မြန်မာပြည်မှာ   ခုတလော နာမည်ကြီးနေတဲ့     PRIVATE    SCHOOL   ရဲ့လိမ်ညာမှု
 
  PRIVATE    SCHOOL တွေဖွင့်တော့ M.Sc  M.A   ရထားတဲ့   မိန်းကလေး   တော်တော်  များများ   ၀မ်းသာ   ကြပါတယ်။    PRIVATE    SCHOOL   တွေက M.Sc   M.A ရထားတဲ့   သူတွေကို  ဆရာမ  အဖြစိ  STUDY    GUIDE အဖြစ်  ခန့်မယ်လို့ SEVEN  DAYS   NEWS ဂျာနယ်မှာအတိအလင်းပြောထားတာကိုဖတ်ခဲ့ရလို့ပါ။ အဲဒီထဲမှာ ကျွန်မလဲ တစ်ယောက်အပါအ၀င်ဖြစ်ခဲ့ပါတယ်။
 ကျွန်မက M.Sc ရထားတဲ့သူတယောက်ပါ ။မဟာမြကျွန်းသာ (MMAC) ဆိုတဲ့ ကျောင်းက M.Sc M.Aတွေကို ဆရာမအဖြစ် STUDY GUIDE အဖြစ်ခေါ်ပါတယ်။ကျွန်မလဲ ၀င်လျှောက် ဖြစ်ပါတယ်။ဆရာမအဖြစ်အရွေးခံရပါ တယ်။ အရမ်း နာမည် ကြီးနေတဲ့ ကျောင်းမို့အရမ်း အထင်ကြီးပြီး လျှောက်ခဲ့တာပါ။ နေစရာ၊ စားစရာပေးပြီး၊ လစာကို (၄၅၀၀၀ မှ ၈၀၀၀၀ )ထိပေးမယ်လို့ပြောခဲ့ပါတယ်။
 ကျွန်မတို့လိုပညာသာတတ်ပြီး၊ကိုယ့်ဝမ်းစာကိုကိုယ့်ဘာသာရှာစားနေရတဲ့ မိန်းကလေးတွေ အတွက်တော့မဟာ အခွင့်အရေးပါပဲ။ ဒါပေမယ့် ဒါတွေက အိမ်မက်ပဲ ဖြစ်ခဲ့တာပါ။ အလုပ်လျှောက်လွှာကို လက်ခံတဲ့ နေရာက ၆မိုင်ခွဲမှာရှိတဲ့မူကြို တစ်ခုမှာပါ။ မူကြို ကလဲ စင်ကာပူ သင်ရိုး အတိုင်းသင်တဲ့ မူကြိုမို့ အထင်ကြီး စရာအင်မတန်ကောင်းပါတယ်။ မူကြိုတောင် ဒီလောက် အဆင့်မြင့် ရင်  PRIVATE  SCHOOL က ပိုတောင် သားနား မယ်လို့ ထင်ခဲ့ ပါတယ်ရှင်။
 ဒါနဲ့ပဲ ကျွန်မ အရွေးခံရပါတယ်။ အလုပ်အတွက် စာချုပ်ချုပ် ရမယ်လို့ပြောပါတယ်။တလကို(၄၅၀၀၀)နဲ့(၃)နှစ် စာချုပ်ရပါတယ်။စာချုပ်ထဲမှာလဲ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ အချက်တွေ သာပါပြီး သင်ကြားရေး တာဝန်ခံ ဆရာမဆိုတဲ့ရာထူးနဲ့ချုပ်တာပါ။ စာချုပ်ချုပိပြီးတာနဲ့မြရိပ်မာလာ ဆိုတဲ့အဆောင်ကို ခေါ်သွားပါတယ်။ အဲဒီမှာ စပြီး တွေ့တာပါပဲ။
 ပေ(၁၀၀)ပတ်လည်တောင် မရှိတဲ့ ခြံဝင်းထဲမှာ နှစ်ထပ်တိုက်၂လုံး၊ဂိုထောင်လိုလိုအခန်း (၂)ခန်း၊ စာသင်ဆောင်(၂)ခု နဲ့ ရေကန် (၁) ကန်တွေ့ရပါတယ်။နှစ်ထပ်တိုက် (၂)လုံးကတော့ ကျောင်းသူတွေနေတဲ့ အဆောင်ပါ။ ဂိုထောင် လိုလို အခန်း ကတော့ ဆရာမများ အတွက် ဖြစ်ပါတယ်။
 ဂိုထောင်တခုမှာ ဆရာမ (၄) ယောက်နေရပါတယ်။ မိုးတွင်း ရောက်ရင် ခုတင်ခြေထောက်ထိ ရေမြုပ်တဲ့ အခန်းတွေပါ။
 ကျွန်မတွေ့ခဲ့ရတဲ့ဖိနှိပ်မှုနဲ့ချူပ်ချယ်ခံရမှု များကိုအောက်မှာ ဆက်ရေးထားပါတယ်။
 (၁)တိုးတတ်နေတဲ့ခေတ်ထဲမှာမည်သည့် သတင်းစာ မှ မဖတ်ရ။
 (၂)ရေဒီယိုနားမထောင်ရ။
 (၃)(MP3  )(MP4  )လက်ကိုင်ဖုန်းသုံးခွင့်မပြု။
 (၄)မိမိ မိသားစု အသိုင်းအ၀ိုင်းကမိမိထံသို့ဖုန်းဆက်ခွင့်မရှိပါတဲ့။လာရောက်တွေ့ခွင့်မရှိပါ။
 (၅)သန့်ရှင်းရေးနဲ့ပန်းပင် ရေလောင်း တာကို အလှည့်ကျလုပ်ရပါတယ်။
 (၆)ညဘက် ရေတင်တာ ကိုအလှည့်ကျ စောင့်ရပါတယ်။ (ကျောင်းသူများရဲ့ ရေချိုးခန်းထဲကိုထည့်တာပါ)
 (၇)ကျောင်းသူများရဲ့အခန်းကို ROOM  SERIVE  ၀င်ပေးရ ပါတယ်။
 (၈)ဂိတ်ပေါက် စောင့်ရပါတယ်။
 (၉)ဆရာမများ တနေ့ကိုရေတခါပဲ ချိုးရမယ်လို့စည်းကမ်း ထုတ်ထားပါတယ်။            
ရေချိုးရတဲ့ နေရာကို ပြောပြ  ပါမယ်။
 လူနှစ်ရပ် လောက်ရှိတဲ့ ရေကန်နဲ့ခြံစည်းရိုး အုတ်နံရံကြား လူတကိုယ်ဝင်စာ  ရှိတဲ့ နေရာမှာ  ရေချိုး ရတာပါ။  လူနှစ်ရပ်လောက်ရှိတဲ့  ရေကန်မှာ  ရေက တစ်တောင်လောက်ပဲ  ရှိတာကို   ပုံးမှာကြိုး တပ်ပြီး  ငင်ချိုးရတာပါ။  မျက်နှာသစ်ဖို့ရေက အမှိုက်တွေနဲ့သံချေးရေပါ။ တစ်နှစ်ပတ်လုံး မိုးတွင်းက လွဲလို့ကျန်တဲ့ အချိန်တွေမှာ ဒီလိုပဲ သုံးရပါတယ်။ ဒါဟာ လိမ်ညာမှုပါပဲ။
 ဒါဟာ  အိမ်အကူတွေ  လုပ်ရတဲ့  အလုပ်မျိုးတွေပါ။  ဆရာမ ဆိုတဲ့ နာမည်တပ်ပြီး  အိမ်အကူ လုပ်ခိုင်းချင်း တာပါ။စာချုပ်မှာ မပါတဲ့ အချက်တွေကို အခိုင်းခံရပေမယ့် စာချုပ်ဆိုတာကြီးကို ကြောက်လို့ မထွက်ရဲတဲ့ သူတွေအများကြီးပါ။ မဟာမြကျွန်းသာဆိုတဲ့ ဒီ PRIVATE  SCHOOL  ကပညာတတ် အမျိုးသမီးတွေကို ပြင်ပနဲ့အဆက်အသွယ် ဖြတ်တောက်ပြီး အကျဉ်းချကျွန်ပြုထားတာ ပြည်တွင်း လူကုန်ကူးမှု လို့တောင်ပြောလို့ရပါတယ်။
 တိုးတက်နေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာသတင်းစာ မဖတ်ရဆိုတာ တော်တော်  ဆိုးဝါးတဲ့ အချက်ပါ။  စီးပွားရေး အရကြည့် ရင်လဲ ပိုက်ဆံ ရစရာရှိတဲ့ ကျောင်းသူ တွေကိုတော့ ကောင်းကောင်း ထားပြီး၊ပိုက်ဆံပေးရမယ့် ဆရာမ (တနည်းဝန်ထမ်း၊ အလုပ်သမား )ကိုတော့ ဖိနှိပ်ထားတာ အရင်းရှင် စနစ်ကို ကျင့်သုံးတာပါပဲ။
 အရမ်းကောင်းပြီးအဆင့်မြင့်ပါတယ်လို့နာမည်ကြီးနေတဲ့ မဟာမြကျွန်းသာ PRIVATE  SCHOOL  ကိုတော့ ပညာတတ်မိန်းကလေးများမလျှောက်မိပါစေနဲ့။အမှားကြီးမှားမှာစိုးရိမ်လို့ပါ။ နီးစပ်ရာ သူငယ်ချင်းများကို ပြော   ပြပြီး  forward   လုပ်ပေးကြပါလို့အကူအညီ တောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။