31 December 2011

ရဲမှူးကြီးလုပ်စားတဲ့ လာပြန်ပြီ ရဲအုပ်အဆင့်တိုး စာမေးပွဲ

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲအုပ်အဆင့်တိုးစာမေးပွဲကို (၁၄. ၁.၂၀၁၂ ) ရက်နေ့မှာ ပြုလုပ်တော့မယ်။ အားလုံး အယောက် ( ၆၀၀၀ ) ထောင်ကျော်ဖြေပါမည်။ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ရာထူးရယူပြီး ( ၂၁ .၄.၂၀၁၁ ) နေ့ဝန်ကြီးအစည်းအဝေး ခန်းမတွင် ဒုဝန်ကြီး၊ ရဲချုပ်၊ ရဲအရာရှိကြီးများ ကို ၀န်ကြီး၏ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ အများကြီးချပြခဲ့ပါတယ်၊ ပြီးတော့ တနိုင်ငံလုံးကြေညာချက်များထုတ်ခဲ့ပါတယ် အဓိက ကြေညာချက်မှာ ရဲအုပ်အဆင့်တိုးဖို့နဲ့ ဒုရဲအုပ်ဖြစ်ဖို့ ရဲတပ်ရင်းမှာ နေခဲ့ဖူးသူ၊ ရာထူးတိုးမယ်၊ ဒုရဲအုပ်သင်တန်းတက်ခွင့်ပေးမယ်တဲ့ (ငွေပေးမှ့ရမယ်၊ငွေဖြင့်လိုက်ရမည်ဆိုတဲ့ အကျင့်ဟောင်း အကျင့်ဆိုးများကိုဖျောက်ဖျက်ရမယ်) ဆိုတဲ့လမ်းညွှန်ချက်ကို အလေးထားပြီးညွှန်ကြားသွားပါတယ်။

ပြီးခဲ့တဲ့ လ အထိ ရဲအုပ် ၆၀၀ ကျော် အောင်တယ် ရဲတပ်ရင်းက ၅ ယောက်ပြည့်အောင်မပါခဲ့ပါဘူး တက်နေတဲ့ ဒုရဲအုပ်နောက်ဆုံးသင်တန်း မှာ ရဲတပ်ရင်းက ဆယ်ဂဏန်းကျော်ကျော် ပဲ ပါခဲ့ပါတယ်။ ရဲချုပ်က ၀န်ကြီးချမှတ်ထားတဲ့ မူဝါဒ ကို ( ၁ % ) လောက်တောင် အကောင်အထည်မဖော်နိုင်တာ…. ၀န်ကြီးသိပါရဲ့လား ? ၀န်ကြီးရော ဘာတွေလုပ်နေပါသလဲ ? ဒု ၀န်ကြီးတွေ ၊ရဲချုပ်တွေ က ဒါတွေကိုစိတ်မ၀င်စားပါဘူး၊ တစ်နိုင်ငံလုံး ရဲတပ်ဖွဲ့ အဆောက်အဦးတွေ ဆောက်လုပ်နေတာ သိန်းပေါင်း သောင်း ဂဏန်းနဲ့ သူတို့ရဲ့ပါတနာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရဖို့ အတွက်များစွာသောအလုပ်များဖြင့် ရှုပ်နေပါတယ် ၊ ပွဲခကလည်း ဌာနအတွက် ( ၃%) တဲ့..အိမ်အတွက်တော့ ဘယ်လောက်လဲမသိ ဘူး တွက်ကြည့်ကြပေါ့ဗျာ။

ရာထူးတိုး၊ နေရာပြောင်း စတဲ့ကိစ္စများကို တာဝန်ယူရတဲ့ ရဲမှူး စိုင်းသက်မွန် အဖွဲ့ကို စစ်ဆေးရေးအဖွဲ့ကစစ်ကြတယ်(အသံတွေထွက်လာလို့လေ )…အနယ်နယ်အရပ်ရပ်က ရဲမှူး နာမည်နဲ့ ဘဏ်ကနေ တရားဝင်ငွေလွှဲ တဲ့ငွေများ သိန်း ၁၀၀၀ ကျော်နှင့် ကားတစ်စီးသိမ်းဆည်းပြီး ဆက်လက်စစ်ဆေးခဲ့ရာ..အဆင့်အဆင့်သော အထက်လူကြီးနာမည်များပါဝင် လာသဖြင့်စစ်ဆေးမှုကို ရပ်စဲခဲ့ပြီး ရဲမှူး စိုင်းသက်မွန်ကို အလုပ်မှ့ထုတ်ပယ်ခဲ့ပြီး ဖုံးကွယ်ခဲ့ပါသည်။ အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များ ငွေ ၁ သောင်းလောက်ယူမိရင် ထောင် ၁ နှစ်လောက်ကျတဲ့ အရာရှိ ၀န်ထမ်းတွေ မှာတော့ထောင်ကျတာ ရာဂဏန်းမကတော့ပါဘူးခင်ဗျာ။

ရဲတပ်ဖွဲ့ရဲ့ရှင်းမရသောအမှု ကြီး ၏ အဓိက တရားခံမှာ ရဲမှူးကြီး ထွန်းအုံးဖြစ်ပါတယ် အဲ့ဒီတုန်းကတော့ ရင်တမမ နဲ့ပေါ့..အခုတော့ သူ့ရာသီ၊ သူ့အကွက်ပြန်ရောက်လာပြန်တော့တပ်ဖွဲ့များကို အကြောင်းကြားပါတယ် ( ရဲမှူးမိန်းမများ ကြိုတင်အသံလွှင့်ချက်မှ့တဆင့်) ရဲတပ်ဖွဲ့အားလုံး သူတင်ပေးမှ့ရာထူးတိုးမယ် အဆင့်တက်မယ်တဲ့ .သူတိုးပေးမှ့ ရမယ် .ကဲ.သူ့ကို ဆက်သွယ်ကြဖို့ကြေငြာပေးလိုက်ပါတဲ့။

နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ခဲ့တဲ့ Good Government , Clean Government ကို အကောင်အထည်ဖော်နေတဲ့ ပြည်ထဲရေးဝန်ကြီးလည်း( အောင်ပါစေ ) လို့ ရွှေမန်းတင်မောင် သီချင်းနဲ့ဆုတောင်းပေးလိုက်ပါတယ်၊ ဒုတိယအပိုဒ်ကလို..(ထိုနည်း လည်းကောင်း…ထိုနည်းလည်းကောင်း.. ) ဆိုရင်တော့ မကောင်းသေးပါဘူးလို့အကြံပြုတင်ပြလိုက်ပါတယ်ခင်ဗျား။

မတရားသဖြင့်ခံစားနေရသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စစ်စစ်များ

ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့

မြန်မာနိုင်ငံမှာ လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေကို ရှေ့လာမယ့်နှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်တွင်းမှာ လစ်လပ်နေတဲ့ နေရာ ၄၈ နေရာအတွက် အစိုးရက ကြားဖြတ် ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပသွားမှာပါ။

မြန်မာအစိုးရရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့တယ်ဆိုပြီး ပါဝင်ခြင်းမရှိခဲ့တဲ့ အဓိက နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အစိုးရသစ် တက်လာပြီးနောက် အပြောင်းအလဲတွေနဲ့အတူ လွှတ်တော် နိုင်ငံရေး လုပ်ငန်းတွေမှာ ပြန်လည် ပါဝင်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေး ပါတီအဖြစ် ဒီလထဲမှာပဲ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ ကိုယ်စားလှယ် ၂၀ ကျော်နဲ့ မှတ်ပုံတင်လျှောက်ထားပြီး ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ပါဝင်မယ်လို့ ပြောဆိုထားတာပါ။

မှတ်ပုံတင် ခွင့်ပြုချက်ကိုတော့ ကော်မရှင်က အခုအချိန် အထိတော့ တရားဝင် လက်ခံမထားသေးပါဘူး။ မှတ်ပုံတင်ရာမှာ အဓိကခေါင်းဆောင် တစ်ဦးအနေနဲ့ အမည်စာရင်း ထည့်သွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နယ်မြေကနေ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှာ မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။

သတင်း....VOA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲအောင်မြင်စွာပြီးဆုံး














အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ်နေတာဖြစ်ပါတယ် ။ အဲ့ဒီပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ပရိသတ်တွေ အများအပြား လာရောက် အားပေးခဲ့ကြတာဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ...ဘားမားဗီဂျေ.။

မင်္ဂလာ အုပ်စုကြောင့် ရုပ်ရှင်လောက ပြိုလဲလာဟု သရုပ်ဆောင်များ၊ ဒါရိုက်တာများ စွပ်စွဲ

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အထူးနီးစပ်သူ ဦးဇော်မင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မင်္ဂလာအုပ်စု၏ ချက်လှယ်နေမှုကြောင့် မြန်မာ့ ရုပ်ရှင်လောက ပြိုလဲလာခြင်းဟု ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

မြန်မာနိင်ငံတွင် ၂၀၁၂ ခုနှစ်ခုနှစ်တွင် ရိုက်ကူးပြီးစီးသော ဇတ်ကာကို လက်ရှိရုံတင်စနစ်အရ ၂၀၁၄ ခုနှစ်( ၂နှစ် နီးပါးကြာမှ) မှ ရုံတင်ခွင့်ရကြောင်း ရုပ်ရှင်ရုံများကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေသော မင်္ဂလာအုပ်စုအနေဖြင့် ဆင်ဆာခွင့်ပြုချက်ရ ကားတစ်ကားကို ပြသချိန်သုံးပတ်နှုန်း သတ်မှတ်ထားကြောင်း အထက်ပါ ဒါရိုက်တာက ဆိုသည်။

မင်္ဂလာအုပ်စုပိုင် သမ္မတရုပ်ရှင်ရုံ တစ်ပွဲရုံပြည့် (၁၀၆၄၁၀၀)၁၀သိန်းရပြီး တစ်နေ့ ငါးပွဲပြသလျှင် တစ်ပတ်ကို သိန်း (၃၇၂)ကျော် ဝင်ငွေရှိကြောင်း တပတ် ဝင်ငွေ ၆၀% သိန်း(၂၂၀) ကျော်ဝင်သည့် ကားကို သုံးပတ်ပြသခွင့်ပြုပြီး ၈၀% ကျော်သိန်း(၂၉၇)သိန်း ရသည့်ကားကို ၄ပတ် ပြသခွင့်ပြုကာ အကယ်ဒမီ ဆုရကားကို ၀င်ငွေ ၆၀% မကျော်လျှင် ၂ပတ်သာ ပြခွင့်ရှိကြောင်း လူငယ်ထုတ်လုပ်သူတစ်ဦးက ပြောကြားသည်။

ထုတ်လုပ်သူများအနေဖြင့် မင်္ဂလာအုပ်စုမှ သတ်မှတ်ထားသော ငွေဝင်စံချိန်မှီအောင် ရုပ်ရှင်လက်မှတ်မျာ ပြန်ဝယ်ကာ မေတ္တာ လက်မှတ် ပေးဝေရ သဖြင့် အမြတ်မရတော့ကြောင်း အထူးသဖြင့် သမ္မတရုံ ရှေ့ဆုံတန်း ၆၀၀ တန်း ၅ တန်းမှာ မော့ကြည့်ရသဖြင့် လူမဝင်သည်ကို ထုတ်လုပ်သူမှ ဝယ်ဖြည့်ရ သည်ဟု ၎င်းဆိုသည်။

၂နှစ်နီးပါကြာမှ ရုံတင်သည့် ပြဿနာ ကို ဖြေရှင်းလိုလျှင် နေပြည်တော်နှင့် ရှေ့ဆောင် များတွင် မြန်မာကားများ ပြသခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း နှစ်ရှည် ငှားရမ်းထားသော ရုံများ အနေဖြင့် မြန်မာကား များကို ဦးစားပေးပြသရန် လိုအပ်ပြီး မြန်မာကားမရှိမှသာ နိုင်ငံခြားကား ရုံတင်မည်ဆိုလျှင် ရုပ်ရှင်လောက ပြန်လည် ခေါင်းမော့လာမည်ဟု ရုပ်ရှင်လောကသားများက ဆိုသည်။

ရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့် ဇတ်ကားတစ်ကားပြသနိင်ရန် သိန်းထောင်းချီ ရင်းနှီးထားရချိန်တွင် မင်္ဂလာအုပ်စုအနေဖြင့် ရုပ်ရှင်ရုံတစ်ရုံ တစ်လ ရှစ်သိန်းဖြင့် အစိုးထံမှ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိနေသည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရှိရသည်။

မင်္ဂလာ ကုမ္ပဏီမှနှစ်ရှည် ငှားရမ်းထားသော ရုပ်ရှင်ရုံများမှာ ရန်ကုန်တွင် သမ္မတ၊ သွင်၊ နေပြည်တော်၊ ရှေ့ဆောင်ရုံတို့ဖြစ်ပြီး မန္တလေးတွင် ဝင်းလိုက်၊ မြို့မရုပ်ရှင်ရုံဖြစ်ကာ မင်္ဂလာရုပ်ရှင်ရုံမှာ ကုမ္ပဏီပိုင်ဖြစ်ကာ အားလုံးရုံကောင်းများကို လက်ဝါးကြီးအုပ်ထားသည်။

သတင်း.....yangonchronicle

30 December 2011

မီးဘေးသင့် ပြည်သူများကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး














မီးဘေးဒုက္ခသည်များ ထားရှိရာ မဟာဝိဇယ ဘုန်းတော်ကြီးကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည် ယနေ့နေ့လည် ၁၁း၃၀ တွင်လာရောက်ခဲ့သည်။ ကျောင်းထိုင်ဆရာတော်သို့ မည်သည့်လိုအပ်ချက်ရှိပါသလဲဟု လျှောက်ထားရာ ဆရာတော်က သင်္ကန်းတစ်စုံသာလိုသည်ဟု မိန့်သည့်အတွက် သင်္ကန်းတစ်စုံလှူဒါန်းခဲ့ကြောင်း၊ ဆရာတော်က မိန့်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှာ မီးဘေးဒုက္ခသည်များကို လိုက်လံနှစ်သိမ့်၊ အားပေးပြီး၊ ၄င်းတို့အတွက် လိုအပ်ချက်များကို မေးမြန်းခဲ့သည်။ ဒုက္ခသည်များက ပြန်လည်ထူထောင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများ လိုအပ်ကြောင်း ပြန်လည်ပြောပြခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် မီးဘေးသင့်ပြည်သူများ၏ လိုအပ်ချက်အရ အိမ်ဆောက်ပစ္စည်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှူဒါန်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ မီးဘေးသင့်ပြည်သူများကို လိုက်လံအားပေးပြီးနောက် ၁၂း ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားသည်။

သတင်း......7Day News Journal

ဓာတ်ပုံ....7Day News Journal ။ ဘားမားဗီဂျေ ။The Voice Weekly။


မီးလောင်ပေါက်ကွဲမှု ဟာ အကြီးမားဆုံးမီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်တယ်လို့ မီးသက်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဌေးရွှေကသတင်းထောက်များကို ပြောဆို(ရုပ်သံ)



ဒီကနေ့မနက် ၂ နာရီလောက်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ပေါက်ကွဲမှု ဟာ အကြီးမားဆုံးမီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်တယ်လို့ မီးသက်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဌေးရွှေက ပြောဆို လိုက်သလို ယမ်းစိမ်းကြောင့်ပေါက်ကွဲမှုဖြစ်ခဲ့ရပြီး လူတွေအများအပြားသေကြေ ဒဏ်ရာရခဲ့ကြောင်း သတင်းထောက်တွေကိုပြောဆိုပါတယ်။

29 December 2011

ပုဇွန်တောင် ဂိုထောင်ပေါက်ကွဲမှု (ရုပ်သံ)



ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း ၊ ပုဇွန်တောင် ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပါတယ်။ ၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၄င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ် အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။ ပေါက်ကွဲ လွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ပုဇွန်တောင်ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့်မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့ မီးသတ်ကား အစီး ၇၀ ခန့် လာရောက်ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။

ရန်ကုန်မြို့စက်ဆန်း ABC မှတ်တိုင်အနီးပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွား

ည ၁ နာရီ ၅၈ မိနစ်တွင် ရန်ကုန်မြို့ အရှေ့ပိုင်း၌ အလွန်ပြင်းထန်သည့် ပေါက်ကွဲသည့် အသံ ကြောင့် အိပ်ပျော်နေသူများ လန့်နိုးလာကြသည်။

ယခုအချိန်ထိ ကြားသိရသည့် သတင်းများမှာ သာကေတ၊ သို့မဟုတ် စက်ဆန်းဘက်ရှိ လောင်စာဆီ သို့မဟုတ် CNG ဆိုင် ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။ ပုဇွန်တောင်တွင် နေထိုင်သူများက မီးလောင်နေသည့် အလင်းရောင်များ တွေ့မြင်နေရသော်လည်း နေရာအတိအကျ မမှန်းဆနိုင်သေးဟု ဆိုသည်။
.................................................................။

နောက်ထပ်ရရှိသည့် သတင်းအရ စက်ဆန်း အေဘီစီ မှတ်တိုင်အနီးရှိ ဆားဂိုဒေါင် အတွင်းမှပေါက်ကွဲသည်ဟု သိရသည်။ ကားလမ်းပိတ်ထားသဖြင့် အနီးရောက်အောင် YPI သတင်းထောက် သွားရောက်နေပါသည်။ လူနာတင်ယာဉ် တစီးထွက်သွားသည်ကိုတွေ့ရသည်။ မီးလောင်နေသည်ကို တွေ့မြင်နေရသည်။ မီးတောက်အရှိန် အနည်းငယ်လျော့သွားသည်ဟု သတင်းထောက်မှ သတင်းပေးပို့ပါသည်။

..............................................................။

ည ၂ နာရီ ၅၀ မိနစ်

ပုဇွန်တောင် သာကေတ တံတားအဆင်းမှ အေဘီစီ အထိကားလမ်းပိတ်ထားသဖြင့် လမ်းတွင် လူများအပြည့် အေဘီစီပေါက်ကွဲ မီးလောင်ရာသို့ သွားရောက်နေကြသည်။ ဒဏ်ရာရသူများ ဆေးရုံကြီးသို့ သယ်ဆောင်သွားပြီဟု အနီးရောက်နေသည့် သတင်းထောက်မှ ပေးပို့သည်။

..........................................။

၂ နာရီ ၅၆ မိနစ် ထပ်မံ သိရှိရချက်

စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းနေရာမှ စက်ဆန်း သဘောင်္ကျင်း အတွင်းမှ ဂိုဒေါင်များပါ စတင်လောင်ကျွမ်းနေသည်။ လမ်းပေါ်တွင် လူများပစ္စည်းသယ်ဆောင် ကာ ဘေးလွတ်ရာရှောင်ပြေးနေကြသည် ကို တွေ့ရသည်။ ဒဏ်ရာရသူအရေအတွက် မသိရှိရသေးသော်လည်း များပြားသည်ဟုယခုအချိန်ထိ ရရှိသည့် အချက်အလက်များအရ သိရသည်။

သတင်း...YIP

တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန် စတင်တည်ဆောက်

(China Daily သတင်းစာမှ China-Myanmar border economic zone being built ကို yangonchronicle မှ ဘာသာပြန်ဆိုသည်)

တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန်ကို တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်နေပြီဖြစ်ကြောင်း နိုင် ငံပိုင်ဆင်ဟွာသတင်းဌာနက ရေး သားဖော်ပြလိုက်သည်။

နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အမည်မှာ 'ဂန်းမ(မင်းဒိုင်)' ဖြစ်ပြီး မင်းဒိုင်ကောင်တီ၊ လင်ကန်းစီးတီးတွင် တည်ရှိကာ ကုန်သွယ်ရေး၊ ကုန်စည်သိုလှောင်ရေးနှင့် ပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်မြင့်တက်အောင်ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း လင်ကန်းစီးတီးမှ ပါတီအတွင်းရေးမှူး Yang Hongbo ကပြောကြားသည်။

မင်ဒိုင်စက်မှုဇုန်သည် ယူနန်ပြည်နယ်မှ မြန်မာသို့ထွက်ပေါက်နေရာများအနက်တစ်ခုဖြစ်ပြီး အနာဂတ်ကာလတွင် ကုန်သွယ်ရေးသာမက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအတွက်ပါ မဏ္ဍိုင်တစ်ခုဖြစ်လာလိမ့်မည်ဟု မျှော်လင့်မိကြောင်းလည်း ၎င်းကဆိုသည်။ အဆိုပါဒေသတွင် လေဆိပ်နှင့် လမ်းမကြီးများလည်း တည်ဆောက်သွားမည် ဖြစ်သည်။

ယူနန်ပြည်နယ်အား အရှေ့တောင်အာရှဒေသသို့ ထွက်ပေါက်တစ်ခုအဖြစ်ဖန်တီးပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ တိုးတက်ဖွံ့ဖြိုးရေး အတွက် ခြေကုပ်တစ်ခုအဖြစ်အောင်လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံတော်ကောင်စီ (သို့မဟုတ်) ကက်ဘိနက်အဖွဲ့က တာဝန်ယူလုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

နိုင်ငံတော်ကောင်စီက နိုဝင်ဘာလအတွင်းထုတ်ပြန်ခဲ့သော မှတ်တမ်းများအရ ယူနန်ပြည်နယ်တွင်း စီးပွားရေးဖွံ့ဖြိုးရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အဦများကောင်းမွန်အောင်တည်ဆောက်ရေးအပါအဝင် အခန်းကဏ္ဍကြီး ၉ ခုကို ကိုယ်စားပြုမည့် မူဝါဒပေါင်း ၄၀ ခန့်ကို အတည်ပြုပြီးဖြစ်ကြောင်းသိရသည်။ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွင် တည်ရှိပြီး စီချွမ်၊ ကွမ်ကျိုး၊ ကွမ်ဇီ နှင့် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့နှင့် ကပ်လျက်ရှိကာ မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့၏ နယ်စပ်ဒေသ၌တည်ရှိသည်။

အကျဉ်းထောင်များသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သွားရောက်လေ့လာမည

မြန်မာနိုင်ငံအတွင်း အစိုးရသစ်လက်ထက်မှစတင်၍ ဖွဲ့စည်းခဲ့သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ဒီဇင်ဘာလနှောင်းပိုင်းတွင် နိုင်ငံ အတွင်းရှိ အကျဉ်းထောင်များသို့ ပထမဆုံးအကြိမ် သွားရောက်လေ့လာမည်ဖြစ်ကြောင်း ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သွားရောက်လေ့လာမည့် အကျဉ်းထောင်များမှာ ရန်ကုန်မြို့အနီးတစ်ဝိုက်၌ တည်ရှိသော အကျဉ်းထောင်များ၊ ရဲဘက်စခန်းများကို သွားရောက်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်းသားများ၏ အခြေအနေကို ခြုံငုံလေ့လာ၍ တွေ့ရှိချက်များကို သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားစာ တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အကျဉ်းထောင်များသို့ သွားရောက်လေ့လာမည့် ရက်အတိအကျကို တရားဝင်ထုတ်ဖော် ပြောကြား သွားခြင်း မရှိသေးသော်လည်း ဒီဇင်ဘာလနှောင်းပိုင်းတွင် ကော်မရှင်အနေဖြင့် သွားရောက်လေ့လာရန် လျာထားကြောင်း သိရသည်။

ထို့ပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကချင်ပြည်နယ် Conflict area များသို့ ဒီဇင်ဘာလအတွင်း သွားရောက်လေ့လာခဲ့ပြီး ၎င်းဧရိယာ အတွင်းရှိ ဒုက္ခသည်များအတွက် Refugee Camp များမှာထားပြီး လက်ရှိအချိန်တွင် UNHCR ကတ်များ ဆောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များသို့လည်း သွားရောက် လေ့လာခဲ့ပြီး ကျေနပ်အားရမှုများ ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အစိုးရသစ်လက်ထက်တွင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပိုင်နိုင်မှုရှိသည့် အငြိမ်းစား ဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများအား ပြစ်ဒဏ်ကျခံခြင်းမှ ပြန်လည် လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံသို့ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုထားချက်သည် အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အထင်ရှားဆုံး စွမ်းဆောင်မှုပင် ဖြစ်သည်။


သတင်း...yangonchronicle



မိုးနိုင်းကျေးးရွာမီးလောင်မှုကြောင့် အိပ်ပျော်နေသည့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ (၂၀)ကျော် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

ဒီဇင်ဘာလ- ၂၇ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မွန်ပြည်နယ် ပေါင်မြို့နယ် မိုးနိုင်းကျေးးရွာ မီးလောင်မှုတွင် အိပ်ပျော်နေသည့်ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ (၂၀)ကျော် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပေါင်မြို့နှင့် ဇင်းကျိုက်မြို့ကြားရှိ မိုးနိုင်းကျေးရွာမီးလောင်မှုမှာ နံနက်(၇း၀၀)နာရီဝန်းကျင်တွင် လောင်ကျွမ်း မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်(၁၃)လုံး မီးငြိမ်းသတ်ပြီးစီးချိန်တွင် ထပ်မံ၍ အိမ်ခြေ(၉)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

'' မိုးနိုင်းမှာက မနက်ပိုင်းမှာ မီးလောင်ခဲ့တာပါ၊ အိပ်နေတဲ့ ကလေးနှစ်ယောက်သေတယ်လို့ ကြားတယ်၊ အဲ့ဒီမီးလောင်မှု အပြီး နာရီဝက်လောက်ခြားပြီးတော့ အဲ့ဒီရပ်ကွက်မှာပဲ မီးဆက်လောင်ခဲ့တယ်လို့ သိရတယ်၊ လောင်ကျွမ်းမှု အိမ်ခြေ နည်းတဲ့အတွက် အခုထိ ကယ်ဆယ်ရေးစခန်းတော့ မရှိသေးဘူး ၊ မီးဘေး ဒုက္ခသည်တွေအတွက်လည်း အကူအညီတွေပေးဖို့ လိုအပ်နေပါတယ်` ဟု ပေါင်မြို့မှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုမငိးသိန်း ကပြောသည်။

မီးလောင်ကျွမ်းမှုတွင်ပါဝင်ခဲ့သည့် ကလေးငယ်နှစ်ဦးမှာ မိခင်ဖြစ်သူ ဈေးသွားချိန်တွင် ဖြစ်ပွားခဲ့သည့်အတွက် အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းသည့်နေရာမှာ မီးရထားလမ်းဘေးရှိ မိုးနိုင်းရပ်ကွက် အတွင်းတွင်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် မိုးနိုင်းကျေးရွာမှ မီးဘေးသင့်ပြည်သူများအနေဖြင့် နီးစပ်ရာဆွေမျိုး အသိုင်းအ၀ိုင်းများ၏ နေအိမ်များ တွင် သွားရောက်နေထိုင်လျက်ရှိပြီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိခြင်း မရှိသေးကြောင်း ကိုလည်း သိရှိရသည်။

ပေါင်မြို့နယ် ဇင်းကျိုက်မြို့ မီးလောင်ကျွမ်းမှုမှာ ဒီဇင်ဘာ ၂၆ရက်နေ့နံနက်ပိုင်းမှ မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ- ၂၇ရက်နေ့ နံနက်(၇း၀၀)နာရီ ၀န်းကျင်တွင် ပေါင်မြို့အတွင်းရှိ မိုးနိုင်းကျေးရွာမီးလောင်ကျွမ်းမှု စတင်ကာ နံနက် ၉း၀၀နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ-၂၅ရက်နေ့က ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် မီးအားမြှင့်စက်မှ ဗို့အားမြင့်တက်ပြီး အပူချိန်လွန် ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားကာ အိမ်ခြေ ၁၂၃လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၀၀၀)၀န်းကျင်ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြောင်းကိုလည်း နိုင်ငံပိုင် မီဒီယာများမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သတင်း....မြစ်မခမီဒီယာ

လွတ်လပ်ခြင်းနှင့် ငြိမ်းချမ်းရေး နှစ်သစ် ၂၀၁၂

ဗန်းမော်ရဲစခန်းက အတောင်းကြမ်းပုံ ရင်ဖွင့်လိုပါသတဲ့.

ကသာမြို့ပေါ်မှ လူငယ်လေးတစ်ယောက် ဗန်းမော်ကို ဆိုင်ကယ်သွားဝယ်ပါသတဲ့၊ဗန်းမော်မှာ ရဲက ဆိုင်ကယ်ခိုးမှုအတွက် မသင်္ကာလို့ဆိုပြိး လူငယ်လေးကို (၅)ရက်ကြာ နယ်ထိန်းနဲ့ ဂါတ်စာရေးက ရိုက်နှက်စစ်ဆေးပါသတဲ့၊နောက်ဆုံးတော့ လူငယ်လေးက နာလွန်းလို့ ၀န်ခံလိုက်ရပါတယ်။

အဲဒီလိုလည်း ၀န်ခံပြီးရော ကသာမှာရှိတဲ့ ကလေးမိဘကို ဗန်းမော်ရဲက ငွေ(၁၀)သိန်းတောင်း ပါသတဲ့၊ငွေ၁၀သိန်းပေးရင် အမှု မဖွင့်ဘူးဆိုလို့ ၁၁.၁၂.၂၀၁၁ရက်နေ့က ဗန်းမော်မြို့က နန်းသီတာစားသောက်ဆိုင်မှာချိန်းပြီး ငွေ၁၀သိန်းပေးလိုက်ရပါတယ်၊သက်သေတစ်ယောက် အရှေ့မှာပေးလိုက် တာဖြစ်ပါတယ်၊အဲဒီ လိုပေးလိုက် ရပေမယ့် မနက်ဖြန်မှာ အမှုကိုတော့ ရဲကဖွင့်ထားလိုက်ပါတယ်.မနက်ဖြန်ရုံးချိန်းပါ၊အဲဒါကို မကျေနပ်တဲ့ လူငယ်လေးရဲ့ အမေက ရင်ဖွင့်ချင်ပါသတဲ့၊သူ့မှာ အသံသွင်းတိတ်ခွေလည်း သက်သေရှိနေပါသတဲ့၊အသေးစိတ်မေးမြန်းလို သူမီဒီယာများဟာ ၀၉၄၇၀၈၄၉၅၆ (ဒေါ်ဖြူဖြူ)ကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းပေးသွားပါလေရဲ့...အမေဖြစ်သူက မိအေး(၃)ခါနာရ တာပါတဲ့၊(၁)ကိုယ့်ငွေ နဲ့ဝယ်ထားတဲ့ဆိုင်ကယ်တွေ ရဲကသိမ်းသွားတယ်၊ (၂)ငွေ(၁၀)သိန်းထပ်ပေးလိုက်ရတယ်(၃)သားကို ဆိုင်ကယ်ခိုးမှုနဲ့အမှုဖွင့်ခံရတယ်...။


သတင်း.... ဟာဂျူလီ ကသာ

28 December 2011

ရွှေည၀ါ ဆရာတော် တရားပွဲများ ကျင်းပရန် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိ

ရန်ကုန်မြို့ ကြည့်မြင်တိုင်သာဓုကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော ရွှေည၀ါဆရာတော် ဦးပညာသီဟ သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်နှင့် ကန်ချနဘူရီ အရပ်ရှိ မြန်မာလူမျိုး ရွေ့ ပြောင်းအလုပ်လုပ်ကိုင်သူများ အတွက် တရားဒေဿနာများ ဟောကြားပေးရန် ထိုင်းနိုင်ငံဘန်ကောက်မြို့ သို့ ဒီဇင်ဘာလ ၂၇ နေ့ လည် ပိုင်းက လေကြောင်းဖြင့် ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော တပည့်ဒါယိကာ၊ဒါယိကာမ များ၏ ပင့်ဖိတ်ချက်အရ သြ၀ါဒ မြွက်ကြားပေးရန် နှင့် တရားပွဲများကျင်းပ ဟောပြောပေးရန် ရောက်လာခဲ့တာပါ။

ကန်ချနီဘူရီ အရပ်ရှိ မြန်မာလူမျိုးအများစု အလုပ်လုပ်ကိုင်ရာ နာနတ်သီးစက်ရုံမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နဲ့ ၂၉ ရက် နေ့ ညတို့ မှာ တရားဟောပြောဖို့ စီစဉ်ထားပြီး၊မဟာချိုင် အရပ်ရှိ ၀ပ်ဟုတ် တွင် တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညမှာ ဟောပြောမှာပါ။ ဒီဇင်ဘာ ၃၁ ရက်နေ့ မှာလည်း ၀ပ်စီမိန် နဲ့ ဝပ်ကန်ဖ တို့ မှာ သြ၀ါဒမြွက်ကြားပွဲနှင့် တရားပွဲ လေးပွဲ ခန့် ကို သီးခြားနေရာတွေမှာလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မဟာချိုင်ရှိ ၀ပ်ကြပ် တွင် ဒီဇင်ဘာ ၁ ရက်နေ့ ညမှာ ဟောပြောမှာ ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့ မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းရှိရွေ့ပြောင်းအလုပ်သမားများအခွင့်အရေးဆောင်ရွက်နေတဲ့ကွန်ယက်က ဆရာတော်ဆီက သြ၀ါဒ ခံယူပွဲ နဲ့ တရားပွဲ ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရှိ ဆရာတော်ရဲ့ သာဓုကျောင်းတိုက်ဝန်းအတွင်းမှာ နိုင်ငံရေး၊လှုမှုရေးနဲ့ ပက်သက်သော အခမ်းအနားများ ကို ပြီးခဲ့တဲ့ လများအတွင်းက ပြုလုပ်ခဲ့ပြီး ဆရာတော်ရဲ့ နိုင်ငံရေးလှုမှုရေးနယ်ပယ်ရှိ ပုဂ္ဂိုလ် များနှင့် ထိစပ်မှုတို့ ကြောင့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့(မဟန)၏ ဖိအားပေးမှုကို ခံနေရပေမယ့် ဆရာတော်က ငြိမ်းချမ်းသော နည်းလမ်းများဖြင့် တတ်နိုင်သမျှ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

သတင်း....Burma VJ Media Network

ရှေ့တန်း မထွက်လိုသည့် တပ်အရာရှိများ ကိုယ်စား HIV ဝေဒနာရှင် များက အစားထိုး ဆေးခွင့်ယူပေး

ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည် ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများ အား ငွေပေးကာ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ကိုယ်စားဆေးရုံတက်ခိုင်း ကာ ဆေးခွင့်များ ယူလျက်ရှိကြောင်း ကိုယ်စား ဆေးရုံတက် ပေးရသူတစ်ဦးက ပြောသည်။

“ကျနော့်ကို ပွဲစားက နှစ်သိန်းပေးတယ်။ သူက ဘယ်လောက်ရလဲတော့ မသိဘူး။ ဆေးရုံ ၁၅ရက် တက်ပေးရတယ်။ သွေးစစ် တယ်။ သလိပ်စစ်တယ်။ ကိုယ်ခံအားစစ်တယ်။ ကျနော်တို့ ပိုးစတွေ့တုန်းက အတိုင်းပဲ လုပ်တာပေါ့။ ဆေးရုံမှာတော့ ကောင်း ကောင်းနေရ၊ စားရတယ်။ နာမည်ကိုတော့ ဗိုလ်ကြီးနာမည်နဲ့ တက်ရတာလေ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆေးရုံတက်ကြရသော HIV ပိုးကူးစက်ခံသူအများစုမှာ ဆင်းရဲသောကြောင့် ထိုသို့လုပ်ဆောင်နေကြရခြင်း ဖြစ်ကြောင်း HIV /AIDS လုပ်ငန်းများ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများက ပြောသည်။

လက်ရှိ စစ်မက်ဖြစ်ပွားနေသည့် ကချင်ဒေသသို့ ရှေ့တန်းမသွားလိုသည့်အတွက် HIV ရောဂါသည်အား ငွေပေးငှားရမ်းကာ ဆေးရုံတက်ခိုင်းကြောင်း အမည်မဖော်လိုသူ တပ်အသိုင်းအ၀ိုင်း၏ဆွေမျိုးတော်စပ်သူ တစ်ဦးက ကေအိုင်သို့ ယခုလို ရှင်းပြ သည်။

သူက “ကျနော့်ဦးလေးက ဒုအရာခံဗိုလ်ပါ။ ကချင်ဘက်ကိုထွက်ရမှာလေ။ သူ့ကို အဖွားတို့က ရှေ့တန်း မလိုက်စေချင်ဘူး။ ဒါနဲ့ ပိုးရှိတဲ့သူတစ်ယောက်ကို ငှားပြီး ပြီးခဲ့တဲ့လက ဦးလေးကိုယ်စား ဆေးရုံတက်ခိုင်း လိုက်တယ်။ ဆေးရုံမှာ ပေးသင့်တဲ့သူတွေ အားလုံးကို ပေးရတယ်။ ခုနှစ်သိန်းလောက် ကုန်တယ်။”ဟု သူက ပြောသည်။

ယင်းကဲ့သို့ ဆေးရုံတက်ပါက HIV ပိုးကူးစက်ခံထားရသူများကိုသာမက ဆေးရုံရှိ ၀န်ထမ်းများ၊ဆရာဝန်များ ကိုပါ ငွေပေးရ သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုအဖြစ်များမရှိကြောင်း တာဝန်ခံ ဆရာမ တစ်ဦးက ကေအိုင်စီသို့ ပြန်လည် ဖြေကြားခဲ့သည်။

ထိုသို့ လူစားထိုးကာ ဆေးခွင့်ယူသည့် တပ်အရာရှိ အများစုမှာ ဒုအရာခံဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိဖြစ်ပြီး ၎င်းတို့နှင့် နီးစပ်သူ များက ပွဲစားအဖြစ် ပြုလုပ်ကာ ရောဂါသည်လူနာများကိုရှာဖွေဆက်သွယ်လုပ်ဆောင် ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပွဲစားနှင့် သိကျွမ်းသူတစ်ဦးက “ကျမသူငယ်ချင်းက ပွဲစားလေ။ သူလုပ်ပေးတာ အခုဆို ၃ယောက်ရှိပြီ။ သူတို့ပွဲစားတွေက လူနာရှာပေးတယ်။ လူနာရရင် ဈေးညှိတယ်။ သူတို့က ၅သောင်းစားတယ်။ လူနာတွေက ပိုက်ဆံရတော့ လုပ်တာပေါ့။”ဟု ဆို သည်။

စစ်တပ်အရာရှိများ ယခုလို လုပ်ဆောင်နေသည်မှာ မိုးတွင်းကာ ပြီးခဲ့သည့် ၄လခန့်မှစ၍ ယခုအချိန်ထိဖြစ်ပြီး ယင်းသို့ ကိုယ် စားဆေးရုံ ငှားရမ်းတက်မှု ပိုမိုများပြားလာရခြင်းမှာ ကချင်ဒေသတွင် ထိုးစစ်များ အရှိန်အဟုန် မြှင့်လာသောကြောင့် ဖြစ်နိုင် ကြောင်း မြန်မာပြည်တွင်းအခြေစိုက် မူးယစ်ဆေးသုံးစွဲသူများအတွက် HIV/AIDS လုပ်ငန်းများ ဆောင်ရွက်နေသော လူထုအ ခြေပြုအဖွဲ့မှ အဖွဲ့ဝင်တဦးက သုံးသပ်ပြောဆိုသည်။

၂၀၀၉ခုနှစ်တွင် HIV ပိုးကူးစက်ခံရသောသူများကို ခွဲခြားမှုများ နည်းပါးလာပြီး နောက်ပိုင်းတွင် စစ်တပ်မှ အနားယူချင်သော ၀န်ထမ်းများ ထိုသို့ လုပ်ဆောင်နေကြခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။

သတင်း... ကေအိုင်စီ

ရန်ပွဲကြောင့် ဘူးသီးတောင်တွင် လုံခြုံရေး တင်းကျပ်ခဲ့ရ

ယမန်နေ့ ညနေက ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် လူငယ် တစ်ဦး ရန်ပွဲကြောင့် ပြဿနာ ကြီးထွားလာရာမှ ရဲနှင့် စစ်သားများကို စေလွှတ်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရသည်ဟု သတင်း ရရှိသည်။

" ဖြစ်တာက မနေ့ည ၇ နာရီခွဲမှာ ဖြစ်တာပါ။ အမှတ် (၇) ရက်ကွက် သင်္ဘောဆိပ်မှာ ဖြစ်ပါတယ်။ စိုးစိုးဆိုတဲ့ ရခိုင်လူငယ် တစ်ဦးနဲ့ အီမာနုရ်ဆင်း တို့ ရန်ဖြစ်ကြတာပါ။ အဲသလို ရန်ဖြစ်ပြီးတဲ့ နောက်မှာ အီမာနုရ်ဆင်းအိမ်ကို ရခိုင်တွေက လာပြီး တိုက်ခိုက်ပါတယ်။ ဒါကြောင့် ရဲတွေနဲ့ စစ်သားတွေလာပြီး လူစုခွဲခဲ့ရပါတယ်" ဟု မွတ်ဆလင် ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ ပြဿနာမှာ ပြေငြိမ်းသွားပြီ ဖြစ်သော်လည်း အီမာနုရ်ဆင်းကို ဆေးရုံတင်ထားရကြောင်း သူက ဆက်ပြောသည်။

" အခု အခြေအနေက အေးအေးဆေးဆေး ဖြစ်နေပါတယ်။ မနေ့ကတော့ အာဏာပိုင်တွေ လာပြီး လူစုခွဲရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ အုတ်ခဲတွေနဲ့ တိုက်ခိုက်တဲ့ အတွက် အီမာရ်နုဆင်း အိမ်ဝရံတာကတော့ ပြိုသွားပါတယ်။ တခြား လူတွေတော့ ထိခိုက် ဒဏ်ရာ ရတာ မရှိပါဘူး" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ပြဿနာကြောင့် ဘူးသီးတောင်မြို့တွင် အခြေအနေများ တင်းမာခဲ့သဖြင့် မနေ့ညကလုံခြုံ ရေးကို တင်းကျပ်ခဲ့ရကြောင်း သိရသည်။

" လူငယ် အချင်းချင်း ရန်ဖြစ်ရာကနေ ပြဿနာ ကြီးသွားတဲ့ အတွက် ရဲတွေ၊ စစ်သားတွေ လာရောက်ပြီး လူစု ခွဲလိုက်ရတယ်လို့ သိရတယ်။ ရန်ဖြစ်တဲ့ သူနှစ်ဦးစလုံး အနာရသွားတယ်လို့ သိရပါတယ်။ ရခိုင် လူငယ်လည်း အနာရသွားတဲ့ အတွက် ရခိုင်မြို့ခံတွေက မကျေနပ်တာကြောင့် ရန်ဖြစ်တဲ့ ကုလားအိမ်ကို သွားရောက်ပြီး အုတ်ခဲတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကြားရပါတယ်" ဟု ရခိုင်အမျိုးသမီး တစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။

ယခုအခါ ရဲနှင့် စစ်သားများကို ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်းနှင့် အခြေအနေမှာ ပုံမှန် ဖြစ်နေကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

သတင်း...နိရဉ္စရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပါတီမူဝါဒများ ပြင်ဆင်ရေးဆွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန်ခွင့်ပြုထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ခေတ်နှင့်လျော်ညီ သည့်ပါတီမူဝါဒများကို ပြန်လည်ပြင်ဆင်ရေး ဆွဲ၍ ပါတီမှတ်ပုံတင်ခဲ့ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအား ပါတီမှတ်ပုံတင် လျှောက်ထားရန် ပါတီ အဖွဲ့ခေါင်းဆောင် ဦးတင်ဦးနှင့် ဒု-ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ယခင်သုံးစွဲခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏မူဝါဒများကို လုံးဝပြောင်း လဲ၍ ရေးဆွဲခြင်းမပာုတ်ဘဲ ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် ပါတီမူဝါဒများကို စာသားနှင့် စကားလုံးအချို့ပြင်ဆင်၍ ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ပြုပြင်ရေးဆွဲခဲ့သော ပါတီမူဝါဒများတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ညွှန်းသော ဈေးကွက် စီးပွားရေးကို အခြေခံ၍ လွတ်လပ်သောကုန်သွယ်မှုကို အခြေခံသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ရင်းနှီးစွာ ဆက်ဆံရေးနှင့် ထင်သာမြင်သာရှိသော၊ တာဝန်ခံသော စီးပွားရေးမူဝါဒများ၊ ပြည်သူလူထုအား အမှန်တကယ်အကျိုးရှိစေသော ကျန်းမာရေးမူဝါဒများ၊ လက်ရှိ ထက် ပိုမိုကောင်းမွန်သော ပညာရေးစနစ်ဖြစ်ပေါ်စေသော ပညာရှင်မူဝါဒများ ပါဝင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ပါတီ မှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်းအစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့သည်။

သတင်း... ရန်ကုန်တိုင်းမ်

27 December 2011

နိုင်ငံရေးအကျဉ်းသားဟောင်းများ က စိတ်ကျန်းမာရေး ဆေးရုံတွင် အဟာရဒါန လှုဒါန်းမည်

နိုင်ငံရေးအကျဉ်းသားဟောင်းများက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွာသာကြီးရှိ စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ (တနင်္လာနေ့ ) နေ့ လည် ၂ နာရီတွင် အဟာရဒါနသွားရောက် လှုဒါန်း မည်ဖြစ်ပြီး ပါဝင်ကူညီလိုသည့် စိတ်ပါဝင်စားသူ မဆို လိုက်ပါနိုင်ကြောင်းသိရပါတယ်။ လိုက်ပါလိုသူများအနေဖြင့် အမှတ် ၃၇၅ ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းထောင့် ရှိ မပြုံးပြုံးအေး ၏ နေအိမ်တွင် နေ့ လည် ၁ နာရီခွဲ အရောက် စုစည်း ကြရန်နှင့် အလှုပစ္စည်းများကို ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ နိုင်ကြောင်း သိရပါတယ်။ စိတ်ပါဝင်စား သူများအနေဖြင့် ကိုကြည်လွင်(၀၉၄၉၂၁၃၃၉၀)၊ကိုဗသက်အောင်( ၀၉၄၉၂၈၆၁၅၃)၊ ကိုထွန်းကြည် ( ၀၉၄၉၂၅၅၉၂၄) တို့ ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်လေးဖြူအပါအ၀င် IC အဖွဲ့တွေ့ဆုံ


လေးဖြူအပါအ၀င် IC အဖွဲ့က ယနေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုတွေ့ဆုံမှုတွင် IC အဖွဲ့မှ ၉ ဦးပါဝင်ကြောင်း IC တီးဝိုင်းမန်နေဂျာ ဦးကိုကိုလွင်က ပြောသည်။


သတင်း....7Day News Journal

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ကို လက်ခံတွေ့ ဆုံ




ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ကိုဂျော်လီထွန်းရေ…

ကိုဂျော်လီထွန်းရေ…

၂၃နှစ်တောင်ကြာသွားပါပေါ့လားကိုဂျော်လီထွန်းရေ။ မထင်မရှား-ခင်ဗျားဆိုတဲ့လူ- ခုလို လူမသိသူမသိ နေရာထောင့်ကျဉ်းလေးတခုမှာ ဘ၀သက်တမ်းတ၀က်ကျိုး။ အရင် စစ်အစိုးရကလက်ထက်ကတည်းက ခင်ဗျားဘ၀ ကို အဲသလိုမြေမြှုပ်ပစ်ခဲ့ကြပေမယ့်လူတွေက ခင်ဗျားကိုရှိမှန်းတောင်သိကြသေးရဲ့လား။ခင်ဗျား ၈၈အရေးအခင်းပြီး ကတည်းက နိုင်ငံရေးကြောင့် ထောင် ကျနေတယ်ဆိုတာကိုကော မှတ်မိကြပါမလား။ ဒီကိစ္စ ကျွန်တော်သိချင်တယ်။ ခင်ဗျားထောင်ထဲမှာ ခုလိုဆက်ဘ၀သေနေတာလုံးဝမဖြစ်သင့်တော့ဘူး။ သိတ်ဝမ်းနဲဘို့ကောင်းတယ်။

လူဆိုတဲ့အမျိုးကလည်း ၀ီိစိကိစ္စအင်မတန်များ- အင်မတန်မေ့လွယ်ကြတာမဟုတ်လား ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကိစ္စ ဘယ်ပြန်တွေးဖြစ်ပါ့မလဲ ။ မထင်မရှားခင်ဗျားလိုလူတယောက်အကြောင်း ဘယ် သူခေါင်းထဲထည့်မှာလဲ။ပိုဝေးတာပေါ့။ ၈၈ စဖြစ်တော့ ခင်ဗျားကအိမ်ထောင်သည်၊ သာမန်မိသားစုဘ၀။ သမီး ၂ယောက်တောင်ရနေပြီ။ကျောင်းသားလုပ်လောက်တဲ့အရွယ်လည်းမဟုတ်။
ပါတီအဖွဲ့အစည်းတခုကို ခေါင်းဆောင်ခဲ့တာလည်းမဟုတ်။သာယာဝတီဈေးထဲရေဒီယိုပြင်စားနေတဲ့ ပါချီပါချက်မက်ကင်းနစ် လေး။ နေ့ချင်းညချင်းကြီးထွားလာတဲ့ သပိတ်ထဲမှာဗြုန်းဆို သွေးကြွပြီး သပိတ်ခေါင်းဆောင်တက်လုပ်လိုက်မိတာတခု ။ အဲဒီအကွေ့မှာ ငါးပါးမှောက်တာ။ မဟာဒုက္ခတွင်းလုံးကျတော့ တာလေ။အဲဒီတုန်းက လူတွေဆိုတာက အမှောင်တည်းက ရုတ်တချက်ထ။ လွတ်လပ်ရေးအလင်းတချက်ရလိုက်တဲ့အချိန်။ ကြွက်ကြွက်သွေးဆူသွားကြတုန်း အရမ်း တက်ကြွ။တချို့ ဘာမသိညာမသိ- မနက်ဖြန်ပဲ ဒီမိုကရေစီ ရတော့မှာလိုလို။ တချို့များ စင်ပေါ်လုတက်ကြ။ အာဘောင်အာရင်းသန်သန်နဲ့ မိုက်ခွက်လုကိုင်ခဲ့ကြ။ ဒါတွေလည်း ဖြစ်ခဲ့သားမဟုတ်လား။ ခင်ဗျားကလည်း ပါတီယူနစ်ရုံးကိုမှ တက်သိမ်းပြီး သပိတ်စခန်းဖွင့်ခဲ့သကိုး။

တလလောက်နေတော့ စစ်တပ်အာဏာသိမ်း။ ခင်ဗျားနယ်စပ်ကိုတိမ်းရ။ မကြာခင် ပြန်ဝင်လာ။ဘာမဟုတ်ညာမဟုတ်အဖမ်းခံလိုက်ရတာမဟုတ်လား။ဆရာစံနယ်မြေသပိတ်ခေါင်းဆောင်
ကြီးပြန်လာပြီဆိုပြီး ခင်ဗျားကို အသားကုန်ကျွေုးကြတော့တာမဟုတ်လား။ စံနမူနာတွယ်ပြရမယ့် တရားခံတွေရွေးနေတုန်း သာယာဝတီ သုံးဆယ်မဟာဗျူဟာ သပိတ်တပ်ရင်း ခေါင်းဆောင်ဆိုပြီး တွယ်ထည့်လိုက်တာ။ ၈၉ကာလမှာ ထောင် ဒဏ် ၃၅ နှစ်ဆိုတာ အများဆုံးလို့ပြောလို့ရတယ်။ ၇ နှစ်တန် ၅မှုကပ်ပေးလိုက်တယ်ဟုတ်။ လုယက်ဖျက်ဆီးမှု။ ရုန်းရင်းဆန်ခတ်မှု။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု။ အဆောက်အဦစီးနင်း၊ နယ်စပ်ဖြတ်ကျော်။ မတရားသင်းဆက်သွယ် စတာစတာတွေနဲ့ မှတ်လောက်သားလောက်နံရံတွေကြား စံစားစေဆိုပါတော့။
၁၉၉၃ မှာ နိုင်ငံတော်လာတော့ ခင်ဗျား-သာယာဝတီမှာမရှိတော့ဘူး။ သရက်ထောင်ရောက်နေပြီ။ သာယာဝတီထောင်ဆိုတာ ခင်ဗျားမိသားစုနဲ့နီး၊ အပတ်စဉ်လာတွေ့နိုင်နေတာ န၀တ-ဗိုလ်ခင်ညွန့်တို့က သိတယ်။ မိသားစုလာတွေ့နိုင်သေးရင် ခင်ဗျား စိတ်ဓါတ်မပျက်လောက်ဘူး။ တောင့်ထားလိမ့်မယ်။ မိသားစုနဲ့ဝေးမှ နာမှာလို့ န၀တကတွေး။ ဒီလို အကြံဆိုးတွေနဲ့ ခင်ဗျားကို သရက်ထောင် ပြောင်းပေးလိုက်တာပေါ့။ ခုလိုခင်ဗျားမိသားစုကိုပါ ဒုက္ခပွါးပေးလိုက်တော့ ခင်ဗျား ခံစားရတယ်မဟုတ်လား။ သရက်ထောင်အ၀င်မှာ ၀န်ထမ်းတွေ နှစ်ဖက်ညှပ်တန်းစီပြီး ဂမ်းပိုက်တွေနဲ့ပုံစံအရင်ကြွေးတာ အ၀စားလိုက်ရသေးတယ် မဟုတ်လား။ ဦးချိုးတာ-ဆိုပဲ။ ခင်ဗျား မချိတရိပြောဟန်တွေ ခုထိကျွန်တော် မြင်ယောင်နေတုန်း။

၉၃မှာနိုင်ငံတော်လွတ်ငြိမ်းသက်သာလာ။ခင်ဗျားလည်းထခုန်မတတ် ၀မ်းသာ။ လျော့ရက်တရက်ရ-လွတ်ရက်တရက်နီး။ မိသားစုကို ပြန်ဆုံဘို့ တရက်နီး။ ဒီလိုပဲ။ လူထုကြီးအတိုင်းပဲ။ ရိုးတာလိုက်ကြတာနော်။ ကမ္ဘာ့စောင့်ကြည့်အကဲခတ်အဖွဲ့တွေလည်းဒီလိုပါပဲ။ မထူးပါဘူး ။ထူထူနန။

ဒါပေသိ န၀တ နိုင်ငံတော်က ပညာပါတယ်။ သေဒဏ်သမားတွေ ကို တသက်တကျွန်းပြောင်းစေ။ ထောင်ဒဏ် ၁၀ နှစ်အထက် နှစ်ဘယ်လောက်များများချထားစေကာမူအပြစ်ဒဏ် ၁၀ နှစ်သာ ပြောင်းလဲလျော့ပေါ့ခံစားစေ။ ဒီလိုဆိုတာာကိုး။ အဲဒီတုန်းက နိုင်ငံရေးပုဒ်မတွေက ကြမ်းခင်းဈေး ၇ နှစ်ပဲပေါက်သေးတာ။ ၇ နှစ်ပြစ်ဒဏ်သမားတွေက များတယ်။ ဘယ် ၅ညမှ လျော့ရက်မရလိုက်ကြဘူး။ ၁၀နှစ်ကျော်သမားတွေမှ ခံစားခွင့်ရမှာကိုး။ ခင်ဗျားလည်းမထူးဘူး။ နှစ်လုံးထဲကပ်ရှုပ်သွားတာ။ ဘာလျော့ရက်မှမခံစားလိုက်ရဘူးမဟုတ်လား ။ ခင်ဗျား က ၅ မှု ပေါင်း ၃၅နှစ် ကျထားတာဆိုတော့ ၃၅ နှစ်မှာ ၁၀ နှစ်ပဲ ကျန်မယ် ၂၅နှစ်လျော့သွားမယ် ။ တွက်တာ။ ဘယ်ဟုတ်မလဲ ။ ခင်ဗျားကို ပေးထားတဲ့ ဆုလဒ်က ၇ နှစ် ၅ မှုဆိုတော့ ၁၀ နှစ်ထက်ကျော်တဲ့အမှု တခုမှ မပါလို့ ဒီနိုင်ငံတော်မှာ ခင်ဗျားဘာမှ အကြုံးမ၀င်။ ဘာမှ လျော့ပေါ့ မခံစားရဘူးတဲ့။ သေလိုက်စမ်းပါဗျာ။

ခင်ဗျားအဖေကခင်ဗျားနံမည်ကိုဘာလို့ဂျော်လီထွန်းလို့ပေးတာလဲဗျလို့- တချိန်မှာကျွန်တော် စိတ်ဝင်တစား မေးခဲ့ဖူးတယ်။ သူ့သားလေး jolly typeနဲ့ - ပျော်ပျော်နေတတ်ပါစေလို့ ဆိုပြီး အဖေက ပေးခဲ့တာလို့- ခင်ဗျားဖြေတယ်။ ခုတော့ နိုင်ငံရေးကို နားလည်လို့ လုပ်တာမဟုတ်ပဲ ကြုံလာချိန်ကြုံသလိုလုပ်လိုက်မိတာတခုကြောင့်- ခင်ဗျားအဖေပညတ်သလိုခင်ဗျားဘ၀က - နဲဗားဆောရီး အဲဗားဂျော်လီ ဓါတ်သက်မပါရပဲ - အဲဗားဆောရီး- နဲဗားဂျော်လီ ဆိုတဲ့ -ကိစ္စတုန်းဗြောင်းပြန်ဘ၀ကြီးတခုကို ပိုက်မိလိုက်တာပေါ့နော။

သမီးလေးတွေ အရွယ်ရောက်လာတော့မယ်ဗျာတဲ့။ ခင်ဗျားအပူပင်ဆုံးကိစ္စက ဒါပဲ။ ကျွန်တော်သိတယ်။ခင်ဗျားရောဂါကို။ခင်ဗျားကအဖေ။ အဖေတယောက်လိုစောင့်ရှောက် ချင်တာသဘာဝ ပေါ့ဗျာ။ ၉၈ မှာ ကျွန်တော် ထပ်ဝင်ရတော့ ဆရာမောင်ဝံသနဲ့ နေရချိန်။အဲဒီမှာ အဖေတွေရဲ့ခံစားမှုကို ပိုနားလည်တတ်လာတယ်။ ဆရာမောင်ဝံသ က အဲဒီကာလက ပုဒ်မ ၁၀-က နဲ့ တွဲဖက်ထောင်မှာ ၃နှစ်လောက်တိုက်ပိတ်ခံထားရတာ။ ပါးပါးလေးရှိသေးတာ။ ဒါပေမယ့်အဲဒီပါးပါးလေး ၃နှစ်မှာ နေမထိထိုင်မသာ သူ နေ့စဉ်ပူပန်နေတာ သူ့သမီး၂ယောက်အတွက်။ သူ့သမီးတွေက အရွယ်ရောက်နေပြီ။ကံဆိုးချင်တော့ သမီးကြီးက သဘောမျှပြီးသားအမျိုးသားတယောက်နဲ့ ရည်ရွယ်လက်ဆက်ခါနီးဆဲဆဲမှာမှသူ့အဖမ်းခံလိုက်ရတာ၊

အဖေပြန်လာမှ သမီး အိမ်ထောင်ပြုနိုင်မယ်။ အဖေမရှိပဲ သမီး အိမ်ထောင်မပြုချင်ဘူးပြောတဲ့အချိန်။

အဲဒီမှာတင် သူကြွေတာ။ သူမလွတ်ရင်သူ့သမီး အိမ်ထောင်မကျ။ ဘယ်တော့လွတ်မယ်ဆိုတာ ရက်အတိအကျ သူမသိ။ သူသိခွင့်မရ။သူ့သမီးရဲ့အမျိုးသားကသူ့သမီးကိုနားလည်မှုရှိရှိနဲ့ သူလွတ်မြောက်လာချိန်အထိစိတ် ရှည်ရှည် စောင့်ပေးနိုင်ပါ့မလား။ ဒီအပူသောက က အဖေဆိုတဲ့သူကို တငွေငွေ့လောင်မြိုက်တာပေါ့။ ငါ့ကြောင့် သမီးတို့ချစ်ခြင်းများကွဲခဲ့ရင်ဆိုတဲ့ အတွေး။

၈၈-၈၉မှာ ထောင်နန်းစံလိုက်ရတဲ့နိုင်ငံရေးထောင်ကျသား အတော်များများဟာနှစ်စေ့လို့လွတ်တော့ လည်း န၀တ ကို ဆက် ဆန့်ကျင် ပုန်ကန်နေတုန်းဆိုတာ န၀တသဘောပေါက်လာတယ်။ ၇ နှစ်လောက် ထောင်ချရုံနဲ့ ဦးချိုးလို့ မရဘူးဆိုတာသိလာတယ်။ ၁၉၉၈ မှာ န၀တ အချိုးပြောင်းတယ်။ စိတ်ဓါတ်ကို ချိုးချေလို့မရရင်လူကိုချိုးချေရမယ်ဆိုပြီး ပုဒ်မတခုအမှုတခုထဲကို ၃မှု ၄မှုပွါးတယ်။ မြို့နယ်အမျိုးမျိုးပြောင်းပြီး တရားရုံးတွေခွဲ တရားစွဲ။ တရားရုံးတရုံးထောင်တခါချလုပ်လာတော့ နိုင်ငံရေးလုပ်သူတွေ ကိုင်းကြီးကြီးနားကုန်တယ်။

န၀တကနေ တဖြစ်လဲသွားတဲ့ နအဖက ၁၉၉၈ မှာ ကိုမျိုးမင်းဇော် ဆိုတဲ့ကျောင်းသားကို ၅၂ နှစ် ကိုအေးအောင်ဆိုတဲ့ကျောင်းသားကို ၅၉ နှစ် စသဖြင့် အပြစ်ဒဏ်ချတယ်။ ဒီလိုဆိုတော့ ၁၉၇၄ အင်းစိန်မီးရထားအလုပ်သမားသပိတ်တုန်းက ဦးဆောင်လို့ ထောင် ၁၅ နှစ်လောက်ကျချိန် -မွေးမေလေ့- များလိုက်တာလို့ထင်တဲ့ နောင်တော့်နောင်တော်သပိတ်ခေါင်းဆောင်ကြီးတွေ လက်ဖျားခါရပြီ။ အင်္ဂလိပ်ကိုလိုနီခေတ်က သခင်ပေါက်စ ထောင်၆လဆိုတာ စာဖွဲ့လို့ တောင် မရတော့ဘူး။

ကိုဂျော်လီရေ…ဒီနှစ်၂၀ကျော်မှာ ခင်ဗျားသမီးလေးတွေအားလုံးကျောင်းတွေ ဆက်တက်နိုင်မနိုင်။ ပညာတွေတတ်မတတ်။ အိမ်ထောင်တွေကျမကျ။ အိမ်ထောင်ဖက်တွေက ဘယ်သူဘယ်ဝါဆိုတာတွေ ခင်ဗျားဘာမှသိမှာမဟုတ်ပါဘူး။မိသားစုကိစ္စ သိခွင့်ပါဝင်ခွင့်တောင်ရှိချင်မှရှိမယ်။ ကိုဂျော်လီ…. ခင်ဗျားဟာ သေလူတယောက်လို့တောင် ပြောလို့ရတယ် ။

ကျွန်တော်အများကြီးတွေ့ခဲ့ပြီးပြီဗျာ။ အဖေလုပ်သူက ၁၀နှစ်ကြာကြာ သံတိုင်နောက်မှာနေပြီးမှပြန်လာတဲ့အခါ သားလုပ်သူ သမီးလုပ်သူတွေက အဖေကို ဘယ်လိုဆက်ဆံရမလဲမသိတော့တာ။ ဟက်ဟက်ပက်ပက်မရှိတော့တာ။စိမ်းနေတာ။ မိန်းမလုပ်သူက အုပ်စိုးသူအစိုးရကို စိတ်မနာပဲယောင်္ကျားကိုလှည့်စိတ်နာ ။ ရှင်-နိုင်ငံရေးလုပ်လို့ ကျမတို့ မိသားစု ဘ၀ပျက်တာလို့ စွဲချက်တင်။ အသင်ဘာငြင်းမလဲ ။ သားသမီးတွေက ပါ အမေ့နောက်လိုက်ပြီး အဖေကို စိတ်နာ။ အဲဒါမျိုးမြင်ရတော့ ကိုယ်သာဆို ထောင်ကထွက်တာနဲ့ သတ်သေမိမလား။ ဘ၀ရဲ့အရေးကြီးဆုံးအားယူနေတဲ့ကာလမှာ သားသမီးတွေက ကိုယ့်ခြေပေါ်ကိုယ်ရပ်ခဲ့ရတာဆိုတော့ အဖေဆိုတာအားမကိုးလောက်ဖူး ဆိုတဲ့ဘ၀ပေးအသိနဲ့ အဖေကိုအားမကိုးတော့။ တချို့ဆို အဖေကို စိတ်နာသွားတာတွေ မြင်ဖူးတယ်။

ခင်ဗျားက ခု- ၂၃နှစ်ကြာသွားပြီဆိုတော့ မြေးတွေတောင်ရလောက်တော့မယ်။ ရလည်း မြေးတွေက ခင်ဗျားကို အဖိုးဆိုတာဘာမှန်း သိမှာမဟုတ်တာသေချာပါတယ်။ ကိုဂျော်လီ။ ခင်ဗျားစိတ်ကူးယဉ်မနေနဲ့။ လွတ်လာရင် ခံနိုင်ရည်ရှိဘို့သာကြိုးစားရတော့မှာ။ ဘ၀ကို သုံညတောင် မဟုတ်ဘူး -အနှုတ်ကနေပြန်စရမှာ။ ဘယ်လို ပြန်စမလဲဘယ်လိုရင်ဆိုင်မလဲဆိုတာသာ အားမွေးရတော့မှာ ။

၈၉တုန်းက ကျွန်တော်နဲ့နေခဲ့ရတာတွေက မင်းပြားဒေသ ACP က ကိုအောင်စံအေးတို့လို ရခိုင်တော်လှန်ရေးသမားတွေ။ ပဲခူးရိုးမကဗိုလ်သံဒုတ် ဗိုလ်သန်းလှ ဘိုးသာဂေါင်တို့လို့ KNU ကရင်တော်လှန်ရေးသမားတွေ ။ အဲဒီတုန်းက ကချင်KIA က လူတွေကံကောင်းတဲ့အချိန်လို့ပြောရမယ်။ KIA နဲ့န၀တ အပစ်ရပ်၊ ငြိမ်းချမ်းရေးယူလိုက်တော့ န၀တက ကချင်စစ်သား အားလုံးကို လွှတ်ပေးလိုက်တာ ။ တယောက်မကျန်လွှတ်ပေးခဲ့တာလေ။သူတို့ လွတ်တော့ အင်းစိန်တထောင်လုံးကိုတောင် ကျွေးမွေးသွားသေး။

ကံဆိုးတာက KNUကရင်အဖွဲ့ ။ လူ ၃၀ကျော်။ဘယ်သူမှ မလွတ်ဘူး ။ကရင်ပြည်နယ်မှာ KNUက န၀တ နဲ့ စစ် ဆက်တိုက်နေတော့ ထောင်ထဲက ကရင်ရဲဘော်တွေမလွှတ်ပေးဘူးပေါ့ ။သူတို့ကို ထောင်ဗူးဝခေါ်ထုတ်သွား ။ သူတို့က လွတ်မယ်ထင်။ ဗူးရောက်မှ သေဒဏ်ကို တသက်တကျွန်းပြောင်း ။ ထောင်ဒဏ်ဆက်ခံစေလုပ်တာကိုး။ တသက်တကျွန်းက နှစ်မျိုးနှစ်စားရှိတယ်။ အနှစ် ၂၀ နဲ့ညီတဲ့ တသက်တကျွန်း။ နှစ် အစိတ်နဲ့ ညီတဲ့တသက်တကျွန်း။ ကရင်တွေကဘာမှန်းတောင်မသိရဘူး။ ထောင်သက် အနှစ် ၂၀ကျော်လာပြီး မလွတ်တော့မှ သူတို့ကို ချထားတာ နှစ်အစိတ်နဲ့ညီတဲ့ တသက်တကျွန်းမှန်းသိတယ်။ KNU နဲ့ ငြိမ်းချမ်းရေးမရခဲ့တော့ သူတို့လည်း မလွတ်ခဲ့ကြ ဘူးပေါ့။ဒီလိုနဲ့ ထောင် ထဲမှာတဖြုတ်ဖြုတ်သေကုန်တယ်။ ရောဂါတွေရကြတယ်။

ကျွန်တော်သူတို့ကို မမေ့နိုင်တာက ၈၉ မှာ ရေကြည်အိုင်ကနေ အင်းစိန် ရင်ကွဲတိုက်ကို စ ၀င်ရတဲ့ကာလတွေ။ အဲဒီတုန်းက ကိုယ်က ထောင်မကျသေးခင်အ၀တ်တထည်ကိုယ်တခုနဲ့နေရတဲ့အချိန်။ KNU ရဲဘော်တွေရဲ့ရဲဘော်ရဲဘက်စိတ်နဲ့ နွေးထွေးကူညီမှု။

ထောင်ကလည်း KNUရဲဘော်တွေကိုလည်း လေးစားမှုတစုံတရာရှိတဲ့အချိန်ပေါ့။

ဖြစ်ပုံက ၈၈ အရေးအခင်းမှာအင်းစိန်ထောင်ဆူတော့ ထောင်ဝန်ထမ်းတချို့ အကျဉ်းသားတွေလက်ထဲ ကျရောက်သွားတယ်။ထောင်ထဲမှာ အဆောင်တွေ အကုန်ပွင့်ထွက်ချိန်ပေါ့။ သူတို့ကို နာကြည်းနေတဲ့ အကျဉ်းသားတွေကသူတို့ကို အရေခွံခွါ သတ်မလို့။ တိုက်တွေထဲပိတ်ထားတုန်း KNU ရဲဘော်တွေကကြားဝင်ပြီး မသတ်ဘို့ဝိုင်းတား လွှတ်ပေးလိုက်လို့ဝန်ထမ်းတဒါဇင်လောက် အသက်ချမ်းသာရာ ရကုန်ကြတယ်။ နောက်ပိုင်းမှထောင်ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်သွားတာ။

အကျဉ်းဦးစီးက ကရင်တွေကို တစုံတရာ နားလည်မှုနဲ့ တိုက်ခန်းတွေထဲထည့်မပိတ်တော့ပဲ တိုက်ဝင်းထဲ အလုပ်လုပ်တာ သွားတာလာတာတွေ လုပ်ခွင့်ပေးထားတဲ့အချိန်မှာ သူတို့က ၅ညတွေကို ကူညီ။ နောက် ရင်းနှီးလာတော့နံမည်သိရတဲ့ ကိုဝင်းထူးစောက အခန်းရှေ့ကို ဖြတ်သွားတုန်း လူကို မကြည့်ပဲ တခုခုပစ်သွင်းသွားတယ်။

ပထမ လောက်စာလုံးတလုံးပစ်ထည့်လိုက်တယ်ထင်မိတယ်။ နောက်တိုက်ခန်းထောင့်မှာသေချာသွားကြည့်တော့ စီးကရက်အစီခံနဲ့ ပတ်ထုတ်ထားတဲ့ ငပိထောင်းဗျာ။ ဘာမှစားစရာမရှိတဲ့အချိန်မှာကျွန်တော့အတွက် အဲဒါရွှေပေါ့။ အဲဒါအခု အနှစ် ၂၃ နှစ်ကြာတဲ့အထိ မမေ့နိုင်ဘူး။ ဒီလိုလုပ်တာ အဲဒီတုန်းက ထောင်ဝင်ထမ်းတွေသာ သိသွားရင်သူ့ကို ရိုက်နှက်တာ သံခြေကျင်းခတ်တိုက်ပိတ်တာတွေအထိခံရနိုင်တယ်။ထောင်မှာ ဒါကိုကျောရင်းတယ်လို့ခေါ်တယ်။ သူ့အန္တရာယ်ကို မငဲ့ပဲ အချင်းချင်းယိုင်းပင်းတာ။ ဒါ ရဲဘော်ရဲဘက်ချင်းချစ်စိတ်ပေါ့။


ရခိုင်မင်းပြားဒေသက ACP ရဲဘော်တွေကတခန်းသတ်သတ်။တောင်ထဲ တောထဲမှာတုန်းကတော့ ဘာလက်နက်တွေ ကိုင်ဖြစ်ခဲ့မယ်မသိ။ ထောင်ထဲမှာတော့ တည်ဆောက်ရေးလုပ်မယ်ဆိုပြီး လက်တ၀ါးလောက်ရှိတဲ့ အင်္ဂလိပ်အဘိဓါန်စာအုပ်လေးကိုလျှို့ဝှက် လေ့လာနေခဲ့ကြတာတွေ့တယ်။ အဲဒီအချိန်က အဘိဓါန်စာအုပ်ဆိုတာကို တခုတ်တရဖွက်ပြီး တိတ်တိတ်လေ့လာရတဲ့ခေတ်။ နောက်ရခိုင်အဖွဲ့ သာယာဝတီထောင်ကို ပြောင်းသွားတာ ဒီနေ့အထိပဲ။ခုထိမလွတ်ကြသေးဘူး။ သိတ်တည်ငြိမ်အေးချမ်းတဲ့လူတွေပါ။



KNU ကရဲဘော် စောဖိုးကို ကိုတော့ မဲလဒုက္ခသည်စခန်းမှာ ပြန်တွေ့။ သူအသက်၄၀တော်တော်ကျော်ခဲ့ပြီ။ ထောင်သက် ၂၃ နှစ်လောက် ကြာအောင် နေခဲ့ချိန်-ငယ်ရီးစားနဲ့ လွဲရပုံကို ပြန်ပြောပြတာ ရိုးမှရိုး ။ သူ့ကို နှစ် ၂၀ ကျော် သစ္စာမပျက်ထောင်ဝင်စာလာတွေ့ရှာတဲ့ ငယ်ရီးစားကသူလွတ်ကာနီးလပိုင်းအလိုကျမှ အိမ်ထောင်ကျရှာတယ်။စောဖိုးကိုက သူုလွတ်မယ့်ရက်ကိုသူမပြောနိုင်ဘူးလေ။ ဒါကြောင့်အိမ်ထောင်ပြုလိုက်မိတာတဲ့။ ဘယ်လောက်ကံဆိုးလိုက်သလဲ။ ဘ၀တွေ။ ဘယ်သူ့ကို ဘာအပြစ်ပြောမလဲ။ တကယ်ဆို ကျွန်တော်ဖတ်ဘူးတဲ့ တော်လေး၀၀င်ပါတယ် ဆိုတဲ့ မဒီသမ္ဘူလတို့ဆိုတာ စောဖိုးကို-ရီးစားလောက်တောင်ဇွဲခတ်ပြီး အနှစ် ၂၀ ထောင်ဝင်စာ လာတွေ့ချင်မှတွေ့မှာလို့ ကျွန်တော်တွေးမိတယ်။

ထောင်ထဲမှာပဲ ဆုံခဲ့တဲ့ ဖထီးဗိုလ်သန်းလှကိုလည်း သူလွတ်လာတော့ကရင်ဒုက္ခသည်စခန်းတခုမှာ ပြန်ဆုံတယ်။ သူစစ်တပ်လက်ထဲ အဖမ်းခံလိုက်ရတဲ့အချိန်က သူ့ ဇနီးက ကိုယ်ဝန်နဲ့ကျန်ခဲ့တာ။ ဒေါက်တာစင်သီယာမောင်ဆေးခန်းမှာ သူ့သမီးကို နတ်စ် မလေးဘ၀နဲ့ ပြန်တွေ့တော့ သမီးက ၂၄ နှစ် ရှိနေပြီလေ။ ဒီသမီးကအဖေ့ကို ပြုစုစောင့်ရှောက်ပါတယ်။မစိမ်းရှာဘူး။ ဒါကိုတွေ့တော့ကျွန်တော့်ခံစားမှုက ကြည်နူးတာကော ကြေကွဲတာကောပေါ့။သူ့ယောက်ခမ ဗိုလ်သံဒုတ်က ထောင်ထဲမှာ ဆုံးတယ်။ ဘိုးသာဂေါင်လေဖြတ်တယ် ။ လွတ်လို့ မအူပင်ပြန် ။ မကြာခင် ဆုံးတယ်လို့ ကြားတယ်။

ကျွန်တော်ပြောချင်တာ ဗမာပြည်ကြီး ငြိမ်းချမ်းရေးမရလို့ လူငယ်ကျောင်းသားတွေ တိုင်းရင်းသားလက်နက်ကိုင်တွေ ခုလို ထောင်သက်တွေရှည်ကြတယ်။ ခုလိုဖမ်းဆီးချုပ်နှောင်ထားမှုတွေဟာ ဘာမှ အဓိပ္ပါယ်မရှိဘူး။ နိုင်ငံတော်ပုန်ကန်တာချင်းအတူတူ ကချင်ရဲဘော်တွေကိုအပစ်ရပ်တဲ့ ၉၂-၉၃ ငြိမ်းချမ်းရေးကာလမှာလွှတ်ပေးနိုင်ရင် ကရင်ရဲဘော် ရခိုင်ရဲဘော်တွေက ဘာပြစ်ဒဏ် ကွာခြားလို့ နောက်ထပ် နှစ် ၂၀ကျော် ထောင်ထဲမှာဓါးစာခံဖြစ်ကြရတာလဲ။

သဘာဝမကျပုံက ၈၈ တုန်းက အရေးအခင်းမှာ လူသတ်မှုတွေကျူးလွန်ပြီးသေဒဏ်ကျသူတွေက ဒီနေ့အကုန်လွတ်ပြီးခဲ့ပေမယ့် နိုင်ငံရေးလုပ်ခဲ့သူတွေက ခုထိထောင်ထဲက မထွက်ရတဲ့ကိစ္စပဲ။ သေဒဏ်သမားတွေက ၉၃လွတ်ငြိမ်းသက်သာအပေး မှာ ကျွန်းဒဏ် အနှစ် ၂၀ ပြောင်းတယ်။ ရာဇ၀တ်မှုတွေဆိုတော့ သာမန်လျော့ရက်အတိုင်းလျော့ပေါ့ခံစားခွင့်တွေ ရကြ။ ထောင်မှာ၁၄နှစ် နေသားရှိတာနဲ့ လွတ်တော့တာ။ သီးသန့်အကျဉ်းသားလို့အစိုးရကခေါ်တဲ့ နိုင်ငံရေးနဲ့ဆက်နွယ်သူတွေသာ လူမသတ်ရပဲ ဒီနေ့အထိထောင်တွေထဲမှာ ကျန်နေခဲ့ရတာ။

သမတကြီးဦးသိန်းစိန် -လွှတ်တော်အထက်က ကာလုံကောင်စီ အဖွဲ့က ဆုံးဖြတ်ပြီး လာမယ့် လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့တွေမှာ အသုတ်ခွဲလွှတ်မယ်ဆိုတဲ့ လူတွေထဲမှာ ကိုစည်သူဇေယျကို ချန်ထားခဲ့မှာလား။ သူက ဗုံးကွဲတာကို ဓါတ်ပုံမှတ်တမ်းတင်မိတာလေ။ DVB နာယက ဦးဟန်ယောင်ဝေကို တောင် ပြည်တွင်းဝင်ခွင့်ပေးရင် ဘာဖြစ်လို့ ဘာအကြောင်းနဲ့ ကိုစည်သူဇေယျတို့ သားအဖကို ဆက်နှိပ်စက်ထားမှာလဲ။ ကိုဖြိုးဝေအောင်ကိုကော ချန်ထားခဲ့မှာလား။သူဗုံးခွဲတာကို ဘာအထောက်အထားနဲ့ မိလို့ ခုလိုအပြစ်ပေးထားတာာလဲ။ ဗုံးခွဲမှုတရားခံကိုယ်တိုင်က ၀န်ခံထားပြီးသားကိစ္စမှာ သံလျင်က ကိုသန်းဇော် ကို ကော သံလျင်ရေနံချက်စက်ရုံဗုံးခွဲဆိုပြီး ဘာပုဒ်မနဲ့ ခတ်တည်တည် ဆက်ဖမ်းထားမှာလဲ။ သူ့ဘ၀ဟာ လုံးဝ အဖတ်ဆယ်မရအောင် နစ်နာခဲ့ပြီးပါပြီ၊ နိုင်ငံရေးပုဒ်မ မဟုတ်လို့ ဆိုပြီးဆက်ချန်ထားဦးမှာလား။ ခွန်ဘီဒူး။ ခွန်ဒီးဒီး။ ခွန်ကွားယို တို့လိုလူငယ်တွေကိုကော ကရင်နီနဲ့ ငြိမ်းချမ်းရေးမလုပ်နိုင်ရင်ဆက်ဖမ်းထားမှာလား။

ဆရာတော်ဦးဂန္ဘီရကို မိသားစုအရိပ် တရားအရိပ်မှာ စိတ်ခန္ဓာအနာတရတွေကို ပြန် ကုစားစေချင်ပြီ။ သမီးလေးဖြူနေခြည်မင်းယုလည်း မိခင်နီလာသိန်းနဲ့ ဖခင်ကိုဂျင်မီတို့ နှစ်ယောက်ကြားမှာ မေတ္တာငွေ့နဲ့ ငြိမ်းချမ်း အိပ်စက်အိပ်မက်လှလှလေးတွေတကယ်မက်စေချင်ပြီ ။ ဒီငြိမ်းလင်းကိုလည်း မိခင်ဒေါ်ဌေးဌေးဝင်း ရင်ခွင်မှာ ပြန်ခိုလှုံခွင့်ပေးပြီး ခန္တီးငှက်ဖျားကိုစနစ်တကျ အကုန်အစင် ကုစေချင်ပြီ။ အဆုတ်ထဲက ရေတွေ မပြတ်ဖေါက်ထုတ်နေရတဲ့ ကိုသက်နွယ်ဆိုတာတော့မနက်ဖြန်တောင်လွှတ်ပေးလိုက်သင့်ပါရဲ့

ထောင်တံခါးတွေအကုန်ဖွင့်ပေး။ အားလုံးကို အိမ်ပြန်လာစေချင်တယ်။ မိသားစုတွေနဲ့ ပြန်ဆုံစေချင်တယ်။ စစ်ပြေးနေရတဲ့တိုင်းရင်းသားမိသားစုတွေအားလုံးလည်း ငြိမ်းချမ်းရေးလမ်းမကနေ ကိုယ့်ရပ်ကိုယ်ရွာကို စိတ်ချလက်ချ အိမ်ပြန်စေချင်တယ်။ ကိုယ့် အိမ်နဲ့ကိုယ့်ယာ။ ဒေါ်စုပြောသလို နိုးချိန်မှာ လည်း ချမ်းသာ အိပ်ချိန်မှာ ချမ်းသာစေချင်ပြီ ကိုဂျော်လီထွန်းရေ။

ကိုဂျော်လီထွန်းနဲ့ အကျဉ်းကျနေတဲ့ ရဲဘော်မိတ်ဆွေအားလုံးအတွက်- ၂၀၁၁- ခရစ်စမတ်အမှတ်တရ

ခွန်ဆိုင်း

( ၂၅.၁၂.၂၀၁၁ )

ကျွှန်တော်လူ့ကက်ဆက်(ပန်းချီ ထိန်လင်း )

တလောက သန်းဂျီးမတွေ အကြောင်းရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ ပိုး က ရိုးရိုးပိုးမျိုး မဟုတ်ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမ တွေကို ရေနွေးတွေကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲထည့်လည်း မသေ၊ လျှပ်စစ်နဲ့ တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရခက်တတ်ပါတယ်။

၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ်ကာလ ခြောက်နှစ်ခွဲ အတွင်း ထောင်အာဏာပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။ တခါကဆို သီချင်းအသစ်တပုဒ်ကို စိတ်နဲ့ရေးပြီးစ သီချင်းတပုဒ်ကို ထ အသံစမ်းဆိုကြည့်တော့ထောင် ၀န်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြားပြေးဝင်လာ ကြပါတယ်။ နောက်တော့ ကျွန်တော် သီချင်းဆိုတာဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်နေသွားတော့တာပါပဲဗျာ။ သူတို့ အဆိုအရ ကျွန်တ်ာသီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ သီချင်းဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက် ပြောလာရင်တော့ ကျွန်တော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲလုမယူခဲ့ရင် တခြားလူရဘို့ မမြင်တော့ပါဘူး။ အဲလောက်ရူးပါတယ်။

ရှူးတဲ့အထဲမှာတော့ ကာလတခုမှာ လူကက်ဆတ် ဖြစ်သွားတဲ့အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကတ်ဆတ်ခေတ်ဖြစ်တာမို့ လူကတ်ဆတ် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကတ်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာ နောက်ပိုင်း ကနေ ၁၉၉၂ မိုးလယ်ပိုင်းအတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) ထပ်ဖွဲ့၏ အကျဉ်းသား ဘ၀ကဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။

အဲဒီလိုပြောရတဲ့ အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်းမတ်တတ် တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြသနာတွေနဲ့ ဆက်စပ်ပတ်သတ် နေသယောင် ထင်ယောင်ထင်မှား မဖြစ်ရဘို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြသနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူ တွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ယာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။

ကျွန်တော်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဘို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တခုကတော့ နှစ်ပေါင်း၂၀ ကျော်လာတဲ့ ကျောင်းသားတော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည် ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်ဆိုတာကိုလည်း သိနေတဲ့အခါ အတော်လက်တွံ့မိတယ်ဆိုတာ ရိုးသားစွာဝန်ခံပါတယ်။

ပြည်ပကို ထွက်ခွင့် စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲ ကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင် (ကို)သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ လေယဉ်ကွင်းလာ ကြိုသဗျ။ ကျွန်တော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်းစခန်းမှာ ကျွန်တော့်အနွံအတာ အများကြီးသည်းခံနားလည်မှု ပေးခဲ့တဲ့သူငယ်ချင်း ဖြစ်လို့ပါ။ ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာတော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာ ကျွေးမယ်ဆိုပြီး လာခေါ်ပါတယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီ ဥက္ကဌ တဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင်ကယ်လေးနောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တဆိုင်ကို ၀င်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း ၂ထုပ် ၀င်ဝယ်သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှါးထားတဲ့ အခန်းလေးကို သွားကြပါတယ်။

သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲရောက်တော့ မဒမ်သံခဲက ကွန်တော်အတွက် အထူးစီမံထားတဲ့ ဟင်းတခွက်နဲ့ စောင့်နေပါတယ်။ တခြားဟုတ်ပါရိုးလားဗျာ။ ကျွန်တော်တို့ အိန္ဒိယမှာ နေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ ထောင်းထားသဗျ။ ပြောစရာတခုရှိတာကတော့ မဒမ်သံခဲ (ကျွန်တော်တို့အခေါ် ဒေါ်လှိုင် ခေါ် မခင်ဆွေလှိုင်) ဟာ ကျွန်တော်တို့ မြောက်ပိုင်းပြသနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဌာရုံ အားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင် တဦးလည်းဖြစ်ပါသဗျ။ ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျရပါတယ်။ (ရွှေလှံဗိုလ် ငြိုပ်သီး ကြောင့်ပါ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင် စပ်ပါတယ်။)

ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF (NB) က တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဘို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရျင်းပဲ ဒီလိုပြောပါတယ်။ သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စ ဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှား ရှိနေပါရက်နဲ့ ဘာမသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှ မလိုဘူးထင်တယ်လို့ ပြောပါတယ်။ သူပြောတာ အမှန်ပါပဲ။ အမှန်ကတော့ ကျွန်တော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျွန်တော်တို့တွေရဲ့ အားနည်းချက်။ ကျွန်တော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှု သက်သက်ဖြစ်ပါတယ်။

ပြီးတော့ ဆက်ပြောတာက ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဘို့ကို မနည်းရုန်းကန် နေရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေ ကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။ ဒါလည်းအမှန်ပါ။ လောလောဆယ် ကျွန်တော်တို့ သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစု အိပ်ခန်းထဲမှာ စားနေရတာပါ။ အိပ်ခန်းနဲ့ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို ပေါင်းထားတဲ့ သရီး အင်န် ၀မ်း အခန်းလေးကို ကြည့်ပြီး လက်ရှိ အေဘီ အတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးတောင် ခုလို ကြပ်ကြပ်တည်းတည်း ချို့ချို့တဲ့တဲ့ နေရရင် အထဲမှာ ရုန်းနေရတဲ့ ရဲဘော်တွေခမြာ ဘယ်လောက် ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ ဒီလို အကြပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓါတ်ကိုလည်း လေးစားမိသွားပါတယ်။ ဒါကြောင့် အခုရေးသားမယ့် လူကတ်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန်မရှိပါကြောင်း ကြိုတင် ပြောထားရပါတယ်။

ရိုးရိုးသားသားပြောရရင် ခုလို ကြိုတင်ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲပါပါလာတတ်တဲ့ ရဲဘော်သံခဲဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျွန်တော်ရဲ့ ငယ်ကျိုး ငယ်နာအားလုံးကို ဒီငသိက သိထားတာ၊ မတော် အိန္ဒိယစခန်းမှာ နေခဲ့တုန်းက ကျွန်တော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တယောက်ယောက်နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျွန်တော့်မိန်းမ မေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီး တလုံးထဲနဲ့တင် ကျွန်တော် စပွန်ဆာပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရကျင်းရ တင်ရမြောက်ရ တာလေးတွေတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာ အခြေအနေကြည့်ပြီး ပဏာမ အမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖါးခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ် ဖြစ်လို့ ပြေးပေါက်တွေမှားခဲ့ရဘူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။

နောက်ပြသနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူပြသနာပါ။ ခက်တာက ၂ ယောက်စလုံးက အေဘီ ဥက္ကဋ္ဌ တွေချည်းဖြစ်နေတာပါ။ ခုလောလောဆယ် အမေရိကားမှာရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျွန်တော်တို့ရှေ့က ၁၉၇၄ မျိုးဆက်က ဖြစ်ပြီး ကျွန်တော်တို့ထက်အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။

ဒီလောက် နိဒါန်းပျိုးပြီးပြီ ဆိုရင်ဖြင့် ကျွန်တော့် လူကက်ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ ပြောသလိုအ င်မတန် ၀ဋ်ကြွေးမကင်းတဲ့ လူတွေ လုပ်တဲ့အလုပ်ဗျ။ ရေးတဲ့စာမူက စာရိုက်လို့ မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ ခေတ်ကြီးကိုး။

ကျွန်တော်တို့ ပါဂျောင်မှာ ဖြစ်ပွါးခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့နောက်မှာ အမျိုးမျိုး တုန့်ပြန်လာတာ တွေ့ရပါတယ်။ ကျွန်တော်ကိုလည်း ဒီပြသနာကို ဘယ်သူတွေ ကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူတွေ အသက်မသေပဲ ကျန်နေတယ် … စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျွန်တော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် ၅၀ လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသလို တိကျတဲ့ စာရင်းဇယားနဲ့ ထုတ်ဘို့လည်း လုပ်နေတယ်ဆိုတာ ကြားရပါတယ်။

နောက် တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေကတဆင့် အချက်အလက်တွေကို ဖေ့ဘွတ် စာမျက်နှာပေါ် တက်လာတာလည်း တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီ စာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။ ကျွန်တော်အဓိက ရေးချင်တာက အဲဒီ ကာလဆိုးကြီးမှာ ကျွန်တော်တို့ ဘယ်လိုခံစားရသလဲ၊ ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ ဘယ်လို အမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။

ဒီလိုဗျ ဒီပြသနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ ဥက္ကဌက ကိုထွန်းအောင်ကျော်ပါ။ဥက္ကဌ အပါအ၀င် ဗဟိုကော်မတီ ၀င်အားလုံးလိုလို ကို ထောက်လှမ်းရေးတွေကို ဆိုပြီး ဖန်းဆီးခဲ့တဲ့ အဖွဲ့မှာ ဥက္ကဌ လုပ်ခဲ့သူက ကိုအောင်နိုင်။အတွင်းရေးမှုးက ကိုမျိုးဝင်း ပါ။စစ်ရေးတာဝန်ခံက ကိုသံချောင်း ပါ။ ကျွန်တော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ ကိစ္စတွေကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့ ကဆောင်ရွက်ပြီးကိုမျိုးဝင်းက ဦးစီးသဗျ။

အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေ ခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက်တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ ညှင်းပန်းနည်း မျိုးစုံကိုလည်း တီထွင်ခွင့် ရှိပါတယ်။ ဒီလိုပြောရတာကတော့ တကြိမ်မှာ ကျွန်တော်ကိုခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ ပြီးပါးစပ်ကို တိတ်နဲ့ ပိတ်လိုက်ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့ လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျပ်စစ်ဓါတ် ထွက်လာတဲ့အထိ လှည့်ပြီး ညှင်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီကထွက်လာတဲ့ လျှပ်စစ်ဓါတ်ကြောင့် ကျွန်တော့် ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ် အော်နေတဲ့ အာရုံမှာ မြင်နေရတဲ့ အထိပါပဲ။ စစ်နေတဲ့ ချာတိတ်တွေက ကျွန်တော့်ကိုကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။ အကြောင်းကတော့ ကျွန်တော့ မျက်နှာဟာ လျပ်စစ် စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွ နေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ် ဖြစ်သွားပုံဟာ တော်တာ် ရီစရာ ကောင်းနေပုံ ရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။



နောက်တော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြလိုက်ပါသေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေး ရွှဲ့တယ် များများလှည့်ရင် များများရွှဲ့တယ် စသည်ဖြင့်ပေါ့ဗျာ။ အဲဒီချိန်က ကျွန်တော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ ကောင်လေးဆိုတာကလည်း ၁၈ နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျွန်တော်ကို ထင်တိုင်း လှိမ့်ရိုက်နေရာက သူတို့ ချက်ရိုက်ရင် ကျွန်တော်က ဒူဝေေ၀လို့ အော်ပေးရမယ်လို့ ပြောလာပြန်သဗျ။ အဲဒီတော့ ကျွန်တော့်လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀ တင်မက ဒူဝေးဝေးဝေးဝေး ထိကွန့်ရတဲ့ထိ ပေါ့ဗျာ။

အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေကတော့ ကျွန်တော်တို့တွေဟာ အကျဉ်းထောင် တာဝန်ကျတဲ့ အဖွဲ့ရဲ့ လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်း တာဝန်ခံဆိုတဲ့ အဖွဲ့ကလည်း သူတို့ ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေးအဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။

အဲဒီလုံခြုံရေးလက်မှာ ကျွန်တော်တို့အသက်ကို ၀ကွက် အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။ သူတို့ကလည်း သူတို့ခန့်ထားတဲ့ တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျွန်တော်တို့ကို မျက်နှာတွေ စည်းထားပြီး အိပ်ယာထဲ လှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေး အစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ မင်းတို့အထဲက ဘယ်သူ သီချင်းကောင်းကောင်းဆိုတတ် သလဲကွတဲ့။ အားလုံး တိတ်ပြီးနေပါတယ်။ ဘာများ လုပ်ဦးမလို့လဲ ပေါ့လေ။ လုပ်ပါကွတို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ ပျင်းစရာကြီး အပျင်းပြေ သီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရအောင်ဆိုတော့ တယောက်က ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျွန်တော်ဆီကို ကျွန်တော်တို့ထဲက တယောက်က ချွန်တွန်းလုပ်လွတ်လိုက်ပါတယ်။

ကျွန်တော် အဖမ်းမခံရခင်မှာ အူကျသလို ဖြစ်လို့ ခွဲစိတ်မှုတခု လုပ်ခဲ့တာကို စွဲပြီး ကျွန်တော့်ကို ဖမ်းတဲ့အခါမှ မင်းလို ထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချူပ်ငယ်နာမည် မှည့်ရကောင်းလားဆိုပြီး နောက်နာမည်တခုရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင်ဆိုပြီး နံနှိမ်လိုက်ပြီးတဲ့နောက် ကျွန်တော်နာမည်ဟာ ဘောကြီးဖြစ်လာပါတယ်။

နောက်ဆုံးတော့ ကျွန်တော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ လူပျိုကြီး သီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့လူ တယောက် ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ ကျွန်တော်ပါးစပ် ဟလိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျွန်တော်ဟာ နေရင်းထိုင်ရင်း လူ ၇၀ ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။ သောက်တယ်ဆိုတာကလည်း သူ့စေတနာရှိသလောက် သုံးလေးဖွါပေါ့ဗျာ။ လက်ပြန်ကြိုး ချည်ထားတဲ့ အပြင် မျက်လုံးကလည်း စီးထားသေးတာကိုး။

ဒီလိုနဲ့ ကျွန်တော်တယောက် ဆေးလိပ်ကလေး သောက်ခွင့်ရပြီး ထောင်စောင့်နဲ့ ကောင်တွေရဲ့ မျက်နှာသာရတာလေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်း ဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တယောက်က ဆိုနေချိန်မှ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့ သူကပဲ ထ ထိုင်ပြီး မျက်နှာစည်းထားရက်က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျွန်တော်တို့ ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတည အစဖြစ်ခဲ့ပါတယ်။

ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျွန်တော်တို့ လုံခြုံရေးတဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်း နေတာမို့ တညမှာတော့ လုံခြုံရေးတာဝန်ခံတဲ့ အဖွဲ့ရော ထောက်လှမ်းရေးတာဝန်ခံတဲ့ အဖွဲ့တွေရော တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တနေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြတာပါတယ်။ ဒီလိုညမျိုးတွေဟာ ကျွန်တော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီ စကားကို ငှါးပြောရမယ်ဆိုရင်တော့ ဒီည ကံမကောင်းပါလားလို့ ပြောရမယ့်ညပါ။ ထုံးစံအတိုင်း တရားခံတွေထ ဆိုတော့ ထထိုင်နေရပြီး မျက်နှာတွေ စည်းထားတဲ့ ကျွန်တော်တို့ရှေ့က အလာလမ်းပေါ်မှာ လူတွေ လမ်းတွေ လျောက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တယောက်က ဟာဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျ ဆိုပြီး စလာပါတော့တယ်။

အဲဒီ အချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်ကစပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလဲကြားရသဗျ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျွန်တော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီး သီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက် ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။

ပြောရရင်တော့ အဲဒီညက ကျွန်တော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသားရဲဘော်တော် များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဘိနပ်နဲ့ ဆောင်ကန်လိုက်တာခံ ရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။

တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ ဒါပေမဲ့ ကျွန်တော်ဆိုတဲ့ ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီအစီအစဉ်ကို စပြောပြ နေတုန်းက တော်တော် ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော်တော်စိက်ကူးကောင်းတဲ့လူလို့ စိတ်ထဲက တွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။ အဲဒီနောက်ပိုင်းက စလို့ ကျွန်တော်တို့ အားလုံးဟာ ဒီလူကက်ဆက် တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခုဖြစ်လာ ပါတော့တယ်။

ကျွန်တော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူး ဖြစ်နေကြောင့်လည်း ဖြစ်လို ဒီသီချင်းသီဆိုတဲ့ အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတခု ရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော်တို့ကို နှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့လူ အများစုကတော့ ထောက်လှမ်းရေးရဲ့ နှိပ်စက်မှု ဒဏ်နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရတဲ့ ဘ၀တူ တော်လှန်ရေး ရဲဘော် တွေဖြစ်နေလို့ပါ။ တကယ်လည်း နေ့မြင် ညပျောက် သွားတာတွေကလည်း မနည်းမနောကိုးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရတဲ့အချိန်လေးတခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့ စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန်တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။



ဒီလောက်ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာ ပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ် များသလို စိန်ခေါ်ချက်လည်း များပါတယ်။ နားထောင်နေတဲ့ လူတွက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး ထိုင်နေရင်း ကနေ လုပ်ရတာ ဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံတို့ ပြက်လုံးကို အစအဆုံး ရနေတာမို့ အဲဒီ ပြက်လုံးကို အခြေအနေ ကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါ ကူပြက် နည်းနည်း လစ်ရင်လစ်သလို ကိုယ် ထည့်ပြောချင်တာလေးတွေကိုလည်း ထည့်နဲ့ထောင်တွင်း ပျော်တော်ဆက်တယောက်ဖြစ်ခဲ့ပါတယ်။

သီချင်းဆိုဘို့ တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေမြေပေါ် မသက်မသာ လှဲအိပ် နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ နာေးထာင်နေတဲ့ အစောင့်က စေတနာရှိရင် ဆေးလိပ်လေးတဖွါ နှစ်ဖွါသောက် ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်သွား တတ်ထာ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ ကောင်က နားကြားမြင်းကပ်ပြီး ဆောင့်ကန်တာတို့ ခံရတတ်ပါတယ်။ ဥပမာ ထူးအိမ်သင်ရဲ့ ညီလေးရေ ဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ အောင်မာ ထောက်လှမ်းရေးက ရာစစ မှန်ရာလုပ် ဟုတ်တာပြောဘို့ မမေ့နဲ့ လုပ်နေသေးတယ် ငါတို့ကို ရိနေတာပေါ့ ဟုတ်လား ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင်မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။

မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောကမှာ မုန်တိုင်း ၃ လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံ က ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူမကြခဏ ဆိုလေ့ရှိတဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ်နဲ့ နပန်းဆံ သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ ဖြန်းကနဲပြီးတာနဲ့ လုပ်ပါဦးကွ အိပွဲ့ အိပွဲ့ ပြောလိုက်ရင် သူက စဆိုပါတော့တယ်။ အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ်.....။

ကိုစံလွင်လေးကို စစ်ဆေးတဲ့ အချိန်မှာ ဓါးမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျွန်တော်တို့နဲ့ အတူပါလာပြီး။ ၁၉၉၈ ကျွန်တော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျွန်တော်တို့နဲ့အတူ ပျော်ပျာ်ကြီးပါလာပါတယ်။ ၅ ည နဲ့ ၇နှစ်ပါ။ မန်းလေးထောင်ထဲမှာ ကျွန်တော်တို့နဲ့ ဆက်ပြီး အိပွဲ့ အိပွဲ့ သီချင်း ဆက်ဆိုကြပါတယ်။ ခုတော့ ထောင်ကပြန်လွတ်လာပြီး အထဲမှာစဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါ ကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။

နောက် အဆိုကောင်း တယောက်ကတော့ စမ်းချောင်း အခြေခံပညာ သမဂ္ဂ ကျောင်းသားလေးဘ၀က တောခိုလာတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူ ပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာချစ်ကြတဲ့ ဘိုဘို တယောက်ဟာလည်း အသက်မသေရေးအတွက် ကျွန်တော် NIP က ပါလို့ ထွက်ဆိုချက်ပေးပြီး အကျဉ်းသား ဖြစ်လာရရှာပါတယ်။ ဘိုဘို ကျောင်းသားတပ်ဖွဲ့က တီးဝိုင်းမှာပင်တိုင်အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲဆိုရတာမို့ ကျောင်သားတပ်ထဲမက ကေအိုင်အေဖက်က မိသားစုတွေက အစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။

ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့သူက ဘိုဘိုရဲ့ သဘာဝရဲ့ရင်သွေးငယ် အပြီးမှာ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ သီချင်းတပုဒ်ကို ဆိုဘို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီလို အချီအချ ဖြစ်နေကတည်း ဘိုဘို့ ဘေးမှာကပ်ပြီး လှဲအိပ်နေတဲ့ ကျွန်တော် စိတ်ထဲမှာ ပြသနာတော့ စပြီဆိုတာ သိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်းသာတော့ပဲ “ပျံသာပျံပါခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်းဆွတ်နဲ့ စဆိုပါတော့တယ်။ ဒီလို အခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့ သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကို စည်းပြီး လှဲအိပ်နေကြရတဲ့ ကျွန်တော်တို့ အားလုံးဟာ စူးနစ်တဲ့ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။



…… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ.... တဲ့။

ကျွန်တော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့ တကိုယ်လုံး ကျွန်တော့် အပေါ်ပုံကျလာပါတယ်။ အကြောင်းကတော့ သူသီချင်းဆိုတဲ့ အချိန်မှာ အင်မတန် လက်ယဉ် သွေးဆာတတ်တဲ့ လက်သီးဆိုတဲ့ နောက်တန်း လုံခြုံရေးတာဝန်ကျ တယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ ဘိုဘို့ မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသားတော်လှန်ရေး သီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းက သွေးတွေ ကျွန်တော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။ အဲဒီမှာ မရပ်သေးပဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။



ခံရတဲ့သူမှာတော့ မသိပါဘူး ကျွန်တော့်စောင်နဲ့ အင်္ကျီတွေကတော့ သွေးနဲ့ ရွဲနစ်နေပေမယ့် ကျွန်တော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံ ထွက်မလာပါဘူး။ အမှန်တရားကို ချစ်လွန်းလို့ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသား ကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ် ကန့်ကွက်ဘို့နေနေသာသာ နားရွက်တောင်မခတ်ရဲပဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ် မိမိ စက်ဆုပ် အော့နှလုံးနာရပါတယ်။



တကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကို ချော်ပြီး အိပ်နေတဲ့ ကျွန်တော်နံကြားထဲကို အရှိန်နဲ့တိုးဝင် ဆောင့်ပါတော့တယ်။ နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တချိန်လုံး ဘယ်သူတဦး တယောက်ကမှ တားမြစ်ခြင်း မရှိပါဘူး။ တနာရီလောက်ကြာတော့ သူနာပြုအဖွဲ့ ရောက်လာပြီး ခေါင်းကကွဲ နေတာတွေကို အစိမ်းချူပ်ချူပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။

ဒီဘိုဘို (ခေါ်) မိုးကျော်သူ ဟာ ၁၉၉၈ ခုနှစ် ကျွန်တော်နဲ့အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့ အထဲမှာ အမှုတွဲဖြစ်ပြီး ကျွန်တော်တို့က ၅ည နဲ့ ၇ နှစ် သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ်နှစ်ဆယ် ချလိုက်ပါတယ်။ မန်းထောင် ရဲ့ညချမ်း ဂီတ ဆည်းဆာတွေ ဆိုရင် အမြဲပွဲတောင်းခံရပြီး မကြခဏ “ပျံသာပျံပါခွပ်ဒေါင်းနီ” သီချင်းကို ဆိုလေ့ရှိပါတယ်။



၂၀၀၀ခုနှစ် မန်းထောင် ထောင်တွင်းတိုက်ပွဲတွေမှာ ကျွန်တော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘို တယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံ လိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘို တယောက် ပြန်လွတ်လာပါတယ်။ အွန်လိုင်းပေါ်မှာ တနေ့က တွေ့တော့ ခုထောင်က လွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ ၈၈က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကာလ အတွင်း ထင်ရှားခဲ့တဲ့ တိုက်ပွဲဝင် တော်လှန်ရေး သီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတခုကို လုပ်နေတယ်။ အခု အတီးပိုင်းပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့မေးတော့ …..



“အဟီး ကျွန်တော်ပဲပေါ့” ….. တဲ့။



လူငယ်ပြောလေ့ရှိတဲ့ စကားနဲ့ပြောရင်တော့ “အင်း...မနိုင်ပါလား” လို့ တွေးမိပါတယ်။



လူကက်ဆက် ဒုတိယပိုင်းဆက်လက်မျှော်ပါ ….. ။

ပန်းချီထိန်လင်း

26 December 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက်၃၀၀ လှူ


ကချင်ပြည်နယ်တွင်းမှာ အိုးအိမ်ပစ်ပြီး တိုက်ပွဲတွေကြားကနေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ တိုင်းရင်းသားဒုက္ခသည်ကို မြန်မာ့ဒီမိုကရေစီခေါင်ေးဆာင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေသိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လအနည်းငယ်ကြာလာပြီဖြစ်တဲ့ ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် အိုးအိမ်မဲ့ဖြစ်ရတဲ့ ဒုက္ခသည်တွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်တွင်းက NLD အဖွဲ့ဝင်တွေက တဆင့် ငွေကြေးလှူဒါန်းမှုတွေ လုပ်ခဲ့တာပါ။ ကချင်ပြည်နယ်မှာ ပြည်နယ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဖေစိန် ပြောပြတာက -

“အခုပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်တွေအပေါ် ကူညီမှုက ငွေ သိန်း ၃၀၀ ပေးခဲ့ပါတယ်။ အဲဒီငွေ သိန်း ၃၀၀ က ကချင်ပြည်နယ် မြစ်ကြီးနား ဘေးနားမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကိုရယ်၊ ဗန်းမော်၊ နောက်ပြီးတော့ ၀ိုင်းမော်၊ အဲဒီမြို့နယ်တွေမှာပေးဖို့လည်း ပါပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ အလှူငွေနဲ့ ဒုက္ခသည်စခန်း ၂၀ ကျော်က ဒုက္ခသည် ၅,၀၀၀ ကျော်ကို လှူဒါန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေအတွက် အကူအညီတွေ များစွာ လိုအပ်နေသေးကြောင်း ကူညီကယ်ဆယ်ရေး သွားလုပ်နေသူတွေက ဆိုပါတယ်။

“အခုဟာက ငြိမ်းချမ်းရေး ရသေးတာမဟုတ်ဘူး။ ငြိမ်းချမ်းရေး ရသေးတာမဟုတ်တဲ့အခါကျတော့ ဒုက္ခသည်တွေက ထပ် ထပ်ပြီးတော့ ရောက်လာတဲ့အတွက်ကြောင့် ဒုက္ခသည်ဦးရေက ဒီနေ့နဲ့ မနေ့ကနဲ့ မတူဘူး။ အဲဒီလို ဖြစ်ဖြစ်နေတယ်။ အဲဒီလို ဖြစ်ဖြစ်နေတော့ အခုလည်း လက်လှမ်းမီသလောက် သွားရောက် ကူညီခဲ့ပေမဲ့ တချို့နေရာတွေပဲ ရနေပြီးတော့ တချို့နေရာတွေမှာ မလုံလောက်တာတွေလည်း တွေ့နေရတယ်။”

ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေရပ်ဖို့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေက တရားဝင် ကြေညာ အသိပေးတာမျိုးတွေ မရှိသေးတဲ့အတွက် တိုက်ပွဲတွေ ဆက်ရှိနေခဲ့တာပါ။ တိုက်ပွဲတွေကြောင့် အိုးအိမ်မဲ့သူတွေ စစ်မီးကို ငြိမ်းစေချင်ကြတယ်လို့လည်း ပြောကြပါတယ်။

“ကိုယ့်ဒေသ၊ ကိုယ့်ဇာတိကိုတော့ သူတို့က တမ်းတလွမ်းမောနေကြ တာပေါ့။ ပြန်ချင်ကြ တာပေါ့။ ပျော်လို့လာကြတာမှ မဟုတ်ဘဲ။ မလွှဲမရှောင်သာလို့သာ လာပြီးတော့ ခိုလုံနေကြရတာ ဖြစ်တယ်လေ။ ဒီစစ်ကြီး မြန်မြန် ငြိမ်းပါစေတော့လို့ ဆုတောင်းနေကြတာကို နားနဲ့ဆက်ဆက် ကြားခဲ့ရပါတယ်။”

ဒီလိုအကူအညီပေးမှုတွေကို ပြည်တွင်းက ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မန္တလေးက ပရဟိတ လူမှုရေးအသင်းအဖွဲ့များက ဦးဆောင်ပြီး ဒုက္ခသည်တွေရှိတဲ့ နေရာတွေကို ပထမဦးဆုံး သွားရောက်ခဲ့ကြတာပါ။

အခုချိန်ထိ သူတို့တွေဟာ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး ရရှိတဲ့အကူအညီတွေဟာ မလုံမလောက် ဖြစ်နေရသေးသလို သူတို့ရဲ့ နေထိုင်ရပ်တည်ရေး ဘ၀တွေအတွက် အခုလက်ရှိ ဒုက္ခသည်အခြေအနေမှာ သာမက စစ်ပွဲပြီးရင်တောင် ဘ၀ရှင်သန်ရေးအတွက် အခက်အခဲတွေ ရှိနေဦးမယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တာ နှစ် ၆၀ ကျော်ရှိခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ် ဒဏ်ကြောင့် အိုးအိမ်မဲ့ ဒုက္ခသည်တွေ ပိုများလာနေသလို ကရင်ပြည်နယ်ဘက်က လူထုတွေ တွေ့ကြုံနေရ တာက ပြည်တွင်းစစ်ဒဏ်ကြောင့် အစာရေစာ ပြတ်လတ်မှုတွေကိုပါ ကြုံတွေ့နေရပါတယ်။

သတင်း...VOA

နောက်ကြောင်းမရှင်းသည့် ပဲခူးတိုင်း ကြံ့ဖွံ့ အမတ်များ

ကျွန်တော်တို့ ပဲခူးတိုင်း ပဲခူးမြို့မှာရှိနေတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေဖြစ်တဲ့ ဦးစောမော်ထွန်း (အမျိုးသားလွှတ်တော်အမတ်)၊ ဦးရဲမြင့်ထွန်း (ဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး) တို့သည် နောက်ကြောင်းမကောင်းသူများ ဖြစ်တယ်။ ဦးစောမော်ထွန်းကတော့ ပဲခူးတိုင်း ပြည်ခိုင်ဖြိုးရုံးမှာ သူ့ရဲ့ ဆွေမျိုးသားချင်းတွေချည်းပဲ နေရာယူနေပါတယ်။

ပြီးတော့ ဓါတ်မြေသြဇာ ပါမစ် သိန်း (၇၀၀) ပါမစ်ကို ပြည်မြို့ သုခမိန်ပွဲရုံသို့ ရောင်းစားခဲ့တယ်။ သူနှင့်အတူ သူ့တပည့် (၄) ဦး ပါဝင်ပြီး တပည့်များမှာ ယခင်က ဘာမှ ပိုင်ဆိုင်မှု မရှိဘဲ ယခုအခါ ကိုယ်ပိုင်အိမ်များကို ဈေးကြီးပေးပြီး ၀ယ်ယူ နေထိုင်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပါတယ်။ ဦးစော်မော်ထွန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ပဲခူးမြို.နယ်) အဖြစ် ၀င်ရောက်အရွေးခံခဲ့သူ ဖြစ်ပါတယ်။ ဦးရဲမြင့်ထွန်း ဆိုသူမှာလည်း ပဲခူးတိုင်းဒေသကြီးအမတ် အဖြစ် ၀င်ရောက် အရွေးခံခဲ့သူဖြစ်ပြီး ယခုအခါ ပဲခူးတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဖြစ်နေပါတယ်။ သူကလည်း အခုလို နေရာရဖို့ကို လူကြီးကို ဖားလျားပြီး တက်လာသူပါ။ သူက အရင်ကဆို မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်၊ နောက်တစ်ယောက်က ကိုယ်ဝန်ဖျက်ချလို့ သေဆုံးခဲ့တယ်။ အခုက တစ်ယောက်ပေါ့။ အားလုံး (၃) ယောက်။ ပြီးတော့ မြို.သစ်က ပြည်ခိုင်ဖြိုးအသင်း (ယခင်) ပိုင် ရေခဲစက်ကို သိန်း (၂၀၀၀) ဖြင့် ရောင်းစားခဲ့ပြီး အသင်းကို ငွေအနည်းငယ်သာ ပေးသွင်းခဲ့တယ်။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံတခု တည်ထောင်နေချိန်မှာ အခုလို နာမည်ပျက်၊ အကျင့်ပျက်အမတ်တွေ အစိုးရအဖွဲ့မှာ ရှိနေမယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာပါဗျာ။ ဒါတွေကို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် သိအောင် ပြောကြားပေးပါဦးဗျာ။

သတင်း....BURMA VJ MEDIA

တိုက်ပွဲသံနောက်ခံနဲ့ မြစ်ကြီးနားရဲ့ခရစ်စမတ် ချိန်ခါ

ချမ်းအေးတဲ့ ဒီဇင်ဘာ ဆိုတဲ့လမှာ မြစ်ကြီးနားမြို့ကြီးဟာ တိတ်ဆိတ်ပြီး ငြိမ်သက်နေပါတယ်။ ခါတိုင်း နှစ်တွေလို စည်ကား သိုက်မြိုက်စွာနဲ့ ပျော်ရွှင် မြူးတူးနေတဲ့ လူတွေ ဘယ်ရောက်သွားပါလိမ့်။ မြို့ကြီးသာဆိုတယ် ရွာတစ်ရွာလားလို့တောင်ထင်ရတယ် လို့ မြစ်ကြီးနားမြို့ခံတချို့က ပြောဆိုညည်းတွားနေတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်။

ဒီဇင်ဘာ လရောက်ပြီးဆိုရင် မြစ်ကြီးနားမြို့ရဲ့ ခရစ်ယာန်ဘာသာဝင် အိမ်တိုင်လိုလို ဆုတောင်းပွဲ၊ အလှူပွဲတွေကို စည်းကားစွာ ပြုလုပ်လေ့ရှိပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဟာ ခရစ်ယာန်ဘာသာဝင် တော်တော်များ များ နေထိုင်တဲ့ မြို့လည်းဖြစ်ပါတယ်။

ယခင်နှစ်တွေဆို ဒီဇင်ဘာလ ၁ ရက်နေ့ရောက်တာနဲ့ ဘုရားကျောင်းများ က လော်စပီကာကြီးတွေနဲ့ ဖွင့်တဲ့ ခရစ်စမတ် သီချင်းသံများကိုကြားနေရသလို ညညဆိုလည်း လူငယ်တွေ တစ်အိမ်တက်ဆင်းသီချင်းတွေ လိုက်ဆိုပြီး ပျော်ရွင်ဖွယ်ရာကောင်းတဲ့ ဒီဇင်ဘာ ဆိုတဲ့ အနှစ်သာရ ကို ခံစားရပါတယ်..ဒီနှစ်တော့ ဘာ အသံမှာ မကြားရတော့သလို ည ၆နာရီ ဆိုရင် လမ်းပေါ်မှာ လူသွားလူလာ ပါးသွားပြီး မြို့လမ်းတလျောက် ရပ်ကွက်အုပ်ချူပ်ရေးတွေ စစ်ဆေးမေးမြန်းနေတာတွေပဲ တွေ့မြင်နေရပါတယ်။

ဒါကဒီနှစ် ခရစ်စမတ်ရဲ့ မြင်ကွင်းအဖြစ် မြင်တွေ့နေရတာပါ။ လုံခြုံရေး တင်းကျပ်နေတော့ ခရစ်စမတ် သီချင်းလိုက်ဆိုတာတွေလည်း မမြင်ရမကြားရတော့ပါဘူး။

“ဈေးဆိုင်တွေမှာ ခရစ်စမတ်တရားဟောတာတွေရော သီချင်းလာဆိုတာ တွေရော မလာကြတော့ဘူး ခါတိုင်နှစ်ဆို ကားတွေနဲ့ သခင်ယေရူမွေးဖွားလာတဲ့ အကြောင်းတွေလာပြော သီချင်းတွေလာဆိုကြတယ်” လို့ ခေါက်ဆွဲဆိုင်က ဗုဒ္စသာသာ ဦးလေးကြီင်္း တစ်ဦးက ဒီနှစ် ခရစ်စမတ်ရဲ့ ထူးခြားခြောက်ကပ်ပုံကို ပြောပြပါတယ်။

ယခင်နှစ်ကဆို လမ်းမှာ လူငယ်များ အဖွဲ့လိုက် အစုလိုက် တူရိယာ ဂီတာတွေအစုံအလင် ကားကြီးတွေပေါ်တင်ကာ မီးရောင်စုံးများ ထွန်းညှိထားတဲ့ အိမ်တွေဆီ တစ်အိမ်တက်ဆင်း ခရစ်စမတ်သီချင်း လိုက်လံသီဆိုရင်း ဒီဇင်ဘာရဲ့ အေးချမ်းတဲ့ အရသာ ပျော်ရွင်စွာ ခံစားရင်း ပျော်ပျော်ပါးပါးနဲ့ လာမယ့် နှစ်သစ်ကူးကို ဆီးကြို ခဲ့ကြပါတယ်။

ဒီဇင်ဘာလဟာ မြစ်ကြီးနားမြို့မှာ ပွဲတွေ များပြားတဲ့လတစ်လပါ။ အလှူပွဲ တော်တော်များများနဲ့  ဘုရာကျောင်းတွေမှာ ရပ်ကွက်အလိုက် ကောက်ညင်းထောင်းပြိုင်ပွဲ ဈေးရောင်းပွဲတော်တွေ လုပ်လေ့ရှိကြပြီး ဘုရာကျောင်းတွေ စုပေါင်းပြီး ခရစ်စမတ်ပွဲကြီးတွေကိုလည်း ကျင်းပ ကြပါတယ်။

“ဒီနှစ်တော့ ခရစ်မတ်ပွဲကို ပေါင်းပြီးမလုပ်တော့ဘူး ၊ လူစုလူဝေးများရင် ဗုံးပေါက်မှာက ကြောက်ရတယ်ဆိုတော့ ကိုယ့်ဘုရားကျောင်းကိုယ်ဘဲ လုပ်တော့မယ်လို့ ” လီဆူး ခရစ်ယာန်အသင်းတော်က ဆရာတစ်ဦးပြောပြပါတယ်။

မြန်မာစစ်တပ်နဲ့ ကေအိုင်အို အဖွဲ့ အကြား စစ်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ ကချင်ပြည်သူတွေဟာ စိုရိမ်မူတွေနဲ့ နေထိုင်နေကြရပါတယ် “ လူတွေ အများကြီးစုတဲ့ နေရာတွေ မသွားတာကောင်းတယ် ပွဲတွေဆိုလည်း အခုက လာတဲ့လူလည်းနည်းတယ်” ဟု ဒေသခံ ကချင် အဖွားကြီးတစ်ဦး စိုးရိမ် စိတ်များနဲ့ ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ဇွန်လကစလို့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်လာတဲ့နောက် မှာ မြစ်ကြီးနားမြို့ပေါ်မှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲမူတွေ ဖြစ်ပွားလျှက်ရှိပါတယ်။

စစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေလည်း မြစ်ကြီးနားမြို့ပေါ်ရဲ့ဘုရာကျောင်းမှာပြည့်လျှံနေပါတယ်။ ခရစ်စမတ်ပွဲကို ဦးဆောင်နေကျ သင်းအုပ်ဆရာ ၊ဆရာမတွေလည်း ဒီနှစ်တော့ ဒုက္ခသည်တွေ အကြောင်းပဲ ခေါင်းထဲမှာ စဉ်စားနေရတယ်ဆိုပြီး နှစ်ခြင်း လူငယ် ခေါင်းဆောင်း ဆရာတစ်ဦးပြောတယ်။

“ခရစ်စမတ်ပွဲတွေက ကျွန်တော်တို့တွေဦးဆောင်ပြီး လုပ်ရတာလေ အခုက စစ်ဖြစ်နေတဲ့ကာလ ဆိုတော့ ဒုက္ခသည်တွေ ဘာလိုအပ်လဲ ဘယ်ချိန်ဗုံးပေါက်ကွဲပြီးဘာဖြစ်မလဲဆိုတာပဲ စိုးရိမ်နေတော့ ခရစ်စမတ်ပွဲကို ကောင်းကောင်း ဦးမဆောင်နိုင်တော့ဘူး” လို့ အဲဒီ သင်းအုပ်ဆရာကပဲ ရှင်းပြပြောဆိုပါတယ်။

မြစ်ကြီးနားမြို့ရဲ့ ဈေးတန်းတွေမှာလည်း ခါတိုင်နှစ်ထက် ရောင်းအား မကောင်းသလို လူသွားလူလာ လည်း နည်းပါးနေတာ တွေ့ရပါတယ်။

ခါတိုင်းနှစ်တွေဆိုရင် ယခု တိုက်ပွဲတွေဖြစ်နေတဲ့ မြစ်ကြီးနား လိုင်ဇာလမ်းတလျောက်က ရွာက ကျေးရွာသားတွေ တက်လာပြီး မြစ်ကြီးနားမြို မှာ ခရစ်စမတ် လက်ဆောင်နဲ့ အိမ်အတွက် လိုအပ်တာတွေကို မိသားစုလိုက် မြို့ပေါ်တက် ဈေးဝယ်ထွက်လေ့ရှိပြီး ဈေးဆိုင်တွေမှာ လူတွေပြည့်နက် စည်းကားနေတယ်လို့ မြစ်ကြီးနား ဒေသခံ အ၀တ်အထည်ရောင်းသူ တစ်ဦးက ပြောပါတယ်။

“ကျွန်မတို့ ဒီဇင်ဘာလ တစ်လ ရောင်းရတဲ့ ၀င်ငွေက နောက်နှစ် တစ်နှစ်လုံး စားလို့ရအောင် လုံးောက်တယ်” ဟု သူကပဲ ဒီဇင်ဘာလမှာ အရောင်းအ၀ယ် ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြောပြပါတယ်။

အခုတော့ အဆိုပါရွာတွေက ကျေးရွာသားတွေဟာ မြစ်ကြီးနားမြို့ပေါ်က ဘုရားကျောင်း နှင့် ဘုန်းကြီးကျောင်းတွေမှာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ လာရောက်ခိုလူံနေကြရ ပါပြီ။

လွန်ခဲ့တဲ့ ဇွန်လဆန်းကစလို့ ကချင်ပြည်နယ် သေနတ်သံတွေ ထွက်ပေါ်လာပြီး ၆ လအကြာ မြစ်ကြီးနား မြို့ရဲ့ ခရစ်စမတ်အကြိုညမှာ အေးချမ်းတဲ့ နှင်းမြူများနဲ့ တိတ်ဆိတ် ချောက်ကပ်ပြီး လမ်းတွေကိုတွေ့ရတဲ့အခါ မြို့ပျက်ကြီးလာ ထင်မှားရပါတော့တယ်။

သတင်းရင်းမြစ်...Yangon Press International

25 December 2011

ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည မှ အဆက်"

ရန်ကုန်မြို့ မိုးကုတ်သူဌေးဦးမြမောင်၏ အဆက်အနွယ်ငါးဦး တစ်ပြိုင်နက်အသတ်ခံရမှုကို အမှု ပြန်လည်ဖော်ထုတ် စစ်ဆေးမည်ဟူသော သတင်းကို ကျွန်ုပ်တို့ သိုးသိုးသန့်သန့်ကြားသိနေရပေသည်။

၎င်းအမှုကို နအဖ၏ တရားစီရင်ရေးမှ အမှန်တကယ်ပဲ အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်မည်လော။ အမှုမှန်ဖော်ထုတ်ရဲသော သတ္တိလည်း အမှန်ပင် နအဖတရားစီရင်ရေးဝန်ထမ်းများ ရှိကြပါမည်လော... ကျွန်ုပ်တို့ စိတ်ဝင်စားမိပေသည်။

ကျွန်ုပ်တို့သိရသလောက် ပထမအကြိမ် မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို)၏ နံပါတ်များ၊ အခြား မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရ၏။

ယခုအခါ စစ်ဆေးမည်ဟု သတင်းထွက်လာသောအခါ အများ၏ ထင်ကြေးမှာ ကွယ်လွန်သူ ဗိုလ်ချုပ်မောင်ဘို အပေါ် အားလုံးပုံချရန် ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပေသည်။

ကျွန်ုပ်တို့သိရသလောက် ကျွန်ုပ်တို့၏ အတွင်းသတင်းပေးထံမှသိရသော သတင်းအမှန်မှာ "ရွှေသမင်ဘယ်က ထွက်၊ မင်းကြီးတာမှထွက်" ဟုဆိုရပေချိမ့်မည်။

စာရှုသူ ပရိသတ်ကြီး မှတ်မိပေဦးမည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ သမီးတော်လေး၏ မင်္ဂလာပွဲ-"စိန်စီသောည" ဗွီဒီယိုအခွေမှ စိန်တို့သည် ငါးလောင်းပြိုင်လူသတ်မှု၏ မြစ်ဖျားခံရာတို့ပေတည်း။

ဖြစ်ပုံမှာ မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေသည်။ ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်သည်။

၎င်းစိန်တို့မှာ မိုးကုတ်ဦးမြမောင် ဆွေစဉ်မျိုးဆက်တို့၊ ဆွေမျိုးသမ္ပဇဉ်အဆက်ဆက်တို့ ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ရှေးစိန်များ ဖြစ်ပေသည်။

ထိုဦးမြမောင် ဆွေမျိုး - အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘ၀က ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ကြ၏။

ထိုသို့ခင်မင်ရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင် ငှားရမ်းပါမည့်အကြောင်း ဒေါက်တာ ဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားကမ်းလှမ်းငှားရမ်းခဲ့သည်ဆို၏။ ထိုသရောအခါ မငှားပြန်လျှင်လည်း မကောင်း၊ ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အ၀ါ ကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပေသည်။

သို့ငှားရမ်းပြီး မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကိုရောင်းပါ။ ဈေးဘယ်လောက်ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ပေသည်။

မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ ငွေမလိုချေ။ "ငွေမလို၊ သည်စိန်တို့မှာ ဆွေမျိုးအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့သည်ဆို၏။

ထိုအခါ ဗိုလ်ချုပ်မှူးကြီးသမီးများမှ "မြန်မာငွေမို့ ငြင်းသလား။ ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့ဈေးပြောပါ၊ ဒေါ်လာနှင့်ချေမည်" ဟုပြန်ပြောတိုက်တွန်းခိုင်းပြန်၏။ ကွယ်လွန်သူတို့မှ "မည်သို့မှ မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင် အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုးမသေမီကပင် တာဝန်ပေး ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း" ထပ်လောင်းပြောကြားခဲ့သည်ဟု သိရပေသည်။

သို့ဆိုလျှင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား၍နေပေပြီ။ ထိုသို့ဖြစ်ပြီး များမကြာမီပင် ၄င်းငါးလောင်းပြိုင် လူသတ်မှုကြီး အုတ်အော်သောင်းနင်း ပေါ်ပေါက်၍လာပေရာ မည်သို့မည်ပုံ ဖြစ်တန်ရာသည်ဆိုခြင်းကို အရွယ်ရောက်စ လူတိုင်းပင် ပုံဖော်နိုင်ကြပေသည်။

ထိုစိန်စီသောညမှ ကြမ္မာငင်သော စိန်တို့သည် ငါးလောင်းပြိုင် လူသတ်မှု၏ မြစ်ဖျားခံရာ စိန်တို့ပါတည်း။ သမင်သည် လှပသော ဦးချိုကြောင့် အသက်ဆုံးရှုံးခဲ့ရ၏။ ကတိုးကောင်သည် ကောင်းမြတ်သော မိမိအမွှေးနံ့ကြောင့် အသက်ဆုံးရှုံးခဲ့ရရှာပေသည်။

ယခုအပေါင်းပါတစ်ဦးဖြစ်သော မောင်ဘိုသေဆုံးပြီးနောက် အမှုမှန်ဖော်ထုတ်မည်ဟု သတင်းသန့်သန့်ထွက်လာ၏။ တကယ်အမှု မှန်နိုင်ပါမည်လော... စောင့်ကြည့်ရန်သာရှိသည်။

ကျွန်ုပ်တို့သည် ဤအစိုးရလက်ထက်၌ ဤအမှုမှန် မဖော်ထုတ်နိုင်ဟု ယုံကြည်ခဲ့ပေသည်။

တလောက မန္တလေးမြို့၊ သိပ္ပံလမ်း၊ ကညနရုံးနားရှိ နိုဘယ်လ်စားသောက်ဆိုင်မှ မန္တလေး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မောင်ပု (Secretary of Mandalay City Development Committee Lt-Col Maung Pu)၏သား ပါဝင်ပတ်သက် နေသော လူသတ်မှုကိုလည်း ယခုအခါ အမှုမှန် ပြန်လည်ဖော်ထုတ်ရန်လိုက်နေသည်ဟု သတင်းရပေသည်။ ထိုအမှုကိုလည်း တကယ် အမှန်အတိုင်းဖော်မည်လော....စောင့်ကြည့်ရမည့် သတင်းများပါပေ။

တကယ်ဖော်လျှင်တော့ နအဖ၏ တရားစီရင်ရေး တကယ်ပြောင်းသွားပြီဟု ဆိုရပေတော့မည်တည်း။ ။

--------------------------
ယောမင်းလေး
--------------------------

24 December 2011

မြန်မာ နိုင်ငံတွင် ပုဂ္ဂလိက တက္ကသိုလ် ပထမဆုံး ဖွင့်လှစ်သွားမည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ်ဖြစ်တဲ့ ဗစ်တိုးရီးယား ယူနီဗာစတီ ကောလိပ် ကို လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်း လင်းပွဲမှ သိရပါသည်။

အဆိုပါ ကောလိပ်မှာ ဗြိတိန် နိုင်ငံရဲ့ ၉ တန်း ၁၀ တန်းအဆင့် Sixth Form ကို ပြည်တွင်းမှာ IGCSE ဖြေဆိုဖို့ မလိုဘဲ တက်ရောက်နို င်မှာ ဖြစ်ပါသည်။ အဆိုပါ အတန်းရဲ့ ပထမနှစ် သင်တန်းကို အခြေခံပညာ အလယ်တန်း အဋ္ဌမတန်း အောင်မြင်ပြီးသူ ဒါမှမဟုတ် Secondary Level II ကို အောင်မြင်ပြီး သူတိုင်း တက်ရောက် နိုင်တယ်လို့ သိရပါသည်။ ဒ့ါအပြင် Sixth Form ရဲ့ ဒုတိယနှစ် သင်တန်းကိုတော့ န၀မတန်း အောင်မြင်ပြီးသူ ဒါမှမဟုတ် Secondary Level II အောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်တာ ဖြစ်ပါသည်။

ဒ့ါအပြင် ပထမအဆင့် ဒီဂရီဒီပလိုမာဖြစ်တဲ့ Higher National Diploma အတွက်ကိုတော့ ၁၀ တန်း အောင်မြင်ပြီးသူတိုင်း တက်ရောက် သင်ကြားလို့ ရမှာဖြစ်တယ်လို့ သိရပါသည်။ အဆိုပါ ကောလိပ်မှာ သင်ကြားမှု ဆရာ ၊ ဆရာမတွေ အနေနဲ့ အင်္ဂလန် ၊ အမေရိကန် ၊ အိန္ဒိယ အစရှိတဲ့ ပြည်ပ နိုင်ငံများမှ ပညာရှင်များနဲ့ ပြည်တွင်းရှိ HND ဘွဲ့ ရရှိထားတဲ့ ဆရာ ၊ ဆရာမ များက သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါသည်။

သတင်းရင်းမြစ်...MRTV-4

တိုင်းရင်းသားများပညာရေးရန်ပုံငွေပွဲတော် ခွင့်ပြုမိန့်ရပြီ

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေ ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်၏ ၂၃ .၁၂.၂၀၁၁ နေ့ တော်ဝင်နှင်းဆီခြံတွင့်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ မှ ကျင်းပရန် ပွဲခွင့်ပြုမိန့်ရရှိပြီဖြစ်ကြောင်း တရားဝင်ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးဆောင်ရွက်သော ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်အား ဒီဇင်ဘာလ ၃၀ ရက်တွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ၌ကျင်းပရန် ပွဲခွင့်ပြုမိန့်ရရှိပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေဈေးရောင်းပွဲတော်အား နံနက် ၉နာရီတွင် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ဂီတပွဲတော်အား ညနေ ၃ နာရီမှ ည ၁၁ နာရီခွဲခန့်ထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။