မင်းကိုနိုင်
စီစဉ်သူ့ စကား
စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန်၊ သို့မဟုတ် ကန့်ကွက်ရန်သည် စာပေအနုပညာ၏ ရည်ရွယ်ချက်မဟုတ်ပေ။ စာပေသည် အနုပညာပစ္စည်းဖြစ်ကာ ယဉ်ကျေးမှုကိစ္ခဖြစ်
သည်။ သို့သော် စာပေသည် ထိုစာပေကို ဖန်တီးသူ နေထိုင်ဖြတ်သန်း ရသောခေတ်၏ အလင်းအမှောင်၊ အဆိုးအကောင်း တို့ကိုမူ ထင်ဟပ် ဖော်ပြလေသည်။
အနုပညာဖန်တီးသူ၊စာရေးသူတို့သည်လောကထဲမှအလှတရားကိုကြိုးစားဖော်ထုတ်ကြသည်။မှန်ကန်စွာ ယုံကြည်မှုနှင့် လူသား၏ကောင်းကျိုးချမ်းသာကို ကာကွယ်စောင့်ရှောက်ခြင်းသည် ကမ္ဘာလောကကို လှပစေသောတရား၊ သစ္စာမည်ပါသည်။
သို့ကြောင့်ပင် စာပေအနုပညာဟူသည် လောကအလှတရားနှင့်ယှဉ်ကာဖူးပွင့်သောပန်းဟုဆိုထိုက်သည်။ သို့သော် ထိုပန်းကို စိုက်ပျိုးသူတို့ ဘဝကား ဖြောင့်ဖြူးလှပခြင်း မရှိတတ်။
ယုံကြည်မှုအတွက် သူ့ဘဝ၏အကောင်းဆုံးအချိန်များကို နံရံလေးဘက်ကြား ရင်းနှီးမြှုပ်နှံခဲ့၊ ယခုတဖန် ရင်းနှီးမြှုပ်နှံဆဲဖြစ်သော်လည်း သူသည် နိုင်ငံရေးသတ္တဝါမျှသာမဟုတ်ပေ။စကားလုံးများ၊အတွေးစိတ်ကူး
များဖြင့် ဖန်တီးခဲ့သော်လည်း သူသည်အိပ်မက်နှင့် တောကစားနေသော အနုပညာသည်မျှသာ မဟုတ်။
သူ့နှလုံးသားသည်သန့်စင်သန်မာစွာလှုပ်ခုန်နေလေသည်။ချစ်ခြင်းအားဖြင့်ယုံကြည်မှုသည်ပိုလို့လင်း
လက်တောက်ပလာသည်။သူသည်သူဖြတ်သန်းသောသမိုင်းခေတ်ကိုရိုးရှင်းလှပစွာဖွဲ့နွဲ့တတ်သူဖြစ်
ကြောင်း တွေ့မြင်ရသည်။ ထိုအဖွဲ့အနွဲ့သည် သမိုင်း၏ မှန်ကူကွက်တခုအဖြစ် ပြိုးပြက် ကျန်ခဲ့လိမ့်မည်
ဟု ကျနော်တို့ ယုံကြည်သည်။
သူသည်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီကိုချက်ကြိုးနှင့်အတူအဖြတ်ခံခဲ့ရသောမျိုးဆက်ကိုကိုယ်စားပြု
သည်။၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် သူ့ အသက် ၄၇ နှစ်ပြည့်ပြီ။ သံတိုင်နောက်က မွေးနေ့ ကိတ်ပေါ်တွင် ကျနော်တို့ ဖယောင်းတိုင် ထွန်းခွင့်မရသော်လည်း သူ့နှလုံးသား၏အလင်းရောင်ကို
အားလုံးထံ ပျံ့နှံ့ရန် သည်စာအုပ် ငယ်ထုတ်ဝေခြင်းသည်ပင် ကျနော်တို့ သူ့ အပေါ်ထားသော အချစ်နှင့် ဂါရဝဖြစ်သည်။
အမှန်နှင့်အမှား၊အကောင်းနှင့်အဆိုး၊အသစ်နှင့်အဟောင်းတို့မည်သည်အားပြိုင်မြဲ၊ယှဉ်ပြိုင်တိုက်ခိုက်မြဲ
ဖြစ်သည်။ အဆုံးတွင်မူ အကောင်ကနိုင်မြဲ၊ အမှန်ကအောင်ပွဲခံမြဲ၊အသစ်ကအစားတိုးနေရာယူမြဲသာဖြစ်
ကြောင်း သမိုင်း ဇာတ်ကြောင်းများက သက်သေခံနေသည်ကို သတိမူအပ်သည်။ အမှန်တကယ်တွင် ထိုဇာတ်ကွက်များကို သူရဲကောင်း များဖြင့်သာ ကပြခဲ့သည်မဟုတ်။
လူ့ အဖွဲ့အစည်းတခု၏ အခြေခံအကျဆုံး လူထုကြီးသည်သာ သမိုင်း၏ ဇာတ်လိုက် ကျော်များဖြစ်ကြောင်း သူက လှပရိုးရှင်းစွာ ဖွင့်ဟဖော်ကျူးပြခဲ့သည်။လိုရာခရီးကို မောင်;နှင်ရာတွင် ရှေ့ကိုသွားရန် နောက်ကိုကြည့်ကြရသည်သာ။ သူချစ်ခင်သော ပြည်သူလူထုကြီးထံ သူကိုယ်တိုင် ပေးပို့လိုက်သော မွေးနေ့ လက်ဆောင်မှာ နောက်ကြည့်မှန်တချပ်ဖြစ်ကြောင်း အံအားသင့်ဖွယ်ရာ တွေ့ကြရပေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
Ko Min Ko Naing Book(နောက်ကြည့်မှန်)
အားလုံးဖတ်လို့ ရအောင် လုပ်ပေးသော သူငယ်ချင်း ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။