26 November 2011

ဒယ်အိုးဆရာတော်ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရ

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာတရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက်တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့်ဆရာတော်မှာ ဆရာတော်ဥူးသုမင်္ဂလဖြစ်ပါသည်။ အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများလာရောက်ပြောဆိုနေသောအချိန်တွင်

မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များကိုင်ဆောင်ထားသည် ကိုလည်းတွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ်ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန်လူများပြည့်နှက်နေ သည့်အချိန်မှ တရားဟောခွင့်မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံအသစ်များဖြင့် တုတ်များကိုလက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်းပြုလုပ်ခဲ့ပါသည်။ ပရိသတ်များအားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလိုတရားပွဲပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်းခံစားရကြောင့်း မျက်ရည်များလည်၍ပင်ပြောကြား ကြပါသည်။

အဆိုပါဖြစ်စဉ်မှာ ဆရာတော်အား သံဃာနာယကအဖွဲ့မှာ ဗုဒ္ဓဟူးနေ့တွင် သတိပေးပြီးနောက် ဖြစ်ခဲ့သည့်ဖြစ်စဉ်လည်းဖြစ်ပါသည်။ ဆရာတော်မှာ တရားဟောပြီး ရရှိသော ဓမ္မပူဇာများဖြင့် ပရဟိတလုပ်ငန်းများကို အကုန်ပြန်လည်လှူဒါန်းနေသော ဆရာတော်တစ်ပါးလည်းဖြစ်ပါသည်။ ထို့ကြောင့် ပရဟိတလုပ်ငန်းများအနေဖြင့်လည်း အလွန်နစ်နာသောဖြစ်ရပ်လည်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ သဘာဝဘေးအန္တရာယ်များကြုံတွေ့ရာနေရာများကိုလည်း ဆရာတော်သည် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လှူဒါန်း ပေးနေသောဆရာတော်တစ်ပါးလည်းဖြစ်ပါသည်။

အဆိုပါဆရာတော်တစ်ပါးအား တရားပွဲမဟောရန် တားမြစ်ခြင်းသည် ယခုဖြစ်ပေါ်နေသော အခြေအနေများဖြင့်လည်း အလွန်သွေဖယ်နေသော လုပ်ရပ်လည်းဖြစ်ပါ သည်။ ကောင်းမွန်သော အခြေအနေများကိုလည်း ဖျက်ဆီးပစ်သောဖြစ်ရပ် တစ်ခုလည်းဖြစ်ပါ သည်။ မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတလုပ်ငန်းများနှင့် ဆရာတော်အားကြည်ညိုကြသော တရားနာပရိတ်သတ်များ သည် အလွန်မကျေမချမ်းဖြစ်ကာ ၀မ်းနည်းကြေကွဲနေရပါသည်။

အဆိုပါဖြစ်ရပ်ကြောင့် ယခုအုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော်အမည်တပ်ကာ စတိတ်ရိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲစစ်စစ်များကို ဂုဏ်သိက္ခာမရှိတား ဆီးနှောက်ယှက်မှုများပြုလုပ်ခြင်း သည် နိုင်ငံတော် သစ်ဆီသို့လှမ်းနေသောခြေလှမ်းများအား ယုံမှားသံသယရှိဖွယ်ပင်ဖြစ်ပါတော့သည်။

ပြည်မြို့ ညဈေးတန်းဆိုင်ခန်းတွဲများကို စည်ပင်က ဖျက်သိမ်းဖို့ ဖိအားပေးနေ (နောက်ဆက်တွဲသတင်း)

ပြည်မြို့  စာတိုက်ဟောင်းလမ်းပေါ်မှာရှိတဲ့ ညဈေးတန်း ဆိုင်ခန်းတွဲတွေကို စည်ပင်သာယာက ဖျက်သိမ်းဖို့ အောက်တိုဘာ ၃၁ ရက်နေ့က last-date သတ်မှတ်ပြီးတဲ့အခါမှာ မီဒီယာတွေမှာ ဒီကိစ္စကို ဖော်ပြသောကြောင့် ခဏရပ်တန့်သွားခဲ့ပါတယ်။

အခုအခါမှာတော့ ပြည်မြို့  စည်ပင်သာယာအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြတ်စိုးက အဖွဲ့ပိုင် ဆိုင်ခန်းများ အပ်နှံရေး ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ၁၈-၁၁-၂၀၁၁ ရက်နေ့ နောက်ဆုံးထား အပ်နှံရန် ညဈေးတန်း ဆိုင်ခန်းတွဲမှာ နေထိုင်သူတွေကို နိုဝင်ဘာ ၁၂ ရက်နေ့က စာပို့ခဲ့ပါတယ်။

ညဈေးတန်း ဆိုင်ခန်းပိုင်ရှင်တွေကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးမြင့်နိုင်နှင့် အထက် တန်းရှေ့နေ ဒေါ်ဇင်မိုးထိုက်တို့က ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ-၃၅၆၊၃၅၇ * နှင့် ခုခံချေပသွားမယ်ဆိုပြီး စည်ပင်မှ ညွှန်ကြားရေးမှူး ဦးမြတ်စိုးထံသို့ အောက်တိုဘာ ၁၄ ရက်နေ့က စာပြန်ပို့ခဲ့ပါတယ်။

ပြည်မြို့ဆိုင်ခန်းတွဲပိုင်ရှင်တွေကနေ စည်ပင်ကို စာပြန်ပို့ပြီးနောက်မှာ အောက်တိုဘာ ၁၈ ရက်နေ့က စည်ပင်မှ ညဈေးတန်းကို လာရောက်ဖျက်ဆီးခြင်း မရှိခဲ့ပါဘူး။ အောက်တိုဘာ ၁၉ ရက်နေ့ညမှာ ညဈေးတန်းမှာနေထိုင်တဲ့ ဦးဌေး ဆိုသူက ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင်ထံ ညဈေးတန်းတွင် နေထိုင်သူအားလုံးကိုယ်စား တစ်လတစ်ကြိမ် ပုံမှန်ဧည့်စာရင်း သွားတိုင်ခဲ့ပါတယ်။

အဲဒီလို သွားတိုင်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးဦးမောင်မောင်ခင်ဆိုသူက ဦးဌေးကို အခုလိုပြောပါတယ်။ “သူက စည်ပင်သာယာကနေပြီးတော့ စာပေးထားတယ်။ စာပေးထားတဲ့ အတွက် ဧည့်စာရင်းကိုလက်မခံပါဘူးတဲ့။ စည်ပင်လူကြီးက သူ့ကို နှစ်ခါတောင်ပြောထားပါတယ်။ ဒါကြောင့်သူဧည့်စာရင်းမပေးနိုင်ပါဘူးတဲ့။ တစ်ကယ်လို့ ကျနော့်အနေနဲ့ အခက်အခဲရှိလို့ ဈေးထဲမှာ ဆက်နေပြီးတော့ အိပ်မယ်ဆိုရင် အိပ်ပါတဲ့။ ဧည့်စာရင်းတွေ တစ်ကယ်လို့ စစ်မယ်ဆိုရင် သူတို့ကို လဲလေးစားနေရတယ်။ကျနော်တို့ကိုလဲ လေးစားတဲ့အနေနဲ့ ကြိုတင်လာပြောပါ့မယ်လို့ပြောပါတယ်။ ဧည့်စာရင်းတော့ ရေးမပေးလိုက်ပါဘူး။” လို့ ဦးဌေးက ဘားမားဗီဂျေကို ပြန်ပြောပြခဲ့ပါတယ်။

ဦးဌေးက ဧည့်စာရင်းတိုင်ခွင့် မရလို့ ပြန်လာတဲ့အခါ ညဈေးတန်းဆိုင်ခန်း တွဲတွေမှာ နေထိုင် တဲ့မိသားစုတွေက အောက်တိုဘာ ၁၉ရက်နေ့ည တစ်ညလုံး စာတိုက်ဟောင်းလမ်းပေါ်မှာ ဧည့်စာရင်း လာစစ်မှာ ကြောက်လို့ ထွက်ထိုင်နေကြရပါတယ်။ “ကိုဌေးဝင်းကပေါ့ ဧည့်စာရင်းလဲသွားတိုင်ရော ငါတို့ကို ဧည့်စာရင်းမပေးဘူးတဲ့။ အဲဒီတော့ ငါတို့မအိပ်ရဲဘူးပေါ့နော်။ တစ်ညလုံးလမ်းမှာထိုင်နေရတယ်။ ဧည့်စာရင်းလာစစ်ရင်ဖမ်းမှာဆိုးလို့။ တစ်တန်းလုံးပေါ့ဗျာ အဲဒီလိုပဲညတုန်းကဆို ကျနော်လဲပါတာပေါ့ ကျနော်လဲဘယ်အိပ်ရတော့မလဲ။ တညလုံး အလင်းရောင်အောက်မှာထိုင်နေရတယ်။” လို့ ညဈေးတန်း ဆိုင်ခန်းတွဲတွေမှာ ၁၅နှစ်ကျော်ကြာ နေထိုင်လာခဲ့သူ ဦးပုက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ဒီဆိုင်ခန်းလေးတွေကို မှီခိုပြီးတော့ ရောင်းဝယ်စားသောက်နေတဲ့ ဆင်းရဲသားအဖွဲ့ပေါ့နော်။ အခုလိုမျိုးဖယ်ရမယ်ဆို ကျနော်တို့စီးပွားရေးက လုပ်ကိုင်မရတဲ့အနေထားဖြစ်သွားမယ်။ အပြင်မှာငှားနေရမယ်ဆိုတာကလဲ မလွယ်ပါဘူး။ ဒါကြောင့်ဒုက္ခရောက်မယ့်အနေထားဖြစ်နေပါတယ်။ ကျနော်တို့ကို တရားစွဲတဲ့အခါကျရင် ကျနော်တို့ဘက်က ကူညီပေးမယ့် ရှေ့နေတွေနဲ့တိုင်ပင်ပြီးတော့ ခုခံကာကွယ်သွားမယ်လို့စဉ်းစားထားပါတယ်။ ”လို့ ဦးဌေးက ဘားမားဗီဂျေကို ညဈေးတန်းဆိုင်ခန်းတွဲနေ မိသားစု အားလုံးကိုယ်စား ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

ဒီကနေ့အထိတော့ စည်ပင်သာယာမှ ပြည်မြို စာတိုက်ဟောင်းလမ်းပေါ်မှာရှိတဲ့ ညဈေးတန်း ဆိုင်ခန်းတွဲတွေကို လာရောက်ဖျက်သိမ်းခြင်း မရှိသော်လည်း ဆိုင်ခန်းတွဲမှာ နေထိုင်နေကြတဲ့ မိသားစုတွေကတော့ သူတို့ ဆိုင်ခန်းတွေကို ဘယ်အချိန်မှာ စည်ပင်တွေက အင်အားသုံးလာဖျက်ဆီးမလဲ ဆိုတာကို စိုးရိမ်ကြောင့်ကြနေကြရပါတယ်။


ပုဒ်မ-၃၅၆၊၃၅၇* -

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အခန်း(၈)နိုင်ငံသားများ၏ မူလအခွင့်အရေး

ပုဒ်မ ၃၅၅ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနဲ့အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။

ပုဒ်မ ၃၅၆ နိုင်ငံတော်သည် နိုင်ငံတော်သားများ၏ တရားဝင်ရရှိထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမယ် ဟု အတိအလင်း ပြဌာန်းထားပါသည်။

သတင်း..ဘားမားဗီဂျေ

တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော် နိုဝင်ဘာလ(၆)ရက်နေ့က နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်တွင်း ပူဇော်ထားရှိစဉ် မြင်ကွင်း ဓာတ်ပုံများ









ဓာတ်ပုံများပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

NLD ပထမဆုံးအသုတ် ပါတီဝင် ၁၀ သိန်း လက်ခံမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။

ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။

"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစ ဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟု မဇ္ဈိမကိုပြောသည်။


ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာ တို့ပါဝင်မည်ဟုလည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။

"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှာ ပူးပေါင်းပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်းသစ်က မဇ္ဈိမကိုပြောသည်။

ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာ ပြည်နယ်နှင့်တိုင်း
ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။

သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။ တေးရေးဆရာတဦးဖြစ်သည့်
ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။

"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်က ပြောသည်။

သတင်း..မဇ္ဈိမ

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပြန်လည်ဖွဲ့စည်း​ခွင့်​ကို ​ကော်မရှင် လက်ခံ


အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပြန်လည်ဖွဲ့စည်း​ခွင့်​ ပြုဖို့​အတွက် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က လက်ခံလိုက်တယ်လို့​ သိရပါတယ်။

ဒီက​နေ့​ မနက်ပိုင်း​ ၁၀ နာရီခွဲ​လောက်က ​နေပြည်​တော်မှာ ​ရောက်​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု​ဆောင်အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​တို့​က အဖွဲ့​ချုပ် ပြန်လည်ဖွဲ့​စည်း​ရေး​အတွက် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်ကို သွား​ရောက် ​လျှောက်တင်ရာမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်း​ရေး​ကို လက်ခံလိုက်တယ်လို့​ အဖွဲ့​ချုပ်က တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​ဟန်သာမြင့်​က ​ပြောပါတယ်။

“၁၀ နာရီခွဲက တင်လိုက်​တော့​ ဖြတ်ပိုင်း​ရတယ်။ လက်ခံဖြတ်ပိုင်း​ရတာ​ပေါ့​ ​ကော်မရှင်က ဆက်တယ်။ အတည်ပြုတာမဟုတ်ဘူး​ သူက ​လျှောက်လွှာကို လက်ခံလိုက်တယ်​ပေါ့​ဗျာ။ သူ့ ပုံစံ​တွေ ဘာ​တွေ မှန်တယ်​ပေါ့​။ ကျ​နော်တို့ တင်တဲ့​ပုံစံမှန်လို့​ လက်ခံတဲ့​ သ​ဘောပါပဲ။”

အဖွဲ့​ချုပ်ကို ပြန်လည် ဖွဲ့​စည်း​ခွင့်​ပြုပြီး​တဲ့​ ​နောက်ပိုင်း​မှ ပါတီမှတ်ပုံတင်ရမယ်လို့လည်း​ ဦး​ဟန်သာမြင့်​က ​ပြောပါတယ်။

လော​လောဆယ်​တော့​ ပါတီပြန်လည်ဖွဲ့စည်း​ခွင့်​ကို​တော့​ တိုင်း​နဲ့​ပြည်နယ်က အမျိုး​သား​ ၁၀ ဦး​နဲ့​ အမျိုး​သမီး​ ၁၁ ဦး​ စုစု​ပေါင်း​ ၂၁ ဦး​နဲ့ တင်​လျှောက်လိုက်တာပါ။

အဲဒီ ၂၁ ဦး​ဟာ ပါတီပြန်လည် ဖွဲ့စည်း​ရေး​အတွက်ပဲ အမည်စာရင်း​နဲ့​ ​လျှောက်ထား​တာဖြစ်ပြီး​တော့​ ​နောက်လာမယ့်​ ပါတီရဲ့​ ဖွဲ့စည်း​ရေး​နဲ့​ မသက်ဆိုင်ဘူး​လို့​ အဲဒီ ၂၁ ဦး​မှာပါဝင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဦး​စီး​အဖွဲ့​ဝင် ကရင်ပြည်နယ်က ​ဒေါ်နန်း​ခင်​ထွေး​မြင့်​က ​ပြောပါတယ်။

လော​လောဆယ်အဖွဲ့ချုပ်ဗဟိုမှာ​တော့​ ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ဗဟိုနဲ့​ တိုင်း​နဲ့​ပြည်နယ်အဖွဲ့တွေကို ဖွဲ့​စည်း​သွား​မှာဖြစ်ပြီး​ ​ရွေး​ကောက်ပွဲ ​နောက်ပိုင်း​မှ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဗဟိုဦး​စီး​အဖွဲ့ကို ပြန်လည်ဖွဲ့​စည်း​သွား​မယ်လို့ ​ဒေါ်နန်း​ခင်​ထွေး​မြင့်​က ရှင်း​ပြပါတယ်။

“​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ပြီး​မှ အခုက ​အောင်နိုင်​ရေး​ပဲ အဓိက​လေ။ ​အောင်နိုင်​ရေး​ပြီး​တော့​ ​ရွေး​ကောက်ပွဲ ဝင်လိုက်မယ်။ ​ရွေး​ကောက်ပွဲပြီး​မှပဲ ကျမတို့​က မူလရှိထား​တဲ့​ အ​ဟောင်း​အတိုင်း​ပဲ ​နေမယ်။ အရင်အ​ဟောင်း​အတိုင်း​ပဲ။ စီအီး​စီလည်း​ အရင်အ​ဟောင်း​ အတိုင်း​ပဲ စီစီ​တွေလည်း​ အရင်အ​ဟောင်း​ အတိုင်း​ပဲ ရှိ​နေတယ်​ပေါ့​နော်။ မြို့နယ်စည်း​တွေ၊​ ပြည်နယ်စည်း​တွေလည်း​ အရင်အ​ဟောင်း​အတိုင်း​ပဲ။ ဘာမှ တိုး​တာ ​လျှော့​တာ အသစ်​တွေ လက်မခံနဲ့​ဦး​။ ​ရွေး​ကောက်ပွဲ ပြီး​တဲ့​အခါကျမှ ကျမတို့​က ကိုယ့်​မြို့နယ်​တွေမှာ ပြန်ပြီး​တော့​စ။ အခု ပါတီဝင်​တွေ​တော့​ လက်ခံ​ပေါ့​။ ပါတီဝင်လက်ခံဆိုတာလည်း​ ​လျှောက်လွှာ​တွေက ရုံး​ချုပ်က ပို့​မှာ။ ရုံး​ချုပ်က ပို့တာကိုပဲ ​စောင့်​ရမှာ လကုန်​လောက်မှ ရမှာ။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပါတီပြန်လည်ဖွဲ့စည်း​ခွင့်​ကို ​လျှောက်ထား​ပြီး​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်ဖို့​ ပြင်ဆင်​နေ​ပေမယ့်​ ပြည်သူလွှတ်​တော် ဥက္ကဌ ဦး​သူရ​ရွှေမန်း​က​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လာမယ့်​ ၃လအတွင်း​ ကျင်း​ပနိုင်မှာ မဟုတ်ဘူး​လို့​လည်း​ ဒီက​နေ့​ ​နေပြည်​တော်မှာ သတင်း​ထောက်​တွေကို သီး​ခြား​တွေ့​ဆုံစဉ်မှာ ​ပြောကြား​လိုက်တယ်လို့​ သိရပါတယ်။

သတင်း...ဒီမိုကရက်တစ် မြန်မာ့အသံ

လွပ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင် ပေါ်ပေါက်စေရန် ဥပဒေသမားများ အဂတိတရား ကင်းရှင်းဖို့လို

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင် ပေါ်ပေါက်စေရန် ဥပဒေသမားများ အပါအ၀င် အစိုးရ၀န်ထမ်းပြည်သူများအကြား အဂတိတရား ကင်းရှင်းစေရန် အထူးလိုအပ်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူတို့က သုံးသပ်ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ တွင် တရားဥပဒေစိုးမိုးရန် လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင်လိုအပ်ကြောင်း နေအိမ်အကျယ်ချုပ်မှ လွတ် မြောက်ခြင်း တစ်နှစ်ပြည့်အခမ်းအနား၌ ပြောကြားခဲ့သည်။

“သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်ပေါ်ပေါက်ဖို့ လာဘ်ပေး၊ လာဘ်ယူမှုတွေ ကင်းရှင်းမှရမယ်။ တရားရေးမှာ မတရားမှုတွေရှိခဲ့ရင် တရားရုံးနဲ့ ပတ်သက်သူ အပါအ၀င် အနီးကပ်ကြီးကြပ်သူတွေအထိ အရေးယူမယ်လို့ တရား သူကြီးချုပ်က လွှတ်တော်မှာ ပြန်ဖြေဖူးတယ်။ ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့ အရေးကြီးဆုံးက တရားသူကြီး တွေပဲ” ဟု လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က ဆိုသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်းတစ်နှစ်ပြည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ယုံ ကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုးတက် ရေး၊ ပြည်သူများ စိတ်လုံခြုံရေးတို့အတွက် တရားဥပဒေ စိုးမိုးရေးမှာ အဓိကအရေးကြီးကြောင်း၊ ဥပဒေစိုးမိုးရန် တရားရေးမဏ္ဍိုင်၏ လွတ်လပ်မှု၊ မှန်ကန်မှုပေါ်တွင် မူတည်ကြောင်း၊ လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင် မရှိခြင်းကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အကျဉ်းထောင်ထဲရောက်ခြင်းဖြစ်နေကြောင်း ပြော ကြားခဲ့သည်။

“ဗိုလ်ချုပ်က ပြောခဲ့တယ်။ နိုင်ငံရေးက ညစ်ထေးတာမဟုတ်ဘူး။ ညစ်ပတ်သူတွေကသာ နိုင်ငံရေးကို ညစ် ထေးအောင်လုပ်တာပါ.။ ဒီလိုပဲ ဥပဒေက မသန့်ရှင်းတာ မဟုတ်ဘူး။. ဥပဒေသည် ပြဋ္ဌာန်းချက်တစ်ခုပါ။ မသန့် ရှင်းသူတွေကသာ ဥပဒေကို မှားယွင်းအသုံးပြုနေလို့ မသန့်ရှင်းဘူးလို့ စွပ်စွဲပြောဆိုခံရတာပါ.။ လွှတ်တော်ကိုယ် စားလှယ်တွေမကောင်းရင် လွှတ်တော်တစ်ခုလုံး ကောင်းမှာမဟုတ်ဘူး။ လွှတ်တော်မကောင်းရင် အစိုးရအဖွဲ့ ကောင်းအောင် လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲမှာပါ။ တကယ်တော့ ဥပဒေက သန့်ရှင်းပြီးသားပါ။ သန့်ရှင်းတဲ့ ဥပဒေကို ဖော်ဆောင်နေတဲ့ ဥပဒေအရာရှိတွေဖြစ်ဖို့က သူတို့နဲ့ ကိုက်ညီတဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေနဲ့ လစာတွေပေါ်မှာ မူတည်နေတဲ့အတွက် အများကြီးကြိုးစားရဦးမှာပါ” ဟု စီးပွားရေးနှင့် ဥပဒေအကြံပေးဦးတင် သန်းဦးက ပြောပြသည်။

လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင်တစ်ရပ်မရှိပါက နိုင်ငံအတွင်း ဒုစရိုက်မှုများ၊ အကြမ်းဖက်မှုများ၊ ဥပဒေအပေါ် လက်တစ်လုံးခြား အသုံးချမှုများ ပေါ်ပေါက်ကာ အဆုံးတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံမှုအပေါ် ထိခိုက်စေနိုင်ကြောင်း ဥပဒေရေးရာ ၀န်ထမ်းများက သုံး သပ်ကြသည်။

“ရဲတွေအနေနဲ့ မှုခင်းမဖြစ်အောင် ကြိုတင်ကာကွယ်ရေးနဲ့ ပြည်သူကို အသိပညာပေးရေးကို လုပ်နိုင်မယ်။ ဒါ့ပြင် အေးချမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာ ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရတယ်။ မှုခင်းက အချိန်မရွေးဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ရေးကိုပဲ ရဲကလုပ်နိုင်မယ်။ ပြည်သူကလည်း ဥပဒေ ကို နားလည်ဖို့ လေ့လာထားရမယ်။ နားမလည်ရင် ဥပဒေနားလည်သူတွေရဲ့ လိမ်ညာလှည့်ပတ်တာကို ခံ ရမယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်တွေ တည်တံ့ခိုင်မာ ဖို့လိုသလို အများပြည်သူ လက်ခံယုံကြည်တဲ့ လွတ်လပ်စွာတရားစီရင်ကြားနာနိုင်မယ့် ဥပဒေတွေလိုတယ်” ဟု ကျောက်တံတားရဲစခန်းမှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

စည်းကမ်းပြည့်ဝသော ဒ်ီမိုကရေစီနိုင်ငံတော်သစ်တစ်ခုအဖြစ်ဖို့ အသွင်ပြောင်းလဲနေချိန်တွင် ရန်ကုန်မြို့ လယ်၌ ဒါရိုက်တာတစ်ဦး အသတ်ခံရခြင်း၊ မြောက်ဥက္ကလာ၌ အုပ်စုဖွဲ့ဝိုင်းဝန်းသတ်ဖြတ်သည့် ကိစ္စရပ်များ ဖြစ် ပွားခြင်းများသည် နိုင်ငံတော်အတွက် အကျည်းတန်စေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။

“အမှုအတွက် မသင်္ကာသူကို စုံစမ်းစစ်ဆေးပြီး တရားရုံးတွေက ပိုင်နိုင်ခိုင်မာအောင် အမှုတည်ဆောက်ရ မယ်။ တရားသူကြီးက ထိရောက်ပြီး ဘက်မလိုက်တဲ့ ပြစ်ဒဏ်ကို ချမှတ်ရမယ်။ တရားခံအသစ်ကို သက်သေအ ထောက်အထားနဲ့ ဖော်ထုတ်ပြီး ထိရောက်တဲ့ပြစ်ဒဏ်ကို ချမှတ်ရင် မတော်မတရားအမှုတွေ ပပျောက်မယ်” ဟု ၄င်းက ဆက်လက်ပြောပြသည်။

ဥပဒေအရာတွင် နိုင်ငံသားအားလုံး တန်းတူခံစားခွင့်ရရှိရန် အကာအကွယ်ပေးသွားမည်ဖြစ်ပြီး၊ တရားရေး မဏ္ဍိုင်ကိုလည်း ခိုင်ခံ့အောင် တည်ဆောက်ပေးမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုသည် လူတစ်ဦးချင်း ထိ ခိုက်စေသည်သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ပြည်သူများ၏ အကူအညီကိုရ ယူပြီး ထိရောက်စွာတားဆီးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၃၀ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်းပြောကြားခဲ့သည်။



“တရားရေးမဏ္ဍိုင် သန့်ရှင်းဖို့၊ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဖို့အတွက် တရားရေးရာဝန်ထမ်းတွေရဲ့ စားဝတ်နေရေးပြေလည်ဖို့လိုတယ်။ တရားသူကြီးတွေရဲ့ လစာက စားဝတ်နေရေး အဆင်မပြေနိုင်ရင် လာဘ်စား ကြမှာပဲ။ တချို့ကြတော့ စားဝတ်နေရေး အဆင်ပြေတယ်။ ဒါပေမဲ့ လာဘ်စားတယ်။ ဒါတွေပြင်ဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာ လစာ၊ အသုံးစရိတ်လောက်ငအောင် လုပ်ပေးဖို့လိုတယ်။ စိတ်ပိုင်းဆိုင်ရာပြင်ဖို့ အတွက်ကတော့ အချိန်ယူ ပြီး ပြုပြင်ပြောင်းလဲမှရမယ်။ စိတ်ဓာတ်တွေကောင်းလာအောင် တဖြေးဖြေးပြင်ရမယ်။ အဲဒီမှာ ထိရောက်တဲ့ အရေး ယူဆောင်ရွက်မှုလုပ်ဖို့ လိုတယ်။ လာဘ်ပေးတဲ့သူမရှိအောင် လုပ်ဖို့လိုသလို၊ လာဘ်ယူတဲ့သူကိုလဲ မယူအောင် ပြောရမယ်။ ဒါမှ လွတ်လပ်သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်ဖြစ်မယ်” ဟု တရားရုံးချုပ်ရှေ့နေ ဦးဇော်လင်းက ပြော သည်။

တရားရေးမဏ္ဍိုင် သန့်ရှင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြိုးစားနည်းတစ်ခုမှာ ဥပဒေအထောက် အကူအဖွဲ့ ထူထောင်ထားပြီး နိုင်ငံရေးသာမက ပြည်သူအားလုံး တရားဥပဒေရှေ့မှောက်တွင် တရားမျှတသော စီ ရင်ချက်ရရန် ကူညီသည့်နည်းဖြင့် တရားရေးမဏ္ဍိုင်ခိုင်မာအောင် ကြိုးပမ်းနေ ရာ ပြည်သူများဘက် ကလည်း ထောက်ပြရမည်ဖြစ်ကြောင်း၊ ထောက်ပြမှသာ အစိုးရဘက်မှ ပြောင်းလဲရမည့် အချက်များ သိရှိနိုင်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်း တစ်နှစ်ပြည့်အခမ်း အနား၌ ပြောကြားခဲ့သည်။

ရင်းမြစ်..မက်စင်ဂျာ ဂျာနယ်


ရန်ကုန်တွင် လူဆိုးဂိုဏ်းများ သောင်းကျန်းလာ

ရန်ကုန်တိုင်းဒေသကြီးတွင် လူဆိုးဂိုဏ်းများ သောင်းကျန်းလာကြောင်း ယင်းတို့၏ခြိမ်းခြောက်မှုဒဏ်ကို ခံစားရသူများနှင့် ယင်းတို့နှင့် နီးစပ်သူများက ပြောကြားသည်။

မကြာမီကာလအတွင်းက ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သော မှုခင်းများနှင့်ခြိမ်းခြောက်မှုများတွင် ယင်း လူဆိုးဂိုဏ်းများ၏ ပါဝင် ပတ်သက်မှုတွင် ထင်ရှားစွာ မြင်တွေ့လာရကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လူသတ်မှုကိစ္စရပ်တွေ၊ ခြိမ်းခြောက်မှု ကိစ္စရပ်တွေမှာ သူတို့ရဲ့လက်ရာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း ဆောင်ရွက်နေပါတယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

ရုပ်ရှင်မင်းသားနေတိုး၏ ဖခင်သည် လူဆိုးဂိုဏ်းတစ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကိုခံရသည့် ရခိုင်လူငယ်တစ်ဦးနှင့် ဆက်စပ်သည့် ကိစ္စရပ် များအား လိုက်လံကူညီပေးခဲ့ခြင်းအား ချက်ချင်းရပ်ဆိုင်းပါရန် လူဆိုးဂိုဏ်းမှ ဖုန်းဆက်ခြိမ်းခြောက်ခဲ့ကြောင်း ရုပ်ရှင်လောက အသိုင်းအဝိုင်းမှ သိရသည်။

“လမ်းဘေးဖုန်းနဲ့ဆက်ပြီးခြိမ်းခြောက်တာ၊ ခင်ဗျားဆက်လုပ်ရင် ခင်ဗျားသားပါ ပြဿနာရှိတယ်ဆိုပြီး ခြိမ်းခြောက် တာလို့ကြားတယ်”ဟု ယင်းသတင်းရင်းမြစ်က ပြောကြားသည်။

ယင်းလူဆိုးဂိုဏ်းများသည် ခြိမ်းခြောက်ခြင်းကို ပြုလုပ်သလို ရန်ငြိုး၊ရန်စရှိသူများကိုလည်း သတ်ဖြတ်ရန် အဆိုပါ လူဆိုးဂိုဏ်းများအား ငှားရမ်း သည်များ ရှိနေကြောင်းကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ် လူသတ်မှုက သက်သေပြခဲ့သည်။

အဆိုပါ အမှုတွင် လူတစ်ယောက်တည်းအား နှစ်ဆယ်နီးပါးရှိသည့် ဓားကိုင်ထားသူများက ၀ိုင်းခုတ်ခြင်းဖြစ်ကာ၊ ယင်းဓားကိုင် လူသတ် သမားများအား ငှားရမ်းမည်ကို စေခိုင်းသူက အဆိုပါရပ်ကွက်တွင် ကြိုတင်ကြေငြာထားကြောင်း သိရသည်။

“လက်မရွံတွေဆိုတာ ဓားကိုင်ပုံ၊ ဓားနဲ့ထိုးပုံကို ကြည့်ရင် သိသာပါတယ်”ဟု ယင်းအမှုအား မျက်မြင်တွေ့မြင်ရသူတစ်ဦးက အတည်ပြု ပြောကြားသည်။

လူဆိုးဂိုဏ်းများ ကျက်စားရာဒေသများသည် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ ကမ်းနားလမ်း ဧရိယာများတွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း သတ်တာခံရမယ်၊ တုတ်နဲ့ရိုက်တာ ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံရပါတယ်”ဟု မက္ကာဘုရားဖူးကိစ္စရပ်တွင် အကျိုးဆောင် ပေးနေသူတစ်ဦးက ပြောကြားသည်။

သတင်း... yangonchronicle

ရန်ကုန်မြို့တော်စည်ပင်ပိုင်မြေပေါ်တွင် တရားမ၀င်ကျူးကျော်မှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ ဥပဒေအားလိုက်နာမှုရှိစေရန် ဆောင်ရ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်ကြားမှုအများဆုံးဖြစ်သည့် စည်ပင်သာယာပိုင်မြေပေါ်တွင် တရား မ၀င်ကျူးကျော်ဆောက်လုပ်ထားသည့် အမှုနှင့်ပတ်သက်၍ ဥပဒေအားလိုက် နာမှုရှိစေရန် အတွက် ပြင်ဆင် ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

`ရန်ကုန်မှာတိုင်ကြားမှုအများဆုံးဖြစ်တဲ့ စည်ပင်မြေပေါ်မှာတရားမ၀င်ကျူးကျော်ဆောက်လုပ်ထားတဲ့စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီးရှိနေတယ်။ လက်ညိုးထိုးပြလို့ရတယ်။ သူတို့တွေအနေနဲ့ ဥပဒေကို လေးစား လိုက်နာမှုရှိအောင် ကျွန်မတို့အနေနဲ့ ပြင်ဆင်ပေးသင့်တယ်´ ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဗဟန်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးတွင် စည်ပင်မြေပေါ်တွင်တရားမ၀င်ကျူးကျော် မှုနှင့်ပတ်သက်၍ ပုဒ်မ-၂၉နှင့် ပုဒ်မ-၃၁တို့တွင် ငွေဒဏ်ဖြင့်မလုံလောက်ပါက ထောင်ဒဏ်ထည့်သွင်းစေလို သည့် အဆိုမှာ အောင်မြင်မှုမရရှိခဲ့ကြောင်း ၄င်းမှ ဆက်လက်ပြောဆိုသည်။

``စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တချို့က စည်ပင်ပိုင်မြေပေါ်မှာ တနေ့ကို ဒဏ်ငွေ-၃၀၀၀(ကျပ်သုံးထောင်) ဆောင်ပြီးတော့ လုပ်ငန်းကြီးတွေလုပ်ကိုင်နေကြတာမျိုးတွေရှိတယ်၊ တနေ့ကို ဒဏ်ငွေ သုံးထောင်ပဲ ရိုက်မယ် ဆိုရင် ပေးနေမှာပေါ့၊ တကယ်လို့ပြစ်မှုတစ်ခုကို ထပ်ခါထပ်ခါ ကျူးလွန်မယ်ဆိုရင် ဒီလို ၀ိသမလောဘသား တွေကို ဒဏ်ငွေ လောက်နဲ့ဆက်ထားလို့ မဖြစ်တော့ဘူး၊ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ မိုက်မိုက်ကန်းကန်းပဲ ထောင်ဒဏ်ပါ ထည့်ပေးပါဆိုပြီးတော့ တင်ပြခဲ့တာပါ ´´ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီးဋ္ဌာနပိုင်မြေတွင် ကျူးကျော်၍လုပ်ငန်းလုပ်ကိုင်နေသည့် အမှုများ တွင် (၅၃)ကြိမ်အထိ ဆက်တိုက်ဖောက်ဖျက်ကျူးလွန်နေသည့် အမှု(၃၀)ကျော် ရှိကြောင်းကိုလည်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးဝန်ကြီး၏ ပြောဆိုမှုအရသိရှိရသည်။

ရန်ကုန်မြို့တော်စည်ပင်သယာယာရေးကော်မတီအနေဖြင့် စည်ပင်သာယာပိုင်မြေပေါ်တွင် ကျူးကျော်၍ လုပ်ကိုင်စားသောက်နေကြသည့် လမ်းဘေးဈေးသည်များအတွက်မှု ဒဏ်ငွေကျပ်-၅၀၀(ကျပ်ငါးရာ)မှ -ငွေကျပ် ၁၀၀၀၀ (ကျပ်တစ်ထောင်)အထိ ချမှတ်၍ ဒဏ်ရိုက်လေ့ရှိကြောင်းကိုလည်း သိရှိရသည်။

`` ကျူးကျော်လမ်းဘေးဈေးသည်လေးတွေကိုတော့ ဒဏ်ငွေ ၅သိန်းတို့ ၃သောင်းတို့တော့ ဘယ်တရားသူကြီး ကမှ ဒဏ်ရိုက်မှာ မဟုတ်ပါဘူး၊ သူတို့ရဲ့အနိမ့်ဆုံးဒဏ်ငွေက ၁သောင်းလောက်ပါပဲ´´ဟု ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောဆိုသည်။

သတင်းများ ပြန်လည် ဝေမျှ ပေးသေား မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

သမိုင်းဝင် ပွဲကြီးကို ပါဝင်ကြမဲ့ သူရဲကောင်း အနုပညာသည်တွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်စု



ဓာတ်ပုံ...Ko Ah Bayah

25 November 2011

ပြည်ထောင်စုဝန်ကြီး အချို့ နေရာ ထပ်မံပြောင်းလဲ

၈လသက်တမ်းရှိ အစိုးရသစ် လက်ထက် ပြည်ထောင်စု ဝန်ကြီးများအား ဌာနပြောင်းရွှေ့ မှုတစ်ခု ဒုတိယအကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဗဟိုအစိုးရအ ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ”လက်ရှိ သမဝါယမပြည် ထောင်စုဝန်ကြီးကို မွေး/ရေဝန်ကြီး ဌာနပူးတွဲ တာဝန်ယူရမယ်လို့ သိထားပါတယ်”ဟု ဝန်ကြီးဌာနများ နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဆိုသည်။ ထို မွေး/ရေဝန်ကြီးဌာနကို ယခင်က စီမံ/စီးပွားပြည်ထောင်စု ဝန် ကြီးဦးတင်နိုင်သိန်းမှ ပူးတွဲတာဝန်ယူ ခဲ့ဖူးပြီး ယခုပြောင်းလဲချက်ကြောင့် သမဝါယမ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ထံသို့ ဦးတင်နိုင်သိန်းမှ တာဝန်ယူလွှဲပြောင်း ပေးရ တော့မည်ဖြစ် ကြောင်း သိရသည်။

လက်ရှိ ဗဟိုအစိုးရအဖွဲ့သည် ဝန်ကြီးဌာန ၃၃ ခုကို ပြည်ထောင်စု ဝန်ကြီး ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ယခင်က အမှတ်(၁) စက်မှုဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအပြောင်း အလဲကိုလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ”အဲဒီတုန်းက အမှတ်(၁)စက် မှုဝန်ကြီးက ဦးကျော်စွာခိုင်ပဲ။ သူ့ နေရာကို အရင်ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီးဟောင်း ဦး စိုးသိန်းကို တာဝန်ယူခိုင်းတယ်။

ကြည့်ရတာတော့ ဒီအစိုးရအဖွဲ့က သူ့လိုင်းနဲ့သူ ကျွမ်းကျင်တာ ကို တာဝန်ယူ စေတဲ့သဘောလုပ် ဆောင်နေတာ ဖြစ်မယ်”ဟု ဝန်ကြီး ဌာနများနှင့် နီးစပ်သူက ထပ်မံဆိုသည်။ မွေး/ရေဝန်ကြီးဌာနအား တာဝန်ယူခဲ့သည့် ပြည်ထောင် စုဝန်ကြီး ဦးတင်နိုင်သိန်းမှာ စီမံ/စီးပွားဝန်ကြီး ဌာနတစ်ခုထဲကိုသာ တာဝန်ယူရ မည်ဖြစ်ပြီး ၄င်းမှာ ပြည်ထောင်စု ဝန်ကြီးအသိုင်းအဝိုင်း၌ ပြုပြင်ပြောင်း လဲမှုကိုလိုလား သူ၊ စီးပွားရေးအမြင် ရှိသူတစ်ဦးဟု နာမည်ထွက်သူတစ် ဦးဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ အနားပေးခံရ

သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်ပြီးနောက်ပိုင်း ၈ လအကြာ၌ တိုင်းဒေသကြီး ဝန် ကြီးချုပ် အဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဦးခင်ဇော်မှာ ယမန်နေ့က ရာထူးမှ အနားပေး ခြင်း ခံလိုက်ရကြောင်း ဗဟို အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ”ဒီနေ့ ရန်ကုန်ကို ဦးခင်ဇော် ရောက်လာပြီး အထုတ် အပိုးတွေ အများကြီးနဲ့၊ ဒီတော့ ကြည့်ရတာ ရာထူးက အနားပေးခံရတာ သေချာ သလောက်ရှိသွားပြီ” ဟု အမည် မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယခင် အစိုးရ လက်ထက်၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ် ဘက်ဆိုင်ရာ တာဝန်များကို ထမ်း ဆောင်ခဲ့ဖူးပြီး ယခု အစိုးရသစ် လက်ထက်၌ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးခင်ဇော်မှာ မည်သည့် အချက်ကြောင့် ယခုကဲ့သို့ ရာထူးမှ အနားပေးခံရသည်ကို မည်သူမှ တိကျစွာ ထုတ်ဖော်ပြောဆို နိုင်ခြင်း မရှိသည်ကိုလည်း ပေါ်ပြူလာ နယူးစ်မှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်လပိုင်း အတွင်းက လည်း ရှမ်းပြည်နယ်အဆင့်ရှိ ဝန် ကြီးတစ်ဦး၏ တရားဝင်နှုတ်ထွက် သွားခဲ့မှုလည်း ရှိခဲ့ကြောင်း အစိုးရ မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိခဲ့ရသည်။

သတင်း...Popular News

မင်းသားကြီး လုပ်ချင်ကြသူတွေ အကြောင်း


ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ရေးသား ထားသော စာပေများ များစွာပေါ် ထွန်းလျက် ရှိရာတွင် ဗိုလ်ချုပ်သည် မင်းသားကြီး လုပ်ချင်သူတွေ အကြောင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း မိန့်ကြားခဲ့ ကြောင်း သိရပါသည်။ ယခုအခါ ဖဆပလသည် လူထုရှေ့ ၌ မားမားမတ်မတ်ရပ်၍ ခေါင်းဆောင်ဖြစ်နေခြင်းကို ထိုမင်းသားကြီး လုပ်လိုသူများသည် မနာလိုမရှုစိမ့်ကြချေ။ ရပ်ချင်းရပ်လျှင် သူတို့ကသာရပ် လိုကြသည်။ သို့ရာတွင် သူတို့၏ ရှေ့နောက်မညီသော ခေါင်း ဆောင်မှု၊ အမြင်တိုသောခေါင်းဆောင်မှု၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆို သော ခေါင်းဆောင်မှု၊ မကြာခဏ ဖောက် လွှဲဖောက်ပြန်ဖြစ်ခဲ့ရ သော ခေါင်းဆောင်မှုများကြောင့် လူထုကလည်း ၄င်းတို့ရှေ့တွင် ထို မင်းသားကြီး လုပ်လိုသူများကို အရပ်မခံချေ။ ဗိုလ်ချုပ်ပြောခဲ့သောစကားကို ခွဲခြမ်း စိတ်ဖြာပါက အောက်ပါအတိုင်း တွေ့နိုင် ပါ၏။

၁။ မင်းသားကြီးလုပ်ချင်ကြသူတွေ အမှန် ရှိနေကြ၏။

၂။ ထိုကဲ့သို့ မင်းသားကြီးလုပ်ချင်ကြသူ တွေသည် မိမိထက်သာသူက ရှေ့ တန်း၌ ရောက်၍ လူထုအားပေးမှုကို ခံရလျှင်သူတို့က မနာလိုကြပါ။

၃။ ၄င်းတို့၏ညံ့ဖျင်းသော အရည်အသွေးကြောင့် လူထုက သူတို့ကို လက်မခံပါ။ ဤတွင် သေချာစဉ်းစားရပါသော် ဗိုလ်ချုပ်ပြောခဲ့သလို မင်းသားကြီးလုပ်ချင်သူတွေမှာ ဒုနှင့်ဒေးရှိပါ၏။ ပုထုဇဉ်တိုင်း လိုလို မင်းသားလုပ်ချင်ပါလိမ့်မည်။ ဒါပေ မယ့် ပုထုဇဉ်တွေထဲမှာ ကွဲပြားသွားတာက မိမိထက်သာလို့ မိမိရှေ့က မင်းသား ဖြစ်သူကို တချို့ကမုဒိတာပွားနိုင်ပြီး တချို့ က မနာလိုဖြစ်၏။ ဥပမာ ကျွန်တော် မောင် ထွန်းဝင်း ကိုလည်း မင်းသားလုပ်ပါဆိုရင် လုပ်ချင်ပါတယ်။ ဥပမာ ကျွန်တော့်ကို ဟောလီးဝုဒ်က ကုမ္ပဏီပိုင်ရှင်မှ ဂျိမ်းစ်ဘွန်းမင်းသား တင် ရိုက်ဖို့ကမ်းလှမ်းရင်လက်ခံမှာပါ။ဒါပေမယ့် တစ်ဖက်ကလည်း သိနေတာ ကျွန်တော့် လို ကောင်မျိုးကို ဂျိမ်းစ်ဘွန်းမင်းသား တင် ရိုက်ရင် ဒေါ်လာ ဘီလျံချီပြီး ရှုံးမှာပါ။

ဒီတော့ မိမိထက် အပြန်တစ်ထောင်လောက် သာတဲ့ ရှောင်ကွန်နရီတို့၊ ရော်ဂျာမိုးတို့ကို တင်ရိုက်တော့ ကျွန်တော် မုဒိတာပွားရပါ ၏။ ဗိုလ်ချုပ်ပြောခဲ့သော မင်းသားကြီး လုပ်လိုသူဆိုသည်မှာ ကျွန်တော့်လိုကောင်မျိုး မဟုတ်။ ကျွန်တော့်လိုကောင်မျိုးက မိမိ တက်လမ်းအတွက် ရိုးရိုးသားသား ကြိုးစားမည်။ ကိုယ့်ထက်သာသူတွေ့ရင် ကွန်ဂရက် ကျူလေးရှင်းပါလို့ သွားပြော မည့်သူဖြစ်၏။ ဗိုလ်ချုပ်ပြောသော လူမျိုးက- မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ်ဆိုသော လူစားမျိုးဖြစ်၏။ ဒီလိုလူစားမျိုးတွေက ဗိုလ်ချုပ်ရှိစဉ်တုန်းက သာမဟုတ် ယနေ့တိုင်ရှိနေဆဲပါ။ နောင် လည်း ရှိနေဦးမှာပါ။ မင်းသားကြီး လုပ်ချင်ကြတယ်ဟု ဆိုရာ၌ ရှင်ဘုရင်၊ သမ္မတ၊ ဝန်ကြီးချုပ်ဖြစ်မှ ရယ်လို့ မဟုတ်။ အသင်းအဖွဲ့ထဲမှာဆိုရင် ဥက္ကဋ္ဌ လုပ်လိုကြပါ၏။ ရာထူးဆိုလျှင် လိုချင်ပါ၏။ လိုချင်တာမလုပ်ရရင် ပွဲဖျက် တတ်ပါသည်။ မိမိထက်သာတဲ့သူရှိရင် နောက်ကျော က ဓားနဲ့ထိုး၊ ကုန်းချော၊ သပ်လျှို၊ အချွန် နဲ့မ၊ အဆင်းဘီးတပ်စသော ကောက်ကျစ် သော လုပ်ရပ်များကို လုပ်တတ်ကြပါ သည်။ တကယ်တော့လည်း ဒီလိုဖြစ်ကြ သည် ဆိုရာမှာ တရားသဘောကို နား မလည်၍ဘဲ ဖြစ်ပါသည်။ မင်းသားကြီး မကလို့ ဧကရာဇ်ဘုရင်မင်းကြီးပင် ဖြစ်ပါ စေ၊ ဧကရာဇ်မင်းကြီး၏ ဘဝရဲ့ ပန်းတိုင် ဆိုတာ နတ်ရွာစံခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးမှသာ မွေးဖွားလာသူဖြစ်ပါ၏။ ဒီတော့ ဗိုလ်ချုပ်ကိုမမီလိုက်၍ ဗိုလ်ချုပ်ရှိစဉ် က မင်းသားကြီးလုပ်ချင်သူတွေဟာ ဘယ် သူတွေလဲ၊ ဘာတွေလုပ်ကြလဲဆိုတာ ကျွန် တော် သေသေချာချာမသိပါ။ သို့သော် ကျွန်တော် အရွယ်ရောက် လာသောအခါ မင်းသားကြီးလုပ်ချင်သူ တွေကို ဒုနှင့်ဒေးတွေ့ခဲ့ရပါ၏။

ကျွန်တော် ကြီးပြင်းလာသော ပတ်ဝန်းကျင်တွင်တော့ ရာထူးလိုချင်တဲ့လူတွေ တော်တော်များပါ တယ်။ ရာထူးဆိုတဲ့စင်မြင့်ပေါ်ကို တက် ချင်ကြပါတယ်။ တကယ်တော့ ရာထူး ဒဿနကို သေသေချာချာနားမလည်ဘူး။ ဥပမာ နိုင်ငံ့ဝန်ထမ်းရာထူး ဆိုရင်လည်း ပြည်သူက အလုပ်ရှင်ဖြစ်ပြီး၊ ရာထူးရှိသူက ဘယ်လောက်ပဲကြီးပါစေ ပြည်သူရဲ့ ဝန် ထမ်းပဲ ဖြစ်ပါတယ်။ INGO ဝန်ထမ်းဆိုရင်လည်း ဘတ် ဂျက်အလှူရှင်တွေရဲ့ဝန်ထမ်းဆိုရင် မမှားပါ ဘူး။ ကုမ္ပဏီတို့၊NGO တို့ဆိုရင် ရာထူး နာမည်ကို ခပ်ကြီးကြီးပေးချင်သလို ပေး လို့ရပါတယ်။ ဥပမာအားဖြင့် လူတစ် ယောက်ဟာ ရန်ကုန်မြို့မှာ လက်ဖက်ရည် ဆိုင်ကြီးတစ်ဆိုင်ဖွင့်တာ အောင်မြင်တယ် ဆိုပါတော့။

ဒါဆိုရင် ဒီလူဟာ မန္တလေးမှာ တပည့်တစ်ယောက်လွှတ်ပြီး လက်ဖက် ရည်ဆိုင်ခွဲ ဖွင့်ချင်တယ် ဆိုပါစို့။ ၄င်း မန္တလေး လက်ဖက်ရည်ဆိုင်ကို ကြီးကြပ် မယ့်တပည့်ကို အထက်မြန်မာပြည်ဆိုင်ရာ မန်နေဂျာလို့ အမည်ပေးရင်လည်း ရပါ တယ်။ နောက် ဥပမာတစ်ခုကတော့ INGO တစ်ခုဟာ ထိုင်းနိုင်ငံသွားပြီး လူ ၅၀ လောက်နဲ့ စီမံကိန်းတစ်ခုကို မြို့နယ်တစ်ခု မှာ လုပ်တယ်ဆိုပါစို့။ ပြီးရင် ဗီယက်နမ် မှာလည်း တစ်မြို့နယ်လောက်မှာ စီမံကိန်း တစ်ခု၊ ၄င်းနောက် ကမ္ဘောဒီးယားမှာလည်း လူ ၃၀ လောက်နဲ့ မြို့နယ်တစ်ခုမှာ စီမံ ကိန်းတစ်ခုလုပ်တယ်ဆိုပါစို့။ ၄င်းစီမံကိန်း ၃ ခုကို အရာရှိတစ်ယောက်က ကြီးကြပ် ရင် ၄င်းအရာရှိကို Southeast Asia Regional Director (အရှေ့တောင်အာရှ ဒေသကြီးဆိုင်ရာ ညွှန်ကြားရေးမှူး) လို့ နာမည်ပေးရင် ကြီးကြီးကျယ်ကျယ်ကြီး ဖြစ်သွားတာပေါ့။

ဒါပေမယ့် ဒါတွေဟာ ပညတ်ချက်တွေပါ။ သို့သော်လည်း အဟုတ်ကြီးထင်ပြီး နေရာလိုချင်ကြတယ်။ ဘယ်လောက်ပဲရာထူးကြီးကြီး အလှူရှင်ရဲ့ ပိုက်ဆံနဲ့ ရပ်တည်ရတာပါ။ နေရာလိုချင် တော့ ကိုယ့်ထက်သာတဲ့သူဆိုရင် နောက် ကျောကဓားနဲ့ထိုး၊ အချွန်နဲ့မ၊ ကုန်းချော တာတွေ ဖြစ်ကုန်ပါတယ်။ တစ်ခါတုန်းက အဖြစ်အပျက်တစ်ခု ကို တင်ပြပါရစေ။G 20 စက်မှုနိုင်ငံကြီး တစ်ခုက အာဆီယံအဖွဲ့တစ်နိုင်ငံမှာ INGO စီမံကိန်း လာလုပ်ပါတယ်။G 20 နိုင်ငံသူ တစ်ဦးက ဌာနေကိုယ်စားလှယ် Country Representative ရာထူးနဲ့ လာလုပ်ပြီး ဒေသခံ အရာရှိအဆင့် ၄ ဦးကို ငှားပါ တယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး တစ်ဦးပါ။ အဲ့ဒီအထဲမှာ အမျိုးသား ၂ ဦး က အမျိုးသမီးထက် စီနီယာကျပြီး ရာထူး ကြီးပါတယ်။ အမျိုးသမီးက မင်းသမီးကြီး လုပ်ချင်နေပါတယ်။ နိုင်ငံခြားသူကို တိုက် ရိုက် အစီရင်ခံရသော အရာရှိအဆင့် (Immediate Position To International Expert) အဆင့်ကို လိုချင်နေပါတယ်။

ဒါ ကြောင့် သူ့အထက်မှာရှိတဲ့ အရာရှိ ၂ ယောက်ကို နောက်ကျောက ဓားနဲ့ထိုးပါ တော့တယ်။တိုက်ဆိုင်ချင်တော့ G 20 နိုင်ငံသူမမကြီးဟာ အသက် ၄၀ ခန့်ဖြစ်ပြီး သူ့နိုင်ငံမှာ သူ့ရဲ့ရည်းစား သစ္စာဖောက် တာ ခံထားရတဲ့ အသည်းကွဲမမကြီး ဖြစ်နေ ပါတယ်။ အဲ့ဒီတော့ အမျိုးသမီး ဒေသခံ အရာရှိဟာ သူ့အထက်က အမျိုးသား ၂ ယောက်ဟာ မိန်းမရှုပ်သူတွေဖြစ်ကြောင်း ကုန်းချောလို့ နိုင်ငံခြားသူ မမက အမျိုး သားအရာရှိ ၂ ယောက်ကို ငြှိုးလို့ ၄င်း အရာရှိ ၂ ယောက်သည် တခြားINGO များသို့ ပြောင်းပြေးကြရာ တစ်ယောက်က ဝေးဝေးပြေးပြီး ထိုင်းနိုင်ငံအထိတောင် ရောက်ပြီး ထိုင်းနိုင်ငံက INGO တစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒီတော့ မင်းသမီးကြီး လုပ်ချင်တဲ့ အရာရှိမဟာ အမျိုးသားစီမံကိန်းအရာရှိ ရာထူးကိုရသွားပြီး INGO ရဲ့ သော့ချက် ကျတဲ့ရာထူးကိုရသွားပါတယ်။ ဒါပေမယ့် ဒီရာထူးမျိုးက စာတတ်တိုင်းလုပ်လို့ရတာ မဟုတ်ဘူး။ အရေထူခြင်း၊ သည်းခံခြင်း၊ လိုက်လျောညီထွေစတဲ့ လူမှုရေးစွမ်းရည် တွေ လိုပါတယ်။ သူ့မှာရှိတဲ့အရည်အချင်း က ယောကျာ်းတွေ မိန်းမကိစ္စရှုပ်တယ်လို့ အတင်းပြောပြီး ရာထူးတက်၊ စင်ပေါ် ရောက်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့ နိုင်ငံ ခြားသူမမကြီး တခြားနိုင်ငံကိုပြောင်းတော့ ဌာနေကိုယ်စားလှယ်နေရာမှာ အမျိုးသား တစ်ဦး G 20 နိုင်ငံသား ရောက်လာရာ မင်းသမီးကြီးရာထူးရနေတဲ့ အရာရှိမလည်း အလုပ်ပြုတ်ပါတယ်။ ဒါကြောင့် မင်းသားကြီးလုပ်တယ်၊ မင်းသမီးကြီးလုပ်တယ်ဆိုတာ ရာထူးနဲ့ မိမိသဘာဝနဲ့ အံဝင်ဖို့လိုပါတယ်။ အရည် အချင်းရှိဖို့လည်း လိုပါတယ်။ အနုပညာစင်မြင့်ပေါ် တက်တော့မယ် ဆိုရင်လည်း ပရိသတ်လက်ခံဖို့လိုပါတယ်။ ပရိသတ် လက်မခံဘဲ စင်ပေါ်တက်ရင် ခဲပေါက်ခံရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် မင်းသား ကြီးလုပ်ချင်ပြီး သူများကို မနာလိုသူတွေ ကို မချီးကျူးပါဘူး။ သဘောမကျပါဘူး။ သို့သော် ဗိုလ်ချုပ်ကွယ်လွန်ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာသော်လည်း မင်းသားကြီး လုပ်ချင်၊ မင်းသမီးကြီးလုပ်ချင်လို့ မနာလို စိတ်နဲ့ နောက်ကျောက ဓားနဲ့ထိုးတဲ့လူမျိုး တွေ အများကြီးရှိနေဆဲပါ။ တကယ်တော့ဗိုလ်ချုပ်၏ မိန့်မှာချက် များသည် ဖတ်ရုံနဲ့မပြီး၊ ဖတ်ပြီးစဉ်းစား၊ စဉ်းစားပြီး လက်တွေ့ကျင့်မှ အကျိုးရှိမယ် ဟု ဆိုချင်ပါကြောင်း။ ။

သတင်းရင်းမြစ်... Venus News Journal

ဒေါ်ခင်ကြည် အတ္ထုပ္ပတ္တိ ရိုက်ကူးရန် အသင့် ဖြစ်နေ

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အတ္ထုပ္ပတ္တိ Documentry ရိုက်ကူးရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း စီစဉ်သူဇာဂနာကပြောသည်။ ကိုမင်းထင်တို့က ဇာတ်ညွှန်းကို ပြင်ဆင်ပြီးသွားပြီ။ ရိုက်ရတဲ့နေရာ က အန်တီ့အိမ်မှာဖြစ်တဲ့အတွက် လုံခြုံရေးအခြေအနေကို ပြင်ဆင်နေ တာပါ။ ကျန်တာကတော့ အဆင် သင့်ပါပဲ။

စရိုက်ရုံပဲကျန်တော့တယ် ဟု ဇာဂနာက ရိုက်ကူးနိုင်မှုအခြေ အနေကိုပြောသည်။ အတ္ထုပ္ပတ္တိ ဇာတ်ကားထဲတွင် ပါဝင်သူသရုပ်ဆောင်များအား ရွေးချယ်စီစဉ်ပြီးသွားပြီဖြစ်သော ကြောင့် မည်သူမည်ဝါဆိုသည်ကို ဇာတ်ကားထွက်ရှိလာမှသာ ကြည့် ရှုရန်ထပ်မံပြောသည်။ ထို ဇာတ်လမ်းအား ရိုက်ကူး ပြီးစီးပါကသရုပ်ဆောင် ဇာဂနာ ကိုယ်တိုင်ဖန်တီးထားသော အရာဖြစ်သောကြောင့် တစ်ကမ္ဘာလုံး ရှိလူများအား အခကြေးငွေ မယူဘဲ ပြသမည့်အတွက်ဆင်ဆာတင် ရန် အစီအစဉ် မရှိကြောင်းသိရသည်။

အနုပညာနှင့်ပတ်သက်၍ သ ရုပ်ဆောင်ဇာဂနာက ယခင်အတိုင်း ဆက်လုပ်သွားရန်ရှိပြီး အသက်အ ရွယ်နှင့် ကျန်းမာရေးအခြေအနေ ကြောင့်အငြိမ့်မကတော့ဟုဆိုသည်။ တစ်ကိုယ်တော်အငြိမ့်ကတော့ ကဖြစ်ချင်မှကဖြစ်မှာပါ။အသက်အ ရွယ်နဲ့ကျန်းမာရေးကြောင့် ကျွန် တော်မကတော့ပါဘူး။ ကျွန်တော့်ညီ တွေကပါလိမ့်မယ်။သီးလေးသီးက တာကျွန်တော်ကသလိုပါပဲ။ သီး လေးသီးပြက်တဲ့ပြက်လုံးတွေက ကျွန်တော့်ပျက်လုံးတွေပါပဲ။ သူတို့ ပါးစပ် ထွက်လာတဲ့စကားလုံးတွေ ကျွန် တော်ပြောတယ်လို့ ပရိသတ် မှတ်ယူစေချင်တယ်ဟုအငြိမ့်ကခြင်း နှင့်ပတ်သက်၍ဇာဂနာကပြောသည်။

ဇာဂနာကနိုင်ငံခြားမှမိသားစု ဝင်များကိုသွားတွေ့ရန် အတွက် ပတ်စ်ပို့ကိုစောင့်စားနေရကြောင်း လည်း ပြောသည်။ ပတ်စ်ပို့မကျသေးလို့ပါ။ ခဏ ပဲသွားမှာပါ။ ဒီမှာအလုပ်တွေရှိတော့ ပြန်လာရမယ်။ ကျွန်တော့် မိန်းမနဲ့ သားသမီးတွေကို တွေ့ဖို့ သွားမှာပါ။ သားနဲ့သမီးက ကျောင်း မပြီးသေးလို့ ပြန်မလာသေးတာပါ ဟု ဆိုသည်။ ထပ်မံ၍် ဇာဂနာ၏သားဖြစ် သူမှာ နောက် ၆ လတွင် ကျောင်း ပြီးတော့မည်ဖြစ်သောကြောင့် အနု ပညာလုပ်ငန်းတွင် အောင်မြင်မှုရရှိ နေသော သူငယ်ချင်းများအား တစ် ဖက်တစ်လမ်းမှ လာရောက်ကူညီ ရန်အစီအစဉ်ရှိကြောင်း ပြောသည်။

သတင်းရင်းမြစ်...Popular News

NLD ပါတီ ခမောက်အစား ပါတီ၏အလံကို တံဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအထိ အသုံးပြုခဲ့သော ခမောက်တံဆိပ်ကို ပါတီအား မှတ်ပုံ ပြန်တင်သည့်အချိန်တွင် အသုံးပြုတော့မည်မဟုတ် ကြောင်း NLDဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

ခမောက်အစား ပါတီ၏အလံကို တံဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ NLD ပါတီအလံ တံဆိပ်သည် အနီရောင်နောက်ခံအပေါ်တွင် ဘယ်ဘက်အပေါ်ဒေါင့်ရှိ ကြယ်ကို ခွပ်ဒေါင်းက ဦးတည်နေပုံ ဖြစ်သည်။

“တံဆိပ်ပဲ ပြောင်းတာပါ။ ပါတီယူနီဖောင်းကိုတော့ မပြောင်းပါဘူး” ဟု ဦးဝင်းထိန်က ပြောကြားသည်။ ယင်းယူနီဖောင်းကို ပါတီဝင်များသည် မဝတ်ဆင်သော်လည်း ရနိုင်ကြောင်း သိရသည်။

NLD ပါတီသည် မှတ်ပုံပြန်တင်မည်ဟု ကြေငြာလိုက်ပြီး ပါတီအတွင်း အပြောင်းအလဲအမြောက်အများကို ပြုလုပ်လျက်ရှိပြီး ယင်းသို့ ပြောင်းလဲမှုများ အပေါ်တွင်လည်း အမျိုးမျိုး ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရသည်။

“NDF(အမျိုးသားဒီမိုကရေစီအင်အားစု)နဲ့ ဦးသိန်းညွန့်ပါတီ တံဆိပ်တွေနဲ့ တူနေမှာစိုးလို့ ပြောင်းလိုက်တာနဲ့ တူတယ်” ဟု လွှတ်တော် ကိုယ်စားလှယ် အဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြစ် NLDနှင့် ခမောက်ကို တပူးတည်းသိမြင်ကြသည့်အတွက် ခမောက်မရှိတော့သော်လည်း NLD ပါဟု စည်းရုံးနိုင်သဖြင့် တံဆိပ်ပြောင်းလဲလိုက်ခြင်းကြောင့် ဆိုးကျိုးမရှိကြောင်း NLD မှစည်းရုံးရေးမှူးတစ်ဦးက ပြောကြားသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမည့်ရက် မသတ်မှတ်ရသေးကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သော်လည်း လစ်လပ် နေရာများတွင် ရွေးကောက်ပွဲပြုလုပ်ရန် လိုအပ်သည်များကို အထက်မှညွှန်ကြားချက်အရ ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားသည်။

သတင်း... yangonchronicle

အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင် မြန်မာနိုင်ငံရေးမှာ ဘယ်လောက်အားကောင်းလာနိုင်ပါသလဲ

လွှတ်တော်(၃)ရပ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် (၄၈)နေရာထက်မနည်းရှိကြောင်း ကြားသိရသည်။ နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေကြပြီ၊ တစ်ချို့ ပါတီက အောင်နိုင်ရေးအတွက် ပြင်ဆင်နေကြသလို တစ်ချို့ပါတီများ မှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲပြန်လည်ဝင်ရောက်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့်လည်း အမျိုးသမီးအများစုအား ရွေးချယ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် (၁) မြန်မာနိုင်ငံတွင် အမျိုးသမီးကဏ္ဍမည်မျှ အရေးပါနေပြီလဲ၊ (၂) အမျိုးသမီးများ မြန်မာ့နိုင်ငံရေးလောကအတွင်းသို့ ၀င်ရောက်လာမှုအပေါ်အမြင်၊

(၃) လွှတ်တော်တွင် အမျိုးသမီးအများစုနေရာရရှိလာပါက အားကောင်းလာနိုင်သည့် ကဏ္ဍများ နှင့်

(၄) အမျိုးသမီးများ၏ အဓိက အားနည်းချက်မှာ မည်သည့်အရာများဖြစ်ပါသနည်းဆိုသည့် အစရှိသည့် မေးခွန်း တို့အား လွှတ်တော်တွင်းတက်ရောက်နေသော အမျိုးသမီး ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြစ်ဥာဏစိုး၊ အန်ဒီအက်ဖ်ပါတီမှ နိုင်ငံရေး ဦးဆောင်သူ ဦးခင်မောင်ဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဒေါ်ရီရီစံ တို့အား မေးမြန်းဖြစ်ခဲ့ပါသည်။

ဒေါက်တာမြတ်ဥာဏစိုး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေက အမျိုးသားလူဦးရေထက်ပိုများပါတယ်။ ပညာရပ် နယ်ပယ် အသီးသီးမှာ ဆိုရင်လည်း အမျိုးသမီးတွေက ဘွဲ့ထူးဂုဏ်ထူးတွေ အများကြီးနဲ့ စွမ်းဆောင်နိုင်တာ လည်း မြင်တွေ့နိုင်မှာပါ။ အထင်ကရ ပြောရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်လိုမှငြင်းဆိုလို့မရတဲ့ မျက်ကွယ်ပြုလို့မရတဲ့ ဒီမိုကရေစီအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အမျိုးသမီး ဖြစ်ပါတယ်။ အဲဒီ့တော့ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ကျွန်တော်တို့လျစ်လျူရှုထားလို့မရပါဘူး။ နိုင်ငံရေး နယ်ပယ်မှာလည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်သလို အမျိုးသမီးတွေအတွက် နေရာအခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးရခြင်းမျိုးမဟုတ်ပဲနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်လာတာကောင်းပါတယ်။ နိုင်ငံရေးဆိုတာ အမျိုးသမီးရယ်၊ အမျိုးသားရယ် လူငယ်ရယ်၊ လူကြီးရယ် လူမျိုးခွဲခြားသတ်မှတ်ထားတယ်ဆိုတာ အရေးမကြီးပါဘူး။ စွမ်းဆောင်ရည် မြင့်မား သူက သူစွမ်းဆောင်နိုင်တာကို စွမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် လက်ရှိနိုင်ငံခြားရေး ၀န်ကြီး တာဝန်ထမ်းဆောင်နေတဲ့ မစ္စကလင်တန်၊ ဖိလစ်ပိုင် ဒီမိုကရေစီခေါင်ဆောင် မစ္စ အာကွီနို၊ Iron Lady မာဂရက်သက်ချာ လိုပုဂ္ဂိုလ်မျိုးတွေရှိလာတဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့က တစ်သီးတစ်သန့်ထားလို့မရတော့တဲ့အခြေအနေဖြစ်ပါတယ်။

အမျိုးသမီးတွေလွှတ်တော်ထဲ ၀င်လာမယ်ဆိုရင်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ် ခွဲခြားဆက်ဆံနေဖို့ မရှိပါဘူး။ တစ်ချို့တွေက အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင် အမျိုးသမီးရေးရာ စောင့်ရှောက်ရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဒီလိုလုပ်ငန်းတွေမှာ ပိုပြီးတိုးတက်လာမယ်လို့ မြင်တာမျိုးတွေရှိတယ်။

အမျိုးသမီးတွေမှာလည်း စီးပွားရေး၊ နိုင်ငံရေးအမြင် ပြည့်ဝပြီးသားတွေဖြစ်ပါတယ်။ အဲဒီ့တော့ လူမှုရေးဆိုင်ရာလုပ်ငန်းတွေမှာသာမက ဘယ်နယ်ပယ်ကဏ္ဍမှာမဆို အမျိုးသမီးတွေက စွမ်းဆောင်ရည်မြင့်မြင့် နဲ့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

အမျိုးသမီးတွေရဲ့ အဓိကအားနည်းချက်အပေါ် အမြင်ကမရှိပါဘူး။ အမျိုးသမီးနဲ့ အမျိုးသား တန်းတူရည်တူ ပါပဲ။ ကျွန်တော်တို့က အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ပြည်သူ့ဆန္ဒကို တစ်ထပ်တည်းဖော်ဆောင်ပေးနိုင် မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံကို ခေါင်းဆောင်မယ့်ပုဂ္ဂိုလ်တွေအားလုံးကို လက်ကမ်းကြို နေပါ့မယ်။

ဒေါက်တာညိုညိုသင်း

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

အမျိုးသမီးတွေရဲ့အခန်းကဏ္ဍအရေးပါတာက ဗမာ့လွတ်လပ်ရေးရစဉ် ကာလကတည်းက မြန်မာအမျိုး သမီး တွေရဲ့ ကဏ္ဍက အရေးပါတဲ့နေရာရောက်ခဲ့တယ်။ နောက်ပိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဒါကို သတိမူတာ အားနည်းလာတယ်။ အခု NLD က အမျိုးသမီး၊ အမျိုးသားတွေကို Balan မျှမျှ ရွေးချယ်ပေးခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတာ ကောင်းတာပေါ့။
အမျိုးသမီးတွေက နိုင်ငံရေးလောကထဲကို ၀င်ကိုဝင်ရမှာ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ကျော်က အမျိုးသမီးတွေဖြစ်နေတဲ့အတွက်ကြောင့် ဒီနိုင်ငံတိုးတက်ကြီးပွားပြီး ကောင်းစားဖို့ဆိုရင် အမျိုးသမီး တွေ နိုင်ငံရေးလောကထဲကို မဖြစ်မနေ၀င်ကို ၀င်လာရမယ်။ ၀င်တယ်ဆိုတာကလည်း နည်းနည်းလေးဝင်လို့ မရဘူး။ အင်နဲ့အားနဲ့ ၀င်မှဖြစ်မယ်။ ဒါမှသာ ဒီနိုင်ငံ ကြီးပွားတိုးတက်မှု လမ်းစပေါ်ရောက်မှာပါ။ မဟုတ်ရင် ဖွံဖြိုးတိုးတက်မှုကို ဘယ်လိုမှ ရမှာမဟုတ်ဘူး။

နိုင်ငံတော်ရဲ့ မူဝါဒချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေကို ထည့်သွင်းပါဝင်စေခြင်းအားဖြင့် နိုင်ငံတော်မှာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုတွေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြဿနာတစ်ရပ်ကို ရှင်းပြကိုင်တွယ်တဲ့နေရာမှာ မွေးရာပါ ဗီဇအရကိုက အမျိုးသမီးနဲ့အမျိုးသားက မတူတာ။ ပြဿနာတစ်ရပ်ကို ရှုမြင်ပုံကိုက ကွဲပြားတယ်။ မြန်မာနိုင်ငံ မှာက နိုင်ငံတော်ရဲ့ မူဝါဒကို အများအားဖြင့် အမျိုးသားထုကသာ ဆုံးဖြတ်သတ်မှတ်ကြတာ တွေ့ရတယ်။ ကျွန်မတို့မွေးပြီး အနှစ်လေးဆယ်အတွင်းမှာ နိုင်ငံတော်ရဲ့မူဝါဒချမှတ်တဲ့နေရာမှာ အမျိုးသားထုကသာလျှင် ကြီးစိုးခဲ့တဲ့အတွက်ကြောင့် မူဝါဒတွေက ပြည့်စုံမှုမရှိခဲ့ဘူး။ ပြည့်စုံမှုမရှိတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုမရှိဘဲ တိုင်းပြည်ဟာ ခေတ်နောက်ကျခဲ့တယ်။ အခုကစပြီးတော့ နိုင်ငံတော်ရဲ့ မူဝါဒတွေကို ရေးဆွဲတဲ့ နေရာမှာရော၊ အကောင်အထည်ဖော်တဲ့ နေရာမှာရော အမျိုးသမီးထုက ပါဝင်လာခြင်းအားဖြင့် စနစ် ဟောင်းမှာရှိခဲ့တဲ့ အားနည်းချက်တွေကို ပြင်သွားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးနဲ့ အမျိုးသား က ပြဿနာတိုင်းကို ရှင်းတတ်ပုံ၊ ရှုမြင်ပုံ၊ ဆုံးဖြတ်ပုံက ကွဲကိုကွဲပြားတယ်။ အမျိုးသမီးဖြေရှင်းရင် ကိစ္စ တော်တော်များများက လွယ်လွယ်ကူကူနဲ့ အစဉ်ပြေပြေချောမွေ့စွာနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ Decision Making Power ကို အမျိုးသမီးတွေလက်ထဲကို မဖြစ်မနေ ထည့်ဖို့ အခုနောက်ပိုင်းမှာ တော်တော်လေးဦးစားပေးလာကြတယ်။

အဓိကအားနည်းချက်က မြန်မာအမျိုးသမီးတွေက သူများပြောတာယုံလွယ်တာပေါ့။ နောက်ပြီး ပြဿနာတစ်ခု ကို စိတ်ခံစားချက်နဲ့ဆုံးဖြတ်တတ်တာ။ စိတ်ခံစားချက်ကိုဦးစားပေးတာ။ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ရင် တိုင်းပြည်မှာလည်း မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်ခဲ့တာ အများကြီးရှိတယ်။ ဒါ Emotion ကြောင့်ပါ။ အထူး သဖြင့် နိုင်ငံရေးလုပ်မယ့်ခေါင်းဆောင်တွေမှာ စိတ်ခံစားမှုကို ဦးစားမပေးဖို့အရေးကြီးတယ်။ ဘယ်ကိစ္စမဆို အယုံမလွယ်ဖို့ အရေးကြီးတယ်။

ဒေါ်ရီရီစံ

ခေတ်သစ်ပြည်သူ့ပါတီ

မြန်မာနိုင်ငံအမျိုးသမီးကဏ္ဍမှာ အမျိုးသမီးပညာတတ်တွေ ပေါများလာတယ်။ လုပ်ငန်းခွင်တွေမှာလည်း အမျိုးသမီးတွေ ပါဝင်လာတယ်။ အမျိုးသားတွေနဲ့ တန်းတူပါဝင်ပြီး ရင်ဘောင်တန်းလာတယ်။ ဒီနေရာ အမျိုးသမီး မ၀င်ရဘူး။ အမျိုးသမီးတွေက ဒီလိုမလုပ်ရဘူးဆိုတဲ့ အရင်တုန်းက ကန့်သတ်ချက်မျိုးတွေ လျော့ ပါး လာတာတွေ့ရတယ်။ နိုင်ငံပြောင်းလဲလာတာနဲ့အတူ တခြားနိုင်ငံများနည်းတူ မြန်မာအမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ နိုင်ငံဖွံ့ဖြိုးရေးမှာ ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။

Globalization ခေတ်ကြီးမှာ အမျိုးသားရယ် အမျိုးသမီးရယ်ဆိုပြီး ခွဲခြားလို့မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုးဖောက်လာပြီး အမျိုးသမီးရယ်လို့ ကန့်သတ်ချက်မရှိတော့ဘူး။ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်လာတယ် ဆိုတာ အားရ၀မ်းသာဖြစ်တယ်။ လွှတ်တော်မှာလည်း အမျိုးသမီးတွေ ဒီထက်မက အများကြီး ပါဝင်သင့်တယ် လို့ ယူဆတယ်။ နိုင်ငံတကာမှာလည်း အမျိုးသမီးဝန်ကြီးချုပ်တွေ ရှိလာတယ်။ နောင်တစ်ချိန်မှာ သမ္မတအဆင့် ထိ တက်လှမ်းလာနိုင်မယ်။ နောင်တစ်ချိန်မှာ အမျိုးသမီးကဏ္ဍတွေက အရေးပါလာမယ်လို့မျှော်လင့်ထား တယ်။

လွှတ်တော်မှာ အမျိုးသမီးတွေများလာရင် အထူးသဖြင့်ကတော့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ကဏ္ဍတွေ၊ ကျမ်းမာရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ရင် ဒီထက်မက စွမ်းစွမ်းတမံဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။

အမျိုးသမီးတွေရဲ့ အားနည်းချက်က စိုးရိမ်စိတ်ရှိတာပေါ့။ စိုးရိမ်စိတ်တွေကို ပပျောက်အောင်ဖျောက်ပြီး ကိုယ့် ကိုကိုယ် ယုံကြည်စိတ်အပြည့်အ၀ ထားနိုင်ရင်အမျိုးသမီးတွေရဲ့ အားနည်းချက်တွေ လျော့ပါးသွား မယ်လို့ ထင်ပါတယ်။

ဒီမိုကရေစီမှာတင် အဆုံးသတ်မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးကအချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေပါတယ်။ ဒီထက်မက တိုးတက်ပြောင်းလဲလာမယ်။ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်လာမယ်။ အုပ်ချုပ်စရာ လူတန်းစား မရှိတဲ့အချိန်ထိ တိုးတက်လာရင် ကမ္ဘာမှာ တော်တော်လေးကို ပြောင်းလဲတိုးတက်နိုင်မယ်လို့ ယူဆပါတယ်။



ဦးခင်မောင်ဆွေ

နိုင်ငံရေးဦးဆောင်သူ ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေသန်း၆၀ မှာ သန်း ၃၀က အမျိုးသမီးဖြစ်နေပြီး ၂၅သန်းက အမျိုးသား ဖြစ်နေတဲ့ အတွက် အမျိုးသမီးဦးရေကများတယ်။ အမျိုးသမီးတွေက ပညာရေး၊ ကျမ်းမာရေး၊ စီးပွားရေး အစရှိတဲ့ ဘက်ပေါင်းစုံမှာ ပါဝင်လုပ်ဆောင်လာကြတော့ အမျိုးသမီးရဲ့အခန်းကဏ္ဍက ပိုပြီးတော့မြင့်မားနေတာ တွေ့ရ တယ်။ အမျိုးသမီးတွေရဲ့ဦးနှောက်က အမျိုးသားတွေရဲ့ဦးနှောက်ထက် ဘာမှထူးပြီးတော့ ပိုနိမ့်ကျတာ မရှိတဲ့ အတွက် အမျိုးသမီးတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အားလုံးမှာ ထဲထဲဝင်ဝင်ပါဝင်လာတာကို အားလုံးက သဘောတူတယ်။ အမျိုးသမီးလည်း နိုင်ငံသားပဲ။ နိုင်ငံသားအခွင့်အရေးက အားလုံးအပေါ်မှာ တန်းတူရည်တူ ရှိရမှာပေါ့။ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့အပိုင်းတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေ ထက်ပိုပြီး ထဲထဲဝင်ဝင်ရှိတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေရဲ့ လုပ်အား၊ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား တွေကို အသုံးပြုတဲ့ခေတ် ရောက်လာပြီမို့ ကောင်းတဲ့လက္ခဏာဆောင်ပါတယ်။ အမျိုးသမီးတွေ လွှတ်တော်ထဲ ရောက်မယ်နိုင်ငံရေးလုပ်မယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေလွှတ်တော်ထဲရောက်လာရင်တော့ ကျမ်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားရေး၊ လူမှုရေး စောင့်ရှောက်ရေးတွေမှာ ထဲထဲဝင်ဝင်လုပ်နိုင်တဲ့အပိုင်းတွေရှိတယ်။ အမျိုးသမီးရေးရာနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ကို တိုက်ရိုက်တင်ပြနိုင်ခွင့်တွေ ရှိတယ်။ ဒါတွေက ဆင့်ကဲဖြစ်လာမယ့် ဖြစ်လာမယ့် အကြောင်းအရာတွေပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အမျိုးသမီးခေါင်းဆောင်ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်။ မပါဘူးဆိုတာ ပေါ်လွင်နေတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ခေါင်းဆောင်မှုကို တတ်ကျွမ်းပြီးလကောင်းမွန်ထိပ်တန်းရောက်တဲ့ ခေါင်းဆောင်မှုရှိမယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့လည်း ဆောင်ရွက်နိုင်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြယုဒ်တစ်ခုပါပဲ။

အမျိုးသမီးတွေရဲ့ အဓိကအားနည်းချက်က ဘာသာရေးနဲ့ပတ်သတ်ပြီး အမျိုးသမီးတွေအနေနဲ့အမြင်ရှင်းရှင်း သိဖို့လိုတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာအများဆုံးဖြစ်တတ်တာက ဟိန္ဒူအယူအဆ၀င်လာတာဖြစ်တဲ့ ဘုရားကျောင်း ထဲ အမျိုးသမီးမ၀င်ရဘူး။ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုနိမ့်ကျတယ်ဆိုတဲ့ အယူအဆအလွဲတွေ ရှိမနေဖို့လိုတယ်။ ဗုဒ္ဓဘုရားက လူသားဝါဒအပေါ်မှာ အတန်းအစားခွဲခြားတာမရှိဘူး။ ဒါကို ရှိတယ်ထင်ပြီး အမျိုးသမီးတွေအနေနဲ့ယူဆနေရင် အမျိုးသမီးတွေက အမျိုးသားတွေနောက်မှာ ရှိနေမယ်။ အမျိုးသမီးတွေက အမျိုးသားတွေရှေ့ဖြတ်လျှောက်သွားရင် ခေါင်းငုံ့သွားရမယ်ဆိုတာတွေက ရိုးရာကျင့်စဉ်မို့လို့ လက်ခံရမယ် ဆိုပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် မျိနိမ့်ကျတယ်ဆိုတဲ့အယူအဆမျိုးတော့ အယူဆမိဖို့ လိုပါတယ်။ အမျိုးသားတွေကို တိုက်ခိုက်ဖို့ပြောနေတာမဟုတ်ဘူး။ အမျိုးသားဝါဒချည်း၊ အမျိုးသမီးဝါဒချည်း ဆိုတာမရှိသင့်ပါဘူး။ တန်းတူရည်တူပဲရှိသင့်တယ်။ အားလုံးကမွေးရာပါ အရည်အချင်းပါပြီးသားပါ။ သူတို့မှာ လည်း စွမ်းဆောင်ရည်အပြည့်ရှိတယ်။

သတင်းများ အား ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

NLD ဦးဆောင်အဖွဲ့သစ်တွင် အမျိုးသမီးအင်အား ထက်ဝက် ပါဝင်....NLD ၏ အနာဂတ် ခေါင်းဆောင်အဖွဲ့


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်လိုသူ ၂၁ ဦးစာရင်း (ကြယ်ပွင့်ပြထားသူများမှာ ၁၉၉၀ ခု ရွေးကောက်ခံ အမတ်များ ဖြစ်သည်။)

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စသည့် NLD ပါတီကို စတည်ထောင်သူ သုံး ဦး၊ နောက်တိုး ဗဟို အလုပ်အမှုဆောင်ထဲမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် ပြည်နယ်/ တိုင်း ၁၃ ခုမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

BG သွေးအကူအညီပေးရေးမှဖိတ်ကြားစာ

24 November 2011

ခေတ်ပျက်သူဌေး မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုထ် နိုင်ပြီ


နအဖ န၀တ စစ်အစိုးရ အဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကို စစ်အစိုးရကလည်း ထိုက်ထိုက်တန်တန် အသုံးချခဲ့ပါတယ်။

၁၉၉၇ ခုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီတွေကို ဇေကမ္ဘာကုမ္ဗဏီပိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်အစောပိုင်းကစပြီး Jafferson Waterman International ဆိုတဲ့ ကုမ္ပဏီကို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုးရက ငှားပီး လော်ဘီလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မတော့ Bain & Associates ကုမ္ပဏီကို တနှစ် ဒေါ်လာ ၂ သိန်းခွဲကျော်ပေးပီး ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကတဆင့် ငှားခဲ့ပါတယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။

ဒီနောက် Atlantic Group ကုမ္ပဏီကို ဒေါ်လာအမြောက်အများပေးငှားပေမဲ့လဲ စစ်အစိုးရ သိက္ခာတက်မလာခဲ့ပါဘူး။ ဒိနောက် ၂၀၀၂ ခုမှာ DCI Group ဆိုတဲ့ အမေရိကန် ကုမ္ဗဏီကို ရှစ်လတွက် ဒေါ်လာ ၃ သိန်းခွဲနဲ့ ငှားခဲ့ပေမဲ့ နောက်ဆုံး ဒီကုမ္ပဏီနဲ့လည်း စစ်အစိုးရ ခွာပြဲခဲ့ပါတယ်။

ဒီအခြေအနေတွေကိုကြည့်ရင် ဦးခင်ရွှေဟာ စစ်အစိုးရလက်ထက်ကထဲက ဘယ်လောက် အတိုင်အတာထိ အရေးပါနေသလဲ သိသာပါတယ်။

အမေရိကန် ဆန်ရှင်ပြန်ဖွင့်နိုင်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာတက်လာရေး စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး စစ်ဗိုလ်တွေလုပ်ခဲ့တာမို့ ဦးခင်ရွှေဟာ ထောက်လှမ်းရေးအဖွဲ့က လက်ရင်းထား အားကိုးခံခဲ့ရသူ လုပ်ငန်းရှင်ကြီး တဦးဆိုလည်း မမှားပါဘူး။ ဒီစီမံကိန်းသာေ အာင်မြင်ခဲ့ရင် ဦးခင်ရွှေဟာ ဒီထက်ပြိုပီး သူကောင်းပြုခံရမှာ ဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို အနောက်နိုင်ငံ စာနယ်ဇင်းတွေက ဖော်ထုတ်ခဲ့တဲ့အတွက် ဦးခင်ရွှေပါ စစ်အစိုးရနဲ့အတူ ရောပြီး သိက္ခာကျခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဦးခင်ရွှေကို သုံးပြီး အမေရိကန်ကို လိမ်ဖို့ ထောက်လှမ်းရေးအဖွဲ့က ကြိုးစားခဲ့တာတွေကို အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်ရသွားတဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကလည်း ခုထိ ဖော်ထုတ်ခြင်း မပြုဘဲ ငြိမ်နေပါတယ်။

ဦးခင်ရွှေ ဒေါက်တာဘွဲ့အတု ဘယ်လိုရသလဲ

စစ်အစိုးရဟာ တဘက်က ဦးခင်ရွှေကို အသုံးချပီး အမေရိကန် PR ကုမ္ဗဏီတွေနဲ့ သိက္ခာတက်အောင် ကြိုးစားနေချိန်မှာ တဘက်ကလည်း ဦးခင်ရွှေကို ဒေါက်တာဘွဲ့တစ်ခု ရအောင် ဖန်တီးပေးပီး PR ကမ်ပိန်း အရှိန်ရအောင် ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးခင်ရွှေရတာ ဒေါက်တာဘွဲ့အတုဖြစ်ကြောင်း ဖော်ထုတ်ခဲ့တဲ့ အမေရိကန်တွေဘက်က မြင်ပါတယ်။

ဦးခင်ရွှေဟာ စစ်အစိုးရ သိက္ခာတက်ရေးအတွက် Bain & Associates ကုမ္ပဏီနဲ့ အလုပ်များနေတုံးမှာ ဦးခင်ရွှေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်က ပေးအပ်တဲ့ Business Administration ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်တဲ့အခမ်းအနားလုပ်တဲ့အကြောင်း စစ်အစိုးရသတင်းကို ကိုးကားပြီး အမေရိကန် Washington Post သတင်းစာက ဖော်ထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ကောလိပ် တက္ကသိုလ်တွေကို ပိတ်ထားတာ တနှစ်ကျော်နေတဲ့အချိန်မှာ စစ်အစိုးရက ဦးခင်ရွှေသတင်းကို ထုတ်ပြန်လိုက်လို့ ပြည်ပရောက် ဒီမိုကရေစီရေး မြန်မာအတိုက်အခံတွေလဲ အံ့အားတသင့် ဖြစ်ကုန်ပါတယ်။

စစ်အစိုးရ သတင်းစာတွေအရဆိုရင် ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့အခမ်းအနားမှာ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ကမကထနဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal နဲ့ ၀ါရှင်တန် တက္ကသိုလ် ဂုဏ်ထူးဆောင် သုတေသန ကော်မီတီ ဥက္ကဌ ဒေါက်တာ Jom Lim တို့ကနေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

တကယ်တော့ ဦးခင်ရွှေဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်က အငြိမ်းစားယူခဲ့သူဖြစ်ပီး အတန်းပညာ အထက်တန်းတောင် မအောင်ခဲ့ဘူးလို့ အမေရိကန် သတင်းစာတွေက ရေးပါတယ်။

မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ

ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-

၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။

၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့ တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင် နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့ စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။

(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့ ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့ တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါတယ်)။

၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ တွေ့ရပါတယ်။

၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။

၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့ မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့ ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့ ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။

ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက ဘာကြောင့် လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန် တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။

နိဂုံး

ဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုးရက ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ် ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုခွင့်ရှိပါတယ်။

ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။

ဤ သတင်းအား ဖေစ့်ဘုတ် စာမျက်နှာတွင် ခင်ရတနာ မှ ဝေမျှ ပေးသော ကြောင့် ကျေးဇူးတင်ရှိပါသည်.။

NLD ရွေးကောက်ပွဲဝင်လာပြီးနောက်


NLD ရွေးကောက်ပွဲဝင်လာပြီးနောက်

NLD ရွေးကောက်ပွဲဝင်လာမှုနှင့်အတူ မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲတစ်ခု ဖြစ်သွားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည့်ကိစ္စကြောင့် ထိုအပြောင်းအလဲမှာ ပို၍ စိတ်ဝင်စားစရာကောင်းလာပြီး ဖြစ်နိုင်ခြေရှိသည့် အဖြေများလည်း များစွာ ပေါ်ထွက်လာခဲ့သည်။

ဘာကြောင့် နေရာပြည့်ဝင်တာလဲ

“ဒေါ်အောင်ဆန်းစုကြည်နဲ့ကျွန်တော်နဲ့လည်း တစ်ကြိမ်တွေ့ပြီးပြီ။ တွေ့ပြီးတော့ နှစ်ယောက်လုံးရဲ့ သဘောထားတွေကို ပြောခွင့်ဆိုခွင့် တွေကိုလည်း ကျွန်တော်တို့ တော်တော်လေးရတယ်။ တချို့အချက်တွေလည်း မတူတာတွေ ရှိတာပေါ့။ အဲဒီတော့ မတူတာတွေကိုတော့ ကျွန်တော်တို့ ခဏဖယ်ထားကြရအောင်။ တိုင်းပြည်ရဲ့အကျိုးစီးပွားပေါ့။ ဘုံအကျိုးစီးပွားအတွက် တူညီတာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ကြရအောင်။ ဒီကနေ့ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက ဘာလဲပေါ့။ ဒီဟာကိုလဲ ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုတယ်။ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက တိုင်းပြည်က တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံ ရှိချင်တယ်။ ဒီဟာတစ်ချက်၊ နောက်တစ်ခါ ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ခေတ်မီတဲ့နိုင်ငံ ကျွန်တော်တို့ ဖြစ်ချင်တယ်။ ဒီနှစ်ချက်က ပြည်သူအားလုံးရဲ့ဆန္ဒပါ၊ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားဆန္ဒလည်း ဖြစ်တယ်။ ကျွန်တော့်ဆန္ဒလည်း ဖြစ်တယ်။ ဒါကိုခင်ဗျားလက်ခံလားဆိုတော့ သူလက်ခံတယ်။ အဲတော့ ဒီတိုင်းပြည်အကျိုးရှိမယ့်ဟာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ကြရအောင်။ ဒီလိုပြောတဲ့အတွက်ကြောင့်လည်း အခု ဒါရွေးကောက်ပွဲတို့ဘာတို့ ပြန်ပြီးတော့ ပါတီကိုမှတ်ပုံတင် ရွေးကောက်ပွဲဝင် ဘာညာ လုပ်တယ်ပေါ့။ ဘာတွေလုပ်မလဲဆိုတာ၊ ဘာကိုတွဲပြီးတော့ လုပ်ကြပြုကြမလဲဆိုတာ အခုချိန်ပြောဖို့တော့ ခက်တယ်။ သို့သော်လဲ ပြောနိုင်တာ ကတော့ တိုင်းပြည်အတွက် အကျိုးစီးပွားအတွက် ဘုံအကျိုးစီးပွားအတွက်တော့ လက်တွဲပြီးတော့လုပ်ကြမယ်ဆိုတဲ့ဟာကတော့ ဒီလိုတော့ ကျွန်တော်တို့ ပြောဆိုထားတာတွေ ရှိပါတယ်။

အထက်ပါ စကားကို သမ္မတကြီး ဦးသိန်းစိန်က အင်ဒိုနီးရှားတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်မှ လည်း NLD ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သည့်နေ့က သူမသဘောထားမှာ ရွေးကောက်ပွဲဝင်ရန် ဖြစ်ကြောင်း၊ စတိသဘော သုံးနေရာမျှဝင်ခြင်းထက် ၄၈နေရာလုံးဝင်ရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ရာ သမ္မတကြီးနှင့် လူထု ခေါင်းဆောင်အကြား မည်မျှအတိုင်းအတာအထိ သဘောတူညီချက်တွေ ရည်မှန်းချက်တွေ ရှိနေသည်ဆို မည်သူမျှသိနိုင်မည်မဟုတ်ပေ။ သမ္မတကြီး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ ဝင်နိုင်ရန် ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီမှတ် ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပေးခဲ့သည်။ သမ္မတကြီး၏ ကမ်းလှမ်းမှုကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အပြည့်အဝ တုံ့ပြန်လိုပုံရသည့်အတွက် ၄၈နေရာလုံး ဝင်ပြိုင်ခြင်းဖြစ်နိုင်သည်။ ဤသည်မှာ သမ္မတကြီးနှင့် လူထုခေါင်းဆောင်အကြား ယုံကြည်မှုတစ်ခု တည်ဆောက်လိုက်ခြင်းဖြစ်နိုင်သည်။ ၄၈နေရာလုံး NLD အနိုင်ရရုံမျှဖြင့် လွှတ်တော်တွင် အပြောင်းအလဲကြီးကြီးမားမား ဖြစ်မသွားနိုင်သော်လည်း အစိုးရနှင့် လွှတ်တော်များအတွက် တရားဝင်မှုမှာ ပိုမိုခိုင်မာသွားနိုင်မည် ဖြစ်ပြီး အားလုံးပါဝင်သော နိုင်ငံရေးဆို သည့် အခြေအနေကိုဖန်တီးမည့် ပထမဆုံး ခြေလှမ်းလည်းဖြစ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝင်မှာလား


NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည့် အလားအလာရှိနေသည်။ ထိုသို့ လူထုခေါင်းဆောင်ကိုယ်တိုင် ရွေးကောက်ပွဲဝင်တော့မည်ဆိုသည့်အတွက် အမြင်နှစ်မျိုးရှိလာသည်။ သူမကိုယ်တိုင် ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ဆိုသည့် အခြမ်းနှစ်ခြမ်းဖြစ်သည်။

မဝင်သင့်သည့် အခြမ်းဘက်က လူထုခေါင်းဆောင်သည် ပါတီတစ်ရပ်ကို ကိုယ်စားပြု၍ လွှတ်တော်အတွင်းဝင်ရောက်သွားပါက ပါတီ၏ မူဝါဒကို ကြည့်ရတော့မည်ဖြစ်သည့်အတွက် ပြည်သူနှင့် အခြားပါတီများအတွက် လူထုခေါင်းဆောင်အဖြစ်ရှိသော သူမမှာ ပါတီတရပ်၏ ခေါင်းဆောင် အဖြစ် လျော့ကျသွားမည်ကို စိုးရိမ်မိကြောင်း ပြောဆိုကြသည်။ သူမကဲ့သို့ သြဇာရှိသူတစ်ဦးအနေဖြင့် NLD ပါတီခေါင်းဆောင်ဆိုခြင်းထက် ဒီမိုကရက် ပါတီများနှင့် NLD ကို စုစည်း၍ ဦးဆောင်သွားနိုင်သည့် အခြေအနေရှိကြောင်း၊ ထောက်ပြပြောဆိုကြသည်။ အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှာ ကွန်မြူနစ်များကရော ဦးနုအစိုးရကပါ လေးစားရ သူဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း သူမကို နှစ်သက်သော တပ်မတော်သား ကိုယ်စားလှယ်တစ်စိတ်တစ်ပိုင်း၊ အခြားဒီမိုကရက်ပါတီများနှင့် NLD ဟူသည့် မတူညီသည့် နိုင်ငံရေးအင်အားစုများကို ဦးဆောင်သွားနိုင်သည့် အခြေအနေရှိနေပါသည်။

ထို့ပြင် လွှတ်တော်ထဲတွင် သူမကဲ့သို့ အရှိန်အဝါကြီးမားသူတစ်ဦး ထိုင်နေခြင်းကြောင့် ပါတီငယ်များအနေဖြင့် သူမ၏ အရှိန်အဝါကို မကျော်လွန်နိုင်တော့ဘဲ သက်ဆိုင်ရာ ကိုယ်စားပြုမဲဆန္ဒနယ်များ၌ ဖြစ်ပျက်နေသည့် မတူကွဲပြားသည့် ပြဿနာများကို ဆွေးနွေးငြင်းခုန်ရာတွင် ပြဿနာရှိလာနိုင်ကြောင်း ထောက်ပြကြသည်။ ထို့ကြောင့် သူမအနေဖြင့် လွှတ်တော်ပြင်မှနေ၍ ပြည်သူလူထုနှင့် လွှတ်တော်များကို သြဝါဒ ပေးနိုင် သော နေရာမျိုးကို ယူထားသင့်သည်ဟု ဆိုကြသည်။

“တစ်အချက်က သူရွေးကောက်ပွဲ ၀င်ရမယ်။ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခြင်းကို ခံရမယ်။ လွှတ်တော်ထဲ ရောက်လာမယ်။ လွှတ်တော်ထဲက တင်မြှောက်လို့ရှိရင် ဖြစ်လာမှာပါ။ ဒါကတော့ ပြည်သူ့ရဲ့ဆန္ဒပါပဲ”

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့အတွင်း ရာထူးပေးနိုင်ခြင်း ရှိ၊မရှိဆိုသည့် မေးခွန်းကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အထက်ပါ အတိုင်း ဖြေကြားခဲ့သည်။ သို့ဖြစ်ရာ သူမကို အားကိုးရသည့် လက်ရုံးအဖြစ် သမ္မတကြီးအနေဖြင့် အလိုရှိပုံရသည်ဟုလည်း တွက်ဆနိုင်သည်။ လက်ရှိတွင် သမ္မတအပါအဝင် အစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်သည်ဖြစ်ရာ လွှတ်တော်ထဲက ပုဂ္ဂိုလ်များကိုသာ အဆို တင်သွင်းကြခြင်းကြောင့် ရွေးကောက်ပွဲဝင်ပါမှ အစိုးရအဖွဲ့တွင် ရာထူးရယူနိုင်မည့်ပုံစံရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ပြင်ပမှ ပုဂ္ဂိုလ်များလည်း အစိုးရအဖွဲ့တွင် ပါဝင်နိုင်ပါသည်။ ယခုလက်ရှိ နိုင်ငံခြားရေးဝန်ကြီးမှာ ရွေးကောက်ပွဲဝင်ခြင်းမပြုဘဲ ရာထူးခန့်အပ်ခြင်း ခံခဲ့ရသည့်အချက်ကို စဉ်းစားနိုင်သည်။

နိုင်ငံနှင့် လွှတ်တော်ပုံရိပ်တက်လာနိုင်


မည်သို့ပင်ဆိုစေကာမူ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ပြည်သူ၏ ယုံကြည်ကိုးစားမှုရလာသော သမ္မတ ဦးသိန်းစိန်တို့ကို နိုင်ငံတကာတွင်ရော ပြည်သူလူထုအပေါ်တွင်ပါ သြဇာညောင်းသည့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခြင်းက နိုင်ငံတကာတွင် မြန်မာ၏ ပုံရိပ်ကို တက်လာစေရုံသာမက ပြည်သူအားလုံး၏ နိုင်ငံရေးနိုးကြားမှု မြင့် တက်လာစေမည်ဆိုသည်ကတော့ သေချာသည့်ကိစ္စ ဖြစ်သည်။

နိဂုံးချုပ်ဆိုရလျှင်

NLD ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက်တွင် မြန်မာ့နိုင်ငံရေး တစ်ဆစ်ချိုးပြောင်းလဲသွားပြီဟု ယေဘုယျဆန်ဆန် ဆိုရမည် ဖြစ်သော်လည်း ယခုချိုးလိုက်သည့် တစ်ဆစ်ချိုးမှာ နောက်ထပ်ချိုးစရာ မရှိတော့ဘဲ ရှေ့တည့်တည့်သို့ တူရှုရမည့် လမ်းကြောင်းတစ်ခုသာ ဖြစ်တော့သည်။ ဆိုလိုသည်မှာ ဝိဝါဒကွဲပြားမှုတွေ ဖြင့် အပြင်းအထန်ပြိုင်ဆိုင်ခဲ့ကြသော ဗိုလ်ချုပ်ဟောင်းများနှင့် ဒီမိုကရေစီဒေါင်ဒေါင်မြည်ကြီးများမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ က ပြဋ္ဌာန်းသော ရွေးကောက်ပွဲဟူသည့် လမ်းကြောင်းတစ်ခုတည်းပေါ်သို့ အတူတကွ တက်ရောက်သွားပြီဖြစ်ရာ ဘုံသဘောတူညီမှုတစ်ခု (သို့) ယာယီပန်းတိုင်တစ်ခုတော့ ရှိသွားခဲ့ပြီဖြစ်သည်။ အဆိုပါ ပန်းတိုင်သို့သွားရာတွင် အဖွဲ့အစည်းတစ်ခုအတွင်း ဖြစ်လေ့ ဖြစ်ထရှိသော အမြင်ကွဲပြားမှုမျိုးသာ ရှိတော့မည်ဖြစ်ပြီး တစ်ဖွဲ့တည်း၊ ပန်းတိုင်တစ်ခုတည်း ဖြစ်နေပြီဖြစ်သည့်အတွက် ဆန့်ကျင်မှုများထက် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများသာ ဖြစ်ပါလိမ့်မည်။


ဤ ဆောင်းပါး အား yangon chronicle ဆောင်းပါးကဏ္ဍ မှ ပြန်လည်ဝေမျှလိုက်ပါသည်.။

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် လူငယ်များ၏ အရည်အချင်းများကို ဒေါ်အောင်ဆန်းစုကြည်မှ သတ်မှတ်ပေးခဲ့

၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင် ပြည်နယ်နှင့်တိုင်း ဗဟိုအလုပ်မှုဆောင်များကိုခေါ်ကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည့် လူငယ်များ၏ အရည်အချင်းများကို သတ်မှတ်၍ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အန်အယ်လ်ဒီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် သူများသည် ဒေသခံ တိုင်းရင်းသားများဖြစ်ရမည် ၊ လူငယ်ဖြစ်ရမည် ၊ အမျိုးသမီး ဦးစားပေးမည်၊ ခေတ်ပညာတတ် ဖြစ်ရမည်ဟု အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် များနှင့် တွေ့ဆုံရာ တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ခေါ်ပြီးပြောတာက နံပါတ်တစ် ဒေသခံတိုင်းရင်းသားကို ဦးစားပေးရမယ် ၊ နံပါတ်နှစ် လူငယ်ဖြစ်ရမယ် ၊ နံပါတ်သုံး အမျိုးသမီးတွေ ပါဝင်ရမယ် ၊ နံပါတ်လေး ခေတ်ပညာတတ်တဲ့လူငယ်တွေကို ပိုလို ချင်တယ် လို့သူပြောသွားတယ် ၊ အဲ့ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကို ဦးစားပေး စဉ်းစားပေးတဲ့သဘောပေါ့ နောက်လူငယ်လေးတွေကို ဦးစားပေးလာတာပါ” ဟု မန္တလေးတိုင်းဒေသကြီးမှ အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးအေးကြူက ပြောသည်။

အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဥက္ကဌ ဦးတင်ဦးတို့အပါအ၀င် အဖွဲ့ဝင်၂၁ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီမှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်သူများသည် လူငယ်များဖြစ်ရမည်ဟု ပြောဆိုရခြင်းမှာ လူငယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်မည့်သူများ ဖြစ်စေ ချင်သောကြောင့် ဦးစားပေး ရွေးချယ်ရခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်အဖွဲ့ဝင်များထံမှ သိရသည်။

“အန်တီစု အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကအဖွဲ့ဝင် ၂၁ဦး နဲ့ ပါတီသစ်လျှောက်လွှာတွေအတွက် အန်တီတို့ လက်မှတ်ထိုးကြရတယ် ဒီရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဦးဆောင်မှာက အထွေထွေအတွင်း ရေးမှူးဒေါ်အောင်ဆန်းစုကြည် ၊ ဘဘဦးတင်ဦး ၊ ဦးဟန်သာမြင့် နောက် ဦးဥာဏ်ဝင်းတို့က ဦးဆောင်မှာပါ၊ အားလုံးပေါင်း (၂၁)ဦးပေါ့ ကျန်တဲ့လူက ဗဟိုအမျိုးသမီးအဖွဲ့ပါတယ် ၊ ဗဟိုလူငယ်က တစ်ယောက်ပါမယ် တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေလည်းပါတယ် အဲ့ဒီလူတွေကနေမှ နိုင်ငံရေး ပါတီအဖြစ်နဲ့ မှတ်ပုံတင်ဖို့ ဒီနေ့ လုပ်ဆောင်ကြတာပါ” ဟု ရှမ်းပြည်နယ်ကိုယ်စားပြု ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်သူ ဒေါ်ခင်မိုးမိုးက ပြောသည်။

ဗဟိုအလုပ်မှုဆောင်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်နှင့်တိုင်းမှ စီစီ ပါတီသစ်မှတ်ပုံတင်ခြင်း ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗဟိုအဖွဲ့ဖွဲ့စည်းခြင်း နှင့် တိုင်းနှင့်ပြည်နယ်များမှ အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း တို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်းများပြန်လည်မျှဝေပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

23 November 2011

ဒဂုံတောင်ကျီစုကျေးရွာမှ လူမဆန်သောလုပ်ရပ်






ကျွန်တော်တို့NLD ပါတီဝင်အများစုဖြင့်စုစည်းထားသည့် Health Care for Helpless Patients (ဆင်းရဲချို့တဲ့အကူအညီမဲ့နာမကျန်းသူများအား ကူညီစောင့်ရှောက်သူများ)မှ အမေဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကို ခံယူလျက် ဆင်းရဲနွမ်းပါးနေရာများတွင် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းများ ဖွင့်ပေးရန် ရည်ရွယ်ချက်ထားရာ ကျီစုကျေးရွာအုပ်စုတွင် 21-11-2011 ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ကျီစု အနောက်ကျေးရွာအုပ်စု သဇ္ဇနာရာမရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးဝီရာနန္ဒ၏ သြ၀ါဒကိုခံယူလျက် ဆရာတော်၏ဆွမ်းစားရုံတွင် ယာယီဆေးခန်းကိုဖွင့်လှစ်ပေးခဲ့ပါသည်။ ၄င်းနေ့တွင်ပင် လူမမာမျိုးစုံ 104 ဦးခန့်ကုသပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့ပါတီသည် 18-11-2011 ရက်နေ့တွင် တရားဝင်မှတ်ပုံတင်ရန် ဆုံးဖြတ်ချက်ချထားပြီးလည်းဖြစ်ပါသည်။ သို့ပါသော်လည်း ဆေးကုသသည့် နေ့ရက်မှာပင် SB ကိုကျော်သူရနှင့် ကိုမြင့်ဆွေ၊ (ရပ်ကွက်အုပ်ချုပ်ရေးမှူး)ဦးသန်းစိုး တို့သည်လာရောက်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ် ပါသည်။

ကြံခိုင်ရေးမှဒုစည်းရုံးရေးမှူး တုတ်ကြီး(ခ)မြင့်စိုးနှင့် ရဲကင်းမှူးထွန်းလင်းကျော်တို့သည်ဘုန်းကြီးကျောင်း အနီးမုဆိုးမတစ်ယောက်၏အိမ်သို့ ၀င်ရောက်ကျူးကျော်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ဓါတ်ပုံများရိုက်ယူ ပါသည်။ ကျွန်တော်တို့ဆေးကုသမှုများပြီး၍ ပြန်လည်ထွက်ခွာပြီးနောက် ကြံ့ခိုင်ရေးစည်းရုံးရေးမှူး ဦးသောင်းတင်နှင့် ဒုစည်းရုံးရေးမှူးတို့သည် ရွာထဲသို့ဝင်ကာ ဆေးကုသခဲ့သောရွာသားများကိုထိန့်လန့်အောင် စုံစမ်းမေးမြန်း ခြိမ်ခြောက် မှုများကိုပြုလုပ်ပါသည်။ ည(၇း၀၀)အချိန်တွင် ဆေးကုသခဲ့ရာတွင် ၀ိုင်းဝန်းကူညီ ခဲ့သော ရွာသားကိုရွှေသန်း အား အုပ်ချုပ်ရေးမှူးကိုသန်းစိုးမှ စာဖြင့်ဆင့်ခေါ်ခဲ့ပါသည်။ ကိုရွှေသန်းမှ ရုံးသို့သွားရောက်သောအချိန်တွင် ကြံခိုင်ရေး စည်းမှူး ဦးသောင်းတင်မှ ထပ်မံခြိမ်းခြောက်သတိပေးမှုများပြုလုပ် ခဲ့ပါသည်။

ထို့နောက် NLD ပါတီဝင်တစ်ဦးဖြစ်သော ကျွန်တော်တို့ H.C.H.P မှ ရွာခံ ကိုမောင်မောင်အားလည်း အုပ်ချုပ်ရေးမှူး ကိုသန်းစိုးမှ လူနာစာရင်းမှတ်တမ်းစာအုပ်အတိအကျကို သူ့အားပြရန် ပြောဆိုခြိမ်းခြောက် ပါသည်။ ရွာထဲတွင်လည်း ဆေးခန်းအားဖွင့်လို့မရအောင်လုပ်ဆောင်မည်ဟု ကြံခိုင်ရေးမှ လိုက်လံဝါဒဖြန့် ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိပါသည်။

အထက်ပါအချက်အလက်များကြောင့် အများအကျိုး၊ ပြည်သူ့အကျိုး၊ ဖော်ဆောင်ရေးလုပ်ငန်းများတွင် စိတ်အနှောက်အယှက်၊ အတားအဆီးများ၊ ပိတ်ပင်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှု များ အောက်ခြေတွင် ပြည့်နှက် နေဆဲဖြစ်ပါသည်။ ဆင်းရဲနွမ်းပါ၍ အသိပညာနည်းပါးသောနေရာများတွင် အဆိုပါကိစ္စများကြောင့် ရွာသားများ၏ဖွံ့ဖြိုးတိုးတက်မှုများနှောင့်နှေးနေ ရခြင်းလည်းဖြစ်ပါသည်။ အများပြည်သူနှင့်တကွ သမ္မတကြီး ဦးသိန်းစိန်၊ တာဝန်ရှိသူများ၊ သိသာစေရန် တင်ပြအပ်ပါသည်။

ဂီတသမား ကိုဝင်းမော် အကျဉ်းကျအနုပညာဖန်တီးရှင်ဆု( Freedom to Create Imprisoned Artist Prize) ရရှိ

ဒေါ်အောင်ဆန်းစုကြည် မှ ဆုပေးပွဲသို့ ပေးပို့ သော အမှာစကား




ကျောက်ဖြူထောင်တွင် ထောင်ဒဏ်၁၇နှစ်ကျခံနေရသည့် တေးရေးနှင့် ဂီတာတီးသူ ကိုဝင်းမော်ကို အကျဉ်းကျအနုပညာဖန်တီးရှင်ဆု (Imprisoned Artist Prize) ကို FREEDOM TO CREATE အဖွဲ့ က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ တွင် နိုဝင်ဘာလ ၁၉ရက်နေ့ ချီးမြှင့်ခဲ့ သည်။ ကိုဝင်းမော်ကို ၂၀၀၇ ရွေဝါရောင်လှုပ်ရှားမှုအပြီး နိုဝင်ဘာလအတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) မှ ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်မှုဥပဒေ၊တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု စသည့် ဆွဲချက် များဖြင့် ထောင်ဒဏ်နှစ်ရှည် ထောင်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။



၂၀၀၈ ခုနှစ်က အလားတူ ဆုရရှိခဲ့ဖူးသော လူရွင်တော် ကိုဇာဂနာ ကလည်း ကိုဝင်းမော်အတွက် ဗွီဒီယို အမှာစကားပေးပို့ ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဗွီဒီယို အမှာစကားပေးပို့ ခဲ့သည်။

အခုလို ကိုဝင်းမော်ဆုရရှိ သည်ကို သိရှိရသည့် အတွက် ၀မ်းသာစရာ ဖြစ်သော်လည်း၊အနုပညာရှင်ကိုယ်တိုင်မှာ ထောင်ထဲတွင်ရှိနေ သဖြင့် ၀မ်းနည်းစရာဖြစ်ရကြောင်း၊ သာမန်လူများမတွေ့ မမြင်နိုင်သည့် ရှုထောင့်မှ နေပြီး အနုပညာရှင်များမှာ ကမ္ဘာကြီးကို ပိုမိုလှပစေရန် ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်၊ အတွေးအခေါ်တို့ ကြောင့် လူများကို ထောင်သွင်းအကျဉ်းချ သည့်အလုပ်မှာ ကျဉ်းမြောင်းသည့် အလုပ်ဖြစ်ကြောင်း၊ ကိုဝင်းမော်နဲ့ လည်းလူချင်းသိရှိပြီး အနုပညာအပေါ်ထားသည့် သူ့ ယုံကြည်ချက်ကို နှစ်သက်ကြောင်း၊ ယခုလို ကာလတွင် ဆုချီးမြင့်ပေးသည့် Freedom to create အဖွဲ့ ကို ကိုဝင်းမော် ကိုယ်တိုင် လာရောက်ပြီး ကျေးဇူးတင်စကားပြောနိုင်မည့် အချိန်ကာလမှာ မဝေးတော့ပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အမှာစကားထဲတွင် ထည့်ပြောသွားသည်။



ကိုဇာဂနာ ကလည်း သူဆုရစဉ်က ခံစားမှုဖြင့် နှိုင်းယှဉ်ပြီး ကိုဝင်းမော် ဆုရရှိသည့် အတွက်ဝမ်းမြောက် ကြောင်း၊ ကိုဝင်းမော်မှာ ရွေဝါရောင်တော်လှန်ရေးအတွင်း ဒီဗွီဘီ သို့ သတင်းပေးပို့ မှုဖြင့် အကျဉ်းချခံနေရ သော်လည်း ထောင်တွင်းတွင် အနုပညာများဆက်လက်ဖန်တီးနိုင်နေဆဲဖြစ်ကြောင်း၊သူ မကြာခင် လက်မြောက်လာပြီး အနုပညာများကိုလွတ်လပ်စွာဖန်တီးသွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောခဲ့သည်။

ရွှေသံစဉ်တေးဂီတအဖွဲ့ ထူထောင်သူ၊တေးရေးနှင့်လိဒ်ဂစ်တာတီးသူ ကိုဝင်းမော်မှာ အနုပညာသမား အဖြစ်သာ မက ရွေဝါရောင်သံဃာလှုပ်ရှားမှု တွင်လည်း ပြည်သူကြားမှ သတင်းသမားတယောက်အနေ ဖြင့် ဗီဒီယိုရုပ်ပုံများ ကို တက်ကြွလှုပ်ရှားသူများဖြင့် ပူးပေါင်းပြီး မီဒီယာသို့ ဖြန့် ဝေ နိုင်ခဲ့သဖြင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုကို ကမ္ဘာက ပိုမို သိရှိခဲ့ရခြင်းဖြစ်သည်။ ကိုဝင်းမော် ၏ ခံယူချက် နှင့် ဘ၀ တစိတ် တပိုင်းကို အော်စကာဆုပေးပွဲ နောက်ဆုံးအဆင့်သို့ ရောက်ခဲ့သည့် ဘားမားဗွီဂျေ မှတ်တမ်းရှပ်ရှင် ထဲတွင် တစိတ်တဒေသ ဖော်ကျူးထားသည်။



ဆုပေးပွဲကို ကိုဝင်းမော်နှင့် အတူလက်တွဲလုပ်ကိုင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကြီးက တက်ရောက်လက်ခံ ယူခဲ့ပြီး ကိုဝင်းမော်အား စစ်အစိုးရမှ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှု အတွင်း သတင်းများ ပေးပို့ ရာတွင်အဓိက ကြိုးကိုင်အဖြစ် စွပ်စွဲ ပြီး နှိပ်စက်ညှင်းပန်းခဲ့ကြောင်း၊ကိုဝင်းမော် မှာ ယုံကြည်ချက်အတိုင်း လုပ်နေသူသာ ဖြစ်ကြောင်း၊ယခုကဲ့သို့ ဆုရရှိခြင်းဖြင့် ကလေးများနှင့် အိမ်ထောင်တာဝန် ကို ထမ်းနေရသူ ဇနီးသည်အတွက် တဖက်တလမ်း အထောက်အကူဖြစ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ၂၀၁၁ ခုနှစ် ဆုပေးပွဲတွင် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာ မောင်ကိုလည်း Freedom to create leadership ဆု ကို ချီးမြင့်ခဲ့သည်။

FREEDOM TO CREATE ဆုသည် လူမူရေးအပြောင်းအလဲ၊ နိုင်ငံရေး အ ပြောင်းအလဲဖြစ် အောင် ကြိုးစားနေသည့် ကမ္ဘာအနှံ့ ကအနုပညာသမားများ၊လူမှုရေးလုပ်ဆောင်သူ များ အား ပေးအပ် ချီးမြှင့်သည့် ဆုဖြစ်သည်။

သတင်း...ဘာမားဗီဂျေ

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှား ကြိုးပမ်းမှုကို မြန်မာသမ္မတပိတ်ပင်ဟန့်တားမည်မဟုတ်

(The Asahi Shinbum မှ 20 Nov 2011 ရက်စွဲပါ “Myanmar President won’t squash Suu Kyi’s political bid” သတင်းကို yangonchronicle မှ ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခံရ လိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းပြောဆိုလိုက်ပြီး အကယ်၍ သူမအနိုင်ရရှိခဲ့ပါက သူမ၏ လမ်းကြောင်းတွင် မိမိပိတ်၍ရပ်မည်မဟုတ်ဟု ထုတ်ဖော်ပြောကြား လိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ကြမှာပါ။ တကယ်လို့ ဒီလိုလွှတ်တော်မှာ ရွေးကောက်တင်မြှောက်လိုက်ပြီ ဆိုရင်တော့ သူမအတွက် တစ်စုံတစ်ခုတော့ ဖြစ်လာမှာပါ။ ဒါက ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီပေါ့။” ဟု သမ္မတဦးသိန်းစိန်က အဆာဟိရှင်ဘွန်း အပါအဝင် သတင်းမီဒီယာများကို နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

လာမည့်မတ်လအတွင်း ကျင်းပမည်ဟု မျှော်လင့်ရသော ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဆုံးဖြတ်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် သမ္မတဦးသိန်းစိန်က သူ၏ ပထမဆုံး အင်တာဗျူးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်နေရာ ၅ဝ ခန့်အတွက် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ရသည်။

သမ္မတဦးသိန်းစိန်က ပြီးခဲ့သော ဩဂုတ် နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ် သူမအား သဘောကွဲလွဲမှု များ ဘေးဖယ်ထားကာ တူညီသော ပန်းတိုင်ကို ဦးတည်လုပ်ကိုင်သွားကြရန် တောင်းဆိုခဲ့သည်ဟု ဆက်လက်ပြောကြားသည်။

ထိုသို့ တိုင်းပြည်၏ အကျိုးစီးပွားအတွက် အတူတကွ စတင်လုပ်ကိုင်သွားရန် တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည်ဟု သမ္မတ ကြီးက ဆိုသည်။

ပြီးခဲ့သောမတ်လအထိ တပ်မတော်အစိုးရကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယင်းအားမုန်းတီးသော ပြည်သူတစ်ရပ်လုံးက ချစ်ခင်လေးစားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ်နီးပါး အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ပြီး အမျိုးသားနိုင်ငံရေးစနစ်အတွင်း သူမပါဝင်နိုင်ခြင်း မရှိအောင် ပိတ်ဆို့ထားရန် ဥပဒေများ ပြဋ္ဌာန်းထားခဲ့သည်။

ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်အောက်တွင် ဦးသိန်းစိန်က ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုအခါ သမ္မတ အိုဘားမား ဦးဆောင်သော အမေရိကန်အစိုးရက မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ဦးတည်သည့် တိုးတက်ပြောင်းလဲမှုကို ပြုလုပ်လိုက်ပြီဟု ချီးကျူး ပြောဆိုနေပြီဖြစ်သည်။

နောက်ဆုံးတိုးတက်မှုရလဒ်များကို သမ္မတဦးသိန်းစိန်က ကြိုဆိုလိုက်ပြီး ဒီဇင်ဘာ ၁-၂ တွင် လာရောက်မည့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်မှတစ်ဆင့် ဝါရှင်တန်နှင့် ဆက်ဆံမှုများ တိုးတက်လာစေဖို့ ဆန္ဒရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဟီလာရီကလင်တန်သည် နှစ်ပေါင်းငါးဆယ်အတွင်း အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာလိမ့်မည် ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါကလည်း နိုဝင်ဘာ ၁၈ ရက်က အင်ဒိုနီးရှားတွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ တရားဝင် ဖွံ့ဖြိုးရေး အကူအညီပေးမှု ပြန်လည်စတင်ရန် ဂျပန်နိုင်ငံက စီစဉ်နေပြီဟု ပြောကြားခဲ့သည်။

ဂျပန်တို့၏ ဆုံးဖြတ်ချက်ကို ဦးသိန်းစိန်က ကြိုဆိုလိုက်ပြီး မကြာမီကာလအတွင်း မြန်မာနိုင်ငံ၌ ဂျပန်ရင်းနှီး မြှုပ်နှံမှုများ ကြီးထွားလာရန် မျှော်လင့် ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အတည်ပြု



(Associated Press မှ 22 Nov 2011 ရက်စွဲပါ “ Pro- democracy leader Suu Kyi confirms she will stand in Burmese by- election” သတင်းကို yangonchronicle မှ ဘာသာပြန်သည်)

မြန်မာဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လစ်လပ် လွှတ်တော်ကိုယ်စားလှယ်များ အတွက် ကျင်းပသော လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားပြီဟု သိရှိရသည်။

ကာလကြာ အထီးကျန် အပယ်ခံနိုင်ငံ၏ နိုင်ငံရေးပင်မရေစီးကြောင်းတွင် တရားဝင် ပြန်လည်လှုပ်ရှားရန် သူမ၏ NLD ပါတီက ပြီးခဲ့သော သီတင်းပတ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် သူမ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “သူမသည် မည်သည့်မဲဆန္ဒနယ်ကို ကိုယ်စားပြု ယှဉ်ပြိုင်ရမည်ကို မဆုံးဖြတ်ရသေးသော်လည်း ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားပြီ” ဟု ပြောကြားသည်။

မြန်မာ့နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် နောင်ကာလ ရွေးကောက်ပွဲများအတွက် ပြန်လည်မှတ်ပုံ တင်ရန် NLD ပါတီက သောကြာနေ့က ဆုံးဖြတ်လိုက်ခြင်းသည် မနှစ်က အာဏာရလာသော အရပ်ဖက် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို လက်ခံယုံကြည်ကြောင်း အချက်ပြ ခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး ယိုယွင်းပျက်စီးလာချိန်၌ စစ်ဖက်အုပ်ချုပ်သူများက ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်၍ အာဏာလွှဲပြောင်းပေးမည်ဟု ကတိပေးထားသည့်အတိုင်း ကျင်းပပေးခဲ့သော ရွေးကောက်ပွဲများတွင် ယခုအာဏာရ တပ်မတော်ကိုယ်စားပြုပါတီက အနိုင် ရရှိခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲအကြိုကာလအတွင်း တမင်ထိန်းသိမ်းထားခြင်းခံနေရ သူ နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တားဆီး သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ယခင်အစိုးရက ထုတ်ပြန်ခဲ့ခြင်းကြောင့် ယင်းရွေးကောက်ပွဲများကို NLD ပါတီက သပိတ်မှောက်ခဲ့သည်။

သို့သော် ယခုနောက်ဆုံး ထိုဥပဒေကို လက်ရှိအစိုးရသစ်က ပြင်ဆင်ပေးလိုက်ပြီဖြစ်၍ မြန်မာ့နိုင်ငံရေး ဇာတ်ဝင်ခန်းအသစ်များ ထွက်ပေါ် လာပြီဖြစ်သည်။

ဓာတ်ပုံ...AP

22 November 2011

ယခင်အစိုးရအကျဉ်းသား ဘဝမှ အနာဂါတ်ခေါင်းဆောင် သမ္မတ အဖြစ်သို့

(The Independent မှ 19 Nov 2011 ရက်စွဲပါ “From prisoner of the State to future president?” သတင်းဆောင်းပါးကို yangon chronicle မှဘာသာပြန်ဆိုသည်)

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ဆုံးဖြတ် လိုက်ပြီဖြစ်ရာ လွှတ်တော်သစ်တွင် နိုဘယ်လ်ဆုရှင် နေရာရလာမည့် အလားအလာနှင့်အတူ ဒီမိုကရေစီသို့ ဦးတည်သည့် လမ်းကြောင်းပေါ်တွင် အရေးကြီးသော ခြေလှမ်း ထွက်ပေါ်လာပြီဖြစ်သည်။

မနှစ်က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် တရားဝင်နိုင်ငံရေးလုပ်ငန်းစဉ်အတွင်း ပြန်လည် ဝင်ရောက်ရန် တစ်ခဲနက် သဘောတူခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း ငါးဆယ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အဖြစ် လာမည့်လတွင် ပီာလာရီကလင်တန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတဘားရက်အိုဘားမားက ထုတ်ဖော် ပြောဆိုသည့်နေ့တွင်ပင် NLD ပါတီကလည်း ယင်းတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က မနှစ်က လွတ်မြောက်လာပြီးတော့ သမ္မတကြီးနဲ့ တွေ့ဆုံခဲ့ ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း အကုန်လုံး မပာုတ်ပေမယ့် တစ်ချို့တစ်လေ လွတ်မြောက်လာပါပြီ။ သူမ အနေနဲ့ ကိုယ်စားလှယ်လောင်းတစ်နေရာ ဝင်ပြိုင်လိမ့်မယ်လို့ ကျွန်တော် မှန်းဆထားပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်၏ အကြီးတန်းလက်ထောက် ဦးဝင်းထိန်က ယမန်နေ့ ညတွင် ရန်ကုန်မြို့မှ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရာထူးကို ရည်မှန်းယှဉ်ပြိုင်လိုကြောင်း ရည်ညွှန်း ပြောဆိုထားခြင်းမရှိသော်လည်း သူမကို ‘လေဒီ’ အဖြစ် ရိုးရိုးသားသား၊ လေးလေးစားစား ချစ်ခင်ကြသော မြန်မာနိုင်ငံတွင် လွတ်လပ်မျှတစွာ ရွေးကောက်ပွဲကျင်းပလျှင် သူမသည်သာလျှင် လူကြိုက်အများဆုံး ဖြစ်လာပေလိမ့်မည်။ လက်ရှိအချိန်တွင်မူ သမ္မတကို ပြည်သူများက ရွေးချယ်ခြင်းမပာုတ်ပဲ စစ်ဖက် ကိုယ်စားလှယ်များ၊ ရောင်းရင်းများ အပြည့်ဖြည့်တင်းထားသော လွှတ်တော် ကသာ ရွေးချယ်ခြင်းဖြစ်သည်။

ခုနှစ်နှစ်ဆက်တိုက် အကျယ်ချုပ် ထိန်းသိမ်းခံရသူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး တစ်နှစ်ခန့်အကြာတွင်မူ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာခဲ့ပေသည်။ ဗိုလ်ချုပ်ကြီးပောာင်း ဦးသိန်းစိန် ဦးဆောင်သော အရပ်ဖက်အစိုးရသည် မီဒီယာများကို ထိန်းချုပ်မှု လျှော့ပေးခြင်းအပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ၊ စောင့်ကြည့်သူများ ကြိုဆိုကြသည့် ဆောင်ရွက်ချက် အတော်များများကို လုပ်ဆောင်ပြသခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများစွာကို ဆက်လက် ဖမ်းဆီးထားသည့်တိုင်အောင် အတော်များများကို ပြန်လွှတ်ပေးခဲ့သည်။ ထိုဆောင်ရွက်ချက်များကြောင့်ပင် အာဆီယံအဖွဲ့က ၂၀၁၄ တွင် အဖွဲ့ကို မြန်မာနိုင်ငံဦးဆောင်နိုင်ရန် ယခုသီတင်းပတ်အတွင်း သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံအပေါ် Sanctions များ ချမှတ် အရေးယူထားကြသော အနောက်နိုင်ငံများကလည်း ဦးသိန်းစိန်အစိုးရ၏ ခြေလှမ်းများကို တုန့်ပြန် ကြိုဆိုခဲ့ကြသည်။ ဗြိတိသျှ အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီး Andrew Mitchell သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် သတိကြီးကြီးထား၍ အကောင်းမြင်ရမည့် အကြောင်းရင်းများရှိနေပြီပာု ယင်းက မှတ်ချက်ပေးပြောဆိုထားသည်။

သို့သော်လာမည့် နှစ်ပတ်အတွင်း မစ္စ ကလင်တန် သွားရောက်မည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက မနေ့က ကြေညာခြင်းဖြင့် အကြီးမားဆုံး လျှပ်တပြတ်ရိုက်ချက် ထွက်ပေါ်လာလေသည်။ တိုးတက်ပြောင်းလဲမှု မျှော်လင့်ချက် ရေးရေးမျှ ရှိနေသည်ပာု ပြောဆိုထားသော သမ္မတအိုဘားမားက “ တိုးတက်ပြောင်းလဲမှုအတွက် သမိုင်းဝင်အခွင့်အလမ်းပာာ ဘာဖြစ်နိုင်မလဲဆိုတာကို ကျွန်တော်တို့ ဖမ်းဆုပ်ကြည့်ချင်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံဆက်သွားမှာလား ဆိုတာကို ရှင်းလင်းသဲကွဲအောင် လုပ်ရမှာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပုံစံသစ် ဖြစ်ပေါ်လာအောင်လည်း အားပေးတိုက်တွန်းနိုင်မှာပါ” ပာု ပြောကြားသည်။

“တကယ်လို့ မြန်မာနိုင်ငံပာာ ပြုပြင်ပြောင်းလဲရေးလမ်းအတိုင်း ဆက်သွားဖို့ ပျက်ကွက်မယ်ဆိုရင်တော့ အရေးယူဒဏ်ခတ်မှုနဲ့ ပစ်ပယ်မှုကို ဆက်လက်ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် အခုအခိုက်အတန့်မှာ ရနေတဲ့ အရှိန်ကို ဆက်ထိန်းထားမယ်ဆိုရင်တော့ ပြန်လည်စေ့စပ် သင့်မြတ်မှု အောင်မြင်နိုင်ပါတယ်” ပာု အိုဘားမားက ဆိုသည်။

အမေရိကန်တို့၏ ယခုဆုံးဖြတ်ချက်ကို အကြောင်းရင်းများစွာ လှုံဆော်ပေးခဲ့ပုံရသည်။ အရေးယူဒဏ်ခတ်မှု Sanctions များသည် အားလုံးကို ရည်ညွှန်းသော်လည်း နိုင်ငံတွင်း ရေနံနှင့် ဓာတ်ငွေ့ ထုတ်ယူရန် ကြိုးစားနေသော ကုမ္ပဏီများထဲမှ လက်တစ်ဆုပ်စာ အမေရိကန်ကုမ္ပဏီများသာ တားဆီးခံနေကြရသည်။ ထို့အပြင် စွမ်းအင် သဘောတူညီချက်များစွာ ရရှိထားပြီးဖြစ်သော တရုတ်တို့၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းနေမှုကို တုန့်ပြန်ရေး ကိစ္စကိုလည်း ဝါရှင်တန်က စိုးရိမ်ပူပန်လျက်ရှိသည်။ နောက်ဆုံးတွင်မူ မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး အာဏာရလာသော နာမည်ခံ အရပ်ဖက်အစိုးရသည် တစ်စုံတစ်ရာ ကွဲပြားခြားနားမှုကို ကိုယ်စားပြုနေသည်ပာု အမေရိကန်တို့ ယုံကြည်သွားပုံရသည်။

ယခု US Campaign for Burma ကို ဦးဆောင်နေသူ နိုင်ငံရေးအကျဉ်းသားပောာင်း ဦးအောင်ဒင်က “သမ္မတ အိုဘားမား၏ ကြေညာချက်ကြောင့် အံ့အားသင့်ခဲ့မိကြောင်း” ပြောဆိုသည်။ သို့သော် ဦးအောင်ဒင် က ဆက်လက်၍ “နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူ ကြိုဆိုတယ်ဆိုတဲ့နောက်တော့ ကျွန်တော်တို့ကလည်း ထောက်ခံပါတယ်။ အမေရိကန်အစိုးရရဲ့ စိတ်ရင်းစေတနာကောင်း ပြသမှုကို မြန်မာအစိုးရက နားလည်သဘောပေါက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းဖြင့် အပြုသဘောတုန့်ပြန်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ပာု ပြောကြားသည်။

သမ္မတအိုဘားမားက ဆုံးဖြတ်ချက်မချမီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၂၀ ခန့် ဖုန်းဖြင့် စကားပြောခဲ့သည်ပာု ဆိုသည်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တိုက်ရိုက်စကားပြောဆိုခဲ့ပြီး ဒီလုပ်ငန်းစဉ် ရှေ့ကိုဆက်ရွေ့အောင် အမေရိကန်အစိုးရရဲ့ ဆက်ဆံ တွေ့ထိညှိနှိုင်းမှုကို သူမက ထောက်ခံအားပေးတယ်ဆိုတဲ့ အချက်ကို အတည်ပြုခဲ့ပါတယ်” ပာု အမေရိကန်သမ္မတက ပြောကြားသည်။

မနေ့က NLD ဗပိာုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်ကုန် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန် သူမ၏ ပါတီ အဆင်သင့်ဖြစ်စေချင်ကြောင်း ပါတီဝင်များကိုပြောကြားခဲ့သည်။

“ကျွန်မ အနေနဲ့ ပြောရရင် ပါတီကို ပြန်လည်မှတ်ပုံတင်စေချင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ၄၈ နေရာစလုံးကို ဝင်ပြိုင်စေချင်တယ်” ပာု ပြောကြားခဲ့ကြောင်း Reuters သတင်းဌာန၏ အဆိုအရ သိရှိရသည်။

ကိုယ်တိုင်ရွေးကောက်ပွဲဝင်ခြင်းသည်ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သည်ဟုပြောသောစကားကို လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တုန်ပြန်ပြော


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ခြင်းသည် ၎င်း၏ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင် သည်ဟု ပြောသောစကားကို လက်မခံနိုင်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပသော လူငယ်ရေးရာ တာဝန် ခံဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်/တိုင်း လူငယ်အကူ အညီပေးရေး အဖွဲ့များအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။

“သိက္ခာဆိုတာ ကျမပြောခဲ့ဖူးပါတယ်။ တစ်ချို့ကပြောတယ် ရွေးကောက်ပွဲမှာကျွန်မဝင်ခဲ့လို့ရှိရင် ကျွန်မရဲ့ ဂုဏ်သိက္ခာများထိမလားပေါ့။ ဒီလိုမျိုးစဉ်းစားတာကိုပြောတာမဟုတ်ဘူး။ အဲဒါမျိုးက ကိုယ့်ရဲ့အကျိုးကို လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလမ်းစဉ်ထက် ပိုပြီးတော့ အလေးထားရာရောက်ပါတယ်။ အဲလိုသိက္ခာမျိုးဆိုတာ တကယ်တော့ အမှန်ပြောရရင် အင်မတန်မှ တစ်ကိုယ်ကောင်းဆန်တဲ့ သိက္ခာမျိုးပါ။ ကလေးစကားနဲ့ပြောရရင် ငါအကောင်ကြီးဖြစ်ရေးပေါ့နော်။ အဲလိုဟာမျိုးဟာ မရှိသင့်တဲ့စိတ်ဓာတ်မျိုးပါ ” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လူ့ဘဝ၏အရေးကြီးဆုံးကိစ္စမှာ မွေးလာကတည်းကကိုယ့်တာဝန်ကိုယ်ကျေဖို့ပင် ဖြစ်ကြောင်း ဂုဏ်သိက္ခာဆိုသည်မှာ တာဝန်ကျေခြင်းပင်ဖြစ်ကြောင်း ကိုယ်ထင်ပေါ်ကျော်ကြားမှုအတွက် ကိုယ်ပေါ်ပြူလာဖြစ်ဖို့အတွက် ဆိုသောစိတ်များကို ငယ်ငယ်ကတည်း ကဖျောက်ထား ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားသည်။


“ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ် တစ်ယောက် နာမည်ရရေးအတွက် လုပ်တာမဟုတ် ပါဘူးဆိုတာကို ခေါင်းထဲမှာသေသေချာချာထားစေချင်တယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လစ်လပ်နေရာအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် ဝင်၊ မဝင် ဆိုသည်ကို ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရသည်။

“ရွေးကောက်ပွဲကို ကိုယ်တိုင် ဝင်၊ မဝင်ဆိုတာ အခုမပြောသေးဘူးဆုံးဖြတ်ပြီးမှ ပြောမယ် ” ဟု နိုင်ငံခြားသတင်းထောက်တစ်ဦး၏အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားတရားဝင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနှင့် နောင်လာမည့် ရွေးကောက်ပွဲများ
တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ ကန့်ကွက်သူမရှိပဲ ညီညွတ်စွာဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


သတင်းများ ပြန်လည်မျှဝေပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။
ဓာတ်ပုံ..AP

21 November 2011

ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားမှုပုံစံ မြန်မာအမျိုးသမီးများ အပေါ်လွှမ်းမိုးမှုရှိ




အမျိုးသား ခေါင်းဆောင်ကြီး၏ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စား ဆင်ယင်မှု ပုံစံကို သဘောကျ နှစ်သက် ကြသူများတွင် ၄င်းနှင့် ရွယ်တူ အမျိုးသမီးများ သာမက လူငယ် အမျိုးသမီးများပင် ပါဝင်ကြောင်း သိရသည်။ "အမေစုက ဘယ်အချိန် မြင်ရမြင်ရ မြန်မာဆန်ဆန်ပဲ ဝတ်စား ဆင်ယင်တယ်။

ကျက်သရေရှိအောင် ဝတ်တတ်တယ်။ အရမ်း စမတ်ကျတယ်" ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေးပညာ မဟာတန်း တက်ရောက်နေသူ မသီသီလွင်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အရင်တုန်းက လန်ဒန် တက္ကသိုလ် မှာလည်း ကျောင်းသွားတက် ဖူးတယ်လို့သိရပါတယ်။ နောက် နိုင်ငံခြားသားနဲ့ အိမ်ထောင် ကျခဲ့တာတောင်မှ သူဟာ မြန်မာတစ်ဦးဆိုတဲ့ စိတ်၊ မြန်မာပြည်ကို ချစ်တဲ့စိတ်အမြဲတမ်း ရှိနေတယ်လို့ထင်ပါတယ်။

ဘာလို့လဲဆိုတော့ သူနိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့ အချိန်တွေမှာရော၊ အိမ်ထောင်ကျတဲ့ အခါတွေမှာရော အရင်တုန်းကဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင် မြန်မာအဝတ်အစားနဲ့ပဲ တွေ့ရတယ်။ ဂုဏ်ယူစရာလည်း ကောင်းတယ် ဟု ၄င်းကဆိုသည်။ အချို့သူများက ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော အင်္ကျီဒီဇိုင်းများ အတိုင်း လိုက်ချုပ်ကြသည်အထိ ရှိသည်ဟု သိရသည်။

အခုနောက်ပိုင်း လိုက်ပြီးချုပ်ကြတာကတော့ ဒေါ်စုဝတ်သလို အရောင်ပြောင်နဲ့ လက်ရှည်ရင်ဖုံးမှာအပေါ်ထောင့်ကြယ်သီးနေရာမှာ ပန်းထည့်ကြတဲ့ပုံ အချုပ်များတယ်။ ရင်စေပုံတော့သိပ်မချုပ်ကြဘူး။ ဒီဇိုင်း ကရိုးရိုးယဉ်ယဉ်လေးပဲလေ။ အသက်၃၀ အရွယ်တွေရော၊နောက်၅၀ကျော်တွေရော အရွယ်မျိုးစုံပါပဲ။ လာအပ်ကြတာ။

ကျွန်မတို့ငယ်ငယ်တုန်းက လည်း (၁၉၉၀ ကျော်နောက်ပိုင်းမှာ) ဒေါ်စုအဆင်ဆိုပြီး သိုးမွေးအင်္ကျီိုကို ရောင်စုံချိတ်လိုးပုံစံထိုးပြီးဝတ်ဆင်ကြတာ ကြုံဖူးသေးတယ်။ ဟု စမ်းချောင်းမြို့''ဝင်း"စက်ချုပ်ဆိုင်မှ ဒေါ်တင်ခိုင် ကပြောကြားပါသည်။

မြန်မာဆန်စွာ ဝတ်ဆင်သည့် အပြင် ကတ္ထီပါပုံတော် ဖိနပ်သာစီးပြီး ပန်းပန်လေ့ရှိသဖြင့် မြန်မာအမျိုးသမီးတစ်ဦး၏ ကျက်သရေရှိသော ဟန်ပန် အပြည့် ရှိသည်ဟု ဂျာနယ်တစ်ခုတွင် ဝင်ရောက် လုပ်ကိုင်နေသူ အမျိုးသမီးအယ်ဒီတာ တစ်ဦးကဆိုသည်။ "ဒေါ်စု ဝတ်တာက ဘာမှ ဆန်းဆန်းပြားပြားကြီးတွေ မပါဘူး။ ဒါပေမယ့်ပြည်သူက ချစ်တဲ့စိတ်ကြောင့် သူဝတ်ပုံစားပုံတွေ နေထိုင်ပုံတွေက ပြည်သူတွေအပေါ် လွှမ်းမိုးမှုရှိတာပါ "။

မန္တလေးအလင်း သတင်းဂျာနယ်မှပြန်လည်ဝေမျှလိုက်ပါသည်။

ဓာတ်ပုံများအား အင်တာနက်စာမျက်နှာများမှ ပြန်လည်ဝေမျှပေးထားပါသည်.။