10 July 2010

မြန်မာပြည်တွင်းဖြေဖျော်ရေး လုပ်ငန်းများမှ မြန်မာမိန်းကလေးငယ်များလူကုန်ကူးခံရမှု ပိုမိုများပြားဟုဆို

ဖြေဖျော်ရေး လုပ်ငန်းများမှ မိန်းကလေးငယ်များကို သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူး ရောင်းစားခံရမှု ပိုမိုများပြားလာကြောင်း ပြည်တွင်းအစိုးရ မဟုတ်သော လူကုန်ကူးမှု ကာကွယ်တားဆီး တိုက်ဖျက်ရေးနှင့် အသိပညာပေးရေး အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လူကုန်ကူး သူများသည် ပုံစံအမျိုးမျိုးဖြင့် ပြည်တွင်းတွင် မိန်းကလေးများကို လိမ်လည် လှည့်ဖျားလျက်ရှိရာ သမီးရည်းစားအဖြစ် ချစ်ကြိုက် ဟန်ဆောင်ပြီး လူကုန်ကူး ရောင်းစားသည့် စနစ်သစ်အဖြစ် အသုံးပြု လာကြောင်း လူကုန်ကူးမှုများ ပပျောက်အောင် ဆောင်ရွက်လျက်ရှိသော ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ သိရသည်။

“သမီးရည်းစား ဖြစ်လာအောင် ပထမကြိုးစားတယ်။ တကယ်သမီးရည်းစား ဖြစ်လာတော့မှ ချစ်သူမိန်းကလေးကို အယုံသွင်း နယ်ခြားခေါ်ပြီး ရောင်းစား၊ လူကုန်ကူးတာမျိုး လုပ်တယ်”ဟု ရန်ကုန် အခြေစိုက် လူကုန်ကူးမှု တားဆီးရေး အစိုးရမဟုတ်သော အဖွဲ့အစည်းကြီး တစ်ခုမှ အထွေထွေ မန်နေဂျာ တစ်ဦးက ရှင်းပြသည်။ သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးခံရသည့် မိန်းကလေးများမှာ မြို့ပြဖြေဖျော်ရေး လုပ်ငန်းများတွင် အလုပ်လုပ်နေသော မိန်းကလေး အများစုဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ လူကုန်ကူး ခံရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။ “ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီးမှ လူကုန်ကူးတာဆိုတော့ ပြောရခက်သား။

ဘယ်မိန်းကလေးမဆို ကိုယ့်ရည်းစားကို ယုံကြမှာပဲလေ။ ကြားရတာတော်တော် တုန်လှုပ်ဖို့ကောင်းတယ်”ဟု မရမ်းကုန်းမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးက ပြောကြားသည်။ သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးသည့် အပြင် လင်မယားအဖြစ် လက်ထပ် ပေါင်းသင်းပြီးမှ တရုတ်နိုင်ငံသို့ ရောင်းစားမှု ရှိကြောင်း ပြည်တွင်း လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ သိရှိရသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲ စာချုပ်၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် ပါဝင်ထားပြီး ဖြစ်ကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်း ပုဂ္ဂလိက စတင်လုပ်ကိုင်

ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က စီမံခန့်ခွဲလျက် ရှိသည့် နိုင်ငံပိုင် ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို ဇူလိုင်လ ပထမပတ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီကြီး တစ်ခုသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် အသိုင်းအ၀ိုင်းထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ ဆိပ်ကမ်းအား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့သဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုသွက်လက် မြန်ဆန်လာဖွယ် ရှိသည်ဟု သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်က ဆိုသည်။ ယခု ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့သော ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် အလျား ၁၃၇ မီတာရှိ ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်သင်္ဘော ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား နှစ်စင်း၊ ကုန်သေတ္တာတင်သင်္ဘော သီးသန့် ဆိုက်ကပ်ရန် အလျား ၁၈၃ မီတာရှိ ဆိပ်ခံ တံတားတစ်စင်းနှင့် ၁၅ ဧက ကျယ်ဝန်းသည့် ကုန်သေတ္တာစခန်း တစ်ခု ပါရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ထုတ်ပြန် ကြေညာချက်များအရ သိရသည်။

ယခု ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီကြီးမှာ နိုင်ငံအနှံ့စက်ရုံ၊ အလုပ်ရုံများနှင့် အခြားဒေသ လုပ်ငန်းအများအပြား လုပ်ကိုင်လျက်ရှိပြီး ရန်ကုန်မြို့တွင်း ခရီးသည်တင် လိုင်းကားများနှင့် တက္ကစီများလည်း ပြေးဆွဲလျက်ရှိကာ ပြီးခဲ့သည့် မေလအတွင်းကလည်း မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို လွှဲပြောင်း လုပ်ကိုင်လျက် ရှိကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

နအဖ စစ်အာဏာပိုင်များက ကလေးစစ်သားတွေမရှိပါဘူးလို့ငြင်းဆန်နေပေမယ့်တကယ်တော့ မြန်မာပြည်ထဲမှာကလေးစစ်သားတွေရှိနေဆဲဆိုတဲ့သက်သေရုပ်သံများ

ဧရာဝတီမြစ်ရေ၀င် အမရပူရမြို့နယ်ကျေးရွာများ စစ်ကိုင်း- မန္တလေးကားလမ်းဘေး ရေလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်


ဇွန်လ ဒုတိယပတ်မှ စတင်၍ ဧရာဝတီမြစ်ရေအတက်အကျမြန် လာရာ ဇွန်လတတိယပတ်တွင် နေ့စဉ်ရေ ဆက်တိုက်တိုးလာမှုကြောင့် အမရပူရမြို့ တောင်ဘက်ကျေးရွာများတွင် တိုးရေ၀င် ရောက်ရာ ရေလွတ်ရာစစ်ကိုင်း၊ မန္တလေး ကားလမ်းဘေးသို့ ယာယီရွှေ့ပြောင်းနေထိုင် သူများပြားလာကြောင်း သိရသည်။


''ကျွန်မတို့က ရွာသစ်ကပါ။ ရွာ မှာက ခြေတံရှည်နှစ်ထပ်အိမ်တွေရှိသလို ကျွန်မတို့ကျတော့ မြေစိုက်အိမ်နဲ့နေတာ ပါ။ ခြေတံတိုအိမ်နဲ့ ကျွန်မတို့အိမ်မျိုးက ရေလွတ်အောင်မြေတင်ဆောက်ထားပေ မယ့် ဧရာဝတီရေတိုးကြမ်းလာရင် မလွတ် တော့တာမို့ ရေလွတ်ရာပြောင်းနေရပါ တယ်''ဟု စစ်ကိုင်း၊ မန္တလေးကားလမ်းဘေး တွင် ယာယီရွှေ့ပြောင်းနေထိုင်သူ အမျိုး သမီးတစ်ဦးက ပြောသည်။


ယခုအခါ ရွှေကြက်ယက်ညောင် ပင်ဂိတ်တောင်ဘက်တွင် စစ်ကိုင်းဘက်မှ လာပါက လမ်းယာဘက်၌ လမ်းမေးတင် ရွှေ့ပြောင်းအိမ်ရာများရှိသလို ရွှေကြက် ယက်ဂိတ်မြောက်ဘက် ဒွေးလမ်းတွင် လမ်း ဘေးဝဲယာရွှေ့ပြောင်းနေထိုင်သူများ အိမ် အတန်းလိုက်ဆောက်လုပ်နေထိုင်ကြသည်။ ဧရာဝတီမြစ်ရေတိုးချိန်တွင် ရွာ၌ရေလွတ် သောအိမ်တချို့သာကျန်ခဲ့ရာ သွားလာရာ ၌ လှေများကို အသုံးပြုရသည်။


ရွှေ့ပြောင်းနေထိုင်သူများမှာ အိမ်ရှိလူအကုန်နှင့်အတူ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်၊ ကြက်၊ ၀က်များပါ ပြောင်း ရွှေ့နေထိုင်ကြရသည်။ ယခုအခါ စစ်ကိုင်း၊ မန္တလေးကားလမ်းဘေး၌ မုန့်ပဲသရေစာ အရောင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ တယ် လီဖုန်း PCO များအပြင် တီဗွီဖွင့်ရောင်း သောဆိုင်များဖြင့် လမ်းတစ်လျှောက်စည် ကားမှုရှိလာသည်။ ဧရာဝတီမြစ်ရေကျမှ သာ နေရပ်ရွာသို့ ပြန်ကြသဖြင့် စစ်ကိုင်း- မန္တလေးကားလမ်းပေါ်တွင် နှစ်လခန့်စည် ကားမှုရှိကြောင်း သိရသည်။


သတင်း..YGM

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပြည်သူလူထုအား အချိန့်ပြည့် မှန်ကန်သော ပေးဆပ်မှုများကိုပြုလုပ်ပေးနေမှုမှတ်တမ်းဓာတ်ပုံသတင်း



ကျွတ်ဖို့ လွတ်ဖို့ . . . ရဲဆေးတင်လော့

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူမှုရေးသမားများ သင်တန်းအမှတ်စဉ် ၃/၂၀၁၀ နောက်ဆုံး အပါတ်စဉ် ဆင်းပွဲတွင် နာရေးကူညီမှုလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံများ၊ ခံယူချက်များနှင့် ဆက်ဆံရေး ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိပ်မွေ့မှု ရှိရေးတို့နှင့် ပတ်သက်၍ ထပ်မံ ရှင်းလင်းပြောကြားခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၏ Idea နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ပေးဆပ်ခဲ့ရသော နာရေးအတွေ့အကြုံများ၊ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး အလောင်းကောက် မီးသင်္ဂြိုလ်ပေးမှုများ၊ အဆိပ်သောက် သေဆုံးမှု၊ လမ်းဘေး သေဆုံးမှု၊ ရေနစ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရထားကြိတ်ခံရ၍ သေဆုံးမှု၊ အသတ်ခံ ရ၍ သေဆုံးမှု၊ သစ်လုံးပိ၍ သေဆုံးမှု စသည်တို့ကို Slide Show နှင့် နောက်ခံ တီးလုံး projector တို့ဖြင့် ပြသကာ ရဲသွေးနီနီဖြင့် ရှေ့သို့ ရဲရဲဆက်ကာ ရဲရဲပေးဆပ် သွားနိုင်ရန်အတွက် လူမှုရေး မျိုးဆက်သစ်များအား ရဲဆေးများ ထပ်မံတိုးမြှင့် ပေးခဲ့သည်။

မိမိတို့ ကုသိုလ်ယူသည့် နေရာဝယ် သေဆုံးသွားသူတို့ကို မီးသင်္ဂြိုလ်ပေးခြင်း၊ ဂူသွင်းပေးခြင်း၊ မြေမြှုပ်ပေးခြင်း တို့ဖြင့် မလုံလောက်။ သေဆုံးမှုမျိုးစုံတို့တွင် လွတ်ရာကျွတ်ရာ မြင့်မြတ်သော ဘုံဌာန သို့ ရောက်သွားကြကုန်သော ပုဂ္ဂိုလ်အသီးသီး ရှိကြသလို၊ မလွတ်မကျွတ်ဘဲ ပြိတ္တာ၊ နာနာဘာဝ သရဲ တစ္ဆေ စသဖြင့် ဒုနဲ့ဒေး ရှိနေတော့သည်။ ယင်းတို့ကို မိမိတို့ နေ့စဉ် ပြုခဲ့သမျှ ကုသိုလ်ရေးများကို နေ့စဉ် နံနက်တိုင်း ညတိုင်း အချိန်တိုင်း ဘုရားရှိခိုး ပုတီးစိပ် မေတ္တာပို့သပြီး အမျှပေးဝေရန် အရေးကြီးလှသည်။ အဓိကကျ လှသည်။ မိမိအတွက်လည်း အကျိုးရှိ ကုသိုလ်ရ … တဖတ်သူတို့အတွက်လည်း များစွာအကျိုးရှိ ကျွတ်ကြလွတ်ကြ ကုန်၏။

ထို့ကြောင့် … မည်ကဲ့သို့ ပုံစံမျိုးနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြကုန်သော အလောင်းကောင်များကို ရဲတင်းစွာ သယ်ယူပို့ဆောင် သင်္ဂြိုလ်ပေးနိုင်ဖို့ အရေးကြီးသလို … မိမိ၏ ထိုကောင်းမှုတို့ကို အမျှပေးဝေ မေတ္တာပို့သမှုကလည်း အဓိကကျတော့သည်။

ထို့ကြောင့် … ကျွတ်ဖို့လွတ်ဖို့ ရဲဆေးတင်လော့ . . . . ။


ဗုဒ္ဓရဲ့ သားတော် သမီးတော်တို့အတွက် ပေးဆပ်မှု


လူမှုရေးဟု ဆိုရာတွင် အလွန်ကျယ်ပြန့် နက်နဲလှပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) သည် ပြည်သူလူထုအတွက် နာရေးကုသိုလ် ယူမှုတင် မကဘဲ ပြည်သူလူထု တွေ့ကြုံခံစား နေရသော ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် ခံစားရမှု၊ မျိုးဆက်သစ် ကလေးငယ်တို့၏ ယဉ်ကျေးလိမ္မာ မှုရှိရေးတို့အပြင် နာရေးကိစ္စ အ၀၀ကို ပေးဆပ်နေရသော လူမှုရေးအသင်းကြီး ဖြစ်လာသည်။ လမ်းခင်း၊ ရေတွင်းရေကန် တည်ဆောက်ပေးမှုတို့ကို လူမှုရေးလုပ်ဆောင်သည်ဟု မဆိုနိုင်တော့ချေ။

ပြည်သူလူထု၏ ဘ၀ရပ်တည်ဖို့အတွက် အစစ အဆင်ပြေ၍ လူ့အခွင့်အရေး ပြည့်ဝစေမှသာ ငြိမ်းချမ်းမှု ပန်းတိုင်ကို ရရှိစေမည်ဖြစ်သည်။ မိမိတို့၏ ဘာသာအယူအဆအရ … မည်သည့် ဘာသာတရားပင်မဆို ငြိမ်းချမ်းမှုကို ဦးတည်ဆဲဖြစ်သည်။

ငြိမ်းချမ်းမှုရရှိရန် ဗုဒ္ဓ၏ သားတော် (သံဃာတော်များ)၊ ဗုဒ္ဓ၏ သမီးတော် (သီလရှင်များ) မှလည်း အဓိက တာဝန်ထမ်းဆောင်နေရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားမိန့်မှာ ခဲ့မှုများကို လက်ဆင့်ကမ်း၍ ရာစုနှစ်များစွာ ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့ကို မေတ္တာစေတနာ ထားရှိကာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုရန်၊ သီလလုံခြုံစေရန် စသည့် စစ်မှန်သော အယူဝါဒ ရေးရာတို့ကို လူသားတို့ထံသို့ လက်ဆင့်ကမ်း၍ ပြန့်ပွားကျင့်သုံး လက်ခံနိုင်ရန် သာဓကများစွာနှင့် ဟောကြားပေးနေကြသော ကျေးဇူးရှင် ဗုဒ္ဓ၏ သားတော် သမီးတော်တို့၏ ကျန်းမာရေးကိုလည်း အထူးဂရုပြု ပေးရမည် ဖြစ်သည်။ ထေရ်ကြီး ၀ါကြီး သိက္ခာတော်ကြီးမား၍ သီလတော်တို့နှင့် ပြည့်စုံ တော်မူသော ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်ကြီးများကို လက်လွတ် အဆုံးရှုံး မခံနိုင်။ ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဗုဒ္ဓ၏ သားတော် သမီးတော်တို့အတွက် ကျန်ရစ်သူ တပည့် ဒါယကာ ဒါယကာမ ပြည်သူအပေါင်းတို့က အပူဇော်ခံ ထားလိုပါက ရွှေစတီးဖြင့် ပြုလုပ်ထားသော ကရ၀ိတ်ဖော်တော်ဖြင့် အပူဇော်ခံ ထားရှိပေးခြင်း၊ ရွှေရောင် လင်ကွန်း နိဗ္ဗာန်ယာဉ်ကြီးဖြင့် သယ်ဆောင် ပင့်ဆောင်ပေးခြင်း၊ အန္တိမဈာပန အခမ်းအနား မီးသင်္ဂြိုလ်ပေးခြင်း၊ အရိုး ပြာ ရေမျှော ပေးခြင်း၊ အရိုးအိုး ကောက်ပေးခြင်း စသည့် ပေးဆပ် ထမ်းဆောင် ကုသိုလ်ယူမှုများ ရှိသော်ငြားလည်း … မပျံလွန်သင့်ဘဲ ပျံလွန်တော်မူသွားခြင်း၊ ဆေးဝါး မကုသလိုက်ရဘဲနှင့် ပျံလွန်တော်မူသွားခြင်း စသည်တို့ မဖြစ်သင့်ပေ။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနှင့် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေး အခမဲ့ ကူညီပံ့ပိုးမှု၊ ဖေးမမှုတို့ကို လုပ်ဆောင်ပေးရာတွင် သံဃာတော်များ၊ သီလရှင်များကို အထူး ဦးထိပ်ထားသည့် အနေနှင့် ဆေးဝါးကုသရာတွင် တိုကင်ယူဆောင်ရန် မလိုဘဲ ဆရာဝန်ကြီးများနှင့် တိုက်ရိုက်တွေ့ဆုံ အခမဲ့ ကုသပေးလျှက်ရှိပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ် လူပုဂ္ဂိုလ် တို့တင်မကဘဲ ဗုဒ္ဓ၏ သားတော် သမီးတော်တို့အတွက်၊ သာသနာ ၀န်ထမ်းပုဂ္ဂိုလ်များအတွက် သာသနာ့ ၀န်ဆောင်မှု၊ သာသနာကို ထမ်းဆောင်မှု၊ သာသနာအတွက် ပေးဆပ်မှု၊ သာသနာပြု လုပ်ငန်းအဖြစ်နှင့်ပါ နွေးထွေးစွာ ပေးဆပ်လျှက် ရှိနေတော့သည်။


ဘယ်လမ်း ရွေးရွေး ကုသိုလ်ရေး


နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူမှုရေးစိတ်ဓါတ် ပြင်းပြစွာဖြင့် လာရောက် လုပ်အားပေး ကြမည့် မျိုးဆက်သစ် လူငယ်/လူရွယ်များအတွက် ယနေ့ ၈.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် နာရေး ကူညီမှုလမ်းကြောင်းသင်တန်း စာတွေ့ပို့ချ ပြီးစီးပြီ ဖြစ်ပါသည်။ စာတွေ့ပို့ချပြီးသည့် အချိန်တွင် နာရေးကူညီမှု လုပ်ငန်းစဉ်များ လက်တွေ့ကွင်းဆင်းရန်အတွက် ပုံစံအမျိုးမျိုးဖြင့် ဘ၀ပြောင်းသွား ကြသော ရုပ်အမျိုးမျိုး၏ ပုံသဏ္ဍာန်မျိုးစုံတို့ကို ကူညီဖေးမ သင်္ဂြိုလ်ပေးမှုများကို မှတ်တမ်းတင် ထားသော ရုပ်ပုံလွှာများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ရုပ်ပုံကားချပ် များဖြင့် ရှင်းလင်းပြသခဲ့ရာ အချို့သော လူငယ်/လူရွယ်တို့သည် ရုပ်အလောင်းများအား သယ်ဆောင် ပေးမှုအတွက် ထိပ်လန့်ခြင်း၊ အားငယ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးလုပ်ဆောင်ရာတွင် သေဆုံးသူတို့၏ ရုပ်အလောင်းတို့အား သယ်ဆောင်မီးသင်္ဂြိုလ်ပေးခြင်းဟု ဆိုသော လူမှုရေး လုပ်ငန်းတစ်ခုတင်မက အခမဲ့ ဆေးဝါးကုသပေးသော သုခကုသိုလ်ဖြစ်ဆေးခန်း၊ အသိပညာ တိုးတက်မြင့်မားရေးအတွက် ဖွင့်လှစ်ပေးထားသော သုခအလင်း စာကြည့်တိုက်၊ မျိုးဆက်သစ်ကလေးငယ်များအတွက် ပညာရေး မြင့်မားရေးအတွက် အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ရေရှားပါးမှု ဒေသများသို့ သွားရောက် အ၀ီစိတူးပေးခြင်း၊ ရေလှူဒါန်းပေးခြင်း စသည့် ကုသိုလ်ရေး လူမှုရေး တို့သည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ ဖြစ်ကြောင်းနှင့် အသင်းသူ/သား များအနေဖြင့် မိမိတို့ တတ်ကျွမ်းသော ဘာသာရပ်၊ ပညာရပ်အလိုက် မိမိတို့ ၀ါသနာပါရာ လုပ်အားပေးမှုတို့ကို လုပ်ဆောင်နိုင်ကြောင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မည်သည့် လုပ်အားပေးမှုမျိုး မဆို ကုသိုလ်ရေး အလုပ်ပင် ဖြစ်ကြောင်း အသင်းသူ/သားများ ရှင်းလင်း ပြောကြား ပြသခဲ့ပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက် လမ်းကြောင်းများ၊ ပေးဆပ်မှု လမ်းကြောင်းများ၊ ဖေးမမှု လမ်းကြောင်းများ၊ ကူညီမှု လမ်းကြောင်းများ၊ ပံ့ပိုးမှု လမ်းကြောင်းများတို့တွင်

မည်သည့်လမ်းကို ရွေးရွေး … လူမှုရေး ၊

        မည်သည့်လမ်းကို ရွေးရွေး … ကုသိုလ်ရေး ပင်ဖြစ်တော့သည်။


အရေးပေါ် အဘိုးအဘွားများအား ပေးဆပ်မှု


ခိုကိုးရာမဲ့ အဘိုးအဘွားများကို ကူညီဖေးမ စောင့်ရှောက်ပေးလျှက်ရှိသော “ဆည်းဆာရိပ်” ဂီလာနဘိုးဘွား စောင့်ရှောက်ရေးဂေဟာမှ အမေကြီး ဒေါ်ညွှန့်တင် အသက် (၇၂) နှစ်သည် ၉.၇.၂၀၁၀ (သောကြာ) နေ့တွင် ဆီးချို သွေးချို 36% ထိ ကျဆင်းသွားသည့်အတွက် သတိလစ်ကာ ကယောင်ကတန်း စကားများ ပြောဆိုနေခြင်းကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ် ဖြစ်ဆေးခန်းသို့ ခေါ်ဆောင်လာသည်။

အရေးပေါ်ကုသရမည့် လူနာဖြစ်သည့်အတွက် သယ်ဆောင်လာသော မော်တော်ယာဉ်ပေါ်မှ မချတော့ဘဲ သက်ဆိုင်ရာ ဆရာဝန်မကြီး ဒေါ်ထားထားနှင့် သူနာပြုဆရာမများမှ မော်တော်ယာဉ်ပေါ် ထိ တက်ရောက်ကာ ၀ိုင်းဝန်းဖေးမ ကုသပေးခဲ့သည်။ အချိုရည် Glucose 50% သွင်းပေးခြင်း၊ D/S အချို/အငန် ဆေးပုလင်း သွင်းပေးခြင်းဖြင့် သတိပြန်လည် ရရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကို တွေ့မြင်ရတော့မှ “သြော် … သုခဆေးခန်း ရောက်နေတာကိုး” ဟူ၍ ပြောကြား သွားသည်။


အရေးပေါ် မီးဘေးကာကွယ်ရေး


နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်များသည် နေ့တဓူဝ အများပြည်သူတို့၏ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေးတို့၏ နာရေးကိစ္စများအား အခမဲ့ ကူညီပေးဆပ် မောင်းနှင်လျှက် ရှိသည်ကို ကိုယ်တိုင်မြင်တွေ့ ခံစားရပြီးသည့်နောက် နိဗ္ဗာန်ယာဉ်များမှာ ကားသစ်များ ဖြစ်သော်လည်း မတော်တဆ မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့သည်ရှိသော် အရေးပေါ် မီးငြိမ်းသတ်နိုင်ရန်အတွက် မော်တော်ယာဉ်သုံး ဂျပန်နိုင်ငံလုပ် မီးသတ်ဆေးဘူး အလုံးရေ (၁၉) လုံးအား အလှူရှင် ဒေါ်ဥမ္မာသန်း (မိသားစု) ၉၃ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ၉.၇.၂၀၁၀ (သောကြာ) နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ သဒ္ဓါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းသည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အထူး ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် သာဓုခေါ်ဆို လိုက်ပါသည်။

အလှူရှင် ဒေါ်ဥမ္မာသန်း (မိသားစု)တို့အား ဂုဏ်ပြုကဒ်ပြားနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ လုပ်ဆောင်ချက် စာအုပ်စာတမ်းများ၊ DVD အခွေများကို ပြန်လည်ပေးအပ်ပြီး အသင်း၏ လုပ်ဆောင်ချက်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ပေးဆပ်မှုများတို့အား လိုက်လံရှင်းလင်း ပြသခဲ့သည်။ ယင်းနောက် အရေးပေါ် မီးဘေးကာကွယ်ရေးအတွက် အလှူရှင်မှ အရေးပေါ် လာရောက် လှူဒါန်းသော အရေးပေါ်မီးသတ်ဘူးများအား နိဗ္ဗာန်ယာဉ်များပေါ်တွင် အရေးပေါ် တပ်ဆင်မှုများကို ပြုလုပ်ခဲ့ပါသည်။


ပြည်သူလူထုအတွက် လူမှုရေးလုပ်ငန်းများအား အချိန်ပြည့် ဆောင်ရွက်ပေးနေသော ကိုကျော်သူ အား လေးစား ဂုဏ်ယူစွာဖြင့် မြတ်လေးငုံ မှ မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြ လိုက်ပါသည်.။ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးအထူး တင်ရှိပါသည်.။



မြဝတီ-မဲဆောက် (ထိုင်း-မြန်မာ) နယ်စပ်ချစ်ကြည်ရေး နယ်စပ် ကူးတံတားပိတ်

ံ မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အဓိက ဆက်သွယ်ထားသည့် ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားဂိတ်ကို မြန်မာဘက်က ပိတ်ပင်ထားသည်။

ထိုင်းအာဏာပိုင်က မဲဆောက်ဘက်ရှိ သောင်းရင်းမြစ်ကမ်းရိုးအား ရေတိုက်စားမှုတားဆီးနိုင်ရန် ကာရံထားသည် ကို မြန်မာအာဏာပိုင်က လက်မခံသဖြင့် ချစ်ကြည်ရေးတံတားကို ပိတ်လိုက်ခြင်းဖြစ် သည်ဟု သိရှိပါသည်.။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးသက်နိုင်ဝင်း ရောက်ရှိနေပြီး မြို့တွင်းလုံခြုံရေးကိုပိုမိုထူထပ်စွာချထားသည်။ချစ်ကြည်ရေးတံတားမှကားများကိုပိတ်ထားသလို့ထူးဆန်းစွာလူ
သွားလမ်းတွေကိုလည်းပိတ်ထားခဲ့ပြီ.။ဂိတ်ပေါက်ဝတိုင်းပိတ်ထားသည့်ဟုလည်းသိရပါသည်.။

မြန်မာအာဏာပိုင်ဘက်မှ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပိတ်သည့်အပြင် ဖားအံ-မြ၀တီ ပြေးဆွဲနေသည့် ကားများကိုလည်း ပိတ်ထားသည်ဟုသိရရှိပါသည်။ထိုင်းမြန်မာနှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်အား မြန်မာအာဏာပိုင်ဖက်က ဖောက်ဖျက်သည်ဟု စွပ်စွဲကာ ထိုင်းနယ်စပ်တာဝန်ရှိသူများက တားဆီးသည့်အတွက် မြန်မာဖက်မှ ပိတ်လိုက်သည်ဟု သိရပါသည်.။

ထိုင်းနဲ့ မြန်မာ no men (ကန့်သတ်လမ်း) ဆိုတာရှိတယ်။ အဲဒီနေရာမှာက ဘယ်သူမှဘာမှကို မ ဆောက်ရဘူး။ အဲတာ မြန်မာကနေလာပြီးတော့ ကွန်ကရစ်လောင်းတယ် အဲဒီလမ်းကို။ အဲတာကို ထိုင်း က သွားတားတယ်။ နှစ်နိုင်ငံနယ်နိမိတ် မသတ်မှတ်ရသေးဘူး။ ကွန်ကရစ်လောင်းလို့မရဖူးဆိုပြီး သွား တားတယ်။ အဲတာ မြန်မာက မကျေနပ်လို့ ပိတ်ချလိုက်တယ်။

ယခုလိုတံတားတွေပိတ်လိုက်ခြင်းဟာ ကူးသန်းသွားလာရေးအတွက်တော်တော်ပြသနာရှိလာတာပါ.။အရောင်း
အဝယ် သမားများလည်းတော်တော် စိတ်သောကရောက်နေတယ်လို့ လည်းသိရှိရပါတယ်.။မြဝတီ-မဲဆောက် ကားသမားများ၊မြဝတီ မှ မဲဆောက်သို့နေ့စဉ် ဈေးရောင်းဈေးဝယ်များလည်း တော်တော်လေးကို ဒုက္ခတွေ့
နေကြရသည်ဟုသိရှိရပါသည်.။
မည့်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ကိုတော့ မသိရှိရသေးပါ.။


ယခုလို ထိုင်းနှင့်မြန်မာနှစ်နိုင်ငံ နယ်စပ် ပြဿနာဖြစ်ပေါ်သည့် အခါတိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်း များကို ပိတ်ပင်လေ့ရှိသည်ဟု လည်းသိရပါသည်.။

ဗိုလ်ချုပ်သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့် မပြုသင့်...



ဗိုလ်ချုပ်သားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့်သလား... ဆိုတဲ့ ခေါင်းစဉ်နဲ့ VOA မှာ စိတ်ဝင်စားဖွယ် အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးထားတာကို နားထောင်လိုက်ရပါတယ်။

Get this widget | Track details | eSnips Social DNA


ဗိုလ်ချုပ်သားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့်သလား VOA အသံဖိုင်...


ဗိုလ်ချုပ်သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်ခွင့် ပြုသင့်သလားဆိုတာ နဲ့ပတ်သတ်ပြီး ကျွန်တော့် အမြင်ကိုတော့ ရေးသားလိုက်ပါတယ်။ ဗိုလ်ချုပ်သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်ပြီးရင် ပထမအချက်က ဒီပညာသင်ပြီးတဲ့ ဗိုလ်ချုပ်သားသမီးတွေဟာ မြန်မာပြည်မှာ မိမိတတ်တဲ့ အတတ်ပညာနဲ့ တိုင်းပြည်အကျိုးအတွက် ပြည်တွင်းက ဝန်ကြီးဋ္ဌာနတွေမှာ နိမ့်ကျတဲ့ လုပ်ခလစာတွေနဲ့ ဝင်ရောက်လုပ်ကိုင် မယ်လို့ ထင်ပါသလား။ စဉ်းစားကြည့်ကြပါ... အဓိကအချက်ကတော့ ငွေဂုဏ်ရှိတဲ့ သူကပညာဂုဏ်ကို လိုချင်သလို.... ပညာဂုဏ်ရှိတဲ့သူကလည်း ငွေဂုဏ်ကို လိုချင်ကြပါတယ်။ မြန်မာပြည်က ဗိုလ်ချုပ်သားသမီးတွေ ပညာသင်တာကတော့ အဓိကဂုဏ်ရှိဖို့ပါပဲ.. ငါ့မှာရှိတဲ့ပညာ တတ်တဲ့ပညာနဲ့ တိုင်းပြည်အကျိုးကို ဆောင်ရွက်မယ် ဆိုတာအထူးနည်းပါတယ်..။ မြန်မာပြည်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်သားသမီးတွေ အဓိက ဝင်ရောက် အလုပ်လုပ်ကိုင်လိုတဲ့ ဝန်ကြီးဋ္ဌာနကတော့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှာပါ....။ သေချာစုံစမ်းကြည့်ရင် သိနိုင်ပါတယ်... ။ နောက်တစ်ခုက သင်ယူခဲ့တဲ့ ပညာတွေဟာ အဓိကကတော့ မိဘတွေဂုဏ်ရှိဖို့နဲ့ မိမိအတွက်ဂုဏ်ရှိဖို့ပါပဲ.. နောက်လက်ထပ် မင်္ဂလာဖိတ်စာတွေမှာ နောက်က နိုင်ငံခြားပြန်ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်း နှစ်ကြောင်းအတွက်ပါ။

အခုဗိုလ်မှုးချုပ်ဇင်ယော် သမီးသြစတြေးလျား မှာ ပညာသင်ခွင့်မရတဲ့ အတွက်ကြောင့် သူတို့မိသားစု ဘဝပျက်မသွားပါဘူး... ပညာဆက်မသင်နိုင်တာလည်း မဟုတ်ပါဘူး။ ဆင်ပိန် ကျွဲလောက်ပါ.. ပါးပါးလေးပါ.. တခြားလက်ခံတဲ့ နိုင်ငံတွေမှာ (ဥပမာ စင်ကာပူလိုနိုင်ငံတွေမှာ) ကျောင်းပြန် တက်နိုင်ပါသေးတယ်...။ အဓိက ကျွန်တော်တို့ ပြည်တွင်းက ပညာရေးစံနစ်ကို တစ်ချက်လောက် လေ့လာကြည့်ပါ... အရင်ကအာရှရဲ့ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ဟာအခုဘယ်အခြေအနေ ရောက်သွားပါပြီလဲ ပညာရေးအဆင့်အတန်းရဲ့ အခြေအနေကို အားလုံးအသိပါပဲ...။

ဒီဗိုလ်ချုပ်သမီး ပညာဆက်မသင်နိုင်တဲ့ အတွက်စာနာ သနားကြတယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းမှာ ဖြစ်ပေါ်လာတဲ့ ကျောင်းသားအရေးအခင်းတွေ လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ သေဆုံး ပျောက်ဆုံးသွားတဲ့ ကျောင်းသားတွေ ၊ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ... ဘဝတွေပျက်သွားရတဲ့ ကျောင်းသားတွေ တော်လှန်ရေးနယ်မြေတွေမှာ ပညာတစ်ပိုင်းတစ်စနဲ့ လက်နက်ကိုင်နေရတဲ့ ဘဝတွေပေးဆပ်နိုင် နေရတဲ့ ကျောင်းသားတွေ အတွက်ကော ဂရုဏာ မသက်မိတော့ဘူးလားဗျာ...။ ကျွန်တော်တို့တွေကို မွေးထုတ်လိုက်တဲ့ မိဘတိုင်း မိဘတိုင်း ကိုယ့်သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်ကြတာပါပဲ...။



ဗိုလ်ချုပ်သားသမီးတွေ ပြည်တွင်းမှာ ပညာမသင်ပဲ ပြည်ပမှာ ကျောင်းတက်နေပါတယ် ဆိုကတည်းက ဒီတိုင်းပြည်ရဲ့ ခေါင်းဆောင်ပါဆိုတဲ့ ဒီဗိုလ်ချုပ်တွေဟာ သူတို့အုပ်ချုပ်ဆောင်ရွက်နေတဲ့ ပညာရေးစံနစ်ကို သူတို့ကိုယ်တိုင် ယုံကြည်မှုမရှိလို့ပါပဲ...။ တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ် လူငယ်တွေရဲ့ ပညာရေးစံနစ်ကို မိမိအာဏာတည်မြဲရေးအတွက် စံနစ်တကျ ဖျက်ဆီးပြစ်လိုက်တာလည်း အားလုံးအသိပါပဲ..။ တက္ကသိုလ်ကျောင်းတွေကို လူသူမနီး မြို့စွန်မြို့ဖျားတွေ ပို့ပြစ်တာတစ်ခုတည်းနဲ့တင် စဉ်းစားကြည့်လို့ရပါတယ်။ ဒီလိုရည်ရွယ်ချက် ရှိရှိနဲ့ ဖျက်ဆီးထားတဲ့ တက္ကသိုလ်.. ကောလိပ်တွေမှာ ဗိုလ်ချုပ်တွေက သူတို့ရဲ့ သားသမီးတွေကို ပညာသင်စေချင်မလားဗျာ..။ အဲ့ဒီတော့ မသမာနည်းနဲ့ ရတဲ့ဥစ္စာ ပစ္စည်းတွေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို နိုင်ငံခြားမှာ ငွေကုန်ခံပြီး ကျောင်းတက်စေတာပါပဲ။

နိုင်ငံသားတိုင်း တန်းတူတူညီမျှတဲ့ အခွင့်အရေးကို ရသင့်ပါတယ်။ ကျွန်တော်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံမှာဆိုလည်း စစ်တပ်ကလွှတ်လိုက်တဲ့ ပညာတော်သင်တွေ အများအပြားပါ လွန်ခဲ့တဲ့ နှစ်များက စစ်တပ်က စစ်ဆရာဝန်တစ်ယောက်ဆိုရင် သူကိုယ်တိုင် ဖွင့်ဟပြောဆို သွားတာကတော့ သူဒီကိုရောက်ရှိလာတာ ရိုးရိုးအရပ်သား ဆရာဝန်ပုံစံနဲ့ ကိုယ်ရေးရာဇဝင်ကို ဖြည့်ပြီး မြန်မာအစိုးရမှ ဂျပန်အစိုးရရဲ့ ပညာတော်သင်အဖြစ် ရောက်ရှိလာတာဖြစ်ကြောင်း ပြောဆိုတာ နားနဲဆတ်ဆတ် ကြားသိခဲ့ဘူးပါတယ်။ အခုလည်း ဒီဗိုလ်မှုးချုပ်ဇင်ယော်ရဲ့ သမီးဖြစ်သူဟာလည်း.. အချက်အလက်အတုတွေနဲ့ ရောက်ရှိလာတာပါ။

ကျွန်တော်တို့ ပြည်တွင်းက သာမာန်ပြည်သူတွေရဲ့ သားသမီးတွေရဲ့ ပညာသင်ကြားနေရတဲ့ အခြေအနေနဲ့ ပညာရေးအဆင့်အတန်းကတော့ အားလုံးသိပြီးတဲ့ အတိုင်းပါပဲ....။ ဒီအထဲကမှ နိုင်ငံရေးနိုးကြားတက်ကြွတဲ့ ကျောင်သားလူငယ်တွေ မိမိရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် ကျောင်းတွေက အထုတ်ခံရ... နှစ်ရှည်ထောင်တွေ အကျခံနေရတာ မရေမတွက်နိုင်အောင်ပါပဲ....။ ဒီလိုပိတ်ပင်ခံရ အဖမ်းအဆီးခံရတဲ့ သာမာန်ပြည်သူတွေရဲ့ ကျောင်းသားမိဘတွေ နေရာကနေ ကိုယ်ချင်းစာကြည့်ကြပါ။



သားသမီး ပညာရေးအတွက် ရှိစုမယ့်စု ငွေလေးတွေနဲ့ ကျောင်းထားရတာပါ... အဲ့လိုအခြေအနေမှာ ကျောင်းထုတ်ခံရ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရရင် သားသမီးတွေ အပေါ်မှာ ရည်မှန်းချက်ထားတဲ့ မိဘတွေ ရင်မှာ ဘယ်လိုရှိမလဲဗျာ..။ အခုသြစတြေးလျက ပြည်နှင်ဒဏ်ခံရတဲ့ ဗိုလ်ချုပ်သမီးနဲ့ နှိုင်းယှဉ်ကြည့်ပါ... သြစတြေးလျအစိုးရက ထောင်ထဲထည့်ထားတာ မဟုတ်ပါဘူး .... သူတစ်ပါးပိုက်ဆံ ချေးငှားပြီး.. ကျောင်းလာတက်ရတဲ့ သူလည်းမဟုတ်.. သြစတြေးလျ ပြန်သွားရင်လည်း ကျောင်းပြန် မတက်နိုင်.... မိဘတွေကလည်း ဘဝပျက်ရတဲ့ အခြေအနေ မဟုတ်ပါဘူး... ။

ကျောင်းပြီးရင် သြစတြေးလျမှာ အလုပ်လုပ်မယ် ဆိုတဲ့ရည်မှန်းချက် ပျက်သွားတဲ့ အခြေအနေပဲ ရှိချင်ရှိမှာပါ။ ဗိုလ်ချုပ်သမီး နိုင်ငံခြားမှာ ကျောင်းဆက်တက်ခွင့် မရတာကို မဖြစ်သင့် မလုပ်သင့်ဘူးလို့ ပြောဆိုနေတာထက် ပြည်တွင်းက ကျောင်းစာသင်ရမယ့်အချိန်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ .. စီးပွားရေးအခက်အခဲကြောင့် ကျောင်းဆက်မတက်နိုင်တဲ့ ကျောင်းသားတွေ.. ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရ၊ သေဆုံးရတဲ့ ကျောင်းသားတွေရဲ့ အဖြစ်အပျက်တွေ ရပ်တန့်သွားအောင် ဘယ်လိုလုပ်ဆောင်ဖို့ လိုတယ် ဆိုတာက ပိုအရေးကြီးပါတယ်။ ဘ၀င်မကျတဲ့ သူတွေအတွက် မေးချင်တာကတော့ ဒီဗိုလ်ချုပ်သားသမီးတွေ တတ်လာတဲ့ ပညာနဲ့ တကယ်ကော တိုင်းပြည်အကျိုးကို ဆောင်ရွက်ပါ့မလား ဆိုတာပါပဲ..

ဆိုလိုတာက ကျွန်တော်တို့တိုင်းပြည်မှာ စစ်မှန်တဲ့ စံနစ်တစ်ခုအောက်မှာ ပညာရေးကို အထူးအားပေးတဲ့ အစိုးရတစ်ရပ် မပေါ်ပေါက်သရွေ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်အတွက်ရင်လေးစရာပါ။ နိုင်ငံခြားမှာ ပညာသွားသင်တဲ့ သူတွေလည်း တတ်ထားတဲ့ ပညာနဲ့ မိမိတိုင်းပြည်မှာ ရတဲ့လစာနဲ့က အင်မတန်မှ အလှမ်းဝေးနေပါတယ်။ အဲဒီအတွက် ပညာကိုအသိအမှတ်ပြုတဲ့ ပညာတတ်ကို အသိအမှတ်ပြုတဲ့ စံနစ်တစ်ခုနဲ့ အစိုးရတစ်ရပ် အမြန်ပေါ်ပေါက်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

DMWY

09 July 2010

မြန်မာပြည်သူလူထုတွေရော ကမ္ဘာ့ပြည်သူတွေကပါ လေးစားချစ်မြတ်နိုးရတဲ့ ကျမတို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်။


ဗြိတိသျှ နိုင်ငံခြားရေးရုံး ၀န်ကြီး ဂျယ်ရ်မီ ဘရောင်း ကနေ စာမျက်နှာ စုစုပေါင်း (၁၂၀) ပါရှိတဲ့ မွေးနေ့ ဆုတောင်းလွှာများကို မြန်မာနိုင်ငံရှိ ဗြိတိသျှ သံအမတ်ကြီးထံ ယနေ့ တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒီစာမျက်နှာ စုစုပေါင်း (၁၂၀) ပြည့်လောက်အောင် ရရှိခဲ့တဲ့ မွေးနေ့ ဆုတောင်းမှုပေါင်းက (၆၅၀) ကျော်ပါတယ်လို့  သိရှိရပါတယ်။ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူလူထုတစ်ရပ်လုံးကသာမက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့  အထင်ကရ ခေါင်းဆောင်များ၊ ကမ္ဘာ့ပြည်သူပေါင်း မြောက်မြားစွာကပါ လေးစားချစ်မြတ်နိုးကြကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ အတွက် နှစ်စဉ်နှစ်တိုင်း ဆုတောင်းပေးမှုတွေက သက်သေပြနေပါတယ်။



ဒီလို မွေးနေ့ ဆုတောင်းပေါင်း (၆၅၀) ကျော် ရရှိတာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ မွေးနေ့ ဆုတောင်းမှုတွေ ပြုလုပ်ကြတဲ့အထဲက တစ်ခုဖြစ်တဲ့ ဗြိတိသျှနိုင်ငံခြားရေးရုံးရဲ့  မြန်မာပြည်ဆိုင်ရာ ဖေ့စ်ဘွတ် (British Foreign Office News on Burma’s facebook) မှာ ကျန်ခဲ့တဲ့ ဇွန်လ (၁၉) ရက်နေ့ မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ အတွက် ဆုတောင်းပေးကြဖို့  ဖိတ်ခေါ်ခဲ့ရာကနေ စုဆောင်းရရှိခဲ့တာ ဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ရဲ့  ချီးကျူးထိုက်တဲ့ ဥာဏ်ပညာအရည်အချင်း၊ လေးစားလောက်တဲ့ တိုင်းပြည်နဲ့  လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ စံပြလောက်တဲ့ တရားမျှတမှု၊ မြတ်နိုးဖွယ်ကောင်းတဲ့ ရိုးသားဖြောင့်မတ်မှု ၊ တည်ကြည်ခန့် ခြားတဲ့ ခေါင်းဆောင်ဥပဓိရုပ်အသွင်၊ ခိုင်ခံတည်မြဲတဲ့ ဇွဲလုံ့ လ၊ ပြည့်စုံကြွယ်ဝတဲ့ ခေါင်းဆောင်အရည်အချင်း ပီသမှု အစရှိတဲ့ ဂုဏ်အင်္ဂါမြတ်တွေနဲ့  ပြည့်ဝနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးကောင်းကို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ လူပုဂ္ဂုလ်အသီးသီးက သူတို့ ရဲ့  ရင်ထဲကနေ လှိုက်လှုက်လှဲလှဲ ထွက်ပေါ်လာတဲ့ မွေးနေ့ ဆုတောင်းတစ်ခုခြင်းစီတိုင်းကို ဖတ်ကြည့်မယ်ဆိုရင် အနှစ်သာရ အပြည့်အ၀နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးလေးစားမှုတွေ အတိုင်းအတာမဖေါ်ပြနိုင်လောက်အောင် များပြားတာ မြန်မာပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အင်မတန် ၀မ်းမြောက်ဖွယ် ဂုဏ်ယူဖွယ် ဖြစ်ပါတယ်။


မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အတွက် နှစ်စဉ်နှစ်တိုင်း ဆုတောင်းပေးကြတဲ့ မွေးနေ့ ဆုတောင်းတွေ၊ နေ့ စဉ်နေ့ တိုင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ချမ်းသာပါစေလို့  ဆုတောင်းပေးကြမှုတွေဟာ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာအသီးသီးက ဆုတောင်းမှုတွေ အကြိမ်ပေါင်း သန်းပေါင်းမြောက်မြားစွာ ရှိကြမှာ ဧကန်အမှန်ပင် ဖြစ်ပါတယ်။

ဗီယက်နမ်က ဘဏ်လုပ်ငန်း BIDV (Bank For Investment and Development of Vietnam) မြန်မာနိုင်ငံမှာဘဏ်ဖွင့်ဖို့စိတ်ဝင်စားပြီးကိုယ်စားလှယ်ရုံးခွဲ လာဖွင့်

ဗီယက်နမ်က ဘဏ်လုပ်ငန်း BIDV (Bank For Investment and Development of Vietnam) က မြန်မာနိုင်ငံမှာ ဘဏ်ဖွင့်ဖို့ စိတ်ဝင်စားပြီး လက်ရှိမှာ ကိုယ်စားလှယ်ရုံးခွဲ လာဖွင့်ထားတာ တွေ့ရတယ်။ ဘီအိုင်ဒီဗီက ကိုယ်စားလှယ်ချုပ်က Mr.Vuong Thanh Long က “ကျွန်တော့တို့ မြန်မာနိုင်ငံမှာ ဘဏ်ဖွင့် ချင်ပါတယ်၊ လုပ်ငန်းဘယ်တော့စမလဲ ဆိုတာ သက်ဆိုင်ရာရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်၊ BIDV က ဗီယက်နမ် အစိုးရရဲ့ အကြီးဆုံးဘဏ်ဖြစ်တယ်၊ နှစ်နိုင်ငံကြားမှာ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနဲ့ ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ရည်ရွယ်တယ် ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗီယက်နမ် ရင်းနှီးမြှပ်နှံသူများအဖွဲ့ AVIM (Association For Vietnamese Investors into Myanmar) မှာ ဘီအိုင်ဒီဗီက ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဘီအိုင်ဒီဗီအနေနဲ့ သည်မှာ ဘဏ်ဖွင့်ခွင့်ရရင် ငွေပေးငွေယူ လုပ်ငန်းတွေ၊ အပ်နှံငွေ လက်ခံတာ၊ ငွေချေးတာအပြင် အခြားလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ သိရတယ်။ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်တွေမှာ ကွာခြားမှု အနည်းငယ်ရှိတယ်လို့ ဆိုတယ်။ ဘီအိုင်ဒီဗီက ဘဏ်အတွေ့အကြုံ နှစ် ၅၀ ကျော်ရှိပြီး ဝန်ထမ်း တစ်သောင်းခွဲနဲ့ ဘဏ်ခွဲပေါင်း ၁၁၀ ကျော် ရှိတယ်လို့ သိရတယ်။

Mr.Vuong Thanh Long က ဘီအိုင်ဒီဗီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံနဲ့ လုပ်ငန်း လည်ပတ်နေပြီး အခြားအဖွဲ့အစည်းတွေ ဖြစ်တဲ့ BVIM ( BIDV Vietnam-Partner Investment Management Company) နဲ့ စီမံခန့်ခွဲမှု ဖက်စပ်လုပ်ငန်း၊ VID ပုဂ္ဂလိကဘဏ်၊ လာအို - ဗီယက်နမ် ဖက်စပ်ဘဏ် (LVB)၊ ဗီယက်နမ် - ရုရှားဘဏ် (VRB)နဲ့ BIDV အထပ်မြင့် အဆောက်အအုံ ဖက်စပ် လုပ်ငန်းတွေ လုပ်ကိုင်နေတယ်။ ကမ္ဘောဒီးယား ဘဏ်တစ်ခုကို ရင်းနှီးမြှပ်နှံမှု ဘဏ်အဖြစ် (BIDC)ဖွဲ့စည်း ထားတယ်လို့ ပြောပါတယ်။ ဘီအိုင်ဒီဗီက မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ဖက်စပ်လုပ်ကိုင်ပြီး ငွေကြေးဈေးကွက်မှာ ခေတ်မီတဲ့ နည်းစနစ်တွေနဲ့ လုပ်ကိုင်မယ်လို့ ဆိုတယ်။ BIDV က မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမယ့် တခြားဗီယက်နမ် လုပ်ငန်းရှင်တွေ ကိုလည်း ချိတ်ဆက်ပေးမယ်လို့ ဆိုခဲ့ကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

လုပ်ငန်းလိုင်စင် မရှိရင် ဒဏ်ငွေ ဆယ်ဆ ပေးဆောင်ရမည်ဟု မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက ကြေညာချက်ထုတ်ပြန်

မန္တလေးမြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းမျိုးစုံ အနေနဲ့ လုပ်ငန်းလိုင်စင် မပြနိုင်တာ၊ လုပ်ငန်းလိုင်စင် လျှောက်ထားထားတဲ့ အထောက်အထား မပြနိုင်တာတွေကို စစ်ဆေး တွေ့ရှိပါက လိုင်စင် သတ်မှတ်နှုန်းရဲ့ ဆယ်ဆကို ဒဏ်ကြေး ပေးဆောင်ရမယ်လို့ မန္တလေးမြို့၊ စည်ပင်သာယာရေး ကော်မတီက ကြေညာချက်ကို ယနေ့ ထုတ်ပြန်ပါတယ်။ စီးပွားရေး လုပ်ငန်းမျိုးစုံကို ယခုနှစ်မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး လိုင်စင် လျှောက်လွှာ ဝယ်ယူရန်နဲ့ ဧပြီလ ၁ ရက်ကစတင်ပြီး လိုင်စင်မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ လိုင်စင် လျှောက်ထားခြင်း မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ကြေးငွေ သုံးဆအပြင် စည်ပင်သာယာ တည်ဆဲ ဥပဒေတွေအရ ထိရောက်စွာ အရေးယူမယ်လို့ ယခင်နှစ် လပိုင်းထုတ် မန္တလေး နေ့စဉ်သတင်းစာတွေမှာ အသိပေး ခဲ့တယ်လို့ အဲသည်ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲသည်လို အသိပေးခဲ့ပေမဲ့ လုပ်ငန်းရှင် အချို့ဟာ မသိနားမလည်ခြင်း၊ ရှောင်လွှဲလိုပြီး လိုင်စင် မယူခြင်းတွေ ရှိနေသေးတာကြောင့် ယခုလို ထပ်မံပြီး အသိပေး ကြေညာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ငန်း လိုင်စင်အတွက် စည်ပင်သာယာကို ပေးဆောင်ရမယ့် အခွန်ဟာ လုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားတယ်လို့ သိရကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံစာပေစိစစ်ရေးဆင်ဆာဌာန ခွဲခြားဆက်ဆံဟု မင်းသမီး ဆုရွှန်းလဲ့ပြော

စာပေစိစစ်ရေးအနေဖြင့် ဆင်ဆာဖြတ်ရာတွင်ပင် ခွဲခြားမှုများရှိနေကြောင်း လုံခြုံအောင် ဝတ်စားထားခြင်းမရှိသော ဓာတ်ပုံတခုကြောင့် စာစောင်ထုတ်ဝေမှု တပတ်ရပ်နားခံမှု ဖြစ်ပွားခဲ့ပြီးနောက် ရုပ်ရှင်သရုပ်ဆောင် ဆုရွန်းလဲ့က တုံ့ပြန်ပြောဆိုလိုက်သည်။

ကြာသာပတေးနေ့ အပတ်စဉ်ထုတ် အင်ဗွိုင်းဂျာနယ်အတွင်းပိုင်း၌ ဆုရွှန်းလဲ့၏ အင်တာဗျူးကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားရာတွင် သရုပ်ဆောင်မှာ စကပ်ဝတ်ထားသဖြင့် ပေါင်ပေါ်နေသည်ကို စာပေစိစစ်ရေးက ” မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီ” ဟုဆိုကာ အပြစ်ပေးသောအနေဖြင့် ဂျာနယ်ကို နောက်တပတ်ရပ်နားရန် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးဌာနက ညွှန်ကြားခဲ့သည်။



ဒူးပေါ်လို့ တပတ်နား

ကာသာပတေးနေ့ အပတ်စဉ်ထုတ် Envoy အင်ဗွိုင်းဂျာနယ်တွင်ပါရှိသော သရုပ်ဆောင် ဆုရွှန်းလဲ့ပုံမှာ လုံခြုံစွာ ဝတ်စားထားခြင်း မရှိဟုဆိုပြီး ပြန်ကြာရေး ဝန်ကြီးဌာန စာပေစိစစ်ရေးက အပြစ်ပေးသော အနေဖြင့် လာမည့် သီတင်းပတ်ထုတ်ဝေတွင် ထုတ်ဝေခြင်းမပြုဘဲ ရပ်နားရရန် ညွှန်ကြားလိုက်သည်။


“ဒီလိုမျိုးလေးလောက်ကို ပေါ်လည်း မပေါ်ဘဲနဲ့ ပိတ်တယ် ဆိုရင်တော့ သူတို့ လူကြီးတွေ မျက်စိရှန်း လို့ပဲ ဖြစ်တယ်။ သူများတွေ ပေါင်လောက်တောင် ရိုက်နေကြတဲ့ကိစ္စ။ တချို့တွေ ဖင်အုပ်ရုံလောက် ဖော်ပြီးတော့ ရိုက်ထားတဲ့ ဂျာနယ်တွေလည်း ရှိတာဘဲ။ အဲဒါကြတော့ ဘာလို့ ဆင်ဆာပေးကြလဲ။” ဟု ဆုရွှန်းလဲ့က မဇ္ဈိမကို ပြောသည်။

အလားတူပင် ယခု ၅ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ် မျက်နှာဖုံးတွင်လည်း အိန္ဒြာကျော်ဇင်နှင့် ဝတ်မှုန်ရွှေရည်တို့၏ စကပ်တိုဖြင့် ရိုက်ထားသော ဓာတ်ပုံများ ဖော်ပြခဲ့သဖြင့် ထုတ်ဝေခွင့် တပတ်ပိတ်လိုက်ကြောင်း ပြည်တွင်းအယ်ဒီတာ တဦးက ပြောသည်။ဂျာနယ်နှစ်စောင်လုံးမှ ဓာတ်ပုံများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကြောင်း စာပေစိစစ်ရေးက ပြောသည်ဟု သူက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် စာပေစိစစ်ဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက အနုပညာ မဂ္ဂဇင်းထုတ်ဝေသူ ၃ဝ ဦးခန့်ကို သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်မှု ဓာတ်ပုံနှင့် ပတ်သက်၍ ခေါ်ယူသတိပေးခဲ့သေးကြောင်း အစည်းအဝေး တက်ရောက်သူ အယ်ဒီတာတဦးက ပြောသည်။

“ဂျာနယ်တွေ ဖြစ်သွားတဲ့ကိစ္စမှာ မဂ္ဂဇင်းတွေ အနေနဲ့လည်း အမျိုးသမီးပုံတွေကို အဲဒီလိုမဖြစ်ဖို့။ ဖြစ်ခဲ့ရင် ခွင့်လွှတ်မှာ မဟုတ်ဘူး။ တခါတည်း ပိတ်မယ်။ ဒါမှမဟုတ် တလ၊ နှစ်လနားဖို့ အရေးယူမယ်လို့ ညွန်ကြားရေးမှူးက ပြောတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။ အဆိုပါ ပိတ်ခံရသည့် ဂျာနယ်တိုက်များသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ရှိများက ဖြေဆိုခွင့် မရှိဟုဆိုကာ ငြင်းဆိုခဲ့သည်။

ယခင်က အနုပညာမဂ္ဂဇင်းများတွင် လုံလုံခြုံခြုံ မရှိသော ဓါတ်ပုံများကို ဖော်ပြပါက ခေါ်ယူသတိပေးလက်မှတ် ထိုးခိုင်းခဲ့သော်လည်း ဂျာနယ်ပိတ်သည့်အထိ အရေးယူခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။ထုတ်ဝေခွင့် ရပ်နားလိုက်ရသဖြင့် ဂျာနယ်ပုံနှိပ်ခအတွက် မကုန်သော်လည်း တပတ်အတွင်း ကြော်ငြာ ဝင်ငွေများ ဆုံးရှုံးသွားဖွယ်ရှိသည်။

ရင်းမြစ်..မဇ္ဈိမ

မြန်မာပြည်တွင်းညဘက်မောင်း အငှား ယာဉ်မောင်းများ လုယက်ခံရသည့် ဖြစ်စဉ်များ အပြင် အသတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားလာ

ညဘက်မောင်းသည့် အငှားယာဉ်မောင်းများ လုယက်ခံရသည့် ဖြစ်စဉ်များနှင့် အကြောင်းအမျိုးမျိုး ကြောင့် အသတ်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားလာကြောင်း သိရှိရသည်။


တက္ကစီယာဉ်မောင်းများ လုယက်ခံရသည့် ဖြစ်စဉ်အများစုမှာ ငွေနှင့် မိမိကိုယ်တွင် ၀တ်ဆင်ထားသော ရွှေထည်ပစ္စည်းများ ဖြစ်ပြီး လုယက်ခံရ သည့် ဖြစ်စဉ်အချို့ကိုလည်း သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အသတ်ခံရသည့်ဖြစ်စဉ်များမှာ ကားငှားစီးသည့်ခရီးသည်မှ ညပိုင်းတွင် လူပြတ်လပ်သည့် နေရာအရောက်၌ အများဆုံးဖြစ်ပွားကြောင်း သိရသည်။


ဇွန်လ ၆ ရက်နေ့ ည ၉ နာရီခွဲ အချိန်ဝန်းကျင်တွင် ဒဂုံတောင်မြို့ နယ်၊ ၂၆ ရပ်ကွက် အမှတ် ၂လမ်းမ ကြီး၊ တံတားဖြူကားမှတ်တိုင် အနီး စေတနာဝါးဓနိ အရောင်းဆိုင်ရှေ့၌ ညဘက်အငှားယာဉ်မောင်း ဦးလှဝင်း အား အရိုးအသွား နှစ်ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓား နှစ်ချောင်း၊ အရှည်သုံးပေခန့် ၊ လုံးပတ်သုံးမတ်ရှိ သံတုတ်တစ်ချောင်းတို့ဖြင့် ၀ိုင်းဝန်း ခုတ်ရိုက်သတ်ခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တရားခံ လေးဦးအား အခင်းဖြစ်ပြီး နှစ်ရက်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ပြီး ဒဂုံတောင်ရဲစခန်းက (ပ) ၇၀၃၊ ၁၀ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ညဘက် ကားဆွဲရတာ မနက်ပိုင်း ကားမောင်းရတာထက် မမျှော်လင့်တဲ့ အန္တရာယ်တွေ ပိုဖြစ်နိုင်တယ်။ ဒီလိုအန္တရာယ်တွေ ဖြစ်မလာဖို့ ညပိုင်း ကားမောင်းပြီဆိုရင် ကျွန်တော်ရဲ့ အမျိုးသမီးကို အဖော်ခေါ်သွားတယ်။ တကယ်လို့ မအားရင် ကျွန်တော့် ညီကို ခေါ်ပြီး မောင်းပါတယ်။ လူပြတ်လပ်တဲ့နေရာတွေကို ငှားပြီဆိုရင် သူ့ရဲ့အနေအထားကို ကြည့်ပြီးတော့ လိုက်ပါတယ်..


အလားတူ ဇွန်လ ၁၇ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် ဧရာဝဏ်လမ်းနှင့် သပြေရိပ် လမ်းထောင့်တွင် အငှားယာဉ်မောင်း ကိုတင်လှိုင်အား စီးနင်းလိုက်ပါလာသူ နှစ်ဦးကဓားဖြင့် ထိုးသတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တရားခံနှစ်ဦးကိုလည်း ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့၌ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


တရားခံအား စစ်ဆေးရာတွင် ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီ အချိန်တွင် တရားခံဖြစ်သူ . . .က ငွေလိုနေ၍ လုရန်ပြောသဖြင့် . . .၊ . . . . နှင့် . . . တို့သုံးဦးသည် ဈေးကားဖြင့် မင်္ဂလာဈေးသို့ ကားစီးလာကြောင်း၊ မင်္ဂလာဈေးမှတွေ့ရာ ကားတစ်စီးကိုလှမ်းတားရာ အဆိုပါ ကားမှာရပ်ပေးသဖြင့် သာကေတ စက်မှုဇုန်သို့ ကျပ် ၂၅၀၀ဖြင့်လိုက်ခဲ့ကြောင်း၊ လမ်းတွင်ကားသမားမှ ဆေးလိပ်တစ်ယောက် တစ်လိပ် တိုက်သဖြင့် . . . . က ဆင်း၍ မီးညှိပြီး ကားသမား၏နောက်၌ နေရာယူကာ ကားမှာ ဆက်မောင်းလာပြီး ကားမှာ သပြေလမ်းအတွင်း မှ ၀င်ရောက်ပြီး အမှောင်ထဲသို့ ရောက်သောအခါ ကားသမားက ကားကို ရပ်လိုက်သဖြင့် . . . .က ကားသမားအား နောက်မှဓားဖြင့် ထိုးလိုက်ကြောင်း ကားသမားမှမလုပ်ပါနဲ့ဟု ပြောစဉ် ၄င်းမှ ကားပေါ်မှဆင်းကာ ကားရှေ့တံခါးနားသို့ ကပ်သွားပြီး ကားသမားမှ တံခါးဖွင့် ဆင်းပြေးသည့်အချိန်၌ . . . .က ၄င်းအား ဓားနှင့်ထိုးလိုက်ပြီ ဖြစ်ကြောင်း၊ မင်းလည်းထိုးဟုပြောသဖြင့် ၄င်းမှနောက်ကျောအား တစ်ချက်ထိုးလိုက်ကြောင်း၊ ကားသမားထွက်ပြေးသွား၍ . . . . မှနောက်မှလိုက်ဆွဲကာ ဓားဖြင့် ထိုးကြောင်း၊ ထိုအချိန်တွင် လူသုံးယောက် လမ်းကြားထဲမှ ထွက်လာ၍ . . . .က ကားမီးပိတ်၍ ထွက်ပြေးခဲ့ပြီး ရွှေဧည့်သည်ဂိတ်မှ တစ်ဆင့် တိုးချဲ့လမ်းအတိုင်း ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။ ညဘက်မောင်း တက္ကစီယာဉ် မောင်းတစ်ဦးဖြစ်သူ ကိုစိုးမိုးကလည်း ''ညဘက် ကားဆွဲရတာ မနက်ပိုင်း ကားမောင်းရတာထက် မမျှော်လင့်တဲ့ အန္တရာယ်တွေ ပိုဖြစ်နိုင်တယ်။ ဒီလိုအန္တရာယ်တွေ ဖြစ်မလာဖို့ ညပိုင်း ကားမောင်းပြီဆိုရင် ကျွန်တော်ရဲ့ အမျိုးသမီးကို အဖော်ခေါ်သွားတယ်။ တကယ်လို့ မအားရင် ကျွန်တော့် ညီကို ခေါ်ပြီး မောင်းပါတယ်။ လူပြတ်လပ်တဲ့နေရာတွေကို ငှားပြီဆိုရင် သူ့ရဲ့အနေအထားကို ကြည့်ပြီးတော့ လိုက်ပါတယ်''news-eleven တွင်ဖော်ပြပါရှိပါသည်.။

ရန်ကုန်မြို့တွင်း အနှေးယာဉ်ဆိုက်ကားလိုင်စင်များ ထပ်မံထုတ် မပေးတော့ဟုဆို

အနှေးယာဉ်နှင့် ဂါလီများအားလုံး ရန်ကုန်မြို့တွင်း ၆ မြို့နယ်နှင့် သတ်မှတ်ထားသော မြို့နယ်များသို့ ဝင်ရောက်ခွင့် မရှိတော့ဘဲ မှတ်ပုံတင်ခွင့် အသစ်များ ထပ်မံထုတ်ပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။ အနှေးယာဉ်နှင့် ဂါလီများအားလုံး ရန်ကုန်မြို့တွင်း ၆ မြို့နယ်အပြင် အရှေ့ဘက် ဗိုလ်အောင်ကျော်လမ်း၊ အနောက်ဘက် လမ်းမတော်လမ်း၊ တောင်ဘက် ကုန်သည်လမ်း၊ မြောက်ဘက် ဗိုလ်ချုပ်အောင်ဆန်း လမ်းအကြား မနက် ၅ နာရီမှ ည ၁၀ နာရီအတွင်း ဝင်ရောက်ခြင်း မပြုရ။ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဦးဝိစာရလမ်းနှင့် ကန်ပတ်လမ်း၊ (ကန်တော်ကြီးပတ်လည်) တို့တွင် နေ့ညလုံးဝ ဝင်ရောက်ခြင်း မပြုရကြောင်း သတင်းရရှိသည်။

အနှေးယာဉ် များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ ၂၀၀၃ ခုနှစ်မှ စတင်၍ မြို့တွင်း ၆ မြို့နယ်အတွင်းသို့ အနှေးယာဉ် မဝင်ရဟု ထုတ်ပြန် ထားခဲ့ကြောင်းလည်း သိရသည်။ အနှေးယာဉ်များ အားလုံးသည် သတ်မှတ်ထားသော လမ်းကြောင်းများသို့ ဝင်ရောက်ခြင်း၊ လမ်းပြောင်းပြန် စီးနင်းခြင်း၊ လမ်းလယ်မှ စီးနင်းခြင်း၊ သတ်မှတ်ပေးထားသည် ဝန်ထက် ပို၍ တင်ဆောင်ခြင်း ၊ညအချိန် ရောင်ပြန်မပါဘဲ စီးနင်းခြင်းများကို ပြုလုပ်ပါက စီမံချက် ဒဏ်ငွေ တစ်သောင်းနှင့် ယာဉ်စည်းကမ်း ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ် အတွင်းတွင် စည်းကမ်းမဲ့ အနှေးယာဉ်များကြောင့် ယာဉ်ကြောများ ပိတ်ဆို့မှု ဖြစ်ခြင်းနှင့် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ခြင်းတို့ကြောင့် အနှေးယာဉ်များအား မှတ်ပုံတင်ခြင်းတို့ နှစ်အလိုက် လျှော့ချ၍ တဖြည်းဖြည်း ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။ အနှေးယာဉ်များ မဝင်ရ ဆိုင်းဘုတ်များကိုလည်း အနော်ရထာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်လမ်း၊ ကမ်းနားလမ်း - လမ်းမတော်လမ်း၊ ကမ်းနားလမ်း - လသာ၊ ကမ်းနားလမ်း - ရွှေတိဂုံဘုရားလမ်း လမ်းဆုံ၊ ကမ်းနားလမ်း - ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း - ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း - ဗိုလ်အောင်ကျော်လမ်း၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျာ်လမ်းတို့တွင် စိုက်ထူသွားရန် စီစဉ်နေကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြစ်ကြီးများတွင် ရေပြည့်လာမှုကြောင့် ကမ်းနှစ်ဖက်ပျောက်၍ သင်္ဘောများ ဂရုစိုက် မောင်းနှင်နေရ

မြန်မာနိုင်ငံ၏ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အဓိက အသုံးပြုနေသည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် ရေပြည့်လာမှုကြောင့် ကမ်းနှစ်ဖက်ပျောက်၍ သင်္ဘောများ ဂရုစိုက်မောင်းနှင်ရမှု ရှိနေပြီး အချို့နေရာများတွင် ကမ်းပေါ်နှင့်ရေပေါ်ပြ အမှတ်အသားများ ပြောင်းလဲသတ်မှတ်ထား ရှိပေးရန် လိုအပ်လာကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်များ၌ ယမန်နှစ်ထက် မြစ်ရေစော၍ မြင့်တက်ခဲ့ပြီး ရေများပြားလာ၍ ကုန်ပြည့်၊ လူပြည့်တင်ဆောင်ကာ သင်္ဘောများ သွားလာနိုင်မှုနှင့်အတူ ရေနည်းချိန်တွင် မကပ်ရောက်နိုင်ခဲ့သည့် ဆိပ်ကမ်းများ၊ မသွားရောက်လာနိုင်ခဲ့သည့် ခရီးစဉ်များ ပြန်လည်ဆိုက်ကပ် ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြစ်ရေများပြားလာမှုကြောင့် အချို့နေရာများတွင် ကမ်းနှစ်ဖက်ကို နစ်မြုပ်၍ ကမ်းပျောက်သည့် အနေအထားများရှိနေ၍ ရေယာဉ်များ ဂရုစိုက်မောင်းနှင် နေရကြောင်း ချင်းတွင်း မြစ်ကြောင်းသွား ရေယာဉ်မှူးကြီး တစ်ဦးထံမှ သိရသည်။ ရေများချိန်တွင် ကြုံတွေ့ရလေ့ ရှိသည့် ၀ဲအန္တရာယ်၊ သင်္ဘောမောင်းနှင်ရာတွင် အခက်အခဲ ဖြစ်စေနိုင်သည့် ရေအောက်တွင် နစ်မြုပ်နေသော အရာများ၊ ကမ်းပေါ်ရေရောက်၍ ကမ်းပျောက်သွားသည့် အနေအထားများကို ဘေးအန္တရာယ် ကင်းစွာဖြင့် ထိန်းသိမ်း မောင်းနှင်ရေးမှာ ရေယာဉ်မှူး၏ တာဝန်ဖြစ်သကဲ့သို့ ရေလမ်းကြောင်းပြ အမှတ်အသားများ မှန်ကန်စွာ စိုက်ထူပေးနိုင်မှု မှာလည်း များစွာအရေးကြီးကြောင်း သိရသည်။

ထို့ကြောင့် အချို့နေရာများတွင် ပြောင်းလဲလာသည့် ရေလမ်းကြောင်း အနေအထားအရ ကမ်းပေါ်ပြနှင့်ရေပေါ်ပြ အမှတ်အသားများအား ပြောင်းလဲ သတ်မှတ်ပေးရန်နှင့် အမှတ်အသားအသစ်များ ထပ်မံစိုက်ထူပေးရန် လိုအပ်နေကြောင်း Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

08 July 2010

သီးလေးသီး ၏ သန့်ရှင်းစင်ကြည် မြစ်နဒီ (ဗွီဒီယို ရုပ်သံ)





စစ်တွေ နည်းပညာ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ တောင်းဆိုမှုအပြီး နောက်ဆက်တွဲ စုံစမ်းရသမျှ သတင်းများ


စစ်တွေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ဤကဲ့သို့ ကျောင်းသွားနေကြရသည်။

စစ်တွေ နည်းပညာ တက္ကသိုလ်ကျောင်းသားများသည် ကျောင်းကားစီးရေ လျော့နည်းနေခြင်း၊ ကားခ ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် ဇူလိုင်လ (၅) ရက်နေ့က (၁၂) မိုင် ခရီးကို လမ်းလျှောက် ဆန္ဒပြခဲ့ပြီး စစ်တွေမြို့ ပြည်နယ်ရုံးရှေ့တွင်(၆) နာရီကြာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း အပေါ် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား လူငယ်များ အစည်းအရုံး (AASYC) မှ ကျောင်းသားများ၏ လုပ်ရပ်အား ထောက်ခံ ကြိုဆိုလိုက်ကြောင်း ယနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်တွင် – ဤကဲ့သို့ ကျောင်းသားများ ဆန္ဒပြ တောင်းဆိုရခြင်းသည် ကျောင်းသားများ၏ ရပိုင်ခွင့်များ ဆုံးရှုံးနေမှုအပေါ်တွင် ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ကားခ ဈေးနှုန်းမြင့်တက်လာခြင်းသည ကျောင်းကားများအား ပြေးဆွဲနေကြသည့် ယာဉ်မောင်းများ၏ အပြစ်ကြောင့် မဟုတ်ဘဲ အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ဆန္ဒပြ တောင်းဆိုခဲ့ကြသော ကျောင်းသားများအား သေနတ်ဖြင့် ချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့ကြသော နအဖ စစ်တပ် အပေါ်တွင်လည်း မိမိတို့(AASYC) အဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်းနှင့် ယခုဖြစ်ပွားနေသော ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုအား တရားမျှတ၍ ဂုဏ်ရောင်ပြောင်သည့် လုပ်ရပ်တစ်ခုအဖြစ် (AASYC) မှ အပြည့်အ၀ ကြိုဆိုထောက်ခံပြီး မတရားသည့် အမိန့် အာဏာဟူ သမျှအား ဖီဆန်ကြရန်နှင့် ဆုံးရှုံးနေသော မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆက်လက် တိုက်ပွဲဝင်ကြရန် ရခိုင် တက္ကသိုလ် ကျောင်းသားများအား တိုက်တွန်းလိုက်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) ၏ ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြပါရှိသည်။

စစ်တွေမြို့တွင် ဇူလိုင် (၅) ရက်နေ့က စစ်တွေ နည်းပညာ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ တောင်းဆိုခဲ့ပြီး ကျောင်းသားများ၏ တောင်းဆိုချက်အား လိုက်လျောပြီး အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီး နောက် နည်းပညာ တက္ကသိုလ်ကျောင်းအား တစ်ရက်ခန့် အာဏာပိုင်များက ပိတ်လိုက်ပြီး ပြည်နယ်ရုံးတွင် အထူး အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း၊ ထို အစည်းအဝေး ရလဒ်အပြီးတွင် ကျောင်းသားများ၏ ဆန္ဒအား လိုက်လျောပေးရန်နှင့် ကျောင်းအား ပြန်လည် ဖွင့်လှစ်ရန်အတွက် နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ကျော်ငြိမ်းက တောင်းဆိုခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက လိုက်လျောခဲ့သော်လည်း နည်းပညာ တက္ကသိုလ်နှင့် စစ်တွေ တက္ကသိုလ်တို့၌ အရပ်ဝတ် စရဖ များက စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း တက္ကသိုလ် သတင်းရပ်ကွက်မှ သိရသည်။

ဇူလိုင်လ (၆) ရက်နေ့က စစ်တွေ နည်းပညာ တက္ကသိုလ်အား မည်သူမျှ ၀င်ရောက်ခြင်း မပြုခဲ့ဘဲ ပိတ်ထားခဲ့သည့်အတွက် ယမန်နေ့က ရှိသည့် စာမေးပွဲအား ယာယီ ရပ်ဆိုင်းထားပြီး မည်သည့်နေ့တွင် ပြန်လည် စစ်ဆေးသွားမည်ကို မသိရှိရသေး ကြောင်း သိရသည်။

ဆန္ဒပြ တက္ကသိုလ် ကျောင်းသားများ တောင်းဆိုချက်တွင်ပါရှိသည့် ကားစီးရေ တိုးမြှင့်ပေးနိုင်ရန်အတွက် ဒေသခံ အာဏာပိုင်များက စစ်တွေမြို့ မထသရှိ မော်တော်ယာဉ်များ အလုံအလောက် မရှိသည့်အတွက် စစ်တပ်ရှိ ကားများအား ကျောင်းသားများ အတွက် စီစဉ်ပေးရန် လိုအပ်သည်များကို ပြင်ဆင်နေကြောင်း စစ်တွေမြို့ ဒေသခံ လူကြီး တစ်ဦးက ပြောသည်။

“ကျောင်းသားတွေ တောင်းဆိုထားတဲ့ ကျောင်းကားစီးရေ (၁၅) စီး ပြည့်ဖို့က မဖြစ်နိုင်ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက (၁၀) စီးပဲ ပြောမယ်လို့ ပြောတယ်။ ဘာလို့လည်းဆိုတော့ မထသမှာက စုစုပေါင်းမှ ကားက (၈) စီးပဲ ရှိတာမှာ (၄) စီးကို လိုင်းဆွဲဖို့ ပေးထားပြီး ကျန် (၄)စီးကို ကျောင်းကား အဖြစ်ထားတာ။ ဒါကြောင့် စစ်တပ်က ကားတွေကို အသုံးပြုဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်နေကြတာကို တွေ့ရတယ်” ဟု သူက ပြောသည်။

ယင်းကဲ့သို့ နည်းပညာ တက္ကသိုလ်ဘက်သို့ ပြေးဆွဲပေးနေသည့် ကျောင်းကားများ စီးရေ လျော့နည်းနေရသည် မှာ နေ့သင်တက္ကသိုလ်အား ဦးစား ပေးထားသည့်အတွက်ကြောင့် ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“နေ့သင် တက္ကသိုလ်က ကျောင်းသားတွေ ကား အလုံအလောက် မရရှိတဲ့ အတွက်ကြောင့် (၂၀၀၈) ခုနှစ်က အကြီးအကျယ် ဆန္ဒပြခဲ့ကြ တယ်။ အဲဒီကတည်းက ကျောင်းကားတွေကို နေ့သင် တက္ကသိုလ်ဘက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ရှိသူတွေက ညွန်ကြား ထားတယ်။ ပြီးတော့ နေ့သင် ကျောင်းသားတွေက ကျောင်းသား ဦးရေ များတာလည်း ပါတယ်။ မြို့နဲ့ နီးတာလည်း ပါတယ်။ မြို့နဲ့ နီးတော့ တစ်ခုခု ဖြစ်ရင် ပြည်သူတွေ ပါဝင်လာဖို့ရယ် စတာတွေကို စဉ်းစားပြီး ခုလိုမျိုး လုပ်ပေးထားတဲ့ အတွက်ကြောင့် ကျောင်းကားတွေက အဲဒီဘက်ကို သိပ်မရောက်ကြတာဖြစ်တယ်” ဟု သူက ပြောပြခဲ့သည်။

ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား စစ်တပ်မှ အရာရှိများက ဆိုင်ကယ်များဖြင့် နံဘေးတွင် လိုက်ပါက ဓာတ်ပုံရိုက်မှုများ ရှိခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသား တစ်ဦးက ပြောသည်။

“ကျနော်တို့ လမ်းလျှောက် ဆန္ဒပြလာတာ တပ်ထိန်းဂိတ်ကိုရောက်တော့ အဲဒီ ဂိတ်က စစ်သားတွေက သေနတ်နဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ကြတယ်။ ပြီးတော့ နောက်ဆုတ်ဖို့နဲ့ လူစုခွဲပေးဖို့လည်း ပြောတယ်။ အဲဒါကို ကျော်ဖြတ်လာတဲ့ နောက်ပိုင်းမှာ စစ်တပ်က ဗိုလ်ကြီးတွေ ဆိုင်ကယ်နဲ့ ကျနော်တို့ ဆန္ဒပြနေတဲ့ လမ်းတစ်ဘက်ကနေပြီး ဓာတ်ပုံရိုက်ကြတယ်။ ပြည်နယ်ရုံး ရှေ့မှာလည်း အဲဒီအတိုင်းပဲ ရုံးအပေါ်ကနေ ဓာတ်ပုံရိုက်တာတွေ လုပ်ကြတယ်။” ဟု သူက ပြောသည်။

ယင်းကဲ့သို့ ပြုလုပ်မှုများသည် တက်ကြွမှုရှိသည့် ကျောင်းသားများအား စနစ်တကျမှတ်တမ်းတင်ထားရန်နှင့် လိုအပ်ပါက အလွယ်တကူ ဖမ်းဆီး ထိန်းသိမ်းနိုင်ရန် ဖြစ်ကြောင်းနှင့် အစိုးရမှ တောင်းဆိုချက်များအား လိုက်လျောပေးသော်လည်း ခတ္တခဏသာဖြစ်ကြောင်း စစ်တွေမြို့ရှိ ကျာင်းသားအရေး လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

“သူတို့က ကျောင်းသားတွေရဲ့ တောင်းဆိုမှုတွေကို ခတ္တခဏသာ လိုက်လျောပေးတယ်။ ပြီးတော့ အယင်အတိုင်း ပြန်ဖြစ်သွားမယ်။ ခုလိုမျိုး ဓာတ်ပုံရိုက်တာတွေ လုပ်တယ်ဆိုတာဟာလည်း ချက်ချင်းတော့ ဖမ်းဖို့ အတွက် မဟုတ်သေးဘူး။ တကယ်လို့ နောက်ထပ် ကျောင်းသားလှုပ်ရှားမှု တစ်စုံတစ်ရာ ထပ်မံ ပေါ်ပေါက်လာမယ်ဆိုရင် အဲဒီ ဓာတ်ပုံရိုက်ခံထားရတဲ့ ကျောင်းသားတွေကို စစ်ဆေးမေးမြန်းနိုင်ဖို့ အတွက် ဓာတ်ပုံ ရိုက်ထားတာ ဖြစ်တယ်” ဟု သူကပြောသည်။

နအဖ စစ်အစိုးရသည် ယခုကဲ့သို့ ဓာတ်ပုံရိုက်မှုများ၊ ဗွီဒီယိုမှတ်တမ်းများကို အသုံးပြုပြီး ဆန္ဒပြ လှုပ်ရှားသူများအား ဖမ်းလေ့ ရှိသည်။ (၂၀၀၇) စက်တင်ဘာ လှုပ်ရှားမှုတွင်လည်း ယင်းနည်းအား အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသည်။

ယခုအခါ စစ်တွေမြို့ရှိ ရွှေစေတီ ဘုန်းကြီးကျောင်း၊ ဘုရားကြီးနှင့် အခြားနေရာ အတော်များများအား အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချူပ် သောင်းအေး ဦးဆောင်သည့် စစ်ယာဉ်တန်းများက မြို့၏ အခြေအနေကို လေ့လာ စောင့်ကြည့်လျက်ရှိကြောင်း သိရ သည်။

ရင်းမြစ်...(Arakan Review)

နအဖ စစ်အုပ်စု ကို ရောသမမွှေနေသည့် လူငယ် ဟစ်(ပ်) ဟော့(ပ်) စတားများ။



စိတ်လှုပ်ရှားမှုများ ပိုမြင့် တက်လာပြီး သီချင်းစာသားများကို အတိုင်အဖောက် သီဆိုရင်း အပေးအယူ မျှနေကြသည်။ သီဆိုမှု သံပြိုင်စာသားပိုဒ်ကို ရောက်သည်နှင့် လူအုပ်ကြီးက လိုက်ဆိုကြသည်။ လက်သီးဆုပ်များကို လေထဲတွင် မြှောက်ထားလျက် သူ၏ စာသားများကို အပြန်အလှန်လိုက်ဆိုကြသည့် အသံမှာ ဟိန်းနေသည်။

ဤသည်မှာ အခြားမည်သည့်နေရာကဲ့သို့မဆို ယမကာခိုးများဝေကာ ချွေးတဒီးဒီးကျရင်း အားလုံးပါဝင်စီးမျောနေမည့် ဂီတပွဲတစ်ခုသာဖြစ်သည်။ သို့နှင့်တိုင် ဤနေရာသည် မြန်မာပြည်ဖြစ်သည်။ ထို့ပြင် အခြားနေရာများနှင့် အလုံးစုံထပ်တူညီမည်လည်း မဟုတ်ပါ။ ပရိသတ်နှင့် သီဆိုဖျော်ဖြေသည့် စင်မြင့်ကြား ပိုင်းခြားထားသည့် အဆီးအတားများမှာ အဓိကရုဏ်းဖန်တီးမည့်သူများကို ထိန်းချုပ်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။

ယင်းတို့ကို ဆူးသံကြိုးများဖြင့်လည်း ကာရံထား သည်။ လူအုပ်ရှေ့တွင် နီညိုရောင် သင်္ကန်းဝတ်ထားသည့် ကိုရင်ငယ်လေး နှစ်ပါးက ဂစ်တာတီးဟန်ပြုလုပ်ပြီး ကနေကြသည်။ နေရာတိုင်းတွင် စစ်ဦးထုပ်ဆောင်းထားသည့် စစ်သားများက လက်နက်အပြည့်အစုံဖြင့် တစ်ချိန်လုံး စောင့်ကြည့်နေကြသည်။

မြန်မာပြည်တွင် အရာရာတိုင်းကို စောင့်ကြည့်ပြီး အရာရာတိုင်းကို ထိန်းချုပ်ထားသည်။ စာအုပ်များကို အစိုးရသဘောတူခွင့်ပြုချက် မရဘဲ ထုတ်ဝေခွင့်မရှိပေ။ သီချင်းစာသားများမှာလည်း အစိုးရကို ဆန့်ကျင်သည့် အရေးအသားများ ပါမပါ စီစစ်ခံရသည်။ အစိုးရကို ဆန့်ကျင်သော မည်သည့်အကြောင်းအရာမဆို တရားမ၀င်ဟု သတ်မှတ်ထားပြီး စစ်အုပ်ချုပ် ရေးနှင့် ငြိစွန်းသည့် မည်သည့်ကြိုးပမ်းမှုမဆို ရက်စက်စွာ နှိမ်နင်းခံရမည်သာ ဖြစ်သည်။

သို့သော် ပြည်ပမှ တင်သွင်းသော ဂီတပုံစံသစ်တစ်ခုဖြစ်သည့် ဟစ်(ပ်)ဟော့(ပ်)မှာ စစ်အစိုးရကို မြေအောက်ဆန့်ကျင်ရေး ပြုလုပ်ရန် မြန်မာလူငယ်များကြား အထောက်အကူပြုလျက်ရှိသည်။

မြန်မာနိုင်ငံသည် တော်လှန်ရေးဂီတနှင့် ပတ်သက်ပြီး သမိုင်း ကြောင်းရှိသည့်နိုင်ငံ ဖြစ်သည်။ ရိုးရာဂီတပုံစံဆန့်ကျင်ရေး သီချင်းများ၊ သံချပ်များကို မိမိပတ်ဝန်းကျင်နှင့် အာဏာပိုင်များအပေါ် မကျေနပ်ကြောင်း ဖော်ပြရန် အသုံးပြုခဲ့ကြသည်။ ရှစ်လေးလုံးအရေးအခင်း အပြီးတွင်မူ အဆိုပါ ဆန့်ကျင်ရေးသီချင်းများ အပိတ်ခံခဲ့ရသည်။

သို့သော် ဟစ်(ပ်)ဟော့(ပ်)၏ ချောမွေ့သော သီချင်းစာသားများ၊ ဆန်းသစ်ပြီး လူငယ်များသာ နားလည် နိုင်သော စကားလုံးများနှင့် စကားစုများက အစိုးရ ဆန့်ကျင်ရေး မက်ဆေ့ (ခ်ျ)ကို သွယ်ဝိုင်သောနည်းလမ်းဖြင့် ပျံ့နှံ့စေရန် အကောင်းဆုံး အနေအထား ဖြစ်နေသည်။

ဟစ်(ပ်)ဟော့(ပ်) အဆိုတော်တစ်ဦးက “ဟစ်(ပ်)ဟော့(ပ်)ရဲ့ လွတ်လပ်မှုကို ကျွန်တော်ကြိုက်တယ်။ လူတွေလည်း ကြိုက်ကြတယ်။ ရော့(ခ်)မှာက ဒီလောက်မလွတ်လပ်ဘူး။ ဒါပေမယ့် ဟစ်(ပ်)ဟော့(ပ်)မှာတော့ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ် ဖော်ပြလို့ရတယ်။ ဒါဟာ မြန်မာလူမျိုးတွေအတွက် ကျွန်တော်တို့ရဲ့ ဟစ်(ပ်)ဟော့(ပ်)ဂီတပေါ့ဗျာ။ ကျွန်တော့်မှာ ပြောချင်တဲ့ စကားလုံးတွေ အများကြီးရှိတယ်။ ကျွန်တော်တစ်ယောက်ထဲမှာပဲ မဟုတ် ဘူး။ ဆယ်ကျော်သက် လူငယ်များစွာမှာ ပြောချင်တဲ့စကားတွေ အများကြီး ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံက တံခါးပိတ်ထားတဲ့ နိုင်ငံလေ” ဟု သူ့အယူအဆကို ပွင့်လင်း စွာပြောသည်။

ထို ဟစ်(ပ်)ဟော့(ပ်) အဆိုတော်၏ ပထမအယ်(လ်)ဘမ်မှာ စစ်အစိုးရ၏ မျက်စိဒေါက်ထောက် ကြည့်နေသည့် အောက်မှ ထွက်လာခဲ့ရခြင်းဖြစ်သည်။ သို့နှင့်တိုင် ယင်းအယ်လ်ဘမ်မှာ အလွန် လူကြိုက်များခဲ့ရာ ယခု ၎င်းကို အနီးကပ်စောင့် ကြည့်နေပြီဖြစ်သည်။ မကြာသေးမီက အယ်(လ်)ဘမ်တစ်ခုတွင် သီချင်းအားလုံး၏ လေးပုံသုံးပုံ ခန့်မှာ အပိတ်ခံခဲ့ရသည်။ ဂီတ သမားများမှာ စစ်အစိုးရအပေါ် ထိခိုက်စေမည့် စကားလုံးများ မပါသည့် တိုင်အောင် ဒုက္ခရောက်နိုင်သည့် အနေအထားမျိုး ဖြစ်နေသည်။ မြန်မာပြည်တွင် မကြာသေးမီက အပိတ်ခံရသည့် ဟစ်(ပ်)ဟော့(ပ်) သီချင်းစာသားတစ်ခုမှာ “ဟေး၊ ဟေး၊ နေကောင်းလား” ဟူ၍သာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂီတဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကို လုပ် ဆောင်နေသည့် အခြားအဖွဲ့များလည်း ရှိသည်။ မျိုးဆက်လှိုင်း (Generation Wave) ဟု အမည်ရသည့်အဖွဲ့ဝင် အရေအတွက် အတိအကျ မသိရသောအဖွဲ့မှာ အစိုးရ ဆန့်ကျင်ရေးသီချင်း အယ်(လ်)ဘမ်များ သီဆို အသံသွင်းကာ နိုင်ငံအနှံ့ ဖြန့်ချီလျက်ရှိသည်။ မြန်မာပြည်၏ မြေအောက် နိုင်ငံရေးကွန်ယက်အဖြစ် ချိန်းဆိုတွေ့ဆုံရာ ဆုံရပ်များဖြစ်သော လက်ဖက် ရည်ဆိုင်များတွင် ယင်းသီချင်းအယ်(လ်)ဘမ်များကို ဖြန့်ဖြူးနေကြောင်း သိရသည်။ ၎င်းတို့ ရေးသားသော သီချင်းများမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန် လူငယ်များကို လှုံ့ဆော်ထားသည့် “နိုးထကြ” နှင့် တိုက်ပွဲဝင်ရန် သားဖြစ်သူက မိခင်ထံခွင့်ပြုချက် တောင်းခံ သည့်အကြောင်းကို အခြေခံထားသော “ခွင့်ပြုတော့အမေ” စသည့် သီချင်း များ ဖြစ်သည်။

တရားမ၀င် အဖွဲ့အစည်း တည်ထောင်မှုဖြင့် နာမည်ကြီး ဟစ်(ပ်) ဟော့(ပ်) အဆိုတော်ဇေယျာသော် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရပြီး နောက်ပိုင်း မျိုးဆက်လှိုင်းအဖွဲ့ဝင်များမှာ ၎င်းတို့မည်သူမည်ဝါဖြစ်သည်ကို အထူးလျှို့ဝှက်ထားခဲ့ကြသည်။ သို့သော် ထောင်တန်းကျမည်ဟူသည့် ခြိမ်းခြောက်မှုမှာ လူငယ် အဖွဲ့များ တိုးပွားလာမှုကို မရပ်တန့်နိုင်ဘဲ ဟစ်(ပ်)ဟော့(ပ်) ပရိသတ်များ၊ အဖွဲ့ဝင်များ ပိုများလာနေသည်။

“ကျွန်တော်တို့ရဲ့ စစ်အာဏာရှင်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့ လူငယ်တွေကို ဖိတ်ခေါ်ပါတယ်” ဟု ၀ိုင်ဂျီ (YG) ဟုသာ သိရသည့် ဟစ်(ပ်)ဟော့(ပ်)သမားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သီချင်းတွေက မိခင်တွေ၊ တော်လှန်ရေးသမားတွေကို ဂုဏ်ပြုတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ လူငယ်တွေကို တက်တက်ကြွကြွ ရှိစေချင်ပြီး နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိစေချင်ပါတယ်။ လူငယ်တိုင်းဟာ တက်ကြွလှုပ်ရှားသူ ဖြစ်နိုင် ပါတယ်” ဟု ၀ိုင်ဂျီက ပြောသည်။

အပြုံးကိုယ်စီနှင့် ဆယ်ကျော်သက်လူငယ်လေးများ တောင်ကြီး ဂီတပွဲမှ ပြန်လာကြစဉ် တောင်ပေါ်ဒေသ၏ သန်းခေါင်ယံည အေးစိမ့်စိမ့် လေထုထဲတွင် ချွေးစို့နေသော ခန္ဓာကိုယ်များမှာ အငွေ့ပျံလျက်ရှိသည်။ ထိုစဉ် လူငယ်တစ်ယောက်က တားမြစ်ခံရသော သီချင်းတစ်ပုဒ်၏ သီချင်းစာသားပိုဒ်ကို အော်ဟစ်သီဆိုလိုက်သည်။ “ဟေး၊ ဟေး၊ နေကောင်းလား” ဟူ၍ သာ။ သီချင်းစာသားမှာ ရိုးစင်းပြီး အပြစ်ကင်းလှပါသည်။ သို့သော် မြန်မာပြည်၌မူ အရာရာတိုင်းတွင် အဓိပ္ပါယ်တစ်ခုခု ရှိကောင်းရှိနေနိုင်သည် ဟုသာ ဆိုရပေမည်။

မင်းသက်စံ။

7 JULY ပေးဆပ်မှုများ







7 JULY ပေးဆပ်မှုများ

၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ ယင်းနေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ထူးခြားစွာဖြင့် တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာမြေပြင်သို့ မရောက်လာမီ၊ မကြာမီရောက်လာတော့မည့် မျိုးဆက်သစ် ကလေးငယ်များ၏ ကျန်းမာရေး (ကိုယ်ဝန် ဆောင်မိခင်) တို့၏ ကျန်းမာရေး၊ ကမ္ဘာမြေပြင်သို့ လျောရှူစွာ ရောက်ရှိလာနိုင်ရေးတို့အတွက် ဒေါက်တာ ဒေါ်ဝင်းဝင်းအောင်မှ အထူးကြပ်မတ် နွေးထွေးစွာ စစ်ဆေးကုသ ပေးနေသလို . . . ကမ္ဘာ မြေပြင်သို့ ရောက်ရှိလာသော မျိုးဆက်သစ် ကလေးငယ်များ၏ ကျန်းမာရေးအတွက် ကလေးဆရာဝန် ဒေါ်မေစုဟန်မှ နွေးထွေးပျူငှါစွာ ကုသပေးလျှက် ရှိပါသည်။

ထို့ပြင် အမြင်မကြည်လင်သော မျက်စိ ဝေဒနာရှင်များကိုလည်း ဒေါက်တာ ဒေါ်ရီရီအောင်မှ ကြင်နာစွာဖြင့် စမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ ရေတိမ်ရှိသော မျက်စိဝေဒနာရှင်အား ဆေးသွင်းပေးခြင်းနှင့် တိမ်ရှိပါက ခွဲစိတ်မည့် ရက်နေ့ကို ချိန်းဆိုတာ အမြင်အာရုံ ပြန်လည်ရရှိရေး အတွက် အပူတပြင်း ခွဲစိတ်ကုသပေးလျှက် ရှိပါသည်။

ထို့ကြောင့် … ယနေ့ ၇.၇.၂၀၁၀ ရက်နေ့သည် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အတိတ်ဘ၀မှ မည်သို့သောနည်းလမ်းဖြင့် လူ့လောက ကြီးမှ ထွက်ခွာသွားရ ပြီးသည့်နောက် တဖန် လူ့ဘုံဘ၀သို့ ပြန်လည်၍ အကြွေးဆပ်မည့် မျိုးဆက်သစ် ကလေးငယ်များကို ရှင်သန်ထမြောက်လာစေရန် ပြုလုပ်ပေးသည့် နေ့တစ်နေ့ (သို့မဟုတ်) ကမ္ဘာမြေပြင်သို့ ရောက်ရှိနေပြီး ကျန်းမာသန်စွမ်းစွာ ဘ၀ကို ရင်ဆိုင်နိုင်ရန် ပြုလုပ်ပျိုးထောင် ပေးသောနေ့ (သို့မဟုတ်) အမြင်အာရုံများ မှုန်မှိုင်းေ၀၀ါးနေမှုတို့ကို ကြည်လင်ပြတ်သားစွာ အလင်းဓါတ် အာရုံကို ချပေးသည့်နေ့ … အဖိုးမဖြတ်နိုင်သော ကုသိုလ်မှုများကို ပေးဆပ်ခဲ့သည့် ထူးခြားသည့် ၇.၇.၂၀၁၀ ရက်နေ့ ဖြစ်တော့သည်။


ပေးပို့ ပေးသော ကိုကျော်သူ အား ကျေးဇူးတင် ရှိပါသည်.။

တရားဝင်နေထိုင်ခွင့်ကဒ်(ဘတ်)ရှိရဲ့သားနဲ့လည်း ငွေတောင်းချင်ရင် နည်းအမျိုးမျိုးနဲ့ မြန်မာတွေကိုဖမ်းပြီး ငွေတောင်းနေတဲ့ ထိုင်းရဲတွေ

ကျနော် ထိုင်းနိုင်ငံ စူရပ်ဌာနေရှိ KOH TAO ISLAND မှာ အလုပ်လုပ်ပါတယ်။ ဒီတခါကတော့ ကျနော်ကိုယ်တိုင် အဖမ်းခံခဲ့ရတဲ့ အဖြစ်အပျက်တခုပါ။

ဖြစ်ပျက်တာကတော့ ဒီလိုပါ။ အခုလ (၅) ရက်နေ့ ညမှာ ကျနော့်အသိမိတ်ဆွေတယောက် မွေးနေ့ဖိတ်လို့သွားခဲ့တယ်။ မွေးနေ့ဆိုတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အချိန်နည်းနည်းပေးပြီး စားသောက်ကြပြီး စကားပြောကြတာပေါ့။ အဲဒီအချိန်က ည (၁) နာရီလောက်တော့ရှိပြီ။ ကျနော် အခန်းပြန်မယ်လုပ်တော့ အသိတယောက်က တယောက်တည်း မပြန်နဲ့ဦးပေါ့နော်။ ဒီမှာ ယိုးဒယားလူမိုက်တယောက် ရောက်နေတယ်။ သူပြန်မှ ပြန်လို့ပြောတော့ ကျနော်လည်း ဆက်နေလိုက်တာ မနက် (၃) နာရီထိုးသွားတယ်။ အဲဒီအချိန်ကျတော့ လူမိုက်လည်း တခြားနေရာ သွားနေတယ်ဆိုတော့ ကျနော်လည်း အခန်းကို တယောက်တည်း ဆိုင်ကယ်နဲ့ ပြန်သွားရော။ အခန်းအရှေ့အရောက်မှာပဲ ယိုးဒယားရဲတွေက ဆိုင်ကယ်တွေနဲ့ ကျနော်ဆီကို ရောက်လာတယ်။ သူတို့တွေက ကျနော့်ကို ယိုးဒယားလို ဘယ်သွားမလို့လဲ၊ ဘယ်ကပြန်လာတာလဲလို့ မေးတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ယိုးဒယားစကား ကောင်းကောင်း မရသေးတော့ အင်္ဂလိပ်လိုပြောတော့လည်း သူတို့က နားမလည်နဲ့ ရဲစခန်းပါသွားပါလေရော။

ကျနော်နဲ့အတူ အဖမ်းခံရတဲ့တယောက်ကတော့ ကျနော့်ထက်တောင် ငယ်ပါသေးတယ်။ ကျနော့်အထင်တော့ ယိုးဒယားလို့ ထင်တာပဲ။ သူ့ကိုကျတော့ လက်ပြန်ကြိုးတုပ်ပြီး ခေါ်လာတယ်။ ရဲစခန်းလည်းရောက်ရော ကျနော့်ကို အချုပ်ခန်းထဲမှာ အရင်ထည့်ထားလိုက်တယ်။ ကျနော်နဲ့အတူပါလာတဲ့ ကောင်လေးကို ထုံးစံအတိုင်း ယိုးဒယားလို စစ်မေးပြီး ခြေထောက်နဲ့ ကန် ကိုယ်လုံးနဲ့ တက်ဖိ တုတ်နဲ့ရိုက် အဲလိုမျိုးလုပ်တာ တော်တော်လေးကြာတယ်။ နာရီဝက်လောက် သူ့ကို တော်တော်ရိုက်လိုက်တယ်။ ကျနော်လည်း ဘာမှန်းမသိတော့ ကိုယ့်အလှည့်များရောက်မလားလို့ တွေးပူမိတယ်။

အဲလိုမျိုးရိုက်နှက်ပြီး အဲဒီကောင်လေးကို ကျန်တဲ့ ရဲ (၄) ယောက်က ဘယ်ခေါ်သွားလည်းတော့မသိဘူး။ ကောင်လေးကို နှိပ်စက်တဲ့ရဲပဲ အခန်းထဲမှာ ကျန်တော့တယ်။ အဲဒီအချိန် သူက အပြင်ထွက်ပြီး ဖုန်းပြောတဲ့အချိန်၊ ကျနော်က သူဌေးကိုဖုန်းဆက်ပြီး ကျနော် ရဲစခန်းရောက်နေတဲ့အကြောင်း၊ ရဲတွေခေါ်သွားတဲ့အကြောင်းပြောလိုက်တော့ ကျနော့်သူဌေး ချက်ချင်းပဲ မနက် (၄) နာရီလောက် ရောက်လာတယ်။ သူဌေးရောက်လာတော့ ကျန်တဲ့ရဲကိုမေးတာပေါ့နော်။ ဘာလို့ သူ့ကိုဖမ်းတာလဲပေါ့။ သူ့မှာ ဘတ်လည်းလုပ်ထားတာ ရဲစခန်းမှာတောင် အခုထိ မထုတ်ရသေးဘူးပေါ့လို့ ပြောတော့၊ ပိုက်ဆံလိုချင်တော့ အလုပ်ချိန်ကျော်ပြီး အပြင်ထွက်လို့ ဖမ်းတာတဲ့။ ပြီးတော့ သူက မနက်ကျရင် ကျနော့်ကို Koh Phangan ဆိုတဲ့ ကျွန်းကို ပို့မယ်ဆိုပြီးလုပ်တော့ သူဌေးက အဲဒီရဲကို ပိုက်ဆံဘယ်လောက် ပေးရမလဲမေးတော့ ဘတ် (၂,၅၀၀) တောင်းတယ်။ ပိုက်ဆံပေးတော့ ပြန်လွှတ်လိုက်တယ်။

ကျနော် ဒီကျွန်းမှာ အလုပ်စလုပ်ကတည်းက (ယာယီအလုပ်သမားကတ်) ဘတ်ကို သူဌေးနဲ့အတူ လာလုပ်ထားပါတယ်။ ကျနော်ပြောချင်တာကတော့ ဘတ်ရှိရဲ့သားနဲ့လည်း ငွေတောင်းချင်ရင် နည်းအမျိုးမျိုးနဲ့ မြန်မာတွေကိုဖမ်းပြီး ငွေတောင်းနေတဲ့ ရဲတွေကို မြန်မာအလုပ်သမားများ အကူအညီပေးရေးအဖွဲ့အနေနဲ့ ထိုင်းအစိုးရ၀န်ကြီးများကို တင်ပြပေးစေလိုပါတယ်ခင်ဗျ။

နေ၀င်းအောင်

07 July 2010

ဥဒါန်း မကြေ....

ဥဒါန်း မကြေ....

ဇူလိုင်(၇)ရက်...၊သွေးမြေ သက်၍

ဖြစ်ပျက် ပေါင်းစုံ၊ ရေးတော်ပုံကြောင့်

ရင်အုံ ငလျင်၊ ရင်ပြင် အနီ

တက္ကသီလာ၊ မြကျွန်းသာငယ်

ကမ္ဘာ လဆန်း ချိန်ဖြတ်သန်းလည်း

ဥဒါန်း မကြေ......။


ဤ ကဗျာလေးသည် မည်သူရေးသား ထားသည်ကို တော့မသိရှိခဲ့ပါ.။

ဤကဗျာအား ပြန်လည် ဖော်ပြနိုင်အောင် ပေးပို့ ပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ဒုက္ကဌ ဒေါက်တာအေးကျော် အားကျေးဇူး အထူးတင်ရှိပါသည်။

ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး

၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာ၌ ကံဆိုးမိုးမှောင်ကျသော နေ့တနေ့ဖြစ်သည်။ ထို့ပြင် ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင်အစိုးရ စတင်ပေါ်ထွန်းခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့နံနက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူ မျိုးစုလွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်းစော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံစော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စ၀် အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်းအမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန် နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေ သည်။

သို့ကလို စစ်တပ်မှ အာဏာသိမ်းယူလိုက်ကြောင်း ကြေညာချက်များနှင့်အတူ ပြည်သူတို့အား စီတန်းလမ်း လျှောက်၍ ဆန္ဒပြပွဲများမပြုလုပ်ကြရန် မေတ္တာရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း နောက်ဆက်တွဲသတိပေးထား၏။ ကြေညာချက်များကို ဖတ်ရှုရုံဖြင့် စစ် တပ်က အာဏာသိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက်လာမည်ကို ဗိုလ်နေ၀င်းနှင့် စစ်အာ ဏာပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားလှပေသည်။

အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆၀) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီ လိုလားသူများနှင့် ကွန်မြူနစ်အရောင်အသွေးရှိသူများဟု ယူဆသူများကို ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခန်းစာရှိသဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်းမရှိစေကာမူ စစ်အစိုးရအလိုမရှိကြောင်း ကန့်ကွက် သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦးနှင့် မဟာမိတ်အဖွဲ့ (၁၀) ဖွဲ့၊ ရခိုင်သံဃာတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ချက်များ ထုတ်ပြန် ကြသည်။

ရဲဝံ့ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က စစ်တပ် ကအာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေညာခဲ့ကြသည်။ ကြေညာချက်နှင့်အ ညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် စစ်အာဏာပိုင်တို့နှင့် ထိပ်တိုက်တွေ့ကြရလေသည်။

ထို့နောက် တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျောင်းစည်းကမ်းသစ်များ ကိုထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါစည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသားဆန္ဒပြလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြ သည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာသဖြင့် ရန်ကုန်ခရိုင် ရာဇ၀တ်တရားသူကြီးက က မာရွတ်အ၀ိုင်းကြီးနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ်နယ်မြေအတွင်း နေ၀င်မီးငြိမ်းအမိန့် ထုတ် ပြန်လေသည်။

ထိုနေ့၌ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် တက္ကသိုလ်ပရိဝုဏ်တခုလုံး တံခါးများကိုသော့ခတ် ပိတ်ဆို့ပြီး ဒီမိုကရေစီခံတပ်ကြီးဟု ဆိုင်းဘုတ်များတင်ကာ ဒီမိုကရေစီတရားပွဲများကို အသံချဲ့စက်ဖြင့် ဟော ပြောကြသည်။ မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြော နေကြရာ “တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးများသည် သုံးယောက်ပေါင်းမှ (၇) တန်းသာ အောင်သူများ ဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက်များသည် အနာပေါ် တုတ်ကျသည့်အလား နားမခံနိုင်သဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ စစ်တပ်မှ ပစ်ခတ် သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့အသံလွှင့်စကားပြောခွက်ဖြင့် ကိုယ်တိုင်အမိန့်ပေးခဲ့သည်။

ထိုစဉ်က တက္ကသိုလ်တ၀ိုက်တွင် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲနေသူ ဒုတိယဗိုလ်မှူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါဘဲ မိမိတို့အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိ သည့် အ ဆောင်နေ ကျောင်းသားများကိုပါ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ပစ်ခတ်သတ်ဖြတ်ကြသည်။

စစ်တပ်သည် ဂျီသရီးမောင်းပြန်သေနတ်သစ်များကို ပထမဆုံးစတင်အသုံးပြုကာ လက်တည့်စမ်းပစ်ခတ်ခဲ့ကြ သည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်းကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသရီးသေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသပ်ရန် လက်ယားနေသူ ဗိုလ် နေ၀င်းအဖို့ အခွင့်အရေးရရှိသွားတော့သည်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသားအရေးအခင်း၌ စစ်အာဏာရှင် အစိုးရက ကျောင်းသား (၁၅) ဦး သေဆုံးပြီး၊ (၂၇) ဦး ဒဏ်ရာရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တ ကယ် သေဆုံးခဲ့ရသူပေါင်းမှာ (၂၀၀) နီးပါးခန့်ရှိ၍ (၄၀၀) ခန့်ဒဏ်ရာ ရရှိခဲ့လေသည်။ သို့ကလို ကျောင်းဝင်း အတွင်းသို့ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ၏ အဆောက် အဦကို စစ်တပ်က ၀ိုင်းထားပြန်၏။

တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦဖြစ်သည် သာမက မြန်မာ့နိုင်ငံရေးသမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအ မှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။ ၁၉၂၀ ခု၊ ဒီဇင်ဘာ (၅) ရက်နေ့ တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ များဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့သည်။ သမဂ္ဂ၏ရုံးအဆောက်အဦကို ၀ံသာနုမြန်မာသူဌေးကြီး ဦးညိုက တည်ဆောက်လှူဒါန်းခဲ့သည်။ အဆောက်အဦကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးကိစ္စများကို အသုံးပြုရန်ရည်ရွယ် ခဲ့သဖြင့် အင်္ဂလိပ်တက္ကသိုလ် အာဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲ များ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့ပေသည်။ ဦးဘစော၊ ဒေါက် တာဘမော် … စသောခေါင်းဆောင်များသည် တကသခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

နောက်ပိုင်း တကသအသင်းကို ကျောင်းသားခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်း ဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှစတင်ပြီး နယ်ချဲ့တိုက်ပွဲ၊ နယ်ချဲ့ခံတပ်အဆောက်အဦကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နက်နှင့် တိုက်ခိုက်နှင်ထုတ်မှုအထိ အရှိန်အဟုန် ပြင်း ထန်ခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီးအဖြစ် မြန်မာတမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေ၀င်း ခေါင်းဆောင်သော စစ်အာဏာရှင်အစိုးရအများစုသည် တက္ကသိုလ်ကျောင်းသားဘ၀က တကသ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူလူထုက ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲ မနာလိုဖြစ်နေခဲ့သည်။ ထို့ကြောင့် တကသကျောင်းသားလှုပ်ရှားရာ ဘူမိနက်သန် တကသအဆောက်အဦကြီး ကို ဖြိုဖျက်ရန် အမြဲဆင်ကြံကြံရွယ်လျက်ရှိသည်။

ထို့နောက် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင် များ သေဆုံးခြင်းမရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုန်း အောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်းသိရှိသောအခါ တကသခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ (၈) ရက်နေ့တွင် အပြီးအပြတ် ဖျက်ဆီးရန် အမိန့်ပေးခဲ့လေသည်။ သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေ၀င်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တော်လှန်ရေးကောင်စီက “စည်း မဲ့ကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသ ကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်” ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကို အံတုလျှင် ယခုထက် ကြီးမားသော လက်နက်အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့်သဘော သက်ဝင်၏။

ထို့ပြင် တကသအဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့်မိန့်ခွန်းပြောရာတွင် သူက သတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေးများသည် လက်နက်ဟူ၍ အပ်တိုတချောင်းမှ မရှိကြသည်ကို သိပါလျက်နှင့် လက်နက်ကိုင်သူပုန်အဖွဲ့ကြီးကို ရင်ဆိုင်နေသည့်သဖွယ်ပုံကြီးချဲ့၍ ‘ဓားကိုဓားချင်း၊ လှံကိုလှံ ချင်း ရင်ဆိုင်ဖို့အသင့်ရှိပါတယ်’ ဟု ဒေါသပုန်သံနှင့် အသံလွှင့်ပြောကြားခဲ့ပြန်သည်။ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် တစုသည် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့်နိုင်ငံက အမွန်အမြတ်ထားသည့် တကသအဆောက်အဦကြီးကို ဗုံးခွဲဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ ကြီးလေးသော ရာဇ၀တ်မှုကြီးဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီးဖြစ်နေသည်ကို စဉ်းစားမိ လေသည်။ ‘နှံပြည်စုတ်ကို အမြောက်နှင့်ပစ်’ သလို ရာဇ၀င်ရိုင်းလုပ်ဆောင်ချက်ကို တနေ့နေ့တွင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြသည်။

မတရားကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူးတုန်လာကြသောအခါ တရားခံသည် မိ မိမဟုတ်ပါ။ တဦးကိုတဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင် ကြီးတို့သည် တဦးကိုတဦး တရားခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်မှာ ဗမာ့တပ်မတော်ကြီး၏ ထိပ်သီး စစ်သားရင့်မာကြီးများဖြစ်ကြသော်လည်း သာမန်ဓားပြလူဆိုးဂိုဏ်း တခုမျှလောက်ပင် ညီညွတ်မှုမရှိ။ အမှားကို ၀န်ခံရန်သတ္တိမရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင်နေပေသည်။

ထိုစဉ်က ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ်အမိန့်ပေးတဲ့စာ ယူလာပြီး၊ မရမ်း ကုန်းကို ပေးလာသူက ဗိုလ်သန်းစိန်ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါ တယ်။ အဲဒီမှာမလုံလောက်လို့ ပင်မစစ်ပစ္စည်းသိုလှောင်ရေးမှာ သွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီတပ် မှူး ဗိုလ်ဝင်းကိုလိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက်ယူရတာပါ။ ခွဲဖို့အမိန့်ပေးသူတွေကတော့ ပြည်ထဲရေးဝန် ကြီးနဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကျော်စိုးဖြစ်ပါတယ်။ တကယ်ဒိုင်းနမိုက်တွေ ဆင်ရတဲ့သူက အင်ဂျင်နီယာ တပ်က ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။ အားလုံးဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၈) ရက်နေ့ နံနက်လင်း အားကြီးမှဖြစ်ပါတယ်။ လက်မှတ်ထိုးမည့်သူ အရာရှိ ကြီးကြီးမားမားမရှိလို့ ပြဿနာတက်နေတုန်း လမ်း လျှောက်ရင်း ရောက်လာတာက ဗိုလ်မှူးကြီးသူရမင်းသိန်း ဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေး ထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ်ရေးထိုးပြီး ဒိုင်းနမိုက်ခွဲတာဖြစ်ပါတယ်။”

“ကျွန်တော်ဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက်အသွား ပါမောက္ခဆရာကြီး ဦးကာကို ဗိုလ် လှဟန်က သမဂ္ဂဖြိုဖို့ အမိန့်ရတယ်လို့ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊ အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့ လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့ပါတယ်” လို့ ဗိုလ်မှူးအောင်ကြီးသည် သူ၏စာတမ်းတွင် ဝေ့ လည်ကြောင်ပတ် ရေးသားဖြေရှင်းထားလေသည်။

ဗိုလ်နေ၀င်းကလည်း တဖန် အကြိမ်ကြိမ် ထိုကိစ္စကို ဖြေရှင်းပြသည်။ သူ၏ နောက်ဆုံးနေ့ လူထုက လက်မခံ တော့သဖြင့် မဆလဥက္ကဋ္ဌကြီးရာထူးမှ ထွက်ပေးရသော ၁၉၈၈ ခု၊ ဇူလိုင်လ (၂၃) ရက် အရေးပေါ်ပါတီညီလာ ခံတွင် “အခု ပြည်မှာဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းဟာ (၁၆) ရက်နေ့ကစပြီး (၁၇) ရက်နေ့မှာ ကျွန်တော်တို့ သိရ ပါတယ်။ (၁၇) ရက်နေ့ သိပြီးတဲ့နောက်မှာ ရဲတို့၊ ကောင်စီတို့နဲ့ပဲ ထိန်းလို့နိုင်လိမ့်မယ်လို့ ထင်တယ်။ မျှော်လင့် ခဲ့တယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ သွေးထွက်သံယိုတွေ မဖြစ်အောင်ဆိုတဲ့အထဲမှာ တပ်မတော်ကို ဟို အသေးအဖွဲကလေးလည်းသုံး၊ ဒီအသေးအဖွဲကလေးလည်းသုံး ဆိုတာမျိုးမဖြစ်ရအောင် တကယ်လိုတဲ့အခါမှာ သုံးဆိုပြီးတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော်ပြောထားတယ်၊ အဲဒါကြောင့်မို့လို့ ပြည် မြို့ကိစ္စဟာ အေးမသွားဘဲနဲ့ ရောင့်တက်လာကြတယ်။ ဒါကြောင့်မို့လို့ မနေ့ကတော့ ကိုင်း … စစ်တပ်ဝင်ပေ တော့ဆိုပြီးတော့ ကျွန်တော်ခွင့်ပြုလိုက်တယ်။ အဲဒီတော့ စောစောက ကျွန်တော် ပြောထားတာရှိတယ်။ ကျွန် တော်နိုင်ငံရေးက အနားယူတော့မယ်။ အနားယူတော့မယ် ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အ ပြည့် ကွပ်ကဲနိုင်တဲ့အထိတော့ ကျွန်တော်တို့နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်းကနင်းမဖြစ်ရအောင် ဆက် ထိန်းရပါလိမ့်မယ်။ အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည်တပြည်လုံး လူထုကို ကျွန်တော်သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက် တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ စစ်တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေပြောပါတယ်”

လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံးအကြိမ်ဖြစ်နိုင်တာမို့ ညီလာခံနှင့် ပတ် သက်သည့် အချက်အလက်တွေ တင်ပြပြီးတဲ့နောက် ကျောင်းသားများ ကျွန်တော်နှင့် တော်လှန်ရေးကောင်စီ တဖွဲ့လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခုကို တင်ပြပါရစေ။

တက္ကသိုလ်သမဂ္ဂအဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည် ကို အများသိပြီးဖြစ်ပါတယ်။ ပထမ ဇူလိုင်လ (၇) ရက်နေ့ညနေ ကျွန်တော်ဆောင်ရွက်သည့်အပိုင်းကို ဖေါ်ပြမှ ထိုနေ့က အဖြစ်အပျက်များအကြောင်း ပြည့်စုံမည်ဖြစ်၍ ဖော်ပြပါမည်။ ထိုနေ့ညနေ (၅) နာရီခန့်တွင် သေနတ် ပစ်သံကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေမေးရာ ဆရာကြီး ဦးကာတို့ မိသားစု အား ဘေးကင်းသည့်နေရာသို့ ပို့ထားပြီးဖြစ်ကြောင်း၊ ကျောင်းသားအချို့နဲ့ ရဲ (၈) ဦး၊ (၉) ဦးခန့် ဒဏ်ရာရ ကြောင်း ပြန်ပြောပါတယ်။

ဆူပူသူကျောင်းသားခေါင်းဆောင်များကို မမိသေးကြောင်း၊ သမဂ္ဂအဆောက်အဦအတွင်းတွင် အချို့ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရမရှိရအောင် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပေးညွှန်ကြားပါသည်။

(က) သမဂ္ဂအဆောက်အဦအတွင်းရှိသူများကို အဆောက်အဦမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြော ရန်၊ ထွက်မလာပါက လက်နက်ကြီးများ သုံးမည်ဆိုသည့်အချက် ထည့်ပြောရန်။

(ခ) အသာတကြည်ထွက်၍အဖမ်းမခံပါက (ရီကွိုင်းလက်ဂန်း) ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါက (ရီကွိုင်းလက် ဂန်း) သုံးရန်။ အထက်ပါ အချက်တို့ကို မမှောင်ခင်ပြီးအောင် ဆောင်ရွက်ရန်လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာကို ကျွန်တော်ပြောပါ့မယ်။ ထိုဖောက်ခွဲဖျက်ဆီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ် ခြင်းတို့တွင် ကျွန်တော်နဲ့ တော်လှန်ရေးကောင်စီဝင်အချို့တို့ မပါခဲ့ပါ။ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဗုံးကြီး ကြီးတလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟည်းသံကြီးကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအ ဆောက်အဦကို ဒိုင်းနမိုက်တို့နဲ့ ဖျက်ဆီးလိုက်ကြောင်း ကျွန်တော်သိရပါတယ်။ အခြားတော်လှန်ရေးကောင်စီ ၀င် အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါတယ်။ သို့သော်အသံလွှင့်ရုံတွင် တော်လှန်ရေး ကောင်စီဝင်အချို့တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော လုံခြုံ ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး ကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော အရာထမ်းများ ရောက်နေကြပါတယ်။

ထိုသူများမှာ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့် (မှူးသ မိန်)၊ ဗိုလ်မှူးကြီး ဘနီ၊ အရာရှိများထဲမှ ထောက်လှမ်းရေးဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီး ဦးဘအေး တို့ဖြစ် ပါတယ်။ ထိုသူတို့အပြင် အခြားလူတော်တော်များများလည်း ရှိကြပါတယ်။ ထိုဇူလိုင်လ (၈) ရက်နေ့ သမဂ္ဂအ ဆောက်အဦကို ဖြိုလိုက်ကြောင်းသိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ (၇) ရက်နေ့ ညနေက ကျွန်တော် က သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် (ရီကွိုင်းလက် ဂန်း) ကို သုံးနိုင်သည် ဆိုသည့်အချက်ကို သမဂ္ဂအဆောက်အဦ အဖျက်ခိုင်းသည်ဟု ယူဆသဖြင့် ဖျက်လိုက် သည်ဟုဖြေပါတယ်။ ဒီလိုဆိုရင်လည်း စုပေါင်းခေါင်းဆောင်မှုကျင့်သုံးတယ်လို့ လက်ခံထားခြင်းကြောင့် တော် လှန်ရေးခေါင်းဆောင်အနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုတဲ့ စကားလုံးများပါတဲ့ ကြေညာချက်ကို အသံလွှင့် လိုက်ပါတယ်။

နောက်သုံးလေးလကြာပြီးသော် ကျွန်တော်က အရက်မူးမူးနဲ့ သမဂ္ဂအဆောက်အဦကိုဖျက်ဖို့ အမိန့်ပေးတယ် ဟု နိုင်ငံခြားသတင်းစာဆရာတို့ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေတာကြားရလို့ ဗိုလ်ကျော်စိုးကို ကျွန်တော်အ ရက်မူးပြီး ဖျက်ဖို့အမိန့်ပေးတယ်လို့ ကျွန်တော်တယောက်တည်းကို တရားခံလုပ်ထားတယ်။ အဲဒါကြောင့် ဇူ လိုင်လ (၇) ရက်က အဖြစ်အပျက်ကို ပြောပြခိုင်းပါတယ်။

အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်အမှန်ကို ပြောပြပါတော့မယ်။ အရင်က တော်လှန်ရေးကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲနေကြတာ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါတယ်။ အဖြစ်အပျက်အမှန်မှာ ထို (၇) ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တဦးတယောက်က ဒီသမဂ္ဂအဆောက်အဦကြီးဟာ သူပုန်ဌာနချုပ်ဖြစ် နေတယ်။ ဖျက်ပစ်လျှင် ကောင်းမယ်လို့ စပြောရာမှ ဖျက်သင့်၊ မဖျက်သင့် ဆွေးနွေးကြပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် (နေ၀င်း) ကို အသိပေးပြီး၊ ဗိုလ်ချုပ်သဘောတူလျှင် ဖျက်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ ထိုစဉ် ဗိုလ် အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီးတင်ပြမယ်။ သဘောတူမတူ အဖြေယူခဲ့မယ်ပြောပြီး၊ ကိုလှဟန်ကိုခေါ်၍ ကားဖြင့် ထွက်သွားပါတယ်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး၊ ဗိုလ်ချုပ်က သဘောတူ လိုက်ပြီဟုပြောသဖြင့် အသံလွှင့်ရုံရှိ လူသိုက်တို့ သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်လိုက်ပါ တယ်။ ထိုအဖြေကိုရပြီးနောက် ဗိုလ်အောင်ကြီးမပါဘဲ ကျန်တော်လှန်ရေးကောင်စီဝင်များကိုခေါ်၍ ဗိုလ်အောင် ကြီး ကျွန်တော့်ကို မတင်ပြဘဲ အသံလွှင်ရုံရှိ လူသိုက်ကို ကျွန်တော်သဘောတူလိုက်ပြီလို့ ပြောတဲ့အကြောင်း ကို တင်ပြခဲ့ပါတယ်။

ထိုအကြောင်းမှန်ကို သိပြီးနောက် ဗိုလ်အောင်ကြီးကို ကျွန်တော့်ရဲ့ရုံးခန်းသို့ခေါ်၍ သမဂ္ဂအဆောက်အဦဖျက် ရန် ကျွန်တော်သဘောတူတယ်လို့ ပြောတာကို ကိုယ်သိပြီးပြီ၊ အဲဒီတော့ ကိုယ့်လူ ခေါင်းဆောင်လုပ်ချင်ရင်၊ ခေါင်းဆောင်နိုင်မယ်ထင်ရင် ကိုယ်ထွက်ပေးမယ်။ ကိုယ်ထွက်ရမလား၊ ကိုယ်လူထွက်ရမလား၊ ဆုံးဖြတ်ပေ တော့ဟု ကျွန်တော်ကပြောရာ သူထွက်ပါမယ်ဆိုပြီး သူ့အခန်းပြန်သွားကာ ထွက်စာတင်ခဲ့ပါတယ်။

ကျွန်တော်တင်ပြတာကို မှန်ကြောင်းသက်သေအထောက်အထားများတင်ပြပါမယ်။ ပထမအထောက်အထား ဗိုလ်ချုပ်အောင်ကြီး ၁၉၈၈ ခု၊ မေလ (၉) ရက် နေ့စွဲဖြင့်ရေးသည့် စာတမ်းစာမျက်နှာ (၂၄) ဒုတိယစာကြောင်း မှစ၍ပါသော တရားခံဖြစ်ရတဲ့ ဗိုလ်အောင်ကြီးဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ်အိမ်လိုက်အသွား ပါ မောက္ခချုပ် ဆရာကြီးဦးကာ ခေတ္တရွှေ့နေတဲ့ အင်းလျားကန်ဟိုတယ်နားက တထပ်တိုက်ကလေးမှာ ဆရာကြီး ဦးကာကို ဦးလှဟန်က သမဂ္ဂကိုလည်း ဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော် စိုးရှိရာ အသံလွင့်ရုံကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆို ပြီး၊ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကို ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူဖြစ်ပါတယ်ဆိုတဲ့အချက်၊ ဒါ သူရေးထားတဲ့အထဲက ဒါပထမအချက်။ သက်သေခံ ဒုတိယ သက်သေအထောက်အထားက ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုခေါ်ပြီး၊ သူတို့သိတာတွေကို အမှန်အတိုင်း ရေးကြပါလို့ ပြောတဲ့အခါ ကျတော့ ဗိုလ်မှူးကြီးလှဟန်တင်ပြတဲ့စာတမ်းထဲမှာ အဲဒီသူ့စာလေး ကျွန်တော့် ဆီမှာရှိပါတယ်။ အဲ သူတင်တဲ့ စာတမ်း၊ စာမျက်နှာ (၅) စာကြောင်းရေ (၄) မှာ ထိုအချိန် ဗိုလ်ချုပ်အောင်ကြီးလည်း ရောက်လာပါတယ်။ သ မဂ္ဂကိစ္စပြောတဲ့အခါ နေကြဦး၊ ကျွန်တော် ဗိုလ်ချုပ်ကြီးဆီသွားပြီး တင်ပြအမိန့်တောင်းမယ်လို့ပြောပြီး၊ ကျွန် တော့်အားခေါ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီးတင်စိုး အိမ်တွင်ရှိသော ဆရာကြီးဦးကာထံဝင်၍ သတင်းမေးပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူ ကျောင်းသားများအရေအတွက်လည်း ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ္ဂအဆောက်အဦကို ဖျက်မယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါသေး တယ်။ ထို့နောက် ကျွန်တော်တို့နှစ်ဦး ဗိုလ်ချုပ်ကြီးထံ ဆက်လက်သွားပါတယ်။ ဗိုလ်ချုပ်နဲ့တွေ့တဲ့အခါ ဗိုလ်ချုပ် အောင်ကြီး က အခြေအနေများ တင်ပြပါတယ်။ တင်ပြရာတွင် သမဂ္ဂအဆောက်အဦကိစ္စ မပါပါ။ ပြန်ရန်ကား ပေါ်တက်ပါတယ်။ ကားပေါ်ရောက်တော့ ကျွန်တော်က ဗိုလ်ချုပ်ဟိုကိစ္စမပြောရသေးဘူးလို့ သတိပေးပါတယ်။ ဗိုလ်ချုပ်အောင်ကြီးက နေပါစေလို့ ပြောသဖြင့် ကျွန်တော်လည်း ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်ပါတယ်။ အသံလွှင့်ရုံသို့ ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်မှူးကြီးကျော်စိုးအား (အိုကေ) ဟု ပြောလိုက် သည်ကို ကြားရပါတယ် ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက်အလက်တွေဟာ ကျွန်တော်စောစော ကပြောခဲ့တဲ့ ကျွန်တော်မသိဘဲနဲ့ ကျွန်တော်သိလေဟန်၊ ကျွန်တော်ခိုင်းလေဟန်၊ တခြားလူတွေကို ပြောလို့ ကျွန်တော်သဘောတူပြီဆိုပြီး၊ တခြားလူတွေက ဖျက်လိုက်တာ အဲဒီတော့အထက်က အချက်တွေကို လေ့လာ ပြီးတော့ သမဂ္ဂအဆောက်အဦကို ဖျက်တဲ့ကိစ္စမှာ မည်သူတရာခံအစစ် ဖြစ်တယ်ဆိုတာကို လူထုတရပ်လုံးက မိမိတို့ဘာသာ ဆုံးဖြတ်ကြပါတော့လို့ တင်ပြရင်း စကားပြောခြင်းကို အဆုံးသတ်လိုက်ပါတယ်ဟု ဗိုလ်နေ၀င်း က တိုင်းပြည်သို့ ရှင်းပြခဲ့လေသည်။

ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတမ်းကြီးမှာ ကာရန်မညီ၊ စာသားမချော မုသာဝါဒလိမ်လုံးများ သာဖြစ်လေသည်။

ဇူလိုင်လ (၇) ရက်နေ့ သွေးချောင်းစီး လူသတ်ပွဲကြီးနှင့်ပတ်သက်၍ …

(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသား သာဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်ခွင့် အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်ပင်ဖြစ် သည်။

(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင် (နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အ ရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖေါ်ခဲ့သည်။

(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ (၇) ဦး၊ (၈) ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားသာဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ချိန်တွင် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ။ ကျောင်းသားတို့က ရဲ တို့အား ရန်ပြုရန်မဖြစ်နိုင်ချေ။

(ဃ) တကသဆောက်အဦမျက်နှာကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန်ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေအမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးလည်း တာဝန်ရှိပေသည်။

(င) တသကကို ဖျက်ဆီးပြီး နောက်တနေ့နံနက်တွင် ဘာကြောင့်ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေညာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကိုပြင်ရမည့် တာဝန်သည် မိမိတို့အပေါ် တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစ်စိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းသည်ဟု သတင်း စာတို့မှ ရေးသားထုတ်ပြန်ချက်တို့ကို လေ့လာကြည့်ပါက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက မိမိမသိ ပါ။ မိမိပါဝင်ခြင်းမရှိပါဟု ပြောသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသော မုသားသာဖြစ်ပါ သည်။

(စ) ယခုဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသားကိစ္စတခုတည်းမဟုတ်ဘဲ၊ နိုင်ငံရေးအမှောင့်ပယောဂများ ဖမ်း စားတယ်ဆိုတာ ကျွန်တော်တို့ရိပ်စားမိပါတယ်ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့် ချက်၌ ကျောင်းသားများနောက်ကွယ်မှ ဗကပတို့ ပါလေဟန်ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ပင်ဖြစ် သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိ လက်နက်ချဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာဖြစ်သည်။

(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အ လုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြာလို တော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်ဟု ပြောသည်မှာ ဒေသ သံနှင့် တုန်ရီနေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှ ဆင်းပေးရသော ၈၈ ခုနစ်က “စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့” ဟု ပြောသောမိန့်ခွန်းနှင့် တသံတည်းဖြစ်သည်ကို လူထုက နောကြေနေပြီဖြစ်သည်။

(ည) ထိုစဉ်က လက်တွေ့ သတ်ဖြတ်ရုံမျှသာမက နှုတ်မှလည်း စစ်ကြေညာခဲ့ပါလျက် နောက်ပိုင်းမှ သူသတ် သည် ငါသတ်သည်၊ သူဖျက်သည် ငါဖျက်သည်ဟု တဦးအပေါ် တဦးလက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေ ကာမူ၊ ခေါင်းရှောင်စေကာမူ၊ ဗိုလ်နေ၀င်းသည် အဓိကတရားခံသာဖြစ်သည်ကို လူထုက မေ့မရနိုင်ပေ။

မည်သို့ဆိုစေ ယခုအခါ ‘ဆဲဗင်းဂျူလိုင်’ ခေါ် ဇူလိုင်လ (၇) ရက်နေ့ သွေးမြေကျခဲ့ရသော ကျောင်းသားအရေး တော်ပုံကြီးသည် ယခုအခါ ၄၇ နှစ်သို့ တိုင်ခဲ့ပြီးဖြစ်သော်လည်း လူထုတရပ်လုံးသည် ထိုသွေးစွန်းခဲ့ရသော ဇူ လိုင်လ (၇) ရက်နေ့ကို ဦးနှောက်က မေ့ပျောက်သွားသည့်တိုင် နှလုံးသားက ဥဒါန်းမကျေ အစဉ်သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ယခုအခါ၌လည်း ဗိုလ်နေ၀င်း၏ မျိုးဆက်သစ်လက်ပါးစေ စစ်အာဏာရှင်တို့ သည် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်ရေးအတွက် ရုန်းကန်တိုက်ပွဲနေသော ရဟန်းရှင်လူ၊ ကျောင်း သားများပါဝင်သည့် ပြည်သူလူထုတရပ်လုံးအား နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ဆင်ကြံကြံလျက်ရှိရာ တော်လှန်ရေး သတိ အစဉ်ရှိစေရန် တပ်လှန့်နှိုးဆော်လိုက်ရပါသည်။

ဒီမိုကရေစီအရေးတော်ပုံကြီး လုံးဝ (လုံးဝ) အောင်ရမည်။

ဒေါင်းလူငယ်။

ကျေးဇူးတရားကို ပညာဒါန ပြုရင်း ဆပ်နေသူ လူငယ်တွေ အတွက် လမ်းဖွင့်ပေးနေသူ


ကိုယ်ဖြစ်ချင်တဲ့ ဘ၀တစ်ခုကို ကိုယ်တိုင် လမ်းဖောက်ပြီး လျှောက်ခဲ့ရာက ရရှိလာတဲ့ အတွေ့အကြုံ တွေကို အခြေခံပြီး

ကိုယ့်လိုစိတ် ရှိတဲ့ လူငယ်တွေကို စေတနာထား လမ်းပြပေးချင် တာကြောင့် တတ်စွမ်းသမျှ ပညာမျိုးစေ့ ချပေးနေတဲ့ လူငယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ရ ပါတယ်။ ဇင်ဇော်ထက်ထွန်း ဆိုတဲ့ လူငယ်က အခမဲ့ ပညာဒါန ဘာသာစကား သင်တန်းတွေကို ဦးစီး ဖွင့်လှစ်နေသူ တစ်ဦးပါ။ နာရိုတို ဆိုတဲ့ နိုင်ငံတကာ အဆင့်မီ ဘာသာစကား သင်တန်းတွေကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က စပြီး ဖွင့်လှစ်နေခဲ့တာပါ။ ပညာဒါနဆိုတဲ့ အတိုင်း သင်တန်းကြေး လုံးဝမယူဘဲ အခမဲ့ပညာ ဖြန့်ဝေ ပေးနေတာပါ။

ပညာဒါန ဆိုပေမယ့် ထူးခြားတဲ့ ပုံစံလေးနဲ့ သင်ကြား ပို့ချနေတာကြောင့် စိတ်ဝင်စား မိတာပါ။ NARUTO မှာ ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ်ဘာသာ စကား ၄ မျိုးကို သင်ကြား ပို့ချပေးနေတာ ဖြစ်ပြီး လူမှုဝန်ထမ်း အကူဆရာ၊ ဆရာမ ၇ ဦးက ဒါနပြု သင်ကြားပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီလို့ ဆိုတဲ့ အတိုင်း သင်ကြားမှု ပုံစံကို ယနေ့ဘာသာ စကား သင်ကြားမှု နည်းစနစ် အသစ်တွေနဲ့ ပို့ချ ပေးနေတာ တွေ့ရပြီး နိုင်ငံတကာ သင်တန်းကျောင်းကြီး များလို သင်ကြား ပေးတဲ့ ဆရာ၊ ဆရာမတွေက သပ်ရပ်ပြီး စတိုင်လ်ကျတဲ့ တူညီ ၀တ်စုံတွေနဲ့ စည်းကမ်းတကျ သင်ကြားပေးတာ ဖြစ်ပါတယ်။

ဒါဟာ ပညာဒါန ဆိုပေမယ့် ဘာသာစကား ပညာရပ်တွေကို တလေးတစား လေ့လာ သင်ယူစေချင် လို့ပါလို့ ဆိုတယ်။ အခုဆိုရင် သင်တန်း အပတ်စဉ် ၄ ခုရှိသွားပြီး သင်တန်းသားတွေ ဆိုရင်လည်း ရာချီနေပါပြီ။ ကိုယ့်ယုံကြည်ချက်ကို အပျက်မခံဘဲ ဆက်လက် လျှောက်လှမ်းနေဆဲပါ။ ဒီသင်တန်းက နေပြီး နိုင်ငံတကာ အဆင့်မီ ပြည်ပ ကျောင်းများအထိ သွားရောက် သင်ယူနိုင်အောင် ကြိုးစား သင်ကြားပေးမယ် လို့ ဇင်ဇော်ထက်ထွန်း က ဆိုပါတယ်။ “ကျွန်တော်က မိဘမဲ့ တစ်ဦးပါ။ ပေါင်းတည် ဇာတိပေါ့။ ဘာသာစကားတွေ တတ်ချင်လွန်းလို့ လိုက်ပြီး စုံစမ်းတော့ ဈေးတွေက ခေါင်ခိုက်နေတယ်။ ဒါနဲ့ ရန်ကုန် တက်လာပြီး စုံစမ်းတော့ မနောရမ္မ ဘုန်းတော်ကြီး ကျောင်းက ပညာဒါနမှာ ဂျပန်စကား စသင်တယ်။ ၆ လလောက် တက်ဖြစ်တယ်။ ပြီးတော့ ဓမ္မရက္ခိတ ကျောင်းမှာ ထပ်တက်တယ်။

အဲဒီမှာ ဆရာလည်း ပြန်လုပ်ပေး ဖြစ်တယ်။ ၂ နှစ်လောက်ကို ပြင်းပြင်းထန်ထန် ကြိုးစား သင်ယူ လေ့လာခဲ့တယ်။ ကျွန်တော် တက်ခဲ့တဲ့ ပညာဒါန ကျောင်းတွေကို မမေ့ မလျော့ဘဲ ကျေးဇူးဆပ်တဲ့ အနေနဲ့ အခုလို ကိုယ်ပိုင် နိုင်ငံတကာ အဆင့်မီ ပညာဒါန ကျောင်းလေး ဖွင့်ဖြစ်တာပါ။ ဘာသာစကားတစ် ခုလောက်တော့ လူတိုင်း တတ်ထားသင့်တယ်လို့ ထင်ပါတယ်။ လူငယ်တွေ လုပ်ငန်းခွင် ၀င်မယ် ဆိုရင်လည်း အနည်းဆုံးတော့ ဘာသာစကား ၂ ခုလောက် ကျွမ်းကျင်ထားရင် တော်တော် အဆင်ပြေပြီ။ လုပ်ငန်းခွင်မှာ တိုးတက်ဖို့ သေချာ သလောက် ဖြစ်နေပြီ။

ဒါကြောင့် ယနေ့ လူငယ်တွေ အတွက် လိုအပ်ချက်တွေကို တစ်ဖက် တစ်လမ်းက ဖြည့်ပေးတဲ့ သဘောပါ။ ကိုယ့်တုန်းကလည်း ကိုယ့်ရဲ့ ၀ါသနာ၊ ဆန္ဒ၊ လိုအပ်ချက်ကို အခမဲ့ ပညာဒါန ဘုန်းတော်ကြီးကျောင်း တွေက ဖြည့်ပေးခဲ့ တာလေ။ ဒီကျောင်းတွေက ပေးတဲ့ အခြေခံ ပညာတွေဟာ တကယ် ကြိုးစား သင်ယူ လေ့လာသူတွေ တကယ့်ကို အကျိုးရှိတဲ့ သင်တန်းတွေပါ။ ကျွန်တော့်လို လူငယ်တွေ အများကြီး ရှိနေမှာပါ။ သူတို့တွေ အတွက်၊ ပညာကို တကယ် လိုလားသူတွေ အတွက်ပါ” လို့ ဇင်ဇော်ထက်ထွန်းက ဆိုပါတယ်။

ဇင်ဇော်ထက်ထွန်းက ဓမ္မ ရက္ခိတမှာ အခမဲ့ ဆရာ အဖြစ် ဆောင်ရွက် နေရင်းက ဂျပန်စကားပြန် အဖြစ် နှစ်နှစ်ခန့်လည်း လှုပ်ရှားခဲ့ပါ သေးတယ်။ ဒါဟာ အတွေ့အကြုံ တစ်ခု အနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး သူ တကယ် လုပ်ချင်တဲ့ ဆရာ ဘ၀ကိုတော့ သူ မမေ့ထား ပါဘူး။ တစ်ဆက်တည်းမှာပဲ အိမ်တိုင်ရာရောက် ဘာသာစကား သင်တန်းများကိုလည်း လိုက်လံ သင်ကြားခဲ့ပါ သေးတယ်။ Cyber Co.Ltd နဲ့ Excel Co.Ltd မှာလည်း အရောင်း မန်နေဂျာ အဖြစ် လုပ်သက် အတွေ့အကြုံ ယူခဲ့ပါသေးတယ်။ “ဒီကုမ္ပဏီတွေမှာ ကိုယ့်အထက်က လူကြီးက နိုင်ငံခြားသားတွေ ဆိုတော့ အင်္ဂလိပ်လိုပဲ ပြောခဲ့ရတယ်။ ဒါဟာ ကျွန်တော် ဘာသာစကား နှစ်မျိုးတတ် ထားခဲ့လို့ အဆင်ပြေတာပေါ့။ လူငယ်တိုင်းကို အဲဒီလို ဖြစ်နေစေချင် တာပါ။ အဲဒီမှာ ၀င်လုပ်တာ အဆင်ပြေပေမယ့် ကျွန်တော် တကယ်တမ်း လုပ်ချင်တာက စာသင်တာ။ ပြီးတော့ အခမဲ့ ပညာဒါန ကျောင်းတစ်ခုလေ။ အဲဒီအတွက်ပဲ အချိန်ယူကြိုး စားခဲ့တာပါ”လို့ ဆိုပါတယ်။

ဘယ်လို အလုပ်ကိစ္စ မဆို၊ ဘယ်လို ရည်မှန်းချက် မဆို လွယ်လင့်တကူ ရရှိဖို့ ဆိုတာက ဆယ်ရေးတစ်ရေး အခြေအနေပါ။ အခက်အခဲ ဆိုတဲ့ အုတ်တံတိုင်းကြီးကို တကယ် အလုပ်လုပ် သူတိုင်း ဖြတ်ကျော်ကြရ စမြဲပါ။ ဇင်ဇော်ထက်ထွန်းတို့လို လူမှုရေး တစ်ဝက် ပါနေတဲ့ ရည်မှန်းချက် ပန်းတိုင် အတွက်ကတော့ အခက်အခဲတွေက တောင်ပုံယာပုံ။ ဒါပေမယ့် “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုတဲ့အတိုင်း ကြိုးစားမှုကာလ ၄၊ ၅ နှစ်အတွင်းမှာ သူနဲ့ စိတ်တူကိုယ်တူ၊ ၀ါသနာတူ စေတနာရှင်များနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပါပြီ။ “ဘုန်းတော်ကြီးကျောင်း ပညာဒါန သင်တန်းတွေမှာ ဆရာအဖြစ် သင်ခဲ့တုန်းကတော့ တပည့် တွေထဲကနေ ပြည်ပမှာ အလုပ် သွားလုပ်နိုင်တဲ့ အထိ တတ်မြောက် သွားသူတွေ၊ ပြည်ပမှာ ကျောင်းတက်နိုင်တဲ့ သူတွေ ရှိခဲ့ဖူးတယ်။ တကယ် ကြိုးစားတဲ့ ကလေးတွေပေါ့။ အခု ဒီသင်တန်းက ကာလ တိုသေးတော့ စောင့်ကြည်ရဦးမှာပါ။ အဲဒီလို ဖြစ်လာအောင်လည်း ကြိုးစား လုပ်ပေးမယ်” လို့ ဆိုပါတယ်။

NARUTO International Foreign Languages & Education Academy က တခြားပညာ ဒါနကျောင်းတွေလိုပဲ သင်တန်းကြေး လုံးဝ မယူဘဲ သင်ကြားပေးပါတယ်။ သင်တန်း တက်ချိန်မှာ စနစ်တကျ ရှိဖို့ အတွက် တပ်ဆင်ရတဲ့ ကျောင်းသားကတ် အတွက် ၅၀၀ ကျပ်နဲ့ စာမေးပွဲကြေး ၅၀၀ ကျပ်ပဲ ကောက်ခံတယ်လို့ သိရပါတယ်။ သင်တန်း ကာလ ပြီးဆုံးချိန်မှာ တကယ်ကြိုးစား သင်ယူမှု ရှိ မရှိ၊ တတ်မြောက်ခြင်း ရှိ မရှိ သိရလေအောင် စာမေးပွဲများ ဖြေဆိုကြရပြီး သင်တန်းဆင်း လက်မှတ်များကိုလည်း အခမ်းအနားနဲ့ ပေးအပ်ထားတာ တွေ့ရပါတယ်။

ဇင်ဇော်ထက်ထွန်းက ပညာဒါန သင်တန်းကျောင်း တစ်ခုက နေပြီး နိုင်ငံတကာ အဆင့်မီ ဘာသာစကား တတ်ကျွမ်းသူတွေ ပေါ်ထွက်လာရေး၊ လုပ်ငန်းခွင်တစ်ခုမှာ အောင်မြင်တဲ့ ၀န်ထမ်းကောင်း တစ်ဦးအဖြစ် အလုပ်ဝင်ခွင့် ရရှိရေး၊ ပညာဒါန သင်တန်းမှသည် ပြည်ပနိုင်ငံတကာ သင်တန်းများ အထိ တက်လှမ်းခွင့် ရရှိရေးဆိုတဲ့ ရည်မှန်းချက်၊ ဆန္ဒတွေ ဆုပ်ကိုင်ရင်းNARUTO တည်တံ့ ခိုင်မြဲတိုးတက်ရေး အတွက် ဆက်လက် လျှောက်လှမ်း နေဆဲပါ။ ကိုယ်ကျိုးမပါ၊ အများတကာ ဖွံ့ဖြိုး တိုးတက်ရေး ရွက်ဆောင်နေတဲ့ လူငယ်တွေ အတွက် အခုလို လူငယ်တွေ အများကြီး ပေါ်ထွက်လာနိုင်ပါစေ။ NARUTO တို့ရဲ့လမ်းကြောင်း ဖြောင့်ဖြူးနိုင်ပါစေ ဆိုတဲ့ ဆန္ဒက ဇင်ဇော်ထက်ထွန်းနဲ့ ထပ်တူပါလို့...။

သင်းပပ