26 March 2011

မြန်မာ ထိုင်းနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ရှိတဲ့ မြေငလျင် (APရုပ်သံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၆နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုဟောပြောပွဲ (၂၅.၀၃၂၀၁၁) (ဓာတ်ပုံ)

 
 
 
 
 
 
 
ဓာတ်ပုံ ဒီမိုဝေယံ

မြန်မာ ထိုင်းနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ရှိတဲ့ မြေငလျင်ဒဏ်ကြောင့် မြန်မာဘက်အခြမ်း၌ ယခုလက်ရှိ သေဆုံးသူ (၇၄)ဦး နဲ့ ဒဏ်ရာရသူပေါင်း ၁၁၁ဦးရှိပြီ ဖြစ်ကြောင်းသိရှိရ... (ရုပ်သံ၊ သတင်း)

 တာလေမြို့မှ အပျက်အဆီးမြင်ကွင်း တစ်ချို့ (ဓာတ်ပုံ DVB) ရင်းမြစ် AP
 တာလေမြို့မှ အဝေးပြေးလမ်းမကြီး ကွဲထွက်သွားတဲ့ မြင်ကွင်း
 တာလေမြို့မှ ပြိုကျသွားတဲ့ အဆောက်အဦး တစ်ခုမြင်ကွင်း (ဓာတ်ပုံ Reuters)
မနေ့က ထိုင်း၊မြန်မာ နယ်စပ်မှာ လှုပ်ခတ်ခဲတဲ့ ၆.၈ ပြင်းအား မြေငလျင် လှုပ်ခတ်မှုကြောင့် တာချီလိတ်မြို့အပါအဝင် ထိုင်းနိုင်ငံချင်းရိုင်ခရိုင်၊ ဘန်ကောက်မြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနှိုင်းမြို့အထိ ငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်..။
ယနေ့မြန်မာစစ်အစိုးရ သတင်းဋ္ဌာနရဲ့ ကြေငြာချက်အရ သေဆုံးသူ ၇၄ဦး ဒဏ်ရာရသူ ၁၁၁ဦး ရှိနေပြီလို့ ဆိုပါတယ်..။ လူနေအိမ်ခြေ ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရ အဆောက်အဦး ၉လုံး ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်..။ ယခုလက်ရှိ နောက်ဆုံး ကြေငြာခဲ့တဲ့ သတင်းပါ စာရင်းဖြစ်ပါတယ်..။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ဋ္ဌာနေကိုယ်စားလှယ် အရာရှိတစ်ဦးရဲ့ အဆိုအရ တာချီလိတ်မြို့ရဲ့ ၅မိုင်ခန့်အကွာ Mong Lin village (မိုင်းလင်း) မှာ သေဆုံးထိခိုက်မှုနဲ့ အပျက်အဆီး အထူးများပြားတယ်လို့ ဆိုပါတယ်..။ မြန်မာစစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဆိုပါဒေသ၌ သေဆုံးသူ ၂၉ဦးနဲ့ ဒဏ်ရာရရှိသူ ၁၆ဦးရှိတယ်လို့ ဆိုပါတယ်..။ နောက်ထပ် စစ်အစိုးရ အာဘော် မြန်မာ့အလင်းသတင်းစာမှာတော့ တာလေမြို့မှာ ၁၁ဦးသေဆုံးပြီး ၂၉ဦးဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်..။ ကုလသမဂ္ဂအရာရှိတစ်ဦးရဲ့ အဆိုအရ အဆိုပါမြို့မှ ဆေးရုံ တစ်စိတ်တစ်ပိုင်း ပျက်ဆီးသွားပြီး မြို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုလည်း ပျက်ဆီးသွားတဲ့ အတွက် ကယ်ဆယ် ထောက်ပံ့ရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်..။
 (The Star သတင်းဋ္ဌာနပါ သတင်းအား အကျဉ်းချုပ် ပြန်ဆိုပါသည်...။ ဒီမိုဝေယံ..)

ဗီဒီယို ဖော်ပြခွင့် ပြုတဲ့ ကိုနစ်အားကျေးဇူးတင်ပါတယ်..
ယနေ့ နအဖါ (တစ်မျိုးတော့ မထင်ပါနဲ့ သတင်းမှန်တွေကို ဖယ်ဖျောက်ပြီး ဖါထေးနေတဲ့) သတင်းစာ ပါသတင်း..။ သတင်းကို အမှန်အတိုင်း အမြန်ဆုံး ထုတ်ပြန်ပေးနိုင်မှ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေအတွက် နိုင်ငံတကာမှ အကူအညီတွေ အမြန်ဆုံး ပေးအပ်နိုင်မှာ ဖြစ်ပါတယ်..။
သြစတြေးလျ သတင်းဋ္ဌာနကထုတ်လွှင့် သွားတဲ့ မြန်မာနဲ့ ထိုင်းနယ်စပ်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်.. ၊ လစ်ဗျားနဲ့ဆီးရီယားသတင်း (ရုပ်သံ)

“အကွဲအပြဲများ ဖြစ်ရခြင်း၏ အကြောင်းရင်း” နဲ့  အဓိက တရားခံ။

တစ်နေ့ က နအဖ ၀ါဒဖြန့် ချီရေးသတင်းစာထဲမှာ “ပြည်သူတွေရဲ့  ရင်နှစ်သည်းချာ” ဆိုပြီး သန်းရွှေ ပြောတာကို သန်းရွှေပုံကြီးနဲ့  တွဲပြထားတာ တွေ့ ကြရတော့ ဟာသမြောက်လွန်းတဲ့ ဖေါ်ပြချက်လို့  မြင်တွေ့ ရသူတိုင်းက ဟားတိုက်ရီမောကြသလို တစ်ဘက်ကလည်း အမြင်ကတ်လွန်းလို့  ကျက်သရေတုံးလိုက်တာ ခွေးပါးစပ်က ပြောမှပြောတတ်ပါပေတယ်လို့  မှတ်ချက်ပေးလိုက်ကြတာ။ သန်းရွှေကိုသာ လူကိုယ်တိုင် ရှေ့ မှာထားပြီး ပြောလို့ ရကြရင်တော့ သန်းရွှေတစ်ယောက် ပြည်သူတွေရဲ့  ရွံ့ ရှာစွာ ထွေးမယ့် တံထွေးထဲမှာ နစ်သေသွားမှာ အမှန်ဘဲ။

သန်းရွှေတို့ များ ပြောရရင် မွေးကတည်းက ရှက်ကြောမပါဖူးလားလို့  ပြောရတာထက် ပိုပြောလို့ ရရင် ရှက်ကြောမပြောနဲ့  တစ်ကိုယ်လုံး လူပီသတဲ့ အစိတ်အပိုင်း တစ်ခုမှ မရှိဖူးလို့  ပြောရတော့မှာဘဲ။

ဒါပေမယ်လည်းဗျာ - အရူးပြောတာ တစ်ခါတစ်လေ မှန်တတ်တယ်ဘဲ ပြောရတော့မလား မသိဖူး။ ဒီနေ့ ထုတ်သတင်းစာထဲမှာ ခေါင်းစဉ် ဖေါ်ပြထားတာနဲ့  သန်းရွှေပုံ တွဲပေးထားတာ တရားခံကို ပုံနဲ့  တိတိကျကျ ဖေါ်ပြထားတာမို့  မှန်ပါတယ်ဘဲ ပြောရပါတော့မယ်။

















“ဂုဏ်းဂဏစိတ်ဓါတ်တွေပြင်းထန်ပြီး အကွဲအပြဲတွေ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို သုံးသပ်ရရင် မက်လုံးပေး တပည့်မွေးမှု၊ စနစ်တကျ သွေးထိုးသပ်သျှိုမှုကြောင့်လည်း ဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေအကြား မိမိကိုယ်မိမိ အထင်ကြီးပြီး ဘ၀င်မြင့်ခြင်း၊ တစ်ဖက်သားကို အထင်သေးပြီး ပုဂ္ဂိုလ်ရေးပြိုင်ဆိုင်ခြင်း၊ မနာလိုဝန်တိုမှုများ၊ မယုံသင်္ကာဖြစ်မှုများနဲ့  ရန်ငြိုးထားမှုများကို ရှေ့ တန်းတင်လာခြင်းတို့ ကြောင့် ဖြစ်တာကိုလည်း တွေ့ ရမယ်။

ဆရာတင် သြဇာကို ခံပြီး အယူဝါဒနဲ့ ညွှန်ကြားချက်တွေကို မဆင်မခြင်လိုက်နာတာကြောင့် အချင်းချင်း ဖြုတ်၊ ထုတ်၊ သတ်ပြီး နိဂုံးချူပ်သွားတဲ့ ဒုက္ခရောက်သူတွေလည်း အများအပြားရှိခဲ့တယ်။” - နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥက္ကဌ သန်းရွှေ။

ဒါကတော့ ဒီနေ့  နအဖရဲ့  သတင်းစာ (ဟာသစာစောင်) ထဲမှာ မျက်နှာဖုံးစာမျက်နှာ ထိပ်ဆုံးမှာ သန်းရွှေပြောစကားကို သန်းရွှေပုံနဲ့  ဖေါ်ပြထားတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ပြည်သူပြည်သားအချင်းချင်း စိတ်ဝမ်းကွဲအောင်၊ တိုင်းရင်းသားလူမျိုးစုတွေအချင်းချင်း သွေးကွဲပြီး သတ်ကြဖြတ်ကြအောင်၊ လူမှုရေး ဘာသာရေး နိုင်ငံရေးအဖွဲ့ အစည်းတွေ အဆင်မပြေ အကွဲအပြဲတွေ ဖြစ်အောင်၊ တပ်မတော်အတွင်းမှာ အပြိုင်အဆိုင်တွေနဲ့  မှားယွင်းသော အတွေးအခေါ်တွေ ဖြစ်ပျက်နေအောင်၊ တစ်ဦးနဲ့ တစ်ဦး ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ မယုံသင်္ကာဖြစ်မှုတွေ ရန်ငြိုးထား တိုက်ခိုက်မှုတွေဖြစ်အောင် ကြီးထွားနေအောင် ဖန်တီးသူဟာ အဓိကတရားခံဟာ ဘယ်သူပါလည်း။

တပ်မတော်အတွင်းက စပြီး လက်အောက်ခံအဖွဲ့ အစည်းတွေအကြား ၀ါဒမှိုင်းတိုက်ပြီး နအဖကိုမှ ဆရာတင်ခိုင်း၊ အာဏာရူးသူတွေထံ သြဇာခံခိုင်း၊ အာဏာရှင်တို့ ရဲ့  ညွှန်ကြားချက်တွေကို မဆင်မခြင်လိုက်နာနေခိုင်းလို့  တပ်မတော်အတွင်း အဖွဲ့  အစည်းတွေအတွင်းမှာ ဖြုတ် ထုတ် သတ်ပြီး နိဂုံးချူပ်ပြီး ဒုက္ခရောက်သွားကြသူတွေ စစ်တပ် ဗိုလ်ချူပ်ကြီးတွေ ၀န်ကြီးတွေ အများအပြားရှိခဲ့ရတာ အဓိကတရားခံက ဘယ်သူပါလည်း။



















ဒီနေ့ ထုတ် နအဖသတင်းစာမှာ ပါတဲ့အတိုင်း “အကွဲအပြဲများ ဖြစ်ရခြင်း၏ အကြောင်းရင်း” အဓိက တရားခံကတော့ ပူးတွဲဓါတ်ပုံနဲ့  ဖေါ်ပြထားတဲ့သူဘဲ၊ တိုင်းပြည်နဲ့ လူမျိုး သွေးစည်းညီညွှတ်မှုတွေကို ဖျက်ဆီးပစ်နေတဲ့ နအဖအဖွဲ့ ကြီးနဲ့  သန်းရွှေသာလျှင် ဖြစ်ပါကြောင်း ပြောကြားလိုက်ရပါတယ်။

25 March 2011

ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးနေ့ အကြို အာဏာရှင်ဆန်.ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့။





















ယမန်နေ့  နံနက်ပိုင်း (၈) နာရီခွဲအချိန်ခန့် တွင် ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသား လူငယ်များအင်အားစုအဖွဲ့ မှ ရန်ကုန်မြို.အတွင်း လူစည်ကားရာနေရာများ ဖြစ်ကြသော အနော်ရထာလမ်းတစ်လျှောက် ဘားလမ်းထိပ်၊ လမ်းလေးဆယ်ထိပ်၊ ကုန်ဈေးတန်းထိပ်၊ လူစည်ကားရာနေရာများတွင် စစ်အာဏာရှင်ဆန်.ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသား လူငယ်များအင်အားစုအဖွဲ့ မှ အဖွဲ.၀င် ကျောင်းသားလူငယ်များသည် စစ်အာဏာရှင်ဆန်.ကျင်ရေးလှုပ်ရှားမှုအနေဖြင့် (တပ်နှင့် ပြည်သူ လတ်တွဲကူ၍ အာဏာရှင်ကို ဖယ်ရှားစို့ ) စာတန်းပါ ကာလာစတေကာများကို အထပ်မြင့်တိုက်များအပေါ်မှ ကြဲချခြင်း၊ ဘတ်စကားများပေါ်မှ ကြဲချခြင်း၊ လမ်းဘေးပလက်ဖေါင်းများပေါ်တွင် ချထားခြင်း စသည့် လှုပ်ရှားမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသားလူငယ်များအင်အားစုအဖွဲ့ မှ ဦးဆောင်လူငယ် ကိုရန်နိုင်မှ ပြောကြားရာတွင် (ကျွန်တော်တို့  အနေနဲ့  ဒီတစ်ချိန်လှုပ်ရှားမှုက မတ်လအတွင်း ဒုတိယအကြိမ်ပါ၊ လာမယ့် (၂၇) ရက်နေ့ မှာ ကျရောက်မယ့် တော်လှန်ရေးနေ့ အတွက် တပ်မတော်သားတွေနဲ့  ပြည်သူတွေ ပူးပေါင်းပြီး အာဏာရှင်စနစ်ကို တိုက်ဖျက်ပစ်ကြဖို့ ရည်ရွယ်ပါတယ်။ ဘာလို့ လည်းဆိုတော့ အရှေ့ အလယ်ပိုင်းမှာလည်း ယနေ့ ဒီမိုကရေဏီအရေးလှုပ်ရှားမှုတွေ အာဏာရှင်တွေကို ဆန့် ကျင်နေကြတဲ့ လှုပ်ရှားမှုတွေက တပ်မတော်သားတွေနဲ့  ပြည်သူတွေ ပူးပေါင်းလှုပ်ရှားနေကြတာ တွေ့ မြင်နေရပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတွေဘဲ။ ကျွန်တော်တို့  နိုင်ငံမှာလည်း ပြည်သူတွေနဲ့  ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ဖျက်မယ့် တပ်မတော်သားတွေ ရှိနိုင်နေတယ်ဆိုတာ ကျွန်တော်တို့  ယုံကြည်ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ လည်း ပြည်သူတွေနဲ့  လက်တွဲပြီး အာဏာရှင်ဖြုတ်ချရေးအတွက် ဒီမိုကရေစီတော်လှန်ရေးကြီးအတွင်း ပါဝင်ဆင်နွဲကြဖို့  အနူးအညွတ် ဖိတ်ခေါ်ပါတယ်။ သမိုင်းကပေးတဲ့ တာဝန်ကို ကျေပွန်ကြဖို့ က တပ်မတော်နဲ့  ပြည်သူ လက်တွဲကူဖို့ နဲ့  လက်တစ်ဆုပ်စာ အာဏာရှင်တွေကို ဖြုတ်ချကြဖို့ က အချိန်တန်နေပါပြီလို့  ကျွန်တော် ပြောချင်ပါတယ်) ဟု ပြောကြားပါတယ်။

၎င်းတို့  ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသား လူငယ်များအင်အားစုအဖွဲ.မှ စစ်အာဏာရှင် လုံးဝ ပျောက်သုန်းသည်အထိ ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။

ပြင်းအား ၆ ဒဿမ ၈ ရှိ ငလျင်တခု မြန်မာပြည်တွင် လှုပ်ခတ်သွား

ပြင်းအား ၆ ဒဿမ ၈ ရှိ ငလျင်တခု မြန်မာပြည်တွင် လှုပ်ခတ်သွား

မြင့်လှိုင်၊ မတ်လ ၂၄ ရက် ၊ ၂၀၁၁

ထိုင်းနိုင်ငံ ချင်းရိုင်မြို့နဲ့ မိုင် ၇၀ ခန့် အကွာ၊ မြန်မာနိုင်ငံ တာချီလိတ်မြို့ရဲ့ အရှေ့မြောက်ဘက်ရှိ မြောက် လောင်ဂျီကျူ့ ၂၀.၇ ဒီဂရီ နဲ့ အရှေ့ လတ္တီကျူ့ ၉၉.၉ ဒီဂရီ (20.7° N, 99.9° E) ကို အခြေပြုပြီး မတ်လ ၂၄ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီ ၂၅ မိနစ်က ပြင်းအား ၆.၈ ရှိ ငလျင်တခု လှုပ်ခတ်သွားကြောင်း သိရှိရပါတယ်။ ထိုငလျင်နဲ့အတူ ဆက်စပ်ငလျင် သုံးခု လှုပ်သွားကြောင်းလည်း ဒေသခံတွေက ယနေ့မြန်မာကို ပြောပြပါတယ်။

ငလျင် လှုပ်သွားမှုကို ရန်ကုန်နဲ့ မန္တလေးမြို့က တချို့ပြည်သူတွေ သတိမထားလိုက်မိပေမယ့် ငလျင် လှုပ်သွားတာကတော့ သိသာတယ်လို့ ဆိုပါတယ်။ ယနေ့မြန်မာအနေနဲ့ တာချီလိတ်ကို တယ်လီဖုန်းဆက်ဖို့ ကြိုးစားနေပေမယ့် အခုချိန်အထိ မအောင်မြင်သေးပါဘူး။ ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာတော့ ငလျင်ဒဏ်ကြောင့် အဆောက်အဦများ ကွဲအက်ခဲ့ကြောင်း သိရပါတယ်။
 ငလျင်လှုပ်ခတ်ခြင်းနဲ့ ပတ်သက်ပြီး ချင်းရိုင်တွင် နေထိုင်သူတဦးက ချင်းရိုင်မှာ ငလျင်လှုပ်သွားကြောင်း၊ သူနေထိုင်တဲ့ ကွန်ဒိုမီဒီယံက လူတွေ အောက်ထပ်ကို ထွက်ပြေးကြပြီး အော်ဟစ်ကြကြောင်း၊ အဲဒီအချိန်မှာ သူကတော့ ခေါက်ဆွဲ စားနေကြောင်း၊ ဖော်ပြထားတဲ့ ဓါတ်ပုံကတော့ ငလျင်ကြောင့် သူ့အိမ်နံရံ အက်သွားတာဖြစ်ကြောင်း ဖေ့စ်ဘွတ်ကတဆင့် သူ့သူငယ်ချင်းများကို အကြောင်းကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဇင်းမယ် (ချင်းမိုင်) တွင် နေထိုင်သူ အမျိုးသမီးငယ်တဦးကတော့ “ချင်းမိုင် စံတော်ချိန် ၈ နာရီ ၅၇ မိနစ်လောက် တချက် စ လှုပ်တယ်၊ သိသာတယ်။ ကိုယ်ပဲ မူးတယ် ထင်လိုက်တာ၊ သူငယ်ချင်းက လှုပ်နေတယ် လှမ်းပြောချိန်မှာ ခါသွားတယ်။ ချိတ် ထားတဲ့ အင်္ကျီချိတ်တွေ လှုပ်ကုန်တယ်။ ကုတင်လည်း ခါသွားတယ်။ စားပွဲလည်း ခါသွားတယ်။ ခေါင်းလည်း မူးသွားတယ်။ တိုက်ပေါ်က တချို့တွေ ဆင်းပြေးတယ်။“ လို့ ပြောပါတယ်။ ငလျင်လှုပ်ခတ်နေစဉ် ဘယ်လို ခံစားရပါသလဲ လို့ မေးကြည့်တဲ့အခါ “ကြောက်တာပေါ့။ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတာ အဟုတ်ပဲလားလို့တောင် ထင်မိတယ်။ ၂၀၀၆ ဆူနာမီ တုန်းက ရန်ကုန်မှာ ရှိနေတာ။ အဲ့ဒီတုန်းကလည်း အရမ်းလှုပ်တာလေ၊ အဲ့လိုပဲ ခု လှုပ်တာက။ အဲ့ဒီတုန်းက ရှစ်ထပ်၊ ခုက သုံးထပ် တိုက် မှာ နေတာ၊ အပေါ်ဆုံးမှာ။“ လို့ ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် ၀ ဒေသတွင် နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရပါတယ်။ မယ်ဆိုင်တွင် အမျိုးသမီးတဦး သေဆုံးကြောင်း၊ နောက် နှစ်ရက်အတွင်း ဆက်စပ်ငလျင် လှုပ်နိုင်ဘွယ်ရှိကြောင်း သြစတေလျနိုင်ငံ အေဘီစီသတင်းတွင် ဖော်ပြထားပါတယ်။ သီးခြားသတင်းရပ်ကွက်များကတော့ မြန်မာပြည် ကြပ်ပြေးနေပြည်တော်တွင် ပြင်းအား ၄ ကျော်တဲ့ ငလျင်တခု လှုပ်သွားကြောင်း ပြောပြပါတယ်။

(သတင်းရင်းမြစ် - ယနေ့မြန်မာ)

24 March 2011

စမ်းချောင်းမြို့နယ်၊ဗားဂရာလမ်းရှိ ပဒုမ္မာ ကဇာတ်ရုံ အား ကျပ်သိန်း (၅၆၀၀၀)ကျော် ဖြင့် လုပ်ငန်းရှင် ၂ ဦးရယူ....

အဆောက်အအုံနှင့်မြေကွက်အများဆုံး ပါဝင်သော ဖေဖော်ဝါရီလ ၂၄ ရက်က ပြုလုပ်ခဲ့သည့် လေလံတွင် စမ်းချောင်းမြို့နယ်၊ဗားဂရာလမ်းရှိ ပဒုမ္မာ ကဇာတ်ရုံသည် ကျပ်သန်းပေါင်း ၅၆၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၆၄ သန်းကျော်)ဖြင့် ဈေးအများဆုံး ရရှိခဲ့ကြောင်း လေလံစီးပွားရေး လုပ်ကိုင်သော လုပ်ငန်းရှင်များကပြောသည်။

မြေအကျယ် ၄ ဒသမ ၄၃၅ ဧကရှိပြီး သွပ်မိုးနှင့် ပျဉ်ကာ ကဇာတ်ရုံတစ်ရုံပါသော အဆိုပါမြေနှင့်အဆောက်အအုံအား ပရီးမီးယား ကော်ဖီလုပ်ငန်းပိုင်ရှင် ဦးထွန်းရင်နှင့် ဒေါက်တာကိုကိုကြီးတို့ကကျပ်သန်း ၅၆၇၀၀ ကျော်ဖြင့် လေလံအောင်ခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောပြခဲ့သည်။

လေလံအောင်သူများမှာ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို နှစ်ပတ်အတွင်း (မတ်လ ၂၃ ရက် နောက်ဆုံးထား၍)ပေးသွင်းရန် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ကျန် ၇၀ ရာခိုင်နှုန်းကို လေလံအောင်သောတန်ဖိုးကျပ်သန်းတစ်ထောင်ကျော်ပါက ခြောက်လအတွင်း၊ ကျပ်သန်းတစ်ထောင် မကျော်ပါက သုံးလအတွင်း ပေးသွင်းရမည် ဖြစ်သည်။

ငွေပေးသွင်းရသော ပုံစံ ပြောင်းလဲ ခဲ့ခြင်းကြောင့် လေလံအောင်ထားသော လုပ်ငန်းရှင်အချို့မှာငွေပေးသွင်းရန် ကြိုးပမ်းနေရကြောင်း သတင်း ရရှိသည်။ သို့သော် လုပ်ငန်းရှင်အချို့မှာလေလံအောင်ထားသော မြေကွက်နှင့် အဆောက်အအုံကို လက်ဆင့်ကမ်း ပြန်ရောင်းရန် စီစဉ်နေကြောင်းလည်းသတင်းရရှိသည်။

ယခုနောက်ပိုင်း ပြုလုပ်သော အဆောက်အအုံ လေလံပွဲများတွင် လေလံဝင်ဆွဲပြီးပြန်ရောင်းသူ များလာသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောပြခဲ့ကြောင်းယခု အပါတ်ထုတ် 7 Day News ဂျာနယ်၊ တွင် ဖော်ပြထားပါသည်။

မြန်မာ့ ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ (၁၃၅) နှစ်မြောက် မွေးနေ့  မတ်လ (၂၃) ရက်နေ့ ။

























ယနေ့ ကျရောက်တဲ့ မတ်လ (၂၃) ရက်နေ့ ဟာ မြန်မာ့ ငြိမ်းချမ်းရေးဖခင်ကြီး၊ မြန်မာ့ အမျိုးသားဇာတိမန်ကို နှိုးကြားစေဖို့  စာပေပညာနဲ့  နှိုးဆော်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း (ခ) ဆရာလွန်းရဲ့  (၁၃၅) နှစ်မြောက် မွေးနေ့  ဖြစ်ပါတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ မှာ ဖွားမြင်ပြီး ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်မှာဘဲ ကွယ်လွန်ခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အထင်ကရရှိခဲ့ပြီး တော်လှန်ရေးခေါင်းဆောင်ကြီးများ အမျိုးသားခေါင်းဆောင်ကြီးများ ပါဝင်လှုပ်ရှားခဲ့တဲ့ “တို့ ဗမာအစည်းအရုံးကြီး” မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ သခင်မြ၊ သခင်အောင်ဆန်း၊ သခင်နု အစရှိတဲ့ သခင်တွေကို ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းမှာ “မှိုင်းရာပြည့်” ဆိုတဲ့ ၁၉၇၆ ခုနှစ်မှာ ကျောင်းသားပြည်သူ ရဟန်းရှင် လူအပေါင်း အားလုံးက လေးလေးစားစား ဦးညွှတ်ကြပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း (ဆရာလွန်း) ရဲ့ အသက်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။
ယခုအာဏာရှင်များ လက်ထက်မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ လို အမျိုးသားရေးဇာတိမာန် နှိုးကြားလာအောင် မြှင့်တင်ကြိုးစား လမ်းပြခဲ့ကြတဲ့ ပုဂ္ဂိုလ်မြတ်ကြီးတွေ ကျေးဇူးကို သတိရဖို့ နေနေသာ ဂုဏ်ပြုဖို့  နေနေသာ၊ အာဏာရှင်သန်းရွှေအပေါင်းအပါတွေဟာ ပါးစပ်ကသာ ဇာတိမာန်တွေ တတွင်တွင်အော်နေပေမယ့် အမျိုးသားအမျိုးသမီးကောင်းတွေရဲ့  ဘ၀တွေ ပျက်ပျက်သုန်း ကြေမွပျက်စီးနေစေတယ်။ အမျိုသားဓလေ့ထုံးတမ်းစဉ်လာနဲ့ အမျိုးသားပိုင် အဆောက်အဦးနေရာဒေသတွေကို ကာကွယ်စောင့်ရှောက်ဖို့ ထက် လူမျိုးခြားတွေလက်တဲကို တွင်တွင်ကြီး ရောင်းချနေပါတော့တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ သက်ရှိထင်ရှားရှိနေသေးရင် ရင်ကျိုးမှာ အမှန်ပါဘဲ။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ အေးချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို တစ်ပါတီအာဏာရှင်ဖြစ်တဲ့ နေ၀င်းရဲ့  လက်ပါးစေတွေက ရိုက်နှက်ထုထောင်း ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ၊ မြို့ အသီးသီး နယ်အသီးသီးက လမ်းမတွေပေါ်မှာ ကြွေးကြော်ချီတက်ခဲ့ကြရင်း “ကမ္ဘာမကြေဖူး” ထဲက သီချင်းစာသားကို အဆက်မပြတ် သီဆိုကာ ဗိုလ်ချူပ်အောင်ဆန်းနဲ့  ဆရာကြီးသခင်းကိုယ်တော်မှိုးင်းတို့ ကို ဦးတည်တိုင်တန်း တိုင်တည်ခဲ့ကြပါတယ်။ အဘိုး သခင်ကိုယ်တော်မှိုင်းတို့  ရယူပေးတဲ့တဲ့ လွတ်လပ်ရေးနဲ့  ငြိမ်းချမ်းရေး ပျက်သုန်းပျောက်ကွယ်ကာ အာဏာရှင်တို့  ရဲ့  လူသတ်လက်နက်တွေနဲ့  လူသတ်ကောင်တွေအောက်မှာ မြန်မာ့ရာဇ၀င် ရိုင်းသွားရပြီဖြစ်ကြောင်း တိုင်တည်ခဲ့တာ ဖြစ်ပါတယ်။


|
| eSnips Social DNA



(ကမ္ဘာမကြေဖူး ….
ငါတို့ တစ်တွေရဲ့ သွေးနဲ့ ရေးတဲ့ မော်ကွန်းတွေ၊

တော်လှန်ရေး …
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
အော် .. .သူရဲကောင်းတို့ ရေ …
အာဇာနည်တွေ နေတဲ့ တိုင်းပြည် … )
ရဲရဲတောက် ဒို့  ပြည်သူတွေ …

(သခင်ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီး အဖိုးရေ …
သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ …
အော် .. လုပ်ရက်ကြပေ …
ပေတရာပေါ်မှာ ပြည်သူ့ အလောင်းတွေ …. )
အတုံးအရုံး လဲပြိုကာနေ၊

ညီအစ်ကိုတို့  … ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဖူး၊
မတွေဝေနဲ့  …. ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော၊
အော် … သူရဲကောင်းတို့ လို ခိုင်မာပီပြင် တော်လှန်ပြုမလေ၊

ညီအစ်ကိုတို့  … ပေတရာပေါ်မှာ ကျတဲ့သွေးတွေ မခြောက်သေးဖူး၊
မတွေဝေနဲ့  …. ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော၊
အော် … သူရဲကောင်းတို့ လို ခိုင်မာပီပြင် တော်လှန်ပြုမလေ၊
အမျိုးချစ်တဲ့ ဒို့ တာဝန်ပေ …
ကမ္ဘမကြေဖူး … ။

(၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြရင်း သီဆိုခဲ့တဲ့ ဒီသီချင်းကို ပြန်လည်သီဆိုထားတာတွေ့ ရလို့  မျှဝေလိုက်ပါတယ်။ ဒေါင်းလုပ် download ရယူဖို့  – http://www.multiupload.com/4AB8APUNCF)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရှေ့ ဆောင်လမ်းပြခဲ့တဲ့ အမျိုးသားရေးဇာတိမာန်တွေ ထပ်မံနိုးကြားကြပြီး တိုင်းပြည်နဲ့ လူမျိုး ငြိမ်းချမ်းဖို့ အတွက် လွတ်လပ်ဖို့ အတွက် အမျိုးသား အမျိုးသမီးထုအပေါင်းအနေနဲ့  မိမိတို့  အမျိုးသားအရေးကို ကာကွယ်စောင့်ရှောက်ကြပါ၊ အမျိုးသားရေး စိတ်ဓါတ်တွေ မွေးကြပြီး အမျိုးသားတစ်ရပ်လုံးရဲ့  ရန်သူဖြစ်တဲ့ အာဏာရှင်များကို တော်လှန်တိုက်ထုတ်ကြပါစို့ လို့  ဆရာကြီးသခင်ကိုယ်တော်မှိုင်း မွေးနေ့ အခါသမယမှာ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

23 March 2011

စစ်အစိုးရ ရုံးစိုက်နေတဲ့ နေပြည်တော်တွင် ဓနရှင်လူတန်းစားများ အပန်းဖြေရာနေရာများအား စစ်အာဏာရှင်များက အမိန့်ကြေညာချက်ထုတ်ပြန်..

ဥပဒေကို လိုရာ
သုံးနေတဲ့ စစ်အာဏာရှင် တွေကတော့ အမိန့်ကြေညာချက်ဆိုပြီးထုတ်လိုက်ပြန်ပါလားရှင်.။


နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ်အတွင်း၌ မြန်မာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော စင်တင်တေးဂီတ လုပ်ငန်းများ၊ ဗြူတီပါလာလုပ်ငန်းများ၊ ကာရာအိုကေလုပ်ငန်းများ မရှိစေရန်နှင့် မည်သည့်အနှိပ်ခန်းမျှ လုပ်ကိုင်ခြင်းမပြုရန် စည်းကမ်းချက်များ ထုတ်ပြန်ကြေညာပြီး လိုက်နာမှုမရှိဘဲ ပျက်ကွက်မှုများ တွေ့ရှိက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၈)အရ တရားစွဲဆို အရေးယူခံရမည့်အပြင် လုပ်ငန်းအား ရာသက်ပန် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စာအမှတ် ၅/၄၃-၂၈/ဦး ၆(၀၃၃၉) ၂၀၁၁ မတ် ၈ရက် အမိန့်ကြော်ငြာစာအရ သိရသည်။

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ်အတွင်း စင်တင် တေးဂီတ လုပ်ငန်း၊ ကာရာအိုကေလုပ်ငန်း၊ ဗြူတီပါလာလုပ်ငန်း လုပ်ကိုင်သူများအား မြို့များ အက်ဥပဒေ၊ ကျေးရွာ အက်ဥပဒေနှင့် အညီ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရာ၌လည်းကောင်း၊ ခွင့်ပြုမိန့်လျှောက်ထားရမည်။ ခွင့်ပြုမိန့်မရရှိဘဲ လုပ်ကိုင်ခြင်းမပြုလုပ်ရ။ ခွင့်ပြုမိန့် ရစေကာမူ ညစဉ် ၁၁ နာရီထက် ကျော်လွန်လုပ်ကိုင်ခြင်း မရှိစေဘဲ အခါအားလျော်စွာ အချိန်ပြင်ဆင် ကန့်သတ်မှုကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းလုပ်ကိုင်သည့် နေရာတွင် စည်ပင်သာယာရေး အက်ဥပဒေ၊ ယစ်မျိုးဥပဒေ၊ မြို့များဥပဒေ၊ ကျေးရွာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိပြီး ဖြစ်ရမည်။ ဖျော်ဖြေသီဆိုသူများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှု၊ သီဆိုမှု၊ ခန္ဓာလှုပ်ရှားပြသမှု လုံးဝမပြုလုပ်ရန်၊ ဒေသခံ မဟုတ်သော ဖျော်ဖြေသီဆိုသူများအားလုံး ဥပဒေနှင့်အညီ ဧည့်စာရင်း တိုင်ကြားရမည်။ ထူးခြားပြီး အများစိတ်ဝင်စားသောသူ (ကျော်ကြားသူ) များ သီဆိုမှုများအတွက် သီးခြားခွင့်ပြုမိန့် ရရှိမှသာ ဆောင်ရွက်ရမည်။

မိမိပိုင်နက်အတွင်း စည်းကမ်းထိန်းသိမ်းမှု မိမိတာဝန်ယူရမည်။ ကာရာအိုကေ သီချင်းဆိုခန်းများသည် အသံလုံခန်း ဖြစ်သော်လည်း အချင်းချင်းမြင်သာသည့် အခန်းဖွဲ့စည်းမှု ရှိရမည်။ မှန်အကြည် တပ်ထားရမည်။ လိုက်ကာ ကာရံထားခြင်း မပြုရ။ ကာရာအိုကေ သီဆိုခန်းအတွင်း အမျိုးသား၊ အမျိုးသမီးနှစ်ဦးတည်း သီဆိုဖျော်ဖြေခြင်း မပြုရ။ ကာရာအိုကေ လုပ်ငန်းရှင်သည် မိမိဆိုင်ရှိ အမျိုးသမီး ဝန်ထမ်းများအား မိမိပိုင်နက်အတွင်းမှ ပြင်ပသို့ ထွက်ခွာခွင့်မပြုရ။ ဗြူတီပါလာလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အညီ လုပ်ကိုင်သူများ ဖြစ်ရမည်။ အချင်းချင်း မြင်သာသောအခန်းဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ရမည်။

နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း၌ မည်သည့်အနှိပ်ခန်းမှ လုပ်ကိုင်ခြင်းမပြုရ။ ဤတားမြစ်ချက်များကို လိုက်နာရန် ပျက်ကွက်သူသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈)အရ တရားစွဲဆို အရေးယူခံရမည့်အပြင် လုပ်ငန်းအား ရာသက်ပန်ပိတ်သိမ်းသွားမည်ဖြစ်သည်ဟု ပါရှိကြောင်း မတ်လ ၂၂ ရက်နေ့ထုတ် ပြည်တွင်း မှ Flower News ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၁၂) တွင် ဖော်ပြထားပါသည်။

ပြည်ပ သတင်းဌာန တစ်ခုဖြစ်တဲ့ လွတ်လပ်တဲ့ အာရှအသံ (RFA) အဖွဲ့သား ကိုကျော်ကျော်အောင် မှ မတ်လ (၂၂)ရက်နေ့တွင် စုစည်းတင်ပြထားပုံကဖြင့်


စစ်အစိုးရ ရုံးစိုက်နေတဲ့ နေပြည်တော် မြို့တော်သစ်မှာ အနှိပ်ခန်းနဲ့ ကာရာအိုကေခန်းတွေကို အခု ရက်ပိုင်းအတွင်း ဖမ်းဆီး အရေးယူနေပေမဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက် အောင်မြင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။


တကယ်တော့ အနှိပ်ခန်း၊ ကာရာအိုကေ၊ အလှပြင်ခန်းမ စသဖြင့် ၂၀၀၀ ခုနှစ်လောက်စလို့ ရန်ကုန်မြို့မှာ နာမည်အမျိုးးမျိုးနဲ့ တည်ထောင်ထားတဲ့ လုပ်ငန်းတွေအများစုဟာ နောက်ပိုင်းမှာ လိင်ဖျော်ဖြေရေးတွေ တွဲဖက်လုပ်ကိုင် လာခဲ့ကြတာဖြစ်ပြီး၊ ရဲ၊ ထောက်လှမ်းရေး၊ မယက စတဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို လိုင်းကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင် နေကြတာဖြစ်ပါ တယ်။

အနှိပ်ခန်း၊ ကာရာအိုကေ အလှပြင်သီးသန့်ဖွင့်လှစ် လုပ်ကိုင်သူတွေရှိပေမဲ့ အနည်းစုသာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ရန်ကုန်မြို့မှာ စတင်ဖွံ့ဖြိုးလာခဲ့ တာဖြစ်ပြီး၊ စစ်အစိုးရက မြို့တော်ကို နေပြည်တော်ကို ပြောင်းရွှေသွားပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၃ နှစ်လောက် ကစလို့ နေပြည်တော်မှာ အရှိန်အဟုန်နဲ့ အောင်မြင်ထင်ပေါ်လာခဲ့တဲ့ စီးပွားရေးတခု ဖြစ်လာခဲ့တာပါ။

နေပြည်တော်မှာ အဲဒီအနှိပ်ခန်းနဲ့ ကာရာအိုကေလုပ်ငန်းတွေ အောင်မြင်ရတဲ့ အဓိကအကြောင်းရင်းက ငွေကို ရေလို သုံးဖြုန်းနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ၊ စီးပွားရေးသမားတွေ အများအပြား ရှိတာကြောင့်လို့ လေ့လာသူတွေက ပြောပါတယ်။

ယီမင်နိုင်ငံရဲ့  တပ်မတော် ထိပ်တန်းအရာရှိကြီးတွေက ပြည်သူဘက် ရပ်တည်ကြပြီ။

ယီမင်နိုင်ငံမှာ အာဏာရှင်ကို ဖယ်ရှားဖို့  ဆန္ဒပြနေကြတဲ့ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ဖို့ အတွက် ယီမင်တပ်မတော်အတွင်းက ထိပ်တန်း စစ်တပ်အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်ချူပ်ကြီး General Ahamr အပါအ၀င် တပ်မှူးအရာရှိကြီးတွေ အရာရှိအရာခံ အကြပ်တပ်သားတွေက ပြည်သူ့ တပ်မတော်သား ပီသစွာနဲ့  ဆုံးဖြတ်လိုက်ကြပါတယ်။











ဗိုလ်ချူပ်ကြီး General Ahamr ရဲ့  ပြောကြားချက်ကတော့ - General Ahamr said “According to what I’m feeling, and according to the feelings of my partner commanders and soldiers… I announce our support and our peaceful backing to the youth revolution. We are going to fulfil our duties in preserving security and stability.”

“ကျွန်တော် ကိုယ်တိုင် ခံစားမှုအရရော၊ ကျွန်တော်နဲ့ အတူတစ်ကွ လုပ်ဖေါ်ကိုင်ဘက် တပ်မတော် တပ်မှူးအရာရှိကြီးတွေရဲ့  ခံစားမှုအရရော၊ တပ်မတော်အတွင်းက တပ်မတော်သားအပေါင်းရဲ့  ခံစားမှုတွေအရရော ကျွန်တော်တို့  ဆုံးဖြတ်ချက်ကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့် ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူလူထုတော်လှန်ရေးကြီးကို ထောက်ခံအားပေးပါတယ်၊ ဒီအတွက် ကျွန်တော်တို့  လုပ်ဆောင်ပေးသင့်တဲ့ တာဝန်ဝတ္တရားအရ တိုင်းပြည်နဲ့  ပြည်သူပြည်သားတွေ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးနဲ့  တိုင်းပြည်အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်အပ်ပါကြောင်း” ပြောကြားသွားပါတယ်။

အမိမြန်မာပြည်ရဲ့  တပ်မတော်ကြီးအတွင်းက အရာရှိအရာခံ အကြပ်တပ်သားတွေအနေနဲ့ လည်း အာဏာရှင်ဘက်ကို ရပ်တည်နေရာကနေ ပြည်သူဘက်ကို မားမားမတ်မတ် ရပ်တည်ပေးကြဖို့  လိုအပ်နေပါင်္ပြီ။

22 March 2011

ဧရာဝတီတိုင်းအတွင်းက လေမုန်တိုင်းမိပြီး အသက်ရှင် ပြန်လည်ရောက်ရှိလာသော မြန်မာ ရေလုပ်သားများ၏မြင်ကွင်းပုံရိပ်

မြန်မာလူငယ်များ တေးဂီတ နဲ့ရင်ဖွင့်သံ









လူငယ်ဆိုတာလွတ်လပ်တာ နှစ်သက်တယ်၊ ဒါကြောင့် ပြည်သူတွေကို တားဆီး ပိတ်ပင်မှုတွေများတဲ့ နအဖ ကို ငြိမ်းချမ်းစွာ သီချင်းတွေ နဲ့ အနုပညာ ရသ အား ရင်ဖွင့်သံ များ ၊မွန်းကြပ်မှုများကို သံစဉ် ဖြစ်အောင် ရေး ဆို နေကြတယ် .။ နအဖ ရဲ့ အလိုတော်ရိ မြန်မာအဆိုတော် တချို့ကတော့ နအဖစစ်အစိုးရ ရဲ့ ခိုင်းစေ သမျှကို ကိုယ်ပိုင် ဦးနှောက်မရှိဘဲ တိရိစ္ဆာန်တွေလို ကြောက်နေတော့ နအဖစစ်အစိုးရ ကြိုးဆွဲသမျှ လိုက်လုပ်နေကြတာပါ.။ ပြည်သူ တွေရဲ့ စိတ်ခံစားမှုကို ဘာမှ မတွေးခေါ်နိုင်ကြတာပါဘဲလား.။

21 March 2011

ဗြဟ္မစိုရ်နှလုံးသားနှင့် ခေတ္တရာခရီးသွားသူများ














ဗြဟ္မစိုရ်နှလုံးသားနှင့် ခေတ္တရာခရီးသွားသူများ


နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများသည် ၁၈.၃.၂၀၁၁ (သောကြာ) နေ့တွင် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ သွားရောက်ပြီး ဒဿမအကြိမ်မြောက် မဟာအလှူ တော်မင်္ဂလာပွဲသို့ သွားရောက်ကာ ရွှေရန်ပြေဘုရားကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ မြတ်စွယ်တော် အပူဇော်ခံပွဲ၊ သစ်သီဆွမ်းကပ်လှူပူဇော်ပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ၊ ဖိုးသူတော်ဝတ်ပွဲ၊ မယ်သီလရှင် ၀တ်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပျားကြီးတောင်သခင်မကြီး ၀တ်လဲတော်ကပ်လှူပွဲ၊ ရွှေပေါက်ပင် ဘိုးဘိုးကြီးအား ၀တ်ရုံသစ်ကပ်လှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်တို့ကို ၁၃.၃.၂၀၁၁ မှ ၁၉.၃.၂၀၁၁ အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သော မဟာအလှူတော်မင်္ဂလာ ပွဲတော်ကြီးသို့သွားရောက် ကုသိုလ် ယူခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)က အသင်းသူ/သားများသည် ၁၈.၃.၂၀၁၁ နေ့လည်ပိုင်းတွင် ပြည်မြို့ရှိ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့မှ ဦးဆောင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခ ကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဖွင့်လှစ်ပြီး အခမဲ့ ကုသပေးမည့် ပြည်မြို့၊ ရွာဘဲနယ်မြေရှိ “ရတနာ မာန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်”ရှိ အဆောက်အဦးအား သွားရောက်ကြည့်ရှု အကြံပေး ခဲ့ကြသည်။

၂၀၁၀ ခုနှစ်၊ မတ်လတွင် ရာသီဥတု ပူပြင်းသည့်အတွက် ရေရှားပါးမှုပြဿနာအား နာရေးကူညီမှုအသင်း(ရန်ကုန်)က ရေလှူဒါန်းမှု၊ အ၀ီစိရေတွင်း တူးဖော်ခြင်း၊ အုတ်ရေကန်များ တည်ဆောက်ခြင်းတို့ကို လှူဒါန်းမှုများပြုလုပ်ခဲ့ရာတွင် ပြည်မြို့နယ်တစ်ဝိုက် ပေါက်ခေါင်းမြို့နယ်၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တို့တွင် မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့(ပြည်)သည် လူမှုရေးစိတ်ဓါတ် ပြည့်ဝစွာနှင့် စာရင်းဇယားတိကျစွာတို့ဖြင့် တစ်ဖက်တစ်လမ်း ပံ့ပိုးကူညီခဲ့သော လူငယ်အဖွဲ့ဖြစ်သည်။ မိုးမေတ္တာ ပရဟိတလူငယ် အဖွဲ့(ပြည်)သည် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ သွေးလှူဒါန်းခြင်း၊ စာပေဟောပြောပွဲများ ကျင်းပပေးခြင်းစသည့် လူမှုရေးလုပ်ငန်းများကို ထမ်းဆောင် ပေးဆပ်လျှက် ရှိသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွင့်လှစ်ထားသော အခမဲ့ ဆေးဝါးကုသ ပေးသည့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ မြန်မာပြည်အထက်ပိုင်းမှ လာရောက်ဆေးဝါးကုသကြသော လူနာများအတွက် နေရေး၊ စားရေး၊ သွားရေး၊ လာရေး၊ ဆေးကုသမှုအရေးတို့ကို အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်ကာ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့(ပြည်) ဦးစီးသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ ကဗ္ဗည်းတပ်ကာ အများပြည်သူတို့အတွက် ဆေးဝါးကုသမှုဟူသော ကျန်းမာရေးကဏ္ဍအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပံ့ပိုးပေးမှုကို လူသားချင်း စာနာစိတ်ထားရှိကာ ပြုလုပ် ပေးဆပ်ခဲ့ခြင်းဖြစ်သည်။

ညပိုင်းတွင် ရွှေပေါက်ပင် ဆရာတော်ကြီး ဦးဆောင်၍ ပန်းပေါင်းတစ်ထောင် နတ်မင်းကြီး၊ ဒေ၀တာနတ်မင်းများမှတဆင့် မြတ်စွာဘုရားရှင်ထံသို့ ရည်စူးကာ ပန်းဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

၁၉.၃.၂၀၁၁ နံနက် (၅း၀၀) နာရီအချိန်တွင် သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား အားကျင်းပပြီးသည့်နောက် အာရုံဆွမ်းကပ်လှူခြင်းကို ပြုလုပ်ခဲ့ကြသည်။ သံဃာတော် (၂၆၆)ပါး၊ သီလရှင် (၂၆၀)ပါး၊ ဖိုးသူတော် (၇)၊ ကိုရင် (၁၄၀) ပါးတို့နှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ် ပေါင်း (၅၀၀၀၀) ငါးသောင်းနီးပါးခန့်ကို သတ်သတ်လွတ် ဆွမ်းကပ်လှူဒါန်း ဒါနပြုခဲ့ကြသည်။ ထို့နောက် သီဟိုရ်ကျွန်းနိုင်ငံမှ ရွှေပေါက်ပင်ဆရာတော်ကြီး ကိုးကွယ်ပူဇော်ရန်အတွက် ဒါနပြုလှူဒါန်း ထားသော ဗုဒ္ဓစွယ်တော်ပွားတစ်ဆူနှင့် နဂါးတို့ပြည်ဌာနမှ ကြွရောက်အပူဇော်ခံ ထားရှိမည့် စွယ်တော် ပွားတစ်ဆူ စုစုပေါင်း စွယ်တော် (၂) ဆူတို့အား လှည့်လည်ပူဇော်ခံပွဲကို ရွှေပေါက်ပင်ကျောင်းဝင်း အတွင်း ဧည့်ပရိတ်သတ်ပေါင်း (၅၀၀၀၀) ခန့်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ယင်းနောက် နံနက် (၉း၀၀) နာရီအချိန်တွင် နိဗ္ဗာန်ဈေးပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ရွှေပေါက်ပင်ဆရာတော်ကြီးမှ ဖဲကြိုးဖြတ်၍ မိုးပျံပူဖောင်းများလွှတ်တင်ကာ ဖွင့်လှစ်ပေးခဲ့သည်။ နိဗ္ဗာန် ဈေးဆိုင်ခန်းပေါင်း (၂၀၀) ပါရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က ကျား၊ မ၊ ကလေး အ၀တ်အ ထည် (၇၄၀) တို့အား မဲဖေါက်လှူဒါန်းပေးခဲ့သည်။ ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ “ဗြဟ္မစိုရ် နာရေးကူညီမှုအသင်း (ညောင်စာရေး)” သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တိုယိုတာ ဟိုင်းလတ် နိဗ္ဗာန်ယာဉ်တစ်စီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ရှိ “ဆင်မြီးဆွဲ - နာရေးကူညီမှုအသင်း” သို့ ထော်လာဂျီ နိဗ္ဗာန်ယာဉ်တစ်စီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ “ရွာကြီးရေသာဘုရားကျိန်းကျောင်း”တွင် အများပြည်သူအတွက် အများပြည်သူကောင်းမှုအဖြစ် သောက်ရေသုံးရေ၊ ရေစစ်ကန်၊ ရေစင်၊ ရေတိုင်ကီများလှူဒါန်းမှု၊ ပြည်မြို့ ရွှေပေါက်ပင်တောရ ကျောင်းတိုက်တွင် နိဗ္ဗာန်ဈေးလှူဒါန်းခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်း စသည့်ကောင်းမှုကုသိုလ် အစုစု တို့ကို စုပေါင်းမဟာအလှူတော်မင်္ဂလာ ရေစက်ချပွဲကို ရွှေပေါက်ပင်ဆရာတော်ကြီး ဦးသောမစာရနှင့် အင်းလေးဒေသ “ရွာကြီးရေသာဘုရားကျိန်းကျောင်း” ဆရာတော် ဦးဝေပုလ္လတို့မှ တရားတော်နာ ရေစက်သွန်းချ အခမ်းအနားကို ကျင်းပပေးခဲ့သည်။

ထိုထိုသော ကောင်းမှုအလှူတော်များသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းကြ ကုန်သော ပြည်တွင်း/ပ အလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၏ ကောင်းမှုအလှူဒါနများပင် ဖြစ်သည်။ ယင်းအလှူတော်မင်္ဂလာပွဲတော်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဦးတင်မြင့် ဦးစီးသော “အောင်သိဒ္ဓိအောင်” ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့အား ပြည်မြို့၊ ရွှေပေါက်ပင် တောရကျောင်းတိုက်သို့ ခေါ်ဆောင်၍ ကုသိုလ်ပွဲတော်အား သိုက်သိုက်ဝန်းဝန်း စည်ကားမြိုင်ဆိုင်စွာ ပါဝင်ဆင်နွှဲစေခဲ့သည်။ စွယ်တော်လှည့်လည်ပူဇော်ပွဲ အခမ်းအနားပြီးဆုံး၍ စွယ်တော်မြတ် (၂) ဆူ အား သက်ဆိုင်ရာစွယ်တော်တိုက်များသို့ ပြန်လည်ထည့်သွင်းပြီးသည်နှင့် ရွှေပေါက်ပင်ဆရာတော်ကြီး ၏ “အောင်ပြီလားဟေ့” ဟု ကြွေးကြော်လိုက်သည်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ပြန်လည်၍ “အောင်ပြီဟေ့” ဟူသော ကြွေးကြော်သံများနှင့်အတူ ရှမ်းအိုးစည်ဝိုင်း၊ ဒိုးပါတ်ဝိုင်း၊ မြန်မာ့ဆိုင်းဝိုင်း များမှ အောင်စည်အောင်မောင်း တီးခတ်သံတို့သည် အာကာတခွင် လွှမ်းခြုံပဲ့တင်ထပ် သွားပါ တော့သည်။

ယော ဘိက္ခဝေ မဥပဌဟေယျ
သောဂိလာနံ ဥပဌဟေယျ
ငါဘုရားကို လုပ်ကျွေးလိုက လူအို၊ လူနာ၊ လူသေတို့ကို လုပ်ကျွေး သင်္ဂြိုလ်ရာ၏။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

အမှောင်လှိုင်းထဲက သူရဲကောင်း တို့ တိုင်းပြည်



စီစဉ်သူတို့စကား။

ထောင်ဆိုသည် နေရာကောင်းမဟုတ်၊ လူကောင်းသူကောင်းများကို ကာကွယ်စောင့်ရှောက်ရန် လူဆိုးသူဆိုးတို့ကို ဖမ်းဆီးထိမ်းသိမ်းထားသည့် နေရာဖြစ်သည်၊ မကောင်းသူတို့အားလှောင်ပိတ်ထားသည့် နေရာဟုလည်း ဆိုနိုင်သည်၊ ပြုပြင်ရန်အလို့ငှာဟု ရည်ရွယ်ချက်ကောင်းထားသော်လည်း ထောင်သည် နှစ်သက်စရာ ဖြစ်မလာခဲ့ပါ၊ သို့ သော်လည်း လူ၌အဖွဲ၌အစည်းတခုကို စနစ်တကျ တည်ထောင်စီမံခန်၌ခွဲရာတွင် ထောင်သည် ဖယ်ထုတ်မရသော အုပ်ချုပ်ရေးယန္တရား၏ အစိတ်အပိုင်းတရပ်ဖြစ်လာခဲ့သည်၊ ထို့အတူ မိမိတို့ကို မော်လို့မှမကြည့်ဝံ့၊ စကားတခွန်းမှ ခွန်းတုန်၌မပြန်ဝံ့စေရန် လူအများအား ဗိုလ်ကျဖိနှိပ်ရာတွင်လည်း မတရားစိုမိုးအုပ်ချုပ်သူတို့အတွက် ထောင်သည် လက်နက်ကောင်းတခုဖြစ်လာခဲ့ပြန်သည်၊ ထောင်ကျရခြင်းသည် မင်္ဂလာရှိသောကိစ္စမဟုတ်ပါ၊ ထောင်တွင်းမှာ နေရထိုင်ရသောဘဝသည်လည်း ကြမ်းတမ်းဆိုးဝါး လွန်းပါသည်၊ ထောင်တွင်းမှာ ဘဝပျက်သွားသူတွေရှိသည်၊ အသက်ပျောက်သွားသူတွေရှိသည်၊ ထောင်ထွက်ဆိုသူတို့ သည်လည်း ရပ်ထဲရွာထဲတွင် ပေါင်းအပ်သင်းအပ်သောသူများမဟုတ်ပါ၊ သို့သော် ယနေ့လို စစ်အာဏာရှင်ကြီးစိုးသည့် ခေတ်ဆိုးကြီးတခုထဲတွင်မူ လူကောင်းသူကောင်းစစ်မစစ် သက်သေခံနိုင်ရန် ထောင်ထွက်လက်မှတ် ထုတ်ပြရမလို ဖြစ်နေသည်ဟုဆိုရပေမည်၊ မတရားမှုတခုခုကို တနည်းနည်းဖြင့် အနည်းနှင့်အများ ဆန့်ကျင်မိသူတိုင်း၏ နောက်ဆုံး ရောက်ရှိစုဝေးရာသည် အကျဉ်းထောင်များ ဖြစ်လို့နေပါသည်၊

မတရားမှုတခုကို ဆန့်ကျင်ခြင်းသည် အနည်းနှင့်အများ အန္တရယ်ရှိပါသည်၊ တော်ရုံသတ္တိဖြင့် မလုပ်နိုင်ပါ၊ ထိုသတ္တိကလည်း မွေးရာပါ မလာပါ၊ အမှန်တရားကို ချစ်တတ်သည့်စိတ်ကသာ ထိုသတ္တိကို မွေးဖွားပေးပါသည်၊ မိမိစွဲကိုင်သော ယုံကြည်ချက်ကသာ ထိုသတ္တိကို ခိုင်မာစေပါသည်၊ ထိုသတ္တိမျိုးကို ဘယ်အကြောင်းနှင့်မျှ အကျဉ်းထောင်များက မသတ်ဖြတ်နိုင်ခဲ့ပါ၊ နှင်းပန်းအိမ်၏စာအုပ်ကိုဖတ်ရသည့်အခါ ထိုအချက်ကို ပိုမိုထင်ရှားစွာ မြင်ရပါသည်၊ ထိုသတ္တိမျိုး လူအများတွင် ပြန့်ပွားဖြစ်ထွန်းလာစေလိုခြင်းသည် ဤစာအုပ်ထုတ်ဝေရခြင်ဿး အကြောင်းရင်းတခုဟု ဆိုရပေမည်၊

ယနေ့မြန်မာနိုင်ငံတွင် မတရားမှုများကို ဆန့်ကျင်ရင်းယုံကြည်ချက်အတွက် အကျဉ်းကျနေရသူပေါင်း နှစ်ထောင်ကျော်ရှိသည်၊ ဘဝပေါင်းနှစ်ထောင်ကျော်ဟု မြင်ကြည့်လိုက်ပါ၊ သူတို့နှင့်ဆက်စပ်နေသည့် ဘဝပေါင်းကလည်း မနည်း၊ ထိုဘဝများကို မမေ့မလျော့စေချင်ပါ၊ ထိုဘဝများ ဘာတွေဖြစ်ပျက်နေသည်ကို လူအများ သိစေချင်ပါသည်၊ စာနာနားလည်စေလိုရုံသက်သက်မျှ မဟုတ်ပါ၊ အခြားသော သန်းငါးဆယ်ကျော် ဘဝများ၏ ကောင်းရာကောင်းကျိုးအလို၌ငှာ သူတို့ဘာတွေ ရင်းနှီးပေးဆပ်နေကြရသည်ကို ရှင်းရှင်းလင်းလင်း သိကြစေချင်သည်၊ လူတိုင်း ပေးဆပ်ကြသူချည်းဆိုလျင် လောကကြီးက အင်မတန်ကောင်းသွားပါလိမ့်မည်၊ ဒါမှမဟုတ် ပေးဆပ်တာနှင့် ရယူတာကို မျှမျှတတ ကျင့်သုံးကြလျင်လည်း လောကကြီးက သာယာနိုင်ပါသည်၊ ဒီလိုမဟုတ်ပဲ ရယူလိုသူတိုချည်း နေထိုင်ကြသည့်လောကဆိုလျင်တော့ ဒုက္ခဘုံသာဖြစ်နေပေလိမ့်မည်၊ အနည်းဆုံးတော့ ပေးဆပ်ခြင်း၏ အဓိပ္ပါယ်ကို နားလည် လက်ခံလာတတ်ကြစေချင်သည်၊ ပေးဆပ်ခြင်းကို တန်ဘိုးထားတတ်ကြ စေချင်သည်၊ ထိုမျှော်လင့်ချက်ဖြင့်ပင် ယခုလိုယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတို့နှင့်သက်ဆိုင်သည့် စာအုပ်စာပေများကို ကျနော်တို့ထုတ်ဝေပါသည်၊ လူတိုင်း သူ့နေရာမှန်သူရှိသွားလျင် လောကကြီး တည်ငြိမ်အေးချမ်းလာမည်ဟုယုံကြည်ပါသည်၊ အမှန်တရားကို ချစ်တတ်သူများ အတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ မတရားမှုများကို ဆန်၌ကျင်သူများအတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ လောကကြီးအတွက် ကိုယ့်ရှိတာလေးထဲက ဘာပေးရမလဲ စဉ်းစားနေတတ်သူများအတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ ထောင်သည်ပင်လျင် ဖိနှိပ်အုပ်စိုးနေသူတို့၏ သံပခြုပ်ဖြစ်နေရခြင်းကိုက နေရာမှန်မဟုတ်ပါ၊ ထောင်သည် လောကကြီးဆီက ရနိုင်တာထက် ပိုလိုချင်တတ်ကြသည့် လက်ကုန်နှိုက်သမားများအတွက်သာ နေရာမှန်ဖြစ်သင့်ပါသည်၊ ထောင်သည် လူအချင်းချင်း ဗိုလ်ကျစိုးမိုးလိုသည့် ကြီးနိုင်ငယ်ညှင်းသမားများအတွက်သာ နေရာမှန်ဖြစ်သင့်ပါသည်၊ လောကပါလတရားက လူတိုင်းကို သူ့နေရာမှန်မှာသူ ရှိအောင်လုပ်ပေးပါသည်၊ ထောင်သည် လောကပါလတရားကိုစောင့်ရှောက်အပ်သော နံရံတချပ်သာဖြစ်သင့်သည်၊ ဖြစ်စေချင်သည်၊ ထိုဆန္ဒဖြင့် နေရာမှားနေသောလူများ။ အရာဝတ္ထုများအကြောင်း စာအုပ်စာပေများကို မိမိတို့ထုတ်ဝေပါသည်။

စစ်အစိုးရက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိပါဟု တလျောက်လုံးဘူးကွယ်နေသည်၊ နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ်ရှိပါသည်၊ အကျဉ်းထောင်များအတွင်း အခြားသောရာဝဇတ်အကျဉ်းသားများထက် အစီအစဉ်ရှိရှိနှင့် စံနစ်တကျ စိတ်ရောကိုယ်ပါ ညှင်းပမ်းနှိပ်စက်ခံနေရသူများကို နိုင်ငံရေးအကျဉ်းသားဟုဆိုရလျင် လွန်အံ့မထင်၊ ထောင်ထဲကလူကိုပါမဟုတ်၊ ထောင်ပြင်က မိသားစုကိုပါ ဒုက္ခပေးလိုက်သေးသည်၊ စိတ်နာလောက်သည့် သေကွဲရှင်ကွဲအဖြစ်များ သည်အနှစ်နှစ်ဆယ် ကျော်မှာများလှပြီ၊ ဒါတွေကို ရပ်တန့်ဖိုလိုသည်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့လိုသည်၊ သည်အချက်ကို မိမိတို့ အစဉ်တစိုက်တောင်းဆိုခဲ့သည်၊ ထိုတောင်းဆိုချက်များကို အမှောင်ခေတ်ထဲက သူရဲကောင်းတို့၏ တကယ့်ဘဝများက ပိုမိုကျယ်လောင်စေခဲ့။ လေးနက်စေခဲ့သည်က အမှန်ပင်၊ ထိုကျယ်လောင်လေးနက်သော တောင်းဆိုချက်အား လူတိုင်းလူတိုင်းစီ ရောက်ရှိစေရန် ပြန့်နှံ့စေရန် သည်စာအုပ်ကို မိမိတို့ထုတ်ဝေလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)။

စာရေးဆရာမနှင်းပန်အိမ်၏ ဘဝ၊ ယုံကြည်ချက်နှင့် အလုပ်။


အဘဦးတင်စိန်၊ အမိဒေါ်သန်းစိန်တို့မှာ ၁၉၆၆ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် သမီးအကြီးဆုံးဖြစ်သည်။ ဖခင်ဖြစ်သူ ဦးတင်စိန်ကို စစ်အာဏာရှင်များက ကိုးကိုးကျွန်းသို့ ပို့ခဲ့သည့် အတွက် စာရေးသူ ၆ လသမီးမှာဖခင်နှင့် ခွဲခွာခဲ့ရပြီး ၇ နှစ်သမီးမှ ဖခင်ကိုမြင်ဘူးခဲ့ပါသည်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့ပြီး သင်္ကန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၂ တွင် အဖွဲ့ချုပ်လူငယ် ကိုနေဦးနှင့် အိမ်ထောင်ကျပြီး ၁၉၉၃ တွင် သားတယောက် ဖွားမြင်ခဲ့သည်။

၁၉၉၈ တွင် ခင်ပွန်းသည် အဖမ်းခံရပြီး ထိုအချိန်က နှစ်အများဆုံးဖြစ်သည့် ထောင် ၁၄ နှစ်နှင့် မတရားဖမ်းဆီးထောင်ချခံရပြီး စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေးအကျဉ်းထောင်သို့ အပို့ခံခဲ့ပါရသည်။

အကျဉ်းကျမိသားစုဝင်အဖြစ် စစ်ကိုင်းတိုင်းကလေးမြို့တွင် ငပိရောင်းပြီး ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့ခဲ့ရသည်။ စာရေးသူ၏ ဘဝကိုသိနေသည့် အဘွားလူထုဒေါ်အမာက သမီးတို့ဘဝတွေက စာရေးဖို့ကောင်းတယ်ဟု ပြောခဲ့ဘူးသည်။ စာရေးသူကို စာပေမျိုးစေ့ချပေးသူက အဘွားလူထုဒေါ်အမာဖြစ်ပြီး စာပေစင်မြင့်တင်ပေးခဲ့သူများမှာ ဒေးဒရဲဦးမြတ်ဆွေ၊ ဆရာနတ်နွယ်၊ ဦးဇင်လင်း (ဦးဌေးအောင်) တို့ဖြစ်သည်။

လက်ရှိလွပ်လပ်သောအာရှအသံ Radio Free Asia (RFA)မှာ အသံလွှင့်ဆောင်းပါအဖြစ် မှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည် အစီအစဉ်ကို ရေးသားထုတ်လွှင့်တင်ဆက်လျှက်ရှိပါသည်။



မကြာမီထုတ်ဝေဖြန့်ချီတော့မည်ဖြစ်ပါသည်။ စာအုပ်ဝယ်ယူလိုသူများဟာ info@aappb.org သို့ ဆက်သွယ်မှာ ယူနိုင်ပါသည်.။

ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး၊ သာလွန်မင်းတရားကြီးနှင့် ခေတ်သစ်သာလွန်ဖျင်း (၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Different Between Thar Lon & Thar Lon Pyin

20 March 2011

ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးနှင့် (စူဏာမိ) ဆူနာမီ.. (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဓာတ်ပုံ ချစ်ကြည်အေး ဘလော့(ဂ်)
http://www.chitkyiaye.com/
Tsunami Dr.hlaing Myintဒေါက်တာလှိုင်မြင့်ရဲ့ Sanction ဆောင်းပါးတွေ ပြန်ဖတ်ချင်ရင်..
ကျွန်တော်ပြောချင်တဲ့ Sanction အကြောင်း နိဂုံးပိုင်း (ရေးသားသူ ဒေါက်တာလှိုင်မြင့်)
ကျွန်တော်ပြောချင်တဲ့ Sanction အကြောင်း (ရေးသားသူ ဒေါက်တာလှိုင်မြင့်)

ကဒါဖီတပ်ဖွဲ့များကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက် (သတင်း၊ ရုပ်သံ)

 
ကနေဒါ F18 Hornet fighters တိုက်လေယာဉ်များ Trapani Birgi လေတပ်အခြေဆိုက် စခန်းသို့ ရောက်ရှိလာစဉ်.. (ဓာတ်ပုံများ Getty images)
ကဒါဖီတပ်ဖွဲ့များကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက်
မြင့်လှိုင် ။ မတ်လ ၁၉ ရက်၊ ၂၀၁၁

လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်စခန်းများ၊ လေတပ်စခန်းများကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက်ကြောင်း ၂၀၁၁ မတ်လ ၁၉ ရက်နေ့ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ညနေ ၃ နာရီမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ထို တိုက်ပွဲမှာ ပြင်သစ်တိုက်လေယာဉ် အစီး ၂၀ က ကဒါဖီလေတပ် အခြေစိုက်စခန်းများကို အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းစံတော်ချိန် မနက် ၁၁ နာရီမှာ လေးကြိမ် တိုက်ခိုက်ခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန်တပ်ဖွဲ့များက ဒုံးကျည်ပေါင်း ၁၁၂ ခုနဲ့ ကဒါဖီရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စခန်းများကို တိုက်ခိုက်ခဲ့ပါတယ်။

ထို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘရာဇီးနိုင်ငံတွင် ရောက်ရှိနေတဲ့ အမေရိကန်သမတ ဘာရတ်အိုဘားမားနဲ့ ပြင်သစ်နိုင်ငံရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်တို့ကလည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အမေရိကန်သမတ အိုဘားမားက “စစ်ရေးအရ အရေးယူမှုဟာ ပထဆုံး ရွေးချယ်မှု မဟုတ်ကြောင်း၊ ဒီ တိုက်ပွဲကို အမေရိကန်တွေ ဦးဆောင်တာ မဟုတ်ကြောင်း၊ အမေရိကန် စစ်တပ်တွေအနေနဲ့ လစ်ဗျားမြေပြင်ကို ၀င်ရောက်မှာ မဟုတ်ကြောင်း၊“ ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်နဲ့ နိုင်ငံတကာခေါင်းဆောင်များကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ လစ်ဗျားအရေး ဆွေးနွေးနေကြပါတယ်။

ကဒါဖီတပ်ဖွဲ့များအား တိုက်ခိုက်ခြင်းနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ အရ လစ်ဗျားပြည်သူများကို သူတို့ရဲ့ အုပ်ချုပ်သူအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန် မဟာမိတ်တပ်များက Operation Odyssey Dawn ကို စတင်လိုက်ကြောင်း၊ မဟာမိတ်တပ်များရဲ့ ရည်ရွယ်ချက်ကတော့ လစ်ဗျားပြည်သူများကို အာဏာရှင်ရဲ့ နောက်ထပ်တိုက်ခိုက်မှုက အကာအကွယ်ပေးရန် ဖြစ်ကြောင်း၊ လေယာဉ် မပျံသန်းရဇုံ ကုလ ဆုံးဖြတ်ချက်ကို ကဒါဖီအနေနဲ့ လိုက်နာအောင် မိုမာ ကဒါဖီရဲ့တပ်ဖွဲ့များရဲ့ စွမ်းရည်ကို လျော့ချခြင်း ဖြစ်ကြောင်း“ ဖော်ပြထားပါတယ်။ ထို့အပြင် ဒီ စစ်ဆင်ရေးကို စစ်ရေယာဉ် ယူအက်စ်အက်စ် မောင့် ၀တ်တနီ (USS Mount Whitney) တွင် စခန်းချနေတဲ့ အမေရိကန်ရေတပ် ဥရောပနဲ့ အာဖရိက စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဆန်မြူရယ် ဂျေ လော့က်လီယာ (Adm. Samuel J. Locklear) က ဦးဆောင်ကြောင်း၊ ထို ရေတပ်အုပ်စုတွင် အီတလီ၊ ကနေဒါ၊ ယူနိုက်တက် ကင်းဒန်းနဲ့ ပြင်သစ်က ရေတပ်သင်္ဘောတွေ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ သီးခြားသတင်းများအရ စပိန်နဲ့ အာရပ်စော်ဘွားများနိုင်ငံများလည်း မဟာမိတ်တပ်ဖွဲ့များတွင် ပါဝင်ကြောင်း၊ စစ်ဆင်ရေးကာလနောက်ပိုင်းမှာ ကာတာနဲ့ အာရပ်စော်ဘွားများနိုင်ငံက လေတပ်များ ပါဝင်လာနိုင်ကြောင်း သိရပါတယ်။
မဟာမိတ်တပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကဒါဖီ ပြောခွင့်ရပုဂ္ဂိုလ်က “လစ်ဗျားကို အခုလို တိုက်ခိုက်ဖို့ အခွင့် မရှိကြောင်း၊ လစ်ဗျားပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာဖြစ်ကြောင်း“ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ ထို့အပြင် မဟာမိတ်တပ်များရဲ့ တိုက်ခိုက်မှုဟာ ပြည်သူအများကို ထိခိုက်ကြောင်း၊ ကဒါဖီတပ်ဖွဲ့များအနေနဲ့ နောက်ဆုံးအခြေအနေအထိ တုန့်ပြန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း၊ မပျံသန်းရဇုံကိစ္စ ကုလလေ့လာသူ စေလွှတ်နိုင်ကြောင်း ပြောကြားပါတယ်။ မတ်လ ၁၉ ရက် ညပိုင်းမှာ လစ်ဗျားအာဏာရှင် မူမာ ကဒါဖီက ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ အစိုးရတွေဆီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ တရားမ၀င်ကြောင်း စာ ပေးပို့လိုက်သလို ရုပ်သံကလည်း မူဆလင်နိုင်ငံများအနေနဲ့ သူ့ဘက်က တိုက်ခိုက်ပေးကြဖို့ ပြောကြားခဲ့ပါတယ်။

လစ်ဗျားခေါင်းဆောင် ကဒါဖီဟာ လစ်ဗျားဘုရင် အစ်ဒ်ရစ် (Idis) ဆီက ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ သွေးထွက်သံယို မရှိဘဲ အာဏာသိမ်းခဲ့သူ ဖြစ်ပြီး ဒီကနေ့အထိ လစ်ဗျားကို အုပ်ချုပ်နေသူ ဖြစ်ပါတယ်။ လစ်ဗျားပြည်သူများဟာ ဖေဖော်ဝါရီလအတွင်းက လွတ်မြောက်ရေး ဆန္ဒပြပွဲများ ပြုလုပ်ပြီး ကဒါဖီကို အာခံခဲ့ပါတယ်။ ထို့နောက်မှာ ကဒါဖီကို တော်လှန်သူများဟာ လစ်ဗျားအရှေ့ပိုင်းက ဘန်ဂါဇီကို သိမ်းပိုက်လိုက်ပြီး တမြို့ပြီးတမြို့ သိမ်းပိုက်ခဲ့ရာ လစ်ဗျားမြို့တော် ထရီပိုလီအနီးကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၄ ရက်နေ့က စတင်ပြီး ကဒါဖီရဲ့တပ်ဖွဲ့များက ကဒါဖီအား တော်လှန်သူများကို ပြန်လည် တိုက်ခိုက်ခဲ့ရာ နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့အနီးအထိ ရောက်ရှိခဲ့ပါတယ်။

တကယ်တော့ ကဒါဖီအား တော်လှန်သူများဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လစ်ဗျားပြည်သူများ ဖြစ်တဲ့အတွက် ကဒါဖီဟာ လစ်ဗျားပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်တဲ့ လစ်ဗျားအာဏာရှင်တဦး ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လစ်ဗျားပြည်သူများကို ကာကွယ်ရန် ကုလ လုံခြုံရေးကောင်စီက ကဒါဖီလေတပ် မပျံသန်းရဇုံ ကန့်သတ်ချက်၊ နိုင်ငံတကာအနေနဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုများ လုပ်ဆောင်ကာ လစ်ဗျားပြည်သူများအား အကာအကွယ်ပေးရန် ဆုံးဖြတ်ချက် (လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၉၇၃) ကို ၂၀၁၁ မတ်လ ၁၇ ရက်နေ့ နယူးယောက်စံတော်ချိန် ညနေပိုင်းမှာ ချမှတ်လိုက်ပါတယ်။ ထိုသို့ ချမှတ်ပြီးနောက် ကဒါဖီက အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့ အပစ်အခတ် ရပ်စဲရေး ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ကဒါဖီတပ်များက လစ်ဗျားပြည်သူများကို ဆက်လက် ပစ်ခတ် သတ်ဖြတ်နေခဲ့တဲ့အတွက် မတ်လ ၁၉ ရက်နေ့မှာ မဟာမိတ်တပ်များက ကဒါဖီရဲ့ ရုရှားလုပ် အက်စ် ၂၀၀ အမျိုးအစား မြေပြင်က ဝေဟင်ပစ် ဒုံးကျည် တပ်စခန်းများကို တိုမဟော့ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့သလို လေတပ်စခန်းများကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြား မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စခန်းများကို တိုက်ခိုက်မှာ ဖြစ်သလို ကဒါဖီလေတပ် လေယာဉ်များ ပျံမတက်နိုင်အောင် လေယာဉ်ကွင်းများကိုလည်း တိုက်ခိုက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အာရပ်လေတပ်ဖွဲ့များ အပါအ၀င် မဟာမိတ် ဂျက်လေယာဉ်များ လစ်ဗျားဝေဟင်မှာ ပျံသန်းကြပြီး လေယာဉ် မပျံသန်းရဇုံ သတ်မှတ်ချက်ကို ကဒါဖီ လိုက်နာအောင် စောင့်ကြပ်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။ ကဒါဖီလေယာဉ်များအား မပျံသန်းရဇုံ သတ်မှတ်ရတာကတော့ ကဒါဖီဟာ လေယာဉ်များကို အသုံးပြုကာ လစ်ဗျားပြည်သူများကို တိုက်ခိုက်တဲ့အတွက် ဖြစ်ပါတယ်။

ဓါတ်ပုံ - အမေရိကန်ရေတပ်
(သတင်းရင်းမြစ် - ယနေ့မြန်မာ)

THE VOICE ဂျာနယ်.. မတ်လ တတိယပတ်

စThe Voice March 3rd Week

မြန်မာ့တပ်မတော် နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို


မြန်မာ့တပ်မတော်နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို... (VOA အသံဖိုင်)
တပ်မှူးတပ်သား ပြောစကား (၀၅၂)
(VOA)အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/file/03kp8ihb1ch8a9u/03_19_11_soldiers_talk052.Mp3မြန်မာ့တပ်မတော် နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို (VOA)

တပေါင်းလပြည့်နေ့ အခါသမယ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်မှ မြင်ကွင်းများ... (ဓာတ်ပုံ)

တပေါင်းလပြည့်နေ့မှာ ထိန်ထိန်သာနေတဲ့ လမင်းကြီး
ရင်ပြင်တော်ပေါ်မှာလူတွေအပြည့်
ဆီမီးပူဇော်သူတွေနဲ့ စည်စည်ကားကား
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား ထက်သန်ပုံတွေလေ..
ဘုရားရိပ် တရားရိပ်မှာ အေးအေးချမ်းချမ်း
အရင်ကတော့ ရွှေတိဂုံ ပတ်ဝန်းကျင်မှာ တပေါင်းပွဲတော်ကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်..
ဓာတ်လှေကားမှာ စောင့်ဆိုင်းနေကြတဲ့ ဘုရားဖူး ပရိသတ်...

ပြည်ပရောက်နေတဲ့ အမိမြေနဲ့ ဝေးကွာနေသူတွေအတွက် ကြည်ညို သဒ္ဓါပွားနိုင်အောင် အမိမြေအမှတ်တရ တင်ပြလိုက်ပါတယ်.. (ဓာတ်ပုံ ဒီမိုဝေယံ)