05 December 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ခရိုက်စလာ ကားကုမ္မဏီက ကြေညာနဲ့တောင်းဆို.။



PRESS RELEASE:

Chrysler Brand Joins Effort to Free 1991 Nobel Peace Laureate in New TV Film

• Aung San Suu Kyi, Burma's pro-democracy leader and Nobel Peace Laureate, has been in and out of house arrest since 1989

• Film to break on brand's Web site and major news channels on Dec. 3

• New film demonstrates Chrysler brand's commitment to take on social causes


Auburn Hills, Mich., Dec 3, 2009 - In an innovative new TV film breaking today, the Chrysler brand has joined with Lancia Automobiles and the international community in the movement to call for the release of Aung San Suu Kyi, Burma's pro-democracy leader and 1991 Nobel Peace Prize Laureate, who has been in and out of house arrest since 1989.

The 30-second film was initially created as part of the Lancia brand's sponsorship of the 10th World Summit of Nobel Peace Laureates in Berlin Nov. 10-11, 2009, for which the theme was "Knocking down new walls and building bridges for a world without violence." The timing of the summit also coincided with the 20th anniversary of the fall of the Berlin Wall. The film first aired in Europe on Nov. 12.

The Nobel Peace organization has led the international effort to raise the awareness of Aung San Suu Kyi's plight and energize the movement for her release. Through the film, featuring the Chrysler 300, the Chrysler brand is demonstrating its commitment to supporting social issues and defending human rights around the world.

"We produced the TV film in honor of all those who put their lives at stake in the hopes of making the world a better place," said Oliver Francois, President and CEO – Chrysler Brand, Chrysler Group LLC, who is also the Managing Director of Lancia Automobiles. "In particular, those men and women who are still prisoners, like Aung San Suu Kyi. For Chrysler, this is a chance to use our brand image to join with others in the fight for peace and to knock down the walls that divide us. We at Chrysler believe in doing the right thing and making a difference."

The film opens at the Brandenburg Gate, a symbol of the reunification of the two sides of Berlin, and continues with images of the Berlin Wall, those sections that still exist, as a Chrysler 300 drives by on its way to the front of the city's Town Hall, host of the summit.

The voiceover, which continues throughout the film, says:

"It is possible to build walls that separate city from city, nation from nation, people from people.

But it is impossible to build a wall that separates man from his freedom...
Because freedom always finds a way to create peace.

This film is dedicated to Aung San Suu Kyi.
Still a prisoner behind a wall of silence."

As the 300 arrives at its destination, men and women, who are the symbols of peace and the struggle against all forms of oppression and violence, get out of the cars. Those featured include Mikhail Gorbachev, Executive President, Soviet Union, 1989-1991; Lech Walesa, President, Poland, 1990-1995; and Muhammed Yunus, founder of the Grameen Bank in Bangladesh in 1983, who believes that credit is a fundamental human right.

As the music reaches its emotional crescendo, viewers see that one of the Chrysler 300s is different from the others – it is white. The vehicle comes to the Berlin Wall, a symbol to people around the world of liberty denied, then smashes through it, transforming the explosion into a flight of white doves, a universal symbol of peace.

The Chrysler 300 goes up the steps to the Town Hall, but as the car's rear door opens, the seat is empty. Someone is missing. It is Aung San Suu Kyi, who is still a prisoner in her own country.

The Chrysler film will initially break on the brand's Web site (www.chrysler.com) on Dec. 3 and will then air throughout the day on FOX News's "O'Reilly Report," "Hannity's America," and "On the Record with Greta," and on Bloomberg's "Market Today."

In addition, visitors to the Chrysler brand site will have the opportunity to join the movement to send a message of freedom and solidarity by linking to http://www.yourfaceforfreedom.org/?dom=com . Visitors will be able to replace their Facebook profile photo with that of Aung San Suu Kyi, which will be available for download from the site. Then on Dec. 10 when the Nobel Peace prize is awarded to Barack Obama, the Facebook media platform will showcase the faces of those calling for the immediate release of the Burmese leader.

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမှုအယူခြံပင်ဆင်ခွင့် ဗဟိုတရားရုံးမှ လာမည့်(၂၁)ရက်နေ့ ရက်ချိန်းပေး....။


ဒေါ်အောင်ဆန်းစုကြည် အမှုအယူခြံပင်ဆင်ခွင့် ဗဟိုတရားရုံးမှ လာမည့်(၂၁)ရက်နေ့ ရက်ချိန်းပေး....

မတရားနေအိမ် အကျယ်ချုပ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှု အယူခြံပင်ဆင်ခွင့် လျှောက်လဲချက်ကို လာမည့်(၂၁)ရက်နေ့မှာ ရုံးချိန်းသတ်မှတ်ပေးပြီ ဖြစ်ကြောင်း.... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

ဒီနေ့ ဗဟိုတရားရုံးမှာ နိုဝင်ဘာလ (၁၃) ရက်နေ့ကတင်ထားတဲ့ အယူခံအမှုစာရင်း ပါလာပါပြီ။ လာမည့်(၂၁)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် တင်ထားတဲ့ ပြင်ဆင်မှုကို လက်ခံဖို့ တရားရုံးမှာ လျှောက်လဲချက် ပေးရမှာပါ။ ဟု ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂)ရက်နေ့က တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ငြင်းပယ်ခဲ့ပါတယ် ။ နိုဝင်ဘာလ (၁၃) ရက်နေ့ ဗဟိုတရားရုံးကို ဆက်လက်အယူခံ တင်သွင်းခဲ့ပြီး ယနေ့သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ NOTICE BOARD မှာအမှုစာရင်းပါလာတာ ဖြစ်ပါတယ်။...


ကိုညီညီအောင် အမှုဆက်လက်စစ်ဆေး


အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုကို ယနေမနက်(၁၀)နာရီမှ နေ့လည်(၁၂)နာရီ အထိ ဆက်လက်စစ်ဆေးခဲ့ကြောင်း ကိုညီညီအောင်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ကိုညီညီအောင် ရဲ့အမှုကို အင်းစိန်ထောင်တွင်းရှိ တောင်ပိုင်းခရိုင်တရားရုံးမှာ မနက်(၁၀)နာရီ ကနေ (၁၂)နာရီ အချိန်ထိ ကြားနာစစ်ဆေးပါတယ်။ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ သွားရောက်ခဲ့ပါတယ်။ကိုညီညီအောင် အမှုကိုစုံစမ်းတဲ့ အစိုးရသက်သေ ရဲအရာရှိ (၂)ဦးကို စစ်ဆေးပါတယ်။ နေ့လည် (၁၂)နာရီမှာ ပြီးဆုံးပါတယ်။ ကိုညီညီအောင်နဲ့ စကားပြောခွင့်ရပါတယ်။ ကျန်းမာရေးတော့ ကောင်းပါတယ်။ ဒါပေမယ့် သူ့ကျောမှာ အပူဖုတွေပေါက်နေတယ် ပြောပါတယ်။ ဘာဖြစ်လို့လဲမေးတော့ သစ်သားအခင်းပေါ်မှာ အိပ်ရတဲ့ အတွက်ကြောင့်လို့ ပြောပါတယ်။ ကိုညီညီအောင် ကိုသူ့အဒေါ်နဲ့ ဆွေမျိုးတွေတော့ တွေ့ခွင့်ရပါတယ်။..... ဒါပေမယ့် တရားရုံးမှာ တက်ရောက်နားထောင်ခွင့်တော့ မရပါဘူး ဟု အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိုညီညီအောင်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုထားပါတယ်။

သတင်း ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ကြေငြာချက်။

NDF St on NewsReportDrugsIncrese_Bur

မလေးရှားနိုင်ငံတွင်အလုပ်လုပ်မည့် မြန်မာလူမျိုးများ သံရုံး၌ ဗီဇာရမှ သွားနိုင်တော့မည်.။

မလေးရှားတွင်အလုပ်လုပ်မည့်သူများ သံရုံး၌ ဗီဇာရမှ သွားနိုင်တော့မည်

မလေးရှားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ အားလုံးသည် ပြီးခဲ့သည့် နိုဝင်ဘာ၂၃ရက်မှစ၍ မြန်မာနိုင်ငံရှိ မလေးရှားသံရုံး၌ ဗီဇာရယူပြီးမှ သွားရောက်ရတော့မည်ဖြစ်ကြောင်း ထိုသံရုံးမှ 7Day Newsသို့ပြောသည်။ ထိုကဲ့သို့ ဗီဇာလျှောက်ထားရန်အတွက် Calling Letter, Appointment Letter, Employment Letter, Power of Attoremy, Demand Letter နှင့် KDMခေါ် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်တင်ပြရမည်ဟု သံရုံးမှပြောသည်။

၎င်းအပြင် အလုပ်သွားလုပ်ကိုင်ရန် ဗီဇာလျှောက်ထားသူ၏ ပတ်စ်ပို့သက်တမ်းမှာ အနည်းဆုံးတစ်နှစ် ကျန်ရှိရမည်ဖြစ်ပြီး၊ နောက်ခံအပြာရောင် ဓာတ်ပုံနှစ်ပုံနှင့်အတူ အထက်ပါ စာရွက်စာတမ်းများဖြင့် တင်ပြရမည်ဟု သိရသည်။ လျှောက်ထားသူသည် လိုအပ်သော စာရွက်စာတမ်းများအား တင်ပြပေးပါက နှစ်ရက်အကြာတွင် ပြန်လည်ချထားပေးမည်ဖြစ်ပြီး ဒေါ်လာကြေးမှာ ၆ဒေါ်လာကျသင့်မည်ဟု သိရသည်။ ယခု စတင်ကျင့်သုံးသောစနစ်အား ၂၀၀၅ခုနှစ်ကုန်ခါနီးအထိ ကျင့်သုံးခဲ့ပြီး ထိုနောက်ပိုင်းမှ ယခုအချိန်အထိလုပ်သားများအား Visa on Arrival (ဆိုက်ရောက်ဗီဇာ) စနစ်ကျင့်သုံးခဲ့သည်။

ယခုကဲ့သို့ လုပ်သားများ ဗီဇာယူဆောင်ရမည့် စနစ်ကျင့်သုံးလိုက်သည့်အတွက် Callingများမှန်ကန်မှုရှိလာခြင်း၊ မလေးရှားနိုင်ငံရောက် ဆွေမျိုးအပေါင်းအသင်းများ၊ လူပွဲစားများမှ ခေါ်ယူခြင်းနှင့် လိုင်စင်မရှိသော ပွဲစားများ လူပို့ရန်မရတော့သည့် ကောင်းကျိုးများ ဖြစ်လာနိုင်သည်ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ အေဂျင်စီမှ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးက သုံးသပ်သည်။ “လိုင်စင်ရအေဂျင်စီတွေ အနေနဲ့လည်း အရင်ကလို ပိုက်ဆံရပြီးရော လုပ်လို့မရတော့ဘူး”ဟု အဆိုပါ ဒါရိုက်တာကဆိုသည်။

ယခုပြောင်းလဲလိုက်သော စနစ်ကြောင့် လိုင်စင်မရှိသော ပွဲစားများမှာ လုပ်ကိုင်ရခက်ခဲသွားပြီး၊ ထိုသူများထံမှ အကျိုးဆောင်ခ ယူဆောင်၍ လိုင်စင်ရှိအေဂျင်စီမှ ဗီဇာလျှောက်ထားခြင်း တစ်ဆင့်ထပ်မံဆောင်ရွက်ပေးပါက ပြဿနာဖြစ်ပေါ်လျှင် တာဝန်ယူသည့် အေဂျင်စီမှာ တာဝန်အပြည့်အ၀ ရှိသွားမည်ဖြစ်ပြီး၊ လိုင်စင်မဲ့ပွဲစားများ သက်တမ်းရှည်မည့် အလုပ်မျိုးအား မဆောင်ရွက်ပေးစေလိုကြောင်း အကြံပြုကြသည်။

ဗီဇာလျှောက်ထားပေးသော်လည်း အလုပ်သမားကတ် မပြုလုပ်ဘဲ စေလွှတ်မည်ဆိုပါက အလုပ်သမားရုံးမှတစ်ဆင့် သံရုံး၌ စစ်ဆေးတွေ့ရှိသည့်အခါ ထိုအေဂျင်စီမှာလည်း အရေးယူခံရဖွယ် ရှိလာနိုင်ကြောင်း သိရှိရသည်။ ယခုကဲ့သို့ ပြောင်းလဲလိုက်သည့် စနစ်ကြောင့် သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများမှာ များစွာလုံခြုံစိတ်ချမှု ရှိသွားပြီး တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက သံရုံးမှတစ်ဆင့် မိမိထံမှ အကျိုးဆောင်ခ ယူဆောင်ခဲ့သော အေဂျင်စီအား ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“အခု အဲဒီထဲမှာ ၃၀၀ကျော်လောက် ပြန်လာလို့မရ ဖြစ်နေတယ်။ ဘယ်သူပို့ခဲ့တာလဲ ရှာလို့မရတော့ဘူး။ အခုစနစ်နဲ့ဆိုရင် ဒါမျိုးတွေ မဖြစ်တော့ဘူး။ အလုပ်သမားနာမည် ပြောလိုက်တာနဲ့ တာဝန်ရှိသူအားလုံးကို ချက်ချင်းသိတော့မယ်”ဟု အေဂျင်စီမှ ဒါရိုက်တာတစ်ဦးက ပြောကြားသည်။ သို့သော် ယခုကဲ့သို့ ဗီဇာကြေး ပေးဆောင်ရခြင်းနှင့် လေယာဉ်လက်မှတ်ခများ ဈေးတက်လာခြင်းတို့ကြောင့် မကြာမီ အကျိုးဆောင်ခ တိုးမြှင့်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်တစ်ပတ်က မြန်မာနိုင်ငံရှိ မလေးရှားသံရုံး၌ ဗီဇာရယူမသွားသော မြန်မာလုပ်သားတချို့သည် မလေးရှားနိုင်ငံ လေဆိပ်၌ တစ်ဦးလျှင် ရင်းဂစ်၅၀၀ပေး၍ ၀င်ခဲ့ရကြောင်း သိရှိရသည်။

နိုဝင်ဘာလ၁၉ရက် ကြာသပတေးနေ့၌ ရန်ကုန်-ကွာလာလမ်ပူ လေယာဉ်ခရီးစဉ်တွင် လိုက်ပါခဲ့သော မြန်မာလုပ်သား ၂၀ဦးမှာ ဗီဇာပြုလုပ်သွားခြင်း မရှိသည့်အတွက် မလေးရှားနိုင်ငံမှ လာရောက်ခေါ်ဆိုသူမှာ တစ်ဦးလျှင် ရင်းဂစ်၅၀၀ပေး၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ လာရောက်အလုပ်လိုသူများအား မြန်မာနိုင်ငံရှိ မလေးရှားသံရုံး၌ သတ်မှတ်ထားသော အချက်၆ချက်ရှိမှ ခွင့်ပြုပေးရန် နိုဝင်ဘာလ၁၆ရက်မှစ၍ မလေးရှားနိုင်ငံတွင် ထုတ်ပြန် ခဲ့သည်။

ရင်းမြစ်.။ 7Day News

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဖိတ်ကြားခြင်း။



ပေးပို့ ပေးသော ကိုနစ်နေမန်း ကိုကျေးဇူးတင်ပါသည်.။

04 December 2009

ဒီဇင်ဘာ တွင် အင်္ဂါဂြိုဟ် ဖောက်ပြန်သည်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်.။

ဒီဇင်ဘာ တွင် အင်္ဂါဂြိုဟ် ဖောက်ပြန်သည်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်

လာမည့် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၀ ပြည့်နှစ်၊ မေ ၁၀ ရက် အတွင်း စကြ၀ဠာ တွင်ဖြစ်ပေါ်မည့် အင်္ဂါဂြိုဟ် ဖောက်ပြန်မှုကို မြန်မာနိုင်ငံ မှ လေးလကြာ မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်ပညာရှင် များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဇေယျာကို က ပြောကြားသည်။ ယင်းကဲ့သို့ ဖောက်ပြန်စဉ် ကမ္ဘာမှနေ၍ အင်္ဂါဂြိုဟ်ကို မီးကျည်ခဲ သဏ္ဌာန် ထွန်းလင်း တောက်ပစွာ မြင်တွေ့ ရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နီးကပ်စွာ မြင်တွေ့ ရခြင်းမှာ အင်္ဂါဂြိုဟ်သည် ကမ္ဘာမြေကြီးနှင့် မိုင်သန်းပေါင်း ၃၄ ဒသမ ၆၅ အထိနီးကပ် လာသောကြောင့် ဖြစ်ကြောင်း တွက်ချက်မှုများ အရ သိ ရသည်။

အင်္ဂါဂြိုဟ်သည် ပုံမှန်အားဖြင့် ၂၆ လကြာလျှင် ကမ္ဘာမြေနှင့် တစ်ကြိမ်နီးကပ်စွာတည်ရှိတတ်ပြီး ၂၀၀၈ ခုနှစ်၊ မေတွင် တစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်တွင် တစ်ကြိမ် ပုံမှန်နီးကပ်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနက္ခတ်ပညာရှင်များ အဖွဲ့က သုံးသပ်ထားသည်။ အဆိုပါ ဂြိုဟ်ဖောက်ပြန်မှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နက္ခတ်ပညာရှင် များက တွက်ချက်ကြရာ ဒီဇင်ဘာ ၂၁ ရက်တွင် စတင်ဖြစ်ပေါ်မည့် အင်္ဂါဂြိုဟ်ဖောက်ပြန်မှုမျိုးကို လာမည့် ၂၂၈၇ နှစ်တွင်သာ မြင်တွေ့ ရတော့မှာဖြစ်ကြောင်း တွက်ချက်ကြသော်လည်း မြန်မာနက္ခတ်ပညာရှင် များက တွက်ချက်ရာတွင် ယင်းကဲ့သို့မဖြစ်နိုင်ကြောင်း တွေ့ရသည်ဟု အထက်ပါအဖွဲ့ထံမှသိရသည်။ ရာသီဥတုကောင်းမွန်လျှင် ကောင်းကင် တွင် ကြယ်ပွင့်သဏ္ဌာန်မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မြင်တွေ့ ရစဉ် အင်္ဂါဂြိုဟ်နှင့် လကို ဆန့်ကျင်ဘက်အရပ်များတွင် တွေ့ရမည် ဖြစ်ကြောင်း သိရသည်။

ရင်းမြစ်..။မြန်မာပို့စ် သတင်းဂျာနယ်

စစ်အစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး တင်နိုင်ရန် ကြိုးစား

မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ် သက်တဲ့ ဆွေနွေးပွဲတခု မနေ့က ဗြိတိသျှ ပါလီမန်မှာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလက ထုတ်ပြန်ခဲ့တဲ့ ဟားဗတ် ဥပဒေကျောင်း၊ အပြည်ပြည် ဆိုင် ရာ လူ့အခွင့်အရေးဌာနရဲ့ အစီရင်ခံစာကို အခြေခံပြီး ဆွေးနွေးခဲ့ကြတာပါ။

ဒီအစီရင်ခံစာကို ထိပ်တန်းဥပဒေရေးရာ ပညာရှင် ၅ ယောက်က ရေးသားခဲ့ ကြတာဖြစ်ပြီး မြန်မာနိုင်ငံ
ထဲက စစ်ရာဇဝတ်မှုတွေ အပါအဝင် ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှု မှတ်တမ်းတွေကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်။ အရဆကသအိးက ဦးဆောင်ဆွေးနွေး
တဲ့ သူတွေက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး က ဒု-တရားစွဲ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့
သူ Sir GeoffreyNice၊ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ဥပဒေရေးရာတွေ ဆောင်ရွက်နေတဲ့ Burma Justice Committee ရဲ့ ဥက္ကဋ္ဌ နဲ့Miss Sappho Dias ယူကေ ကရင်အမျိုးသား အဖွဲ့ အစည်းက
နော်ထူးခူဆာစေး တို့ ပါဝင်ပါတယ်။

ဆွေးနွေးပွဲကို ဗြိတိသျှပါလီမန် အစည်းအဝေးခန်းမတခုမှာ ကျင်းပခဲ့တာဖြစ် ပြီး မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ တက်ရောက် ခဲ့ကြပါတယ်။ ကတော့ ဒီဆွေးနွေးပွဲကနေ တဆင့် မြန်မာစစ်အစိုးရကို သူကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICCကို တင်နိုင် အောင် ကြိုပမ်းနေကြတာလည်း ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ သဘောတူစာချုပ် Rome Statue မှာ မြန်မာနိုင်ငံပါဝင် လက်မှတ်ထိုးထားတာ မဟုတ်တဲ့အတွက် စစ်အစိုးရ ကို ဘယ်လိုမျိုး ရာဇဝတ်ခုံးရုံး တင်မှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး Miss Sappho Dias က ပြောပါတယ်။

“မြန်မာစစ်အစိုးရက ဒီသဘောတူညီချက်မှာ လက်မှတ်ထိုး မထားတာနဲ့ ဘာမှ လုပ်လို့မရဘဲ လမ်းဆုံးပြီ ဆိုတာတော့ မဟုတ်ပါဘူး။ ကုလသမဂ္ဂကနေ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး လုံခြုံရေးကောင်စီကို တင်သွင်းမယ်ဆိုရင် ဒီကိစ္စကို လစ်လျူရှုလို့ မရပါဘူး။ စစ်အစိုးရကို တရားစွဲဖို့ လုပ်ကို လုပ်ရမှာပါ။ ဒါကြောင့် လက်မှတ်ထိုးတယ်၊ မထိုးဘူးဆိုတာ ဒီနေရာမှာ အရေးမကြီးပါဘူး။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကရော ဒီကိစ္စကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်ပါ့မလား ဆိုတာကို Sir GeoffreyNice၊ကဖြေဆိုပါတယ်။ “အထူးခုံရုံးဖွဲ့ပြီတော့ စစ်ဆေးမယ်ဆိုရင် ဒီကိစ္စ အကောင်အထည်ဖော်ဖို့ လုံခြုံရေး ကောင်စီထဲမှာ နိုင်ငံရေးနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ ကိစ္စမျိုးတွေ မပါ မှ ဖြစ်မှာပါ။ အဖွဲ့ဝင်တွေ ဖြစ်တဲ့ တရုတ်၊ ရုရှနဲ့ အိန္ဒိယတို့လို ဒီအဆင့်ကို ကန့် ကွက် နိုင်ချေရှိတဲ့ သူတွေကို ဆိုလိုတာပါ။ ဒါကို ကျော်လွန်ဖို့အတွက် အလွန်ခိုင် မာတဲ့ အထောက်အထား အချက်လက်တွေ လိုပါတယ်။ အခု တင်ပြတဲ့ အစီရင်ခံစာ မျိုးလိုပေါ့။ ဆူဒန်ကိစ္စဆိုရင် သူ့ရဲ့ မဟာမိတ် တရုတ်ရှိပေမယ့် ခုံရုံးတင်နိုင်ခဲ့တယ်။” ဒီ အစီရင်ခံစာကို အများကပိုပြီး လက်ခံလာနိုင်အောင် ကြိုစားမယ်၊ ဗြိတိ သျှအစိုးရ အနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားချင်း မစာနာ တဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိတယ်ဆိုတာ လက်ခံဖို့ မျှော်လင့်တယ်လို့လည်း ပြောသွားပါတယ်။ ဗြိတိသျှအစိုးရ ဟာ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ရှိနေတယ် ဆိုတာကို အခုအချိန်အထိ တရားဝင်ထုတ်ဖော် အသိအမှတ်ပြု ပြောဆိုတာမျိုး မရှိပါဘူး။ ပြီးခဲ့တဲ့အပတ်က မြန်မာ့ဒီမိုကရေစီရေး ဗြိတိသျှပါလီမန် အမတ်များအဖွဲ့All Party ParlIamentary ကတော့ စစ်အစိုးရ ကျူးလွန်တဲ့ ပြစ်မှုတွေ ကို စုံစမ်းစစ်ဆေးဖို့ အဆိုကို အဆင့်မြင့် ပါလီမန်အမတ်တွေ အပါအဝင် အဖွဲ့ဝင် ပေါင်း ၄ဝ ကျော် ထောက်ခံလက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ရင်းမြစ်..DVB..။

မဇ္ဈိမဂျာနယ်...။

မဇ္ဈိမဂျာနယ်...

ပေးပို့ ပေးသော ဒီမိုဝေယံအားကျေးဇူးတင်ပါသည်.။

မဲဆောက်မှာကျင်းပတဲ့ ကမ္ဘာ AIDS နေ့အခမ်းအနား ဓာတ်ပုံမှတ်တမ်း။

ဆရာဝန်ကိုယ်တိုင် ပြောပြတဲ့ နအဖလက်အောက်က ကျန်းမာရေးကဏ္ဍအခြေအနေနှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီးအကြောင်း။

“စရိတ်မျှပေး ကျန်းမာရေး” တဲ့လေ။

ကျမရှေ့က အမောဖောက်နေတဲ့ လူနာကို စမ်းသပ်စစ်ဆေးရင်း အပြင်ဆေးခန်းမှာ သူ့နှလုံးကို Echocardiogram ချက်ခြင်းသွားရိုက်ဖို့ လိုအပ်တယ်ဆိုတာပြောရင်း “စရိတ်မျှပေး ကျန်းမာရေး” ဆိုတဲ့ ဆိုင်းဘုတ်ကို စိတ်မသက်မသာ မော့ကြည့်မိတယ်။

ကျမလိုပဲ အဲ့ဒီဆိုင်းဘုတ်ကို စိတ်မသက်မသာ မော့ကြည့်မိတဲ့ လူနာရှင်ဟာလည်း မျက်နှာငယ်လေးနဲ့ “ဆရာမ ဒီမှာပဲ ရိုက်လို့ မရဘူးလား။ အပြင်မှာ သွားရိုက်ရရင် ဘယ်လောက်ကုန်မလဲ” ဆိုပြီး လေသံတိုးတိုးလေးနဲ့ မေးရှာတယ်။

သူမေးတဲ့ မေးခွန်းဟာ သူမသိလို့ မေးတာမဟုတ်ပဲ စိတ်ထွက်ပေါက် ရလိုရငြား မေးတယ်ဆိုတာ သိသာနေတယ်။

အမှန်တော့ ကျမ တာဝန်ကျနေတဲ့ ဒီမန္တလေး အထွေထွေဆေးရုံကြီး က နှလုံးရောဂါ ဝေဒနာရှင်လူနာတွေကို စမ်းသပ်တဲ့ Echocardiogram စက်က မရှိတာ မဟုတ်။ ရှိနေရက်နဲ့ ပျက်နေတာကို မပြင်တာဆိုတာကို ကျမ လူနာရှင်တွေ၊ လူနာတွေကို ရှက်ရှက်နဲ့ပဲ၊ မျက်နှာပူပူနဲ့ပဲ ရှင်းပြနေရတာ (၃) နှစ်လောက် ရှိပါပကော။

ဒီ Echocardiogram စက်ဆိုတာ နှလုံးထဲမှာ ဖြစ်တတ်တဲ့ နှလုံးသွေးကြောပိတ်တာ၊ နှလုံးသွေးကြောနံရံတွေ ပုံမှန်မဟုတ်တာ၊ နှလုံးကြွက်သားတွေ ပုံမှန် အလုပ် လုပ်မလုပ် စတာတွေကို Ultrasound စနစ်နဲ့ စစ်ဆေးရှာဖွေတဲ့ စက်ပါပဲ။

ဘာအကြောင်းပြချက်ရယ်လို ကျမတို့ သိခွင့်မရပဲ ဒီစက်ကြီး ပျက်နေတာသာ သိရတာပါပဲ။ ပျက်နေတယ်ဆိုတာကို ပြင်ပေးဖို့လည်း စာတွေတင်တာ အကြိမ်ကြိမ် ရှိနေပေမယ့် ဘယ်လိုအကြောင်းကြောင့်ရယ်မသိ အခြေအနေက တိုးတက်မှုရှိမလာပါဘူး။

အရင် ဒီစက် ကောင်းနေတဲ့ အချိန်တုန်းကဆိုရင် ကျမတို့ ဆရာဝန်တွေအတွက် အချိန်ကုန်သက်သာ၊ လူနာတွေအတွက်လည်း ငွေကုန်သက်သာတာကြောင့် အင်မတန် အဆင်ပြေလှပါတယ်။ အခုတော့ ကျမတို့မှာ အပြင်ဆေးခန်းတွေကို အားကိုးနေရသလို လူနာတွေအဖို့လည်း ငွေကြေးကုန်ကျ များလွန်းလှပါတယ်။

လူနာတွေခမျာ ဒီနှလုံး ဓာတ်မှန်ရိုက်တာတခုတည်းအတွက် အပြင်ဆေးခန်းတွေမှာ အနည်းဆုံး ငွေ (၂) သောင်းခွဲ နီးပါးကျခံကြရပါတယ်။ နွမ်းပါးတဲ့ လူနာတွေအတွက်ဆိုရင် အင်မတန်မှ အခက်အခဲတွေ တွေ့ရပါတော့တယ်။

ဒီ Echocardiogram စက်တွေကို ကိုင်တွယ်ပြီး ရောဂါရှာဖွေ ကျွမ်းကျင်တဲ့သူတွေဟာလည်း ဆေးရုံကြီးက နှလုံးအထူးကု ဆရာဝန်ကြီးတွေသာ ဖြစ်နေတာမို့ အရေးကြီးလူနာတွေဆိုရင် ဆရာဝန်ကြီးတွေကိုယ်တိုင် အပြင်ဆေးခန်းကို လူနာတွေနဲ့အတူ ခြေကုန်သုတ်ရတာတွေ ဖြစ်လာပါတယ်။

ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့အတွက် ခေတ်မီ စက်ကိရိယာတွေ လိုအပ်တာတွေ ဖြည့်ဆည်းပေးနေပါတယ်ဆိုပေမယ့် ရှိပြီးသား စက်ကိရိယာတွေကို ပြုပြင်ထိန်းသိမ်းဖို့တော့ မေ့နေကြဟန်တူပါတယ်။

ပြောရမယ်ဆိုရင် လူနာတွေအတွက် ခေတ်မီရောဂါရှာဖွေရေး စက်တွေဟာ မရှိမဖြစ် လိုအပ်လှပါတယ်။ အဲ့ဒီလိုပဲ စက်ပစ္စည်းတွေ မချို့မယွင်းနဲ့ ပုံမှန် အလုပ်လုပ်နေဖို့လည်း လိုအပ်ပါတယ်။

ကျမ သားဖွားမီးယပ်ဆောင်မှာ တာဝန်ကျချိန်က မိခင်ဝမ်းထဲက သန္ဓေသားလောင်းကို စစ်ဆေးတဲ့ Ultrasound စက်က ချို့ယွင်းချက်ရှိနေလို့ အဖြေမှန် မထွက်လာတာမျိုးတွေလည်း တွေ့ကြုံဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီစက်ချို့ယွင်းနေတာကို ပြန်လည် ပြုပြင်ပေးလို့ အခုအချိန်မှာ အဆင်ပြေပြေ အသုံးပြုနေရပါပြီ။

နောက်ထပ် အရေးကြီးတဲ့ စက်ကတော့ မန္တလေး ဆေးရုံကြီးက တခုတည်းသော CT scan (Computerized Tomography Scanning) စက်ပါပဲ။ ဦးနှောက်၊ အာရုံကြောထိခိုက်တာတွေ၊ ရင်ခေါင်းနဲ့ ၀မ်းဗိုက်တွင်းက ကင်ဆာ၊ အကျိတ်၊ ရောဂါဝေဒနာ စတာ စတာတွေကို ရှာဖွေစစ်ဆေးတဲ့ ဆရာဝန်တွေ အင်မတန် အားထားရတဲ့ စက်ကြီးပါပဲ။

ဒီစက်ကတော့ဖြင့် ဆိုင်ကယ်တွေများလွန်းလို့ မကြာခဏ Accident လူနာတွေ ရောက်လာတတ်တဲ့ မန္တလေး ဆေးရုံကြီးအတွက်ကတော့ တကယ့်ကို အရေးပါလှပါတယ်။

အဲ့ဒီစက်ကြီးကနေ ရောဂါရှာဖွေတွေ့ရှိတဲ့ ရလဒ်တွေကြောင့် အသက်ရှင်ခွင့်ရခဲ့တဲ့ လူပေါင်း မနည်းတော့ပါဘူး။ အခုတော့ အဲ့ဒီစက်ကြီးကလည်း ပျက်နေပြန်တော့ လူနာတွေ ဒုက္ခရောက်ရသလို ဆရာဝန်တွေအတွက်လည်း အချိန်မှီဆေးကုသနိုင်ဖို့ အခက်အခဲတွေ ရှိလာပါတယ်။

ဒီစက်ကြီး အလုပ်လုပ်နေတုန်းက လူနာတွေအဖို့ scan လုပ်ခ ကျပ် သုံးသောင်းပေးရပါတယ်။ အပြင်မှာဆိုရင်တော့ အနည်းဆုံး (၇) သောင်း ပေးရပါတယ်။ အပြင်မှာ scan တခါလုပ်ရင် ငွေကုန်၊ အချိန်ကုန်တာမို့ လူနာတွေဟာ အပြင်ဆေးခန်းတွေကို မသွားချင်ကြပေမယ့် ဘယ်လိုမှ မတတ်နိုင်ကြပါဘူး။

ဒီစက်ကတော့ သူလည်ပတ်ဖို့ သုံးတဲ့ ပစ္စည်းတခု ပျက်သွားလို့လို့ ဆိုပါတယ်။ အဲ့ဒီပစ္စည်းဝယ်ယူဖို့ ပြုပြင်ဖို့နဲ့ ပြင်ဆင်စရိတ် စတာတွေအတွက် အဆင့်ဆင့် စာတင်ထားပြီး စာကျလာမှ နိုင်ငံခြားကို ပစ္စည်းမှာယူရမယ်၊ အဲ့ဒီပစ္စည်းရောက်လာလို့ ပြင်ဆင်ပြီးရင်လည်း အထက်အဆင့်ဆင့်က ခွင့်ပြုချက်တွေ တသီကြီးကျလာမှ စက်ကို ပြန်လည်ပတ်ခွင့်ပေးပြီး အသုံးပြုနိုင်ပါမယ်တဲ့လေ။

နဂိုကမှ တလုံးတည်းသော စက်ဖြစ်တဲ့အတွက်ကြောင့် အရေးပေါ် မဟုတ်တဲ့ လူနာတွေဆိုရင် အလှည့်ကျ တန်းစီပြီး ရက်ချိန်းတွေနဲ့ စောင့်ကြရတာ အခု ဒီစက်က ပျက်လေတော့ ဆေးရုံကို အားကိုးတကြီးလာတဲ့ လူနာတွေခမျာ အပြင်ဆေးခန်းကိုသာ ဈေးကြီးပေး သွားနိုင်ရင်သွား မသွားနိုင်ရင်တော့ စမ်းသပ်ဖို့ လက်လျော့လိုက်ကြတော့တာပါပဲ။

ကျမလေ … တွေးရင်းတွေးရင်း လူနာတွေအတွက် စိတ်မကောင်းဖြစ်မိသလို အနာဂတ် ကျန်းမာရေးကဏ္ဍအတွက်လည်း အင်မတန် ရင်လေးမိပါတယ်။

ဟိုးအရင်အချိန်တွေကဆိုရင် အစိုးရဆေးရုံကြီးတွေမှာ လူနာတွေ စမ်းသပ်ကုသခွင့်တွေ အလကားရတယ်။ ဆေးတွေ ၀ယ်စရာမလိုဘူး။ အခုတော့လေ … တခုခုဆို လူနာတွေကို ပေးစရာဆေးက ဆေးရုံမှာ မရှိ။ လူကြီးလာမယ်ဆိုကာမှ ဆေးစတိုမှာ ဆေးဗူးလေးတွေ စီစီရီရီဖြစ်အောင် ရှာဖွေ ကြံစည်ထည့်ကြရတယ်။

ငွေကြေးတတ်နိုင်သူတွေအဖို့ မထောင်းတာလှပေမယ့် နွမ်းပါးသူတွေ အတွက်တော့ နေမကောင်းမဖြစ်နဲ့၊ ဖြစ်လည်း မစမ်းသပ် မစစ်ဆေးရုံ၊ ဆေးမကုပဲ ပေတေနေရုံ အခြေအနေမျိုး .. ကျမတို့တိုင်းပြည်ဟာ ဆင်းရဲတဲ့တိုင်းပြည်ဖြစ်နေလို့ နိုင်ငံခြားက ဈေးကြီးပေးဝယ်ယူထားရတဲ့ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေနဲ့ ရောဂါရှာဖွေမှုအတွက် ကုန်ကျစရိတ်ပေးရတာကို နားလည်ပေးနိုင်ပေမယ့်၊ အခြား တန်ဖိုးကြီး ရောဂါကုသရေး ဆေးဝါးတွေကို ၀ယ်ယူရမှာကို နားလည်ပေးနိုင်ပေမယ့်၊ သာမန် ဆေးဝါးလေးလောက်ကိုတောင် လူနာတွေကို အခမဲ့ မပေးဝေနိုင်တာ၊ လူနာတွေခမျာ ၀ယ်ယူနေရတာတွေကိုတော့ ဘယ်လိုမှ နားမလည်ပေးနိုင်ပါဘူး။

မန္တလေးမြို့ပေါ်မှာရှိတဲ့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ World Vision၊ ဂျွန်းဗလီ လူမှုကူညီရေးအသင်း စတာတွေက ချို့ တဲ့လူနာတွေအတွက် ကူငွေ၊ ဆေးအလှူတွေ ပေးနေပေမယ့်လည်း နွမ်းပါးတဲ့ လူနာတွေက များလွန်းလှတော့ ဘယ်လိုလုပ် အပြည့်အ၀ ကူညီနိုင်မလဲရှင် …

“စရိတ်မျှပေး ကျန်းမာရေး” ဆိုတာကို လက်တွေ့ အသေအချာ အကောင်အထည် မဖော်နိုင်တာ၊ လူနာတွေကို ဆေးဝါးအခမဲ့ မပေးနိုင်တာ စတဲ့ ပြဿနာတွေဟာ မြို့ကြီးတွေပေါ်က ဆေးရုံတွေမှာ ပြဿနာ အကြီးမားဆုံးပဲဆိုတာ နယ်ဆေးရုံလေးက ကျမရဲ့ ဆရာကြီးတဦးက ပြောပြဖူးပါတယ်။

ဆရာကြီးက သူတာဝန်ကျရာ နယ်ဆေးရုံလေးမှာတော့ ဆိုင်းဘုတ်ပေါ်က စရိတ်မျှပေးကို လက်တွေ့ဖြစ်အောင် အကောင်အထည်ဖော်ထားတယ်လို့ ဆိုပါတယ်။ ဆရာကြီးတာဝန်ကျတဲ့ နယ်မြို့လေးက လူနာတွေရဲ့အပြောအရ အဲ့ဒီနယ်မြို့လေးက ဆေးရုံလေးကို သွားရတာ အင်မတန် စိတ်ချမ်းသာတယ်လို့ ဆိုကြလေရဲ့ … ဒါပေမယ့် ဆရာကြီးလုပ်နေလေတဲ့ စရိတ်မျှပေးဆိုတာ အစိုးရက ထောက်ပံ့ပေးတာ မဟုတ်ပဲ ဆရာကြီးက သူပိုင်ငွေလေးနဲ့၊ မြို့လေးက စေတနာရှင်တွေ လှူဒါန်းတာလေးနဲ့ တတ်နိုင်သလောက် လုပ်ပေးနေတာတဲ့လေ …

ကျမတို့ တိုင်းပြည်မှာ ဆရာကြီးလို ဆရာဝန်မျိုး ဘယ်နှစ်ယောက်များ ရှိလေမလဲ .. ဆရာကြီးကရော ဘယ်လောက်အတိုင်းအတာထိပဲ လုပ်ပေးနိုင်မှာလဲ … စေတနာရှင်တွေကရော ဘယ်လောက်များ လုပ်ပေးနိုင်ကြမှာလဲရှင် …

(ရေးသားသူ - Dr. မန္တလာ)။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်..။

ရွှေခမောက် စာစောင် (အမှတ် ၁၀၅)

Shwekhamauk 105

ဒေါက်တာစင်သီယာမောင် ရွှေရတုမွေးနေ့အခမ်းအနား ဖိတ်ကြားစာ။.

Photobucket

03 December 2009

ကြေးမုံသတင်းစာတိုက် အောက်ခြေဝန်ထမ်းများ ရဲ့ ပွင့်အန်ထွက်လာတဲ့ အသံများ..။

[banner_s.jpg]


ကျွန်တော်/မ တို့သည် ကြေးမုံ သတင်းစာ တိုက်တွင် တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်ကြပါသည်။ ယခုနှစ်တွင် ကြေးမုံသတင်းစာတိုက် အပါအ၀င်၊ အခြားသော သတင်းစာတိုက်များပါ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။

အခြားသတင်းစာတိုက်များ သည်ရာထူးကြီးငယ်မတူအားလုံးပြောင်းရွှေ့ကြရပေမယ့်ကြေးမုံသတင်း
စာတိုက်တွင် အမှန်တကယ် တာဝန်ရှိ (ရာထူးကြီး) သောသူများ မပါဝင်ပဲ လူငယ၊်အောက်ခြေ
ဝန်ထမ်းများသာ ပြောင်းရွှေ့ခဲ့ရတာပါ။ ဒီလိုလုပ်နေတာ အလျည်းသင့်သူများကိုသာ ရွှေ့ပြောင်း
လုပ်နေတာ ဖြစ်ပါတယ်။

ထို့အပြင် ကြော်ငြာဌာန နှင့်တကွ ဖြန့်ချီရေး စသော၊ဌာနတို့မှာလည်း မန်နေဂျာနှင့် အလျည်းသင့်သူများသာ တာဝန်ချထားခံနေရပါသည်။ ယခု နေပြည်တော်သို့ ရောက်ရှိရာတွင်လည်း အဆောင်နှင့် အဆောင် ထမင်/းဟင်းများအား ၀င်ရောက်ကြီးကြပ်မှူ မရှိခြင်းကြောင့် အဆောင်ထမင်း/ဟင်းမှာ စီစဉ်/ချက်ပြုတ်မှူ ညံ့ဖျင်းလှပါသည်။

သို့ဖြစ်ပါသောကြောင့် မန်နေဂျာနှင့်တကွ တာဝန်ရှိသူလူကြီးများဧ။် စီမံခန့်ခွဲမှု ညံ့ဖျင်းမှု ကြောင့် အောက်ခြေ ၀န်ထမ်းများ ထိခိုက်နစ်နာနေကြရသည်ကို အရေးယူ ဆောင်ရွက်ပေးပါရန် ခွပ်ဒေါင်းမြေ မှတဆင့် လေးစားစွာတင်ပြအပ်ပါသည်။

ကြေးမုံ သတင်းစာတိုက် အောက်ခြေ၀န်ထမ်းများ..။

ထိပ်သီးတဲ့ ညီလာခံ ....။

ဖိုးရှုပ်ကော ကြွက်စုတ်ပါ အာဆီယံ ထိပ်သီးညီလာခံသို့ သွားနေကြသောကြောင့် ဦးရုက္ခစိုး တပါးတည်း ပျင်းနေလေသည်။


ရုက္ခစိုး။ ။ အင်း … ဒီနှစ်ကောင်ရှိပြန်တော့လည်း မျက်စိနောက်၊ နားညည်း။ မရှိပြန်တော့လည်း ပျင်းလိုက်တာ … ငါပါ လိုက်သွားဦးမှထင်တယ် …။

ထိုသို့တွေးလိုက်သည်နှင့် တပြိုင်နက် နတ်စစ်စစ် ရေမရောသော ဦးရုက္ခစိုးသည် အာဆီယံထိပ်သီး ညီလာခံ ကျင်းပရာ ချာ့အမ်းသို့ အပို့အခံ တီးလုံးများပင် တီးစရာမလိုဘဲ “ဝုန်း” ခနဲ အူကြောင်ကြောင်ဖြင့် ရောက်ရှိသွား လေတော့သည်။

သူရောက်သွားချိန်တွင် ဖိုးရှုပ်က နေ့ဘက်သတင်း၊ ညဘက် ကလပ် ကိစ္စများဖြင့် မအားရအောင် ဖြစ်နေပြီး ကြွက်စုတ်ကတော့ အထဲနှင့်အပြင် နှစ်ခြမ်းကွဲနေသော စီဗယ်လိုက်ဇေးရှင်းခေါ် လူထုအခြေပြု လူမှု အဖွဲ့အစည်း များ၏ ရန်ပွဲများကြား၌ ညပ်နေလေသည်။ ကြွက်စုတ်သည် ပြည်ပအခြေစိုက် စီဗယ်လိုက်ဇေးရှင်းလိုလို အန်ဂျီအို လိုလို လုပ်ပေါင်းများခဲ့သမျှ ယခုပွဲတွင်လည်း သူမပါမပြီးဆိုသည့် ရုပ်ဖြင့် အတည်ပေါက် တံတွေးသီးမတတ် ပြောဆို နေလေရာ ဦးရုက္ခစိုးကို လုံးဝ သတိမမူမိဘဲ ဖြစ်နေလေသည်။


နတ်တို့၏ တန်ခိုးဖြင့် ဟိုဟိုသည်သည် လျှောက်သွားမိသော ဦးရုက္ခစိုးမှာ အာဆီယံ ဝန်ကြီးများ စည်းဝေးနေရာ ခန်းမကြီးထဲသို့ ရောက်သွားလေသည်။ ခန်းမကြီးက ပျင်းစရာကောင်းလောက်အောင် ချောက်ကပ်နေသည်။ ဝန်ကြီးတချို့ အိပ်ငိုက်နေသည်။ ဗီယက်နမ်နိုင်ငံမှ ဝန်ကြီးက လောနိုင်ငံ ဝန်ကြီးကို လက်တို့၍ အတင်း ပြောနေသည်။ ဗီယက်နမ်။ ။ ပျင်းစရာ ကောင်းလိုက်တဲ့ ထိပ်သီးစည်းဝေးဗျာ။ တခါလာလည်း ဒါ၊ တခါလာလည်းဒါ … ပြီးတော့ ဘာမှလည်း ထူးတာမဟုတ်ဘူး။ တယောက်ယောက် ထိပ်မှာ သီးသွားအောင် လုပ်ရင် ကောင်းမလား မသိဘူး ဒါဆို ပွဲဆူပြီး နည်းနည်း ပျော်စရာကောင်းမယ်။

လော။ ။ ခင်ဗျားကလည်း အိနြေ္ဒလေးဘာလေး နည်းနည်းပါးပါး ဆောင်ပါဦး။ ကျွေးတာတွေတော့ စားလို့ ကောင်းသားပဲဗျ။

ဗီယက်နမ်။ ။ ကောင်းလို့ ခက်နေတာပေါ့ … အခု အိပ်ငိုက်နေပြီ ဘယ်လိုလုပ်မလဲ။ တကယ်ဆို အကျွေး အမွေးတင်မကဘူး အငြိမ့်လေးဘာလေးပါ ထည့်သင့်တယ် … ခုတော့ ရယ်စရာလည်း မကောင်းဘူး။ ဝှားလားလားလား …။

ထိုစဉ် မြန်မာပြည် အလှည့်ကျရောက်လာရာ ဝန်ကြီးချုပ် ချိုကုပ်ကြီး စိတ်ပိန် နေရာမှ ထလိုက်သည်။

စိတ်ပိန်။ ။ ပွဲကတော့ တော်တော်လေး ပျင်းစရာကောင်းနေပြီ။ ကျနော်ပွဲထိန်းမှနဲ့တူတယ် ဟဲဟဲ။

ဖိလစ်ပိုင်ဝန်ကြီး။ ။ လုပ်မနေပါနဲ့ဗျာ။ ခင်ဗျားလည်း တခါလာ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်၊ လမ်းပျောက် မြေပုံ ခုနစ်ဆင့်အကြောင့် ရှင်းမယ် … ဒါပဲမဟုတ်လား၊ အလွတ်တောင်ရနေပြီ။ ခင်ဗျား ပြောနေတုန်း အိပ်လို့တောင် ရတယ်။

စိတ်ပိန်။ ။ ဟား … ဒီတခါ အသစ်ပြောမှာပါဗျာ … ။ ကျနော်တို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကြီးကို မကြာခင်မှာ ထုတ်ပြန်ကြေညာပါတော့မယ် ခင်ဗျား။ “ဖြောင်းဖြောင်းဖြောင်းဖြောင်း”

စိတ်ပိန်က သူ့ဘာသာသူအော်ပြီး သူ့ဘာသာသူ လက်ခုပ်တီးလိုက်သည်။ ဘယ်သူမှ လက်ခုပ်လိုက်မတီး သောကြောင့် သူ နည်းနည်းကြောင်သွားကာ သွားကလေး ဖြီးလိုက်သည်။ ဆက်လက်၍ …

စိတ်ပိန်။ ။ အဟဲ … ဒါလည်း မရဘူးလား … ဒါဆိုရင်တော့ … ကျနော်အခု ဆက်ပြောမယ့် အကြောင်း အရာက … ဒေါ် စစစစစစစစစစစစ စု …။

အစည်းအဝေးခန်း တခုလုံး ငိုက်မြည်းနေရာမှ ရုတ်တရက် အသက်ဝင်သွားသည်။ အားလုံး ခေါင်းမှာ ထောင်ကာ နားစွင့်လိုက် ကြသည်။

ဖိလစ်ပိုင်ဝန်ကြီး။ ။ ပြောပါတော့ဗျို့ … အမြန်ပြောပါဗျို့။

စိတ်ပိန်။ ။ ပြောပါမယ်ဗျာ … နေပါဦး … ရေလေးဘာလေး သောက်ပါရစေဦး။

“စိတ်ဝင်စားပါတယ် ဆိုမှ ဟန်ရေးက ပြနေပြန်ပြီ” ဟု လော ဝန်ကြီးက တိုးတိုးလေး ပြောလိုက်သည်ကို ဦးရုက္ခစိုး ကြားဖြစ်အောင် ကြားလိုက်သေးသည်။

စိတ်ပိန်။ ။ အားလုံး စိတ်ဝင်စားတဲ့ ကိစ္စ ပြောပါတော့မယ် ခင်ဗျား … ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးကောင်း လွှတ်ပေးဖို့ စီစဉ်နေတယ် ဆိုတဲ့အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျား …။
အစည်းအဝေးခမ်းမကြီး တခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ အားလုံးက ချိုကုပ်ကြီး စိတ်ပိန်ကို လေးစားသည့် ပုံစံဖြင့်ကြည့်ကာ အချင်းချင်း လက်တို့ ဆွေးနွေးကြသည်။ ခေါင်းတညိတ်ညိတ် လုပ်သူက လုပ်သည်။ စိတ်ပိန် ကတော့ “ငါကွ” ဆိုသည့် စတိုင်ဖြင့် ရင်ကိုကော့ထားသည်။

လော။ ။ ဒါနဲ့ ဒီစကားမျိုး ကြားဖူးသလိုပဲဗျ။ ဘယ်တော့လွှတ်မယ် ဆိုတာလေးပါ အတိအကျ ပြောနိုင်ရင် အဆွေတော်အနေနဲ့ ပို နာမည်ကြီးသွားမယ် ထင်တယ်။

စိတ်ပိန်။ ။ ဘယ်တော့ ဆိုတာကတော့ ဒီလို ရှိပါတယ်။ ချိုကုပ်ဒူးကြီးက သနားဂရုဏာတော် ထောက်ထားတဲ့ အနေနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ … နေအိမ် အကျယ်ချုပ် ၁၈ လအထိ ကောင်းကောင်းနေခဲ့ရင် လျှော့ပေးမယ်လို့ ကတိပေးထားပါတယ် … ကောင်းကောင်းနေရင် အဲဒီ ၁၈ လကနေ (လက်များကို တစ်၊ နှစ်၊ သုံး၊ လေး ရေတွက်ရင်း) ၁၇ လနဲ့ ၂၉ ရက်အထိ လျှော့ပေါ့နိုင်ပါတယ်။

ဖိလစ်ပိုင်။ ။ ဒါနဲ့ ကောင်းကောင်း ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ ခင်ဗျ။

စိတ်ပိန်။ ။ ဒီလို ရှိပါတယ်ခင်ဗျ။ ကောင်းကောင်း ဆိုတာကတော့ သူနဲ့သိပ်မဆိုင်လှပါဘူး။ သူဘာသာသူ ဘယ်လောက်ပဲ ကောင်းကောင်းနေနေ ဘေးပရောဂတွေကြောင့်လည်း အဲဒီ ကောင်းကောင်းက ပျက်သွား နိုင်ပါတယ်။

ထိုင်း။ ။ နည်းနည်းလေး ဒီထက် ရှင်းအောင် လင်းပါဦး အဆွေတော်။

ခမ်းမတခုလုံး စိတ်ပိန်ကို စိတ်ဝင်စားနေကြပြီ။ ဘယ်သူမှလည်း အိပ်မငိုက်တော့ဘဲ အားလုံး ပါးစပ်တပြင်ပြင် ဖြစ်နေကြသည်။

ဦးရုက္ခစိုး။ ။ (စိတ်ထဲမှနေ၍) သြော် … မြန်မာညာသမျှ အကုန်ခံရတာပါလားနော်။

စိတ်ပိန်။ ။ ဟုတ်ကဲ့ပါ။ ဒီလိုပါ … ကောင်းကောင်းဆိုတာနဲ့ ပတ်သက်လို့ နေအိမ်အကျယ်ချုပ် အတွင်း ဘယ်လိုနေရမယ်ဆိုတဲ့ စာလည်းထုတ်ထားပါတယ်။ အဲဒီ အချက်တွေကို ရှင်းရှင်းလင်းလင်း မရေးထားဘဲ … အဓိပ္ပာယ်တွေ ရှုပ်ထွေးနေအောင် နာမည်ကြီး ရှေ့နေတွေနဲ့ သေချာ တိုင်ပင်ရေးထားတာပါ။ အဲဒီအထဲက တချက်ချက်နဲ့ ညိစွန်းမယ်ဆိုရင်တော့ ၁၈ လ ဆိုတာနဲ့ ဝေးပြီး ၃ နှစ်ပြန်ဖြစ်သွားမှာပါ။

အာဆီယံဝန်ကြီးများအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ စိတ်ပိန်က ဆက်ပြောသည်။

စိတ်ပိန်။ ။ အဲဒီလို ရှုပ်ထွေးအောင် လုပ်ထားတဲ့ ကြားထဲကမှ ဘယ်လိုမှ မညိစွန်းဘဲ ကောင်းကောင်း နေနိုင်ခဲ့မယ်ဆိုရင်တော့ …။

“လွှတ်ပေးမှာလား အဆွေတော်” ဟူ၍ စင်ကာပူဝန်ကြီးက အမောတကော ဝင်မေးသည်။

စိတ်ပိန်။ ။ တမျိုးထပ်ကြံစည်မှာ ဖြစ်ပါတယ်။

ထိုင်း။ ။ ထင်သားပဲ ဒီလောက်လွယ်လွယ်လွှတ်မှတော့ နအဖ လို့ ဘယ်ခေါ်လို့ဖြစ်မလဲ။

လော။ ။ ကြာတယ်ဗျာ … ဘယ်လိုဆိုလွှတ်မလဲ မြန်မြန်ပြောဦး။
စိတ်ပိန်။ ။ လွှတ်ကောင်းလွှတ်မယ်လို့ ပြောတာလေ လွှတ်မယ်လို့ တလုံးမှ မပြောသေးဘူး။

“ကဲပါ အဆွေတော်ရယ် … ဘာဆက်လုပ်မယ်ဆိုတာသာ ပြောလိုက်ပါ” ဟု ထိုင်းဝန်ကြီးက ဝင်ပြောလိုက်ရာ စိတ်ပိန်က ဆောင့်ကြီအောင့်ကြီးဖြင့် “ဘာဆက်လုပ်ရမှာလဲ … ကြက်တောလို နောက်တယောက် ထပ်ငှားပြီး ရတဲ့အပေါက်က အိမ်ထဲ ဝင်ခိုင်းမှာပေါ့ဗျ” ဟု ပြောကာ ပြန်ထိုင်လိုက်သည်။

ခန်းမကြီးတခုလုံး “ဝေါ” ခနဲဆူညံသွားသည်။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကာ “ဒေါ်အောင်ဆန်းစုကြည်” ဆိုသော အသံများ ခန်းမထဲတွင် လျှံနေသည်။ ထိုအသံများကြောင့် ထောင့်တနေရာတွင် နှစ်နှစ်ချိုက်ချိုက် ဟောက်သံများပင်ထွက်ရင်း အိပ်ပျော်နေသည့် ကမ္ဘောဒီးယား ဝန်ကြီး စွန်တန် လန့်နိုးလာကာ ကမူးရှူးထိုး ဝင်ပြောလိုက်သည်။

စွန်တန်။ ။ ခင်ဗျားတို့ကလည်းဗျာ … တခါလာ ဒေါ်အောင်ဆန်းစုကြည်၊ တခါလာ ဒေါ်အောင်ဆန်းစုကြည်နဲ့ … အပြောင်းအလဲလေး ဖြစ်သွားအောင် သက်ဆင်ကြီး အကြောင်းလဲ ပြောကြပါဦး။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည် တူတူပဲဟာ။

စွန်တန့် စကားကြောင့် ခမ်းမတခုလုံး ငြိမ်သွားတာ တအံ့တသြ ဖြစ်သွားကြပြီး သူ့ဆီအာရုံရောက်သွားကြသည်။

စွန်တန်။ ။ ဟုတ်တယ်မဟုတ်လား၊ တူတူပဲလေ။ တယောက်က မြန်မာနိုင်ငံရဲ့ တရားခံ … နောက် တယောက်က ထိုင်းနိုင်ငံရဲ့ တရားခံ။ သနားစရာ ကောင်းတာက သက်ဆင်ခမျာ ဒေါ်လာတွေ ရင်မှာပိုက်ပြီး ထွက်ပြေးနေရရှာတာ၊ ဒေါ်စုလိုတောင် အေးအေးချမ်းချမ်း အိမ်ထဲမှာ မနေရရှာဘူး …။

ထိုစဉ် ခမ်းမ နောက်ဆုံးနေရာသို့ ဘယ်အချိန်က ရောက်နေမှန်းမသိသော မြန်မာကျောင်းသားတယောက်က လက်ထဲပါလာသော လောက်လေးခွဖြင့် စွန်တန့်နဖူးကိုတည့်တည့်ချိန်ကာ ပစ်လိုက်လေတော့သည် “ဝှီး” “ဒုတ်”

နောက်ဆက်တွဲ သတင်းအနေဖြင့် ထိုကျောင်းသား လောက်လေးခွဖြင့် ပစ်လိုက်သည်ကို စွန်တန်က မသိသော် လည်း သူ့လက်ထဲက ပြုတ်ကျသွားသော ဘောပင်ကို ကုန်း၍ကောက်စဉ် စွန်တန့်နောက်၌ ထိုင်နေသော မြန်မာဝန်ကြီးချုပ် ချိုကုပ်ကြီး စိတ်ပိန်၏ ပြောင်နေသည့် နဖူးတည့်တည့်ကို “ဒုတ်” ခနဲ ထိမှန်သွား၍ ဘုသီးထွက်သွားလေသည် ဟူ၏။

ဤတွင် အာဆီယံ ထိပ်သီးစည်းဝေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားလေတော့သတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။


ရင်းမြစ်..ဧရာဝတီ



သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့သြစကြီးယားသူ အင်ဂျီ တို့ရဲ့ကြေကွဲဖွယ်ဇာတ်လမ်း။

Interesting story about Shan


စာအုပ်ရဲ့ အဖွင့်မှာ- (သြစကြီးယားနိုင်ငံ ဗီယင်နာမြို့Schloss Laudon) ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ.. နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ၀င်လာတဲ့.. အမျိုးသမီးငယ် တယောက် နဲ့ စထားပါတယ်။ အဲဒီ အမျိုးသမီးကတော့..တချိန်တုန်းက.. ရပ်ရွာလူထု က..ချစ်ခင်လေးစားခဲ့ကြတဲ့.. ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ ..သြစကြီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး.. သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့.. (ကိန္ဒရီ နဲ့ မာယာရီ) ဆိုတဲ့ ရှမ်း-သြစကြီးယန်း ကပြား သမီးလေး ၂ယောက်ပါ။ သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့.. ဥရောပါမှာ ဇိမ်ခံ ရင်း ..ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က..ခေါင်းဆောင်ကြီး ဦးနေ၀င်း ဖြစ်ပါသတဲ့။



အဖြစ်အပျက်တွေက.. နှစ်လေး ငါး ဆယ်နှစ် ကြာနေပြီ ဖြစ်ပေမဲ့.. အင်ဂျီ မှာ..သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသပ်ခဲ့ရတယ် ဆိုတာ..သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။ အခုလည်း.. သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့..သူ ရောက်လာခဲ့ပြန်တယ်။ ဒါပေမဲ့..အခန်းထဲက..ထွက်မလာတဲ့..တာဝန်ရှိသူကြီးက.. သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး..စပ်ကြာဆိုင် မသေသေးပါဘူး..ကျန်းကျန်းမာမာ ရှိနေပါတယ် လို့.. အဖြေပေးလိုက်သတဲ့။


ဒီအဖြေ စကားက..အခြေအမြစ်မရှိ သလို ဘယ်ကိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့.. ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ..သူသိပေမဲ့.. အခု ထက်ထိလည်း..သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။

တကယ်တော့.. ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ.. ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရတာပါ။

+++++

သူတို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက.. တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။

အချိန်က..၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာတက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့.. သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။ အဲဒီတုန်းက..ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ ကျောင်းသားလေးဟာ အာရှတိုက်က.. ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင်..သူကိုယ်တိုင်က..သိုဝှက်ထားခဲ့တယ်တဲ့။
သူတို့ ၂ယောက် လက်ထပ်ပြီးတော့.. အင်ဂျီက..ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။ သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ .. အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ.... "There is something I have to tell you, my dear." လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ... သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ရပြီး....တပြိုင်တည်းမှာပဲ..ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်..လို့.. အင်ဂျီက လွမ်းဆွတ် ထားပါတယ်။

သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ဖြစ်လာတော့တယ်။ စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း..သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။ မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင် လုပ်ပေးခဲ့တယ်။ သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။ သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။ နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။ အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။

ဒါပေမဲ့.. လူကောင်းလူတော် တွေကို ၀မ်းပန်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ..ဒီရေ..ဒီထုံး..ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။

အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါဟော်မှာပဲ..အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။ ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း..သူ့ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. "I am writing this secretly. I am being locked up in the army lockup at Ba Htoo Myo at Lawksawk... Miss you all. Conditions here are not clean. Hope to see you soon. Cheer up yourself! I am still OK. Love, Sao Kya Seng." ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့..စာလေးတစောင်ကလွဲလို့..ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။

၂ နှစ်လောက်..အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း..နောက်ဆုံးမှာတော့..သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်.. သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် လာခဲ့တော့တာ..ကနေ့အထိ..အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။

ဒီစာအုပ်ကို ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ အားပေးတိုက်တွန်းမူ နဲ့ ရေးသားထုတ်ဝေခဲ့တာဖြစ်ပြီး..အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့ ဖိနှိပ်ကန့်သတ်မူတွေကို ကမ္ဘာက သိအောင်..နောက်..သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာဝန်ကျေခဲ့ပုံ.. နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ..လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့ပါလို့ ဆိုထားပါတယ်။

ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစားကျောင်းဆရာမ ကြီး အင်ဂျီရဲ့ မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံ ကို ကြက်သရေ ရှိစွာ မြင်ရနိုင်ပါတယ်။ Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်း အင်ဂျီ နဲ့ သူ့ဒုတိယခင်ပွန်းက မတည်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

(အကြောင်းအချက် တချို့နှင့် ပုံများကို ဤနေရာမှ ရယူပါသည်။ )

--
***သိုဝ်မီးလ'၊း --- တ'းမီးဂ၀၊တ်;***

မေးလ်ထဲ သို့ ပေးပို့ပေးသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည်.။
ဤ ဖြစ်ရပ်မှန် အကြောင်းကို ပြန်လည် မျှဝေပေးလိုက်ပါသည်.။

မဲဆောက်မှာကျင်းပတဲ့ ကမ္ဘာ AIDS နေ့နဲ့ SAW အဖွဲ့ဝင်များ



ပေးပို့ ပေးသူ ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်..။

တိုတို တွာတွာ ဦီးငွေကြည် ရဲ့ ဟာသတွေပါ..။

ngwe-kyi-_-short-har-tha

02 December 2009

NOT FORGOTTEN AUNG SAN REVISITED(ASIAN GEOGRAPHIC)

Asian Geographic (Not Forgotten)
ပေး ပို့ ပေးသော ကိုအောင်မျိုးသိမ်း အားကျေးဇူးတင်ပါသည်.။

အခုခေတ် တွင်တချို့ သော မြန်မာမိန်းကလေးတွေ ...။

gal/MMK-Journals/2009/December/120109-999_Page_20.jpg

Voice Of Burma စာစောင်...

Voice Of Burma စာစောင်...

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု သတင်းလွှာ။..။(နိုဝင်ဘာ)

Bul No.04- Nov, 2009

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ပြုလုပ်သည့် ကမ္ဘာခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ World AIDS Day အခမ်းအနား ဓာတ်ပုံမှတ်တမ်း။

01 December 2009

ပါမောက္ခဒေါက်တာမိုက်ကယ်အဲရစ်(စ်) ၏သူ့ဘဝ သူ့ အကြောင်း..။

ပါမောက္ခဒေါက်တာမိုက်ကယ်အဲရစ်(စ်)

ပအို့ဝ်ဒေသမှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် စစ်ရာဇဝတ်မှု မှတ်တမ်း ဓာတ်ပုံများ။



ဓာတ်ပုံ ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

တုဏှိဘာဝေ နိုင်ငံမှာ ( “In the Quiet Land” ) ..။


တုဏှိဘာဝေ နိုင်ငံမှာ (“In the Quiet Land”)

ဒီ တုဏှိဘာဝေနိုင်ငံမှာ
ဒင်းတို့ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ လျှို့ဝှက်ချက်တွေကို
တစုံတယောက်က နားထောင်နေတယ် ဆိုတာ ဘယ်သူမှ ပြောမပြနိုင်ဘူး.။
သတင်းပေးတွေကို ဒီနိုင်ငံရဲ့ သွေးတွေနဲ့ ပေးချေ.။
အာဏာရှင်တို့ရဲ့ အားနည်းချက်ကိုတောင် ဘယ်သူမှမပြောရဲ့ကြဘူး.။

ဒီ တုဏှိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှ မရယ်မောဝံ့ ကြသလို ကျယ်ကျယ် ပြန့်ပြန့် လည်းမတွေးဝံ့ကြပါဘူး.။
ဒီ တုဏှိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုတွေကို လူအုပ်ကြီးရဲ့ ဆိတ်ငြိမ့်မှုထဲမှာ တွေ့မြင်နိုင်ကြပါရဲ့.။

ဒီ တုဏှိဘာဝေ မြန်မာနိုင်ငံမှာ
သူတို့ခေါ်ဆောင်သွားမယ့် စစ်သားတွေ လာနေတာတောင်
ဘယ်သူတစ်ဦး တယောက်ကမျှ ပြောမပြနိုင်ပေဘူး.။
တရုတ်တွေက လမ်းကိုလိုချင်တယ်၊ ပြင်သစ်တွေကတော့ လောင်စာဆီ ကိုလိုချင်တယ်၊
ထိုင်းတွေကတော့  သစ် ကိုလိုချင်တယ် ၊ နအဖကတော့ အမြတ်အစွန်း တွေကိုယူတတ်တယ်လေ..

ဒီ တုဏှိဘာဝေ နိုင်ငံမှာလေ...
ဟောဒီ့ တုဏှိဘာဝေ နိုင်ငံမှာလေ
လူသတ် သမားကြောင့် တေမိ ဇာတ်ခင်း နေရတာ၊
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို မကြားသိနိုင်ပေဘူး.၊၊
ဒါပေမယ့် ဘယ်လိုဘဲ အင်အားသုံးသုံး လွှတ်လပ်မှု အသံကိုတော့
လူညာတွေလိမ်လို့ မရသလို ဘယ်အသံမျိုးနဲ့ မှလည်း မဖုံး လွှမ်းနိုင်ပေဘူး.။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စပ်ဆို၍ ဖေသက်နီ မြန်မာဘာသာသို့ ပြန်ဆိုထားသည်..။

အကျဉ်းထောင်ထဲ က အလင်းရောင်..။



အကျဉ်းထောင်ထဲ က အလင်းရောင်..။

ထောင်စခန်းဆိုတာ
အမှောင်လမ်းပါဘဲ
ဒါပေမယ့် အောင်ပန်းဆွတ်တဲ့
အာဇာနည်တို့ရဲ့
တာရှည်စံမြန်းရာ.....

သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ
သူတွေရဲ့ နိဗ္ဗာန်
တိရ စ္ဆာန် ရုံမဟုတ်ပါ...

အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံးသွေးမို့
အရေးတော်ပုံ ရဲ့ သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ...

မြန်မာစာနယ်ဇင်းလောကမှာ
အတောက်ပဆုံး
ကလောင်ဘုရင်
ဟံသာဝတီဦးဝင်းတင်တဲ့
ဂန္တဝင်မြောက်
စံတင်လောက်အောင်
ပြောင်းမြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ် ရဲ့ မင်းမဟော်
ပူဇော်ထိုက်သူအမှန်ပါ....

ပြည်သူကိုသူကချစ်
သူ့ကိုလည်းပြည်သူကချစ်
တို့ခေတ်ရဲ့ အလင်းရောင်
မီးရှူးတန်ဆောင်အစစ်ပါ..

အကျဉ်းထောင်က
အလင်းရောင်ပြနေတဲ့
အာဂသတ္တိရှင်
မိခင်မြန်မာရဲ့
သားရတနာကောင်းကို
ညွှတ်ပျောင်းဦီးခိုက်
ကန်တော့လိုက်ပါရဲ့
မိုးမှောင်ကင်း၍
အလင်းရောက်ပါစေ
ဆရာ.......

(ဆရာ တင်မိုး)

30 November 2009

ရန်ကုန်ုမြို့ အတွင်းအသက် မပြည့် သေးသော မြန်မာ မိန်းကလေး (၃) ဦး မတရားပြုကျင့်ခံရ..။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းရပ်ကွက်က ကလေးငယ် ၃ ဦးကို တလမ်းတည်းနေသူတဦးက မတရား ပြုကျင့်မှု ဒီလ ၁ဝ ရက် မှာ ဖြစ်ပွားတယ်လို့ ကလေးမိဘနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကလေးငယ်သုံးဦးဟာ ညီအစ်မတွေဖြစ်ပြီး အသက် ၅ နှစ်၊ ၈ နှစ်နဲ့ ၁၃ နှစ် အရွယ်တွေပါ။ ကလေးတွေမှာ ဖခင်မရှိတော့ဘဲ မိခင်နဲ့အတူ ပလပ်စတစ်ကောက်ပြီး အ သက်မွေးဝမ်းကျောင်းပြုနေကြတာပါ။ တရားခံလို့ စွပ်စွဲခံထားရသူကတော့ အိမ်ထောင်ရှိ အသက် ၄ဝ ကျော် အ ရွယ်ဖြစ်ပြီး ငါးရှဥ့်ထောင်စားသူတဦး ဖြစ်ပြီး အခင်းဖြစ်ပွားမှုကို ကလေးမိဘနဲ့ နီး စပ်သူတဦးက ပြောပါတယ်။

“သူ့အမေနဲ့ အတူနေတဲ့ အိမ်ရှင်က ရေချိုးပေးတော့ အဲဒီမှာ ရောင်နေတာ တွေ့လို့ မေးတော့မှ ကလေးတွေက ပြောပြတာ။ ပြောရင် သတ်ပြစ်မယ် ဆိုလို့ မ ပြောဘူးတဲ့။ “ကလေးတွေက ပြောတော့ ခေါ်သွားတာ ၃ ရက်ရှိပြီတဲ့။ ရက်တွက်ကြည့် တော့ ၇ ရက်လောက်က မုန့်ကျွေးပြီး ခေါ်သွားတာ။ ၈ ရက် ၉ ရက်က အဓမ္မ ကလေးတွေကို လက်ဆွဲပြီး ခေါ်သွားတယ်။

“ရွှေလင်ပန်းတံတားနားမှာ လုပ်တာလို့ ပြောတာပဲ။ ည ၇ နာရီ ၈ နာရီ လူ တော့ ပြတ်တာပေါ့၊ သူတို့က အော်တယ်တဲ့ ပါးစပ်ပိတ်ထားတယ်လို့ ပြောတယ်။ ချောင်ကျတယ်၊ နည်းနည်းလည်း ဝေးတယ်။ ဒါ ဒုတိယအကြိမ် ဖြစ်တာ။ ဒီတရားခံ က အရင်တုန်းကလည်း ကလေးတွေကို မုဒိန်းမှု တခါဖြစ်ဖူးတယ်။ မယားပါသားက အာမခံနဲ့ ခေါ်ထုတ်ထားတာ။” ဒီကိစ္စနဲ့ပတ်သက်လို့ ဒီလ ၁၁ ရက်နေ့က မြို့နယ်ရဲစခန်းကို သွားရောက် တိုင်တန်းပေမယ့် အမှုဖွင့်မပေးလို့ ကလေးတွေမှာ ဆေးကုသခွင့်လည်းမရခဲ့ဘူးလို့ ဒေသခံနောက် တဦးက ပြောပါတယ်။

“ရဲစခန်းကို ၁၁ ရက်နေ့က တိုင်တော့ ရဲစခန်းမှူးက ၂ သောင်း တောင်း တယ် ပြောတာပဲ။ အဲ့တော့ ၂ သောင်း မပေးနိုင်ဘူး။ အဲဒီ အမျိုးသမီးက ပလပ်စ တစ် ကောက်စားတာ ဆိုတော့ ပိုက်ဆံ ၂ဝဝ ထုတ်ပေးတယ်။ ၂ဝဝ နဲ့ကတော့ မရ ဘူးတဲ့။ ရာအိမ်မှူး ဦးအေးသောင်း ညွှန်ကြားတဲ့အတိုင်း လုပ်ပါတဲ့။ သူတို့ကို ပြန်လွှတ်လိုက်တယ်။

“ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ကျနော်နဲ့ ထပ်တွေတော့ ကလေး ၃ ယောက် ကော၊ သူ့အမေကော ခေါ်လာတယ်ပေါ့၊ မေးကြည့်တဲ့အခါ ကလေးမလေးက ဆီး တွေ၊ ဘာတွေ ကျင်နေတယ်ဆိုတော့ လှိုင်သာယာ ဆေးရုံသွားပြလိုက်လို့ ကျနော် က ပြောလိုက်ပြီး ကျနော်ဆီက လူတယောက် ထည့်ပေးလိုက်တယ်။ “ဆေးရုံရောက်တော့ ဆေးရုံကမေးတယ်။ ဆေးကုမှာလား အမှုဖွင့်မှာ လား တဲ့။

အဲဒါနဲ့ ကျနော်ထည့်ပေးလိုက်တဲ့ အမျိုးသမီးက အမှုဖွင့်မှာလို့ ပြောတယ်။ အမှု ဖွင့်မှာဆို ရဲစခန်းမှာ ဘာလို့ အမှု မဖွင့်တာလဲတဲ့။ ရဲက ၂ သောင်းတောင်းတယ်၊ မပေးနိုင်လို့ အမှုမဖွင့်ပေးဘူး။ ဒါကြောင့်မို့ မဖွင့်ရသေးဘူးပေါ့။ စခန်းကို ဆေးရုံက ဖုန်းဆက်တယ်နဲ့ တူပါတယ်။ သိပ်မကြာဘူး။ ဆရာမ တယောက် ထွက်လာတယ်။

စခန်းက ခေါ်နေတယ်တဲ့ ကလေး ၃ ယောက်နဲ့ အမေ သွားလိုက်ပါ ဆိုတော့ သွားကြရော။” ရဲစခန်းရောက်တဲ့အခါမှာ အိမ်ရှင်က ဒီလူကိုမတိုင်ရင် နေအိမ်ခြံဝင်းထဲကနေ မောင်းထုတ်မယ်ဆိုတဲ့ ဖိအားပေးမှုကြောင့် မတိုင်ချင်ဘဲ တိုင်ရတာပါလို့ အဆင် သင့်ရေးထားတဲ့ စာရွက်ပေါ်မှာ ကလေးမိခင်ကို လက်မှတ် ထိုးခိုင်းပါတယ်။

အဲဒီနောက် အိမ်ရှင်ကို ခေါ်စစ်ဆေးခဲ့ပြီး အိမ်ရှင်က သူဖိအားပေးတာ မဟုတ်ကြောင်း ငြင်းဆန်လို့ ပြဿနာဖြစ်ပွားပြီး နောက်ဆုံးမှာ ကလေးမိခင်က အမှု ကျေအေးကြောင်း လက်မှတ် ထပ်ထိုးပေးလိုက်ရတယ်လို့ အဲဒီဒေသခံတွေက ပြောကြပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ လှိုင်သာယာမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့ အခါ စခန်းမှူး မရှိကြောင်းနဲ့ ဒီကိစ္စ အသေးစိပ်မသိဘူးလို့ တာဝန်ကျ ဝန်ထမ်း တဦးက ပြောပါတယ်။

“အဲတာကတော့ သူတို့မေးမှ သိမယ်။ ရယကနဲ့လား ဘာနဲ့လား မသိဘူး။ ညှိနှိုင်းတယ်လို့တော့ ကြားလိုက်တယ်။ ရပ်ကွက် ရယကတွေ မေးမှ သိမှာ၊ ရယက ရုံးမှာ ဖုန်းလည်း မရှိဘူး။” လက်ရှိမှာ တရားခံလို့ စွပ်စွဲခံရသူက တိမ်းရှောင်နေပြီး ရပ်ကွက်တာဝန်ရှိ သူတွေ ကလည်း ဘာမှ တာဝန်မယူ မဆောင်ရွက်ပေးဘူးလို့ ဒေသခံတွေက ပြော ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ကို အကူအညီ မ တောင်းဘူးလားလို့ မေးကြည့်တော့ ကလေးမိဘနဲ့ နီးစပ်သူက “သူတို့ ရပ်ကွက်က အမျိုးသမီးရေးရာအဖွဲ့ကိုပဲ သွားပြောတယ် မြို့နယ်အထိ မသွာဘူး။ ရပ်ကွက် အမျိုးသမီးရေးရာမှူးက ပေးသလောက် ယူလိုက်တဲ့” လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လှိုင်သာယာမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ကို ဆက်သွယ်လို့ မရသေးပါဘူး။ လှိုင်သာယာမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးကို ဆက် သွယ်တဲ့အခါ “ဖြေကြားခွင့် မရှိဘူး။ တာဝန်ရှိသူလည်း မရှိဘူး။ ရဲစခန်းကို မေးပါ။” လို့ ဖြေသွားပါတယ်။

ရင်းမြစ်..DVB..။

ရခိုင် အမျိုးသားသတင်း စာစောင်

The Arakan National Newspaper Vol
ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

ဒေါင်း နီ မယ်..။



Photobucket

ဒေါင်း နီ မယ်..။

ခွပ်ဒေါင်းလံနဲ့ 
အေးချမ်းတဲ့ သူ့ ဟန်
ဒို့ တိုင်းပြည်သာယာဖို့ 
ကြိုးစားတဲ့ သူ့ အားမာန်
အားမတန် မာန်မလျှော့ နဲ့ 
ဘယ်လိုပင်ချုပ်ချုပ်
ဘယ်လောက်ပင်နှောင်ဖွဲ့ 
နောင်တစ်ချိန် ဒို့ ပြည်မှာ
အိုးဝေသံညံစီ
အေးချမ်းမှုတွေလျှံသီပြီး
ကမ္ဘာမှာ ဗမာဟေ့ လို့ 
ကြွေးကြော်စမ်းပါ့ 
အမိရယ်................။

( မိုးစက်ပွင့်  )

ပေးပို့ ပေးသော မောင်းလေး redpeacock အားကျေးဇူးတင်ပါသည်..။


29 November 2009

လျှပ်တစ်ပြက်သတင်းဂျာနယ် အမှန်အတိုင်း ထုတ်ဖေါ် မပြောရဲ။



ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်..။
gal/MMK-Journals/2009/November/011109-997_Page_07.jpg

မြန်မာ့ ငွေစက္ကူများ...။

မြန်မာနိုင်ငံ၏ငွေစက္ကူများကိုဗဟုသုတရစေဖို့ကူးယူဖော်ပြပေးထားပါတယ်။
အကုန်လုံးမမြင်ဘူးသေးပါဘူး။


Myanmar Money

Colonial Government's Paper Money

Currency: Rupee

Myanmar Government's Paper Money

FEC: Foreign Exchange Certificate


မကြာသေးခင်ကထွက်ရှိခဲ့သော (၅၀၀၀)မပါဝင်ပါ.။
http://myanmartravelinformation.com/ မှပြန်လည် မျှဝေပေးထားပါသည်..။