14 July 2012

"မဟာဂီတမှသည် ဟစ်ဟော့ပ်အထိ ဂီတပညာရှင် လွှတ်တော်အမတ်များ"

မြန်မာနိုင်ငံ လွတ်လပ်ရေးအကြို ကာလ ကနေ ဒီကနေ့ ပါတီစုံ ဒီမိုကရေစီ လွှတ်တော်အထိ ဂီတနယ်က အနု ပညာရှင်လွှတ်တော်အမတ်တွေ အဖြစ် အာဇာနည် ဒီးဒုတ်ဦးဘချိုကနေ ဒီကနေ့ အဆိုတော် ဇေယျာသော် အထိ လတ်တလောစာရေး သူသတိပြုလိုက်မိသမျှ ကတော့အာဇာနည် ဒီးဒုတ်ဦးဘချို ဂီတပညာရှင်၊ လွှတ်တော်အမတ် အာဇာနည် ဦးဘချိုကို ၁၈၉၃ခုနှစ်ဧပြီလ ၂၃ ရက်မှာ ဦးဖိုးစာနဲ့ ဒေါ်မြစ်တို့က မြောင်းမြမြို့ မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။

ငယ်စဉ်က မြောင်းမြမြို့မှာ ပညာသင် ကြားခဲ့ပြီး သတ္တမတန်းနဲ့ ၊၁ဝတန်း စကော လားရှစ်အောင်ပါတယ်။ ဘီအေအထက်တန်း မှာ စာသင်နေဆဲ မျက်စိရောက်ဂါကြောင့် ကျောင်းထွက်ခဲ့ရတယ်။ ၁၉၂ဝမှာ ကျောင်း သားသပိတ်မှာပါဝင်ခဲ့ပြီး ၁၉၂၅မှာ ဒီးဒုတ် ဂျာနယ်ကို ထုတ်ဝေပါတယ်။ ၁၉၃၅မှာ မြန်မာ့ဂီတလောကရဲ့ မှီငြမ်းပြုစာအုပ်ကြီးဖြစ် တဲ့ ဂီတဝိသော ဓနိကျမ်းကြီးကို တည်းဖြတ်ခဲ့ ပါတယ်။ ၁၉၄၃မှာ ဗမာနိုင်ငံတော် အတိုင်ပင် ခံလွှတ်တော်ဖြစ်ခဲ့ပါတယ်။အာဇာနည်ဒီးဒုတ်ဦးဘချို၊ ပြည်လှဖေနဲ့ ဇေယျာသော်တို့ဖြစ်ပါတယ်။

"အာဇာနည်ဒီးဒုတ်ဦးဘချို"

ဂီတပညာရှင်၊ လွှတ် တော်အမတ်အာဇာနည် ဒီး ဒုတ် ဦးဘချိုကို ၁၈၉၃ခုနှစ် ဧပြီလ ၂၃ ရက်မှာ ဦးဖိုးစာနဲ့ ဒေါ်မြစ်တို့က မြောင်းမြမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း လေး ယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။
ငယ်စဉ်က မြောင်းမြမြို့မှာ ပညာသင် ကြားခဲ့ပြီး သတ္တမတန်းနဲ့၊ ဒသမတန်း စကော လားရှစ်အောင်ပါတယ်။ ဘီအေ အထက်တန်း မှာ စာသင်နေဆဲ မျက်စိရောဂါကြောင့် ကျောင်းထွက်ခဲ့ရပါတယ်။ ၁၉၂ဝ ကျောင်းသားသပိတ် မှာပါဝင်ခဲ့ပြီး ၁၉၂၅မှာ ဒီးဒုတ် ဂျာနယ်ကို ထုတ်ဝေခဲ့ပါတယ်။ ၁၉၃၅မှာ မြန်မာ့ဂီတလောကရဲ့ မှီငြမ်းပြုစာအုပ်ကြီးဖြစ် တဲ့ ဂီတဝိသောဓနိကျမ်းကြီးကို တည်းဖြတ်ခဲ့ ပါတယ်။ ၁၉၄၃မှာ ဗမာနိုင်ငံတော် အတိုင်ပင်ခံ လွှတ်တော်ဖြစ် ခဲ့ပါတယ်။ ၁၉၄၇ခုနှစ်၊ ဖဆပလအစိုးရအဖွဲ့မှာ သတင်းနှင့်ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းပြုပြည်ပြု လွှတ်တော်မှာ မြန်မာစိုက်အဖွဲ့အစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲ ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

"လွှတ်တော်အမတ် အဆိုတော်ပြည်လှဖေ"

ပြည်လှဖေကို ၁၉၁၂ခုနှစ်၊ အောက်တို ဘာလ ၂၃ရက်နေ့မှာ ပြည်သား ဦးဘိုးကူနဲ့ ဗန်းမော်သူဒေါ်ကျင်စီတို့က ဗန်းမော်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ခြောက်ယောက် အနက် တတိယမြောက် သားဖြစ်ပါတယ်။

ငယ်စဉ်က ဖခင်ဖြစ်သူ အခွန်ဝန်ဦးဘိုး ကူ ဗန်းမော်မြို့မှာ တာဝန်ကျစဉ် အသက် ၅နှစ်အထိ နေထိုင်ခဲ့ပြီး ကသာမြို့ကိုပြောင်း ရွှေ့ခဲ့ပါတယ်။ကသာမြို့အထက်တန်းကျောင်း၊ ညောင်လေးပင် ခရစ်ယာန်စာ သင်ကျောင်း   မုံ ရွာဗုဒ္ဓဘာသာကျောင်း၊ ပြည်မြို့အထက် တန်းကျောင်းတို့မှာ ပညာ သင်ကြားခဲ့ပြီး ရန် ကုန်မြို့မှာ ၁ဝတန်းအောင်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ် အသက် ၂ဝအရွယ်မှာ ဂီတကို အထူး ဝါသနာပါတဲ့အတွက် အိုလံပီယာဓာတ်ပြား ကုမ္ပဏီမှာ အသံသွင်းခဲ့ပါတယ်။

၁၉၃၃-၃၆ခုနှစ်များမှာ အိန္ဒိယကာလ ကတ္တားက အင်ဂျင်နီယာ ဒီပလိုမာ ရရှိခဲ့ပြီး မြန်မာပြည်ကိုပြန်ရောက်တော့ အေဝမ်းကုမ္ပဏီမှာ တယောဆရာ အဖြစ်အလုပ်ဝင်ခဲ့သလို သီချင်းများလည်းသီဆိုခဲ့ပါတယ်။

ပြည်လှဖေဟာ လမ်းစဉ်ပါတီ ခေတ်မှာမြောက်ဥက္ကလာပမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)ကနေ လွှတ် တော်ကိုယ်စားလှယ်အမတ်ဖြစ် ခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်လာပါတယ်။၁၉၉ဝပြည့်နှစ်၊မတ်လ၁၃ ရက် နေ့မှာ ဗြိတိန်နိုင်ငံနော့သ်ပတန်ဆေးရုံမှာ သွားရောက်ဆေး ကုသမှုခံယူစဉ်ကွယ်လွန်ခဲ့ပါတယ်။

"ပြည်သူ့လွှတ်တော်အမတ် ဇေယျာသော်"

၂ဝ၁၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မဲဆန္ဒနယ် ကဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့သူ က ကိုဇေယျာသော် ဖြစ်ပါတယ်။သူဟာ၂ဝဝဝပြည့်နှစ် များဆီက ဟစ် ဟော့ပ်ဂီတ အမျိုးအစား အယ်ဘမ် တစ်ခု ဖြစ် တဲ့'စတင်ခြင်း'အမည်ရှိသီချင်းအယ်ဘမ်တစ် ခု မှာ'အက်စစ်' အဖွဲ့နဲ့ အတူပါဝင်ဖြစ်ခဲ့ပါတယ်။ လွှတ်တ်ာအမတ် ဇေယျာသော်ကို ၁၉၈၁ ခုနှစ်၊ မတ်လ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ ပြီး အ.ထ.က (၆) ဗိုလ်တထောင်မှာ ပညာသင်ယူခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး ၂ဝ၁၂ကြားဖြတ်ရွေး ကောက်ပွဲမှာတော့ ယခင် ဒုတိယသမ္မတ ဦးတင်အောင် မြင့်ဦးရဲ့ မဲဆန္ဒနယ်မြေကနေ ဝင်ရောက် အရွေးခံခဲ့သူ လည်းဖြစ်ပါတယ်။ သူဟာ အသက် ၃၁နှစ်သာ ရှိသေးတဲ့ အနုပညာရှင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး လည်း ဖြစ်တာမို့ ကျွန်တော်တို့စောင့်ကြည့် ရမယ့် ဂီတပညာရှင်တစ်ဦးလည်း ဖြစ်ပါ တယ်။ 

သတင်း.....  Popular Journal

ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ပုံရိပ်နှင့် သူ၏ ဒဿန အမြင်များ


ကန်တော်မင် ပန်းခြံတွင် တရားဟောခဲ့စဉ်


ဗိုလ်ချုပ်နှင့်ဇနီး ဒေါ်ခင်ကြည် မိသားစု

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း
၂၀၁၁ ခု ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့

''နှစ်လရာသီ--အခါရာသီ ရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့်--မမေ့သင့်ပါပြီ'' all india ရေဒီယိုမှ မေလှမြိုင်၏ တေးသီချင်း တစ်ပိုင်းတစ်စကို ကြားလိုက်ရသည်။ ဗိုလ်ချုပ်တို့ ကျဆုံးချိန်က ကျွန်တော်မှာ ခြောက်နှစ်၊ခုနစ်နှစ်သားအရွယ် ရောက်နေပါပြီ။ ရွာတွင် လူကြီးမိဘများနှင့် ရဟန်း သံဃာများ မျက်ရည်စက်လက် ဖြစ်နေပုံကို ယခု အနှစ် ၆၀ ကျော်လာသည့်တိုင် ပြန်လည် မြင်ယောင်နေပါသည်။ သို့အတွက် Weekly Eleven မှ တစ်ဆင့် ပြည်သူတို့ တင်ပြရန် ဤဆောင်းပါးကို ရေးရခြင်း ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် (၁၃-၂-၁၉၁၅) နေ့တွင် မကွေးခရိုင် နတ်မောက်မြို့ ရှေ့နေကြီး ဦးဖာ၊ ဒေါ်စု တို့က မွေးဖွားခဲ့သည်။ ဇာတာ အမည် (မောင်ထိန်လင်း) ဖြစ်ပြီး သူ့အစ်ကို ဦးအောင်သန်း အမည်နှင့် လိုက်ဖက်အောင် (အောင်ဆန်း)ဟုပင် ခေါ်ခဲ့ကြသည်။ ဗိုလ်ချုပ်မှာ မင်းတုန်းမင်းကြီး၏ အမတ်တစ်ဦး ဖြစ်သော ခမ်းပတ်မင်းကြီးနှင့် သမားတော် ဦးကျော်ဇံ၊ တောင်တွင်း ရှင်အဂ္ဂသမာဓိ တို့၏ မျိုးဆက် ဖြစ်ကြောင်း သိရသည်။

ဗြိတိသျှတို့အား လက်နက်ကိုင် တော်လှန်ခဲ့သော ဦးမင်းရောင် (ခ) ဗိုလ်လရောင်မှာ ဗိုလ်ချုပ်နှင့် အဖိုးလေး တော်သည်။ ဗိုလ်ချုပ်မှာ ငယ်စဉ်ကပင် မဟုတ်မခံ၊ မမှန်တာမလုပ်။ တစ်ဦးတည်း ငူတူတူ စဉ်းစားနေတတ်သူ ဖြစ်သည်။

ခုနစ်နှစ်သား အရွယ် နတ်မောက်မြို့ ဦးသောဘိတထံ စာသင်ရာ ၁၂ နှစ်သားတွင် လေးတန်းအောင်သည်။ ထို့နောက် ရေနံချောင်း အ.ထ.က သို့ ပြောင်း၍ သင်ကြားသည်။ တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာ ကျောင်းများတွင် ပထမ စွဲသဖြင့် ဆရာကြီး ဦးရွှေခိုင်က ရွှေတံဆိပ်ဆု ပေးခဲ့သည်။
သခင်အောင်ဆန်း ဘ၀က ရေးခဲ့သော (နိုင်ငံရေးအမျိုးမျိုး) ဆောင်းပါးတွင် 'နိုင်ငံရေးသည် လူမှုသူမှု ကိစ္စအားလုံးပင် ဖြစ်၏။ လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့်အခါ လူတန်းစား အလျောက် လူလိုနေ၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်ချင်လာ၏။ လူလိုလုပ်ရန် ကြိုးစားရင်း အထမြောက် အောင်မြင်လာသည်။ ပိုမို ကျယ်ပြောလာ၏။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုမှာ လူတွင် တတ်သည့်အစွမ်း၊ မြင်သည့် အစွမ်း ရှိခြင်းပင် ဖြစ်သည်'ဟူ၍ ရေးခဲ့ . . .

ဗိုလ်ချုပ် ၈ တန်း ရောက်သော အခါ ဖခင် ဦးဖာ ကွယ်လွန်ရှာသည်။ ၁၉၃၂ ခုနှစ်တွင် ၁၀ တန်း အောင်သဖြင့် ရန်ကုန်တက္ကသိုလ်သို့ တက်ခဲ့သည်။ အင်္ဂလိပ်စာ၊ သမိုင်း History နှင့် Political Science ဘာသာဘွဲ့ကို ရယူသည်။ တစ်နှစ်တစ်တန်း အောင်ခဲ့သော်လည်း ၁၉၃၅၊ ၃၆ ခုနှစ်များတွင် ကျောင်းသားသမဂ္ဂ လုပ်ငန်းများ ရှုပ်ထွေးနေသဖြင့် စာမေးပွဲ မဖြေလိုက်ရပါ။ ၁၉၃၇ ခုနှစ်ကျမှ ၀ိဇ္ဇာဘွဲ့ရသည်။ ကိုအောင်ဆန်းသည် တက္ကသိုလ် ရောက်ချိန်မှ စပြီး ပဲခူးကျောင်းဆောင်၌ နေထိုင်ပြီး နိုင်ငံရေး စာအုပ်များကို သဲသဲမဲမဲ ဖတ်မှတ်ခဲ့သည်။

၁၉၃၅-၃၆ ခုနှစ်တွင် သူသည် တက္ကသိုလ် သမဂ္ဂအဖွဲ့ အမှုဆောင် E.C ဖြစ်လာပြီး အိုးဝေမဂ္ဂဇင်းကို တာဝန်ခံ ထုတ်ဝေခဲ့သည်။ (ခွေးသရမ်းကြီး လွတ်နေသည်) ဆောင်းပါးကြောင့် အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းနှင့် သမဂ္ဂဦးနု တို့ကို ကျောင်းထုတ်ပစ်လိုက်သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ရီလတွင် ပထမဆုံးအကြိမ် တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်လာရာ လူငယ်များ နိုင်ငံရေး နိုးကြားစ ပြုလာသည်။ ကိုအောင်ဆန်းနှင့် ကိုနုတို့ နယ်ဆင်း၍ ခရိုင်မြို့နယ်များ၌ သမဂ္ဂအဖွဲ့များ ဖွဲ့သည်။ ၃၇/၃၈ ခုနှစ်တွင် ကိုအောင်ဆန်း တစ်ယောက် ဗမာနိုင်ငံလုံးဆိုင်ရာ (ဗကသ)ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။


ကိုအောင်ဆန်း (ခ) ထိန်လင်း


နိုင်ငံရေးဘ၀ရောက်ခဲ့ရ

ထိုနှစ်မှာ သခင်ကိုယ်တော်မှိုင်းနှင့် သခင်မြတို့ ဦးစီးသော ဒို့ဗမာအစည်းအရုံးကြီး ပေါ်လာရာ ကိုအောင်ဆန်းမှာ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး (သခင်အောင်ဆန်း) အမည်ကို ရရှိခဲ့သည်။ ကျောင်းသားထုက ၀ိုင်းဝန်း ထောက်ခံသဖြင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့၏ ကော်မတီဝင် တစ်ဦးလည်း ဖြစ်လာသည်။ ၁၉၃၉ ခုနှစ်က မော်လမြိုင်၌ သခင်ညီလာခံကြီး ပြုလုပ်နေစဉ် ဒုတိယ ကမ္ဘာစစ်ကြီး စဖြစ်သည်။ ထိုအခါ ဗိုလ်ချုပ်တို့က အင်္ဂလိပ်အခက် - ဗမာအချက်ဟု ကြွေးကြော်ခဲ့သည်။

ထို့နောက် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်း တို့သည် အိန္ဒိယနိုင်ငံ ရမ်ဂါ မြို့တွင် ကျင်းပသော ကွန်ဂရက် ညီလာခံသို့ တက်ခဲ့သည်။ ညီလာခံမှအပြန် သခင်အားလုံးကို အစိုးရက ဖမ်းဝရမ်း ထုတ်သည်။
အောင်ဆန်းကိုမိလျှင် ငွေ ၅ိ/- ဆုချမည်ဟု ဟင်္သာတခရိုင် ရဲဝန် မစ္စတာ ဇေဗီးယားက ပြောင်လှောင်ကာ ဆုငွေများ ထုတ်သည်။

ဗိုလ်ချုပ်တို့က အင်္ဂလိပ်ထံ လက်ဝါးဖြန့် တောင်းခံနေရုံမှဖြင့် လွတ်လပ်ရေးကို ရနိုင်မည် မဟုတ်။ လက်နက်ကိုင် တိုက်ပွဲဝင်မှ ရမည်ဟု ဆုံးဖြတ်ပြီး ဂျပန်နှင့် စေ့စပ်ကြည့်သည်။ ဂျပန်တို့က ကူညီမည် ဆိုသဖြင့် ဗိုလ်တေဇ (ခ) ကိုအောင်ဆန်းတို့ အဖွဲ့ ဂျပန်ပြည်သို့ ထွက်ခွာခဲ့ရာ ၂၄-၈-၁၉၄၀ ရက်နေ့တွင် အမွိုင်သို့ ရောက်သည်။ ထိုနှစ် နိုဝင်ဘာလတွင် တိုကျိုသို့ သွားကာ လျို့ဝှက်စကား ဆိုခဲ့ကြသည်။ သဘောတူညီချက် ရသဖြင့် ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံသို့ ပြန်လာသည်။ ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်သို့ ခေတ္တ ပြန်ရောက်ကာ မျိုးချစ် လူငယ်များကို တစ်သုတ်ပြီး တစ်သုတ် ခေါ်ထုတ်သွားရာ ဟိုင်နန်ကျွန်းပေါ်သို့ ရဲဘော်သုံးကျိပ်လုံး ရောက်ရှိသွားသည်။

ဗိုလ်တေဇနှင့် သခင်လှမြိုင်တို့ ဦးဆောင်၍ ဟိုင်နန်ကျွန်းတွင် စစ်ပညာများ အပတ်တကုတ် သင်ယူပြီး ၁၉၄၁ ခုနှစ်မှာပင် ယိုးဒယားဘက်သို့ ထွက်ခွာလာခဲ့သည်။ ဘန်ကောက်သို့ ရောက်လျှင် ၂၆-၁၂-၁၉၄၁ ရက်နေ့တွင်
ဗမာ့လွတ်လပ်ရေး တပ် မတော် BIA (Burma Independence Army) ကို ဖွဲ့စည်းကာ စစ်ကြောင်းများ ခွဲ၍ ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံတွင် ပြန်ဝင်လာခဲ့ကြသည်။ ရန်ကုန်တိုင်း အရှေ့တောင်ဘက်မှ စ၀င်သည်။
စစ်ကြီးအတွင်း ၁၁-၁၂-၁၉၄၁ ရက်နေ့က ရန်ကုန်မြို့ ဗုံးဒဏ်ခံရပြီး လူ ၆၀၀ ကျော် သေဆုံးသွားသည်။


ဗိုလ်တေဇ၏ စစ်ဗိုလ်ချုပ်ဘဝ


အင်္ဂလိပ်တပ်များ ရန်ကုန်မှ ဆုတ်ခွာသွားရာ ၈-၃-၁၉၄၂ ရက်နေ့တွင် B.I.A ဦးစီး ဂျပန်တပ်များက ရန်ကုန်မြို့ကို သိမ်းယူခဲ့သည်။ ထိုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် B.I.A ကို B.D.A (Burma Defence Army) အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်တေဇမှာ ဗိုလ်မှူးကြီးမှ စစ်ဦးစီး သေနာပတိချုပ် ဖြစ်လာသည်။ BIA တပ်မတော်တွင် စစ်သေနာပတိချုပ် တာဝန် ထမ်းဆောင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း အကြီးအကျယ် ဖျားနာခဲ့သည်။ အလံပြဘုရားလမ်း စစ်ဆေးရုံ၌ တက်ရောက် ကုသနေစဉ် သူနာပြု ဆရာမကြီး ဒေါ်ခင်ကြည်နှင့် မေတ္တာမျှပြီး ၁၉၄၂ ခုနှစ် မေလတွင် လက်ထပ်လိုက်ကြသည်။ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။

၁၉၄၃ ခု မတ်လတွင် ဒေါက်တာ ဗမော်နှင့် ဗိုလ်ချုပ်ကို ဂျပန်ပြည်သို့ ခေါ်ကာ ဂျပန်ဘုရင်က ဗိုလ်ချုပ်အား မေဂျာဂျင်နရယ် အဆင့် တိုးမြှင့်ပေးလိုက်သည်။ ၁-၈-၁၉၄၃ ရက်နေ့တွင် ဗမာနိုင်ငံကို လွတ်လပ်ရေးပေးကြောင်း ဂျပန်က ကြေညာခဲ့သည်။

ဂျပန် လွတ်လပ်ရေးမှာ အတုအယောင် ဖြစ်သဖြင့် ဗိုလ်ချုပ်က ဖက်ဆစ်ကို တော်လှန်ရန် ထိုနှစ် သြဂုတ်လမှာပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖ၊တ၊ ပ၊ လ)ကို ဖွဲ့စည်းသည်။ နောင်အခါ ဖ၊ တ၊ ပ၊ လ မှာ (ဖ၊ ဆ၊ ပ၊ လ) အဖွဲ့ကြီး ဖြစ်လာပြီး ၂၇-၃-၁၉၄၅ ရက်နေ့တွင် ဗိုလ်ချုပ်ဦးစီး ဗမာ့တပ်မတော်က ဂျပန်များကို တော်လှန်ရေး လုပ်ခဲ့သည်။ ထိုတော်လှန်ရေးတွင် မြန်မာတို့က အနိုင်ရရှိခဲ့သည်။

ထိုသို့ ဂျပန်ကို အောင်မြင်စွာ မောင်းထုတ်လိုက်နိုင်သဖြင့် အင်္ဂလိပ်တို့က ဗိုလ်ချုပ်ကို အထင်ကြီးလာသည်။ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နှင့် ဘုရင်ခံ ဆာဒေါ်မံစမစ် တို့က ဗိုလ်ချုပ်အား ဘုရင်ခံ၏ အတိုင်ပင် ကောင်စီတွင်
ရာထူးကြီး ပေးသော်လည်း လက်မခံခဲ့ပါ။ ၃-၅-၁၉၄၅ ရက်နေ့တွင် အင်္ဂလိပ်တို့ ရန်ကုန် ပြန်ဝင်လာပြီး (ကက်စ်ဘီ စစ်အုပ်ချုပ်ရေး)ကို စတင်ခဲ့သည်။ ထိုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နေသူရိန် အစည်းအဝေးကြီးကို ကျင်းပကာ ဗြိတိသျှကို ဆန့်ကျင်ခဲ့သည်။
ဂျပန်ကို အောင်မြင်စွာ မောင်းထုတ်လိုက်နိုင် သဖြင့် အင်္ဂလိပ် တို့က ဗိုလ်ချုပ်ကို အထင်ကြီးလာသည်။ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နှင့် ဘုရင်ခံ ဆာဒေါ်မံစမစ် တို့က ဗိုလ်ချုပ်အား ဘုရင်ခံ၏ အတိုင်ပင် ကောင်စီတွင် ရာထူးကြီး ပေးသော်လည်း လက်မခံခဲ့ပါ . . .

၁၉၄၆ ခုနှစ်တွင် ဆာဟူးဘတ်ရန့် ဘုရင်ခံဖြစ်လာရာ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်လာပြီး ဗိုလ်ချုပ် တို့၏ ဖဆပလ ယာယီ အစိုးရ တက်လာသည်။ နောက်တစ်နှစ် ၁၇-၁-၁၉၄၇ ရက် နေ့စွဲတွင် အင်္ဂလန်၌ ဗိုလ်ချုပ်နှင့် မစ္စတာ အက်တလီတို့ လွတ်လပ်ရေး အကြို လက်မှတ် ရေးထိုးခဲ့သည်။ ဗိုလ်ချုပ်တို့ မြန်မာပြည် ပြန်ရောက်သော အခါ တိုင်းရင်းသား ညီညွတ်ရေး အတွက် ၄၇ ခု ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံကို ကျင်းပသည်။ ဗြိတိသျှတို့ဘက်မှ မစ္စတာ ဗော့တွန်မလေ တက်သည်။

၁၉၄၇ ခု ဧပြီလတွင် ပထမဆုံး အကြိမ် ရွေးကောက်ပွဲကြီးကို ကျင်းပရာ ဗိုလ်ချုပ်တို့ပင် အနိုင်ရခဲ့သည်။ ထိုသို့ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး အမြန်ရအောင် ကြိုးပမ်း ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်နှင့် အာဇာနည်
ခေါင်းဆောင်ကြီးများကို ၁၉-၇-၁၉၄၇ ရက်နေ့က ဦးစော အဖွဲ့က လုပ်ကြံလိုက်သည်။ သို့နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၃ နှစ် အရွယ်မှာပင် ကွယ်လွန်ခဲ့ကြောင်း ၀မ်းနည်းစွာ တင်ပြရပါသည်။



ပင်လုံညီလာခံမှ ဗော့တွန်မလေနှင့် ဗိုလ်ချုပ်

ဗိုလ်ချုပ်၏ နိုင်ငံဒဿန အမြင်များ

ဗိုလ်ချုပ်မှာ မျိုးချစ် နိုင်ငံရေးသမား တစ်ဦး ဖြစ်သကဲ့သို့ စာရေးကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ သူ၏လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အတွေးအခေါ်များမှာ ကျွန်ဘ၀ ရောက်နေသော မြန်မာနိုင်ငံ အတွက် အလွန် တန်ဖိုး ရှိသည်။ သခင်အောင်ဆန်း ဘ၀က ရေးခဲ့သော (နိုင်ငံရေး အမျိုးမျိုး) ဆောင်းပါးတွင် ''နိုင်ငံရေးသည် လူမှုသူမှု ကိစ္စအားလုံးပင် ဖြစ်၏။ လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့် အခါ လူတန်းစား အလျောက် လူလိုနေ၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်ချင်လာ၏။ လူလိုလုပ်ရန် ကြိုးစားရင်း အထမြောက် အောင်မြင်လာသည်။ ပိုမို ကျယ်ပြောလာ၏။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုမှာ လူတွင် တတ်သည့် အစွမ်း၊ မြင်သည့် အစွမ်း ရှိခြင်းပင် ဖြစ်သည်'' ဟူ၍ ရေးခဲ့သည်။ဗမာ့နိုင်ငံရေးဝါဒနှင့် စပ်လျဉ်းပြီး ''ဗမာပြည်မှာဆိုရင် အုပ်စိုးကြတဲ့ လူများရဲ့ နိုင်ငံရေးက တစ်မျိုး (နယ်ချဲ့စနစ်ကို အမှီပြုနေသည်) အုပ်စိုးခံရသော ဗမာ လူမျိုးများ၏ နိုင်ငံရေးက တစ်မျိုး (လွတ်လပ်ရန် အခြေခံသည်) လွတ်လပ်ရေး လိုချင်သည် ဆိုရာမှာလည်း ဗမာတွေ ငတ်ပြတ်နေရာမှ ၀၀လင်လင် စားချင်လို့၊ ကုသိုလ်လုပ်ချင်လို့ပင် ဖြစ်သည်''ဟု ရှင်းလင်း ရေးသားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံ မခံရမီ ငါးရက်အလို ၁၄-၇-၁၉၄၇ ရက်နေ့က အတွင်းဝန်ရုံး၌ စာပေပညာရှင်များနှင့် ပြောခဲ့ပုံမှာ ဗိုလ်ချုပ်၏ ဒဿနအမြင်ကို ထင်လင်းစေပါသည်။ သူက ဒီးဒုတ်ဦးဘချိုအား ''ကျွန်တော်လည်း နိုင်ငံရေးက ထွက်မှာပါပဲ ဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျွန်တော် ကျောင်းမှာနေတုန်းက ပါဠိရော မြန်မာစာကိုပါ ယူခဲ့တယ်။ မြန်မာစာမှာ အမှတ် ကောင်းကောင်း ရတယ်။ ကျွန်တော် ကြိုးစားရင် ဒစ်စ်စတေးရှင်းတောင် ရမှာပဲ'' ဟုပြောခဲ့ပုံမှာ ဗိုလ်ချုပ်၏ ၀ါသနာကို ဖော်ညွှန်းနေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ဆောင်းပါး ၁၆ ပုဒ် ရေးခဲ့သည်။ ဘာသာရေး၊ လူမှုရေး၊ သမိုင်းရေး၊ စစ် စာပေ စုံလှ၏။ ပဲခူးကဝေ၊ အညာသားလေး၊ မောင်အောင်ဆန်း၊ သခင်အောင်ဆန်း ကလောင် အမည်များကို အသုံးပြုခဲ့သည်။ (Burma and Buddhism) ဆောင်းပါးကို အင်္ဂလိပ်လိုရေးခဲ့သည်။ ဘာသာရေးပိုင်း အစုံအလင် ပါသည်။ ကာလာမသုတ္တန် (Kalama Suta)ကို ကိုးကား၍ ရေးခဲ့သည်။ ဗုဒ္ဓဘုရားက 'ကြားရရုံဖြင့် မယုံကြည်ရန်၊ မြင်ရရုံဖြင့်လည်း မယုံကြည်ရန်၊ ရှေးဆရာများ ပြောခဲ့ရုံမျှဖြင့်လည်း မယုံကြည်ရန် ဟောဖူးကြောင်းကို ''Lord Buddha Said; Do not believe in anything because you have heard; Do not believe in tradition by they have been handed down; Do not belive in anything, because it is rumoured and spoken by many''ဟူ၍ ရှင်းလင်း ရေးသားခဲ့ပါသည်။

မောင်အောင်ဆန်း အမည်ဖြင့် ရေးသော ၀ိဟာရဆောင်းပါးတွင် ''သတ္တ၊ သင်္ခါရ၊ သြကာသ လောကကြီးသည်ကား ငါတို့အားလုံး အဖိုး မဖြတ်နိုင်သော ၀ိဇ္ဇာပညာကို သင်ရာ ကြားရာ၊ မှတ်ရာ တက္ကသိုလ်ကျောင်းကြီး အစစ်ပင်တည်း။

. . . ရာဇ၀င် အစုံစုံကို ကြည့်မည် ဆိုလျှင် ပထမ လူရိုင်းခေတ်၊ ထို့နောက် အိမ်ထောင်ယာချ ပြုသောခေတ်၊ နောက်တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံ၊ ခိုက်ရန်ဖြစ်ပွား၊ လောဘမီး၊ ဒေါသမီး တောက်လောင်သော ခေတ်ဖြစ်၏။ သို့ဖြင့် မင်းကျင့်တရား ဆယ်ပါး၊ သင်္ဂဟတရား လေးပါး စသော ၀တ္တရားများကို ထမ်းဆောင်နိုင်မှု မရှိ။ ပျက်ကွက်သဖြင့် ဝေသန္တရာမင်းကြီး တိုင်းပြည်မှ ထွက်သွားရသည်။ သီဟဗာဟု မင်းသား တိုင်းပြည်မှ အနှင်ခံလိုက်ရ၏' စသည်ဖြင့် အကိုးအထောက်နှင့် တကွ ရေးသားခဲ့သည်။

ဗိုလ်ချုပ်သည် 'အောင်ဆန်းနှင့် စာပေဆောင်းပါး'တွင် လူထုလူတန်းစား အသီးသီးကို ဤသို့ လှုံ့ဆော်ခဲ့သည်။

''ဒါကြောင့် ကျွန်တော်တို့ ပြုစုရမယ့် စာပေ အရေးအသားဟာ ဒီသဘောတရားများနဲ့ ပြည့်စုံတဲ့ စာပေမျိုး ဖြစ်ရမယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ စာပေဟာ ကမ္ဘာ့အဆင့်အတန်းကို မီမယ်။ ကမ္ဘာ့အဆင့်မီမှ ကျပ်ပြည့်ဒင်ပြည့် တန်ဖိုး ရှိမယ်။ ယဉ်ကျေးမှု စနစ်ကြီးလည်း ချက်ချင်း တိုးတက်လာလိမ့်မယ်။ ယဉ်ကျေးမှု စနစ်ကြီး တိုးတက်ပြောင်းလဲခြင်း မရှိဘဲနှင့် ခေတ်ပြောင်း၊ စနစ်ပြောင်း တိုးတက်ရေး မအောင်မြင်နိုင်ဘူး။''

''တစ်ကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေချိန် ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျန်အောင် အမီလိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့တေးသံစုံတွေကို လိုက်ပြီး ကနိုင်တဲ့ ကမ္ဘာကြီး ဖြစ်အောင် ဖန်တီး ပြုပြင်ကြစို့။ လက်ဝယ်ရှိတဲ့ လုပ်ငန်း တာဝန်တွေ အလိုက် ကျွန်တော်တို့ အလုပ်လုပ်ကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာ၊ သတင်းစာ ဆရာများပါ ဗမာတစ်မျိုးလုံး . . . ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့''ဟူ၍ ရေးသားခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ သဘောတရားများကို နိဂုံးချုပ် တင်ပြရပါသည်။



ရေးသားသူ....နီငြိမ်း (အညာတက္ကသိုလ်)
ကျမ်းကိုး
ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ (မြဟန်)
မြန်မာ့ရေးရာသုတပဒေသာ
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)

ငြိမ်းချမ်းရေး လမ်းကြောင်းကို ခင်ဗျားလည်း တွေးဖို့ကောင်းတယ်


(စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒဂုန်တာရာခေါ် ဆရာကြီး ဦးဌေးမြိုင်သည် ၁၉၃၆ ခုနှစ် မေ ၈ ရက် ရန်ကုန်ဂျူဗလီဟောတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂညီလာခံကြီးကို ကျိုက်လတ်မြို့ သပိတ်မှောက်
ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

၁၉၄ဝ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဝါဒဖြန့်ချိရေးမှူး၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၄၆ ဒီဇင်ဘာ တာရာမဂ္ဂဇင်း ထုတ်ဝေသူ၊ ၁၉၅ဝ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် စာပေလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ၁၉၅၁ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ယာယီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၅၃ တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး၊ ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ သဘာပတိအဖြစ် ရွေးချယ်ခံခဲ့ရသည်။

၉၃ နှစ်ပြည့်မွေးနေ့တွင် ငြိမ်းချမ်းရေး အယူအဆ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ခေတ် လူငယ်များအပေါ် အားကိုးမှု၊ သမ္မတ ဦးသိန်းစိန်အပေါ် အမြင်၊ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား၊ ဖက်ဒရယ်ရေးရာ အမြင်၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ၊ စာပေဖြတ်သန်းမှု၊ စာပေစိစစ်ရေးစသည်များကို သိရှိနိုင်ရန် ဆရာကြီး ဒဂုန်တာရာကိုမဇ္ဈိမသတင်းထောက်မျိုးသန့်ကဆက်သွယ်မေးမြန်းထားသည်။
(သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်းမြောက်တယ်လို့ မထင်ဘူး။)

ကိုယ်တိုင် စာပေဖြတ်သန်းမှုနဲ့ အခုခေတ် လူငယ်တွေ ဖြတ်သန်းနေတဲ့ စာပေဖြတ်သန်းမှု ယှဉ်ပြပေးပါလား။

“စာပေဖြတ်သန်းမှုက ၁၉၄၆ မှာ ကျနော်က တာရာမဂ္ဂဇင်းကို ထုတ်တာ၊ ကျနော် အဲဒီအချိန်တုန်းက စာပေသစ်လို့ ကြွေးကြော်လိုက်တယ်၊ အဲဒီခေတ်က ကျော်သွားပြီဗျ။ စာကို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ လွတ်လပ်ရေးက မရပြန်ဘူး။ ဒီမှာ ဘာမှ ရေးခွင့် မရှိဘူးဗျာ။ အခုက မလွတ်လပ်တော့ဘူးဗျ။ ကျနော်တို့ခေတ်က အကြောင်းကို ရေးလို့မရဘူး။ ရေးရင် ဟိုဖြတ်ဒီဖြတ် ဖြတ်တော့ ပုံက ပျက်သွားပြီ။ လူငယ်တွေက လုပ်ရမှာ၊ လူငယ်တွေကလည်း မလွတ်လပ်တော့ လုပ်လို့မရဘူး။ အဲဒီတော့ နိုင်ငံခြားထွက်တာပေါ့၊ အမှန်က ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ရမှာ ။ အခု မြန်မာပြည်သားတွေ သူများတွေခိုင်းတာ လုပ်နေရပြီ၊ စိတ်မကောင်းဘူးဗျ”

အခုခေတ်လူငယ် အများအပြားက မြန်မာ့သမိုင်းရဲ့ အဖြစ်မှန်တွေကို မသိကြဘူး။ အဲဒီတော့ ဒီလူငယ်တွေကို ဘာပြောချင်လဲ ဘဘ။

“သမိုင်းကို မသိဘူးဗျ။ တကယ်မသိတော့တာ။ ဟိုတနေ့ကဗျာ အတိုက်အခံ မီဒီယာတခုက အမျိုးသမီးတယောက်ဗျ အသံလွှင့်တာ နာမည်တော့ ကျနော် မပြောချင်တော့ပါဘူး၊ ကိုအောင်ဆန်းကို ကွန်မြူနစ်ပါတီဝင် မဟုတ်ဘူးလို့ ပြောလို့ပြော။ အဲဒါ သူ စာမဖတ်လို့ပေါ့ဗျ။ ကွန်မြူနစ်ပါတီကို စထောင်တဲ့ လူတွေထဲမှာ ကိုအောင်ဆန်းပါတယ်၊ အတွင်းရေးမှူးဗျ”

မြန်မာ့နိုင်ငံရေးမှာ အရေးပါခဲ့ကြသူတွေအကြောင်း ရေးထားတဲ့ ရုပ်ပုံလွှာ အထ္တုပ္ပတ္တိတွေ ရေးဖြစ်ပုံပြောပါအုံး။

“တာရာ ထုတ်မယ်ဆိုတော့ ကျနော်က အထ္ထုပ္ပတ္တိ ရေးတာကို ကျနော်က ဝါသနာပါတယ်၊ အတ္ထုပ္ပတ္တိ ရေးခြင်းဖြင့် မိမိ ကိုယ်ကိုလည်း ဆန်းစစ်ရာရောက်တယ်။ စာပေမှာလည်း စကားလုံးအသစ်ကို ရှာရတယ်။ စကားလုံးအသစ်၊ အတွေးအခေါ်အသစ်။ အဲဒီတော့ ပိုကောင်းတယ်။ အဲဒါတွေ ရေးမယ့်လူ မရှိတော့ ကျနော်က အောင်ဆန်းရေးလိုက်ရတာ။ နောက်တော့မှ လူတွေ ကြိုက်ကြတယ် ထင်ပါတယ်။ အောင်ဆန်းပြီးတော့ ကိုဗဟိန်း၊ ကိုဗဟိန်းပြီးတော့ ကိုဗဆွေတို့ အဲဒီလို ရေးတာ”

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေးထားတဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းမှာ ဗိုလ်ချုပ်ကို ဘာ့ကြောင့် အရိုင်းလို့ သုံးနှုန်းခဲ့တာလဲခင်ဗျ။

“ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ။ မဂ္ဂဇင်းက ထွက်ခါနီးနေပြီဗျာ။ ရုပ်ပုံလွှာဆိုတဲ့ နာမည်က ဆရာဇော်ဂျီ ပေးတာပါ၊ ဆရာသိန်းဟန်ပေးတာပါ”

ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေး တခုလောက် ပြောပြပေးပါ။

“သူကတော့ ကျနော့်ထက် ၄ နှစ်ပဲကြီးတယ်ဗျ၊ သူက တကယ်ရိုးသားတယ်ဗျ။ အာဏာ လုံးဝမမက်ဘူး။ အဲဒါတော့ ကျနော် ပြောနိုင်တယ် ။ ဒီလက်နက် အားကိုးတဲ့ စိတ်ကတော့ သူ ခပ်ငယ်ငယ်တုန်းကတော့ ရှိပုံရတယ်”

အခုခေတ် လူငယ်တွေ ရေးကြတဲ့ ရသစာပေပေါ်မှာကော ဘယ်လိုသုံးသပ်လဲခင်ဗျ။

“လူငယ်တွေ ရေးကြတယ်။ ဒါက ရေးပါစေ၊ ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ ကျနော်တို့အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်တို့ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးဘူးဗျ။ ခေတ်အကြောင်းကို ရေးရင် ခေတ်ပေါ်စာပေလို့ခေါ်တယ်ဗျ။ ကျနော်တို့ သဘောတူလည်း အရေးမကြီးဘူး၊ မတူတာလည်း အရေးမကြီးဘူး။ ခေတ်အလိုက်ပြောင်းသွားမှာပဲ။ ခေတ်ကို ကျနော်တို့က မလုပ်နိုင်ဘူး။ ခေတ်ကသာ ကျနော်တို့ကို လုပ်နိုင်တယ်”

အခုခေတ် စာပေအရေးအသားတွေက ဘာတွေကို အလေးပေးတယ်လို့ ထင်မိလဲခင်ဗျ။

“ခေတ်ကတော့ သရုပ်ဖော်စာပေလို့ ကျနော်က ပြောချင်တယ်။ သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်းမြောက်တယ်လို့ မထင်ဘူး။ ကဗျာလည်း ကျနော်က ကဗျာလို့ မယူဆဘူးဗျ။ စကားပြေကိုလည်း ကဗျာလို့ ပြောချင်ပြောတာ”

စာပေစိစစ်ရေးကို ဘယ်လိုသုံးသပ်မိလဲဗျ။

“သူတို့ကို မတတ်ဘူးလို့လည်း မပြောချင်ဘူးဗျာ။ မတတ်ဘူးလို့ ပြောရမှာလည်း အားနာတယ်။ သူတို့တွေကို ကိုယ့်လူတွေလို သဘောထားတယ်။ အဲဒါကြောင့် ကျနော် ရန်သူမရှိ၊ မိတ်ဆွေရှိလို့ ပြောတာ။ ဒါပေမဲ့ သူတို့က ကျနော့်ကို ရန်သူလို သဘောထားရင်တော့ မတတ်နိုင်ဘူးဗျာ”

ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကိုကော နည်းနည်း ပြောပြပါအုံး။

“လူကြီးဖြစ်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးကို ကြိုက်လာတယ်။ အစကတည်းကလည်း ငြိမ်းချမ်းရေး လုပ်တာပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့ တွဲလုပ်တာ။ အခုကျတော့ လူကလည်း သိပ်မရှိတော့ဘူး။ လုပ်မယ်လို့ ကြံကာရှိသေးတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ရမှဖြစ်မယ်။ ငြိမ်းချမ်းရေး မရရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး”(လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်။)

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဲဒါကိုကော ဘာပြောချင်လဲခင်ဗျ။

“ခဏခဏ ကြားတယ်ဗျာ၊ စိတ်မကောင်းဘူး။ လူငယ်တွေကို တိုက်တွန်းချင်တာက ငြိမ်းချမ်းရေးအဖွဲ့တွေ နယ်တိုင်းရွာတိုင်းမှာ ဖွဲ့စေချင်တယ်။ အစိုးရပဲဖြစ်ဖြစ် ဘယ်သူလုပ်လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက မကောင်းကြဘူးဗျာ၊ စာလည်း မဖတ်ဘူး။ အဆင့်အတန်းကတော့ ချက်ချင်း မြင့်လာမှာ မဟုတ်ဘူး။ အဆင့်အတန်း မြင့်လာတဲ့အချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကြိုက်တဲ့သူ၊ ဖယ်ဒရယ် အုပ်ချုပ်ရေးကို ကြိုက်တဲ့သူတွေ ပေါ်စေချင်တယ်။ အဲဒီလူတွေက ခေါင်းဆောင်သွားမှာပဲ”

၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

“သူဟာ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမားဆိုတာ ဒါမျိုးမဟုတ်ဘူး။ သူက လက်နက်ကို အာဏာရတယ် ထင်နေပုံရတယ်။ ဖက်ဒရယ်ဆိုတဲ့ဟာကိုလည်း ကောင်းကောင်း နားလည်ပုံမရဘူး။ ကိုအောင်ဆန်းကတော့ကောင်းကောင်း နားလည်တယ်။ သူက စာဖတ်ဝါသနာပါတယ်။ ဗိုလ်နေဝင်းက ဖတ်ပုံမရဘူးဗျ။ သူက အာဏာ ရအောင်တော့ လုပ်တတ်ဟန်တူတယ်။ အဲဒီတော့ သူက အာဏာရသွားတော့ ငြိမ်းချမ်းရေး ရအောင် မလုပ်တော့ဘဲနဲ့ စစ်နည်းနဲ့ပဲ သူက လုပ်တာလေ”

ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

“ဒီမိုကရေစီနိုင်ငံပဲ ဖြစ်မယ်။ ဖက်ဒရယ်ဆိုတာလည်း လူမျိုးတမျိုးတမျိုးမှာ သူ့မှာကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ်။ သူလုပ်ချင်တာ လုပ်ခွင့်ရှိရမယ်”

တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေပေါ်မှာကော ဘယ်လို မြင်လဲဗျ။

“အဲဒါ အလကားပဲဗျ။ သူတို့ ထိန်းချုပ်မှုအောက်ကို ရောက်အောင် လုပ်တာ။ သူတို့က လက်နက်ကို ယုံကြည်ဟန် တူပါတယ်ဗျ။ လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်”

ရွေးကောက်ပွဲကနေ တက်လာတဲ့ အခု နိုင်ငံတော်သမ္မတ အပေါ်မှာကော။

“ကိုသိန်းစိန်ကို ကျနော် မသိဘူး၊ ကျနော်တို့ထက် အများကြီး ငယ်မှာပေါ့ဗျ။ အစိုးရက ဘာအစိုးရမှန်း မသိဘူးဗျ။ စစ်သမားတွေပဲ၊ အဲဒီလိုပဲ မြင်တယ်။ ဒါပေမဲ့ သိန်းစိန်က သိပ်ဆိုးပုံ မရဘူးထင်တယ်။ ဒါကတော့စောင့်ကြည့်ရမှာ။ ပြောတဲ့အတိုင်း လုပ်ရင်တော့ ကောင်းတယ်။ နောက်လာတဲ့ လူတွေကို ငြိမ်းချမ်းရေးနည်းနဲ့သာ တိုင်းပြည်ကို ထူထောင်မယ်ဆိုရင် အစိုးရကောင်းပေါ့။ သူ့မိန့်ခွန်းထဲမှာ ပါသလို သန့်ရှင်းတဲ့အစိုးရ ဖြစ်မယ်ပေါ့။ မဟုတ်ရင်တော့ ဖြစ်မှာမဟုတ်ဘူး၊ ကြာမယ်ပေါ့ဗျာ”

ဦးသိန်းစိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ တကယ်စိတ်ဝင်စားတယ်လို့ ထင်လားခင်ဗျ။

“တခြားစစ်သမားတွေနဲ့ စာရင်တော့ စာဖတ်တယ်လို့ ကျနော်ကြားတယ်။ ဗိုလ်သိန်းစိန်ကတော့ တခြားစစ်သမားတွေနဲ့ စာရင်တော့ ဒီမိုကရေစီဘက်ကို ယိမ်းတဲ့လူတယောက်လို့ သတ်မှတ်တဲ့အတွက် သူ့ကိုတော့ အားကိုးစိတ်ရှိတယ်။ပြောလို့သာ ပြောရတယ်။ သူက တကယ်ငြိမ်းချမ်းရေး လုပ်မလား မလုပ်လား ကျနော်မသိဘူး။ ပြောရဲရအောင်လည်း သူက လုပ်ပြတာတွေလည်း မရှိသေးဘူး၊ အဲဒါမျိုးလုပ်ပြတယ်ဆိုရင်တော့ ကျနော် အကြီးအကျယ် ထောက်ခံရမှာပဲ”

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ပြောနေကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။

“အကျဉ်းသားတွေရှိတယ်ဗျာ၊ အများကြီးပဲ။ မင်းကိုနိုင်တို့ဘာတို့ ကောင်လေးတွေက ဘာမှအပြစ်မရှိဘဲနဲ့ အဖမ်းခံရတယ်။ တကယ်သာ လွတ်လွတ်လပ်လပ် ဥပဒေအတိုင်း လုပ်မယ်ဆိုရင် အဖမ်းခံစရာ အကြောင်းမရှိဘူး။ သူတို့က လွတ်လပ်ရေးအတွက် ဒီမိုကရေစီအရေးအတွက် လုပ်တာပဲ။ ဘာလို့အဖမ်းခံရမလဲ အဖမ်းခံရတော့လည်းနှစ်တွေက အများကြီး။ ပြောရင်း ပြောရင်းနဲ့ စိတ်က တော်တော်မကောင်းဘူး”

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက လွတ်လပ်ရေးရအောင် လုပ်ပေးနိုင်ခဲ့တယ်။ သူ့သမီး လက်ထက်မှာကော ဘာများ မျှော်လင့်လို့ ရနိုင်မလဲခင်ဗျ။

“မလုပ်နိုင်တာ မဟုတ်ဘူး၊ လုပ်သင့်သလောက် သူလုပ်တယ်။ လုပ်ခွင့်ရှိသလောက် သူလုပ်တယ်။ ရတော့ ရမှာပဲဗျာ။ သူကလည်း ကြီးသွားပြီလေ၊ အခု ၆ဝ ကျော်။ သူလုပ်မှာပါ၊ ဒီကောင်မလေးကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီနည်းနဲ့ ထူထောင်မယ့် တိုင်းပြည်ကို သူလိုလားတယ်၊ လူကောင်းပါ။ လွတ်လပ်ရေးက ခင်ဗျားတို့အပါအဝင်ပြည်သူလူထုက ဆုံးဖြတ်ပါ။ တကယ့်လွတ်လပ်ရေး ရမှပဲ ငြိမ်းချမ်းရေး ရမယ်”

ဘဘ လိုချင်တဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုအခြေအနေမျိုးမှာ ရနိုင်မယ်လို့ မျှော်မှန်းလဲ။

“စောင့်ကြည့်ရမှာပဲဗျာ။ စောင့်ကြည့်ရမှာပဲလို့ ပြောရတာကလဲ ခင်ဗျားတို့ အားရချင်မှ အားရမယ်၊ ယုံချင်မှလည်း ယုံမယ်။ ခင်ဗျားကတော့ ကျနော့်စာတွေ ဖတ်ဖူးပုံရတယ်။ပြောပုံကြည့်ရတာ ခင်ဗျားတို့လို စိတ်ဓာတ်ရှိတဲ့လူတွေ များရင် ငြိမ်းချမ်းရေး ရရမယ်။ နှေးတော့ နှေးမယ်”
(အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ် ။)


မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် ဘာများ ပြောချင်ပါလဲခင်ဗျ။

‘‘ညီညွတ်ကြပါ၊ ညီညွတ်ကြရင် ငြိမ်းချမ်းရေး နီးစပ်မယ်။ အဲဒါပဲပြောချင်တယ်။ အဲဒါကိုတော့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ တန်းတူအခွင့်ရေးရရင် ညီညွတ်ရေးရမယ်။ ညီညွတ်ရေးဆိုတာ လည်ပင်းဖက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့ မလိုဘူး။ သီချင်း ပြိုင်တူဆိုဖို့လည်း မဟုတ်ဘူး။ အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ်’’

မြန်မာလူငယ်တွေကိုကော ဆုံးမစကား ဘာပြောချင်လဲခင်ဗျ။

“လူငယ်တွေကိုတော့ စာဖတ်ဖို့ ပြောချင်တယ်။ ကျနော်လည်း စာဖတ်တယ်။ လူငယ်တွေ စိတ်ဓာတ်ထဲမှာ ငြိမ်းချမ်းရေးစိတ်ဓာတ် ပြင်းထန်ရင် ငြိမ်းချမ်းရေး ရရမယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကိုတော့ ခင်ဗျားလည်းတွေးဖို့ကောင်းတယ်။ တွေးပါ၊ တွေးလို့ရသမျှ ခင်ဗျားလုပ်ရင်တော့ သူရဲကောင်းလို့ ယူဆမှာပဲ။ တခြားသူတွေလုပ်ရင် တခြားသူတွေ သူရဲကောင်းပေါ့ဗျာ”

မွေးနေ့ အမှတ်တရအဖြစ် ဘာများပြောချင်ပါလဲ။

“ဟိုတုန်းကတော့ အရေးတော်ပုံအောင်ပါစေ၊ အခုတော့ ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်းတွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ”။

ရင်းမြစ်..(မဇ္ဈိမ)

စာရေးဆရာကြီး ဒဂုန်တာရာ ရဲ့ ၉၂ မြောက် မွေးနေ့ ဗီဒီယို မှတ်တမ်း။



မေလ ၁၀ ရက်မှာ ကျရောက်တဲ့ ဆရာကြီးဒဂုန်တာရာရဲ့မွေးနေ့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ မေလ ၈ ရက်နေ့ က ကျင်းပခဲ့ရာမှာ ရန်ကုန်နဲ့နယ်မြို့တွေက ကဗျာဆရာ စာရေးဆရာတွေအပြင် နိုင်ငံရေးနယ်ပယ်က အထင်ကရပုဂ္ဂိုလ်တွေ တက်ရောက်ပါတယ်။ ဆရာကြီးရဲ့ မွေးနေ့အထိမ်းမှတ် ငြိမ်းချမ်းရေးသ၀ဏ်လွှာ၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သ၀ဏ်လွှာတွေကို ကဗျာဆရာတွေ၊ စာရေးဆရာတွေက ဖတ်ကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား၌ ဟီလာရီနှင့် ဦးသိန်းစိန် သီးခြားတွေ့ဆုံဆွေးနွေးမည်


ဇူလိုင်လ ၁၄ ရက်နေ့ စနေနေ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေးရင်းနှီးမြှပ်နှံမှုအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။
ယင်းတွေ့ဆုံမှုသည် ကမ္ဘောဒီယားနိုင်ငံ၌ အရှေ့တောင်အာရှနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့၏  စီးပွားရေးဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စနှင့် ပတ်သက်သည့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် အစည်းအဝေးအပြီး သီးခြားဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့၏ သီးခြားတွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုများအား အဓိကထားဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
ထို့ပြင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် ဇူလိုင်လ ၁၁ရက်နေ့၌ မြန်မာနိုင်ငံအပေါ် ပိတ်ဆိုးအရေးယူမှုများ ပြုလုပ်ထားခြင်းအား ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပြီး ယင်းသို့ ပြန်လည်ရုတ်သိမ်းရခြင်းသည် လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေသည့်အတွက်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
သို့သော် ယင်းသို့ အမေရိကန်မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအား ပြန်လည်ရုပ်သိမ်းရာ၌ ယခင်စစ်အစိုးရလက်ထက် ဦးသန်းရွှေ၌ ၎င်းနှင့်ပူးပေါင်းခဲ့သည့် စီးပွားရေးပညာရှင်အချို့အား ပိတ်ဆို့မှုအချို့ကို ဆက်လက်ထားရှိထားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်း မီဒီယာ များ၏ သတင်းဖော်ပြချက်များအရ သိရှိရသည်။

သတင်း... Transparency Myanmar

13 July 2012

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရ

အဆိုပါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာ မည်ဖြစ်ပြီး နှစ်စဉ်ပြုမြဲဖြစ်သော၎င်း၏နေအိမ်တွင်ဘုန်းကြီးဆွမ်းကပ်ခြင်းအလှူကိုပြုမည်ဖြစ်ကာနေပြည်
တော်သို့ ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၁၉ ရက်တွင် နေပြည်တော်၌ လွှတ်တော်ကျင်းပမည်ဟု သတင်းများထွက်ပေါ်နေပြီးကျင်းပဖြစ်မည်ဆိုပါကဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တွင် ခေတ္တသာ
နေထိုင်မည်ဖြစ်ပြီး မကျင်းပဖြစ်ဟု ဆိုလျှင် အေးအေးဆေးဆေးနေထိုင်မည်ဟု သိရသည်။

မည်သို့ ဆိုစေ ဒေါ်အောင်ဆန်းစုကြည်သည် ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်နိုင်မည် မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အာဇာနည်နေ့ အခမ်းအနားတက်ရောက်ရေးကိုယ်စားလှယ် ၅ ဦးကသာ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

သတင်း.....  Popular Myanmar News Journal

12 July 2012

နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက် တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာနဲ့ မေးမြန်းခန်းမှာ စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမဲ့ အစိုးရ မူဝါဒပိုင်းမှာ မပါဝင်ဘူးလို့ ဦးသိန်းစိန်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်ပက ထိပါးလာမယ့် အန္တရာယ်တွေကို ကာကွယ်ဖို့ ကာလကြာမြင့်စွာကပဲ တိုင်းပြည်က စစ်တပ်ကို အားကိုး နေခဲ့ရတယ်။ ဒါကြောင့် ခုလိုအချိန်မှာ တပ်မတော်ကို နောက်ချန်ရစ် မထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

တပ်မတော်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘောင်တွင်းမှာ အကန့်အသတ်နဲ့ ပါဝင်တဲ့ အခန်းကဏ္ဍရှိပေမဲ့ အစိုးရ ဒါမှမဟုတ် အစိုးရ မူဝါဒရေးရာတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိဘူး။ သူ့ အစိုးရဟာ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ပန်းတိုင်ကို တက်လှမ်းနိုင်ပြီး နိုင်ငံရေးပိုင်းကို ခေါ်ဆောင်လာနိုင်မယ်လို့လည်း ဦးသိန်းစိန်က အကောင်းဘက်က ရှုမြင် ပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံလို့ မပြောနိုင်သေးပေမဲ့ အစိုးရရဲ့ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်မခံဘဲ ကျန်နေသေးတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အောင်မြင်စွာ ဆွေးနွေးနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။
 
 
သတင်း...... RFA Burmese

စစ်တွေမြို့၊ မြို့မ ပရိယတ္တိစာသင်ကျောင်းတိုက်မှာ ဒီနေ့ ( ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၁၁ ရက် မွန်းလွဲပိုင်း) တွေ့ခဲ့ရတဲ့ ကျီးကန်းအဖြူ တစ်ကောင်။

စစ်တွေမြို့၊ မြို့မ ပရိယတ္တိစာသင်ကျောင်းတိုက်မှာ ဒီနေ့ ( ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၁၁ ရက် မွန်းလွဲပိုင်း) တွေ့ခဲ့ရတဲ့ ကျီးကန်းအဖြူ တစ်ကောင်။

ဓာတ်ပုံ.....  Ant Bwe Kyaw

11 July 2012

ယနေ့ အချိန်ထိ ပြည်သူများကို အမိန့်အာဏာဖြင့် ခြိမ်းခြောက် နေလျက် ရှိနေပါကြောင်း သက်သေအထောက်အထားနှင့် တကွဖော်ပြလိုက်ပါသည်.

၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ ကနေ ၁၉၇၇ ခုနှစ်၊ ဇွန်လ (၃၀) ရကနေ့ ထိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီး ခင်မောင်တင့် (ငြိမ်း) က ဦးရွှေမန်းရဲ့  ဆရာဆိုပြီး အာဏာပါဝါပြနေဆဲ။

မြန်မာပြည်သူပြည်သားများဖြစ်ကြတဲ့ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့ မိသားစုဟာ ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင်လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာ တိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ် ဆွဲချခဲ့ပါတယ်။ ၄င်းတို့  မိသားစုမှာ နေစရာ မရှိတော့သဖြင့် အသနားခံစာ တင်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ် (၈) ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည်အစားထိုးပေးခြင်းခံခဲ့ပါတယ်။

ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာဖြစ်ပါတာကြောင့် ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင် နေထိုင်လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန် ရိုးသားသော အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်းလက်မှတ် များ ကိုင်ဆောင်ထားသော အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်းတစ်ယောက် ဖြစ်ပါတယ်။

၎င်းတို့  မိသားစု (၁၈) နှစ်ကျော်ကြာ နေထိုင်လာခဲ့သော ယင်းမြေကွက်အား ယခုအခါတွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီး ခင်မောင်တင့် ဆိုသူက ၄င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့် စွပ်စွဲကာ လုပ်ကြံတရားစွဲဆိုလာတာကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက် စစ်ဆေးပြီး အမှုအား အနိုင်ပေးလိုက်ပါတယ်။ တစ်ဖက်သက် စစ်ဆေးပြီး အနိုင်ပေးလိုက်သည်ဆိုရာမှာ ရုံးချိန်းများသာ ပုံမှန်ခေါ်ယူပြီး မည်သည့် ထိရောက်သော စစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်အား အနိုင်ပေးလိုက်ခြင်းဖြစ်လို့  ဖြစ်ပါတယ်။

ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်ဟာ သူ့ကိုယ်သူ သူရဦးရွှေမန်းရဲ့  ဆရာ ဟုဆိုကာပြောဆိုအာဏာသုံးခဲ့သည်များလည်း ရှိခဲ့ပါတယ်။
စစ်တက္ကသိုလ်မှ ထုတ်ဝေသော ချယ်ရီအလှ(၁၁) ပတ္တမြားရတု မဂ္ဂဇင်း မှာကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်းရဲ့  ဆရာလည်း ဖြစ်နေပါတယ်။

တစ်ဖက်မှာ လွှတ်တော်ဥက္ကဌကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲရန်အတွက် စေတနာ အပြည့်ဖြင့် ကြိုးစားနေချိန်မှာ ၄င်းရဲ့ ဆရာဆိုသူက ယခုလို အာဏာကို အလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့ မိသားစု တစ်စုအပေါ်ကို မတရား အနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌ ကြီးအနေဖြင့် ယခုလို လှစ်လျှူရှုမနေပဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

ဦးကျော်သိန်း ဒေါ်တင်နွယ်တို့ မိသားစုမှာ ယခုအခါ နေထိုင်ခိုကိုးစရာ မရှိပါသဖြင့် ပဉ္စနိကာယ် ကျောင်းထိုင်ဆရာတော်မှ ခေါ်ယူကယ်ဆယ်ထားရပါတယ်။

ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်ဟာ ယခင်က လည်း အခြားသူများပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအား အကြိမ်ကြိမ် ၀င်ရောက်ကျူးကျော်ကာခြံစည်း ရိုးခတ်သဖြင့် (၄င်းပိုင်ဆိုင်သလို အတင်းဖန်တီးကာ ခြံစည်းရိုးခတ်တာ ဖြစ်ပါတယ်) မြို့နယ်မ၀တရုံးတွင် အကြိမ်ကြိမ် ခေါ်ယူ ဖြေရှင်းခဲ့ရဖူးပါတယ်။

ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့် ဟာ ပြိုင်ဘက်ရှေ့နေများအားလည်းခြိမ်းခြောက်သည့် သဘောမျိုးဖြင့် လက်ရှိသမ္မတ နှင့် လွှတ်တော်အကြီးကဲများအားလုံးသည် တစ်ချိန်က ၄င်း၏ တပည့်များဖြစ်သဖြင့် အမှုအား လုံးဝမနိုင် နိုင်ကြောင်းလည်းပြောပါတယ်။ (ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)

လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦး တို့ သိစေအပ်သည်.။

ယခုလို အပြစ်မဲ့ မိသားစု တစ်စုအား မတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့်ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့မှ သေချာစွာ ပြန်လည်စီစစ်ပြီး သင့်တော်သလို ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

တင်ပြဖေါ်ပြချက်များအား ပြန်လည်စုံစမ်းနိုင်ပါတယ်။

ရန်ကင်းမြို့ နယ်မှ ကိုယ်ချင်းစာနာသူ ပြည်သူတစ်ဦး။

ဒုတိယဝန်ကြီး (၆)ဦးအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်း ထုတ်ပြန်ကြေညာ


နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ဇူလိုင်လ ၉ ရက်နေ့ ရက်စွဲဖြင့် ဒုတိယဝန်ကြီး (၆)ဦးအား ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း အမိန့်အမှတ် (၁၅/၂၀၁၂)ကို နိုင်ငံပိုင်သတင်းမီဒီယာများ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးများအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည့် ပုဂ္ဂိုလ်ခြောက်ဦးမှာ ဦးသန့်ရှင်းအား သမ္မတရုံးဝန်ကြီး ဌာန(၁) ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးချန်မောင်အား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးပာန်စိန်အား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးဝင်းသန်းအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ဒေါက်တာမျိုးမြင့်အား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း အသီးသီးတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉)တို့အရ ယခုကဲ့သို့ ဒုတိယဝန်ကြီးများအား ပြောင်းလဲတာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း......  Transparency Myanmar

တရုတ်ကုမ္ပဏီတစ်ခုမှ မြန်မာလုပ်သားများအား ငွေပေးချေရန် ညစ်ထား


မြန်မာ-တရုတ်သို့ သွယ်တန်းထားသည့် ပိုက်လိုင်းမှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြတ်သန်းမှုများကို စောင့်ကြည့်မည့် လုံခြုံရေးစခန်း တစ်ခုတည်ဆောက်ရာတွင် မြန်မာလုပ်သားများနှင့် လုပ်ငန်းရှင်အချို့ကို တရုတ်ကုမ္ပဏီတစ်ခုမှ ညစ်၍ ငွေပေးချေရန် ကြန့်ကြာမှုများဖြစ်ပေါ်စေရန် ပြုလုပ်ထားကြောင်း သိရသည်။
“ချမ်းသာဆိုတဲ့ တရုတ်ကုမ္ပဏီတစ်ခုက ဒီလိုညစ်မှုကိုလုပ်ထားတာပါ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ဖို့ဆိုပြီး ကြားစခန်း တစ်ခု တည်ဆောက်ဖို့အတွက် ဆောက်လုပ်ရေးပစ္စည်းတွေကို ပြင်ဦးလွင်ကဆိုင်တွေမှာ ဝယ်ယူခဲ့ပါတယ်။ အရင်တုန်းကတော့ တစ်ပတ်ကိုတစ်ကြိမ် ဒါမှမပာုတ် ဆယ်ရက်ကိုတစ်ကြိမ် ငွေချေမယ်ဆိုပြီး ဝယ်ယူခဲ့တာပါ. ဒါပေမယ့် ခု သုံးလကျော်တဲ့အထိ ငွေမရသေးပါဘူး”ပာု သုံးထောင်ကျေးရွာမှ ဆောက်လုပ်ရေးပစ္စည်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်း ကြားစခန်းတည်ဆောက်နိုင်ရန် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကို မေလပိုင်းတွင် စတင်သွင်းခဲ့ခြင်းဖြစ်ပြီး မိုင်းတစ်လုံးလျှင် ကျပ် ၇၀၀၀ ဖြင့်ခေါ်ယူ၍ လုပ်ကိုင်စေခဲ့သည့် မိုင်းခွဲမြန်မာလုပ်သားများကိုလည်း လုပ်အားခငွေရှင်းခြင်းမရှိဘဲ ချမ်းသာကုမ္ပဏီမှ တာဝန်ရှိသူများမှာ လည်း ရှောင်တိမ်းလျက်ရှိကြောင်း သိရသည်။
“ခုချိန်ထိ မိုင်းခွဲလုပ်သား တစ်ဖွဲ့လျှင် ငါးဦးစီပါဝင်ပြီး လုပ်အားခမရသေးတဲ့ လုပ်သားပေါင်း ၄၆ ဦးရှိပါတယ်။ လုပ်အားခပေါင်း သိန်း ၄၀၀ နီးပါးပေးရန် ကျန်ရှိနေပါတယ်။ လုပ်ငန်းစတင်တဲ့အချိန်မှာ လုပ်သားတွေဘက်က လုပ်အား၊ စက်ပစ္စည်း စတာတွေကို ရင်းနှီးရတဲ့အတွက် လုပ်ငန်းခွင်မှာ လိုအပ်တဲ့ ပစ္စည်းဖိုး၊ စက်ဖိုးတွေအတွက် တခြားသူတွေဆီက တစ်လကို ၁၀ ရာခိုင်နှုန်းနဲ့တိုးဖြင့် ချေးယူအသုံးပြုရပါတယ်။ ခု ကုမ္ပဏီငွေမရှင်းတော့ အလုပ်သမားတွေမှာ အခက်အခဲတွေအများကြးဖြစ်နေပါတယ်”ပာု မိုင်းလုပ်သားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ် ထုတ် Express Time ဂျာနယ်တွင် ဖော်ပြပါရှိသည်။
သတင်း...:Express Times

10 July 2012

သူ့ နေရာ သူရောက်


လွှတ်တော် တွင်း ရှိ စစ်သား ကိုယ်စား လှယ် များ မှ အဆို ပြု မှု နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ အား ဒု သမ္မတ အဖြင့် တင်မြှောက် လိုက်သည်။ဒုသမ္မတ နေရာ အတွက် အတည်ဖြစ် ရန် ပြည်ထောင်စု လွှတ်တော် ဥက္ကဌ၏ အတည်ပြု မှု လိုအပ်သည်။


7 July နှစ် ၅၀ပြည့်အခမ်းအနားသတင်း ဖော်ပြခွင့် စာပေစိစစ်ရေးမှ ပြည်တွင်းဂျာနယ်များအား တားမြစ်

ဇူလိုင် ၇ရက်နေ့ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ရုံးခန်းတွင်ပြုလုပ်ကျင်းပသည့် 7 July နှစ် ၅၀ပြည့် အခမ်းအနားနှင့် ပတ်သက်သည့်သတင်းအားပြည်တွင်းသတင်းမီဒီယာများမှ သတင်းထုတ်ပြန်ရေးသားမှု မပြုလုပ်ရန် စာပေစစ်ဆေးရေးက သတင်း ထုတ်ပြန်ခဲ့ကြောင်းပြည်တွင်းဂျာနယ်တစ်ခု၏ သတင်းမီဒီယာတစ်ဦး၏ ပြော ပြချက်အရ သိရှိရသည်။ 

 "ကျွန်တော်တို့က သတင်းလိုက်ပြီး ပြည်သူတွေ ဒီ 7 July နဲ့ ပတ်သက်ပြီး သိအောင်လို့ ရေးသားတယ်။ ဒါပေမယ့် တကယ်လည်း စိစစ်ရေးကို တင်ရော သူတို့က ခဏလောက်ဆိုင်းငံ့ပေးပါဆိုပြီး ဖုန်းဆက်ပြောလာပါတယ်။ သူတို့ဘက်ကပြောတာကတော့ အခုလိုမျိုး နိုင်ငံမှာ အရေးကိစ္စတွေဖြစ် နေတာနဲ့ ပတ်သက်ပြီး ဒီ 7 July ကိစ္စကြောင့် တစ်ခုခုဖြစ်မှာစိုးလို့ပါလို့ ပြောပါတယ်"ဟု ၎င်းက ဆိုသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် တည်ရှိနေဆဲဖြစ်သည့် စာပေစစိစစ်ရေးအဖွဲ့မှ အဆိုပါအခမ်းအနားသတင်းနှင့် ပတ်သက်၍ ပိတ်ပင်တားမြစ်ခြင်းသည် လက်ရှိအချိန်၌ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့် ပတ်သက်၍ အကြောင်းအရာတစ်ခုခုပေါ်ပေါက်လာမှုဖြစ်ပွားမည်စိုးသောကြောင့် အစိုးရအနေဖြင့် ယင်းသတင်းထုတ်ပြန်ရန် တားမြစ်ရ ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 ယင်းအခမ်းအနားမကျင်းပရန် ဇူလိုင်လ ၆ရက်နေ့ ည ၁၀ကျော်ခန့်မှစ၍ တားမြစ်ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ရန်ကုန်တိုင်းအပါအဝင် နယ်အသီး သီးမှ ဗကသကျောင်းသားအချို့အား ဇူလိုင်လ ၇ ရက်နေ့ ည ၇နာရီအချိန်၌ သက်ဆိုင်ရာ အာဏာပိုင်များက ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရပြီး ပြန် လွတ်လာသည့်အချိန်၌ပင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရန်ကုန်တိုင်းမှ ဗကသကျောင်းသား မဖြိုးဖြိုးအောင်၊ ဒီငြိမ်းလင်း၊ စည်သူမောင်နှင့် ရဲမြတ်ဟိန်း တို့မှ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ရုံး၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

 ထို့နောက်ပြန်ကြားရေးဝန်ကြီးဌာနမှ ယခု နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် လွှတ်တော်အစည်းအဝေး၌ ၁၉၆၂ခုနှစ် ပုံနှိပ်ဥပဒေ နေရာအား ပုံနှိဥပဒေအသစ် အစားထိုး၍ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပြီး ယင်းပုံနှိပ်ဥပဒေအသစ်တွင် စာနယ်ဇင်း သမားများနှင့် ဆိုင်သည့်အချက်အလက်များ၊ စာနယ်ဇင်းကောင်စီတစ်ရပ် ဖွဲ့စည်းရေး ကိစ္စရပ်နှင့် ထုတ်ဝေခွင့်ဆိုင်ရာကိစ္စရပ်များ ပါဝင်တင်ပြသွားမည် ဖြစ်ကြောင်း သတင်းဖော်ပြချက် များအရ သိရှိရသည်။

 သတင်း.... Transparency Myanmar

ဒဏ်ငွေများ တိုးမြှင့်လိုက်သည့် ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းထုတ်ပြန်


မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် ဥပဒေများ ခေတ်နှင့်လျော်ညီမှုဖြစ်လာနိုင်စေရန် ဒဏ်ငွေများကို တိုးမြှင့်သတ်မှတ်လိုက်သည့် ရာဇ သတ်ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ၂၀၁၂ ဇွန်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းမီဒီယာများတွင် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၇ တွင် ပါရှိသည့် ရာဇသတ်ကြီးဥပဒေအရ ချမှတ်သည့် ပြစ်ဒဏ်ကာလ အပိုင်းအခြားကို ရေတွက်ရာတွင် ထောင် ဒဏ်တစ်သက်ကို နှစ်ပေါင်းနှစ်ဆယ် ထောင်ဒဏ်နှင့်အညီထား၍ ရေတွက်ရမည်ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ(၆၉)၏ ဥပမာတွင်ပါရှိသည့် “ငါးဆယ်”ဆိုသည့် စကားရပ်ကို  “ငါးဆယ်”ဆိုသည့် စကားရပ်ကို၊ “ငါးထောင်”ပာူ၍လည်းကောင်း၊ “တရာ”ပာူသည့် စကားရပ်ကို “ကျပ်တစ်သောင်း” ပာူသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ခုနှစ်ဆယ့်ငါးကျပ်”ဆိုသည့် စကားရပ်အား “ငါးထောင်ကျပ်”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရ မည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။
ထို့ပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၆၃-က၊ ပုဒ်မခွဲ(၁) ပုဒ်မခွဲငယ်(ဂဂ)တွင် ပါရှိသည့် “နှစ်ရာ”ဆိုသည့် စကားရပ်ကို “ကျပ်နှစ်သောင်း”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉-က တွင်ပါရှိသည့် “ငါးရာ”ပာူသည့် စကားရပ်ကို “ကျပ်ငါးသောင်း”ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၂၇၉ တွင်ပါရှိသည့် “တထောင်”ဆိုသည့် စကားရပ်ကို “တစ်သိန်း”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၅ တွင်ပါရှိသည့် နှစ်ထောင်ဆိုသည့် စကားရပ်ကို “ကျပ်နှစ်သိန်း”ဆိုသည့် စကားရပ်ဖြင့်လည်းကောင် အစားထိုးရမည်ဖြစ်ကြောင်း ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။
ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၂၁ တွင် ပါရှိသည့် “နိုင်ငံတော် ကြည်း၊ ရေ၊ လေတပ်ဆိုင်ရာ ရေးရာပိုင်းဆိုင်ရာအရာရှိ”ဆိုသည့် စကားရပ်အား “တပ်မတော်အရာရှိ”ဆိုသည့် စကားရပ်နှင့်လည်းကောင်း၊ “ကျေးရွာကော်မတီလူကြီး”ပာူသည့် စကားရပ်အား “ရပ်ကွက် (သို့) ကျေးရွာအုပ်ချုပ်ရေးမှူး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးသုံးနှုန်းရမည်ဖြစ်ပြီး “မြူနီစပါယ်လူကြီးတိုင်းသည် ပြည်သူ့ဝန်ထမ်းဖြစ်သည်”ပာူသည့် စကားရပ်ကို ပယ်ဖျက်၍ ရှင်းလင်းချက် (၃)၌ပါရှိသည့် “ပြည်ထောင်စုပါလီမန် (သို့) မြူနီစပါယ်အဖွဲ့”ဆိုသည့် စကားရပ်ကို “လွှတ်တော်တစ်ရပ်ရပ်”ဆိုသည့် စကားရပ် ဖြင့် အစားထိုးရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိချက်အရ သိရှိရသည်။

သတင်း.... Transparency Myanmar

စာရင်းစစ်ချုပ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမည်


ပြည်ထောင်စုလွှတ်တော်သို့ အစိုးရဝန်ကြီးဌာနမှ ငွေကြေးအလွဲသုံးစားမှုများကို စစ်ဆေးတွေ့ရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာများ တင်ပြလာခြင်းမရှိတော့သည့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ယခုကျင်းပနေသည့် လွှတ်တော်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မဏ္ဍိုင်ကြီး(၃)ခုလုံးပာာ တစ်ခုကိုတစ်ခု အပြန်အလှန်စောင့်ကြည့်ပြီးတော့ အချင်းချင်း ပြန်လည်ထိန်းကျောင်းရ မယ်လို့ ဖော်ပြထားပါတယ်။ ဒီတာဝန်တွေကို ပြည်ထောင်စုလွှတ်တော်က ထမ်းဆောင်နိုင်ဖို့ဆိုရင် ပြည်သူ့ငွေစာရင်းကော်မတီအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွေပာာ အရမ်းကိုလိုအပ်ပါတယ်။ ခု ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အရင်လို ဝန်ကြီးဌာနတွေရဲ့ ငွေအလွဲသုံးစားမှု အစီရင်ခံစာတွေ တက်မလာတော့ဘူးဆိုတော့ ဥပဒေကြမ်းတင်သွင်းဖို့ စီစဉ်နေပါပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ယခင်က ဆည်မြောင်းစီမံကိန်းများ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အစိုးရဝန်ကြီးဌာနများတွင် ငွေကြေးဆိုင် ရာ အလွဲသုံးစားမှုများကို စစ်ဆေးတွေ့ရှိရသည့်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၂  ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အစီရင်ခံစာများ တင်ပြနိုင်ခြင်းမရှိတော့သည့်အတွက် ယခုကဲ့သို့ ပြည်ထောင်စုစာရင်းစစ်ချု့် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဝန်ကြီးဌာနတွေက ဘယ်လို ငွေကြေးအလွဲသုံးစားလုပ်နေတယ်ဆိုတာတွေကို လွှတ်တော်ကော်မတီတွေရဲ့ တာဝန်ပေးချက်အရ ဒီရုံးက စစ်ဆေးဆောင်ရွက်ရတာပါ။ ခုနောက်ပိုင်း ဒီအစီရင်ခံစာတွေ တက်မလာနိုင်တော့ဘူးဆိုတော့ ဝန်ကြီးဌာနတွေအတွက်တော့ ကောင်းပေမယ့် ပြည်သူ တွေအတွက် မကောင်းဘူး။ နိုင်ငံဘဏ္ဍာတွေလည်း အလပာဿ ဆုံးရှုံးပါတယ်။ လက်ရှိအချိန်ထိတော့ ဒီစစ်ဆေးမှုက တွေ့ရှိချက်ကို ဖော်ပြခဲ့တဲ့ The Voice Weekly နဲ့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ အမှုတွေကတော့ မပြီးသေးဘူး”ပာု ပြည်သူ့လွှတ်တော်ငွေစာရင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ ယခင်အစိုးရလက်ထက်ကပင် လာဘ်စားမှုများ၊ ငွေကြေးအလွဲသုံးစားမှုများနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နိုင်ရန် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း...... Weekly Eleven

အတိုက်အခံလုပ်ရန်လွှတ်တော်တက်ခြင်းမဟုတ်ဟုဒီချုပ်ဥက္ကဌလမ်းညွှန်

ယနေ့ည ၇နာရီခွဲတွင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာခန်းမ ၌ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် များ တွေ့ဆုံပွဲတွင် လွှတ်တော်တက်သည့်ရည်ရွယ်ချက်သည် အတိုက်အခံလုပ်ဖို့၊ တိုက်ခိုက်ဖို့ မဟုတ် ကြောင်း အဖွဲ့ချုပ်ဥက္ကဌမှ အဓိကထား၍လမ်းညွှန်မှာကြားခဲ့ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ပြောပြချက် အရသိရသည်။ တွေ့ဆုံပွဲတွင် လွှတ်တော်ရေးရာကိစများဆွေးနွေးခဲ့ကြပြီး ပြေပြေလည်လည် ပူးပေါင်း ဆောင်ရွက်၍ ဒီမိုကရေစီရေးအတွက် တွန်းကန်ကြရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။ 

“သူပြောသွားတာက ဒို့လာတာက ရန်ဖြစ်ဖို့မဟုတ်ဘူး”ဟုပြောခဲ့ကြောင်း ဦးအုန်းကြိုင် ကဆိုသည်။ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ၊ အဆိုများ မေးမြန်းလိုပါက ပါတီအတွင်းတွင် ဥပဒေပညာရှင်များပါဝင်ဖွဲ့စည်းထားသည့် လွှတ်တော်ရေးရာကော်မတီသို့ တင်ပြညှိနှိုင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ် အပြင် အခြားအင်အားစုများ၊ တိုင်းရင်းသားများ အတူပူးပေါင်းဆောင်ရွက်၍ ဒီမိုကရေစီနိုင်ငံသစ်တစ်ခု ဖန်တီးသွားဖို့လိုကြောင်း ဥက္ကဌမှပြောခဲ့သည်ဟုသိရသည်။

 “အတူပူးပေါင်းဆောင်ရွက်ဖို့ လာကြတာ အဲဒီလိုဖြစ်အောင်လို့ စကားလုံးကအစ စာသားကအစ တစ်ယောက်နဲ့ တစ်ယောက် ဒီမှာကြိုပြီးညှိပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အလုပ်မရှုပ်အောင် လုပ်ပါ လို့ပြောသွားပါတယ်”ဟု ဦးအုန်းကြိုင်ကပြောသည်။ ထိုကဲ့သို့တွေ့ဆုံပွဲများကို တင်္နလာနေ့တိုင်း ကျင်းပသွား မည်ဖြစ်ပြီး ဆောင်ရွက်ရန်ရှိသည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ လွှတ်တော်တွင်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀င်ရောက်ဆွေးနွေးရန် ရှိကြောင်းကို “ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပဲ ဆိုတော့ပြောပိုင်ခွင့်ရှိပါတယ်။ ဒါကိုအသုံးချပြီးဆွေးနွေးမှာပါ။ အစီအစဉ်လည်းရှိပါတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။

သတင်း...  ပြည်သူ့ခေတ်

09 July 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော် ခရီးစဉ်တွင် တည်ခိုသည့် အိမ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည်
 နေပြည်တော် ကောင်စီမြို့နယ်မြေ ဥတ္တရသီရိမြို့ နယ်၊ လွိုင်ကော်လမ်း ၊မြတ်လေး ( ၂ )လမ်းရှိ အမှတ် ၆၃၃၂ နှင်းဆီစံအိမ် တွင်တည်းခိုနေထိုင်၍ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက် မည်ဖြစ်သည်။

သတင်း....   Popular Myanmar News Journal

မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဒုတိယသမ္မတ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နိုင်

  မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုးသမီး ဒုတိယ သမ္မတ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာနိုင်သည်ဟု နေပြည်တော် အစိုးရအဖွဲ့ အတွင်းမှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက သံတော်ဆင့်သို့ သုံးသပ်ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့ဝင် အကြီးအကဲတာဝန်များ ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းနှင့် ကိုက်ညီပြီး ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ရလျှင်ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း တင်သွင်းနိုင်ပြီး၊ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ ၀င်ဖြစ်စေ၊ ၄င်း အဖွဲ့မှ ရွေးချယ်သည့် ဒုတိယ သမ္မတလောင်းနှင့် ပြည်ထောင်စုဝန်ကြီးအဆင့်ဖြစ်စေ၊ ထိုအစုအဖွဲ့ကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင် သွင်းမှုသည် ပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အရည်အချင်းနှင့် ကိုက်ညီသူ ဖြစ်သည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုတိယသမ္မတအမည်စာရင်းတင်သွင်းရာတွင် လက်ရှိတပ်မတော်သားဖြစ်စေ၊ အရပ်သားဖြစ်စေ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ အရည်အချင်းပြည့်မှီပြီး စစ်ရေးအမြင်ရှိသူဟု ယုံကြည်ရသူဖြစ်လျှင် ၄င်းပုဂ္ဂိုလ်ကို ဒုတိယသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က လက်ခံအတည်ပြုရပေမည်။

    အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးက သုံးသပ်ရာတွင် တိုင်းပြည်အတွက်၊ ပြည်သူပြည်သားများအတွက် နှစ်ဖက်အကျိုးကြည့်ပြီး နိုင်ငံတကာနှင့် လက်ခံ ထောက်ခံမှုရရှိအောင် အမျိုးသမီးတစ်ဦးကို ဒုတိယသမ္မတဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်းအချက်များနှင့် ပြည့်စုံပြီးဖြစ်၍ နိုင်ငံ တကာနှင့်ပြည်တွင်း၌ပါ ၄င်းပြောသည်ကို ထောက်ခံကြသည်ဖြစ်၍ ဒုတိယသမ္မတ နေရာတွင်ပြည်ခိုင်ဖြိုးပါတီထက်၊ တပ်မတော်အရာရှိများထက် တိုင်းပြည်အတွက် အကျိုးရှိရန် ဒေါ်အောင်ဆန်းစုကြည် ဒုတိယသမ္မတ တာဝန်ယူရန်ဖြစ်နိုင်ကြောင်း၊ တပ်မတော်သားကိုယ်စားလှယ်များက တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယသမ္မတအမည်စာရင်းတင်သွင်းပါက တိုင်းပြည်လည်းမင်္ဂလာရှိကြောင်း ယနေ့နေ့လည် ၁း၃၀တွင်မြန်မာသံတော်ဆင့် အယ်ဒီတာချုပ်သို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ရာတွင် သုံးသပ်ပြောကြားခဲ့သည်။

သတင်း.......  မြန်မာသံတော်ဆင့်

ငြိမ်းချမ်းရေးရပြီးသည့်ဒေသမှလူငယ်များအား နိုင်ငံတကာနည်းစနစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုမည်


ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးရယူပြီးသော ဒေသမှလူငယ်များအား နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် နည်းလမ်းများနှင့် စနစ်များကို အသုံးပြု၍ လက်နက်ကိုင်ဆောင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသားပါ။ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာကို မထိခိုက်ဘူးဆိုရင် ငြိမ်းချမ်းရေးရရှိပြီးတဲ့ ဒေသက လူငယ်တွေအတွက် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ DDR၊ SSR စနစ်တွေနဲ့ တစ်ဆင့်ချင်း လက်နက်ကိုင်ဆောင်ခွင့်ပေးသွားမှာပါ။”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးရရှိပြီးသည့်ဒေသများမှ လက်နက်ကိုင်ဆောင်လိုသည့် လူငယ်များ၏စာရင်းကို ပြုစုလျက်ရှိပြီး လက်နက် ကိုင်ဆောင်လိုစိတ်မရှိသူများအတွက် နယ်စပ်ဒေသများရှိ အကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့များတွင် တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်ရှိအချိန်၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးရရှိရန် ကျန်ရှိနေသေးသည့် ကချင်လွတ်မြောက် ရေးအဖွဲ့(KIO)မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမည့်နေရာကို ညှိနှိုင်းလျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ဗန်းမော်တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း KIO ဘက်မှ လွယ်ဂျယ် နှင့် မိုင်ဂျာယန်ကြားရှိ ပရန်ငေါန်တွင် တွေ့ရန်ဆန္ဒရှိကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်။
မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၁၁) ဖွဲ့အနက် (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်း....  YC