19 June 2010
18 June 2010
ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့  အမှတ်တရအနေနဲ့  မိသားစုဘ၀ ဖြတ်သန်းမှု အမှတ်တရပုံများအား ဖေါ်ပြအပ်ပါတယ်။
ရောက်စဉ် အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။ အဖွားဖြစ်သူ ဒေါ်ခင်ကြည်မှ မြေးဦးဖြစ်သူ အလက်ဇန္ဒားခေါ် မောင်မြင့်ဆန်းအောင်အား ချီပိုးထားစဉ် ဖြစ်ပါတယ်။
လက်ထပ်မင်္ဂလာအခမ်းအနား ဧည့်ခံပွဲအပြီး လန်ဒန်မြို့ ရှိ မိတ်ဆွေတစ်ဦး၏ အိမ်တွင် တွေ့  မြင်ရသော ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ဓါတ်ပုံ ဖြစ်ပါတယ်။
၁၉၇၂ ခုနှစ် နှစ်သစ်ကူးနေ့ တွင် မောင်နှံနှစ်ဦးရဲ့  အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား သားဖြစ်သူ အလက်ဇန္ဒားခေါ် မောင်မြင့်ဆန်းအောင်နှင့်အတူ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်၊ သားငယ်ဖြစ်သူ ကင်မ် ခေါ်မောင်ထိန်လင်း တို့ နှင့်အတူ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။
(ဓါတ်ပုံများအား Guardian uk မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
ပြည်သူ့ အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူတွေနဲ့  တစ်သွေးထဲ တစ်သားထဲ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူကို ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်။
အများပြည်သူ သာဓုခေါ်ဆိုနိုင်စေသော်
အများပြည်သူ သာဓုခေါ်ဆိုနိုင်စေသော်
ဆက်လက်၍ ဒလမြို့နယ်၊ ပဲခူးမြို့နယ်၊ ပြည်မြို့နယ် စသည့် ရေဒုက္ခသည်များထံသို့ ရေရှည် ကုသိုလ်အလုပ်မျိုးဖြစ်သော အ၀ီစိ တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ပေးခြင်းတို့ကို နယ်ခံ ပရဟိတ လူမှုရေးမျိုးဆက်သစ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ပူးပေါင်းကာ ဆက်လက်၍ လုပ်ဆောင် ပေးဆပ်လျှက်ရှိပါသည်။ မိုးကျပြီဖြစ်၍ အ၀ီစိ တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက် ပေးခြင်းတို့အတွက် ရေတူး စက်ကိရိယာများ၊ အုတ်ရေကန် တည်ဆောက်ရန် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသဖြင့် ကုန်ကြမ်းများအား အချို့ဒေသများကို သယ်ဆောင် သွားလာရာတွင် ကုန်းလမ်းခရီးဖြင့် မသွားနိုင်တော့ချေ။ ရေလမ်းခရီးကို လှေဖြင့် ခဲရာခဲဆစ် ကုန်ကြမ်း ပစ္စည်းများကို သယ်ယူ ပို့ဆောင် တူးဖော် တည်ဆောက်ပေးခြင်းတို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် တက်နိုင်သလောက် စွမ်းအား ဥာဏ်အား ၀ီရိယအားတို့ဖြင့် ပေးဆပ်လျှက် ရှိပါသည်။
ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.
၂၀၁၀ ကိုကျော်သူ၏ လူမှုရေး တတိယခြေလှမ်း
ယင်း သင်တန်းအား (၁) လ တိတိ ပို့ချမည် ဖြစ်ပြီး၊ နောက် ဖျတ်ခနဲပေါ် ဆတ်ခနဲလုပ် (ဓါတ်ပုံသင်တန်း)နှင့် သရုပ်ဆောင်သင်တန်း (လူမှုဆက်ဆံရေးသင်တန်း)ကို ဆက်လက် တက်ရောက်ရမည် ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူမှုရေးသင်တန်းသည် ယခုဆိုလျှင် တတိယမြောက်သင်တန်းဖြစ်ပါသည်။ ဤကဲ့သို့ သင်တန်းများ ပို့ချသင်ကြား ပေးခြင်းသည် နာရေးကူညီမှု လူမှုရေးလုပ်ငန်းရပ် တစ်ခုတင်မက ပြည်သူလူထု လိုအပ်မှုများကို ဖြည့်ဆည်း ပံ့ပိုး ကူညီမှုများ လုပ်နိုင်ရန် အတွက်၎င်း၊ လူမှုဆက်ဆံရေး ယဉ်ကျေးသိမ်မွေ့စေရန် ၄င်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး သီလလုံခြုံသော အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်၍ အတွေ့အကြုံများကို ရှင်းလင်းတင်ပြ ပို့ချပေးခြင်း ဖြစ်သည်။
ယင်း သင်တန်းတွင် မျိုးဆက်သစ် သင်တန်းသူ/သားများမှ မိမိတို့ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးခြင်း၊ ပြည်သူလူထုအပေါ် ပေးဆပ်မှုများ ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ မိမိတို့၏ ခံစားချက်များ ဆန္ဒများအား တစ်ဦးချင်း ဖော်ထုတ် ပြောကြားခဲ့ကြပါသည်။
ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။
မော်ကွန်းဝင် ဗိုလ်မှူး မင်းလွင် ၏ ဈာပန ဓာတ်ပုံမှတ်တမ်း
မော်ကွန်းဝင်အတွက် ပေးဆပ်မှု
ဗိုလ်မှူးမင်းလွင် (ငြိမ်း) (ဒါးပိန်မြို့)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ဦးစီးအရာရှိ(ပ) ပညာသည်(ငြိမ်း)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း။ အသက် (၈၈) နှစ် သည် ၁၅.၆.၂၀၁၀ (အင်္ဂါ) နေ့တွင် ကွယ်လွန်သွားပါသဖြင့် ကွယ်လွန်သူ၏ ဆန္ဒအရ ၁၆.၆.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၃း၀၀) နာရီတွင် ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။
ကိုမော်ကြီး(ကိုမော်မင်းလွင်) နှင့် ကိုအောင်(ကိုအောင်ကြီးလွင်) တို့၏ ဖခင် ဗိုလ်မှူးမင်းလွင် (ငြိမ်း) (ဒါးပိန်မြို့)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ဦးစီးအရာရှိ(ပ) ပညာသည်(ငြိမ်း)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း။ အသက် (၈၈) နှစ် ကွယ်လွန်သွားခြင်းအား မြတ်လေးငုံ မှ မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲ ရပါသည်.။
ဓာတ်ပုံ များပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးအထူးတင်ရှိပါသည်.။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ ကျရောက်သော ဇွန်၁၉ ရက်နေ့တွင်(၃၁) နှစ်မြောက် မွေးနေ့အမှတ်တရ အထိမ်းအမှတ် သ၀ဏ်လွှာ။
အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ထောင်တွင်း၌ အကျဉ်းကျခံနေရသော အရှင်ဘုရားအား အရှင်ဘုရား၏ မွေးနေ့မင်္ဂလာ အခါသမယမှာ အရှင်ဘုရားနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါကြောင်း၊ ဘုရားတပည့်တော်တို့အဖွဲ့မှလည်း အရှင်ဘုရား၏ မွေးနေ့ပွဲ၌ အရှင်ဘုရားနှင့်အတူ ထောင်တွင်း၌ အကျဉ်းကျခံနေရသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ၍ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဦးနေမိန္ဒ
ဦးထာဝရ
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့။
(၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရရဲ့  မွေးနေ့ နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်တို့ ရဲ့ မွေးနေ့ ဟာ ရက် တူပါတယ် - ဇွန်လ ၁၉ ရက်နေ့  ဖြစ်ပါတယ်)။
17 June 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ ဖြန့်ချိပါသည်၊
http://www.nldla-info.co.cc/
ပြည်သူ့ အင်အားနဲ့  နအဖအာဏာရူးတို့ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြစို့  - With The Power of People, We boycott the SPDC’s 2010 Elections!
ဒီရွေးကောက်ပွဲ မဲရုံသရုပ်ပြပွဲကို နအဖလက်ကိုင်ဒုတ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ သိန်းစိုးနဲ့  အဖွဲ့ ဝင်တွေ ကြည့်ရှူလမ်းညွှန်ခဲ့ကြပြီး သူတို့  ခိုင်းစေထားတဲ့သူတွေက ဆန္ဒမဲပေးတဲ့ ပုံစံများတွေနဲ့  သရုပ်ပြသခဲ့ကြကြောင်း သိရှိရပါတယ်။
နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲရေတွက်ရာမှာ ဆန္ဒမဲများပေးပြီးပါက မဲရုံမှူးတွေက အများပြည်သူရှေ့မှောက်မှာ ဆန္ဒမဲလက်မှတ်တွေကို ရေတွက်ရမယ်တဲ့။ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို မနက် ၆ နာရီကတည်းက စဖွင့်မှာဖြစ်ပြီး ညနေ ၄ နာရီတွင် ပိတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
နအဖတွေ ပြောပြောနေတဲ့ “အများပြည်သူရှေ့ မှောက်မှာ ဆန္ဒမဲတွေ ရေတွက်ရမယ်” ဆိုတာ သူ့ လူနဲ့ သူ လက်ဝါးချင်းရိုက်ပြီး မဲတွေရေတွက်ပြမယ်၊ ပြီးရင် သူတို့ ရဲ့ မီဒီယာကနေ မဲတွေ ဘယ်လောက်ရပါတယ်ဆိုပြီး သတင်းတွေ လွှင့်မယ်၊ ဒါမျိုးတွေနဲ့  မဲလိမ်ပြနေတာ ကြာပါပြီ။
မြန်မာပြည်ရဲ့ အလှမ်းဝေးတဲ့ နေရာဒေသက ပြည်သူတွေရဲ့ မဲတွေ၊ ဌာနဆိုင်ရာ အလုပ်ရုံစက်ရုံတွေမှာ ခြိမ်းမြောက်ပြီး ကောက်ယူတဲ့ မဲတွေ၊ အကြောင်းအမျိုးမျိုးပြပြီး ကြိုတင် ကောက်ယူထားတဲ့ မဲတွေ၊ အစရှိတဲ့ မဲတွေကိုတော့ ဖျောက်ပြီး မဲလိမ်ပါဦးမယ်။
၁၉၉၀ ခုနှစ်က ပြည်သူတွေ မဲပေးခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပါဝင်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို ထောက်ခဲမဲတွေ တစ်ခဲနက် ပေးခဲ့ကြတယ်။ ၂၀၀၈ ခုနှစ် နအဖရဲ့  အတုအယောင် ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေအတွက် မဲပေးကြရတဲ့အခါမှာ နအဖက သူတို့  ဖာသာ အကွက်ဆင်ထားတဲ့အတိုင်း ပေးခဲ့ကြတဲ့ မဲတွေကို ထောက်ခံမဲအဖြစ် ဖန်တီးယူပြီး ဒီ နအဖဖွဲ့ စည်းအုပ်ချူပ်ပုံကို ဗြောင်လိမ်ပြီး အတည်ပြုခဲ့ကြတယ်။
ကျွန်တော်တို့ ပြည်သူတွေ ၁၉၉၀ ခုနှစ်တုန်းက အပြည့်အ၀ မဲပေးခဲ့ကြတာကို တွက်ဆပြီး နအဖက အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ဒီလို ဖြစ်အောင် ပြည်သူတွေကို မဲမပေး ပေးအောင်၊ မဲပေးလာအောင် သူတို့  လိုချင်တဲ့ အကွက်ဆင်ထဲ လှည့်ဖြားသွင်းနေပါတယ်။
အခု နအဖအာဏာရူးတွေကို တရားဝင်အစိုးရဖြစ်အောင် ဖန်တီးယူမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးကြရမယ်ဆိုရင် ပေးတဲ့မဲ ကန့် ကွက်မဲဘဲဖြစ်ဖြစ် ထောက်ခံမဲဘဲဖြစ်ဖြစ် နောက်ဆုံးမှာ နအဖအာဏာရူးများနဲ့  လက်ပါးစေများသာ သီးသန့် ဖြစ်နေတဲ့ နိုင်ငံရေးပါတီတွေက အနိုင်ရတယ်ဆိုပြီး နအဖ ယူနီဖောင်းနဲ့  အရပ်ဝတ်အစိုးရအတု ဖြစ်တော့မှာ သေချာတယ်။
ဒီနေရာမှာ ကျွန်တော်တို့  ပြည်သူတွေ မဲပေးပြီး ကန့် ကွက်မဲ (Vote No) ပေးရမလား ဒါမှ မဟုတ် မဲမပေးဘဲ (No Vote) နေရမလား ဆိုပြီး ဇဝေဇ၀ါ ဖြစ်နေရမယ့် အချိန်မဟုတ်တော့ပါဖူး။ မဲများ မပေးလိုက်မိရင် ငါတို့ မပေးလိုက်ဘဲ သူ့ တို့ လူနဲ့  သူတို့ ပေးတဲ့ မဲတွေနဲ့ များ အနိုင်ရသွားမလားဆိုပြီးတော့လည်း စိုးရိမ်နေရမယ့် အနေအထား မဖြစ်သင့်ပါဖူး။ ကျွန်တော်တို့  ပြည်သူတွေ မဲပေးပြီး ကန့် ကွက်လည်း အဲ့ဒီ ကန့် ကွက်မဲအရေအတွက်က မှန်မှန်ကန်ကန်နဲ့  ထွက်ပေါ်လာမှာ မဟုတ်ပါဖူး။
ဒီ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲဟာ သူ့ ဖာသာ ရွေးကောက်ပွဲ ဥပဒေတွေထုတ်၊ ရွေးကောက်ပွဲကော်မရှင်ကို သူ့ လူ သူခန့် ၊ သူ့ လူနဲ့ သူ မဲရုံဆောက်၊ သူ့ လူနဲ့  သူ မဲရေတွက်၊ သူ့ လူကို သူတင်ပြီး ပြည်သူတွေ ကန့် ကွက်မဲပေးလည်း ဘာမှထူးမှာ မဟုတ်တဲ့အတွက် အဖြေ ရှင်းရှင်းကြီးပါဘဲ။
ကျွန်တော်တို့  ပြည်သူလူထုတွေ ဖြစ်ကြတဲ့ အလုပ်သမားဝန်ထမ်းတွေအနေနဲ့ လည်း နအဖတွေက ခြိမ်းခြောက်ပြီး မဲဆန္ဒအတင်းပေးခိုင်းတာ ကြိုတင်မဲတွေ ပေးခိုင်းရင် တိုင်းပြည်နဲ့  လူမျိုး အာဏာရူးများရဲ့  လက်အောက်မှာ ဆက်လက်ဖိနှိပ်ခံမနေရဖို့ အတွက် မိမိတို့  တတ်နိုင်တဲ့နည်းများနဲ့  နအဖ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပေးကြပါလို့  အထူးတိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့  ပြည်သူတွေ စုစုစည်းစည်းနဲ့  တိုက်ရမယ့်ပွဲကတော့ “ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ သပိတ်မှောက်ကြဖို့ ပါ”။
နအဖအာဏာရူးတွေ တရားဝင်အစိုးရအဖြစ် အသွင်ပြောင်းဖို့  အသည်းအသန်လုပ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်တို့ ရဲ့  ပြတ်သား ရဲရင့်သော ဆုံးဖြတ်မှုနဲ့  အလျဉ်း မဲမပေးဘဲ သပိတ်မှောက်ကြပါစို့ လို့  အမျိုးသားရေးအဖြစ် အနူးအညွတ် တိုက်တွန်းအပ်ပါတယ်။
စစ်တွေနှင့် မန်စီ ကားလမ်း အကြားတွင် တည်ရှိသော သဲချောင်းကျေးရွာကို လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် ရွာလုံးကျွတ် ပြိုပျက်
ကျေးရွာသား တဦးက “ လေဆင်နှာမောင်းတိုက်တာက ၃ မိနစ်ဘဲ ကြာပါတယ်။ လေလာတာက တော်တော်ပြင်းပါတယ်။ တခါမှ မတွေ့မမြင်ဖူးပါဘူး။ အိမ်ခြေ ၃၆ လုံး ပျက်စီးသွားပြီး မူလတန်း ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးတဲ့ အထဲမှာ ပါဝင်သွားပါတယ်။ ခုချိန်ထိတော့ ကိုကျော်နိုင်က ပျောက်ဆုံးနေပါတယ်” ဟု ပြောသည်။
လေဆင်နှာမောင်းတိုက်ခတ်မူကြောင့် မိသားစု ၁၇ စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပြပီး ယခုအခါ မောင်လူပျိုကြီး ဆိုသူကို အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရသည်။“ သက်ဆိုင်ရာ လာကြည့်ရုံကလွဲပီး အကူအညီတွေတော့ မပေးသေးပါဘူး။ ရွာသားတွေက ကိုယ့်အား ကိုယ်ကိုးပီး အိမ်တွေ၊ ကျောင်းတွေကို ပြန်ပြင်နေရပါတယ်။ မိသားစု အတော်များများကတော့ ဆင်းရဲအတွက် အိမ်တွေကို ပြန်မပြင်နိုင်သေးပါဘူး” ဟု သူက ပြောသည်။
သို့သော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီပေးခြင်း မရှိသေးသဖြင့် ကျေးရွာသားများက အကူအညီ ရရေးကို မျှော်လင့်နေကြသည်ဟု သိရသည်။
သတင်းရင်းမြစ်..နိရဉ္စရာ
သံလျင်တံတားပေါ်တွင် ခရီးသည်တင် ကားသစ်တစ်စီး မီးလောင်မှုဖြစ်ပွား
သံလျင်တံတားပေါ်တွင် ခရီးသည်တင် ကားသစ်တစ်စီးမီးလောင်မှု ဖြစ်စဉ်ကို ဇွန်လ ၁၅ရက်နေ့ ညနေ ၄နာရီ ၀န်းကျင် အချိန်တွင် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရှိမှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ သီလ၀ါ ဆိပ်ကမ်းဘက်မှ ရန်ကုန်မြို့တွင်း အလာ သံလျင်တံတား ရေလယ်တိုင်အမှတ် ၆ အနီးတွင် အဆိုပါ ခရီးသည်တင်ယာဉ် ကားသစ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် သံလျင်တံတားကိုဖြတ် မောင်းသွားလာလျက်ရှိသည့် အဆင်းအတက်ကားများ အချိန် အတော်အတန်ကြာ တက်ဆင်းခွင့် မပြုခဲ့ကြောင်း သိရှိရသည်။မီးလောင်မှုဖြစ်ခဲ့သော ခရီးသည်တင်ယာဉ်မှာ ကားသစ်တစ်စီးဖြစ်ပြီး ခရီးသည်တစ်ဦးမှ မပါရှိကြောင်း၊ အဆိုပါကားနှင့် အတူ စုစုပေါင်းကားသစ်သုံးစီး သွားနေစဉ်အတွင်း နောက်ဆုံးမှ မောင်းနှင်လာသည့် ယာဉ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရခြင်းမှာ ယာဉ်မောင်းနေစဉ် ဘက်ထရီအိုးမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန်မှာ ညနေ ၄ နာရီ ၈ မိနစ်မှ ၄ နာရီ ၃၅ မိနစ်ထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။"ကျွန်မက တာမွေကနေ သံလျင်ကိုသွားတဲ့ ဟိုင်းလတ်ကားကို စီးပြီးသွားတယ်။ ၆ နာရီလောက်မှာ ကားမီးလောင်နေလို့ ဖြတ်သန်းသွားလာခွင့် မပြူသေးဘူးပြောတယ်။ ည ၇ နာရီမှာ တံတားပေါ်ကို တက်မောင်းခွင့် မပေးသေးတော့ ကျွန်မစီးတဲ့ကားက ယုဇနဥယျာဉ်ဘက်ကနေ ပတ်ပြီးမောင်းခဲ့ပါတယ်" ဟု သံလျင်သို့ ခရီးသွားတစ်ဦးက ပြောကြားခဲ့သည်အဆိုပါဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့မှ မီးသတ်ယဉ် ၃ စီးလာရောက်ငြှိမ်းသတ်သွားခဲ့ကြောင်း သိရှိရသည်။ သဲလျင်မြို့နယ် ရဲစခန်းမှ (ပ) ၇၈၈/၂၀၁၀ ပြစ်မှုပူဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်ဟု news-eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်.။
ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူး နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ( ၂၀၁၀ ) ရွေးကောက်ပွဲ ဥပဒေရေးရာဆွေးနွေးပွဲ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ အခမ်းအနား ( ကိုရီးယား )
ပေးပို့ ပေးသော မောင်လေး ဘော်ဘော် ကိုကျေးဇူးတင်ရှိပါသည်.။
16 June 2010
ကမ္ဘာ့ဖလားပွဲစဉ်များကို ရန်ကုန်လမ်းဆုံတချို့တွင်ဤသို့ ကြည့်နိုင်ပြီ...
ရခိုင်ပြည်နယ် မိုးကြီး မြေပြိုမှုအတွင်း သေဆုံးမှုများရှိ(ရုပ်သံမြင်ကွင်း)
လူနေရပ်ကွက် အတော်များများမှာ ဆိုရင်လည်း မိုးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ပြောပြကြပါတယ်။ လတ်တလောမှာတော့ ဒေသတွင်းမှာရှိတဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်း တချို့က အရေးပေါ် အကူအညီပေးရေး အစီအစဉ်တွေ စတင် ဆောင်ရွက်နေတာတွေ ရှိပြီလို့လည်း ဆိုပါတယ်။ဒါပေမဲ့လည်း မိုးသည်းထန် ရေကြီးတဲ့အတွက် လမ်းတွေပျက်စီး ပြတ်တောက်နေပြီး ကူညီကယ်ဆယ်ရေးတွေ လာဖို့ အခက်အခဲ ဖြစ်နေပါတယ်။
မြန်မာနဲ့ ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းမှာလည်း မိုးကြီး မြေပြိုလို့ ၄၇ ယောက် အနည်းဆုံး သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။တောင်ပိုင်း ကမ်းရိုးတန်း ဒေသဖြစ်တဲ့ ကော့က်စ် ဘဇား (Cox’s Bazar) မှာ ဒီနေ့ အင်္ဂါနေ့ မြေပြိုမှု ဖြစ်ခဲ့တာပါ။ သေဆုံးသူတွေကို ဆက်ပြီး ရှာဖွေနေတာနဲ့အတူ သေဆုံးသူ အရေအတွက် များလာနိုင်ပါတယ်။
စစ်သားတွေ စခန်းချနေတဲ့ နေရာမှာ မြေပြိုသွားလို့ စစ်သား ၆ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်မှာလည်း မြေပြိုတဲ့ နေရာတွေဆီ အကူအညီတွေ ရောက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေက ပြောပါတယ်။
ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းမှာ မုတ်သုန်လေ အသင့်အတင့် ရှိနေပြီး ကျန် ဘင်္ဂလား ပင်လယ်အော်ထဲမှာ မုတ်သုန်လေ အားကောင်းနေတယ်လို့ မြန်မာအစိုးရထုတ် သတင်းစာထဲမှာ မိုးလေဝသ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သတင်းရင်းမြစ်..VOA
နျူကလီးယားကိစ္စပတ်သက်ပြီး နအဖ စွပ်စွဲချက်အပေါ် ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် ဗိုလ်မှူး အောင်လင်းထွဋ်တို့က ပြန်လည်ငြင်းဆို
အဲဒီစာတွေအတွင်း အထောက်အထားက ထောက်ပြထားတဲ့အချက် ၂ ခုကတော့ ဗိုလ် မှူး စိုင်းသိန်းဝင်းဟာ ‘နအဖ’ ကပြောနေသလို ဗိုလ်ကြီးအဆင့်မဟုတ်ဘဲ ဗိုလ်မှူး ဖြစ်တယ် ဆိုတဲ့ အထောက်အထား ရုံးစာနဲ့အထောက်အထားဓာတ်ပုံ၊ နောက်တခါ ဗိုလ်မှူးအောင် လင်းထွဋ်ရဲ့ စာထဲမှာတော့ ‘နအဖ’ က စွပ်စွဲထားတဲ့ အမေရိကန်ဒေါ်လာ ၄၅ဝဝ ကျော်အလွဲ သုံးစားလုပ်တယ်ဆိုတာ မဟုတ်ကြောင်း၊ ဒေါ်လာ ၈ဝဝဝ ကျော်ကို သံ မှူးကြီး ဦးမင်းလွင်ဆီ လွဲပြီးဖြစ်တဲ့အကြောင်း သံရုံးရဲ့ တရားဝင်စာကို ပူးတွဲဖော်ပြ ထားတာ တွေ့ရပါတယ်။ ဒါဟာမြိုင်မြို့မှာ အခြေစိုက်ဖွင့်ထားတဲ့ နျူကလီးယားတပ်ရင်းမှ ဗိုလ်မှူး စိုင်းသိန်းဝင်း ပြည်ပကိုထွက်လာပြီး ‘နအဖ’ နဲ့ မြောက်ကိုးရီးယားတို့ရဲ့ နျူကလီး ယား ဆက်ဆံရေးအကြောင်း ဒီဗွီဘီကို ပြောပြပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့မှာ စစ်အစိုးရက သတင်းထုတ် ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ သတင်းထုတ်ပြန်ချက်ဟာ ဗိုလ်မှူး စိုင်းသိန်းဝင်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမှအပ နျူကလီးယားနဲ့ ပတ်သက် ပြီး အရေးကြီးတဲ့အချက်တွေကို ငြင်းဆိုနိုင်တာမျိုး မတွေ့ရသေးပါဘူး။
သတင်းရင်မြစ်..http://burmese.dvb.no/news.php?id=11197
ရန်ကုန်မြို့ တွင် ပါရမီဂိတ်ရထားသံလမ်းအကူးရထားလမ်းဖြတ်ကူးသည့်ကားကို မြို့ပတ်ရထားက အရှိန်ပြင်းစွာ ၀င်တိုက်
ရန်ကုန်ဘူတာကြီးမှ အင်းစိန် သို့ မောင်းနှင်လာသော မြို့ပတ်ရထားတစ် စင်းသည် ယင်းနေ့ ည ၁၀နာရီ ၄၅ မိနစ် တွင် အုတ်ကျင်းဘူတာနှင့် သမိုင်းဘူတာ အကြား မိုင်တိုင်အမှတ်-၆^၂၅နှင့် ၆^၂၆ တို့အကြား ပါရမီဂိတ်ရထား သံလမ်းကူး အရောက်တွင် သံလမ်းအား ဖြတ်ကူးလာ သော လိုက်ထရပ်စ်အဖြူရောင်ယာဉ်အား တိုက်မိခဲ့သည်။ ယင်းသို့ တိုက်မိသော ကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူ အသက် (၂၀)အရွယ် မိန်းကလေးတစ်ဦး မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း ကျန်နှစ်ဦးမှာ ထိခိုက်မှုမရှိကြောင်း သိရ သည်။
''ကားအမှားလား၊ ရထားအမှား လားဆိုတာ ရုံးမှာ စစ်ဆေးရင် အဖြေပေါ် မှာပါ။ လက်ရှိတော့ ရထားကို မီးရထား အက်ဥပေဒအရ အရေးယူစစ်ဆေးဆောင် ရွက်နေပါတယ်''ဟု အုတ်ကျင်းဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''လွန်ခဲ့တဲ့ နှစ်လကလဲ အဲဒီနေ ရာမှာ လူတစ်ဦး ရထားအကြိတ်ခံရသေး တယ်။ အဲဒီနေရာက ခဏခဏ ရထား အကြိတ်ခံရတဲ့ ရာဇ၀င်ရှိတယ်။ ရထားလာ တဲ့အချက်ပေးကိရိယာကလဲ ချို့ယွင်းနေ တယ်။ အဲဒီနေ့က ရထားက အရှိန်နဲ့ ၀င် တိုက်တော့ ကားကို အလယ်ကနေ ချိုး လိုက်သလို ကျိုးကျေပြီး လွင့်ထွက်သွား တယ်။ ကားပေါ်မှာပါတဲ့သူတွေကို သေပြီ မှတ်တာ။ နှစ်ယောက်ပဲ ဒဏ်ရာအပြင်း အထန်ရတယ်။ ကျန်တဲ့နှစ်ယောက်က တော့ ဘာမှ မဖြစ်သွားဘူး။ ဒဏ်ရာရတဲ့ နှစ်ယောက်ကို သွားကြည့်တော့မှ မသေ သေးတာနဲ့ ရန်ကုန်ဆေးရုံကြီးကို အရေး ပေါ်ပို့လိုက်ရတယ်''ဟု အခင်းဖြစ်ပွားရာကို တွေ့ရှိခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။
ယာဉ်မောင်းမှာ ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲဒဏ်ရာများ ပြင်းထန်စွာရရှိသော ကြောင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန တွင် ကုသခဲ့ရပြီး အသက် (၂၀)အရွယ် မိန်းကလေးမှာ ဦးခေါင်းပိုင်းအဓိကထိခိုက် သောကြောင့် ရန်ကုန်ဆေးရုံကြီးဦးနှောက် နှင့် အာရုံကြောဌာနတွင် လေးရက်ကြာမျှ ကုသခံခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းမှ (ပ)၁၂၉^၁၀ မီးရထားအက်ဥပဒေတို့ဖြင့် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
သတင်း YMG
မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ၏ မျိုးဆက်လှိုင်း ကဗျာစုများ။
ရန်ကုန် Myanmar Information and Communication Technology Park မြန်မာအင်ဖိုတက် လို့  ခေါ်တဲ့ MICT Park မှာ မနက်က မီးလောင်မှု ဖြစ်ပွားကြောင်း
ရန်ကုန် Myanmar Information and Communication Technology Park မြန်မာအင်ဖိုတက် လို့  ခေါ်တဲ့ MICT Park မှာ မနက်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရပါတယ်။
15 June 2010
မြန်မာနိုင်ငံ ၀န်ကြီးများအား အထူး တာဝန် ပေးအပ်ခြင်း
အရည်အချင်းများရှိသောဝန်ကြီးများမျာအားအထူးအာဏာကုန်လွှဲအပ်ထားခြင်းကြောင့်ဖြစ်သည်ဟုနိုင်ငံတော် အကြီးအကဲများက ၀မ်းမြောက်ဂုဏ်ယူလျှက်ရှိကြသည်။
ကမ္ဘာတွင် လဘ်စားမှုအများဆုံး တိုင်းသူပြည်သားများအား အနှိပ်စက်ဆုံး ပညာရေး တွင် အဆင့်အနိမ့်ဆုံး
တွင်မကြုံဖူးအောင် နိုင်ငံအ၀န်းလုံး ရာသီဥတု ဒဏ်ကို ပြင်းထန်စွာ ခံနေရခြင်း မိမိ ကိုးကွယ်သော ဘာသာ
သည် နိုင်ငံ စာပေ လွတ်လပ်ခွင့် အနည်းဆုံး ကမ္ဘပေါ်တွင် လမ်းပန်း ဆက်သွယ်မှု အခက်ခဲဆုံးနှင့် စက်သုံး
ကာကွယ်ရေး ၀န်ကြီးဌာန
ဖြင့်တိုင်းပြည်အားအနစ်နာခံရန်။
မြန်မာနိုင်ငံကျောင်းသားလူငယ်မျ
သော နေရာများတွင် ရွှေ့ပြောင်းဆောက်လုပ်ရန်။
သာ ဘစ်စကားမှတ်တိုင်များကို ထားရှိရန်။
တွင်
အား ကူညီပေးရန်။
်ရွက်ခွင့်ပေးရန်။
ပြည်သူများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရေးအတွက် တယ်လီဖုန်းလိုင်းများ ချပေးရန် ၊ သို့သော်ပြည်သူများ ငွေကုန်ကြေးကြများမှုကိုထိန်းသိမ်းနိုင်ရန်အတွက် ဖုန်းလိုင်းများ အား ခေါ်ရခက်အောင်လုပ်ထားကြရန် ။
ကြောင့်အမြန်နူန်းများ လျှော့ချရန်။
မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့်ပြည်သူများအားအစိုးရဘာလုပ်လုပ်သည်းခံစိတ်မွေးနိုင်ကြ
မည့် တရားတော်မျာသာသင်ကြားပေးနိုင်ရန် သာသနာရေးဝန်ကြီးအား အထူးတာဝန်ပေးအပ်သည်။
မြန်မာနိုင်ငံ ၏ သမိုင်းတွင် မကြုံဖူးလောက်အောင် မည်သည့်နေရာ၌ တိုးတက်နေသည်ကို အမှန်တကယ်သိ
ေ
သာဖော်ပြရန်။
တိုင်းပြည်တွင် ဖြစ်ပွားနေသာ ခိုးဆိုးလုယက်မှုများ ကို မဖြစ်ပွားစေရန် လူဆိုးသူခိုးများအား ထောင်ထဲထည့်၍ မိမိတို့ကိုယ်တိုင်ဦးစီးဆောင်
ခန်းများ နှင့်ကာရာအိုကေများ တိုးချဲ့ဖွဲ့လှစ်ရေးကို အကူအညီပေးကြရန်။
ြ
စားနိုင်ရန် စီမံပေးရန်။
ရန်ကုန်မြို့တွင်အိမ်ငှားအယောင်ဆောင်လင်မယား အိမ်ပွဲစားထံမှ ကျပ်ခုနစ်သိန်းဖိုးခန့်ရွှေထည်များ အကြမ်းဖက်လုယက်
မြေနီကုန်းအနောက်ရပ်ကွက် ရန်ကင်းလမ်းတွင် ဇွန် ၃ရက်က အိမ်ငှားမည် ဟုပြောပြီး အိမ်လိုက်ပြခိုင်းရာမှ ပွဲစားကို နေအိမ်ခန်းတွင် အကြမ်းဖက်ကာ ဓားမြှောင် ဖြင့် လည်ပင်းကိုနှစ်ချက်ထိုးပြီး ကျပ်ခုနစ်သိန်း ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများယူဆောင် သွားသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ယင်းဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် ဒေါ်ချိုချိုသည် ဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီး အထွေထွေကုသဆောင် တွင် ဆေးကုသမှုခံယူခဲ့ရသည်။
''အဲဒီနေ့ နံနက် ၁၁နာရီလောက်က အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး အိမ် ငှားချင်တယ်ဆိုပြီး အန်တီတို့နေတဲ့အိမ်ကို ရောက်လာတယ်။ မျက်နှာသိကလဲဖြစ်ပြန်၊ အိမ်လဲအဆင်သင့်ရှိနေတာနဲ့ အိမ်ပြဖို့လိုက် သွားတယ်။ မြေနီကုန်း ပထမတစ်အိမ်ကို အရင်ပြတော့ မကြိုက်ဘူးလို့ ပြောတာနဲ့ ရန်ကင်းလမ်းကအိမ်ကို လိုက်ပြတာ၊ ဒါနဲ့ အဲဒီအိမ်ကိုလဲရောက်ရော အခန်းကြိုက် တယ်လို့ပြောပြီး နောက်ဖေးဘက်ခဏသွား ကြည့်ကြမယ်လို့ပြောတာနဲ့ လိုက်သွားတာ၊ နောက်ဖေးခန်းလဲရောက်ရော မိန်းမလုပ်တဲ့ သူက ပါးစပ်ကိုပိတ်ပေးတယ်။ ယောက်ျားလုပ် တဲ့သူက ယာဘက်လည်ပင်းကို ဓားမြှောင်နဲ့ တစ်ချက်ထိုးတယ်။ မိန်းမကလဲ တစ်ချက်ထပ် ထိုးတယ်။ ပြီးတော့ အန်တီ့ရဲ့မျက်နှာတစ်ခု လုံးကို လက်သီးနဲ့ထိုးတယ်။ လည်ကုပ်ကို ခြေထောက်နဲ့နင်းတယ်။ အန်တီ ဒူးထောက် ပြီး တောင်းပန်တာတောင် ရက်ရက်စက်စက် လုပ်သွားကြတယ်။ သူတို့အားရအောင် နှိပ် စက်ပြီး အန်တီလဲကျတော့မှ ၀တ်ထားတဲ့ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်တွေယူသွားတာ'' ဟု ဒေါ်ချိုချိုက သူ၏အဖြစ်ကိုပြောသည်။
ထို့နောက် မွန်းလွဲ ၁၂နာရီ ကျော် အချိန်တွင် ဒေါ်ချိုချို ဒဏ်ရာကြောင့် မေ့ မြောနေရာမှ ပြန်လည်သတိရလာပြီး ပတ် ၀န်းကျင်ကို အကူအညီတောင်းရာမှ လာ ရောက်ကူညီပြီး ဒေါ်ချိုချိုနေသည့်အိမ်သို့ အကြောင်းကြားပေးကြကြောင်း သိရသည်။
''အမေ့ကို အသေသတ်သွားကြတာ။ ကံကောင်းတော့ အမေကမသေဘူး။ သက် ကြီးရွယ်အိုတစ်ယောက်ကို ဒီလိုလုပ်သွား တာ အရမ်းရက်စက်လွန်းအားကြီးတယ်။ ဒီလိုလုပ်သွားတဲ့ လူနှစ်ယောက်က အရင် ဒီရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ဖွင့်သွားတဲ့ သူတွေ။ အဲဒီဆိုင်ဖွင့်ဖို့နေရာကိုလဲ အမေပဲ ရှာပေးလိုက်တာ။ သူတို့နှစ်ယောက်ကို ဥပဒေ အရ ထိထိရောက်ရောက်အရေးယူနိုင်မယ် လို့ ယုံကြည်ပါတယ်။ အမှုဖြစ်စဉ်ကို စမ်း ချောင်းရဲစခန်း၊ ခရိုင်၊ တိုင်းအဆင့်အထိ တိုင် ကြားထားတယ်''ဟု ဒေါ်ချိုချို၏သားဖြစ်သူ ကိုခင်မောင်ဦးကပြောသည်။
အဆိုပါအမှုကို စမ်းချောင်းရဲစခန်း မှ (ပ)၂၉၅/၁၀ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၄အရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
သတင်း...YGM
စီဒီအမ်အေ၈၀၀မဂ္ဂါဟတ်ဇ်ဖုန်းများကိုဇွန်လ၁၅ရက်မှစတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသတ်မှတ်ပေးသည့်ရန်ကုန်မြို့ရှိ နေရာရှစ်ခုတွင်၂၄နာရီအတွင်းလျှောက်ထားနိင်
သတ်မှတ်ထားသည့် နေရာရှစ်ခုမှာ အိတ်စ်ချိန်းရုံးလေးခုနှင့် စာတိုက်လေးခုဖြစ်ပြီး အိတ်စ်ချိန်းရုံးလေးခုမှာ အလုံ၊ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် လမ်း၄၀အိတ်စ်ချိန်းရုံးများဖြစ်ကာ စာတိုက်လေးခုမှာ မင်္ဂလာဒုံ၊ မြောက်ဒဂုံ၊ ဗဟိုစာတိုက်ကြီးနှင့် တက္ကသိုလ်စာတိုက်တို့ ဖြစ်သည်။ ဖုန်းလျှောက်ထားရယူလိုသူများ အနေဖြင့် ထိုသတ်မှတ်နေရာရှစ်ခုတွင် လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျပ်ငါးသိန်းဖုန်း ငှားရမ်းသုံးစွဲခွင့်ကို ၂၄နာရီအတွင်း ရရှိမည်ဖြစ်သည်။
ငှားရမ်းသုံးစွဲခွင့်ကို ရရှိပြီးပါက မင်္ဂလာဒုံ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ကျောက်တံတား၊ ဗဟန်းမြို့နယ်များရှိ အီလိုက်တက် အရောင်းစင်တာများတွင် ဖုန်း RUIM ကတ်များကို ထုတ်ယူနိုင်မည် ဖြစ်သည်။
ထိုဖုန်းများကို ယခင်က နေပြည်တော်ရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး၊ ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ်ရုံးနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးများသို့ ဆက်သွယ်လျှောက်ထားခဲ့ရပြီး ဖုန်းငှားရမ်းသုံးစွဲခွင့်ရရှိရန် အနည်းဆုံး နှစ်ပတ်ကြာမြင့်ခဲ့သည်။ အဆိုပါဖုန်းများ စတင်ချပေးထားမည့် အစီအစဉ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကြေညာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် လိုင်းပေါင်းတစ်သိန်းခွဲ ချထားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သတ်မှတ်ဧရိယာကုဒ်နောက်တွင် ၇၃(သို့)၉၁ နံပါတ်များဖြင့် စတင်သည့် ထိုဖုန်းများကို ဇန်န၀ါရီလ၄ရက်မှ စတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ချထားပေးခဲ့ခြင်းဖြစ်ပြီး ယခုလဆန်းတွင်ထုတ်ပြန်သည့် တရားဝင်စာရင်းများအရ ရန်ကုန်မြို့တွင်လိုင်းပေါင်း ၃၅,၀၀၀ ကျော်နှင့် မန္တလေးမြို့တွင် လိုင်းပေါင်း၁၅,၀၀၀ကျော် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းများကို ၂၄နာရီအတွင်း အပြီးလျှောက်ထားရယူနိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြောက်ဒဂုံမြို့နယ်နေ ကိုမိုးညိုက “ဒီအစီအစဉ်သစ်ကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဘာကြောင့်လဲဆိုတော့ ဖုန်းလျှောက်ချင်သူတွေအတွက် အချိန်သိပ်မပေးရတော့သလို လျှောက်ထားရမယ့် နေရာတွေကို အသေအချာ သတ်မှတ်ပေးထားတဲ့အတွက် ဘယ်နေရာမှာ လျှောက်ရမယ်ဆိုတာ သို့လော၊ သို့လောဖြစ်နေတဲ့ ဖုန်းလျှောက်ထားသူတွေအတွက် အလွန်အဆင်ပြေပါတယ်။ ဒီသတင်းကတော့ လူတိုင်းမျှော်လင့်နေတဲ့ သတင်းပါ။ အခုဆိုရင် တချို့နေရာတွေမှာ ဖုန်းလိုချင်သူတွေအတွက် တစ်သိန်းလောက် အပိုပေးနေရပေမယ့် အဲဒီအခြေအနေရောက်ရင် ဒါလွတ်ကင်းသွားမှာပေါ့”ဟု သုံးသပ်ပြောကြားသောသတင်းအား ပလဲနက်(.planet) ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။
အခြေခံကျောင်းသားများ ပညာရေး စရိတ် မတတ်နိုင်သဖြင့် စာသင်ခန်း ကို ကျောခိုင်းကြ
ယမန်နေ့ က အခြေခံပညာ အထက်တန်း ဆယ်တန်း အောင်စာရင်း ထွက်ချိန်တွင် ကျရှုံးခဲ့သူများက ‘ကျွန်တော်တော့ နောက် နှစ် ပြန်တက် ဖို့ အစီအစဉ် မရှိ တော့ ဘူး ၊ကျူရှင် လည်း မယူနိုင်ဘူး၊မီးစက် ဖိုးလည်း မတတ် နိုင်ဘူး ဟု အထက (၁) မြောက်ဥက္ကလာ မှ ကျောင်းသား တစ်ဦးကဆိုခဲ့သည်။
ဇွန်လဆန်း က စတင်ဖွင့် လှစ်သည် ပညာသင်နှစ် ၏ အစဖြစ်သည့် တစ်လ မပြည့်ခင်မှာ ပင်အထက်တန်း ကျောင်းသား တစ်ဦး ၏ ကျောင်းစရိတ် သည် ငါးသောင်း ကျော်သွားပြီ ဖြစ်ကြောင်း ကျောင်းသား မိဘ တစ်ဦး ကပြောသည်။’နောက်နှစ် ပရိုက်ဗိတ် ကျောင်း တွေ စမယ်ဆိုရင် ကျင့်သား ရအောင် လို့ ပေါ်လစီ တွေ ချိန်း တာ ‘ဟု အထက (၃)တာမွေ မှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။
အထက (၂) ရန်ကင်း မှ ဆယ်တန်းကျောင်းသား တစ်ဦးက ဆရာမ ကသူ့ ဆီမှာ ကျူရှင်မယူရင် မကြိုက် ဘူး ၊မတတ်နိုင် လို့ သင်ရိုး ညွှန်း တမ်း အဟောင်း ၀ယ်တာ သူ့ ဆီမှာကျူရှင် မယူ လို့ အဟောင်း မကိုင်ရဘူး လို့ ပြောတယ် ဟု အဆိုပါ ကျောင်းသား ကကျောင်းတွင်း အခြေအနေ များ ကိုပြောပြသည်။
ရန်ကုန် နှင့် ပဲခူးတိုင်း ရှိ အခြေခံ ကျောင်း အများစု မှာ အလှုငွေများ ထည့်ဝင်ခိုင်းခြင်းကျောင်းသာယာလှပရေး၊အားကစားကွင်း အဆင့်မြှင့်ရေး၊ ရေသန့် စက်တပ်ရေး၊အ၀ီစိတွင်း တူးရေး ခေါင်းစဉ် မျိုးစုံဖြင့် အလှုငွေ ခံကြသည် ။
ကျောင်းဆရာ၊ဆရာမ များက ယခုကဲ့ သို့ ကျူရှင် ယူခိုင်းခြင်း၊အလှုငွေများ ထည့်ဝင်ခိုင်းခြင်း တို့ သည် ပုဂ္ဂ လိက ပညာသင် ကြားရေးစနစ် သို့ ပြောင်းမည် ဟု သတင်းထွက်ပေါ်နေ သည့် ကျောင်းများ တွင် ပို၍ ဆိုးသည် ဟု သိရသည်။
ကျောင်းသားများ၏ ပညာ သင်ကြားစရိတ်မြင့်မား မှု ကြောင့် အထက်တန်း အဆင့်ကျောင်းသား များက ကျောင်း အချို့ တွင် အလှုငွေ မပေးရေး-ကျူရှင် မတက်ရေးဆော်သြမှု များ လုပ်နေသည် ။ယခင် သီတင်တစ်ပတ် က အခြေခံပညာ ကျောင်းသား သမဂ္ဂ နှင့် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ တို့ က ဦးဆောင်ကာ အပို ပညာသင် ကြေး လျှော့ ချရေး စာများ ဝေငှခဲ့သည်။
အမေရိကန် တွင် K-12 ဟု ခေါ်သည့် အခြေခံပညာ (High School)ပညာ သင်စရိတ်မှာအခမဲ ဖြစ်သည့် ပြင် နံနက်စာ နှင့် နေ့ လည်စား စရိတ် နှင့် ကျောင်းကြိုပို့ စရိတ် ပါအခမဲ့ဖြစ်သည်။ အသက် ၁၈ နှစ် အောင် မည်သူ မဆို ပညာရေး အခမဲ့ သင်ယူ ခွင့်ရှိ ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လာကြသည့် ဒုက္ခသည် များ ၏ သားသမီးများ ပါ လွတ် လပ်စွာ ပညာသင်ယူ နိုင်သည်။
အခြား နိုင်ငံများတွင် လည်း အထက်တန်းထိပညာ ရေးမှ အခမဲ့ ဖြစ်ပြီး အမေရိကန်နှင့် ဥရောပ နိုင်ငံ အချို့ တွင် ဆင်းရဲ သော ကျောင်းသား ၏ မိဘ (သို့ မဟုတ်) အုပ်ထိန်းသူ ကို အစားအသောက် အ၀တ်အထည်ထောက်ပံ့ခြင်း ၊အလုပ်အကိုင် ရှာဖွေပေးခြင်း၊အိမ်တိုင်ယာရောက် လိုအပ် သည်များ ကိုကူညီခြင်း တို့ အား လုပ်ပေးသည် ။
သတင်းရင်းမြစ်..Freedom News Group