိဘဲရာထူးအာဏာရရှိရေးသာကြိုးပမ်း
နေကြသဖြင့်
လည်း ကောင်း နိုင်ငံရေးလုပ်ဆောင်မှု ရပ်ဆိုင်း၍ အိန္ဒိယနှင့် ဗမာပြည် အလျဉ်းသင့်သလို နေထိုင်လျက် ရှိနေသည်။ ထိုစဉ် ငါးဖွင့်ဆိုင်အဖွဲ့မှ ဆရာတော်အား လှည့်ဖျားစည်းရုံး၍ အိန္ဒိယမှ ရန်ကုန်သို့ ပင့်ဆောင်လာကြသည်။ နိုင်ငံရေးစိတ်မကုန်သောဆရာတော်မှာငါးပွင့်ဆိုင်အတွက်မဲဆွယ်ပေးရန်ရန်ကုန်သို့ရောက်ရှိခဲ့ပြန်သည်။ နိုင်ငံရေးပါတီအချို့မှမျိုးချစ်လူငယ်အချို့ကဆရာတော်ထံသွားရောက်၍မေတ္တာရပ်ခံသော်လည်းအရှိန်အ၀ါ ကောင်းသော ငါးပွင့်ဆိုင်များ၏ စကားနားဝင်သဖြင့် မည်သို့မျှ မတတ်နိုင်ကြတော့ချေ။ ဆရာတော် ဦးဥတ္တမသည် ငါးပွင့်ဆိုင်အတွက် အနယ်နယ်တရားဟောရာတွင်လေယာဉ်ပျံနှင့်ပင်ခမ်းခမ်းနားနား ကြွရောက်ဟောပြောရသည်။

ဆရာတော်ကို မမြင်မတွေ့ရသည်မှာ ကာလအတန်ကြာပြီဖြစ်သဖြင့် ဆရာတော်၏ ငါးပွင့်ဆိုင်တရားပွဲမှာ ပရိသတ်တိုးမပေါက်အောင် စည်းကားသည်။
၉၁ ဌာန ရွေးကောက်ပွဲတွင် ဦးဘဖေခေါင်းဆောင်သောငါးပွင့်ဆိုင်အဖွဲ့၊ဒေါက်တာဘမော်အဖွဲ့၊ဦးချစ်လှိုင်အဖွဲ့၊ကိုယ့်မင်းကိုယ့်ချင်းတိှုှ့ဗမာ
သခင်အဖွဲ့၊ ဖေဘီယန်အဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ဆရာတော်၏ အရှိန်အ၀ါဖြင့် အခြားနိုင်ငံရေးအဖွဲ့များထက် ငါးပွင့်ဆိုင်က အပြတ်အသတ် အမတ် ၄၆ နေရာဖြင့် အနိုင်ရရှိခဲ့သည်။


သို့သော်လည်းဝန်ကြီးရာထူးအဝေမတည့်သောကြောင့်ငါးပွင့်ဆိုင်ခေါင်းဆောင်ဦးဘဖေမှာအစိုးရမဖွဲ့နိုင်တော့ ချေ။ အမတ် ၁၆ နေရာသာ ရရှိသည်။ ဒေါက်တာ ဘမော်ကညွန့်ပေါင်းအစိုးရဖွဲ့၍ နန်းရင်းဝန်ရာထူး ရယူသွားလေသည်။သည်တွင် ဆရာတော်ဦးဥတ္တမအဖို့ နိုင်ငံရေးသံဝေဂရစရာ ကြုံရလေတော့သည်။ နိုင်ငံရေးသမားအချို့မှာ ဆရာတော်၏ အရှိန်အ၀ါဖြင့် ၀န်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ်စသည်တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရောဂါသည်ဘ၀ဖြင့် ပြုစုသူ ကင်းကာ ရပ်တည်ရာမရ စိတ်ထင်ရာ ရန်ကုန် လမ်းမများပေါ်တွင် လျှောက်သွားလျက်ရှိသည်။


ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော သင်္ကန်းကြီးကို ပိုသီပတ်ပီ ၀တ်ရုံ၍ လွယ်အိတ်ကြီး တလုံးလွယ်ကာ ထီဖိနပ်မပါ သတင်းစာတိုက်များသို့ လျှောက်သွားပြီး အင်္ဂလိပ်၊ မြန်မာ သတင်းစာများကို တောင်ယူလေ့ရှိသည်။ ရရှိသော သတင်းစာများကို လမ်းဘေးတိုက်ရိပ်၊ သစ်ပင်ရိပ်များအောက်တွင် ထိုင်ဖတ်လေ့ရှိသည်။ အသက်အရွယ်ကြီး၍ အိုမင်းနေသည့်အပြင် ဆီးချိုရောဂါ၊ ခြေထောက်အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့မျှပင် သွားလာနေရသည်။ လမ်းတွင် သတိမေ့လဲပြိုနေသည့်အခါ ဆရာတော်ကို ကြည်ညိုလေးစားသူများက သူတည်းခိုရာသို့ ပို့ဆောင်ပေးကြသည်။ ဆရာတော်ဦးဥတ္တမသည်ကိုယ်စိတ်နှစ်ပါးဝေဒနာနှစ်ရပ်စလုံးခံစားနေရလေသည်။


ဆရာတော်အားပြုစုသူကင်း၍ ဤမျှအခြေအနေဆိုးလာသည့်အခါ ၁၉၃၉ ခု သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရခိုင်ရဟန်းတော်များ သမဂ္ဂအသင်း၏ ၄ ကြိမ်မြောက် အစည်းအဝေးမှ ဆရာတော်ဦးဥတ္တမအား စောင့်ရှောက်ရန် ဆုံးဖြတ်ကြသည်။
ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း အပြစ်တင်ဝေဖန်ကြလေသည်။ ရခိုင်ရဟန်းတော်များသမဂ္ဂမှ ရဟန်းတော်များသည် ဆရာတော်နေထိုင်ရာ အာစရိယသမဂ္ဂအသင်းတိုက်သို့ သွားရောက် တွေ့ဆုံသည့်အခါ သွားရောက်တွေ့ဆုံသူများကိုအတွေ့မခံငြင်းဆန်လျက်သတိမကောင်းတော့ဘဲ လုပ်ချင်ရာ လုပ်နေလေပြီ။သည်တွင် သူရိယတိုက်အုပ် ဦးဘကလေး၏ အကူအညီဖြင့် ရခိုင်သံဃာတော်များက ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြသည်။ အထူးခန်းမရှိသေးသဖြင့်ရန်ကုန်ဆေးရုံကြီးအခန်းနံပါတ်၈ခုတင်နံပါတ်၁၇ကုသိုလ်ဖြစ်အခန်းတွင်တင်ပို့ကုသကြ
သည်။သြဂုတ်လ ၂၅ ရက်နေ့တွင် သူရိယဦးဘကလေး၊ မြို့တော်ဝန် ဦးဘ၀င်း၊ ကပ္ပတိန် ဘဖူးတို့ ဆေးရုံသို့ သွားရောက်၍ ဆရာတော်အား အားပေးစကား ပြောကြားရာ ဆရာတော်မှာ စကားပီသအောင် ပြောနိုင်၍ သတိလစ်ခြင်း မရှိတော့ပေ။
သြဂုတ်လ ၂၇ ရက်နေ့တွင် ဦးဘကလေး အကူအညီဖြင့်ပင် ကုသိုလ်ခန်းမှ အထူးခန်း ၁၃ ခုတင် နံပါတ် ၁၁ သို့ ပြောင်းရွှေ့ကုသသည်။ ဆရာဝန်ကြီးများက အထူးဂရုစိုက် ကုသကြသည့်အတွက် ဆရာတော်၏ ဝေဒနာမှာ သက်သာစ ပြုလာသည်။ သို့သော် မအူပင် ထောင်ကျစဉ်အခါကပင် နှစ်ရှည်လများ စွဲကပ်လာသော ခြေထောက်ကင်ဆာရောဂါမှာ ရိုးရိုးကုသ၍ မဖြစ်နိုင်တော့၊ ခြေထောက်ဖြစ်ကုမှသာ အသက်ရှင်နိုင်တော့မည်။ဆရာဝန်ကြီးများက ဦးဘကလေးအား အကြံပေးသဖြင့် ဆရာတော်အား လျှောက်ထားရာဆေးရုံပေါ်မှ ဇွတ်ဆင်း၍ ၄၆ လမ်း ကုလားအသင်းတိုက်ပေါ်တွင် သွားရောက်သီတင်းသုံးနေလေသည်။ထို့နောက်ပိုင်းတွင် ဆရာတော်သည် ပြန်လည်နာလန်မထူနိုင်တော့ဘဲ ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင် ပျံလွန်တော်မူသည်။





ဆရာတော် ဦးဥတ္တမ ပန်းခြံ





ဆရာတော် ဦးဥတ္တမ ရဲ့ အမှတ်တရကို ကျမ သတိတရနဲ့ တင်ပြ ခဲ့တာပါ။သူရဲ့ ဖြတ်သန်းလာခဲ့တဲ့သမိုင်း တလျှောက်ကို သေချာအသေးစိတ်ဖတ်ရှုချင်ရင်တော့(http://ottama.multiply.com) အဲဒီနေရာလေးတွင် အသေးစိတ်လေ့လာနိုင်ပါသည်။ကျမ ကိုယ်တိုင်လဲ ဖတ်ရှုပြီးပြန်လည်မျှဝေလိုက်ပါသည်။


ရင်းမြစ်။( http://ottama.multiply.com/)

08 September 2010

အချက်ပေါင်းမြောက်များစွာမင်းမဲ့စရိုက်အသွင် စစ်အာဏာရှင်တွေရက်ရက်စက်စက်ပစ်သတ်လိုက်တဲ့အပြစ်မဲ့တဲ့ ကျောင်းသားလူငယ်(၂)ဦးရဲ့ ဈာပန ရုပ်သံမြင်ကွင်း



အပြစ်မဲ့ ကျောင်းသားလူငယ် (၂) ဦး ၏ နောက်ဆုံး ဈာပနမှတ်တမ်းအား မြန်မာ ပြည်သူများအတွက် သမိုင်းဝင် မှတ်တမ်း တစ်ခုအဖြစ် ပြန်လည် စုစည်း ဖော်ပြပေးသော BURMA TODAY အားအထူးကျေးဇူးတင်ရှိပါသည်.။
Download:
FLVMP43GP

စစ်အာဏာရှင် လူသတ်သမားဦးသန်းရွှေ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာရုပ်သံမှတ်တမ်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဟူကျင်တောင်း ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ယနေ့နံနက် (၁၀) နာရီ (၁၅) မိနစ်က အထူး လေယာဉ်ဖြင့် နေပြည်တော် လေဆိပ်မှ ထွက်ခွားသွား ခဲ့သည် ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊

နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန်၊

နိုင်ငံတော်ကောင်စီဝင် ဦးတင်အေး၊

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊

ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊

ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော် အရာရှိကြီးများ မှ ပို့ဆောင် ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ

နိုင်ငံတော် ကောင်စီဝင် ဦးသူရရွှေမန်း၊

အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး၊

ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊

ဦးစိုးသာ ၊ ဦးတင်နိုင်သိန်း ၊ ဦးသောင်း ၊ ဦးဥာဏ်ဝင်း ၊ ဦးသိန်းညွန့် ၊ ဦးသိန်းဆွေ ၊ ဦးသိန်းဇော် ၊ ဦးလွန်းသီ ၊ ဒေါက်တာ ကျော်မြင့် ၊ ဗိုလ်ချုပ် သန်းအောင် ၊ ဒေါက်တာ ပိုင်စိုး တို့ လိုက်ပါ သွားကြသည်။

စစ်အာဏာရှင်တွေကပြည်သူအသက်တွေကိုပြည်သူငွေကြေးနဲ့ ဝယ်ထားတဲ့လက်နက်တွေနဲ့မင်းမဲ့စရိုက်ကိုယနေ့ထိပြုလုပ်နေဆဲ

ဧရာဝတီသတင်းဌာန

စစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့ရသော ပဲခူးမြို့မှ လူငယ် ၂ ဦး၏ ဈာပနကို ယနေ့ ကျင်းပရာ အာဏာပိုင်များက မိသားစုဝင်များကို သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ကြည့်ရှုခွင့်မပြု ခဲ့ကြောင်း သိရသည်။

“ညီလေးရဲ့ နောက်ဆုံး ရုပ်ကလာပ် ကိုတောင် မြင်ခွင့်မရှိပါဘူးဗျာ။ ရေခဲတိုက်က ထုတ်တော့လည်း အရပ်ဝတ် လုံခြုံရေးတွေ ဦးစီးပြီး ကြက်ခြေနီတွေက ထုတ်တယ်။ ကျနော်တို့က အပြင်က စောင့်နေရတယ်။ သုသာန် မှာလည်း အခေါင်းနားကို မိသားစု ကပ်ခွင့် မပေးဘူး။ သရဏဂုံ တင်ပြီးတာနဲ့ သူတို့ဟာ သူတို့ မီးရှို့စက်ထဲ ထည့်ပစ် လိုက်ကြတာ” ဟု သေဆုံးသူ မောင်စိုးပိုင်ဇော်၏ မိသားစုဝင် တဦးက ပြောသည်။

လွန်ခဲ့သော စနေနေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှ ထွက်လာသော ခလရ ၅၉ မှ စစ်တပ်အရာရှိ စီးနင်းလာသည့် ဆိုင်ကယ်နှင့် အရပ်သားများ စီးနင်းလာသည့် သုံးဘီးဆိုင်ကယ် တိုက်မိရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးနောက် စစ်အရာရှိက တပ်သားများကို ပြန်ခေါ်ကာ အရပ်သားများကို ပစ်ခတ်စေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ်) က သေနတ်ဒဏ်ရာ ၆ ချက်၊ မောင်စိုးပိုင်ဇော် (၁၉ နှစ်) က သေနတ်ဒဏ်ရာ ၄ ချက် အသီးသီး ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

“ပစ်မိန့်ပေးတာက ဗိုလ်ချုပ်တဦးရဲ့ သား ဗိုလ်ကြီးသိဒ္ဓိစိုးလို့ ကြားတယ်။ ပစ်တဲ့သူက ကလေးစစ်သားအဖြစ် စုဆောင်းခံထားရတဲ့ တပ်သား အဆင့်ရှိ မောင်ထွန်းပါ။ မောင်ထွန်းကတော့ သူပစ်တယ်လို့ ၀န်ခံတယ်လို့ ကြားတယ်” ဟု ခလရ ၅၉ တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

ပဲခူးမြို့အတွင်း အရပ်သားများအား ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်း၍ စစ်တပ်က ပစ်ခတ်မှုတွင် ပါဝင်သူများအား အရေးယူမှုရှိ မရှိ သတင်းမထုတ်ပြန် သော်လည်း စစ်အစိုးရ ထိန်းချုပ်သည့် ရေဒီယို အသံလွှင့်ဌာနများကမူ အရပ်သားများက သေနတ်ဝင်လုသဖြင့် ပစ်ခတ်မှုဖြစ်ပွားရသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီကိစ္စအပေါ်မှာ ပစ်မိန့်ပေးသူနဲ့ ပစ်သူတွေကို ဘယ်လိုအရေးယူနေပါတယ် ဆိုတာမျိုးတော့ မထုတ်ပြန်ဘဲ၊ ကလေးတွေက သေနတ်ဝင်လုပါတယ်လို့ FM တွေမှာ ပြောနေတယ်ဗျာ။ တကယ်တမ်းက ဇိုင်းဂနိုင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို တောင်ပိုင်းအထိ လာပစ်သွားတာ။ သေနတ်လုလို့ ပစ်တယ်ဆိုရင် မြောက်ပိုင်းမှာတင် အပစ်ခံရမှာပေါ့” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သားတဦးက ပြောသည်။

ပစ်ခတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများကို ရယက အဖွဲ့ဝင်များနှင့် စစ်တပ်တို့ ပူးပေါင်းကာ ညတွင်းချင်း ဖျောက်ဖျက်ခဲ့သည်ဟု ယူဆရကြောင်း၊ ရင်ခွဲရုံတွင် ထားရှိသည်ဟု တာဝန်ရှိသူများက ပြောဆိုသော်လည်း အခေါင်းကိုသာ မြင်ခွင့်ရခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။

ပဲခူးဆေးရုံကြီးအတွင်းရှိ ရင်ခွဲရုံမှ ဆင်ဖြူကွင်း သုသာန်သို့ သွားရာလမ်းတလျှောက်တွင်လည်း လုံခြုံရေးရဲများ၊ အရပ်ဝတ် ထောက်လှမ်းရေးများက စောင့်ကြပ်နေကြောင်း လိုက်ပါပို့ဆောင်ခဲ့ သူများထံမှ သိရသည်။

“မနက်ခင်းကတည်းက ဆေးရုံကြီးရှေ့က လမ်းကို ပိတ်ထားတယ်။ လမ်းတလျှောက်မှာလည်း ရဲတွေ ချထားတယ်။ နောက်ပြီး “ဆူပူမှုဖြစ်ရင် ပစ် ဆိုပြီး ရဲတွေကို အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာဆိုတော့ တချို့ကလည်း လိုက်မပို့ရဲကြတော့ဘူး။ မြို့ခံတွေကတော့ မကျေနပ်ကြဘူးပေါ့။ ဟိုတလောကလည်း ရဲက အရပ်သားကို ထိုးကြိတ် ရိုက်နှက်တယ်၊ အခုလည်း စစ်တပ်က မြို့ထဲအထိ ၀င်ပြီး ပြည်သူကို ပစ်သတ်သွားတာကိုး။ ဒါ စစ်ရာဇ၀တ်မှုပဲပေါ့ဗျာ” ဟု နာရေးပို့ဆောင်ခဲ့သူ တဦးက ပြောသည်။

စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှု ကျူးလွန်လေ့ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပြလေ့ရှိကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားကလည်း လွန်ခဲ့သည့် မတ်လအတွင်းက မြန်မာစစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ် မှုများကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးရန် အကြံပြု တောင်းဆိုထားသည်။

အဆိုပါအကြံပြုချက်ကို အမေရိကန်၊ ဗြိတိန်၊ ချက် ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ ၊ စလိုဗက်ကီးယားနှင့် ကနေဒါနိုင်ငံတို့က ထောက်ခံထားပြီးဖြစ်သည်။



ပဲခူးလူငယ် ၂ ဦး နောက်ဆုံးခရီး

(ဆက်သွယ်မေးမြန်းချက်များ)

အဖြစ်မှန်ကို မဖြေနိုင်တာ ခွင့်လွှတ်ပါ

ချင်းမိုင် (မဇ္ဈိမ)။ ။ ’’အဖြစ်မှန်ကို မဖြေနိုင်တာ ခွင့်လွှတ်ပါ’’ ဟု စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ယခုလ ၄ ရက်နေ့တွင် သေဆုံးခဲ့သူ ပဲခူးမြို့ခံ မောင်အောင်သူဟိန်း၏ ၆၅ နှစ်အရွယ် အဖွားဖြစ်သူ ဒေါ်စန်းရီက မဇ္ဈိမကို ပြောဆိုလိုက်သည်။

ခလရ ၅၉ တပ်သားများနှင့် မြို့ခံလူငယ်များ ခိုက်ရန်ဖြစ်ပွားမှုတွင် စစ်တပ်ဘက်က ပစ်ခတ်ဖြေရှင်းခဲ့ရာ ၂၃ နှစ်အရွယ် မောင်အောင်သူဟိန်းနှင့် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ယနေ့ နေ့လည်ပိုင်းတွင် ရုပ်အလောင်းများကို သဂြိုင်္ဟ်မည်ဖြစ်သောကြောင့် ဒေါ်စန်းရီကို ဆက်သွယ်မေးမြန်းစဉ် သူက ယခုလို ဖြေကြားခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားမှုအပေါ် ဒေါသထွက်နေသော မြို့ခံလူထုသည် ယနေ့ အသုဘတွင် လိုက်ပါ ပို့ဆောင်ကြမည် ဖြစ်ပြီး၊ အာဏာပိုင်များဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးချဲ့ချထားလိုက်ပြီဖြစ်သည်။

ယနေ့ သဂြိုဟ်ပွဲ အခြေအနေနှင့် ပတ်သက်၍ ဒေါ်စန်းရီ၏ ဖြေကြားချက်များကို တင်ပြလိုက်ပါသည်။

ပဲခူး နာရေးသတင်း ဒေါ်စန်းရီ အင်တာဗျူး

ဒီနေ့ ၁၂ နာရီမှာ စစ်တပ်ကနေ သဂြိုဟ်ပေးမယ် ကြားလို့ပါ။

“ဟုတ်ကဲ့။ ၁၂ နာရီပါ။ အဲဒါတွေကတော့လေ၊ ကျမတို့က သူတို့ (စစ်တပ်) စီစဉ်တဲ့ အတိုင်းပဲပေါ့။ ကျမတို့က ဘာမှလုပ်လို့မှ မရတာ။ ဒါပေမဲ့ ကျမက မေတ္တာရပ်ခံထားတာကတော့ ကားအစီအစဉ်၊ အခေါင်းအစီအစဉ်၊ ကျမတို့ဘာသာကျမတို့ ဝယ်တာပေါ့နော်။ ဝယ်မယ်လို့ ကျမ မေတ္တာရပ်ခံပြီးတော့။ ကားကတော့ နိဗ္ဗာန်ယာဉ်”

မောင်အောင်သူဟိန်းရဲ့ ရုပ်အလောင်းက ရင်ခွဲရုံမှာပဲလားခင်ဗျာ။

“တခြား ဘယ်သူ့ကိုမှ အတွေ့မခံပါဘူး။ ကျမ မွေးထားတာ သားသမီး ၆ ယောက် ရှိပါတယ်။ ၄ ယောက်ပဲ တွေ့ခွင့် ရှိပါတယ်။ အဖေကတော့ ကိုရီးယားမှာလား၊ ဘယ်မှာလား မသိဘူး။ ပြန်စရာ စရိတ်မရှိလို့ ဒုက္ခရောက်နေလို့ မပြန်ဘူး။ မအေအရင်းကတော့ ဒီကိုရောက်ပြီး သားသမီးဇောနဲ့ နည်းနည်းချိသွားတဲ့ သဘော ရှိပါတယ်”

“ကျမတခု အကူညီတောင်းချင်တာပေါ့နော်၊ အားလုံးနဲ့ အားလုံးနဲ့ ပြဿနာတွေကြားထဲမှာ ကျမတို့ ထိခိုက်မှာ ကြောက်ပါတယ်။ ကျမ အဖွားအရင်းခေါက်ခေါက်ပါ။ ဘာလို့လဲဆိုတော့ သူတို့ (အာဏာပိုင်) အဖွဲ့အစည်းနဲ့ပတ်သက် နေတဲ့အတွက် ကျမ အရမ်း ကြောက်မိပါတယ်။ အသက် ၆၅ နှစ်ရှိပါပြီ။ ကျမတို့မှာလည်း ဘာမှ မရှိတဲ့အတွက်၊ ဘာမှ မလုပ်တတ်တဲ့အတွက်၊ ဘာမှကို မတတ်နိုင်တဲ့အတွက် အားလုံးမေးတာတွေကို အကုန်လုံးဖြေလို့ မရဘူးပေါ့နော်။ စိတ်မဆိုးပါနဲ့”

“ဘာဖြစ်လို့လည်းဆိုတော့ ကျမဟာ လမ်းဘေးဈေးသည်တယောက်ဖြစ်နေတဲ့အတွက် အလုပ် ကိစ္စ ဘာညာကွိကွ ကျမလည်း ထိခိုက်မှာကြောက်ပါတယ်။ ဘယ်လိုမှ မလွန်ဆန်နိုင်တဲ့အတွက် ဘာကိုမှ မပြောရဲပါဘူး။ ကျမ လုပ်စားနေတာက သမားရိုးကျလေးပါပဲ။ သို့သော် ရှေ့ရေးတွေက အများကြီး ရှိတဲ့အတွက်ကို ကျမ သူတို့ (အာဏာပိုင်) ကို မျှော်ကိုးပြီးတော့ လိုချင်တဲ့ ဆန္ဒကို ပြောနေတာ မဟုတ်ဘူးနော်။ ကျမရဲ့ လုပ်ငန်းခွင်မှာ၊ ထမင်း ရှေ့ကို ငတ်မှာကြောက်လို့ ပြောနေတာပါ။ စကားက အကုန်တင်ပြလို့ မရပါဘူး။ ခြိမ်းခြောက်တာ မရှိပါဘူး”

“အားလုံးလည်း ဝိုင်းသနားနေကြပါတယ် ဆိုပေမယ့်လည်း အဖွားက သူတို့ (အာဏာပိုင်) လို မဖြစ်တဲ့အတွက် ကိုယ့်မာနလေးကို ကိုယ်လျှော့ချပြီး နေတာပေါ့နော်။ သူတို့ပေးတဲ့ အခွင့်အရေးကို အဖွား မယူပါဘူး။ ဒါပေမဲ့ သချိုင်္င်းကုန်းမှာတော့ သူတို့ စီစဉ်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဖွားအစီအစဉ်ကတော့ သူတို့ လုပ်ခွင့် ပေးတယ်။ ဒီမှာလည်း ကျမအိမ်က မိတ်ဆွေ သင်္ဂဟက ပေါတဲ့အတွက် ဧည့်သည်တွေကလည်း တအားများနေတဲ့အတွက် ဒါလောက်နဲ့ပဲ၊ ဒါပါပဲနော်”

“အဖွားတို့ရဲ့ အဖြစ်မှန်ကို မဖြေနိုင်တာလေးကိုလည်း သားတို့ ခွင့်လွှတ်ပါ။ နောက်တခုကလည်း ဒီကလေးကို ခုတုံးလုပ်ပြီးတော့ ပြဿနာရှာမယ့်လူတွေက များနေတဲ့အတွက် ဒီအဖွဲ့အစည်းတွေကို အဖွားအနေနဲ့ တအားထိန်းနေရတဲ့အတွက် အကုန်လုံး မဖြေနိုင်တာ သားရယ် နားလည်ပေးပါနော်”

---------------------------------------------------------

လုံခြုံရေး တင်းကျပ်တဲ့ အသုဘ သဂြိုဟ်ပွဲ

မြို့ခံတဦး ပြောဆိုချက်

(မြန်မာစံတော်ချိန် ၁၁ နာရီ)

’’အခြေအနေကတော့ ဘာမှ မထူးခြားသေးဘူး။ လုံခြုံရေးကတော့ တင်းကျပ်တယ်လို့ ပြောလို့ ရတယ်။ အသုဘချဖို့တော့ လုပ်နေတယ်။ ကျနော် အဲဒီလမ်းကြောင်းနဲ့ နီးတဲ့ နေရာကို ရောက်နေတယ်။ လုံခြုံရေး အခြေအနေကို ပြောမယ်ဆိုရင် အလောင်းထားတဲ့ ရေခဲတိုက်နားမှာ အရန်မီးသတ်နဲ့ ရဲတပ်ဝင် ၅၀ လောက် ရှိတယ်။ အသုဘ လိုက်ပို့မယ့် သူတွေကတော့ ရောက်မလာသေးဘူး။ အခုအချိန်ထိတော့ ရန်ကုန်က လာမယ့် သူတွေကိုတော့ မတွေ့ရသေးဘူး။ ဒီမိုကရက်တစ် ပါတီ UDP က ကိုသိန်းဋ္ဌေးကတော့ ရောက်နေပြီ။ သူတို့ကတော့ သူတို့ ကိစ္စနဲ့ သူတို့ လာတာလို့တော့ ပြောတယ်’’

ပဲခူး မြို့ခံတဦးနှင့် အင်တာဗျူး

--------------------------------------------------------------

စည်ကားတဲ့ အသုဘ

မြို့ခံတဦး ပြောဆိုချက်

(မြန်မာစံတော်ချိန် ၁၁ နာရီခွဲ)

’’လက်ရှိ အခြေအနေကတော့ သချိုင်္င်းကုန်းကို သွားနေတယ်။ လာတဲ့ သူတွေထဲက ကောလာဟလ ဟိုပြောဒီပြော ပြောကြတယ်။ ရန်ကုန်က ဆင်းလာမယ်တို့၊ ဘာဖြစ်မယ် ညာဖြစ်မယ်လို့ ပြောကြတယ်။ အခုတော့ သချိုင်္င်းကုန်း သွားတဲ့ လမ်းပေါ်မှာပဲ ရှိသေးတယ်။ ပြည်သူတွေကတော့ စိတ်ဝင်စားကြတယ် ထင်တယ်။ လမ်းပေါ်မှာ ထွက်ကြည့်နေကြတယ်။ အခုဟာက အစောကထက် မတရားများသွားတယ်။ အစောက အလောင်းနား မကပ်ရတော့ဘူးဆိုတော့ လူ ၃၀၀-၄၀၀ လောက် ရှိတယ်။ အခုပြောမယ်ဆိုရင်တော့ ဘတ်စ်ကားချည်းပဲ ၁၀ စီးလောက် ရှိတယ်။ ကိုယ်ပိုင်ကားတွေရော၊ ဆိုင်ကယ်တွေရောဆိုတော့ အများကြီးပဲ။ ပြောမယ်ဆိုရင်တော့ ပဲခူးမြို့မှာ စည်ကားတဲ့ အသုဘလို့ ပြောရမှာပဲ။ ဆိုင်ကယ်နဲ့ ကားနဲ့ပဲ များတယ်။ ဘတ်စ်ကားတစီးကို လူ ၃၀-၄၀ ဆံ့တယ်ဆိုတော့ ဘတ်စ်ကားပေါ်မှာတင် လူက ၄၀၀ နီးပါး၊ နောက်က လိုက်ပို့တဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ဆိုရင် လူ ၅၀၀-၁၀၀၀ လောက်တော့ ရှိမယ်။ ကားတန်းကြီးက အရှည်ကြီးပဲ။ ရန်ကုန်က လာတယ်ဆိုတာကိုတော့ မကြားမိဘူး။ သာမန် အသုဘလိုပါပဲ၊ အခွင့်အရေးတွေ အကုန်ပေးထားတယ်။ သုဿန်သွားတဲ့ လမ်းတလျှောက်မှာတော့ ကြက်ခြေနီ၊ မီးသတ်၊ ရယကတွေက လုံခြုံရေး ယူထားတယ်။ ထောက်လှမ်းရေး အဖွဲ့တွေ၊ ရဲအဖွဲ့တွေ အကုန်လုံး ချထားတယ်။ လုံခြုံရေးက တော်တော်လေးတော့ များတယ်’’

ပဲခူးတွင်စည်ကားတဲ့ အသုဘလို့ ပြောသည့်မြို့ခံတဦး


--------------------------------------------------------------

မြို့ခံတဦး ပြောဆိုချက်
(မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ)

ရုပ်အလောင်းအနီး ကပ်ခွင့်မရ

’’အခု သုသာန်ရောက်လို့ အားလုံး ပြီးသွားပြီ။ အာဏာပိုင်တွေဘက်က ချောကားတွေ ကူညီပေးတယ်။ ဘုန်းကြီးလည်း သုသာန်ရောက်မှပဲ တရားနာတယ်။ ဘုန်းကြီး ၅ ပါးနဲ့ ၁၂ နာရီလောက်မှာ သရဏဂုဏ် တရားနာတယ်။ ကာယကံရှင်တွေကိုတော့ အလောင်းတွေကို ကြည့်ခွင့် မပေးဘူး၊ အနားကပ်ခွင့် မပေးဘူး။ ကြက်ခြေနီတွေနဲ့ မီးသတ်တွေပဲ အကုန်လုံး လုပ်သွားတယ်။ ရုပ်အလောင်းတော့ ရှိတော့ရှိမယ် ထင်တယ်။ ကျနော်တို့ကတော့ မြင်တော့ မမြင်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မ’တာပြုတာ၊ မီးသင်္ဂြီုဟ်လို့ လောင်သွားတာတွေ ကြည့်ရင်တော့ အလောင်းရှိမယ်လို့ ထင်ပါတယ်’’

လူ ၂ဝဝဝ ခန့် ပို့ဆောင်

’’သချုင်္ိင်းကုန်းရောက်တဲ့ အချိန်မှာ လူ ၂ဝဝဝ လောက် ရှိမယ်။ ပြောမယ်ဆိုရင်တော့ အစည်းကားဆုံးလို့ ပြောလို့ရပါတယ်။ လုံခြုံရေးအင်အားက အပြည့်ပဲ။ ရှိသမျှ ရဲရော၊ ထောက်လှမ်းရေးရော၊ အာဏာပိုင် ရယက၊ မီးသတ်တွေရော နည်းတာမှ မဟုတ်တာ။ သုသာန်မှာတော့ အရပ်ဝတ် ရဲတွေရော၊ ယူနီဖောင်းနဲ့ကတော့ မီးသတ်နဲ့ ကြက်ခြေနီတွေပဲ။ ၄ဝ-၅ဝ လောက် ရှိတယ်’’

အသုဘရှင်များ ပါးစပ်ပိတ်ထားရ

’’ကျနော် သိရသလောက် ပဲခူးက လူတွေလောက်ပဲ တွေ့ပါတယ်။ တခြားမြို့က လူတွေတော့ မတွေ့ပါဘူး။ အခု အသုဘက ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့ စိတ်ဝင်စားကြတယ်။ လမ်းက ရပ်ကွက်တွေထဲက လူတွေကပါ ထွက်ကြည့်ကြတယ်။ တချို့လည်း လိုက်ကြည်ြ့ကတယ်။ သာမန် အသုဘတွေထက်စာရင် ခံစားရတဲ့ သဘောတွေ ရှိတယ်။ တချို့ကျတော့ ကိုယ်နဲ့ မသိဘဲ လိုက်ပို့ကြတဲ့ သူတွေ ရှိတယ်။ တချို့ စိတ်မထိန်းနိုင်တဲ့ သူတွေကလည်း ငိုကြတယ်။ ဒေါသထွက်တဲ့ မျက်နှာတွေတော့ မတွေ့ရဘူး။ လုံခြုံရေးက များတဲ့ အခါကျတော့ ဝေလည်း မဝေဖန်ရဲဘူး။ လုံခြုံရေးကလည်း များတဲ့ အခါကျတော့ အသံလည်း မထွက်ရဲဘူး။ သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ ယူကျုံးမရတော့ ဖြစ်တာပေါ့။ သူတို့လည်း ခံစားရပေမယ့် ပါးစပ်ပိတ်နေရတဲ့ အနေအထား ရှိတယ်’’

ပဲခူးမြို့ခံ၏ပြောဆိုချက် အင်တာဗျူး

--------------------------------------------------------------

ရဲ မဖြေချင်

(ပဲခူး အမှတ် ၁ ရဲစခန်း ပြောဆိုချက်)

“အမိန့်ရှိပါခင်ဗျာ၊ အမှတ် ၁ ရဲစခန်းကပါ”

အပစ်ခံရတဲ့ လူငယ် နှစ်ယောက် အသုဘက ရုတ်ရုတ်သဲသဲ ဖြစ်တယ် ကြားလို့။ အဲဒါ ဟုတ်လားလို့ပါ။

“ဘယ်က အမိန့်ရှိလဲခင်ဗျ”

မဇ္ဈိမ သတင်းဌာနကပါ

“ကျနော်တို့ဆီတော့ ဘာသတင်းမှ မဝင်ဘူးခင်ဗျ။ သွားတော့ သွားနေကြတယ်” ဟု ပြော၍ ဖုံးချသွားသည်။


လူစုကွဲသွားပြီ

(အသုဘလိုက်ပို့သူ မြို့ခံ လူငယ် ပြောဆိုချက်)

အခြေအနေလေး ပြောပြပါဦး

“ဟုတ်ကဲ့။ သဂြိင်္ုဟ်ပြီးသွားပါပြီ”

“ဆုံးတဲ့ရက်ကနေစပြီး မိသားစုနဲ့ ပေးမတွေ့ပါဘူး။ ရင်ခွဲရုံမှာ ထားတယ်။ အလောင်း ၂ လောင်းလုံးကို။ ဒီနေ့မနက်ကျတော့ မိသားစုဝင်တွေ အားလုံးကို ပေးတွေ့တယ်။ အလောင်းသယ်သွားပြီးတော့ နောက်နေ့မနက်ခင်း ၁ဝ နာရီလောက်အထိကို မိသားစုတွေအားလုံးကို ပေးတွေ့တယ်။ ၁ဝ နာရီ နောက်ပိုင်းကို လုံးဝ တံခါးပိတ်လိုက်တယ်”

“မနေ့က ည ၇ နာရီခွဲနဲ့ ၈ နာရီလောက်မှာ ဘာပြဿနာတခု တက်လဲဆိုတော့။ လူတယောက်ကနေ ရင်ခွဲရုံကို ခဲနဲ့ထုတယ်တဲ့။ အဲဒီလူကို ဆိုင်ကယ် ရဲ အယောက် ၄ဝ လောက် လိုက်ဖမ်းတာ။ ဖမ်းမိသွားတယ်။ အမှတ် ၁ စခန်းထဲကို ခေါ်သွားတယ်ခင်ဗျ။ အဲဒီကနေစပြီး ရင်ခွဲရုံ အဝင်လမ်းတွေ၊ အထွက်လမ်းတွေ အားလုံးကို သံဆူးကြိုးတွေ ပိတ်လိုက်တယ်။ လုံးဝ ဝင်ထွက်သွားလာလို့ မရတော့ဘူး။ ညထဲကနေ မယကရုံးထဲမှာ အသုဘကား ၂ စီးကို ထည့်ထားတယ်။ ရင်ခွဲရုံကို ဒီမနက်မှာ သူ့မိသားစုတွေကို ကားနဲ့သွားခေါ်တယ်။ အာဏာပိုင်က။ ရင်ခွဲရုံကနေပဲ အခေါင်းတွေ ဘာတွေ ပြင်ပြီးတော့ အသုဘချတယ်”

“ရပ်ကွက်အတွင်းကနေ လိုက်ပို့တဲ့သူတွေ အားလုံးကိုကျတော့ ၁၁ နာရီခွဲကို ရပ်ကွက်ကနေ ကားထွက်မယ်ဆိုပြီး ကြေညာလိုက်တယ်။ ဒါပေမဲ့ အသုဘ ဖိတ်စာထဲမှာ ကြေညာတာက ၁၂ နာရီ။ ဒီနေ့ကျမှ အားချင်းဆိုပြီး ၁၁ နာရီခွဲဆိုပြီး ကြေညာလိုက်တယ်။ ရင်ခွဲရုံကနေပြီးတော့ ၁၁ နာရီ ၂ဝ လောက်မှာ ထွက်လာတယ်။ သူတို့ အပိုင်းထိပ် ဇိုင်းဂနိုင်းတောင်ပိုင်းကို ရောက်တဲ့ အချိန်မှာ ၁၁ နာရီခွဲပြီ။ ၁၁ နာရီခွဲအချိန်မှာ အသုဘကားနောက်က ရပ်ကွက်သူ ရပ်ကွက်သားတွေက လိုက်ရတာပေါ့နော်”

သချိုင်္င်းကုန်းက ဘယ်ဘက်မှာလဲ

“ရင်ခွဲရုံကနေပြီးတော့ သချိုင်္င်းကုန်းကို ရောက်ဖို့အတွက်ကို ဇိုင်းဂနိုင်းတောင်ပိုင်း ရှေ့ကနေ ဖြတ်ရတယ်။ မိန်းလမ်းကြီးကနေ ဖြတ်တာပေါ့။ ဆင်ဖြူကွင်း သုသာန်။ ရန်ကုန်ဘက်နဲ့ မဇင်း ၁ လမ်း ဆိုတာ ရှိတယ်။ ရန်ကုန်ဘက်ကို သွားတဲ့လမ်းနဲ့ ဘုရားတွေဘက်ကို သွားတဲ့လမ်း။ လမ်း နှစ်လမ်းခွဲ သွားတယ်”

ဘယ်ဘုရားတွေဘက်လဲ။ အနောက်တောလား။ ကလျာဏီသိမ်၊ ရွှေသာလျောင်း ကျော်သွားလား။

“အနောက်တော။ ဟုတ်ကဲ့။ အနောက်တောဘက်ကို သွားတဲ့လမ်းမှာ။ ၇ မိုင်လောက် ဝေးတယ်။ ပဲခူးမြို့ကနေပြီးတော့။ ရွှေသာလျောင်း၊ မဟာစေတီ အကုန်ကျော်သွားတယ်”

“အသုဘယာဉ်ကို မောင်းတာလည်းဗျာ လေယာဉ်မောင်းတာကျနေတာပဲ။ အရမ်းအမြန်မောင်းတာ။ နောက်က ဆိုင်ကယ်တောင် လိုက်မမီဘူး ဖြစ်နေတယ်။ တော်တော်ကို မောင်းပစ်တာ။ အသုဘယာဉ်ရဲ့ ရှေ့မှာလည်း မြို့နယ်မှူးကိုယ်တိုင် ထိုင်ပြီးတော့ ကြီးကြပ်ပြီး လိုက်တာ”

“ဟိုလည်းရောက်ရော သူ့စွမ်းအားရှင်တွေဘာတွေ အကုန်လုံး ဝိုင်းရံပြီးတော့ အသုဘယာဉ်ကို ချတယ်။ နောက် မီးသတ်ရှိတယ်။ ကြက်ခြေနီကို ဘေးက ကာတယ်။ ရဲတွေကိုကျတော့ အရပ်ဝတ်တွေနဲ့။ အသုဘယာဉ်နားမှာ ဝိုင်းပြီးတော့။ မိသားစုဝင်တွေတောင် တော်တော် ခက်ခက်ခဲခဲ တွေ့ရတယ်။ မီးသဂြိုင်္ဟ်တာခင်ဗျ”

သံဃာတော်တွေ ပါသေးလား

“သံဃာတော်တွေကတော့ တရားနာဖို့လောက်ပဲ ပါတယ်။ ၄ ၊ ၅ ၊ ၆ ပါးပဲ”

စတာက ၁၁ နာရီ ၂ဝ လောက်မှာ။ ဆုံးတာ ဘယ်လောက်လောက်မှာလဲ။

“ခန့်မှန်းခြေ တနာရီပေါ့၊ အဲဒီအချိန်လောက်မှ ပြီးတယ်”

လူစု ကွဲသွားပြီပေါ့

“အကုန်လုံး လူစုကွဲသွားပြီ။ သချိုင်္င်းကုန်းမှာ သူတို့ အာဏာပိုင် အုပ်စုကလွဲပြီး ဘယ်သူမှ မရှိတော့ဘူး။ မီးသဂြိင်္ုဟ်တဲ့ တံခါးဝမှာကိုက ရဲ၊ မီးသတ်၊ ကြက်ခြေနီတို့၊ စွမ်းအားရှင်တို့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ စောင့်တာ။ ခရိုင်တို့၊ မြို့နယ်တို့။ အထဲကို တော်ရုံ လှမ်းကြည့်လို့တောင် သိပ်မလွယ်ချင်တဲ့ ပုံစံမျိုး။ တော်တော်ကို ကျပ်ကျပ်တည်းတည်းကို လုပ်တာ၊ အသုဘကို။ တခါမှဗျာ ကျနော့် အသက် ၂၈ နှစ်ရှိပြီ။ အဲဒီလောက်ထိ လုံခြုံရေးများတဲ့ အသုဘ တခါမှ မကြုံဖူးဘူး။ စရဖ၊ အက်စ်ဘီ အကုန်ပါတယ်။ ရဲ ခရိုင်၊ တိုင်း၊ မြို့နယ်၊ စခန်းဆို ၃ ခုလုံး ပါတယ်။ အမှတ် ၁၊ ၂၊ ၃”

လိုက်ပို့တဲ့လူ တော်တော်များလား။ ကားဘယ်နှစီးလောက်ရှိလဲ။

“အများကြီးပဲ။ ကားအားလုံးဆိုရင် အစီး ၂ဝ လောက် ရှိမယ်။ မော်တော်ဆိုင်ကယ်က အစီး ၁ဝဝ ကျော်တယ် အကို”

နာရေးအသင်းက ကူညီတာရှိလား

’’ဟုတ်ကဲ့။ ဗိမ္မာန်ရှင် နာရေးအသင်းကပဲ ကူညီတာ။ ခယက စီမံချက်နဲ့ကို ချတာ၊ အသုဘက။ အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ကို သူတို့ လုပ်ကြတာ။ ပဲခူးမြို့နယ် မထသ ကနေ ဦးဆောင်ပြီးတော့ ကားစီစဉ်ပေးရတယ်။ ရပ်ကွက်တွေကနေပြီးတော့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ ၁ဝ ယောက်စီ ပေးရတယ်”

အဲဒါက ဘယ်ကနေ ကြားတာလဲ

“သူတို့ဆီကနေ ကြားတာပေါ့။ ရပ်ကွက်က လူတွေက ပြန်ပြောတာ”

ရန်ကုန် NLD က လာတာရော ရှိလား။ ဆုံးသွားတဲ့လူက NLD နဲ့ရော ဆိုင်လား။

“ရန်ကုန်က NLD လူငယ် ၁၅ ယောက်လောက် လာတယ်။ (NLD နဲ့) မဆိုင်ဘူး။ သက်သက်မဲ့ လိုက်ပို့တာ။ ဝမ်းနည်းခြင်း အထိမ်းအမှတ်”

--------------------------------------------------------------

နာရေး မပို့ရန် တားဆီးခံရ

ပဲခူးလူငယ် ၂ ဦး ရုပ်အလောင်းများ သဂြိုင်္ဟ်ရာသို့ ရန်ကုန်မှ လာရောက်ပို့ဆောင်မည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူ လူငယ်များ၊ မြန်မာ့အလုပ်သမား သမဂ္ဂ မှတ်ပုံတင်ခွင့် ရရှိရေး လှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်အချို့ အပါအဝင် ၁၁ ဦးကို ရန်ကုန်တိုင်းအလွန် ပဲခူးတိုင်းအတွင်း အင်းတကော်အရပ်တွင် ရဲများက ဆက်လက်သွားရောက်ခြင်း မပြုရန် တားမြစ်ခဲ့သည်။

အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန်အတွက် တားဆီးခံရသူ ၂ ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ကိုဇေယျလင်း
(မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူ လူငယ်များ)

’’နာရေးကို လာတဲ့ အချိန်မှာ ကျနော်တို့ အဖွဲ့ဝင် ၁၁ ယောက်လုံးကို အင်းတကော် ရဲစခန်းကနေ ခေါ်ထားတယ်ခင်ဗျာ။ ခေါ်ထားတာက ၁ နာရီ ကြာတယ်။ အသုဘ အခန်းအနား မပို့နိုင်အောင် လမ်းမှာ ကြန့်ကြာအောင် လုပ်ထားတယ်။ ကျနော်တို့ တယောက်ချင်းစီကို ဘာမှ မဟုတ်ဘဲ ခေါ်ယူစစ်ဆေးတယ်။ မေးမြန်းတာကလည်း အသုဘချပြီးတဲ့ အချိန်ကျမှ ပြန်လွှတ်တယ်။ အဲဒါမျိုး သူတို့ လုပ်စရာ အကြောင်းမရှိဘူး ခင်ဗျာ။ မလုပ်သင့်ဘူး။ ကျနော်တို့ လာတဲ့ ရည်ရွယ်ချက်က သေဆုံးတဲ့ လူငယ် နှစ်ဦးရဲ့ အသုဘကို ကျနော်တို့က လာပို့တာ။ ကျနော်တို့ကို အသုဘ လိုက်ပါပို့ဆောင်ဖို့ရာ လာပေမယ့် လမ်းမှာ တားဆီးပိတ်ပင်ခံရလို့ ကြန့်ကြာသွားတဲ့အတွက် သဂြိုင်္ဟ်တဲ့နေရာအထိ လိုက်မပို့လိုက်ရဘူး။ ဒါပေမဲ့ သေဆုံးတဲ့သူ အိမ်ကို ကျနော်တို့ ရောက်အောင် သွားတယ်ခင်ဗျာ။ ကျနော်တို့ နာရေးအိမ်ကို ရောက်ရှိနေပါပြီ’’

ရှေ့နေ ကိုဖိုးဖြူ
(လူ့အခွင့်အရေး လှုပ်ရှားသူ)

ဘယ်လို ပိတ်ပင်တားဆီးခံရတာလဲ။

’’အင်းတကော် စခန်းရှေ့ကို ရောက်တဲ့အခါ ကျနော်တို့ အားလုံး ကားပေါ်က ဆင်းခိုင်းပြီးတော့ မှတ်ပုံတင်တွေကို စစ်ဆေးတယ်။ ကားသော့ကို သိမ်းလိုက်တယ်။ စစ်ဆေးစရာရှိတယ် ဆိုပြီးတော့ အားလုံး တယောက်ချင်းစီကို စခန်းမှူးက ခေါ်စစ်တယ်။ အဲဒီအတွက် ၁ နာရီကျော်ကျော်လောက် ကြာသွားတယ်။ ကျနော်တခုတော့ ပြောချင်တာက ကျနော်တို့က မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ နိုင်ငံသားကဒ်တွေ ကိုင်ဆောင်ထားတဲ့ သူတွေ ဖြစ်တယ်။ နိုင်ငံသားတွေ ဖြစ်ပါလျက်နဲ့ ကိုယ့်ပြည်တွင်းထဲမှာ လွတ်လပ်စွာ သွားလာခွင့် မရှိဘူး။ အဲဒါက ၁ အချက်ပါ’’

’’၂ အချက်ကတော့ ကျနော်တို့ကို တိုင်ချက်ခွင့်တာ မရှိဘဲနဲ့ လူတဦးတယောက်ချင်းစီကို ခေါ်ယူစစ်ဆေးတယ်။ အဲဒီလို စစ်ဆေးခြင်းခံရတဲ့ သူတွေကလည်း ဥပဒေနဲ့ ငြိစွန်းမှု မရှိဘူး။ ရွေးကောက်ပွဲ သိပ်နီးနေတဲ့ အချိန်မှာ ဒီလို စစ်ဆေးမှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ဖိနှိပ်မှုတွေက ယနေ့အချိန်ထိ ရှိနေသေးတယ်။ ဒီလိုဆိုရင် ပြည်သူတွေဟာ ဘယ်လိုများ ရွေးကောက်ပွဲကို လွတ်လပ်တဲ့ ဆန္ဒ၊ သဘောဆန္ဒနဲ့ ပေးနိုင်မလဲဆိုတာ အငြင်းပွားစရာ၊ ငြင်းချက်ထုတ်စရာ ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်’’

ပဲခူးလူငယ် ၂ ယောက်ကို စစ်တပ်က ပစ်သတ်တာနဲ့ ပတ်သက်ပြီး ဥပဒေအရ ဘယ်လို ငြိစွန်းမှု ရှိသလဲခင်ဗျ။

’’ဒါဟာ ၁၉၅၆ ခုနှစ် တပ်မတော် အက်ဥပဒေရယ်၊ ၁၉၆ဝ တပ်မတော် နည်းဥပဒေဆိုတာ ရှိပါတယ်။ အရပ်သားနဲ့ ဖြစ်ပေါ်တဲ့ ကိစ္စဆိုရင် အရပ်ဘက် တရားရုံးမှာ စစ်ဆေးကြားနာဖို့ လိုအပ်တယ်။ စစ်ဘက်တရားရုံးနဲ့ မသက်ဆိုင်ဘူး။ ဒီလို ပြစ်မှုမျိုးကို အရပ်ဘက် တရားရုံး အများပြည်သူရှေ့မှောက်မှာ ဒါကို တရားမျှတအောင် စစ်ဆေးကြားနာဖို့ လိုအပ်တယ်။ ဒီလိုအခြေအနေတွေကို အခုအချိန်ထိ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ပြည်သူတွေရော၊ မိဘတွေရော ကာယကံရှင်တွေကိုရော ပွင့်လင်းညင်သာပြီး ဘယ်လိုတရားမျှတအောင် ဆောင်ရွက်မလဲဆိုတာကို ရှင်းလင်းဖော်ထုတ်ထားခြင်း မရှိဘူး။ ဒီအတွက် ပြည်သူတွေဟာ တရားဥပဒေ နည်းလမ်းအရ ဆက်လက် ဆောင်ရွက်ရဦးမယ်လို့ ဆိုချင်ပါတယ်’’

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တရားဥပဒေ စိုးမိုးမှု ကိစ္စကိုရော ဘယ်လို မြင်ပါသလဲ။

’’တာဝန်ချိန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကိစ္စရပ်တွေအတွက် လက်နက်ကိုင်ဆွဲရတယ်ဆိုတာ ရှိပါတယ်။ စစ်မှုထမ်းဆောင်နေတဲ့ အချိန်မှာ ဒီလို ပစ်ရခတ်ရတာတွေ ရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကြီးက တည်ငြိမ်နေပါတယ်၊ အေးချမ်းနေပါတယ်လို့ ပြောပြီးတော့၊ ကြေညာထားပြီးတော့ ရှေ့တန်းစစ်မှုထမ်းသလို ဆောင်ရွက်ပြီးတော့ ပစ်လား၊ ခတ်လား လုပ်တာက Rule of Law (တရားဥပဒေ စိုးမိုးမှု) အခြေအနေ၊ အခင်းအကျင်း ဟုတ်တယ်လို့ ဘယ်နည်းနဲ့မှ မဆိုလိုနိုင်ဘူး’’

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေကို ဘယ်လို ကူညီပေးဖို့ ရည်ရွယ်ထားလဲ။

’’ဒီဟာနဲ့ ပတ်သက်ပြီးတော့ တပ်မတော် အက်ဥပဒေ၊ နည်းဥပဒေအရ အရပ်ဘက်တရားရုံးကို လွှဲအပ်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ အများပြည်သူရှေ့မှောက်မှာ စစ်ဆေးကြားနားရမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ရှင်းပြမယ်။ ဒါနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းနေကြရတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ လုပ်သားပြည်သူတွေ တညီတညွတ်တည်း တောင်းဆိုကြဖို့ ရှိပါတယ်။ ဥပဒေကြောင်းအရ တင်ပြလျှောက်ထားရမှာတွေ ရှိပါတယ်’’

ကိုဖိုးဖြူနဲ့ အတူလာတဲ့ သူတွေက ဘယ်သူတွေလဲ ခင်ဗျ။

’’ကျနော်နဲ့ ပါလာတဲ့ သူတွေက မြောက်ဥက္ကလာပမှာ ရှိကြတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူ လူငယ်များရယ်၊ ကျောင်းသားလူငယ်တွေရယ်၊ မြန်မာ့အလုပ်သမားသမဂ္ဂ မှတ်ပုံတင်ခွင့် ရရှိရေး ဆောင်ရွက်ကြတဲ့ အလုပ်သမားအရေး ကြိုးပမ်းဆောင်ရွက်ကြတဲ့ သူတွေရယ်နဲ့အတူ ထပ်သူထပ်မျှ ဝမ်းနည်းနေကြတဲ့ ပြည်သူတွေရယ်၊ ပါတယ်လို့ ပြောချင်ပါတယ်’’

တခြားသူတွေရော ကိုဖိုးဖြူတို့လို့ တားဆီးခံရတယ်လို့များ သိထားတာတွေ ရှိသလား။

’’ကျနော်ရှေ့မှာ သွားကြတဲ့ သူတွေကို အဆင့်ဆင့် စစ်ဆေးတာမျိုးတွေ၊ မေးမြန်းတာမျိုးတွေ၊ အသုဘပို့ဖို့ လုပ်နေတဲ့ သူတွေကို မပို့နိုင်အောင် တားဆီးတာမျိုးတွေကို ကျနော်တို့ မျက်မြင်တွေ့ရှိပါတယ်။ ရှေ့မှာ ရှိနေတဲ့ ၂-၃ ဦးစ စစ်ဆေးမေးမြန်းတာမျိုးတွေ ရှိပါတယ်။ ကျနော်တို့ လမ်းကြောင်းတလျှောက်မှာ ၃-၄ ဦးလောက်ကို တွေ့ရတယ်။ ကျနော်တို့ အုပ်စုကိုတော့ တဖွဲ့လုံးကို တားပြီးတော့ စစ်ဆေးတာမျိုးတွေ လုပ်ပါတယ်’’

အသုဘရှင်ရှင်တွေရဲ့ ခံစားချက်ကို ဘယ်လိုတွေ့နေရလဲ။

’’အခုချိန်မှာတော့ အားလုံးက ဝိုင်းပြီးတော့ အားပေးနေတယ်။ အားလုံးကလည်း ဒါနဲ့ ပတ်သက်ပြီးတော့ အမျိုးသားရေး အသွင်ဆောင်စွာ ရပ်တည်နေတဲ့ အတွက်ကြောင့် မိသားစုတွေက အားတက်နေတာ ရှိတယ်။ မိသားစုအတွင်းက ညီအကို မောင်နှတွေကတော့ မျက်ရည်စက်လက်နဲ့ ငိုနေတာတွေ ရှိတယ်.။

ဒီနေ့ အာဏာပိုင်တွေရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ မြန်မာအသံကပြည်သူတွေကို လိမ်လည်ပြီးသတင်းထုတ်ပြန်လိုက်ခြင်း


ဒီနေ့  နအဖမြန်မာ့အသံက စစ်သားတွေက စပြီး သေနတ်နဲ့  ပေါ်တင် စ ပစ်တာကို ကျောင်းသားတွေက သေနတ်ဝင်လုလို့  ပစ်ရတာပါဆိုပြီး လိမ်ညာပြောတယ်။ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုး က ပစ်မိန့် ပေးလို့  ၀ိုင်းပြီး သွေးဆာဆာနဲ့  ပစ်တာကို ဖုံးကွယ်ထားတယ်။

ထို့ အတူ အာဏာရူးများရဲ့  လက်ပါးစေများဟာ အင်တာနက်စာမျက်နှာများ အီးမေးလ်အုပ်စုများ ဖိုရမ်စကားဝိုင်းများအတွင်းမှာ သေနတ်နဲ့ မတရားပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ကျောင်းသား မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ဟာ ရပ်ကွက်အတွင်းမှာ ဆိုးသွမ်းသောင်းကျန်းနေသူတွေ ဖြစ်တယ် ဒါကြောင့် စစ်သားတွေက ပစ်ခတ်ရတဲ့အထိဖြစ်ခဲ့ရတာဆိုပြီး သတင်းမှားတွေ လိမ်ညာမှုတွေ အဖြစ်အပျက်ကို မသိသူတွေ အမှန်အတိုင်း မသိရလေအောင် လိမ်ညာဖန်တီးပြောဆိုနေကြပါတယ်။ ဒါတွေဟာ နအဖနဲ့  လက်ပါးစေတွေ အခု ပဲခူးကိစ္စမှာ သူတို့  ပေါ်ပေါ်တင်တင်ကြီး မှားတာကို ပြည်သူတွေ အုံကြွပေါက်ကွဲမှာကို အကြောက်ကြီးကြောက်ပြီး သတင်းမှန်ကို ပြန်လှည့်ဖြားဖုံးကွယ်ဖို့  လုပ်ဆောင်တာဘဲ ဖြစ်ပါတယ်။

အာဏာရူးတွေဟာ ယခင်တုန်းကလည်း ပြည်သူတွေ ကျောင်းသားတွေကို သတ်ဖြတ်တာမှန်သမျှ ဘယ်တော့မှ အမှန်ထုတ်ဖေါ်ပြောလေ့ပြောထ မရှိဘဲ၊ အဖြစ်အပျက်မှန်တွေကို ဖုံးကွယ်ပြီး လိမ်ညာသတင်းထုတ်တာတွေ လုပ်ခဲ့တယ်။ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းကလည်း စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာနဲ့  သေဆုံးရတာကို ဓါးဒဏ်ရာနဲ့  သေရတာဆိုပြီး မြန်မာအသံတွေ သတင်းစာတွေကနေ ဗြောင်ကျကျ လိမ်ညာပြောဆိုခဲ့တယ်။

ဒီလိုဘဲ အာဏာရူးတွေနဲ့  လက်ပါးစေတွေ ၀ိုင်းနှိပ်စက် ရိုက်ပုတ်သတ်ဖြတ်လို့  ထောင်အတွင်းမှာရော အများသူငှာ မြင်ကွင်းမှာရော သေဆုံးသွားကြရတဲ့ ပြည်သူတွေ ကျောင်းသားတွေ ရှိခဲ့ရာမှာလည်း အာဏာရူးတွေဟာ ဖြစ်ရပ်အမှန်ကို မသိကျိုးကျင်ပြုကြတယ် သတင်းအမှားတွေ လိမ်ညာထုတ်ပြန်ကြတယ်။

တကယ်တော့ အာဏာရူးတွေနဲ့  လက်ပါးစေတွေဟာ သွေးဆာနေတဲ့ မိစ္ဆာကောင် လူသတ်သမားတွေဘဲ။

အခု ပဲခူးမြို့  မှာ ဖြစ်တဲ့ အဖြစ်အပျက်ဟာ အာဏာရူးတွေ လက်ပါးစေ စစ်သားတွေရဲ့  အုပ်စုလိုက် လက်နက်နဲ့  ပေါ်တင်စော်ကားသတ်ဖြတ်မှုဖြစ်တယ်။ ဒါဟာ ပြည်သူတွေအနေနဲ့  ဒီအဖြစ်အပျက်ကို သိသိသာသာကြီး သိလျက်နဲ့  ဘာမှ မတုန့် ပြန်ဖူးဆိုရင် ဒီမိစ္ဆာကောင်တွေ သေနတ်ပြောင်းဝမှာ ကိုယ်ရဲ့  ခေါင်းခန္ဓာကိုယ်ကို အသာတကြည် ငုံ့ ခံပေးလိုက်ဖို့ ဘဲ ရှိတော့တယ်။ အာဏာရူးတွေ ကြောက်တာ လက်နက် လက်နက်ချင်းဆိုရင် မလုပ်ရဲဖူး၊ ပြည်သူတွေ တစ်စုတစ်လုံးနဲ့  ရရာပစ္စည်း လက်နက်လုပ်ပြီး ပြန်တုန့် ပြန်ကြည့်ပါလား အာဏာရူးတွေ အာဏာရူးလက်ပါးစေတွေ သွေးကြောင်ကြတယ်ဆိုတာ ယခင် လူထုအုံကြွမှုအတွင်းက ပြည်သူတွေက ပြန်တုန့် ပြန်မှုတွေလုပ်တုန်းက သက်သေပြနေတယ်။ လက်နက်မဲ့ ပြည်သူကို စိမ်ပြေနပြေ ပစ်ခတ်လို့  ရနေလို့ သာ၊ ပြည်သူတစ်ဦးစ နှစ်ဦးစနဲ့ မို့ သာ အုပ်စုလိုက် ၀ိုင်းအနိုင်ကျင့်ရဲကြတာ လက်ထဲ သေနတ်ရှိနေလို့ သာ လက်ယားပြီး ပစ်ရဲကြတာပါ။

အခုလို သေနတ်နဲ့  အုပ်စုလိုက် ဗြောင်ကျကျ မတရား စော်ကားလာတာတွေဟာ ပိုပြီးဆိုးရွားလာတယ်၊ ပြည်သူကို စော်ကားရဲလာကြတာတွေဟာ ပိုပြီး ဖြစ်ပျက်လာတယ်ဆိုတာ အခု ပဲခူးမြို့ မှာ ဖြစ်ရတဲ့ ကျောင်းသားငယ်လေး နှစ်ဦး အသက်ဆုံးရတဲ့ အဖြစ်က လက်တွေ့ ပြနေပါပြီ။

ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးပါမယ်ဆိုတဲ့သူတွေက လက်နက်အားကိုး အုပ်စုအားကိုးနဲ့  မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခတ်ပြီး ပြည်သူကို ပြန်သတ်နေတာ ရင်နာစရာပါဘဲ။ ပဲခူးက ကျောင်းသားလေးနှစ်ဦး ဒီလို ရက်ရက်စက်စက် မတရားပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ကိုယ်နဲ့  မဆိုင်သလို ကိုယ် မခံစားရသလို မနေကြပါနဲ့ ။ သတင်းတွေ ဖြစ်ပျက်မှု မှန်သမျှတွေကို စုံစမ်းပြီး ၀ိုင်းဝန်းဖေါ်ထုတ်ပေးကြပါ။ မတရားမှုလုပ်ရပ်တွေကို မသိသေးသူတွေ သိရအောင် လက်ဆင့်ကမ်းပြောဆိုပေးကြပါ။

ဒီ ပဲခူးမြို့  အရေးအခင်းနဲ့  ပတ်သက်ပြီး အဖြစ်အပျက်မှန်ကို တရားဝင်ဖေါ်ထုတ်ပေးဖို့  ၀ိုင်းဝန်းတောင်းဆိုပေးကြပါ။ ကျောင်းသားငယ်နှစ်ဦးဖြစ်တဲ့ မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ကို ပစ်သတ်သတ်ဖြတ်ခဲ့တဲ့ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုးနဲ့  ပစ်ခတ်သူ စစ်သားတွေကို ပဲခူးမြို့ သူမြို့ သားတွေ ရှေ့ မှောက်မှာ မြန်မာပြည်သူပြည်သားတွေ ရှေ့ မှောက်မှာ လူသတ်မှုတရားခံများအဖြစ် ထိရောက်စွာ အရေးယူပေးဖို့  မြန်မာပြည်သူပြည်သားတွေ တောင်းဆိုပေးကြပါ။

သေဆုံးခဲ့ရတဲ့ မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ရဲ့  မိဘဆွေမျိုးသားချင်းတွေ ရင်နင့်အောင်ခံစားနေရတာတွေ ပဲခူးသူပဲခူးသားတွေ ကြေကွဲခံစားနေရတာတွေကို ကျွန်တော်တို့  အားလုံးက စိတ်မကောင်းဖြစ်ရုံနဲ့ ဘဲ ရပ်တန့် မနေကြဘဲ လက်တွေ့ ကျကျ စုစည်းဆောင်ရွက်ပေးကြပါလို့  တိုက်တွန်းလိုက်ရပါတယ်။

(၁) ကျောင်းသားငယ်နှစ်ဦးဖြစ်တဲ့ မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ကို မတရားပစ်သတ်သတ်ဖြတ်ခံခဲ့ရတဲ့ အဖြစ်အပျက်အမှန်ကို လက်ရှိ နအဖမှ ၀န်ခံထုတ်ဖေါ်ပေးပါ။

(၂) ကျောင်းသားငယ်နှစ်ဦးဖြစ်တဲ့ မောင်အောင်သူဟိန်းနဲ့  မောင်စိုးပိုင်ဇော်တို့ ကို ပစ်သတ်သတ်ဖြတ်ခဲ့တဲ့ ပဲခူး အခြေစိုက် ခလရ ၅၉ က ဗိုလ်ကြီး သိဒ္ဓိစိုးနဲ့  ပစ်ခတ်သူ စစ်သားတွေကို ပဲခူးမြို့ သူမြို့ သားတွေ ရှေ့ မှောက်မှာ မြန်မာပြည်သူပြည်သားတွေ ရှေ့ မှောက်မှာ လူသတ်မှုတရားခံများအဖြစ် ထိရောက်စွာ အရေးယူပေးပါ။

(၃) နောက်နောင် စစ်တပ်နှင့် လက်နက်ကိုင် အဖွဲ့  အစည်းမှန်သမျှ တရားဥပဒေမဲ့စွာဖြင့် မြန်မာပြည်သူပြည်သားများအား ရိုက်ပုတ်ညဉ်းပမ်းခြင်း၊ အသက်သေဆုံးရသည်အထိ ပစ်ခတ်သတ်ဖြတ်ခြင်းများ မလုပ်ရန် တာဝန်ယူပေးရမည်။

ဒီတောင်းဆိုချက် (၃) ချက်ကို လက်ရှိ နအဖမှ မဆောင်ရွက်ပေးပါက မြန်မာပြည်သူပြည်သားများအနေဖြင့် နအဖမှ လက်ရှိဆောင်ရွက်နေသည့် လုပ်ရပ်များအားလုံးအား သပိတ်မှောက်ဆန့် ကျင်ရန်နှင့် ထိရောက်သော တုန့် ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် ဖြစ်ပါသည်။


နစ်နေမန်း

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

07 September 2010

မြန်မာပြည်ရှိ လူကုန်ကူးသူ အုပ်စုတို့သည် အထက်တန်းကျောင်းသူများကိုယခုပစ်မှတ်ထားနေပြန်သည်..

လူကုန်ကူးသူအုပ်စုတို့သည် အထက်တန်းကျောင်းများကိုပင် ပစ်မှတ်ထား ရည်ရွယ်လာနေကြကြောင်း သိရသည်။ လူကုန်ကူးသူ အုပ်စုများသည် ကျောင်းသူလေးများကို နည်းမျိုးစုံဖြင့် ချဉ်းကပ်၍ ပြည်ပနိုင်ငံများသို့ လူကုန်ကူးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် လုပ်ဆောင်လာနေ ကြသည်။ “ကောင်မလေးက တက္ကသိုလ်ဝင်တန်း တက်နေတယ်။

သူနဲ့အတန်းဖော်ကောင်မလေးက သူ့မိဘတွေဟာ အရင်းမဟုတ်ဘူး။ မွေးစားမိဘတွေလို့ ပြောတယ်။ မိဘအရင်းက ဘယ်မှာနေတယ်ပေါ့။ အဲဒီလိုပြောနေတော့ တစ်နေ့မှာကောင်းမလေးက အိမ်ကပျောက်သွားတယ် ဆယ်ရက်လောက်ကြာတယ်။ မိဘတွေက စိတ်ပူပြီးရှာကြတာပေါ့။ ကောင်မလေးကဖုန်းဆက်တယ်။ မိဘတွေက ပြန်လာပါဆိုမှ အမေနေမကောင်းလို့ ခဏတော့ လာကြည့်မယ်ဆိုပြီး ပြန်လာတုန်း မိဘတွေကပြန်မလွှတ်ဘဲ ထားလိုက်ရတာ” ဟုအဆိုပါ ကျောင်းသူအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသူနည်းတူ အခြားတက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးသည်လည်း နှစ်ရက်ခန့်ပျောက်သွားခဲ့ပြီး ပြန်လည် တွေ့ရှိချိန်တွင် ပုံမှန်မဟုတ်သည့် အခြေအနေမျိုးဖြစ်နေပြီး ယင်း၏ မိဘအသိုင်းအဝိုင်းကမူ ဆေးထိုးခံထားရသည်ဟု ယူဆလျက်ရှိသည်။ အဆိုပါ ကျောင်းသူနှစ်ဦးစလုံးသည် မိဘတို့၏ အပူတပြင်းတိုင် ကြားမှုကြောင့် ပြန်လည် လွတ်မြောက် လာကြခြင်း ဖြစ်ပြီး မိဘတို့ကမူ လူကုန်ကူးသူတို့၏ လုပ်ရပ်ဟု ယုံကြည်လျက်ရှိကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျောင်းသားလူငယ် နှစ်ဦး သေဆုံးရမှု ပဲခူးမြို့နယ်လူထုမကျေနပ်၍ မနေ့က ရင်ခွဲရုံသို့စုရုံးရောက်ရှိ

မောင်အောင်သူဟိန်း ၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ




မောင်စိုးပိုင်ဇော်၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ






photo။ ။ Freedomnewsgroups

video ဖိုင် အား ကိုဒေါင်းမာန်ဟုန် ကိုကျေးဇူး တင်ရှိပါသည်.။

ပင်အိုရွက်နုတို့၏ အနီးအဝေး နှင့် ပံ့ပိုးမှုကို ထပ်မံပံ့ပိုးကြ







ပံ့ပိုးမှုကို ထပ်မံပံ့ပိုးကြ

“သင်္ခါရတဲ့ ရပ်ထဲရွာထဲ ရပ်ကွက်ထဲဝယ် … ဖြစ်နေသမျှကို ပြောရအုံးမယ် xxx သချိုင်းလက်မှတ် ထွက်ဖို့အရေး … ဟိုမေး ဒီမေး … ဟိုပေး ဒီပေးနဲ့ xxx ရပ်ရေး ရွာရေး သာရေး နာရေးအတွက် … လုပ်စားနေတဲ့ ပွဲစားတွေ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး ရေးသားကာ တေးဆို - Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ကိုယ်ပြုသောကံ ပဲတင့်သံ ကိုယ်ထံပြန်လာမည်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်း၏ အဓိက ရည်ရွယ်ချက်မှာ နာရေးကိစ္စရပ်များတွင် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်ကို လုပ်ကိုင်စားသောက်နေကြသော အသုဘ ပွဲစားများ အကြောင်းကို အများပြည်သူ သိရှိအောင် ဖွင့်ချ ရေးဖွဲ့ထားသော ဟစ်ဟော့ တေးသီချင်းတစ်ပုဒ် ဖြစ်သည်။

အဆိုပါ တေးသီချင်းအတွက် လိုအပ်သော စကားပြောအပိုဒ်များအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ ကော်မတီဝင်များ၊ အသင်းသူ/သားများတို့မှ စကားလုံးများဖြင့် အသံသွင်း၍ ပူးပေါင်း ပါဝင်ခဲ့သည်။

“ဘီယာ ကြယ်သီး ပန်းကုံးတွေနဲ့ မုသား သူခိုး ကြီးစိုးနေမြဲ xxx ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်ကြလဲ … အတ္တတွေနဲ့ ငါးပါးမှောက်ဆဲ xxx ကိုယ့်သီလကိုယ်လုံ ယသပါပဲ … မင်းရဲ့သမိုင်း ၀ါးတားတားနဲ့ xxx ကိုင်းကြီးကြီးမှာ နားစမ်းပါဟဲ့ xxx အနိစ္စသဘောနဲ့ ကိစ္စချောမယ် xxx အကုသိုလ်တွေ မယူသွားပါနဲ့ ကိုယ့်သမိုင်းကိုယ်ရေး ယသပါပဲ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး၊ ကျော်သူ ရေးသားကာ တေးဆို - ကိုဦးနှင့် Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ဟိတ်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်းအတွက် စကားပြော စာပိုဒ်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကိုယ်တိုင် စကားလုံးများဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသံသွင်း၍ ပူးပေါင်းပါဝင်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေး ပေးဆပ်မှုများအား အများပြည်သူတို့ထံ လျှင်မြန် သော အသိဖြင့် သိရှိနားလည်ရန်၎င်း၊ အယူသည်းမှုများ ပပျောက်စေရန် သင်ခန်းစာပေးသော အသိတရားပေးသော စကားလုံးများဖြင့် လျှင်မြန်စွာ အသိတရား ရရှိစေရန် ရည်ရွယ်၍ မိမိတို့ တတ်စွမ်းသော ဂီတပညာတို့ဖြင့် ပေးဆပ်ကြသော ဂီတပညာရှင်တို့၏ ဂီတသံစဉ်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ကလည်း တစ်ဖက်တစ်လမ်း ပံ့ပိုးပါဝင်ခဲ့ကြသည်။ ထို့ကြောင့် မိမိတို့ အား ပံ့ပိုးပေးသူတို့အား မိမိတို့ကလည်း ထပ်မံ၍ပံ့ပိုးကာ လူမှုရေးပေးဆပ်မှုအင်အားကို မြှင့်တင်လိုက် ရပါသည်။







ပင်အိုရွက်နုတို့၏ အနီးအဝေး

ယနေ့ ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် “ပင်အိုရွက်နု” သင်တန်းဟု တင်စားခေါ်ဝေါ်ထားသော လူကြီး ပန်းချီသင်တန်းကို ဆရာ ဦးဝင်းကြည်နှင့် ဆရာ ဦးလှထွန်းအောင်တို့မှ မအားမလပ်သည့် ကြားမှ စေတနာထားကာ ဒုတိယသင်ခန်းစာအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက်၍ သင်ကြားပြသခဲ့သည်။ ယင်း ဒုတိယအနေ့ ပန်းချီသင်တန်းတွင် သင်တန်းသူ/သား အသစ်များ ထပ်မံ၍ တက်ရောက်ကြသလို သင်တန်းသား ဟောင်းများကလည်း မလျှော့သောဇွဲဖြင့် ကြိုးစားကာ သင်ယူခဲ့ကြသည်။ သင်တန်း ပထမနေ့ ပို့ချချက်တွင် ခဲချွန်နည်း၊ ခဲတံကိုင်ပုံ ကိုင်နည်း၊ လိုင်းများရေးဆွဲခြင်း တို့ကို သင်ကြားပေးခဲ့သလို ယနေ့ ဒုတိယပို့ချချက်တွင် အရာဝတ္ထုတစ်ခု၏ အနီးအဝေး၊ အထားအသို များကို ပို့ချခဲ့သည်။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။