01 January 2011

နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ လိုရင်းဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည်

လူသစ် စိတ်သစ် နှစ်သစ်


အတွေးမှားနေသူသည်
အနှစ်မဲ့ကို အနှစ်ရှိဟုထင်၏။
အနှစ်ရှိကို အနှစ်မဲ့ဟုထင်၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရကို မတွေ့ရှိနိုင်ပေ။
အတွေးမှန်သူသည်
အနှစ်ရှိသည်ကို
အနှစ်ရှိသည်ဟု သိ၏။
အနှစ်မဲ့သည်ကို
အနှစ်မဲ့ဟု သိ၏။
ထို့ကြောင့် အစစ်အမှန်
အနှစ်သာရ တွေ့ရှိနိုင်လေ၏။
(ဓမ္မပဒ)

နှစ်စဉ် ဇန်န၀ါရီလ ၁ ရက် နေ့သည် ခရစ်နှစ် နှစ်သစ်ကူး ဖြစ်၍ ဧပြီလ ၁၇ ရက်၊ သို့မဟုတ် ၁၈ရက် သည် မြန်မာနှစ်သစ်ကူး ဖြစ်သည်။ သင်္ကြန်အကြတ်နေ့က တစ်ရက်တည်း ဆိုလျှင် ဧပြီလ ၁၇ ရက်သည် ပုံမှန် နှစ်ဆန်းတစ်ရက်နေ့ကျသည်။ တစ် ခါတစ်ရံ သင်္ကြန်အကြတ်က နှစ်ရက်ဖြစ်သွားလျှင် နှစ်ဆန်းတစ်ရက်က ၁၈ ရက်နေ့ ဖြစ်သွားသည်။ မြန်မာနှစ်ကူးသည် အဘယ်ကြောင့် မြန်မာရက်နှင့် မသတ်မှတ်ပါသနည်း။

၁၂ လကို တစ်နှစ်ဟု သတ်မှတ်ထားရာ ၁၂ လ ကုန်တိုင်း ကုန်တိုင်း နှစ်ကူးလျှင် နှစ်သစ်ကူးဟု ခေါ်ကြသည်။ ကျန်ခဲ့သော နှစ်ကို နှစ်ဟောင်း၊ ပြောင်းရမည့် နှစ်ကို နှစ်သစ်၊ ထိုသို့ သတ်မှတ်ကြသည်။ ထို နှစ်သစ်ကူးပွဲတော်ကိုလည်း သူ့လူမျိုး၊ သူ့နိုင်ငံ၊ သူ့ဘာသာ၊ သူ့ဓလေ့အရ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲ၍ နှစ်သစ်ကို ကြိုဆိုကြသည်။ နှစ်တွေက နှစ်ကူးတိုင်းကူးတိုင်း သစ်ခဲ့သည်။ လူကကောလိုက်၍ သစ်ပါရဲ့လား။ စိတ်ကကောလိုက်၍ သစ်ပါရဲ့လား။
နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ လိုရင်းဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည် . . .

လူအများစု အသစ်ကို နှစ်သက်ကြသည်။ အပြင်ထွက်လျှင် အ၀တ်အစား အသစ်တွေ ၀တ်ဆင်၍ ထွက်ကြသည်။ဖိနပ်အသစ်လေးကို ချ၍စီးသည်။ အခြား အသုံးအဆောင် ပစ္စည်းလေးတွေကိုလည်း အသစ်ကိုပဲ သုံးစွဲကြသည်။ငွေကြေးတတ်နိုင်သူများက အိမ်သစ်၊ တိုက်သစ်နှင့် နေကြသည်။ မော်ဒယ်လ်မြင့် ကားအသစ်ကို ၀ယ်စီးကြသည်။ ပစ္စည်းဟူသမျှ အားလုံး အသစ်ကျပ်ချွတ်ကို သုံးစွဲကြသည်။ လူကသာ မသစ်ချင်နေမည်။ စိတ်ကသာ မသစ်ချင်နေမည်။ ပစ္စည်းကို တော့ အသစ်မှသုံးကြသည်။

အသစ်တွေ ဘယ်လိုကောင်းသော်လည်း အဟောင်းကို တလည်လည် ဟူသော ဆိုစကားကလည်း ရှိသေးသည်။ ဆန်ဟောင်းနှင့်ဆန်သစ်၊ ဆန်ဟောင်းက ဈေးပိုသည်။ ရှေးဟောင်းပစ္စည်းတွေ တော်တော် တန်ဖိုးကြီးသည်၊ မကြာမီက ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရသည်၊ အင်္ဂလန်မှာ အိမ်ရှင်းရင်း အမှိုက်ပုံထဲကနေ ထွက်လာသည့် ၁၈ ရာစုလောက်က တရုတ်ပန်းအိုးတစ်လုံး လေလံတင်၍ ရောင်းချရာ ပေါင် ၂၄ သန်း ရသတဲ့။ နားတောင် မလည်နိုင်အောင်ပင်။ ထို ပစ္စည်းက ဘယ်လောက်များ အသုံးကျ၍ ဤမျှတန်ဖိုးရှိနေပါသနည်း။ ရှေးဟောင်းဘုရားဆင်းတုတွေ အလွန်တန်ဖိုးကြီးသည်။ ရှေးဟောင်းပန်းချီကားတွေ အလွန်တန်ဖိုးကြီးသည်။ ထို့ကြောင့် ကြာလေကောင်းလေ၊ ဟောင်းလေသစ်လေ ဟူသော ဆိုရိုးစကား ပေါ်လာလေသလား။

'နိစ္စံ န၀ါဝ သင်္ခါရာ' ဟူသော ဒေသနာပါဠိအရ ဥပါဒ် ဌီ ဘင်ဟူ သော ခဏသုံးပါးနှင့်ကြည့်က အားလုံး ဖြစ်တည်ပျက်၊ ဖြစ်တည်ပျက်မို့ အဟောင်းဟူ၍ဘာတစ်ခုမျှမရှိ၊ အားလုံး အသစ်ချည်းသာတည်း။ ထိုပါဠိကို တောင်မြို့ဆရာတော်က အနက် ပြန်ရာတွင် 'သင်္ခါရာ-ရုပ်နာမ် သင်္ခါရတရားတို့သည်၊ နိစ္စံန၀ါဝ- အမြဲ ဖြစ်လျက် အသစ်စက်စက်တို့ချည်းသာတည်း'ဟု အနက် မြန်မာပြန်ခဲ့သည်။ ဖြစ်တည် ပျက်ပျောက်၊ ဖြစ်တည်ပျက်ပျောက်မို့ ဖြစ်သမျ ရုပ်တွေနာမ်တွေသည် အဟောင်း အဟောင်းဟူ၍ ဘာတစ်ခုမျှ မရှိ။ အားလုံး အသစ်အသစ်တွေချည်းပင် ဖြစ်သည်။ အတွေးအမြင်၌ ဆရာ တစ်ယောက်က 'အတွေးသစ်ဆိုတာ မရှိ' ဟူ၍ ရေးထားရာ ဤဒေသနာ ပါဠိကို သတိပြုဖို့သင့်သည်။

ရက်ကွက်တစ်ခု၌ မျက်နှာစိမ်းတွေ ပြောင်းရွှေ့လာလျှင် လူသစ်တွေဟု ပြောကြသည်။ လုပ်ငန်းခွင် တစ်ခုခုမှာလည်း နောက်မှ နောက်မှ ရောက်လာသူတွေကို လူသစ်တွေဟု ပြောကြသည်။ တချို့ လူသစ်တန်းဟု ခေါ်သည်လည်း ရှိသည်။ တချို့ သိပ်မမြင်ဖူးသော မျက်နှာစိမ်းများကိုလည်း မျက်နှာသစ်ဟု ခေါ်ကြသည်။ နေရာအသစ်ကြောင့် လူသစ် ဖြစ်ရလေသလော၊ အလုပ်အသစ်ကြောင့် လူသစ် ဖြစ်ရလေသလော၊ တချို့ ပြီးခဲ့သော အကောင်းအဆိုး အခြေအနေတွေကို ထားခဲ့ပြီး အလုပ်သစ်တစ်ခု စလုပ်လျှင် ဘ၀သစ် ပြန်စသည်ဟု ဆိုကြသည်။ အမိဝမ်းက ကျွတ်ကျွတ်ချင်း အနေအထားကိုတော့ ဘ၀သစ်ဟု မခေါ်ဝေါ်၊ အမှန်က အမိဝမ်းက ကျွတ်ကျွတ်ချင်း ထိုအခိုက်အတန့်က ဘ၀သစ်စခဲ့သည် မဟုတ်လော။

အဟောင်းအဟောင်းတွေ၌ အကောင်းအကောင်းတွေ ရှိသည် မှန်သော်လည်း အများစုကတော့ အသစ်မှ ကြိုက်ကြသည်ကား အမှန်ပင်။ အသစ် အသစ်မှ ကြိုက်သူတွေ မိမိတို့ ကိုယ်တိုင်ကော ဘာတွေများ သစ်ပါသနည်း။ လူကောသစ်ပါ၏လော။ စိတ်ကောသစ်ပါ၏လော။ နှစ်သစ်တွေ၊ နှစ်သစ်တွေ နှစ်တိုင်း ကျော်ဖြတ်ခဲ့ကြသည်။ လူကား သစ် မသစ် စိတ်ကား သစ် မသစ်၊ ပြန်လည်ဆန်းစစ်ဖြစ် ပါ၏လော။

ကာလာချိန်းတိုင်း၊ ကာလာချိန်းတိုင်း သစ်နေပေလိမ့်မည်။ နှစ်သစ်ချင် သစ်၊ မသစ်ချင်နေ၊ လူသစ်ချင်သစ်၊ မသစ်ချင်နေ စိတ်ကတော့ သစ်နေဖို့ လိုအပ်သည်။ စိတ်သာရှင်စော ဘုရားဟော။ အရာရာ စိတ်သာပဓာနမို့ စိတ်သစ်ဖို့သာ အရေးကြီးသည်။

'အာရမ္မဏံ စိန္တေတီတိ စိတံ္တ' ဟူသော ၀ိဂြိုဟ်အရ အာရုံကို ကြံစည်တတ်၊ တွေးတောတတ်သောကြောင့် 'စိတ်'ဟု ခေါ်ရသည်။ စိတ်ကို အတွေးများနှင့် တည်ဆောက်ထားသည်။ 'လူကြံရင်းသေ၊ ငှက်ပျံရင်းသေ'ဟူသော ဆိုရိုးစကားကို ကြည့် လျင်လည်း လူဟူသည်မှာ အတွေးသမား၊ အကြံသမားတွေသာ ဖြစ်သည်။ တစ်ခုခုတော့ သူကြံနေသည်။ တစ်ခုခုတော့ သူတွေးနေသည်။ ထိုသို့ တွေးရင်းကြံရင်းနှင့်ပဲ လူသည် အသက်ထွက်ရသည်။ ထို့ကြောင့် 'လူကြံရင်း သေ'ဟု ဆိုရိုးစကား ထားခဲ့ကြသည်။

နှစ်သစ်၊ လူသစ် ဘာတွေ ဘယ်လိုသစ်သစ်၊ အရေးကြီးတာကတော့ စိတ်သစ်ဖို့သာ လိုရင်း ဖြစ်သည်။ စိတ်သစ်မှသာ လောကသစ်ကို တွေ့ရှိလိမ့်မည်။ စိတ်ဟောင်းချည်းနှင့်သာ တလည်လည် ဆိုလျှင်တော့ ခေတ်ဟောင်းကိုပဲ ပြန်ရောက်ဦးမည်။ လောကဟောင်းကိုပဲ ပြန်ရောက်ဦးမည်။ စိတ်ကိုအတွေးက ပြဋ္ဌာန်းတာဆိုတော့ စိတ်သစ်ဖို့အတွက် အတွေးသစ်ရပါလိမ့်မည်။ အတွေးသစ်မှသာ စိတ်ကလည်း သစ်ပါလိမ့်မည်။

အတွေးကို ပါဠိလို သင်္ကပ္ပဟုလည်း ခေါ်၏။ ၀ိတက်ဟုလည်း သုံး၏။ ၀ိတက်ကိုတော့ အများသိကြပါသည်။ ထိုအတွေးသည် သမ္မာနှင့် မိစ္ဆာ နှစ်မျိုးသာရှိ၏။ အတွေးက သမ္မာ ဖြစ်လျှင် မှန်ကန်၏။ သမ္မာဖြစ်လျှင် သစ်၏။ အတွေးက မိစ္ဆာဖြစ်လျှင် မှားယွင်း၏။ မိစ္ဆာဖြစ်လျှင် ဟောင်းနွမ်း၏။ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက် သုံးမျိုးတို့သည် မိစ္ဆာဝိတက်များ ဖြစ်ကြ၏။ သူတို့နှင့် ဆန့်ကျင်ဘက် နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက် သုံးမျိုးတို့သည် သမ္မာဝိတက်များ ဖြစ်ကြ၏။

သတ္တ၀ါတွေ (မိမိတို့တစ်တွေ) သံသရာတစ်လျှောက်လုံး အဘယ်အတွေးတွေများ တွေးခဲ့ကြပါသနည်း။ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက် တို့သာ အတွေးများခဲ့ကြ၏။ ထို့ကြောင့် ထိုဝိတက် သုံးမျိုးတို့သည် သံသရာအဆက် ဘ၀အဆက် ဆက် တွေးလာခဲ့ကြသဖြင့် ဟောင်းနေ၊ ဆွေးနေ၊ မြည့်နေသော အတွေးဟောင်းများသာ ဖြစ်ကြလေ၏။ ရှေးဟောင်းပစ္စည်းတွေ အဘယ်မျှပင် ဟောင်းနေပါစေ ဤအတွေးဟောင်းများ လောက်တော့ ဟောင်းလိမ့်မည် မဟုတ်ပေ။ ရှေးဟောင်းပစ္စည်းတွေက နှစ်ပရိစ္ဆေဒ ခန့်မှန်းတွက်ချက်၍ ရသေး၏။ ဤအတွေးဟောင်းတွေကနှစ်ပရိစ္ဆေဒ မည်သို့မျှ ခန့်မှန်းတွက်ချက်၍ မရပေ။

ကာမ၀ိတက်ဟူသည် ကာမကို တွေးခြင်း ဖြစ်၏။ ကာမဟူသည် လိုချင်စရာ တပ်မက်စရာ ဆွဲဆောင်မှု အပြင်းစား၊ သက်ရှိသက်မဲ့ အာရုံငါးမျိုးလုံးကို ခေါ်၏။ ရဖို့တွေးခြင်း၊ ယူဖို့တွေးခြင်း၊ သာယာခံစားဖို့တွေးခြင်း၊ ငါ့ဖို့တွေးခြင်း၊ ငါ့မိသားစု၊ ငါ့အသိုင်းအ၀ိုင်း၊ ငါနီးစပ်ရာ၊ ငါ့အုပ်စုအတွက် တွေးခြင်း စသော အတ္တနယ်နိမိတ်အတွင်းမှ တွေးခြင်း ဟူသမျှသည် ကာမ၀ိတက်များပင် ဖြစ်ကြ၏။ ဂုဏ်ရဖို့တွေးခြင်း၊ လာဘ်ရဖို့တွေးခြင်း၊ ထင်ပေါ်ကျော်ကြားဖို့တွေးခြင်း တို့သည်လည်း ကာမ၀ိ တက်များပင် ဖြစ်သည်။ အချီးကျူးခံရဖို့၊ ဂုဏ်ပြုခံရဖို့၊ အပူဇော်ခံရဖို့၊ အပသခံရဖို့၊ အလေးအမြတ်ပြုခံရဖို့၊ ကျော်ကြားအောင်မြင်ဖို့ တွေးခြင်းများသည်လည်း ကာမ၀ိတက်၏ အနွယ်များပင် ဖြစ်ကြ၏။ ကာမ၀ိတက်ဟူသည် နယ်ကျယ်လှ၏။ ကာမဘုံ သား အများစုကလည်း ကာမကိုသာ စိတ်ဝင်စားကြလေတော့ ကာမ၀ိတက်နှင့်ပဲ အချိန်ကုန်ကာ အတွေးဟောင်းထဲမှ ရုန်းမထွက်နိုင်ဘဲ ရှိကြလေ၏။

ဗျာပါဒ၀ိတက်ဟူသည် သတ်ဖြတ်ဖို့၊ ဖျက်ဆီးဖို့၊ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်းကို တွေးတောခြင်း ဖြစ်၏။ ၀ိဟိံသာဝိတက်ဟူသည် ညှဉ်းပန်းနှိပ်စက်ဖို့၊ ဒုက္ခပေးဖို့၊ ချောက်တွန်းဖို့ တွေးတောခြင်း ဖြစ်၏။ ဤ၀ိတက်နှစ်ခုကတော့ အဖြစ် နည်းနိုင်ပါ၏။ အဖြစ်များတာကတော့ ကာမ၀ိတက်သာဖြစ်၏။ ကာမဘုံသားသည် ကာမကိုသာ သူ အဓိက စိတ်ဝင်စား၏။

အတွေးသစ်ဟူသည် နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက်ဟူသော သမ္မာသင်္ကပ္ပ၊ သမ္မာဝိတက် သုံးမျိုးဖြစ်၏။ ကာမ၀ိတက်က လောဘနှင့်တွေးခြင်း ဖြစ်၏။ ရဖို့၊ ယူဖို့၊ ပိုင်ဆိုင်ဖို့သာ တွေး၏။ နေက္ခမ္မ၀ိတက်က အလောဘနှင့် တွေးခြင်း ဖြစ်၏။ စွန့်လွှတ် အနစ်နာခံဖို့၊ ကူညီရိုင်းပင်းဖို့သာ တွေး၏။ ကာမ၀ိတက်က ငါ့ဖို့သာတွေး၏။ နေက္ခမ္မ၀ိတက်က သူဖို့ပါထည့်၍တွေး၏။ ကာမ၀ိတက်က အသာစံဖို့တွေး၏။ နေက္ခမ္မ၀ိတက်က အနာခံဖို့ တွေး၏။ ကာမ၀ိတက်က အတ္တဟိတ ကို တွေး၏။ နေက္ခမ္မ၀ိတက်က ပရဟိတကိုတွေး၏။ အဗျာပါဒ၀ိတက်က မေတ္တာနှင့်ယှဉ်၍ တွေး၏ အ၀ိဟိံသာဝိတက်က ကရုဏာနှင့်ယှဉ်၍ တွေး၏။

ဤနေက္ခမ္မ၊ အဗျာပါဒ၊ အ၀ိဟိံသာဟူသော သမ္မာဝိတက် သုံးမျိုးသည် အမြဲတမ်း တွေးနေနိုင်သည် မဟုတ်၊ တစ်ခါတစ်ခါမှသာ တွေးဖြစ်၏။ ထို့ကြောင့် သူတို့သည် ဟောင်းသွား၊ နွမ်းသွားသည် ဟူ၍ မရှိ။ အမြဲတမ်း သစ်လွင်တောက်ပြောင်နေ၏။ ဥပမာ-အပြင်ထွက်မှ သို့မဟုတ် ပွဲလမ်းရှိမှ ထုတ်၍၀တ်သော ၀တ်ကောင်း စားကောင်းများနှင့် တူ၏။ ကာမ၊ ဗျာပါဒ၊ ၀ိဟိံသာဟူသော မိစ္ဆာဝိတက် သုံးမျိုးကတော့ အိမ်မှာ အမြဲဝတ်နေသော အ၀တ်အစားအဟောင်းများနှင့် တူကြ၏။ စိတ်ဟူသည်မှာ သူချည်း သက်သက် အသစ်လည်းမဟုတ်၊ အဟောင်းလည်း မဟုတ်။ စိတ်ကို အတွေးများကသာ ချယ်လှယ်လေတော့ လောဘဒေါသတို့ မောင်းနှင်ရာနောက်လိုက်ကာ လောဘနှင့်ပေါင်းတွေး၊ ဒေါသနှင့်ပေါင်းတွေးဆိုလျှင်တော့ အတွေးဟောင်းတွေကိုသာ ထပ်ချည်းတလဲလဲ တွေးနေသဖြင့် စိတ်ကလည်း မည်သို့မျှ သစ်၍မလာနိုင်ပေ။ သစ်လွင်တောက်ပ၍ မလာနိုင်ပေ။ စိတ်ဟောင်း၊ စိတ်နွမ်း၊ စိတ်ဆွေးတို့သာ ဖြစ်နေကြပေလိမ့်မည်။

စိတ်သစ်ဖို့ဆိုလျှင် လောဘ၊ ဒေါသတွေနှင့်သာ အမြဲ ပေါင်းသင်းမနေဘဲ တစ်ခါတစ်လေ လောဘနှင့် ခွဲ၊ ဒေါသနှင့်ခွဲကာ အလောဘနှင့်တွဲ၊ အဒေါသနှင့် ပေါင်းပေးရမည်။ ငါ့ဖို့မှ သူ့ဖို့သို့၊ ငါ့အကျိုးစီးပွားမှ သူ့အကျိုးစီးပွားသို့ အတ္တမှ အနတ္တသို့၊ အတ္တမှ ပရသို့ အတ္တဟိတမှ ပရဟိတသို့ အနည်းစုမှ အများစုသို့၊ အကျဉ်းမှအကျယ်သို့၊ အတိုမှအရှည်သို့၊ အပူမှအအေးသို့၊ မငြိမ်းချမ်းရာမှ ငြိမ်းချမ်းရာသို့၊ မကျေမနပ်မှ ကျေကျေနပ်နပ်သို့၊ မစုမစည်းမှ စုစုစည်းစည်းသို့၊ စိတ်အေးအေးထားကာ ခေါင်းအေးအေးထားကာ စဉ်းစား၍၊ ဆင်ခြင်၍၊ မြော်မြင်၍ တွေးပေးမည် ဆိုပါက အတွေးများသစ်၍ စိတ်ပါသစ်ပါလိမ့်မည်။ ထိုအခါ နှစ်သစ်နှင့် လိုက်ဖက်ညီစွာ လူသစ်၊ စိတ်သစ် ဖြစ်လာပါလိမ့်မည်။ လူသစ်၊ စိတ်သစ်နှင့်သာ ခေတ်သစ်ကို ထူထောင်နိုင်ပါလိမ့်မည်။

ရေးသားသူ....အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ..

နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ.. ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်.။

ယင်းကာလသုံးပါးစလုံးတွင် ကျွန်မအတွက်လည်းကောင်း၊ ကျွန်မ၏ ရည်မှန်းချက်အတွက် လည်းကောင်း.၊ ကျမ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင်..ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ စသည်စသည်ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံအများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါတယ်..။

ထိုသူများ၏ ကာယကံအားဖြင့်၊ ဝစီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်း ကူညီခဲ့သူများအတွက် ကျွန်မက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အလေးအနက် ဖော်ပြအပ်ပါတယ်..။

အထူးသဖြင့် ယခုတစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွနေသော လူငယ်များအပါအဝင် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျွန်မအလွန် ဝမ်းမြောက် ကြည်နှူးရပါသည်။ အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တဖန်နိုးထ ရှင်သန်လာရေးတို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုကွန်ယက်ကြီး တစ်ရပ် ထူထောင်ခြင်းဖြင့် ကျွန်မတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမယ်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း နှုတ်ခွန်း ဆက်သလိုက်ပါသည်.။

ရက်စွဲ ၁-၁-၂၀၁၁

ဒီမိုကရေစီရေး မုချအောင်ရမည်.

အောင်ဆန်းစုကြည်


ပြန်လည်ရေးသားဖော်ပြပါသည်။
Ohn Mar Oo facebookမှ
http://www.facebook.com/photo.php?fbid=1652319640641&set=a.1055992772842.10224.1616532735&ref=nf

31 December 2010

မြန်မာပြည်အလွမ်းပြေ ဓာတ်ပုံ မြင်ကွင်း ပုံရိပ် များနဲ့ ၂၀၁၀ ဒီဇင်ဘာလကို အဆုံးသတ်လိုက်ပါတယ်ရှင်..။

















၂၀၁၁ နှစ်သစ်မှ စ၍ မြန်မာပြည်သူများ လိုလားတောင်းတ မှုတွေ ပြည့်ဝကြပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း အပေါင်းနှင့် ပြည့်ဝကြရပါစေရှင် ..။

ဒေါ်အောင်ဆန်းစုကြည်



သီချင်းသီဆိုသူ.....ကိုဘိုလေး (သုံးရောင်ခြယ်)

မြန်မာပြည်ထဲ က ခရီးသွားပြည်သူတွေ ရဲ့ ဘဝ


ပန်းဆိုးတန်း၊ ဒလ ကူးတို့ရေယာဉ်များ ဖြစ်သော အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီးနှင့် ထီးလှိုင်ရှင် နှစ်ထပ်ရေယာဉ်ကြီးများသည် နံနက်(၅)နာရီမှ စတင်၍ ည(၉)နာရီထိ တစ်နေ့လျှင် ကူးတို့ ရေယာဉ်နှစ်စီး အလှည့်ကျ ပြေးဆွဲပေးနေသည်။ သင်္ဘောတစ်ခေါက်လျှင် မိနစ်(၂ဝ)ကျ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းတို့မှ အပြိုင်ပြေးဆွဲသည်မှာ လူတိုင်း အသိပင် ဖြစ်လေသည်။ ဧရာဝတီတိုင်းဒေသကြီး၏ ဒုတိယ ထွက်ပေါက်ဖြစ်သော ဒလမှတစ်ဆင့် ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ လက်ခုပ်ကုန်း၊ ဇနုတ်၊ ပျော်ဘွယ်ကြီးသွား ခရီးသွားပြည်သူတို့၏ ခရီးသွားလာမှု များပြားတာကြောင့် ရေကြောင်းပို့ဆောင်ရေးဌာနပိုင် ရေယာဉ်ကြီးများက ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် လူတစ်ဦးလျှင် တစ်ဆယ်ကျပ်နှုန်းဖြင့် ပို့ဆောင်ပေးနေပေသည်။ ယခုပုံတွင် မြင်တွေ့ရသည်မှာ မိနစ်(၂ဝ)ပြည့်၍ သင်္ဘောများ ကမ်းမှအခွာတွင် ခုန်တက်၍ ခရီးသည် အမျိုးသမီးတစ်ဦး လက်တန်းပေါ်ကျော်ကာ သင်္ဘောပေါ်သို့ ရောက်ဖို့ကြိုးစားနေသည်ကို အသည်းတယားယား မြင်ကွင်းအဖြစ် မှတ်တမ်းတင်လိုက်ရပါသည်။

ရေးသားသူ :အောင်မင်း(ဒလ)

30 December 2010

Time Magazine ရဲ့ ယခုလ မျက်နှာဖုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (The Fighter) ဆောင်းပါးဖြင့် ဖော်ပြပါရှိ...


Time မဂ္ဂဇင်းရဲ့ ယခုလ မျက်နှာဖုံးမှာ The Fighter Burma's Aung San Suu Kyi အမည်နဲ့ ဖော်ပြပါရှိပါတယ်...

NTDTV သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်အား သွားရောက် ဂါဝရပြုတဲ့ သတင်း ရုပ်သံပါ

၂၈ ရက်နေ့ ပြည်တွင်း သတင်း( ရုပ်သံ)

ဘဘဦးဝင်းတင် ၊ဦးအောင်းသိန်း၊ဦးအောင်ကြည်ညွှန့် တို့ ၏စကားဝိုင်း (ရုပ်သံ)

29 December 2010

ပြည်သူတွေကိုအပြောတမျိုးအလုပ်တမျိုး အမျိုးမျိုးလိမ်လည်နေတဲ့ မြို့တော်ဝန်အောင်သိန်းလင်းနဲ့ နအဖ ရဲ့လက်ကိုင်တုတ်လျှပ်တပြက်ဂျာနယ်တို့၏အင်တာဗျူး



ပြည်သူလူထု အတွက် ကတိပြုချက်နှင့်အညီ ဆောင်ရွက်ဆဲ အရှိန်အဟုန် ရနေသည့် ဖွံ့ဖြိုး တိုးတတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေဟု ပြောကြား ရန်ကုန်၊ ဒီဇင်ဘာ(၂ဝ)ရက် ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်း လင်းနှင့် လျှပ်တစ်ပြက်မှ တွေ့ဆုံ၍ သိရှိလိုသည့် အကြောင်းအရာများ ကို မေးမြန်းခဲ့သည်မှ ...


Q။ ။မြို့တော်ဝန်ကြီးခင်ဗျာ ရွေးကောက်ပွဲအလွန်ကာလမှာမြို့တော် ဝန်ကြီးရဲ့လှုပ်ရှားမှုတွေ ပိုပြီးများပြားလာသလားလို့ ဟုတ်ပါသလားခင်ဗျာ။

A။ ။ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုး တက်ရေးအတွက်အဓိကလိုအပ်သော ဘိလပ်မြေကိုစက်ရုံထူထောင်၍ ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတော်အကြီး အကဲလမ်းညွှန်ချက်နှင့်အညီ ဆောင် ရွက်ခဲ့ရာမှာပြီးခဲ့တဲ့ဧပြီလ(၂၉)ရက် တွင်အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဘိလပ်မြေများ စတင် ထွက်ရှိခဲ့သည့်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနယ်နိမိတ်အတွင်း တွင်လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများကို တိုးမြှင့် ဆောင်ရွက် လာနိုင်ခဲ့ ပါသည်။ ရွေးကောက်ပွဲ မတိုင်မီကာလကပြည်သူလူထုအတွက် ကတိပြုချက် (၅)ရပ်တွင် ပြည်သူ့ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ကတိပြုချက် တစ်ရပ်လည်း ပါရှိပါတယ်။ အဆိုပါ ကတိပြုချက်နှင့် အညီ ဆောင် ရွက်ဆဲ၊ အရှိန်အဟုန် ရနေသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။

Q။ ။အခုဂယက်ပေါင်းစုံကြားနေရတယ်။ သီရိမင်္ဂလာဈေးကြီးနဲ့ပတ်သက်လို့လည်း ဂျာနယ်တချို့နဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ရေးသားဖော်ပြနေတာတွေ့ရပါတယ်။ ဂျာနယ်တချို့ကတော့ (၂ဝ၁၁)ခုနှစ်၊ ဇန်နဝါရီ(၄)ရက်မှာ သီရိမင်္ဂလာဈေးကြီးဖွင့်မယ်လို့ အသံပေးတာတွေ,တွေ့ရပါတယ်။ သီရိမင်္ဂလာ ဈေးနဲ့ပတ်သက်လို့ ဘယ်နေ့၊ ဘယ်ရက်မှာဖွင့်မယ်ဆိုတာလေး၊ ဘယ်လို အစီအမံ တွေပြုလုပ် ထားတယ် ဆိုတာလေး ကျွန်တော်တို့ သိချင်ပါတယ်ခင်ဗျာ။

A။ ။သီရိမင်္ဂလာဈေးနှင့်ပတ်သက်၍ (၂ဝ၁ဝ)ပြည့်နှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။


Q။ ။သီရိမင်္ဂလာဈေးနဲ့ပတ်သက်လို့အရင်တုန်းကဈေးသူ၊ဈေးသားတချို့ပြောဆိုနေတာသိရပါတယ်။ အခုသီရိမင်္ဂလာဈေးသစ်ကြီးမှာ ဆိုင်ခန်းတွေဘယ်လိုနေရာပြန်လည်ချထားပေးမယ်ဆိုတာလည်း သိခွင့်ရရင် သိချင်ပါတယ်။

A။ ။ယခုသီရိမင်္ဂလာဈေးသစ်ကြီးမှာ ယခင်ဈေးဟောင်းကမြေညီထပ်နှင့် ပထမထပ်တွင်ရှိသော ဆိုင်ခန်း အားလုံးကို ဈေးသစ်ကြီးမှာနေရာချထားပေးမှာဖြစ်ပါတယ်။ စုစုပေါင်းရွှေ့ပြောင်းလာမည့် ဆိုင်ခန်းပေါင်းဟာ (၂ဝ၉၃)ခန်းရှိပါတယ်။ လစ်လပ်သွားသော သီရိမင်္ဂလာဈေးဟောင်းမှ မြေညီထပ်နှင့်ပထမထပ်အား ကားပါကင်အဖြစ်ထား ရှိမယ်လို့လျာထားပါတယ်။ ဈေးဆိုင်များအား နေရာချထားရာတွင်လည်း မဲနှိုက်နေရာချထားပေးမှာဖြစ်ပါတယ်။


Q။ ။သီရိမင်္ဂလာဈေးသစ်ကြီးအတွက်ရန်ကုန်မြို့နယ်စည်ပင်သာယာရေးကော်မတီက အခမဲ့ဆောက်လုပ်ပေးထား တယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ။


A။ ။သီရိမင်္ဂလာဈေးသစ်ကြီး ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်ငွေဖြင့် အကုန်အကျခံပြီး တော့ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ ပြောင်းရွှေ့လာတဲ့ ဈေးသူဈေးသားများ အနေဖြင့် ယခင်ဈေးဟောင်းတွင် ပေး ဆောင်ရသောအခွန်အခများအတိုင်းသာ ဆက်လက်ပေးဆောင်ရမှာဖြစ်ပါတယ်။

Q။ ။ အရင်တုန်းက သီရိ မင်္ဂလာဈေးကတော့ အထပ်ပေါင်းများ စွာဆောက်ထားပြီးတော့အခုသီရိမင်္ဂလာ ဈေးကတော့ တစ်ထပ်တည်းဆောက် ထားတာတွေ့ရတယ်။ အရင်တုန်းက ထက် ပိုမိုကျယ်ဝန်းပြီး ယာဉ်ရပ်နားစရာတွေလည်း အများကြီးတွေ့ရပါတယ်။ ပိုမိုကျယ်ဝန်းပြီး အမြန်ဆုံး ဖွံ့ဖြိုး လာမယ့်နေရာလို့ ယူဆပါတယ်။ သီရိမင်္ဂလာဈေးနဲ့ပတ်သက်လို့ လုံခြုံရေးအစီအစဉ် တွေဘယ်လိုများပြုလုပ်ထားတယ်၊ မီးဘေးအန္တရာယ်အတွက် ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာ လည်းသိချင်ပါတယ်။

A။ ။ယခုဈေးကြီးမှာ ဈေး ရောင်းချသူများ၊ ဈေးဝယ်သူများ ကျန်း မာရေးနှင့်ညီညွတ်စွာရောင်းဝယ်ဖောက်ကား၍လေဝင်လေထွက် ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော လေ ကောင်းလေသန့်ရရှိဖို့၊မီးဘေးအန္တရာယ် ကင်းရှင်းစေဖို့နဲ့မတော်တဆ မီးလောင် ကျွမ်းမှုဖြစ်ပါကလည်း အများပြည်သူ ထိခိုက်သေကြေဒဏ်ရာရရှိမှုမရှိစေရန် ရည်ရွယ်ပြီးတော့တစ်ထပ်တည်းဆောက် လုပ်ထားခြင်းဖြစ်ပါတယ်။ ကုန်တင် ယာဉ်ကြီး အစီး(၄ဝ)ခန့်နှင့် ယာဉ်ငယ် အစီး(၄ဝဝ)ခန့် တစ်ပြိုင်တည်းရပ်နား ထားနိုင်ရန် နေရာပါရှိသည့်အတွက်အတင်အချပြုလုပ်ရာတွင်လည်းကောင်း၊ နေရာကျယ်ကျယ် ပြန့်ပြန့်ရှိသဖြင့် လွတ်လွတ်လပ်လပ်အထိအခိုက်မရှိဘဲ အချိန်တိုအတွင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ယာဉ်ရပ်နား ရန်နေရာကိုလည်း လမ်းမကြီးနှင့်ခွာ၍သီးခြားဆောင်ရွက်ထားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းအန္တရာယ်ကင်း ဝေးစေမှာဖြစ်ပါတယ်။

Q။ ။ တစ်ဆက်တည်းမှာပဲရန်ကုန်မြို့ပေါ်မှာရှိတဲ့ဈေးတော်တော်များများ မီးလောင်ကျွမ်းခဲ့တာ ဘာကြောင့်လို့မြို့တော်ဝန်ကြီးထင်ပါသလဲခင်ဗျာ။

A။ ။ သစ်သားမပါဘဲ Steel Stucture ဖြင့် ဆောက်လုပ်ထားတဲ့အတွက် မီးဘေးအန္တရာယ်ကင်းဝေးစေမှာဖြစ်သလို အရေးပေါ်မီးငြိမ်းသတ်ရန်ရေနှင့်မီးသတ်အင်အား (၁၇ဝ)ဖြင့် ဆောင်ရွတ်ထားသဖြင့်မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ပြီးဖြစ်တယ်လို့သုံးသပ်ရပါတယ်။ ဈေးအတော်များများရဲ့ မီးလောင်ကျွမ်းမှုကိုစစ်ဆေးရင် အချို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်များမှာ ပေါ့ဆမှုကြောင့်ဖြစ်ကြောင်းတွေ့ရှိရပါတယ်။

Q။ ။ မြို့တော်ဝန်ကြီးခင်ဗျာ၊ ဂျာနယ်အချို့မှာ သင်္ဃန်းကျွန်းဈေးနဲ့ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် ဆက်သွယ်ဆောင်ရွက်မှုတွေမရှိဘူးဆိုပြီးတရားဆွဲမယ်လို့ ပါရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မြို့တော်ဝန်ကြီးရဲ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာ။

A။ ။ သင်္ကန်းကျွန်း ဈေးမီးလောင်မှုဖြစ်စဉ် နှင့်ပတ် သက်ပြီးတော့မီးသတ်ဦးစီးဌာနအနေနဲ့အားသွန် ခွန်စိုက် ကြိုး ပမ်းငြိမ်းသတ် မဆောင်ရွက်တာကိုတွေ့ရတယ်။ စတင် လောင်ကျွမ်းတဲ့ အချိန်မှာ ဈေးပိတ်ပြီး တဲ့အချိန်ဖြစ် တဲ့အတွက် မီးဟာမကြီးထွားသင့် ဘဲကြီး ထွားခဲ့ ရတယ်လို့ထင်မြင်ယူဆမိပါတယ်။

Q။ ။မြို့တော်ဝန်ကြီးခင်ဗျာ သီရိမင်္ဂလာဈေး သစ်ကြီး ဖွင့်လှစ်ပြီးရင် ဈေးဟောင်းကြီးကို ဘယ်လို စီမံဆောင် ရွက်မယ် ဆိုတာတွေ သိချင်ပါတယ်ခင်ဗျာ။

A။ ။သီရိမင်္ဂလာဈေးသစ်ကြီး ဖွင့်လှစ်ပြီး လျှင်ဈေးဟောင်းတွင် လစ်လပ် သွားတဲ့ မြေညီထပ်နှင့်ပထမထပ်ကိုယာဉ်ရပ်နားကွင်းအဖြစ် လေလံဖြင့်အငှားချထားမှာဖြစ်ပါတယ်။

Q။ ။နောက်ထပ်အလားတူ မီးဘေးသင့်ခဲ့တဲ့ မင်္ဂလာဈေးနဲ့ပတ်သက်လို့ ဆိုင်ခန်းတချို့ ပြန်လည်ဖွင့်လှစ်ထားတာတွေ့ရပါတယ်။ ကျန်တဲ့အထပ် တွေကိုလည်း အခကြေးငွေမယူပဲမြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်ဆောက် ပေးမယ်လို့သိရပါတယ်။ အဲဒီဈေးမှာ မီးဘေးလုံခြုံရေးအစီအမံတွေ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ သိချင်ပါတယ်။ အဲဒီဆိုင် ခန်းတွေဆောက်ပြီးသွားရင် သူတို့ကိုဘယ်လိုပုံစံနဲ့နေရာချပေးမယ်ဆိုတာသိချင်ပါတယ်။

A။ ။မီးဘေးသင့်ခဲ့တဲ့ မင်္ဂလာဈေးနဲ့ပတ်သက်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှအကုန်အကျခံ ပြုပြင်တည်ဆောက်နေ ပါတယ်။ တည်ဆောက်ဆဲကာလတွင် ဈေးရောင်းချနိုင်ရန် မူလဆိုင်ခန်း များကို မူလနေရာတွင် ပြန်လည်ရောင်းချလျက်ရှိပါတယ်။ ဈေးကြီး တစ်ဈေးလုံးပြီးစီးသွားပါက မီးစတင်လောင်ကျွမ်းသည့် ဆိုင်ခန်း(၂)ခန်း မှလွဲ၍ ကျန်ဆိုင်ခန်းများကို မူလနေရာအတိုင်း မူလဈေးသည်များကို မူလငှားရမ်းခများအတိုင်းသာပေးသွင်းစေလျက် ရောင်းချ စေမည်ဖြစ်ပါတယ်။ မီးဘေး လုံခြုံရေးနှင့်ပတ်သက်လို့ ဆိုင်ခန်းအ လိုက်မူလကာရန်ခဲ့သည့်သံတံခါးအလိပ် များကိုမကာရန်စေဘဲ သံဇကာများကို သာကာထားစေပါတယ်။ လုံလောက်တဲ့ ရေပေးဝေမှုစနစ်ကိုလည်း စီစဉ်ဆောင် ရွက်ထားပါတယ်။ ယခင်က ဆိုင်ခန်း များမှာသံတံခါးအလိပ်များတပ်ဆင်ထား သည့်အတွက် မီးလောင်သည့်နေရာကို မီးသတ်ပိုက်ရေရောက်အောင် မဖြန်းနိုင် ခဲ့သဖြင့်မီးလောင်ကျွမ်းမှုပိုမိုများရတယ် လို့သုံးသပ် ရပါတယ်.။

ှQ။ ။ မြို့တော်ဝန်ကြီးခင်ဗျာရန်ကုန်မြို့၊ကမ်းနားလမ်းမှာရှိတဲ့ငါးဈေးကြီးကိုလည်းရွှေ့ပြောင်း မယ်လို့ သိထားပါ တယ်ခင်ဗျာ။ ငါးဈေးကြီးနဲ့ ပတ်သက်လို့ သိချင်ပါတယ်ခင်ဗျာ။ ငါးဈေးကြီးကို ဘယ်နေရာမှာ အဆင့်မြင့်ငါးဈေးကြီးအဖြစ် ဘယ်လိုပုံစံနဲ့ဆောက်လုပ်မယ်၊ ဘယ်လိုပုံစံနဲ့ နေရာတွေပြန်ချပေးမယ်ဆိုတာလည်း သိချင်ပါတယ်ခင်ဗျာ။ အချိန်အားဖြင့် ဘယ်လောက်ကြန့်ကြာမယ်။ ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ စရိတ်ကျခံပြီး ဆောက်ပေး မယ်ဆိုတာ ရော ဟုတ်ပါသလား၊ ပြောပြပေးစေလိုပါတယ်ခင်ဗျာ။

A။ ။ကမ်းနားလမ်းမှာရှိတဲ့ ငါးဈေးကိုရွှေ့ပြောင်းဖို့ လောလောဆယ်အစီအစဉ်မရှိသေးပါ။

Q။ ။ရန်ကုန်မြို့ကို တစ်နေ့တစ်နေ့ငါးအရေအတွက် ပိဿာချိန်ဘယ်လောက်ဝင်နေတယ်ဆိုတာလည်း သိလိုပါ တယ်။ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ငါးတွေကိုရော ကျန်းမာရေး အရဘယ်လို များစိစစ်ပေးနေပါသလဲခင်ဗျာ။

A။ ။နေ့စဉ် ငါးဈေးသို့ ငါးဝင်ရောက်မှုမှာ ရေချိုငါးပိဿာ(၁၃ဝ,ဝဝဝ)ခန့်၊ ပုဇွန် ပိဿာ(၁၃,ဝဝဝ)ခန့်၊ ရေငန် ငါးပိဿာ(၈,ဝဝဝ)ခန့်၊ စုစုပေါင်း ပိဿာ(၁၅၁,ဝဝဝ)ခန့် ဖြစ်ပါတယ်။ နယ်အသီးသီးကို နေ့စဉ်ပိ¬ဿာ(၃၅,ဝဝဝ)ခန့် ပို့ဆောင်ပါတယ်။

Q။ ။ဟိုတလောဆီက မွေးမြူရေးငါးကန်တွေဆီမှာ ငါးတွေအစုလိုက်၊ အပြုံလိုက် သေကြေကျတယ်ဆိုတဲ့ သတင်းကြား သိရပါတယ်။ ငါးဈေးကို ဝင်လာတဲ့ငါးတွေမှာ ရော အဲဒီလို အဖြစ်အပျက်မျိုးရှိခဲ့ဖူးပါသလား။

A။ ။မွေးမြူရေးငါးကန်များတွင် ငါးတွေအစုလိုက်အပြုံလိုက် သေတာနဲ့ပတ်သက်လို့ ရန်ကုန် တစ်ဝိုက်မှာတော့ ကျွန်တော်တို့ သတင်းမရရှိပါဘူး။ ဒီမှာဝင်လာတဲ့ငါးတွေမှာလည်း ရောဂါကြောင့် သေကြေ ပျက်စီးသည့် ငါး မကြားဘူးပါ။ အခုလို အရေးတယူနဲ့ဖြေကြားပေးတဲ့အတွက် မြို့တော်ဝန်ကြီး ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..။

မသန်စွမ်းသူတစ်ဦးဖြစ်သည့် မစုပုံချစ် နည်းပညာတက္ကသိုလ်မှ (B.Tech(IT)) ဘွဲ့ရရှိခြင်း


မွေးရာပါလက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်သူ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ ဘ၀ကိုအရှုံးမပေးဘဲ စာပေပညာများလေ့လာသင်ယူခဲ့ရာ ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ B.Tech(IT)ဘွဲ့ကိုရရှိခဲ့သည်။

မစုပုံချစ်သည် လက်ရှိအချိန်တွင် B.E(IT)ဘွဲ့ကိုပင် ဆက်လက်တက်ရောက်သင်ယူလျက်ရှိပြီး တစ်ဖက်၌ မိမိကဲ့သို့ ကိုယ်အင်္ဂါမသန်စွမ်းသူများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း အဖွဲ့တွင်လည်း အလုပ်အမှုဆောင်အဖြစ် မသန်စွမ်းသူများ အရေးကိစ္စများအတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

သူမအနေဖြင့်တက္ကသိုလ်ပညာအပြင် ရှင်းပိုးဂျပန်သင်တန်းကျောင်း၌ ဂျပန်စာတက်ရောက်သင်ကြားခဲ့ပြီး ဂျပန်သံရုံးမှစစ်ဆေးသည့် JLPT စာမေးပွဲကို Level ၃ အထိအောင်မြင်ခဲ့သူဖြစ်သည်။ တက္ကသိုလ် ကျောင်း
တက်ရမှုနှင့် ပတ်သက်၍ "ကျောင်းကကျယ်ပြီး ကိုယ်ကလမ်းမလျှောက်နိုင်တော့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ကျောင်းက၀န်ထမ်းတွေက ကျောင်းထိပ်မှာ စက်ဘီးနဲ့ လာကြိုပေးကြတယ်။ မသန်စွမ်းတွေက သာမန်လူတွေနဲ့ မတူဘဲ သွားလာရေး အရမ်းခက်ခဲပါတယ်"ဟု မစုပုံချစ်က ပြောကြားခဲ့သည်။

ထို့အပြင် Association for Aid and Relife-JAPAN(AAR)၊ မသန်စွမ်းသက်ကြီးကျောင်း၊ မအဖ (ရန်ကုန်)ကျောင်းများရှိမသန်စွမ်းသူများကိုသူမ၏ဘ၀ဇာတ်ကြောင်းများနှင့်ကြိုးစားခဲ့ရပုံအကြောင်းကိုအခါအား လျော်စွာ သွားရောက်ပြောကြား၍ မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်းများလည်း ပြုလုပ်ပေးလျက်ရှိသူဖြစ်သည်။

လက်ရှိအချိန်တွင် မစုပုံချစ်သည် ငါးထပ်ကြီးဘုရားလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၀န်းအတွင်းရှိ တိုက်(အေ)၊အခန်း(၂၀၃)တွင် နေထိုင်၍ BE(IT) ဘွဲ့ရယူရန် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (လှိုင်သာယာ)၌ ပညာဆက်လက်သင်ကြားလျက်ရှိပြီး မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းအသင်းနှင့်အတူ မသန်စွမ်းသူများ၏ အရေးကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း new eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

ဒီဇင်ဘာလ VOA ဗီဒီယို သတင်း



28 December 2010

အဖွဲ့ချုပ်ရုံးတွင် ယနေ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံ (ဓာတ်ပုံသတင်း)






ဓာတ်ပုံ ...AP

ကိုယ့်တိုင်းပြည်ကို သိပ်ကို ခေတ်မှီဖွံ့ဖြိုး တိုးတက်နေတယ်လို့ ပြောပြောနေကြတဲ့ သူများ အားအားတိုင်းမပြောစေချင်..


ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလွယ်တကူဖော်ဆောင်ရ နိုင်သောအရာမဟုတ်သကဲ့သို့ ရလဒ်ကို အလွယ်တကူ သတ်မှတ်ရန်လည်း ခက်ခဲသော အရာဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု တစ်ခု၏နောက်ကွယ်တွင် ဆုတ်ယုတ်နိမ့်ကျမှု တစ်ခု အစဉ်အမြဲ ဒွန်တွဲပါလာတတ်သည်။ တစ်ဘက်က တိုးတက်လာသည်နှင့်အမျှ တစ်ဘက်က ဆုတ်ယုတ်သွားတတ်သည်မှာ ယုတ်ချဉ်းပင်မဖြစ်စေကာမူ တဖြည်းဖြည်း ဖြင့်ရုပ်လုံးပေါ်လာတတ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု တစ်ခုကို လွယ်လွယ်ဖော်ဆောင်လို့ မရသလို လွယ်လွယ်အဆုံးသတ် လိုက်လို့လည်း မရပေ။ ထို့အတူ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုနောက်တွင် ကပ်ပါလာသော ဆုတ်ယုတ်မှုများ နည်းနိုင်သမျှနည်းပါးအောင်၊ ဖြစ်နိုင်လျှင် လုံးဝမရှိအောင် ဖော်ဆောင်နိုင်သော စီမံကိန်း၊ စီမံခန့်ခွဲမှု များကိုသာ အောင်မြင်ပြောင်မြောက်သော စီမံကိန်းနှင့် ဗျူဟာမြောက်သော စီမံခန့်ခွဲမှု ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။

အလုပ်တစ်ခုကို ဆောင်ရွက်ရန်အတွက် ဦးစွာပထမ စီမံကိန်းတစ်ခု မလွဲမသွေချမှတ်ဆောင်ရွက်ကြရသည် ဖြစ်သည်။ ယင်းစီမံကိန်းသည် လုပ်ငန်းစတင်ဆောင်ရွက်သည်မှအစ နောင်ဖွံ့ဖြိုးတိုးတက်လာမှု အထိကိုယ်စားပြု နိုင်ရမည်ဖြစ်သည်။ စီမံကိန်းတစ်ခုသည် လုပ်ငန်းတစ်ခုတွင် (လုပ်ငန်း၏ ကြာရှည၊်တည်မြဲ၊အောင်မြင၊်တိုးတက်မှု) အတွက် အသက်သွေးကြော တစ်ခုပင်ဖြစ်သည်။ လုပ်ငန်းတစ်ခု တည်ထောင်ရသည်မှာ လွယ်ကူသလောက် တည်မြဲအောင် ထိန်းသိမ်းရသည်မှာ မဟာအခက်အခဲ တစ်ခုပင်ဖြစ်သည်။

လုပ်ငန်းကို စတင်ဆောင်ရွက်ကြ သည်မှအစပြုကာ ယင်းလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်လာမှု ရလဒ်တို့ကို အစဉ်အမြဲ တိုင်းတာ သတ်မှတ်ကြရသည်။ စောင့်ကြည့်ကြရသည်။ ထိုအချိန်တွင် ဇာတ်လမ်းစတော့သည် ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသော “စံ” ပင်ဖြစ်သည်။ မည်သည့် “စံနှုန်း” တို့ဖြင့်တိုင်းတာကာ မည်ကဲ့သို့သော ရလဒ်များကို ထုတ်ပြန်သတ်မှတ်ကြမည်နည်း။ ယင်းလုပ်ငန်း အောင်မြင်သည် မအောင်မြင်သည် ဆိုသည်ကို အဘယ်ကဲ့သို့သော ရလဒ် သဘောတရားများဖြင့် သတ်မှတ်ကြမည်နည်း။ လူအမျိုးမျိုး၊ ပညာအမျိုးမျိုး၊ သဘောတရားအမျိုးမျိုး မှသည် ရလဒ်အမျိုးမျိုးကို ဖော်ထုတ်ကြမည်ဖြစ်သည်။


တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများကို တောတောင်လျှိမြောင်များ အကြား ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ခြင်းသည် သက်ဆိုင်ရာ အစိုးရအတွက် တဖြည်းဖြည်း စီမံကိန်း ရုပ်လုံးပေါ်လာလေလေ တိုးတက်ဖွံ့ဖြိုးလေဟု သတ်မှတ်မည်သာဖြစ်သည်။ သို့သော် ဂေဟစနစ် စောင့်ကြည့် လေ့လာရေး သမားများ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု သမားများ အတွက်မှာမူ ယင်းရေအားလျှပ်စစ် စီမံကိန်းကြီးများ ဖွံ့ဖြိုးတိုးတက်လာ ခြင်းသည် ဆုတ်ယုတ်မှုပြသော အနေအထားများပင်ဖြစ်သည်

ထို့အတူပင် ဒေသခံအမြောက်အမြားသည် စီမံကိန်းနယ်မြေမှ ဖယ်ရှားပေးလိုက်ရသည့် အတွက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး သမားတို့အမြင်တွင် ဆုတ်ယုတ်မှု ကိုသာပြမည်ဖြစ်သည်။ ယင်းကဲ့သို့ အခြေအနေများတွင် ယင်းစီမံကိန်းကြီးများ အောင်မြင်တိုးတက်ပါသည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပါ၏ ဆိုသော မှတ်ချက်ကို ပေးရန် ခက်ခဲလွန်းလှသည်။ တစ်ဘက်မှကြည့်လျှင် နိုင်ငံသားတို့ အဆင်ပြေတိုးတက်ရေးအတွက် ကောင်းမွန်သကဲ့သို့ တစ်ဘက်မှ ကြည့်လျှင်လည်း တစ်ကမ္ဘာလုံးနှင့် ချီသော ဆုတ်ယုတ်မှုများ ဖြစ်နေသည်။ ထိုသို့အနေအထားရောက် လာသောအခါ အဓိကကျသော စီမံကိန်းရေးဆွဲမှုအပေါ်တွင်သာ လုံးဝတာဝန်ကျရောက်သွားတော့သည်။ အစကနဦး စီမံကိန်း ရေးဆွဲစဉ်ကတည်းပင် ယင်းအနေအထားများကို ထည့်သွင်း တွက်ချက်ရေးဆွဲရမည်ဖြစ်သည်။ နယ်ပယ် အသီးသီးမှ ပညာရှင်များအပါအ၀င် အခြားတစ်သီးပုဂ္ဂလသော ပညာရှင်များ၏ အမြင်ကို ထည့်သွင်းစဉ်းစားကာ စီမံကိန်းရေးဆွဲ ခဲ့ရမည်ဖြစ်သည်။ မိမိတစ်ဦးတည်းအမြင်ဖြင့် ရေးဆွဲသော စီမံကိန်းသည် မည်မျှပြောင်မြောက်သော စီမံခန့်ခွဲမှုဖြင့် ရလဒ်ကောင်းများကို ထုတ်ပြန်ပေးနေစေကာမူ လိုအပ်ချက်များဖြင့် စံနှုန်း မပြည့်မှီဟု သတ်မှတ်ခံ ရမည်မှာ မလွဲမသွေဖြစ်သည်။ အဆုံးသတ်သော် မိမိဖော်ဆောင်သော တိုးတက်မှု ဖွံ့ဖြိုးမှု စီမံကိန်းသည် အများကို ကိုယ်စား မပြုသော မိမိ၏ တစ်ဦးတည်း အိပ်မက်ကို ထကာအကောင်အထည် ဖော်လိုက်ခြင်း ကဲ့သို့ သဘောထား သက်ရောက်သွားလေတော့သည်။


အဆိုပါ ဥပမာတို့သည် ဖွံ့ဖြိုးတိုးတက်မှု နှင့် ဆုတ်ယုတ်ကျဆင်းမှု အနေအထားတို့ မျှခြေမဖြစ်ရပုံ၊ စီမံကိန်းအစကနဦး ရေးဆွဲစဉ်ကတည်းကပင် တိုးတက်မှုတစ်ခုအတွက် ပေးဆပ်ရသောအရာများ နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ကြရန်လိုအပ်ပုံ၊ တိုးတက်ဖွံ့ဖြိုးသည်ဟု မျက်မြင်အရပြောနိုင်သော်လည်း မမြင်ရသော ဆုတ်ယုတ်ကျဆင်းမှု ပမာဏများက ပိုမိုများပြားသွားပုံ တို့ကို တင်ပြလိုရင်းဖြစ်သည်။ တစ်ခုကို လိုချင်လျှင် တစ်ခုကို ပေးဆပ်ရမည်မှာ လောကနိယာမ တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း လူသားတို့၏ ပြောင်မြောက်သော ဥာဏ်ရည်နှင့် ကြံဆောင်နိုင်မှုတို့သည် ပေးဆပ်ရမှု ပမာဏနည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်နိုင်ရန် အသုံးချနိုင်ရမည်ဖြစ်သည်။ ကျယ်ပြန့်သော တွေးခေါ်မြော်မြင်မှုတို့နှင့် ဆုံးရှုံးနိုင်မှု ပမာဏ နည်းနိုင်သမျှနည်းအောင် ကြံဆောင်ရမည်ဖြစ်သည်။ ဆိုရလျှင် လူညံ့သောကြောင့် မူညံ့များ ပေါ်ထွက်လာခြင်းဖြစ်ပေသည်။

ထို့အတူ ဗရုတ်သုတ်ခ ကစဉ့်ကလျား နိုင်သော စီမံကိန်းများ ဟူသော အကြောင်းအရာများလည်း ရှိသေးသည်။ ယင်းကဲ့သို့သော စီမံကိန်း အမျိုးအစားတို့သည် အခွံသက်သက်မျှသော ဟန်ဆောင်ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များ တစ်နည်းဆိုရလျှင် လိမ်ညာဟန်ဆောင်ထားသော ရလဒ်များကိုသာ ချပြနိုင်သော စီမံကိန်းများသာဖြစ်သည်။ မည်သည့်တိုးတက်မှုကိုမျှ ရှာဖွေမတွေ့နိုင်ဘဲ ဆုတ်ယုတ်မှု ပမာဏလွန်စွာ များပြားသွားသော အနေအထားများဖြစ်သည်။ တိုးတက်မှုနှင့် ဆုတ်ယုတ်မှု မျှခြေ မဖြစ်သော အနေအထားဖြစ်သည်။ တစ်နည်း အရပ်စကားဖြင့် ပြောရလျှင် မဆိုင်တာ ဂလိုင်ခေါက်တယ် ဟုပြောနိုင်သော၊ မယောင်ရာ ဆီလူး ဟုဆိုနိုင်သော အရာများဖြစ်သည်။



မိမိအစိုးရလက်ထက်တွင် မြို့ပြနှင့်ကျေးလက်ဒေသများသည် တန်းတူညီတူ မော်တော်ဆိုင်ကယ်များ စီးနင်းနေနိုင်ကြလေပြီ၊ ကျေးရွာများတွင်လည်း တိုက်အိမ်များ ဖြင့်ဖြစ်နေကြချေပြီ ဟုတစ်ရံတစ်ခါများတွင် သက်ဆိုင်ရာ အစိုးရများက ထင်မှတ်ကြသည်။ မျက်မြင်အရမူ ယင်းသတ်မှတ်ချက်သည် မှန်၏။ လူတိုင်း မော်တော်ဆိုင်ကယ်များ စီးနင်းနေနိုင်ကြလေပြီ။ သို့သော်တစ်ဖက်မှ စဉ်းစားလျှင် ယင်းမော်တော်ဆိုင်ကယ် တို့သည် မိမိတို့အစိုးရမှ တာဝန်ယူ ဖြန့်ဖြူး ထားခြင်းသော်လည်းကောင်း၊ မိမိတို့ပြည်တွင်း ထုတ်ကုန်အင်အားစုများ သော်လည်းကောင်း မဟုတ်ကြပေ။ တရားမ၀င်ဝင်ရောက်လာသော မော်တော်ဆိုင်ကယ်များသာဖြစ်ကြပြီး ယင်းတရားမ၀င်မော်တော်ဆိုင်ကယ်များကို မိမိတို့အစိုးရက အခွန်ကောက်ခံကာ တရားဝင်အောင်ပြုလုပ်ပေးထားခြင်းဖြစ်သောကြောင့် မိမိတို့အစိုးရလက်ထက်တွင် လူတိုင်းမော်တော်ဆိုင်ကယ် စီးနိုင်ကြသည်ဟူသော ပြောကြားမှုသည် အဓိပ္ပာယ်မရှိပေ။ နိုင်ငံသားတို့သည် တရားမ၀င်ဈေးကွက်မှ တရားမ၀င်မော်တော်ဆိုင်ကယ်ကို တရားမ၀င်ဈေးပေးဝယ်ယူထားခြင်းအပေါ် အစိုးရမှ ထပ်မံ အခွန်ကောက်လိုက်ခြင်းသည် အစိုးရမှ မော်တော်ဆိုင်ကယ်စီးနိုင်အောင် လုပ်ပေးခြင်းမဟုတ်ပေ။ သက်သက် မြိန်ရည်ရှက်ရည် အသားယူလိုက်ခြင်းပင်ဖြစ်သည်။

ဆက်ရလျှင် ယင်းမော်တော်ဆိုင်ကယ်စီးကြသော ကျေးလက်ဒေသများတွင် ယခင်ကာလများနှင့်မတူ တိုးတက်လာလေသည်ဟု သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော အမြင်အားဖြင့် ကြည့်လျှင် ကျေးလက်နေပြည်သူတို့သည် တိုက်အိမ်များဖြင့် တဖြည်းဖြည်းပြောင်းလဲနေနိုင်လာကြကုန်ပြီဖြစ်သည်။ ဆိုရလျှင် တိုးတက်သည်ဟု ပြောလျှင်ရသည်။ သို့သော် အဆိုပါ တိုက်အိမ်ကြီးများနှင့် ကပ်လျှက် တည်ဆောက်ထားသော နွားတင်းကုပ်များ၊ တိုက်အိမ်ကြီးအ၀င်ဝတွင် ပုံထားမည်ဖြစ်သော ကောက်ရိုးပုံများ၊ အိမ်တွင်းမှ တစ်ချက်တစ်ချက် ရလိုက်သော နောက်ချေးနံ့များ၊ အိမ်တွင်းသို့ ၀င်လိုက်သည့်အခါ အိမ်ထပ်ခိုးတွင် ချိတ်ဆွဲထားမည်ဖြစ်သော ဖျာလိပ်၊ တောင်းစုတ်၊ ပလုံးစုတ်များ၊ ဂုံနီအိတ်များ စသည်ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး တိုက်အိမ်အကောင်းစားကြီးထဲတွင် ရှေးကထုံးစံဖြစ်သော မဲညစ်ညစ်ဖြစ်နေသည့် ခုံတန်းလျားရှည်ကြီးကိုလည်း တွေ့မြင်ရဦးမည်ဖြစ်သည်။ ထို့နည်းတူပင် ရုပ်မြင်သံကြားပြစက်နှင့် ယင်းနှင့်တွဲဖက်သော ဖျော်ဖြေရေးဆိုင်ရာ အီလက်ထရောနစ်အရာများကို တင်ထားမည်ဖြစ်သော စားပွဲခုံ မဲညစ်ညစ်ကြီးများကိုလည်းကောင်း၊ ပေါလစ်ပြောင်ပြောင်တိုက်ထားသည့် စင်များ စားပွဲများကိုသော်လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်သည်။ သို့သော် ထိုအိမ်ရှေ့တွင်မူ မော်တော်ဆိုင်ကယ် သုံးလေးစီးခန့်နှင့် ထော်လာဂျီ ဟုခေါ်သော ကျေးလက်မော်တော်ယဉ်တစ်စီးလည်း ရပ်ထားလိုက်သေးသည်။ ယင်းမော်တော်ယဉ်တို့သည် ရွာလယ်လမ်းမအတိုင်း ဖုန်တစ်ထောင်းထောင်းထအောင် မောင်းနှင်ကာ မြိုပေါ်သို့ စပါးရောင်း၊ ဈေးဝယ် ထွက်ကြပေဦးမည်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ပုလင်းကလေး ဗူးကလေးများဖြင့် အဆင်ပြေသလို ရောင်းချနေကြသော မှောင်ခို စက်သုံးဆီ ဆိုင်ကလေးများမှ စက်သုံးဆီများကိုလည်း လိုသလောက် ၀ယ်ယူနိုင်ကြသေးသည်ဖြစ်သည်။

အဆိုပါအခြေအနေတို့သည် အမှန်စင်စစ်ပင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုနိုင်ပါ၏လော။ သေချာသော ဖွံ့ဖြိုးမှုရလဒ်ကို ဆိုရပါမူ ယင်းအခြေအနေတို့သည် အလွန်တရာမှ ဗရုတ်သုတ်ခနိုင်သော ကစဉ့်ကလျားနိုင်သော နောင်အနာဂတ်အတွက် ရင်လေးဖွယ်ကောင်းသော ဗရုတ်သုတ်ခ ဖွံ့ဖြိုးတိုးတက်မှု များသာ သက်သက်ဖြစ်လေသည်။ တမွန်းလွဲ အသုံးတည့် ဖွံ့ဖြိုးမှုသက်သက်သာဖြစ်သည်။ သက်ဆိုင်ရာအစိုးရအတွက် ထင်မှတ်မှားနေစေနိုင်သော (သို့မဟုတ်) မရှိကို အရှိလုပ်ပစ်လိုက်နိုင်သော ဟန်ပြတိုးတက်မှု တို့သာလျှင်ဖြစ်ကြသည်။ အမှန်စင်စစ် အောင်မြင်သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု စစ်စစ်များ မဟုတ်ကြသေးပေ။



ဆက်လက်ပြောကြားရပါမူ တစ်ထောင့်တစ်ညပုံပြင်များကသာ အဆုံးသတ်သွားမည်ဖြစ်သည် ဖွံ့ဖြိုးမှု ပုံပြင်သည်ကား အဆုံးသတ်လိမ့်မည်မဟုတ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးတွင် မအောင်မြင်သော်လည်း အောင်မြင်သည်ဟု လက်မထောင် ၀င့်ကြွားနေနိုင်စရာ ဖွံ့ဖြိုးမှု အလွဲများမှာ မြောက်မြားစွာ ရှိနေသေးသည်သာမက ထိုကဲ့သို့ ထပ်မံလွဲမှားရန် လာလတ္တံ့သောစီမံကိန်း အမြောက်အမြားလည်း တောင်လိုပုံနေကြသေးသည်။

လုပ်ငန်းကြီးတစ်ခုလုပ်မည်ဆိုလျှင် အတွေးကြီးကြီးတွေးနိုင်ရမည်ဖြစ်သည်။ အိမ်မက်ကြီးကြီးမက်မည် ဆိုလျှင်လည်း စွမ်းအားကြီးကြီးရှိရမည်ဖြစ်သည်။ သူများယောင်လို့ ကိုယ်ပါလိုက်ယောင်သော စီမံကိန်းများမှသည် အရည်မရ အဖတ်မရ ဖြစ်သွားရသော အဆုံးသတ်များကို အမှန်စင်စစ် ယနေ့ ရပ်နားသင့်ပြီဖြစ်သည်။ ထို့နည်းတူစွာပင် အီလည်လည်ဖြစ်နေသော စီမံကိန်းများကိုလည်း ပြန်လည်သုံးသပ်ရန်သင့်သည်။

အဆုံးသတ်ရလျှင် ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ လွယ်လင့်တကူ ဖော်ဆောင်မရစကောင်းသော အရာဖြစ်သကဲ့သို့ လွယ်လင့်တကူ အဆုံးသတ်ကျေနပ်လိုက်ရစကောင်းသော အရာမဟုတ်ပါချေ။

စိုးဝေယံထွန်း

ဖော်နိုင်မှ ခေတ်မီတယ်လို့ ယုံကြည်နေကြသလား???မာနလေးတော့ ထားတတ်စေချင်



အပျိုစင်လေးတို့ရေ ... အပျိုစင်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို ကြီးကြပ်ကလေ သိပ်ပြီးတန်ဖိုး ထားတာကွဲ့။ ဒါပေမယ့်ကွယ် ကြီးကြီး မြင်နေရတဲ့ ပတ်ဝန်းကျင်ကတော့ ရင်မောစရာတွေချည်းပါပဲ။ ဒါတွေကို သိဖို့သတိထားဖို့၊ ရှောင်ဖို့ အားကျအတူယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြီးကြီးချစ်တဲ့ အပျိုစင်လေးတွေကို ကြီးကြီးဘဝကြီးကို နမူနာထားပြီး မျှဝေပေးချင်တာပါ။

ပထမဆုံးတော့ ကြီးကြီးကိုယ်ကြီးကြီး မိတ်ဆက်ခွင့် ပြုပါဦးနော်။ ကြီးကြီးကလေ နယ်မြို့လေးမှာ မွေးပေမယ့် ၉ တန်းကနေ ခုချိန်ထိမြို့မှာ နေတာပါ။ အဲဒီတော့ တောသူဆိုလည်းဟုတ်၊ မြို့သူဆိုလည်း ဟုတ်တာပေါ့။ မွေးတဲ့မြို့မှာပဲ အမေ့စကား နားထောင်ပြီး နေခဲ့ရင် (တစ်မျိုးမထင်နဲ့ဦးနော်) ၆ တန်းလောက်နဲ့ပဲ ခုလောက်ဆို သေများနေမလားတောင် မသိဘူးပေါ့နော်။ ကြီးကြီးမှာလေ အင်္ကျီလုံချည် နှစ်စုံပဲရှိတယ်။ မိုးရွာရင် ဆောင်းစရာ ထီးမရှိဘူး။ ကျူရှင်မတက်နိုင်ဘူး။ ကျောင်းနဲ့ အိမ်နဲ့ သုံးမိုင်လောက်ကို အသွားအပြန် လမ်းလျှောက်ပြီး ဆယ်တန်းအောင်အောင် ကြိုးစားခဲ့ရတာ။ နေတဲ့အိမ်က မီတာခ တက်မှာစိုးလို့တဲ့။ ညဘက်ဆို ဖယောင်းတိုင်နဲ့ စာကျက်ရတယ်။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မှငါရွာပြန်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ တစ်ညကို သင်္ချာအပုဒ်တစ်ရာ တွက်ပြီးမှ အိပ်တယ်ကွဲ့။ တောသူမ ကြီးကြီးက သင်္ချာနဲ့ ဓာတုဗေဒ ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တာ။ အဲဒီတော့မှ ရွာပြန်တယ်။ အောင်ပြန်တော့ အမှတ်တွေများပေမယ့် တက္ကသိုလ် ထားပေးမယ့်သူ မရှိပြန်ဘူး အပျိုစင်တို့ရေ ... ကြီးကြီးမှာ ငိုရတာအမောပေါ့။

တစ်နေ့တော့ ကြီးကြီးကို ဘွဲ့ရအောင် ထားပေးမယ်၊ ဘွဲ့ရပြီးရင် သူ့သားနဲ့ ယူရမယ်လို့ရွာက သူဋ္ဌေးတစ်ယောက်က လာပြောသေးတာ။ ကြီးကြီးအမေကလေ စာတစ်လုံးမှ မတတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပြန်ပြောလဲ သိလား။ ကျွန်မ သမီးကို ကျွန်မတောင်းပဲ ကျွေးရကျွေးရ၊ ဖြစ်အောင် ထားပေးမှာလို့ ပြန်ပြောရှာတာ။ တကယ်လည်း အမေက ရွာနဲ့ရန်ကုန်ကို ရထားနဲ့ကူးပြီး ကုန်စိမ်းရောင်းလိုက်၊ ဖျာရောင်းလိုက်နဲ့ ကြီးကြီးကို တက္ကသိုလ် ထားပေးခဲ့တာ။ ကြီးကြီးလေ ခုနေမှာ ပြန်တွေးရင် ငါတော်တော် ဆင်းရဲဒုက္ခ ရောက်ခဲ့တာပဲလို့ ခံစားရတယ်။ ကြီးကြီးတို့ခေတ်က စတိုင်ပင်လို့ခေါ်တဲ့ ပညာသင် ထောက်ပံ့ကြေးရတော့ ကျောင်းလခနဲ့ အဆောင်လခလေးတော့ အဆင်ပြေ သွားတာပေါ့။ ဒါပေမဲ့ သူများတွေ ရောင်စုံထည်လဲ ဝတ်နေချိန်မှာ ကြီးကြီးက ဘားမားတက်ထရွန် အင်္ကျီလေးနဲ့ တောင်ဥက္ကလာက ထွက်တဲ့ ပန်းရိုက်လုံချည်လေးနဲ့ပဲ ကျောင်းတက်ခဲ့ရတာ။ တစ်ခုခု စားချင်တာဆိုရင် အဆောင်မှာ သူငယ်ချင်းတွေရဲ့ အဝတ်ကို မီးပူတိုက်ပေးပြီး ရတဲ့လုပ်အားခနဲ့ စားတယ်။ သူများချစ်အောင် နေတယ်။

ဒါပေမဲ့ အပျိုစင်လေးတို့ရေ ... ဒုတိယနှစ်ရောက်တော့ ဘသားချောတွေက လာပြန်ရော။ ကြီးကြီးကိုမှ လိုချင်လို့ပါ၊ ကျောင်းဆက်တက်ပါ။ စိတ်တိုင်းကျ ထားပါ့မယ်နဲ့ အပြင်စီးပွားရေး လုပ်နေတဲ့ လူပျိုတွေက ကမ်းလှမ်းကြတယ်။ အိမ်ကိုလည်း ပြောကြတယ်။ အိမ်ကတော့ ကြီးကြီး သဘောကျရင် လက်ခံပါမယ်လိုပဲ ကောင်းအောင် ကြည့်ပြောရတာပေါ့။ ကြီးကြီးကလေ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ ဘွဲ့ရအောင်ယူမယ်။ ဝန်ထမ်းလုပ်မယ်။ အိမ်ထောင်ပြုရင်လည်း ဝန်ထမ်းကိုပဲ လက်ထပ်မှာလို့ အပြတ်ပြောပြီး ငြင်းခဲ့ရှောင်ခဲ့တာ။ ကြွားရဦးမယ်။ ကြီးကြီးကလေ ရုပ်မချောပါဘူး။ ရုပ်လည်းမဆိုးပါဘူး။ ရိုးသားပွင့်လင်းတဲ့ သန့်စင်တဲ့ ကြီးကြီး မျက်လုံးကိုကြည့်ပြီး ကြိုက်ကြတာတဲ့။ ရယ်ရတယ်နော်။ အားလုံး လူရိုးလူအေး တွေချည်းပေမယ့် ကိုယ့်ရည်မှန်းချက်မှ မပြည့်သေးတာလေ ...။ တကယ်တော့ အပျိုစင်တိုင်းမှာ သူ့အလှနဲ့သူတော့ ရှိကြတာ ချည်းပါပဲကွယ်။ ပင်ကိုယ်အလှ မပျောက်အောင် နေဖို့ပဲလိုတာပါ။

ကြီးကြီးတို့ ခေတ်တုန်းကလည်း တက္ကသိုလ် ကျောင်းသူတွေ ပြင်ကြပါတယ်။ ဒါပေမဲ့ ခုခေတ်လောက်တော့ သရုပ်မပျက် ကြဘူးပေါ့ကွယ်။ စိတ်တော့ ဆိုးမသွား ကြနဲ့နော်။ မိန်းကလေးတွေမှာ ကာယဣနြေ္ဒဆိုတာ ရှိတယ်။ မိန်းကလေး တွေရဲ့စည်းပေါ့။ ဣနြေ္ဒရှိတဲ့ မိန်းကလေးဆိုရင် ဝတ်တာ၊ သွားတာလည်း လုံခြုံတယ်။ လျှပ်ပေါ်လော်လည်မှု မရှိဘူး။ အဲဒီအခါကျ ဘယ်ပုရိသ ယောက်ျားကမှ မတို့မထိရဲ မစရဲဘူးပေါ့။ ဘယ်လောက်ပွေတဲ့ လူပဲ ဖြစ်ပါစေ။ ဣနြေ္ဒရှိတဲ့ မိန်းကလေးဆို အနားမကပ်ရဲဘူး။ ရှိန်နေတာ ပေါ့ကွယ် ..။

ခုများတော့ကွယ်၊ အရင်ခေတ်ကလို မမြင်ဝံ့ ဆေးသမား ဆိုတာမျိုးရှိကို မရှိတော့တာကလား။ ဖော်နိုင်မှ ခေတ်မီတယ်လို့ ယုံကြည်နေကြသလား မှတ်ရတယ်နော်။ တိုလိုက်ကြတာ၊ ကျပ်လိုက်ကြတာ၊ ပြောင်လိုက်ကြတဲ့ ကျောပြင်တွ ဖြစ်နေပြီနော်။ အရင်တုန်းကဆို မိန်းကလေးရဲ့ ခြေသလုံးကို မြင်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မတုံး အခုကတော့ ခြေသလုံးရော၊ ပေါင်ရော မမြင်ချင်မှ အဆုံး၊ ချက်ကိုတောင် စိန်တပ်ပြီး လူမြင်အောင် ဗိုက်ပေါ်တဲ့ အင်္ကျီတို့ ဘောင်းဘီတို့ ဝတ်ကြသတဲ့။ ကြီးကြီးဖြင့် အံ့သြ ကုန်နိုင်ဖွယ်ပါပဲ။ အဲ .... ကြီးကြီးအကြောင်း ပြောနေရာကနေ ဘေးချော် သွားပြန်ပြီ။ ကြီးကြီးက အစားသမား၊ သူများလိုပဲ ကောင်းကောင်းစားချင်တာ ပေါ့နော်။ သူငယ်ချင်းတွေ ကြားထဲမှာ ကိုယ်ကဝတ်ကောင်းစားလှ မရှိတော့ သိမ်ငယ်တာပေါ့။

ဒါပေမဲ့ ကြီးကြီးက မာနရှိတယ်။ ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်။ ငတ်ရင်ငတ်ပါစေ။ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီလိုနဲ့ပဲ ဘွဲ့ရကျောင်းဆရာမ ဖြစ်ခဲ့တာပေါ့။ အခု ကြီးကြီး မြင်တွေ့နေရတဲ့ မိန်းကလေးတွေကတော့ ဝတ်ချင်လှချင်စိတ်က လွှမ်းမိုးပြီးတော့ ခေတ်ကာလအရ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေ အကူအညီတွေနဲ့ ပိုက်ဆံထောတဲ့ ယောက်ျားဆို တွဲလိုက်ကြတာပဲ။ ပျိုတာအိုတာ ဂရုမစိုက်တော့ဘူး။ မယားကြီးနဲ့ ပက်ပင်းတိုးရင်တောင်မှ “ကိုယ့်ယောက်ျား ကိုယ်နိုင်အောင် ထိန်းပါလား” လုပ်ရဲကြတာ။

စိတ်က ဘယ်လောက်ပဲ ရိုးသားစေဦးတော့၊ ဝတ်ထားတာကမှ မလုံတာ၊ ပြီးတော့လေ ကြီးကြီးတို့ဆို ဘွဲ့သာရပြီးရော လက်ဖက်ရည်ဆိုင် တစ်ခါမှ မထိုင်ဖူးဘူး။ ဆိုင်ရှေ့ကတောင် ဖြတ်မလျှောက်ရဲဘူး။ အအေးဆိုင်ပဲ မိန်းကလေး သူငယ်ချင်းတွေနဲ့ ထိုင်ခဲ့တာ။ ခုကျမိန်းကလေးတွေ ကိုယ်တိုင်က မလုံမခြုံဝတ်ပြီး ကလပ်တက်တယ်။ ယောက်ျားတွေနဲ့ အတူထိုင်ပြီး ဘီယာသောက်တယ်။ ကြီးကြီးဖြင့် မြင်ခါစက အံ့သြလွန်းလို့ မယုံနိုင်ဘူး။ ကြီးကြီးသားကတောင် antique ဖြစ်နေပြီပြောလို့ ကြီးကြီးဖြင့် ဆွေ့ဆွေ့ခုန်ရသေးတယ်။ ခေတ်ကြီးက တိုးတက်လာတော့ အင်တာနက် ဆိုင်တွေထိုင်ရင် တစ်နာရီမှ သုံးရာ၊ လေးရာပဲ ပေးရတာမို့လား။ တစ်နေ့တစ်နေ့ အဲဒီကနေ အရည်မရ၊ အဖတ်မရတွေ ပြောကြ၊ ကြည့်ကြ၊ ချက်တင်ထဲမှာပဲ ကြိုက်ကြ။ အပြင်မှာ ချိန်းတွေ့ကြ။ ဘာမျိုးရိုး၊ ဘာစိတ်ဓာတ်လဲ မသိသေးဘူး၊ လိုက်ပြေးကြပြီ။ ဒုက္ခတွေရောက်မှ မိဘအိမ်ပြန် ပြေးကြပြီ။ တချို့လည်း ဘဝကို ရေစုန်မျော သွားကြတာ ပေါ့နော်။

ကြီးကြီးနေတဲ့ ရပ်ကွက်ရဲ့ ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာတိုက်ခန်း တွေမှာလေ။ တရားဝင် လက်မထပ်ဘဲ အတူနေကြတဲ့ လူငယ်အတွဲတွေ၊ ငွေပေါသူတွေရဲ့ ပျော်တော်ဆက်တွေ တော်တော်များများ နေကြတာ။ ကြီးကြီးဖြင့် သူတို့ မိဘတွေအစား ရင်နာလိုက်တာ။ ငယ်ငယ်ချောချော လေးတွေကိုး။ ကြီးကြီးပြောခဲ့ သလိုပါပဲ။ မိန်းကလေးတိုင်းမှာ အလှကိုယ်စီ ရှိပြီးသားပါ။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား၊ ကိုယ်ရဲ့ အပျိုစင်ဘဝကို တန်ဖိုးထားရမှာပေါ့။

ကြီးကြီး နားလည်တာ ကတော့လေ အပျိုစင်ဆိုတာ အပျိုနဲ့စင်နဲ့ ပေါင်းထားတာမို့လား။ အပျိုဆိုတာက ယောက်ျား တစ်ယောက်ယောက်နဲ့ လက်ထပ်မထားရင် အတူတကွ ပေါင်းသင်း မနေရင် အပျိုပဲ။ ငယ်ရင်အပျိုလေး၊ ကြီးရင် အပျိုကြီးပေါ့။ ဒါပေမဲ့ “စင်” ဆိုတဲ့ စာလုံးကတော့ သန့်စင်တယ်။ အပျိုစစ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို ဆိုလိုတာ။ အရပ်စကားနဲ့ ပြောရရင်တော့ အပျိုစစ်တာကိုမှ အပျိုစင်လို့ ခေါ်တာ။ ငယ်ဂုဏ်လေးလည်း ပါတာပေါ့ကွယ်။ မိဘတွေက စောင့်ရှောက်ထိန်းသိမ်း ပေးရုံပဲရှိတာ။ ကိုယ့်ရဲ့ အပျိုဂုဏ်ကို ကိုယ်ပဲ ထိန်းသိမ်းရမှာ။ ခုခေတ် ယောက်ျားလေးတွေကလေ တိုးတက်နေတဲ့ ခေတ်ကြီးကို အသုံးချပြီး အတတ်မျိုးစုံတွေ တတ်နေကြတာ။ sex ကိစ္စဆိုလည်း သူတို့က ကျွမ်းကျင်ပြီးသား။

ရှေ့မှာ သားကောင် တွေ့လို့ကတော့။ အင်း ... ပြေး မလွတ်ဘူးသာ မှတ်ပေရော့။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်နေမှ ကိုယ့်ကို တန်ဖိုးထားမယ့် ယောက်ျားကောင်းနဲ့ ဆုံရမှာပါ။ မဟုတ်ရင်တော့ အရှက်လည်းကွဲ လူလည်း ... အဲ .. ဒုက္ခတွေရောက် ဖြစ်ကျန်မှာ။ ဘာလို့အဖြစ်ခံမှာလဲ အပျိုစင်တို့ရယ်။ ကိုယ့်ရဲ့ကိုယ်ပိုင် မာနလေးနဲ့ ရည်မှန်းချက် ကြီးကြီးထား ကိုယ့်အလှလေးနဲ့ ကိုယ်နေ။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ နိုင်ငံတွေရဲ့ မိန်းကလေးတွေ ဝတ်စားဆင်ယင်မှုကို အားမကျနဲ့။

ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မှမထိန်းရင် ကိုယ့်မျိုးဆက်က ဘယ်ထိန်းတော့မလဲနော်။ စာများများ ဖတ်ပါ။ စာဖတ်များတဲ့သူကို သူများ လာလိမ်လို့ မရဘူးကွဲ့။ စာဆိုလည်း အားရှိမယ့် စာမျိုးတွေ ရွေးဖတ် စေချင်တာပါပဲ။ ကြီးကြီးတုန်းက ကြီးကြီးဘဝကို ဘာနဲ့မတ်ခဲ့သလဲ သိလား။ ဆရာမကြီး ခင်ဆွေဦးရဲ့ ဝတ္ထုတွေ ဖတ်မိလို့ပေါ့ကွယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းတတ်အောင် စောင့်ရှောက် တတ်လာတာ ပေါ့နော်။ ဆရာကြီး ပါရဂူရဲ့ စာအုပ်တွေကိုလည်း သဲကြီးမဲကြီး ဖတ်ခဲ့တော့ စိတ်ကစားဖို့ မတွေးအားတော့ဘူး ပေါ့နော်။ ခုခေတ်မှာဆို စာရေးဆရာတွေ အများကြီးပေါ့။ အနီးစပ်ဆုံး ဥပမာတစ်ခု ပြောရဦးမလား။ အပျိုစင်တို့ အားကျ အတုယူနေကြတဲ့ အနုပညာ သမားတွေကိုပဲ ကြည့်ပါနော်။ သန့်သန့်စင်စင် ရိုးသားကြိုးစားတဲ့ ကလေးတွေက ကြာရင်သာကြာမယ်။ နောက်ဆုံးတော့ အောင်မြင်ခဲ့ကြတာ ချည်းပဲလေ။ အဲ ... ဖြတ်လမ်းကနေ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတဲ့ ကလေးတွေကတော့ ခဏပဲခံပြီး နာမည်ဆိုးနဲ့ မြုပ်သွားကြတာလေ။ ကဲ ... ကြီးကြီးရဲ့ အပျိုစင်လေးတို့လည်း သန့်စင်တဲ့ အပျိုစင်လေးတွေ အဖြစ်နဲ့ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ဂုဏ်ကို ဆောင်နိုင်ကြပါစေလို့ ကြီးကြီးက ဆုတောင်းပေးလိုက် ပါတယ်နော်...။


မစိုးဖြူ (စာရင်းအင်း)

ဆောင်းနှင်း အေးအေးခရီးမှာခရီးသွားဘုရားဖူးများနှင့် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား စေတီတော် မြင်ကွင်းရုပ်သံ

27 December 2010

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်၊ကျေးရွာများတွင်အအေးပိုခဲ့ကြောင်း၊ အချို့ဒေသများတွင်နှင်းခဲ၊ရေခဲရုံသာမကရေခဲအမှတ် ၀ ဒီဂရီစင်တီဂရိတ်အောက်ထိအပူချိန်ကျဆင်း

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်များ အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ်၊ ကျေးရွာများတွင် ယခင်နှစ်များထက် အအေးပိုခဲ့ကြောင်း၊ အချို့ဒေသများတွင် နှင်းခဲ၊ ရေခဲရုံသာမက ရေခဲအမှတ် ၀ ဒီဂရီစင်တီဂရိတ်အောက် အထိ အပူချိန် ကျဆင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

''ဒီဇင်ဘာလ ပထမပတ်က အိန္ဒိယ မုန်တိုင်း အရှိန်နဲ့ မိုးရွာပြီး နောက်ပိုင်း တစ်နေ့ထက်တစ်နေ့ ပိုအေးလာတယ်။ တောင်ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ နီးပါး မမြင်ရတာကြပြီ ဖြစ်တဲ့ လမ်းဘေးမြက်ခင်းတွေ၊ သစ်ပင်တွေပေါ်မှာ နှင်းတွေခဲနေတာ၊ ရေတွေခဲနေတာ အခု ပြန်မြင်ရပြီ''ဟု တောင်ကြီးမြို့မှ ဒေသခံ တိုင်းရင်းသူတစ်ဦး က ပြောပြခဲ့သည်။

အခြားမြို့များရှိ မိတ်ဆွေများထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်များအရ ယခု ရက်ပိုင်းအတွင်း ညအချိန် တိုင်းထွာချက်များအရ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်၊ နမ့်ခမ်းမြို့များတွင် -၂ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းတွင် ၀ ဒီဂရီစင်တီ ဂရိတ်၊ ဟဲဟိုးတွင် ၀ ဒီဂရီစင်တီဂရိတ်၊ ကလောတွင် ၂ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးတွင် ၃ ဒီဂရီစင်တီဂရိတ် နှင့် အခြားမြို့များတွင်လည်း ၅ ဒီဂရီစင်တီဂရိတ်မှ ၁၀ ဒီဂရီစင်တီဂရိတ် ရှိခဲ့ကြောင်း news-eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။

လောလောဆယ်ဖြစ်ပွားနေတဲ့စစ်ပွဲရန်ကြောင့်ထိုင်းနိုင်ငံနယ်စပ် ဝေါ်လေရွာမှာခိုလှုံနေတဲ့မြန်မာဒုက္ခသည်၂၀၀ကျော်ကို ထိုင်းအာဏာပိုင်များစနေနေ့မှာနေရပ်ကိုပြန်ပို့


လောလောဆယ် ဖြစ်ပွား နေတဲ့ စစ်ပွဲ ရန်ကြောင့် ထိုင်း နိုင်ငံ နယ်စပ် ဝေါ်လေ ရွာ မှာ ခိုလှုံနေကြတဲ့ မြန်မာ ဒုက္ခသည် ၂၀၀ ကျော် ကို ထိုင်း အာဏာပိုင် တွေက စနေနေ့ မှာ မူရင်း နေရပ် ကို ပြန်ပို့လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘုရင့် သမီးတော် မဲဆောက် ကို တနင်္လာနေ့ မှာ လာဖို့ အစီအစဉ် ရှိနေတဲ့ အတွက် မဲဆောက်နဲ့ နီးတဲ့ ဝေါ်လေ အရပ် က မြန်မာ ဒုက္ခသည် တွေ ကို အိမ်ပြန် ပို့တာ လို့ ထိုင်း ဒေသခံ အာဏာပိုင် တွေ က ဆိုပါတယ်။

ထိုင်းစစ်တပ် က အခု ရက်ပိုင်း တွေ အတွင်း မြန်မာ အစိုးရ စစ်တပ် ကို အဲဒီ နယ်စပ် တဝိုက်မှာ တိုက်ခိုက်မှု တွေ လုပ်နေတဲ့ ကေအန်ယူ နဲ့ ဒီကေဘီအေ အဖွဲ့တွေကို တိုက်ပွဲ တွေ ရပ်ဆိုင်း ထားပေး ဖို့မေတ္တာရပ်ခံ ထားကြောင်း လည်း သိရ ပါတယ်။

ဒါပေမယ့်လည်း စစ်ပွဲ တွေက အချိန်မရွေး ဖြစ်နိုင်တာမို့ ပြန်သွားရတဲ့ ဒုက္ခသည် တွေရဲ့ လုံခြုံရေး ဟာ စိုးရိမ် စရာ ဖြစ်ကြောင်း နဲ့ ထိုင်း အစိုးရ အနေနဲ့ အခုလို ဒုက္ခသည် တွေ ကို စနစ်တကျ လုံခြုံတဲ့ နေရာ မှာ ခိုလှုံခွင့် ပြုထားဖို့ စီစဉ်ရမယ့် အစား အခုလို ပြန်ပို့ တာဟာ ဘယ်လိုမှ မဖြစ်သင့် ကြောင်း လူ့အခွင့်အရေး ပညာပေး ဌာန မြန်မာ နိုင်ငံ က ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

သတင်း..ဘီဘီစီ

ခရစ်စမတ်အပြီး မြန်မာနိုင်ငံအတွင်းအင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင်ဦးထွန်းလွင်ကပြောကြား

မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။

“တွက်ကြည့်တော့ ခရစ်စမတ်အပြီး ဆိုတော့ ဒီဇင်ဘာအကုန် ဇန်နဝါရီ လဆန်းလောက်မှာတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ သိသိသာသာတော့ အေးလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဆောင်းတွေက လွန်ကဲနေတယ်ဗျ။ ကမ္ဘာ့ မြောက်ဖက်ခြမ်းမှာလေ ဥရောပမှာလည်း တော်တော်ကြီးကို အခြေအနေ ဆိုးနေတယ်။ ဆိုတော့ ကျွန်တော်တို့ဖက်လည်း အထိုက်အလျောက်တော့ အေးလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။,

အခုလို အအေးလှိုင်းဝင်ရောက်မှုကြောင့် ဆောင်းသီးနှံအထွက်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်း မနက်ခင်းတွေမှာ မြူနှင်းတွေ အထူအထပ် ဖုံးအုပ်ကျဆင်းနိုင်တဲ့အတွက် အမြင်အာရုံ မသဲကွဲမှုကြောင့် ဖြစ်ပွားနိုင်တဲ့ မတော်တဆမှုနဲ့ အန္တရာယ်တွေကို သတိပြုဖို့ လိုအပ်ကြောင်း ဦးထွန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တခြား ကမ္ဘာ့နိုင်ငံတွေမှာလို ရာသီဥတု ပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရပြီး အအေးဓာတ် ပြင်းထန်တဲ့ ဆောင်းရာသီကို မနှစ်က စတင်ကြုံလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အခါလွန်မိုး ရွာသွန်းခဲ့တာကြောင့် မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ ရင့်မှည့်စပါးတွေ အတော်များများ ပျက်စီးမှု ရှိခဲ့ပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ အခုနှစ်အတွင်း နောက်ထပ် မိုးရွာသွန်းမှု မရှိနိုင်တော့ဘူးလို့ ခန့်မှန်းပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းကာလ အအေးလှိုင်း ဖြတ်သန်းမှုနဲ့ မိုးလေဝသ ရှေ့အလားအလာ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကိုRFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

သတင်း...RFA

26 December 2010

ဆရာနိုင်ဇော်ရေးတဲ့ စိုင်းထီးဆိုင် အကြောင်း စာအုပ်ထွက်ပြီ

သီချင်းချစ်သူတို့ အသည်းစွဲကြိုက်နှစ် သက်ကြတဲ့၊ရှမ်းတိုင်းရင်းသား အဆို တော် စိုင်းထီးဆိုင် ကွယ်လွန်ခဲ့တာ နှစ်နှစ်ကျော်ကြာခဲ့ပါ ပြီ။ ဒါပေမယ့် သူ့သီချင်းသံတွေက နေရာတိုင်းမှာ ပျံ့လွင့်နေဆဲ၊ ပရိသတ်တွေကလည်း သူ့ကို သတိတရနဲ့ ချစ်နေဆဲပဲ။

သူမရှိတော့ပေမယ့်လည်း သူ့မိသားစုနဲ့ သူ့ကိုချစ်ခင်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေက သူ့အတွက် အမှတ်တရအထိမ်းအမှတ်တွေ အများကြီးပြုလုပ်ခဲ့ သလို သူ့ဘ၀အကြောင်းကို လွန်ခဲ့တဲ့ရှစ်နှစ်ကျော်ကတည်းက ရေးသားလာခဲ့တဲ့ စာရေးဆရာ နိုင်ဇော်ကလည်း ဒီဇင်ဘာလ ၆ ရက်နေ့ (ရှမ်းနှစ်သစ်ကူးနေ့)မှာ လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေပြီး စိုင်းထီးဆိုင်ကို ဂုဏ်ပြုလိုက်ပါတယ်။

"၁၉၇၄ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာမန္တလေးဆေးတက္ကသိုလ်ကို ကျွန်တော်ရောက်သွားတော့ ကိုထီးကအဆိုတော်အဖြစ် စပြီးနာမည် ကြီးလာပြီ။ အဲဒီအချိန်မှာ ကိုထီးက မန္တလေးဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်မှာ စိတ်ပညာမေဂျာ တက် နေပြီး ကျွန်တော့သူငယ်ချင်းနဲ့ တစ်ခန်း တည်းနေခဲ့တာ။ အဲဒီအချိန်ကတည်း က သူနဲ့စခင်ခဲ့တာပေါ့"လို့၊ အတိတ် ကာလဆီပြန်သွားရင်း စိုင်းထီးဆိုင်နဲ့ စတင်သိကျွမ်းပုံကို ဆရာနိုင်ဇော်က ပြောပါတယ်။

ဒီလိုနဲ့ ခင်မင်မှုသက်တမ်းရှည်လာခဲ့ပြီး၂၀၀၀ပြည့်နှစ်အလွန်လောက်မှာစကားစပ်မိရာက စိုင်းထီးဆိုင်တစ်ယောက် သူ့ဘ၀အကြောင်း ကို ကိုယ် တိုင်ရေးချင်နေတယ်ဆိုတာကို သိခဲ့ရပြီး အချိန်မပေးနိုင်တာအပါအ၀င် အခက် အခဲအမျိုးမျိုးနဲ့ မရေးနိုင်တာကြောင့် နှစ် ယောက်တိုင်ပင်ဆွေးနွေးပြီး စရေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပထမဆုံး အခန်းဆက်ဆောင်းပါး အဖြစ် မဟေသီမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ ရပြီး ရှစ်နှစ်အကြာမှာတော့ ခုလိုစာအုပ်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် စိုင်းထီး ဆိုင်ကတော့ သူ့ဘ၀အကြောင်း ရေး သားထားတဲ့ စာအုပ်လေးကို မြင်တွေ့ခွင့် မရတော့တာကတော့ အားလုံး အတွက် စိတ်မကောင်းစရာ။ စာအုပ် ခေါင်းစဉ်က 'ညဥ့်ရဲ့အချိန်မှာ မျှော်မျှော်ကာစောင့်တဲ့ အလင်းရောင် ထူးခြားတောက်ပလို့'တဲ့။

"အဲဒါက စိုင်းထီးဆိုင်ကိုယ်တိုင် ရေး သားသီဆိုခဲ့တဲ့ 'နယုန်ညမှာ သာတဲ့လ' သီချင်းထဲက စာသားပါ။ 'ဥပေက္ခာ လောကသား' စီးရီး မှာပါခဲ့တဲ့သီချင်းဆို တော့ နှစ်ပေါင်း ၃၀ နီးနီးလောက် ရှိပါပြီ။ သူ့ဘ၀အကြောင်းရေးတဲ့စာအုပ် ဆိုတော့ သီချင်းစာသားလေးနဲ့ တိုက်
ဆိုင်သလိုဖြစ်သွားလို့ သုံးဖြစ်သွားတာ ပါ"လို့ ဆရာနိုင်ဇော်ကပြောပါတယ်။

စာအုပ်ထဲမှာ ပျော်စရာ၊ လွမ်းစရာ ရသစုံ ရေးထည့်ထားတယ်လို့ သိရပြီး "ကိုထီးပြောပြတဲ့အကြောင်းတွေအပေါ်မှာ အခြေခံပြီးရေးဖွဲ့ ယူရတာပါ။ ပုံတူ ပန်းချီကားတစ်ချပ်ကို ရေးသလိုပဲပေါ့။ စာအုပ်ဆိုတော့ လှုပ်ရှားမှုရဲ့ပုံတူပေါ့။ အဲဒီအချက်အလက်တွေကို ကောက် ကြောင်းဆွဲ ဆေးရောင်ဖြည့်ထည့်ရတာ ပါ။ နောက်ခံကားချပ်ဖြစ်တဲ့ အသိုင်း အ၀ိုင်းကတော့ လေ့လာရှာဖွေထားရ တာပေါ့။ အဆုံး သတ်ဖြစ်တဲ့ ကိုထီးရဲ့ဘ၀နိဂုံးပိုင်းကိုတော့ ကိုထီးရဲ့ဇနီး မစိုး (ဒေါ်ခင်သန်းစိုး)ပြောပြတဲ့အပေါ်မှာ အခြေခံခဲ့တာ"လို့ဆိုပါတယ်။

စိုင်းထီးဆိုင်ရဲ့ ဂီတအနုပညာကို ကြိုက်နှစ်သက်ကြသူတွေအတွက် ဒီ စာအုပ်လေးဟာ ကျေနပ်စရာ၊ အလွမ်း ပြေစာအုပ်လေးဖြစ်မှာ မလွဲပါပဲ။

"သူ့ရဲ့ပုံတူကိုရေးရတာ တော်တော်ကျေနပ်ပါတယ်။ ကိုထီးက တစ်ခေတ်တစ်ခါ ရှားရှားပါးပါးပေါ်တတ်တဲ့ ပါရမီရှင်တွေထဲကတစ် ယောက်ပါ"လို့ ဆရာက ကျေနပ်စကားဆိုပါတယ်။

လုံးချင်းစာအုပ်အဖြစ် ရေးသားလို့ ရရှိတဲ့ ဉာဏ်ပူဇော်ခငါးသိန်းကို စာအုပ်ထွက်တဲ့နေ့ ရှမ်းနှစ်သစ်ကူးပွဲတော်မှာပဲ ဆရာနိုင်ဇော်က စိုင်းထီးဆိုင်ရဲ့ ကျန်ရစ်သူမိသားစုကို လွှဲပြောင်းပေးအပ်ခဲ့ပါ တယ်။

"ကိုထီးရဲ့ဘ၀နဲ့ သူ့မိသားစုကို ခွဲခြားလို့ မရပါဘူး။ ကိုထီးမရှိတော့ပေမယ့် ရှိနေသေးတဲ့သူ့မိသားစုကလည်း ကိုထီး ပါပဲ။ ဒါကြောင့် အဲဒီဉာဏ်ပူဇော်ခကို ကိုထီးတို့မိသားစုကို လွှဲပြောင်းပေးခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကြည်နူးပီတိဖြစ်ရတယ်"လို့ဆိုပါတယ်။


ဒီစာအုပ်ကို နန်းဒေ၀ီစာအုပ်တိုက် က ထုတ်ဝေပြီး တန်ဖိုး ကျပ် ၂,၅၀၀ ဖြစ်ပါတယ်လို့ မြန်မာတိုင်းမှာ ဖော်ပြထားပါသည်.။


ဘူတာရုံသည် ဘူတာရုံနှင့်တူရမည်၊ သန့်ရှင်းမှုကို ကူညီပါ၊ အမှိုက်မပစ်ရ၊လို့စာတန်းတွေရေးသားထားသောမြန်မာပြည်ဘူတာရုံများတွင် အမှိုက်ပုံကြောင့်စိတ်ညစ်နေရ

ဘူတာရုံသည် ဘူတာရုံနှင့်တူရမည်။ သန့်ရှင်းမှုကို ကူညီပါ၊ အမှိုက်မပစ်ရ၊ ဘူတာစင်္ကြံပေါ် ကွမ်းတံတွေးမထွေးရစသည့် စာတန်းများကို မြို့တိုင်း၊ နေရာတိုင်း၊ ဘူတာရုံတိုင်းတွင် တွေ့နေရသည်။ တကယ်လက်တွေ့ အကောင်အထည် ဖော်နိုင်မှ တော်ကာကျမည်။ အခုလိုမိုးများတဲ့ ရာသီမျိုးမှာ ရေကြီး၊ တောင်ပြိုတာတွေ မကြာခဏ ကြားနေရသည်။ ရထားတွေကလည်း လမ်းခရီးကြံ့ခိုင်မှု ရှိပါမှ သွားလာကြသည်။ ရံဖန်ရံခါ နီးစပ်ရာ ဘူတာရုံတွေမှာ ပုံမှန် ရပ်နားချိန်ထက် ပိုရပ်ရတာမျိုး ရှိသည်။ အင်းတော်မြို့နယ်၊ မော်လူးဘူတာရုံမှာ ရထား ရပ်နားချိန်မှာတော့ လိုက်ပါလာကြတဲ့ ခရီးသည်တချို့ ပြောစကားသံကို နားမခံဝံ့သာ ကြားနေရသည်။ ဘူတာအနီး ပေ(၅ဝ)ကျော်အကွာမှာ ရှိတဲ့ အမှိုက်ပုံကိုကြည့်ပြီး ပြောနေကြသည်မှာ ဘယ်အချိန်ထိ ပြောမည်ဆိုတာ မသိနိုင်ပါ။

တချို့ခရီးသွားများက ဘူတာအနီး ဝင်းခြံခတ်ထားသော ဝင်းခြံအတွင်းသို့ ဝင်လိုက်သည်နှင့် စွန့်ပစ်အမှိုက် အနံ့ဆိုးတွေကြားမှာပင် အပေါ့အပါးသွားနေကြသည်။ တချို့ဂုဏ်သရေရှိ ခရီးသွားပုဂ္ဂိုလ်များက မိမိတို့လွယ်ထားရတဲ့ အန္တရာယ်ကိုစွန့်ချင်ပြီမို့ အိမ်သာရှာသော်လည်း မတွေ့တာကြောင့် မည်မျှပင်ပန်းဆင်းရဲမှာကို ကိုယ်ချင်းစာစိတ်သည် အဲဒီဂုဏ်သရေရှိ ခရီးသွားတစ်ဦးက ''မော်လူးဘူတာမှာ ရထားရပ်ရင် စိတ်ညစ်ရတယ်။ အပေါ့အပါးသွားချင်ရင် အိမ်သာကမရှိ။ ရထားရပ်ပြန်တော့ ဒီအမှိုက်ပုံမှာ ကပ်ပြီး ရပ်ထားတယ်။ ဒီအနံ့အသက်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ဒီရပ်ကွက်က လူများ ဝိုင်းမရှင်းကြတော့ဘူးလား''လို့ ပြောသံကိုကြားရသည်။

ဝင်းခြံခတ်၍ ဘူတာမှာ အမှိုက်ပုံထားခြင်းသည် ဘူတာရုံနှင့်မတူတော့ဘဲ အမှိုက်သိုလှောင်ရုံနှင့် တူနေသည်။ အနီးပတ်ဝန်းကျင် ရပ်ကွက်တွေက စနစ်တကျ စွန့်ပစ်ဖို့လိုသည်။ ယင်းအမှိုက်ပုံက အနံ့အသက်တွေ၊ စီးကျလာတဲ့ မသန့်ရှင်းတဲ့ရေများကလည်း မိုးရေတွေနဲ့ ရောထွေးပါလာပြီး တီကောင်၊ အင်းဆက်၊ ဘက်တီးရီးယားကပိုးမွှားတွေ စီးကျလာပြီး အနီးပတ်ဝန်းကျင် အိမ်များကို ကျန်းမာရေးထိခိုက်စေမှာဖြစ်တယ်ဟု ဒေသခံတစ်ဦးကပြောသည်။

နွယ်နီ(မော်လူး)

ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက် မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ



လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။

နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။

အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။

ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။

၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။

ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

သတင်း...KIC

မြူနီစပယ် အရာရှိ အရိုက်ခံရ၍ စစ်တွေတွင် ဆိုက္ကားများ ဖမ်းဆီးခံရ

မြူနီစပယ် (စည်ပင်) မှ အရာရှိ တစ်ဦး ဆိုက္ကားသမား တစ်ဦးထံတွင် အရိုက်ခံရသဖြင့် လက်စားချေသည့် အနေဖြင့် စစ်တွေတွင် ဆိုက္ကားများကို လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

မောလိပ်ရပ်ကွက်မှ ဆိုက္ကားသမား တစ်ဦးက “ အခု ဖမ်းထားတာက အစီး ၆၀ ကျော်နေပြီ။ လိုင်စင်ပါတာရော၊ လိုင်စင်ကြေး မဆောင်ရသေးတဲ့ ဆိုက္ကားရော အကုန်လုံး လိုက်ဖမ်းနေတယ်။ စည်ပင်က အရာရှိ တစ်ဦးကို ဆိုက္ကားသမား တစ်ဦးက ရိုက်တဲ့ အတွက် လက်စားချေတဲ့ အနေနဲ့ ဆိုက္ကားတွေကို လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်က စစ်တွေ စည်ပင်မှ အရာရှိတစ်ဦးက ဆိုက္ကားတစီးအား စည်းကမ်း မလိုက်နာဟု စွပ်စွဲပြီး ဖမ်းဆီးရာ ဆိုက္ကားသမားက မကျေနပ်သဖြင့် စည်ပင်မှ အရာရှိကို ထင်းပိုင်းဖြင့် ရိုက်ရာ စည်ပင်အရာရှိမှာ ခေါင်းကွဲသွားခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်းတွင် ယခုကဲ့သို့ ဆိုက္ကားများကို ဖမ်ဆီးလာခြင်း ဖြစ်သည်။

ယခုအခါ စစ်တွေမြို့ပေါ်တွင် နေရာ သုံးနေရာကို စည်ပင် ၀န်ထမ်းများမှ ပိတ်ဆို့ပြီး ဖမ်းဆီးမူများ ပြုလုပ်နေပြီး အဆိုပါ နေရာများမှာ ငွေနဒီ တိုက်တန်းလမ်းဆုံ၊ တောင်ဌာနလမ်းနှင့် ဈေးကြီး လမ်းဆုံတို့ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ကို မတော်တဆ သူတို့က ဖမ်းမိရင် ရုံးကို မလိုက်ချင်ရင် အနည်းဆုံး ၅၀၀၀ ကျပ် ပေးရပါတယ်။ ရုံးကို ရောက်သွားရင် ကျပ် ၂၀၀၀၀ ပေးရပါတယ်။ စည်ပင်က လူတွေက ခုလို မရှိ ဆင်းရဲလို့ လုပ်စားနေတဲ့ ဆိုက္ကားသမားတွေဆီက ခုလို မတန်တဆ ရိုက်စား နေပါတယ်” ဟု အဆိုပါ ဆိုက္ကားသမားက ပြောသည်။

အခင်း ဖြစ်ပွားသည့်နေ့ကလည်း အဆိုပါ ဆိုက္ကားသမားကို စည်းကမ်း ဖေါက်ဖျက်သည်ဟု အကြောင်းပြ စွပ်စွဲကာ ဖမ်းဆီး ငွေညစ်ရန် ပြုလုပ်စဉ် ဆိုက္ကားသမားမှ ထင်းပိုင်းနှင့် ရိုက်ပြီး ထွက်ပြေးသွားသဖြင့် စည်ပင်အရာရှိမှာ ခေါင်းကွဲပြီး ကျန်နေခဲ့သည်ဟု သိရသည်။

ယခုအခါ ဆိုက္ကားဆရာမှာ ရဲက ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ထွက်ပြေး ပုန်းရှောင်နေရသည်ဟု သိရသည်။

သတင်း...နိရဉ္စရာ

စစ်တွေတွင် တောင်ကိုရီးယားနိုင်ငံသား ရုတ်တရက်သေဆုံးသူ ရုပ်အလောင်း ရန်ကုန်သို့ ပို့ဆောင်

စစ်တွေတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ရုတ်တရက် သေဆုံးသွားသူ နိုင်ငံခြား အလောင်းကို ယမန်နေ့ ညနေက စစ်တွေကနေ ရန်ကုန်သို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ တောင်ကိုရီးယားနိုင်ငံသား ဖြစ်ပြီး အမည်မှာ မစ္စတာမာလိန် ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့မှ အမျိုးသမီး တစ်ဦးက “သူက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တည်းခိုနေတဲ့ နိုဘဲလ် ဟိုတည်က အထွက်မှာ လမ်းမှာ ရုတ်တရက် လဲကျသွားပါတယ်။ ဒါနဲ့ ထွန်းဓါတ်မှန် ဆေးခန်းကိုပို့တယ်။ ဒါပေမယ့် အခြေအနေ မကောင်းတဲ့ အတွက် စစ်တွေဆေးရုံကို အပို့မှာ ဆုံးသွားခဲ့ပါတယ်” ဟု ပြောသည်။

စစ်တွေမြို့မှ လာသော သတင်းအရ သေဆုံးသွားသူ ကိုးရီးယားနိုင်ငံသားမှာ အန်ဂျီအို တစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သော်လည်း သူတာဝန်ထမ်းဆောင်နေသော အန်ဂျီအိုကို လူအများက မသိရှိကြောင်း ပြောသည်။

စစ်တွေ ဆေးရုံကို အဆိုပါ တောင်ကိုးရီးယားနိုင်ငံသား သေဆုံးမူနှင့် ဆက်သွယ်မေးမြန်းရာ နိုင်ငံခြား တစ်ဦးသေဆုံးကြောင်းကို အတည်ပြု ပြောကြားသော်လည်း မည်သည့် ရောဂါကြောင့် သေဆုံးသွားသည်ကို ပြောကြားရန် ငြင်းဆိုသည်။

စစ်တွေတွင် ယခုကဲ့သို့ နိုင်ငံခြားသား တစ်ဦး ရုတ်တရက် ကွယ်လွန်သွားခြင်းမှာ ဆယ်စုနှစ် တခု အတွင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

သတင်း..နိရဉ္စရာ