31 August 2010

မြန်မာ့ကျောင်းသားများအစည်းအရုံး(ဆန်ဖရန်စစ္စကို-ဘေးဧရိယာ) အဖွဲ့မှ အဖွဲ့ဝင်အချို့က ဦးဆောင်လုပ်မဲ့ ဆန်ဖရန်စစ္စကိုမြို့ ၀ိုင်းစုခိုင်သိန်း စတိတ်ရှိုးပွဲ။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ၌ စက်တင်ဘာလ (၄)ရက်နေ့ စနေနေ့တွင် ညနေ(၆)နာရီမှ ည(၁၀)နာရီအထိ မင်းမော်ကွန်း၊ ရဲလေး၊ Lဆိုင်းဇီ၊ ရေဗက္က၀င်းနှင့် ၀ိုင်းစုခိုင်သိန်း တို့မှ တေးဂီတ စင်တင်ဖြေဖျော်ပွဲ ပြုလုပ်ကြမည်ဖြစ်ပါသည်။


၎င်း အဆိုတော်များထဲတွင်ပါဝင်သော ၀ိုင်းစုခိုင်သိန်းမှာ ၊ ၈၈ အရေးတော်ပုံကြီးနှင့် ဦးသန့်အရေးအခင်း တို့ကိုယုတ်မာစော်ကားစွာပုံဖျက်ထားသော သမိုင်းကြောင်းအတုဖြင့် စစ်အစိုးရ၏ ၀ါဒဖြန့်ချီရေး ဇတ်ကားဖြစ်သော အာရုံဦးမှာ ဖူးသည့်ကြာ ဇတ်ကားတွင် နအဖလက်ပါးစေ သရုပ်ဆောင် မင်းသမီးအဖြစ် တတ်ကြွစွာ ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။


ယခုအချိန်ခါတွင် ၀ိုင်စုခိုင်သိန်းပါဝင်သော စတိတ်ရှိုးပွဲများကို အမေရိကန်ပြည်ထောင်စု အနယ်နယ်အရပ်ရပ် မြို့များတွင်မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ၀ိုင်ဝန်းဆန္ဒပြနေကြသည့် သတင်းများလည်း များစွာတွေ့မြင်နေရပါသည်။


ယခု ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ၀ိုင်းစုခိုင်သိန်း၏ စတိတ်ရှိုးပွဲကိုလည်း ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ အင်တိုက်အားတိုက် ၀ိုင်းဝန်း ဆန္ဒပြကြမည့်ဟု ဘေးဧရိယာမှ သတင်းရရှိပါသည်။


ဆန်ဖရန်စစ္စကို၏ ၀ိုင်းစုခိုင်သိန်း စတိတ်ရှိုးပွဲ ထူးခြားချက်မှာ သာမန်စီပွားရေးသမားများက ပွဲကန်ထရိုက်သွင်း ကျင်းပပြုလုပ်ကြခြင်းမဟုတ်ဘဲ၊ ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသည့် မြန်မာ့ကျောင်းသားများအစည်းအရုံး(ဆန်ဖရန်စစ္စကို-ဘေးဧရိယာ) အဖွဲ့မှ အဖွဲ့ဝင်အချို့က ဦးဆောင် ပွဲကန်ထရိုက်သွင်း ကျင်းပကြမည့် စတိတ်ရှိုးပွဲဖြစ်ကြောင်း ဘေးဧရိယာမှ သတင်းရရှိပါသည်။


ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အင်းအာစုများမှ ဒီမိုကရေစီအမည်ခံ တာဝန်မဲ့သူ အချို့၏ ယင်းကဲ့သို့ မျက်နှာပြောင်တိုက်သော ကိုယ်ကျိုးကြည့် လုပ်ရပ်ကို များစွာဝိုင်းဝန်း ရုတ်ချနေကြကြောင်း ဘေးဧရိယာမှ သတင်းရှိပါသည်။





မှတ်ချက်။ ။ ပူးတွဲပါသော စတိတ်ရှိုးပွဲ လက်ကမ်း ကြော်ငြာကို ကြည့်ရှုနိုင်ပါသည်။ ၎င်းပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ကိုချစ်ခင်မှာ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတစ်ဦးနှင့် မြန်မာ့ကျောင်းသားများအစည်းအရုံး(ဆန်ဖရန်စစ္စကို-ဘေးဧရိယာ) အဖွဲ့မှအဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။

ပေးပို့ ပေးသော ကိုမိုးကျော်သူ အားကျေးဇူး တင်ရှိပါသည်.။