19 November 2011

ရည်ရွယ်ချက်(၃)ရပ်ကြောင့် ပါတီမှတ်ပုံတင်ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်းပြည်နယ်နှင့်တိုင်းလူငယ်အကူညီပေးရေးအဖွဲ့ အစည်းအဝေးတွင်ပြော


ပါတီမှတ်ပုံတင်ရခြင်းနှင့် ရွေးကောက်ပွဲပြန်လည်ဝင်ရောက်လိုသည့် ရည်ရွယ်ချက်(၃)ရပ်မှာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန် လည် ပြင်ဆင်လိုသည့် အတွက်ကြောင့် ဖြစ်ကြောင်း ပြည်နယ်နှင့်တိုင်းလူငယ်အကူညီ ပေးရေး အဖွဲ့ အစည်းအဝေး တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

“ဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ ထိပ်ဆုံးမှာထားသလဲဆိုတော့ တခြားကိစ္စတွေဟာ အဲဒါနဲ့ဆက်နွယ်နေ ပါတယ် ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆိုတာ ဥပဒေစိုးမိုးရေးနဲ့ ဆိုင်ပါတယ်။ ဥပဒေစိုးမိုးရေးရှိရင် နိုင်ငံရေး အကျဉ်းသားတွေ ရှိစရာမရှိပါဘူး ။ နိုင်ငံရေးအကျဉ်း သားတွေကျနေရတာဟာ ဥပဒေစိုးမိုးရေးမရှိလို့ဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေး မရှိရင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ခက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လူငယ်တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်နှင့်တိုင်း လူငယ်အကူညီ ပေးရေးအဖွဲ့ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ လူငယ်များ သိလိုသောမေးမြန်းချက်များဖြစ်သည့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခ၊ အဖွဲ့ချုပ်ပြန် လည် မှတ်ပုံတင်ခြင်းကိစ္စ၊ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အခြေအနေ၊ စာသင်ကျောင်းနှင့် သင်တန်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပြန်လည်ဖြေခဲ့သည်။

“အခုကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို တင်ပြသွားတာတွေရှိပါတယ်။ ဒါကိုလည်း ကြိုဆိုပါတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အဓိကအရေးကြီးတဲ့ ကိစ္စတစ်ခုဟာ ပြည်တွင်း ငြိမ်းချမ်းရေးပါ။ အဲဒါကြောင့်အဲဒါကို အဓိကလုပ်သွားဖို့လိုတာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

အစည်းဝေးတွင် တိုင်းနှင့်ပြည်နယ်များမှ လူငယ်များမှ မြန်မာနိုင်ငံတော်အလံပြောင်းခြင်းအပေါ် သိရှိလို သောအချက် ၊ နိုင်ငံရေးအကျဉ်းသားများအကြောင်း၊ ပြည်တွင်းစစ်ရပ်ဆိုင်းရန်ကိစ္စ၊ တိုင်းရင်းသား များအကြား ဖြစ်ပေါ်နေသော ပဋိပက္ခပြသာနာ များ၊နှင့် ပညာရေးအခြေ အနေ၊ ထောင်တွင်း အကျဉ်းကျခံ နေရသော အကျဉ်းသားများ၏ ကျန်းမာရေးကူညီစောင့်ဆောက်မူအခြေအနေ စသည့်အချက်ဖြင့် မိမိတို့သိရှိလိုသော အချက်များအား ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

“ကျွန်မနဲ့နည်းတူ တခြားလူငယ်တွေလည်း သိချင်မယ်လို့ထင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဘယ်လိုမျိုးနဲ့သွားမလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုသွားမလဲလို့ ကျွန်မလူငယ်တစ်ယောက်အနေနဲ့ သိချင်ပါတယ်” ဟု ကယားပြည်နယ်မှ အဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ မအယ်ပလင်း အစည်းဝေးတွင်မိမိသိလိုသောအချက်ကို မေးမြန်းခဲ့သည်။

အစည်းဝေးတွင် ပြည်နယ်နှင့် တိုင်းသီးသီမှ အတက်ရောက်သူမှ လူငယ်အဖွဲ့ဝင်ပေါင်း ၁၀၀ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းများအား ပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာအား ကျေးဇူးတင်ရှိပါသည်.။

အမေရိကန်သမ္မတဘားရက်အိုဘားမား ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက်သွယ်ပြောဆို

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီ သို့ရောက်ရှိနေခိုက် နိုဝင်ဘာ ၁၈ရက်နေ့နံနက် ၉နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။ အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမြင်သာမှုရှိသည့် အပြောင်း အလဲများကိုစတင် လုပ်ဆောင်နေ သည့်ကာလအတွင်း အမေရိကန်အစိုးရ ၏ထိပ်တန်းအဆင့် တာဝန်ရှိ သူများမြန်မာနိုင်ငံ ကိုမကြာခဏဆိုသလိုလာရောက်ခဲ့ခြင်းမှာနှစ်နိုင်ငံ ဆက် ဆံရေး အတွက်အနာဂတ် အလား အလာကောင်းများဖြစ် လာနိုင်ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦး သုံးသပ်ပြောကြားသည်။

ထို့ပြင် သမ္မတအိုဘားမား ၏ ယခု ကဲ့သို့ တယ်လီဖုန်းဆက် သွယ်ခြင်းမှာ ၄င်း၏သမ္မတသက်တမ်းအတွင်းပထမဆုံး အကြိမ်ဖြစ် သလိုအမေရိကန် အစိုးရ၏အဆင့် အမြင့်ဆုံး တာဝန်ရှိသူတစ်ဦး၏မြန်မာ့အမျိုးသားနိုင်ငံရေးခေါင်း ဆောင်တစ်ဦးကို ပထမဆုံးအကြိမ် တိုက်ရိုက်တယ်လီဖုန်းဆက်သွယ်မှုလည်းဖြစ်သည်။

သတင်း.. The Messenger ဂျာနယ်

ပညာရေးကွန်ယက်တစ်နှစ်ပြည့်အဖြစ်တည်ထောင်သူဒေါ်အောင်ဆန်းစုကြည်မှ ပြည်လမ်းရှိယုဒသာန်ရိပ်သာတွင်မိန့်ခွန်းပြောပြီးအခမ်းအနားဖွင့်မည်

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းထားသော ပညာရေးကွန်ယက် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်လမ်းရှိ ယုဒသာန် ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းမျာပြောကြားပြီး အခမ်းအနားဖွင့် လှစ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ဒီမိုကရေစီကွန်ယက်တွင် ပါဝင်သော ပညာရေးကွန်ယက် အခမ်းအနားတွင် အခမဲ့ပညာရေး ဈေးရောင်း ပွဲတော် ကျင်းပမည်ဖြစ်ပြီး ရရှိလာသော အကျိုးအမြတ်များကိုလည်း အခက်အခဲရှိနေသော အခမဲ့ ပညာရေး ကျောင်းများ ကို ပြန်လည် လှူဒါန်းမည် ဖြစ်ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားဖွင့်ပေးမယ်၊ နောက် အဆိုတော်တွေကနေပြီးတော့ ဂီတဖျော်ဖြေပွဲ လုပ်မယ်၊ အခမဲ့ပညာရေး ဈေးရောင်းပွဲတော်လည်း ကျင်းပမှာပါ၊ လက်မှတ်တစ်စောင် တစ်ထောင်နှုန်းနဲ့ ပြည်သူတွေ တတ်နိုင်တဲ့ နှုန်းထားနဲ့ရောင်းချပေးပါတယ်၊ ရတဲ့ အကျိုးအမြတ် ကိုတော့ အခက်အခဲရှိတဲ့ ပညာရေးကျောင်းတွေကို ပြန်ထောက်ပံ့မှာပါ၊ ဒီပွဲကလည်း အားလုံး စုပေါင်းပြီး ရှာဖွေတဲ့ ရံပုံငွေပွဲပါ” ဟု အဆိုပါ အခမ်းအနားဖြစ်မြောက်ရေးတွင် ပူးပေါင်းပါဝင်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

ဒီမိုကရေစီကွန်ယက်၌ ပါဝင်သော togetherness ပညာရေးကွန်ယက်မှလည်း မြို့နယ်အချို့တွင် မူလတန်းမှ အထက်တန်းအထိ ဆရာ ၊ ဆရာမ (၂၉)ဦးဖြင့် အခမဲ့ ပညာသင်ကြားပေးနေကြောင်း နှင့် တစ်နှစ်ပြည့်အခမ်းအနားတွင်လည်း togetherness အဖွဲ့ဝင်များ ဖတ်သင့်သော သတင်းတွေကို ပြန်လည် ဗဟုသုတဖလှယ်ခြင်းအားဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အစားအသောက် များလည်း ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့မှာ ဆရာ ၊ ဆရာမ ၂၉ ဦးရှိတယ် မူလတန်းကနေ အထက်တန်းထိသင်ပေးနေတာပေါ့ ဆယ်တန်းဆိုရင် စာကျက်ဝိုင်းလေးတွေလုပ်ပေးတယ်၊ အလှည့်ကျစီ မြို့နယ်တွေမှာ လိုက်သင်တာပါ ဆရာ/ဆရာမတွေကလည်း အခမဲ့ စေတနာနဲ့ လိုက်သင်ပေးရှာတယ်၊ ဒီပွဲမှာလည်း ကျွန်တော်တို့ အဖွဲ့ဝင်တွေ ဖတ်သင့်တယ် ထင်တဲ့စာတွေကို စုစည်းထားတာရှိတယ်၊ အဲ့ဒါကို ပြန်လည်ဝေငှမယ် နောက် အစားအသောက်အချို့တွေကို ရောင်းချဖို့ အစီအစဉ်ရှိတယ်” ဟု togetherness အဖွဲ့ဝင် ကိုသားသားက ပြောသည်။

မြန်မာနိုင်ငံ အနာဂတ်အတွက် ကလေးငယ်များအတွက် အခမဲ့ ပညာရေးလိုအပ်နေသော အချိန် ဖြစ်သောပြီး မြန်မာပြည်ပြုပြင်ပြောင်းလဲစဖြစ်နေချိန်လည်းဖြစ်တာကြောင့် ပြည်သူပြည်သားအနေဖြင့် ပူးပေါင်းပါဝင်လိုကြောင်း ဒီမိုကရေစီဖြစ်မြောက်ရေးတွင် လှုပ်ရှားနေသော မျိုးရန်နောင်သိန်းမှ ပြော သည်။

ဒီမိုကရေစီကွန်ယက်၌ ပါဝင်သော ပညာရေးကွန်ယက်မှာ မြန်မာနိုင်ငံတွင် ကျောင်းပေါင်း (၆၀)ကျော်ရှိပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းများတွင် ဖွင့်လှစ်ထားရှိကာ ရန်ကုန်တိုင်းအတွင်းမှ အခမဲ့ပညာသင်ကြားပေးနေသော ကျောင်းအချို့မှာ အမေ့အိမ် ၊ အမေ့အားမာန် ၊ ပစ်တိုင်းထောင် ၊ ဧရာဝတီ နှင့် ဗေဒါတို့ဖြစ်ကြောင်း သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

၁၈ ရက် ၁၁ လ ၂၀၁၁ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ပြုလုပ်ခဲ့သော ပါတီဆုံးဖြတ်ချက် ရုပ်သံ

(၉၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားဖိတ်စာ


(၉၁)ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စုပေါင်းဆွမ်းကပ်လှုပွဲကိုရန်ကုန်မြို့ ၊ကြည့်မြင်တိုင်မြို့ 
နယ်၊(ရွှေည၀ါကျောင်းတိုက်)သာဓုကျောင်းတိုက်ဝင်းတွင်နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်အတူဒီမိုကရေစီ အင်အားစုများစုပေါင်းကျင်းပပြုလုပ်ကြမည်ဖြစ်ပါသဖြင့်အားလုံးပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။


ဆက်သွယ်ရန်- ကိုကိုကြီး- ၀၉-၇၃၁၀၄၂၃၄

-ကိုဇော်ရဲဝင်း ၀၉-၄၃၁၃၅၈၉၄

18 November 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ချက်ချ ၊ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံရန် အလားအလာရှိ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုရုံးချုပ်၌ နိုဝင်ဘာ ၁၈ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ပါတီ မှတ်ပုံတင်ရေး၊ ရွှေးကောက်ပွဲဝင်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အန်အယ်လ်ဒီ ပါတီအနေဖြင့် မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချ ခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ပါက ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှလည်း ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အလား အလာရှိကြောင်း ပါတီနှင့်နီးစပ် သူတစ်ဦးကပြောသည်။

“ပါတီမှတ်ပုံတင်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အလားအလာရှိတယ်”ဟု ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီမှတ်ပုံတင်၍ ရွှေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ကန့်ကွက်သူမရှိပဲ တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြကြောင်းသိရသည်။

အစည်းဝေးဆုံးဖြတ်ချက်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီ မှတ်ပုံတင်မည်ဖြစ်ကြောင်းနှင့် နောက်လာမည့် ရွေးကောက်ပွဲများတွင် ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေတွင် ပြည်နယ်နှင့်တိုင်း (၁၄)ခုမှ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ညီနောင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီနှင့်အဖွဲ့ချုပ်ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ လူငယ်လုပ်ငန်း များဖော်ဆောင်ရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်ဝေးတက်ရောက်ခွင့်ရှိသူ ၁၁၆ ဦးအနက် ၁၀၆ ယောက် တက်ရောက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြချက်အရ သိရှိရသည်။

သတင်းများအား ပြန်လည် မျှဝေ ပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦး ၏ မိန့်ခွန်း

20111118 U Tin Oo Speech by myatlayngon88

၁၈ ရက် ၁၁ လ ၂၀၁၁ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ အားမာန် အပြည့်နှင့် တက်ရောက်လာသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ခိုင်မာသည့်ဆုံးဖြတ်ချက်အား ၁၈ရက် ၁၁ လ ၂၀၁၁ ခုနှစ်တွင် တရားဝင်ကြေငြာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးခြင်းကို အဖွဲ့ချုပ်ရုံးရှေ့တွင် စောင့်ဆိုင်းနေသူ ဦးရေနှစ်သောင်းခန့်ရှိ

နိုဝင်ဘာ ၁၈ရက် နေ့ မနက် ၁၀နာရီဝန်းကျင်တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်အတွက် စီစီအစည်းဝေးခေါ်ယူကာ ဆုံးဖြတ်ချက်ချမှတ်မည့် အစီအစဉ် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပါတီမှတ်ပုံတင်ရေးကိစ္စဆွေးနွေးခြင်းအခမ်းအနားတွင် စီစီကော်မတီဝင် ၁၀၇ ဦးရှိရမှ ၁၀၁ဦးသာ တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် အန်အယ်လ်ဒီဥက္ကဌ ဦးတင်ဦးမှ ပြောကြားပြီး အစီအစဉ် ၈ရပ်ဖြင့် ပြုလုပ်နေကြောင်းသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ပါတီမှတ်ပုံရေးအတွက်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စီစီ အဖွဲ့ဝင် များ မည်သို့ ဆုံးဖြတ်မည်ကို စောင့်မျှော်သူ ဦးရေ နှစ်သောင်းခန့် ရှိနေသည်။

ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်လူငယ်များ၏ သဘောထား

NLD Youth's Statement(16.11.2011)1

NLD Youth's Statement(16.11.2011)2

ခြေစုံပစ်ထောက်ခံရမယ့် အချိန် (ဆောင်းပါးရှင် ဝေမော်)

ခြေစုံပစ်ထောက်ခံရမယ့် အချိန်
  (ဆောင်းပါးရှင် ဝေမော်)
by Wai Maw (Facebook) on Tuesday, November 15, 2011 at 8:26pm

ကိုဇာဂနာ လိုင်းကြောင်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် အသုံးချခံနေရပြီလို့ ရေးနေပြောနေတာတွေ မြင်ရကြားရတော့ တကယ့်ကို စိတ်မကောင်းဖြစ်စရာပါ..။ အညှာတာမဲ့ဆုံး အသုံးအနှုန်းကတော့ NLD ပါတီမှတ်ပုံတင်ရင် ဒေါ်အောင်ဆန်းစုကြည် နွားဖြစ်သွားမယ် ဆိုတဲ့ ဒေါက်တာခင်စိန်ရဲ့ ရေးသားချက်ပါပဲ။ သူတို့ဘာကြောင့်များ ဒီလောက်ပြင်းထန် နေကြတာလဲ။ ဒီထက်ပိုပြီး လက်တွေ့ကျတဲ့ နည်းလမ်းကို လက်ဆုပ် လက်ကိုင်ရှိနေကြပြီလား။

ကိုယ်ခံယူထားတာနဲ့ မကိုက်ညီလို့ ဆန့်ကျင်တာဆိုရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့လေ။ မြန်မာ့နိုင်ငံရေးမှာ အဆုံးအဖြတ်ပေးမယ့် အချိုးအကွေ့တစ်ခု ရောက်ပြီဆိုရင် ကွဲကြပြဲကြနဲ့ ဒိုင်စားခံရတာတွေလည်း များလှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဇာဂနာ နှစ်ဦးစလုံးက ရိုးသားဖြူစင်တယ်။ ပြည်သူလူထုအတွက် စွန့်လွှတ် အနစ်နာခံမှုတွေကလည်း အများကြီး။ ဒီတော့ ပြည်သူလူထုကလည်း သူတို့နှစ်ဦးကို ယုံကြည်တယ်။ ထောက်ခံတယ်။ သူတို့ဘေးမှာ ၀န်းရံပေးဖို့လည်း အဆင်သင့်ပါပဲ။

အရှိန်သြဇာအရရော ဂုဏ်သိက္ခာအရပါ အားကြီးသူတွေဆိုတော့ ဆင်သွားရင် လမ်းဖြစ်တာပေါ့ဗျာ။ သူတို့ဘာပဲ လုပ်လုပ် လှုပ်ခတ်မှုကြီးမားမှာပဲ။ ဒေါ်စုနဲ့ အစိုးရခေါင်းဆောင်တွေ ဆွေးနွေးနေတယ်။ ဒေါ်စုကို ထောက်ခံ ၀န်းရံတယ်ဆိုတာနဲ့ အစိုးရကို ထောက်ခံတယ်ဆိုပြီး ကောက်ချက်ဆွဲလို့မရပါဘူး။ အစိုးရနဲ့ဒေါ်စု တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်စုဘက်က ပြည်သူလူထုရှိတယ်။ အဲဒီပြည်သူလူထုက ပြောင်းလဲမှုကို ဦးတည်နေပါတယ်ဆိုတဲ့ ခြေလှမ်းတွေကို ထောက်ခံကြိုဆိုတာ။ နောက်ပြန်ဆုတ်သွားမှာကို မလိုလားဘူး။ အစိုးရဘက်က တိုးတက်မှု အရွေ့တစ်ခုကို ဖော်ဆောင် မပေးနိုင်ဘူးဆိုရင် အစိုးရကို တွန်းရွှေ့ပစ်ဖို့ ဒေါ်စုမှာ အားရှိတယ်ဆိုတာကို လက်တွေ့မြင်အောင် ပြထားဖို့ပါပဲ။
ဒီနေရာမှာ ကိုဇာဂနာလို ပြည်သူချစ်တဲ့ အနုပညာသမား တစ်ယောက် ပါဝင်အားဖြည့်လာတော့ အင်အားက အတိုင်းထက်အလွန် ဖြစ်သွားတာပေါ့ဗျာ..။ ကျနော်ကတော့ သူတို့နှစ်ယောက်လုံးကို အပြည့်အ၀ထောက်ခံပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို ထောက်ခံတယ်ဆိုတဲ့ အသံက အစိုးရ ခေါင်းဆောင်တွေရဲ့ နားဝမှာ မိုးကြိုးပစ်သလို ဆောင့်ဝင်သွားအောင် လုပ်ပစ်ကြရမှာ။  ထောက်ခံတယ် ဆိုတာက အပေးအယူလုပ်ပြီး စေ့စပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ မီးစိမ်းပြတဲ့ သဘောပဲရှိတာ။ အရှုံးပေးတာ နည်းနည်းလေးမှ မဟုတ်ဘူး။

ခုချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အင်အားစုကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက မြန်မာပြည်အရေးကို အလေးထား အာရုံစိုက်နေချိန် ဖြစ်သလို အစိုးရဖက်ကလည်း ရှေ့ခရီးဆက်ဖို့ အခက်တွေ့နေချိန်။ သူတို့ကိုထွက် ပေါက်ပေးနိုင်မယ့် အင်အားကြီး မိတ်ဖက်ကို အမိဖမ်းဖို့ကြိုးစားနေချိန်၊ ဒီအချိန်မှာ အပြောင်းအလဲ တစ်ခုကို ရွေ့ဖို့လမ်းဆုံလမ်းခွကို ရောက်လာတဲ့အချိန်ဖြစ်နေတာပါ။ 

အကောင်းဘက်ကိုဦးတည်နိုင်မလား အဆိုးဘက်ကို ပြန်ကျမလား တွန်းအားပေါ်မှာ မူတည်ပါလိမ့်မယ်။ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းပြဿနာတွေမှာ အမေရိကန်နဲ့တရုတ် ရေရှည်ဘယ်သူ့ကို အဓိက အားထား နိုင်သလဲ ဆိုတဲ့အဖြေ ရှင်းရှင်းကြီးပေါ်လွင်သွားပါပြီ။ မြန်မာပြည်အရေးမှာတော့ အာရပ်နွေဦးနဲ့ ကွဲပြားတဲ့ ကကွက်ဆန်းတစ်ခု.. အစိုးရနဲ့ အတိုက်အခံ ပူးတွဲချန်ပီယံ ဆွတ်ခူးနိုင်ဖို့ Super power တွေက ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ကျနော်ယုံကြည်တာကတော့ အစိုးရနောက်မှာ စစ်တပ်ရှိတယ်ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ဒေါ်စု ခေါင်း ဆောင်မှုနောက်မှာ ပြည်သူလူထုရှိနေတာကတော့ အသေအချာပါပဲ။ ဒေါ်စုနဲ့ပြည်သူလူထု တစ်သားတည်း ရှိနေတဲ့အားက စစ်တန်းလျားကို လှုပ်နှိုးမှာလည်း အသေအချာပါပဲ။

ဒီပွဲမှာ အစိုးရဖက်က ကလီကမာလုပ် လာရင် စစ်တပ်ထဲမှာကို အဖြူအမဲ ကွဲပြားရတော့မယ့် အခြေအနေပါ။ သူနေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ပျော့ပြောင်းတဲ့ နည်းလမ်းဆိုတာ ပျော့ညံ့မှု မဟုတ်ဘူး” လို့ပြောသွားတာ သတိပြုစရာပါ။ ပျော့ပြောင်းပေမယ့် ခိုင်မာတောင့်တင်းတဲ့ သံမဏိကြိုးလို စိတ်ဓာတ်ပိုင်ရှင်တွေအတွက် သမိုင်းစာမျက်နှာတွေ ဘယ်တော့မှ မကုန်နိုင်ပါ။ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်လျှောက်လှမ်းနေတဲ့ ဒေါ်စုကို ယုံကြည်ပါတယ်။ မြန်မာပြည်ရဲ့ နယ်လ်ဆင် မင်ဒဲလား ဖြစ်စေချင်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ….

ဝေမော်
၁၅ နိုဝင်ဘာ ၂၀၁၁

နိုင်ငံရေးအကျဉ်းသားဟောင်းများမှ အမျိုးသားနေ့တွင် ရွှေည၀ါကျောင်း ဆရာတော်အား အမှူးထားစုပေါင်းဆွမ်းဆက်ကပ်ပွဲပြုမည်






နိုင်ငံရေးအကျဉ်းသားဟောင်းများမှအမျိုးသားနေ့တွင်စုပေါင်းဆွမ်းဆက်ကပ်ပွဲ ကိုကြည်မြင်တိုင်မြိုနယ် သာဓုကျောင်းတိုက် ရှိရွှေည၀ါကျောင်း ဆရာတော်အားအမှုးထား၍ ပင်သံဃာတော်အရှင် သူမြတ်အပါး ၂၀၀အားဆွမ်း ဆက်ကပ်လှုဒါန်းပါမည်။

သတင်း၊ဓာတ်ပုံ ..ကိုဘိုဘို

မန္တလေး သံဃာများ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ ပြီးဆုံး



၁၇-၁၁-၁၁ ည(၈း၃၅) သတင်း။

မန္တလေးမြို့ တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပြည်တွင်းစစ် ချက်ခြင်းရပ်စဲရေး စသည့် ငြိမ်းချမ်းရေး အကြောင်း ဟောပြောခဲ့သော သံဃာတော် (၅) ပါး အား သက်ဆိုင်ရာ၏ အစီအစဉ်ဖြင့် ထွက်ခွာလာခဲ့ရာ မုံရွာမြို့ ဇောတိကကျောင်းတိုက် သို့ ရောက်ရှိပြီး ကျောင်းပိုင် ဆရာတော်ဘုရားကြီးအား တစ်ညတာ သီတင်းသုံးခွင့်ပြုရန် တက်ရောက် လျှောက်ထားရာ သံဃာ(၅)ပါးနှင့် အတူ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ လိုက်ပါခြင်း မရှိပဲ ကားကိုပင် စက်ရပ်မထားကြောင်း၊ ထို့နောက် ကျောင်းပိုင် ဆရာတော်ကြီးက တစ်ညတာ သီတင်းသုံးခွင့်ပြုသောလည်း သက်ဆိုင်ရာမှ ခွင့်မပြုနိုင်ကြောင်း ပြောလာသောကြောင့် ညှိနှိုင်း၍ မရပဲ ယခုညတွင်း ခြင်း ယင်းမာပင်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။


17.11.2011 ညနေ၃နာရီသတင်း။ ။ မစိုးရိမ်တိုက်ဟောင်း မှ နာယက ဆရာတော်များ သြဝါဒ ခံယူနေကြသော ငြိမ်းချမ်းရေး တရားဟောပြောသော သံဃာ(၅)ပါးမှာ ရေတော်တိုက် ပိဋကပါလကျောင်းသို့ ပြန်ကြွပြီ ဖြစ်သည်။ မနက်ဖြန်နေ့လည်တွင် သက်ဆိုင်ရာ ဇာတိရွာသို့သာ ပြန်ရမည် ဟု မိန့်ကြားခံရပြီး ၊ယခင် သီတင်းသုံးခဲ့သော ကျောင်းများတွင် ပြန်လည် သီတင်းသုံးခွင့်မရှိဟု... တိုင်းမှအာဏာပိုင်များကပြောသည်။ နောက်နေ့ ရွာပြန်ရာတွင် အာဏာပိုင်တို့ ၏ အစီအစဉ်နှင့်သာ ပြန်ရမည်ဟု ပြောသည်။ သံဃာ(၅) ပါးမှ ကားလက်မှတ်သာလုပ်ပေးပါ မိမိတို့ ဘာသာ ပြန်မည် ဟု ပြောသော်လည်း လက်မခံကြောင်း သက်ဆိုင်ရာ၏ စီစဉ်မှု နဲ့သာ ပြန်ရမည် ဟု ပြောသည်။ ဆောင်ရွက်ခဲ့မှု များနှင့် စပ်လျဉ်းပြီး အာဏာပိုင်များမှ ခေါ်ယူမေးမြန်းခြင်း၊ ဖမ်းဆီးထိမ်းသိမ်းခြင်း မပြုကြောင်း ဂတိ လက်မှတ်ရေးထိုးပေးထားကြောင်း ထို(၅)ပါးထဲမှ သံဃာတစ်ပါးက ဖြေကြားသည်။


သတင်း..Yeyint Kyaw

ဗြိတိသျှ ပါလီမန်အမတ် ဖွံ့ဖြိုးရေးဌာန ဝန်ကြီး အင်ဒရူး မစ်ချယ်က ဒေါ်အောင်ဆန်းစုကြည်၏ အမေအိမ်အခမဲ့စာသင်ကျောင်းကို လာရောက်ခဲ့



မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပြည်သားများအားလုံးအတွက် ပြည့်စုံကောင်းမွန်သော ပညာရေးစနစ်တစ်ခု ရှိစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင်သွားရောက်ခဲ့သော လှိုင်သာယာမြို့နယ်အတွင်းရှိ အမေ့အိမ်အခမဲ့စာသင်ကျောင်းတွင် ပြည်သူများအား ပြောကြားခဲ့ကြောင်း သိရသည်။

̏̏ ကျမရဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့နိုင်ငံမှာဆိုလို့ရှိရင် ပြည်သူတွေအားလုံးအတွက် ကောင်းမွန်တဲ့ ပညာရေးစနစ် တစ်ခု ရှိစေချင်ပါတယ်။ မိဘတွေရော ကျောင်းသားတွေရောကို စိတ်ချမ်းသာစေမယ့် ပညာရေးစနစ်ကို ကျမတို့ထူထောင်ချင်တာဖြစ်ပါတယ်။ အခုအချိန်မှာကျမတို့ တစ်တိုင်းပြည်လုံး အတွက်မလုပ်နိုင်ပေမယ့်လည်း ကျမတို့တစ်နိုင်တစ်ပိုင်လုပ်နေတာပါ ̋ ဟု ဒေါ်အောင်ဆန်းစုကြည်က အမေ့အိမ်အခဲ့မဲ့ စာသင်ကျောင်းတွင် ပြည်သူများအား ပြောကြားခဲ့သည်။

အဆိုပါအမေ့အိမ်အခမဲ့စာသင်ကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန ဝန်ကြီး အင်ဒရူး မစ်ချယ် ဖွံ့ဖြိုးရေးဝန်ကြီးတို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းဖွံ့ဖြိုးတိုးတက်မှုများအတွက် မည်သည့်အကူ အညီများလိုအပ်နေသေး သည်များ အခဲ့မဲ့ကျောင်းများသည်လည်း ပြည်သူလူထု၏ လိုအပ်ချက်များအရ ထူထောင်ထားရသော ကျောင်းများဖြစ်ကြောင်းကို သိစေချင်ရန်ခေါ်ဆောင်လာ ရခြင်းဖြစ်ကြာင်း ကို ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

̏ ကျောင်းကိုပြဖို့လာခဲ့တာပါ။ ကျောင်းကိုပြရတဲ့အကြောင်းအရင်းကလဲ ဖွံ့ဖြိုးရေးနဲ့ပတ်သတ်တဲ့ဝန်ကြီးဆိုတော့ ကျမတို့နိုင်ငံမှာဘယ်လိုဖွံ့ဖြိုးမှုအကူအညီတွေလိုနေလဲဆိုတာကို မြင်အောင်လို့ သိအောင်လို့ နောက်ပြီးတော့ ကျမတို့ကျောင်းတွေဟာ ပြည်သူလူထုရဲ့လိုအပ်ချက်အရ ထူထောင်ထားတဲ့ကျောင်းတွေဖြစ်တယ် ဆိုတာကို မြင်အောင်လို့ နားလည်အောင်လို့ ကျမတို့ခေါ်လာတာပါ ̋ ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား မည်သည့်အကြောင်းအရာကိုပဲလုပ်လုပ် လူတိုင်းသည် အခြေခံအားဖြင့် နိုင်ငံရေးကို နားလည်ရမည်ဖြစ်ကြောင်း နိုင်ငံရေးကိုနားမလည်ပါက မိမိတို့လိုချင်သော တိုင်းပြည်ကို ဘယ်လိုတည်ဆောက်ရမည်ဆိုတာကို သိမည်မဟုတ်ကြောင်း ထို့ အတွက်ကြောင့် ကျောင်းသူကျောင်းသား များအားလုံးကိုလည်း ပညာသင်ပေးသည့် အချိန် တွင် နိုင်ငံရေးနှင့် နိုင်ငံသူနိုင်ငံသား တို့၏ တာဝန်များကို သင်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

̏ ကျမတို့ကျောင်းသူ ကျောင်သား လူငယ်တွေကို အားလုံးကို ပညာသင်ပေးတဲ့ တစ်ချိန်ထဲမှာပဲ နိုင်ငံရေးဆိုတာဘာလဲ နိုင်ငံဆိုတာဘာလဲ နိုင်ငံသူနိုင်ငံသားတို့ရဲ့တာဝန်ဆိုတာဘာလဲ ဆိုတာ ကို တစ်ခါတည်းကျမတို့ သင်ပေးနေတာဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ အစိုးရမှာလဲတာဝန်ရှိ သလို နိုင်ငံသူ နိုင်ငံသားတိုင်းမှာလဲ တာဝန်ရှိတယ်။ ကျမတို့က တစ်ချိန်လုံး ဒီမိုကရေစီစနစ်လိုချင်တယ်လို့ ပြောနေတာဟာ အဲဒီစနစ် အောက်မှာ ဆိုရင် နိုင်ငံသူနိုင်ငံသားတွေဟာ အစိုးရကို ထိန်းကွပ်ထားနိုင်တယ်။ ကိုယ်လိုချင်တဲ့ အစိုးရမျိုး ပြည်သူတွေက ရွေးချယ်နိုင်တယ်။ ဒါကိုကျမတို့ဦးတည်တာပါ ̋ ဟု ဒေါ်အောင်ဆန်းစုကြည် က ပြည်သူများအားပြောကြားခဲ့သည်။

ဧည့်သည်ဗြိတိသျှဝန်ကြီးကလည်း မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အာရုဏ်ဦးများ၊ ပိုပြီးချမ်းသာသော အာရုဏ်သစ်များ ဖြစ်ပေါ်လာပါစေဟုဆုတောင်းပေးခဲ့ပြီး ၎င်းအားလာရောက်ခွင့်ပြုသည့် အတွက် ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း အမေ့အိမ်အခမဲ့စာသင်ကျောင်း တွင် ပြည်သူများ အားပြောကြားခဲ့သည်။

သတင်း၊ဓာတ်ပုံ ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မနက်၁၀နာရီတိတိတွင်ဖွင့်လှစ်ပေးမဲ့ပညာရေးဆိုင်ရာကွန်ယက်ရဲ့ရန်ပုံငွေရှာပွဲ

17 November 2011

နိုင်ငံရေးအကျဉ်းသားများကို အင်းစိန်ထောင်သို့ စတင်ပြောင်းရွှေ့

ယနေ့ညနေ၆နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်ကျောက်ဖြူထောင်နှင့် ကလေးထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်း သား တစ်ချို့ ကို ရန်ကုန်မြို့ ရှိ အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကလေး အကျဉ်းထောင်မှ ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် အရှင်ဂမ္ဘီရ၊ ဦးညီပု နှင့် မအေးအေးအောင်တို့မှာ ၆ နာရီဝန်းကျင်တွင်လည်းကောင်း၊ ကျောက်ဖြူ အကျဉ်းထောင်မှ ဦးသူရိန်အောင်မှာ ညနေ ၅ နာရီအချိန်တွင်လည်းကောင်း မြန်မာ့လေကြောင်းလိုင်းများဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်သို့ အသီးသီးရောက်ရှိလာခဲ့ကြသည်။

ညနေ၆နာရီ ခွဲအချိန်ခန့်တွင် ထောင်ပြောင်းရွေ့လာသည့် နိုင်ငံရေးအကျဉ်းသားတွေကို ပြည်တွင်းလေဆိပ် တပ်မြေ(သီးသန့်) ၀င်၊ထွက် ပြုလုပ်သည့် တံခါးပေါက်မှ အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

လေဆိပ်မှာ သွားရောက်သတင်းယူခဲ့သည့် သတင်းထောက်များအဆိုအရ ထောင်ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသားတွေကို သယ်ဆောင်လာသည့်ကားများကို လမ်းကြောင်းကားပုံစံဖြင့် ယူနီဖောင်းဝတ်ရဲဝန်ထမ်းများပါသည့် ကားများဖြင့် ကာရံ၍ တရကြမ်းမောင်းထွက်သွားတယ်လို့ သိရပါသည်။

ဒါ့အပြင် သရက်ထောင်မှာရှိနေတဲ့ မနီလာသိန်းကို သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်ပြီး သူမ၏ခင်ပွန်းဖြစ်သူ၈၈မျိုးဆက်ကျောင်းသားကိုဂျင်မီကိုတော့ တောင်ကြီးထောင်မှသရက်ထောင်သို့ပြောင်းရွှေ့
လိုက်ကြောင်း ထောင်အာဏာပိုင်များနှင့် နီးစပ်တဲ့အသိုင်းအဝန်းမှ ကြားသိရပါသည်။

နောက်ဆုံးရသတင်းများအရ မနက်ဖြန်မနက်မှာ မင်္ဂလာဒုံလေဆိပ်သို့ဆိုက်ရောက်မည့် ကျိုင်းတုံလေယာဉ်ဖြင့် ကိုမင်းကိုနိုင် လိုက်ပါလာမည်ဖြစ်ကြောင်း သိရသည်။

သတင်း...ဘာမားဗီဂျေ

ထောင်ပြောင်းခံရသော နိုင်ငံရေးအကျဉ်းသားများစာရင်း

ဒီနေ့ပဲ အောက်ပါအတိုင်း ထောင်တွေပြောင်းလိုက်ပါတယ်။

၁၊ဦးခွန်ထွန်းဦး ( ပူတာအို မှ တောင်ငူသို့ )

၂။မင်းကိုနိုင် (ကျိုင်းတုံမှသရက်သို့ )

၃။သူရိန်အောင် (ကျောက်ဖြူမှဖားအံသို့ )

၎။ဦးညီပု ( ကလေး မှ မအူပင်သို့)

၅၊ဦးစန္ဒောဘာသ ( ကလေး မှမြောင်းမြသို့ )

၆။စည်သူဇေယျ ( အင်းစိန် မှ ဟင်္သာတ သို့ )

၇။နီလာသိန်း ( သရက် မှသာယာဝတီသို့ )

သတင်း...ကိုဇာဂနာ

16 November 2011

ဒုတိယမြောက်နေ့ မန္တလေးမြို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသ




ဒီကနေ့ (၁၆/၁၁/၂၀၁၁) ရက်နေ့ နေ့လည် ၁ နာရီမှာ ဆန္ဒထုတ်ဖော် ပြသတဲ့သံဃာတော်တွေ တရားဟောပွဲ စတင်၍ နေ့လည် ၂နာရီမှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။တရားပွဲအပြီးတွင် ဆန္ဒပြဆရာတော်တွေက မစိုးရိမ်ကျောင်းတိုက်ကနေဘုရားကြီးရေတော်ကျောင်းသို့ ပြောင်းရွှေ့သွားပါတယ်။လုံခြုံရေးအခြေအနေလည်း
ကောင်းတယ်။ဘုရားကြီးရေတော်ကျောင်းက ဆရာတော်တွေက စောင့်ရှောက်ပေးထားကြတယ်လို့ သတင်း ရရှိပါတယ်။

သတင်း၊ဓာတ်ပုံ...Burma VJ Media Network

ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသား အချို့အား ထောင်ပြောင်းရွှေ့

ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအချို့အား ထောင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ၄င်းတို့၏ မိသားစုဝင်များက ပြောသည်။

လောလောဆယ်စုံစမ်းရသလောက် ကျိုင်းတုံထောင်မှ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်း သား လေးဦးကို ထောင်ပြောင်းရွှေ့နေပြီး ကိုမင်းကိုနိုင်ကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိမ့် မည်ဆိုသောကြောင့် ၄င်း၏ မိသားစုက ရန်ကုန်လေဆိပ်သို့သွားရောက်စောင့်ကြိုနေ သည်ဟုဆိုသည်။

ကလေးထောင်မှ ဦးဂမ္ဘီယ၊ ဦးညီပု၊ မအေးအေးအောင်၊ ကိုမျိုးအောင်နိုင်တို့အပါအ၀င် နိုင်ငံရေးအကျဉ်းသား ရှစ်ဦးကို လည်း ထောင်ပြောင်းရွှေ့သည့် စာရင်းတွင်ပါဝင်ပြီး ၄င်းတို့ကို မည်သည့်ထောင်သို့ ပြောင်းရွှေ့မည်ကိုမူ စုံစမ်းမရသေးပေ။

ပူတာအိုထောင်မှ ဦးခွန်ထွန်းဦးကိုလည်း ထောင်ပြောင်းရွှေ့မည့်ထဲတွင် ပါဝင်သည်ဟု နိုင်ငံရေးအသိုင်း အ၀ိုင်းကဆိုသည်။ မနီလာသိန်းကိုမူ သရက်ထောင်မှ သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်ပြီဟုဆိုသည်။

ခမ္မတီးထောင်မှ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးကိုလည်း ထောင်ပြောင်းရွှေ့နေသည်ဟုဆိုသည်။

(ထောင်ပြောင်းရွှေ့ ခံရသည့် နိုင်ငံရေးအကျဉ်းသား မည်မျှရှိသည်၊ မည်သူတွေပါသည် မည်သည့်ထောင် များသို့ ရွှေ့ပြောင်းခံရသည်တို့ကို ထပ်မံစုံစမ်းသိရှိရလျင် ဖြည့်စွက်ဖော်ပြပေးသွားမည်ဖြစ်သည်။)

သတင်း...Yangon PressInternational

မန္တလေးမြို့မစိုးရိမ်တိုက်ဟောင်းတွင် ငြိမ်းချမ်းရေးလိုလားသော သံဃာတော်များအား ၃ ရက်တိတိ စုဝေးဟောပြောခွင့်ပြုလိုက်ကြောင်း

၁၅-၁၁-၁၁ ရက်နေ့ ညနေတွင် တိုင်းသံဃာနာယက များနှင့် သဘောတူညီချက်အရ၁၆-၁၁-၁၁ နေ့မှ ၁၈-၁၁-၁၁ နေ့ထိ၊ နေ့စဉ် နေ့လည် (၁း၀၀)နာရီမှာ (၂း၀၀)နာရီထိစုဝေး ဟောပြောခွင့် ပြုလိုက်ပါသည်။

မစိုးရိမ်တိုက်ဟောင်းတွင် ငြိမ်းချမ်းရေးကို လိုလားသော သံဃာတော်များနှင့် ပြည်သူ များမှ အောက်ပါ အချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် စုဝေးဟောပြောကြမည် ဖြစ်ပါသည်။

၁။ ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ တရားမျှတရေး အတွက် မေတ္တာရှေ့ထားကာ ဆောင်ရွက်ကြရင်း အဖမ်းဆီးခံခဲ့ရပြီး အကျဉ်းကျနေသော ညီတော် နောင်တော် သံဃာတော်များနှင့် ကျန် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ လွတ်ပေးရန်။
၂။ တိုင်ရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ချက်ချင်းရပ်စဲပြီး တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အတိုက်အခံ အင်အားစုများ ပါဝင်သည့် စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်။
၃။ လောကပါလတရားနှင့် အသိပညာထွန်းကားရေး အတွက် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရဟန်းတော်များ နှင့် စာပေ ပညာရှင်ကြီးများ ဟောပြောရာတွင် ပိတ်ပင်တားဆီးခြင်း၊ ဟောပြောခွင့် တောင်းခံရခြင်း တို့ကို လုံးဝ ရပ်စဲပြီး လွတ်လပ်စွာ ဟောပြော ရေးသားခွင့်ပေးရန်။
တို့ ကို ငြိမ်းချမ်းရေးကို လိုလားသော ဆရာတော် များမှ ဟောပြောကြမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

သတင်း..Yeyint Kyaw

ဆန္ဒထုတ်ဖော်ပြခဲ့သော ဦးဇဉ်းငါးပါးတောင်းဆိုသော အချက် ၃ ချက်အား သဘောတူခဲ့ကြောင်း သိရ

မန္တလေးတိုင်းဒေသကြီးရှိ မဟာဗုဒ္ဓ၀င်ပြတိုက်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသော ဦးဇဉ်းငါးပါးနှင့် နိုင်ငံတော်သံဃာနာရယအဖွဲ့ ၊ တိုင်းသံဃာနာရက အဖွဲ့တို့ ညနေ၆နာရီဝန်းကျင်တွင် တွေ့ဆုံညှို့နှိုင်းခဲ့ရာ ဦးဇဉ်းငါးပါးတောင်းဆိုခဲ့သော အချက်များကို လက်ခံသဘောတူခဲ့သော်လည်း မဟာဗုဒ္ဓ၀င်ပြတိုက်မှ မစိုးရိမ်ကျောင်းတိုက်သို့ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မစိုးရိမ်ကျောင်းတိုက်သို့ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းသိရသည်။

“ညနေပိုင်းလောက်က နိုင်ငံတော်သံဃာနာယက အဖွဲ့ရယ် တိုင်းသံဃာနာယက အဖွဲ့ရယ်လာပြီး ကျောင်းထဲဝင်သွားတယ် ဆွေးနွေးတယ်ပေါ့ဗျာ နောက်အဲ့က ဦးဇဉ်းပြောတယ် သူတို့တောင်းဆိုထားတဲ့ အချက်သုံးချက်ကို သဘောတူပါတယ် လက်ခံတယ်ပေါ့ ဒါကြောင့် တရားဟောခွင့်သုံးရက်ပေးမယ်တဲ့ တစ်ရက်ကို တစ်နာရီပေးမယ်ဆိုတာ ရတဲ့အကြောင်းပေါ့” ဟု မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီးအတွင်း၊ ဆန္ဒဖော်ထုတ်ခဲ့သော သံင်္ယာများနှင့် နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတော်သံဃာနာယက အဖွဲ့နှင့် တိုင်းသံဃာနာယက အဖွဲ့တို့၏ သဘောတူလက်ခံချက်ကြောင့် မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်အတွင်းတွင် ဆန္ဒထုတ်ဖော်ပြခဲ့သော ဦးဇဉ်းငါးပါးမှ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်ပေးရန်နှင့် ပြည်တွင်းစစ်ချက်ချင်းရပ်ပေးရန်ဟူသော ကိစ္စများနှင့်ပတ်သက်၍ တရားဟော ပြောမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်း၊ ဆန္ဒဖော်ထုတ်ခဲ့သော သံင်္ယာများနှင့် နီးစပ်သော ဒေသခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။

နိုင်ငံတော်သံဃာနာရကအဖွဲ့ ၊ တိုင်းသံဃာနာရက အဖွဲ့တို့နှင့် မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်ကြီးအတွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသော ဦးဇဉ်းငါးပါးတို့တွေ့ဆုံဆွေးနွေးပြီးနောက် ၃၆ လမ်းနှင့် ၃၇ လမ်းကြား၊ မစိုးရိမ်တိုက်ဟောင်းတွင် တရားဟောခွင့် သုံးရက် ခွင့်ပြုလိုက်ကြောင်းသိရှိရသည်။

နဂိုဆန္ဒပြရာနေရာဖြစ်သော မဟာဗုဒ္ဓ၀င်ဗိမ္မာန်တော်သည် လူအများရှိနေသောကြောင့် ပြည်သူများသွားရာတွင် အခက်အခဲရှိနိုင်ကြောင်းကို ကျောင်းထိုင်ဘုန်းကြီးမှ မိန့်တော်မူသောကြောင့် ဦးဇဉ်းငါးပါးအား နေ၇ာပြောင်းရွေ့ခိုင်းကြောင်း သိရှိရသည်။

“ မစိုးရိမ်တိုက်ဟောင်းကို ညနေ ၆နာရီဝန်းကျင်လောက်ကတည်းက အပြီးပြောင်းခိုင်းတာ အသံချဲ့စက်တွေလည်း ဦးဇဉ်းတွေယူသွားကြတယ် သုံးရက် တရားဟောခွင့်ပေးမယ်ဆိုတော့လေ မနက်ဖြန်ကို နေ့လည် ၁နာရီကနေ ၂နာရီအထိ အဲ့နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တရားဟောမယ်လို့ကြားတယ် သုံးရက်ရတယ်ဆိုတော့ မနက်ဖြန်မှာ စာရွက်တွေကမ်းဖို့လည်း တစ်ချို့လူတွေ ပြင်ဆင်နေကြပြီ “ ဟု ချမ်းအေးသာစံရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

တရားဟောခွင့် သုံးရက်ပေးခဲ့သော်လည်း အဆိုပါ သုံးရက်အတွင်း ဖြေရှင်းပေးခြင်း တစ်စုံတစ်ရာမျှ မရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားရန် အစီအစဉ်ရှိကြောင်းကိုလည်း ယနေ့ညနေအချိန်တွင် အဆိုပါဦးဇဉ်းများမှ ကြေငြာခဲ့ကြောင်းသိရှိရသည်။

သတင်းများ မျှဝေပးသော မြစ်မခ မီဒီယာအားကေူးးတင်ရှိပါသည်.။

15 November 2011

နိုဝင်ဘာလ ၁၅ရက်နေ့ မန္တလေးမြို့သံဃာတော်တွေ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြ




မန္တလေးမှာ ဆန္ဒပြနေတဲ့ ဘုန်းတော်ကြီးတွေရဲ့တောင်းဆိုသံ by Aye Myat Htet

နိုဝင်ဘာ ၁၅ ရက် နံနက် အာရုဏ်တက်ချိန် ၅း၃၀ နာရီခွဲလောက်က စတင်ပြီး မန္တလေးမြို့ ဘုရားကြီးဝင်း မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးကို ပိတ်ထားလိုက်ပြီး အတွင်းမှာ သံဃာတော်တွေ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြနေပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေး အချက်သုံးချက်ကို ဦးတည် တောင်းဆိုနေကြတာဖြစ်ပါတယ်။ အကျဉ်းထောင်တွေအတွင်းမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေကို ပြန်လွှတ်ပေးဖို့ကိုလဲ တောင်းဆိုနေကြပါတယ်။

ဗိမာန်တော်ကြီးကို အတွင်းမှ ပိတ်ထားတာဖြစ်တဲ့အတွက် သံဃာတော် ဘယ်နှပါး အတွင်းမှာ ဆန္ဒပြနေတာကို သတင်းမရရှိသေးပေမဲ့ လက်ကိုင်အသံချဲ့စက်ဟွန်းတွေနဲ့ တောင်းဆိုနေတာကို ကြားသိရပါတယ်။

အာဏာပိုင်တွေက ဆန္ဒပြဘုန်းကြီးတွေကို လာရောက်ညှိနှိုင်းနေတယ်လို့လဲ မန္တလေးမြို့ခံက ဘားမားဗီဂျေကို ပြောဆိုပါတယ်။

သတင်း...ဘားမားဗီဂျေ

အမိန့် အာဏာ ဖိအားပေးပြီး ထူးကုမ္ပဏီ က ဖယ်ရှား ခိုင်းတဲ့ ဆိုင်ရှင်များ၏ ကြေကွဲဖွယ်.။


တိရစ္ဆာန် ဥယျာဉ်(နေပြည်တော်)အတွင်း ရှိ ဆိုင်ခန်း ဖွင့်လှစ် ရောင်းချ နေသူတို့အား နိုဝင်ဘာ ၁၃ ရက်၊ တနင်္ဂနွေနေ့မှ စတင်၍ ၅ ရက် အတွင်း နေရာမှ ဖယ်ရှားပေးရန် ထူး ကုမ္ပဏီမှ ညွှန်ကြားချက် ထုတ်ပြန် လိုက် ကြောင်း နိုဝင်ဘာ ၁၃ ရက် နေ့လယ် ပိုင်းက ယင်းနေရာ၌ ဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေ သူတစ်ဦးက မြန်မာပို့စ် သတင်းဂျာနယ်သို့ ဆက်သွယ် သတင်းပေးပို့ခဲ့သည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ဥယျာဉ် စတင်ဖွင့် လှစ်စဉ်ကတည်းက ဆိုင် ခန်း ဖွင့်လှစ် ရောင်းချသူတို့မှာ ယခင်က ဆိုင် ခန်းခအဖြစ် တစ်လ လျှင်ငွေကျပ် ငါးသောင်း နှင့် မီတာခ တစ်သောင်းကျပ် ပေးဆောင်၍ ဆိုင်ခန်းဖွင့် လှစ်ရောင်းချ နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က ဒီတိရစ္ဆာန်ဥယျာဉ် စတင် ဖွင့်စဉ်ကတည်းက ဒီနေရာမှာ အခြေချပြီး ဆိုင်ခန်း ဖွင့်လှစ်ရောင်းချ နေတာပါ။ အရင် က တစ်လငါးသောင်း၊ ခြောက်သောင်း နဲ့ ဆိုင်ခန်းငှါးဖွင့် ရောင်းချ နေတာပါ။ အခု တော့ အဲဒီဆိုင်ခန်းခ ကိုတစ်လငါးသိန်းပေးရ မယ်။ မပေးနိုင်ရင် ဒီနေရာက ဖယ်ပေးရမယ် လို့ သူတို့က ပြောထား ပါတယ်။ ကျွန်မတို့ အနေနဲ့ ကလည်း ဒီနေရာက ရွှေ့ပြောင်းရင် အခက်အခဲ တွေအများကြီး ရှိနေရပါတယ်။ အဲဒါ ဒီမှာရှိတဲ့ဆိုင်ခန်း တွေညှိပြီးတော့ လက် ရှိ ပေးချေနေရတဲ့ လစာရဲ့သုံးဆ ပေးပါ့မယ် ဆိုတာ မျိုး သွားရောက် ညှိနှိုင်းဖို့ကြိုးစား ပေ မယ့်လည်း ဘယ်လိုမှမရခဲ့ဘူး။ အဲဒါတစ်လ ငါးသိန်း မပေးရင် ဒီနေရာ ကနေထွက်ရမယ်၊ ငါးသိန်းမပေး နိုင်ရင် နိုဝင်ဘာ ၁၅ ရက် နောက်ဆုံး ထားပြီးဖယ်ပေး ရမယ်လို့ ကျွန်မ တို့ကို ပြောထားပါတယ်” ဟု ဆိုင်ခန်းဖွင့်လှစ် ရောင်းချသူ တစ်ဦးက ပြောသည်။

အဆိုပါ တိရစ္ဆာန် ဥယျာဉ်နေပြည် တော်အား ၂၀၀၆ ခုနှစ်တွင် စတင် အကောင် အထည်ဖော်ခဲ့ပြီး ၂၀၀၈ ခုနှစ် မတ်လ ၂၆ ရက်တွင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။ တိရစ္ဆာန် ဥယျာဉ်(နေပြည်တော်၊ ဆာဖာရီ၊ ရန်ကုန်၊ ရတနာပုံ) တို့အား ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၁ရက်မှ စတင်ကာ ထူးကုမ္ပဏီ မှ နှစ်ရှည် လွှဲပြောင်းရ ယူလုပ်ကိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ နေရာတို့အား ထူးကုမ္ပဏီမှလွှဲ ပြောင်း လုပ်ကိုင်ခွင့်ရပြီးနောက် တိရစ္ဆာန် ဥယျာဉ် နေပြည်တော်၊ ဆာဖာရီ နှင့် နက္ခတ် တာရာပြခန်း တို့အား ထူးကုမ္ပဏီမှ ၁၀ နှစ် စာချုပ်ဖြင့် ငှားရမ်း လုပ်ကိုင် မည်ဖြစ်ကြောင်း၊ အဆိုပါအပန်းဖြေ ဥယျာဉ်အား အများပြည်သူ အပန်းဖြေ နိုင်စေရန်နှင့် သာယာ လှပစေရန် ငွေကျပ်သန်းငါးသောင်း ထည့်ဝင်ပြီး ဆောင် ရွက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီ မှတာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။

မူလအစက ထူး ကုမ္ပဏီသို့ လွှဲပြောင်း လုပ်ကိုင်ခြင်း မပြုမီကတည်းက တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) တွင် ဆိုင်ခန်းဖွင့်လှစ် ရောင်းချနေ ထိုင်သူတို့ ယခု အခါအခက်အခဲ ကြုံတွေ့နေရခြင်း လည်းဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

“တော်တော်လေး ကို အခက်အခဲတွေ ကြုံနေ ရတာပါ။ ဒီနေရာမှာ စပြီးဆိုင်ခန်းဖွင့် လှစ်ကတည်းက အရင်းအနှီး စိုက်ထည့်ပြီး တည်ဆောက် ထားရတာ၊ သိန်းနှစ်ဆယ် လောက်ရင်း ထားရတာ၊ အခု အဲဒါကို တစ်လ ငါးသိန်း ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် ၁၅ ရက် နေ့ နောက်ဆုံးထားဖယ်ပေးရမယ်ဆိုတော့ လေ။ ဒါတွေကိုသာ ဖျက်ပေးရမယ် ဆိုရင် အားလုံး အမှိုက်ပုံဖြစ်သွား ရတော့မယ်။ အဲဒါ ကြောင့် ဒီနေ့ (၁၃ ရက်၊ တနင်္ဂနွေနေ့) ၁၀နာ ရီမှာ ကျွန်မတို့ဆိုင်ခန်းရှင် တွေသွားရောက်ပြီး ညှိနှိုင်းကြ ပါတယ်။ ကျွန်မတို့ အရမ်းကို ဒုက္ခ ရောက်ရမှာမို့ ညှိနှိုင်း ပေးဖို့၊ ကျွန်မတို့ မူလ လစာရဲ့ သုံးလစာ လောက်ဆိုရင်တော့တတ် နိုင်ပါတယ် ပေါ့။ အဲဒါကို ဘယ်လိုမှညှိလို့ မရ ဘူး။ ကျွန်မတို့တွေ့တာ ကအထွေထွေမန်နေ ဂျာလို့ သိရတယ်။ ဦးတင်နိုင်ထူး ပါ။ သူ့အနေ နဲ့ လူကြီးတွေရဲ့ ညွှန်ကြားချက်အရ လုပ်ရတာ ဆိုပြီး ညှိနှိုင်း လို့မရခဲ့ဘူး။ အဲဒီတော့ အဲဒီလူ ကြီးတွေနဲ့ တွေ့ခွင့်ပေးပါ၊ ကျွန်မတို့ သွား ရောက် ပြောပြပါရစေ ဆိုတော့ တွေ့ခွင့်မပေး ဘူး။ တွေ့လို့မရဘူး လို့ပဲပြောတယ်။ လူကြီး တွေက အားတာ မဟုတ်ဘူးဆိုပြီး တစ်လငါး သိန်း မပေးနိုင်ရင် ဖယ်ရှား ပေးဖို့ကိုပဲ ဦးတင် နိုင်ထူးက ပြောလိုက်တယ်”ဟု နိုဝင်ဘာ ၁၃ ရက်၊ တနင်္ဂနွေနေ့တွင် သွားရောက် ညှိနှိုင်းရာ ၌ အဆင်မပြေဖြစ်ခဲ့ ရပုံကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချသူ တစ်ဦးက မြန်မာပို့စ် သတင်းဂျာ နယ်မှဆက်သွယ် မေးမြန်းစဉ်ဖြေကြားသည်။

မြန်မာပို့စ် သတင်းဂျာနယ်မှ အဆိုပါ တိရစ္ဆာန် ဥယျာဉ် နေပြည်တော်နှင့်ပတ်သက် ၍ တာဝန်ရှိ သူတစ်ဦးဖြစ်သော မန်နေဂျာ ဦးခင်မောင် လတ်ထံသို့ နိုဝင်ဘာ ၁၃ ရက်နေ့ လယ်ပိုင်း တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ အဆိုပါ သတင်းနှင့်ပတ်သက်၍ အတည်ပြု ချက်ရ ယူစုံစမ်းခဲ့ပါသည်။

မြန်မာပို့စ် သတင်းဂျာနယ်၏ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းမှု အား ဦးခင်မောင် လတ်က အကြီးစား ပြင်ဆင်မှုများပြုလုပ်ရ မည် ဖြစ်၍ အဆိုပါ ဆိုင်ခန်းတို့အား ပိတ်ပစ် ရမည် ဖြစ်ကြောင်း၊ လူကြီးများ၏ အမိန့်အရ ၁၅ ရက် အတွင်းဖယ်ရှားရ မည်ဖြစ်ကြောင်း၊ ယခင်ရှိ နှင့် နေပြီးဖြစ်သော ဆိုင်ခန်း တို့မှာ ၀န်ဆောင်မှု အား ဖြစ်သလို ပေးနေခြင်းဖြစ်၍ လက်ရှိအကြီး စားပြင်ဆင် မှုများပြုလုပ်ရန်အတွက် မည်သို့ မျှမသင့် တော်ပါကြောင်းနှင့် ဆိုင်ခန်းများ အားလုံးအား ဖယ်ရှားရမည်ဖြစ်ကြောင်း ပြန် လည်ဖြေကြားသည်။

ယင်းအပြင် လက်ရှိ ဖွင့်လှစ်ထားသည် ဆိုသောဆိုင်ခန်း တို့မှာ ရေသန့်ဘူးရောင်း ချသော အဆင့်သာဖြစ်၍ ဆက်လက် ထား ရှိရန်မဖြစ် နိုင်ကြောင်းနှင့် ယင်းဆိုင်များ ကြောင့် လုပ်ပိုင်ခွင့် ရှိနေသော မိမိတို့ကုမ္ပဏီ မှာပင် အုပ်ချုပ်မှုပိုင်း ဆိုင်ရာအခက်အခဲ များ ရှိနေကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာပို့စ် သတင်းဂျာနယ်မှ ဆက် လက်၍ ဆိုင်ခန်း တစ်ခန်းလျှင် တစ်လ ငွေကျပ် ငါးသိန်းဖြင့် ကောက်ခံ ဖွင့်လှစ်ခွင့်ပြု မည်ဆိုခြင်းကြောင့် ယင်း နေရာများတွင် အဆင့် အတန်းမြင့် ဆိုင်ခန်းများ ကုမ္ပဏီ အနေဖြင့် ဆက်လက်လုပ်ဆောင် ပေးရန် ရှိ မရှိနှင့် အကယ်၍ ဆိုင်ခန်း တစ်ခန်းလျှင် တစ်လ ငွေကျပ်ငါးသိန်း ကောက်ခံပြီးနောက် မည်ကဲ့သို့သော ၀န်ဆောင်မှုများ ပေးမည် နည်းဟု ဆက်လက် မေးမြန်းရာ ကုမ္ပဏီ၏ ရှေ့ဆက် လုပ်မည့်အခြေအနေ တို့ကို ထုတ် ဖော်ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း ဦးခင်မောင်လတ်က ပြန်လည် ဖြေကြား သည်။

မည်သည့် ဆိုင်ခန်းကိုမျှ လောလော ဆယ်တွင် ဖွင့်လှစ် ရန်ခွင့်ပြုမည် မဟုတ် ကြောင်းလည်း ဆက်လက် ပြောကြားသည်။

မြန်မာပို့စ် သတင်းဂျာနယ်မှ ထူး ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးဖြစ်သော မန်နေဂျာ ဦးခင်မောင် လတ်ထံသို့ တယ်လီ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းပြီးနောက် တစ် နာရီခွဲ အချိန်ခန့်တွင် တိရစ္ဆာန်ဥယျာဉ် နေပြည်တော် တွင်ဆိုင်ခန်းဖွင့် လှစ်ရောင်းချ သူတစ်ဦးထံမှ တယ်လီဖုန်း ၀င်လာပါသည်။

ရက်ပိုင်း အတွင်း ကုမ္ပဏီမှ စာထုတ် မည်ဖြစ်ပြီး ငါးရက် အတွင်းရွှေ့ပြောင်းပေး ရမည်ဖြစ်ကြောင်း ဆိုင်ခန်းရှင် အချို့အား ခေါ်ယူ ပြောကြားကြောင်း၊ မိမိတို့ အနေဖြင့် ထူးကုမ္ပဏီ နှင့်ပတ်သက်၍ လက်ရှိ တာဝန်ရှိ သူတို့က သူတို့ ဆောင်ရွက်ရန် မဖြစ်နိုင်ဟု ဆိုခြင်းကြောင့် တာဝန်ရှိသူ ထူးကုမ္ပဏီ ၀န် ထမ်းများ အဆင့်ဆင့်ဆက်လက် တင်ပြပြီး အခက်အခဲများနှင့် ငါးသိန်း ဟူသော ငွေကြေးထက် မိမိတို့ အမှန်တကယ်တတ် နိုင်ပြီး ထိုက်သင့်သောငွေကြေးကို ပေးခြေ ပါမည့် အကြောင်းညှိနှိုင်းရန် ကြိုးပမ်း ပါသော် လည်း ဦးတင်နိုင်ထူး မှလွဲ၍ မည်သည့် အခြားသော လူကြီးပိုင်းနှင့်မျှ တွေ့ခွင့်မရဘဲ ယခုကဲ့သို့ ရက်ပိုင်း အတွင်းရွှေ့ပြောင်းပေး ရမည် ဟူသော စကားတစ်ခု ကိုသာရခဲ့ပါ ကြောင်းနှင့် မိမိတို့မှာ အမြန်ဆုံးရွှေ့ပြောင်း ပေးရမည် ဖြစ်၍ မိသားစု အခက်အခဲများ စွာဖြစ်ပေါ် နေရကြောင်း ၀မ်းနည်းစွာဖြင့် ဆက်သွယ် ပြောကြားပါသည်။

သတင်း..မြန်မာပိုစ်

မြစ်ကြီးနား ပေါက်ကွဲမှု နောက်ဆက်တွဲ သတင်း၊ဓာတ်ပုံ






ယမန်နေ့ည က မြစ်ကြီးနားမြို့ သီတာကားကြီးကွင်း အနီး ဖြစ်ပွားသည့် ပေါက်ကွဲမှုမှာ ကေအိုင်အေ အဖွဲ့နှင့် သက်ဆိုင်မှုမရှိဟုငြင်းဆိုလိုက်ပြီးထိုနေ့မတိုင်မီည မြစ်ကြီးနားမြို့ နေရာအချို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများ
မှာမူ ၎င်းတို့ လက်ချက်ဖြစ်သည်ဟုကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့ညက ဖြစ်ပွားသည့် အားကစား နည်းပြနှင့် ဘင်ခရာ တီးဝိုင်းခေါင်းဆောင် ဦးလရောက် တန်ဂွန်း၏ နေအိမ်ပေါက်ကွဲမီးလောင်မှုသည် ၎င်းတို့နှင့်သက်ဆိုင်မှု လုံးဝမရှိကြောင်း ကချင်နေ့စဉ် သတင်းဟု အမည်တပ်ထားသည့် အွန်လိုင်း ဘလော့တွင်ဖေါ်ပြသလို ပေါက်ကွဲမှု ဖြစ်ပွားသည့် အိမ်သည် ကေအိုင်အေ လက်နက်ခဲယမ်း သိမ်းဆည်းသိုလှောင်ရာ နေရာဖြစ်သည်ဆိုသည့်အချက်မှာ မှားယွင်းသည့်စွပ်စွဲချက် သာ ဖြစ်သည်ဟု လည်း ငြင်းဆိုလိုက်သည်။ယင်းသို့စွပ်စွဲသည့် ဘလော့ ၀က်ဆိုက်မှာ ပြည့်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး လဆန်အောင်ဝါ ၏ တပြည့်ဖြစ်သူကလွှင့်တင်ထားသည့် ၀က်ဆိုက်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယမန်နေ့ညက ပေါက်ကွဲမှုကြောင့် သေဆုံးရသူ ၈ ဦး၏ ရုပ်အလောင်းများကို မီးလောင်သွားသည့် နေအိမ်မှာ တွေ့ရှိရပြီး ဒဏ်ရာရသူ၁၀ ဦးထက်မနည်း မြစ်ကြီးနားမြို့ဆေးရုံကြီးတွင် ကုသမှုခံယူနေရသည်ဟုလည်း သိရှိရသည်။

သတင်း၊ဓာတ်ပုံ.။ Yangon PressInternational

မြန်အောင်ရေနံမြေအနီး ချိန်ကိုက်ဗုံးနှစ်လုံးပေါက်ကွဲ

ယခုလ ၁၀ ရက် ည ၇း၄၅ ၀န်းကျင်က ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ရေနံမြေရှိ ရေနံကန်ဟောင်းအနီး ချိန်ကိုက်ဗုံး နှစ်လုံးပေါက်ကွဲခဲ့သည်။

ရေနံဂါလံ နှစ်သန်းကျော်ထည့်သွင်း အသုံးပြုခဲ့ပြီးလွန်ခဲ့သော ၁၀ နှစ်ခန့်က စတင်ကာအသုံးပြုခြင်း မရှိတော့သည့် ရေနံသိုလှောင်ကန်ကြီး (TAC- 122) အနီး အရှေ့တောင် ဘက်နှင့် မြောက်ဘက်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

"ည၈နာရီလောက်က ကားဘီးပေါက်သလို အသံအကျယ်ကြီးကြားလိုက်ရတယ်။ အသံကလဲတော်တော်ကျယ်၊ အချိန်ကလဲစောသေးတော့ အဲဒီနေရာကိုသွားကြည့်သေးတယ်။ ကွန်ကရစ်လမ်းတွေတော့ အက်ကြောင်းတွေဖြစ်သွားတယ် "ဟု မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

ရေနံသိုလှောင်ကန်၏ အရှေ့တောင်ဘက်ပေါက်ကွဲရာနေရာတွင် အနက်တစ်ပေခွဲခန့်၊ အလျားတစ်ပေခွဲ အနံရှစ်လက်မခန့်ရှိ ကျင်းတစ်ကျင်း၊ မြောက်ဘက်ပေါက်ကွဲရာနေရာတွင် အနက်တစ်ပေခွဲ၊ အလျားသုံးပေခွဲနှင့် အနံတစ်ပေခွဲရှိကျင်းတစ်ကျင်းဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲရာနေရာနှင့်ဆက်စပ်လျက်ရှိသော ကွန်ကရစ် လမ်းအချို့အက်ကြောင်းကြီးများဖြစ်ပေါ်ကာ ဒဏ်ရာရသူနှင့်သေဆုံး သူမရှိကြောင်း ဒေသခံ အာဏာပိုင်များကပြောသည်။

ယခုအခါပေါက်ကွဲရာဒေသအနီးတ၀ိုက်ရှိ ရှားတော၊မီးစက်ကြီးလမ်း၊ ဂတ်(စ်)တာဘိုင်ရှေ့ ရေနံမြေဒေသ တစ်ဝိုက်တွင်ရဲနှင့်စစ်တပ်များကို လုံခြုံရေးတင်းကြပ်စွာချထားပြီး ညမထွက်ရ အမိန့်ထုတ် ထားသည်ဟု ဒေသခံများကပြောသည်။

"ချိန်ကိုက်ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပါတယ်တရားခံကိုဖမ်းဆီးရမိရေးကိုလည်းအပူတစ်ပြင်းလိုက်လံရှာဖွေဖေါ်
ထုတ်နေပါတယ်" ဟုလုံခြုံရေးတာဝန်ရှိသူတစ်ဦးကပြောပြသည်။

အခင်းဖြစ်ပွားရာနေရာသို့သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး (ပ)၁၂၃/၂၀၁၁၊ ၁၉၀၈ခုနှစ် ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများအက်ဥပဒေ(၃) ဖြင့်မြန်အောင်ရဲစခန်း၌ အမှုဖွင့်ထားသည်။

သတင်း..Yangon PressInternational

14 November 2011

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်း အပြည့်အစုံ





ကျွန်မတို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီတစ်နှစ်အတွင်းမှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ မေးချင်မြန်းချင်တဲ့ မီဒီယာအုပ်စုတွေက အများကြီးဆိုတော့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ပြီး ဆွေးနွေးတာက အခက်အခဲ ရှိလို့ အားလုံး စုပြီးတော့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်တာ ဖြစ်ပါတယ်။

အဲတော့ ကျွန်မတို့ အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ စဉ်းစားရမှာက ဒီနှစ်အတွင်းကို ကျွန်မတို့ ဘာတွေ ဖြစ်မြောက်ခဲ့လဲ ဆိုတာကို အဓိကထားပြီးတော့ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အဖွဲ့အစည်း ဆိုတော့ နိုင်ငံရေးကိုတော့ ပထမ ဦးစားပေး ပြီးတော့ ပြောချင်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ စပြီိး တည်ထောင်စဉ် ကာလတည်းက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီ ရရှိရေးကို ဖြစ်မြောက်ဖို့ လုပ်မယ်ဆိုပြီးတော့ ကျွန်မတို့ မူချခဲ့တာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ဟာ အနှစ်နှစ်ဆယ်လုံး ဒီလမ်းကို လျှောက်ခဲ့ပါတယ်။ အခုနှစ်မှာ ဆိုရင် ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ် အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြတဲ့ ရလဒ်အရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အများ အခုဆိုရင် စိတ်ဝင်စား နေတာက NLD ဟာ ပြန်ပြီးတော့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား၊ နောက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ ဝင်မလား မဝင်ဘူးလား ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ လွှတ်တော်က အပြောင်းအလဲ တစ်ခုလုပ်ပြီးတော့ သမ္မတကြီး ကလည်း လက်မှတ်ထိုး ပြီးပြီ ဆိုတော့ ၁၈ ရက်နေ့ကျရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအစည်းအဝေး ခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အခု သတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စတွေကို မမေးပါနဲ့။ ကျွန်မက ၁၈ ရက်နေ့အထိ စောင့်ပါလို့ပဲ ပြောမှာပါပဲ။ အဲဒါမေးရင် မေးရကျိုး နပ်မယ် မထင်လို့ မမေးပါနဲ့။

တခြား နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေး အကျဉ်းသား။ ဒီနှစ် အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အချို့လွတ်လာတာ ရှိပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေမှာ ကျန်ရှိနေ သေးတဲ့ နိုင်ငံရေးသမားတွေ ရှိသေးတယ် ဆိုတာလဲ အများ သိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ် ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ကျွန်မတို့ ဘာမှ မသိရသေးပါဘူး။ အခုထိတော့ ဒါ လွှတ်တော့မယ် လွှတ်တော့မယ်လို့ ပြောတာကိုပဲ ကျွန်မတို့ ကြားနေရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ သာမက ဒီမိုကရေစီ လိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

နောက်တစ်ခု ကတော့ ကျွန်မတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။ ကျွန်မ ဂျူလိုင်လ တုန်းကဆိုရင် သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အချို့ကို အိတ်ဖွင့်စာ ပေးပြီးတော့ ဒီတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ နောက်ပြီးတော့ အေးအေး ချမ်းချမ်းနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မ တိုက်တွန်းခဲ့ပါတယ်။ ကျွန်မ အနေနဲ့ ဘယ်နေရာက ဖြစ်ဖြစ် ကူညီနိုင်ရင်လည်း ကူညီပါမယ်လို့ ကျွန်မ ပြောပါရစေ။ အခုလည်း ဒီအတိုင်းပါပဲ။ ကျွန်မ တစ်ယောက်တည်း အနေနဲ့ သော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သော်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်နည်း တစ်နေရာက နေပြီးတော့ ကူညီနိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့က နေပြီး ဝင်ရောက် ပါဝင် ကူညီဖို့ အဆင်သင့် ဖြစ်ပါတယ် ဆိုတာ ကျွန်မ ထပ်မံပြီးတော့ ပြောချင်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေ အပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ ကျွန်မ မြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျွန်မတို့ဟာ သိပ်ပြီးတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအကျဥ်းသား ဆိုတာကလည်း ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ ရှိလေ့ရှိထ မရှိပါဘူး။ နောက် စီးပွားရေးနဲ့ ပတ်သက်လို့လည်း ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲ လာစေချင်တယ် ဆိုလို့ရှိရင် ဒီမှာလည်း ကျွန်မတို့က ဥပဒေစိုးမိုးရေး လိုပါတယ်။ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမဲ့သူ တွေက ­­ဒီနိုင်ငံမှာ ဥပဒေစိုးမိုးမှု ရှိ၊ မရ­­­­­­­ှိ ဆိုတာကို သေသေချာချာ ကြည့်ပြီးမှ သူတို့ ရင်းနှီးသင့်တယ်၊ မရင်းနှီးသင့်ဘူး ဆိုတာကို သေသေချာချာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံ တိုးတက်ရေး အတွက် လူတွေဟာ စိတ်လုံခြုံဖို့ ဆိုရင် ဥပဒေစိုးမိုးရေး ဆိုတာ ရှိရမယ်။ ဥပဒေ စိုးမိုးရေးက ဘာပေါ်မှာ မူတည်လဲ ဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိရမယ်။ တရားရေး မဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိလို့ကတော့ ကျွန်မတို့ နိုင်ငံမှာ ဥပဒေစိုးမိုးရေးက မရှိနိုင်ပါဘူး။ ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာဟာ ဒီမိုကရေစီ အတွက် မရှိမဖြစ် ရှိရမဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီအတွက် အဆောက်အအုံတွေ ခိုင်မာဖို့ဆိုတာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိကပါပဲ။ အဲဒီတော့ အဲဒီဟာအတွက် ကျွန်မတို့ဟာ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ် ဆိုတာလေး ကျွန်မ ပြောချင်ပါတယ်။

ကျွန်မတို့ အရင်နှစ်က ကျွန်မ ဒီလိုနေ့မှာပေါ့ ၁၄ ရက်နေ့မှာ ရုံးရှေ့မှာပြည်သူနဲ့ စကားပြောတဲ့ အခါမှာ ကျွန်မတို့ ဒီမိုကရေစီ ကွန်ယက်တစ်ခု ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ ဒီကွန်ယက် လာတော့ ကျွန်မတို့ အားရလောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ဆိုလို့ရှိရင် ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိ ပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး လူသားချင်း စာနာတဲ့ နေရာတွေမှာလဲ ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။

နောက်ပြီးတော့ ခုတစ်ခေါက် ဥပဒေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေ့နေကွန်ယက် တွေကိုလည်း ဖွဲ့နိုင်ခဲ့ ပါတယ်။ ဒါဟာ ကျွန်မတို့ ဥပဒေစိုးမိုးရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို တိုးတက်မှုတွေ ရှိပေမဲ့ လုံလောက်သလား ဆိုတော့ ကျွန်မအနေနဲ့ လုံလောက်တယ် ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်ပြီ ကျေနပ်လောက်ပြီ ဆိုတဲ့ အဓိပ္ပါယ်က ထပ်ပြီးတော့ လုပ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်လေး နည်းနည်း ရောက်လို့ ဖြစ်ပါတယ်။ ကျွန်မတို့ ထပ်ပြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့လည်း တစ်ဖက်ကလည်း ဒီလို အပြုသဘော ဆောင်တဲ့ အမြင်နဲ့ မြင်ဖို့ လိုပါတယ်။ တိုးတက်ဖို့ ဆိုတာက အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့ အချိန်မှာ ပြောင်းလဲရမယ်။

ကျွန်မတို့ဟာ ယုံကြည်ချက်ပေါ်မှာ အခြေခံ ပြီးတော့ စွန့်စားသင့်တဲ့ အချိန်မှာလည်း စွန့်စားရမယ်။ အဲဒီလို လုပ်မှသာလျှင် ကျွန်မတို့ လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီးက ပွင့်သွားမှာပါ။ ဒီတော့ မပွင့်သေးဘူးလား လို့ တစ်ချို့က ပြောမယ်။ ဒီလို ကျွန်မ ပြောခြင်းအားဖြင့် ဒီိမိုကရေစီ လမ်းကြီးက မပွင့်သေးဘူးလား လို့ ပြောတာလား ဆိုရင် ဒီလမ်းဟာ ပွင့်ပြီလို့ အားလုံးကနေ လက်ခံနိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး လို့ ကျွန်မ ပြောပါရစေ။ အဲတော့ ဒီအခြေအနေ ရောက်ဖို့ဟာ ကျွန်မတို့ အားလုံး ကြိုးစားဖို့ လိုပါတယ်။

သတင်း၊ဓာတ်ပုံ ..The Voice Weekly

­­­­­

နိုင်ငံရေးအကျဉ်းသားများအား အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်

နိုင်ငံရေးအကျဉ်းသားများအား အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်

နိုင်ငံရေးအကျဉ်းသားအရေအတွက်နှင့်ပတ်သက်၍ ကွဲပြားနေသည့်အပေါ် ပြန်လည်စုစည်းခြင်း

မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံရေးအကျဉ်းသားအရေအတွက်အတိအကျနှင့်ပတ်သက်၍ ပြီးခဲ့သည့် လအနည်းငယ် အတွင်း အပြင်းအထန် အငြင်းပွားစရာ ဖြစ်လာခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသား အရေအတွက်အပေါ် ခန့်မှန်း တွက်ချက်မှု များသည် ချဲ့ကားပြောဆိုမှုများသာဖြစ်သဖြင့် မှားယွင်းသည်ဟု သမ္မတ အကြံပေးနှင့် နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော ဦးသိန်းစိန်အစိုးရ အဖွဲ့ဝင်များက ပြောဆို၍ နိုင်ငံရေး အကျဉ်းသားအရေအတွက်အား အငြင်းပွားဖွယ်ဖြစ်စေသည်မှာလည်း မထူးဆန်းသည့်ကိစ္စ ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသား မည်မျှရှိသည်ကို အတည်ပြုရမည်မှာ အတိုက်အခံ အင်အားစု များ၏ တာဝန်မဟုတ်ပါ၊ ဦးသိန်းစိန်အစိုးရ၏ တာဝန်သာဖြစ်ပါသည်။ ထို့ကြောင့် အစိုးရအနေနှင့် နိုင်ငံရေးအကျဉ်းသား စာရင်းကို အကျဉ်းသားတဦး ချင်းစီ၏ အဆင့်အတန်းသတ်မှတ်ချက် သက်သေအထောက်အထားများနှင့်အတူ လူသိရှင်ကြား ထုတ်ပြန်ပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) က တောင်းဆိုပါသည်။ အေအေပီပီ အနေနှင့်လည်း အကျဉ်းထောင်တွင်းတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကို ထပ်ခါထပ်ခါစုံစမ်းစစ်ဆေး အတည်ပြုကာ နိုင်ငံရေးအကျဉ်းသားစာရင်း အသေးစိတ်ကို ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားအရေအတွက်နှင့်ပတ်သက်၍ ပြည်တွင်းအင်အားစုများနှင့် နိုင်ငံတကာမိသားစုတို့ ကလည်း စတင်မေးမြန်းလာကြပါသည်။ ဤအငြင်းပွားဖွယ်ကိစ္စအား ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ မည်သူမည်ဝါ ဖြစ်သည်ကို အားလုံးသဘောတူလက်ခံနိုင်သည့်အချက်တချက် ရှိရပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော နိုင်ငံရေးအကျဉ်း သားနှင့်ပတ်သက်သည့် အေအေပီပီ၏ အဓိပ္ပါယ်ဖွင့်ဆိုမှုသည် ရှင်းလင်း၍ မြန်မာပြည် ဒီမိုကရေစီတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် သင့်လျော်သော အဓိပ္ပါယ်ဖွင့်ဆိုမှု ဖြစ်ပါသည်။ အားလုံးသဘောတူလက်ခံနိုင်သည့် နိုင်ငံရေးအကျဉ်းသားအရေအတွက်နှင့် ပိုမိုနီးစပ်လာစေရန်အလို့ငှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်းအားလုံးအနေနှင့်လည်း နိုင်ငံရေး အကျဉ်းသားနှင့်ပတ်သက်သည့် မိမိတို့အဓိပ္ပါယ် ဖွင့်ဆိုမှုကို ထုတ်ပြန်ပေးကြပါရန် အေအေပီပီက လေးစားစွာ တိုက်တွန်း လိုပါသည်။

နိုင်ငံရေးအကျဉ်းသားအရေအတွက်နှင့်ပတ်သက်၍ ယုံကြည်စိတ်ချရမှုအရှိဆုံးအချက်အလက်များကို အချိန်နှင့် တပြေးညီ တင်ပြသွားရန် အေအေပီပီက သံဓိဌာန်ချထားသော်ငြား မြန်မာပြည်ဒီမိုကရေစီရေး အတွက် ဆောင်ရွက် နေကြသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအနေနှင့် နိုင်ငံရေးအကျဉ်းသားအရေအတွက်ထက် အခြေခံ နိုင်ငံသား၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးများကို ဖောက်ဖျက်သော မြန်မာအစိုးရ၏ ဖိနှိပ်ချုပ်ချယ်သည့် မူဝါဒအား အကြွင်းမဲ့ဖယ်ရှားပစ်ရေးကို အလေထားသင့်ပါသည်။

နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ

ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှု များတွင် တက်ကြွစွာပါဝင်ခြင်း သို့မဟုတ် အားပေးထောက်ခံခြင်း၊ သို့မဟုတ် ထိုသို့ပါဝင်သည်၊ ထောက်ပံ့ကူညီသည်ဟု စွပ်စွဲခံရခြင်းကြောင့် ဖမ်းဆီးချုပ်နှောင်ခံရသော မည်သူကိုမဆို အေအေပီပီက နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ပါသည်။ မည်သည့် ဥပဒေဖြင့် အကျဉ်းချခံရသည်ဖြစ်စေ အေအေပီပီက ပြုစုထားသည့်စာရင်းတွင် ထည့်သွင်းဖော်ပြထားသော အဖမ်းခံရသူ တဦးချင်းစီသည် နိုင်ငံရေးလှုပ်ရှားသည့် အရင်းခံအကြောင်းတရားကြောင့် အကျဉ်းချခံရသူများ ဖြစ်ကြပါသည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်၏ လက်တွေ့အခြေအနေအရ ငြိမ်းချမ်းစွာ လှုပ်ရှား ဆောင်ရွက်မှုကြောင့် အဖမ်းခံရသူများကိုသာ အတိအကျရည်ညွှန်းသော အကန့်အသတ်ရှိသည့် “ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများ” ဟူသော ဝေါဟာရကို အေအေပီပီက အသုံးမပြုပါ။ ဤဝေါဟာရသည် နိုင်ငံရေးအကျဉ်းသားသတ်မှတ်ချက် စံချိန်စံညွှန်းအား ထိခိုက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် နိုင်ငံရေး အကျဉ်းသားအများအပြားသည် လူသတ်မှု၊ ဗုံးခွဲမှု သို့မဟုတ် အကြမ်းဖက်မှု ကဲ့သို့သော ကြမ်းကြုတ်သည့် ရာဇဝတ်မှုများဖြင့် မှားယွင်းစွာ စွပ်စွဲအပြစ်ပေးခံရခြင်းကြောင့် ဖြစ်ပါသည်။ တချိန်တည်းမှာပင် ရာဇဝတ်မှုဥပဒေပါ အကြမ်းဖက်မှုမဟုတ်သည့် ရာဇဝတ်ပုဒ်မများဖြင့် အကျဉ်းချခံရပြီး နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်မခံရသည့် နိုင်ငံရေး အကျဉ်းသားများလည်းရှိပါသည်။ ထို့ပြင် လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် အကျဉ်းချခံရသူများအား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သင့်မသင့် စဉ်းစားရာတွင်လည်း အစိုးရက အထူးသဖြင့် တိုင်းရင်းသား အင်အားစုများအပေါ် ကျူးလွန်သည့် အကြမ်းဖက်ရာဇဝတ်မှု ဖြစ်စဉ်များဖြင့် ယှဉ်တွဲစဉ်း စားသင့်ပါသည်။

နိုင်ငံရေးအဆင့်အတန်းကို မျက်ကွယ်ပြုခြင်းသည် လူ့ဂုဏ်သိက္ခာကို မျက်ကွယ်ပြုခြင်းဖြစ်ပါသည်။

ဦးသိန်းစိန်အစိုးရအနေနှင့် နိုင်ငံရေးအကျဉ်းသားများအားရည်ညွှန်းသည့် ဝေါဟာရမျိုးစုံကိုအသုံးပြု၍ ၄င်းတို့ တည်ရှိမှုကို မျက်ကွယ်ပြုရန် အားထုတ်လျှက်ရှိပါသည်။ မြန်မာ့အကျဉ်းထောင်စနစ်၌ သီးသန့်၊ သာမန် သီးသန့်နှင့် ရာဇဝတ်သားဟူ၍ အကျဉ်းသားအမျိုးအစား သုံးမျိုးခွဲခြားထားပါသည်။ နိုင်ငံရေးအကျဉ်းသားများ အနေနှင့် များသောအားဖြင့် သီးသန့်နှင့် သာမန်သီးသန့် အမျိုးအစားနှစ်ခုစလုံးတွင် အကြုံးဝင်လေ့ ရှိကြပါသည်။ မြန်မာပြည် အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတကာ ပဋိပက္ခလေ့လာ ရေးအဖွဲ့ (International Crisis Group) ၏ “အရေးပါသောအပြောင်းအလဲများဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ (Myanmar: Major Reforms Underway)” အစီရင်ခံစာ၌ နိုင်ငံရေးအကျဉ်းသားများအား “လုံခြုံရေးကြောင့် အထိန်းသိမ်း ခံရသူများ” ဟု ရည်ညွှန်းထားသည့်အပြင် လုံခြုံရေးကြောင့် အထိန်းသိမ်းခံရသူများတွင် နိုင်ငံရေးလှုပ်ရှားမှု ကြောင့် အထိန်းသိမ်းခံရသူများနှင့် အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် ပြစ်မှုများဖြင့် အဖမ်းဆီးခံရသူများ ပါဝင်သည်ဟုလည်း ရှင်းပြထားပါသည်။
အစိုးရအနေနှင့် နိုင်ငံရေးအကျဉ်းသားများကို အသိအမှတ်မပြုသော်ငြား ၄င်းတို့၏ အခြေခံ အကျဉ်းသား အခွင့်အရေးများကို ကာလတခုအထိပိတ်ပင်ထားနိုင်ရန်အတွက် အကျဉ်းသားအမျိုးအစား အသစ်များကို ဖန်တီးခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားသည် လေးစားအသိအမှတ်ပြုမခံရသည့် သီးသန့်အခြေအနေအောက်တွင် အကျဉ်းချ ခံနေရသည့် အပြင် မတရားသဖြင့် ပြုမူဆက်ဆံခံနေရသည်မှာ ထင်ရှားလှပါသည်။ အကျဉ်းထောင်ပြင်ပတွင် ဆေးကုသမှု ခံရရေး အတွက် ခွင့်တောင်းရခြင်း၊ မိသားစုများ ထောင်ဝင်စာတွေ့ချိန်တွင် တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံရခြင်း၊ စစ်ကြောရေး ကာလတွင် သိက္ခာချိုးနှိမ်သည့်လုပ်ရပ်များဖြင့် ရက်ရက်စက်စက် လူမဆန်စွာ ပြုမူဆက်ဆံခံရခြင်းနှင့် လျှော့ရက် ငြင်းပယ်ခံရခြင်း စသည်တို့မှာ နိုင်ငံရေးသမားများကြုံတွေ့ရသည့် မြင်သာသော အခက်အခဲ အတားအဆီးများပင် ဖြစ်ပါသည်။
ဦးသိန်းစိန်အစိုးရက ဤအကျဉ်းသားများ၏ နိုင်ငံရေးအဆင့်အတန်းကို မျက်ကွယ်ပြုနေခြင်းသည် နိုင်ငံရေး အကျဉ်းသားများနှင့် ၄င်းတို့အသိုင်းအဝိုင်းအတွက် စိတ်ပျက်အလိုမကျမှုများ ဖြစ်ပေါ်စေပါသည်။ ယင်းစိတ်ပျက် အလိုမကျမှုများအတွက် တုံ့ပြန်သော ထင်ရှားသည့် သာဓကတခုမှာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိပါဟု နိုင်ငံတွင်း အလည်အပတ်ရောက်ရှိနေသော အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းအား အခိုင်အမာပြောဆိုလိုက်သည့် အချိန်တွင်ဖြစ်ပါသည်။ ထိုသို့ပြောဆိုလိုက်ခြင်းသည် နိုင်ငံရေး အကျဉ်းသားများ အထူးသဖြင့် မုံရွာထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသော မနိုဘယ်လ်အေး၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ဦးတင်အောင်မြင့်ဦးပြောဆိုပြီး လေးရက်အကြာတွင် မနိုဘယ်လ်အေးက သမ္မတ ဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာတစောင်ရေး သား၍ နိုင်ငံတော်အာဏာပိုင် များအနေနှင့် နိုင်ငံရေးအကျဉ်းသားများတည်ရှိမှုကို လူသိရှင်ကြား အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ပါသည်။ ၄င်းသည် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်မှုကြောင့် အဖမ်းခံခဲ့ရသော နိုင်ငံရေးအကျဉ်း သားအစစ်အမှန် ဖြစ်ကြောင်းကိုလည်း မနိုဘယ်အေးက ၄င်း၏စာထဲတွင် ရှင်းပြခဲ့ပါသေးသည်။ “ပွင့်လင်း၍ တရားမျှတသော ဒီမိုကရေစီစနစ်ကို ပုံဖော် လျှောက်လှမ်းနေကြသည့် အစိုးရသစ်၏ အစိုးရအဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ ငြင်းဆိုပြောဆိုမှုများသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော တရားမျှတမှုမှ ကင်းမဲ့ သွေဖီ၍ အဂတိလိုက်စားခြင်းနှင့် ပကတိအခြေအနေများကို လျစ်လျူရှု မျက်ကွယ်ပြု လိမ်လည်နေခြင်းသာ ဖြစ်ပါသည်” ဟု ၄င်းက ဆိုပါသည်။
ထိုသို့စာရေးသားပေးပို့မှုကြောင့် “ထောင်စည်းကမ်းချိုးဖောက်သည်” ဟုဆိုကာ ထောင်အာဏာပိုင် များက မနိုဘယ်လ်အေးအား တိုက်ပိတ်ခဲ့သည့်အပြင် ၄င်းမိသားစုက ထောင်ဝင်စာလာတွေ့ခြင်းကိုလည်း အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ပါသည်။ မနို ဘယ်လ်အေးအပါအဝင် အခြားနိုင်ငံရေးအကျဉ်းသားများအား နိုင်ငံရေးအကျဉ်းသားအဆင့်အတန်း သတ်မှတ်ပေးခြင်းသည် အနိမ့်ဆုံးအဆင့်အဖြစ် ၄င်းတို့၏ လူသားနှင့် နိုင်ငံသားဂုဏ်သိက္ခာကို ပြန်လည်အပ်နှင်းရာ ရောက်စေပါလိမ့်မည်။

နိုင်ငံရေးအဆင့်အတန်း အသိအမှတ်ပြုခံရရေးအတွက် တောင်းဆိုသည့် အစာငတ်ခံဆန္ဒပြပွဲများ

အရပ်သားအမည်ခံအစိုးရ အာဏာရလာသော ၂၀၁၁ ခုနှစ် မတ်လမှစ၍ မြန်မာပြည်ထောင်များတွင် နိုင်ငံရေး အကျဉ်းသားများဦးဆောင်သည့် အစာငတ်ခံဆန္ဒပြပွဲများ အနည်းဆုံး ၃ ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်ပါသည်။ ထိုဆန္ဒပြပွဲများသည် နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံရေးအကျဉ်းသားအဖြစ်မဟုတ်ဘဲ ရာဇဝတ်သားအဖြစ် လွှတ်ပေးသော အကျဉ်းသား လွှတ်ပေးမှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ဆန္ဒပြပွဲတွင်ပါဝင်သော နိုင်ငံရေးအကျဉ်းသားများက ၄င်းတို့ အဆင့်အတန်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုပေးရန်နှင့် ၄င်းတို့၏ အခြေခံအကျဉ်းသား အခွင့်အရေးများ ရရှိရေးတို့အတွက် တောင်းဆို ခဲ့ကြပါသည်။ ပြည်ထဲရေးဝန်ကြီးထံပေးပို့သော အရှင်ဂမ္ဘီရ၏ စာထဲတွင် အဘယ့်ကြောင့် ကလေးထောင်၌ ၄င်းအစာငတ်ခံဆန္ဒပြရန် ဆုံးဖြတ်ခဲ့သည်ကိုထည့်သွင်းရေးသားခဲ့သည့်အပြင် ဆန္ဒပြပွဲများ၏ အဓိက ရည်ရွယ်ချက်ကိုလည်း တိကျစွာဖော်ပြထားပါသည်။ ၄င်းက “ဒီမိုကရေစီနည်းကျသည့် အစိုးရတရပ်အောက်၌ ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများတွင် အခွင့်အရေးရှိရပါမည်။ ကျွန်ုပ်တို့တွင် ကျန်းမာရေးစောင့်ရှောက်ခံရခွင့်၊ အစားအစာ လုံလောက်စွာ ရပိုင်ခွင့်၊ မိသားစုနှင့် လွတ်လပ်စွာဆက်သွယ်ခွင့်၊ တရားဝင်ထုတ်ဝေထားသော စာအုပ်များဖတ်ပိုင်ခွင့်၊ ရေဒီယို နားထောင်ခွင့်နှင့် အကျဉ်းထောင်ဥပဒေများအတိုင်း ပြုမူဆက်ဆံခံရခွင့် စသည့် အခွင့်အရေးများ ရှိရပါမည်” ဟု ဆိုပါသည်။

အကျဉ်းထောင်နှင့် နိုင်ငံတော်အာဏာပိုင်များက ထိုဆန္ဒပြမှု ၃ ကြိမ်စလုံးကို အလျှင်အမြန် နှိပ်ကွပ်ခဲ့သည့်အပြင် သက်ဆိုင်ရာ ထောင်များတွင် ဖိနှိပ်မှုများတိုးမြှင့်ဆောင်ရွက်ခဲ့ပြီး လုံခြုံရေးကိုလည်း ကာလတခုထိ ပိုတင်းကျပ်ခဲ့ပါသည်။ အင်းစိန်ထောင်တွင် နောက်ဆုံးဖြစ်ပွားခဲ့သော အစာငတ်ခံဆန္ဒပြပွဲ၌ ပါဝင်သည့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးအနက် ၈ ဦးမှာ စစ်ခွေးတိုက်သို့ ပို့ဆောင်ခံခဲ့ကြရပါသည်။ အလားတူ မေလ ၂၃ ရက်နေ့တွင် စတင်ခဲ့သော အင်းစိန်ထောင် အစာငတ်ခံ ဆန္ဒပြပွဲ၌ ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများအနက် ၁၁ ဦးမှာလည်း စစ်ခွေးတိုက်သို့ ပို့ဆောင်ခံခဲ့ ကြရပါသည်။

ဆန္ဒပြပွဲတွင်ပါဝင်သော နိုင်ငံရေးအကျဉ်းသားအားလုံးတွင် တူညီသည့်ဆန္ဒတခုရှိပါသည်။ ယင်းမှာ ၄င်းတို့ အနေနှင့် နိုင်ငံရေး အကျဉ်းသားအဖြစ် တရားဝင်အသိအမှတ်ပြုခံရရေးနှင့် ၄င်းတို့၏ အခြေခံအခွင့်အရေးများ အပြည့်အဝခံစားရရေးတို့ပင် ဖြစ်ပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြမှုကြောင့် ယင်းသို့ ပြစ်ဒဏ်ပေးခြင်းသည် ၄င်းတို့၏ အခွင့်အရေးကို သိသာစွာချိုးဖောက်ခြင်း ဖြစ်ပါသည်။ အချို့ဖြစ်ရပ်များတွင် နိုင်ငံရေးအကျဉ်းသားများအနေနှင့် ရက်ရက် စက်စက် လူမဆန်စွာ ပြုမူဆက်ဆံခံရသည့်အပြင် နှိပ်စက်ညှင်းပန်းမှုများနှင့်ပါ ကြုံတွေ့ရပါသည်။ အနိမ့်ဆုံး နိုင်ငံတကာစံချိန်စံညွှန်းအရ အကျဉ်းသားများတွင် ထောင်တွင်းအခြေအနေများနှင့်ပတ်သက်၍ တင်ပြတိုင်တန်းပိုင်ခွင့် ရှိပါသည်။ သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများမှာမူ မည်သို့သော တင်ပြတိုင်တန်းမှုမျိုးကိုမဆို ဆောင်ရွက်သည့် အခါတိုင်း ပြင်းထန်စွာ အပြစ်ပေးခံရသည့်အပြင် ၄င်းတို့၏ နစ်နာမှုများအတွက် တင်ပြနိုင်သောအခွင့်အလမ်း လုံးဝမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရပါသည်။

မျက်မှောက်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် နိုင်ငံရေးအက်ဥပဒေများကို ပြုပြင်မွမ်းမံရန် လိုအပ်မြန်မာနိုင်ငံ တရားရေးစနစ် သည် မွေးရာပါအပြစ်အနာအဆာရှိသည့် စနစ်ဖြစ်သည့်အပြင် လူ့ဘဝ၏ ကဏ္ဍတိုင်းအား ရာဇဝတ်ကြောင်းနှင့် လွတ်ကင်းမှုမရှိစေရန် စီမံထားသည့် စနစ်ဖြစ်ပါသည်။ တချိန်တည်းမှာပင် မြန်မာပြည်သူများ၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးရည်မှန်းချက်တို့ကို နိုင်ငံရေးအသွင် မဆောင်စေရန် စီမံထားသည့် စနစ်လည်းဖြစ်ပါသည်။ အစိုးရ၏ မူဝါဒရေးရာပိုင်းနှင့် လက်တွေ့ဆောင်ရွက်မှုအပိုင်းတွင် အစိုးရဆန့်ကျင်သည့် လှုပ်ရှားမှုများအား မည်သည့်အခါကမျှ နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ရှုမြင်ယူဆခြင်းမရှိခဲ့ သည်သာမက နိုင်ငံရေးပြစ်မှုမြောက်သည့် အက်ဥပဒေများကိုလည်း မည်သည့်အခါကမျှ မျက်မှောက်အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သော အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးမရှိခဲ့ပါ။ ချွင်းချက်အနေနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအာဏာရနေသော ၁၉၈၀ ခုနှစ်တွင် နိုင်ငံရေး အမှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ဖူးပါသည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်တွင် အရေးပေါ် အက်ဥပဒေနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ တို့ကို ချိုးဖောက်ပါက နိုင်ငံရေးပြစ်မှု မြောက်သည်ဟူသော တိကျသည့်ဥပဒေများကို ထည့်သွင်းဖော်ပြထားပါသည်။ သို့ရာတွင် နိုင်ငံရေးပြစ်မှု နှင့်ပတ်သက်၍ ယင်းသို့ အဓိပ္ပါယ် ဖွင့်ဆိုမှု၌ အကန့်အသတ်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၈၀ နောက်ပိုင်းပြဌာန်းသည့် ဥပဒေများတွင် နိုင်ငံရေးအမှုနှင့်ပတ်သက်၍ အီလက်ထရွန်းနစ်လုပ်ငန်းဥပဒေနှင့် ပုံနှိပ်ထုတ်ဝေသူများအက်ဥပဒေ စသည်တို့ကို ထည့်သွင်းရန် ပျက်ကွက်ခဲ့သည့်အပြင် အကျိုးဆက်အနေဖြင့် ထိုဥပဒေများကို ချိုးဖောက်ပါက နိုင်ငံရေးအမှုဟု မှတ်ယူခြင်း မရှိသောကြောင့်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားအများအပြားသည် ရာဇ၀တ်မှုဥပဒေပါ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ပြစ်မှုများဖြင့် အကျဉ်းချခံနေကြရပါသည်။ အောက်တိုဘာလ ၁၂ နေ့ အကျဉ်းသားလွှတ်ပေးမှုမတိုင်မီက နိုင်ငံရေး အကျဉ်းသား ၉၈ ဦး ပုံနှိပ်ထုတ်ဝေသူများအက်ဥပဒေချိုဖောက်မှုဖြင့် အကျဉ်းချခံခဲ့ကြရပြီး ၄၅ ဦးမှာ အီလက်ထရွန်းနစ် လုပ်ငန်းဥပဒေ ချိုးဖောက်မှုဖြင့် အကျဉ်းချခံခဲ့ကြရပါသည်။

မည်သည့်ဥပဒေကိုချိုးဖောက်ပါက နိုင်ငံရေးအမှုမြောက်သည်ဟုယူဆခြင်းထက် လူပုဂ္ဂိုလ်တဦးချင်း စီကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးချုပ်နှောင်ခဲ့ပါသနည်းဟူသော အကြောင်းတရား အချို့အပေါ် ဝေဖန် ပိုင်းခြားခြင်း က နိုင်ငံရေးအမှုများ၏ ပုံရိပ်ကို ပိုမိုတိကျစွာ ပေါ်လွင်လာစေပါလိမ့်မည်။ သာဓကအနေဖြင့် ပြစ်မှုနောက်ကွယ်က အရင်းခံအကြောင်းတရားမှာ နိုင်ငံရေး၊ လူသားချင်းဆိုင်ရာ သို့မဟုတ် ရာဇဝတ်မှု ဆိုင်ရာနှင့် သက်ဆိုင်မှုရှိမရှိ၊ ပြစ်မှုသည် အထူးသဖြင့် နိုင်ငံရေးအုံကြွမှု၏ အစိတ်အပိုင်းတခုဖြစ်ခဲ့ပါက အဖမ်းအဆီးနောက်ကွယ်ကအရင်းခံအကြောင်းတရား စသည်တို့ကို ဆန်းစစ်ခြင်းဖြစ်ပါသည်။

မည်သည့်အရာက နိုင်ငံရေးအမှုမြောက်သည်ဟု သဘောတူလက်ခံခြင်းနှင့် နိုင်ငံရေးအကျဉ်းသား များအား အသိအမှတ်ပြုခြင်းတို့သည် နောက်ပိုင်းအကျဉ်းသားလွှတ်ပေးမှုများတွင် ပါဝင်နိုင်သည့် နိုင်ငံရေး အကျဉ်းသားများ ၏ ဂုဏ်သိက္ခာ အာမခံချက်အတွက် အရေးပါသည့် ကနဦးဆောင်ရွက်စရာများ ဖြစ်ပါသည်။

ဦးသိန်းစိန်အစိုးရအနေနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေအရပ်ရပ်အား လိမ်လည် လှည့်ဖျားရန်နှင့် နိုင်ငံရေးလှုပ်ရှားသူများအား ဆက်လက်နှောက်ယှက် အကျဉ်းချနေမှုများမှ အာရုံလွဲစေရန် အတွက် ကြိုးပမ်းရာတွင် နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်သည့် အားလုံး သဘောတူလက်ခံနိုင်သော အဓိပ္ပါယ်ဖွင့်ဆိုမှုမရှိသည့်အချက်အပေါ်အသုံးချခဲ့ပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအများစုမှာ နိုင်
ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုခြင်းမခံရပါ၊ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးအမှုနှင့် ပတ်သက်သည့် တခုတည်းသောအဓိပ္ပါယ်ဖွင့်ဆိုမှုမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် နိုင်ငံတော်ကောင်စီ က ၁၉၈၀ တွင် ထုတ်ပြန်သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်၌သာ ပါရှိသောကြောင့် ဖြစ်ပါသည်။ ယင်းအဓိပ္ပါယ် ဖွင့်ဆိုမှုအား အစားထိုးနိုင်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုများလည်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအမိန့်တွင် နိုင်ငံရေးနှင့်သက်ဆိုင်သည်ဟု ယူဆနိုင်သော ၁၉၈၀ မတိုင်မီက ဥပဒေများကိုသာ ထည့်သွင်းထား၍ ဖြစ်ပါသည်။ နိုင်ငံရေးအမှုနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုအမျိုးမျိုးအကြား ကွဲပြားမှုများ လျော့နည်း စေရန်အတွက် နည်းလမ်းတခုအနဖြင့် ဆောင်ရွက်နိုင်သည်မှာ သီးခြားလွတ်လပ်သော လူ့အခွင့်အရေးအဖွဲ့များပါဝင်သည့် ပူးတွဲကော်မတီ တရပ်ဖွဲ့စည်း၍ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီမည့် နိုင်ငံရေး အမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုမှု ပြုလုပ်ရေးပင်ဖြစ်ပါသည်။

အကျဉ်းသားလွှတ်ပေးမှုနောက်ပိုင်း ဆက်လက်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ

အေအေပီပီအနေနှင့် မည်သည့်နိုင်ငံရေးအကျဉ်းသားတဦးဦး လွတ်မြောက်မှုကိုမဆို နွေးထွေးစွာ လက်ခံပါသည်။ သို့ရာတွင် ထိုလွတ်မြောက်လာသူများသည် အခြေခံ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများကို ဘောင်ခတ်ထားသော လွန်စွာရက်စက် ကြမ်းတမ်းသည့် ဥပဒေများအောက်တွင် သေးနုပ်စွာ ရှင်သန်ရပ်တည်ကြရပါသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအနေနှင့် လွတ်မြောက်လာပြီးနောက်ပိုင်းတွင် လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ဆက်လက် ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ ထိုချိုးဖောက်ခံရမှုများတွင် …
၁။ အနှောင့်အယှက်ပေးခံရခြင်းနှင့် ထင်သလိုပြန်လည်ဖမ်းဆီးခံရခြင်း
၂။ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မျက်ကွယ်ပြုခံရခြင်း
၃။ နိုင်ငံရေးအကျဉ်းသားဟောင်းများသာမက ၄င်းတို့မိသားစုများပါ ခွဲခြားဆက်ဆံခံရခြင်း နှင့်
၎။ လူမှုရေးနယ်ပယ်မှ ဖယ်ကြဉ်ခံရခြင်း
တို့ပါဝင်ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနှင့် အကျဉ်းထောင်နံရံများပြင်ပတွင် ပုံမှန်အနေအထားအတိုင်း ပြန်လည် ရှင်သန်ရပ်တည်ရန် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြရပါ သည်။ နိုင်ငံရေးအကျဉ်း သား ဖြစ်ခဲ့ဖူးသော ကျောင်းသား များမှာ ကျောင်းပြန်တက်၍ ပညာဆုံးခန်းတိုင်လေ့လာသင်ယူရန် ပိတ်ပင်တားဆီးခံရခြင်း၊ ရှေ့နေနှင့် ဆရာဝန်များမှာ ၄င်းတို့၏ လိုင်စင်များ ရုပ်သိမ်းခံရခြင်း၊ အနုပညာရှင်များမှာ အနုပညာလုပ်ငန်းလုပ်ခွင့် ပိတ်ပင်ခံရခြင်း စသည်တို့ကို ကြုံတွေ့ရသည့် အပြင် ၄င်း တို့ ၏ ရာဇဝတ်မှု မှတ်တမ်းကြောင့် တရားဝင်နိုင်ငံရေး လုပ်ငန်းများဆောင်ရွက် ခွင့်နှင့် ရွေးကောက်ပွဲဝင် ခွင့်တို့လည်း မရှိတော့ပေ။ သာဓကအနေဖြင့် ဂီတပညာရှင် ကိုဇေယျာသော်နှင့် ဟာသပညာရှင် ကိုဇာဂနာတို့သည် ၄င်းတို့ ထောင်မှလွတ်မြောက်လာသည့် ယခုနှစ် မေလနှ င့် အောက်တိုဘာ လနောက်ပိုင်းတွင် ၄င်းတို့ အနုပညာလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့် မရရှိပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သဖြင့် လိုင်စင်ရုပ်သိမ်းခံရသော ရှေ့နေ ၂၂ ဦး၊ ဆရာဝန် ၇ ဦးနှင့် ကျောင်းပြန်တက်ခွင့်မရသော ကျောင်းသား ၇ ဦးတို့သည် ၄င်းတို့၏ လိုင်စင် ပြန်ရရှိရေးနှင့် ကျောင်းပြန်တက်ခွင့် ရရေးတို့အတွက် မကြားသေးခင်က သမ္မတဦးသိန်းစိန်နှင့် မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြပါသည်။ ထိုသို့စာရေးသား ပေးပို့ခဲ့သူများတွင် အရှင်ဂမ္ဘီရကဲ့သို့ ထင်ရှားသည့် ပုဂ္ဂိုလ်များအတွက် တရားရုံးတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့ပြီး ရုံးတော်ကို ပမာမခန့်ပြုမှုနှင့် ထောင်ဒဏ် ၄ လ အပြစ်ပေးခံရသော ရှေ့နေဦးအောင်သိန်းလည်း အပါအဝင်ဖြစ်ပါ သည်။ နိုင်ငံရေးအကျဉ်း သားဟောင်းတယောက် ၏ ဆိုးရွားလှသော မျက်မှောက်အခြေအနေနှင့်ပတ်သက်၍ ဦးအောင်သိန်းက “လူတယောက်ကို အပြစ်နှစ်ခုပေးတာမျိုးဖြစ်နေတယ်။ အခုက ထောင်လည်းချတယ်၊ ပြန်လွတ်လာတော့လဲ သူနဲ့ပတ်သက်တဲ့ ရှေ့နေအလုပ်၊ ဆရာဝန်အလုပ်၊ ကျောင်းတက်ခွင့်တွေကို ပိတ်တယ် ဆိုတော့ ဒီခေတ်မှာ ဒါတွေက မဖြစ်သင့်တော့ဘူး။ အစိုးရ ဟောင်းလက်ထက်က ဥပဒေကိစ္စတွေကို အစိုးရသစ်က ဒီလိုပဲသယ်ယူမလား၊ ဒါကို အစိုးသစ်က ဖြေရှင်းသင့်ပြီ” ဟု ပြောဆိုခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုသည် လွတ်မြောက်လာသူများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေး ရမည် ဖြစ်ပါသည်။ ဆိုလို သည်မှာ နိုင်ငံရေးအကျဉ်းသားများအား ၄င်းတို့၏နိုင်ငံရေးအဆင့်အတန်းကို အသိအမှတ် ပြုမှု၊ ၄င်းတို့၏ ရာဇတ်မှုမှတ်တမ်းများအား ဖယ်ရှားပစ်မှုတို့နှင့်အတူ ချွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပါသည်။ အကျဉ်းသား လွှတ်ပေးမှုတိုင်းကိုလည်း မည်သူမည်ဝါ ပါဝင်မည်ဆိုသည့်စာရင်းနှင့် အတူ လူသိရှင်ကြား ကြိုတင် ကြေညာသင့်ပါသည်။ ဤနည်းလမ်းများ အတိုင်း ဆောင်ရွက်ပါက နိုင်ငံရေးအကျဉ်းသားများ၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေး ရာ ရောက်စေပါလိမ့်မည်၊ ထို့အတူ ဒီမိုကရေစီလှုပ်ရှားမှုနှင့် ဦးသိန်းစိန်အစိုးရအကြားရှိ နက်ရှိုင်းသည့် ကွာဟချက် များကိုလည်း လျော့နည်းစေပါလိမ့်မည်။

နိုင်ငံရေးအကျဉ်းသားများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့အတွက် အရေးပါသူများဖြစ်နိုင်ပါသည်၊ သို့ရာတွင် ၄င်းတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုမှသာ ထို့သို့ အရေးပါ နိုင်ပါလိမ့်မည်။ ၄င်းတို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရရှိရေးလုပ်ငန်းစဉ်နှင့် လူမှုလူ့အဖွဲ့အစည်း တည်ဆောက်ရေးတို့တွင် ပါဝင်ဆောင်ရွက်ရန် ပိတ်ပင်တားဆီးထားပါက ၄င်းတို့ လွတ်မြောက်လာမှုသည် ပြီးပြည့်စုံသော လွတ်မြောက်မှုဟု ခေါ်ဆို၍ မရနိုင်ပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ

နိုင်ငံရေးအကျဉ်းသားများအနေနှင့် တရားမျှတသည့် နိုင်ငံတည်ဆောက်ရေးအပေါ်ထားရှိသည့် ၄င်းတို့ ယုံကြည်ချက်အတွက် အရေးပါသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့ကြပါသည်။ ၄င်းတို့ ချွင်းချက်မရှိ လွတ်မြောက်မှုမရှိဘဲ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနည်းကျသော အသွင် ကူးပြောင်းမှု တို့အတွက် တိုးတက်မှုတစုံတရာ ရှိနိုင်မည်မဟုတ်ပါ။ နိုင်ငံရေးအကျဉ်းသား တဦးစီအား လူသားချင်းဆိုင်ရာဖြစ်စေ နိုင်ငံရေးဆိုင်ရာဖြစ်စေ ၄င်းအရင်ကာလက လုပ်ခဲ့သည့်အလုပ်များ၊ ဆက်လက်ပညာသင်ခွင့်များအား ပြန်လည် ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းအပြင် ဒီမိုကရေစီနည်းကျအသွင်ကူးပြောင်းမှုတွင်ပါ ပါဝင်ဆောင်ရွက်ခွင့် ပေးသင့်ပါသည်။ နိုင်ငံရေးအရ ကိုယ်စားပြုသူ အဖြစ်ရပ်တည်နိုင်ရန်၊ နိုင်ငံရေးပါတီများတွင် ပါဝင်နိုင်ရန်နှင့် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုလူ့အဖွဲ့အစည်းများ ဖွဲ့လိုကဖွဲ့နိုင်ရန် စသည့်အခွင့်အရေးများအား ကန့်သတ်ချုပ်ချယ်မှုများမရှိဘဲ ပြန်လည်ရရှိနိုင်ရေးအတွက် အကျဉ်းထောင်မှ လွတ်မြောက်လာပြီး နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ၏ ရာဇဝတ်မှုမှတ်တမ်းကို အကုန်အစင် ဖယ်ရှားပေးရပါမည်။

နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ရှိနေကြပါသည်။ အဓိကကျသည့် အစုအဖွဲ့များတွင်ပါဝင်သော နိုင်ငံရေးအကျဉ်းသားများ သည် မြန်မာပြည်ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လူမှုလူ့အဖွဲ့အစည်းတို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်အပြင် ၄င်းတို့ ချွင်းချက်မရှိလွတ်မြောက်၍ ၄င်းတို့၏ရာဇဝတ်မှုမှတ်တမ်းကို အကုန်အစင် ဖယ်ရှားပြီးနောက်ပိုင်းတွင်လည်း အလားတူ ဆက်လက်ဆောင်ရွက်ကြပါလိမ့်မည်။ ထိုသို့ ဖယ်ရှားပေးမှ သာလျှင် ၄င်းတို့အနေဖြင့် အရေးကြီးသည့် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် အဟန့်အတားမရှိဘဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သီးခြားလွတ်လပ်သော အားကောင်းမောင်းသန် လူမှုလူ့အဖွဲ့အစည်းတရပ်တည်ရှိမှုသည် မည်သည့် ဒီမိုကရေစီ နိုင်ငံတွင်မဆို အစိုးရတရပ်အား တာဝန်ယူမှု တာဝန်ခံမှုရှိလာရေးအတွက်ဆောင်ရွက်ရာတွင် အရေးပါလှပါသည်။ လူမှုလူ့အဖွဲ့အစည်းသည် အာဏာရအစိုးရနှင့် သီးခြားလွတ်လပ်မှုရှိရန် အရေးကြီးပါသည်၊ သို့မှာသာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိမည်ဖြစ်ပြီး အစိုးရတာဝန်ယူမှု တာဝန်ခံမှုရှိရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာအမျိုးသားလူ့အခွင့်အရေးကောင်မရှင်သည် ယခင်စစ်အစိုးရ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားပြီး ဦးသိန်းစိန်အစိုးရက ကမကထပြုထားသဖြင့် ယင်းကော်မရှင်ဖွဲ့စည်း ထူထောင်မှုသည် လူမှုလူ့အဖွဲ့အစည်းသဘောသဘာဝနှင့် ကိုက်ညီမှုမရှိပါ။

နိုင်ငံရေးအကျဉ်းသားများသည် မြန်မာ့လူမှုလူ့အဖွဲ့အစည်း၏ အဆင့်တိုင်းအတွက် လွန်စွာအရေးကြီး လှပြီး ယင်းလူမှု လူအဖွဲ့အစည်းအား ပုံဖော်ရာနှင့် ဒီမိုကရေစီတည်ဆောက်ရေးအတွက် ပြင်ဆင်ရာတို့တွင် မဖြစ်မနေ ရှိရမည့်သူများလည်း ဖြစ်ကြပါသည်။ ထိုသို့ပုံဖော်ရာနှင့် ပြင်ဆင်ရာတွင် အခြားသူများအား ၄င်းတို့တွင် မည်သည့် အခွင့်အရေးများရှိသည်နှင့် ယင်းအခွင့်အရေးများအား မည်သို့ရယူရမည်တို့ကို သင်ကြားပေးခြင်းလည်း ပါဝင်ပါသည်။ နိုင်ငံရေးအကျဉ်းသားများအနေနှင့် လူမှုလူ့အဖွဲ့အစည်းများအား အနှောင့်အယှက် အတားအဆီးအတွက် စိုးရိမ် ကြောက်ရွံ့မှုမရှိဘဲ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်နိုင်ရန် ၄င်းတို့၏ ရာဇဝတ်မှုမှတ်တမ်းကို အကုန်အစင် ဖယ်ရှားပေးရပါမည်။

ဦးသိန်းစိန်အစိုးရအတွက် အကြံပြုချက်များ

၁။ နိုင်ငံရေးအကျဉ်းသားအားလုံး၏ တည်ရှိမှုကို တရားဝင် အသိအမှတ်ပြုပေးရန်
၂။ နိုင်ငံရေးအကျဉ်းသားဖြစ်မှု စံချိန်စံညွန်းကို စဉ်းစားဆုံးဖြတ်နိုင်ရန်အတွက် လွတ်လပ်သော ပူးတွဲ ကော်မတီတရပ် ဖွဲ့စည်းပေးရန်
၃။ အကျဉ်းသားလွှတ်ပေးမှုများကို မည်သူမည်ဝါပါဝင်မည်ဆိုသည့်စာရင်းနှင့်အတူ လူသိရှင်ကြား ကြိုတင်ကြေညာ ပေးရန်
၎။ နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးရာတွင် မထင်မရှား လွှတ်ပေးခြင်းမျိုးမဟုတ်ဘဲ ၄င်းတို့၏ နိုင်ငံရေးအဆင့်အတန်းကို အသိအမှတ်ပြု၍ နိုင်ငံရေးအကျဉ်းသားများအဖြစ်အသိအမှတ်ပြုကာ လွှတ်ပေးရန်
၅။ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုကို ချွင်းချက်မရှိဖြစ်စေရန်
၆။ နိုင်ငံရေးအကျဉ်းသားများ၏ ရာဇဝတ်မှုမှတ်တမ်းကို လုံးဝအကုန်အစင်ဖယ်ရှားပေးရန်



နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန် …

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဇော်ထွန်း (အလုပ်အမှုဆောင်) +၆၆ (၀) ၈၉ ၉၅၂ ၇၃၄၀

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၈၉ မိန့်ခွန်းတချို့

ပြည်ထောင်စုကြီးတစ်ခုလုံး တည်တံ့ခိုင်မြဲဖို့၊ တိုးတက်ဖို့ ၊သာယာဝပြောဖို့၊ ဟာပြည်တွင်းငြိမ်းချမ်းရေး လိုပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ရှာရမယ် ဆိုတာ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ယုံကြည်ချက် ဖြစ်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်၊ ၁၉၈၉ ဖေဖော်ဝါရီလ၊ရှမ်းပြည်နယ်ခရီးစဉ်)။

ဒီမိုကရေစီတိုက်ပွဲဆိုတာ ပုံသဏ္ဍာန် အအမျိုးအမျိုးရှိပါတယ်။ဆန္ဒပြမှ ဒီမိုကရေစီတိုက်ပွဲမဟုတ်ပါဘူး။ ကျမတို့ဟာ ကိုယ်လုပ်သင့်၊ လုပ်ထိုက်တဲ့ကိစ္စကို တိုးတိုးတိတ်တိတ် လူမသိအောင်လုပ်ခြင်းဟာလည်း တိုက်ပွဲဝင်ခြင်း ပုံစံတမျိုးပါပဲ။
(ဒေါ်အောင်ဆန်းစုကြည် ၊၈၉ ဧပြီလ၊ ကချင်ပြည်နယ် ခရီးစဉ်)။


ကျမတို့ နဝတ ကို ဒီကနေ့ ပြောလိုက်ပါတယ်။ တကယ်ပဲ ပြေလည်စေချင်တယ်၊ တကယ်ပဲ ကျမတို့ အဖွဲ့ချုပ် နဲ့ ဒီမိုကရေစီအင်အားစု နဲ့ နဝတ ကြားမှာ ပြေလည်မှုလိုချင်တယ် ဆိုလို့ရှိရင် ဆွေးနွေးပါ၊ ပြောပါ ၊ ခေါ်ပါ ၊ ကျမတို့က အောက်ကျ နောက်ကျ ရှိတယ်ဆိုပြီး လုံးလုံး စိတ်ထဲ မှာ မထားပါဘူး ။ အခုလာဆိုလို့ရှိရင် အခုသွားပါမယ်၊ ဆွေးနွေးမယ် ၊ တိုင်ပင်မယ်။ ဘယ်လိုပြေလည်အောင်လုပ်ရမလဲ ။ ကျမတို့ညှိနှိုင်းမယ်။ ဒါဟာ နိုင်ငံရေးနည်းပါ ။ ကျမ တို့ဟာ နိုင်ငံရေးနည်းကို ယုံကြည်ပါတယ်.။
ဒေါ်အောင်ဆန်းစုကြည် ၁၉၈၉ ဇွန်လ သတင်းစာရှင်းလင်းပွဲ(၄)။


ကျမ တို့ဟာထိပ်တိုက် တွေ့ဖို့ဆိုတာ တွေ့သင့်တဲ့ အခါကျလို့ ရှိရင်တော့သတ္တိရှိရှိ နဲ့ ထိပ်တိုက်တွေ့ရမှာပဲ။ဒါပေမယ့်လည်းတမင်သက်သက် ထိပ်တိုက်တွေ့ချင်တဲ့ သဘောထားများနဲ့ ဒီတိုက်ပွဲ ထဲဝင်နေတာ မဟုတ်ပါဘူး ။ ပြည်သူလူထု လိုချင်တဲ့ အခြေခံလူ့အခွင့်အရေးများ ရဖို့ အတွက် ဒီတိုက်ပွဲထဲဝင်နေတာပါ၊ ဒါက အများကိုနားလည်ဘို့ လိုပါတယ်၊ ကျမတို့ ဒီမိုကရေစီလှုပ်ရှားထဲ ပါဝင်နေတဲ့ ရဲဘော်များအားလုံး ဒါကိုနားလည်ဖို့လိုပါတယ်.။ အဓိက ဘာအတွက် လှုပ်ရှားနေတာလဲ ။ ပြည်သူ့လူထု လိုချင်တဲ့လူ့အခွင့်အရေးတွေ ပြည်ပြည်စုံစုံ ရပိုင်ခွင့်အတွက် လှုပ်ရှားနေတာပဲ။ ဘယ်သူ့ကိုမှ စော်ကားချင်လို့ ကျမတို့ ဒီတိုက်ပွဲ ဝင်နေတာမဟုတ်ပါဘူး။ ထိပ်တိုက်တွေ့ဖို့ တမင်ရည်ရွယ်ချက် နဲ့ ဒီတိုက်ပွဲထဲ ပါဝင်နေတာမဟုတ်ပါဘူး ။ကိုယ့်ကိုကိုယ်လူစွမ်းကောင်း လုပ်ဖို့ ပါဝင်နေတာမဟုတ်ပါဘူး ။ဒါပေမယ့် မလွှဲမရှောင်သာ လို့ ထိပ်တိုက်တွေ့ရမယ်ဆိုရင် တော့ တွေ့ဖို့ အဆင်သင့်ပါပဲ.။
ဒေါ်အောင်ဆန်းစုကြည် ၁၉၈၉ ဇွန်လ မြေနီကုန်း တိုက်ပွဲ တနှစ်ပြည့် ညနေပိုင်းဆွေးနွေးချက်တချို့။)

NLD နဲ့ ၈၈ ညီညွတ်ရေးတပ်ပေါင်းစု (မောင်ဝံသ)

၁၁ သုံးလုံး သို့မဟုတ် ၁ ခြောက်လုံး ဂုဏ်ပြုမိတ်ဆုံပွဲကို Eleven မီဒီယာအုပ်စုက ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့အကြောင်း ကျွန်တော်စာတိုတစ်ပုဒ်ရေးပြီး face book တင်ခဲ့ပါတယ်။ နိဂုံးချုပ်အဖြစ်အောက်ပါစာသားများကို ရေးလိုက်ပါတယ်။

ည ၉နာရီခွဲလောက်မှာ ပွဲပြီးသွားပေမယ့် ကျွန်တော် မပြန်ဖြစ်သေးဘူး။ ဒီလောက် မင်းပေါင်းစုံတဲ့ ပရိသတ်ကို ထိုင်ကြည့်နေမိတယ်။ အထူးသဖြင့် ၈၈ မျိုးဆက်တွေ။ သူတို့တွေဟာ အသက် ၄၅နဲ့ ၅၀ကြားရှိရော့မယ်။ သူတို့တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်နိုင်ငံရေးတာဝန်ယူမယ့်သူတွေပဲလို့ ကျွန်တော်ယုံကြည် တယ်။ ထောင်ထဲက မကြာခင်ပြန်ထွက်လာကြမယ့် ၈၈ မျိုးဆက်တွေနဲ့ သူတို့ ပေါင်းစည်းမိ သွားရင် လေးစားခန့်ညားလောက်တဲ့ နိုင်ငံရေးအင်အားကြီး ဖြစ်သွားမယ်လို့ ကျွန်တော် ယုံကြည်နေတယ်။

မှတ်ပုံတင်ဖြစ်လိမ့်မယ်လို့ ယုံကြည်ရတဲ့ NLD နဲ့ ၈၈ တွေ အားဖြည့်လိုက်ရင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေဟာ ပိုပြီး ပြည့်စုံ ပိုပြီး လှပလာလိမ့်မယ်လို့ ကျွန်တော် မြင်ယောင်နေမိပါတယ်ဗျာ။

အထက်ဖော်ပြပါ ကျွန်တော့်စာကို ဖတ်မိတဲ့ထဲက face book မိတ်ဆွေတစ်ယောက်က ``၈၈ကို NLD အောက် ဇာတ်သွင်းဖို့ လော်ဘီမလုပ်ပါနဲ့ ဆရာရေ... ကိုယ့်ပုံစံ ကိုယ့်ရပ်တည်မှုနဲ့ကိုယ်လျှောက်လှမ်းဖို့ပဲ အားပေးသင့်ပါတယ်´´လို့ ကွန်မင့်ရေးထားတာ တွေ့တယ်။ ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ ကွန်မင့်ရေးသူဟာ ကျွန်တော်နဲ့ စာချင်း ရင်းနှီးပါတယ်။ ယခင် သူ့အမြင်တွေကို ကျွန်တော်လေးလေးစားစား စောင့်ဖတ်နေခဲ့ပါတယ်။ သူဟာ ခုတလော ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးခြေလှမ်းတွေကို အဆက်မပြတ် ဝေဖန်နေသူ ဖြစ်လာပါတယ်။ သူ့ဝေဖန်ရေးတွေကိုလည်း ကျွန်တော် လေးစားပါတယ်။ သို့ပေမယ့် နည်းနည်း ရင့်သီးလာတယ်လို့ ထင်ရတာ တစ်ခုကိုတော့ ကျွန်တော်က ထောက်ပြခဲ့ပါတယ်။ ခုတော့ ကျွန်တော့်ကိုပါ လွဲမှားတဲ့အမြင်နဲ့ ဝေဖန်လာပြန်ပါတယ်။ ကျွန်တော် ရေးခဲ့တဲ့စာသားတွေထဲမှာ ၈၈ကို NLD အောက်ဇာတ်သွင်းဖို့ လော်ဘီလုပ်တယ် ပြောရအောင် တစ်ခုမှ မပါပါဘူး။ ကျွန်တော်ဟာ ၈၈ တွေကို တန်ဖိုးထားပါတယ်။ သူတို့ကိုယ်ပိုင်ရပ်တည်ဖို့ကိုပဲ ကျွန်တော်ဘယ်လိုအားပေးခဲ့တယ်ဆိုတာ မင်းကိုနိုင်လွတ်လာရင် ကိုယ်တိုင်မေးကြည့်ပါ။ ခုချိန်မှာ ကျွန်တော်ထုတ်မပြောချင်ပါဘူး။ မင်းကိုနိုင်ကိုယ်တိုင်က ပြောတာကိုပဲ နားထောင်လိုက်ပါ။

ကိုင်း အဲဒီကိစ္စထားလိုက်ပြီး ပြောချင်တာနဲ့ ပြောသင့်တာလေးတွေ ဆက်ကြရအောင်။

၈၈ ခေါင်းဆောင်တွေဦးဆောင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ဗကသတို့က NLD ခေါင်းဆောင် ဒေါ်စုကို ထိပ်မှာတင်ပြီး တပ်ပေါင်းစုဖွဲ့ဖို့ တွန်းအားပေးခဲ့ကြတဲ့ ဖြစ်ရပ် တစ်ခုအကြောင်း ပြောပြချင်တာပါ။

၁၉၈၉ခု ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဒေါ်စုရဲ့ ခြံထဲက အဖွဲ့ချုပ် စည်းဝေးခန်းမ (တဲကြီး)မှာ မင်းကိုနိုင်ခေါင်းဆောင်တဲ့ ဗကသအမှုဆောင်တွေ၊ မိုးသီးဇွန်ခေါင်းဆောင်တဲ့ လူ့ဘောင်သစ် အမှုဆောင်တွေ၊ အခြားမဟာမိတ်ပါတီ ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အစည်းအဝေးကျင်းပတယ်။ အဲဒီအချိန်မှာ ဒေါ်စုက ရှမ်းပြည်နယ်ကို ခရီးထွက်နေတယ်။ ဦးမိုးသူပါသွားတယ်။ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာ ပင်လုံကျောက်တိုင်ရှေ့ လူထုအစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများနဲ့ ညီညွတ်ရေးသဘောထား ကို ဒေါ်စုက ကြေညာခဲ့ပါတယ်။

အဲဒီရက်ပိုင်းမှာပဲ အဖွဲ့ချုပ်က မဟာမိတ်များနဲ့ ပုံမှန်အစည်းအဝေးပြုလုပ်တာပါ။ ဆရာဦးဝင်းတင်က သဘာပတိ၊ ကျွန်တော်က အခမ်းအနားမှူးလုပ်ပါတယ်။

မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ မိန့်ခွန်းတွေပြောကြပါတယ်။ ဗကသ ဥက္ကဋ္ဌမင်းကိုနိုင် က လေအေးလေးနဲ့ပဲ ဒိမိုကရေစီနိုင်ငံရေးအင်အားစုများ ညီညွတ်ကြဖို့ ၈၈ ကျောင်းသားများက လိုလားကြောင်း ပြောသွားတယ်။

မိုးသီးအလှည့်ကျတော့ သူ့ထုံးစံအတိုင်းစိတ်လိုက်မာန်ပါ ပြောတော့တာပါပဲ။ ပြောရင်းပြောရင်း ပါတီစုံညီညွတ်ရေးတပ်ပေါင်းစုဖွဲ့စည်းရေးလုပ်ရမယ်လို့ တောင်းဆိုပါတော့တယ်။ ဒေါ်စုကို ခေါင်းဆောင်တင်
မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီပါတီအားလုံးပါဝင်တဲ့ တပ်ပေါင်းစု ဖြစ်ရမယ်လို့ အဆိုပြုပါတယ်။ သူ့အဆိုကို ဒီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုဖို့ ကိုမိုးသီးကတောင်းဆိုတော့ သဘာပတိ ဆရာဦးဝင်းတင်က ခုချက်ချင်း ဆုံးဖြတ်ဖို့ဆိုတာက ခင်ဗျားတို့ ခေါင်းဆောင်တင်မယ့် ဒေါ်စုက ဒီအစည်းအဝေးထဲမှာ မရှိဘူး၊ သူ့သဘောထားကို ရဖို့လည်း လိုသေးတယ်။ နောက်တစ်ခုက အဖွဲ့ချုပ်အနေနဲ့လည်း ဗဟိုအမှုဆောင်အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်လို့ရမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။ မိုးသီးဇွန်က သူတို့လိုလားချက်တွေကို အားကြိုးမာန်တက် ဆက်ရှင်းပြပြီး အချိန်ဆွဲမနေပါနဲ့၊ အခုအစည်းအဝေးမှာ ခင်ဗျားတို့ NLD က ဗဟိုကော်မတီတွေအားလုံးလိုလို တက်နေတာပဲ၊ ဆုံးဖြတ်လိုက်ပေါ့တဲ့။ နောက်ဆုံးတော့ အခမ်းအနားမှူးဖြစ်တဲ့ ကျွန်တော်က မူလ အစည်းအဝေး အစီအစဉ်မှာ မပါတဲ့ ခေါင်းစဉ်ကို ကိုမိုးသီးက တင်နေတာဖြစ်လို့ ဆုံးဖြတ်စရာမလိုပါဘူး၊ နောက်အစည်းအဝေးတစ်ခု၊ ဒေါ်စုပါ ပါဝင်တဲ့ အစည်းအဝေးတစ်ခုကျမှ အာဂျင်ဒါထဲ ကြိုထည့်ပြီး ဆုံးဖြတ်ကြတာပေါ့လို့ ပြောလိုက်တော့ မိုးသီး နောက်ဆုတ်သွားတယ်။ သို့ပေမယ့် ကျွန်တော့်အဖို့ ဘယ်တော့မှ မမေ့နိုင်တဲ့ စကားတွေကို ပြောပြီး နောက်ဆုတ်သွားတာပါ။

``ခင်ဗျားတို့ မဆုံးဖြတ်နိုင်လို့ မဆုံးဖြတ်ရဲလို့ မဆုံးဖြတ်တာမဟုတ်လား။ ခင်ဗျားတို့က ဘာနဲ့တူနေလဲဆိုတော့ ကျောင်းထိုင်ဆရာတော်မရှိရင် ဘာမှ ကိုယ်ပိုင်ဥာဏ်နဲ့ မလုပ်ရဲတဲ့ ကိုရင်လေးတွေ၊ ကပ်ပိယတွေလို ဖြစ်နေပြီ´´တဲ့ဗျာ။

ဆရာဦးဝင်းတင်ကို ထိပ်တိုက် မပြောချင်လို့လည်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ကို ဦးတည်ပြီး အဲဒီစကားတွေကို ပြောချလိုက်တာပါ။ ကျန်တဲ့ ဗဟိုကော်မတီလူကြီးတွေလည်း ဟာခနဲ ဖြစ်ကုန်ကြတာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ဆိုးဟန်လုံးဝမပြဘဲ ရယ်နေလိုက်ပါတယ်။ ကျန်သေးတဲ့ အစည်းအဝေးအစီအစဉ်တွေ ပြီးအောင် ဆက်လုပ်ပြီး အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါတယ်။

ကိုမိုးသီးလည်း အဲဒါပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ မြေလျှိုးသွားတယ်။ ကိုပေါ်ကတော့ တစ်လလောက်အကြာ မတ်လထဲမှာ လမ်းပေါ်ကနေပဲ အဆွဲခံလိုက်ရတယ်။ သူက ကျွန်တော်တို့ထက် လေးလလောက်စောပြီး အင်းစိန်ရောက်တယ်။ ကျွန်တော်တို့က ဇူလိုင် ၂၀ မှာ ပါသွားပြီး သြဂုတ်လထဲကျမှ စစ်ကြောရေးကနေ အင်းစိန်ရောက်၊ နောက်တော့ ကိုပေါ်တို့ ရှိနေတဲ့ အထူးတိုက်ကို ရောက်သွားတယ်။

စကားစပ်မိတဲ့အခါ `` မိုးသီးက တို့ကို ကပ်ပိယတို့ ကိုရင်လေးတွေတို့ ပြောတာ ကိုပေါ် ဘယ်လို မြင်လဲ၊ သူနဲ့ သဘောထားအတူတူပဲလား´´လို့ ကျွန်တော်က မေးတော့ အဲဒါကတော့ မိုးသီးအမြင်ပေါ့ ကပ်ပိယကြီးရယ်လို့ နောက်သလိုလို ပြောင်သလိုလို ပြန်ပြောပါတယ်။

ကိုင်း ၈၈တွေကို NLD အောက် ဇာတ်သွင်းဖို့ လော်ဘီမလုပ်ပါနဲ့ လို့ ကျွန်တော့်ကို သတိပေးတဲ့ မိတ်ဆွေရေ-

ဒီစာလေးဖတ်ပြီးရင် ဘယ်သူက ဘယ်သူ့ကို ဇာတ်သွင်းချင်ခဲ့တာလဲဆိုတာ စဉ်းစားမိပါလိမ့်မယ်ဗျာ။

ဘာပဲပြောပြော ခုချိန်မှာတော့ NLD နဲ့ ၈၈ ညီညွတ်ရေးတပ်ပေါင်းစု ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

မောင်ဝံသ

13 November 2011

သာယာဝတီအကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေ


SSA(S) တပ်ကို ထောက်ခံလို့ ရွာလုံးကျွတ် ယောင်္ကျားမှန်သမျှ အဖမ်းခံရပြီး (ဘိန်းမဲ)နှင့် ထောင်ချခံထားရသော လူ(၄၀)ခန့် သာယာဝတီထောင်မှာ ရှိနေပါတယ်။ ၎င်းတို့ဟာ နိုင်ငံရေးအရ အဖမ်းခံထားရသော်လည်း နိုင်ငံရေးအကျဉ်းသားလို့ စာရင်းမ၀င် အသိအမှတ်ပြုခြင်း မခံရပါ။ ထိုနည်းတူ နိုင်ငံရေးသမားများနည်းတူ လျော့ရက်ခံစားခွင့်ဆိုတာလည်း မရရှိကြတဲ့သူများဖြစ်ပါတယ်။

ဆရာကျော်မြသန်း ရေးသားတဲ့ တချိန်က သာယာဝတီထောင်မှ ငရဲခန်းစာအုပ်ကို မှတ်မှတ်သားသား ရေးသားခဲ့ရာ ဖတ်ရှုရသူ ကျနော့်အနေနဲ့ ဒါမျိုးဒို့လူမျိုးတွေမှာ မရှိနိုင်ဘူးလို့ စိတ်ကူးတောင်မပေါ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီစာအုပ်ပေါ်က အဖြစ်အပျက်အကြောင်းအရာတွေက အခုချိန်မှာ အထင်အရှားရောက်လာခဲ့ပြီ ဆိုတာ ကျနော်သိလိုက်ရတယ်။

အမိန့်အမှတ် (၂၈/၂၀၁၁) လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ သေဒဏ်ချမှတ်ခြင်း ခံရသူများအတွက် ထောင်ဒဏ်တသက်သို့ ပြောင်းလဲခဲ့သော်လည်း သာယာဝတီထောင်တွင်း ရှိ သေဒဏ်ခံရသူများအား “ထောင်တစ်သက် လွတ်ရက်မရှိ” တို့သည် ထောင်တွင်းညွှန်ကြားချက်အရ အကျဉ်းသားများကို ပြောင်းလဲခံစားစေရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ နတ်သူသာဓုခေါ်စေသောဂ် လို့ ပြောနေသူများ စကားတန်ဆာပမာ အညှိုးမထားရန် “ထောင်တစ်သက် လွတ်ရက်မရှိ” ဆိုတာမျိုးကို ဥပမာ ၂၀ ကျွန်း၊ ၂၅ နှစ်တည်စေရန် လို့ ပြောင်းလဲသတ်မှတ်ပေးရန် လိုအပ်နေပါတယ်။

ထောင်တစ်သက် လွတ်ရက်မရှိသူများမှာ လွတ်ငြိမ်းချမ်းသာခွင့်လာစေကာမူ ဘာမှမခံစားရသလို စိတ်ဓါတ်ရေးရာ ငရဲခန်းပမာ ခံစားနေရကြောင်း ထောင်နဲ့နီးစပ်သူများနဲ့ မိသားစု အသိုင်းအ၀ိုင်းမှ ကြားသိနေရပါတယ်။ ဒါကြောင့် သာယာဝတီထောင်မှ သေဒဏ်ကျငရဲခန်းမှ လူများလွတ်မြောက်စေရန် လူသားဆန်သူများ အားလုံးပပျောက်ရန် ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

သာယာဝတီထောင်မှ ထောင်တစ်သက် လွတ်ရက်မရှိသူများ စာရင်း

၁။ လက်င်္ယျာထွန်း အပါအ၀င် အမှုတွဲ(၆)ယောက်။

၂။ ကိုသိန်း(ခ) ကိုသိန်းထွန်း

၃။ ခင်လှိုင် (ကျောင်းဆရာ)

၎။ မြင့်ဟန်

၅။ ကိုနိုင်အောင်(၆) သန်းဇော်ထွေး(ခ)သန့်ဇင်

၆။ ကိုထွန်းထွန်း (အေဘီအက်စ်ဒီအက်ဖ်)

၇။ ကိုသံချောင်း (အေဘီ-မြောက်) အမှုတွဲ၇ယောက်။ လေးသေဒဏ်နဲ့ အစွန်းထွက်နှစ် (ဥပမာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ရပြီးနောက် “ထောင်တစ်သက် လွတ်ရက်မရှိ လေးကြိမ်”နှင့် အစွန်းထွက်နှစ်များ

အသက်မပြည့်တဲ့ စိုင်းပန်(ခ) အိုက်ပန် ---- နှစ်(၇၀)

၈။ အေးမင်းနိုင် အပါအ၀င် အမှုတွဲ(၇)ယောက် ၆၅ နှစ်ကျ သမ္မတရဲ့ ခံစားခွင့် တနှစ်သာရခဲ့။

သတင်းပေးပို့ ပေးသော အားဘီ အားကျေးဇူးတင်ရှိပါသည်။