01 September 2010

သူခိုးလူပြန်ဟစ်သည့် ဖြစ်ရပ်များခေတ်စားနေ

ယခုတလော သူခိုးလူပြန်ဟစ်သည့်ဖြစ်ရပ်များ လူလိမ်လောကမှာံသအ ဖြစ်နေပါတယ်။ လူလိမ်တွေဟာ များသောအားဖြင့် အမျိုးသမီးများ ဖြစ်နေတတ်ပြီး အလိမ်ခံရတဲ့သူတွေဟာ လူငယ်၊ လူလတ်ပိုင်း အမျိုးသား အများစု ဖြစ်နေပြန်ပါတယ်။ လိမ်ပုံလိမ်နည်းလေးကတော့ ပိုက်ဆံအိတ်ခပ်ဖောင်းဖောင်းကို ကိုင်လာတာပဲဖြစ်ဖြစ် ခါးကြားထိုးလာတာပဲဖြစ်ဖြစ် ပိုက်ဆံအိတ်ပါလာ တဲ့အမျိုးသားဆီကို လိမ်မည့်အမျိုးသမီးက ကပ်သွားပြီးပိုက်ဆံအိတ်ကို လုလိုက်ပြီး ပါးစပ်မှလည်း 'ဟင် ဒါဘာလုပ်တာလဲ ကျွန်မပိုက်ဆံအိတ်ကို လွှတ်စမ်း'ဆိုပြီး အော်ပါသေးတယ်။

အဲဒီ့အော်သံပေးလိုက်တာနဲ့ လူလိမ် အမျိုးသမီးနဲ့ အပေါင်းအပါတွေက ဝိုင်းလာပါတော့တယ်။ ပိုက်ဆံအိတ် ပိုင်ရှင်အမျိုးသားလည်း ကိုယ့်ပစ္စည်းအမှန်ဖြစ်ပါလျက်နဲ့ ကြောင်အ အဖြစ် အီး အီး အဲ အဲဖြစ်နေတုန်း ထိုအမျိုးသမီးက ပိုက်ဆံအိတ်ယူပြီး လစ်သွားပါပြီ။ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ''အဲဒီ့နေ့က လခထုတ်ရက်ဆိုတော့ ကျွန်တော့်ပိုက်ဆံအိတ်ထဲမှာ လေးသောင်းခွဲလောက်ပါပါတယ်။ ပိုက်ဆံအိတ်ကိုဘောင်းဘီနောက် အိတ်ထဲထည့်ထားမိတယ်။ ဆူးလေပွိုင့်နားရောက်တော့ အသက်(၃ဝ) ဝန်းကျင်လောက် အမျိုးသမီးတစ်ယောက် ကျွန်တော့်ပိုက်ဆံအိတ်ကို ဆွဲယူလိုက်တယ်ဗျ။

ကျွန်တော်ပြန်လုတော့ သူက'ရှင်ဘာလုပ်တာလဲ ကျွန်မပိုက်ဆံအိတ်ကိုလွှတ်စမ်း'လို့ အသံအကျယ်ကြီးနဲ့အော်တော့ ကျွန်တော့်ဘေးကို မိုက်ကန်းကန်းရုပ်နဲ့ လူတွေဝိုင်းလာတယ်ဗျ။ ကျွန်တော် လည်း ကြောင်ပြီးပိုက်ဆံအိတ်ကိုလွှတ်ပေးလိုက်မိတယ်။ ဘေးကလူတွေ ကမင်းဘာလဲညာလဲနဲ့ ဝိုင်းဟောက်နေတုန်း အဲဒီ့မိန်းမလည်း ပိုက်ဆံအိတ် ယူပြီးလစ်သွားရော။ လုပ်စားနေကြတာဗျ။ အတော်ကြောက်ဖို့ကောင်း တယ်'လို့ ကြိတ်မနိုင်ခဲမရဖြစ်နေပုံနဲ့ ပြောပြခဲ့ပါတယ်။ ဒီအဖြစ်လေးကို နမူနာယူပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝိုင်းရိုက်မခံရစေဖို့ ရှိုးပြ တာလည်းကြည့်ပြပေါ့။ ပိုက်ဆံကိုလည်း လုံလုံခြုံခြုံသိမ်းထုပ်ပြီး အန္တရာယ် ကိုကာကွယ်ကြစေချင်ပါတယ် ဆိုပြီ လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။