12 June 2010

တချိန်တုန်းက လမ်းမတော်ကဌေး ရုပ်ရှင်ရုံ


ကျနော်တို့ ငယ်စဉ် ၁၉၆၀ နှောင်းပိုင်းနဲ့ ၁၉၇၀ ပြည့်နှစ်များ လောက်က ရန်ကုန်မြို့ လမ်းမတော် မြို့နယ်မှာ စံပြနဲ့ ကဌေး ရုပ်ရှင်ရုံ နှစ်ရုံရှိတဲ့ အနက်က ကဌေး ရုပ်ရှင်ရုံ အကြောင်းကို သတိတရ ပြောချင်ပါတယ်။

ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးအစိုးရ တက်လာပြီးနောက် ကဌေး ရုပ်ရှင်ရုံဟာ ပြည်သူပိုင် သိမ်းတဲ့ အထဲမှာ ပါသွားခဲ့ပါတယ်။ ကဌေးရုပ်ရှင်ရုံဟာ ရန်ကုန်အနောက်ပိုင်း ဖရေဇာလမ်းမကြီး တလျှောက် ရွှေတောင်တန်းလမ်း လမ်းတို နဲ့ ၁၄ လမ်း လမ်းတိုကြားထဲမှာ တည်ရှိပါတယ်။ရွှေတောင်တန်း လမ်းဟာ ရန်ကုန်မြို့မှာ အကောင်းဆုံးကြေးအိုး၊ ခေါက်ဆွဲ စတင် ရောင်းခဲ့တဲ့ နာမည်ကြီး ကြေးအိုးဆိုင်လမ်း တလမ်းထဲမှာ ပါ ပါတယ်။

ကဌေး ရုပ်ရှင်ရုံပိုင်ရှင်ဟာ တရုတ်လူမျိုးတယောက်လို့ သိရပါတယ်။ ကဌေး ရုပ်ရှင်ရုံဟာ ကျနော့် အမေပြောပြ ချက်အရ ပထမတုန်းက ပြဇာတ်ရုံလို့ သိရပါတယ်။ နာမည်ကျော် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး၊ ဒေါ်မြင့်မြင့်ဌေး တို့ဟာ ကဌေး ရုပ်ရှင်ရုံကနေ ထွက်ပေါ်လာခဲ့တဲ့ သူတွေလို့ သိရပါတယ်။

အကယ်ဒီမီ ဦးဖိုးပါကြီး၊ လူရွှင်တော် ဦးကြယ်နီ တို့ဟာလည်း ကဌေး ပြဇာတ်ရုံက စတင်တဲ့ အထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းကျမှ ပြဇာတ်ရုံကနေ ရုပ်ရှင်ရုံအဖြစ် ပြောင်းလိုက်တာပါ။ ရှေးခေတ် ရုပ်ရှင်ရုံသမိုင်းမှာ အပါ အ၀င်တစ်ခု ဖြစ်ခဲ့ပါတယ်၊။

အဲဒီအချိန်တုန်းက ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေရဲ့ ပြသချိန်တွေက နေ့လ ၁၂း ၃၀ နာရီ၊ ၃း ၃၀ နာရီ၊၆း ၃၀ နာရီ၊ ည ၉း ၃၀ နာရီ ဆိုပြီး တနေ့ ၄ ပွဲပြသပါတယ်။ သောကြာနေ့တိုင်း ရုပ်ရှင်ကား အသစ်လဲပါတယ်။

ဒါပေမယ့် ကဌေး ရုပ်ရှင်ရုံကတော့ ကားအဟောင်းတွေ ပြသတာ များပါတယ်။ သောကြာနေ့ ရောက်ပြီဆိုရင် ကဌေးရုံမှာ ရုံတင်တဲ့ ဇာတ်ကားကို တရုတ်ကြီးတယောက်က ရုပ်ရှင်ပိုစတာ ဆိုင်းဘုတ်ကြီး ၂ ခုကို ကျောချင်းပူး၊ လှည်းဘီးပေါ်မှာ တင်ပြီး မြို့ထဲကို လှည့်ပါတော့တယ်။

သူက အဲဒီလို လှည်းဘီးကို တွန်းပြီး လှည့်တဲ့အချိန်မှာပဲ ပါးစပ်ကလည်း အော်ပါသေးတယ် ။

“နားမူးတန်း၊ နားမူးတန်း” လို့ အော်ပါတယ်။ သူအမှန်တကယ်အော်တာက “ငါးမူးတန်း၊ ငါးမူးတန်း ” ပါ။

ရုပ်ရှင်ရုံဝင်ကြေးက ငါးမူးတန်း၊ ၁ ကျပ်တန်း၊ ၁ ကျပ်ခွဲတန်း၊ ၂ ကျပ်တန်း တို့ပါ။ ဒီထက်ပိုပြီး ကားဟောင်းတယ်ဆိုရင် အောက်ဆုံးတန်းက တမတ်တန်းပါ။ သူက အဲဒီ ငါးမူတန်း တခုကိုပဲ အော်တတ်ပါတယ်။၊ တခြားအတန်းတွေကို မအော်ပါဘူး။

အဲဒီ တွန်းလှည်းတွန်းတဲ့ တရုတ်ကြီးဟာ လေဖြတ်ထားပုံရပါတယ်။ ခြေထောက်တဘက်က လမ်းသွားရင် နည်းနည်း ဆွဲ ဆွဲ သွားပါတယ်။ ကင်းဘတ်ဖိနပ်ကို အမြဲတမ်းစီးပြီး အ၀တ်ပျော့ဦးထုပ် တလုံးကို အမြဲဆောင်းထားတာ တွေ့ရပါတယ်။

တခါတလေ ရုပ်ရှင်ရုံ ဂိတ်ပေါက်မှာ လက်မှတ်တွေ ဖြတ်နေတာကိုလည်း တွေ့ရပါတယ်။ ရုပ်ရှင်ကားလဲတိုင်း သူ အမြဲ ဒီ ပိုစတာကြော်ငြာကို မြို့ထဲ လှည့်ပါတယ်။ လမ်းမတော် မြို့နယ်နဲ့ လသာမြို့နယ်တွေကို လှည့်တာ များပါတယ်။ တခါတလေ အလုံမြို့နယ်ကိုလည်း ရောက်တာတွေ့ရပါတယ်။ အဲဒီမြို့နယ်တွေထက် ကျော်တာတော့ မတွေ့ရပါဘူး။

ကဌေးရုပ်ရှင်ရုံက ၂ ထပ်ပါ။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း တွေက အောက်ထပ်မှာပါ။ အထူးတန်းက အပေါ်ထပ်မှာပါ။ ပထမတန်းနဲ့ ဒုတိယတန်းတွေက သစ်သား ထိုင်ခုံတွေပါ။ တတိယတန်းက ကြိမ်ကုလားထိုင်တွေပါ။ အထူးတန်းကတော့ ဆိုဖာနဲ့ပါ။ အောက်တန်းတွေရဲ့ ထိုင်ခုံတွေက ကြမ်းပိုး ကိုက်ပါတယ်။ ရုပ်ရှင်ပြနေတုန်း ကြမ်းပိုးကိုက်ရင် ကြည့်တဲ့သူက မကြာခဏ ထပြီး ခုံကို ထုရိုက်သံကိုလည်း ကြားရပါတယ်။

ရုပ်ရှင်ပြနေတုန်း ကားကလည်း ခန ခန ပြတ်ပါတယ်။ ရုပ်ရှင်ပြစက်က တော်တော်ဟောင်းနေပါပြီ။ အဲဒီလို ကားပြတ်ရင် ပထမတန်းနဲ့ ဒုတိယတန်းက လူတွေက ထိုင်ခုံတွေကို ရိုက်ကြ၊ ထုကြ၊ အော်ဟစ်ကြပါတယ်။ ပထမတန်းက လူတွေက ပိုဆိုးပါတယ်။

ကဌေးရုံရဲ့ ထူးခြားချက် တခုရှိပါတယ်။ အဲဒါကတော့ ရုံတင်လိုက်တဲ့ ကားမကောင်းဘူး၊ လူမကြိုက်လို့ လူမ၀င်ဘူး ဆိုရင် အဲဒီကားကို ၂ ရက်၊ ၃ ရက်လောက်ပြပြီး ရွှေဘ ဇာတ်ကားကို ပြောင်းပြီး ရုံတင်လိုက်ပါတယ်။ အဲဒီအခါမှာ လူ ကြိတ်ကြိတ်တိုးတာကို တွေ့ရပါတယ်။ အဲဒီ အချိန်လောက်က လမ်းမတော်မြို့နယ်မှာ ကီလီဈေးကြီး ရှိပါတယ်။

ကုန်တင် ကုန်ချသမားတွေ၊ ကုန်စိမ်းဒိုင်တွေ၊ သားငါး ဒိုင်တွေကလူတွေက ရွှေဘ ကားဆိုရင် ကြိုက်ကြပါတယ်။
ည ၉း ၃၀ ခွဲပွဲတောင် ရုံပြည့်ပါတယ်။ သူတို့က ည ၉း ၃၀ ပွဲဆိုရင်အားကြတယ်။ ရုပ်ရှင်က ည ၁၂ နာရီဆိုပြီးတယ်။ရုပ်ရှင်ပြီးရင် ဒိုင်ကိုပြန်ပြီး ခဏ တရေးတမောအိပ်၊ မနက်၂ နာရီ၊ ၃ နာရီလောက် ဆိုရင် အလုပ်လုပ်ရပါပြီ။

အဲဒီလို ရုပ်ရှင်ပြရင်း ရွှေဘနဲ့ လူဆိုးတွေ ထိုးကြ ကြိတ်ကြတဲ့အခါမှာ ရွှေဘရှုံးရင် ၀ိုင်းပြီး အော်ဟစ်ကြပြီး ရွှေဘနိုင်ရင် လက်ခုပ် ၀ိုင်းတီးကြပါတယ်။ ဆူညံနေတာပါပဲ။ တောကဖိုးတုတ်၊ ဗိုလ်စံဖဲ၊ တို့ပိုင်တဲ့မြေ၊ ၀ရမ်းပြေးဖိုးသိန်း ... စတာတွေဟာ ရွှေဘရဲ့ နာမည်ကြီး ဇာတ်ကားတွေဖြစ်ပါတယ်။ ဂျပန်ပြည်မှာ သွားရိုက်ခဲ့တဲ့ အလောင်းတော် ရာမ ဆေးရောင်စုံ ဇာတ်ကားမျိုးလည်း ပြပါတယ်။ “ဆောင်း” ဆိုတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကရင်၊ ဗမာ ချစ်ကြည်ရေးကို အခြေခံတဲ့ စစ်ကားလည်း ပြသခဲ့ပါတယ်။ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ၊ ဒေါ် စံရှားတင်၊ ညွန့်ဝင်းတို့ ပါဝင်ပါတယ်။ ဇာတ်ကားက ၃ နာရီကြာအောင်ပြသရတဲ့ ဇာတ်လမ်းရှည် ဖြစ်ပါတယ်။

ကွယ်လွန်သူ မင်းသားကြီး ဦးကျော်ဆွေရဲ့ ဇာတ်ကားတွေလည်း မကြာခဏပြသပါတယ်။ “ပုလဲမျက်ရည်” ဆိုတဲ့ ဇာတ်ကားဟာ သူကိုယ်တိုင် ဒါရိုက်တာလုပ်၊ သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သမိုင်း ၀င် ဇာတ်ကား တကားပါ။ မင်းသမီးကြီး ခင်ယုမေနဲ့ တွဲပြီး ရိုက်ထားပါတယ်။ ဌေးဝင်း၊ စံတင် စတဲ့ လူကြမ်း မင်းသားကြီး ပေါင်းစုံ ပါဝင်တဲ့ ဂျပန်တော်လှန်ရေး မြင်ကွင်းကျယ် စစ်ကားကြီး တကားဖြစ်ပါတယ်။

တခါတလေ အင်္ဂလိပ်ရုပ်ရှင် ကားဟောင်းတွေလည်း ပြတတ်ပါတယ်၊ (The Longest Day) ဒုတိယကမ္ဘာစစ်ကို အခြေခံတဲ့ နော်မန်ဒီ ကမ်းတက် သမိုင်းဝင်ကား၊ (The Guns of Navarone) နဲဗားရွန်း ခံတပ် စတဲ့ သမိုင်းဝင်ကား တွေလည်း ရုံတင်တတ်ပါတယ်။

အစိုးရက ကဌေးရုပ်ရှင်ရုံဟာ ရုံဟောင်းကြီး တခုဖြစ်တဲ့အတွက် ကားဟောင်းတွေများ တင်တာလားလို့ စိတ်ထဲမှာ ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံ တမတ်၊ ငါးမူးလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်ကားတွေ ကြည့်ရတာ ထူးခြားမှု တခုဖြစ်ပြီး ကျေနပ်အားရစရာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ကဌေးရုံကို ကေသွယ်ရုံ ဆိုပြီး နာမည် ပြောင်းလိုက်ပါတယ်။

အခု နအဖ ခေတ်မှာတော့ ကဌေးရုံကြီးကို တရုတ်တယောက်က ၀ယ်ပြီး ကြမ်းခင်းဖယောင်းပုဆိုး စတဲ့ ကုန်ပစ္စည်းတွေ ရောင်းနေတဲ့ ကုန်စုံဆိုင်ကြီးအဖြစ် ၀မ်းနည်းဖွယ်တွေ့ရပါတော့တယ်။

သက်ဦး (လမ်းမတော်)

အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်မှပြည်သူလူထုက မဲဆန္ဒပေးတာလည်းမိမိရဲ့အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲမိမိရဲ့အခွင့်အရေးပဲလို့ ပြောဆို

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆိုကြောင်း ယနေ့ နေ့လည် ၁နာရီမှ ၃နာရီအထိ နေအိမ်ပြင်ဆင်ခွင့် ကိစ္စနဲ့ ပတ်သတ်ပြီး တွေ့ဆုံခွင့်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ အင်ဂျင်နီယာဦးခွန်သာမြင့်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ရယ် အန်ကယ်ရယ် ဒီနေ့ ၁နာရီကနေ ၃နာရီထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိက သွားတွေ့တာကတော့ ခြံဝင်းထဲမှာ ပျက်ဆီးနေတဲ့ အိမ်တစ်လုံးရှိတယ်။ အဲ့ဒါကို ဖျက်သိမ်းဖို့ စည်ပင်ကို တင်တော့ပထမ ခွင့်ပြုတယ်..... နောက်တစ်ခါ ပြန်ရုပ်သိမ်းတယ်....။ အဲ့ဒါကို မြို့တော်ဝန်ကို တင်ပြဖို့ ဥပဒေအချက်အလက်တွေ အဲ့ဒါတွေကို သွားဆွေးနွေးတာ။ အဲ့ဒါရေးပြီး နောက်တစ်ပတ်ထဲမှာ တင်ဖို့ သွားဆွေးနွေးတာ...။

နောက်တစ်ခု ပြောဖြစ်တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ်လူငယ်တွေကို ပျိုးထောင်ဘို့လိုတယ်။ ပျိုးထောင်တဲ့ လူတွေကိုယ်တိုင်က သဘောထားကြီးရမယ်။ ရဲဘော် ရဲဘက်စိတ် ရှိရမယ် အဲ့ဒါလေးပြောပါတယ်။ နောက်တစ်ခုက NLD အတွက်ခုလို ခက်ခဲနေချိန်မှာ NLD အဖွဲ့ဝင်တွေ၊ လူငယ်တွေ ၊ အမျိုးသမီးအဖွဲ့ဝင်တွေ ညီညီညွတ်ညွတ် ဆောင်ရွက်နေတဲ့ အတွက် ဒါဟာအကောင်းဆုံးပဲ ဂုဏ်ယူပါတယ် လို့ပြောပါတယ်... ဒုတိယအချက်ပေါ့ နောက်ပြည်သူလူထုတွေ ဒီမိုကရေစီနဲ့ ပတ်သတ်ပြီးတော့ ပိုပြီးသိရှိလာအောင် ကြိုးစားဆောင်ရွက်ရမယ် ဒီလိုကြိုးစားဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ် လို့ပြောပါတယ်။

မဲပေးတာနဲ့ ပတ်သတ်ပြီး ပြည်သူလူထုက မဲဆန္ဒပေးတာလည်း သူရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ သူ့ရဲ့ အခွင့်အရေးပဲလို့ အဲ့သလို ပြောပါတယ်။ သတင်းအနေနဲ့ ပြောနိုင်ဖို့ အဲ့ဒီအချက်တွေ ပေးလိုက်ပါတယ်.. ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လာမယ့် အပတ် ၁၉ရက်နေ့ စနေနေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ ပွဲ အခမ်းအနားကို မင်္ဂလာဒုံ ၁၀မိုင်ကုန်းမှာရှိတဲ့ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက် အရ အဲ့ဒီမှာလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်က ဆင်းရဲချို့တဲ့တယ့် ကျောင်းသားလေးတွေ ကို ခဲတံ၊ စာအုပ်၊ Dictionary တွေလှုမယ်။ အဲ့တော့ ဒီမှာလည်း ဗဟိုအမျိုးသမီးအဖွဲ့က အဲ့ဒါတွေကို ပြင်ဆင်ထားပြီးပါပြီ " ။ ဟု ဆက်လက်ပြောဆို သွားပါတယ်။

ပြီးခဲ့တယ့်နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ထိုအချိန်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း ပြောင်းရွှေ့ ခံထားရချိန်၌ အနီးအနားရှိ လုံခြုံရေးကျနေတဲ့ အကျဉ်းထောင် ဝန်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ဒံပေါက်ထမင်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား နေအိမ်သို့ ဝင်ရောက်မှုနဲ့ ပတ်သတ်ပြီး ဆိုင်းငံပြစ်ဒဏ် ၁နှစ်ခွဲ မတရားကျခံနေရပြီး လာမယ့် နိုဝင်ဘာလမှာ ပြန်လည် လွတ်မြာက်မှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မှာ ကျင်းပမယ်လို့ သတင်း ရရှိတဲ့ အကြောင်း အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ကမ္ဘာလုံး ဆိုင်ရာ အာရှ အဖွဲ့အစည်းရဲ့ ညီလာခံမှာ မနေ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်(BBC)။ စစ်အစိုးရကကတော့ ယနေ့အထိ ရွေးကောက်ပွဲရက်ကို အတိအလင်း ထုတ်ဖော် ကြေငြာခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်မစေ့မှီ စစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ထားပုံရကြောင်း မြန်မာ့အရေးလေ့လာ သူများကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေ ယုံကြည်လေးစားမှု ရရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါပဲ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ မဖြစ်နိုင်ကြောင်း အကဲခတ်တွေက ဆိုပါတယ်။

သတင်း.. ဒီမိုဝေယံ....။

The Voice Weekly Vol. 6-30

The Voice 6-30

စစ်အစိုးရပိုင်မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် "ဗိုလ်ကြီးစိုင်းသိန်းဝင်း၊ဗိုလ်မှူးအောင်လင်းထွဋ်နှင့်  DVB အပေါ်စစ်အစိုးရမှမတရားစွတ်စွဲပြောဆိုထားခြင်း



မြန်မာ့ နျူကလီယား စီမံကိန်း နှင့် ပတ်သက်ပြီး စစ်အစိုးရ၏ ပြန်လည် ဖြေရှင်းချက်



မြောက်ကိုရီးယား နှင့် မြန်မာနိုင်ငံ တို့၏ ဆက်ဆံရေး အပေါ် သတင်း ထုတ်ပြန်ချက်

ရန်ကုန်ုမြို့တွင် မီးသတ် နည်းပညာကောလိပ် ဖွင့်လှစ်မည်

မီးသတ်ပညာရပ်များကို သင်ကြားပို့ချမည့် မီးသတ် နည်းပညာ ကောလိပ်ကို ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်တွင် မကြာမီ ဖွင့်လှစ်ရန် မီးသတ်ဦးစီးဌာန ရုံးချုပ်က စီစဉ်လျက် ရှိသည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသင်းဌေးရွှေက ပြောသည်။ “မီးသတ် နည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ဆောင်ရွက်တဲ့အနေနဲ့ မီးသတ် နည်းပညာ ကောလိပ်ကို ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ၁၀ တန်းအောင် ကျောင်းသားတွေကို လက်ခံမှာပါ ”ဟု ၄င်းကပြောသည်။

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ မစိုးရိမ် ကျောင်းတိုက်အနီးတွင် ကောလိပ် အဆောက်အအုံကို တည်ဆောက်လျက်ရှိပြီး ဖွင့်လှစ်မည့်ရက်ကို မသတ်မှတ် ရသေးကြောင်း ဦးသင်းဌေးရွှေက ပြောသည်။ “လာမယ့် ၁၀ တန်းအောင်တွေကနေ စပြီး လက်ခံ နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ဒီပလိုမာ ပေးမှာပါ။ ပညာရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆဲ ဖြစ်တဲ့အတွက် ဖွင့်လှစ်မယ့် အချိန်အတိအကျကို မပြောနိုင်သေးပါဘူး ”ဟု ဦးသင်းဌေးရွှေက ပြောသည်။

ကျောင်းသား လက်ခံမည့်ပုံစံ၊ သင်ရိုးညွှန်းတမ်းစသည့် ကိစ္စရပ်များကို စီစဉ်နေဆဲ ဖြစ်ကြောင်း ၄င်းက ပြောသည်။ “မီးသတ်ပညာတွေကို လူတွေက အထင်သေးတယ်။ မီးသတ်ပညာဟာ အင်ဂျင်နီယာ ပညာရပ်တွေကိုလည်း သိရတယ်။ လက်သမား ပညာရပ်တွေကိုလည်း သိရတယ်။ ဓာတုပစ္စည်းတွေ အကြောင်း၊ စက်ယန္တရားတွေ အကြောင်း၊ မီးငြှိမ်းသတ်နည်းမှာလည်း လျှပ်စစ်ကြောင့် လောင်တဲ့မီး၊ သစ်သား၊ ဝါး စတဲ့ ကာဗွန်ဒြပ်ပေါင်းတွေကို လောင်တဲ့မီး၊ သတ္တုကို လောင်တဲ့မီး စတဲ့ လောင်စာအလိုက ငြှိမ်းသတ် နည်းလမ်းတွေ ရှိပြီး ဖြစ်တယ် ”ဟု ၄င်းကပြောသည်။

မီးသတ် နည်းပညာ ကောလိပ်မှ ဒီပလိုမာ ရရှိသူများသည် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန အောက်ရှိ မီးသတ် စခန်းများတွင် ရာထူးအဆင့်ဆင့် မီးသတ် သမားများ အဖြစ် လည်းကောင်း၊ မီးသတ်ပညာ ဖြန့်ဖြူးရေး ဝန်ထမ်းများအဖြစ် လည်းကောင်း၊ ဟိုတယ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများတွင် မီးသတ် အကြံပေးများအဖြစ် လည်းကောင်း အလုပ်အကိုင် ရရှိနိုင်မည် ဖြစ်ကြောင်း ဦးသင်းဌေးရွှေက ပြောကြားကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

မန္တလေးဘူတာကြီး ခုံးကျော်တံတား ဖြတ်သန်းခ နှစ်ဆတက်

မန္တလေးဘူတာကြီး ခုံးကျော်တံတား ယာဉ်ဖြတ်သန်း အသုံးပြုခတွေ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၆ ရက်နေ့က စတင်ပြီး နှစ်ဆ တိုးမြှင့် ကောက်ခံနေပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ ယခင်က ဆိုင်ကယ်တစ်စီးကို ကျပ် ၅၀ ကနေ ယခုကျပ် ၁၀၀၊ ကားတစ်စီးကို ကျပ် ၁၀၀ ကနေ ယခုကျပ် ၂၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ “ အခုလ ၁ ရက်နေ့ကစပြီး ဈေးတက် ကောက်နေတာပါ၊ ဘူတာကြီးမှာ ဂိတ်ထိုးနေတဲ့ လေးဘီးကားတွေလဲ အရင်ကျပ် ၅၀ ကနေ အခုကျပ် ၁၀၀ ပေးဆောင်ရပါတယ် ”လို့ မန္တလေးဘူတာကြီး လေးဘီးကားဂိတ်မှ ကားဆရာတစ်ဦးက ပြောပါတယ်။ ဘူတာကြီး ခုံးကျော်တံတားကို ဆိုင်ကယ်နဲ့ နေ့စဉ်ဖြတ်သန်း အသုံးပြုနေသူ တစ်ဦးကလည်း “အများပြည်သူတွေ နေ့စဉ်ဝင်ထွက် သွားလာနေတဲ့ နေရာမှာ အခုလိုသာ ဈေး တိုးကောက် ရင်တော့ ၂၆ လမ်း၊ ဒါမှမဟုတ် ၃၅ လမ်းဘက်ကပဲ ပတ်မောင်း ရတော့မှာပဲ၊ ကျွန်တော်က တစ်ရက်ကို နှစ်ခေါက်၊ သုံးခေါက် လောက်ဖြတ်မောင်းနေရတာ ”လို့ပြောပါတယ်။ မန္တလေး ဘူတာကြီးဟာ ၂၆x၃၄ လမ်းကြား၊ ၇၈x၇၉ လမ်းကြားအတွင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ၇၈ လမ်းအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို ဘူတာကြီး ခုံးကျော်တံတားနဲ့ ဆက်သွယ်ထားပြီး အဲသည် ခုံးကျော်တံတားကို နေ့စဉ်ဖြတ်သန်း အသုံးပြုနေသူဦးရေ ထောင်ချီ ရှိနေတယ်လို့ သိရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

11 June 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ကြပါစို့

စစ်အစိုးရ နှုတ်မပိတ်နိုင်တဲ့ လူနှစ်ယောက် သို့မဟုတ် ဇာဂနာမော်ကွန်း




တစ်ယောက်က ပြည်ပမှာ ခုံလှုံနေသူဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အာဏာရှင်စစ်အစိုးရကို ဝေဘန်မှုနဲ့ အကျဉ်းချခံထားရသူ။ ဒါပေမဲ့ မကြာသေးခင်ကထွက်ပေါ်လာတဲ့ ဝေဖန်ရေးကဗျာတစ်ပုဒ်က အနုပညာရှင်တွေဖြစ်တဲ့ ကိုဇာဂနာနဲ့ ကိုထိန်လင်းတို့ဟာ စစ်အစိုးရအတွက်တော့ ဆူးညှောင့်ကြီးတစ်ခု ဖြစ်နေတုန်းပဲဆိုတာကို ပြသနေလေရဲ့။

မူရင်းဆောင်းပါးရှင် = Andrew Buncombe (09/06/2010/ The Independent)

-------------------------------

မြန်မာအာဏာပိုင်များက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်လူရွှင်တော် ကိုဇာဂနာကို (၅၉)နှစ်လောက် ထောင်ထဲထည့်ထားလိုက်ရင်တော့ စစ်အစိုးရကို ဝေဖန်ရေးမှာ နာမည်ကြီးလှတဲ့ ဒီလူဟာ နှုတ်ပိတ်သွားမှာပဲ လို့ ထင်နေကြမှာပါ။ ဒါပေမဲ့ ရုပ်ရှင်၊ ပြဇာတ်၊ ကဗျာတွေနဲ့ လူအသိများလှတဲ့ ဒီလူ့ကို ရန်ကုန်ရှိသူ့မိသားစုအိမ်ကနေ ဝေးကွာလှတဲ့ ထောင်ထဲပို့ထားလင့်ကစား၊ သံဘောင်တွေနောက်က သူ့ဘ၀ကတော့ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ထုတ်ဖေါ်ပြောဆိုရဲတဲ့ဆန္ဒတွေကို လျော့ပါးသွားစေပုံမရပါဘူး။

ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းက (သူ) နောက်ထပ်ရေးလိုက်တဲ့ကဗျာလေးတစ်ပုဒ်ဟာ တိုတောင်းပေမဲ့ အားပြည့်လှတာကိုတွေ့ရပါတယ်။ အသက် (၄၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအနုပညာရှင်ဟာ အဲဒီကဗျာကို ထောင်ထဲက ခိုးထုတ်ပြီး သူ့မိတ်ဆွေတွေဆီ ပေးပို့ခဲ့ပါတယ်။ အဲဒီကဗျာကတော့-----------


"It's lucky my forehead is flat

Since my arm must often rest there

Beneath it shines a light I must invite

From a moon I cannot see

In Myitkyina."

ကံထူးလို့ မှတ်ယူ

ငါ့နဖူး ပြားချပ်ကွဲ့

ငါ့လက် နားယူ

လရောင်မူ

အပြင်မှာတောက်လင်း

အတွင်းဆောင်ချင်ငဲ့

ဒီငထောင် မြစ်ကြီးနားမှာ

မိုက်မှောင်က ဖျက်။

မှတ်ချက် (အထက်ပါကဗျာကို ဘာသာပြန်သူက ကိုထိန်လင်းရဲ့အင်္ဂလိပ်ကဗျာအတိုင်း တိုက်ရိုက်ပြန်ထားခြင်းဖြစ်ပါသည်၊ ကိုဇာဂနာရေးတဲ့ မူရင်းကဗျာကို ရပါက ဆက်လက်ဖေါ်ပြပေးမည် ဖြစ်ပါကြောင်း။)


မြန်မာပြည်မြောက်ပိုင်းရှိ မြစ်ကြီးနားထောင်ထဲက အကျဉ်းသားတွေရဲ့ ဒုက္ခကို ထင်ဟန့်စေတဲ့ ဒီကဗျာလေးကို လက်ခံရရှိသူကတော့ ကိုဇာဂနာရဲ့ မိတ်ဆွေကြီး ကိုထိန်လင်းပါ။ မြန်မာအနုပညာရှင်ကိုထိန်လင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး အခု ယူကေမှာ အခြေကျနေပါပြီ။ သူက ဒီကဗျာလေးကို ဗြိတိသျှလူမျိုးဖြစ်တဲ့ သူ့ဇနီးအကူအညီနဲ့ အင်္ဂလိပ်လိုပြန်ဆိုရုံတင်မက သူ့မိတ်ဆွေရဲ့ကဗျာစာကြောင်းတွေနောက်လိုက်ပြီး ပိုမိုစိတ်ဝင်စားဘွယ်ဖြစ်အောင် သီကုံးရေးချယ်ခဲ့ပါတယ်။ (ဒီကဗျာရဲ့) ထိရှတဲ့ပုံရိပ်ထဲမှာ အကျဉ်းစံမိတ်ဆွေရဲ့ ဦးခေါင်းဟာ သူ့လက်ဖျံတွေထဲ နစ်ဝင်နေပြီလို့ ညွှန်းဆိုထားပါတယ်။ လက်တွေဟာ အမြဲတမ်းမြှောက်ထားရတဲ့ အခြေအနေပါ။

ကိုထိန်းလင်းက “ကျနော်သူနဲ့စတွေ့တာ ၁၉၈၄-ခု၊ တက္ကသိုလ်တက်တုန်းကပါ၊ အဲဒီမှာ ကျနော်တို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပေါ့၊ ကျနော်က ထောင်ထဲမှာ ခြောက်နှစ်နဲ့ ခြောက်လလောက်နေခဲ့ရပါတယ်၊ ထောင်ကထွက်လာတော့ ကျနော့်မှာ နေစရာမရှိတော့ပါဘူး၊ ကိုဇာဂနာက ကျနော့်ကို နေစရာပေးခဲ့တဲ့အပြင် အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းအတွက် ကွန်ပျူတာသုံးပုံသုံးနည်းကိုပါ ပြသခဲ့ပါတယ်…ကျနော်ပန်းချီဆရာလုပ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်” လို့ (သူနဲ့ ကိုဇာဂနာတို့ ဆုံစည်းရပုံကို ပြန်ပြောင်း) ပြောပြပါတယ်။

ကိုဇာဂနာဟာ လူလတ်တန်းစားဖြစ်တဲ့ ရန်ကုန်က ပညာတတ်မိသားစုမှာ မွေးဖွါးလာသူတစ်ယောက်ဖြစ်ပြီး ကျောင်းသားဘ၀ကတည်းက ကဇာတ်ဖျော်ဖြေရေးနဲ့ စည်းရုံးရေးတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ သူဟာ အာဏာရှင်တွေရဲ့ချို့ယွင်းချက်တွေကို အလိမ္မာသုံးပြီး ဝေဘန်ညွန်ပြလေ့ရှိတဲ့ မြန်မာ့ဇာတ်သဘင်လောကက အနုပညာရှင်တွေ၊ လူရွှင်တော်ကြီးတွေရဲ့ ရှည်လျားလှတဲ့ အစဉ်အလာထဲ ၀င်ရောက်ခဲ့ပါတော့တယ်။ သူဟာ ၂၀၀၂ ခုနှစ်တုန်းက ကွယ်လွန်သွားတဲ့ အာဏာရှင်ဦးနေ၀င်းကို “သူတောင်းစား” ဆိုတဲ့နာမည်နဲ့ ပျက်လုံးထုတ်ခဲ့ပေမဲ့ အလွန်နာမည်ရလာပြီးတော့ တီဗွီဖန်သားပြင်ပေါ်မှာ ပုံမှန်တွေ့လာရပါတယ်။

အနုပညာသမားကိုဇာဂနာဟာ ၁၉၈၈-ခုနှစ် အထွေထွေသပိတ်ကြီးထဲ ပါဝင်ရာကနေ နောက်ဆုံးတော့ အာဏာပိုင်တွေနဲ့ ပြဿနာဖြစ်ပြီး ဖမ်းဆီးထောင်ချတာကို ခံရပါတော့တယ်။ အဲဒီအချိန်ကစပြီး (အာဏာပိုင်တွေနဲ့) အနှစ်ဆယ်လောက်နီးပါး ကြောင်နဲ့ကြွက်လို ပြေးတမ်းလိုက်တမ်းကစားလာတာ အခုအချိန်အထိဆိုပါတော့။ သူဟာ အစမှာ ဇာတ်ခုံပေါ်တင်ဆက်ဖျော်ဖြေမှုတွေ ရုပ်သိမ်းခံခဲ့ရပြီး၊ ၂၀၀၆-ခုနှစ်မှာတော့ ဘယ်အနုပညာဆိုင်ရာလုပ်ငန်းမှ လုပ်ခွင့်မရအောင် အပိတ်ခံလိုက်ရပါတယ်။

၂၀၀၈-ခုနှစ် ဆိုင်ကလုန်းနာဂစ်အရေးအခင်းမှာလှုပ်ရှားမှုကြောင့် (ကိုဇာဂနာဟာ) ထောင်ထဲမှာ လောလောဆယ်အကျဉ်းချခံထားရပါတယ်။ နာဂစ်ပေါ် စစ်အစိုးရရဲ့ တာဝန်မဲ့တုန့်ပြန်မှုတွေကြောင့် မြန်မာပြည်သူပြည်သား အတော်များများဟာ သူတို့ကိုယ်တိုင်စုပေါင်းတာဝန်ယူပြီးတော့ မုန်တိုင်းဒဏ်ကြောင့်အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားကြရရှာတဲ့ ဧရာဝတီလူထုထောင်ပေါင်းများစွာတို့ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးခဲ့ကြပါတယ်။ ကိုဇာဂနာဟာလည်း အဲဒီလိုဆောင်ရွက်ပေးသူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

သူဟာ စစ်အစိုးရရဲ့ တာဝန်ယူညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းထောက်တွေကို ဖွင့်ဟပြောပြခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ ဧရာဝတီမဂ္ဂဇင်းကတစ်ဆင့် “အာဏာပိုင်တွေက ဆင်းရဲသူဆင်းရဲသားတွေအတွက် အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို အကူအညီကောက်ခံလို့ မရအောင် တားဆီးပိတ်ပင်ဖို့ ကြိုးစားနေကြောင်း” ပြောကြားခဲ့ပါတယ်။

“အစမှာတော့ ကျနော်တို့ တော်တော်လေးကို အရဲစွန့်ရပါတယ်၊ ကိုယ့်ဖာသာ ရှေ့ဆက်ချီတက်ရမည့်ကိစ္စကိုး၊ တစ်ခါတစ်ခါ အာဏာပိုင်တွေနဲ့ ပဋိပက္ခဖြစ်ရတွေလည်း မနည်းဘူး၊ ဥပမာဗျား၊ ကျနော်တို့ကို မေးတယ်၊ သူတို့ကို မတိုင်ပင်ပဲနဲ့ ဘာဖြစ်လို့ ကိုယ့်ဖာသာလုပ်နေရတာလဲတို့၊ ကျနော်တို့ကို သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်စေချင်တယ်တို့ ဘာတို့ပေါ့၊ ပြီးတော့ ပြောသေးတယ်၊ ကျနော်တို့အသက်ကို တာဝန်မယူနိုင်ဘူးဆိုပြီးတော့”။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားပါ။

စစ်အာဏာရှင်တွေဟာ လူပေါင်း (၁၃၅၀၀၀)လောက် အသက်ဆုံးရှုံးပျက်စီးခဲ့ရတဲ့ ဒီသဘာဝဘေးကြီးအပေါ် သူတို့ရဲ့တုန့်ပြန်မှုတွေ အချိုးမကျကြောင်း အပြစ်တင်ဝေဖန်သံတွေကို လျှစ်စ်လျှူရှုပြီးတော့ အတိုက်အခံတွေ၊ သတင်းထောက်တွေ၊ ဝေဖန်သူတွေ ဒါဇင်ပေါင်းများစွာကို ထောင်သွင်းအကျဉ်းချခဲ့ကြပါတယ်။ ကိုဇာဂနာကိုတော့ (၅၉) နှစ်ထိ ထောင်ဒဏ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ (၃၅)နှစ်အထိ လျော့ချပေးခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ ကိုဇာဂနာဟာ ရန်ကုန်နဲ့ မိုင် (၉၀၀) လောက်ဝေးတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်ထဲမှာပါ။

အခြားနိုင်ငံရေးအကျဉ်းသားအများစုလိုပဲ ကိုဇာဂနာကိုလည်း သူ့အိမ်နဲ့ဝေးကွာတဲ့ဒေသမှာ အကျဉ်းချထားတာဖြစ်ပါတယ်။ ယူကေရှိ မြန်မာ့လှုပ်ရှားရေးအဖွဲ့သားတစ်ဦးဖြစ်သူ Anna Roberts ကတော့ “ဒါဟာ စစ်အစိုးရက အကွက်ချစီစဉ်ထားတဲ့ မူဝါဒတစ်ခုပဲ၊ ဒီမူဝါဒဟာ ၂၀၀၇ အရေးအခင်းအပြီးမှာ ပိုအသက်ဝင်လာတယ်” လို့ဆိုပါတယ်။ သူကဆက်ပြီးတော့ “ဒီလိုလုပ်တာကတော့ စစ်အစိုးရဲ့ အပြစ်ပေးနည်းတွေထဲက အစိတ်အပိုင်းတစ်ခုပေါ့၊ ထောင်ထဲမှာ အစားအသောက်တွေ၊ ဆေးဝါးတွေဟာ သိပ်ရှားပါးလှပါတယ်၊ ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသားတွေဟာ လိုအပ်တဲ့အထောက်အပံ့တွေရဖို့အရေး သူတို့သက်ဆိုင်ရာအိမ်ကိုပဲ အားကိုးကြရရှာတာပါ၊ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို အိမ်နဲ့ဝေးတဲ့ ဒေသတွေဆီပို့ပြီး သူတို့မူဝါဒကို အကောင်အထည်ဖေါ်နေတာပါ၊ အဓိပ္ပါယ်ကတော့ သက်ဆိုင်ရာမိသားစုတွေအတွက် သွားရေးလာရေးအခက်အခဲရှိပြီး ငွေကုန်ကျေးကျများအောင်ပါပဲ” လို့ သုံးသပ်ထားပါတယ်။

ဗြိတိသျှမှတ်တမ်းရုပ်ရှင်ကား ရိုက်ကူးသူ Rex Bloomstein က ကိုဇာဂနာရဲ့အကြောင်းကို သူရေးတဲ့ကဗျာလေး ရောက်လာတဲ့သတင်းကို အခြေခံပြီးတော့ မှတ်တမ်းတင်ကားတစ်ခုအနေနဲ့ “ဒါ ကျုပ်နေတဲ့ ထောင်ပါ” ဆိုတဲ့ကားတစ်ကား ရိုက်ကူးနေပါတယ်။ ဒီမှတ်တမ်းတင်ကားကို ဒီ (ဂျွန်) လမကုန်ခင် မြူးနစ်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့စီစစ်ထားပါတယ်။ မစ္စတာ ဘလူးစတိန်းဟာ လူ့အခွင့်အရေးတွေနဲ့ ကပ်ဘေးကြီးတွေအမျိုးမျိုးကို လေ့လာနေသူတစ်ယောက်ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ သုံးနှစ်လောက်က မြန်မာပြည်မှာ ကိုဇာဂနာနဲ့ ဆုံခဲ့ရကြောင်း ပြောပါတယ်။

“ကျုပ်မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ အမှတ်ရဘွယ်သူသားတွေထဲမှာ သူ့ကိုလည်း တစ်ယောက်အနေနဲ့ မြင်မိပါတယ်၊ သူဟာ တကဲ့ကို အသိအမှတ်ပြုထိုက်တဲ့လူတစ်ယောက်ပါ၊ အကြောက်အရွံ့ကင်းသလို ဖျားယောင်းသွေးဆောင်လို့ ရမည့်လူစားလည်းမဟုတ်ပါဘူး၊ သူဟာ ဗမာ့စိတ်ဓာတ်ရဲ့ အံ့ဘွယ်ပြယုဂ်တစ်ခုပါပဲ၊ ဒါကြောင့်လည်း စစ်အစိုးရက ဒီစိတ်ဓာတ်ကို ရိုက်ချိုးဖို့ ကျိုးစားနေတာပါ၊ ဒါပေမဲ့ မရပါဘူး” လို့ မစ္စတာ ဘလူးစတိန်းက ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ဆုရဓာတ်ပုံဆရာ James Mackay လုပ်ခဲ့တဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ စီမံကိန်းတစ်ခုမှာ အတူပါဝင်ဆောင်ရွက်ခဲ့သူ ကိုထိန်လင်းက “ကိုဇာဂနာဟာ ထောင်ထဲရောက်နေပေမဲ့လို့ နောက်ထပ် သူ့ဆီက သတင်းတွေ ထပ်ကြားရဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။ လူရွှင်တော်ဇာဂနာဟာ နိုင်ငံရေးအကျဉ်းသားပေါင်း (၂၁၀၀)ကျော်ကျော်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူတို့တွေအားလုံးဟာ ဗမာ့ထောင်တွေထဲမှာ ဒုက္ခအကြီးအကျယ်ရောက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်နေကြပါတယ်။

“ကျနော့်အတွက်တော့ သူဒီကဗျာကို ရေးတယ် ဆိုတဲ့သတင်းကြားရတာဟာ အံ့သြစရာတစ်ခုမဟုတ်ပါဘူး၊ ကျနော်က သူ့အကြောင်း ကောင်းကောင်းသိနေတာကိုး၊ အရင် ထောင်ထဲနေရစဉ်တုန်းကလည်း ရုပ်ရှင်ကားတစ်ခုလုံးရဲ့ဇာတ်ညွှန်းကို သူ့ခေါင်းထဲ ရေးခဲ့ဘူးတယ်၊ ထောင်ကထွက်ထွက်ချင်း အဲဒီရုပ်ရှင်ကားရိုက်တော့ လူတွေကတောင် “ခင်းဗျား ဇာတ်ညွှန်းကို ဘယ်တုန်းက ရေးခဲ့တာလဲ” လို့ မေးနေကြသေးတယ်၊ သူ အဲဒီဇာတ်ညွှန်းကို ထောင်ထဲမှာ နေ့တိုင်းရေးခဲ့တာ၊ တစ်ချိန်လုံး သူအလုပ်လုပ်နေတာပါပဲ၊ ကျနော်သိတယ်ဗျာ့၊ သူက ကဗျာတစ်ပုဒ်ကို ရေးနေတာမျိုးလည်းဖြစ်မယ်၊ ဒါမှမဟုတ်၊ ပျက်လုံးတစ်ခုခု ထုတ်နေတာလည်းဖြစ်မယ်၊ နေ့တိုင်းပေါ့” လို့ ကိုထိန်လင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။


မင်းထက် ဘာသာပြန်သည်။ (၁၀/၀၆/၂၀၁၀)


ဘာသာပြန်ပြီး ပေးပို့ ပေးသော ကိုမင်းထက် အားကျေးဇူးတင်ရှိပါသည်.။



မြန်မာပြည်ကို အလည်သွားမယ့် နိုင်ငံခြားသားတွေအတွက် ဆိုက်ရောက်ဗီဇာ ဥပဒေ

Arrival Visa

ပအိုဝ်းဒေသ ယူရေနီယံ ထွက်ရှိတယ်ဆိုတဲ့ နေရာတွေက တိုင်းရင်းသား ပအိုဝ်းလူမျိုးတွေ အရေပြားရောဂါတွေ ခံစားနေရပုံအကြောင်း..ဓာတ်ပုံမှတ်တမ်း(၁,၂)


ကျန်ရှိနေတဲ့ ဓာတ်ပုံတွေ ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံတွေရဲ့ သတင်းအချက်အလက်ကို ဆက်လက် ရေးသားဖော်ပြပေးပါမည်။ အဓိကကတော့ နအဖရဲ့ လျှို့ဝှက်စီမံကိန်းတွေ ပြုလုပ်တဲ့ နေရာတွေမှာ လူ့အခွင့်ရေးချိုးဖောက်ခံရမှုနဲ့ ယူရေနီယံ စတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံနဲ့ အနီးအနားမှာ ရှိတဲ့ ရိုးသားပြီး မသိနားမလည်တဲ့ တိုင်းရင်းသား ပအိုဝ်းလူမျိုးတွေရဲ့ ရွာတွေဖျက်ခံရ.. အနှိပ်စက်ခံရ... ညှင်းပန်းသတ်ဖြတ်ခြင်းခံရ.. ရွာတွေ မပြောင်းပြောင်းအောင် စစ်ရာဇဝတ်မှုတွေ ပြုလုပ်ခံနေရတယ်။ ယားနာတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း နအဖကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး.. အဆိုပါဒေသတွေမှာ မြေကြီး၊ မြစ်၊ ချောင်းတွေ ဘယ်လောက်အထိ ဓါတုပစ္စည်းတွေ ပျော်ဝင်. စိမ့်ဝင်နေမယ်ဆိုတာ.. ပညာရှင်တွေ လေ့လာ မှတ်တမ်းတင်ခွင့် ရမှသိနိုင်မှာပါ..။

နို့မဟုတ်ရင် ထိုဒေသက လူမျိုးစုတွေ အတွက် အင်မတန်အန္တရာယ်များပြီး မျိုးဆက်တစ်ခုလုံး လူမျိုးတစ်ခုလုံး ဒုက္ခရောက်နိုင်တဲ့ အနေအထားတွေပါ။ ဒီလျှို့ဝှက် စီမံကိန်းတွေဟာ လက်တွေ့တကယ့်ရှိနေတယ် ဆိုတဲ့ ... သက်သေခံ အထောက်အထားတွေပါ။.. ဒီလို လူ့အခွင့်အရေးချိုးဖောက် ခံရမှုတွေဟာ နအဖယခု လျှို့ဝှက်စီမံကိန်းတွေ ပြုလုပ်နေတဲ့ နေရာတိုင်းမှာ ဖြစ်ပေါ်နေမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့ထုတ်ဖော်ပြောဆိုလိုက်တဲ့ အစီရင်ခံစာ DVB နဲ့အယ်လ်ဂျာဇီယာ ပူးပေါင်းထုတ်လွှင့်တဲ့ ရုပ်သံကြောင့်သာ လူတိုင်း သိလာရတာပါ။ ဗိုလ်မှုး စိုင်းသိန်းလင်းရဲ့ လုပ်ဆောင်ချက်တွေကိုလည်း လေးစားဂုဏ်ပြုလိုက်ပါတယ်။ ဒီကိစ္စတွေကို အမြန်ကိုယ်တွယ် ဖြေရှင်းနိုင်အောင် အာလုံး တာဝန်သိသိနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်ရောက်နေပါပြီ။

ဓာတ်ပုံ တစ်ပုံခြင်းရဲ့ သတင်း အချက်အလက်တွေကို ထပ်မံဖော်ပြပေးပါမည်။

ဓာတ်ပုံမှတ်တမ်းတွေ ပေးပို့ပေးတဲ့ ဦးခွန်မြင့်ထွန်းအား ကျေးဇူးတင်ပါသည်။

ယခင်တင်ထားတဲ့ ပိုစ့်များ ပြန်ဖတ်ချင်ရင်...
http://www.demowaiyan.co.cc/2010/06/blog-post_07.html

http://www.demowaiyan.co.cc/2009/11/blog-post_1792.html

ပင်းပက်တောင် ဝန်းကျင် ပအိုဝ်းကျေးရွာတွေမှာ ရွာတွေကို အတင်းအကြပ် ပြောင်းခိုင်းလိုတဲ့အတွက် ရွာသူကြီးအား ဖမ်းဆီးနှိပ်စက်ပုံ.. မိုင်းနင်းမိတဲ့ အပြစ်မဲ့ ရွာသားတွေပုံ.. ရောဂါဝေဒနာ ခံစားနေရပုံစတဲ့ သွေးပျက်ဖွယ် ဓာတ်ပုံများ အောက်က လင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။
http://picasaweb.google.co.uk/demowaiyen/WarCrimeInPaoRegion2#
ယခုမြန်မာစစ်အစိုးရရဲ့ နျူကလီးယား ထုတ်လုပ်ရေး စီမံကိန်းတွေထဲမှာ ပါတဲ့သတင်းတွေ ထဲက မြန်မာနိုင်ငံမှာ ယူရေနီယံ ရှာဖွေတူးဖော်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး.. ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် ၁၁လပိုင်း ကကျင်းပခဲ့တဲ့ ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသက ပင်းပက်တောင် ဝန်းကျင်ဒေသမှာ စစ်အစိုးရက ယူရေနီယံရှာဖွေ တူးဖော်နေရာမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အကြောင်းနဲ့ ထိုဒေသက ယူရေနီယံ သန့်စင်စက်ရုံ တည်ဆောက်နေမှု ကြောင့် အနီးပတ်ဝန်းကျင်မှ ရွာသားတွေကို အတင်းဓမ္မပြောင်းရွေ့ခိုင်းပုံ၊ ထိုစက်ရုံမှ စွန်ပစ်ရေတွေကို ချောင်းမြောင်းတွေထဲ စွန့်ပစ်တဲ့ အတွက်ကြောင့် ထိုရေတွေကို အသုံးပြုရတဲ့ ကလေး၊လူကြီး အရေပြားရောဂါများ ခံစားနေရပုံအကြောင်းကို ဂျပန်အစိုးရဝန်ကြီးများ၊ ဂျပန်လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဂျပန်သတင်းမီဒီယာများအား ဓာတ်ပုံ ဆလိုက်ရှိုးများဖြင့် စိတ်ဝင်စားဖွယ် တင်ပြသွားခဲ့ပါတယ်။ ထိုဆက်စပ် သတင်းအား ယခု ပြန်လည်တင်ပြလိုက်ပါတယ်။


ဓာတ်ပုံ သတင်း ပေးပိုပေးတဲ့ ဦးခွန်မြင့်ထွန်းအား ကျေးဇူးတင်ပါသည်။
ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသမှာ စစ်အစိုးရမှ လူမဆန်တဲ့ ရက်စက်ကြမ်းကြမ်းမှုနဲ့ စစ်ရာဇဝတ်မှုတွေ ပြုလုပ်နေပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသက ပင်းပတ်တောင် ဝန်းကျင်ဒေသဟာ လွတ်လပ်ရေး ရပြီးစကတည်း ကသံသတ္တုရိုင်းတွေ ထွက်ရှိခဲ့ပါတယ်။ ၂၀၀ရခုနှစ်ကစပြီး အဲဒီဒေသမှာ ရုရှားနဲ့ ဖက်စပ်ပြီးတော့ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ ယူရေနီယံတွေ ထွက်ရှိခဲ့တဲ့ အတွက် သတ္တုသန့်စင်စက်ရုံ အမည်ခံပြီး စက်ရုံများဆောက်လုပ်ပြီး စမ်းသပ်မှုတွေ ပြုလုပ်လာပါတယ်။

ထိုသတ္တုစက်ရုံမှ ထွက်ရှိတဲ့ ခဲဆိပ်ပါတဲ့ ချောင်းမြောင်းတွေထဲစွန်ပစ်ပါတယ်။ ထိုစွန့်ပစ်ရေတွေကို ပအို့ဝ်ဒေသခံ တွေကိုသုံးစွဲရပါတယ်။ ထိုခဲဆိပ်ပါတဲ့ ရေတွေကို သုံးစွဲရတဲ့ ကလေးသူငယ်များမှ လူကြီးအဆုံး အရေပြားရောဂါများ ရရှိခံစားနေရပါတယ်။(အရေပြားရောဂါ ခံစားနေရတဲ့ ကလေးငယ်များပုံ များကြည့်ရှုနိုင်ပါသည်။)

ထိုသို့စစ်အစိုးရမှ လျှို့ဝှက်လုပ်ဆောင်နေတဲ့ ယူရေနီယံ ထုတ်လုပ်ရေး စီမံကိန်း အနီးအနားမှ ရွာများအား ပြောင်းရွှေ့စေလိုတဲ့ အတွက်ကြောင့် ရွာသူကြီးအပါအဝင် ရွာသားများအား ပအို့ဝ်လက်နက်ကိုင် တပ်တွေနဲ့ ဆက်သွယ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လူကိုဓားနဲ့ ထိုးသတ်ခြင်း၊ အလောင်းကို အပိုင်းပိုင်းဖြတ်ပြခြင်းများ စတဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှု (War Crime) တွေပြုလုပ်နေပါတယ်။

ထိုကြောင့် ထိုဒေသမှာရှိတဲ့ ပအို့ဝ်တိုင်းရင်းသားတွေ မိမိတို့ နေထိုင်လုပ်ကိုင် စားသောက်နေရတဲ့ ရွာတွေမှ စွန့်ခွာထွက်ပြေးနေကြရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ဆိုးရွားစွာ ခံစားနေရပါတယ်။ ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများဟာ ပအို့ဝ်ဒေသ တခုတည်းသာမဟုတ်ပဲ စစ်အစိုးရလက်ထက် နိုင်ငံနှင့်အဝှမ်းဖြစ်ပေါ်နေတယ်။ နောက်စစ်အစိုးရနဲ့ ရုရှားတို့ ဖက်စပ်ပြုလုပ်နေတဲ့ ယူရေနီယံ သန့်စင်ထုတ်လုပ်ရေးဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း ရွှေဂုံတိုင် နှီးနှောဖလှယ်ပွဲကြီး၌ (NCGUB) အလုပ်သမားဝန်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောဆိုသွားပါတယ်။

ယခုအချိန်အခါမှာတော့ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့ ပြောဆိုချက်တွေနဲ့ ပအိုဝ့်ဒေသက မှတ်တမ်းတွေဟာ ခိုင်လုံတဲ့ အထောက်အထားတွေ ဖြစ်လာပါပြီ။


10 June 2010

ရန်ကုန်မြို့ လယ်နေရာအချို့ တွင် စစ်အစိုးရဆန့် ကျင်စာများ ဝေငှ ပြီး ဆန္ဒပြပွဲ ငယ်များပြုလုပ်

ယနေ့ မွန်းလွဲ တစ်နာရီ အချိန် ခန့် က ရန်ကုန် မြို့ ပန်းဘဲတန်း မြို့ နယ် ကုန်ဈေးတန်း လမ်း နှင့် သိမ်ကြီး ဈေးတစ်ဝိုက် တွင် လူငယ် ၁၁ ဦးခန့် က အချင်းချင်း လက်ခြင်း ချိန်ကာ စစ်အစိုးရ အလို မရှိ ဟု ကြွေးကြော် အော်ဟစ်ပြီးစစ်အစိုးရ ဆန့် ကျင်စာ များ လည်း ဝေငှ သွားသည် ဟု သိရှိရသည်။လူငယ်များ ၏ စစ်အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှု ကို တွေ့ လိုက်ရသူ တစ်ဦးက ‘စာတွေ ဝေသွားတယ်။

စစ်အစိုးရ အလို မရှိ ၊ အာဏာရှင် ကျဆုံးပါစေ လို့ အော်ကြတယ် ပြီးတော့ ချက်ခြင်းပဲ ဟိုင်းလပ် ကား တစ်စီးလာတော့ တက်သွား တယ် ။ ဘယ် သူမှ တော့ အဖမ်းမခံ ရဘူး ၊ကျန် ခဲ့တဲ့ စာရွက် အချို့ ကိုတော့ အခု စည်ပင်ရဲနဲ့ပန်းဘဲတန်းရဲစခန်းကလိုက်သိမ်းနေတယ်ဟုသိရပါသည်.ယနေ့ပြုလုပ်သည့်စစ်အစိုးရဆန့်ကျင်စာများ ဝေငှ မှု အား မည် သည့် အဖွဲ့ က ပြုလုပ်သည် ကို မသိရှိ ရသေးသော်လည်း ယခု သီတင်း ပတ် အတွင်း ရန်ကုန် နယ်နိမိတ် ရှိ တက္ကသိုလ် အချို့ တွင် အစိုးရ ဆန့် ကျင်စာ များ ဝေငှ မှု ရှိသည် ဟု သိရသည်။အခြေခံပညာ ကျောင်းသား များ သမဂ္ဂ မှ ကျောင်းဖွင့် ချိန် တွင် ဆရာ၊ဆရာ မ များ ၏ကျောင်းသား များ ကို ကျူရှင် မယူမနေရ ပုံစံ ဖြင့် စာ သင်ကြားနေခြင်း ကို ဆန့် ကျင်သွား မည် ဟု သိရသည်။

၂၀၁၀-၁၁ ပညာ သင် နှစ် တွင် အခြေခံ ပညာ ကျောင်း ဆရာ – ဆရာ မ များ က ကျုရှင် မယူသည့် ကျောင်းသားများ အား အတန်း ထဲ တွင် ခွဲခြား ဆက်ဆံမှု များ ပိုမို ပြုလုပ် လာသည် ဟု သိရသည်။ယနေ့ စစ်အာဏာရှင် ဆန့် ကျင် ရေး လှုပ်ရှားမှု သည် အခြေခံ ကျောင်း များ ဖွင့် လှစ်ပြီး သီတင်း တစ်ပတ် ခန့် အကြာတွင် ဖြစ်သည်။

သတင်းရင်းမြစ်..Freedom News Group

ဂျီမေးလ် ၀က်ဆိုဒ် ဆင်တူယိုးမှား အတု (Fake Gmail website) ကို သတိထားကြပါ။

ဂျီမေးလ်ကို ဖွင့်ဖို့ အတွက် သွားရောက်လေ့ရှိကြတဲ့ ဂူဂဲမေးလ် အင်တာနက်စာမျက်နှာပုံစံအတိုင်း အင်တာနက်စာမျက်နှာအတု ပေါ်နေပါတယ်။ ရုတ်တရက် သတိမထားဘဲ အစစ်ထင်ပြီး မိမိရဲ့  user name နဲ့  password ကို ထည့်လိုက်ပြီး sign in လုပ်လိုက်မိရင် မိမိရဲ့  ဂျီမေးလ် user name နဲ့  password တွေ ခိုးယူရရှိသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် အထူးသတိထားပြီး ကြည့်ကြနိုင်ဖို့  ဂျီမေးလ်အင်တာနက်စာမျက်နှာအတုကို ဖေါ်ပြလိုက်ရပါတယ်။

ယခုဖေါ်ပြထားတဲ့ ပုံတွေမှာ ဂျီမေးလ်အင်တာနင်စာမျက်နှာအတုဖြစ်တဲ့ (http://tdbear.freehostia.com.freehostia.com/) နဲ့  ဂူဂဲလ်ရဲ့  ဂျီမေးလ်အင်တာနက်စာမျက်နှာအစစ်ဖြစ်တဲ့ (https://mail.google.com) သို့ မဟုတ် (https://www.google.com) တို့ ရဲ့  ပုံတွေကို နှိုင်းယှဉ်ဖေါ်ပြအပ်ပါတယ်။






ဂျီမေးလ်အင်တာနင်စာမျက်နှာအတုနဲ့  အစစ် ကွာခြားချက်တွေကိုလည်း အောက်ပါအတိုင်း ကြည့်မြင်နိုင်ပါတယ်။

၁။ Gmail အတု SITE ရဲ့ လိပ်စာက http://tdbear.freehostia.com.freehostia.com/ ဖြစ်ပြီး GMAIL အစစ် WEB SITE နဲ့ ဆင်တူရိုးမှားဖြစ်အောင် လုပ်ထားပါတယ်။ တစ်ကဲ့ GMAIL SITE အစစ်ရဲ့ လိပ်စာဟာ https://www.google.com ဒါမှမဟုတ် http://mail.google.com နဲ့ စ ရမှာ ဖြစ်ပါတယ်။

၂။ Gmail အတု site မှာ free space ဟာ 3.2 GB ကျော်ကနေ စတင် ရေတွက်နေပြီး၊ တစ်ကဲ့အစစ် gmail site ကတော့ 7.4 GB ကျော်နေပါပြီ။

ဒါကြောင့် မတော်တဆ အဲဒီ ဂျီမေးလ်အင်တာနက်စာမျက်နှာအတုထဲ ရောက်သွားခဲ့ရင် ဘာမှ ဆက်လက်မလုပ်ဘဲ အဲ့ဒီ စာမျက်နှာအတုကို အမြန်ပိတ်လိုက်ပြီး အင်တာနက်ကနေ ပြန်ထွက်လိုက်ပါ။ မသမာသူတွေဟာ သူများတွေရဲ့ gmail account တွေကို ခိုးဖို့ အစီအစဉ်နဲ့ အခုလို စနစ်တကျ လုပ်ထားခြင်းပါ။

တကယ်လို့များ အဲဒီ site ကနေ gmail ထဲ ၀င်သွားခဲ့သူများရှိပါလျှင် ကိုယ့်ရဲ့ password ကို တကဲ့ gmail လိပ်စာ အစစ်အမှန် ဖြစ်တဲ့ https://mail.google.com မှဝင်ပြီး အမြန် ပြောင်းကြပါ။

အဲဒီမှာ မေးစရာ ရှိနေပါလိမ့်မယ်။ အဲဒီ gmail အတု site ကနေ ၀င်လဲ ကိုယ့်ရဲ့ mail တွေကို ဖတ်နိုင်တာပဲလို့။ ဟုတ်ပါတယ်၊ ကိုယ်လဲ ဖတ်နိုင်သလို ခိုးယူရရှိသွားသူကလည်း တစ်ပြိုင်နက်ထဲ ဖတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ gmail အတု site က ရိုက်သွင်းလိုက်တဲ့ user name နဲ့ password ကို မှတ်သားထားလိုက်ပြီး တကဲ့ gmail site အစစ်စီ forward ဒါမှမဟုတ် DIVERT လုပ်အောင် program သွင်းထားလိုက်ပြီး ဖြစ်တာပါ။

ဒါကြောင့် ကိုယ့်ရဲ့ mail တွေကို ဖတ်နိုင်တာပါ။ ကိုယ်ဖတ်နေတဲ့ အချိန်မှာ သူတို့က ကိုယ့်ရဲ့ user name နဲ့ password ကို ရသွားပါပြီ။ နောက်ဆုံး ကိုယ့် password ရသွားတဲ့ သူက PASSWORD အသစ်ပြောင်းလိုက်ရင် ကိုယ့် account ပါ ဆုံးသွားမှာ ဖြစ်ပါတယ်။

Computer လောကမှာတော့ Phising (ဖစ်ရှင်း ) လို့ခေါ်ပါတယ်။ ငါးမျှားတဲ့ Fishing အသံထွက်အတိုင်းပါပဲ။ အဓိပ္ပာယ်လဲ ဆင်တူပါပဲ။ ငါးတွေကို ငါးမျှားချိတ်မှာ အစာတတ်ပြီး ဖမ်းသလို အခုဟာက user name နဲ့ password တွေကို Site ဆင်တူရိုးမှား ဘန်းပြပြီး ခိုးတာပါ။

ဘယ်လိုကာကွယ်မလဲ။ Mail တွေမှာ ပါလာတဲ့ လင့်ခ် Link တိုင်းကို မနှိပ်ပါနဲ့။ နှိပ်ခဲ့လို့ရှိရင်လဲ ကိုယ့်ကို ခေါ်ဆောင်သွားတဲ့ Website ရဲ့ URL address က ဟုတ် မဟုတ် ၊ မှန် မမှန် စစ်ဆေးပါ။
အခုလို User name နဲ့  password တွေ ရိုက်ရမဲ့နေရာတွေမှာ ပိုသတိထားပါ။ အကောင်းဆုံးကတော့ URL address bar နေရာမှာ မှာ ကိုယ်တိုင် type ရိုက်ထဲ့တာ အကောင်းဆုံးပါပဲ။ password ကိုလဲ မကြာခဏ ပုံမှန် ပြောင်းပေးပါ။

စောစောက ဖေါ်ပြထားတဲ့ ဂျီမေးလ်အင်တာနက်စာမျက်နှာ အတုကို သွားရောက်ကြည့်ရင် (မိမိ ကွန်ပျူတာမှာ အကာအကွယ်ပြုလုပ်ထားတဲ့ ဆော့ဝဲထည့်ထားရင်) အဲ့ဒီ ဂျီမေးလ်စာမျက်နှာအတုဟာ အတု (forgery – Fake) ဖြစ်ကြောင်းနဲ့  မိမိရဲ့  ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူဖို့ အတွက် ဆင်တူယိုးမှား ပုံမှားရိုက်ထားတာဖြစ်ကြောင်း သတိပေးစာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။



ပြန်လည်မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

စစ်အာဏာရှင်တွေက ခိုင်းနေပြီး ပြည်သူတွေသစ်ပင်စိုက်ပါတဲ့လေ...

နွေရာသီ အပူဒဏ်ကို ကျောကော့အောင် ခံလိုက်ရတဲ့ ပြည်သူတွေ ဒီအပူဒဏ်တွေ ရေရှားပါးမှုတွေ ဘာကြောင့် ကြုံတွေ့ ရကြရတာလည်း။ အကြောင်းရင်းဇစ်မြစ်ကတော့ နအဖနဲ့  လောဘဇောတိုက်နေကြတဲ့ စီးပွားရေးသမားကြီးတွေ မြန်မာနိုင်ငံရဲ့  စိမ်းလန်းစိုပြေနေတဲ့ သစ်တောတွေကို အကန့် အသတ်မရှိ ထင်သလို ခုတ်ယူရောင်းစားနေကြလို့  ဖြစ်တယ်။ ဒီအပြင် တိုက်တာအဆောက်အဦးတွေ ဆောက်ဖို့  စီမံကိန်းမြေယာတွေ လုပ်ဖို့ အတွက် အရိပ်ရအပင်တွေကိုလည်း အလွယ်တကူ ဖယ်ရှားပြစ်ကြတဲ့ အကျိုးဆက်တွေကြောင့် မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေကို သဘာဝအလျောက် မကာကွယ် မတားဆီးနိုင်တော့ဘဲ အပူရှိန်တွေ မြင့်မားလာတာ၊ ရေကြောင်းပြောင်းလဲမှုတွေဖြစ်လာတာတွေကြောင့် အင်းအိုင်ရေကန်တွေက ရေတွေ ရုတ်ချည်းဆိုသလို လျော့ကျခန်းခြောက်ကုန်တာတွေ ဖြစ်ရတာပါ။

နှစ်ပေါင်းများစွာကတည်းက သဘာဝတောတောင်ထူထပ်လှတဲ့ မြန်မာပြည်ဟာ အခုဆိုရင် မြန်မာနယ်စပ်ဒေသမှာတင်မကဖူး မြို့ ပေါ်တွေမှာပါ သစ်ပင်ကြီးတွေ ရှားပါးကုန်ပြီ အရိပ်ရအပင်ကအစ ရှာယူရတဲ့ အခြေအနေ ကြုံတွေ့ လာနေရပါပြီ။

အခုလို ပြည်သူတွေ သိသိသာသာ အပူဒဏ်ကြုံလိုက်ရတာ ရေရှားမှုဒဏ် ကြုံလိုက်ရတာတွေကြောင့် အရင်နှစ်ပေါင်းများစွာကတည်းက အမျှော်အမြင်ပြည့်ဝစွာနဲ့  တိုင်းပြည်တစ်ပြည်လုံး သဘာဝသစ်တောများကို ထိန်းသိမ်းခဲ့မယ်၊ သစ်ပင်ပျိုးပင်အသစ်တွေကို နှစ်ရှည်စီမံကိန်းနဲ့  စိုက်ပျိုးခဲ့ကြဖို့  မလုပ်ခဲ့မိတာကို တိုင်းပြည်အုပ်ချူပ်နေတဲ့သူတွေက အသိဥာဏ်အရည်အချင်းပြည့်ဝစွာနဲ့ များ မလုပ်ခဲ့မိတာ နောင်တရရမယ့်အစား အခုတစ်ခါ ထပ်ပြီး လုပ်ပြနေတဲ့ လုပ်ရပ်ကတော့ အတော့်ကို အသုံးမကျတဲ့ နအဖလို့ ဘဲ ထပ်ပြောရဦးမှာပါဘဲ။ ပြည်သူတွေအကျိုးအတွက်သာ နအဖက အသုံးမကျတာ သူတို့  အကျိုးအတွက်တော့ အသုံးချတာ လွန်လွန်းပါတယ်။



အောက်ဖေါ်ပြပါ နအဖသတင်းစာပါ သတင်းကိုကြည့်ရင် ပြည်သူတွေကို အသုံးချခိုင်းပြန်ပြီ။ လူတစ်ဦး ကျွန်းတစ်ပင် တစ်အိမ်ထောင် ကျွန်းသုံးပင် စိုက်ရမယ်တဲ့ဗျာ။နအဖတွ မိုက်ရိုင်းချက်ကတော့ ပြည်သူတွေကို ပါးလှည့်နားရိုက်ပြီး ခိုင်းစေပြန်ပြီပေါ့။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အတွက် အရိပ်ရအပင်တွေ စိုက်ခိုင်းမယ်၊ ပြည်သူတွေ အထောက်အကူရဖို့  စားသုံးသီးနှံပင်တွေ စိုက်ခိုင်းမယ်၊ နိုင်ငံတော်က အခမဲ့ ကူညီထောက်ပံ့မှုတွေ ပြုပေးမယ်ဆိုတာ မရှိဘဲ ကျွန်းပင် စိုက်တဲ့။

ပြည်သူတွေက ကျွန်းပင်တွေ စိုက်၊ ကျွန်းပင်ကြီးတွေ ကြီးလာတော့ နအဖအာဏာရူးတွေနဲ့  လောဘသား စီးပွားရေးသမားကြီးတွေက အဲ့ဒီ ကျွန်းပင်တွေကို ခုတ်ပြီး ရောင်းစားကြပေါ့ဗျာ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်။

စစ်အစိုးရ ကျူးလွန်မှုများ ကုလကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံမှုတိုး

မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အကြံပြုချက်ကို ဆလိုဗက်ကီးယားနိုင်ငံက ထောက်ခံတဲ့အကြောင်း အင်္ဂါနေ့က ကျင်းပတဲ့ ၁၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ဒီကြေညာချက်ကို ထောက်ခံဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့တဲ့ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက မြန်မာစစ်အစိုးရကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့အတွက် မတ်လထဲမှာ ဂျနီဗာရုံးချုပ် လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို သြစတြေးလျနိုင်ငံ၊ ချက်သမ္မတနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေက ထောက်ခံခဲ့ကြပြီး အခု ၁၄ ကြိမ်မြောက် အစည်းအဝေးမှာတော့ ဆလိုဗက်ကီးယား နိုင်ငံကပါ ထောက်ခံတယ်လို့ ဆလိုဗက်ကီးယား နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဖီဒေါ ရိုစိုချာ (Mr. Fedor Rosocha) က ပြောပါတယ်။

“မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ အကြီးအကျယ် ချိုးဖောက်ခဲ့တာတွေ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် ဆလိုဗက်ကီးယား နိုင်ငံက ထောက်ခံပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာမှ ပထမဆုံး ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး လေးစားမှု ရှိရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဦးတည်မှုတွေ ဖြစ်ရမယ့်အစား မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ကြည့်ရင် သိပ်ကို နိမ့်ကျနေတာ တွေ့ရပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ နိုင်ငံရေး အမြင်အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ တွေ့နေရတယ်လို့လည်း မစ္စတာ ရိုဆိုချာက ပြောပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ်စ် ရီဘက်ကာ စေဂါ (Ms. Rebecca Sagar) ကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးဝါးနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံသားတွေ အခုထိ ဆက်ပြီး စိတ်မချမ်းမြေ့စရာ ကောင်းလောက်အောင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာမို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးဝါးနေပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခြေခံ ရပိုင်ခွင့် ချိုးဖောက်ခံနေရတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်အစိုးရက စနစ်တကျ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စစ်ဆေးတဲ့ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မတ်လတုန်းက ကောင်စီကို တင်ပြခဲ့ပါတယ်။

“မြန်မာစစ်အစိုးရ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို ကြည့်ရင်လည်း လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့အတွက် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်မလာနိုင်ပါဘူး။”

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ရေရှည်ပြဿနာမို့ ဒါကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့ လိုအပ်နေပြီး ပထမဆုံး တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ချင်း လွှတ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံက ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စိုးရိမ်ကြောင်း တင်ပြခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ အစည်းအဝေး တက်ရောက်လာတဲ့ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ အာကီယို အိစို့မတ်တ (Mr. Akio Isomata) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ ဂျပန်အစိုးရက မြန်မာအစိုးရကို ထပ်ပြီး တောင်းဆိုပါတယ်။ ဒါ့အပြင် အခု ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့နဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကျင်းပပေးဖို့ ခိုင်မာတဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ အခုထိ ဆိုးဝါးနေတာမို့ နိုင်ငံတကာက တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီကြဖို့ လိုအပ်နေပြီလို့ အမေရိကန်နိုင်ငံက ယုံကြည်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ်စ် အီလိန်း ချိန်ဘာလိန် ဒိုနာဟရူး (Ms. Eileen Chamberlain Donahoe) က ပြောပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာပြီး နိုင်ငံသားတွေ လူ့အခွင့်အရေး သေသေချာချာ ခံစားရစေဖို့အတွက် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံ ပံ့ပိုးပေးဖို့ အမေရိကန်နိုင်ငံက စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။

“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား ထောက်ခံ အကြံပြုထားသလိုပဲ မြန်မာစစ်အစိုးရက နိုင်ငံတကာ လူလူချင်း စာနာမှု အကူအညီပေးရေး ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေး အဆိုကို ထောက်ခံဖို့ အမေရိကန် ပြည်ထောင်စုက စဉ်းစားနေပါတယ်။”

တကယ်လို့ အမေရိကန်နိုင်ငံသာ ပါဝင် ထောက်ခံရင် မြန်မာစစ်အစိုးရ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်း စစ်ဆေးပေးဖို့ ထောက်ခံတဲ့နိုင်ငံဟာ ၅ နိုင်ငံ ရှိလာတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အထူးစိုးရိမ်ကြောင်း နယူးဇီလန်၊ ဆွီဒင်နဲ့ အိုင်ယာလန်နိုင်ငံတွေသာ မက ကနေဒါနိုင်ငံကလည်း အင်္ဂါနေ့က ကျင်းပတဲ့ ၁၄ ကြိမ်မြောက် အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ရင်းမြစ်..VOA



UNHRC 14th Session, Debate on June 8, 2010

ကမ္ဘာကိုကိုင်လှုပ်ခဲ့သော ဒီမိုကရေစီစစ်သည်တော် သူရဲကောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းအား ဂုဏ်ပြုလိုက်ရခြင်းနှင့် ပါတ်သက်၍


နအဖစစ်အစိုးရ၏ ညူကလီးယားထုတ်လုပ်ရေးနှင့် ပါတ်သက်ပြီး DVB မှ ရုပ်မြင်သံကြား အစီအစဉ်များဖြင့် လွန်ခဲ့သော နှစ်များကပင် ထုတ်လွှင့်နေပါသည်။ သို့သော် မြန်မာနိုင်ငံသားများက အာရုံမစူးစိုက်ခဲ့။ ကမ္ဘာကလည်း ပြောနေသူက ပြောနေပေမင့် မျက်နှာလွှဲခဲပစ် သဘောမျိုး နေခဲ့ကြသည်။ မြောက်ကိုးရီးယားမှ အကူအညီပေးနေသည်ဟုလည်း သတင်းသဲ့သဲ့ ကြားဖူးနေပါသည်။ စိုးရိမ်စိတ်တောင် မ၀င်ခဲ့ကြရ။ ခုတော့ ပြသနာက မစ္စတာဂျင်ဝပ်က စပါသည်။ သူ့ကို ဒီမိုကရေစီအတိုက်အခံ သမားများက မကြိုက်နှစ်သက်။ အဆိုးဆုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်မခံချင် ဖြစ်နေသည်။ မြန်ာနိုင်ငံရေး ကိစ္စနှင့် သွားရောက်မည့်သူ့ကို ဦးဝင်းတင် တို့ ဦးအေးသာအောင်တို့က လက်မခံကြောင်း ထုတ်ဖေါ်ပြောဆိုထားကြပါသည်။

မြောက်ကိုးရီးယားမှ ညူကလီးယားလက်နက်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းလုပ်နေခြင်းကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်တော့မည်ဟု ဆိုသော သတင်းတွေ ထွက်လာသည်။ အစက မသိခဲ့သော်လည်း ယခုလောက် အသံတွေ ထွက်ပေါ်လာတော့ ကမ္ဘာက စောင်းကြည့်ကြဖြစ်ပါသည်။ မစ္စတာဂျင်ဝပ်ကိုယ်တိုင် ဤခရီးစဉ်ကို ဖျက်သိမ်းလောက်ရအောင် မည်သည့်အတိုင်းအတာထိ တိုင်အောင် အရေးပါနေရပါသနည်းဆိုပြီး မျက်စောင်းထိုးကြည့်ကြပါတော့သည်။ နောက်ဆုံးမှာအဖြေ ပေါ်လာပါသည်။ ညူကလီးယားလက်နက် ထုတ်လုပ်နေခြင်းကို စက်ရုံမှ တာဝန်ရှိသူတဦးဖြစ်သော ဗိုလ်မှူးစိုင်းသိန်းဝင်းက ဓါတ်ပုံပေါင်းမြောက်မြားစွာဖြင့် ပြည်ပတွင် ထုတ်ဖေါ်လိုက်ပါသည်။ ယင်းသို့ထုတ်ဖေါ်ခြင်းကို ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်လိုက်ပါသည်။
ဗိုလ်မှူးစိုင်းသိန်းဝင်းကား ဒီမိုကရေစီစစ်သည်တော် သူရဲကောင်းဖြစ်သည်။ တိကျစွာပြောရလျှင် ကျွန်တော် ဤသို့ဘွဲ့ပေးလိုက်ချင်ပါသည်။ဒီမိုကရေစီစစ်သည်တော် သူရဲကောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းကား မြန်မာ့သူရဲကောင်းဖြစ်သည်။

ရှင်းလင်းတင်ပြချင်ပါသည်။ တချိန်က ဗိုလ်ကြီးအုံးကျော်မြင့်မှာ ဗိုလ်ချုပ်နေ၀င်းကို လုပ်ကြံပြီး မဆလအစိုးရကို အာဏာသိမ်းချင်ခဲ့သည်။ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းခဲ့ချင်သည်။ အထမမြောက်ခဲ့။ ဗိုလ်ကြီးအုန်းကျော်မြင့်မှာ သေဒဏ်ပေးခံခဲ့ရပါသည်။ ယင်းအချိန်က အကယ်၍ အကြံအစဉ်များအောင်မြင်ခဲ့လျှင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းနိုင်ဘွယ်ရာ ရှိပါသည်။ အာဏာသိမ်းမှူမှာ မအောင်မြင်ခဲ့သောကြောင့် ဆယ်စုနှစ် ၃ စုနှစ်ထိ တာရှည် ကြာမြင့်ခဲ့ပြီး ယခုအချိန်ထိ နေ့တဓူဝ ပြည်သူတရပ်လုံးမှာ ဒုက္ခမျိုးစုံ ခံစားနေကြရသည်။ ယခုကဲ့သို့ပင် ညူကလီးယားစက်ရုံအကြောင်းများ ပေါက်ကြားမူကြောင့် ဗိုလ်ကြီးဝင်းနိုင်ကျော်တို့မှာ အကျဉ်းထောင်၌ ဖမ်းဆီးခံနေရပါသည်။

ယခုဗိုလ်မှူးစိုင်းသိန်းဝင်းကား ပြည်ပနိုင်ငံသို့ ထွက်ခွါနိုင်ခဲ့ပါသည်။ လာချင်လျင် အနီးလေးဆိုသည့်အတိုင်း ပြည်တွင်းမှ အကြပ်တပ်သား စစ်ဗိုလ်များမှာ ပြည်ပနိုင်ငံသို့ ထွက်ခွါပြီး ဒီမိုကရေစီအလံတော်အောက်သို့ ၀င်ရောက်ခိုလှုံလာကြလျင် လာသောကောင်းသော ခရီးဖြစ်ကြောင်း သိသာနိုင်ပါသည်။ စစ်အစိုးရ၏ လက်အောက်မှာ တနေ့မဟုတ်တနေ့ ဖမ်းဆီးခံရပြီး ထောင်ချခံရမည်၊ သို့မဟုတ်သတ်ဖြတ်ခံရမည် ဆိုသော အနာဂါတ်ပဋိပက္ခကြားမှာ ညူကလီးယားစက်ရုံမှ ဗိုလ်မှူးများ၊ဗိုလ်ကြီးများ ၊အကြပ်တပ်သားများမှာ နေထိုင်လုပ်ကိုင် နေကြရပါသည်။ စစ်အာဏာရှင်၏လက်အောက်တွင် အဆင်မပြေမှူများ၊ သံသယများ ရှိနေခဲ့ပါက သက်ဦးဆံပိုင်ဘုရင် လက်ထက်မှာထက် ကြောက်ရွံ့စရာကောင်းလောက်အောင် ဖြစ်နေရမူမှာ လက်မခံစရာဖြစ်သည်။

ဗိုခ်မှူးစိုင်းသိန်းးဝင်းထွက်ခွါလာခြင်းနှင့် ပါတ်သက်ပြီး မည်မျှအထိ နူကလီးယားစက်ရုံတွင် ဖမ်းဆီးစစ်ဆေးနေပြီကို မည်သူမျှ မသိကြသော်လည်း သူ၏အရင်းအနှီးဆုံးသော မိတ်ဆွေလုပ်ဖေါ်ကိုင်ဖက်များမှာ ခုလောက်ဆို စစ်ကြောရေးစခမ်းထဲ နှိပ်စက်ခံနေလောက်ပါပြီ။ ဗိုလ်မှူးစိုင်းသိန်းဝင်းကိုယ်တိုင်မှာလည်း လုံခြုံသောနေရာမှာ သတိထားပြီးနေရန်လိုအပ်နေပါသည်။ ရန်သူစစ်အစိုးရသည် မည်သည့်အခါမျှ လျှော့တွက်၍မရသောကြောင့် တချို့ က ထိုင်းနိုင်ငံတွင် မနေစေဘဲ အမေရိကန်ုနိုင်ငံသို့မဟုတ် ဥရောပနိုင်ငံတခုခုသို့ အမြန်ဆုံးထွက်ခွါသင့်သည်ဟု အကြံပေးနေကြပါသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဇါတိသားဖြစ်သော ဗိုလ်မှူးစိုင်းသိန်းဝင်း၏ မိဘ ညီအစ်အကို မောင်နှမများကို ယခုအချိန်ထိ ပြသနာမလုပ်သေးသော်လည်း လုံခြုံရေးတွေကတော့ စောင့်ကြည့်နေကြသည်ဟု သိရပါသည်။ ဗိုလ်မှူးစိုင်းသိန်းဝင်းမှာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းတွင် ကျောင်းပြီးစီးခဲ့ပြီး ရုရှားနိုင်ငံမှ ဒုံးပျံဆိုင်ရာဘွဲ့ကို ရရှိထားသူဖြစ်သည်။ နူကလီးယားလက်နက်ထုတ်လုပ်ရေးစီမံကိန်း လှို့ ဝှက်စာရွက်စာတမ်းများကို ယူဆောင်လာခြင်းကြောင့် စစ်အစိုးရမှာ ကမ္ဘာကိုလိမ်၍တော့ မရနိုင်တော့။ စင်ကာပူနိုင်ငံဆိုင်ရာ သံအမတ်ကြီးကတော့ ဤပြောဆိုချက်များမှာ လိမ်ညာခြင်းဟု ပြောဆိုနေပါသေးသည်။
IAEA မှမူ စစ်အစိုးရ၏ နူကလီးယားစက်ရုံကို မကြာခင်စုံစမ်းစစ်ဆေးတော့မည်။ သူတို့လိမ်ညာ၍မရ။ အကောင်းဆုံးဖြစ်သော ဗိုလ်မှူးစိုင်းသိန်းဝင်းက အားလုံးဖွင့်ချလိုက်ပြီးပြီ။ ကျွမ်းကျင်သော စုံစမ်းစစ်ဆေးသူများက နူကလီးယားစက်ရုံမှ စက်ကရိယာပစ္စည်းယန္တရားများမှာ လက်နက်ထုတ်လုပ်ရန်အတွက် ရည်ရွယ်ထားသည့် ပစ္စည်းကရိယာများဖြစ်ကြောင်း ပြောဆိုထားပါသည်။ အကယ်၍ ယခုအချိန်တွင် မဖေါ်ထုတ်လိုက်နိုင်ပါက စစ်အစိုးရမှာ ကမ္ဘာတွင် ပြိုင်စံရှားလောက်အောင် မောက်မာသွားမည့် အစိုးရတရပ်ဖြစ်ကြောင်း သိသာနိုင်သည်။

ကံဇါတာတို့သည် ကျွန်တော်တို့ဖက်မှာ ရှိလာနေသည်ဟု ပြော၍ ရနိုင်ပါသည်။ နူကလီးယားပြသနာသည် အိမ်နီးချင်းနိုင်ငံများ။ဒေသတွင်းဆိုင်ရာနိုင်ငံများနှင့် ပဋိပက္ခဖြစ်လာနိုင်သည်သာ မဟုတ်ဘဲ ကမ္ဘာကြီးတရပ်ကိုပင် ခြိမ်းခြောက်သောပြသနာဖြစ်ပါသည်။ ယင်းပြသနာကို ဖန်တီးရန် လောင်စာထည့်ပေးသောနိုင်ငံများမှာ ဂျာမဏီနိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံတို့ ဖြစ်နေပါသည်။ ဂျာမဏီနိုင်ငံမှ DMG ကုမဏီတို့သည် စစ်အစိုးရအား နူကလီးယားစက်ရုံတွင် တည်ဆောက်ပြုပြင်သော နည်းပညာများ၊ စက်ပစ္စည်းကရိယာများအား လှို့ ဝှက်ရောင်းချနေသည်။ ထို့ကြောင့် ယင်းဂျာမဏီနိုင်ငံကို ဆန္ဒပြပွဲများဖြင့် ထုတ်ဖေါ်သတိပေးရန်လိုနေပါသည်။ တချိန်တည်းမှာပင် မြောက်ကိုးရီးယားနိုင်ငံအားလည်း ချက်ချင်းသတိပေး ထုတ်ဖေါ်ဆန္ဒပြကြရန်လိုသည်။

ကမ္ဘာကြီးတခုလုံးတွင် မြန်မာနိုင်ငံဒီမိုကရေစီအင်အားစုများ ရှိကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ဂျာမဏီနိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံကို ဆန္ဒပြပြီး ကန့်ကွက်ကြရန်လိုသည်။ သို့အတူ ဗိုလ်မှူးစိုင်းသိန်းဝင်းကို ဂုဏ်ပြုချီးမြှောက်ကြရန်လည်းလိုသည်။ အကြောင်းမှာ စစ်အာဏာရှင်တို့အား နူကလီးယားအကြံအစဉ်ပျက်ပြားအောင် လုပ်ပေးနိုင်ခြင်းကြောင့် ကျေးဇူးဆပ်ရပါလိမ့်မည်။ သူ့ကျေးဇူးသည် အလွန်တရာ တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးဖြစ်သည်။ ကမ္ဘာကြီးတခုလုံးအပေါ် ခြိမ်းခြောက်သွားမည့် အရိပ်လက္ခဏာတို့ကို မြင်နိုင်စွမ်းရှိသောကြောင့် ယခုဖေါ်ထုတ်လိုက်နိုင်ခြင်းမှာ လွန်စွာအရးကြီးသည်။ သူကားမြန်မာနိုင်ငံသားတို့အား ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေးအတွက် တာဝန်ကြေသော သားကောင်းစစ်သည် သို့မဟုတ် ဗိုလ်မှူးတဦးအဖြစ် ရပ်တည်ပေးလိုက်ခြင်းဖြစ်သည်။

သူသာခြေလှမ်းနောက်ကျခဲ့ပါက အသတ်ခံရမည်ဟု ထုတ်ဖေါ်ပြောဆိုပါသည်။ သူပြောသောစကားတွေမှာ မှတ်သားစရာစကားများ ပါနေပါသည်။

" ဒါကကျနော့်ရဲ့ စစ်ယူနီဖေါင်းဖြစ်တယ်။ ဒါပေမဲ့ ဒီယူနီဖေါင်းကို မြန်မာနိုင်ငံသားတွေရှေ့မှာ မ၀တ်ရဲတော့ဘူး။ သိပ်ရှက်နေပြီ။ ကျနော်တို့လို နူကလီးယားလက်နက်ထုတ်လုပ်ဖို့အတွက် ရုရှားမှာ ကျောင်းသားတသောင်းကျော်လောက် ပညာသင်ကြားနေကြတယ်။ ဒါကစစ်သားမျိုးဆက်သစ်တွေဖြစ်တယ်။ စစ်တပ်မှာ ထစ်ကနဲရှိတယ်ဆိုရင် ပစ်သတ်ဆိုတဲ့အမိန့်ကို ပေးထားတယ်။ ဒါကစစ်တပ်ထဲ ပေးထားတဲ့အတွင်းအမိန့်ဖြစ်တယ် "

ပညာတတ်ဗိုလ်မှူးတယောက်ဖြစ်သော သူ့မှာ စစ်သက် ၁၅ နှစ်ခန့်နေပြီးမှ ယူနီဖေါင်းကို လူတွေရှေ့မှာ ၀တ်ဆင်ရန်ရှက်နေသည်ဆိုခြင်းမှာ စဉ်းစားစရာတွေဖြစ်သည်။ ရှက်လွန်းလွန်းအောင် စစ်တပ်မှပြည်သူများကို ဆက်ဆံနေပုံများသည် သူတို့လိုပညာတတ်စစ်ဗိုလ်များအတွက် အခံရခက် အနေရခက် စေသည့် လုမူရေး လောကပြသနာ ဖြစ်နေပါသည်။ ပြီးတော့ မျိုးဆက်သစ်စစ်ဗိုလ်တွေက တသောင်းကျောင်းလောက် သင်တန်းများတက်ရောက် သင်ကြားနေရာ အကယ်၍ နူကလီးယားလက်နက်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ပြီးပါက သူတို့၏ ဒီမိုကရေစီအရပ်သား အစိုးရအား အာဏာလွှဲပြောင်းပေးရေးဆိုသည်မှာ တွေးတောရန်ကြုံလာပါသည်။ ခါးကြားမှာပစ္စတိုသေနတ် ချိတ်ထားရုံမျှနှင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ တရုပ်အားကိုးနှင့် နေခဲ့သော စစ်အစိုးရမှာ နူကလီးယားလက်နက်များကိုသာ ပိုင်ဆိုင်သွားပြီဆိုပါက အာဏာလွှဲပြောင်းပေးဖို့ နေနေသာသာ ကမ္ဘာကိုတောင် အုပ်ချုပ်ချင်မည့် လက္ခဏာရှိသူများဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တရုပ်ကော အမေရိကန်နိုင်ငံကိုကော မည်သူ့ကိုမျ ဂရုစိုက်စရာမလိုတော့ဟု ထုတ်ဖေါ်ပြောဆိုသည်ကိုက ရှင်းနေပါသည်။

ယခုလည်း စစ်တပ်မှာ ထစ်ကနဲရှိလာလျှင် ပစ်သတ်ဆိုသောအမိန့်ကို ထုတ်ပြန်ပေးထားသည်ဟု ပြောဆိုပါသည်။ သည်တော့ ဤစကားမှာ လုံးဝယုံကြည်ရလောက်သော စကားဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်တပ်မှ အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက် မတရားပစ်သတ်သည့် အကြောင်းအရာများကား နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော အခြင်းအရာများဖြစ်ပါသည်။ ထို့ကြောင့် သူပြောသောစကားနှင့် အဖြစ်အပျက်များမှာ တထပ်တည်းတူညီနေ၍ ယုံကြည်ရခြင်းဖြစ်ပါသည်။ သူတို့၏လုပ်ရပ်များကိုလည်း နိုင်ငံတကာအစိုးရများမှ ယုံကြည်လက်ခံကြပါသည်။

ဗိုလ်မှူးစိုင်းသိန်းဝင်းမှာ မြန်မာနိုင်ငံသားများအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေးအတွက် အသက်ကိုပဓါန မထားဘဲ စွန့်စား စွန့်လွှတ် ဘ၀နှင့် ရင်းလိုက်ပါပြီ။ ပြည်တွင်းမှာကျန်ရစ်ခဲ့သော မိဘညီအကိုများ၏ အသက်အန္တရယ် စည်းစိမ်အိုးအိမ်များကို မငဲ့ကွက်ဘဲ ပြည်သူချစ်သောစစ်သည်တော် တဦးအဖြစ် ရပ်တည်လိုက်ပါပြီ။ သူရင်းနှီးလိုက်ရသော ပေးဆပ်လိုက်ရသော အခြေအနေတို့မှာ တန်ဖိုးဖြတ်မရလောက်အောင် ကြီးမားနေပါလိမ့်မည်။ သို့သော် ရရှိလိုက်သော အရင်းအနှီးတန်ဖိုးမှာမူ သူ၏တန်ဖိုးဖြတ်မရသော အသက်အန္တရယ်နှင့် စွန့်စားစွန့်လွှတ်ရဲသော အနစ်နာခံမူနှင့် သူရဲကောင်းစိတ်ဓါတ်ပင်ဖြစ်သည်။

ထို့ကြောင့် ဒီမိုကရေစီစစ်သည်တော် သူရဲကောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းကို အလေးပြုကြရန်မှာ ကျွန်တော်တို့တာဝန်ဖြစ်သည်။ သူ၏သတ္တိဗျတ္တိ၊၀ိရိယတို့သည် ကျွန်တော်တို့အတွက် အကောင်းဆုံးအနာဂါတ် ရောင်ခြည်များကို ထွန်းလင်းတောက်ပစေနိုင်ပါသည်။ ကမ္ဘာကြီးသည် နအဖစစ်အုပ်စုအား တနေ့နေ့တချိန်တချိန်တွင် ပညာပေးဆုံးမရန်အတွက် နည်းလမ်းပေါင်းများစွာဖြင့် ကြိုးစားနေပေးပါသည်။ ကမ္ဘာကိုကိုင်လှုပ်စေခဲ့သော နူကလီးယားလက်နက်ထုတ်လုပ်ရေးသတင်းသည် မြန်မာနိုင်ငံစစ်အစိုးရအား ထမင်းလုံးတစ္ဆေခြောက်စေသော ညကြီးသန်ခေါင် အိပ်မရသည့် အကြောင်းအရာများဖြစ်ပါသည်။

စင်စစ်အားဖြင့် ကျွန်တော်တို့မှ ဂျာမဏီနိုင်ငံအား၎င်း၊ မြောက်ကိုးရီးယားနိုင်ငံအား၎င်း ယခုအချိန်မှာ လှလှပပ ပြောဆိုကန့်ကွက်မှသာ ကမ္ဘာက ပို၍အသိအမှတ်ပြုလာကြမည်ဖြစ်ပါသည်။ သည်တော့ ဗိုလ်မှူးစိုင်းသိန်းဝင်းအား ဒီမိုကရေစီစစ်သည်တော် သူရဲကောင်း ဘွဲ့ဖြင့်ဆုများချီးမြှင့်ကြပြီး ဦးညွတ်ကြမည်ဆိုလျှင် ယင်းနှစ်နိုင်ငံတို့သည် ငယ်ထိပ်ပြာလူး မျက်ကလဲဆံပြာဖြစ်သွားနိုင်ပါသည်။ သို့ဆိုက အားလုံးကြေနပ်ကြမည်ထင်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )

လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ထုတ်ပြန်ချက်

10-6-2010

နအဖပိုင် မြန်မာ့အလင်းသတင်းစာတွင် ပြည်တွင်း အခွန်များဦးစီးဌာန ကုန်သွယ်လုပ်ငန်းခွန် ဌာနခွဲ နှစ်ချုပ် ကြေညာလွှာတင်သွင်းရန် နှိုးဆော်မှုဖော်ပြပါရှိ

၂၀၀၉ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၀ ခုနှစ် မတ် ၃၁ ရက်အထိ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ထိုက်သည့် ရောင်းရငွေ သို့မဟုတ် ၀န်ဆောင်မှုရငွေ ရရှိသည့် တစ်ဦးချင်းပိုင် ပုဂ္ဂလိက လုပ်ငန်းများ၊ အစုစပ် လုပ်ငန်းများ၊ ဖက်စပ် လုပ်ငန်းများ၊ ကုမ္ပဏီများ အခွန် ပေးဆောင်ထိုက်သည့် အခြားလုပ်ငန်းများ၊ သမ၀ါယမ အသင်းများနှင့် အစိုးရ၏ စီးပွားရေး အဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ ကုန်သွယ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းများသည် နှစ်ချုပ် ကုန်ရောင်း ကြေညာလွှာ သို့မဟုတ် နှစ်ချုပ်ဝန်ဆောင်မှု ကြေညာလွှာကို ပြည့်စုံစွာ ဖြည့်စွက်၍ လက်မှတ်ရေးထိုးပြီး ၂၀၁၀ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှုးရုံး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်ပြီး ချောစာဖြင့် ဖြစ်စေပေးပို့ရန် ဥပဒေအရ တာဝန် ရှိကြောင်း နှိုးဆော်အပ်ပါသည်။


ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းဖြစ်လျှင် ဆားထုတ်လုပ်မှု လုပ်ငန်းမှအပ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ရောင်းရငွေ ၂၄၀၀၀၁ ကျပ်နှင့် အထက် ရရှိသူများ၊ ကုန်စည်ဝယ်ယူ ရောင်းချသည့် ကုန်သွယ်မှု လုပ်ငန်းဖြစ်လျှင် ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ရောင်းရငွေ ၃၀၀၀၀၁ ကျပ်နှင့် အထက် ရရှိသူများ၊ ခရီးသည်ပို့ဆောင် လုပ်ငန်းဖြစ်လျှင် ဘဏ္ဍာရေးနှစ်အတွင်း ခရီးသည် ပို့ဆောင်ခရငွေ စုစုပေါင်း ၁၈၀၀၀၁ ကျပ်နှင့် အထက်ရရှိသူများသည် လည်းကောင်း၊ ဖျော်ဖြေမှုလုပ်ငန်းများ၊ ဟိုတယ် တည်းခိုခန်း လုပ်ငန်းများ၊ စားသောက်ဖွယ် ရောင်းချရေး လုပ်ငန်းများ၊ ခရီးသွားလာရေး လုပ်ငန်းများ (ခရီးသွား လမ်းညွှန်သက်သက် လုပ်ကိုင်မှုများ အပါအ၀င်)၊ မောတော်ယာဉ် ရေဆေး၊ ဆီထိုးလုပ်ငန်း၊ အသက်အာမခံ လုပ်ငန်းမှအပ အခြားအာမခံ လုပ်ငန်းများ၊ ဆံသအပါအ၀င် အလှပြင်လုပ်ငန်းများ၊ ခန္ဓာကိုယ်အလှပြင်နှင့် ပြုပြင်လေ့ကျင့်မှု လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်း၊ ကွန်ပျူတာစာစီ လုပ်ငန်းနှင့် ကွန်ပျူတာ ဒီဇိုင်းလုပ်ငန်းများ (ဓာတ်ပုံမိတ္တူ လုပ်ငန်းမပါဝင်)သည် လည်းကောင်း နှစ်ချုပ်ကုန်ရောင်း ကြေညာလွှာ သို့မဟုတ် ၀န်ဆောင်မှု ကြေညာလွှာကို လုပ်ငန်း၏ နှစ်ချုပ်စာရင်းရှင်းတမ်းများနှင့် ပူးတွဲပေးပို့ရန် တာဝန်ရှိပါသည်။ နှစ်ချုပ် ကြေညာလွှာ တင်သွင်းရန် နောက်ဆုံးရက် ဖြစ်သည့် ၂၀၁၀ ခုနှစ် ဇွန် ၃၀ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဆိုင်ရာရုံး အသီးသီးကို ညနေပိုင်း ၁၈း၀၀ နာရီအထိ ဖွင့်လှစ်၍ နှစ်ချုပ်ကြေညာလွှာများကို လက်ခံပေးမည် ဖြစ်ပါသည်။


ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ အရ လုံလောက်သော အကြောင်းမရှိဘဲ သတ်မှတ်ထားသော အချိန်အတွင်း ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် အခွန်အပြင် ယင်းအခွန်၏ တစ်ဆယ် ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် တပ်ရိုက်ခြင်းခံရမည် ဖြစ်ပါသည်။


သတ်မှတ်ထားသည့် နှစ်ချုပ် ကုန်ရောင်း ကြေညာလွှာ သို့မဟုတ် ၀န်ဆောင်မှု ကြေညာလွှာပုံစံများကို သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးဌာနမှူး ရုံးတွင်ဖြစ်စေ၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင်ဖြစ်စေ အခမဲ့ ရယူနိုင်ပါသည်။ လူကိုယ်တိုင် ပေးပို့ခြင်း ဖြစ်ပါက လက်ခံရရှိကြောင်း သက်သေခံ လက်မှတ်ကို သက်ဆိုင်ရာရုံးက ချက်ချင်းထုတ်ပေးမည် ဖြစ်ပါသည်။ မရှင်းလင်းသော အချက်များရှိပါက သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးများတွင် ဖြစ်စေ၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင်ဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

မြန်မာပြည်မှတေးသံရှင်များ အခွန်ကြွေးကျန်ကို သတ်မှတ်ရက်အတွင်း မပေးဆောင်က ရာနှုန်းပြည့်အခွန် ထပ်မံပေးဆောင်ရမည်

တေးသံရှင်များ အခွန်ကြွေးကျန်များကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်းထမ်းဆောင်ရန်ပျက်ကွက်ပါက ရာနှုန်းပြည့်အခွန်ကြွေးကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအခွန်ဦးစီးဌာနရှိ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ယင်းသို့အခွန်ကြွေးကျန်များ ရှိ မရှိကို စိစစ်ဆောင်ရွက်ရာ၌ ဂီတအစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကာ တေးသံရှင်များ၏ဖျော်ဖြေမှုအချက်အလက်များကို ရယူလျက်ရှိပြီဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့အနေနဲ့ အခွန်ကြွေးကျန်တဲ့တေးသံရှင်တွေကို သတ်မှတ်ကာလမှာပေးဆောင်မှုမရှိရင် ဒဏ် ငွေကို အဆင့်ဆင့်ရိုက်နိုင်သလို ဘဏ္ဍာနှစ်ကုန်လို့မှမပေးဆောင်ရင် ၁၀၀ရာခိုင်နှုန်းထက်မပိုတဲ့ ဒဏ်ငွေကို ပေးဆောင်ရမယ်။ နောက်ဆုံးမှာ ဘယ်လိုမှမပေးဆောင် ရှောင်တိမ်းနေမယ်ဆိုရှင် ဒီတေးသံရှင်ရဲ့ ပြောင်းရွှေ့ နိုင်တဲ့ပစ္စည်း ဒါမှမဟုတ် မပြောင်းရွှေ့နိုင်တဲ့ပစ္စည်းတွေကို စည်းကြပ်ခွန်ဥပဒေအရထုခွဲရောင်းချပြီး ပိုတဲ့ငွေသား ကိုသာပြန်လည်ပေးအပ်သွားမှာဖြစ်တယ်''ဟု ယင်းကထပ်လောင်းပြောဆိုသည်။

နအဖပိုင် ကြေးမုံသတင်းစာ တွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အားမှတ်ပုံတင်ခွင့်ပြုလိုက်ပြီးဖော်ပြထား..(တတ်လဲတတ်နိုင်ကြပါလားနော်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၇၃/၂၀၁၀)ကို ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်အရ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် “စီ” လမ်းထောင့်၊ မြေကွက်အမှတ်(၅)တွင် ပါတီရုံးချုပ် ဖွင့်လှစ် ထားရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၃၂)ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

မေမေ နေကောင်းလား မေမေ

09 June 2010

ဗုံးထောင်ထားသည်ဟု ခြိမ်းခြောက်ကာ ကျပ်သိန်း ၅၀၀ တောင်းသူ လူငယ် တစ်ဦးအား ဖမ်းဆီး

မကွေးမြို့၏ အထင်ကရဖြစ်သည့် ပြည်တော်သာလမ်းရှိ ကောင်းမွန် စူပါမားကတ်အား ဗုံး(၃)လုံး ထောင်ထားသည် ဟုဆိုကာ နာရီဝက်အတွင်း ကျပ်သိန်း ၅၀၀ မပေးပါက အကြောင်းသိမည်ဟု ဆိုပြီး စူပါမားကတ် ဝန်ထမ်းများနှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ကတ်ဖုန်းဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုသူအား မကွေးခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အနီးကပ်ကြီးကြပ်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းပြီး ၂၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် မေလ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၅၁ မိနစ် အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းရှိ ကောင်းမွန်စူပါမားကတ် အထွေထွေ မန်နေဂျာ ဦးအောင်မျိုးထံသို့ အမျိုးသားတစ်ဦးက ၄င်း၏ကတ်ဖုန်း အမှတ် (၀၉-၄၄၄၅၆၀၃၅) ဖြင့် ကောင်းမွန် စူပါမားကတ် ဖုန်းအမှတ် (၀၆၃-၂၃၆၀၁)နှင့် (၀၉-၅၁၀၇၈၆၈) သို့ ဆက်သွယ်ပြီး ကောင်းမွန် စူပါမားကတ် အတွင်း မိုင်းဗုံး ၃ လုံးထောင်ထားကြောင်း နာရီဝက်အတွင်း ငွေကျပ်သိန်း ၅၀၀ ပေးရန် တောင်းဆိုခဲ့ပြီး ၄င်းတို့အဖွဲ့မှာ အသစ်ဖွဲ့စည်းထားသည့် ဆန့်ကျင်ဘက် အဖွဲ့ဖြစ်ကာ လူထုကို ဒုက္ခပေးဖို့ မဟုတ်ဘဲ အစိုးရကို ဆန့်ကျင်ဖို့ ဖြစ်ကြောင်း၊ သိန်း ၅၀၀ မပေးပါက နောက်နာရီဝက်အတွင်း အကြောင်းသိစေရမည်ဟု ခြိမ်းခြောက် ခဲ့သည်။

၎င်းတို့ထောင်ထားသော မိုင်းဗုံးမှာ ဂျီအီးအဖွဲ့ရှိ ပစ္စည်းများနှင့် စစ်ဆေးကြည့်၍ မရသော ခေတ်မီ မိုင်းဗုံး ဖြစ်ကြောင်း မည်သည့်ဌာနကိုမှ တိုင်ကြားခြင်း မပြုရန်နှင့် ၄င်းတို့တွင် စောင့်ကြည့်အဖွဲ့များ ရှိကြောင်း တို့ကို ဖုန်းဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ကတ်ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆိုသူအား စုံစမ်း ဖော်ထုတ် ပေးပါရန် မေလ ၂၂ ရက်က ဦးအောင်မျိုးမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။


အဆိုပါ အမှုကို မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သူရသွင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြူသင်းနှင့် အဖွဲ့ကို အနီးကပ် ကြီးကြပ်ကာ ဆက်သွယ်မှုပြုခဲ့သော ကတ်ဖုန်းအမှတ် (၀၉-၄၄၄၅၆၀၃၅)အား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းဖော်ထုတ်ရာ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နေ သိန်းကျော် အသက်(၂၇)နှစ်၏ ကတ်ဖုန်းဖြစ်ကြောင်း သိရှိရသည်။


ထို့ကြောင့် တာဝန် ရှိသူများသည် တောင်တွင်းကြီးမြို့သို့ ချက်ချင်းသွား၍ သိန်းကျော်၏ နေအိမ်အား ကင်းပုန်းဝပ် စောင့်ကြည့် ဖမ်းဆီးရာမှ သိန်းကျော်အား ၄င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ သိန်းကျော်ဆိုသူအား မကွေး အမှတ်(၁) ရဲစခန်းမှ (ပ)၂၅၇/၂၀၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)/၅၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ယနေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျနော် ဆွဲဖွင့် မိသော တံခါးများ (ဖွဲ့စည်းပုံ အကြောင်းသိကောင်းစရာ)ရုပ်သံမြင်ကွင်း




................................................................................................................................................................

မြန်မာ ပြည်တွင်းသတင်း(DVB)



ပုဂ္ဂလိက ထိုင်းနဲ့ မြန်မာ ဖက်စပ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းပိုင်ရုံးဝင်းအတွင်းဗုံးပေါက်ကွဲမှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အမှတ် (၂) နှစ်ဆယ့်လေးနာရီ မီးလင်းရုံးလို့ခေါ်တဲ့ ပုဂ္ဂလိက ထိုင်းနဲ့ မြန်မာ ဖက်စပ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းပိုင် ရုံးဝင်းအတွင်းမှာ ဇွန်လ ၇ရက် မနေ့က ည ၉နာရီ မထိုးခင်လေးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။


အခင်းဖြစ်တဲ့ ရုံးဝင်းဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြနန်းဧရာကွက်သစ် အာရှလမ်းမကြီးရဲ့ ညာဘက်ခြမ်းမှာ ရှိပါတယ်။ ရုံးထဲမှာရပ်ထားတဲ့ ကားအတွင်းမှာ ပေါက်ကွဲတာဖြစ်ပြီး အပျက်အစီးအချို့ ရှိခဲ့ပေမဲ့ လူတော့ ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ မြဝတီမြို့ခံက အခုလိုပြောပါတယ်။


“ညကိုးနာရီထိုးဖို့ ဆယ်မိနစ် အလိုမှာ ပေါက်ပြီးတော့ ကျနော်သွားကြည့်တာက မိုင်းထောင်တာပဲ ဖြစ်ဖို့ များတယ်။ ဖြစ်တဲ့ ကားကလည်း ညာဘက်က အရှေ့ဘီး တဘီး ကျွတ်ထွက်သွားတယ်၊ ကားဘောနပ်တွေ ကျွတ်ထွက် သွားတယ်၊ အဲဒီ သွပ်ပြားတွေလန်ထွက် သွားတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်မှာ ရဲအဖွဲ့တွေ ရော ခယကတွေရော၊ တပ်မမှူးတွေရော ဗျူဟာမှူးတွေရော အကုန်လုံး ရောက်လာတာ။”


ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို သက်ဆိုင်ရာ အာဏာပိုင်တွေသာမက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေတပ်ဖွဲ့ဝင်တွေလည်း သွားရောက် ကြည့်ရှုခဲ့ကြတယ်လို့ ဒေသခံမျက်မြင်သက်သေတွေက ပြောပါတယ်။ မြဝတီဒေသခံတချို့ကြားမှာ လက်နက်ကြီးကျပြီး ပေါက်ကွဲတာဖြစ်တယ်လို့ ပြောဆိုနေသူတွေလည်း ရှိပါတယ်။


RFA က အသေးစိတ် သိရှိနိုင်ဖို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်တဲ့ အခါမှာတော့ တာဝန်ကျ ရဲဝန်ထမ်းက အထက်က ပြောပိုင်ခွင့်မပြုတဲ့အတွက် မဖြေဆိုနိုင်ကြောင်း အခုလိုပြောပါတယ်။


“မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကပါ ခင်ဗျား။ အဲဒီဟာကို အတည်ပြုချက် ကျနော်တို့ ပြောပိုင်ခွင့်မရှိပါဘူးခင်ဗျား။ အထက် အကြီးအကဲကို တင်ပြပြီးမှပဲ ဟုတ်သည်မဟုတ်သည်ကို တင်ပြလို့ရမှာပါနော်။ ကျနော်တို့ အနီးဆုံးအုပ်ချုပ်တဲ့ အရာရှိကို တင်ပြပြီးသူက ဖြေကြားပါဆိုတဲ့အပိုင်းမှ ကျနော်တို့က ဖြေကြားလို့ ရပါ့မယ်ခင်ဗျား။ ကျနော်တို့က မိခင် ဌာနတွေကတော့ သူတို့ ညွှန်ကြားတယ် သူတို့မေးမြန်းတယ်ဆိုခဲ့ရင် ကျနော်တို့ တင်ပြရပါတယ်။”

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့တုန်းကလည်း မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးရဲ့ နေအိမ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး အိမ်ပိုင်ရှင်ဖြစ်တဲ့ ဗိုလ်မောင်စိုး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သတင်းရင်းမြစ်...RFA

မြန်မာ နျူကလီးယားအရေး စုံစမ်းပေးဖို့ အမေရိကန်အမတ် တောင်းဆို

မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကို မနေ့တုန်းက တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဲရစ် ဂျွန် (Eric John) ကို အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ဖို့လည်း သူက ပန်ကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမတ် ဂျင်မ်ဝက်ဘ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သူ့ရဲ့ အာရှခရီးစဉ်အဖြစ် မြောက်ကိုရီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံကို မသွားရောက်ဖြစ်ခဲ့တဲ့ ကိစ္စ အပါအ၀င် သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို စာရေးသား ပေးပို့ခဲ့ပြီး အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မစ္စတာဝက်ဘ်က သူ့ရဲ့ မြန်မာနိုင်ငံ သွားရောက်မယ့်ကိစ္စ ရွှေ့ဆိုင်းခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်လောက် ခိုင်လုံမှု ရှိသလဲဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်၊ အထူးသဖြင့် နျူကလီးယား အစီအစဉ် အလားအလာနဲ့ ဆက်နွယ်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက် ၂ ရပ်မှာ စုံစမ်း ဖြေရှင်းပေးရမယ့် အချက်အလက်တွေ အလုံအလောက် ရှိနေတာမို့ အခုနေခါမှာ မြန်မာနိုင်ငံကို သွားဖို့ ကျနော့်အနေနဲ့ မသင့်တော်ပါဘူး။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားဆီက သံသယဖြစ်ဖွယ် လက်နက်ပစ္စည်းတွေကို မြန်မာနိုင်ငံက ရယူခဲ့တယ် ဆိုတဲ့ မေလပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) ရဲ့ ပြောကြားချက်တွေနဲ့ အတူ ထွက်ပေါ်လာတဲ့ သတင်းတွေဟာ အခုထိ ခိုင်လုံတဲ့ အထောက်အထားနဲ့ ရှင်းလင်းတာမျိုး မတွေ့ရသေးတဲ့အတွက် ရှင်းလင်းပေးဖို့ မစ္စတာဝက်ဘ်က တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် မြန်မာ့တပ်မတော်မှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်း တင်ပြတဲ့ အထောက်အထားတွေ၊ နောက် IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အဖွဲ့မှာ စစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရောဘတ် ကယ်လီ (Robert Kelley) ရဲ့ မြန်မာနိုင်ငံမှာ အရပ်ဘက်သုံး အဏုမြူစွမ်းအင် ထုတ်လုပ်ဖို့ လုပ်နေတယ် ဆိုတာဟာ ယုံကြည်ရ ခက်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ တင်ပြချက်တွေကိုလည်း စုံစမ်းစစ်ဆေးပေးဖို့ မစ္စတာ ၀က်ဘ်က စာရေး တောင်းဆိုတာပါ။

ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ ရှိတဲ့အပြင် ဒီကိစ္စကို သေသေချာချာ စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပီ.ဂျေ ခရော်လီ (P.J Crowley) က အင်္ဂါနေ့မှာ ပြောပါတယ်။

“အဲဒီကိစ္စကို ကျနော်တို့ နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ မြန်မာအစိုးရနဲ့လည်း စကားပြောနေပြီး ၁၈၇၄ က စပြီး တခြားဆုံးဖြတ်ချက်တွေကို လိုက်နာရမယ့် နိုင်ငံတကာ တာဝန် ၀တ္တရားတွေ ရှိတယ်ဆိုတာကိုလည်း မြန်မာစစ်အစိုးရကို အသိပေးထားပါတယ်။”

မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီကလည်း သုံးသပ်နေပြီလို့ တနင်္လာနေ့က IAEA အကြီးအကဲ မစ္စတာ ယုကိယ အာမန်နို (Yukiya Amano) က ပြောပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့စာကို ဖတ်ရှုရတဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ USCB အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်ကတော့ ဒီစာအရ မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတယ် ဆိုတာကို မစ္စတာဝက်ဘ်က မယုံကြည်ကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။

“ဆီနိတ်တာဝက်ဘ်က မြန်မာကို မျက်နှာသာ ပေးချင်တဲ့လူ။ အခု မလွှဲမရှောင်သာလို့ မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရရဲ့ ပတ်သက်မှုတွေ၊ အဏုမြူလက်နက် ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အကြံအစည်တွေ လူသိရှင်ကြား ပေါ်ထွက်လာလို့လည်း သူက မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်လိုက်ရတာကိုး။ အခုလည်း ဒီကိစ္စ အမြန်ဆုံး ဖြေရှင်းမှ နှစ်နိုင်ငံ ဆက်ဆံရေး ဆက်ပြီး ဖြောင့်တန်းမယ်ပေါ့ဗျာ။ အဲဒီလိုမျိုး သူ မသွားလိုက်ရတဲ့ ကိစ္စအပေါ်မှာ မချင့်မရဲ ဖြစ်သလို တဘက်မှာလည်း အစီရင်ခံစာတွေ၊ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားမှုတွေ အပေါ်မှာ သူ့အနေနဲ့ မယုံကြည်မှုတွေကို ဒီစာမှာ ဖော်ပြထားပါတယ်။”

မြန်မာနိုင်ငံအတွက် ၂၀၀၈ ခုနှစ်မှာ အမေရိကန် အစိုးရ ထုတ်ပြန်ခဲ့တဲ့ Tom Lantos Jade ဥပဒေအရ မြန်မာနိုင်ငံဆိုင်ရာ အထူးမူဝါဒ ညှိနှိုင်းသူ တဦးကို ခန့်အပ်ရမှာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက လက်ရှိ အစိုးရအဖွဲ့ အတွင်းက ပုဂ္ဂိုလ်တွေအပြင် ပြင်ပပုဂ္ဂိုလ်တွေ အပါအ၀င် ၆ ဦးကို ရွေးချယ်ခဲ့ပြီး သမ္မတ အိမ်ဖြူတော်ကို တင်သွင်းခဲ့တာမို့ အခု စိစစ် ရွေးချယ်နေတဲ့အပြင် အထက်လွှတ်တော်ကို တရားဝင် အမည်စာရင်း တင်သွင်းဖို့ ရှိတယ်လို့လည်း ဦးအောင်ဒင်က ပြောပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဲရစ် ဂျွန်ကို ခန့်အပ်ဖို့အတွက် အကြံပြုပါတယ်။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီး မစ္စတာဂျွန်ဟာ မြန်မာနိုင်ငံအတွက် သင့်တော်တဲ့သူ တဦးအဖြစ် မယုံကြည်ဘူးလို့ ဦးအောင်ဒင်က ပြောပါတယ်။

“သံအမတ်ကြီး အဲရစ် ဂျွန်က သမ္မတဘုရှ်လက်ထက် ၂၀၀၆၊ ၂၀၀၇ မှာ အမေရိကန် နိုင်ငံခြားရေးဌာနမှာပဲ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ သူ့လက်ထက်မှာပဲ အမေရိကန် အစိုးရက မြန်မာနိုင်ငံ အရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖြေရှင်းဖို့ တောင်းဆိုမယ် ဆိုတာမျိုး စကြိုးစားခဲ့တာပဲ။ အဲဒီကာလကတော့ သမ္မတဘုရှ် အစိုးရကိုယ်တိုင်က မြန်မာနိုင်ငံ အရေးကိစ္စကို အင်မတန်မှ စိတ်ဝင်တစား လှုပ်ရှားတဲ့ အခါကြတော့ သူလည်း သမ္မတဘုရှ်ရဲ့ လက်အောက်ခံ ၀န်ထမ်းတယောက် အနေနဲ့ တတပ်တအား ပါဝင်ခဲ့တာပါ။ အဲဒီကာလတွေက သူ့ရဲ့အခန်းကဏ္ဍ၊ သူ့ရဲ့ ပါဝင်မှုတွေက အားရစရာလည်း ရှိပါတယ်။

“ထိုင်းနိုင်ငံမှာ သူရောက်နေတဲ့ ၂၀၀၈ ကစပြီး အခုထိဆိုရင် ၃ နှစ်နီးပါး ရှိနေပြီ။ အဲဒီမှာ သူ ထိုင်းမှာ အခြေစိုက်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံတာ ရှိတယ်လို့ တခါမှ ကျနော် မကြားခဲ့ဖူးဘူး။ အဲဒီလိုပဲ ထိုင်းနိုင်ငံ အခြေစိုက်တဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုများနဲ့ ရင်းနှီးမှုတို့၊ လေ့လာစုံစမ်းမှုတို့၊ စိတ်ဝင်စားမှုတို့ မပြတာကို ကျနော်တို့ ကြားသိရတယ်။ အဲတော့ ဒီဘက်ပိုင်း သမ္မတ အိုဘားမား နိုင်ငံတော်အာဏာ ယူပြီးတဲ့အချိန်မှာ သူ့ရဲ့ မြန်မာနိုင်ငံရေးဆိုင်ရာ စိတ်ဝင်စားမှုတွေက သိပ်ပြီးတော့ အားရလောက်စရာ မရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်။”

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်မယ့် အထူးကိုယ်စားလှယ် အဖြစ် EU ဥရောပ သမဂ္ဂက မစ္စတာ ပီယာရို ဖက်ဆီနို (Piero Fassino) ကို ခန့်အပ်ခဲ့ပြီး ကုလသမဂ္ဂက မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) နောက်ပိုင်း မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကို ယာယီတာဝန် ပေးထားပေမဲ့ အမေရိကန် နိုင်ငံကတော့ အခုထိ ရွေးချယ် ခန့်အပ်တာမျိုး မလုပ်သေးပါဘူး။

သတင်းရင်းမြစ်...VOA

Pamphlet for Daw Aung Sun Su Kyi 65th Birthday

Pamphlet for DASSK 65th Birthday

သာသနဓဇသိရီပ၀ရ ဓမ္မာစရိယ ဘဒ္ဒန္တ၀ိလာသဂ္ဂ မဟာထေရ်၏ အန္တိမအဂ္ဂိဈာပန၌ နှလုံးတော်အပါအ၀င် ဓာတ်တော်များ မီးမခဘဲကြွင်းကျန်ရစ်ခဲ့

မန္တလေးအောင်မြေသာစံ မြို့နယ် သီရိမာလာ အနောက်ရပ်ကွက် အဘယမင်္ဂလာရာမ ဥသျှစ်ကုန်းကျောင်း တိုက်၊ ဆုတောင်းပြည့်စာချကျောင်းဆရာ တော် သာသနဓဇသိရီပ၀ရ ဓမ္မာစရိယ သက် တော်(၈၉)နှစ် ၀ါတော်(၆၉)၀ါရှိ ဆရာတော် ဘဒ္ဒန္တ၀ိလာသဂ္ဂ မဟာထေရ်သည် ဧပြီ၂၆ ရက် နံနက် ၆နာရီ ၁၅မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူရာ အန္တိမအဂ္ဂိဈာပနကို မေ ၈ရက် ညနေပိုင်းတွင်ကျင်းပခဲ့သည်။ အစီ အစဉ်အတိုင်း လှည့်လည်ပြီး လောင်တိုက် ရှိရာ ဧရာဝတီမြစ်ကမ်းသို့ရောက်ရှိပြီး ည ပိုင်းတွင် လောင်တိုက်အတွင်း မီးသင်္ဂြိုဟ် ရာမှ ထူးခြားအံ့သြဖွယ် နှလုံးတော်အပါ အ၀င် ဓာတ်တော်များ၊ မီးမခဘဲ ကြွင်းကျန် ရစ်ခဲ့ကြောင်း ဆရာတော်၏ တပည့်အရင်း ဖြစ်သူ ဦးမန်းကျော်ကပြောသည်။

ဆရာတော်ကြီးအား လောင်တိုက် သွင်းသည့်အချိန်တွင် ပထမဦးဆုံး လောင် တိုက်သွင်းပြီး ၃နာရီကျော်ခန့်တွင် ဆရာ တော်ကြီး၏တပည့်များက လောင်တိုက်ပေါ် ကို တက်ကြည့်ရာ နှလုံးတော်လုံးဝမီးလောင် မှုမရှိသည်ကို တွေ့ရကြောင်း ထို့နောက် နှလုံးတော်အပါအ၀င် ကျန်ရှိသောအစိတ် အပိုင်းများကို ဆက်လက်မီးလောင်တိုက် သွင်းခဲ့ရာ နံနက်၆နာရီအထိ ဆရာတော်ကြီး ၏ နှလုံးတော်မှာ မီးလောင်ကျွမ်းမှုမရှိသဖြင့် ဆရာတော်၏ တပည့်အဖွဲ့က ဆရာတော် ကြီး၏ နှလုံးတော်ကို ပထမဦးစွာသိမ်းယူခဲ့ ကြောင်း၊ ယင်းနောက် ကျန်ရှိနေသောဆရာ တော်ကြီး၏ ဓာတ်တော်များကို အုန်းရည်နှင့် ဆေးကြောယူလိုက်သည့်အခါ ဆရာတော် ကြီး၏ အံတော်၊ သွေးတော်၊ ဓာတ်တော် များရရှိခဲ့ကြောင်း ဆရာတော်ကြီး၏တပည့် ဦးမန်းကျော်ကပြောသည်။
ဆရာတော်ကြီး၏ နှလုံးတော်ဓာတ် တော်များအားလုံးကို ဆရာတော်ကြီး၏ဇာတိ ဖြစ်သည့် မွေးရပ်မြေတွင် ဓမ္မစေတီအဖြစ် တည်ထားကိုးကွယ်သွားမည်ဟု ၎င်းင်းကဆက် လက်ပြောသည်။ ဆရာတော်ကြီးမွေးရပ်မြေ တွင် ဓမ္မစေတီတည်ထားကိုးကွယ်သွားမည် ဖြစ်သောကြောင့် ကုသိုလ်ဖြစ်ပါဝင်လိုသူများ အနေဖြင့် ဦးမန်းကျော်(ပေါက်ကျိုင်း) လက် ဖက်ရည်ဆိုင် မန္တလေးမြို့ ဖုန်း-၀၂-၂၁၁၆၂၊ ၀၂-၆၀၀၃၀ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

ဆရာတော်ကြီးအား ဧပြီ၁၈ရက် တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံ ကြီး သံဃာ့အဆောင်တွင်တင်ခဲ့ပြီး စင်ကာပူ မှ အထူးကုဆရာဝန်ကြီးများနှင့် မန္တလေးမြို့မှ ဆရာဝန်ကြီးများပေါင်းပြီး ဆရာတော်ကြီး ၏ ကျန်းမာရေးစစ်ဆေးရာ အားလုံးကောင်း နေသည်ကိုတွေ့ရပြီး ဆရာတော်ကြီးပျံလွန် တော်မမူခင် အောက်သွေး ၄၅၊ အထက် သွေး ၈၅ ၀န်းကျင်နှင့် ၁၁ရက်တိတိကြာ အောင် နေသွားခဲ့သည်ဟု ဦးမန်းကျော်က ပြောသည်။
ဆရာတော်ကြီးအား မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ဆိပ်ဆင်းရွာနေ အဖ ဦးသာနွဲ့၊ အမိ ဒေါ်မေပွေ့တို့က ၁၂၈၄ခုနှစ် တပေါင်းလပြည့်ကျော် ၆ရက် ဗုဒ္ဓဟူးနေ့တွင် မီးရှူးသန့်စင်ဖွားမြင်ခဲ့သည်။ ဆရာတော် ကြီး၏ ငယ်နာမည်မှာ မောင်စံဝဟုခေါ်တွင် ခဲ့သည်။

သတင်း..YMG

ဆားကန်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန


ဆားကန်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန

တစ်ဖက်မှာလည်း သောက်သုံးရေ လိုအပ်နေသော မြို့နယ်၊ ကျေးရွာ ဒေသများသို့ ရေတို/ရေရှည် စီမံကိန်းများ ချမှတ်၍ စီစဉ်ဆောက်ရွက်မှုများ ပြုလုပ်နေသလို တစ်ဖက်တွင်လည်း နာရေးဈာပန ကိစ္စရပ်များနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးဝါးကုသပေးခြင်း ကိစ္စရပ်များလည်း နေ့စဉ် အခမဲ့ ကုသိုလ်ဖြစ် ဆောက်ရွက်ပေးလျှက် ရှိပါသည်။

ယနေ့ ၈.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆားကန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ-ကုဏ္ဍလ၊ သက်တော် (၈၆)နှစ်၊ သိက္ခာတော် (၆၁)၀ါ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအား နေ့လည် (၂း၀၀) နာရီတွင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရေဝေးသုဿန်သို့ ပင့်ဆောင်ကူညီမှု ပေးခဲ့ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။