13 February 2010

(၂၄-၁- ၂၀၁၀)ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော မြန်မာ အလုပ်သမား (၈)လောင်း၏ ဓါတ်ပုံမှတ်တမ်း.။


















(၂၄-၁- ၂၀၁၀)ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာနေ
၁။ စောဒီးဒုံ (အသက် ၂၈ နှစ်)
၂။ စောတူအောင် (အသက် ၃၃ နှစ်)
၃။ နော်တင်ချိုအေး (အသက် ၂၈နှစ်)
၎။ မူးချဲချဲ (အသက် ၂၈ နှစ်)
၅။ စောကျော်ဦး (အသက် ၂၇)နှစ် တို့နှင့်
ကရင်ပြည်နယ် ဖားအံမြို့ နယ်။ ထောင်ကလပ်ကျေးရွာနေ
၆။ နန့်ကျွန်အေး (အသက် ၃၂ နှစ်)
၇၊ နန့်အေးချို (အသက် ၂၃ နှစ်)
၈၊ စောအကုံ (အသက် ၂၈နှစ်) တို့၏ ရုပ်ကလပ်ကို ဒီကနေ့ မီးသင်္ဂြိုလ် သွားပါတယ်။
လိုက်ပါပို့ဆောင်သူ မြန်မာအလုပ်သမားပေါင်း (၁,၀၀၀)နီးပါးခန့်ရှိပါတယ်။
အသက်ခံရသူ (၉)ယောက်တွင် (၁)ယောက်မှာ ယနေ့အထိပျောက်ဆုံးနေဆဲဖြစ်ပါသည်၊

(မှတ်ချက်)
ဤမှတ်တမ်းဓာတ်ပုံများအားမည်သူမဆိုကူးယူနိုင်ပါသည်။ကူးယူပြီးလျှင်မည်သူရှိကယူတင်ပါသည်ဟု
ဖော်ပြစေချင်ပါသည်.။

မြတ်လေးငုံ

ဗိုလ်ချုပ်အောင်ဆန်း ကို ဘယ်သူ သတ်သလဲ












မြင်စမ်းစေချင်


အင်္ဂလိပ်က လိုသမျှဖဲ့
ဂျပန်က ဗိုလ်ကျခဲ့
ငိုရတဲ့ သူတွေက ဒို့မြန်မာ
မြို့ရွာတွေ မအေးချမ်း
ဘေးဘယန်း သောင်းခြောက်ထောင်
ခေါင်းပေါက်အောင် သူစဉ်းစားတော့
ရန်သူချင်း ရန်မူမှ
ပြန်ယူလို့ရမည် အဖြေထွက်
အနေသာလျက်နဲ့ သူမနေ
ပြည်သူတွေ ရင်အေးဖို့
ရင်လေးလို့ အိပ်မပျော်
ရဲဘော်တွေ အကုန်စု
အံတုလို့ ခုခံ
တော်လှန်ဖို့ ကျိုးစား
တစ်မျိုးးသားလုံး လွတ်မြောက်ရေး
အသက်ပေးလို့ ဆပ်ခဲ့ပြီ။

အင်္ဂလိပ်တွေ ထွက်ခွါ
ဂျန်ပန်တွေ ပြန်ဆုတ်
ရန်လုပ်သူတွေနဲ့ ဝေး
လွတ်လပ်ရေးလဲ ရခဲ့
ဒါပေမဲ့ တိုင်းပြည်မှာ
အာဏာရှင် အုပ်စိုး
စိုးမိုးလို့ ချယ်လှယ်
နှစ်လေးဆယ် ကျော်ခဲ့
အဖေါ်မဲ့တဲ့ မြန်မာ
ကမ္ဘာမှာ နင်းပြားမို့
သနားလို့ ၀ိုင်းကြည့်
အတိုင်းမသိ ရင်နာဘွယ်
သခင်ရယ် ထကြည့်ပါလော့။

(မင်းထက်)

(၉၅-နှစ်မြောက် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လွမ်းဆွတ်တသ အစဉ်သတိရလျှက်)


ဗိုလ်ချုပ်အောင်ဆန်း-ကို-ဘယ်သူ-သတ်သလဲ

မြန်မာနိုင်ငံ ကလေးများနေ့

တရုတ် ရေနံနဲ့ သဘာဝပိုက်လိုင်းမြန်မာနိုင်ငံကိုဖြတ်သန်းသွားတော့မည့်









Corridor of Power Burmese-Lowquality

Corridor of Power

12 February 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှာ ကျင်းပတဲ့(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဓာတ်ပုံမှတ်တမ်း



အခမ်းအနား သတင်းအကျဉ်း
63 Anniversary of Union Day

ယနေ့ကျရောက်သော(၆၃)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ကျင်းပ ပြုလုပ်သောဓာတ်ပုံမှတ်တမ်း

ဖေဖော်ဝါရီလ(၁၃)၊၁၉၁၅ခုနှစ် တိုင်းပြည်ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း အသက်(၉၅)နှစ်ပြည့် မွေးနေ့ အမှတ်တရ




အဖသာရှိခဲ့ရင်.......





အဖဗိုလ်ချုပ်မွေးနေ. ဖေဖော်ဝါရီ ၁၃၊ ၁၉၁၅ ခုနှစ်၊

အခုဆိုရင် ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိရင်.......

လွတ်လပ်ရေးရဲ. ဖခင်ကြီး၊တိုင်းပြည်ကြီးရဲ. ဗိသုကာ၊ ဗမာ့တပ်မတော်ကြီးရဲ. ကာကွယ်ရေးဦးစီးချုပ်၊
အတ္တအကျိုးတွေပယ်ဖျောက် တိုင်းသူပြည်သားများ အကျိုးကိုယ်သာ ထာဝရရှေးရှု ကျောင်းသားခေါင်းဆောင်ဘ၀မှ ဗိုလ်ချုပ်အောင်ဆန်းဘ၀အထိ ပေးဆပ်ခဲ့၊


အခုတော့ အဖဗိုလ်ချုပ်ရေ

အဖရဲ. သားကြီး အောင်ဆန်းဦးလဲ အရှုးဖြစ်၊သမီးဖြစ်သူ အောင်ဆန်းစုကြည်လဲ အင်းယား ကန်ဆောင်း အိမ်ပျက်ထဲက အကျဉ်းသားပါ၊
အဖတည်ထောင်သွားတဲ့စစ်တပ်က သံဃာတွေ သတ်ဖြတ်လို. သာသနာလဲပျက်ပါပြီ၊

အဖဗိုလ်ချုပ်

စစ်တပ်၊စစ်သားဆိုရင် ပြည်သူကရွံ.၊သံဃာက စွန်.၊နိုင်ငံတကာက ဂွတ်ဘိုင်တဲ့၊

အဖအောင်ဆန်း

တိုင်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ.ကိုတော်လှန်ရသလိုပဲ
တိုင်းသူပြည်သားတွေ လွတ်လပ်ဖို. အဖသမီးလဲ တိုက်ပွဲထဲမှာပါ၊

ကျောင်းသားခေါင်ဆောင် ကိုအောင်ဆန်း

နယ်ချဲ.တော်လှန်ရင်း အောင်ဆန်း B.A လို.ဖြစ်လာခဲ့၊
ကိုအောင်ဆန်းတက်တဲ့ ရန်ကုန်တက္ကသိုလ်လဲ အလင်းပျောက်
ကျောင်းသားတွေ အဖလို B.A မရောက်၊
ထောင်ထဲမှာ ပေါက်ဖွား
အမှောင်အမိုက်ဖုံးတဲ့ ဗမာပြည်၊

အခုတော့ ကိုအောင်ဆန်းရေ
ကျောင်းသားခေါင်းတွေလဲ ထောင်ထဲ
ပြည်သူတွေလဲ ဖောင်တွဲပြီး
ရေစုံမျှောလို. အဖပြောသလို
ဗမာနိုင်ငံဟာ ဖာနိုင်ငံဖြစ်ပြီ၊

အဖတည်ထောင်သွားတဲ့ စစ်တပ်ကြီးက သံဃာတွေကို စော်ကား
ပြည်သူတွေကို မတော်မတရားလုပ်ကြတာ
အဖသာရှိခဲ့ရင်......


ဗိုလ်ချုပ်အောင်ဆန်း မွေးနေ. အမှတ်တရ
ဘုန်းဘုန်းစံ
အမေရိက
ashincandobhasacara@gmail.com


ဗိုလ်ချုပ်အောာင်ဆန်းမွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သီချင်းတစ်ပုဒ်



( ၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ကြေငြာချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

63 Union Day Statement

ပြည်ထောင်စု ဖြိုခွဲသူ ဒို့ ရန်သူ။ ဘုံရန်သူ နအဖကို ချေမှုန်းကြ။



- လက်နက်ကိုင်တိုက်ပွဲနဲ့  တော်လှန်နေကြတဲ့ တိုင်းရင်းသားအင်အားစုအဖွဲ့ တွေအကြား အဖွဲ့ တွင်အကြားမှာ ချစ်ခင်စည်းလုံးမှုကို ဖျက်ဆီးဖို့ အတွက် အာဏာရူးတွေဟာ သွေးထိုးမြှောက်ပင့်ခြင်း၊ အခွင့်အရေးများ မက်လုံးပေးခြင်း အစရှိတဲ့ ဖြိုခွဲခြင်းနည်းတွေသုံးပြီး လုပ်ခဲ့ကြတယ်။ အာဏာရူးတွေရဲ့  လှည့်ကွက်နဲ့  ကောက်ကျစ်တဲ့ ဟန်ဆောင်စကားတွေ မူယာများတဲ့ အပြုံးတွေ မစစ်မှန်တဲ့ သဘောတူညီချက်တွေ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ပေးကမ်းချီးမြှင့်မှုတွေကို ရိုးသားစွာနဲ့  စစ်မှန်တဲ့ တွေ့ ဆုံဆွေးနွေးမှု ဘ၀လုံခြုံသာယာမှုရှိစေမယ့် ငြိမ်းချမ်းရေးတို့ကိုလိုလားကြတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ယုံကြည်မိလို့ အခုဆိုရင် တိုင်းရင်းသားပြည်သူတွေ အချင်းချင်း စိတ်ဝမ်းကွဲကြရပြီး မလိုလားအပ်တဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ကြုံတွေ့ရင်ဆိုင်နေကြရတယ်။ ဒီလို တိုင်းရင်းသားပြည်သူတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ရတဲ့ တရားခံကတော့ မြန်မာပြည်ကို မတရားအုပ်စိုးနေတဲ့ အာဏာရူးတွေကြောင့်ဘဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့  တိုင်းရင်းသားညီအကိုမောင်နှမ အားလုံးရဲ့  ဘုံရန်သူဟာ လက်ရှိ အာဏာရူး နအဖဘဲ ဖြစ်တယ်။ ဒီအာဏာရူးတွေ မတရားစိုးမိုးချယ်လှယ်ခဲ့တဲ့အချိန်က စပြီး ကျွန်တော်တို့  ပြည်ထောင်စုမှာ ပြည်ထောင်စုရဲ့  သွေးသားအရင်းတွေ ဖြစ်ကြတဲ့ တိုင်းရင်းသားပြည်သူအပေါင်းတို့ရဲ့ သွေးစည်းညီညွှတ်မှုတွေ ထိခိုက်နစ်နာခဲ့ရတယ်။ နအဖအာဏာရူးဟာ ပြည်ထောင်စုနေ့  ဖေဖေါ်ဝါရီ (၁၂) နေ့ဆိုပြီး အမြင်ကောင်းအောင် အခမ်းအနားကြီးတွေနဲ့  စီစဉ်ကျင်းပနေပေမယ့် မြန်မာပြည်တစ်ဝှမ်းမှာ အထူးသဖြင့် ဝေးလံတဲ့ နေရာေးသတွေမှာ မှီတင်းနေထိုင်ကြရတဲ့ တိုင်းရင်းသားပြည်သူတွေကတော့ နေ့ စဉ်နဲ့ အမျှ ဘ၀အသက်ပျက်ဆီးရတဲ့အထိ အခက်အခဲ ဒုက္ခပေါင်းစုံနဲ့  ခံစားနေကြရတယ်။ - တိုင်းရင်းသားပြည်သူတွေရဲ့  နေထိုင်ရာ အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံနေရတယ်။ ဆင်းရဲနွမ်းပါးစွာနဲ့  တည်ဆောက်နေထိုင်နေရတဲ့ ရွာတွေ တဲအိမ်တွေကို အာဏာရူးတွေရဲ့လက်ပါးစေတွေက မီးရှို့ ဖျက်ဆီးနေကြတယ်။ ကျေးလက်ဒေသက ရွာတွေကို နအဖအာဏာရူးတွေ တည်ဆောက်နေတဲ့ စီမံကိန်းတွေ လမ်းတွေအတွက် အတင်းအဓမ္မ နေရာဖယ်ရှားခံနေရတယ်။



- တိုင်ရင်းသားပြည်သူတွေရဲ့  ဘ၀အသက်အန္တရာယ်တွေကို စက္ကန့် နဲ့ အမျှ စိုးရိမ်ကြောက်လန့်  ပူပန်နေရတဲ့ ရိုက်ပုတ်ထုထောင်းခံရခြင်း၊ နှိပ်စက်ညှဉ်းပမ်းခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ကို နအဖအာဏာရူးတွေရဲ့ သေနတ်ပြောင်းဝအောက်မှ ရင်ဆိုင်နေကြရတယ်။




တိုင်းရင်းသားပျိုဖြူတွေမကဖူး အသက်အရွယ် မရောက်သေးတဲ့ ကလေးသူငယ် မရှောင် အိုမင်းမသန်မာတော့တဲ့ သက်ကြီးရွယ်အို မရှောင် နအဖအာဏာရူးလက်ပါးစေတွေရဲ့ တဏှရာဂနဲ့ အဓမ္မကျင့်မှုအောက်မှာကြွေလွင့်ရရုံတင်မကဖူးအသက်ပါမချန်ရမ်းကားမိုက်ရိုင်းလွန်းတဲ့လူယုတ်မာတွေကြောင့် ဘ၀လည်းပျက် အသက်လည်း ထွက်ကြရတယ်။




- စစ်မြေပြင်နေရာဒေသမှာ မိုင်းရှင်းတဲ့အနေနဲ့  လူသားမိုင်းလို့  ဆိုတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ 
အသက်ကို ဖက်တစ်ရွက်လောက်တောင် တန်ဖိုးမထားဘဲ ရက်စက်စွာ ခိုင်းစေပြီး ရှေ့ ကနေ လျှောက်
လှမ်းခိုင်းလို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကြေမွပြီးဒုက္ခိတဘ၀ရောက်အသက်ပါပျောက်ကြရတဲ့တိုင်းရင်း
သားတိုင်းရင်းသူတွေမရေတွက်နိုင်လောက်အောင်ဘ၀ဆိုးတွေရင်ဆိုင်နေကြရတယ်။
ကျွန်တော်တို့တိုင်း
ရင်းသားပြည်သူတွေရဲ့ဘ၀ကိုရက်ရက်စက်စက်ဖျက်ဆီးပစ်နေတဲ့နအဖအာဏာရူးတွေရဲ့ယုတ်မာပက်
စက်မှုတွေကြောင့်ဒီလိုကြေကွဲဝမ်းနည်းဖွယ်ကောင်းရတဲ့ဘ၀ဆိုးတွေကိုကျွန်တော်တို့မြင်တွေ့ခံစား
ကြရပါတယ်။

နအဖအာဏာရူးတွေရဲ့လက်အောက်မှာပြည်ထောင်စုနေ့ရဲ့အနှစ်သာရကဘယ်မှာလည်း၊ပြည်ထောင်စု
စိတ်ဓါတ်ဆိုတာဘယ်မှာလည်း၊ပြည်ထောင်စုတည်မြဲရေးဆိုတာဘယ်မှာလည်း၊ပြည်ထောင်စုရဲ့အကျိုး ခံစားမှုဆိုတာ ဘယ်မှာလည်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေရဲ့ ဘ၀လုံခြုံမှုနဲ့ သာယာအေးချမ်း
ဖွံ့ ဖြိုးတိုးတက်မှုဆိုတာဘယ်မှာလည်း။
နအဖအာဏာရူးတွေရဲ့ဝါဒဖြန့်ပြည်ထောင်စုနေ့အခမ်းအနားတွေ၊
မက်လုံးပေးဆွဲဆောင်ဖြားယောင်းစည်းရုံးမှုလုပ်
နေတဲ့ပြည်ထောင်စုစကားအရေးအသားတွေ၊ တိုင်းရင်းသားတွေအကြား သွေးခွဲနေတဲ့ လုပ်ရပ်တွေသာ ရှိနေပါတယ်။



ကျွန်တော်တို့တိုင်းရင်သားပြည်သူတွေအားလုံးဟာ အမှန်တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်ကြမယ်၊ တိုင်းရင်းသားပြည်သူတွေရဲ့အသက်အန္တရာယ် လုံခြုံစိတ်ချရတဲ့ ဘ၀တွေ ပိုင်ဆိုင်လိုကြတယ်၊ အာမခံရှိတဲ့ ခိုင်မြဲတဲ့ သာယာအေးချမ်းတဲ့ သွားလာစားသောက် နေထိုင်ရေးကို လိုလားကြတယ်၊ အမှန်တကယ်တိုးတက်ဖွံ့ဖြိုးတဲ့ လုမှုဖူလုံရေး ပညာရေး ကျန်းမာရေး သက်မွေးဝမ်းကြောင်းလုက်ကိုင်နိုင်ရေးတို့ ကို ပိုင်ဆိုင်လိုကြတယ်ဆိုရင်တော့ -
- တိုင်းရင်းသားပြည်သူအားလုံးရဲ့  ဘုံရန်သူ အာဏာရူးနအဖကိုသာ ဦးတည်ထားပြီး တော်လှန်တိုက်ခိုက်ကြပါ။ - တိုင်းရင်းသားပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲပြားမှုတွေကို ရှောင်ရှားကြပြီး အာဏာရူးနအဖရဲ့ လှည့်ဖြားမှုတွေ ဖြားယောင်းမှုတွေ မက်လုံးပေးမှုတွေအောက် ရောက်ရှိနေရင် ရုန်းထွက်ကြပါ။ - နအဖရဲ့  သွေးခွဲမှုကြောင့် တိုင်းရင်းသားပြည်သူအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေရမှုတွေကို ဘုံရန်သူ အာဏာရူးနအဖဘက် လှည့်ပြီး ဦးတည်တော်လှန်ကြပါ။ ပြည်ထောင်စုကိုပြိုကွဲစေဖို့ဖြိုခွဲနေတဲ့သူဟာအာဏာရူးနအဖဘဲဖြစ်တယ်။



-

ကျွန်တော်တို့ အားလုံး လက်တွဲစုစည်းကြကာ ပြည်ထောင်စုကို ဖြိုခွဲနေတဲ့ အာဏာရူးနအဖကို တိုက်ထုတ်ကြပြီး ကျွန်တော်တို့  ရဲ့  ပြည်ထောင်စုကြီးကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ကြပါစို့ ။

“ပြည်ထောင်စု ဖြိုခွဲသူ ဒို့ ရန်သူ”။ “ဘုံရန်သူ နအဖကို ချေမှုန်းကြ”။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။


နအဖတွေရဲ့ဝါဒဖြန့်အတုအယောင်ပြည်ထောင်စုနေ့အတွက်တိုင်းရင်းသားကိုယ်စားလှယ်ဆိုသူများကိုလက်အုပ်ချီ ကန်တော့ခိုင်းနေတဲ့သန်းရွှေ တို့အာဏာရူးစစ်ခွေးတစ်သိုက်။



ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

11 February 2010

ဗမာ့ အောင်ဆန်း



ဗမာ့အောင်ဆန်း

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြည်သူလူထုကိုနောက်ဆုံးပြောခဲ့သော မိန့်ခွန်း

အလုပ်သမားသပိတ်တိုက်ပွဲများနဲ့ ပါတ်သက်၍သတင်းထုတ်ပြန်ချက်

mediarelease1-2010_wfslb

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည်



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း


မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။

ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝလွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကိုအောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။

‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။

(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် ‘နု-အက်တလီစာချုပ်’ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)

မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက အာမခံချက်ပေးခဲ့သည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။

ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။

* * *

ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။

ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။

ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။

ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမှု ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။

ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။

ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။

ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့ လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင် အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီးသီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။

ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။

ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု’ ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။

သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။

သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’ ဦးဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင် မသိမသာ လှည့်ကွက်သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘၀ှက်ဖဲ’ ကတော့ ဤသို့ဖြစ်သည်။

‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် –

‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။

ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။

* * *

ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’ ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ ‘စတီဗင်ဆင်’ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။

‘အောင်ဆန်းတို့ မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။

ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟုစိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။

ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။

ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေသည်။

ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။

ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’ အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။

ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် ‘ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို တစ်ယောက်ပြီးတယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။

ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။

တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။

တက္ကသိုလ်နေ၀င်း

စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)

* * *

ပင်လုံ စာချုပ်


ကမ္ဘာ့ အသက်အကြီးဆုံး ဘလော့ခ်ဂါ




အသက် ၉၆ နှစ်ရှိ အိန္ဒိယ လူမျိုး Florida ပြည်နယ်မှာ နေထိုင်သူ Randall Butisingh လက်ရှိ ကမ္ဘာ အသက်အကြီးဆုံးဘလော့ကာ အဖြစ်သတ်မှတ်ခြင်းကိုခံလိုက်ရပါပြီ။ Butisingh ဟာ ဗြိတိန်နိုင်ငံ Guyana မှာ ၁၉၁၂ ဒီဇင်ဘာတစ်ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ Butisingh အသက်အကြီးဆုံး ဘလော့ခ်ဂါ ပုဒ်ကိုတော့ အသက် ၉၇ နှစ်ရှိပြီးဖြစ်တဲ့ စပိန်လူမျိုး ဘွားဘွား Maria Amelia Lopez Solino ဟာ ကျန်ခဲ့ မေလ မှာ ကွယ်လွန်ခဲ့လို့ အခု ဖိုးဖိုး Butisingh က အသက် ၉၆နှစ်နဲ့ လက်ရှိ ကမ္ဘာအသက် အကြီးဆုံး ဘလော့ဂါအဖြစ်ခံယူသွားခဲ့ပါပြီ။

ကမ္ဘာအသက်အကြီးဆုံး ဘလော့ဂါအဖြစ် မှတ်တမ်းတင်ရှိခဲ့တာကတော့ Ruth Hamilton ၁ဝ၉ နှစ်နဲ့ Olive Riley ၁ဝ၈ နှစ်တို့ဘဲဖြစ်ပါတယ်။ Butisingh ကတော့ အခုထိ ဘလော့ခ် ပိုစ့်တွေကကို ကိုယ်တိုင်စာရိုက်ပြီး တင်နေပါတယ်။ ကွယ်လွန်သွားတဲ့ ဘွားဘွား Maria ကတော့ ပါးစပ်နဲ့သူရဲ့ မြေးကို ရွက်ပြပြီး စာရိုက်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဖိုးဖိုး Butisingh က ကျွန်တော်ဟာ အလတ်ကြီးရှိပါသေးတယ် ဒါတောင် တော်တော်ဖျားခဲ့တာ ကျွန်တော် အရာတော်တော် များများကို ကိုယ်တိုင် လုပ်နိုင်ပါသေးတယ်။ ရေချိုးနိုင်တယ် အဝတ်အစား သူများလာဝတ်ပေးစရာမလိုဘူး၊ ကိုယ်မနက်စာ အတွက် ကိုယ်တိုင်ပြင်နိုင်ပါတယ်။ ပြီးတော့ တောင်ဝှေး မပါဘဲ ကိုယ်တိုင်လှမ်းလျှောက်နိုင်သေးတယ်။ အကိုက်အခဲပြောက်ဆေး တော့ သောက်ရတာပေါ့။ သွေးတိုးလည်းမရှိဘူး ပုံမှန် ၁၄ဝ/၇ဝ ဘဲလို့ ပြောကြားခဲ့ပါတယ်။ Buxton မှာ ကြီးပြင်ခဲ့ပြီး ပညာကို အဲ့ဒီမှာသင်ယူခဲ့ပါတယ်။ ၁၉၂၇ အသက် ၁၅ နှစ်အရွယ်မှာ စာမေးပွဲအောင်ပြီး အဲ့မှာဘဲ ကျောင်းဆရာ ၄၅ နှစ်ဝင်လုပ်ခဲ့ပြီး ၁၉၇၂ မှာအနားယူခဲ့ပါတယ်။ Hamilton မှာ မြေး ၁၉ ယောက်နဲ့ မြစ် ၁၈ ယောက်ရှိပါတယ်။ အသက် ၈ဝ အရွယ်မှာ အာရေဗျ စာကိုသင်ယူခဲ့သလို ကိုးရီးယားစကားလဲ ကောင်းမွန်စွားပြောနိုင်တဲ့သူဖြစ်ပါတယ်။



ဒါကတော့ မေလက ကွယ်လွန်သွားတဲ့ အသက် ၉၇ ဘလော့ဂါ Maria Amelia Lopez Solino

ရှိသင့်တဲ့ အခွင့်အရေးဆိုတာ တိုက်ယူရတယ်။ အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်သာ ဖြစ်တယ်။

10 February 2010

[aapp_burma] Burmese_American_citizen_man_was_sentenced_to_five_years_imprisonment

Burmese American Citizen Man Was Sentenced to Five Years Imprisonment.pd

အမျိုးသားဒီမိုကရေစီအဖွဲချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်-၏-လွတ်မြောက်ကာလ-လှုပ်ရှားမှုများ-နှင့်-ထူးခြားဖြစ်စဉ်များ-၂၀၀၂-၂၀၀၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေမှေူးဒေါ်အောင်ဆန်းစုကြည်-၏-လွတ်မြောက်ကာလ-လှုပ်ရှားမှုများ-နှင့်-ထူးခြားဖြစ်စဉ်များ-၂၀၀၂-၂၀၀၃

အမေရိကန်နိုင်ငံသား ကိုညီညီအောင် ထောင်ဒဏ်(၃)နှစ်ချမှတ်ခံရ....




အင်းစိန်ထောင်မှာ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ ကိုညီညီအောင်(ခ)ကိုကျော်ဇောလွင်အား အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်ကြောင်း ကိုညီညီအောင်ရဲ့ အမှုမှာလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီနေ့မနက် (၁၀)မှာ အင်းစိန်ထောင်တွင်းက တောင်ပိုင်းခရိုင်တရားရုံးမှာ ကိုညီညီအောင် အမှုကို အမိန့်ချပါတယ်။ ပုဒ်မ ၄၆၈ မှတ်ပုံတင်အတုပြုမှု၊ ပုဒ်မ (၂၄)(၁) ငွေလဲလှယ်မှု နဲ့ ပုဒ်မ ၆ (၃) မှတ်ပုံတင် ဥပဒေအမှုတွေနဲ့ချတာပါ။ စုစုပေါင်း (၅)နှစ်ပါ .... ဒါပေမယ့် တပေါင်းတည်း ကျခံစေရမယ် ဆိုတဲ့ အမိန့်ကြောင့်(၃)နှစ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။ "

....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုခဲ့ပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။

ဥပဒေအကြောင်းအရ တရားမျှတမှုရှိမရှိ မေးမြန်းရာမှာတော့ " အပြစ်ရှိတယ်ဆိုတဲ့ တချို့အချက်တွေကို သဘောမတူဘူး၊ တရားမျှတမှုမရှိဘူးလို့မြင်တယ်။ အပြစ်ဒဏ်တွေကတော့ ဥပဒေအတိုင်းလို့ ယူလို့ရပါတယ် " ဒီနေ့အမှု တရားရုံးကို အမေရိကန်သံရုံးက ကောင်စစ်ဝန်ကိုယ်တိုင် လာပါတယ်။ သေချာမှတ်သားသွားပါတယ်။ အန်ကယ်တို့က သေသေချာချာ ရှင်းပြပါတယ်။ အပြစ်တွေ့ရှိတယ် ဆိုတဲ့ တစ်ချို့အချက်တွေကို သဘောမတူတာပြောပြပါတယ်. ... အယူခံဝင်ဖို့လည်းပြောပြပါတယ်။ ကောင်စစ်ဝန်က တတ်နိုင်တာကို အကူအညီပေးမယ်လို့ ပြောပြသွားပါတယ်။"

ကိုညီညီအောင်ဟာ ထောင်တွင်း အကျဉ်းသားချင်း ခွဲခြားမှုတွေ၊ မတရား လုပ်နေမှုတွေ၊ ဖိနှိပ် ချုပ်ချယ်မှုတွေအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ စစ်အစိုးရအကျဉ်းထောင် အတွင်းက တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေကိုလည်း မကြောက်မရွံ အခါအားလျှော်စွာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ထို့အတွက်ကြောင့် ကိုညီညီအောင်အား အကျဉ်းထောင်အတွင်း အကာအရံများဖြင့် တခြားအကျဉ်းသားမျာနဲ့ သီးခြားဖြစ်အောင် ထားရှိခြင်းခံရပါတယ်။ကိုညီညီအောင်ရဲ့မိခင်ဖြစ်သူ ညီမဖြစ်သူနဲ့ မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံနေရပါတယ်။


" ကိုညီညီအောင် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးကောင်းပါတယ်။ ကိုညီညီအောင်က ထောင်ဝင်စာ မတွေ့ရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မကျေမနပ်ပြောပါတယ်။ ထောင်ဝင်စာ ပစ္စည်းတွေ လက်ခံဖို့ကိစ္စအတွက် အရင်လိုအချုပ်သား တယောက်မဟုတ်တော့ဘူး ... ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား တယောက်အနေနဲ့ ပစ္စည်းတွေ လက်ခံပါဆြိုပီး ပြောခဲ့တဲ့အတွက် ဒီနေ့ကစပြီး ပြန်လက်ခံနေပါပြီ" ဟု ကိုညီညီအောင်ရဲ့ အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံလို စစ်အာဏာရှင် စံနစ်အုပ်စိုးတဲ့ နိုင်ငံတွေမှာ မိမိတို့ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ဆောင်တဲ့ သူတွေဟာ မတရားတဲ့ဥပဒေတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း ခံကြရပါတယ်။ နှစ်ရှည်လများ ထောင်ဒဏ် အပြစ်ပေးခြင်းများပြုလုပ်ပြီး ပြည်သူတွေ အကြောက်တရားတွေ ဖြစ်ပေါ်လာအောင် မတရားလုပ်ဆောင်ကြပါတယ်။ သို့ပေမယ့်လည်း မတရားမှုကို ခေါင်းငုံမခံတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကတော့ လျော့ပါးသွားတယ်မရှိပဲ ရတဲ့နည်းနဲ့ တော်လှန်နေကြသူတွေကတော့ နေရာကဏ္ဍ အမျိုးမျိုးကနေ ထွက်ပေါ်နေပါတယ်။

သတင်း. ဒီမိုဝေယံ

နိုင်ငံရေး - ဟာသများ..

နိုင်ငံရေး-ဟာသများ

ကြံ့ ဖွတ်တွေ လမ်းခင်းနေပါတယ်။ ခင်းနေတဲ့လမ်းတွေအတွက် အခမဲ့လို့  ဆိုပြီး အသပြာလေးတော့ မ, စပါတဲ့။

Align Center

ရန်ကုန်မြို့ မှာ လမ်းတွေကို ကတ္တရာလမ်းတွေ ကွန်ကရစ်လမ်းတွေ ခင်းနေပါတယ်။ ခင်းတဲ့လမ်းနေရာတွေမှာ ဆိုင်းဘုတ်တွေ အလံတွေထောင်လို့ ထားကြပါတယ်။

“ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကွန်ကရစ်လမ်း ပြုလုပ်ခြင်း ဆောင်ရွက်နေပါသည်” ဆိုတဲ့ ကြံ့ ဖွတ်အဖွဲ့ ကြီးရဲ့  ဆိုင်းဘုတ်နဲ့  အလံတွေပါ။




လမ်းခင်းတဲ့ ရပ်ကွက်တွေထဲမှာ ဒီလို လမ်းခင်းရတဲ့ကိစ္စနဲ့  ပတ်သက်ပြီး ရပ်ကွက်တွင်းနေ ပြည်သူများကို ခေါ်ယူပြီး အစည်းအဝေးလိုမျိုး ရှင်းပြပြောဆိုကြပါတယ်။

လမ်းပြင်နေတဲ့ အချို့ ရပ်ကွက်တွေက ဆိုင်းဘုတ်တွေမှာဆိုရင် “ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းကြီးမှ စေတနာဖြင့် အခမဲ့ ခင်းပေးနေသည်” လို့ ပါ ရေးထားတာ တွေ့ ရှိရပါတယ်။ ရေးထားတော့ အခမဲ့  ခင်းပေးတယ်ဆိုပြီး စေတနာကြေးလိုလို သတ်မှတ်ကြေးလိုလိုနဲ့  ရပ်ကွက်နေ ပြည်သူတွေဆီက မတရားငွေတောင်းခံနေတာကတော့ ပေါ်တင်ကြီး လိမ်ညာတာပါဘဲ။

ဆင်းရဲငတ်ပြတ်လို့ လမ်းဘေးမှာ ကောင်းကောင်းမွန်မွန် တောင်းရမ်းစားသောက်နေတဲ့ သူတောင်းစားထက်တောင် ဆိုးနေတဲ့ ကြံ့ ဖွတ်နဲ့  ရယကတွေပါဘဲ။ ရပ်ကွက်အချို့ မှာ လမ်းခင်းခ တစ်အိမ်ထောင်ကို (၃) သောင်းကနေ (၅) သောင်း ထည့်ခိုင်းပါတယ်။ အချို့ ရပ်ကွက်တွေမှာ ဒီထက်ပိုတောင်းပါတယ်။

ကွန်ကရစ်လမ်းခင်းတဲ့နေရာမှာလည်း ကြေညာတော့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းကြီးက ဦးစီးခင်းကျင်းသော သံကူကွန်ကရစ်လို့  ဆိုပြီး လမ်းခင်းတဲ့ ကွန်ကရစ်ထဲမှာ သံချောင်းနဲ့ တူတာ တစ်ခုမှတောင် မပါဖူး။ ဒီကွန်ကရစ်လမ်း ဘယ်လောက်များ ခံမလည်းဆိုတာ တွေးသာကြည့်ကြပါတော့။ မြန်မြန်ပျက်တော့ နောက်ထပ် မြန်မြန်ပြန်ခင်းရပြီး မြန်မြန် ငွေပြန်ညှစ်လို့ ရတာပေါ့။

ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းကြီးက ခင်းပေးပါတယ်ဆိုပြီး ဒီလမ်းခင်းဖွင့်ပွဲကြရော ရပ်ကွက်ထဲက အိမ်တွေဟာ ငွေညှစ်တောင်းခံထားလို့ ရတဲ့ ငွေတွေနဲ့  လမ်းဖွင့်ပွဲလုပ် မော်ဒယ်မလေးတွေခေါ်ပြီး ကြံ့ ဖွတ်က အကောင်ကြီးတွေ ရယကက အကောင်ကြီးတွေ သရေတမြားမြားနဲ့  ပါးစပ်ဖြဲပြီး မစေ့တော့တဲ့ သွားအကုန်ပေါ်အောင် ပြောဆိုကြပြီး ဖွင့်ပွဲတွေ နာမည်ယူ လုပ်ကြပါတော့တယ်။

လမ်းခင်းတယ်လို့  ပြောတာက ကြံ့ ဖွတ်၊ လမ်းခင်းခ ပေးရတာက ပြည်သူ။

လမ်းခင်းပွဲ နာမည်ယူတာက ကြံ့ ဖွတ်၊ လမ်းပျက်လို့  ပြင်တော့ ပေးရပြန်တာက ပြည်သူ။

ဆိုင်းဘုတ်အသစ် ထောင်ဖို့ ကတော့ “ကြံ ဖွတ်များ လမ်းခင်းနေကြပါတယ်။ ဝေးဝေးက ရှောင်ကြပါ” လို့ ပါ။ “ရှောင်လေဝေးဝေး ကြံ့ ဖွတ် ဘေး”။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.

လှိုင်သာယာစက် မှု့ ဇုံ(၃) မှ အလုပ်သမားများ၏ဆန္ဒပြပွဲဓာတ်ပုံနှင့် မြန်မာအလုပ်သမားများ၏တောင်းဆိုချက်များ