26 February 2011

The Voice ဂျာနယ်. 7-12

 
ဒီတပတ် The Voice ဂျာနယ်မှာပါတဲ့ ဦးတေဇနဲ့ အဖွဲ့ဝင်ခြောက်ဦးစလုံး အန္တရာယ် ကင်းစွာ ပြန်ရောက်ဟု ထူးကုမ္ပဏီ ပြောကြားဆိုတဲ့ အောက်မှာ ရေးထားတဲ့ ဒေါက်တာဓမ္မဒူတဆေကိန္ဒရဲ့ ကိုယ်လုပ်ခဲ့တဲ့ အတိတ်ကိုသာ ကိုယ့်ဟာကိုယ် သင်ပုန်းချေကြတဲ့ အပေါ်က အဖြစ်အပျက်ကို ရည်ညွှန်းနေ သယောင်ပါပဲ..ရဟတ်ယာဉ်ကျွံပြီး လျှိုထဲမှာ (၃)ရက်ကြာပိတ်မိနေကြတာလေ... ကိုယ်ဘာတွေ လုပ်ခဲ့တယ် ဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးပါပဲ..

25 February 2011

Brighton Festival 2011 မှာ ပြောကြားတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့် ရုပ်သံ

Brighton Festival 2011 မှာ ပြောကြားတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း


Pro-democracy leader Aung San Suu Kyi has thanked people in Brighton for their support and said one day she hopes to visit the city again.

In a message which will be played at today’s (Wednesday) Brighton Festival launch the Nobel Peace Prize winner from Burma, who is this year’s guest director, urged residents to use their freedom to raise awareness of her country.

Ms Suu Kyi, who has fought for more than two decades for democracy in her home country, said: “This is one of the most joyous occasions I have had the good fortune to address.

“We all think of the Brighton Festival as a time for festivity, for diversity, for creativity, for expression, for freedom of expression.

“This is especially important to us in Burma, who have been deprived of this right of freedom for very many years.

“We look to you to use your freedom of expression to let the world know what it is like in our country, what it is like not to be able to say what you want to say.”

Ms Suu Kyi, who was only released from house arrest in November and is currently unable to leave Burma because of the political situation, added that she hopes to be able to visit Brighton in the future.

She said: “I hope one day that I shall be able to come to Brighton.

“I have been to Brighton long, long, ago, and I am not quite sure I remember what it is like, but I would like to come there again to take part in the Brighton Festival and to thank all of you personally for what you have done for us and what I think you are still trying to do for us.”

This year’s programme will cross all genres as a collection of artists respond to Ms Suu Kyi, who has been detained in Burma for 15 of the past 21 years.

It will include events ranging from a new co-commissioned work by Alain Platel and les ballets C de la B to a revival of the site-specific theatre commission The New World Order by theatre company Hydrocracker based on Pinter’s political plays.
Ms Suu Kyi’s passion for Western classical music has also been reflected across the programme, including Beethoven’s powerful hymn to freedom Fidelio in a concert performance with the Orchestra of the Age of Enlightenment conducted by Adam Fischer. 
Brighton Festival 2011 မှာ ပြသတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အကြောင်းပါတဲ့ ရုပ်သံ



အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley (သတင်း၊ ဓာတ်ပုံ)

Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ ခေါ်ဆောင်လာစဉ်..
တရားခံ Mr.Ross Dunkley ၏ရှေ့နေ ဦးမင်းစိန်
  တရားလို မခိုင်ဇာ 

အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley 

ယနေ့ ၂၄ရက်နေ့ မနက် ၉း၀၀ အချိန်၌ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းမပေါ်ရှိ၊ ကမာရွတ်မြို့နယ် တရားရုံးသို့ ညှဉ်းပမ်းနှိပ်စက်မှု၊ မူးယစ်ဆေးဝါး ကိုင်ဆောင်သုံးစွဲမှု၊ နယ်စပ်ဖြတ်ကျော် (လ၀က) အက်ဥပဒေများနဲ့ တရားစွဲဆိုခြင်းခံ ထားရတဲ့ ယခင်မြန်မာတိုင်းမ်ဂျာနယ်မှ (CEO)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား စွဲချက်တင်အမှု စစ်ဆေးရန်အတွက် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်မှ ရုံးထုတ်ခေါ်ဆောင်ခဲ့ပါသည်။ Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ လက်ထိပ်ခတ် ခေါ်ဆောင် လာပြီးနောက် တရားရုံးထုတ် တရားခံများထားရှိရာ တရားရုံး အချုပ်ခန်းတွင်းသို့ ထည့်သွင်း ချုပ်နှောင်ထားခဲ့ပါသည်။ အဲ့ဒီ့နောက်နေ့လည် ၁၂း၁၅ မိနစ်အချိန်ခန့်တွင် Mr.Ross Dunkley ကိုအချုပ်ဆောင် မှ ထုတ်ယူခေါ်ဆောင်ပြီး ကမာရွတ်မြို့နယ် အထူးတရားရုံးခန်းတွင် မြို့နယ်တရားသူကြီး (အမည်မဖော်ပြ)မှ စတင်စစ်ဆေး မေးမြန်းပါသည်။

တရားသူကြီးမှ စစ်ဆေးနေစဉ်အတွင်း တရားရုံးခန်း  အနီးအနားတွင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာတိုင်းမ်ဂျာနယ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု ကြားနာကြပါသည်။ သတင်းထောက်များနှင့် လာရောက် ကြည့်ရှု ကြားနာသူများအား တရားရုံးခန်းအတွင်းသို့ ၀င်ရောက်ခွင့် မပြုသည့်အပြင် ဓါတ်ပုံကင်မရာ၊ အသံဖမ်းစက်၊ မိုဘိုင်းဖုန်းများ ကိုင်ဆောင်ဝင်ရောက် လာသူများအား ကြားနာကြည့်ရှုခွင့်မပြုခဲ့ပါ။ တရားခွင်ကို၂ နာရီခန့် ကြားနာစစ်ဆေးခဲ့တယ်လို့ သိရှိရပါသည်။

တရားလို ဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) မှ တရားခွင်သို့ လာရောက် စစ်ဆေးခံခဲ့ပါတယ်။ ၄င်းတရားလိုဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) တွင် လေးလခန့်ရှိသော ကိုယ်ဝန်ကို လွယ်ထားရပြီး၊ ၄င်းနှင့်အတူသူမ၏ အမျိုးသား ဖြစ်သူဟုဆိုသော လူငယ်တစ်ဦးပါ အတူပါရှိခဲ့ပါသည်။ တရားလို ၊ တရားခံ နှစ်ဦးနှစ်ဘက်အား မြို့နယ်တရားသူကြီးမှ အမှုကို ကြားနာစစ်ဆေးပြီးနောက် ယခင်မြန်မာတိုင်းဂျာနယ်မှ(CEO) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ / ၃၄၂ / ၃၅၄ / ၁၃(က) အရ စွဲချက် တင်လိုက်သည်ဟု သိရှိရပါသည်။ တရားသူကြီးမင်းမှ အမှုကို လက်ခံ စစ်ဆေးကြားနာ၊ စွဲချက်တင်ပြီးနောက် အမှုရုံးချိန်းကို ၂၀၁၁၊ မတ်လ(၃)ရက် နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရှိရပါသည်။ ထို့နောက် Mr.Ross Dunkley အားညနေ ၄ နာရီအချိန်ခန့်တွင် ရဲအချုပ်ကားဖြင့် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်သို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

သတင်း ဓာတ်ပုံ၊ ဒီမိုဝေယံ

ပြည်သူ့ ဘဏ္ဍာငွေနဲ့  အခွင့်ထူးခံကာ သိန်းချီသော လစာရနေကြသူများ။

နအဖ သန်းရွှေက ချီးမြှောက်တော်ကောက်လိုက်တဲ့ သိန်းစိန်ရဲ့  သမတ လစာဟာ မြန်မာနိုင်ငံအနေနဲ့  ကြည့်မယ်ဆိုရင် တိုင်းသူပြည်သားတွေ ဆင်းရဲမွဲတေနေပြီး နိုင်ငံလည်း ချွတ်ခြုံပြာကျနေတဲ့ အခြေအနေနဲ့  မလိုက်အောင် ပေးထားတာ တွေ့ ရပါမယ်။












သိန်းစိန်ကို သမတအဖြစ် လစဉ် ကျပ်ငွေ သိန်း (၅၀) ပေးပါမတဲ့ဗျာ။ တရားဝင် ငွေလဲနှုန်း တွက်ရင်တောင် သိန်းစိန်ကို သမတအဖြစ် ပေးမယ့် တစ်လစာ လစာဟာ အမေရိကန် ဒေါ်လာငွေ (၈) သိန်းကျော် ရှိနေပါတယ်။ ဒီ နအဖ သမတတွေ ဒုသမတတွေအတွက် ပေးနေမယ့် လစာတွေဟာ တကယ်တမ်းမှာ သန်းရွှေအိတ်ထဲကလည်း မဟုတ်ပါဖူး။ တိုင်းသူပြည်သားတွေ ပိုင်ဆိုင်တဲ့ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေ တစ်နည်းပြောရရင် နိုင်ငံတော်က ပေးပါတယ်ဆိုနေကြတဲ့ နိုင်ငံပိုင်ငွေတွေပါ။ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ အိတ်ထဲကနေ သိန်းစိန်ကို ထုတ်ပေးနေတာ မဟုတ်ပါဖူး။ နောက်ဆုံးကြတော့ တိုင်းပြည်က ပြာကျ သန်းရွှေတို့  သိန်းစိန်တို့  မိသားစုတွေ အခြေကျ ဖြစ်နေပါတယ်။

သိန်းစိန် ရရှိမယ့် သမတ လစာဟာ ပုလင်းတူ ဗူးဆို့  စင်ကာပူနိုင်ငံ ၀န်ကြီးချူပ်လို ဖြစ်နေပါတယ်။ သိန်းစိန်ရဲ့  သမတ လစာဟာ စင်ကာပူနိုင်ငံက ၀န်ကြီးချူပ်ရဲ့  လစာပြီးရင် ကမ္ဘာပေါ်မှာ အများဆုံးလဟာ ဖြစ်နေပါတယ်။
























ကမ္ဘာမှာ တိုးတက်ဖွံ့ ဖြိုးပြီး ချမ်းသာကြွယ်ဝနေကြတဲ့ နိုင်ငံကြီးတွေရဲ့  ခေါင်းဆောင်တွေတောင် တိုင်းသူပြည်သားတွေက တိုင်းပြည်က သင့်တင့်ထိုက်လျော်စွာ ပေးတဲ့ သမတလစာ ၀န်ကြီးချူပ်လစာဟာ သိန်းစိန်တို့ ရဲ့  သမတလစာနဲ့  အင်မတန်ကွာခြားလှပါတယ်။























ဒီလောက်များပြားလွန်းလှတဲ့ သမတ လစာဟာ သိန်းစိန်အတွက်တော့ တစ်နေ့ စာ မုန့် ဖိုးလောက်ဘဲ ရှိနေမှာပါ။ တိုင်းပြည်ရဲ့  သယံဇာတတွေ၊ တံစိုးလက်ဆောင်ပစ္စည်းတွေ၊ ထင်ရာစိုင်းပြီး လုပ်ကိုင်ခွင့်ရနေတဲ့ စီးပွားရေး လုပ်ငန်းတွေ အစရှိတဲ့ ပြည်သူ့ ဘဏ္ဍာတွေကို တရားဝင် ခိုးယူပိုင်ခွင့်ရှိနေသူတွေအတွက် လစာဆိုတာ မက်မောစရာ မရှိပါဖူး။
























တကယ်တော့ သမတ လစာဆိုတာ သိန်းစိန်တို့ အတွက် ဆင့်ပါးစပ် နှမ်းပက်တာလောက်ဘဲ ရှိပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့  ဆင်းရဲငတ်ပြတ် ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဘ၀တွေ ချွတ်ခြုံကျ ဆင်းရဲခေါင်းပါးနေရတဲ့ မြန်မာနိုင်ငံကြီးရဲ့  အနေအထားတွေနဲ့  ကြည့်ရင်တော့ သန်းရွှေတို့  သိန်းစိန်တို့ စာ တိုင်းသူပြည်သားတွေကို ဂုတ်ခွစီးပြီး လည်မြိုကသွေးကို စုပ်ယူစားသုံးနေတဲ့ မကောင်းးဆိုးရွား ဖုတ်ကောင်တွေရဲ့  စည်းစိမ်ယစ်မူးကာ အခွင့်ထူးရနေကြတဲ့ သန်းရွှေတို့  သိန်းစိန်တို့ အတွက် ဒီ လစာငွေလောက်ကတော့ မမက်လောက်ပေမယ့် အခွင့်ထူး ခံပြီးရင်း ခံနေကြတာဘဲ ဖြစ်ပါတယ်။

တိုင်းပြည်ကြီးကတော့ မွဲပြာကျ၊ သိန်းစိန်တို့ အာဏာရူးတွေကတော့ သူခိုးရွှေရ တစ်မြမြ ဖြစ်နေပါတော့တယ်။

ပြည်သူ့ ဘဏ္ဍာငွေနဲ့  အခွင့်ထူးခံကာ သိန်းချီသော လစာရနေကြသူများ ဖြစ်ပါတယ်။

23 February 2011

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား (ကိုရီးယား)



FREE BURMA CAMPAIN ( Korea ) ၏ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား


လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ လွတ်မြောက်ရေးအတွက် Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနားသို့ ပေးပို့တဲ့ ဗီဒီယိုမက်ဆေ့ခ်ျ (ရုပ်သံ)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ ၆၁ကြိမ်မြောက် ရုပ်ရှင်ပွဲတော် Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနား၌ ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့ခဲ့ပြီး မြန်မာပြည်တွင်း လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ရင်း နှစ်ရှည်ထောင်ဒါဏ် မတရားကျခံနေရတဲ့ ပြည်သူ့အချစ်တော် စွယ်စုံရ အနုပညာရှင်ကိုဇာဂနာ လွတ်မြောက်ရေးအတွက် အနုပညာရှင်များမှ ကူညီတောင်းဆိုပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်..
ယခုနှစ် Cinema For Peace Gala 2011 ဆုကို ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇန္နဝါရီလက ဟေတီ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ဟေတီပြည်သူများအတွက် အကူအညီပေးရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ တိုက်တွန်းနှိုးဆော် ကြိုးစား အားထုတ်ခဲ့တဲ့ မင်းသားရှောင်ပင်းက ရရှိခဲ့ပါတယ်..။

နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၃)

စစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေထဲက ဖျောက်ဆိပ်ပင် ရေဒါစခန်း မြင်ကွင်းပုံတွေပါ...။ ဒီလိုလူသူမရောက်တဲ့ တောင်ကြို၊ တောင်ကြားတွေထဲမှာ ဆောက်လုပ်ထားတဲ့ အတွက် ကုန်ကျစားရိတ် အင်မတန်များပြားသလို၊ မီးအပြတ်မခံတဲ့ အဆိုပါ စက်ရုံတွေ အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပုံမှာ မြင်ရတဲ့အတိုင်း တာဝါတိုင်တွေကနေ ပို့လွှတ်ပေးပါတယ်..။ လက်ရှိ စစ်အစိုးရ ပြည်သူလူထုအတွက် ဆောက်လုပ်နေပါတယ် ဆိုတဲ့ ပြည်တွင်းက လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်တဲ့ ပြည်သူလူထု အတွက်လား ဒါမှမဟုတ်.. အဆိုပါ လျှို့ဝှက်စီမံကိန်းတွေ အတွက်လား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။ 

လျှပ်စစ်ဓာတ်အား ပမာဏအများအပြားကို ဒီလို ပြည်သူလူထုမသိနိုင်တဲ့ လျှို့ဝှက်စီမံကိန်း နေရာတွေမှာ အသုံးပြုနေရပါတယ်..။  ဒီလိုလျှို့ဝှက် တည်ဆောက်ရေး တစ်ခုစီမှာ အစိတ်အပိုင်းထုတ်တဲ့  စက်ရုံပေါင်း အနည်းဆုံး ၂၀ကျော်မှ တစ်ချို့စီမံကိန်းတွေမှာ ဆိုရင် အများဆုံး စက်ရုံ ၉၀လောက်အထိရှိတဲ့  ကြီးမားတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်..။ ဒီလို စီမံကိန်းတွေမှာ အသုံးပြုဖို့အတွက် ပြည်တွင်းမှာ ဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ဓာတ်အား မီဂါဝပ်များစွာ ခွဲဝေအသုံးပြု နေရပါတယ်...။  ထို့အတွက်ကြောင် မြန်မာပြည် အတိုင်းအတာ အသာထား ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာတောင် မီးအပြည့်အဝ မပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်..။
ဆောက်လုပ်ပြီးစ စက်ရုံ အဆောက်အဦး တစ်ခုမြင်ကွင်း
 ဆောက်လုပ်ပြီးစ ရေဒါစက်ရုံမြင်ကွင်းတစ်ချို့.. လျှို့ဝှက်စီမံကိန်းအတွင်းမှ အဆောက်အဦးများဟာ  တောင်ကြား တွေမှာ တည်ဆောက်ထားပြီး လေယာဉ်ပေါ်မှ ကြည့်လျှင် ရုတ်တရက် မမြင်နိုင်စေရန်.. အစိမ်းရောင်ဖြင့် သုတ်ထားပါတယ်..
ဖျောက်ဆိပ်ပင် တောင်ကြောအတွင်းမှ စက်ရုံတစ်ရုံပုံပါ..။ မြောက်ကိုရီးယား ပညာရှင် တော်တော်များများဟာ ဒီလို စက်ရုံဂိုဒေါင်တွေထဲမှာ အလုပ်လုပ်ရင်း နေထိုင်ကြပါတယ်..။

နောက်ဆုံးရရှိတဲ့ သတင်းအရ ပြီးခဲသည့် ၂၀၁၀ နှစ်ကုန်ပိုင်းက မြင်းခြံမြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်းပါးမှာ ရှိတဲ့ မြေနေရာများအား တပ်မတော် စက်မှုဇုံတည်ဆောက်ရေး ဟုဆိုကာ မူလပထမ စီမံကိန်းအတွက် ဧက(၁၀၀၀) သိမ်းယူတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ စက်မှုဇုံအတွက် မြေနေရာ အကျယ်အဝန်း မလောက်ငဟူသော အကြောင်းပြချက်ဖြင့် ဧက(၃၀၀၀) ခန့်အား သိမ်းယူခဲ့ကြောင်း သိရှိရပါသည်။ အင်မတန်ကြီးမားတဲ့ မြေဧရိယာ အကျယ်အဝန်းတစ်ခု ဖြစ်ပါတယ်..။ အဆိုပါ တပ်မတော် စက်မှုဇုံစီမံကိန်းအတွင်း ဆိပ်ခံ တံတားတစ်ခုလည်း ပါဝင်ကြောင်း သတင်းရရှိပါသည်။

 ပြည်ချစ် မျိုးချစ်စစ်သည်များအား လေးစားဦးညွှတ်လျှက်..

ဒီမိုဝေယံ...
နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၂) ပြန်ဖတ်ချင်ရင်.. http://www.demowaiyan.co.cc/2011/01/blog-post_9984.html

ချိတ်ထမီအဆင်လေးတွေ လှမှလှ၊ နအဖ ဗိုလ်ချူပ်ကြီးများအတွက် လိုက်မှ လိုက်။



(OperationBurma ၏ ဖေါ်ပြချက် ဖြစ်ပါသည်)။

22 February 2011

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ (၁၆)ကြိမ်မြောက် ဥရောပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ ပေးပို့သည့် ဗီဒီယို မက်ဆေ့ခ်ျ..


ရုပ်သံ tun90may
နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ (၁၆)ကြိမ်မြောက် ဥရောပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်သူများနှင့် ဆုံးဖြတ်ချက်များနော်ဝေနိုင်ငံ အော်စလို ဆွေးနွေးပွဲ
အရှင်ထာဝရအား ကျေးဇူးတင်ပါသည်..။

ABMA ဂျာနယ်.... Volume 2 No 4

ABMA Journal Volume 2 No 4

20 February 2011

The Voice ဂျာနယ်. 7-11

ကနေဒါအခြေဆိုက် The Globe and Mail သတင်းဋ္ဌာနနဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး အသံဖိုင်နဲ့ (Good and evil in Myanmar) သတင်းဓာတ်ပုံ



ကနေဒါအခြေဆိုက် The Globe and Mail သတင်းဋ္ဌာနနဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး အသံဖိုင် နားထောင်ရန်....
 Egyption army did not fire the people... 
 အသံဖိုင် Download လုပ်ချင်ရင်.. http://www.mediafire.com/file/uq9zgn011jn2kk2/MacKin%20Interview%20with%20Amay%20Suu.mp3


The Globe and Mail သတင်းဋ္ဌာနက (Good and evil in Myanmar) သတင်းဓာတ်ပုံ 
(၁၈ရက်နေ့က သတင်းနဲ့ အသံဖိုင်ပါ) Play နှိပ်ကြည့်ရှူပါရန်..