09 January 2010

၂၀၁၀ နှစ်သစ်မှာ လက်ရှိသုံးနေသော မြန်မာကျပ်ငွေ ၂၀၀.။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နိုင်ငံခြားရေးကော်မတီက ၂၀၁၀ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်သွားမယ်ဟုပြောဆိုခြင်း.။

2010_bakatha_fac

ဦးသုဝေ ပါတီက ရွေးကောက်ပွဲ ၀င်ရခြင်း အကြောင်းပြချက်များ..။


PhotobucketPhotobucket

PhotobucketPhotobucket

ဗကသများ (အဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူမှ တပြည်လုံးရှိ သမဂ္ဂ၀င်များသို့ ပေးပို့သည့် သဘောထား

Oway Hein

08 January 2010

၂၀၁၀ ရွေးကောက်ပွဲကို အောက်တိုဘာ၁၀ရက်နေ့တွင် ပြုလုပ်မည်ဟု အာဆာဟိသတင်းတွင်ဖော်ပြထား

ကာတွန်း ဟန်လေး


အာဏာသိမ်း နအဖ စစ်အုပ်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလာမည့် အောက်တိုဘာ ၁၀ ရက်
(တနင်္ဂနွေနေ့) တွင် ပြုလုပ်မည်ဟု ဂျပန် နိုင်ငံရှိ နာမည်ကြီး သတင်းစာတစ်ခု ဖြစ်သော အာ ဆာ ဟိ
(Asahi)သတင်းစာ တွင် ရေးသားဖော်ပြ ထားပါတယ်။ အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက် ရှိ
ယာမာမိုတိုဒိုင်းဆုကေး (DaisukeYamamoto)ဆိုသူက ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်
မည့် စစ်အရာရှိများကို ဧပြီလ နောက်ဆုံးထားပြီး လက်ရှိရာထူးမှ နှုတ်ထွက်၍ ၀င်ရောက် ယှဉ်ပြိုင်ဖို့
အတွက်ပြင်ဆင်ကြမယ်လို့ဖော်ပြထားပါတယ်။၎င်းတို့အနေနဲ့မဲဆွယ်ဖို့၆လအချိန်ရရင်လုံလောက်တယ်
လို့ယူဆထားကြောင်းလည်း ရေးသားထားပါတယ်။

တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွင်
အောက်လွှတ်တော်အမတ် ၄၄၀ နေရာ နှင့် အထက်လွှတ်တော်အမတ် ၂၄၂ နေရာ ကိုအတည် ပြုနိုင်
ဖို့အတွက် တပြိုင်နက်တည်း လုပ်ဆောင်မှာဖြစ်ပြီး ဧပြီလ အတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင် ကြမည့် ပါတီ
အဖွဲ့အစည်းများ နှင့် တသီးပုဂ္ဂလိ အမတ်များကိုရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းများသတ်မှတ်
ပေးမယ်လို့ဆိုပါတယ်။ ကြံဖွံ့အသင်းမှအဆင့် (၂) နှင့်အဆင့် (၃) ရှိသူ ထိပ်ပိုင်းခေါင်းဆောင် တို့ နှစ်ဦး
ဟာပါတီထူထောင်ဖို့များပါတယ်။

လွန်ခဲ့တဲ့၂၀၀၈ခုနှစ်မေလအတွင်းမှာအတည်ပြုခဲ့တယ်ဆို့ပြောဆိုနေတဲ့ဖွဲ့စည်းပုံအရအထက်နှင့် အောက်လွှတ်တော်အမတ်နေရာရဲ့၎ပုံ၁ပုံကိုစစ်တပ်ကအလိုအလျောက်ရွေးချယ်ခံအပ်မှာဖြစ်ပြီးကျန်
တဲ့နေရာတွေကိုသာရွေးကောက်ပွဲအနိုင်ရအမတ်လောင်းများအတွက်သာဖြစ်ပါတယ်။နအဖအနေနဲ့ မိမိတို့အာဏာတည်မြဲအောင်အဓိကကျတဲ့နေရာတော်တော်များများကနေဆက်လက်ချုပ်ကိုင်သွားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရဖို့အတွက် မဲဆွယ်တဲ့အနေနဲ့ ၀န်ထမ်းလစာများကို လက်ရှိရရှိနေတဲ့လစာ
အပြင်မြန်မာငွေကျပ်နှစ်သောင်း(ဂျပန်ယန်း၁,၈၄၀)တိုးမြှင့်ဖို့လည်းစီစဉ်ထားပါသေးတယ်။မြန်မာ့လူထု
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအပါအ၀ငအခြားအ
တိုက်အခံအဖွဲ့အစည်းတချို့ကိုလည်းရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်လာအောင်ဖိအားပေးဖို့များ
ကြောင်းပြည်တွင်းရှိနိုင်ငံခြားသံတမန်ရပ်ကွက်ကသုံးသပ်ပါတယ်။


ဘာကြောင့်လည်းဆိုတော့အာဏာသိမ်းနအဖစစ်အုပ်စုအနေဖြင့်နိုင်ငံတကာစာမျက်နှာမှာတရားမျှတတဲ့
ရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုခံရဖို့ရည်ရွယ်ချက်ဖြစ်ပါတယ်။မည်သို့ပင်ဖြစ်စေNLDပါတီကိုတော့ အင်အားကျဆင်းအောင်ဖိနှိပ်မှုတွေပြုလုပ်နေမှာဖြစ်ကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲမပြီးမချင်းနေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးပုံမပေါ်ပါဘူး။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရွေးကောက်ပွဲဝင်မယ်ဆိုရင်တောင်လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပြု
မှာမဟုတ်တဲ့အပြင်အနိုင်ရဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။NLDပါတီအနေနဲ့ရွေးကောက်ပွဲဝင်သင့်မ၀င်
သင့်ကိစ္စကိုလည်း ဂရုတစိုက်နဲ့ စဉ်းစားချင့်ချိန်နေဆဲပါပဲ…ဟု သတင်းထောက် ယာမာမိုတိုရဲ့ ရေးသား
ပေးပို့ချက်ကို ဇန်န၀ါရီလ ၇ ရက်နေ့ထုတ် အာဆိဟိသတင်းမှာ ရေးပြထားပါတယ်။

မူရင်းသတင်း-
http://www.asahi.com/international/update/0107/TKY201001060449.html
ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

--------------------------------------------------------------------------

Asahi Shimbun

January 7, 2010

Myanmar�s general election set for 10 October, military sources reveal

General elections held during this year as part the Myanmar (Burma) military junta's own "transition to civilian rule process" (roadmap to democracy) have been set for 10 October, junta sources reported on 6 January. Due to the timing of the vote many incumbent ministers plan to resign their posts and announce their candidacy by April, giving them the �necessary six months to campaign� and they are operating under this conclusion (that the elections are in October).

According to the junta source, the lower house elections (Lower house = 440) and the upper house elections (the Senate = 242) will be conducted simultaneously, and that the electoral law and political party law is expected be promulgated around April. In addition to high-ranking SPDC ministers resigning their positions, it is expected that SPDC-proxy organization "Union Solidarity and Development Association (USDA)" will form 2-3 pro-junta political parties.

In the new constitution passed in May 2008, a quarter of the seats in the upper and lower houses are supposed to be appointed by the military, the remaining seats are decided in the election. By bringing (into the government) many pro-junta supporters that are under its influence, the junta aims to continue its rule even after the election.

Some election-jockeying has already begun. The SPDC decided to increase the salaries of around 100,000 civil servants by a flat rate of 20,000 kyat (at the actual rate: about 1840 yen) by the end of the month, a measure aimed at capturing the vote of civil servants.

According to diplomatic sources, the participation in the elections of the National League for Democracy (NLD) led by democracy movement leader Aung San Suu Kyi and other anti-junta groups is likely to be recognized. Under the guise of democratic elections, the new government aims to garner approval from the international community.

However, the (diplomatic sources) strong view is that under the junta�s suppression, the NLD has been weakened, and "the SPDC has refused to ease restrictions" including releasing Suu Kyi from house arrest. If Suu Kyi is unable to operate freely, it is certain that the participation in the election will force the NLD into a tough battle, and the party is expected to have to carefully consider the pros and cons of participation.

မှန်တာပြောသစ္စာ လက်အားလုံးထုတ်ပြကြေးဆိုရင်..(မောင်ဝံသ)။


၁၉၇၁-၇၂လောက်က ရွှေတူဂျာနယ်မှာ ပင်တိုင်ခေါင်းစဉ်နဲ့ အခန်းတစ်ခန်း ကျနော်ရေးခဲ့ဖူးတယ်။ ပုံသေခေါင်းစဉ်က `မပြောမပြီး မတီးမမြည်´ တဲ့။ နှစ်နှစ်လောက်ပဲကြာပါတယ်။ ပုဂ္ဂလိက ဂျာနယ်တွေအားလုံးပိတ်ကုန်တော့ ရွှေတူလည်းပါသွားတယ်။ ကျနော့ပင်တိုင် ကဏ္ဍကိုလည်း မြန်မာ့အလင်းသတင်းစာကို ရွှေ့ပြောင်းကာ အလျဉ်းသင့်သလို ဆက်ရေးခဲ့ပါတယ်။ မပြောမပြီး မတီးမမြည်ဆိုတာ အတော်အဓိပ္ပာယ်တာသွားတဲ့ စကားစုပါ။ ပြောမှဖြစ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ယူလို့ရတယ်ဗျ။ အခုလည်း ကျနော် မပြောချင်လို့ကြည့်နေတာ ကြာပြီ။ ပြောမှဖြစ်တော့မယ်ဆိုပြီး ကျနော်ဝင်ပြောတော့မယ်ဗျာ။


လူယဉ်ကျေးတွေရဲ့ ကျင့်ဝတ်ထုံးဓလေ့နဲ့ ပတ်သက်လို့ စာအုပ်ကောင်းတချို့ကိုဖတ်မိပြီး တစ်လောတုန်းက ကျနော်ရေးဖြစ်ခဲ့တဲ့ စာတစ်ပုဒ်မှာ ထမင်းစားပွဲသွားရင်း စားပွဲပေါ်ကို လက်နှစ်ဖက်လုံးတင် ထားရတဲ့ ထုံးဓလေ့အကြောင်း ပါခဲ့တယ်ဗျ။ အနောက်တိုင်းမှာ အထူးသဖြင့် အမေရိကန်မှာ ရှေးကဆိုရင်သေနတ်သမားတွေပေါတယ် မဟုတ်လား။ သည့်တော့မိတ်ဖြစ် ဆွေဖြစ် ထမင်းအတူစားကြပြီဆိုရင် သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကိုသူမယုံ မဖြစ်ရလေအောင် လက်တွေကို စားပွဲတင်ပြထားခြင်းဖြင့် နှစ်ဖက်စလုံး စိတ်ချလက်ချရှိနိုင်ကြမယ်လို့ဆု
ိလိုတာပဲဗျ။ အခုလိုရေးရတဲ့အကြောင်းက Voice ဂျာနယ် ဒီဇင်ဘာ ၁၄၊ ၂၀၊ ၂၀၀၉ထုတ်စာစောင်ရဲ့ `လက်အားလုံး ထုတ်ပြထားခြင်းသည်သာ´ ဆိုတဲ့ အယ်ဒီတာ့အာဘော်မှာမန်မာနိုင်ငံရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးမှာ အဓိက ပါဝင်ပတ်သက်သော Stakeholder များဟာ အရာအားလုံးကို ထုတ်ပြထားကြရန် အရေးကြီးတယ်လို့ ရေးထားတာ ဖတ်လိုက်ရလို့ပါဗျ။ `အထူးသဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီရေးကို လိုလားပါသည်ဆိုသော Stakeholder များက မိမိ၏ လက်အားလုံးကိုထုတ်ပြထားကြရန် အရေးကြီးပါသည်။ ဆိုတဲ့ အရေးအသားက စလို့ ကျနော် ဘ၀င်မကျဘူးဗျ။ `လိုလားပါသည်ဆိုသော´ အသုံးအနှုန်းဟာ မယုံသင်္ကာသဘောပါနေတယ်။ ရိသဲ့သဲ့မလိုတမာသဘော ပါနေတယ်။ သည်လိုသုံးနှုန်းခြင်းဖြင့် ၎င်းအင်အားစုများရဲ့ မေတ္တာကို မရနိုင်ပါ။ စည်းရုံးရာ မရောက် တွန်းထုတ်ရာရောက်သွားတယ်ဗျ။

`လက်အားလုံး ထုတ်ပြခြင်းဆိုသည်မှာ အပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်ပါမည်ဟု အတိအကျပြောဆိုခြင်းမျိုးကို ဆိုလိုပါသည်။´လို့ ရေးလိုက်တာကတော့ မိမိဟာ ဘယ်နေရာ ဘယ်အဆင့် ဘယ်လုပ်ပိုင်ခွင့်ရှိလို့ အခုလိုတောင်းဆိုနိုင်သလဲလို့ မေးခွန်းထုတ်ရဖွယ်ဖြစ်နေတယ်ဗျာ။ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ပါ မယ်လို့ ပြောတာဟာ ပထမဆုံး လိုအပ်တဲ့ အတိုင်းအတာကို ပြောလိုက်တာပဲလို့ နားလည်ရမယ်မဟုတ်လားဗျာ။ မည်သို့ မည်ပုံ ပူးပေါင်းဆောင်ရွက်ပါမည်ဆိုတာက မျက်နှာချင်းဆိုင်တွေ့ကြတဲ့အခါ ဆက်ပြောရမယ့် အသေးစိတ်တွေပဲ မဟုတ်လားဗျာ။ အတိအကျပြောဆိုရမယ်ဆိုတာက ဘယ်လောက်အပေါ်စီး ဆန်သလဲ၊ အပြောခံခဲ့ရတဲ့ ဘက်ကိုလည်း ထည့်စဉ်းစားသင့်တယ်ဗျ။

တရုတ်-အမေရိကန်ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ ၁၉၇၁-၇၂ က နှစ်ဆင်ကစ်ဆင်းဂျားတို့ ကြိုးပမ်းခဲ့ကြတာ သည်အတိုင်းပဲ သွားခဲ့ကြတာပဲ။ ဗီယက်နမ်ငြိမ်းချမ်းရေး ပါရီဆွေးနွေးပွဲတွေမှာလည်း အလားတူပါပဲ။ အသေးစိတ်တွေကို စားပွဲဝိုင်းကြမှ ချပြကြ၊ ညှိုနှိုင်းကြတာပါ။ အယ်ဒီတာ့အာဘော်ရဲ့ နောက်ဆုံးအပိုဒ်ကတော့ အဆိုးဆုံးပါပဲ။

`အထူးသဖြင့် အဓိက Stakeholder တစ်ဦးဖြစ်သူ တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော်လည်း တပ်မတော်တို့၏ သဘောသဘာဝအရ စစ်ရေးအမြင်ဖြင့် စဉ်းစားသူဖြစ်ရာ တပ်မတော်နှင့် ဆက်ဆံရာတွင် လက်အားလုံးထုတ်ပြထားခြင်းသည်သာ အမျိုးသားစည်းလုံးညီညွတ်မှု ရရှိစေခြင်း၏ အကြောင်းတရားဖြစ်လိမ့်မည်ဟု ထင်မိပါကြောင်း´ တဲ့ဗျာ။ အဲ့သလောက် တစ်ဖက်စောင်းနင်းရေးတာမျိုးကို တပ်မတော်အပါအ၀င် ဘယ်အင်အားစုကမှ သဘောကျလိမ့်မယ်လို့ ကျနော်မထင်ဘူးဗျ။ သည်လို အရေးအသားတွေကို အရင်ကလည်း တွေ့တော့ တွေ့ဖူးနေတာပါပဲ။ ဒါပေမယ့် တပ်မတော်ခေါင်းဆောင်တွေရဲ့ အာဘော်မဟုတ်ဘူးလို့ ကျနော်အလိုလို သိစိတ်နဲ့ နားလည်နေတယ်ဗျာ။ အဲသလို ကြားက ၀င်ရေးတာတွေအတွက် မျက်နှာတောင်ပူနေကြမယ်လို့ ကျနော်တော့ ထင်မိတယ်ဗျာ။မပြောမပြီး ပြောမှဖြစ်တော့မယ်ဆိုပြီး ပြောလက်စနဲ့ ပြောရပါအုံးမယ်။ကျနော်တို့ စာနယ်ဇင်းမီဒီယာအလုပ်ကို လုပ်ကြရာမှာ ပြည်သူလူထုအကျိုးကို အဓိကထား ပြီးရေးကြ၊ သားကြ၊ ပြောကြဆိုကြတာ မဟုတ်လား။ ပြည်သူလူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်တာကို မတော်မတရားရေးသားပြောဆိုရင် စာနယ်ဇင်းပါရာဇိက ကျတယ်လို့ ပြောလေ့ရှိတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ စာနယ်ဇင်းတွေရဲ့ အခန်းကဏ္ဍဟာလည်း ကြီးမားတဲ့နေရာက ပါခဲ့တာပဲဗျ။ သူရိယ၊ မြန်မာ့အလင်းသတင်းစာကြီးတွေရဲ့ သင်ခန်းစာတွေရှိခဲ့ပြီ။ နိုင်ငံရေးရပ်တည်ချက်မှာ ငါသိ၊ ငါတတ်၊ ငါပြောတာငါအမှန်ဆိုပြီး ပြည်သူလူထုအများစုရဲ့ သဘောထားကို ဖီလာကန့်လန့်လုပ်လွန်းလာပြီဆိုရင် ဘယ်သူမှ ဇာတ်သိမ်းမကောင်းနိုင်ပါဘူးဗျ။

(မောင်ဝံသ)

07 January 2010

(ဂီတသမား တဦးရဲ့ သံတိုင်ကြားက သူ့ရဲ့ အတွေ့ အကြုံ တချို့နဲ့ စိတ်ခံစားချက် နဲ့သူ့ဘဝအကြောင်း)ကိုဝင်းဇော်..။

Interview With Ko Win Zaw

အမျိုးသားဒီမိုကရေစီအဖွဲချူပ်ရဲ့ကွယ်လွန်သွားကြပြီးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။

၁၉၉၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ယခုအခါကွယ်လွန်သွား ကြပြီးဖြစ်သည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ
Mps

05 January 2010

အင်တာနက်ကို အခြေခံပြီး လိမ်ကြသူများအကြောင်း..။


အခု ခေတ်ကြီးမှာ လိမ်နည်းတွေက ပိုပြီးများလာပါတယ်။ လိမ်တဲ့နည်း တွေကလည်းအရင့်၊ အရင်တုံးက နည်းအတိုင်းတွေပါဘဲ ၊ ဖဲသုံးချပ်လိမ်တာ ၊ ရွှေအတု ချ ကောက်ရသလိုလုပ်ပြီးလိမ်တာ ၊ လိမ်ပြီး အလှူခံတာ ၊ ကုန်သည် က ကုန်ဝယ်ချင်ယောင်ဆောင်ပြီးလိမ်တာအခုမှ တော က တက်လာပြီး ၊ ရန်ကုန်ထဲ မှာ မျက်စိသူငယ် ဖြစ်နေချင်ယောင်ဆောင်ပြီးလိမ်တာ စုံလို့ပါဗျာ ၊ အရင်တုံး က လူလိမ် နေအေး ရဲ့ လိမ်နည်းများ ဆိုပြီး စာအုပ်ထုတ်ထား တာ ကြားဘူးပါတယ်။ ရှိ တဲ့ သူများ ဗဟုသုတ အတွက် တင်ပေးကြပါဦး ။

လိမ်သမျှ နည်းတွေ က လဲ ၊ ကျွန်တော် တို့ ဗမာလူမျိုးတွေ ရဲ့ ယုံလွယ်တဲ့ စိတ်ကိုယ်ချင်းစာ တတ်တဲ့ စိတ် ၊ သူများ ကို ကူညီလိုတဲ့ စိတ် ၊ အားနာတတ်တဲ့ စိတ်သူများ ‘ဒုက္ခရောက်နေရင် မနေတတ်တဲ့ စိတ် တွေ ကို အခွင့်ကောင်းယူပြီးရိုးရိုး ရှင်းရှင်း လေး လိမ်သွား ကြတာပါ။

အခုရက်ပိုင်း ကြားနေရတာက အင်တာနက် အခြေပြုပြီး လိမ်တာ တဲ့ ဗျ။ယာဟူးမေးလ် ၊ ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို အခြေခံပြီး လိမ်တာ ၊ လိမ်တဲ့ သူ ကလဲ ဗမာပြည်က လူတွေ ဘဲ ဖြစ် ပါတယ် ၊ အလိမ်ခံ ရတာလဲ ဗမာပြည် က လူတွေပါဘဲ။အခု အင်တာနက် ဆက်သွယ်ရေး က ကောင်းလာတော့ ၊ခုနပြောတဲ့ယာဟူးမေးလ် ၊ ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို လူသုံးများလာပါတယ် ။အများစု ကတော့ ဆိုင်တွေ မှာ သုံးကြပါတယ် ။

‘ဒီဟာတွေ က ၊ ပါတ်စ်ဝဒ် တွေကို လုံခြုံအောင် လူအများစု က ဂရုမစိုက်ကြပါဘူး။ငါတို့ က လျို့ဝှက်စရာ မရှိဘူး ၊ မဟုတ်တာ ပြော တာ မဟုတ် ဘူး ၊ဟို လို မျိုး ၊ ရှုပ်ရှုပ် ရှက်ရှက် နိုင်ငံရေး လဲ မပြောဘူး ၊ဆင်ခြေ အမျိုးမျိုး နဲ့ ပေါ့ဗျာ။ကိုယ် ကို တိုင် မသုံးတတ် တာလဲ ပါမှာပါ ၊ သူများ ကို လုပ်ခိုင်းတာ ၊ဆိုင်ကိုဘဲ အားကိုးပြီး အပ်ထားတာ ၊ အကြောင်း အမျိုးမျိုး ပေါ့ ဗျာ။ကိုယ့် အီးမေးလ်တွေ ရဲ့ လုံခြုံရေး ကို ဂရုမစိုက်တတ်ကြ ပါဘူး ခင်ဗျ။

အခု အဲဒီ ပါဆင်နယ် အီးမေးလ်တွေ ၊ ချတ်တင်လော့ဂ် တွေ ကို စိမ်ပြေ နပြေ ထိုင်ဖတ်ပြီးယုတ်တိရှိရှိ အမှန် အကန် ၊ ပုံဖမ်းပြီး လိမ်နေတဲ့ ကိစ္စတွေ ရှိလာပါပြီ။‘ဒီလူလိမ် က သူ့ မှာ နည်းမျိုးစုံ နဲ့ ရှာထားတဲ့ အီးမေးလ် ၊ ချတ်တင် ပါတ်စ်ဝဒ်တွေ နဲ့စာတွေကို နေ့တိုင်း ဖတ်ပြီး လေ့လာတယ် ၊ပြီးတော့ သေချာတဲ့ ဂွင် ဆို သွားလိမ်တော့တာပါဘဲ။

ကျွန်တော့ အသိ က စင်္ကာပူမှာ အလုပ်လုပ်တယ် ၊ မကြာခန တခြားနိုင်ငံတွေကိုအလုပ်သဘောအရသွားရတယ် ၊ သူ နဲ့ သူ့ အိမ် နဲ့ ဆက်သွယ်သမျှ ၊ ချတ်တင် ပြောသမျှ တွေ ကိုလူလိမ် က တော်တော် စောစော ကတဲက စာတွေ ခိုးဖတ်ထားလို့ အကုန် သိနေတယ် ခင်ဗျ။



ပြီးခဲ့ တဲ့ အပါတ် က အဲဒီ အသိ ၊ က ထုံးစံ အတိုင်း ခရီးသွားရပါတယ်။ခုန လူလိမ် က အဲဒီအချိန် မှာ စ လိမ်တော့ တာပါဘဲ ၊ မင်္ဂလာဈေး က ၁သောင်းကျော်လောက်ပေးရတဲ့ သစ်သီးဖျော်စက်လေးရယ် ၊ မိတ်ကပ်ဘူး အပေါစားလေးတွေ ရယ်ကိုင်ပြီး ၊ သူ့မိဘ အိမ် ကို ရောက်လာပါတယ် ၊ သူနဲ့ စင်္ကာပူ က သူတို့သား နဲ့လုပ်ဖော် ကိုင်ဘက်ဖြစ်ကြောင်း ၊ အခု သူ က ဗမာပြည်မှာ အလှူ လုပ်စရာရှိလို့ ခွင့်တပါတ်ယူလာတဲ့ အကြောင်း ၊ သူ့ သူငယ်ချင်းလဲ ခရီးသွားကာနီး ၊ သူ ဗမာပြည်ပြန်မှန်း သိရလို့ ကသောကမျော လက်ဆောင်ဝယ် လူကြုံ ထည့်ပေးလိုက် လို့လာပို့ကြောင်းပြောပါတယ် ၊ သူနဲ့ အလွန်ခင်ကြောင်း ၊ သူ့ မိသားစု အကြောင်း တွေ ကိုဟို အီးမေးလ်တွေ ချတ်တင်လောဂ် တွေထည်း က ခိုးဖတ်ထား လို့ သိရတာတွေ ပါရွှန်းရွန်းဝေ အောင် ပြောသကိုးဗျ ၊ မိဘ တွေ က လဲ ၊ သား ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေကိုတွေ့ ရလို့ ဝမ်းတွေ သာ နေသကိုးဗျ။

နောက် ၂ ရက်လောက် ကြာတော့ မိဘ တွေ ဆီ ကို အီးမေးလ် လာတယ်။သားဖြစ်သူ က သူ ခန သွားတဲ့ ဗီယက်နမ် နိုင်ငံ မှာ ပိုက်ဆံအိတ် ခါးပိုက် အနှိုက်ခံရကြောင်း ၊ ပါတ်စပို့တောင် ပါသွားလို့ ၊ အတော် အခက်အခဲ ဖြစ်နေကြောင်းရန်ကုန် မှာ ရောက်နေတဲ့ ၊ သူ့ သူငယ်ချင်း ကို အကူအညီ တောင်းထားကြောင်းစိတ်ပူဘို့ မလိုကြောင်း ရေးထားပါတယ်။

အဲဒီစာ အားလုံး က ခုန လူလိမ် က ကြား ထဲ က ဝင်ရေးတာပါ။ နောက်နေ့မနက် မှာတော့ ဒီလူလိမ် အိမ် ကိုရောက်လာပါတယ် ၊ သူ စင်္ကာပူ ကို ပြန်တော့ မှာမို့လာနှုတ်ဆက်တာပါတဲ့ ၊ တခြား မှာ စရာ ရှိရင်ပြော ပါဆိုပြီးနှုတ်ဆက်ပါတယ်။

တခြားတော့ ဘာ မှာ မပြောပါဘူး ၊ ‘ဒါနဲ့ မိဘ တွေ က မေးရကောင်းနိုးနိုးမမေးရကောင်း နိုးနိုး ပေါ့ ၊ မနေနိုင်လို့ အမေကြီးလုပ်သူ က သူ့ သားဗီယက်နမ် မှာ ပိုက်ဆံအိတ် ပျောက်သွားတာ သိသလား ဆိုတော့ ၊ ဒီ လူ က မှင်သေသေနဲ့ဟာ ၊ မပူ နဲ့ အမေကြီး ၊ ဒါ က ကျွန်တော့ တာဝန်ပါ အကုန်စီစဉ်ထားပါတယ်စိတ်မပူပါနဲ့ ဆိုပီး ရီရီမောမော ပြောပါတယ် ။ ပြီးတော့ တခြား သူခိုးဖတ်ထား တဲ့မိသားစု ရေးရာ တွေ ကို ကောင်းကောင်း ရွှီးနေတော့ တာပါဘဲ တဲ့ ခင်ဗျ။

ပြန်ခါနီး မှ သူ့ မှာ သူငယ်ချင်းဆီ ပိုက်ဆံ ပို့တာ ၊ လက်ထဲ ရှိတဲ့ ဗမာငွေ နဲနေလို့ခြောက်သိန်းလောက် ခနပေး ပါ။ ကျန်တာတော့ သူဘဲ စိုက်ပြီး ချက်ချင်း ငွေ ပို့ချင်လို့ဆိုပြီးပြောပါတယ် ၊ မိဘ က လည်း သူ့သား ကိစ္စ ကို ကူညီ နေသူ ကို ဆိုတော့ခြောက်သိန်း လောက်တော့ ပြော မနေတော့ပါဘူး ဆိုပီး ပေးလိုက်ပါတယ်။အဲဒီ မှာ လူလိမ် ဆီ ကို ပိုက်ဆံ ပါ သွား ပါလေ ရော ဗျာ ။

ရိုးရိုး လေး လိမ်သွားတာပါ ၊ လိမ် ပုံ လိမ် နည်း က ဟုတ်တိ ပါတ်တိ ဆိုတော့ကာ လိမ် နေ မှန်း ချက် ချင်း ဘယ် သိပါ့ မလဲ ၊ ကိုယ် က တောင် ကျေးဇူးတွေ တပုံကြီးတင်လိုက်ရ ပြီး အလိမ်ခံ လိုက်ရတာပါ ။ ဒီလို ဇာတ်လမ်း မျိုး ၊ အီးမေးလ် အကြောင်းပြု ပြီးအလိမ် ခံရတယ် ကြားရတာ ၂ ယောက် ၃ ယောက် ရှိပါပြီ။ဘာ အကြောင်းကြားကြား ၊ သွေးပူ သွားစရာ မရှိ ပါဘူး ၊ သေချာ အောင်တယ်လီဖုန်း စောင့်ပါ။ တခြား ရင်းနှီးသူ သူငယ်ချင်းများ ကို ထပ်ဆက်သွယ်ပါ။၂ ထပ်ကွမ်း ၃ ထပ်ကွမ်း စုံစမ်းပြီး ၊ သတင်း ကို သေချာ အောင် စုံစမ်းကြပါ။အီးမေးလ် က ၊ ချတ်တင် က ကြားလို့ သိလို့ က တော့ ၊ ဘယ်သူ ဘယ်ဝါဘယ်သားချင်း ၊ ဘယ် သူငယ်ချင်းဘဲ ဖြစ်ဖြစ် ၊ ချက်ချင်း မယုံလိုက် ကြပါနဲ့။သူ တို့ ကိုယ်တိုင် ရေးတာ ဟုတ်ချင် မှ ဟုတ်မှာပါ။ ဘာ မှ မသေချာပါဘူး ခင်ဗျာ ။လူလိမ် ဆိုတာက ဂျို ပါ နေတာ မဟုတ်ပါဘူး ၊ကိုယ့် ကို လိမ် ဘို့ ၊ ဘယ် အချိန် ကတဲက ၊ ဘယ်လို ကြံစီ နေတယ် ဆို တာကိုယ် က သိနိုင်တာ မှ မဟုတ် တာ လား၊။

ဒီစာလေးကိုဖတ်ပြီး ကျမတို့ မြန်မာပြည်သူ ၊ မြန်မာပြည်သားများ အားလုံး ၊ လူ အချင်းချင်း လှည့်ပါတ်ခံ ရ ခြင်း၊ ဘေး မှ ကင်းဝေး နိုင်ကြပါစေ။နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ ရှင် ။

ကွန်ပြူတာ သုံးပြီးတိုင်း သတိထားသင့်တဲ့ အချက်.။


ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထားသင့်တယ်ထင်လို့ပါကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသောသုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊


Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွားရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲတွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါများ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိအဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။


တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀ကျော်မှ ရသောကလေးလေး ဖြစ်သည်။အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။


အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကိုချီပြီး နမ်း တတ်သည်။ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်တအားနုနယ်သည့်ကလေးလေးပေါ့။

သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(NeonatalSepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပတခြားအချိန်တွင်အထိအတွေ့ နည်းသည်။နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်းစနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။

တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကိုချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီးသူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူလက်မှာ ရှိတဲ့ Bacteria တွေကိုCulture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်(immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။

ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြော
ကြပါ။ဒီနေ့ခေတ်တွင်အင်တာနက်ဆိုင်တွေများပြားလာပြီးထိုဆိုင်များရှိစက်များမှာလူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ညစ်ပတ်မှာကအသေအချာပင်။ထိုကြောင့်မည်သူမဆိုComputerသုံးပြီးတိုင်းလက်
ဆေးသည့်အကျင့်ကိုဂရုတစိုက်လုပ်ဆောင်သင့်သည်။တစ်ချို့အင်တာနက်ဆိုင်တွေရဲ့သန့်စင်ခန်းတွေမှာ
လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်များရှိသည်။ဆိုင်တိုင်းမှာလည်းလုပ်ထားပေးသင့်
သည်။

မြန်မာနိုင်ငံမှာရှိနေသည့်ForeignerအများစုမှာHandSanitizerခေါ်Sprayဘူးလေးများဆောင်
ထားကြသည်။သူတို့အင်တာနက်ဆိုင်မှာသုံးပြီးတိုင်းလက်ကိုHandSprayဖြင့်သန်စင်ကြသည်ကို
တွေ့ဖူးသည်။ထိုနည်းကတော့ပိုပြီးကောင်းသည်။ရေကိုင်စရာမလိုဆပ်ပြာကိုင်စရာမလို ပဲသန့်စင်နိုင်သည်။ထိုကဲ့သို့ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်သေချာစွာဆေးကြော
သင့်သည်။


သင်တို့၏လက်ကိုသန်ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေရှင်။

မြန်မာ့စစ်အစိုးရ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ အမေရိကန် သံသယ ဖြစ်..။


၆၂ နှစ်မြောက် မြန်မာ့ လွတ်လပ်ရေး နေ့ သ၀ဏ်လွှာတွင် မြန်မာ စစ်ခေါင်းဆောင်က ယခုနှစ်ထဲတွင် ရွေးကောက်ပွဲကျင်းပပေးမည် ဟု ထပ်မံပြောကြားသော် လည်း အတိုက်အခံ ပါတီ အပါအ၀င် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များ နှင့် တွေ့ ဆုံဆွေးနွေးမှု မပြုမခြင်း အမေရိကန် အစိုးရ အနေဖြင့် ထိုရွေးကောက်ပွဲ အပေါ်သံသယ ရှိသည်ဟု တနင်္လာနေ့ က ထုတ်ဖော်ပြောကြားလိုက်သည်။



အမေရိကန် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် အီရန်ကယ်လီက “လွတ်လပ်၍ တရားမျှတသည့်
ရွေးကောက်ပွဲ ဆိုသည်မှာ အားလုံးပါဝင် နိုင်ခွင့်ရှိရမည် ဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှား
သူများကို ထိန်းသိမ်းထားခြင်း၊ထောင်သွင်း အကျဉ်းချထားခြင်း တို့ ပြုလုပ်ပြီး ရွေးကောက်
ပွဲပြုလုပ်ခြင်းသည် မရိုးဖြောင့်ရာ ရောက်သည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။



အမေရိကန် သည် မြန်မာ စစ်အစိုးရ နိုင်ငံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု သစ်တစ်
ရပ် အားထပ်မံကမ်းလှမ်းမှု သစ်တစ်ရပ် ပြုလုပ်ခဲ့သည်။



၁၉၈၈ ခုနှစ် တွင် စစ်တပ်မှ အာဏာသိမ်း ပြီးနှစ်နှစ် အကြာတွင် အထွေထွေရွေးကောက်
ပွဲ ကျင်းပပေးခဲ့သည်။ထိုရွေးကောက် ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနိုင်ရရှိသော် လည်း စစ်အစိုးရက အာဏာလွှဲပြောင်း
ပေးခြင်းမရှိချေ။



ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည် ဟု ဆိုသော်
လည်း နေ့ ရက် အချိန် အတိအကျ ကို ထည့်သွင်းမပြောကြားချေ။ယခုနှစ်တွင် ကျင်း
ပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာ မှ အာရုံစိုက် နေချိန် တွင် မြန်မာ စစ်အာ
ဏာပိုင်များက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့ အစည်း အချို့ အား မဲဆွယ်
စည်းရုံးခွင့်များ ကန့် သတ်ထားသည်။



ရင်းမြစ် Freedom News Group

ရွှေခမောက်စာစောင် အမှတ်စဉ် ( ၁၀၇ )...။

Shwekhamauk 107 Bulletin

၂၀၀၉ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ကြေငြာချက်များ.။

2009

ယနေ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ကျင်းပပြုလုပ်သော အခမ်းအနားဓာတ်ပုံမှတ်တမ်း...(၁)

04 January 2010

ယနေ့ ကျရောက်တဲ့ ၆၂နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွင်ကျင်းပပြုလုပ် မှတ်တမ်းဓာတ်ပုံ.။










ပေးပို့ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူးတင်ပါသည်.။

ယနေ့ ကျရောက်တဲ့ ၆၂နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေငြာချက်

2010 01 04 - NLD Independent Day Statement

ယနေ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ကျင်းပပြုလုပ်သော အခမ်းအနားဓာတ်ပုံမှတ်တမ်း...(၂)



ဒီနေ့မနက်၉နာရီမှအခမ်းအနားကိုစတင်ပါတယ်ဖျော်ဖြေရေးနဲ့ကျန်တာကတော့ပုံမှန်အခမ်းအနား
ကျင်းပပါတယ်။ "လွတ်လပ်မှု့ရှိမှ ဒီမိုကရေစီရရှိမည်" ဆိုတဲ့ခေါင်းစဉ် နဲ့ စကားရည်လုပွဲ ကျင်းပ
ပါတယ် ။ဗိုလ်လုပွဲ ရောက်ရန်ကုန်တိုင်း(က)အသင်းမှ အဆိုတင်သွင်း၍ ပဲခူးတိုင်းမှ အချေ တင်
သွင်းပါတယ်။ ထို့နောက် ပြဇာတ်တို့ ကပါတယ် ပြဇာတ် ခေါင်းစဉ် အား ကြွရောက်လာတဲ့
ပြည်သူများ အဖွဲ့ဝင်များ ပရိတ်သတ်များမှ သတ်မှတ် ရမှာဖြစ်ပြီး ပြဇာတ်နဲ့ကိုက်ညီတဲ့
ခေါင်းစဉ်ကို ရွေးချယ်ပြီး ဆုပေးမှာဖြစ်ပါတယ် ။ထို ဆုကို ၆ရက်နေ့ ရုံးတွင် ကြေငြာပါမယ်။
ထိုနောက်ဆုပေးပွဲကျင်းပပါတယ်။စကားရည်လုပွဲတွင်ပဲခူးတိုင်းမှပထမရန်ကုန်တိုင်းမှဒုတိယ
နောက်နှစ်သိမ့်ဆုများလည်းချီးမြှင့်ပါသည်။နောက်ဆုံးအစီစဉ်ကတော့ဖျော်ဖြေရေးအဖွဲ့အား
ဂုဏ်ပြုချီးမြှင့်ခြင်း ၊ အိုးစည် နှင့် အက သမားများအားဂုဏ်ပြုချီးမြှင့်ခြင်း များပြုလုပ်၍
အခမ်းအနားကို ၃ နာရီ ခန့်တွင်အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်ဟု သတင်းရရှိပါသည်.။

(၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝါရင့်နိုင်ငံ ရေးလုပ်ဖော်ကိုင်ဖက်များမှကြီးမှူးကျင်းပသည့်အခမ်းအနားတွင်ပြောကြားသည့်သဘာပတိသခင်သိန်းဖေမိန့်ခွန်း

(၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ ကြီးမှူးကျင်းပသည့် အခမ်းအနားတွင် ပြောကြားသည့် သဘာပတိ သခင်သိန်းဖေ၏ မိန့်ခွန်း


ကြွရောက်လာကြတဲ့

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ကြီးငယ်များ

- တိုင်းရင်းသားလူမျိုးစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးငယ်များ

- ပါတီအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးငယ်များ

- လွတ်လပ်ရေးတိုက်ပွဲဝင် အသက်မသေကျန်ရစ်ခဲ့သော ရဲဘော်ကြီးများ

- တိုင်းရင်းသားသွေးစည်ညီညွတ်ရေး ဒီမိုကရေစီအခွင့်အရေးများရရှိရေးအတွက် တိုက်ပွဲဝင်နေကြ သော အမျိုးသား/ အမျိုးသမီး၊ ကျောင်းသားလူငယ်မောင်မယ်များ ခင်ဗျား။



ကနေ့ သက္ကရာဇ် ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အခုလို တက်တက်ကြွကြွတက်ရောက်လာကြတဲ့ အတွက် ကျနော် တို့ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ကိုယ်စား လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ခွန်း ဆက်ပါတယ်။ တိုက်ပွဲဝင်ရဲဘော်ရဲဘော်မများဖြစ်ကြတဲ့အတွက် တွေ့ကြုံဆဲ တွေ့ကြုံရအံ့သော ဘေးအန္တရာယ် အသွယ်သွယ်မှလဲ ကင်းဝေးလွတ်မြောက်ကြပါစေလို့ မေတ္တာပို့သပါတယ်။



ကျနော်တို့ ကိုယ်တိုင်ကလဲ အသက်အရွယ်ကြီးရင့်နေကြသည့်တိုင် မူလရည်မှန်းချက်ပန်းတိုင် ရောက်သည့်အထိ ခင်ဗျားတို့နှင့်အတူ မခွဲတမ်းလက်တွဲဆောင်ရွက်ကြမယ်ဆိုတဲ့ ကျနော်တို့အားလုံးရဲ့ အဓိဌာန်ကိုပြောကြားလိုပါတယ်။




ရဲဘော်များခင်ဗျား-

ကျနော်တို့ရဲ့ မိဘဘိုးဘွားများနှင့်အတူ ပြည်သူတစ်ရပ်လုံးဟာ ခရစ်သက္ကရာဇ် ၁၈၈၅၊ နိုဝင်ဘာလ ၂၇ရက်နေ့ကစပြီး လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်လက်ဝယ်ရရှိရေးအတွက် ကြိုးပမ်းရာမှာ နှစ်ပေါင်း ၁၂၇နှစ်ခန့် သူ့ကျွန်မခံချင်တဲ့ မျိုးချစ်ရဲဘော်တိုင်းရင်းသားပြည်သူတွေရဲ့ သွေးတွေနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။



အဲဒီလို တိုက်ပွဲဝင်ခဲ့ရာမှာ ကျနော်တို့ ရည်မှန်းချက်တိုက်ပွဲကြွေးကြော်သံကဘာလဲ… အားလုံးသိတဲ့အတိုင်းပဲ။ `လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးဖြစ်တယ်´ ဒီကြွေးကြော်သံဟာ တစ်ခုနဲ့တစ်ခု မှီငြမ်းပြုနေတယ်။ အကျိုးတရားက ဆက်စပ်နေတယ်။ လွတ်လပ်တယ်ဆိုတာလဲ ပြောရတာ လွယ်ပေမယ့် လွတ်လပ်ရင် ဒီမိုကရေစီရှိရမယ် ငြိမ်ချမ်းရေးရရှိမယ်။ လူတွေရဲ့ မူလအခွင့်အရေးပြည့်ပြည့်၀၀ရနေရမယ်။ လူတွေအားလုံးဟာ မွေးရာပါလွတ်လပ်ခွင့်တွေခံစား ခွင့်ရှိရမယ်။



၁၉၄၃၊ သြဂုတ်လ(၁)ရက်နေ့မှာ ကျနော်တို့ လွတ်လပ်ရေးရပြီဟေ့လို့ ကြေညာခံခဲ့ရပါတယ်။ အဲဒီအချိန်မှာဘဲ ကျနော်တို့ရဲဘော်တွေဟာ ဖက်ဆစ်အကျဉ်ထောင် တွေအတွင်းမှာ ရေနွေးလောင်းပြီး လက်သည်း၊ ခြေသည်းတွေ ပလာယာနဲ့ ဆွဲနှုတ်ညှင်းပမ်းတာ၊ ထုပ်မှာဇော်ထိုးဆွဲပြီး ညှင်းပမ်းတာ၊ တွင်းနှုတ်ခမ်းဝထိုင်ပြီး ခေါင်းဖြတ်အသတ်ခံရတာတွေ ခံနေရပါတယ်။ ကျနော်တို့ မြောင်းမြမှာဆိုရင် လုပ်ဖော်ကိုင်ဖက်ရဲဘော် ၃၀ကျော်ဟာ မြို့လယ်ခေါင်မှာ လူအများရှေ့မှာ ဓါးနဲ့ခုတ်အသတ်ခံခဲ့ရပါတယ်။ ခင်ဗျားတို့အားလုံးသိပါတယ်။

ဒါဟာ လွတ်လပ်ရေးလား…



ရဲဘော်များခင်ဗျား…

ကျနော်တို့ တိုင်းပြည်တကယ်လွတ်လပ်ရေး ကြေညာနိုင်ခဲ့တာ ၁၉၄၈ခုနှစ်ကပါ။ အခုဆို ၆၂နှစ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းရေးမရခဲ့ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေး ကြေညာပြီး ၃လအတွင်းမှာပဲ တစ်ကြိမ်တစ်ခါတုန်းက လွတ်လပ်ရေး၊ ဒီမိုကရေစီရေးအတွက် လက်တွဲ တိုက်ခဲ့ကြတဲ့ ရဲဘော်၊ ရဲဘက်တွေ အချင်းချင်း အယူအဆကွဲရာက ငါမှငါဆိုတဲ့ အတ္တလွန်ကဲရာက နိုင်ငံရေးစကားနဲ့ပြောရရင် ဂိုဏ်းဂဏ၀ါဒတွေ မိုးမွှန်ပြီး အချင်းချင်းတိုက်ကြ၊ ခိုက်ကြနဲ့ ပြည်တွင်း စစ်ဖြစ်ခဲ့ရပါတယ်။



ပြည်တွင်းစစ်ကြောင့် ကျနော်တို့ တိုင်းပြည်ဖွတ်ဖွတ်ကြေခဲ့ပြီး ပြည်တွင်းစစ် (၁၀)နှစ်မြောက် အချိန်မှာ လွှတ်တော်အတွင်း စစ်တမ်းအရ နှစ်ဖက်အင်အားစုတွေ သုံးသောင်းကျော် သေဆုံးခဲ့ရပြီး အပျက်အစီးအားလုံး သန်းပေါင်းများစွာရှိခဲ့ပါတယ်။ သေဆုံးကြရတဲ့ အင်အားဟာ ကုန်လုပ်အင်အားစွမ်းအင်တွေ မဟုတ်လား။ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်းဖိုးကို တွက်ကြည့်ရင် အထက်တန်းကျောင်းကြီးတွေ၊ ဆေးရုံကြီးတွေ ဘယ်လောက်ဆောက်နိုင်မလဲဆိုတာ သိနိုင်ပါတယ်။ ဒါတွေဟာ ဘာကြောင့်ဆုံးရှုံးခဲ့ရသလဲ။ တိုင်းပြည်အနေနဲ့ကော တိုးတက်ရမဲ့အစား မတိုးတက်တဲ့အပြင်၊ မိမိနောက်က နောက်ကျနေခဲ့တဲ့ အိမ်နီးခြင်းနိုင်ငံတွေ၊ ရှေ့ရောက်သွားတာကို မော့ကြည့်ငေးကြည့် နေခဲ့ရတယ် မဟုတ်လား။



ဒါဟာ ဘာကြောင့် ဒီလိုဖြစ်ရသလဲ။



တကယ့်အဖြေမှန်ကတော့ အင်္ဂလိပ်လက်အောက် ကျွန်ဘ၀က လွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်ခဲ့စဉ်ကကော ဖက်ဆစ်စစ်ဘီလူးတွေကို တိုက်ခဲ့တုန်းကကော အမျိုးသား ခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသက်သွေးနဲ့လဲပြီး တည်ဆောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးကြီး ပြိုကွဲခဲ့လို့ပဲဆိုတာ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ လွတ်လပ်ရေးရခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့တဲ့အတွက် လွန်ခဲ့သော ၆၂နှစ်ကတည်းက ရခဲ့တဲ့လွတ်လပ်ရေးရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ယနေ့ထက်တိုင် မခံစားကြရသေးပါဘူး။



အဲဒီတုန်းကတည်းက ပြိုကွဲခဲ့ရတဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးဟာ အခုထက်ထိရင်ကြားမစေ့နိုင်သေးပဲ ပြန်လည်နလံမထူနိုင်သေးတာဟာ တိုင်းပြည်ရဲ့ ကံကြမ္မာလို့ ဆိုရမလား ဒါမှမဟုတ်ခေါင်းဆောင်တွေရဲ့ အချင်းချင်းမယုံသင်္ကာမှုတွေ၊ သံသယတွေ၊ အာဃာတတွေ အတ္တစိတ်လွန်ကဲမှုတွေကြောင့် ဖြစ်တယ်ဆိုရင် ဘယ်သူတွေငြင်းနိုင်မှာလဲ။





ရဲဘော်များခင်ဗျား…

ကနေ့ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့် ချင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို ပြန်လည်မတည်ဆောက်နိုင်သေးတော့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ အဖက်ဖက်က ချွတ်ခြုံကျနေတာတွေ့ရပါတယ်။ မွေးရာပါ လူ့အခွင့်အရေးတွေ လွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့် အသင်းအပင်းအဖွဲ့အစည်း ထူထောင်ခွင့်တွေဆုံးရှုံးနေပါတယ်။ ပညာခေတ်ကြီးအဖြစ် နိုင်ငံတကာမှာ အတတ်ပညာ၊ အသိပညာတွေ ရှေ့ကို တဟုန်ထိုးတိုးတက် နေချိန်မှာ ကျနော်တို့သားသမီးတွေ အားလုံးဟာ နောက်မှာကျန်နေခဲ့ရပါတယ်။



အဆိုးဆုံးကတော့ ကနေ့ခြိမ်းခြောက်ခံနေရတဲ့ တတိယကမ္ဘာစစ်အန္တရာယ်ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် နိုင်ငံကြီးတွေဟာ လက်နက်အပြိုင်အဆိုင်တပ်ဆင်ပြီး စစ်အေးခေတ်ပြိုင်ဆိုင်မှုကို ပြည်လည်ထူထောင်နေကြပါတယ်။ စစ်အင်အားတွေတိုးချဲ့နေကြပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ ရာခိုင်နှုန်းထက်ဝက်ကျော်ကို စစ်ရေးအတွက် စစ်တပ်တိုးချဲ့ဖို့ လက်နက်အဆန်း တွေထုတ်လုပ်ဖို့ သုံးစွဲနေကြပါတယ်။ အဲဒီပြည်သူလူထုတွေဟာလည်း စစ်ဝန်တွေပိပြီး စစ်ကျွန်တွေ ဖြစ်မှန်းမသိဖြစ်နေကြရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပြည် ဟီရိုရှီးမားနဲ့ နာဂါစကီမှာ ချခဲ့တဲ့ အနုမြူဗုံးတစ်လုံးဟာ တစ်မြို့လုံးပြပုံအတိဖြစ်လူတွေဟာ သိန်းနဲ့ချီပြီးသေခဲ့ရပြီး မသေကျန်ခဲ့တဲ့ လူအနည်းငယ်ဟာ နှစ်ပေါင်း ၂၀ခန့်နှစ်ချီပြီး အနုမြူအဆိပ် သင့်မှုကို နလံမထူနိုင်၊ လူလုံးမလှအောင် ခံစားခဲ့ရပါတယ်။



အခုအင်အားကြီးနိုင်ငံတစ်ချို့မှာရှိနေတဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးဟာ ဒုတိယကမ္ဘာစစ် အတွင်းက ကြဲချခဲ့တဲ့ အနုမြူဗုံးထက် အဆ၁၅၀ပိုပြင်းပြီး သာမိုညူကလီးယားဗုံးဟာ အဆ၅၀၀၀ခန့် ပိုပြင်းတယ်လို့ ဂျာနယ်တစ်ချို့မှာ ရေးထားတာတွေ့ရပါတယ်။ ဒီအတိုင်း ဒီလက်နက်တွေနဲ့ တတိယ ကမ္ဘာစစ်ဖြစ်လာရင် ကမ္ဘာတစ်ဝှမ်းလုံး အလုံးစုံပျက်စီးရမဲ့ ဘ၀ရောက်ရမှာ မလွဲဘူးလို့ ကျနော်ထင် ပါတယ်။



ကျနော်တို့ တိုင်းပြည်ဟာ ဘယ်သူ့အတွက်မှ ပါဝင်စစ်ဖက်ပြိုင်မှာ မဟုတ်တဲ့အပြင် ရန်စကျူးကျော်မှု၊ စွက်ဖက်မှုလဲ လုပ်မဲ့နိုင်ငံမဟုတ်ပေမယ့် ကမ္ဘာာစစ်မြေပြင်မှာ မြေဇာပင်ဖြစ်ရမဲ့ ဘ၀ရောက်မှာ မလွဲဘူးလို့ ကျနော်ထင်ပါတယ်။




ရဲဘော်များခင်ဗျား…

ကျနော်ပြောခဲ့တာကို ခြုံငုံသုံးသပ်ကြည့်ရင် ကျနော်တို့ နိုင်ငံကြီးတွေဟာ အချို့ရန်လို တဲ့ အစွန်းရောက်နိုင်ငံတွေရဲ့ လက်နက်ပြိုင်ဆိုင်မှုတွေကြောင့်

- တတိယကမ္ဘာစစ်ရဲ့ စစ်နှုတ်ခမ်းဝမှာထိုင်နေရသလိုဖြစ်နေပါတယ်။ လူသားအန္တရာယ်ရဲ့ အင်မတန် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

- ပြည်တွင်းမှာလဲ လူမှုရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

- အမျိုးသားညီညွတ်ရေးပြိုကွဲနေတဲ့ ရင်ကြားမစေ့နိုင်သေးတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေ ရပါတယ်။



ရဲဘော်များခင်ဗျား…

ကျနော်တို့အားလုံး ၆၂နှစ်ကြာ ရင်ဆိုင်နေခဲ့ကြရတဲ့ အထက်ပါအထွေထွေအကျပ်အတည်း ကြီးတစ်နည်းပြောရရင် အမျိုးသားရေးအကျပ်အတည်း (National Crisis)ကို ဖြေရှင်းဖို့ဆိုရင် တစ်မျိုးသားလုံး ၀ိုင်းဝန်းပူးပေါင်းဖြေရှင်းမှသာ ပြေလည်မှာပါ။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်စည်းတည်းကမှ တာဝန်ယူဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ `အမျိုးသားသွေးစည်းညီညွတ်ရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို´ မဖြစ်မနေ တည်ဆောက်ဖို့ပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့ အတွက် တာဝန်ရှိသူအားလုံးဟာ တစ်ဦးကိုတစ်ဦးအကဲခတ်နေဖို့ မြေစမ်းခရမ်းပျိုးနေဖို့ အချိန်မဟုတ် တော့ဘူး။ အန္တရာယ်အသွယ်သွယ်ဟာ ကျနော်တို့ အားလုံးကို ခြိမ်းခြောက်နေပြီဆိုတာ သိဖို့လိုပါတယ်။ အချိန်မနှောင်းသေးပါဘူး။ အခုစရင် အခုဖြစ်နိုင်တဲ့ အခြေအနေပါ။



ကျနော်လဲ အခါအခွင့်သင့်တိုင်း ညီညွတ်ရေးစကားကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ကျနော်တို့က ပါတီတစ်ခုမဟုတ်ပါဘူး။ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အကြံပေးဖို့ပဲ တတ်နိုင်ပါတယ်။ ကျနော်တို့ စွမ်းအားရှိသလောက် ကူညီပါ့မယ်။ ဒါကြောင့် ပတ်သက်သူအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။


- အလုပ်တူ စလုပ်ကြပါ။

- အလုပ်တူလုပ်ရင်း အချင်းချင်းနားလည်မှု ရလာပါလိမ့်မယ်။

- နားလည်မှုရရင် သံသယတွေ မသင်္ကာမှုတွေပျောက်ပြီး၊ ညီညွတ်ရေးစိတ်ဓာတ်ဖွံ့ဖြိုးလာ ပါလိမ့်မယ်။

- ဘုံလုပ်ငန်းစဉ်တစ်ရပ်ပေါ်ပေါက်လာပါလိမ့်မယ်။

- ညီညွတ်ရေးရလာပါလိမ့်မယ်။

- အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ညီညွတ်ရေးရလာပါလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။



ရဲဘော်များ/မိတ်ဆွေများခင်ဗျား…

ကျနော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ လူအများကိုးကွယ်တဲ့ ဘာသာဖြစ်တာမို့ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာတရားဟာ ရန်အသွယ်သွယ်ကို အောင်မြင်နိုင်ခဲ့သလို အခြားဘာသာများဟာလဲ မေတ္တာတရားကို ရှေ့တင်ထားတဲ့ ဘာသာတွေဖြစ်ကြတဲ့အတိုင်း မေတ္တာတရားရှေ့တန်းတင်ကြပြီး သဘောထားကွဲလွဲမှုတွေ ရှိသင့်သလောက်ရှိသည့်တိုင် လိုတိုးပိုလျှော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိန့်ကြားခဲ့သည့်အတိုင်း သူမနာ၊ ကိုယ်မနာနည်းနဲ့ ညီညွတ်ရေးကို စတင်တည်ဆောက်ပြီး အမျိုးသားရေး အန္တရာယ်ကို တားဆီးကာကွယ်ကြပါလို့

- နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ပုဂ္ဂိုလ်များ

- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ

- တိုင်းရင်းသား လူမျိုးစုအားလုံး၏ ခေါင်းဆောင်များ

- ပတ်သတ်သူ (အင်အား/ကြီးငယ်မဟူ) အားလုံးကို

ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ညီညွတ်ရေး အောင်ရမည်။

သခင်သိန်းဖေ

(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ)။

ပြည်သူချစ် ကိုကျော်သူ၏ နှစ်သစ်ကူးည အတွေး။



ဗုဒ္ဓရဲ့  ပါပီ။

ဘတစ်ပြန် ကျားတစ်ပြန်
သူ့ထက်ငါ အလုအယက်
ပေးဝေမျှတဲ့ မေတ္တာတွေ
နှစ်ထောင့်တစ်ဆယ် နှစ်သစ်ကူးတဲ့ညမှာလေ!

တဏှာ့ကျွန်လည်း မခံပြီ
စစ်ကျွန်လည်း မခံချင်တော့ပြီမို့ 
ဝဋ်ကြွေးတွေလည်း ပြေ
ကံကြွေးတွေလည်း ကြေ
ထွက်ရပ်လမ်းကို မှန်းရည်၍
ဒီဘ၀ ဒီလမ်းဆုံးရင်ဖြင့်
နောင်ဘ၀ လူ့ ပြည်ကိုလည်း ခြေမလှမ်းချင်တော့
ဘုရားမကြိုက်တဲ့ လူမဖြစ်ရန် သံဓိဋ္ဌာန်ချမိပါရဲ့ !

အကယ်၍များ မျက်စိလည်လမ်းမှား
ကမ္ဘာမြေကို အလည်ပြန်ရောက်ခဲ့ရင်ဖြင့်
ဘုရားသားတော်တို့ ရဲ့  စံကျောင်းတော်ရာမှာ
အပြစ်မဲ့တဲ့ ခွေးလိမ္မာ ပါပီလေးသာ ဖြစ်လိုက်ချင်ပါရဲ့ ။

ကျော်သူ
၃၁.၁၂.၂၀၀၉
ည (၁၂း၀၀) နာရီ အတွေး။

ပေးပို့ ပေးသော ကိုနစ်နေမန်း ကျေးဇူးတင်ပါသည်.။

ယနေ့ ပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအစီအစဉ်... ။



ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်မယ့် (၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ အဖွဲ့ချုပ်ရုံးမှာ (၂)ရက်နေ့ကစပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြပွဲ ပြုလုပ်နေပါတယ်..... ပန်းချီပညာရှင်တွေက သူတို့ရဲ့ကိုယ်တိုင်ရေးပန်းချီကားတွေ ကိုလှူပါတယ်။ ရောင်းချလို့ရတဲ့ ငွေတွေကို အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကိုလှူဒါန်းပါမယ်။ သံရုံးတွေကလည်း ပန်ချီကားတွေ လာကြည့်ကြပါတယ်။ "....

၁၉၄၈ခုနှစ် ဇန္နဝါရီလ( ၄)ရက်နေ့ လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ မြန်မာပြည်ပြည်သူလူထုဟာ လွတ်လပ်ရေးရဲ့ အရသာကို အပြည့်အဝ မခံစားရသေးပါဘူး....။ ၁၉၄၈ခုနှစ် မှ ၁၉၆၂ခုနှစ်အထိ ပါလီမာန်ဒီမိုကရေစီစံနစ် သက်တမ်းနုနယ်စဉ်မှာပဲ သမိုင်းတရားခံ ဦးနေဝင်းရဲ့ စစ်အာဏာရှင်စံနစ် သွတ်သွင်းခြင်းခံခဲ့ရတာ ယခုအထိတိုင်ပါပဲ....လာမည့် (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မှလည်း ဒီဇင်ဘာ(၃၁)ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်....(ထုတ်ပြန်ချက် ဖတ်ရန်)

ယနေ့ ပြုလုပ်မယ့် အဖွဲ့ချုပ်ရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား အစီအစဉ်များကို ဆက်လက်ပြောကြားရမှာတော့
နေ့လည် (၁၂)နာရီမှာ အခမ်းအနားကို စတင်ကျင်းပပါမယ်.. သဘာပတိမိန့်ခွန်းပြောပါမယ်....လွတ်လပ်ရေးနေ့ ကြေငြာချက်ကို ထုတ်ပြန်ပါမယ်... လွတ်လပ်ရေးနေ့အထိမ်းအမှတ် စကားရည်လုပွဲ ပြုလုပ်ပါမယ်... ပြည်နယ်နဲ့တိုင်းအသီးသီးက ဝင်ရောက် ယှဉ်ပြိုင်ကြပါမယ်....

ဆက်လက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အယူခံအမှုကိစ္စနဲ့ ပတ်သတ်ပြီး ဆက်လက်မေးမြန်းရာမှာတော့ အမှုအတွက် လျှောက်လဲချက်ရေးနေပါတယ်.. ပြီးရင်တွေ့ခွင့်ရဖို့တောင်းပါမယ်။ ၁၈ရက်နေ့မတိုင်မှီ တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အဖွဲ့ချုပ်ရုံးဓာတ်ပုံများ မိုးမခသတင်းဋ္ဌာန မှရယူပါသည်...




သတင်း.ဒီမိုဝေယံ.....

နောက်ဆုံး တိုက်ပွဲ

နောက်ဆုံးတိုက်ပွဲ

ဟေ....အာဏာရှင်
မင်းရဲ့ပလ္လင် အောက်ဆုံးက ကျောင်းသားအရိုးတွေနိုးထ
မင်းရဲ့ ပလ္လင်ထိပ်ဆုံးက သံဃာအရိုးတွေရုန်းထ
၂၀၁၀ဆိုတာမင်းလိပ်ပြာ လွင်မဲ့နှစ်
အသေချာဖြစ်စေ လိမ်မပေါ့။

ဟေ...အာဏာရှင်
မျိုးဆက်နှစ်ဆက်တိုင်အောင် ကမ္ဘာ့ အယုတ်မာဆုံးနဲ့
အကောက်ကျစ်ဆုံးမင်းဟာစစ်ဝါဒ စစ်မာနတွေ တံခွန်ထူ
ဇမ္မူတခွင်လူမထင်စိတ်ကြီးဝင်ခဲ့သမျှ ၂၀၀၉မှာ ရင်တမမနဲ့
မဖြောင့်ရိုးတဲ့ အရင်က အတိတ်တစ္ဆေကြောင့်
စိတ်တေလေအိတ်ဆိုး မွှေခဲ့သမို့
၂၀၁၀တံခါးအမှန်ဟပြီးမှ နှင်းတုံးကိုပြန်ချ
ဟန်မကျနိုင်သူပလ္လင်ပေါ်က မျောက်ဖင်နီရေ
မင်းအတွက်နောင်တ တရားတွေ
ဈေးပေါပေါနဲ့ ရောင်းပေးနေပါတယ်..။

ဟေ...အာဏာရှင်
အကိုင်းအခက်တွေ ဘယ်လိုဖြတ်ဖြတ်
အရွက်အလက်တွေ ဘယ်လိုခြွေခြွေ
ပင်စည်ကိုဘယ်လို ဝိုင်းဝိုင်း
အောင်ဆန်းသမိုင်း မရိုင်းစေရဘူး
ရေသောက်မြစ်ကျန်သေးသမျှ ရှင်သန်ဦးမဲ့သစ်တပင်ဟာ
ငါတို့၈၈မျိုးဆက်တွေ ဘဲဆိုတာ
မင်းသိထားလောက်ပါပြီး.။

ဟေ..အာဏာရှင်
ခွပ်ဒေါင်းတို့ရဲ့အတောင်ပံ အစုံစုံဟာ
ထောင်နံရံတွေတုန်အောင် ရိုက်ခတ်
အလင်းငတ်သူများရဲ့ စာရင်းအပြစ်ရှင်းမဲ့နှစ်ဟာ
ဒီနှစ်ပါဘဲ
ကဲ...၂၀၀၈ကဥပဒေ အစွယ်တကားကားနဲ့ ကျားငစဉ်းလဲ
ဇွဲမာန်မလျော့တဲ့ ဥပေါသထဆင်
၂၀၁၀လယ်ပြင်မှာ တွေကြဦးစို့ပေါ့.။


ဇောမြင့်(အမျိုးသားဒီမိုကရေစီအဖွဲချုပ်)
လွတ်မြောက်နယ်မြေ မလေးရှားဌာနခွဲ


၆၂ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့  အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနား ( ကိုရီးယား )



ပေးပို့ ပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ မှ flyingpeacock ကိုကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ ) မလေးရှား လွတ်လပ်ရေးနေ့နှင့် ပါတီနှစ်ပတ်လည်နေ့ အခမ်းအနား ဓာတ်ပုံမှတ်တမ်း..

NLD(LA)MALAYSIA
NLD(LA)MALAYSIA2

ပေးပို့ ပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ
မလေးရှားဌာနခွဲ မှ ဥက္ကဌ ကိုကျော်ကျော် အားကျေးဇူးတင်ပါသည်.။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။



၁။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ အား လွတ်လပ်သောလမ်းသို့  ပို့ ဆောင်ခဲ့သော ငါတို့ ၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။


၂။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။


၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့ လဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်ဆိုင်ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။


၅။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ ၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။


၆။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ နိုင်ငံနှင့် ငါတို့ ၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။


၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့်တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။
ဤ - ငါတို့ ၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်း။

(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက်ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံးကြသူများ အလွန်ရှားပါးကြပါသည်။ ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ လုံးဝဖေါ်ပြပေးခြင်း မရှိပါ။ အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုကိနာကျင့်သုံးရန် ဝေလားဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။ မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးကြ၍ ကျွန်ုပ်တို့  မြန်မာနိုင်ငံတော်ကြီး အနာဂတ် တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်တွင်းရန်ဖြစ်သည့် နအဖအာဏာရူးများ၏ မတရားလုပ်ဆောင်မှုများကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြနိုင်ကြပါစေသတည်း)။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.။

03 January 2010

ရန်ကုန်မြို့ တော်ဝန်ဦးအောင်သိန်းလင်းထက် ပိုဆိုးနေသော ရပ်ကွက်လူကြီး ဦးခင်ညွန့် ၏ မတရား လုပ်ဆောင်မှုများ။


ကျွန်တော်တို့ ကျိုက္ကဆံရပ်ကွက်သည် ဗဟန်းမြို့နယ်အတွင်းတွင် ရှိပါသည်။

ကျွန်တော်တို့ ရပ်ကွက်အတွင်းတွင် လမ်းများခင်းမည်ဟု YCDC မှ ရပ်ကွက်အတွင်းသို့ စာရပါသည်။

ထိုသို့ စာမကျခင် မြို့တော်ဝန်မှ လာရောက်ကြည့်ရှုပါသည်။ သို့ရာတွင် လမ်းဘေးပျံကျဈေးဆိုင်များကို တစ်ပေ မလွတ်လျှင် တစ်ပေသာ နောက်ဆုတ်ခိုင်းသည်ကို တော်တော်များများ သိကြပါသည်။

သို့ရာတွင် ရပ်ကွက်လူကြီး ဦးခင်ညွန့်မှ ဆိုင်များကို ဖျက်ခိုင်းပါသည်။ ပြီးနောက် ဆိုင်တစ်ဆိုင်လျှင် 10' x 10' ကို တဆိုင်လျှင် နှစ်သောင်းနှုန်း ကောက်ပါသည်။ ဒါတင်မပြီးသေးပါ။ မိမိဆိုင်ရှေ့ရေမြောင်းကို တစ်ပေလျှင် နှစ်ထောင်နှုန်း ထပ်မံကောက်ခံပါသည်။

၎င်းမှာ ဖြစ်သင့်ပါသလား ဈေးသည်များမှာ မရှိရသည့်ကြားမှ ထိုသို့ပေးရမည်မှာ နူနေသည့်ကြားမှ ၀ဲထပ်ဆွဲနေသည့်ပုံလို ဖြစ်နေရပါတယ် ခင်ဗျာ။ ဒါပေမဲ့ ရပ်ကွက်လူကြီး ဦးခင်ညွန့်နဲ့ ပတ်သက်တဲ့သူတွေ အကျိုးတူ အကျိုးဖက်တွေကတော့ ၄င်းတို့ ဆိုင်များ အဖျက်မခံရပါ။ သာမန် ဈေးသည်များ၏ ဆိုင်များမှာမူ အဖျက်ခံရသည့်အတွက် ဈေးသည်များမှာ ယနေ့ မနက်က စိတ်ထိခိုက်စွာ ငိုကြွေးနေရပါတယ်။

မြန်မာတို့သည် ခန္တီစ သည်းခံခြင်းတရားလက်ကိုင်ထားသည်မှာ (၁၉၈၈) ခုနှစ်မှ ယနေ့ထက်တိုင်ဖြစ်သည့်ကြားမှ ကျွန်တော့်မှာ မနေနိုင်သဖြင့် ဤမတရားမှုအား ဖေါ်ပြပေးပါရန် ယခုကဲ့သို့  ဖေါ်ပြ အကူအညီတောင်းခံခြင်း ဖြစ်ပါသည်။

မြန်မာမှန်လျှင် မိမိတို့ အိမ်နီးခြင်းများ၊ မိမိနှင့် နီးစပ်သူများနှင့် ဒုက္ခရောက်သူ မည်သူကိုမဆို ကူညီရမည် ဖြစ်ပါသည်။ ကျွန်တော်သည်လည်း မြန်မာထဲမှ မြန်မာတယောက်ဖြစ်နေသဖြင့် လက်ပိုက်ကာ ကိုယ်နှင့်မဆိုင်ဟု နေလို့မရပါ။

ဒီမိုကရေစီနှင့် တရားမျှတမှုကို မြတ်နိုးသူ လူငယ်တဦးအနေဖြင့် မည်ကဲ့သို့မှ လစ်လျူရှူမနေနိုင်ပါ။ သို့ပါသောကြောင့် အဆိုပါ ရပ်ကွက်လူကြီး ဦးခင်ညွန်နှင့် သူ၏ အပေါင်းအပါတစုတို့ လောဘဇော အစွယ်ထွက်နေပုံကို မြင်စေလိုပါသည်။ ကျန်ကိစ္စများကိုတော့ မပြောလိုတော့ပါ။ အပုပ်ချသည် ထင်မှာစိုးလို့ လိုရင်းသာ တင်ပြပေးပါသည်။

အဆိုပါ ရပ်ကွက်လူကြီး ဦးခင်ညွန်နှင့် သူ၏ အပေါင်းအပါတစုတို့  ၏ ရှေ့ဆောင်လမ်းပြမှာ ဆရာစံ တောင်ဥက္ကဌ ဦးကျော်ကြီး (ကွယ်လွန်) နှင့် ဗိုလ်စိန်မှန်ဥက္ကဌ ဆရာတင့် (မြန်မာစာ) တို့ပင် ဖြစ်ပါတော့သည်။

(ပြည်တွင်းမှ ပေးပို့လာသည့် ပြည်သူတစ်ဦး၏ ရင်ဖွင့်လာသော စာ ဖြစ်ပါသည်)။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် နှင့် ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

မြန်မာ့ လွတ်လပ်ရေးနှင့် လွတ်လပ်ရေး အရယူပေးခဲ့ကြသူများအား အလေးပြု ဂုဏ်ပြုအပ်ပါသည်။


ဂုဏ်ပြုကဗျာ


ဟိုရှေးယခင် အရှင်များနဲ. ၊
ကိုယ့်ထီးကိုယ့်နန်း ရွှင်လန်းပျော်။
ကျူးကျော်ရန်ရှာ မိစ္စာများကြောင့်၊
တိုင်းတစ်ပါးအောက် ရောက်ခဲ.သနော်။

အမေကျော်ကာ ဒွေးတော် မလွမ်းနဲ.၊
တို.ပြည်တစ်ဝှမ်း သာလို.မော်။
ပထွေးကိုနော် အဖေမမှတ်နဲ.၊
အသဲမှာ ဆက်ဆက်မှတ်ထားနော်။

တို.ဘိုးဘွားတွေ တိုက်ခဲ့ပေးလို.၊
လွတ်လပ်ရေးဟာ ရခဲ.သနော်။
တိုင်းကျော်ပြည်ကျော် ဆင်ယဉ်နွှဲလို.၊
ပျော်ပွဲရွှင်ပွဲ ခြိမ့်သဲပျော်။

မှန်းမျှော်ရည်ကာ လွတ်လပ်ရေးနေ.၊
ကမ္ဘာတည်သရွေ. မေ့မရသနော်။
မေ့မရသနော် မေ့မရသနော်။

(ဒီအပေါ်က ကဗျာလေးကတော့ လွတ်လပ်ရေးရပြီး တိုင်းရင်းသားတွေ ပျော်နေကြတဲ့ ကဗျာလေးပါနော်)။

ဆောင်းနှင်းမြူတို. မှုန်ကာမှိုင်း၊
နယ်ရပ် ရှစ်ခွင်တိုင်း။
ရပ်တိုင်းရွာတိုင်း နွှဲပျော်၇ွှင် ၊
အိုးစည်ဒိုးပတ် လွင်။

လွတ်လပ်သဘင် ဆင်ယဉ်နွှဲ၊
အောင်လံ လေမှာဝဲ။

လက်တွဲညီကြ သားချင်းတွေ၊
လွတ်လပ်ရေး အမွေ။
ဇန်န၀ါရီ (၄) ၇က်နေ.၊
တစ်သက် တို.မမေ့၊
အလေးပြုပါပေ.။

(ဒီကဗျာလေး နှစ်ပုဒ်နဲ. လွတ်လပ်ရေးကို ရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ၊ ကျ ဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပါ၏ ….. )။


ဤ ကဗျာ လေးအား ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်။

Voice Of Burma စာစောင်..

VOB743KK

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုသတင်းလွှာ .....

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုသတင်းလွှာ .....
ပေးပို့ ပေးသော ဒီမိုဝေယံအား ကျေးဇူးတင်ပါသည်.။