18 June 2011

May May Nay Kaung Larr (For Our Hero Our Leader Daw Aung San Suu Kyi)

Daw Aung San Suu Kyi's Special Message to World Economic Forum

လူထုခေါင်းဆောင်ဖြစ်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ဗမာ့တပ်မတော် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်း ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲတဲ့ ပုံ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့မှာ ကျင်းပ

၆၆


၆၆နှစ်..........

မျက်နှာမှာ အရေးအကြောင်းတွေနှင့် အမေ

အသက်တွေလည်း ကြီးလာပြီပေါ့ အမေ ။

အသက်သာကြီးပေမယ့်

စိတ်ဓာတ်က " မာ " နေဆဲ အမေ ၊

အကြောင်းမညီညွတ်ရင် ဘောင်းဘီချွတ်ပြီး

ပုဆိုးပြင်ဝတ်တဲ့ မသူတော်တွေထက်

အမေက ပိုလို့ " နုပျို " နေတဲ့ အမေ ။



သားတို့ တတွေသာ " ညီ " ခဲ့ရင်........

အမေ့

ခေါင်း........

မှာ.......

ပန်းတွေနဲ့ ဝေနေတော့မှာပေါ့နော် ... ။

http://www.facebook.com/notes/yannaing-thanpe/%E1%81%86%E1%81%86/10150210046814247 မှ ပြန်လည်မျှဝေပေးလိုက်ပါသည်.။

အမေ မအိုသေးပါဘူး (အမေစု သို့)


အမေ မအိုသေးဘူးဆိုတာ ကျနော်သိနေတယ် အမေ

အရှေ့မိုးကုတ်စက်ဝန်းဆီက နေဝန်းနီနီလို

အမေ့ နုပျိုခွန်အားတွေ

ဦးခေါင်းထက်က လင်းယုန်ငှက်ရဲ့ တောင်ပံခတ်သံလို

လတ်ဆတ်နေဆဲပါ အမေ။



အမေ့ရဲ့ လေညှင်းတွေ ကျနော်ရှိုက်ရတယ်

အမေ့ရဲ့ အရောင်အဝါတွေ ကျနော်မြင်ရတယ်

အမေနဲ့ ကျနော် တစ်နေရာဆီ နေနေရပေမယ့်

အမေ့ရဲ့ စကားတွေကို ဦးညွတ်လေးစားနားထောင်

မြေခွေးအိုတစ်အုပ်ကို ယောင်လို့မှ

ဒူးမထောက်ခဲ့ဘူး အမေ၊

အခုလည်းအမေ့ရဲ့ အားမွေးထားကြပါ မိန့်ခွန်း

ကျောက်နှစ်ထဲ ထွင်းထားသလို

သားရင်မှာ မြဲမြံလှပါတယ်။

အမေ့ရဲ့ ကြယ်ပွင့်လေးတွေပျိုး

ပန်းပွင့်လေးတွေ နိုးထစေချင်တဲ့ ဆန္ဒ

ဘာကတားဆီးနိုင်မှာလဲ အမေ၊

တောတွေနက်သထက်နက်လာလေ

ဗီဗစွမ်းရည်တွေ ထက်သထက် ထက်လာလေ

အမေ့ကို ကျနော်တို့ ပိုဦးညွတ်လေပါပဲ။

ဘာမှ ပြန်မလာတဲ့ ပေးဆပ်ခြင်းဆိုတာ ရှိမှ မရှိဘဲ အမေရာ

ကျနော်တို့ရဲ့ မေတ္တာတွေ

ကျနော်တို့ရဲ့ ခွန်အားတွေ

ရောင်ပြန်မကဘူး အမေ

အသက်တွေတောင် ဝကွတ်အပ်ပါရဲ့။

ဒီလိုပဲ . . .

ဒီကောင်တွေဆီက မတောင်းရသေးတဲ့ လျော်ကြေးတွေကလည်း

သူတို့ ဘဝတစ်ခုလုံး ရင်းရလိမ့်မယ်

သူတို့ရဲ့ ဆံပင်တွေ ကျနော်တို့ မလိုချင်ပါဘူး

ဒါပေမယ့် သူတို့ပေးရလိမ့်မယ် အမေ

သူတို့ပေါ်သင့်ထားတဲ့ ကျိန်စာတွေက နောင်ဆယ်ဘဝတောင်

ပြယ်ကျဖို့ လမ်းမမြင်ဘူး။

ရူးသွပ်ခြင်းလက်ထဲက ဓါးတွေဟာ

အန္တရာယ် အရမ်းများပါတယ်၊

ကျယ်ပြန့်လာတဲ့ တံတိုင်းတွေ ကျနော်တို့ ဖြိုဖျက်

ဆူးကြိုးအထပ်ထပ် ရစ်ပတ်လာတဲ့ စာပေတွေကြားမှာ

အသိညဏ်ဝမ်းစာ နဲ့ အမှန်တရား ရှာဖွေရင်း

လေပြင်ညင်းညင်းထက်

ရေတံခွန်ပြင်းပြင်းကို မက်တတ်လာပြီ

ကျနော်တို့ကို ဖိနှိမ်နေသူတွေကြားမှာ

နီရူဒါ ထိရှလာပြီ ၊ ဗရက်ကို စွဲမက်လာပြီ

သူ့ရဲ့ အဆီယစ်နေသူများကဗျာ

သူတို့ကို ကြည့်ရေးထားသလိုပါပဲ . . .

တကယ်ပါပဲ

ကမ်းနားသစ်ပင်ဆိုတာ

အမြစ်မကျွတ်ခင် အရာဝင်တာပါ (မောင်စိမ်းနီ)

အရာဝင်သခိုက် ပညာမခင်ကြသူတွေ

စစ်အားမကောင်းရင်

ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး ဆိုပဲ

သခင်ကိုယ်တော်မိုး ကဗျာဆရာ သူ့ရဲ့ မျိုးချစ်ကဗျာပေါ့။



ကျနော်ချစ်တယ် ချစ်တယ်အမေ

တစ်ကမ္ဘာလုံးမှာရှိတဲ့ မျက်မကန်းတဲ့ ကဗျာဆရာတွေ

ကျနော်ချစ်တယ်

တောင်ကုန်းကြမ်းကြမ်းပေါ်က အနင်းခံမြတ်ရိုင်းတွေ

ကျနော်ချစ်တယ်

ငုယင်ဗန်ထရွိုင်း ၊ ချေဂွေဗာရာ ၊ ဗိုလ်အောင်ကျော်

ကျနော်ချစ်တယ်၊

ဒါပေမယ့် ဒီခေတ်ရဲ့ ညနက်နက်မှာ လမင်းကြီးသာလိုက်တာလို့

စာဖွဲ့နေသူတွေ ကျနော်မချစ်ဘူးအမေ။

မရေရာတဲ့ လေပွေအောက်မှာ ကြွေသွားတဲ့ လက်ပံတွေ

မပွင့်ခင်က အရောင်ပြောင်းသွားတဲ့ နှင်းဆီတွေ

ကျနော်နှမြောတယ်၊

ပြာလဲ့လဲ့ ဇာခန်းဆီးရဲ့ အထဲမှာ

အဲကွန်းလှိုင်လှိုင်ဖွင့်လို့

မြင်မတင့်အောင် ဇိမ်ခံနေသူတွေ

ပြည်တော်မဝင်သေးဘူးဆိုတာ သိစေချင်ပါရဲ့

အိပ်စရာ မရှိတဲ့ညမှာ မိုးတွေအရမ်းရွာတာပဲဆိုတဲ့

တော်လှန်ကဗျာဆရာတွေရဲ့ ခံယူချက်ကို သိစေချင်ပါရဲ့

ပလပ်စတစ်ကောက်ကလေးငယ်တစ်ယောက်ရဲ့

နေ့ခင်းစာပျောက်နေတဲ့ ဘဝကို သိစေချင်ပါရဲ့

ဖယောင်းတိုင်မဲ့ လျှပ်စစ်မီးမရှိနဲ့

စာမကြည့်ရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ညကို သိစေချင်ပါရဲ့

ဪ . . . အဆီယစ်နေတဲ့သူတွေ . . .

သိစေချင်ပါရဲ့ ။



ယိုင်နဲ့ ယိုင်နဲ့ နဲ့ ယိုင်နဲ့

မရှက်တဲ့သူတွေ များတယ်အမေ

မျက်နှာဖုံးမလိုဘဲ သရုပ်ဆောင်ကောင်းသူတွေ

ယုံတမ်းရှည်ရှည်နဲ့ တစ်ထောင့်တစ်ည လှည့်ကွက်တွေ

လင်းတတစ်ကောင်လောက်မှ သစ္စာမရှိတဲ့ ကတိတွေ

ပစ်ချပေးလိုက်တဲ့ အကြွင်းအကျန် မျှော်လင့်ခြင်း အကျိုးအကြေတွေ

တစ်ခါသုံးဆေးထိုးအပ်လောက်မှ အသုံးမကျတဲ့ စကားတွေ

များများလာတယ် အမေ၊

များများလာတော့ ကြောက်ကြောက်လာမိတယ်

အမေ့ရဲ့ အားပေးစကားတွေ အမြဲကြားချင်နေမိတယ်

တမင်လုပ် ထောင်ချောက်တွေနဲ့ ဟော့ဒီကမ္ဘာထဲမှာ

ဘယ်လိုလှမ်းရမယ်ဆိုတာ အမေရှေ့က လမ်းပြပါ

အမေ့ရဲ့ ခွန်အားနဲ့ အသိညဏ်တရားတွေ

သူတို့ ခိုးဝှက်ချင်နေကြတယ် ၊ ခိုးဝှက်နေကြတယ် . . .

မရပါဘူး အမေ

. မ . ရ . ပါ. ဘူး . . .

ကျနော်တို့ အားလုံးဟာ အမေ့ကိုသာ မျှော်လင့်နေ

စောင့်စားနေမှာပါ . . .

ရင်ထဲက ဆန္ဒတွေ ၊ မြေမြှုပ်မိုင်းတွေနဲ့

အမေသာ ရှေ့က လက်ခုတ်တစ်ချက်တီးလိုက်ပါ

ကောင်းကင်ရှည်ရှည်တစ်လျှောက် မဆုံးနိုင်တဲ့ လက်ခုတ်သံတွေ

ပွင့်အံလိမ့်မယ် အမေ

မြင်းခွါတစ်ချက် မပေါက်ခင်က မီးဟုန်းဟုန်းတောက်ရဲပါတယ်

ဒါပါပဲ

အမေ မအိုသေးပါဘူး

အမြဲရှင်သန်နေမယ့် အမှန်တရားတစ်ခုလို

အမေ မအိုသေးပါဘူး

မြို့မရဲ့ အခါတော်ရောင်ချိန်နီးလို့လာသလို

အမေ မအိုသေးပါဘူး

အရှေ့မိုးကုတ်စက်ဝန်းဆီက နေဝန်းနီနီလို

အမေ့ နုပျိုခွန်အားတွေ

ဦးခေါင်းထက်က လင်းယုန်ငှက်ရဲ့ တောင်ပံခတ်သံလို

လတ်ဆတ်နေဆဲပါ အမေ . . .

အမေ မအိုသေးပါဘူး ။ ။

(အမေ ဒေါ်အောင်ဆန်းစုကြည် သို့ ရည်ညွှန်းပါသည်)

http://www.facebook.com/profile.php?id=100001669429212 မှ ပြန်လည်မျှဝေပေးပါသည်.။

17 June 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့အကြို ဈေးရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနား ဓာတ်ပုံ၊ သတင်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉)နာရီ အချိန်ကရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ စတင် ကျင်းပခဲ့ပါသည်။ ဈေးရောင်းပွဲတော်  ဖွင့်ပွဲ အခမ်းအနားအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ ဥတ္တရအလင်းမှ ကိုတိုးလွင်၊ မဇ္ဈိမလှိုင်းမှ ကိုရဲလွင်ACID အဖွဲ့မှ ကိုဇေယျာသော်နှင့်

မြန်မာပြည်တွင်းမှ လူငယ်လူရွယ်များရဲ့ နိုင်ငံရေး အကျဉ်းသားများအလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု (သတင်း၊ ဓာတ်ပုံများ)






နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ ဆောင်ရွက်ကြရာတွင် ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့နယ် အနှံ့တွင် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေကြသော လူငယ်လူရွယ်များ စုပေါင်း၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ် အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုး တောင်းဆိုမှု ပြုလုပ်ကြရန် ပန်ကြားထားသည့် စာများအား စာအိတ်များတွင် ထည့်သွင်းပေးပို့ခြင်းများ၊ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရုပ်ပုံနှင့်တကွ ဖေါ်ပြထားသော “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး” အစရှိသည့် စာသားပါ စာရွက်စာတမ်းများအား အများပြည်သူများ စည်ကားသွားလာရာ နေရာများတွင် ပေးဝေခြင်း ဖြန့်ချီခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြပါတယ်။

ဤလှုပ်ရှားမှုအား ဇွန်လ (၁၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်လည်း ယခုကဲ့သို့ ထပ်မံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ပတ်ဝန်းကျင်တွင် လုံခြုံရေးများ တင်းကြပ်နေသည့်ကြားမှပင် အဆိုပါလူငယ်လူရွယ်များမှ အစုအဖွဲ့ များ ခွဲပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလှုပ်ရှားမှုနှင့် ပတ်သက်၍ -

"မထသ (၁၀၂) ကားပေါ်တွေ၊ ပန်းခြံတွေမှာပါ ဖြန့်ဝေပါတယ်။ ဒီအပြင် စစ်ရုံးဘေးမှတ်တိုင်တွေ၊ နဝဒေးရုပ်ရှင်ရုံရှေ့တွေ၊ (၂၉) လမ်း မဂိုလမ်းနဲ့ မြေနီကုန်းဘက်တွေမှာ ဖြန့်ဝေကြပါတယ်။ မြောက်ဥက္ကလာပက ဆေးရုံတွေရဲ့ စာသင်ဆောင်တွေမှာလည်း စာရွက်စာတမ်းတွေကို ကပ်ခဲ့ကြတယ်။ စာသင်ဆောင် ဆေးကျောင်းသားတွေနေရာ မြောက်ဥက္ကလာပက အထက (၁) နဲ့ (၂) ကျောင်းတွေဘက်ပါ ဖြန့် ဝေခဲ့ကြပါတယ်” လို့  ပြောကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု တစ်ရပ်အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုး တောင်းဆိုမှုပြုလုပ်ကြရန် ပန်ကြားထားသည့် စာများအား စာအိတ် အရေအတွက် (၂၀၀၀) ၀န်းကျင် ဖြန့်ဝေခဲ့ပါတယ်။ စာထဲမှာ ရေးသားထားတဲ့ စာသားတွေကတော့ 

16 June 2011

KIA တပ်မတော်မှ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသို့ အသိပေးကြေငြာချက်....

ကြေငြာချက် ပေးပို့လာသူ salai zamte အားကျေးဇူးတင်ပါသည်..။

ခရစ်တော်၌ အိပ်ပျော်ခြင်း (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ ဈာပန)

ခရစ်တော်၌ အိပ်ပျော်ခြင်း
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း.....

ရုရှပြန် စစ်ဗိုလ်အုပ်စုတွေရဲ့ အင်တာနက် ဘလော့(ဂ်) များတွင် ပုဂ္ဂိုလ်ရေးအရ မကပဲ အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင် ရေးသားဖေါ်ပြလာတာ တွေ့ရပါတယ်။ ဒီဘလော့(ဂ်)တွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ရေးသားနေတဲ့ ဘလောဂ်တွေလည်းဖြစ်ပါတယ်။

၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့ ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ်။ ခိုးယူသွားတဲ့အကောင့်ကို ပြန်ယူပြီးနောက် ၀င်ရောက်ထားတဲ့ IP တွေကို စစ်ကြည့်တဲ့အခါ မြန်မာပြည်က ဆိုတာတွေ့ရပါတယ်။ အင်တာနက်ရာဇ၀တ်မှု (cyber crime)ကို ကျူးလွန်ပြီး၊ ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့ ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်းရေးသားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျမရဲ့ ယုံကြည်ရပ်တည်ချက်အရ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတာ အဲဒီအချိန်ကတည်းက ဒီစစ်ဗိုလ်တွေကို ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမအပေါ် တိုက်ခိုက် ရေးသားချက်တွေကို ရုရှပြန်စစ်ဗိုလ်တွေရဲ့ face book တွေမှာ အချင်းချင်းဖြန့်ဝေ ရေးသားတာ တွေ့မြင်ရပါတယ်။

ကျမနဲ့ ခင်ပွန်းဖြစ်သူ နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံတွင်း ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုထဲ ဖြတ်သန်းခဲ့ကတည်းက မမှန်မကန်စွပ်စွဲ ပုတ်ခတ်မှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေကို ရင်ဆိုင်ခဲ့ရလို့ ဒီကိစ္စမှာ ရင့်ကျက်ပြီးသားဖြစ်နေပါပြီ။ အိမ်ထောင်ရေးဘ၀မှာ လုံးဝ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ခြောက်နှစ်အရွယ် ရင်သွေး သမီးငယ်ကိုပါ ထိခိုက်လာတဲ့အတွက် မိခင်တဦးအနေနဲ့ ရုရုပြန်စစ်ဗိုလ်တွေရဲ့ လုပ်ရပ် အပေါ်တုန့်ပြန်ပြောဆိုဖို့ လိုအပ်လာပါတယ်။

အခုလို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက် သက်သက်နဲ့ နိုင်ငံတော်ငွေတွေသုံးပြီး ပညာသင်ခဲ့တဲ့ ရုရှပြန်စစ်ဗိုလ်အုပ်စု လုပ်ဆောင်နေတာဟာ မြန်မာစစ်တပ်ရဲ့မူဝါဒလား၊ အစိုးရသစ်ရဲ့ မူဝါဒလား ဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်။ နိုင်ငံပိုင်ငွေနဲ့ ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို အလွဲသုံးစားလုပ်ကာ အရပ်သား လူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်အကြပ်ကိုင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ရုရှပြန်စစ်ဗိုလ်တွေ လုပ်ရပ်တွေဟာ အနာဂတ် တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ ရင်လေးစရာပါ။

နောက်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံလို့မရတဲ့ Cyber Crimes၊ အမျိုးသမီးနဲ့ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊ လူလူချင်း ထိခိုက်နစ်နာစေတဲ့လုပ်ရပ်တွေ ရုရှပြန်စစ်ဗိုလ်တွေ ကျူးလွန်နေတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေက အရေးယူဖို့ လိုအပ်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံ ရုရှားပြန်စစ်ဗိုလ်တွေကို ဖော်ထုတ် အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ ပတ်သက်လို့ ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက်လုပ်တဲ့ အပေးအယူမဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူ လုပ်မှာပါ။ တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။

ကိုယ်ပိုင် အီးမေလ်းအကောင့်တွေကို ဖောက်ခံရပြီး၊ အကြပ်ကိုင် ခြိမ်းခြောက်ခံရသူအားလုံးလဲ ဒီကိစ္စမှာ ပါဝင်ကြမှာလို့ မေတ္တာရပ်ခံပါတယ်။

ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။

၁. ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

၂. ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့

၃. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်

၎. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်

၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ

၆. ပြည်တွင်း ပြည်ပသတင်းဌာနများ

အင်ကြင်းနိုင်

ဝါရှင်တန်ဒီစီ

အမေရိကန်ပြည်ထောင်စု

+1 202 731 1791

Ingjinnaing@gmail.com

15 June 2011

အမျိုးသားလွတ်မြောက်ရေး အင်အားစု (မြန်မာပြည်) ရဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပိုစတာကမ်ပိန်း လှုပ်ရှားမှု (ပြည်တွင်း ဓာတ်ပုံ)


ခရစ်တော်၌ အိပ်ပျော်ခြင်း (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ ဈာပန)

ခရစ်တော်၌ အိပ်ပျော်ခြင်း
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် ဂါရဝပြုဖူးမျှော်.... (ဓာတ်ပုံ)

ဒီနေ့ (၁၄)ရက်နေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဒဂုံမြောက်ပိုင်းမှာ ရှိတဲ့ သီတဂူဆရာတော်ရဲ့ ကျောင်းသို့ သွားရောက်ပြီး ဆရာတော်ကြီးအား ဂါရဝပြု ဖူးမြော် ခဲ့ပါတယ်။

12 June 2011

ပထမဆု လိုချင်လို့ ငွေပေး သူလည်းရှိနေပြီ၊ ပထမဆု ပေးရမယ့် သူလည်း ရှိနေပြီ (ပထမဆုရချင်သလားဟေ့ လာထား)

ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဈေးကွက် စီးပွားရေး ဆိုတဲ့ ခေတ် ကြီးမှာ ဈေးကွက်ကို ကျယ်ကျယ် ပြန့် ပြန့် ဖော်ဆောင် နေကြတဲ့ ခေါင်းစီး အမျိုးမျိုး တပ်ပြီး မော်ဒယ်ပြိုင်ပွဲတွေ၊ အလှမယ်ပြိုင်ပွဲတွေ ကျင်းပစီစဉ်သူ တွေရဲ့ သတင်းစကားကိုကြားရတော့ ရော်ရည်ရွယ်ရာတို့လေ တယ်လည်း လုပ်စားတတ်ကြပေ့ကွယ် ဥာဏ် အမြော်အမြင်လည်း ကြီးပ၊ ဈေးကွက် ကိုလည်း မြင်ပလို့ တွေးရင်း ရွှေဥာဏ် ကြီးရှင်တွေကို အံ့ဩပြီးရင်းကို အံ့ဩ နေကြရတော့တာပါပဲ။

ခေါင်းစီး အမျိုးမျိုးတပ်ကာ မယ်ပြိုင်ပွဲ၊ ပထမဆုလိုချင်လို့ငွေပေးသူလည်းရှိနေပြီ၊ ပထမဆုပေးရမယ့်သူလည်းရှိနေပြီ မော်ဒယ်ပြိုင်ပွဲကျင်းပမည် ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဈေးကွက် စီးပွားရေးဆိုတဲ့ ခေတ် ကြီးမှာ ဈေးကွက်ကို ကျယ်ကျယ်ပြန့် ပြန့် ဖော်ဆောင်နေကြတဲ့ ခေါင်းစီး အမျိုးမျိုးတပ်ပြီး မော်ဒယ်ပြိုင်ပွဲတွေ၊ အလှမယ်ပြိုင် ပွဲတွေ ကျင်းပစီစဉ်သူ တွေရဲ့ သတင်းစကားကိုကြားရတော့ ရော်ရည်ရွယ်ရာတို့လေ တယ်လည်း လုပ်စားတတ်ကြပေ့ကွယ် ဥာဏ် အမြော် အမြင်လည်း ကြီးပ၊ ဈေးကွက် ကိုလည်း မြင်ပလို့ တွေးရင်း ရွှေဥာဏ် ကြီးရှင်တွေကို အံ့ဩပြီးရင်းကို အံ့ဩ နေကြရတော့တာပါပဲ။

ခေါင်းစီး အမျိုးမျိုးတပ်ကာ မယ်ပြိုင်ပွဲ၊ Miss ပြိုင်ပွဲကျင်းပမည် ကုမ္ပဏီတွေကို စပွန်ဆာ လိုက်တောင်း၊ ပြီးတော့ ပထမ ဆုလိုချင် သူကို ငွေသိန်း ဘယ်လောက် လိုက်တောင်း ပထမ၊ ဒုတိယ ၊တတိယ သပိတ်ဝင်အိတ် ဝင်ပေးရမယ့် စာရင်း ထွက်လာပြီဆိုမှ ဟိုခန်းမလေး ဒီခန်းမလေးပြေးငှား၊ ကြုံ ရာကျပန်း ဒိုင်လေးတွေကို ခေါ်ပြီး ကျင်းပ တဲ့ပြိုင်ပွဲတွေ အကြောင်း ကိုလည်း ရော် ရည်ရွယ်ရာတို့ နားနဲ့ ဆတ်ဆတ်ကြားရ၊ မျက်စိနဲ့ တပ်အပ်မြင်ရ အဲ့ဂလို မြင်ရ ကြားရတဲ့ အခါအတော် လည်း စိတ်မသက် မသာဖြစ်ရတာပဲ ကလားဟရို့ ပြိုင်ပွဲ ကျင်းပ သူတစ်ယောက်က ဆိုရင် ပိုး တွေအများကြီးရှိတယ် ဆရာကြီးတို့ရဲ့၊ ဆုကို ငွေဘယ်လောက် ပေးရပေးရ ဝယ်မယ်ဆိုတဲ့ မျိုးဆက်သစ် တွေလည်း အများကြီးရှိတယ် ဆရာကြီးတို့ရဲ့။

အဲဒီလိုလူမျိုးတွေ ပေါ်ပင်အောင်မြင် လိုသူတွေရှိနေသမျှ ကျွန်တော်တို့ ဟို မယ်ဒီမယ် အချိုရည်မယ်၊ ဇီးထုတ် မယ်၊ မယ်ပြိုင်ပွဲတွေကတော့ ရေပန်း စားနေဦး မှာပဲ။ ကျွန်တော်တို့ပဲ ကျင်းပ နေရဦးမှာပဲ တကယ်တော့ ဆရာကြီး တို့ရယ် အညှာကိုသိရင် ခူးရတာလွယ် ပါတယ်။ အခုလည်း ဆုပေးရမယ့်စာ ရင်းငွေပေးပြီး ဆုယူမယ့်သူ(၃)ယောက် ထွက်လာပြီဆိုတော့ ဒီရက်ပိုင်းထဲမှာ ကျွန်တော်တို့ မယ်ပြိုင်ပွဲ ကျင်းပဦး မယ်။ ဆရာကြီး ရော်ရည်ရွယ်ရာတို့ လည်း မီဒီယာ တွေထဲကနေ ဘေးတီး ပေးလိုက်ပါဦးလို့ အဲဒီလို လက်ဖက်ရည် တစ်ခွက်နဲ့သူခိုးသားရည်ဖော်ညှိလာတဲ့ သားကောင့်သားကို ရော်ရည်ရွယ်ရာ တို့ သူငယ်ချင်း တစ်စုထိပ် ကိုဖုအောင် ထုမယ်ကြံ တုန်းဈေးပြိုင်စနစ်နဲ့ ဈေးပို ပေးမယ့် မယ်တစ်ယောက်ရဲ့ ဖုန်းခေါ် သံကြောင့် အပြေးကလေး ထွက်သွားပါ ရောလား။ ဪ မယ်တွေ မယ်တွေ ငွေတွေ ငွေတွေရှာရတာ လွယ်သပ။ (ပထမဆုရချင်သလားဟေ့ လာထား)

First Music News Journal

အဟီး ဆော်ရီး ဆော်ရီး မြန်မာပြည်က ဗီဒီယို ကားကြီး

ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဗီဒီယို ထုတ်လုပ်သူ ကိုကို မမများရဲ့ (အချို့ ဆိုလို တာပါ) ပစ္စ လက္ခတ်နိုင်မှု များ ကတော့ ကိုယ့် ကုမ္ပဏီက ထုတ်တဲ့ ကား ခဏ လောက် ခလေးများ တောင် ပြန်မကြည့်အားနိုင်ကောင်းလားရယ် လို့ ရော်ရည်ရွယ်ရာတို့နည်းတူ မေတ္တာ ပို့ချင်ကြပါသလား ပုံဆောင်ခဲပရိသတ် ကြီးရေ ဟုတ်တယ် ဟုတ်။ တစ်ကား လုံး အသံကတခြား၊ အမူအယာက တခြား၊ လွဲမှားနေတာတွေကို ပြော လို့မဆုံးခင်မှာပဲ ဟော အခုလည်း တောင်းပန်ရပြန်ချေပြီတကား။

ဘာတဲ့ တုန်း ရွာစားရေ။

အထင်ကရဇာတ် ညွှန်းရေးဆရာရဲ့အမည်ကို လွဲမှားစွာ အခြားအမည်တစ်ခု စာတန်းထိုးပြီး ရုပ်ရှင်တစ်မျိုး ဗီဒီယိုတစ်မျိုး ဖြစ်သွား တဲ့အပေါ် ဇာတ်ညွှန်းရေးဆရာကြီးက လည်း ဒေါသပွား၊ အချောင်နာမည် အတပ်ခံလိုက်ရတဲ့ဆရာကလည်း ပီတိ ပွား၊ ဒါပေမဲ့လို့ ပရိသတ်ကြီးကတော့ သို့လော သို့လော သံသယပွားရတဲ့ ဇာတ်ကား တစ်ကားအကြောင်းဆိုပါ တော့။

မြန်မာပြည် တစ်နှံ့တလျား ဖြန့် ချိပြီးတော့မှ ဟယ် မှားသွားပြီ (ဒါ တောင် သူများပြောမှသိတာနော်) အဲဒီ ဆရာကို တောင်းပန်ရမယ်။ ဘွာတေး ဘွာ တေးဆိုတာ လောက်နဲ့ ကာယကံ ရှင်ဖန်တီးတဲ့အနုပညာဟာလွဲမှားသွား ခွင့်ရှိပါသလား။

အနုပညာကို တန်ဖိုး ထားတယ်မြတ်နိုးတယ်ဆိုရင်၊ပရိသတ် ကြီးကိုလည်း လေးစား တန်ဖိုး ထားတယ် ဆိုရင် ကိုယ်ရိုက်တဲ့ကား ကိုယ်ထုတ် တဲ့ကား ခဏလေးဖြစ်ဖြစ် မထုတ်ခင် မဖြန့်ခင်ပြန်ကြည့်ပေးကြပါလားကွယ် လို့ တောင်းပန်သမှုပြု လိုက်ချင် ပါဘိ တော့။ အခုတော့ တစ်ချက်ကလေး တောင်ငဲ့စောင်းမကြည့်မှားသွားမိမှ အဟီး အဟီး ဘွာတေး ဘွာတေးလို့ပြော တိုင်းပြီး သလားကွယ် လို့မေး လိုက်ချင် ပါ ရဲ့။(မမှားမှား မှားမှားမှားမှား ငွေများများ ရဖို့အဓိက ရို့ ရို့ ရို့)

First Music News Journal

လူချင်း တူပါလျက် အဘယ့်ကြောင့် ကွဲပြား ရသနည်း


လူချင်း တူပါလျက် အသက် ရှည်ခြင်း၊ မရှည်ခြင်း၊ အနာရောဂါ များခြင်း၊ နည်းခြင်း၊ ရုပ်အဆင်း လှပခြင်း၊ မလှခြင်း။ မိတ်ဆွေ အ ခြံအရံ အရှိန်အဝါရှိခြင်း၊ မရှိခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ အမျိုး ကောင်း၌ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ ပညာဥာဏ်ကောင်းခြင်း၊ မကောင်းခြင်းဟူသော အချက်(၁၄)ချက် သည် မတူညီကြပေ။

အဘယ် ကြောင့်ထိုကဲ့သို့ လူသားချင်း တူ ပြီး ကွဲပြားနေကြပါသနည်း။

(၁) သူတစ်ပါးအသက်ကို မသတ်ဘဲ ရှောင်ကြည်ဉ်သော သူ သည်ဖြစ်လေရာဘဝ၌ အသက် ရှည်ပြီး သူများအသက်ကို သတ်လေ့ရှိသူသည် အသက်တိုကြ ပေသည်။

(၂) သူတစ်ပါးအား တုတ်ဓါး လက်နက်ဖြင့် နာကျင်အောင်၊ ဒဏ်ရာရအောင် စိတ်ထိခိုက်ခံစား ရ အောင် ပြုလုပ်သောသူသည် ဖြစ်လေရာဘဝ၌ အနာရောဂါ များ၍ ထိုအရာများကို ရှောင် ကြဉ်သော သူသည် ဖြစ်လေရာ ဘဝ၌ အနာရောဂါနည်းပေသည်။

(၃) ဒေါသကြီးခြင်း၊ စိတ်ဆိုး လွယ်ခြင်းတို့သည် ဖြစ်လေရာ ဘဝ၌ ရုပ်ရည်အဆင်းမလှခြင်းတို့ ကိုဖြစ်စေ၍ သူတစ်ပါးတို့ကစိတ် ဆိုးစရာအမျက်ဒေါသဖြစ်စရာများ နဲ့ပြောဆိုစေကာမူ စိတ်မဆိုး ဒေါသမ ထွက်အောင်ထိန်းနိုင်ပြီး သည်းခံသော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘဝ၌ ရုပ်ရည်အဆင်း လှပေသည်။

(၄)သူတစ်ပါး ချမ်းသာခြင်း၊ ရုပ် ရည်လှပခြင်း၊ ကျော်ဇောခြင်း ကို မနာလိုဖြစ်သောပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘဝ၌ မိတ်ဆွေအခြံ အရံ အရှိန်အဝါနည်းပါး၍ ထို ဖော်ပြပါအချက်များကို ရှောင် ကြဉ်သောသူသည် ဖြစ်လေရာ ဘဝ၌ မိတ်ဆွေ အခြံအရံများပြီး အရှိန်ဩဇာကြီးမားပေသည်။ ထို့ ကြောင့် မိမိ၏စကားကို သားသမီး ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း မိတ်ဆွေ၊ တပည့်များက နားမ ထောင်လျှင် ဤအချက်ကိုလိုက် နာကျင့်သုံးပါလေ။

(၅) သူတစ်ပါးတို့အား အထူးသဖြင့် သီလ၊ သမာဓိ၊ ပညာသုံး ပါးဖြင့် ပြည့်စုံသော အလှူခံပုဂ္ဂိုလ် တို့အား တစ်စုံတစ်ခုသော ပစ္စည်းကိုမျှ မပေးလှူသောပုဂ္ဂိုလ်သည် ဖြစ်လေရာဘဝ၌ ဆင်းရဲ၍ ပေးလှူ စွန့်ကြဲပေးကမ်းသောပုဂ္ဂိုလ်များ သည် ဖြစ်လေရာဘဝ၌ ချမ်းသာ စွာနေရပေသည်။

(၆) မိမိထက် အသက်ကြီးသူကို လည်းကောင်း၊ ပညာကြီးမားသောသူကို လည်းကောင်း၊ သီလရှိသောသူကို လည်းကောင်း ရိုသေလေးစားခြင်း၊ ဆည်းကပ်ခြင်းမရှိဘဲ မာန်မာန ထောင်လွှားသော ပုဂ္ဂိုလ်များသည် ဖြစ်လေရာဘဝ ၌ အမျိုးယုတ်၍ မိမိထက်အသက် သော်လည်းကောင်း၊ ပညာသော်လည်းကောင်း၊ သီလသော်လည်းကောင်း၊ ကြီးမားသော ပုဂ္ဂိုလ် တို့ကို မာန်မာနမထောင်လွှားဘဲမာန် မာနချ၍ ရိုးသေလေးစားသော ပုဂ္ဂိုလ်သည် ဖြစ်လေရာဘဝ၌ အ မျိုးမြတ်သော ဘဝ၌ ဖြစ်ရပေသည်။

(၄) ပညာရှိသူတော်ကောင်းတို့ ထံ၌ ဘယ်အရာသည် ကောင်း သောကုသိုလ်တရား ဘယ်တရား သည် မကောင်းသောအကုသိုလ် တရား၊ ဘယ်အရာသည်ကျင့်သုံး ရမည့်အရာ၊ ဘယ်အရာသည် မကျင့်သုံးအပ်သောတရား၊ မည်သို့ သောအရာသည် အပြစ်ရှိ၍မည် သို့သောအရာသည် အပြစ်မရှိပါ သနည်းစသည်ဖြင့် မိမိသိသင့် သိ ထိုက်သည့်တရားများကို မစူး စမ်း မလေ့လာ၊ မမေးမြန်းမဆွေးနွေး မကျင့်သုံးသောပုဂ္ဂိုလ်သည် ဖြစ် လေရာဘဝ၌ ဥာဏ်ပညာနည်းပါး ၍ ထိုအရာများကို ပညာရှိသူ တော်ကောင်းတို့ထံချဉ်းကပ်ပြီး စူးစမ်း လေ့လာ ဆွေးနွေးမေးမြန်း ခြင်းတို့ကို ပြုလုပ်သောသူသည် ဖြစ်လေရာဘဝ၌ ဥာဏ်ပညာကြီး မားပေသည်။

အထက်ပါအချက်အလက်များ ကိုသိရှိပြီးပြီဆိုလျှင် မိမိ၌သော် လည်း ကောင်း၊ တစ်ပါးသောသူ၌လည်းကောင်း ထိုအချက်များထဲက တစ်ခုခုချို့ယွင်းလျှင်လည်းကောင်း၊ ပြည့်စုံလျှင် လည်းကောင်း တိုက်ဆိုင်ကြည့်ပါက မည်သည့် အချက်ကြောင့် မည် ကဲ့သို့ ဖြစ်နေသည်ဟု ဆန်းစစ်ကြည့်လိမ့်မည် ထင်ပါသည်။ ထို့ကြောင့်ကျွန်ုပ် တို့လူသားများသည် ယခုဘဝ၌ အထက်ပါ အချက်များထဲမှ မကောင်းသော အချက်များဖြစ်နေ လျှင် နောက်နောင် ဘဝများ၌ မဖြစ်ရလေအောင် ယခုကတည်း က ရှောင်ကြဉ်သင့်တာရှောင်ကြဉ် ပြီး လိုက်နာ ကျင့်သုံး သင့်တာကို လိုက်နာကျင့်သုံးရန် လိုအပ်လှပေ သည်။

သတ္တဝါ တို့သည် ကံသာ လျှင် မိမိဥစ္စာ ရှိကုန်သည်။ ကံ၏ အမွေခံတို့ ဖြစ်ကုန်သည်။ ကံသာ လျှင် အကြောင်း ရှိကုန်သည်။ ကံ သာလျှင် ဆွေမျိုး ရှိ ကုန်သည်။ ကံ သာလျှင် မှီခိုရာ ရှိကုန်သည်။ ကံ သာလျှင်သတ္တဝါတို့ကို အယုတ် အမြတ်စသည်တို့ခွဲခြား၍ဖန်တီး ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ် တို့လူသားများ သည် မိမိတို့၏အ ကြံအစည်၊ အပြောအဆို အလုပ် အကိုင်တို့ကို ကောင်းသောအရာ များဖြစ်အောင်ကြိုးစားကြရန်အ ထူးလိုအပ်ပါပေသည်။

ထို မိမိ ကြံစည်မှုပြောဆိုမှုလုပ်ကိုင်မှုတို့ သည် ကောင်းလျှင်ကောင်းကျိုး ဖြစ်၍ကောင်းကျိုးခံစားရပေမည်။ မကောင်းလျှင် မကောင်းကျိုးဖြစ် ၍ မကောင်းကျိုးကိုခံစားကြရပေ မည်။ ထို့ကြောင့် မိမိသည် မိမိကိုယ် ကိုချစ်တယ်၊ နှစ်သက်တယ်ဆို လျှင် အကြံအစည်(မနောကံ)၊ အ ပြောအဆို(ဝစီကံ)၊ အလုပ်အကိုင် (ကာယကံ)တို့ကို ကောင်းသော အရာများဖြစ်အောင်လုပ်ဆောင် ပေးဖို့ရန်လိုအပ်လှပေသည်။ သို့မှ သာလျှင် မိမိကိုယ်ကိုချစ်ရာရောက် ပေမည်။ လူသားအားလုံး မိမိ ကိုယ်ကိုချစ်နိုင်ကြပါစေလို့ ဆန္ဒ ပြုလျက်....။ (မဇ္ဈိမနိကယ်၊ ဥပရိပဏ္ဏာသ ပါဠိတော်၊ ဝိဘင်္ဂဝဂ်၊ စူဠကမ္မဝိ ဘင်္ဂသုတ်)


အရှင်ကောမလ (ခ) ဆန်းနီမင်း

လ ကုန်တဲ့နေ့ လစာချက်ချင်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး ဆိုသော မြန်မာပြည်ကကုမ္မဏီဝန်းထမ်းများ

ရန်ကုန်မြို့တွင်ပင် လ ကုန်ရက် ၌ လစာ မပေးသော ကုမ္ပဏီ အချို့ရှိ သည်ကို လေ့လာ တွေ့ရှိရသည်။

“ဒီနေ့ လစာပေးမယ်ပြောတာပဲ။ သိပ်တော့ မသေချာဘူး။ သူဌေး နေပြည်တော် ကို အလုပ်ကိစ္စနဲ့ သွားစရာရှိရင်တော့ သူပြန်လာမှရမယ်နဲ့ တူတယ်။ ဒီအလုပ်လုပ်လာတာ ကြာပြီ။ လ ကုန်တဲ့နေ့ လစာချက်ချင်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး”ဟု မီဒီယာ လုပ်ငန်းကြီး တစ်ခုတွင် လုပ်ကိုင်နေသော အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့လကုန်ရက်တွင် လစာ ချက်ချင်းမရ သောကုမ္ပဏီများမှာ ရန်ကုန်မြို့ရှိ လုပ်ငန်းစုံ၌ အတော်များများရှိနေသည်ဟု သိရသည်။

“အိမ်က သမီးကအလှကုန်ဆိုင် တစ်ဆိုင်မှာ လုပ်တယ်။ လစာကတော့ အ တန်အသင့် ရပါတယ်။ဒါပေမဲ့သူတို့အလုပ်ရှင်က လကုန်ကုန်ချင်း လစာဘယ်တော့မှမပေးဘူး။ အနည်းဆုံး သုံးလေးရက် ကြာတတ်တယ်။ သူပေးချင်တဲ့ ရက် ပေးသလိုမျိုးဖြစ်နေတယ်။ ဒီဘက်မှာ ကျွန်မတို့က မပြေလည်တော့ အကြွေးယူထားတာတွေ ရှိတယ်။ လကုန်မပေးတော့ အကြွေးရှင် က မယုံကြည်ချင်ဘူး။ အမြဲတမ်း ပုံမှန်ရက်ပေးရင် ရက်ချိန်းပေးလို့ရသေးတယ်။ အဲဒီလိုမဟုတ်တော့ အဆင်မပြေဘူး” ဟု ဒေါပုံတွင်နေထိုင်သော အမျိုးသမီးတစ်ဦးက ပြောသည်။ အချို့သော ကုမ္ပဏီများမှာ လကုန်ပြီး နှစ်ရက်သုံးရက်နှင့် အကြာဆုံး ၈ ရက်ခန့်ရောက်မှသာ လစာပေးကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းမှာဝန်ထမ်းအား ထိန်းချုပ်မှုတစ်ခု အသွင်ပြု လုပ်ခြင်းဖြစ်ကြောင်း သိ ရသည်။

“ကျွန်တော်တို့ဆီမှာက လကုန်တဲ့ရက် လစာပေးတာမဟုတ်ဘူး။ အလုပ်ဝင်တဲ့ရက်ရောက်မှပေးတာ။ ကျွန်တော်က ၁၅ ရက်နေ့ အလုပ်ဝင်တာဆိုတော့ လတိုင်း ၁၅ ရက် ရောက်မှပေးတာ။ စဝင်တဲ့လက လကုန်ကုန်ချင်း လစာတောင်းတော့ မပေးနိုင်ဘူးတဲ့။ လုပ်ခက တစ်လပြည့်မှ တစ်ခါရှင်းတာလို့ပြောတယ်။ ၁၅ ရက်ခပဲ တောင်းတာတောင် မရဘူး။ နောက်ဒီဆိုင်မှာလုပ်တဲ့ စားပွဲထိုးတစ်ယောက်ဆို လမကုန်ဘဲ အလုပ်ထွက်သွားတာ လစာ မပေးလိုက်ဘူး” ဟု သာကေတမြို့ လက်ဖက် ရည်ဆိုင်မှ စားပွဲထိုးတစ်ဦးက ပြောပြသည်။ အထက်ပါကဲ့သို့ လကုန်သည့်ရက် လစာမပေးသည့်ပုဂ္ဂလိက ကုမ္ပဏီများ ထဲမှ အချို့သည် လကုန်သည့်ရက် ဝန်ထမ်းများအလုပ်ထွက်ခြင်းမှ ကာကွယ်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ လကုန်ပြီး ၈ ရက်ခန့်မှ လစာရသော ဝန်ထမ်း တစ်ဦးအတွက် အလုပ်ထွက်ရန်ခက်ခဲကြောင်းအလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြော သည်။

“ဒီလိုဘာကြောင့် ဖြစ်ရသလဲဆို တော့ အလုပ်လုပ်ချင်တဲ့လူကများပြီး အလုပ်ကရှားနေလို့ပဲ။ ပြီးတော့ သက်ဆိုင်ရာကိုတိုင်ကြားတဲ့ ဓလေ့ကရှားတော့ ကျင့်ဝတ်မရှိတဲ့ လုပ်ငန်းရှင် တွေက ထင်သလို လုပ်ကြတော့တာပေါ့”ဟု ရှေ့နေကြီးတစ်ဦးက သုံးသပ်ပြောဆိုထားသည့်သတင်းအားPopular News ဂျာနယ်တွင်ဖော်ပြထားပါသည်။

လုပ်ချင်လိုက်တဲ့ခေတ်မှီတိုးတက်တဲ့နိုင်ငံ ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက်ထုတ်လိုက်ရတဲ့ဥပဒေ တကယ်ဖြစ်လာတော့ပြည်သူများဘာခံစားခွင့်ရှိလဲ?


ပျော်ရွှင်ဘို့သွားတာကံကောင်းလို့မသေခဲ့ဘဲလက်သုံးချောင်းပြတ်သွားတဲ့ မောင်တင်အောင်ဖြိုး

ပြည်သူများ စိတ်လက်အပန်းဖြေသော နေရာများနှင့် ကလေးကစားကွင်းများ၊ ပန်းခြံများကို အစိုးရက ပုဂ္ဂလိကကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်များ ချထားပေးလျက်ရှိရာ အပန်းဖြေကြသော ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ဥပဒေတစ်ရပ် လိုအပ်သောကြောင့် “ပြည်သူ့အပန်းဖြေနေရာနှင့် ကလေးကစားကွင်းများ ဘေးကင်းလုံခြုံရေးဥပဒေ” တစ်ရပ်ကို ရေးဆွဲပြီး အမျိုးသားလွှတ်တော်သို့ တရားဝင်တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

ဇွန်လ ၁ရက်နေ့က ပြည်သူ့ရင်ပြင်၊ ရေလွှာဥယျာဉ်တွင် အသက် ၂၄နှစ်အရွယ် မောင်ဖိုးခွားခွား(ခ) စန်းထွန်းဝင်း ရေလွှာလျှောစီးရင်း သေဆုံးခဲ့မှု၊ ယင်းနေ့တွင်ပင် အသက် ၂၁နှစ်အရွယ် မောင်တင်အောင်ဖြိုး ရေလွှာလျှောစီးရင်း အရှိန်ထိန်းရာမှ ရေလွှာလျှောရှိ ဟနေသော သံပြားအတွင်းသို့ လက်သုံးချောင်းဝင်သွားပြီး လက်ချောင်းသုံးချောင်း ပြတ်သွားခဲ့ရမှုများနှင့် ပတ်သက်ပြီး သုံးသပ်ခဲ့ရာ ပြည်သူများ အပန်းဖြေနေရာများနှင့် ကစားကွင်များတွင် ဘေးကင်းလုံခြုံရေးအတွက် အားနည်းချက်များ၊ လုပ်ဆောင်သင့်သော အချက်များကို တိကျစွာ မလုပ်ဆောင်ခဲ့ခြင်းများကို စစ်ဆေးတွေ့ရှိရပြီး ဥပဒေပိုင်းအရလည်း အားနည်းချက်များရှိကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“သေသွားတဲ့ကလေးကလည်း သေသွားပြီ။ လက်ပြတ်သွားတဲ့ကလေးကလည်း တစ်ဘဝလုံး မသန်မစွမ်းဘဝနဲ့ နေသွားရတော့မယ်။ နောင်ဒီလို အဖြစ်မျိုးတွေ ထပ်မဖြစ်အောင်၊ နောင်အနာဂတ်မျိုးဆက်တွေ မသေအောင် ကျွန်တော်တို့က လုပ်စရာရှိတာ လုပ်ဖို့လိုတယ်။ ကျွန်တော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်ရအောင်၊ ဒီဖြစ်ရပ်တွေ နမူနာထားပြီး လွှတ်တော်မှာ ဥပဒေကြမ်း တင်မယ်။ နောင်လူငယ်တွေ ဒီလိုအဖြစ်မျိုး မကြုံအောင် ကာကွယ်သွားဖို့လိုတယ်” ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အသက် ၆၀အရွယ် တရားလွှတ်တော် ရှေ့နေတစ်ဦးကမူ “လူသေမှုဖြစ်သွားပြီးပြီ။ ဖြစ်တဲ့နေရာလည်း သိတယ်ဆိုရင် တရားရုံးမှာ ဦးတိုက်လျှောက်လို့ရတယ်။ သေမှုသေခင်းကနေ လူသေမှု၊ လူသေမှုကနေ လူသတ်မှုမြောက်တဲ့အထိ ဖြစ်သွားတဲ့ အမှုအခင်းတွေ အရင်က ရှိခဲ့တယ်။ ဒါကတော့ တရားဥပဒေရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်။ သေသွားတဲ့ဘက်က ကိုယ့်လူတစ်ယောက်လုံး ဆုံးရှုံးသွားတာကို ငြိမ်ခံမနေဘဲ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့ လိုတယ်” ဟု သုံးသပ်ပြောကြားသည်။ ရန်ကုန်မြို့ရှိ အသက် ၄၀ကျော်အရွယ် အထက်တန်းရှေ့နေတစ်ဦးကလည်း ပြည်သူများ ဘေးကင်းလုံခြုံစွာ အပန်းဖြေနိုင်ရေး ဥပဒေတစ်ရပ် လိုအပ်သည်ဟုရှင်းလင်းပြောကြားခဲ့ကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။