29 October 2011

ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းသည် အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



(25 Oct 2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar pro- democracy activist, Nobel Peace Laureate says freedom from fear is ‘ Master Key’ ကို yangonchronicle ဘာသာပြန်သည်)

အကြောက်တရားမှ ကင်းလွတ်ခြင်း (Freedom from Fear) သည် အခြားလွတ်လပ်ခြင်းများအတွက် လမ်းဖွင့်ပေးမည့် အဓိကသော့ချက် (master key) ဖြစ်ကြောင်း နိုဘယ်လ်ဆုရှင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့နှောင်းပိုင်းတွင် မီချီဂန်တက္ကသိုလ်က သူမ အား ဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါတက္ကသိုလ်မှ နှစ်ပတ်လည် Wallenberg ဆုတံဆိပ် ချီးမြှင့်ခြင်းကို ခံရသည်။ အဆိုပါ ဆုတံဆိပ်မှာ ယင်းတက္ကသိုလ်ကျောင်းသားဟောင်း ဆွီဒင်သံတမန် Raoul Wallenberg သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးထောင်ပေါင်းများစွာကို ကယ်တင် ခဲ့ခြင်း အထိမ်းအမှတ် သတ်မှတ်ထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံမှ ထွက်ခွာခြင်းအား ပိတ်ပင်ခံထားရခြင်း မရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်လာရန် ခွင့်မပြုမည်ကို စိုးရိမ်သဖြင့် နိုင်ငံခြားသို့ ခရီးထွက်ခြင်း မပြုပေ။ ထို့ကြောင့် သူမသည် ပရိတ်သတ်အား အင်တာနက်မှတဆင့် တိုက်ရိုက် စကားပြောသည်။

“ကြောက်ရွံ့ခြင်းဟာ ဆွံ့အခြင်း၊ လုပ်သမျှခံတဲ့အဖြစ်ကို ရောက်စေပါတယ်။ ကြောက်ရွံ့ခြင်းဟာ အရာရာကို မစွမ်းဆောင်နိုင်တဲ့အဖြစ်ကို ဖြစ်စေ ပါတယ်” ဟု ပရိတ်သတ်၏ မေးခွန်းများကို တိုက်ရိုက် ဖြေကြားခြင်းမပြုမီ၊ ကြိုတင်သွင်းယူထားသော မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။ “ပြောဖို့ ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ပြောဆိုခွင့်ရအောင် ဘာမှ လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

“မတရားမှုကို စိန်ခေါ်ဖို့ သိပ်ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်မတို့ရဲ့ ဘဝတွေ ဆိုးဝါးစေတဲ့ လူမှုရေးနဲ့ စီးပွားရေးမှားယွင်းမှုတွေကို ပြင်ဆင်ပေးဖို့ ပြောရဲလိမ့်မယ် မထင်ပါဘူး” ဟု သူမက ဆိုသည်။

ယခုနှစ်အထိ စစ်တပ်မှ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရသော မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အခြား တိုင်းပြည် များက ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးယူမှုများ ချမှတ်ထားခဲ့သည်။ မြန်မာနိုင်ငံသည် လူဦးရေ ၅၄ သန်းရှိသော နိုင်ငံ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် မတ်လက အာဏာရလာပြီးနောက် မကြာသေးမီက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် လွှတ်ပေးခြင်း အပါ အဝင် နိုင်ငံတကာ အရေးယူမှုများ ဖြေလျော့စေမည့် မူဝါဒများ ချမှတ်ခဲ့သည်။

အသက် ၆၆ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ်က ထူးထူးခြားခြား မခံစားရကြောင်း အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်မှ အမြဲတမ်း လွတ်မြောက်နေခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ သူမ၏ လွတ်မြောက်ခြင်းဆိုသည်မှာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်အောင် အလုပ် လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သူမက ပြောသည်။

“ကျွန်မတို့ရဲ့ ကြိုးပမ်းရုန်းကန်မှုတွေမှာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးကို အလေးအနက်ထား ပြောရတာကတော့ တခြားလွတ်မြောက်ခြင်း တွေ အတွက် တံခါးဖွင့်နိုင်မယ်၊ ဒါကို အဓိကသော့ချက်(master key) အဖြစ် မြင်လို့ပါပဲ” ဟု သူမက ဖြည့်စွက်ပြောသည်။

တိုက်ဆိုင်စွာပင် အမေရိကန်ပြည်ထောင်စုမှ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး အင်္ဂါနေ့က ခရီးစဉ် ပြီးဆုံးချိန်တွင် မည်သည့် အသေးစိတ်မျှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ဒဲရက်မစ်ချယ် (Derek Mitchell) ၏ ခရီးစဉ်ပြီး၍ ပြန်လည် ထွက်ခွာသွားသော်လည်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ခြင်း မရှိပေ။ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှု ကိစ္စများ ပါဝင် နိုင်သည်ဟု ခန့်မှန်းမှုများသာ ရှိသည်။

တက္ကသိုလ်၏ Rackham ခန်းမတွင် ပြုလုပ်သည့် အမေးအဖြေကဏ္ဍတွင် မည်သူကမျှ ဒေါ်အောင်ဆန်းစုကြည်အား မစ်ချယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း မရှိပေ။ Skype မှ တဆင့် သူမက ပြန်လည်ဖြေကြားရာတွင် အကြမ်းဖက်ခြင်းနှင့် အကြမ်းမဖက်သော တော်လှန်ရေးများ အကြောင်း၊ သူမ၏ စံပြပုဂ္ဂိုလ်များအကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်းများ ပါဝင်ခဲ့ သည်။

“အမေရိကန်မှာရော ဖိနှိပ်ခံရတဲ့သူတွေ မရှိတော့ဘူးလား၊ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ရုန်းထွက်ခဲ့ရတာပါ” ဟု သူမက ကြေညာသည်။ “စစ်မှန် တဲ့ ငြိမ်းချမ်းရေးမရှိပဲ၊ ဒီမိုကရေစီ မရနိုင်ဘူး” ဟု သူမက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီမရမှီ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရမည်ဟု သူမက ပြောသည်။ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ၏ အစိတ်အပိုင်းအချို့သည် ဒီမိုကရေစီစံများနှင့် ညီညွတ်မှု မရှိခြင်းကြောင့် ပြောင်းလဲရန် လိုအပ်ကြောင်း သူမက ဆိုသည်။

မီချီဂန်တက္ကသိုလ်သည် ၁၉၉၀ ခုနှစ်မှစ၍ Wallenberg တံဆိပ်ကို စတင် ချီးမြှင့်ခဲ့သည်။ နိုဘယ်လ်ဆုရှင်နှင့် ဒုတိယကမ္ဘာစစ်အကျဉ်းစခန်းမှ အသက်ရှင်ကျန်သူ Elie Wiesel က ပထမဆုံး ဆုချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဆုကို ကိုယ်တိုင်တက်ရောက် မယူသူ ပထမဆုံး ဂုဏ်ပြုခံ ပုဂ္ဂိုလ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၊ ကိုဇာဂနာ ၊ ဇေယျာသော် နှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီး ဦးဆောင်၍ လွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲပြုလုပ်ရန်စီစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၊ ရုပ်ရှင်သရုပ်ဆောင် ကိုသူရ (ခေါ်) ဇာဂနာ ၊ ဟစ်ဟော့အဆိုတော် ဇေယျာသော် ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် အဖွဲ့ချုပ်မှ အဖွဲ့ဝင် အချို့ပူးပေါင်း၍ လွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲ ဟူ၍ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

လွတ်လပ်သောရုပ်ရှင်ပြိုင်ပွဲကို ကျင်းပရခြင်းသည် မိမိကြိုက်နှစ်သက်ရာ သရုပ်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ပြခြင်းဖြင့် သိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အဆိုပါ လွတ်လပ်သောရုပ်ရှင်ပြိုင်ပွဲ စီစဉ်သူတစ်ဦးမှသုံးသပ်ပြောသည်။

“အန်တီကတော့ ရည်ရွယ်ချက်မပြောဘူး၊ ဒါပေမဲ့ ဒီရုပ်ရှင်ပြိုင်ပွဲကျင်းပရတာကတော့ လွတ်လပ်စွာနဲ့ သရုပ်ဖော်ထုတ်ပြစေချင်တယ် အဲ့လိုသဘောမျိုးပါဘဲ” ဟု အန်အယ်လ်ဒီအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက သုံးသပ် ပြောဆိုသည်။

လွတ်လပ်သောရုပ်ရှင်ပြိုင်ပွဲကို စိတ်ဝင်စားသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ဇာတ်ရုပ်၊ သရုပ်ဆောင် ရိုက်ကူးချက်ကို ဗွီစီဒီ ၊ ဒီဗွီဒီ ကြိုက်နှစ်သက်ရာ အခွေများဖြင့်ပြုလုပ်ကာ တစ်လအတွင်း အန်အယ်လ်ဒီ အဖွဲ့ချုပ်ရုံးသို့ ပေးပို့နိုင်ကြောင်းသိရသည်။

ရိုက်ကူးပေးပို့ထားသော အခွေများကို ၀ါရင့်နိုင်ငံရေးသမားများ နှင့် အနုပညာရှင်များမှ အမှတ်ပေး ဆုံးဖြတ်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်ပွဲတော်တွင်လည်း ပြသသွားမည်ဖြစ်ကြောင်းနှင့် လွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲမှ ဆုရရှိသူများကို ၂၀၁၂ခုနှစ် လွတ်လပ်ရေးနေ့တွင် ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လွတ်လပ်သောရုပ်ရှင်ပြိုင်ပွဲနှင့် ပတ်သက်ပြီး လာမည့် အောက်တိုဘာလ ၃၁ ၇က်နေ့ မနက် ၁၀ နာရီ ၀န်းကျင်တွင် ဗဟန်းမြို့နယ်ရှိ Relax စားသောက်ဆိုင်၌ မီဒီယာများနှင့် တွေ့ဆုံပြောကြားမည်ဖြစ်ကြောင်း သိရှိရသည် ။

ပြန်လည်မျှဝေပေးသော မြစ်မခမီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

28 October 2011

ဘွဲ့လိုချင်ပါသလား၊ တနှစ်ကို ကျပ် ၃ သိန်းသာ ယူခဲ့ပါ။


ကျပ် သုံးသိန်းပေးဆောင်ခြင်းဖြင့် ဘွဲ့တက်ယူနိုင်သည့် နေရာ

အရာရှိရာထူး မရနိုင်သော်ငြားလည်း၊ ပညာစစ်၊ ပညာမှန်လည်း မရနိုင်သော်ငြားလည်း ဧည့်ခန်းတွင် ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲရန် အတွက်လည်းကောင်း၊ မင်္ဂလာဆောင် ဖိတ်စာတွင် အမြီးရှည်ရှည် ထည့်နိုင်ရန်လည်းကောင်း၊

နာရေးကြော်ငြာတွင် တက္ကသိုလ်ဘွဲ့ ရခဲ့ဖူးကြောင်း မသိသေးသူများ သိသာစေရန် အတွက်လည်းကောင်း ယခုလ ၂၇ ရက်နေ့တွင် အဝေးသင် ဘွဲ့များကို အခကြေးငွေဖြင့် ရယူကြမည်ဖြစ်ကြောင်း မောက္ခက သတင်းရရှိပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (တာဝ) တွင် အောက်တိုဘာလ ၂၇ ရက်နေ့၌ စာမေးပွဲ ဖြေဆိုမည့် အဝေးသင် ကျောင်းသားများမှာ ဆရာများထံမှ ကျူရှင်မယူနိုင်ပါက စာမေးပွဲအောင်ရန် အခက်အခဲရှိသည်ဟု ကျောင်းသူကျောင်းသားများက ပြောဆိုနေကြသည်။

ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ ကျောင်းသားတစ်ဦးက “အဝေးသင်တက်ရင် ကျူရှင်ယူရတယ်။ ယူတဲ့သူတွေကို ခုံနံပါတ်ပါ တောင်းတယ်။ ကျူရှင်တက်တဲ့သူတွေကို စာစစ်ရင် သေချာဂရုစိုက်ပေးတယ်။ အားလုံးအောင်အောင်ပေါ့။ တနှစ်လုံး ကျောင်း ကလည်း ၁၀ရက်ပဲ တက်ရတော့ ဘာမှန်းမသိပါဘူး။”ဟု ကေအိုင်စီကိုပြောသည်။

အချိန် ၇ရက်သာ ဖြေဆိုရသည့် ၎င်းအဝေးသင် စာမေးပွဲအတွက် ကျူရှင်များကို ပါမောက္ခများကိုယ်တိုင် သင်ကြားပေးနေပြီး ကျူရှင်မယူသည့် အဝေးသင် တက္ကသိုလ်ကျောင်းသူကျောင်းသား များကို ကောင်းကောင်းမွန်မွန် စာသင်ကြားပေးခြင်း မရှိသ ဖြင့် အဝေးသင်တက္ကသိုလ်လည်း မရှိသင့်တော့ကြောင်း အဆိုပါ အင်္ဂလိပ်စာမေဂျာ ကျောင်းသားက ပြောသည်။

ကျပ် သုံးသိန်းပေးဆောင်ခြင်းဖြင့် ဘွဲ့တက်ယူနိုင်သည့် နေရာတက္ကသိုလ်များတွင် သာမက ပြင်ပသင်တန်းကျောင်းများ၌ တက်ရောက်သူများမှာလည်း သင်တန်းပြီးပါက ကျူရှင်တက်နေရ သေးကြောင်းနှင့် ကျူရှင်တက်ပါက စာစဉ် (Assignment) ပေးပြီး ထိုစာစဉ်မှတဆင့် ဂုဏ်ထူးထွက်နိုင်ရေး လုပ်ဆောင်ပေး ကြောင်းကိုလည်း ကွန်ပြူတာသင်တန်းကျောင်း (KMD) မှ သင်တန်းသားတစ်ဦးက ပြောသည်။

ကျူရှင်ယူခြင်း မယူခြင်းကိစ္စနှင့် ပတ်သက်၍ ကျူရှင်သင်ကြားပို့ချနေသည့် ဆရာမတစ်ဦးထံသို့ မောက္ခက ဆက်သွယ်မေးမြန်းရာ ယခုလို ဖြေကြားခဲ့သည်။

"အားလုံးလိုလို အပိုဝင်ငွေ ရှိမှ ရပ်တည်နိုင်တာလေ။ အခြားဝင်ငွေရလမ်းလည်း မရှိဘူး။ လစာကလည်း မဖြစ်စလောက်၊ စားဝတ်နေရေး မလောက်ငဘူး။ ပါမောက္ခတွေကိုယ်တိုင် ကျူရှင်ပြနေတဲ့ ခေတ်ဆိုးကြီးမှာ ကျမတို့ ကထိကတွေအားလုံးလိုလိုလည်း ကျူရှင်ပြစားကြပါတယ်။"

ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ၊ ပညာရေးသုတေသီတစ်ဦးမှ မြန်မာပြည် ပညာရေး၏ အဂတိ လိုက်စားမှုများမှာ မျိုးဆက်များဆီ လက်ဆင့်ကမ်းလာသည့်အတွက် အရည်အသွေးများစွာ ကျဆင်းလာကြောင်း မောက္ခသို့ ယခုလို ဝေဖန် ထောက်ပြခဲ့သည်။

“လက်ရှိ မြန်မာ့ပညာရေးဟာ ပညာရဖို့ တော်တော်ခက်တဲ့ အခြေအနေပါ။ အာဏာပိုင်နဲ့ ဆရာ ဆရာမတွေကိုယ်တိုင်က ဖြစ် နေတော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီစနစ်ဆိုးကြီးကို တိုက်ထုတ်ဖို့လိုပါတယ်။ တက္ကသိုလ်ကျောင်းတွေတင်မက ပြင်ပမှာ လည်း အခကြေးငွေ ပေးနေရတယ်ဆိုတာ မလိုလားအပ်တဲ့ အဂတိအမွေပါ။ ကုရခက်ပါတယ်။ ကြိုးကြိုးစားစားနဲ့ ပညာရှာလို တဲ့စိတ်ကို ဖျက်ဆီးနေတယ်။”ဟု ပြောသည်။

၎င်းအပြင် ဂျပန်နိုင်ငံ Kyoto Notredame Woman University တွင် Social Welfare ဘာသာရပ် သင်ယူနေသူ မြန်မာ ကျောင်းသူတစ်ဦးကလည်း “ကျမဆိုရင် မြန်မာပြည်မှာ သင်္ချာနဲ့ ကျောင်းပြီးခဲ့တာပါ။ ကျမတို့တုန်းကလည်း ကျူရှင်ယူခဲ့ရ တယ်။ ငွေသာကုန်ပြီး ဒီပညာနဲ့ ဘာမှအသုံးမချရပါဘူး။ အမြင်ပြောရရင် မြန်မာပြည် ပညာရေးကတော့ တက္ကသိုလ် မဟုတ် ဘူး။ မူကြိုကနေ စပြင်ရမှာပါ။”ဟု ပြောသည်။

မန္တလေးက အဝေးသင် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်သူ မေသဇင်မျိုးက မောက္ခကို ယခုကဲ့သို့ ရှင်းပြခဲ့သည်။

"ကထိကတွေ၊ ပါမောက္ခတွေဆီမှာ ကျူရှင်တက်နေတဲ့ ကျောင်းသူကျောင်းသားတွေက ခုံနံပါတ်ပေးလိုက်ရုံပါပဲ။ အောင်ဖို့ သေချာပြီ။ ဘာသာစုံအတွက် ၃ သိန်းအထိ ပေးရတယ်လေ။ အောင်မှတ် မသေချာဘူးဆိုရင်လည်း လက်ဆောင်ပစ္စည်းနဲ့ သွားကန်တော့ရုံ"

"သမီးက ကိုယ်ပိုင်အလုပ်ရှိတယ်လေ။ အိမ်ကအတင်းယူခိုင်းလို့သာ ဘွဲ့ယူတာပါ။ အနည်းဆုံးတော့ ဧည့်ခန်းမှာ ချိတ်ဆွဲထားလို့ရတယ်လေ... အဟီး"


ရင်းမြစ်....မောက္ခ ပြည်တွင်းပညာရေးသတင်း

သျှင်အနုရောဓိ

မြို့တွင်း၌ ကလေးငယ် အချို့အား တောင်းရမ်း ခိုင်းစားနေ သူနှစ်ဦး မိပြီ

ရန်ကုန်မြို့တွင်း၌ ကလေးငယ် များအား နောက်ကွယ်မှ တောင်း ရမ်းခိုင်းစားနေသူ နှစ်ဦးအား ယခုလ ၁၁ ရက်နေ့တွင် ဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

တောင်းရမ်း စားသောက်သည့် ကလေးငယ်များအား ဖမ်းဆီး၍ ကမာရွတ်မြို့နယ် နာနတ်တော လမ်းရှိ စောင့်ရှောက်ရေးစခန်းတွင် ထားရှိသော ကလေးငယ် ၃၀ ဦး အား စစ်ဆေးရေးအဖွဲ့မှ မေးမြန် ခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးမှ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ယောမင်း ကြီး (၁) လမ်းရှိ နေအိမ်အား လိုက် လံပြသခဲ့သဖြင့် သက်ဆိုင်ရာစစ် ဆေးရေးအဖွဲ့မှ စောင့်ကြပ်စစ်ဆေး ခဲ့ရာ အဆိုပါနေအိမ်မှ အမျိုးသမီး တစ်ဦးသည် ဒလဘက်ကမ်းမှတစ် ဆင့် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် မီးပွိုင့်တို့တွင် ကလေးငယ် ၃ ဦးတို့အားတောင်း ရမ်းခိုင်းစားသည်ကို တွေ့ရှိသဖြင့် ဒလရဲစခန်းသို့သတင်းပို့ကာ ဖမ်းဆီး ခဲ့ကြောင်း၊ ထို့နောက် အောက်တို ဘာလ ၉ ရက်နေ့တွင် ကုန်သည် လမ်းနှင့် ဗိုလ်အောင်ကျော်မီးပွိုင့် အနီးတွင် ခိုင်းစေခံရသည့် ကလေး ငယ် ၃ ဦးနှင့်အတူ အထက်ပါ လိပ် စာတူအိမ်မှ အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရ သည်။ တောင်းရမ်းခိုင်းသည့် အမျိုးသ မီးနှစ်ဦးသည် အဆိုပါကလေးငယ် များထံမှ တစ်ရက်လျှင်ကျပ် ၃၀ဝ၀ နေ့စဉ်ယူပြီး ပုံမှန်ချိန်းသည့်နေရာ တွင်ပေးရကြောင်း စစ်ဆေးထွက် ဆိုခဲ့ကြောင်း ကျောက်တံတားရဲ စခန်းမှ သိရသည်။

"သတင်းကြားရတာတော့ ရှိ တယ်။ ဘယ်သူကကြိုးကိုင်ပြီး လုပ် တယ်ဆိုတာ မသိရဘူး။ အခုက ကလေးတွေကို မေးတာကနေ သတင်းကွင်းဆက်ရသွားတာ" ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိတွင် ကလေးငယ်များ ၏ နောက်ကွယ်မှ ကြိုးကိုင်၍ တောင်းရမ်းခိုင်းသော ဒေါ်တင်ညို ၄၅ နှစ် (ဘ) ဦးကြွယ်၊ ယောမင်း ကြီး ၁ လမ်း၊ ကျန်စစ်သားရပ် ကွက်နှင့် ဒေါ်သန်းသန်းဦး (ခ) ဒေါ် မျိုး ၅၅ နှစ် (ဘ) ဦးဝင်းတင် (လိပ်စာတူ) တို့အား ကျောက်တံတား ရဲစခန်းမှ ရဲအရေးမပိုင်မှု အမှတ်စဉ် (၃၂/ ၂၀၁၁) ဖြင့် ကလေးသူငယ် အက်ဥပဒေပပုဒ်မ (၆၆) အရ စစ် ဆေးပြီးထောင်ဒဏ် (၁) နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။

"တည်ဆဲဥပဒေနဲ့အညီ မစွမ်းတွေအားလုံးကို အသက် အရွယ် ပုံစံ စရိုက်တွေခွဲပြီး ထားပါ တယ်"ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ လူမှုဝန်ထမ်း ဝန်ကြီး ဒေါက်တာမြင့်သိန်းက ကလေးငယ်များနှင့် ပတ်သက် သောအခြေအနေကို အောက်တိုဘာ ၂၁ ရက်နေ့က အစိုးရအဖွဲ့ရုံးတွင် ပြောပြသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကလေးသူငယ်များ တောင်းရမ်းစားသောက်နေထိုင်ခြင်း ကိုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ ပြည်တွင်းရှိ အခြေအနေမဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်နေသောNGOအဖွဲ့အ စည်းတစ်ခု၏ တာဝန်ရှိသူ တစ်ဦး က "ကလေးတွေကို အဓမ္မစေခိုင်း တဲ့ စီးပွားရေးလုပ်ငန်းလို့ ဆိုရမှာပေါ့၊ ဒီလိုမျိုးဖမ်းမိတာကို ကြားရတာ ဝမ်းသာပါတယ်၊ လုပ်သင့်တဲ့လုပ်ရပ် ပါ၊ အခုအစိုးရသစ်အနေနဲ့ ဒီလိုလုပ် သွားမယ်ဆိုရင် ပပျောက်သွားမယ့် လက္ခဏာတစ်ခုပါ။ ဒါပေမဲ့ ထိန်း သိမ်းတဲ့အဖွဲ့အစည်းမှာလည်း ဟာ ကွက်မရှိဖို့ လိုပါတယ်" ဟု သုံးသပ် ပြောကြားသည်။

သတင်း....Popular News Journal.

တရုတ်ဘက်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများဖမ်းမိ



တရုတ်နယ်စပ်ဘက် တင်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများသယ်ဆောင်လာသည့် စိတ် ကြိုက် မော်တော် ယာဉ်လိုင်းပိုင်မှန်လုံယာဉ် တစ်စီးကို မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ အောက်တိုဘာ ၂၄ ရက်နေ့ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မှန်လုံယာဉ်ပေါ်တွင် ကျောက်စိမ်း အလေးချိန်ကီလို ၉၀၀ ခန့် နှင့် သင်းခွေချပ်အပါအဝင်သစ်တော ထွက်ပစ္စည်း တချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းယာဉ်အား ထိန်းသိမ်းထားကြောင်း ၁၀၅ မိုင် ၀န်ထမ်းအသိုင်း အဝိုင်းမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျောက်စိမ်းက ကီလို ၉၀၀ ပေါ့ တစ်တန်လောက်ရှိတယ် သင်းခွေချပ်နဲ့ သစ်တောထွက်ပစ္စည်းတွေပါ တယ်။ လောလောဆယ်နှစ်ဘက်ညှိနေတုန်းပဲ၊ ယာယီထိန်းသိမ်းထားတာပေါ့၊ ကားသိမ်းတဲ့ အဆင့်တော့ မရှိသေးဘူး ” ဟု ၀န်ထမ်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မူစယ်နှင့် မန္တလေး အကြား လိုင်းပြေးဆွဲနေသည့် စိတ်ကြိုက်မော်တော်ယာဉ်လိုင်းကို ယခင် ရမခတိုင်းမှူးမှ ကစထမှူးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၏ ညီတော်သူ ဗိုလ်မှူးအောင်လင်းထွဋ် ပိုင်ဆိုင် ကြောင်း သိရသည်။

သတင်း - သျှမ်းသံတော်ဆင့်သတင်း

ရွှေဝါရောင် ဦးကောဝိဒ အနီးကပ် စောင့်ကြည့် ခံနေရ

အောက်တိုဘာလ ၁၂ ရက်နေ့က သရက်ထောင်မှ လွှတ်လာသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် သံယနာယက ဥက္ကဌဟောင်း ဆရာတော်ကောဝိဒ အား အာဏာပိုင်များက အနီးကပ် စောင့်ကြည့် နေကြောင်း သတင်း ရရှိသည်။

"သူတို့ စောင့်ကြည့်နေတာက သေချာနေပါတယ်။ မနေ့က ဆိုလို့ ရှိရင် ရဲ SB က ကျောင်းထဲကိုရောက် လာတယ်။ ဆရာတော်နဲ့တော့ မတွေ့လိုက်ရဘူး။ တခြား ဦးဇင်းတွေနဲ့ တွေ့သွားတယ်။ ဟိုတစ်နေ့ ကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရောက်လာတယ်။ ထောက်လှမ်းရေးတွေလည်း ပါတယ်လို့ သိရတယ်" ဟု ဆရာတော် ဦးကောဝိဒက နိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ စောင့်ကြည့်နေသော အကြောင်းအရင်းကိုလည်း ဆရာတော်က ယခုလို ပြောသည်။

" အခု ဆရာတော်က သင်္ကန်းပြန်ဝတ်ပြီး ကျောင်းတိုက်ထဲမှာ နေနေတယ်။ ဒါကို သူတို့က သင်္ကန်း ပြန်ဝတ်တာကို စည်းကမ်းနဲ့ အညီ ဖြစ်စေလိုတယ်လို့ သိရတယ်။ ဆရာတော်က သင်္ကန်းအတင်းချွတ် ခံရတဲ့ အတွက် သင်္ကန်းကို ပြန်ဝတ်တာဟာ ၀ိနည်းတော်နဲ့ ညီတယ်။ ဒါကိုလည်း ဘုန်းကြီးတိုင်းသိပါ တယ်" ဟု ဆရာတော်က ဆိုသည်။

ဆရာတော်အား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က ဆရာတော် သီတင်းသုံးရာ ဒဂုံမြို့သစ်အရှေ့ ပိုင်း တက္ကသီလာ မဟာ ပဓိပဌာန်ကျောင်းတိုက်မှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ၀င်များက ကျောင်းကို ၀ိုင်းပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာရုံးသို့ အရောက်တွင် သင်္ကန်းကိုအတင်းချွတ်ခိုင်း ခဲ့ကြောင်း ဆရာတော်က ပြောသည်။

" ဘုန်းဘုန်းတို့က ဘာမှ အပြစ် မရှိတဲ့ အတွက် သင်္ကန်း မချွတ်နိုင်ဘူးလို့ ပြောတဲ့ အခါ သူတို့က မင်းရဲ့ အမိန့်ဆိုပြီး အတင်းချွတ်ခိုင်းတယ်။ ဆရာတော်ကလည်း ကျောင်းတိုက်မှာ ဖမ်းဆီးခံရစဉ်ကတည်းက မျက်နာကို လက်သီးနဲ့ အထိုးခံထားရတဲ့ အတွက် ငြင်းဆန်နေရင်လည်း ဘာမှ ထူးမှာ မဟုတ်တဲ့ အတွက် သင်္ကန်းချွတ်ပေးလိုက်တယ်။ ဒါကြောင့် သင်္ကန်း အတင်းချွတ်ခိုင်းလို့သာ ချွတ်ရတာ ဖြစ်တယ်။ ဒါကြောင့် ဆရာတော်ဟာ ထောင်ထဲမှာ နေခဲ့ရပေမယ့် ဘုန်းကြီး ဘ၀နဲ့ ရှိနေတုန်းဘဲ ဖြစ်ပါတယ်။"

ဆရာတော်မှာ ထောင်ကလွှတ်လာပြီးနောက်ပိုင်း ယခုအခါ ဆီးချိုရောဂါကို ခံစားနေရသဖြင့် ဆေးရုံသို့ သွားပြနေရသည့်အထဲ ယခုကဲ့သို့ အာဏာပိုင်များက ကျောင်းတိုက်ထဲ ၀င်ရောက်ပြီး စောင့်ကြည့်နေ သဖြင့် စိတ်စနိုး စနှောင့် ဖြစ်နေကြောင်း သိရသည်။

ဆရာတော် ဦးကောဝိဒအား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကာ ၂၀၀၈ ခုနှစ် (၁၀) လပိုင်း ရောက်မှ အင်းစိန်ထောင် တရားရုံးက ထောင်ဒဏ် ၄ နှစ် ၃ လ ချမှတ်ခံခဲ့ရကြောင်းသိရသည်။

" ဘုန်းဘုန်းတို့ကို ဒီအတိုင်းဘဲ အင်းစိန်ထောင် ထောင်ဗူးဝ ခုံရုံးက ထောင်ဒဏ်ချမှတ်လိုက်တာ ပါဘဲ။ ရှေ့နေတွေ ဌားရမ်းခွင့်လည်း မပေးခဲ့ဘူး။ ဆွေမျိုးတွေလည်း တက်ရောက် နားထောင်ခွင့် မပေးခဲ့ဘူး။ ထောင်ချတော့လည်း အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ တနှစ်အတွက် လျော့တွက်လည်းမရခဲ့ပါ ဘူး" ဟု ပြောသည်။

ထောင် ၄ နှစ်နှင့် သုံးလ ချမှတ်ခံခဲ့ရပြီး ၄ နှစ်နှင့် တစ်လ အရောက်တွင် ဆရာတော်မှာ သရက်ထောင်မှ လွှတ်ငြိမ်းချမ်းသာခွင့်ကို အကြောင်းပြုပြီး ပြန်လည် လွှတ်မြောက်လာခြင်း ဖြစ်သည်။ ဆရာတော်ဦးကော ၀ိဒမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဇာတိ ဖြစ်သည်။

သတင်း - နိရဉ္စရာ သတင်းဌာန

ဗိုလ်ချုပ်အောင်ဆန်း စာအုပ်များရောင်းအား စံချိန်တင်ကောင်း

မောင်မြင့်စိုး မြန်မာပြန်သည့် ‘မြန်မာ့အောင်ဆန်း’ စာအုပ်သည် ယခုလအတွင်း ရောင်းအားအကောင်းဆုံးဖြစ်နေသည်ဟု စာအုပ်ဆိုင်များမှ သိရ သည်။ ဒေါက်တာမောင်မောင်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် အဆိုပါစာအုပ်သည် ယခုလအတွင်းမှ မြန်မာဘာသာပြန်ထွက်ရှိခဲ့ခြင်း ဖြစ် သည်။ ဦးပုကလေးရေးသည့် ‘ငါတို့ဗိုလ်ချုပ်’ စာအုပ်မှာမူ ရောင်းအား ဒုတိယနေရာတွင်ရှိနေကြောင်း ပန်းဆိုးတန်းရှိ အမေ့အိမ်စာအုပ်ဆိုင်မှ သိရ ည်။

”ဗိုလ်ချုပ်အကြောင်းရေးတဲ့ စာအုပ်တွေက အရင်ကအများကြီး မရှိဘူး။ တက္ကသိုလ်နေဝင်းရေးတဲ့ စာအုပ်တွေပဲ ဆိုင်မှာရှိတယ်။ အဲဒါ တွေကတော့ ရောင်းအားပုံမှန်ရှိနေ တာပါပဲ။ တချို့ဆိုရင် ဗိုလ်ချုပ် စာအုပ်တွေ ဝယ်ချင်ရင် အဟောင်း တန်းမှာ ရှိတာတွေပဲ ဝယ်ကြတာ။ အခုနောက်ပိုင်း အဲဒီလို စာအုပ်အ သစ်တွေ ထွက်လာတော့လည်း ရောင်းကောင်းတာပါပဲ” ဟု အဆို ပါဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးစာ အုပ်များရောင်းကောင်းနေသော် လည်း နိုဝင်ဘာလမတိုင်မီ ရောင်း အားကိုမူ မမီကြောင်း ပန်းဆိုးတန်း ရှိ စာအုပ်ဆိုင်ရှင်တစ်ဦးကလည်း ပြောသည်။

”နိုဝင်ဘာမတိုင်ခင်က ဆရာ အောင်ထွဋ်ရေးတဲ့ ‘သန်းငါးဆယ် ကို အနိုင်ပေးပါ’ စာအုပ်၊ ကိုသန်း (ကြည့်မြင်တိုင်) ရေးတဲ့ ‘နိုင်ငံရေး အတွေ့အကြုံများ’ စတဲ့ စာအုပ် တွေရောင်းရတယ်။ အခုနောက်ပိုင်း အဲဒီလောက်တော့ မရောင်းရတော့ ဘူး” ဟု ¤င်းက ပြောသည်။

ဖေဖော်ဝါရီ ဒုတိယပတ်အ တွင်း ထွက်ရှိသော စာရေးဆရာ ကိုအောင်ဆန်းစာအုပ်မှာ ရန်ကုန် နှင့် မန္တလေးစာအုပ်ဆိုင်များတွင် အထူးပင်ရောင်းအားကောင်းနေ သည်ဟု ထပ်မံသိရသည်။

နိုင်ငံရေးစာပေများ နောက်တွင် မူ ဘာသာရေးစာပေများရောင်း အားကောင်းလျက်ရှိနေကြောင်း သိရသည်။

၂ဝ၁ဝမှ ယနေ့ထိ ထုတ်ဝေခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့်စာအုပ်များ
၁။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ(အင်္ဂလိပ်+မြန်မာ)ဒုကြိမ်
၂။ ဗိုလ်ချုပ်အောင်ဆန်း၏ ကံကြမ္မာနှင့်ထူးခြားထွေလာဖတ်စရာများ
၃။ ငါတို့ ဗိုလ်ချုပ် (တတိယအကြိမ်)
၎။ ငါတို့ ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ(တတိယအကြိမ်)
၅။ မြန်မာ့အောင်ဆန်း
၆။ ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှုရှာပုံတော်
၇။ စာရေးဆရာ ကိုအောင်ဆန်

သတင်းရင်းမြစ်... Popular News Journal

27 October 2011

နှစ် ၁ဝဝကျော် သက်တမ်းရှိ ဝန်ကြီးများရုံး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲအပ်


နှစ် ၁ဝဝ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံးအား နိုင်ငံတော်သမ္မ တမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပြီး အပိုင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ် အဖွဲ့ မှ သိရသည်။

”ဒီရက်ပိုင်းအတွင်း လွှဲပြောင်းပေးလိုက်တာပါ။ ဆိုလိုတာက ဟိုတယ်မလုပ်တော့ ဘူးပေါ့”ဟု မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။

ယင်းအဆောက်အအုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ပြီး ထိုသို့ပေးအပ်မှုကို ကြည့်ခြင်းဖြင့် ယင်းဝန်ကြီးများရုံးကို အလေးထားသည်မှာ ပေါ်လွင်နေကြောင်း၊ သမိုင်းအစဉ်အလာအရ ပြယုဂ်အနေဖြင့်သာ ထားရှိသင့်သည်ကို လက်ခံသည့် သဘောရှိနေကြောင်းကို ခရီးသွားလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့တို့မှ သဘောထားမှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၏ နာယကဦးသန်းတင်အောင်က”ဗိသုကာပညာရှင် တစ်ယောက်အနေနဲ့ ပြောရရင် မြန်မာပြည်က လူတွေရယ်၊ နိုင်ငံခြားခရီး သွားတွေ လေ့လာကြည့်ရှုဖို့ ဝန်ကြီးများရုံးကို ပြတိုက်အနေနဲ့ထားသင့်တာပါ၊ သမိုင်းမှတ်တမ်းအနေနဲ့ နိုင်ငံတော်ကထိန်းသိမ်း ထားတယ်ဆိုတာကို ပြယုဂ်အနေနဲ့ ပြသထားသင့်ပါတယ်”ဟု ပြောသည်။

ရန်ကုန်မြို့၌ ပြုပြင်ထိန်းသိမ်းသင့်သည့် ရှေးဟောင်းအဆောက် အအုံ ၁၈၉ လုံးရှိသည့် အနက် ထိုဝန်ကြီးများရုံးမှာ အဆောက်အအုံ ကြီးမားခြင်း၊ ပတ်ဝန်းကျင်ကျယ်ပြန့် ခြင်းနှင့် သမိုင်းအစဉ်အလာကြီးမားခြင်းတို့ ရှိသည့်အတွက်ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောဆို၍ရကြောင်း၊ ၂ဝ၁၁ခုနှစ်အတွင်းပိုင်းက ရှေးဟောင်း အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးလေ့လာစဉ် အခါကလည်းမူလ ယဉ်ကျေးမှုလက်ရာများ အတိုင်းရှိနေသည်ကို အထင်အရှားတွေ့ရှိခဲ့ရသည့် မှတ်တမ်းများလည်း ရှိခဲ့ကြောင်း ရှေးဟောင်း အဆောက်အအုံပြုပြင် ထိန်းသိမ်းရေးအဖွဲ့တွင် ပါဆောင်ရွက်ခဲ့သူလည်း ဖြစ်သည့်၎င်းက ထပ်မံပြောသည်။

ထိုအဖွဲ့တွင်ကိုယ်တိုင် ဆောင်ရွက်ခဲ့သူတစ်ဦးကလည်း နှစ်ကာလကြာမြင့်သည့်အတွက် ပျက်စီးယိုယွင်း မှုရှိသည်မှာ မှန်သော်လည်း ရာခိုင်နှုန်းအနေဖြင့် တိတိကျကျ ပြောဆို၍ မဖြစ်နိုင်ကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် ထိုစဉ်က ပြုပြင်ထိန်းသိမ်းခဲ့စဉ် အမိုးအား ပထမဦးစားပေးခဲ့ကြောင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ဒုတိယထားပြီး နောက်မှ ကြမ်းခင်းနှင့် အုတ်တိုင်များကို ဆောင်ရွက်ခဲ့ရသည်ဟုပြောသည်။

ထိုကဲ့သို့ သုတေသနပြုလုပ်ခြင်းကို ယမန်နှစ်က ပြုလုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် အစပိုင်း၌ ပြီးစီးခဲ့ကြောင်း ၄င်းတို့ထံမှသိရသည်။

လက်ရှိ၌ အလျင်အမြန် ထိန်းသိမ်းသင့်သည့် ဝန်ကြီးများရုံးနှင့် ပဲခူး ကလပ်အပါ အဝင် ရှေးဟောင်းအ ဆောက်အအုံ ၁၈၉ လုံးရှိရာ အများစုမှာ မြို့လယ် အဓိကဇုန်အဖြစ် သတ်မှတ်ထားသည့် ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းမှစ၍ ကမ်းနားလမ်းအထိ၊ ထို့နောက်ကမ်းနားလမ်းမှသည် လမ်း ၄ဝ စာတိုက်ကြီး အထိတို့တွင်ရှိနေကြောင်း နိုင်ငံပိုင်စာရင်းများအရ သိရသည်။

သတင်းရင်းမြစ်..Popular News Journal

အသတ်ခံရသောဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ တရားခံအား သေဒဏ်ချမှတ်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အသတ်ခံရသူ ဂျပန်အမျိုးသမီး Ms.Shiramatsu Chiharu နှင့် ပတ်သက်၍ ၂၀၁၁ခုနှစ်အောက်တိုဘာ ၁၈ရက်က တရားခံအား သေဒဏ် ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသတ်ခံရသူ ဂျပန်မလေးနှင့် ပတ်သက်၍ တရားခံမင်းသိုက် အား ကျောက်ပန်းတောင်းရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဥပဒေအကြံပြုချက်အရ ပုဒ်မ ၃၆၆၊ ၃၇၆၊ ၃၇၇၊ ၃၀၂တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရာ ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၈ရက် မွန်းလွဲ ၁ နာရီက ပြစ်ဒဏ်ချမှတ်လိုက ကြောင်း သိရသည်။

"ကျွန်တော်တို့ တရားခံကို တရားစီရင်ချက်အမိန့်ချမှတ်ရင် ဂျပန်သံရုံးကို အကြောင်းကြားပေး လို့ ပြောထားတော့ ကျွန်တော်တို့ ကို လှမ်းအကြောင်းတာပါ။ ကျန် တာတော့ဘာမှမရှိပါဘူး"ဟု ၄င်းက ဆိုသည်။ မြန်မာနိုင်ငံ ဂျပန်သံရုံးမှ ဂျပန် အမျိုးသမီးအသတ်ခံရမှုနှင့်ပတ်သက် ၍ မြန်မာအစိုးရကို အကူအညီ နှစ်ချက်တောင်းဆိုခဲ့ရာ ယင်း တောင်းဆိုချက်အတိုင်း ရုပ်အ လောင်းကို ဂျပန်နိုင်ငံသို့ ပြန်ပို့ပေး ရန်နှင့် တရားခံအား အမှုစစ်၍ တရားစီရင်ချက် အမိန့်ချပါက အကြောင်းကြားရန်ဖြစ်ကြောင်း ၄င်း အချက်နှစ်ချက်လုံးအားဂျပန် သံရုံး သို့ အကြောင်းကြားပေးသည်။

သတင်းရင်းမြစ်....ENVOY NEWS JOURNAL

ဒီကနေ့ ရန်ကုန်မြို့လယ် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် လယ်သမား များဆိုင်းဘုတ်ကိုင်ဆန္ဒပြ







ဒီကနေ့ မနက် ၉နာရီ က ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းကြား၊ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့၌ လယ်သမား(၁၀၀)ခန့်က လန ၃၉ ကို ဖျက်သိမ်းပေးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ပါသည်။ဆန္ဒပြရာနေရာကို ရဲမှူးတစ်ဦးနဲ့ လုံထိန်းတွေ ရောက်လာပြီး ဒီကိစ္စကို နေပြည်တော်ရှိ လွှတ်တော်ရုံးမှ အကြောင်းပြန်မကြားသေးဘူးလို့ ပြောပြီး ဆန္ဒပြသူတွေကို မောင်းထုတ်လိုက်ပါတယ်။အခု ဆန္ဒပြလယ်သမားတွေက သိမ်ဖြူမီးပွိုင့်ဘက်သို့ ဆက်လက်ချီတက်သွားတယ်လို့ သိရပါတယ်။

သတင်း...Burma VJ Media Network

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော့မှူးမြို့နယ်မှ မစုစုနွေး အားဂုဏ်ပြုကြိုဆို











၂၅/၁၀/၂၀၁၁ရက်နေ့ နံနက် ၉ နာရီ ကနေ မွန်းလွဲ ၁း၃၀ နာရီထိ ၊မစုစုနွေးအား ဂုဏ်ပြုကြိုဆိုပွဲကို ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင်ထွေးရဲ့နေအိမ်မှာကျင်းပခဲ့ပါတယ်။

၎င်းဂုဏ်ပြုပွဲကို ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘဆွေ၊ ရန်ကုန်တိုင်း လူငယ်ကူညီပေးရေးအဖွဲ့ဝင်များ၊ဒလ၊တွံတေး၊ကွမ်းခြံကုန်း ၊ကော့မှူး၎မြို့နယ် မှအဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ကာလက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ ကြပြီးမစုစုနွေးက ထောင်တွင်း အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ် ။

သတင်း.... Burma VJ Media Network

မြန်မာနိုင်ငံတွင် လေလွင့်ကလေးသူငယ်များအား ပညာရေး၊ လူမှုရေးကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများစွာ လိုအပ်လျက်ရှိ




မြန်မာနိုင်ငံတွင်း လေလွင့်ကလေးသူငယ်များ၏ ပညာရေး၊လူမှုရေးဆိုင်ရာအားပေး ကူညီပေးမည့် အဖွဲ့အစည်းများစွာလိုအပ်နေပြီး ၎င်းတို့အား အသက်မွေးဝမ်းကြောင်းပညာအပြင် အတန်းကျောင်းပညာရေး ကိုပါ တွဲဖက်သင်ကြား ပေးသင့် ကြောင်း လူမှုရေးကူညီမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မိဘနှစ်ပါးလုံးမရှိသူ၊ မိဘနှစ်ပါးမှ တစ်ဦးတစ်ယောက် မရှိသောသူ၊ မိစုံ ဖစုံ ရှိသော်လည်း ဆင်းရဲနွမ်းပါးလွန်းသောကလေးငယ်များမှာ ကျောင်းပညာရေးနှင့်ဝေးကာ လေလွင့်ကလေးငယ်များ ဖြစ်လာ
ကြကြောင်း သိရသည်။

လေလွင့်ကလေးငယ်အများစုသည် လက္ဘက်ရည်ဆိုင်များ၊ နေအိမ်များမှ အမှိုက်များအညစ်အကြေးများအား အမှိုက်ပုံသို့ သွားရောက်ပစ်ပေးခြင်းဖြင့်လည်းကောင်း၊ ခရီးသည်တင်ဘက်စ်ကားများ၊ သင်္ဘောများ၊ မြို့ပတ်ရထားများပေါ်၌ လက်ကမ်းစာစောင်များ အသုံးပြုတောင်ရမ်း၍လည်းကောင်း၊ ပလက်စတစ်ပစ္စည်း အစုတ်များ၊ ဘီယာဘူးခွံများ၊ သံတိုသံစများ လိုက်လံကောက်ကာ ပြန်ရောင်း၍လည်းကောင်း ဘဝအားခက်ခဲစွာ ရပ်တည်ရလျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကူညီပေးနေတဲ့ ကလေးငယ်အများစုက စည်ပင်အောက်ခြေဝန်ထမ်းတွေကို ယာယီနေ ခွင့် ပေးထားတဲ့ တောင်ဒဂုံအမှတ်(၂၁) ရပ်ကွက် စည်ပင်ဝင်းထဲက ကလေးတွေပါ။ ကလေးအများစုက စာမသင်ခဲ့ရဘူး။ အကူအညီပေးနေတဲ့ ကျွန်တော်တို့ကျောင်းမှာ တစ်ပတ်နှစ်ရက် ကလေးတွေကို ခေါ်ပြီးစာသင်ပေးတယ်၊ ထမင်းကျွေးတယ်၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်လှုတယ်။ ဒါတောင် ကလေးတွေ ပုံမှန်မလာနိုင်ကြဘူး။ သူတို့နေ့တွက်ရမှ စာလာသင်နိုင်တယ်။ ခုကျွန်တော်တို့ဆီ စာလာသင်တဲ့ကလေးက ငါးဆယ်လောက်ရှိတယ်။ ဒီဝင်းထဲမှာတင်ကို နောက်ထပ်ကလေးငါးဆယ်လောက် ရှိနေသေးတယ်”ဟု လေလွင့်ကလေးငယ်များအား ကူညီနေသူ BG (NLD)(Blood Group) မှ တာဝန်ခံ ကိုညီညီက ပြောသည်။

လေလွင့်ကလေးငယ်များအနေဖြင့် အဝတ်အထည်ပြည့်စုံစွာမရှိခြင်း၊ နေပူမိုးရွာမရှောင် အလုပ်လုပ်ကိုင်ရ ခြင်း၊ ညအိပ်ရာတွင် ခြင်ထောင်၊ စောင်လုံလောက်စွာမရှိခြင်း(အချို့လေလွင့်ကလေးများဆှိုလျှင် တွေ့ရာလမ်းဘေး အိပ်စက်ရခြင်း) အာဟာရပြည့်မီစွာစားသောက်ရမှုမရှိခြင်းတို့ကြောင့် ကျန်းမာရေးချို့ယွင်း ပြီး အရွယ်မတိုင်မီ သေဆုံးမှုများရှိနေကြောင်းလည်း သိရှိရသည်။

“သားကျောင်းမနေဖူးပါဘူး။ နောက်လည်း တက်ဖြစ်မယ်မထင်ဘူး။ သားကြီးလာရင် ဟစ်ဟော့ပ် အဆိုတော်လုပ်မယ်”ဟု အသက် ၁၂ နှစ် အရွယ် တောင်ဒဂုံစည်ပင်ဝင်း၌ နေထိုင်ပြီး အမှိုက်ပစ်၊ ပလက်စတစ်ကောက်၍ ရှင်သန်နေရသူ မောင်သံချောင်းက ပြောသည်။

မိဘများမှာ ပညာသင်ကြားရန်အတွက် ထောက်ပံမှုမပေးနိုင်ခြင်း၊ အလုပ်အကိုင်အတည်တကျ မရှိခြင်း၊ ဝင်ငွေနည်းပါးလွန်းခြင်းတို့ကြောင့် အုပ်ထိမ်းသူများကိုယ်တိုင်ကပင် ကလေးငယ်များအား ခိုင်စေကြခြင်းဖြစ်ကြောင်း သိရသည်။

“လက္ဘက်ရည်ဆိုင်မှာ အမှိုက်ပစ်ဖို့၊ ပလက်စတစ်ကောက်ဖို့၊ အုပ်ထိမ်းသူတွေက ကလေးတွေကို လွှတ်လိုက်တာ ပြီးမှပလက်စတစ်ဝယ်တဲ့ ဒိုင်တွေမှာ သူတို့ကိုယ်တိုင်စောင့်ပြီး ငွေသိမ်းတာ၊ ဈေးဖြတ်တာတွေ လုပ်ကြတယ်”ဟု တွံတေးမြို့၌ လူမှုကူညီရေးလုပ်ကိုင်သူ Care For Children အဖွဲ့မှ ကိုညီညီသစ္စာက ပြောသည်။

မည်မျှပင် ဆင်းရဲကြပ်တည်းသော်လည်း၊ ယခုကဲ့သို့မိမိ၏သားသမီး၊ တူ၊ တူမ၊ ကလေးများအားပညာ သင်ကြားပေးခြင်းမရှိပဲ ဝင်ငွေရရန်ခိုင်းစေခြင်းမှာ မည်သို့မျှလက်မခံနိုင်ကြောင်း ခိုင်းစေခံရသော ကလေးများမှာ အုပ်ထိမ်သူအား ကြောက်ရွံ့ရ၍ ဝင်ငွေပြည့်မီစွာ မရသည့်နေ့များတွင် သူတပါးပစ္စည်းအား ခိုးယူမှုများရှိလာနိုင်ပြီး စာရိတ္တများပျက်ပြားသွားနိုင်ကြောင်းလည်း ၄င်းကသုံးသပ်သည်။

မြန်မာနိုင်ငံတွင် အရေးကြီးဆုံးလိုအပ်ချက်တခုအနေဖြင့် လေလွင့်ကလေးငယ်များအရေးကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပြီး ၄င်းတို့ကို ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများလည်း လိုအပ်လျက်ရှိကြောင်း လူမှုရေးအသင်းအဖွဲ့များက ပြောဆို သုံးသပ်လျက်ရှိသည်။

သတင်း....မြစ်မခမီဒီယာ

လူငယ်အနုပညာသမား၊ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ GWက အာကာဗိုနှင့်တွေ့ဆုံခြင်း


အာကာဗိုသည် ၂၀၀၈ ခုနှစ်မတ်လ ၁၂ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး ၂၀၀၈ခုနှစ်နိုဝင်ဘာ ၂၀ ရက်နေ့တွင် အသင်းဖွဲ့ခြောက်ပုဒ်မဖြင့် ပြစ်ဒဏ်ငါးနှစ်ချမှတ်ခြင်းခံခဲ့ရကြောင်းသိရသည်။ အင်းစိန်ထောင်တွင်း၌ (၈)လကျော် အချုပ်ဘ၀နဲ့နေခဲ့ရပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်ကျောက်ဖြူထောင်သို့ ပြောင်းရွှေ့ အထိန်းသိမ်းခံခဲ့ရကြောင်းသိရသည်။၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ် လပြည်နေ့) တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ထောင်တွင်း၌ သုံးနှစ်ခုနှစ်လ(၃နှစ် ၇လ)ခန့် အကျဉ်းကျခံခဲ့ရသူဖြစ်သည်။

မေး။ ။ အခုလိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့ အပေါ်ဘယ်လိုခံစားရပါသလဲ?

ဖြေ။ ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့အတွက် အများကြီးစိတ်ချမ်းသာပါတယ်။ ဒါပေမယ့် အထဲမှာကျန်နေသေးတဲ့ ကိုယ်မိတ်ဆွေတွေအတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်။ စိတ်မကောင်းဖြစ်နေ ယုံသက်သက်နဲ့ရပ်တည်လို့မရဘူး။ အဲဒီခံစားချက်တွေတော့ဖြစ်မိပါတယ်။

မေး။ ။ ထောင်ထဲမှာ ကျန်ခဲ့တဲ့သူတွေအတွက် ဘာတွေလုပ်မယ်လို့စိတ်ကူးထားပါသလဲ?

ဖြေ။ ။ ကျွန်တော်အထဲမှာရှိစဉ်အချိန်ကလည်း အပြင်ကနေ ဗဟုသုတရဖို့ စာအုပ် စာတမ်းတွေ စားသောက်စရာတွေလာရောက်ကူညီကျတဲ့သူတွေရှိတယ်။ ကျွန်တော်အနေနဲ့လည်းအခု တစ်ယောက် ထဲသော်လည်းကောင်း၊ သူငယ်ချင်းတွေနဲ့စုပြီးတော့သော်လည်းကောင်း တက်နိုင်တာလေးတွေ လုပ်ပေးသွားဖို့ရှိပါတယ်။ သူတို့အမြန်ဆုံးလွတ်မြောက်ဖို့အတွက်ကိုလည်း ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းတွေနဲ့ ကြိုးစားသွားမှာပါ။

မေး။ ။ ထောင်ထဲမှာကျန်ခဲ့တဲ့သူတွေရဲ့မိသားစုတွေအတွက်ရော ဘာလိုကူညီမူတွေလုပ်ပေးဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။ ။ ထောင်ထဲမှာ ကျန်ခဲ့တဲ့သူတွေရဲ့မိသားစုတွေနဲ့သွားတွေ့တယ်။ တက်နိုင်သမျှအကူညီပေးဖို့လည်း စကားတွေပြောခဲ့တယ်။ သူတို့ထဲမှာအဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့ သူတွေလည်းအများကြီးရှိတယ်။ ဒါပေမယ့်ကျွန်တော်တက်နိုင်သလောက်တော့ ကူညီးပေးဖို့စဉ်းစားထားတာလေးရှိပါတယ်။

မေး။ ။ နိုင်ငံရေးကိုဘယ်အချိန်လောက်က စိတ်ဝင်စားပြီးလုပ်ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ ၂၀၀၇၊ စက်တင်ဘာ သံဃာအရေးခင်းဖြစ်လာတဲ့ အချိန်မှာကျွန်တော်ရဲ့ နိုင်ငံရေးစိတ်တွေပိုပြီးနိုးထပြီးတက်ကြွလာခဲ့တယ်။ အဲဒါတွေနောက်ပိုင်းမှာနိုင်ငံရေးကို အကြမ်းမဖက်၊ အနုနည်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးရင်ကြားစစ်ရေးတွက်တွေကိုကျွန်တော်သိသလောက် လောက်နဲ့ပါဝင်ဆောင်
ရွက်ဖြစ်ခဲ့ တယ်။

မေး။ ။ ဘယ်လို အချက်လက်အဖြစ်အပျက်တွေက နိုင်ငံရေးလုပ်ဖြစ်ဖို့ စေ့ဆော်ပေးခဲ့တာပါလဲ?

ဖြေ။ ။ ကျွန်တော် ၂၀၀၈၊ သုံးလပိုင်း အထိန်းသိမ်းမခံရခင်အထိက နိုင်ငံရေးဆိုတာဘာလည်းလို့ သိတဲ့ အသိနည်းခဲ့တယ်။ အကျဉ်းကျခံခဲ့ရတဲ့အချိန်မှာ တကယ့်ကိုအတွေ့ကြုံရင့်ကျက်တဲ့ စီနီယာတွေနဲ့ နေခဲ့ရတဲ့ အတွက်သူတို့ဆီက ဗဟုသုတတွေအများကြီးရခဲ့တယ်။ အဲဒါကြောင့်အခုချိန်မှာပိုပြီးတော့ နိုင်ငံရေး ယုံကြည်ချက်ကပိုပြီး ခိုင်မာလာခဲ့တယ်။

မေး။ ။ အရင်အစိုးရနဲ့ အခုအရပ်သားအစိုးရ ပြောင်းလဲလာတဲ့အပေါ် အစ်ကို့အနေနဲ့ ဘယ်လိုအမြင်ပါသလဲ?

ဖြေ။ ။ အရင်က အစိုးရလက်ထက်နဲ့ အခုရွေးကောက်ခံသမ္မတလက်ထက်က အတော်လေးတော့ ကွာခြားလာတာကို တော့တွေ့ရပါ။ ဒါပေမယ့် အကျဉ်းထောင် တွေထဲမှာ ကျန်နေ တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်မပေးပဲ၊ တိုင်းရင်းသားတွေအတွက် တွေ့ဆုံ စကားပြောပွဲ အဆင့်ကနေ တွေဆုံဆွေးနွေးပွဲအဆင့်လေးကိုရောက်ဖို့ အဲဒါတွေ အားလုံး ငြိမ်းချမ်း မူတွေ ငြိမ်းချမ်းရေးတွေရောက်အောင် မဖော်ဆောင်နိုင်သေးပဲနဲ့တော့ အားလုံးကောင်း တယ်လို့ပြောလို့မရသေးပါဘူး။

မေး။ ။ နိုင်ငံ ပြုပြင်ပြောင်းလဲဖို့အတွက် ဘယ်လိုပြုပြင်ပြောင်းလဲမူတွေ လုပ်ဆောင်ဖို့လိုအပ်မယ်လိုထင် ပါသလဲ?

ဖြေ။ ။ နိုင်ငံတိုးတက်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့်သွားနေတဲ့အချိန်မှာ အချို့အရာလေးတွေနှေးနေတာ လေးတွေတော့ရှိတက်ပါ တယ်။ ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာ တဲ့ပြောင်းလဲမူတွေလုပ်ပေးစေချင်ပါတယ်။ အပြောင်းအလဲတွေကိုလုပ်ပေးမယ်ဆိုရင် တိုးတက်ဖြစ်ပေါ်မူတွေ ဟာဖြစ်လာနိုင်မှာပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်လည်း တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ငြိမ်းချမ်းဆွေးနွေးပွဲတွေ လုပ်ပေးသင့်တယ်။

သတင်း....မြစ်မခမီဒီယာ

ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအား ကြိုဆို တွ့ဆုံပွဲ ဖိတ်ကြားလွှာ( တာမွေမြို့နယ်)

နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြ

နိုင်ငံရေးပြစ်မှုများဖြင့် အကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများသည် သာမန်အကျဉ်းသားများကဲ့သို့ လျှော့ရက် ရရှိရန် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်စာစားချိန်မှ စတင်သော အစာငတ်ခံ ဆန္ဒပြပွဲတွင် ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား ၁၅ဦးသည် သာမန် အကျဉ်းသားများကဲ့သို့ လျှော့ရက် ရရှိရန်ကို အဓိကထား တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

“ဆန္ဒပြမှုမှာ အဆောင်(၃)၊အဆောင်(၄)၊ အဆောင်(၅)က နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ဦးစီးသူကတော့ မရှိပါဘူး”ဟု ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် ရခိုင်လူငယ်များအဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့တွေက အကျဉ်းထောင်မှာ ကျခံပေမယ့် လူမှုရေးပြစ်မှုတွေကို ကျူးလွန်ပြီး ပြစ်ဒဏ်ကျခံရသူတွေလို လျော့ရက်မရဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေးအခြေအနေမှာ အကျဉ်းသားတွေဘဝလည်း တိုးတက်လာစေချင်တယ်”ဟု အစိုးရသစ်၏ ဒုတိယ အကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းမှ လွတ်မြောက်လာသူတစ်ဦးက ပြောကြားသည်။

၁၉၈၈ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် အစာငတ်ခံဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြမှုများတွင် ၁၉၉၈ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ငါးရက်ကြာ အစာငတ်ခံဆန္ဒပြမှုသည် အကြီးမားဆုံးဖြစ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သတင်း....YC(KS)

26 October 2011

ဆိတ်ဖြူမြို့နယ်ရှိ ကျေးရွာ ၂၅ ရွာမှ ရေဘေးဒုက္ခသည် နှစ်သောင်းနီးပါး အရေးပေါ်အကူအညီများ လိုအပ်နေ(အစိုးရသစ်ဘယ်မှအိပ်ပျော်နေပါလိမ့်နော်)



ချစ်ချောင်းဟုခေါ်သောသဲချောင်းကျယ်မှာ ဆိပ်ဖြုမြို့နယ်ရေဘေးသင့်ရွာများသို့သွားရောက်ရန်အဓိကအခက်အခဲဖြစ်နေသည်။


ချစ်ချောင်းဟုခေါ်သောသဲချောင်းကျယ်မှာ ဆိပ်ဖြုမြို့နယ်ရေဘေးသင့်ရွာများသို့သွားရောက်ရန်အဓိကအခက်အခဲဖြစ်နေသည်။

ဆိပ်ဖြူမြို့နယ်၊ဆင်နီတောင်ကျေးရွာမှ ရေနစ်မြုပ်ခဲ့သောအိမ်တစ်လုံးတွင် အိမ်ခေါင်ထိရေ တက်ထား သည့်နွံရာများကျန်ရစ်နေသည်ကိုတွေ့ရစဉ်။ဆင်နီတောင်အပါအ၀င် ဆိပ်ဖြုမြို့နယ်မှ ကျေးရွာများမှ လမ်းပမ်းဆက်သွယ်ရေးခက်ခဲကာ လမ်းများအားလုံး ရွံ့နွံများဖုံးလွှမ်းနေသည့်အတွက် အကူအညီများ မရောက်နိုင်သေးဘဲ အကူအညီများစွာလိုအပ်နေသေးပါသည်။

ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ ၂၅ ရွာမှ အိမ်ထောင်စု ၃၆၀၀ ကျော်၊ လူဦးရေ ၂၀၀၀၀ ခန့်မှာ နေအိမ်များ ရေစီးကြောင့် ဆိုးဝါးစွာ ပျက်စီခဲ့ပြီး အရေးပေါ်အကူအညီများဖြစ်သော အစားအသောက်များ လိုအပ်နေဆဲဖြစ်သည်။ အခင်းဖြစ်ပြီး ၄ ရက်ကျော်အထိ အကူအညီပေးသည့်အဖွဲ့ ၄ ဖွဲ့နှင့် ဒေသခံတို့ကသာ ၀ိုင်းဝန်းကူညီနေသည်။ ထို့ကြောင့် ရေဘေးသင့်သူ အရေအတွက်များစွာရှိပြီး သွားလာရခက်ခဲသော ရွာများတွင် အခင်းဖြစ်ပြီး ၂ရက်၊ ၃ ရက်အထိ မည်သည့်အကူအညီမျှမရ၍ အစာမစားရသူများပင် ရှိနေသည်။

သတင်း.......7Day News Journal

တရုတ်အာဏာရှင်အစိုးရ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်ကို ဘာကြောင့်မပြတာလဲ...

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်နဲ့  ပတ်သက်တဲ့ သတင်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင် နမူနာပြကွက်တွေ မှန်သမျှနဲ့  ရုပ်ရှင်ကို တရုတ်နိုင်ငံမှာ လုံးဝ တားမြစ်ပိတ်ပင်ကြောင်း သိရှိရပါတယ်။

တရုတ်နိုင်ငံသား နာမည်ကျော် ဘလော့တစ်ဦးဖြစ်သူ “Koara” ပြောပြတာကတော့ - The Lady ရုပ်ရှင်နဲ့  ပတ်သက်တဲ့ သတင်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင် နမူနာပြကွက်တွေ မှန်သမျှ တရုတ်နိုင်ငံမှာ လုံးဝ ခွင့်မပြုကြောင်း၊ တရုတ်နိုင်ငံက တားမြစ်ထားတဲ့ စည်းမျဉ်းစည်ကမ်းတွေနဲ့  မညီသောချိုးဖောက်မှုတွေပါလို့  တရုတ်အစိုးရကနေ တားမြစ်ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။



တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ က ရှေ့ နေတစ်ဦးဖြစ်သူ “Li Tiantian” က သုံးသပ်တာကတော့ တရုတ်အာဏာရှင်အစိုးရဟာ အမြဲတမ်း ဒီလိုမျိုးဟာတွေကို ကြောက်ရွံ့ နေတတ်ပါတယ်တဲ့၊ သူတို့ မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဖူး၊ ကြောက်ရွံ့ နေတာဘဲ ဖြစ်တယ်၊ ဒီ ရုပ်ရှင်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဖြစ်တယ် ဒီလို ဖြစ်ရပ်မှန်အကြောင်းအရာမျိုးကို တရုတ်အာဏာရှင်အစိုးရက ကြောက်ရွံ့ တာ ဖြစ်တယ်လို့  ပြောဆိုပါတယ်။ ထပ်မံပြီး အဆိုပါ တရုတ်ရှေ့ နေက ပြောတာကတော့ တရုတ်အာဏာရှင်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို ကြောက်ရွံ့ နေတာ ဖြစ်တယ်လို့  သူ့ အနေနဲ့  ယုံကြည်ကြောင်း ပြောပြသွားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တောင် ကြောက်တတ်နေကြတယ် ဆိုရင် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ လူချင်းတွေ့ ရမယ်ဆိုရင် တရုတ်အာဏာရှင်အစိုးရ ကြောက်လွန်းအားကြီးလို့  ချက်ချင်း လဲသေသွားနိုင်လောက်ပါတယ်။

တရုတ်အာဏာရှင်အစိုးရကတော့ ကြောက်လို့  တရုတ်နိုင်ငံတွင်းမှာ “The Lady” ရုပ်ရှင်ကို ပြဖို့ နေနေသာ သတင်း ကြော်ငြာ နမူနာတောင် တားမြစ်ပိတ်ပင်တယ်၊ မြန်မာပြည်မှာရော ပြရဲပါ့မလားဆိုတာ သိချင်ပါတယ်။

ပြန်လည်ဝေမျှပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

မလေးရှားနိုင်ငံမြန်မာသံရုံးမှနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေ


မလေးရှားနိုင်ငံတွင် 6P မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများအတွက် ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ပတ်စပို့ရရှိပြီးသူများထံမှ သိရသည်။

မလေးရှားအစိုးရ၏ 6P ဟုခေါ်သည့် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် မှတ်ပုံတင်ထားပြီး စာရွက်ရရှိထား သူ မြန်မာနိုင်ငံသား အလုပ်သမားများကို အောက်တိုဘာလ ပထမအပါတ်မှစတင်၍ မြန်မာနိုင်ငံအသိမှတ်ပြု ပတ်စပို့ ထုတ်ပေးနေခြင်းဖြစ်သည်။

“တစ်နေ့ကို အယောက် ၁၀၀ လောက်တန်းစီလုပ်နေကြပါတယ်၊ ကိုယ့်နိုင်ငံကပတ်စပို့ရဖို့ သွားလျှောက်ရတာပါ၊ မလေးရှားအစိုးရဘက်ကျတော့ အလုပ်လုပ်ခွင့်ပါမစ်တွေ ထုတ်မပေးသေးဘူး၊ လုပ်ပေးမယ်လို့လည်း သူတို့ကြေငြာထားပြီးသားပါ၊ အခုလောလောဆယ်တော့ ဒီနိုင်ငံမှာတရားမဝင်အလုပ် လုပ်နေတဲ့ နိုင်ငံသားခြားသားတိုင်းကို သက်ဆိုင်တဲ့သံရုံးတွေမှာ ပတ်စပို့သွားလုပ်လို့ရနေပြီ” ဟု မလေးရှားရောက် မွန်တိုင်းရင်းသားကူညီစောင့်ရှောက်ရေးအသင်းမှ နိုင်ကျဲထောက ပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုပါက မိမိဇာတိမြေမှ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူနှင့် ပတ်စပို့ဓါတ်ပုံ ၄ ပုံကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး ပတ်စပို့ (၃) နှစ်သက်တမ်း(၄၈၀) ရင်းဂစ်၊ (၅) နှစ်(၉၀၀) ရင်းဂစ်ခန့် ကုန်ကျသည်ဟု မြန်မာသံရုံးမှပတ်စပို့ရရှိပြီးသူ မင်းခိုင်ဝင်း ထံမှသိရသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ ကာလအတွင်းမှာ ပတ်စပို့လုပ်ချင်ရင်လုပ်၊ ဒါမှမဟုတ် နေရပ် ကိုပြန်မယ်ဆိုရင်လည်း ပြန်လို့ရ တယ်၊ လွတ်ငြိမ်းချမ်းသာခွင့် သက်တမ်းကုန်သွားလို့ ဘာမှလည်း မလုပ်ရသေးဘူးဆိုရင် အကုန်ဖမ်းမယ်လို့တော့ ကြေငြာထားတယ်” ဟု နိုင်ကျဲထောက ဆက်ပြောသည်။

မလေးရှားအစိုးရဘက်မှ အလုပ်လုပ်ကိုင်ခွင့်ပါမစ် မထုတ်ပေးသေးသော်လည်း 6P လွတ်ငြိမ်းချမ်းသာခွင့် မှတ်ပုံတင်ထားသည့် တရားမဝင်အလုပ်သမား ၁. ၃ သန်းကို ကဏ္ဍ(၅)ခုပါ ထုတ်လုပ်ရေး၊ ခြံလုပ်ငန်း၊ စိုတ်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ၁၅ မျိုးခန့်ပါဝင်သည့် လုပ်ငန်းများတွင် တရားမဝင်လုပ်သားများအား ၄င်းလုပ်ငန်းကဏ္ဍများ၌ လုပ်ကိုင်စေမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein ၏ပြောကြားချက်ကို မလေးရှားအခြေစိုက် သူရိယသတင်းဂျာနယ်အင်တာနက်သတင်းစာမျက်နှာတွင် ရေးသားထားသည်။

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အတွက် တရားဝင်မှတ်ပုံတင်နိုင်မည့် “6P” အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ပြီးခဲ့သည့်သြဂုတ်လတစ်လတိတိအတောအတွင်း အကောင်ထည်ဖော်ဆောင်ခဲ့ရာတွင် မှတ်ပုံတင်ခြင်း၊ တရားဝင် အလုပ်လုပ်ခွင့်ပြုခြင်း၊ ခွင့်လွှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ဥပဒေစည်းကမ်းအတိုင်း လိုက်နာစေခြင်းနှင့် လျှောက်ထားမှု မပြုလုပ်သော တရားမ၀င် အလုပ်သမားများကို နေရပ်ရင်းပြန်ပို့ခြင်း လုပ်ငန်းများပါဝင်သည်။

မလေးရှားနိုင်ငံ မွန်ကယ်ဆယ်ရေးအသင်း၏ စာရင်းကောက်နှတ်ချက်အရ မလေးရှားနိုင်ငံအတွင်း မြန်မာအလုပ် သမား ၂ သိန်းနီးပါးရှိပြီး ၄င်းတွင် ဒုက္ခသည်စာရင်းဝင် ၈၆၀၀၀ ဦး ရှိသည်ဟု မွန်ကယ်ဆယ်ရေးအသင်းမှ အတွင်းရေးမှု နိုင်ဥက္ကာက ပြောသည်။


သတင်း...လွတ်လပ်သော မွန်သတင်းအေဂျင်စီ

အစိုးရသစ်လက်ထက်မှာဘိန်းစိုက်ပျိုးမှု အဆမတန် ပိုတိုးလာသည်ဟု ပလောင်အမျိုးသမီးပြော


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲကပလောင် ကျေးရွာများဘက်၌လက်ရှိအစိုးရသစ်လက်ထက် တွင် လည်းဘိန်းစိုက်ပျိုးမှုပိုမိုများပြားလာနေ ကြောင်း ပလောင်အမျိုးသမီးအဖွဲ့ PWOအစီရင်ခံစာ မှာဖော်ပြ ထားပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုကို စစ်တမ်းကောက်ယူပြီး စုစည်း ဖော်ပြထား သည့် Still Poisoned အဆိပ်သင့်နေဆဲ အမည်ရ အစီရင်ခံစာအား ယနေ့ အောက်တိုဘာ ၂၅ ရက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါသည်။

စာမျက်နှာ ၁၈ မျက်နှာပါရှိသည့် ပလောင်အမျိုးသမီးများ အစီရင်ခံစာ၌ လက်ရှိ အစိုးရသစ်သည် တိုက်ရိုက်ဖြစ် စေ သွယ်ဝိုက်ဖြစ်စေ ဘိန်းစိုက်ပျိုးမှုတွင် ပါဝင်ပတ်သက်နေကြောင်း၊ နမ့်ခမ်းမြို့နယ်က ပလောင်ရွာ ၁၅ ရွာဟာ ၂၀၀၈-၂၀၀၉ ဘိန်းစိုက်ရာသီ ထက် ၂၀၁၀-၂၀၁၁ ဘိန်းစိုက်ရာသီမှာ 78.58 ရာခိုင်နှုန်း တိုးလာကြောင်း ပါရှိသည်။

အဆိုပါ ၁၅ ရွာအနက် ၁၂ ရွာသည် လက်ဖက်သာစိုက်ပျိုးခဲ့ပြီး ၂၀၀၉ ကမှစ၍ဘိန်းခြံလုပ်ငန်းများစတင် လာခဲ့ ခြင်း ဖြစ်၏။ နမ့်ခမ်းမြို့ နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်၂ ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းသည့်ကာလတွင် ၎င်းအား ထောက်ခံမဲထည့်ပေး လျှင် လွတ်လွတ် လပ်လပ် ဘိန်းစိုက်ပျိုးခွင့် ၅ နှစ် ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း PWO ကထောက် ပြထားပါသည်။

“ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်လဲဖြစ် ပြည်နယ် လွှတ်တော်လဲဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ ထောက် ခံ အားပေးမှု ကြောင့် လဲပါတယ်လို့ပြောလို့ရတယ်။ စည်းရုံးရေးဆင်းတဲ့ကာလက မဲရရေးအတွက် သူကတိပေးခဲ့လို့လေ” - နမ့်ခမ်းဒေသခံ ခေတ်ပညာတတ် သျှမ်းအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆို၏။

အထွက်ကောင်းသည့် ဘိန်းခင်းများ မဖျက်ဆီးရန် ရွာသားများက အစိုးရစစ်တပ်ထံ တအိမ်ထောင် ကျပ် ၁၅၀၀၀ ကောက် ပေးရကြောင်း၊ ၎င်းတို့ ဘိန်းခြံဖျက်ဆီးရန်လာပါကလဘ်ငွေထိုးထားသည့်အတွက်အထွက် မကောင်း သည့် ဘိန်းခင်းများ၊ ဘိန်းဆီခြစ်ပြီးသည့်ခြံများ၊ ထင်သာမြင်သာရှိသည့်လမ်းဘေးဘိန်းခြံများ သာဖျက်ဆီးသည် ဟုဆို၏။

UNODC အနေဖြင့် ဘိန်းစိုက်ပျိုးမှုစစ်တမ်းကောက်ပက အစိုးရ၏ သတင်း အချက်အလက် တခုတည်းကိုသာ မကိုးကား သင့်ဘဲ၊ ဒေသခံလူထုနှင့် ပူးတွဲ၍စစ်တမ်းကောက်သင့်ကြောင်း တိုက်တွန်းသကဲ့သို့ မြန်မာအစိုး ရလည်း ဘိန်းခင်းများ ဖျက်ဆီးမည့် စီမံကိန်းတခုတည်းမချဘဲ ဘိန်းစိုက်တောင်သူများအနာဂတ်စား ဝတ်နေရေးပြေလည် ရေးစီမံကိန်းလည်း စီစဉ်ပေးသင့် ကြောင်း PWO က တိုက်တွန်းထားပါသည်။

PWO ပလောင်(တအာင်း)အမျိုးသမီးအစည်းအရုံးသည် အဆိပ်သင့်ပန်း(၂၀၀၆) ၊ အဆိပ်သင့်တောင်တန်း(၂၀၁၀) စသည့် အစီရင်ခံစာ များအပြင် ယခုနှစ် Still Poisoned စသည့်ဘိန်းနှင့် ပတ်သက်သည့် တတိယ အစောင်မြောက် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

သတင်း - သျှမ်းသံတော်ဆင့်

ခလရ ( ၅၆ ) အစိုးရတပ် မှ တနှစ်ခွဲ ကချင်ကလေးငယ်အားပစ်သတ်


ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပေါ်ထိုးစစ်အတွင်း ကချင်ကလေးငယ် တစ်ဦး အားမြန်မာအစိုးရတပ်က ပစ်သတ်လိုက် သည် ဟု ကလေးမိဘနှင့် နီးစပ်သူများပြောသည်။

အသက် ၁ နှစ် ၅ လအရွယ် မ ရှောင်လတ် (ဘ) လဗျယော်ထုံ (Labya Yaw Htung) (မိ) ခကိုင် (Hka Kai) အား အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရွှေကူနယ်မြေခံ ခလရ (၅၆) ကပစ်သတ် လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မန်မော်(ဗန်းမော်)ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကောင်ရာကျေးရွာတွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

ခလရ(၅၆) တပ်က ကလေးမိဘပိုင်ပစ္စည်းဥစ္စာများကို သိမ်းယူပြီးနောက် အိမ်ကိုပါ မီးရှို့လိုက်သည်ဟု ကလေးမိဘနှင့် နီးစပ်သူများ ဆက်ပြောသည်။

တစ်ရက်ထဲတွင် မြစ်ကြီးနား-မန်မော်လမ်းပေါ် အသက် (၃၅) နှစ်ရှိ ကချင်အမျိုးသား မဂျီဇော်ခေါင်အား ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်နယ်မြေခံ ခမရ (၃၂၁)တပ်က မေ့မျော သွားသည်အထိ ရိုက်နက်ကာ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်၊ တင်ဆောင်လာသည့်ပစ္စည်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကိုပါ ခမရ (၃၂၁) က သိမ်းယူသွားသည်ဟု မိသားစုဝင်တစ်ဦးပြောသည်။

ဇော်ခေါင်သည် မြစ်ကြီးနားမြောက်ဘက် ၁၀ မိုင်ရွာသားဖြစ်ကာ ကျပန်း အလုပ်သမားဖြစ်သည်ဟုပြော သည်။

ယခုအခါ မြန်မာအစိုးရထိန်းချုပ်ဒေသနှင့် စစ်ပွဲဇုံအတွင်းမှ ပြည်သူများသည် မြန်မာအစိုးရတပ်က ဖမ်းဆီးနှိပ်စက်၊ အဓ္ဓမပြုကျင့်၊ အဓ္ဓမလုပ်အားခိုင်းစေမည်ကို ကြောက်ရွံ့နေကြသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အခြားလူမျိုးများထက် ကချင်အမျိုးသားများကို ပို၍ ပစ်မှတ်ထားသည်ဟု ဒေသခံ ကချင်အဖွဲ့အစည်းများက ဆိုသည်။

သတင်း...ကချင်သတင်းဌာန

မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ



ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) အနီးတွင် အောက်တိုဘာ ၂၅ ရက်နေ့ ယနေ့ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က တောင်ဥက္ကလာ ဘေလီတံတားဘက်မှ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော တိုယိုတာ ကိုရိုလာ အမျိုးအစား အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံ အောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင် အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် ခရီးသည် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရကြောင်း၊ ကားမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရှေ့သို့ ပေနှစ်ရာခန့် ဆက်လိမ့်ပြီးမှ စက်ရပ်သွားကြောင်း၊ ထို့နောက် ကားနောက်ခန်းမှ အမျိုးသမီး တစ်ဦးထွက်လာပြီး " လာကြပါဦး၊ ဒါရိုင်ဘာကို ကယ်ကြပါဦး " ဟု အော်ဟစ် အကူအညီ တောင်းခံကြောင်း၊ သို့ဖြစ်၍ အကူအညီ ပေးရန် သွားရောက်ရာတွင် ယာဉ်မောင်းဖြစ်သူမှာ ထိုင်လျက် အနေအထားဖြင့်ပင် ပွဲချင်းပြီး သေဆုံးနေ ကြောင်း၊ ယာဉ်မောင်း၏ဘေး ကပ်လျက်ခုံတွင် ထိုင်နေသူ ခရီးသည် အမျိုးသားမှာ မျက်နှာတစ်ခုလုံး သွေးများ ပေကျံလျက် မေ့မျောနေပြီး ၎င်းဝတ်ဆင်ထားသော လုံချည်မှာ ဇကာပေါက်သဖွယ် ဖြစ်၍ နေသည်ကို တွေ့ရှိရကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးချိန်တွင် ကားမှာ အချက်ပြမီးများ ပွင့်လျက်ရှိပြီး နောက်ခန်းတွင် တပ်ဆင်ထားသည့် CNG ဓာတ်ငွေ့အိုးမှာလည်း အကောင်းပကတိ အနေအထားအတိုင်း တွေ့ရှိရကြောင်း အဆိုပါ ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံ ခဲ့ရပြီး သွားရောက် အကူအညီ ပေးခဲ့သူ အသက် ၃၅ နှစ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု မှန်းဆ ပြောဆိုမှုများ ရှိနေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မော်တော်ယာဉ်ကို ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သက်ဆိုင်ရာမှ ကရိန်းကားဖြင့် လာရောက် တင်ဆောင်သွားခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီး၍ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly အကြီးတန်း သတင်းထောက် တစ်ဦးက သတင်းပေးပို့သည်။

အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ခရီးသည် အမျိုးသားမှာလည်း ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

သတင်း...The Voice Weekly

နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် အမေရိကန်အထူးသံအမတ် ဒဲရစ်မစ်ချယ်ထံ အိတ်ဖွင့်ပေးစာတစောင် ပေးအပ်ခဲ့

အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံအမတ် ဒဲရစ်မစ်ချယ်ဆီကို နိုင်ငံရေးအကျဉ်းသား ၅၅ ယောက် စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ နေ့လယ် ၁း၀၀ နာရီက ပေးပို့ခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အချိန်အခက်အခဲကြောင့် ၅၅ ဦးသာ စုပေါင်းပြီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာ ပါဝင်တဲ့ တောင်းဆိုချက် သုံးခုကတော့

(၁) နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်

(၂) တိုင်းရင်းသားဒေသတွေမှာ ပြုလုပ်နေတဲ့ ထိုးစစ်တွေကို အမြန်ဆုံးရပ်တန့်ပေးရန်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန်

(၃)ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတာကို အမြန်ဆုံးကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ပေးနိုင်ရန် တို့ ဖြစ်ပါတယ်။

ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၅၅ ဦးထဲမှာတော့ ဆရာတော် သံဃာတော်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကိုဇာဂနာတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလဲ ပါဝင်လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ကတော့ အစိုးရသစ်ရဲ့ လက်ရှိပြုလုပ်နေတဲ့ နိုင်ငံရေးဖြေရှင်းမှုတွေကို အတိုင်းအတာတခုအထိ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီ့ထက် ပိုမိုကျယ်ပြန့်တဲ့ သိသာထင်ရှားတဲ့ နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်တစ်ရပ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဆက်လက်ပြုလုပ်နေဆဲဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးတာကိုလဲ လက်ခံကြိုဆိုတဲ့အကြောင်း ပြောပြသွားပါတယ်။

“အခုလို အိတ်ဖွင့်ပေးစာ ပေးရခြင်းရည်ရွယ်ချက်ကတော့ အမေရိကန်အထူးသံအမတ်အနေနဲ့ အခုလို တောင်းဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သဘောထားကို သိစေချင်တာရယ်၊ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုကိုလဲ တနည်းတဖုံ တိုးတက်မှုရှိအောင် ကူညီပေးစေချင်တယ်”လို့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသား ကိုဇော်ရဲဝင်းက ပြောဆိုလိုက်ပါတယ်။


သတင်း.. ဇာဏီ(Burma VJ Media Network)

အိတ်ဖွင့်ပေးစာပေးအပ်ခဲ့တဲ့အပေါ်ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကိုဇော်ရဲဝင်းနှင့် တွေ့ဆုံမေးမြန်းချက်

အိတ်ဖွင့်ပေးစာပေးအပ်ခဲ့တဲ့အပေါ် ၈၈ မျိုးဆက် ကိုဇော်ရဲဝင်းနှင့် တွေ့ဆုံမေးမြန်းချက် by Aye Myat Htet

အမေရိကန် အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံ

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဒဲရစ်မစ်ချယ်သည် အောက်တိုဘာ ၂၄ ရက်နေ့က မြန်မာပြည်သို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရုတ်တရက်ရောက်ရှိလာပြီး အောက်တိုဘာ ၂၅ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

မစ္စတာဒဲရစ်မစ်ချယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြည်လမ်းမပေါ်ရှိ အမေရိကန် ဒုတိယသံမှူးကြီး နေအိမ်တွင် တစ်နာရီ လေးဆယ့်ငါးမိနစ်ကြာ တွေ့ဆုံခဲ့ပြီး မည်သည့်အကြောင်းခြင်းရာများ ဆွေးနွေးခဲ့သည်ကို ထုတ်ပြောဖွယ်ရာ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဘာတွေဆွေးနွေးဖြစ်တယ်ဆိုတာ ကျွန်တော်တို့မသိရပါဘူး။ လက်ရှိတော့ ဒီလောက်ပဲ ထုတ်ပြန်နိုင်ပါတယ်”ဟု ယင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မစ္စတာဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံမှုအပေါ် မည်သည့်မှတ်ချက်မှ ထုတ်ပြန်ရန် မရှိကြောင်း ဆိုသည်။

အဆိုပါတွေ့ဆုံမှုကို သတင်းမီဒီယာများအား ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သတင်း အယ်ဒီတာတစ်ဦးက ပြောကြားသည်။

“အရင်တုန်းကဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ယောက်ယောက် တွေ့ပြီးပြီဆို သတင်းမီဒီယာတွေကို ထုတ်ပြန်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ထုတ်ပြန်တာ မရှိဘူး။ ထူးဆန်းတယ်”ဟု ဆိုသည်။

မစ္စတာဒဲရစ်မစ်ချယ်သည် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းရင်းသားများ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ တိုင်ရင်းသားများ အပေါ် အကြမ်းဖက်မှု ရပ်တံ့ရေး စသည့်ကိစ္စရပ်များ အကောင်အထည် ပေါ်လာစေရန်အတွက် တိုက်တွန်းပြော ဆိုဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာခြင်း ဖြစ်ကြောင်း သတင်းဌာနတစ်ခု၏ ဖော်ပြချက်တွင် ပါရှိသည်။

မစ္စတာဒဲရစ်မစ်ချယ်သည် အောက်တိုဘာ ၂၄ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယင်းနေ့တွင်ပင် နေပြည်တော်ရှိ ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာကလည်း မြန်မာနိုင်ငံသို့ ငါးရက်ကြာရောက်ရှိခဲ့ပြီး၊ အစိုးရအရာရှိများ၊ NLD အပါအ၀င် အတိုက်အခံ နိုင်ငံရေး အင်အား စုများ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့်လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

သတင်း...YC(KS)(yangonchronicle)

ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျွန်းပင်ရွာအတွက် အလှူရှင်များ လိုအပ်နေသေး

အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သော မိုးဒဏ်ကြောင့် ပခုက္ကူမြို့အပါအ၀င် နောက် ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျွန်းပင်ရွာသည် ပခုက္ကူမြို့နှင့် မိုင် သုံးဆယ် နှင့် လေးဆယ်ကြားလောက် ဝေးကွာသော ရွာလည်း ပျက်စီးခြင်းများနှင့် လူအသေအပျောက်လည်း ရှိခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသောကြောင့် အိမ်ခြေ ၉၄လုံး ရေစီးထဲ မျောပါသွားပြီး အိမ်ခြေ ၉၃လုံး ပျက်စီးခဲ့ကြောင်း ၊ အလယ်တန်းစာသင်ကျောင်း နှင် မူလတန်းစာသင်ကျောင်း နှစ်ကျောင်းပျက်စီးခဲ့ကြောင်း ၊ ရွာသား ၄ဦး ရွာသူ ၃ဦး သေဆုံးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို ကျန်ရှိနေသော အိမ်ခြေ ၇၀ တွင် ပြုစုထားရှိရကြောင်း ဒေသခံများ၏ စာရင်းမှတ်တမ်းအရ သိရသည်။

" ကျန်ရှိနေသေးတဲ့ ရွာသားတွေပေါ့ သွပ်ပြားနဲ့ရှလို့ ဒဏ်ရာရတဲ့သူတို့ အိမ်ခြေမဲ့သွားတာတို့ တစ်ရက်ကို ဆန်တစ်တင်းခွဲ အိတ် ၂၃ အိတ်လောက် ဘုံချက်ကျွေးလှူနေရတော့ နောက်ရက်တွေအတွက် အလှူရှင် တော်တော်လိုအပ်နေတာပခုက္ကူမြို့ပေါ်က ဖြစ်တာ လူအများသိတယ် အခုလို ကျွန်းပင်ရွာလို နေရာကျတော့ လူမသိတော့ ဘယ်အထောက်အပံ့မှ မရဖြစ်နေတာ "ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

ကျွန်းပင်ရွာသည် ပခုက္ကူနှင့် မိုင်သုံးဆယ် လေးဆယ်ခန့်ကွာဝေးသောကြောင့် အလှူရှင်များမှာ လိုအပ်သလောက် မရောက်ရှိသေးသောကြောင့်အလှူရှင်များလိုအပ်နေသေးကြောင်းလည်း အကူအညီပေးရေးအဖွဲ့ဝင် တစ်ဦးထံမှသိရသည်။

"လူ ကျား ၄ယောက် မ ၃ ဦး သေတယ် နောက် ပျက်စီးတာတို့ရေထဲမျောသွားတာတို့ကို ကျွန်းပင်ရွာကျန်ရှိနေတဲ့ အိမ်ခြေ ၇၀ မှာ မျှပြီး

ထားထားရတယ် " ဟု အကူအညီပေးသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ပေါက်မြို့နယ် ကျွန်းပင်ရွာတွင် အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး အိမ်ပျက်စီးသွားသောသူများ ၊ ရေထဲမျောပါခြင်းခံရသူများ နှင့်

ဒဏ်ရာရရှိသူများကို ကျန်ရှိနေသော နေအိမ်များတွင် ထားရှိပြီး တစ်နေ့လျှင် ဆန် တစ်တင်းခွဲအိတ် ၂၃ အိတ် ကုန်ကျပြီး ချက်ကျွေး နေရသောကြောင့်အလှူရှင်များ ဆက်လက်လိုအပ်နေကြောင်းသိရသည်။

အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက ကျွန်းပင်ရွာမှ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အား ဖုန်း-၀၉၄၇၂၁၆၂၉၇ တိုက်ရိုက်ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ပါကြောင်း သိရှိရပါသည်။

သတင်းများ ပြန်လည်ဝေမျှ ပေးသော မြစ်မခမီဒီယာအားကျေးဇူးတင်ရှိပါသည်.။

ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်များကို ကိုဇာဂနာကိုယ်ဆိုင်သွားရောက်တွေ့ဆုံအားပေး...


သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။အရမ်အဆင်ပြေပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေး
အကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။သာဓုခေါ်ကြပါခင်ဗျာ..။


ပေါင်းတည်..အကျဉ်းထောင်ရှေ့ မှာပါ..။


သာယာဝတီမှာ..မိတ်ဆွေတွေနဲ့ ..တွေ့ ပါတယ်.။ခရိုင်တခုလုံးမှာရှိကြတဲ့..ရှစ်( ၈ )မြို့ နယ်က..လူမှုရေးအဖွဲ့ 
( NLD ) လူငယ်တွေနဲ့ လည်း..တွေ့ ရပါတယ်..။

ကိုသူရ (ခ)ကိုဇာဂနာ ရဲ့ Facebook မှ ပြန်လညဝေမျှလိုက်ပါသည်.။

အကျဉ်းထောင်(၃)ခုအားထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ကိုဇာဂန နဲ့အဖွဲ့..


၂၀၁၁ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် နတ်တလင်း၊ ပေါင်းတည်နှင့် ပြည်မြို့ရှိ အကျဉ်းထောင်များတွင် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား(၄၀) ၀န်းကျင်ကို ဇာဂနာနှင့် သီးလေးသီးအဖွဲ့ဝင် သုံးဦးတို့သွားရောက်တွေ့ဆုံပြီး အလှူငွေပေးအပ်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။



နတ်တလင်းထောင်တွင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၃၄ ယောက်၊ ပေါင်းတည်ထောင်တွင် ၁ ယောက်၊ ပြည်ထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားများကျန်ရှိ နေသေးကြောင်း ကိုစိန်သီးပြောပြချက်အရသိရှိရသည်။

“ကျွန်တော်တို့ကို ပြည်မြို့ကလူတွေ အရမ်းလှိုက်လှိုက်လှဲလှဲကြိုဆိုကြတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။



အဲ့လိုအကျဉ်းထောင်တွေမှာ ယုံကြည်ချက်ကြောင့်ကျခံနေရတဲ့နိုင်ငံရေးသမားတွေကိုသွားတွေ့ရတာတကယ် ခံစားရပါတယ်။ ဒါကြောင့်မို့ အမြန်ဆုံးလွတ်မြောက်လာပါစေလို့ဆုတောင်းပါတယ်”ဟု၎င်းကပြောသည်။



ပေါင်းတည်ထောင်မှ ကျောင်းသားများမှလည်း ကိုဇာဂနာအား လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပြီး၊ ပြည်မြို့မှ ပြည်သူများကလည်း ကိုဇာဂနာနှင့်သီးလေးသီးအဖွဲ့ဝင်များအား ကြိုဆိုခဲ့သဖြင့် အားတက်မူများ ဖြစ်ပေါ် ခဲ့ကြောင်းကိုလည်း ကိုစိန်သီးမှ ဆက်လက်ပြောဆိုသည်။



“ပေါင်တည်ကို ကိုဇာဂနာနဲ့ သီးလေးသီးလာတယ်ဆိုလို့ဝမ်းသာပါတယ်။ သူတို့ရဲ့ အနုပညာကိုရော၊ အခုနိုင်ငံရေးအကျဉ်းသားတွေအတွက် အားပေးစကားပြောပေးတဲ့အတွက် သူုတို့ဖတ်ဖို့အတွက် ဂျာနယ်တွေ၊ စာအုပ်တွေလှူပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်” ဟု ပေါင်းထည်မှ ဒေါ်သက်ထားဦးကပြောသည်။



အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းတွင် ပြည်မြို့သို့ဖြတ်သန်းသွားသော ဧရာဝတီမြစ်အတွင်းသို့ယုံကြည်ချက် ကြောင့်အကျဉ်းကျခံနေရသူများ အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်၍ ကိုဇာဂနာနှင့် သီးလေးသီးအဖွဲ့ဝင် များမှ မြစ်ထဲသို့ မီးမျှောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်သိတာက ကိုဇာဂနာ စာကြည့်တိုက်ဖွင့်မယ်ဆိုတာကိုတော့သိထားပါတယ်။ အခုကိုဇာဂနာယုံကြည် ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေကို လှူဒါန်းတာတွေမှာ ကျွန်တော်ကတော့ လုပ်အား ဒါန ပဲပေးနိုင်ခဲ့တယ်” ဟု သီးလေးသီအဖွဲ့ဝင် ကိုဇီးသီးကပြောသည်။

သတင်းများအာ ပြန်လည်ဝေမျှပေးသော မြစ်မခမီဒီယာ အားကကျေးဇူးတင်ရှိပါသည်.။

မောင်ဝံသရဲ့ ဆောင်းပါး ၃ ပုဒ်

မော်စီတုန်းရဲ့ နာမည်ကျော် ဆောင်းပါး ၃ပုဒ်နဲ့ မည်သို့မှ မသက်ဆိုင်ပါခင်ဗျား။

ပြောချင်လွန်းလို့/ မောင်ဝံသ

သမိုင်းဖြစ်ရပ်အမှန် လေ့လာကြပါစေ (ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။)

အခုတလော မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်း အတော် များများ ပြန်လည်ပေါ်ထွက်လာနေတာကို မြင်တွေ့ရတယ်ဗျ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရှုထောင့်မျိုးစုံက ရေးသားခဲ့ကြတဲ့ စာပေများကိုလည်း ပြန်လည် ဖော်ထုတ်ဖြန့်ချိလာကြတာ အင်မတန် အားရဖွယ်ကောင်းတယ်ဗျာ။

အားရဖွယ်လို့ သုံးနှုန်းလိုက်ရတာက ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကာလ အတွင်း အရွယ်ရောက်ကြီးပြင်းလာခဲ့ကြတဲ့ လူငယ်တွေအဖို့ ခါးဆက်ပြတ် ကွင်းဆက်ပြတ်သွားခဲ့ကြရတဲ့ သမိုင်းဆိုင်ရာ အသိပညာ ဗဟုသုတများကို့ အဲဒီသမိုင်းစာအုပ်များမှတစ်ဆင့် လွယ်လွယ်ကူကူ ဖတ်ရှုလေ့လာမှတ်သားခွင့် ရနိုင်ကြတော့မယ့် အရေးကို တွေးပြီး စိတ်ချမ်းမြေ့နေမိတာကြောင့် ဖြစ်တယ်ဗျ။

သမိုင်း ဖြစ်ရပ်အမှန် ပြုစုရေး

အခုလို သမိုင်းစာအုပ်တွေ အတော်များများ ပြန်လည်ထွက်ပေါ်လာချိန်မှာ ကျွန်တော့်စိတ်ထဲ အမြန်ဆုံး ပြန်လည်ထုတ်ဝေပြီး လူငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာစေချင်တဲ့ စာအုပ်အတွဲတစ်တွဲ အကြောင်း ပြောချင်တယ်ဗျာ။ အဲဒီစာအုပ်တွေကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က တည်းဖြတ်တဲ့ စာအုပ်များဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ အများလေးစားလောက်တဲ့ ပညာရှင်များနဲ့ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်တစ်ခု ဖြစ်တယ်ဆိုတာ လေ့လာ မှတ်သားထားသူတိုင်း အသိဖြစ်တယ်ဗျ။ အဖွဲ့မှာ ပါဝင်တဲ့ ပညာရှင်ကြီးများကတော့ ဦးတင်အုန်း၊ ဦးထင်ဖတ်၊ ဦးထင်ကြီး၊ ဦးသန်းထွတ် (တိုက်စိုး)၊ ဦးမောင်မောင်တင် (ဦးမောင်မောင်တင်၊ မဟာဝိဇာ)၊ ဒေါက်တာအုန်းခိုင်၊ ဦးလှရှိန်၊ ဒေါ်ခင်စု၊ ဒေါ်တင့်စိန်၊ ဦးထွန်းအောင်ချိန်၊ ဒေါက်တာ ခင်မောင်ညွန့်တို့ ဖြစ်ပါတယ်။ စာမူများကို သမိုင်းဌာန၊ သုတေသန က တာဝန်ယူ ရေးသားပြုစုပြီး ဖော်ပြပါ အဖွဲ့ဝင် ပညာရှင်ကြီးးများက စိစစ် တည်းဖြတ်ပေးခဲ့တာပါ။

ထွက်လာမှ အကဲဖြတ်ပါ

၁၉၉၀ပြည့်နှစ် မေလထဲမှာ အဲဒီ အဖွဲ့ဝင်ပညာရှင်ကြီးတွေထဲက ကျွန်တော်နဲ့ အင်မတန်မှ ခင်မင် ရင်းနှီးတဲ့ ဆရာအချို့နဲ့ အလှူတစ်ခုမှာ ဆုံမိပါတယ်။ ကျွန်တော်က အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရတစ်ရပ်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ ဖြစ်တာကြောင့် ပြည်သူတွေက အပြည့်အ၀ ယုံကြည် စိတ်ချမှု မရှိနိုင်ဖြစ်နေကြပုံကို ပြောပြပြီး ဆရာတို့တော့ သမိုင်းတရားခံတွေ ဖြစ်ကုန်ဦးမယ်နောလို့ ရယ်သလို မောသလို ပြောမိတော့ ဆရာများက သူတို့ကော်မရှင်ဟာ စစ်အစိုးရက ဖွဲ့စည်းပေးထားတာ ဖြစ်ပေမယ့် ပါဝင်တဲ့ အဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ ပညာရှင်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိပါးမခံဘဲ တည်ကြည်ဖြောင့်မတ်စွာ ဆောင်ရွက်ကြမှာ ဖြစ်ကြောင်း၊ ပြုစုတဲ့ စာအုပ်တွေ ထွက်လာမှ သူတို့ ပြောသလို ဟုတ်မဟုတ် အကဲဖြတ်ပါလို့ စိတ်ရှည်ရှည်နဲ့ လူကြီးပီပီသသ ရှင်းပြခဲ့တယ်ဗျ။

အဲဒီမြန်မာသမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က ပြုစုတဲ့ စာအုပ်တွေထွက်လာတော့ ဆရာတို့ပြောတဲ့စကား ရာနှုန်းပြည့် နီးပါး မှန်တယ်ဆိုတာကို တွေ့ရှိခဲ့ကြရတယ်ဗျာ။ ဒီမှာတင် ပညာတတ် ပညာရှင် ဆိုတာရယ်၊ ပညာတတ်တို့ရဲ့ ရိုးသားဖြောင့်မတ်မှု (intellectual honesty) ဆိုတဲ့ ဆိုရိုးစကားရဲ့ အဓိပ္ပာယ်ကို ကျွန်တော် ပြည့်ပြည့်၀၀ သဘောပေါက်သွားခဲ့တယ်ဗျ။ တကယ့်ပညာတတ်ပညာရှင်တွေဆိုတာ ဗောင်းတော်ညိတ် စိတ်တော်သိ၊ မင်းလိုလိုက် မင်းကြိုက်တင်ရမှာကို အလွန် စက်ဆုပ်ကြပါတယ်။ ပညာရှင်ဂုဏ်သိက္ခာ ပျက်ယွင်းစေမယ့် အပြုအမူ အပြောအဆို အရေးအသားတို့ကို ဘယ်သောအခါမှ မပြုကြပါဘူး။

မြန်မာ့နိုင်ငံရေး လေးစောင်တွဲ

ကျွန်တော် ယခု ရည်ညွှန်း ပြောဆိုနေတဲ့ စာအုပ်တွေကတော့ ]]မြန်မာ့ နိုင်ငံရေး (၁၉၅၈-၆၂)}} လေးစောင်တွဲကို ဆိုလိုတာပါ။ သည်စာအုပ်တွေ အကြောင်းကို ကျွန်တော့်ဆောင်းပါးအချို့မှာ မကြာခဏ အညွှန်းပြုခဲ့ဖူး လေတော့ စာဖတ်ပရိသတ်တချို့က ဖတ်ချင်လွန်းလို့ လိုက်ရှာကြတယ်။ ဒါပေမယ့် ရန်ကုန် ပန်းဆိုးတန်း ရှားပါးစာအုပ် ဈေးကွက်မှာတောင် ရှာလို့မရ တော့ဘူးလို့ ကျွန်တော့်ဆီ စာရေးသူတွေ၊ ဖုန်းဆက်သူတွေ ရှိတယ်ဗျာ။ ကျွန်တော်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ကျွန်တော့်ဆီ ရှိတဲ့ လေးစောင်တွဲ တစ်စုံကို ငှားလည်းမငှားနိုင်တော့ မြင်ဖူးတယ်ရှိရုံ လာကြည့်ချင် ကြည့်ပါလို့ ဖိတ်ခေါ် ပြသရတယ်ဗျ။ လူငယ်သတင်းထောက်အချို့ကတော့ အိမ်ကိုလာပြီး ဓာတ်ပုံရိုက်ယူသွားကြပါတယ်။ (မှတ်ချက်။ ၁၉၉၁ခုနှစ် အတွင်း အင်းစိန်ထောင် ၃ တိုက်က ကျွန်တော့်ဘေးအခန်းမှာ ရှိနေတဲ့ ဆရာမောင်စူးစမ်းကို သက်ဆိုင်ရာက အဲဒီစာအုပ် လေးအုပ် ပေးဖတ်တယ်။ ဆရာမောင်စူးစမ်းကို သမိုင်းပြုစုရေးအဖွဲ့က ၁၉၆၂ခုနှစ် နောက်ပိုင်း ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်မှု ကာလ အတွေ့အကြုံများနဲ့ ပတ်သက်လို့ မကြာခဏ လာတွေ့ မေးမြန်းနေချိန်ဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာမောင်စူးစမ်းဟာ စီးပွားရေး ပညာရှင်တစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင် တာဝန်ထမ်းဆောင်ခဲ့ဖူးလေတော့ အဲဒီကာလများရဲ့ ဖြစ်ရပ်အမှန်များနဲ့ပတ်သက်လို့ သူ့အမြင်ကို လာမေးကြ တာပါ။ သုတေသနမေးခွန်းတွေကို ဖြေဆိုရာမှာ နမူနာအဖြစ်လေ့လာဖို့ စာပြုအဖွဲ့က ၁၉၆၂ ရှေ့ပိုင်း အဖြစ်အပျက်တွေ ပါရှိတဲ့ စာအုပ်တွေကို လေ့လာဖို့ ပေးသွားပါတယ်။ ညပိုင်းတွေမှာ ဆရာမောင်စူးစမ်းက စာတော်ဖတ် တာဝန်ယူပြီး အဲဒီစာအုပ်တွေထဲက ကောင်းနိုးရာရာတွေကို အသံထွက် ဖတ်ပြ ပါတယ်။ စာဖတ်ခွင့်မပြောနဲ့ စာရွက်တစ်ရွက်တောင် ကိုင်ခွင့်မရှိတဲ့ ကျွန်တော်တို့မှာ စာတော်ဖတ်ကြီး ဖတ်ပြတာကို ကြားနာပြီး လွတ်လပ်ရေး ရပြီးချိန်ကနေ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းချိန်အထိ သမိုင်း ဖြစ်ရပ်တွေထဲမှာ နစ်မျောခဲ့ကြရပါတယ်။ အဲဒီတုန်းက ဆရာမောင်စူးစမ်း အခန်းရဲ့ ဘယ်ဘက် နှစ်ခန်းကျော် အလုံပိတ်ခန်းမှာ နေရတဲ့ ဟံသာဝတီ ဦးဝင်းတင်ကတော့ ညပိုင်း စာဖတ်ချိန် ဖတ်ပြတာကို သူ့ဆီက မကြားရတာကြောင့် နေ့လယ်ပိုင်း ရေချိုးချတဲ့အချိန်လေးအတွင်း ဆရာမောင်စူးစမ်း အခန်းရှေ့ အပြေးအလွှားလာပြီး ကမန်းကတန်း ရသလောက် ဖတ်ရှုနေတာကို မြင်ရပါ တယ်။ အဲသလို ကျွန်တော်တို့ တိုးတိုးကြိတ်ကြိတ် ဖတ်ခဲ့ရတဲ့ စာအုပ် လေးစောင်တွဲကို ကျွန်တော် အိမ်ပြန်ရောက်ချိန်မှာ ဆရာခင်မောင်ညို ဘောဂဗေဒက မှတ်မှတ်ရရ လက်ဆောင်ပေးခဲ့တာပါ။ ကျေးဇူးမမေ့ပါ ဆရာဘောညို။)

အဲဒီ စာအုပ်လေးအုပ်ကို အစိုးရက ပြန်လည် ထုတ်ဝေဖို့ တိုက်တွန်း လိုပါတယ်။ မြန်မာနိုင်ငံရေးမှာ အလွန်အရေးကြီးတဲ့ ကာလအပိုင်းအခြား တစ်ခုအတွင်း သမိုင်း ဖြစ်ရပ်မှန်တွေကို ဖော်ပြထားတဲ့ အဲဒီစာအုပ်လေးစောင်တွဲ ကို နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေရော၊ နိုင်ငံရေး စိတ်ဝင်စားတဲ့ ပြည်သူများရော၊ တပ်မတော်သားများရော ဖတ်မှတ် လေ့လာသင့်တယ်။ ဖတ်ဖြစ်စေချင်တယ်ဗျာ။ ဈေးနှုန်းချိုချိုသာသာနဲ့ ဖတ်နိုင်ကြရလေအောင် အစိုးရက ပြန်လည်ထုတ်ဝေပေးရင် အကောင်းဆုံး ဖြစ်မယ်ဗျ။

စာမြည်းလေးတချို့ ပေးရရင်

စာမြည်းလေးတချို့ပေးရရင် ဒုတိယကမ္ဘာစစ်ကာလမှ ၁၉၄၇ ခုနှစ်အထိ မြန်မာနိုင်ငံရေးအခြေအနေကို စာမျက်နှာ ၇၃ မျက်နှာအတွင်း တီးမိခေါက်မိ အောင် ရေးသားတင်ပြထားတယ်။ ပြီးတော့မှ ပြည်တွင်းဆူပူသောင်းကျန်းမှုများ အကြောင်း၊ (အဲဒီကာလက ပြည်တွင်းစစ် လို့ ဖော်ပြခြင်းမပြုနိုင်တာကို နားလည်ပေးလိုက်ပါ)။ ပြီးတော့ ဖဆပလအစိုးရ ပြဿနာ၊ ဖဆပလနှစ်ခြမ်းကွဲပုံ၊ ၁၉၅၈ အိမ်စောင့်အစိုးရ ပေါ်လာပုံ၊ ၁၉၆၀ ရွေးကောက်ပွဲ ကျင်းပပေးပုံ၊ ကတိအတိုင်းအာဏာလွှဲပေးပုံ၊ ဖက်ဒရယ်မူကိစ္စ ညီလာခံ ကျင်းပပုံ (ရှမ်း လူထုခေါင်းဆောင် တောင်ကြီး ဦးထွန်းမြင့်ရဲ့ အသံလွှင့်ရုံမိန့်ခွန်း အတော် များများကို လေ့လာနိုင်မယ်။ ဒီနေ့ခေတ်အမြင်နဲ့ ပြန်လည် သုံးသပ်နိုင်တာတွေ တွေ့ရပါမယ်။) နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးးနေ၀င်း အာဏာသိမ်းခန်း။

၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းဖို့ ၁၉၆၁ ကတည်းက ပြင်ဆင်တာ၊ နိုင်ငံရေးခေါင်းဆောင်တွေက ထိုစဉ်က ဖြစ်ရပ်တွေကို ပြန်လည် သုံးသပ်ကြတာတွေကို စေ့စေ့စပ်စပ် ဖတ်မယ်ဆိုရင် စေ့စေ့တွေး ရေးရေးပေါ် စရာတွေ အများကြီး တွေ့ရလိမ့်မယ်ဗျ။

တိုင်းပြည်အခြေအနေ ယိုယွင်းနေလို့၊ ပြည်ထောင်စုကြီး ပြိုကွဲတော့မှာမို့ သမိုင်းပေးတာဝန်အရ တပ်မတော်က အာဏာသိမ်းခဲ့ရတာပါလို့ နောက်မှ သက်သေထူပြတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ကတော့ ၁၉၆၂ ခုနှစ် နိုင်ငံတော်အာဏာသိမ်းခြင်းအကြောင်း ရေးရင် တပ်မတော်က အာဏာသိမ်းတယ်လို့ ဘယ်တော့မှ မရေးပါ။ ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းတယ်လို့ပဲ ရေးလေ့ရှိပါတယ်။ အခု ကျွန်တော် ပြောနေတဲ့ လေးစောင်တွဲကို ဖတ်ရင် ပို၍ သဲကွဲလာပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ သူ့ရဲ့ လူယုံ တစ်စုတစ်ဖွဲ့တို့က ကွပ်ကဲအကောင်အထည်ဖော်သွားတာပါ။ တိုင်းမှူးတချို့ဆို ရင် ရေဒီယို ကနေ တော်လှန်ရေးကောင်စီ ဖွဲ့စည်းခြင်းဆိုပြီး ကြေညာတာ ကြားတော့မှ ကိုယ့်နာမည် ပါနေတာ သိရတယ်လို့ ဆိုပါတယ်။

ဘယ်ကိစ္စမဆို အကြောင်းတွေကြောင့်အကျိုးတွေ ဖြစ်ရတာပါ။ သမိုင်း ဖြစ်ရပ်အမှန် မှတ်တမ်းများမှတစ်ဆင့် ဒီနေ့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အကျိုးဆက်တွေရဲ့ အကြောင်းရင်းခံတွေကို လေ့လာ တွေ့ရှိနိုင်ကြပါစေ။

၂၁၊ ၁၀၊ ၂၀၁၁


မှန်တာပြောသစ္စာ/ မောင်ဝံသ

(သစ္စာဂျာနယ် True News မှာ ဖော်ပြထားတဲ့ဆောင်းပါး)

လူတွေ သိပ်မကြောက်တတ်ကြတော့ဘူးဆိုရင်

မုတ်သုန်မိုးကို သယ်ဆောင်လာမယ့် တောင်လေကလေး သုတ်ဖြူးစပြုလာ တယ်ဆိုရင်ပဲ ပူပြင်းလောင်မြိုက်တဲ့ နွေကာလတစ်လျှောက်လုံး ညှိုးလျော် နွမ်းလျနေခဲ့ကြရတဲ့ မြက်ပင်ကလေးတွေအစ သစ်ပင်ကြီးတွေအဆုံး သွေးလာတဲ့တောင်ပြန်လေထဲမှာ ခေါင်းတမော့မော့ ရင်တစွင့်စွင့်နဲ့ လွန့်လူးနိုးကြွလာနေကြသလိုပဲ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ လေချိုအေး ကလေး သွေးလာတယ်ဆိုရုံရှိသေး အပူရှိန် ထန်ပြင်းတဲ့ ရာစုတစ်ဝက်မျှ နွေကန္တာရ တစ်လျှောက်လုံး အကြောက်တရားအောက်မှာ ငြိမ်ဝပ်ပိပြား နေခဲ့ကြရတဲ့ သတ္တိပုရစ်ဖူးလေးတွေ တစ်ရစ်ချင်း ဝေစပြုလာနေတာကို တွေ့မြင်ရ တာ ရွှင်လန်းအားရစရာကောင်းလှတယ်ဗျာ။

လောကပါလတရားနှစ်ပါး

အရှက်နဲ့ အကြောက်ဆိုတဲ့ ဟီရိနဲ့သြတ္တပ္ပတရားနှစ်ပါးဟာ လောကကြီး ပျက်စီးမသွားအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ လောကပါလတရားနှစ်ပါးဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံး သိကြ တယ်ဗျ။ ဒါပေမယ့် လောကကို စောင့်ရှောက်တဲ့အရှက်တရား ဆိုတာ မကောင်းမှုပြုလုပ်ရမှာကို ရှက်ခြင်းကို ဆိုလိုတာဖြစ်တယ်။ လောကကို စောင့်ရှောက်တဲ့ အကြောက်တရားဆိုတာ မကောင်းမှုပြုလုပ်ရမှာကို ကြောက်ခြင်းကို ဆိုလိုတာဖြစ်တယ်ဆိုတာတွကိုတော့ လူတိုင်း တိတိကျကျ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ကြတယ်လို့ ကျွန်တော် မထင်ဘူး ဗျာ။ ဒီလိုဖြစ်ရခြင်းမှာ ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်တစ်ဝက်ကြာ လွှမ်းမိုးတွင်ကျယ်သွားခဲ့တဲ့ နိုင်ငံရေး စနစ်ကလည်း အရေးကြီးတဲ့ တစ်ခန်း တစ်ကဏ္ဍက ပါဝင်လှုပ်ရှားခဲ့တယ်လို့ ကျွန်တော် ဆိုချင်တယ်ဗျာ။

မျက်နှာပြောင်တဲ့ ယဉ်ကျေးမှု

ဒါကြောင့်လည်း နိုင်ငံဝန်ထမ်းတစ်ဦးက ]]ကျွန်တော့်လခကတော့ ၄၅၀ကျပ်ပါ။ ဒါပေမယ့် အောက်ဆိုက်ကတော့ တစ်လတစ်သောင်း လောက် ရပါတယ်}} ဆိုတဲ့စကားမျိုးကို လူပုံအလယ်မှာ ဂုဏ်ယူဝင့်ကြားစွာ ပြောရဲတဲ့၊ အဲဒီလိုပြောတဲ့လူကို ပတ်ဝန်းကျင်က လူများစုက အထင်ကြီးလေးစားအားကျတဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်ကြတဲ့ ယဉ်ကျေးမှုတစ်ခု အဲဒီကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာ ထွန်းကားခဲ့တာ ဖြစ်တယ်ဗျ။ အများအကျိုးကို ရွပ်ရွပ်ချွံချွံဆောင်ရွက်ရမယ့်ကိစ္စမျိုးမှာတော့ ကြောက်ရွံ့နေပြီး အခွင့်အရေးယူတဲ့နေရာ၊ အများပိုင်ပစ္စည်း အလွဲသုံးစားလုပ်တဲ့နေရာ တွေမှာတော့ ရဲရဲဝံ့ဝံ့ ရှေ့တန်းထွက် မျက်နှာပြောင်ပြောင်နဲ့ မကြောက်မရွံ့ လုပ်ဆောင်တဲ့ ယဉ်ကျေးမှုတစ်ခု ထွန်းကားခဲ့တာ ဖြစ်တယ်ဗျ။ အမှန်တကယ် ရှက်သင့်၊ ကြောက်သင့်တဲ့ကိစ္စတွေကိုတော့ မရှက်မကြောက်လုပ်ကြပြီး မရှက်သင့် မကြောက်သင့်တဲ့ကိစ္စတွေကျတော့ ရှက်ခဲ့ကြ ကြောက်ခဲ့ကြတဲ့ ]ဖုန်းဆိုးကျတ်တီး} ကာလကြီးတစ်ခုပေါ့ဗျာ။

အခုတော့ ဇောက်ထိုးပြောင်းပြန်ဖြစ်နေခဲ့တဲ့ အဲဒီဟီရိနဲ့ သြတ္တပ္ပတို့ရဲ့ ပုံရိပ်တွေဟာ သမ္မတကြီး ဦးသိန်းစိန်အစိုးရရဲ့ မကြာသေးခင် ရက်ပိုင်း လပိုင်း အနည်းငယ်အတွင်း လှမ်းခဲ့တဲ့ ခြေလှမ်းတချို့ရဲ့ တွန်းအားကြောင့် ပြန်လည် တည့်မတ်စပြုလာနေတာကို မြင်တွေ့နေရတယ်ဗျ။

လွှတ်တော်ထဲက မြင်ကွင်းအချို့

အဲဒီထဲမှာ အထင်ရှား အမြင်သာဆုံးကတော့ လွှန်တော်ထဲက မြင်ကွင်းတွေပဲဗျ။ ပါတီကြီးတစ်ခုက မီးသေအောင် လွှမ်းမိုးထားတဲ့ အဲဒီလွှတ်တော်အပေါ် ပြည်သူတွေ အမြင်မကြည်ဖြစ်ခဲ့ကြတာ အားလုံး အသိဖြစ်တယ်ဗျာ။ သို့သော် စစ်မှန်တဲ့ပါတီစုံ ဒီမို ကရေစီစနစ်ကို ထင်ဟပ်နေတဲ့ လွှတ်တော်တစ်ခု ဖြစ်လာဖို့ အဝေးကြီးလျှောက်လှမ်းရဦးမှာ ဖြစ်တယ်ဆိုတဲ့ အချက်က ငြင်းမရသေးသည့် တိုင်အောင် အခုနောက်ပိုင်းမှာ တစ်စတစ်စ ပိုမိုမြင်တွေ့လာကြရတဲ့ လွှတ်တော်တွင်းက ဒီမိုကရေစီမြင်ကွင်းတချို့ကြောင့် ပြည်သူတွေ စိတ်အတန်ပြေလာနေတာကို တွေ့ရတယ်ဗျာ။ အထူးသဖြင့် တပ်မတော်ကာကွယ်ရေးဦးချုပ်တစ်ဦးတည်းက ရွေးချယ်ပေးလိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ မိမိတို့ရဲ့ သဘောထားအမြင်တွေကို လွတ်လွတ်လပ်လပ် တင်ပြဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းက ထူးခြားတဲ့ အခြေအနေတွေကို ဖော်ပြနေတယ်ဗျ။

ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း

လွှတ်တော်ပြင်ပနိုင်ငံရေးမှာလည်း နိုင်ငံရေး အင်အားစုတွေဟာ မိမိတို့ မှန်တယ်ထင်တဲ့ အလုပ်တွေကို ရဲရဲဝံ့ဝံ့လုပ်ဆောင်နေကြတာ တွေ့နေရတယ်ဗျာ။ အဲဒီထဲမှာ ဧရာဝတီ ကယ်တင်ရေးကိစ္စဟာ ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်တယ်ဗျာ။ ဒါ့အပြင် ပရဟိတ စိတ် ထက်သန်တဲ့ လူငယ် လူလတ်တွေဟာ အများအကျိုးပြုလုပ်ငန်းတွေကို အရင်ဘယ်တုန်းကမှနဲ့ မတူအောင် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း လုပ်ကိုင်လာနေကြတာကို မြင်တွေ့ရတာ အားရစရာကောင်းလှတယ်ဗျာ။

သတင်းထောက်ကို ပြောရဲ ဆိုရဲ

ဒီနေရာမှာ အထူးအလေးထား ဖော်ပြရမယ့်ကိစ္စတစ်ခုကတော့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိ ပုဂ္ဂိုလ်များလည်းပဲ မမှန်ကန်တဲ့ အကြောက်တရားလောင်းရိပ်အောက်က လွတ်မြောက်လာနေကြပုံရတဲ့ ကိစ္စ ဖြစ်တယ်ဗျ။ မကြာသေးခင်ကအထိ ပုဂ္ဂလိက ဂျာနယ်သတင်းထောက်တွေနဲ့ မတွေ့ရဲ မပြောရဲ မဆိုရဲ ဖြစ်ခဲ့ကြ။ နိုင်ငံခြားအသံလွှင့်ဌာနတွေက ဖုန်းလာရင် လက်ခံစကားမပြောရဲခဲ့ကြတဲ့ အဲဒီပုဂ္ဂိုလ်တွေဟာ အခုအချိန်မှာ ဂျာနယ်သတင်းထောက်တွေနဲ့ရော နိုင်ငံခြားအသံလွှင့်ဌာနတွေနဲ့ပါ တာဝန်သိစိတ်၊ တာဝန်ယူစိတ် ရှိရှိနဲ့ လက်ခံတွေ့ဆုံပြောဆိုနေကြတာကို ကျွန်တော်တို့ ဖတ်နေ ကြားနေကြရတယ်ဗျာ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ငွေရှင်ကြေးရှင်တစ်ဦးလည်းဖြစ်သူတစ်ယောက်ဆိုရင် အဲသလို ရေဒီယိုအင်တာဗျူး မကြာခဏ လုပ်သူဖြစ်လို့ သူ့ရဲ့ရပ်တည်ချက် ထင်မြင်ယူဆချက်တွေကို ကျွန်တော်တို့ မပြတ်သိရှိနေရတယ်ဗျာ။ ကိုယ့်ရပ်တည်ချက် မှန်တယ် မှားတယ်ဆိုတာကို ပြည်သူက ဆုံးဖြတ်လိမ့်မယ်။ ကိုယ့်အမြင် အယူအဆကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပြောပြဖို့က ကိုယ့်တာဝန်ဖြစ်တယ်ဆိုတဲ့ သဘောထားမျိုးနဲ့ အခုလို ပြောပြနေတာတွေကို ကျွန်တော်ကတော့ လက်ခုပ်များများတီးပေးတယ်ဗျာ။

ဒီမိုကရေစီနဲ့ စာပေစိစစ်ရေး

တစ်လျှောက်လုံး စာပေလောကသားတွေနဲ့ တကျက်ကျက်၊ မတည့်အတူနေ ဖြစ်ခဲ့တဲ့ စာပေစိစစ်ရေး ဌာနရဲ့ ဒုညွှန်ကြားရေးမှူးချုပ် ဆိုရင်လည်း မကြာသေးခင်က နိုင်ငံခြား အသံလွှင့်ဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ဒီမိုကရေစီနဲ့ စာပေစိစစ်ရေးဟာ မအပ်စပ်ပါဘူးလို့ ရဲရဲတင်းတင်း ပွင့်ပွင့် လင်းလင်း ပြောချလိုက်တာ ကြားလိုက်ရတယ်ဗျ။ စာပေစိစစ်ရေး ဌာန ညွှန်ကြားရေးမှူးတစ်ယောက်ဆီက အဲဒီလိုစကားမျိုး ကြားရတယ်ဆိုတာ တစ်ချိန်ကဆိုရင်တော့ ]ကျားသားမိုးကြိုး} လို့ အလန့်တကြား ရေရွတ်ရမယ့်

ိကိစ္စမျိုးမဟုတ်လားဗျာ။ မကြာသေးခင်ကပဲ သစ္စာဂျာနယ်က ကျွန်တော့် ဆောင်းပါးတစ်ပုဒ်မှာ ဒီမိုကရေစီနဲ့ စာပေစိစစ်ရေးဆိုတာ အမြင်မတော် ဆင်တော်နဲ့ ခလောက်လိုပါပဲလို့ ရေးလိုက်တာကို စာပေစိစစ်ရေးက မဖြတ်မတောက် ခွင့်ပြုလိုက်ကတည်းက သူတို့တွေလည်း အလားတူ သဘောထား ရှိကြလို့ ဖြစ်မယ်ဆိုတာ တွက်ဆမိခဲ့ပါတယ်ဗျ။

ဒီအခြေအနေတွေကို ကြည့်ပြီး ကျွန်တော်ကတော့ အကြောက် တရား လွှမ်းမိုးတဲ့ အမှောင်ခေတ်ကြီးထဲက ကျွန်တော်တို့နိုင်ငံ ထွက်မြောက် တော့မှာလားဆိုတဲ့ အတွေးတွေနဲ့ မျှော်လင့်ချက်တွေ ဝေဖြာ နေမိကြောင်း ပါဗျာ။

၁၈ ၁၀ ၁၁

ရှေ့နေသားအဖပုံပြင် (မောင်ဝံသ)

(Messenger ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး)

နိုင်ငံရပ်ခြားဟာသတို့ ပင်လယ်ရပ်ခြားဟာသတို့ သူတို့ဆီက ဟာသများတို့ဆိုတဲ့ ခေါင်းစဉ်အောက်က စာစုကလးများကို စာဖတ်သူ အများစု ဖတ်ဖူးကြ မယ်ထင်ပါတယ်။ အုန်းခနဲ ၀ါးလုံးကွဲအောင်ရယ်ရတဲ့ ဟာသမျိုးမဟုတ်ဘဲ ဖတ်ရှုခဲ့ရပြီးတဲ့ နောက်နှစ်ကာလအတော်ကြာတဲ့အထိ တစိမ့်စိမ့်တွေးလေ တခွိခွိရယ်ရလေဆိုတဲ့ ဟာသမျိုးတွေပါ။ ဆရာတင်ဆွေမိုးတို့၊ ဆရာခင်မောင်တိုး(မိုးမိတ်)တို့ဆိုရင် အဲဒီလိုမျိုးဟာသတိုကလေးတွေကို ပေါင်းချုပ်စာအုပ်တွေတောင် ရိုက်နှိပ်ထုတ်ဝေထားကြပြီးပါပြီ။ ဆရာမောင်ကောင်းထိုက်ကတော့ အဲဒီဟာသစာစုလေးတွေ ဘာသာပြန်ဆို တဲ့အလုပ်ကို စိုက်လိုက်မတ်တတ်လုပ်နေသူပါ။ သူ့နာမည်နဲ့ ထုတ်ဝေခဲ့တဲ့ အဲဒီလိုဟာသစာအုပ် အတွဲ ၂၀ ကျော်ကျော် လောက်တောင်ရှိပြီ ထင်တယ်ဗျ။

အဲဒီဟာသစာစုကလေးတွေထဲမှာ အမျိုးအစားအစုံပါပါတယ်။ မိန်းမတွေအကြောင်း၊ ယောက်ျားတွေအကြောင်း၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ အင်ဂျင်နီယာတွေ၊ ယာဉ်ထိန်းရဲတွေ စတဲ့ ပရော်ဖက်ရှင်နယ်တွေအကြောင်း စသဖြင့် စုံတကာစေ့နေတာပါပဲ။ အဲဒီဟာသစာစု လေးတွေကို တီထွင်ရေးသားသူတွေရဲ့ မျက်စိထဲမှာ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ လှောင်ပြောင်သရော်စရာတွေနဲ့ ပြည့်နှက်နေသလိုပါပဲ။ ယမမင်းကြီးနဲ့ ကောင်းကင်ဘုံက တမန်တော်တွေတောင် ချန်မထားပါဘူး။

အဲဒီဟာသစုကလေးတွေထဲမှာ နိုင်ငံရေးဟာသတွေလည်း အချိုးအစားအတော်များများ ပါဝင်ပါတယ်။ အဲဒီနိုင်ငံရေးဟာသတွေ ထဲမှာမှ အများစုက ဆိုဗီယက်ပြည်ထောင်စုကို သရော်တဲ့ဟာသတွေ ဖြစ်ပါတယ်။ နိုင်ငံရေးဟာသတွေဟာ စစ်အေးခေတ်ထဲမှာ များများ စားစား ထွက်ပေါ်လာကြ တာဖြစ်ပြီး အဲဒီဟာသစာစုတွေကို တီထွင်ရေးသားခဲ့သူတွေက ဆိုဗီယက် ဆန့်ကျင်တဲ့ အနောက်နိုင်ငံသားတွေ အထူးသဖြင့် အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြတာမို့ သူတို့ရဲ့ အဓိကပစ်မှတ်ဟာ ဆိုဗီယက်ဖြစ်နေတာ အံ့သြစရာ မဟုတ်ပါဘူး။

အဲဒီအချက်ကနေ ကောက်ချက်ဆွဲနိုင်တာတစ်ခုက လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီစတဲ့ လူသားရဲ့ အခြေခံပိုင်ခွင့်တွေ ဆိတ်သုဉ်းနေတဲ့ ဒါမှမဟုတ် ပါးရှားနေတဲ့ အခြေအနေတစ်ခုအောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူတွေနဲ့ အဲဒီပြည်သူတွေရဲ့ ကာယိက ဒုက္ခ စေတသိကဒုက္ခတွေကို စာနာနားလည်ကြသူတွေဟာ အဲဒီဒုက္ခတွေထဲ (ခေတ္တခဏပဲဖြစ်ဖြစ်) လွတ်မြောက်ရာ စိတ်ထွက်ပေါက်တစ်ခု အဖြစ် အဲဒီလိုမျိုး ဟာသပုံပြင် ဇာတ်လမ်းလေးတွေကို တီထွင်ဖြန့်ဝေတတ်ကြတယ်ဆိုတာပါပဲ။

ရာစုနှစ်တစ်ဝက်ကျော်ကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာလည်း အဲသလိုမျိုး ဟာသပုံပြင် ဇာတ်လမ်းလေးတွေ ထောင်ဂဏန်း ရာဂဏန်း မဟုတ်တောင် ဆယ်ဂဏန်းချီလောက်တော့ ရှိခဲ့မှာ သေချာပါတယ်။ ကျွန်တော်တစ်ယောက်တည်း ကြားဖူးတာတင် ဆယ်ပုဒ်မကလို့ အဲသလို အခိုင်အမာပြောနိုင်တာပါ။ တစ်ချိန်က နွားကိုခိုးသတ်ပြီး အရပ်ထဲမှာ တိုးတိုးတိတ်တိတ် ကျိတ်ပြီး ရောင်းရတဲ့ အသားဖြစ်ခဲ့ဖူးတာမို့ အဲဒီတုန်းက အမဲသားကို တိုးတိုးသားလို့ ခေါ်ခဲ့ကြသလိုပဲ။ အဲဒီဟာသပုံပြင်ဇာတ်လမ်း လေးတွေကလည်း အုပ်ချုပ်သူ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ မကြားအောင် ပြည်သူတွေကြားထဲမှာပဲ တိုးတိုးတိတ်တိတ် ပြောဆိုရယ်မောကြရတဲ့အရာတွေ ဖြစ်တာကြောင့် သူတို့ကိုလည်း တိုးတိုးပုံပြင်တွေလို့ပဲ အသိမှားကြပါတယ်။

အခုတော့ အကြောင်းကလည်း တိုက်ဆိုင်နေ၊ ကျွန်တော်တို့ လက်တွေကို တစ်လျှောက်လုံး ထိန်းချုပ်လာခဲ့တဲ့ စာပေစိစစ်ရေး ဌာနက လွတ်လပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ပေးလာတဲ့အချိန်လည်း ဖြစ်နေတာကြောင့် ကျွန်တော် ကြားဖူးထားတဲ့ တိုးတိုးပုံပြင် လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်။

အဲဒီအမှုနဲ့ မင်းကို ကျောင်းထားခဲ့တာ

နိုင်ငံရေးစိတ်ဝင်စားတဲ့ မြန်မာစာဖတ် ပရိသတ်အများစုကတော့ ကြားဖူးပြီးသားဖြစ်မှာပါ။ ပုံပြင်က ရှေ့နေသားအဖအကြောင်း ဖြစ်ပါတယ်။ တိုတိုလေးပဲ။ ပုံပြင်ကို သားရှေ့နေက ဖခင်ရှေ့နေ တစ်သက်လုံးလိုက်ခဲ့ပေမယ့် မပြီးပြတ်ခဲ့တဲ့ သူဌေးကြီးတစ်ဦးရဲ့အမှုကို သူပြီးပြတ်အောင် လိုက်နိုင်ခဲ့ကြောင်း အဖေကို ဂုဏ်ယူဝင့်

ပြည်တွင်းစစ်ကို အချိန်ဆွဲနေခဲ့တာ

အဲဒီပုံပြင်လေးရဲ့ သက်တမ်း ဘယ်လောက်ရှိခဲ့ပြီဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်စပြီးကြားဖူးတာတင် ဆယ်စုနှစ် အတော်ကြာခဲ့ပြီမို့ တော်တော်တော့ အသက်ကြီးနေလောက်ပါပြီ။ နိုင်ငံရေးစကားဝိုင်းတွေမှာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်စစ်အကြောင်း ရောက်လာတိုင်းလိုလိုမှာ အဲဒီပုံပြင်လေးကို ကြားရလေ့ရှိပါတယ်။ ပါလီမန်ဒီမိုကရေစီကို ဖျက်သိမ်းပြီးနောက် ပေါ်ပေါက် လာတဲ့ အစိုးရတွေဟာ (ပုံပြင်ထဲက ဖခင် ရှေ့နေကြီး အမှုကို အချိန်ဆွဲ လိုက်နေသလိုမျိုး) ပြည်တွင်းစစ်ကို မပြီးနိုင်အောင် တမင်အချိန်ဆွဲနေခဲ့ကြတာ ဖြစ်တယ်ဆိုတဲ့အချက် ပေါ်လွင်အောင် ဖော်ပြဖို့ အဲဒီပုံပြင်လေးကို တီထွင်ခဲ့တာဖြစ်မှာ သေချာပါတယ်။

ပုံပြင်တို့ ပြက်လုံးတို့ဆိုတာက သူတို့ရဲ့ အခြေခံသဘာဝအရကို ကွင်းကွင်းကွက်ကွက် ထိထိမိမိ စူးစူးရှရှ ကွဲကွဲပြားပြားဖြစ်အောင် ဖော်ပြရတာမျိုး ဖြစ်တာကြောင့် တကယ့်အခြေအနေမှန်ကို ကိုယ်စားပြုတာကို မဆိုနိုင်ပါဘူး။ အထူးသဖြင့် ဖိနှိပ်မှုအောက်မှာ နေနေရတယ် လို့ ခံစားနေကြရတဲ့ ပြည်သူတစ်ရပ်ဟာ သူတို့က ဖိနှိပ်သူလို့မြင်နေတဲ့ လူတန်းစားအကြောင်း ပြောဆိုရာမှာ လွန်ကဲတဲ့ဥပမာတွေ၊ ဥဒါဟရုဏ် တွေ သုံးစွဲကြလိမ့်မယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။

ကျွန်တော်ကတော့ စစ်အစိုးရအဆက်ဆက်ဟာ သူတို့အကျိုးစီးပွား အတွက် ပြည်တွင်းစစ်ကို မပြီးအောင် တမင်အချိန်ဆွဲပြီး မွေးထား ခဲ့ကြတာဖြစ်တယ်လို့ မယုံကြည်ပါဘူး။ အဲဒီအစား အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ ဒေါသတွေကြောင့်သာ ပြည်တွင်း စစ် အခုအထိ သက်ဆိုးရှည်နေတာဖြစ်တယ်လို့ ယူဆသူပါ။

မပြီးနိုင်တဲ့ စစ်ပွဲဆိုတာ မရှိ

လောကမှာ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာဆိုတာ မရှိပါဘူး။ အဲသလိုပဲ မပြီးဆုံးနိုင်တဲ့ စစ်ပွဲဆိုတာလည်း မရှိပါဘူး။ အနည်းဆုံးတော့ ကျွန်တော့်တို့နိုင်ငံက ပြည်တွင်းစစ်ဟာ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခနဲ့ အခြားအနည်းငယ်သော ပဋိပက္ခတွေလို ကမ္ဘာနာတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် တန်းတူရည်တူ အခြေခံပေါ်မှာ အမြော်အမြင်ရှိရှိ သဘောထား ကြီးကြီးထားပြီး ဖြေရှင်းရင် မကျေလည်စရာ အကြောင်းမရှိပါဘူး။ သဘောထားကြီးရမယ်ဆိုရာမှာလည်း မကြာသေးမီက ထောင်က လွတ်လာတဲ့ ပြည်သူချစ် ဟာသပညာရှင် ကိုဇာဂနာ ပြောသလို နိုင်ငံတော်အစိုးရဘက်က ထားရှိရမယ့် သဘောထားပါ။

အထူးသဖြင့် ကမ္ဘာ့အခြေအနေရော မြန်မာ့အခြေအနေပါ အခွင့်သာမှု ရှိနေတဲ့ အခုလို အချိန်မျိုးမှာ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ရာစုနှစ်တစ်ဝက်ကျော်ကြာလာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အပြီးတိုင် ရပ်စဲချုပ်ငြိမ်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အစိုးရတစ်ရပ်အဖြစ် ကမ္ဘာသမိုင်း မှာ မော်ကွန်းတင်ခံရမယ့် အခွင့်အရေး ကို လက်မလွှတ်သင့် ပါဘူး။ကျွန်တော်တို့ကတော့ ရေရှည်အမှုကြီးကို အပြတ်ဖြတ်ပစ်တဲ့ သားရှေ့နေရဲ့ လုပ်ရပ်မျိုးကိုပဲ လိုလားကြောင်းပါဗျ။

၁၈ ၁၀ ၂၀၁၁

25 October 2011

တရုတ်အမျိုးသမီး ၉ ဦးအား မြန်မာစစ်သားများ အဓ္ဓမပြုကျင့် သတ်ဖြတ်

အောက်တိုဘာ ၂၁ ရက်က ရှမ်းပြည်မြောက်ပိုင်း မုန်ပေါ်မြို့အနီး ရှောင်ဟော(Shau Haw)ကျေးရွာမှ တရုတ်အမျိုးသမီး (၉) ဦးအားမြန်မာအစိုးရစစ် သားများ အုပ်စုလိုက် အဓ္ဓမပြုကျင့်ပြီးသတ်ဖြတ် ခဲ့ကြောင်း ဒေသခံများပြောသည်။ကျူးလွန်သည့် စစ်သားများသည် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)အောက် အမှတ် (၁) အခြေစိုက်စစ်ဗျူဟာ (ကွတ်ခိုင်) လက်အောက်ခံတပ်ရင်းများဖြစ်သည်ဟုဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်း မုန်ဘော်အနီး နီရှန်ဟူး(Ni Shang Hu)ကျေးရွာမှ နောက်ထပ်တရုတ် အမျိုးသမီး (၆) ဦးအားလည်း လားရှိုးအခြေစိုက် ခမရ (၅၂၂) မှ စစ်သားများ ပေါ်တာဆွဲခေါ်သွား ကြောင်း ဒေသခံများပြောသည်။

သတင်း...ကချင်သတင်းဌာန

24 October 2011

ပခုက္ကူ ရေဘေး အလှူ နိုးဆော်လွှာ။


ဂရုဏာတရားနှင့်ပြည့်စုံ၍ လူအချင်းချင်း စာနာ ထောက်ထားမှုကို အလေးထားသော ရဟန်းရှင်လူ မိဘပြည်သူများ နှင့် လူငယ် အပေါင်းတို့အား နိုးဆော်အပ်ပါသည်။ ပခုက္ကူမြို့နယ် အတွင်း ရေဘေး ဒုက္ခသင့် ပြည်သူများ၏ ဘဝများကို စာနာခြင်း၊ပံ့ပိုးခြင်းနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ် များ ဆောင်ရွက်ပေးနိုင် ရန် မန္တလေးမြို့ မှ လူမှုကူညီရေး အသင်းအဖွဲ့များ စုပေါင်း၍ သွားရောက် လှူဒါန်း ဆောင်ရွက်ပေးကြပါမည်။

မန္တလေးမှ (၂၅-၁၀-၁၁)အင်္ဂါနေ့၊ နံနက်(၄း၀၀)နာရီတွင် စတင်ထွက်ခွာပါမည်။သို့ပါ၍ အောက်ပါ အသင်း အဖွဲ့ များ မှ ဖော်ပြပါ ပုဂ္ဂိုလ်များထံ တွင် လှူဒါန်း လိုလျှင် ဖြစ်စေ၊ပူးပေါင်းပါဝင် လိုလျှင်၊လိုက်ပါလိုလျှင် ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။

ကိုမောင်မောင်ဦး (အတွင်းရေးမှူး) ၀၉-၂၀၂၄၄၂၃ ၊ စိမ်းရောင်စို Activities ။
ကိုရဲရင့်ကျော် (F.3) ဖုန်း-၀၉-၄၉၂၈၀၁၁၅ ၊။
မနေနွယ် ၊ ၀၉-၂၀၃၄၈၆၇ ။
ကိုညိုလင်း ၊ ဖုန်း-၀၉-၉၁၀၄၀၆၇၉ ရဲရင့်နှလုံးသား ။
ကိုဇော်သူ ၊ ဖုန်း-၀၉-၄၃၁၀၂၉၇၇ သဒ္ဒါ - ပညာရေး ပရဟိတ။
ကိုတေဇာဆန်း ၊ ဖုန်း-၀၉- ၂၂၁၅၉၆၂ နှလုံးလှ ဖောင်ဒေးရှင်း။
ကိုအောင်ဆန်းဝင်း၊ ၊ ဖုန်း-၀၉-၂၀၁၅၁၇၂ အမရသုခ ပရဟိတ။
မယုယုလှိုင် ၊ ဖုန်း- ၀၉-၄၃၀၁၅၁၉၄ ချမ်းမြသုခ ။
မချယ်ရီ ၊ တောင်ကြီး/ရန်ကုန်မြို့။ ၀၉- ၇၃၀၇ ၃၂၆၆

နှင့်

အလှူခံဌာန(၁)

၃၆လမ်းx၇၉လမ်းဒေါင့်၊မန္တလေး။ ကိုဝင်းမြင့်ထွန်း၊ ဖုန်း-၀၉-၂၀ ၂၇ ၃၃၁

အလှူခံ ဌာန (၂)

၂၄လမ်းx ၈၁လမ်းဒေါင့်၊ မန္တလေး။ကိုညီကျော်၊ ဖုန်း ၀၉-၉၁၀ ၁၈ ၇၅၃

ပြန်ပေးဆွဲခံလမ်းပြုပြင်ဝန်ထမ်းများအတွက် တစ်ယောက်လျှင်ငွေ ၁၀ သိန်းတောင်းခံထား

အးကိုမိသားစုဆောက်လုပ်ရေးကုမ္မဏီလီမိတက် လမ်းပြုပြင်ရေးအလုပ်စခန်း

ပြီးခဲ့သည့်အောက်တိုဘာ (၂၁) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်ရွာအနီး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပြန်ပေးဆွဲခံခဲ့ရသည့်ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းများအား တစ်ယောက်လျှင်ငွေ ၁၀ သိန်းဖြင့်ရွေးယူရန် အကြောင်းကြားထားကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။

“လေးယောက်ဖမ်းသွားတဲ့အထဲက တယောက်ကိုပြန်လွှတ်လာပြီး တစ်ယောက်ကို ငွေဆယ်သိန်းပေးရမယ်လို့ အဲဒီလူကတဆင့်အကြောင်းကြားလာတယ်၊ ကျန်သုံးယောက်ကိုတော့ တောထဲမှာဖမ်းချုပ်ထားတုန်း” ဟု အမည်ဖေါ်ပြခွင့်မပြုသော အထက်ပါနီးစပ်သူက ဆက်ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း မော်လမြိုင်-ရေး-မလွှဲတောင် မော်တော်ကားလမ်းကိုကံထရိုက်ရယူထားသော အေးကို
မိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက် လမ်းပြုပြင်ရေးအလုပ်စခန်းတစ်ခုအား နံနက်စောစော လင်းအားကြီးအချိန် (နံနက်-၅ နာရီဝန်းကျင်) ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဝန်ထမ်း (၄) ဦးတို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆောက်လုပ်ရေးကုမ္မဏီအလုပ်စခန်းတစ်ခုကို ၄င်းလက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ခဲ့စဉ် ရုံးအဆောက်အဦးနှင့် မော်တော်ကားများကိုပါ မီးတင်ရှိုခဲ့ပြီး သေနတ်များလည်း ပစ်ခတ်ခဲ့သည် ဟု ဒေသခံများက ပြောသည်။

၎င်းပြန်လည်လွတ်မြောက်လာသူအား ကမာဝက်ရဲစခန်းမှ လိုအပ်သောစစ်ဆေးမေးမြန်းမှု များ ပြုလုပ်ခဲ့ သည်ဟုသိရပြီး ယခုအခါမည်သည့်နေရာသို့ရောက်ရှိနေသည်ကို မသိရှိရပေ။

“ကမာဝက်ရွာဘုရားပွဲတော်မတိုင်ခင်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ အနီးအနားရွာတွေ မှာငွေလိုက်တောင်းနေတာ ရှိခဲ့တယ်၊ အချို့ခြံသမားတွေ ငွေပေးခဲ့ရတယ်” ဟု ကမာဝက်ရွာမှ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ (၁၈-၂၀) ကမာဝက်ရွာ ဘုရားပွဲတော်ကျင်းပသည့်နေ့ရက်များ ဖြစ်သည်။အလား တူ အေးကိုဆောက်လုပ်ရေးကုမ္ပဏီအလုပ်သမားဝန်ထမ်းတစ်ဦးအား လွန်ခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့တွင် ဟပွေးသန်းလွင် ဦးစီးသည့် မွန်၊ ကရင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့ တစ်ဖွဲ့မှ ပြန်ပေးဆွဲခဲ့ကာ ငွေကျပ်သိန်း ၁၅၀ တောင်းဆိုခဲ့ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မော်လမြိုင် – ရေး-မလွှဲတောင်အပိုင်း လမ်းမိုင်အရှည် ( ၁၁၂) မိုင် (၆) ဖာလုံကို အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက်သို့ ၁၆-၃-၂၀၁၁ ရက်နေ့မှစတင်၍ ဘီအိုတီစနစ်ဖြင့် လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တည်ဆောက်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့သည်။

၎င်းကုမ္ပဏီသည် ပြီးခဲ့သည့်မိုးရာသီ ကာလအတွင်း၌ ဒေသရှိလမ်းများ ကိုပြုပြင်ခြင်း ရပ်နားခဲ့သဖြင့် မော်တော်ကား များသွားလာမှုခက်ခဲ့နေကြောင်း၊ လမ်း အသုံးပြုခ များကိုသာ နေစဉ်မပြတ်ကောက်ခံခြင်းကိုသာ ပြုလုပ်နေကြောင်း ခရီးသည် များထံ မှသိရသည်။

ယခုကဲ့သို့ မွန်ပြည်နယ်အချို့ဒေသများ၌ လက်နက်ကိုင်အဖွဲ့များမှ ဆက်ကြေးတောင်းခံခြင်းနှင့် ပြန်ပေးဆွဲခြင်း များသည် ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက်ပိုင်းတွင် ပိုမိုဖြစ်ပေါ်လာသည်ဟု လေ့လာသူများသုံးသပ်ကြသည်။

ယနေ့ဖြစ်ပေါ်ခဲ့သောအထက်ပါဖြစ်ရပ်ကို ဒေသရှိ မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်ဌာနချုပ်မှ စုံစမ်းနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက ပြောသည်။

သတင်း....လွတ်လပ်သောမွန်သတင်းအေဂျင်စီ