10 April 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် ကျန်းမာရေး စစ်ဆေးမှုခံယူ



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ယခုလအတွင်း ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထပ်မံသွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့ရကြောင်း သိရသည်။

ဤသည်မှာ စစ်အစိုးရက လတလ၏ ပထမဆုံး ကြာသပတေးနေ့တွင် ကျန်းမာရေးစစ်ဆေးခွင့် ပေးထားရာမှ လိုအပ်ချက်အရ ဒေါက်တာတင်မျိုးဝင်းကို ECG စက်များ သယ်ဆောင်ကာ ယခုလအတွင်း ဒုတိယအကြိမ် သွားရောက်စစ်ဆေးခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့ (ကြာသပတေးနေ့) ကလည်း ပုံမှန်စစ်ဆေးခွင့် ရရှိခဲ့သဖြင့် ၈ ရက်အတွင်း ဒုတိယမြောက် ထပ်မံတွေ့ဆုံရခြင်းလည်း ဖြစ်သည်။

“ဆရာဝန် ခေါ်ပြတယ်ဆိုတာလောက် ကြားတယ်။ ECG စက် သွင်းတယ်လို့တော့ ကြားတယ်။ လောလောဆယ် ရောဂါအခြေအနေ ဘာမှ မသိရသေးဘူး။ ဆရာဝန်တင်မျိုးဝင်း သွားတယ်။ ECG ရိုက်စက် သွင်းတယ်ဆိုတာပဲ သိရသေးပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကလည်း “ဒေါ်စုမှာ အစာအိမ်တို့ဘာတို့ ဝေဒနာဖြစ်နေလို့ ဆေးပေးနေရတယ်။ အဲဒီ အစာအိမ်ဆေးကလည်း ခေါင်းတွေဘာတွေ မူးတတ်တယ်။ ဒေါက်တာတင်မျိုးဝင်းတို့ အထဲကိုဝင်တဲ့အခါ ECG ရိုက်တဲ့ ကိရိယာတွေ ယူသွားတယ်လို့ ကြားတယ်။ရောဂါအခြေအနေ ဘာမှ မသိရသေးဘူး။ အရေးတကြီး မဟုတ်ပါဘူး။ သာမန်ပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အမှုကိစ္စများအတွက် သူမ၏ ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံကာ ဆွေးနွေးခဲ့သေးသည်။

ထိုသို့ ဆွေးနွေးစဉ်က တွေ့ရှိခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို ရှေ့နေ ဦးကြည်ဝင်းက ယခုလို ပြောပြသည်။

“ကျနော်တို့နဲ့ ဆွေးနွေးတာက တက်တက်ကြွကြွ လုပ်သွားတာပါပဲ။ သူ့ကိုကြည့်ရတာ နေမကောင်းဘူးဆိုတာ မယုံနိုင်စရာပါပဲ။ သူကိုယ်တိုင် ပြောတာက ခေါင်းမူးတယ်၊ သွေးပေါင်ချိန် ကျနေတယ်လို့ ဒီလိုလေးပဲ ပြောတယ်။ ပြန်ထွက်လာတော့ ကျနော်တို့က SP ကို ပြောတော့၊ သူတို့က ချက်ချင်း လုပ်ပေးပါတယ်။ ဆရာတင်မျိုးဝင်းကို ချက်ချင်း အကြောင်းကြားတယ်။ ဆရာတင်မျိုးဝင်းတော့ ၀င်ပြီးပြီလို့တော့ ကြားတယ်” ဟု ပြောသည်။

အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန်အတွက် ဒေါက်တာတင်မျိုးဝင်းထံသို့ ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ပြီးခဲ့သည့်နှစ် မေလဆန်းတွင် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် မဖိတ်ခေါ်ဘဲ သူမ၏ နေအိမ်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာသဖြင့် နေအိမ်အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးက သြဂုတ်လထဲတွင် ပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်ဒဏ် ၁၈ လအထိ လျော့ပေါ့ကာ နေအိမ်တွင် အထိန်းသိမ်းခံရန် ညွှန်ကြားခဲ့သည်။

သတင်းရင်းမြစ် (မဇ္ဈိမ)။


ဝ တောင်းဆိုချက်အသစ် နအဖ လက်ခံမည်ကို ၀ အရာရှိအချို့ ရင်တမမဖြစ်..

စစ်အစိုးရထံလိပ်မူ ရေးသားပေးပို့ထားသည့် တောင်းဆိုချက် ၈ ချက်အပေါ် နအဖ အမှန်တကယ်လက်ခံ အတည် ပြုမည်ကို ၀ အရာရှိအချို့ ပြန်လည်စိုးရိမ်နေကြောင်း စုံစမ်းသိရှိရပါသည်။

“နအဖ ထံပေးပို့တဲ့စာက ၁ ရက်နေ့ တန့်ယန်းတွေ့ဆုံပွဲကနေတဆင့် ပေးပို့တာမဟုတ်ဘူး၊ စာကို မတ် ၃၁ ရက်နေ့ ကတည်းက ရေးပြီးနေတာ၊ တရုတ်ဘာသာကနေ ဗမာလိုပြန်နေရလို့ ဧပြီ ၃ ရက်နေ့မှ ပို့ရတာ။ အဲဒီ စာကသဘောထား အရမ်းပျော့ပြောင်းပြီး နအဖတောင်းဆိုချက်ကို အများကြီးလိုက်လျောထားလို့သူတို့လက်ခံ လိုက်မှာကို ကျနော်တို့စိုးရိမ် နေတယ်”- ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကပြောပါသည်။

ဧပြီ ၃ ရက်နေ့ နအဖ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ် ကြီးရဲမြင့်၊ လားရှိုး ရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ် ထံလိပ်မူပြီးပေးပို့သည့်စာတွင် သဘောထားပျော့ ပြောင်း အလျှော့ပေးလွန်း သည်ဟု ၀ အရာရှိများရှုမြင်သောကြောင့် ဤကဲ့သို့စိုးရိမ်လာခြင်း ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်နေ ဗမာပြည်အရေးလေ့လာသူတဦးက- “ကျနော်သာ နအဖ ဆိုရင် အခု ၀ တောင်းဆိုချက်တွေကို လိုက် လျော လိုက်ပြီ၊ ဒါပေမယ့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖိအားပေးလာကတည်းက နအဖ စိတ် ထားကို သုံးသပ်ကြည့်ရင် နည်းနည်းလေး(သို့)တ၀က်တပြက်လက်ခံ ရင်မရဘူး၊ မူအားဖြင့်လက်ခံတယ်လို့ ပြောရင်တောင်မှရာနှုန်းပြည့် လက်ခံ တယ်လို့ သူတို့အတင်းမှတ်ယူတာ။ နအဖက လောဘအရမ်းကြီးတယ်၊ အားလုံး အပိုင်ရချင် လိုချင်တယ်၊ ဆိုတော့ အခု ၀ တောင်းဆိုချက်ကို သူတို့လက်ခံချင်မှ လက်ခံမယ်”- ဟု သျှမ်းသံတော်ဆင့်သို့သုံးသပ်ပြ၏။

၂၀၀၉ နိုဝင်ဘာ တောင်းဆိုချက် ၉ ချက် နှင့် ၂၀၁၀ ဧပြီတောင်းဆိုချက် ၈ ချက်ကို ယှဉ်ကြည့်ပါက -တူညီသော အချက်များ မှာ -

၁။ လက်ရှိ ၀ ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းပေါက် မိုင်းဖျန်ဒေသအား မိုင်းယန်းမြို့နယ်(နအဖ) လက်အောက်ခံ မထားဘဲ နယ်မြေအားလုံးစုစည်းပြီး ၀ လက်အောက်ခံ မိုင်းပေါက်မြို့နယ်အဖြစ်သတ်မှတ်ပေးရ မည်။

၂။ စစ်ဒေသမှူးအား ၀ ကနေရာယူမည်ဖြစ်ပြီး ဒု စစ်ဒေသမှူးအား နအဖ အရာရှိနေရာယူမည်ကို လက္ခံ မည် - ဟုဆို၏။

ကွာခြားချက်/လိုက်လျောချက်များမှာမူ -

၁။ တောင်ပိုင်း ၀ ဒေသရှိ ဟွေ့အော့ နယ်မြေအား မိုင်းတုံမြို့နယ်၊ မိုင်းယွန်းအား မိုင်းဆတ်မြို့နယ်အတွင်းဆက်လက် ထားရှိမည်ကို ၀ ဘက်မှ သဘောတူလက်ခံလိုက်ခြင်း၊

၂။ မြောက် ပိုင်းနှင့် တောင်ပိုင်း စစ်ဒေသ နှစ်ခုစလုံး စစ်ဦးစီးအရာရှိနေရာအား နအဖ တာဝန်ယူရမည်ဖြစ်ပြီး ဒု-စစ်ဦးစီးအရာရှိကိုမူ ၀ က ထမ်းဆောင်မည်။

၃။ မြောက်ပိုင်းနှင့် တောင်ပိုင်းစစ်ဒေသ နှစ်ခုစလုံးနယ်ခြားစောင့် တပ် တပ်ရင်းတိုင်းတွင် နအဖ အရာရှိ ၃၀ ပါဝင်ခွင့်မပြု ထားသော်လည်း ဒုတပ်ရင်းမှူး နှင့် ရုံးထိုင် ၅ ယောက် ပါဝင်ရန် သဘောတူလက်ခံထားသည်။

သီးခြားအတည်မြုပနိုင်သေးသည့်သတင်းရပ်ကွက် ၀ တင်ပြချက်များအားလုံး နအဖ နေပြည်တော် လက္ခံခြင်းမရှိအကြွင်းမဲ့ ပယ်ချပြီးဖြစ်သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုဆေ နအဖ လက်ခံမည် မခံမည် တရားဝင်အကြောင်းပြန်ခြင်းမရှိသေးသော်လည်း ဧပြီ ၁ ရက်နေ့ ၀ တပ်ဖွဲ့၊ မတ် ၂၈ ရက်နေ့ မိုင်းလားတပ်ဖွဲ့၊ ဧပြီ ၂ ရက်နေ့ သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်ဖွဲ့၊ ၄ ရက်နေ့ ကချင်လွတ်မြောက် ရေးတပ်မတော် KIA တို့ နှင့်တွေ့ဆုံစဉ် စရဖအရာရှိက ယခုလ ၂၂ ရက်နောက်ဆုံး နယ်ခြား စောင့်တပ်အသွင်ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ခြင်းမရှိက ဧပြီ ၂၈ ရက်နေ့ (နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးအစီအစဉ် စတင်ခြင်း တနှစ်ပြည့်) နောက်ပိုင်းတွင် တရားမ၀င်သည့်အသင်းအဖွဲ့ (၁၉၈၉ မတိုင်မီ နှစ်များကဲ့သို့ ဥပဒေပြင်ပ အဖွဲ့အစည်းများ) အဖြစ် ကြေငြာခြင်းခံရမည်ဟု နောက်ဆုံးအနေ ဖြင့် ခြိမ်းခြောက်ထားခဲ့ပါသည်။

သတင်းရင်းမြစ် သျှမ်းသံတော်ဆင့်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားစွဲဆိုချက် ဗဟိုတရားရုံး လက်မခံ..







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တရားစွဲဆိုခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့တဲ့အတွက် ဒါဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဲန်အယ်လ်ဒီက ဆိုပြီး တရားရုံးကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ ဒီလို ပယ်ချမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။



မတ်လ ၂၃ ရက်နေ့က အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုးပြီး ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေနဲ့ ၁၈၈၇ ခုနှစ် သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅)၊ (၅၄) တွေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရန်ကုန်တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့ပေမဲ့ တာဝန်ရှိသူတွေက အမှုကို လက်မခံတဲ့အတွက် ဒါဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။



"လက်မခံလို့ရှိရင် လက်မခံတဲ့အကြောင်းကို အကြောင်းပြရမယ်လေ။ အဲဒီအကြောင်းပြချက်မပါဘဲနဲ့ လက်မခံဘူးဆိုတာ မမှန်ကန်ဘူး။ ဘာကြောင့် လက်မခံဘူးဆိုတာ အကြောင်းပြချက် ပါရမယ်။ ဒီလို ပါးစပ်နဲ့ လက်မခံဘူးဆိုပြီး ပြန်ပေးလို့ မရဘူး။ သူတို့က အခု စာရွက်ကိုယူတယ်။



သက်ဆိုင်ရာ အကြီးအကဲတွေဆီ ပို့တယ်။ အပေါ်ကနေ လက်မခံတဲ့အပေါ် စာရွက်ကို ဒီအတိုင်း ပြန်ပေးလိုက်တာပေါ့။ ဆိုတော့ ကျနော်တို့က မေးတယ်။ ကောင်းပြီ၊ လက်မခံရင် လက်ခံတဲ့ရုံးကို ဘယ်လိုပြောပြီး သွားပေးရမလဲဆိုတော့လည်း ကျမတို့မှာ ကျနော်တို့မှာ ပြောခွင့်မရှိဘူးတဲ့။ ဆိုတော့ ကျနော်တို့ ဆက်ပြီးတော့ လုပ်စရာရှိတာကတော့ လက်မခံတဲ့အကြောင်း ပြရမယ်လေ။ ကျနော်တို့ပြောတာက high court ကို၊ တရားရုံးချုပ်ကို ပြောတာကိုး။ အဲတော့ အဲဒါ မပြဘူးဆိုရင် ဒါ မဟုတ်ဘူးပေါ့။ ဒါကို ကျနော်တို့က စောဒကတက်ပြီးတော့ ကန့်ကွက်တာပေါ့ဗျာ။ အရေးယူတာပါပဲ။"



ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဘာများ ထပ်ပြီးပြောတာမျိုးရှိပါသေးလဲ။ -


အခုလောလောဆယ်တော့ အချက်အလက်တွေတော့ ဥပဒေကြောင်းခြင်းရာအရ ဘယ်လို အချက်အလက်တွေ အရေးယူရင်ကောင်းမလဲ၊ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အရွေးခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒီအပေါ်မှာလည်း အသိအမှတ်ပြုခြင်း မရှိတဲ့အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ လုပ်နိုင်မလဲဆိုတာကို သင်္ကြန်ရက်အတောအတွင်းမှာ ကျနော်တို့ ညှိနှိုင်းပြီး လုပ်ကြမှာပဲလေ။"



အမှုကို လက်မခံတဲ့အတွက် အဲန်အယ်လ်ဒီအဖွဲ့ချုပ်က ကြာသပတေးနေ့မှာ မကျေနပ်ကြောင်း တရားသူကြီးချုပ်ဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။ အခုလို ဥပဒေပြဌာန်းချက်နဲ့ မညီဘဲ လုပ်ဆောင်နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်နေတာမို့ အနာဂတ် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအတွက် မကောင်းတဲ့ လက္ခဏာ ဖြစ်နေတယ်လို့ အာရှလူ့အခွင့်အရေး အဖွဲ့ (AHRC) က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။



"တရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ တရားမမှုတွေကို စတင်လက်ခံရတဲ့ တရားရုံးဝန်ထမ်းတွေ အနေနဲ့ ဒီအမှုက အမှုဖြစ်အကြောင်းအရာ ပေါ်ပေါက်ခြင်း ရှိမရှိ၊ ကာလအကန့်အသတ် ကျော်လွန်ခြင်း ရှိမရှိ၊ အမှုတန်ဖိုးနဲ့အညီ တံဆိပ်ခေါင်းအခွံ ကပ်ထားခြင်း ရှိမရှိ စတဲ့အချက်အလက်တွေကို စစ်ဆေးပြီးတော့ အမှုကို လက်ခံရမှာဖြစ်တယ်။ တကယ်လို့ ငြင်းပယ်မယ်ဆိုလို့ရှိရင်လည်း သက်ဆိုင်ရာ တရားစီရင်ရေးအဖွဲ့ကနေပြီးတော့ ဘာကြောင့် ငြင်းပယ်တယ် ဆိုတဲ့ သတ်မှတ်ချက်နဲ့ ငြင်းပယ်ရမှာဖြစ်တယ်။ လက်ခံရင်လည်း ဘာအချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ လက်ခံတယ်ဆိုတာကို အမှုတင်တဲ့ တရားလိုကို အသိပေး အကြောင်းကြားရမှာဖြစ်တယ်။



သို့သော်လည်း ယခု အဲန်အယ်လ်ဒီကနေပြီးတော့ တင်သွင်းတဲ့လျှောက်လွှာအပေါ်မှာ လက်ခံခြင်းမရှိဘဲနဲ့ စီရင်ပိုင်ခွင့် မရှိဘူး။ မရှိတဲ့အတွက် ပြန်ပေးလိုက်တဲ့ကိစ္စက ကျနော်တို့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ကျူးလွန်ဖောက်ဖျက်ရာ ရောက်တယ်။ တရားရုံးများ လက်စွဲပါ ပြဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အလွယ်တကူ စီမံဆုံးဖြတ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ ကျနော်တို့ အနာဂတ် မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် လွန်စွာမှပင် ရင်လေးစရာ ကောင်းတဲ့အချက်တွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ယနေ့ ထုတ်ဖော်ပြီးတော့ ပြောကြားရခြင်းဖြစ်ပါတယ်။"



ရွေးကောက်ပွဲ မကျင်းပမီမှာပဲ ဒီလို တရားရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ကြုံနေရတဲ့အပြင် အခု ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ ဥပဒေတွေထဲမှာလည်း တရားရေးမူအရ မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်ကိုသာ စစ်ဆေးစီမံခွင့် အပြည့်အ၀ ပေးထားတာမို့ ဒီကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။



"အခုကျင်းပမယ့်ရွေးကောက်ပွဲက တရားစီရင်ရေးစနစ်တွေ၊ တရားဥပဒေ ပြဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲနဲ့ စစ်ဆေးစီမံဆောင်ရွက်နိုင်တဲ့ ကော်မရှင်ရဲ့ လက်အောက်ကသာ နိုင်ငံရေးပါတီတွေအနေနဲ့ ဆက်လက်ပြီးတော့ သွားရမယ်ဆိုလို့ရှိရင် ဒါက မျှတတဲ့ ရွေးကောက်ပွဲမဖြစ်ဘူးဆိုတာကို ကျနော်တို့ အတိအလင်း ပြောနိုင်တယ်။



ဒီကော်မရှင်က ကန့်သတ်တဲ့နည်းဥပဒတွေအောက်မှာ နိုင်ငံရေးပါတီတွေက အသင်းအပင်းဖွဲ့စည်းတာတွေ၊ အသင်းဝင် လက်ခံတာတွေ လုပ်ရမယ်ဆိုတဲ့ကိစ္စကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အတိအလင်း ကျူးလွန်ဖောက်ဖျက်ရာ ရောက်တယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေ ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ ပါဝင်လုပ်ဆောင်နိုင်ခွင့်တွေ၊ ကော်မရှင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေကြောင့် အကန့်အသတ် အတားအဆီးတွေ အများကြီး ရှိနေတယ်ဆိုတာကို ကျနော်တို့အနေနဲ့ ပြောရခြင်းဖြစ်တယ်။"



အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။




သတင်းရင်းမြစ် VOA

နအဖစစ်အစိုးရက ပြည်သူပိုင်ပစ္စည်းမှန်သမျှ ထူးထရေးဒင်းကို လွှဲပြောင်းပေးနေပုံဆိုရင် ၂၀၁၀ရွေးကောက်ပွဲကြီးကိုလဲ ထူးထရေးဒင်းကိုလွှဲပြောင်းပေးတော့မယ်ထင်ပါရဲ့

မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားဥယျာဉ်အား ဆက်လက်လုပ်ပိုင်ခွင့်နှင့် ထိန်းသိမ်းရေးအတွက် ထူးထရေးဒင်း ကုမ္ပဏီသို့ မကြာမီ လွှဲပြောင်းပေးတော့မည်ဖြစ်သည်။

သစ်တောရေးရာ ဝန်ကြီးဌာနပိုင် ဥယာဉ်ကို နှစ်ရှည် ဝန်ဆောင်မှုနှင့် ထိန်းသိမ်းရန် လွှဲပြောင်းငှားရမ်းလိုက်သော်လည်း ဝန်ထမ်းများကိုမူ ဆက်လက်ခန့်သွားမည်ဟု သိရသည်။

'' ပုဂ္ဂလိကလုပ်ရင် ဒီတောကို ပြုပြင်ဖို့နဲ့ စနစ်တကျ ထိန်းသိမ်းဖို့ဆိုတာ ပိုပြီးလုပ်နိုင်တယ်။ ငှားရမ်းမယ့် နှစ်ရှည် အသေးစိတ် ကာလကိုတော့ မသိရသေးဘူး။ အပြန်အလှန် စာချုပ်ကိုတော့ ဧပြီလကုန်လောက်မှာ လုပ်မှာပါ '' ဟု လှော်ကားဥယျဉ်ရှိ အရာရှိတဦးက ပြောသည်။

''လာတဲ့သူတွေဆီက ရနိုင်မယ့် အခကြေးငွေတွေက ဆင်စီးနိုင်တာနဲ့ တခြားဖျော်ဖြေရေးတွေကတဆင့် ရနိုင်မယ်။ ပြီးတော့ အဲဒီတောမှာ ရုပ်ရှင်ရိုက်ကူးတာတွေကိုလည်း စီးပွားရေးလုပ်ငန်းသုံးအနေနဲ့ ကောက်ခံမှာ ဖြစ်တယ်'' ဟု သူက ဆက်ပြောသည်။

ဧကပေါင်း ၁၅ဝဝ ကျော် ကျယ်ဝန်းသော လှော်ကားဥယျာဉ်အား ၁၉၈ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ပြည်သူ့အပန်းဖြေဥယျာဉ်အဖြစ် သစ်တောရေးရာ ဝန်ကြီးဌာနက စီမံအုပ်ချုပ်လာခဲ့သည်။

ဥယာဉ်ဧရိယာအတွင်း ငှက်မျိုးစိတ်ပေါင်း ၂ဝဝ ကျော်ရှိလည်းရှိနေပြီး အရေးပါသော ရေဝေရေလဲ ဒေသတခုဖြစ်သည်။

ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဥယျာဉ်အတွင်း သစ်ပင်ပေါင်း ရာနှင့်ချီ၍ ကျိုးကြေသွားခဲ့သည်။

သတင်းရင်းမြစ်..(မဇ္ဈိမ)



နအဖ လက်ကိုင်တုတ် လျှပ်တစ်ပြက်ဂျာနယ်က ရွေးကောက်ပွဲ ဥပဒေကို ကြိုဆို

monaitar
နာမည်ကျော် လျှပ်တစ်ပြက် ဂျာနယ်က “၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ကြိုဆို သောအားဖြင့်” လအတန်ကြာ စီစဉ်နေသည့် သတင်းဂျာနယ်အသစ်တစောင်ကို မေလ ၁ ရက်နေ့တွင် စတင် ထုတ်ဝေတော့မည် ဖြစ်သည်။

ဂျာနယ်ကို စောင့်ကြည့်သူဟု အဓိပ္ပာယ်ရသည့် “MONITOR” ဟု အမည်ပေးထားသည်။ ထိုဂျာနယ်သစ် ထုတ်ဝေတော့မည့် အကြောင်းကို လျှပ်တစ်ပြက်ဂျာနယ်တွင် အပတ်စဉ် ကြေညာလျက် ရှိသည်။

လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမယ့် ဂျာနယ်တစ်စောင် လာမည် မကြာပြီ” ဟု ကြေငြာထားကြောင်း တွေ့ရသည်။


မတ်လ ၈ ရက်နေ့ရက်စွဲဖြင့် စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတခြင်း မရှိကြောင်း နိုင်ငံရေးသမား အများအပြားက ပြောနေချိန်တွင် ဂျာနယ် တစောင်က ရုတ်တရက် ထောက်ခံလိုက်ခြင်း ဖြစ်သည်။

တပတ် တကြိမ်ထုတ် လျှပ်တစ်ပြက်ဂျာနယ်ကို http://www.snapshot-news.com/ တွင် ဖတ်ရှုနိုင်သည်။



ရင်းမြစ် မိုးမခ

ကို စံဇာဏီဘို ၏ ၂၀၁၀ သင်္ကြန် ဟောကိန်း..





၂၀၁၀ သင်္ကြန်က ကဆုန်လမှာ ကျရောက်မယ့် သင်္ကြန် ဖြစ်ပါတယ်။ အဲဒီလို ကျတဲ့ သင်္ကြန် နှစ်တွေမှာ ထူးထူး ခြားခြား ဖြစ်ရပ် ဆန်းတွေ ရှိခဲ့တယ်။ လူတွေ မသိနိုင်တဲ့ ကာလတွေ ကတည်းက ရှိခဲ့သလို၊ ဒီဘက်ခေတ် လူတွေ မှတ်မိနိုင်လောက်တဲ့ ကာလတွေမှာလည်း ဖြစ်ခဲ့တယ်။ ၁၉၆၁ ခုနှစ် ဧပြီ ၁၄ ရက်နေ့က ကဆုန်လဆန်း ဖြစ်တဲ့အတွက် ကဆုန်လမှာ သင်္ကြန်ကျတယ်လို့ ဆိုရမယ်။ အဲဒီလိုနှစ်တွေကနေ စပြီး "တပေါင်းတန်ခူး အကြောင်းထူးမယ်" ဆိုတဲ့ စကားတရပ် ပေါ်ထွန်း ခဲ့ပါတယ်။ အဲဒီနှစ်နဲ့ မြန်မာနှစ် တနှစ်တည်းကျတဲ့ ၁၉၆၂ ခုနှစ် မတ်လမှာ မြန်မာပြည်ရဲ့ မူလ ပါလီမန်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရ တက်ခဲ့တယ်။ ၁၉၈၈ ဧပြီ ၁၆ ရက်နေ့ဟာလည်း ကဆုန်လဆန်း ဖြစ်ခဲ့တယ်။ အဲဒီနှစ်လည်း ထူးခြားမှုတွေ ရှိခဲ့တယ်။ ၁၉၉၀ ပြည့်နှစ် ဧပြီ ၁၃ ရက်နေ့ဟာလည်း ကဆုန်လဆန်း သင်္ကြန် ဖြစ်တဲ့အတွက် အဲဒီနှစ်မှာလည်း ထူးထူးခြားခြား အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီ ၁၆ ရက်နေ့ဟာလည်း ကဆုန်လဆန်းပါပဲ။

အဲဒီလို ကဆုန်သင်္ကြန်တွေနဲ့ တိုက်ဆိုင်ပြီး မြန်မာပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို တိုက်ဆိုင်ကြည့်ရင် သိမှာပါ။ သမိုင်းကြောင်းဖြစ်စဉ်နဲ့ အခုနှစ် ၂၀၁၀ ကဆုန်သင်္ကြန်ဖြစ်စဉ်တွေက နီးစပ်ဆင်တူနိုင်ပါတယ်။ အခုနှစ်သင်္ကြန်စာမှာ သိကြားမင်းက ကျွဲစီးပြီး ဆင်းလာမယ်၊ လက်တဘက်က ရေအိုးနဲ့ နောက်လက်တဘက်က ပန်းကိုင်ပြီး ဆင်းလာမယ်လို့ ဆိုပါတယ်။

သိကြားမင်း ဆင်းလာတာထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက သင်္ကြန်စာထဲမှာ ဗြဟ္မာဦးခေါင်းကို လက်ခံရမယ့် နတ်သမီးတပါးက ငိုနေတာပါ။ သူက ငိုကြွေးပြီးမှ ဗြဟ္မာဦးခေါင်းကို လက်ခံရတာဆိုတော့ တစုံတရာ အပြောင်းအလဲ ရှိလာခဲ့ရင် လက်ခံရမယ့်သူက ငိုကြွေးစရာ၊ စိတ်ရှုပ်စရာ ရှိမယ့်သဘောမျိုး ထပ်တူညီနိုင်တယ်။ အပြောင်းအလဲ တခုခုရှိမယ်ဆိုရင်လည်း အဲဒီ အပြောင်းအလဲက ငိုကြွေးခြင်းနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ၊ မျက်ရည်စက်တွေ စွန်းထင်းရတဲ့ အပြောင်းအလဲဖြစ်လိမ့်မယ်။

သိကြားမင်းရဲ့ လက်တဘက်မှာ ရေအိုးကိုင်ထားတယ်ဆိုတာကတော့ အဓိပ္ပာယ် နှစ်မျိုးရှိတယ်။ ရေများတာ၊ ရေကြီးတာနဲ့ မီးအန္တရာယ် သတိထားသင့်တယ်။ ကျန်တဲ့ လက်တဘက်တွင် ပန်းကိုင်ထားတာကတော့ ဒီနှစ် စီးပွားရေး ပြန်လည် နာလန်ထူနိုင်မယ်၊ ပိုကောင်းလာမယ်၊ အဆင်ပြေလာမယ်။ ကျွဲစီးလာတယ် ဆိုတာက ဆန်ရေစပါး အထွက်နှုန်း ကောင်းလာမယ့် အနေအထားကို ပြောချင်တာ။

သင်္ကြန်နဲ့ ပတ်သက်တဲ့ အယူအဆတွေထဲမှာ ဘယ်နေ့သားသမီးတွေ ဘယ်လိုဖြစ်မယ် ဆိုတာကတော့ သင်္ကြန်တိုင်းမှာ အတာစားတဲ့သူ တယောက်တည်းနဲ့ပဲ ဆိုင်တယ်။ အဲဒါက သင်္ကြန်အတက်နေ့နဲ့ ကိုယ့်မွေးနေ့ တိုက်ဆိုင်တဲ့ သူတွေပေါ့။ အဲဒီလို လူတွေကို အတာသင့်တယ်လို့လည်း ခေါ်တယ်။ ဒီနှစ် အတာစားမယ့် သူတွေကတော့ သောကြာနေ့ မွေးဖွားတဲ့ သူတွေတင်မကဘူး နာမည်မှာ သ၊ ဟ နဲ့ စသူတွေလည်း အကြုံးဝင်မယ်။

၂၀၁၀ သင်္ကြန်အတက်နေ့က သောကြာနေ့ကျတယ်။ သောကြာနေ့ မြန်မာစံတော်ချိန် နေ့ခင်း ၁ နာရီ ၃၂ မိနစ် ၅၂ စက္ကန့်မှာ သင်္ကြန်တက်မယ်။ အတာသင့်တဲ့ သူတွေ၊ သောကြာ နေ့နံ သားသမီးတွေက အတာတက်မယ့် အချိန်အတိအကျမှာ အတာစား ရမယ်။ အတာစားတယ် ဆိုတာကတော့ အတာတက်မယ့်အချိန်မှာ ကောင်းကောင်းမွန်မွန် ၀တ်စားဆင်ယင်၊ သန့်စင်စွာနေ၊ အဲဒီနာရီ၊ မိနစ် အချိန်တွေမှာ အရှေ့တောင်အရပ်ကို မျက်နှာမူပြီး ကျကျနန သမာဒေ၀ နတ်ကောင်း နတ်မြတ်တွေကို အခြံအရံထားပြီး ဗုဒ္ဓမြတ်စွာဘုရားကို လှူဖွယ် ၀တ္ထုတွေ ဆပ်ကပ် ပူဇော်ခြင်းပြုတာကို အတာစားတယ်လို့ ခေါ်တယ်။

အဲဒီလို အတာစားတဲ့အတွက် သောကြာနေ့မွေးဖွားသူတွေ၊ သ၊ ဟ အက္ခရာနဲ့ နာမည် စသူတွေဟာ တောင်းတဲ့ဆု၊ ဖြစ်ချင်တဲ့ အရာတွေ အားလုံး တနှစ်လုံးကောင်းစွာ ဖြစ်လာမယ်။ သောကြာ သားသမီးတွေ အနေနဲ့ အဲဒီလို ကောင်းမှုကုသိုလ် မပြုသူတွေ ကတော့ အန္တရာယ်မျိုးစုံနဲ့ ကံဆိုးခြင်းတွေ ကြုံရမယ်။

ကုသိုလ်ကောင်းမှုကိုယူပြီး လိုချင်တဲ့ ဆန္ဒပြုမလား၊ ကုသိုလ်ကောင်းမှုမလုပ်ဘဲ သူများတွေ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အကြောင်းအရာတွေ၊ အခက်အခဲတွေ ဖြစ်အောင် လုပ်မလားဆိုတဲ့ ယူပိုင်ခွင့် နှစ်ခုကိုတော့ တခြားလူမဟုတ်ဘူး သောကြာနေ့ မွေးတဲ့သူတွေ စဉ်းစားပိုင်ခွင့် ရှိတယ်။

ဧရာဝတီ

ဘိုကလေးမြို့နယ် မှ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် တွဲဘက်အတွင်းရေးမှူး တို့ပြန်လည်လွတ်မြောက်လာခဲ့ခြင်း.

ဘိုကလေးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်
အား သရက်ထောင်မှ လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ ဘိုကလေးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စည်းရုံးရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဒေါ် မိမိစိန်အား အင်းစိန်ထောင်မှ လွှတ်ပေးလိုက်ခြင်း
ဖြစ်သည်။ ယနေ့တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၃ဝဝ ကျော်ခန့်လောက် လွတ်ပေးရာ
နိုင်ငံရေးအကျဉ်းသား ဒေါ် မိမိစိန် တစ်ဦးသာ ပါဝင်သည်။

ဒေါ် မိ မိ စိန် ကိုတော့ ယနေ့ မနက်က လွှတ်ပေးလိုက်တယ်။ လွတ်ရက်စေ့ပြီလို့ ပြန်လွှတ်ပေးလိုက်တာပါ.။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်နှင့် တွဲဘက်အတွင်းရေးမှူး ဒေါ် မိမိစိန် အား အကျဉ်းထောင်များမှ ယနေ့ နံနက်တွင် ပြန်လွတ်ပေးလိုက်သည်ဟု အဖွဲ့ချုပ်လူငယ် တစ်ဦးက ပြောပြပါသည်.။

ယနေ့တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၃၀၀)ခန့် လောက် လွတ်ပေးလိုက်ပေမယ့် နိုင်ငံရေး
အကျဉ်းသားများ ဖြစ်ကြသော ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်နိုင်ငံရေး အကျဉ်းသားများနှင့်
တိုင်းရင်းသား ခေါင်ဆောင်များမှ တယောက်မှ မပါဝင်ခဲ့ဘဲ ဒေါ် မိမိစိန် တဦးတည်းသာ လွတ်မြောက်ခဲ့
တယ်လို့ သတင်း ရရှိပါသည်.။


မြတ်လေးငုံ

09 April 2010

သန်လျင်ဆေးရုံ ရင်ခွဲတိုက်ရှိ လူသေအလောင်းများ ပျက်စီးမှု ယခုရက်ပိုင်းသန်လျင်တွင် ဖြစ်ပွားနေ....

သန်လျင်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်ရှိ ရုပ်အလောင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုယ်လက်အင်္ဂါများ ပျက်စီးသည့် အနေအထားမျိုး ထူးခြားဖြစ်စဉ်တခု ဖြစ်ပွားနေသည်ဟု ပြည်တွင်းမှလာသည့် သတင်းတခုအရ သိရသည်။



ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက သန်လျင်သို့ ဆက်သွယ်မေးမြန်းရာတွင် တကယ်ဖြစ်ပျက်သည်မှာ မှန်ကန် ကြောင်း ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။



အဆိုပါသတင်းအရ လက်ရှိအချိန်တွင် အလောင်း ၁၈လောင်းခန့်မှာ လက်များ၊ ပေါင်များတွင် ကုတ်ဖဲ့စားသောက်ထားသည့် အနေအထားမျိုးဖြင့် ပျက်စီးနေသည်ကို တွေ့ရသည့်အတွက် တာဝန်ရှိသူများက အထူးစောင့်ကြပ်နေသော်လည်း ဆက်လက် ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။



ယခုလ ၄ရက်နေ့ညတွင်လည်း အလောင်းနှစ်လောင်းကို ထားရှိရာ တလောင်းမှာ နားရွက်တဖက် ပျက်စီးနေပြီး ကျန်တစ် လောင်းမှာ ပေါင်သားများ ပျက်စီးနေသဖြင့် ထိုသို့ ပျက်စီးသွားသော ရုပ်အလောင်းအချို့၏ ပိုင်ရှင်များက ဆေးရုံအုပ်ချုပ်သူ များကို တရားစွဲဆိုထားသည်။



ထိုအဖြစ်အပျက်ကြောင့် ဧပြီလ ၅ရက်နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိသူများက သန်လျင်ဆေးရုံကြီးသို့ ရောက်ရှိ လာပြီး ၎င်းအမှုကို အမြန်ဖော်ထုတ်ပေးရန် မြို့နယ်တာဝန်ခံများကို ဆူပူကြိမ်းမောင်းခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။ ထိုနေ့ည၌ မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင် အထူးဂရုစိုက် စောင့်ကြပ်နေသော်လည်း အလားတူ အဖြစ်အပျက် ထပ်မံကြုံတွေ့ရ သည့်အတွက် လူများအကြား ထိတ်လန့်ဖွယ်ရာတခုဖြစ်နေကြောင်း မြို့ခံများက ပြောသည်။



ထိုကဲ့သို့ ဖြစ်ပျက်မှုမျိုးသည် ယခင်ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင် ကလေးဆေးရုံများတွင်လည်း မြေ ကြွက်ကြီးများ သောင်းကျန်းမှုကြောင့် မကြာခဏ ဖြစ်လေ့ရှိသည်ဟု ထူးခြားမှုမရှိဟု အချို့မြို့ခံများက ပြောသည်။




ကရင်သတင်းစဉ်

.......................................................................................




အောက်ပါသတင်းမှအဆက်..



စီစီတီဗီ နှင့် စောင့်ကြည့်စစ်ဆေးချက် အရ တရားခံမှာ အဘွားအို တစ်ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်
ထို အဖွားအိုသည် ယင်းဆေးရုံမှ ဝန်ထမ်း ဖြစ်ကာ ယခင် လင်မယားနှစ်ယောက် အတူတူ လုပ်ကိုင်
နေကြပြီး ယောင်္ကျား သေဆုံးသွားသော အခါ စားဝတ်နေရေးကြပ်တည်းသောကြောင့် ယခုကဲ့သို့
လတ်ဆတ်သော လူသေများကိုသာ ဓါးနှင့် လှီးဖြတ်ကာ စားသုံးနေသည်ဟု သိရှိရပါသည်။



ရောဂါနှင့် သေသော လူသေများကို မစားသောက်ပဲ..လတ်လတ်ဆတ်ဆတ်သေသော လူသေများကိုသာ
ရွေးချယ် လှီးဖြတ်စားသောက်ပါသည်.။


ယခုပေါ်ပေါက် လာရခြင်းမှာ ဓါးထိုးခံသေသွားရသော လူငယ်တစ်ယောက်ကို အသားကိုလှီးဖြတ် ထားပြီး..နောက်နေ့လူသေအလောင်းပြင်ဆင်သောအခါ..သေသေချာချာ...ဓါးဖြင့်လှီးဖြတ်ထားသည်ကိုတွေ့ရှိရာမှ အလောင်းရှင်မှ တရားစွဲဆို ခြင်းကြောင့် အမှုပေါ်လာရခြင်းဖြစ်ပါသည်။



ထိုအပြင် အဖွားအိုကို ဖမ်းဆီးလိုက်ပြီးချိန်တွင် ကုလားမတစ်ဦးလိုဝိဥာဉ် တစ်ခု ဝင်ရောက်ပူးဝင်ပြီး
ထိုကိစ္စ သည်..ထို ဝိဥာဉ်မှ အဖွားအိုကို ဝင်ရောက် ပူးဝင်ပြီး စားသောက်နေရပါသည်ဟု..ဘုန်းကြီး
တပါးရှေ့မှာ ဝန်ခံဖြောင့်ချက်ပေးပါသည်.။



သို့ပါသော်လည်း....ဥပဒေ တွင် မည်သို့မျှ လက်ခံနိုင်စရာ အကြောင်းမရှိသောကြောင့် အဖွားအို
အား ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားပါသည်.။



မေလ်းသို့ ပေးပို့ လာသော သတင်းအား ပြန်လည်မျှဝေပေးလိုက်ပါသည်.။


ဖောက်ထွက်တွေးခြင်း ဒဿနပုံပြင်




ဖောက်ထွက်တွေးခြင်း ဒဿနပုံပြင်

ကျနော်အခုတလော အများဆုံးကြားကြားနေရတဲ့ စကားလုံးကတော့ “ ဖောက်ထွက်တွေးခြင်း ” ဆိုတဲ့ စကား လုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘဘဦးဝင်းတင်ကလဲ အခက်အခဲတွေကိုဖြေရှင်းဖို့ ထွက်ပေါက်ကိုသာ မစဉ်း စားဘဲ ဖောက်ထွက်ဖို့တိုက်တွန်းခဲ့တာကို သတိရပါတယ်။ အခုလည်း ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်ကြီးတို့ ရဲ့ မတော်မတရား ဖိညှပ်ထောင်ချောက်ဆင် အကြပ်ကိုင်မှုကြောင့် “ ဖောက်ထွက်စဉ်းစားနည်း ” ကိုသာ အသုံး ချရတော့မည့်အခြေအနေ၊ အကျပ်အတည်းကိုကြုံနေရပါသည်။ အပြောလွယ်သလောက် အလုပ်ခက်သည့် အ ကျပ်အတည်းပါ။ ဒါပေမယ့် တွေးခေါ်၊ မြော်မြင်၊ ဆင်ခြင်တတ်တဲ့ ခေါင်းဆောင်ကောင်းကတော့ ဒီအကျပ်အ တည်းကို ဖြေရှင်းနိုင်ပါလိမ့်မည်။



ဒီအကျပ်အတည်းအခြေအနေကိုဖြေရှင်းနိုင်မယ့် နမူနာပုံပြင်တစ်ခုကို စာရေးဆရာကိုတာရဲ့ ဖြန့်ထွက်တွေးခြင်း (Lateral Thinking) စာအုပ်မှ မှတ်မိသမျှတင်ပြလိုက်ရပါသည်။ လိုအပ်သလို ဆင်ခြင်သုံးသပ်ပြီး မြန်မာတမျိုး သားလုံးနှင့်ပတ်သတ်တဲ့အရေးအတွက် အားဖြည့်ကူညီကြပါ။ ၀ိုင်းဝန်းကြပါ။ ညီညီညွတ်ညွတ်အဖြေရှာပေးကြ ပါ။



တခါက မိန်းမလှလေးနှင့်ငွေချေးသူရဟူဒီအဘိုးကြီးတစ်ယောက်အကြောင်းဖြစ်သည်။ မိန်းမလှလေး၏အဖေမှာ ကုန်သည်တစ်ယောက်ဖြစ်သည်။ အဘိုးကြီးဆီမှငွေချေးပြီးကုန်ကူးရာငွေရှုံးပြီး ချေးငွေမဆပ်နိုင်။ ရဟူဒီလူကြီး က မိန်းမလှလေးကို အကြွေးနှင့်သိမ်းချင်၍ ဥာဏ်ဆင်ပုံမှာ ကျောက်ခဲအဖြူအမည်း ရွေးချယ်ရမည်။



(၁) ကျောက်ခဲအဖြူရွေးနိုင်လျှင် အကြွေးလျှော်မည်။ ကောင်မလေးကိုဘာမှမလုပ်။



(၂) အမည်းရွေးမိလျှင် အကြွေးတော့လျှော်မည်။ ကောင်မလေးကတော့ သူ့ကိုယူရမည်။



(၃) ဘယ်ဟာမှမရွေးပဲခေါင်းမာလျှင်မူ ဖအေကြီးကို တရားစွဲထောင်ချမည်။



ကောင်မလေးက ကျောက်ခဲရွေးပွဲလုပ်ရန်သဘောတူလိုက်သည်။ ကျောက်ခဲရွေးပွဲနေရာမှာလည်း ရဟူဒီလူကြီး ၏ ဥယျာဉ်အတွင်း ကျောက်စရစ်ခင်းထားသော လမ်းပေါ်မှာဖြစ်သည်။ ရဟူဒီလူကြီးက အိတ်တစ်လုံးယူ၍ လူအလစ်မှာ ကျောက်ခဲအနက်နှစ်လုံးကို အိတ်ထဲသို့ထည့်လိုက်ပြီး “ ကဲ … ရွေးပေတော့ ” ဟု မိန်းမပျိုကို ပြော သည်။ ကောင်မလေးဘာလုပ်မလဲ။ စဉ်းစားကြပါ။ သမာရိုးကျတွေးရိုးတွေးစဉ်အတိုင်းဆိုလျှင်တော့ ကောင်မ လေးလွတ်လမ်းမရှိ။




ကောင်မလေးဆီမှာ ရွေးချယ်စရာ လမ်း (၃) သွယ်ရှိသည်။



(၁) ကျောက်ခဲမရွေးဟုငြင်းသည်။



(၂) ကောင်မလေးက ရဟူဒီလူကြီးမတရားပုံကို ဖော်ထုတ်မည်။



(၃) ကျောက်ခဲအမည်းကို သိလျှက်ရွေးလိုက်ပြီး ဖအေကြီးကို ကယ်တင်မည်။



တကယ်တော့ ဘယ်လမ်းဖြစ်ဖြစ်မကောင်းပါ။ ကောင်မလေးအတွက် တကယ့်အကျပ်အတည်းပါ။



သာမန်အတွေးက ရွေးချယ်ခြင်းအပေါ်မှာ စဉ်းစားသည်။ ကောင်မလေးက ရွေးသောကျောက်ခဲအပေါ်မစဉ်းစား။ တခြားဖောက်ထွက်နည်းကိုသုံးသည်။ ကောင်မလေးက အိတ်ထဲမှကျောက်ခဲကိုယူလိုက်ပြီး ခြေချော်လှဲချလိုက် ၍ လမ်းပေါ်မှအခြားကျောက်ခဲများထဲသို့ရော၍ အသာပစ်ချလိုက်သည်။ ရဟူဒီကြီးက အံ့အားသင့်၍ လက်ထဲမှ ကျောက်ခဲကိုမေးသောအခါ “ လက်ထဲကျောက်ခဲတော့မရှိတော့ဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ အိတ်ထဲက ကျန် ခဲ့တဲ့ကျောက်ခဲကိုကြည့်ပေါ့။ အိတ်ထဲကကျောက်ခဲက အနက်ရောင်ဆိုရင် ကျမရွေးတာ အဖြူပေါ့ ” လို့ဖြေ လိုက်တယ်။ မိန်းကလေးကတော့ လက်ထဲက ကျောက်ခဲကို ဗဟိုမပြုဘဲ ကျန်ရစ်မည့်ကျောက်ခဲကို ဦးတည်၍ တွေးသောကြောင့် အဘိုးကြီးလက်မှ လွတ်ရသည်။



“ အကျပ်အတည်းကိုဖောက်ထွက်စဉ်းစားကြပါစို့ ….. ”



There is no dilemma compared with that of the deep-sea diver who



hears the message from the ship above,



Come up at once. We are sinking.



Robert Cooper



"ဖြောင့်ဖြောင့်သွားတဲ့သူတွေ လမ်းကွေ့မှာသတိထားပါ။"



ကျောင်းသားတစ်ဦး



၉.ဧပြီလ.၂၀၁၀



ပေးပို့ ပေးသော မောင်လေး အလင်းဆက် အားကျေးဇူးတင်ပါသည်.။

The Voice 6 - 23

The_Voice_6-23

မှောင်ခိုကုန်သွယ်မှုကို တိုက်ဖျက်သွားရေးအတွက် နအဖက ကြွေးကြော်နေသော်လည်းသိန်းပေါင်းများစွာတန်ဖိုးရှိမှောင်ခိုပစ္စည်းများ စစ်ကားတန်းများတွင် ဖမ်းမိ..

ပြီးခဲ့သည့် မတ်လအတွင်း တရုတ်ပြည်ဘက်မှ တင်သွင်းလာသည့် စစ်ကားများပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံလုပ် ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိသဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် တပ်ထိန်းအဖွဲ့က သိမ်းဆည်းခဲ့သည်။



တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ လားရှိုးမြို့သို့ မောင်းယူလာသည့် စစ်ထရပ်ကား (၁ဝဝ) ခန့်အား လားရှိုးမြို့အဝင် အေးရှားဝေါလ်တိုးဂိတ်၌ တပ်ထိန်းအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့ရာ သိန်း (၂ဝ,ဝဝဝ) ကျော် တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် လားရှိုးဒေသခံက ပြောသည်။



၎င်းက “အဲဒီကားတွေကို ဗိုလ်မှူးတယောက်က တာဝန်ခံပြီး သယ်ယူနေတာ။ အခုသယ်တဲ့ကားက ကားအစီး (၄ဝဝ) ရှိတယ်။ ကားသမား အားလုံးကလည်း ထောက်ပို့တပ်ကတွေချည်းပဲ။ အသုတ်လိုက်ခွဲပြီး မူဆယ်ကနေ သယ်နေတာ။ ကားတွေ သယ်ရင်းနဲ့ ကုန်သည်တွေဆီက ကယ်ရီပစ္စည်း လက်ခံခဲ့တာ။ အဲဒီလို ဖမ်းမိတော့ ကားတွေတော့ ဆက်ပြီး ထွက်သွားရတယ်။ ကုန်ပစ္စည်းတွေအားလုံး လားရှိုးမှာ ချထားခဲ့ရတယ်။ တာဝန်ရှိသူတွေကို အရေးယူဖို့ ရှိတယ်လို့တော့ ပြောတယ်” ဟု ရှင်းပြသည်။



အဆိုပါ စစ်ကားပေါ်မှ သိမ်းဆည်းရရှိသည့် ကုန်ပစ္စည်းများတွင် တရုတ်လုပ် လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း စသည့်ပစ္စည်းမျိုးစုံပါဝင်ပြီး ကယ်ရီခယူကာ သယ်လာသဖြင့် ကုန်သည်များက အပ်နှံခဲ့ကြကြောင်း တရုတ်-မြန်မာနယ်စပ် ကုန်သည်တဦးက ပြောသည်။



၎င်းက “အဲဒီကားတွေကို တရုတ်ပြည်၊ ကျယ်ဂေါင်ကနေ ယူလာပြီး မူဆယ်လေယာဉ်ကွင်းမှာ ခဏထားတာ။ အဲဒီတုန်းက စစ်သားတွေ ပစ္စည်းလိုက်ရှာတာ ခြေချင်းလိမ်နေတာပဲ။ ကယ်ရီခက ပုံမှန် (၁) သိန်းကျမယ့်ဟာ (၂) သောင်း၊ (၃) သောင်း လောက်နဲ့ သယ်ပေးနေတာဆိုတော့ ကုန်သည်တွေလည်း တွက်ခြေကိုက်တယ်ဆိုပြီး အပ်ကြတယ်။ ကျနော်ကတော့ သူတို့နဲ့ မပတ်သက်ချင်တာနဲ့ မလုပ်လိုက်ဘူး။ ဒီက ကုန်သည် တော်တော်များများရဲ့ ပစ္စည်းတွေ ပါနိုင်တယ်။ အဲလိုကိစ္စကျတော့ လူသိခံလို့မဖြစ်တော့ ကိုယ်မပါသလို နေကြတယ်” ဟု ပြောသည်။



တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအား ပုံမှန်ကုန်သွယ်ရေးဖြစ်စေရန် ဆောင်ရွက်နေချိန်တွင် လာဘ်ပေး၊ လာဘ်ယူမှုအား နှိမ်နင်းပြီး မှောင်ခိုကုန်သွယ်မှုကို တိုက်ဖျက်သွားရေးအတွက် နအဖက ကြွေးကြော်နေသော်လည်း မှောင်ခိုကုန်သွယ်မှုမှာ ယနေ့အချိန်အထိ ဆက်လက်ရှိနေဆဲဖြစ်သည်။




သတင်းရင်းမြစ်..ခေတ်ပြိုင်

ဗဟိုတရားရုံးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကန့်ကွက်စာပို့

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တရားစွဲသည်ကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့သည်မှာ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုတရားရုံးသို့ ယနေ့ စာပို့လိုက်သည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။


ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များ၏ ယခင်လ ၂၂ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ ဦးအောင်ရွှေ၏ လက်မှတ်ဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ၂၃ ရက်နေ့ တွင် ရန်ကုန်တရားရုံးချုပ်တွင် တရားစွဲဆိုသည်ကို တရားမဌာနမှ တာဝန်ရှိသူက “စီရင်ပိုင်ခွင့်” မရှိဟု ဆိုကာ အမှုတွဲကို လက်မခံပဲ ပြန်ပေးခဲ့ခြင်း ဖြစ်သည်။



၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၅ (က) (ဇ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅၊ ၅၄ အရ တရားစွဲဆိုခဲ့သည်ကို ယင်းသို့ ပယ်ချလိုက်သည်မှာ ဥပဒေပြဌာန်းချက် နှင့် မညီညွတ်ကြောင်း တရားသူကြီးချုပ်ထံသို့ ယနေ့ စာပို့လိုက်ခြင်း ဖြစ်သည်။


“အရင်တရားစွဲတော့ တရားရုံးက လက်မခံဘူးလေ။ အဲဒီလိုလက်မခံတာက ဥပဒေပြဌာန်းချက်နဲ့ မညီ ဘူး ဆိုပြီးတော့ တရားသူကြီးချုပ်ကို စာပို့တာပါ။ စာတိုက်နဲ့ ပို့တာပါ” ဟု အန်အယ်ဒီ ဗဟိုအလုပ် အမှု ဆောင် ရှေ့နေဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။


“အဲဒီလို လက်မခံဘဲနဲ့ ပယ်ခွင့်မရှိဘူး။ ငြင်းတယ်ဆိုရင်လည်း ဘာကြောင့် ငြင်းတယ်ဆိုတာ စာနဲ့ မှတ် တမ်းရှိရမယ်။ အဲဒါမရှိဘဲနဲ့ ငြင်းတာဟာ ဥပဒေနဲ့ မညီဘူး အဲဒါကို တင်ပြတာပါ” ဟုလည်း သူက ဆို သည်။


စစ်အစိုးရ ခေါင်းဆောင်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တရားစွဲသည်ကို လက်မခံဘဲ ပယ်ချလိုက်ခြင်းသည် မှန်ကန်မှု မရှိကြောင်းနှင့် ဥပဒေအကြောင်းအရ ဆက်လက်အရေးယူဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ဆုံစဉ် သူမက သဘောထားပေးလိုက်ကြောင်း ဦးဥာဏ်ဝင်းထံမှ သိရသည်။


ယခင်လက ထုတ်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် မြန်မာ့ နိုင်ငံရေးတွင် နိုင်ငံရေးပါတီတခုတွင် သာမန် ပါတီဝင်တဦး အဖြစ်နှင့်ပင် ပါဝင်ခွင့် ရမည်မဟုတ် ကြောင်း လေ့လာသိရသည်။


သတင်းရင်းမြစ်.. (မဇ္ဈိ)

08 April 2010

မြန်မာ့ဇာတ်ပွဲများတွင် ဇာတ်မင်းသားများအား အမျိုးသမီးတချို့၏ ပိုက်ဆံဆုချကာ ဖက်နမ်းခြင်းများ မှာအမြင်မတော်စရာဖြစ်..





မြန်မာ့ဇာတ်သဘင်များနှင့်စတိတ်ရှိုးများတွင်အမျိုးသမီးပရိသတ်အချို့သည့်ဇာတ်မင်းသားများ၊ အမျိုးသားအဆိုတော်များးအားပန်းကုံးများချီးမြှင့်ခြင်း၊ပိုက်ဆံများဆုချခြင်း၊တို့ကိုရမည်ပြုကာ ဇာတ်မင်းသားများနှင့်အမျိုးသားအဆိုတော်များအားဖက်ရမ်းနမ်းရှိုက်သည့်အစဉ်အလာတရပ်
ထွန်းကာနေပေရာ အမြင်မတင့်လှခြင်းကြောင့်မြန်မာအမျိုးသမီးတချို့၏လွှဲမှားသောလုပ်ရပ်
တွေကို နအဖ စစ်အစိုးရ လက်ထက် တွင် ထင်ထင် ပေါ်ပေါ် တွေ့မြင်ခဲ့ရပါသည်..။


မြန်မာ့အတာသင်္ကြန် တွင်အဝတ်အစားများကို မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီစွာ ဝတ်စားဆင်
ယင်ရမည်ဟု အမိန့်များ ထုတ်ထားခဲ့ပြီး ယခုလို မြန်မာ့ဇာတ်သဘင်များနှင့်စတိတ်ရှိုးများတွင်
ဖြစ်လေ့ရှိသည့် အစဉ်အလာ တရပ်ကို
ကျတော့ ပြုပြင်မည်ဟု မစဉ်းစားခဲ့ကြပေ.။ ဤသို့ လုပ်ရပ်
များကိုကြေနပ်ပီတိ ပွားနေကြသည့် နအဖ စစ်အစိုးရ အနေဖြင့် မြန်မာအမျိုးသမီးများအား ယခုလို
လုပ်ရပ်တွေကို တရားဝင် ခွင့်ပြု တာမျိုးကို မလုပ်သင့်ပါဘူး
ဆိုတာကို စစ်အစိုးရ အနေနှင့် နားမ
လည်တာလား.၊ မသိတာလား၊ တကယ်ကို မသိချင် ယောင်ဆောင် နေတာလား ဆိုတာ ကိုတော့
စစ်ဗိုလ်ချုပ်ကြီးတွေသာလျှင် သိနိုင်ပါလိမ့်မည်.။


နအဖ စစ်အစိုးရ လက်ထက်တွင် အသက်မပြည့်သေးသော မြန်မာအမျိုးသမီးငယ်လေးများ မှာ
ပြည့်တန်ဆာဘဝသို့ ရောက်ခြင်းမလှရောက်ခဲ့ရခြင်း၊ မြန်မာအမျိုးသမီး များကိုလူကုန်ကူးမှုများ
ပြုလုပ်ခံရခြင်း၊ မြန်မာအမျိုးသမီးများအားအတုမြင်အတပ်သင်ဆိုသလိုမျိုးကိုတမင်ဖန်တီးမှုများ
ပြုလုပ်ပေးခြင်း၊အနှိပ်ခန်းများ၊ကာလာအိုကေခန်းများ၊နှိုက်ကလပ်များကိုလည်းတရားဝင်ပြုလုပ်
ထားခြင်းများကိုနအဖစစ်အစိုးရ အာဏာရူးများကိုယ်တိုင် ပြုလုပ်ခဲ့ပါသည်။

မြန်မာမိန်းကလေးများကို သေချာပြုစုစောင့်ရှောက်ကာ ဈေးကောင်းကောင်းဖြင့်တရုတ်နိုင်ငံသို့
ရောင်းဝယ်မှုများအားနအဖစစ်အာဏာရူးများသာပြုလုပ်ခဲ့ခြင်းဖြစ်သည်.။နအဖစစ်အစိုးရများ၏
လက်ကိုင်တုတ်များအား အခွင့်ထူးခံများပေးပြီး ပြုလုပ်ခိုင်းခြင်း၊နအဖစစ်အစိုးရလက်ထက်တွင်
မုထိမ်းမှု များကိုလဲစစ်အစိုးရကိုယ်တိုင်ကျူးလွန်ခဲ့ပါသည်.။.။ယခုလို မျိုးတွေကို အာဏာရှင်လက်
ထက်တွင်ထင်ရှားပေါ်လွင်စွာကြားရ၊မြင်ရ၊သိရခြင်းများမှာတိုင်းပြည်ကိုစေတနာအမှန်နဲ့အုပ်ချုပ်
နေခဲ့ပါသည်၊မြန်မာနိုင်ငံတော်ကြီးအားခေတ်မှီဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ပေးနေပါသည့်ဟုပြောခဲ့
ကြသောအာဏာရူးများ၏လုပ်ရပ်တွေသာဖြစ်ပါသည်။

မပေါ်တပေါ်များကိုမော်ဒန်မြန်မာမိန်းကလေးများအားဝတ်ခိုင်းပြီဖက်ရှင်ပြပွဲများ၊အရက်ကြေငြာများ၊
ကားကြေငြာများအားပြုလုပ်ခိုင်းခြင်း ၊ပြက္ခဒိန်များတွင်ဖော်ပြခိုင်းခြင်း၊ငွေဆောင်ကမ်းခြေတွင်လည်း
ပထမဆုံး အကြိမ် ရေကူးဝတ်စုံ ဖြင့်မယ်ပြိုင်ပွဲများပြုလုပ်ပေးခဲ့ခြင်းဟာလည်းအာဏာရူးတွေသာပြု
လုပ်ခဲ့ခြင်းဖြစ်ပါသည်.။အာဏာရူးစစ်အစိုးရ သည် သူတို့၏အာဏာကိုသာ တည်မြဲရေးကိုသိပြီး
ပြည်သူများအားမည်သို့ပင် ဖြစ်လင့်ကစားစိတ်မဝင်စားခဲ့ပါဘူး၊မြန်မာနိုင်ငံ ကြီးကတော့ အာဏာရူး
များလက်ထက်တွင်တော်တော်လေးကို ရင်လေးစရာ ကြီးပါဘဲလို့ မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ တင်ပြလိုက်ပါသည်.။



မြတ်လေးငုံ

ရန်ကုန်မြို့ပေါ်မှ အန္တရာယ်ရှိ အဆောက်အအုံဟောင်းများ မျက်ခုံးလှုပ်လာကြ






ရန်ကုန်မြို့ရှိ ကိုလိုနီလက်ကျန် အဆောက်အဦးဟောင်းများကို သက်ရာဆိုင်ရာက အန္တရာယ်ရှိ အဆောက် အအုံများ အဖြစ် သတ်မှတ် ကြေငြာခဲ့ခြင်းကြောင့်လက်ကျန် အဆောက်အဦးဟောင်း များတွင် နေထိုင် စားသောက် လုပ်ကိုင်နေကြသူများမှာ မျက်ခုံးလှုပ်နေကြ ကြောင်းသိရိရသည်.။(ဖော်ပြပုံမှာအန္တရာယ်ရှိ ဆောက်အဦးအဖြစ် သတ်မှတ်ခြင်း ခံရသော ရန်ကုန်အနော်ရထာလမ်းမ(ဖရေဇာ)ပေါ်မှ ဈေးကွက်ဝင် ရှေးဟောင်းအဆောက်အဦးပုံဖြစ်သည်.)။


မြတ်လေးငုံ .

သင်္ကြန် ရေကစားသူများ ဝတ်စားဆင်ယင်မှု စည်းကမ်းသတ်မှတ် ဗီဒီယိုရုပ်သံ

ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း သတင်းစာ ရှင်းလင်းခြင်း








ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်)ရုံးတွင် အဖွဲ့ချုပ်၏ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဥာဏ်ဝင်းက
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်.။

ဦးဥာဏ်ဝင်းက...အချက် (၃)ချက်ကို ပြောသွားပါတယ်။



(၁) ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဖွဲ့ချုပ်အနေကမှတ်ပုံမတင်ရေးကိစ္စကိုတညီတညွှတ်
ထဲ ဆုံးဖြတ်နိုင်တာ သူမ၀မ်းသာကြောင်း။


(၂) ။ အဖွဲ့ချုပ်ထုတ်ပြန်သော ပြည်သူသို့ပန်ကြားချက်ကိုထောက်ခံကြောင်း.။


(၃) .။အိမ်ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦး တင်သောအချက်တွေကို ပယ်ချလိုက်တဲ့အတွက်
သူမ ဆက်လုပ်စရာရှိတာတွေ ရှိတာရယ်၊အဖွဲ့ချုပ်အနေနဲ့ ရှေ့ဆက်လုပ်ရမှာနဲ့ ပတ်သက်ပြီးမေးတော့ ဦးဥာဏ်ဝင်းက အခုချိန်မှာမပြောနိုင်သေးကြောင်
း၊ဆက်လုပ်စရာတွေအများကြီးရှိတဲ့အကြောင်းပြော
သွားတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့
ပတ်သက
်ပြီးတော့ ကျွန်တော်ရှေ့နေတစ်ယောက်အနေနဲ့ မြင်တာကတော့ ကျန်းမာရေးကောင်းကြောင်း၊ ဆရာဝန်တယောက် အနေနဲ့တော့ မသိကြောင်းပြောသွားသည့်ဟုသတင်းရရှိပါသည်.။


မြတ်လေးငုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပြည်တွင်းအတိုက်အခံအင်အားစုများ၏လှုပ်ရှားမှုများ

PDC Monthly News Commentary - April 2010

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများမဟာမိတ်အဖွဲ့ (UNA) သဘောထား ကြေညာချက်

IMG_0001

Open Letter to ASEAN Summit_ABMA+88+ABFSU_Eng

Open Letter to ASEAN Summit_ABMA+88+ABFSU_Eng

ABMA+88+ABFSU အဖွဲ့တို့မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ မေတ္တာရပ်ခံချက်.။

Open Letter to Ban Ki-Moon_ABMA+88+ABFSU_Bur

တို့ တိုင်းပြည်




"သင်သေသွားသော်"

ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

(ဇော်ဂျီ )

၁၉၃၅ ခုနှစ် ဒီဇင်ဘာလ အိုးဝေမဂ္ဂဇင်း



"တို့တိုင်းပြည်"

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြို
ကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။


(ဇော်ဂျီ )

07 April 2010

ABMA Volume 1 No 5 ဂျာနယ်

ABMA Journal Volume 1 No 5

မနေ့က မြန်မာ့ အလင်းသတင်းစာ ပါ သတင်းတစ်ခု အား ယခုလိုပြန်လည်ရေးသားခဲ့ခြင်း.။






သတင်းအမှန်မှာ



(NLD)ဋ္ဌာနချုပ်သို့ မတ်လအတွင်း အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က (၃၁)ကြိမ် လာရောက်၍ သံအမတ်ခန့်အပ်လွှာပေးအပ်


တရားဝင် ပြည်သူ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုသည် ရန်ကုန်ရှိ အမေရိကန်သံရုံး၊ ဗြိတိန်သံရုံးတို့နှင့် ဆက်သွယ်၍ မစ္စတာအိုဘားမားနှင့် မစတ္တာဂေါ်ဒွင်ဘရောင်းတို့အား ကမ္ဘာငြိမ်းချမ်းရေးအတွက် ညွန်ကြားချက်များ ပေးအပ်ခဲ့ပါသည်။ ပြည်သူတွေ၏ ထောက်ခံမှုကို အပြည့်အဝရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆက်သွယ်ဆောင်ရွက်ချက်တိုင်းအား ပြည်သူလူထုမှ သောင်းသောင်းဖျဖျ အားပေးလျှက်ရှိပြီး..အဖွဲ့ချုပ်ရုံးရှေ့မှ မပြတ်ကြည့်ရှု သတင်းယူနေသည့် လက်ကိုင်တုတ်များအား ရပ်ကွက်နာသည်ဟု ဝေဖန်လျှက်ရှိသည်။


တွေဆုံ


နောင်တက်မည့် အစိုးရဖြစ်မည့် အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(
NLD)ဋ္ဌာနချုပ်သို့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က ၂၀၁၀ခုနှစ် မတ်လအတွင်း (၃၁)ကြိမ်ဝင်ထွက်မှုရှိခဲ့သည်။ အဆိုပါသံရုံးများသည် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် ခေါင်းဆောင်များအား တွေ့ဆုံပြီး စာအိတ်ကြီး၊စာအိတ်ငယ်များဖြင့် ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာနှင့် အတူ နိုင်ငံတကာမှ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်..)


သတင်း ပေမမှီ ဒေါက်မမှီကျော်ဆန်း(ယခင်နအဖ လိမ်စဉ်ပြန်ကြားရေးဝန်ကြီးဟောင်း) တည်းဖြတ် မြတ်ခိုင် (လျှက်တပြက် နအဖပြုတ်ခြင်းဂျာနယ်)



ပေးပို့လာသူ ကြပ်ပြေးဘိုးဘိုးကြီး... အားကျေးဇူးတင်ပါသည်...

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ဘို့ ဒီနှစ် အတာသင်္ကြန် မှာ ဒီလိုဝတ်ကြပါစို့တဲ့..




လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုထောက်ခံတဲ့ အနေနဲ့ ယခုနှစ် မြန်မာပြည်သင်္ကြန်မှာအဝါ ရောင်တွေ များများ ဝတ်ကြဘို့အဝါရောင် သင်္ကေတ တွေဝတ်ဆင်ကြမယ်လို့သိရပါသည်.။ စစ်အစိုးကို ဆန့်ကျင်မှုတရပ်ပြုလုပ်သွားကြမယ်လို့ လဲသိရပါသည်.။

မြန်မာပြည်သူတရပ်လုံး အားတိုက်တွန်းနိုးဆော်လိုက်ပါသည်.။

06 April 2010

ယနေ့ နေ့စွဲ ဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ သို့ ပန်ကြားချက်

NLDst060410
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းခြင်း.....

NLDst060410-2

လူ့ငချာ ဗိုလ်ရူးတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ




လူ့ငချာ ဗိုလ်ရူးတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ


ပြည်မြန်မာ ကောင်းစားရေး
ဇောင်းပေးလို့ အတွေးကျယ်
ခေါင်းမွေးပဲ ဆွေးတယ်
လမ်းစ ဘယ်မတွေ့
စနစ်ပျက် ခေတ်ပျက်ပုံနှယ်
စစ်မက်ဇုံ ဖြစ်ရသလေ့။

၈၈ အရေးတော်ပုံ
ကြွေးကျော်ဟုန် မြန်တပြေ့
ဘေးချော်ပုံ ကံဓလေ့ရယ်က
လူထုဘက် မရပ်တည်
စစ်တပ်လက် အာဏာလှူ
ပါဝါသူ နှင်းအပ်ခဲ့ပြီ။

လာပြန်ငဲ့ ခုတစ်ခါ
လူ့ငချာ ဗိုလ်ရူးတို့
ရာထူးအတွက် တွေးကြောက်ဆဲတွင်
ရွေးကောက်ပွဲထွင်
ဘေးရောက်ဆဲ ဒီအာဏာကို
မဲလိမ်ကာ ယူဦးမှာဗျာ့လေး။


ကိုမင်းထက်

ယခင် ထုတ်ပေးထားသော မြန်မာနိုင်ငံကူး လက်မှတ်များ ၂၀၁၃ အထိသာ တရားဝင်နိုင်ဟုအာဏာပိုင်များပြောကြား




နိုင်ငံကူး လက်မှတ် စနစ် သစ်ကြောင့် ယခင် ထုတ်လုပ် ပေးခဲ့သည့် နိုင်ငံကူး လက်မှတ် များကို ၂၀၁၃ ခုနှစ် အထိ သာ တရားဝင် ကိုင်ဆောင်ခွင့် ရရှိ တော့မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးမှ သိရသည်။ ယခင် လူမှ မျက်လုံးဖြင့် ဖတ်ရသည့် နိုင်ငံကူး လက်မှတ် စာအုပ် စနစ် မှ MRP ဟုခေါ်သည့် စက်ဖြင့် ဖတ်ရှု စစ်ဆေးခြင်း စနစ်သို့ ပြောင်းလဲ လိုက်ခြင်း အတွက် ယခင် ထုတ်ပေး ခဲ့သည့် မြန်မာနိုင်ငံကူး လက်မှတ်များ အပေါ် ယခုကဲ့သို့ သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ “နိုင်ငံကူး လက်မှတ်ေ လျှာက်ထား သူရဲ့ ကိုယ်ရေး ရာဇ၀င်ကို စက်က စစ်ဆေးမယ်။ ပုံမှန် စာအုပ် တွေကိုတော့ ၂၀၁၃ အထိ ကိုင်ထားလို့ ရတယ်” ဟု မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခင် နိုင်ငံကူး လက်မှတ် အတွက် ငွေကျပ် ၈၀၀၀ ပေးသွင်း ရသော်လည်း ယခု MPR စနစ်တွင် စာအုပ် အတွက် ငွေကျပ် ၂၀၀၀၀ ပေးသွင်း ရမည် ဖြစ်သည်။ သင်္ဘောသား နိုင်ငံကူး လက်မှတ်များ အတွက်လည်း ယခင် ပေးသွင်း ငွေမှ ယခု သတ်မှတ်ကြေးကို မကြာမီ ပြောင်းလဲ ကောက်ခံ တော့မည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားသည်။

ကြိုတင်ပြင်ဆင်မှုအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီမံခန့်ခွဲရေး ကော်မတီဖွဲ့






အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် နောက်ပိုင်းအခြေအနေ ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်သွားဖို့ စီမံခန့်ခွဲမှု အဖွဲ့တရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ဟာ ပါတီရဲ့ ကျန်ရှိနေသေးတဲ့ အဆောက်အဦးတွေ ကိစ္စ၊ ငွေကြေးကိစ္စ၊ စာရွက်စာတမ်း ကိစ္စတွေကို ရှင်းလင်း တာဝန်ယူသွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။



ဒီနေ့ အန်ကယ်တို့ အစည်းအဝေးက ပါတီ ဖျက်သိမ်းနိုင်ရေး ကော်မတီတရပ် ဖွဲ့တယ်လို့ ကြားလို့ပါ။



“ဒီလိုပါ ဖျက်သိမ်းတာတင် မဟုတ်ပါဘူး။ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့တာပါ။ အဲဒီအဖွဲ့ သဘောကတော့ ကျနော်တို့က မှတ်ပုံတင်ခြင်း ဆက်လုပ်မယ့် ပါတီမဟုတ်တော့ သူတို့ထုတ်လိုက်တဲ့ အမိန့်အရ အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည် ဖြစ်သွားနိုင်အောင် ဆိုပြီးတော့ စနစ်တကျလေး ဖြစ်ဖို့ပါ။ အဲဒါကို အကြောင်းပြုပြီး ကျနော်ပဲ ဥက္ကဋ္ဌလုပ်ပြီး ဆိုင်ရာဆိုင်ရာ ဌာနလေးတွေရဲ့ ကိုယ်စားလှယ်တွေ ထည့်ဖွဲ့ပြီး အဖွဲ့ဖွဲ့တာပါ။



“အဲဒီအဖွဲ့က စတင်ပြီး ဆောင်ရွက်စရာရှိတဲ့ ကိစ္စအရပ်ရပ်၊ ဆိုပါတော့ အဆောက်အဦးနဲ့ ပတ်သက်တဲ့ ကိစ္စ၊ အဆောက်အဦး အတွင်းမှာရှိတဲ့ ပရိဘောဂတွေနဲ့ ပတ်သက်တဲ့ ကိစ္စ၊ စာရွက်စာတမ်းတွေ ကိစ္စ၊ ငွေရေး ကြေးရေး ဘာညာ စသဖြင့်ပေါ့ဗျာ၊ အဖွဲ့လေးတွေဖွဲ့ပြီး ဒါလေးတွေကို အကုန်လုံး စည်းစနစ်ကျကျ၊ မှန်မှန်ကန်ကန်၊ သပ်သပ်ယပ်ယပ် ဖြစ်သွားရအောင်ဆိုပြီး ဒါကို ကြိုတင်ပြင်ဆင်ပြီး စီမံထားတဲ့ အဖွဲ့လေးတခု ဖွဲ့ပြီးတော့ ဆောင်ရွက်တဲ့ကိစ္စပါ။”



အကယ်၍များ ပါတီကို တခုခု အတင်းအကျပ် သူတို့လုပ်လာရင် အန်ကယ်တို့ဘက်က။



“ကျနော်တို့က အတင်းအကျပ်တို့၊ အကြမ်းဖက်တာတို့ ဒါတွေ ကျနော်တို့က လုံးဝ ခေါင်းထဲထည့်တာ မဟုတ်ဘူးလေ။ ကျနော်တို့က ဒီဟာနဲ့ ပတ်သက်လို့ လုပ်စရာရှိတဲ့ ကိစ္စရပ်တွေကို အေးအေးချမ်းချမ်း လုပ်မှာ ဖြစ်တဲ့အတွက် အခုလို အနေအထားနဲ့ လုပ်လို့မရရင် ဘယ်လိုအနေအထားနဲ့ လုပ်မလဲ ဆိုတာကို အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်ပြီး ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ဟာနဲ့ ရည်စူးပြီး၊ ပြင်ဆင်ပြီး လုပ်တဲ့ သဘောပါပဲ။ အဲတော့ သိမ်းဆည်းစရာရှိတာ သိမ်းဆည်းပေါ့။ အခုလို အိမ်ကြီးတွေနဲ့ အလံတော်ကြီးတွေနဲ့ အခမ်းအနားကြီးတွေနဲ့တော့ ဖြစ်ချင်မှ ဖြစ်တော့မှာပေါ့ဗျာ။”



အန်ကယ်တို့မှာ CEC ဗဟိုအလုပ်အမှုဆောင် တရပ် ရှိထားပြီးသားဆိုတော့ စီမံခန့်ခွဲရေးက အဲဒါနဲ့ သဘောသဘာဝ မတူဘူးလားခင်ဗျ။



“မတူပါဘူး။ ဟိုစီမံခန့်ခွဲရေးဆိုတာ နေ့တိုင်း လုပ်တာကိုင်တာတွေနဲ့ ပတ်သက်တဲ့ အပိုင်းမှာ ကျနော်တို့က မှတ်ပုံမတင်တော့ဘူး၊ ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတော့ ရှေ့သွားမယ့် ကိစ္စအရပ်ရပ်၊ တွေ့ရမယ့် ကိစ္စတွေကိုလည်း ဘယ်လို ဆောင်ရွက်သွားနိုင်မလဲဆိုတာ ရည်စူးပြီးတော့ ကျနော်တို့ မူလရှိနေတဲ့ အတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက်ဘဲ ရှိနေတဲ့ သဘောထား အတိုင်းပဲ ဆောင်ရွက်သွားနိုင်ဖို့ အတွက်ကို၊ ပြည်သူလူထုကို ကျနော်တို့က ဘယ်တော့မှ ကျောမခိုင်းဘူး၊ ဒီလို ရည်ရွယ်ချက်ကိုလည်း ရသည်အထိ လုံးပန်း ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတာကို ရောက်နိုင်အောင်ဆိုတဲ့ အနေနဲ့ သဘောထားပြီး လုပ်တဲ့ကိစ္စပါပဲ။”

အဲတော့ နောက်ပိုင်း အဖွဲ့ချုပ်ရဲ့ တာဝန်တွေ တော်တော်များများ လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲရေးအဖွဲ့ အနေနဲ့ ဆက်လုပ်သွားမယ့် သဘောလား။

“အခုလောလောဆယ်မှာ စီမံခန့်ခွဲရေး အတိုင်းအတာ အနေနဲ့ကတော့ လက်ရှိ တွေ့ရမယ့် အချိန်အတိုင်းအတာမှာ လုပ်ရမယ့် ကိစ္စတွေကို လုပ်လိုက်ပြီးတော့ နောက်ပိုင်း ဆက်ပြီး ပေါ်လာမယ့် ကိစ္စတွေကိုလည်း ဆောင်ရွက်သွားနိုင်အောင် ရည်စူးပြီးတော့ သွားမယ်ဆိုတဲ့ သဘောတော့ ရှိမှာပေါ့ဗျာ။”

အန်ကယ်တို့ အခု မေလ ၇ ရက်နေ့ကျရင်တော့ သတ်မှတ်ရက် ပြည့်ပြီပေါ့။ သတ်မှတ်ရက် ပြည့်သွားရင် အန်ကယ်တို့ အလံတွေ ချိတ်ထားတာတွေ၊ ဆိုင်းဘုတ်တွေ၊ ဒါတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုသဘောထား ရှိလဲခင်ဗျ။



“အဆောက်အဦးတို့၊ ဆိုင်းဘုတ်တို့ဆိုတာ ဒါတွေကတော့ ကျနော်တို့ ထောင်ပြီး လုပ်နေလည်း သူတို့က ဒါကို လက်ခံမှာမှ မဟုတ်ဘဲ။ အဲတော့ လက်ခံမှာမဟုတ်တဲ့ ကိစ္စတခုကို ကျနော်တို့က ဒါကို ဘာမှ ရုန်းရင်းဆန်ခတ် လုပ်နေစရာ အကြောင်းမရှိဘူး။ အဖွဲ့ချုပ်ဟာ တချိန်မှာ ငွားငွားစွင့်စွင့်၊ ထက်ထက်မြက်မြက်နဲ့ ထင်ထင်ရှားရှား ပြန်ပေါ်လာမယ် ဆိုတဲ့ဟာကို ရည်မှန်းပြီးတော့ အခုကတည်းက လုပ်စရာရှိတာလေးတွေ လုပ်သွားမယ်ဆိုတဲ့ သဘောပါ။”



အန်ကယ်ပြောသလို အတင်းအကျပ် လုပ်လာနိုင်တယ်ဆိုတာ အန်ကယ်တို့ အနေနဲ့တော့ ဆိုင်းဘုတ်တွေ ဘာတွေကို ချထားမယ်ဆိုတဲ့ သဘောလား။



“ဒီဟာက ကျနော်တို့ ညှိနှိုင်းပြီးတော့ လုပ်ရမယ့် ကိစ္စပဲလေ။ အဲဒီလို ဖြစ်ချင်လည်း ဖြစ်မယ်။ အေးအေးချမ်းချမ်းနဲ့ ကြိုတင်ပြီး လုပ်ဆောင်ထားတဲ့ ကိစ္စတွေလည်း ဖြစ်ချင်ဖြစ်မယ်။ အဓိက အချက်ကတော့ ကျနော်တို့က အေးအေးချမ်းချမ်းနဲ့ ပြေပြေလည်လည် ဖြစ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတဲ့ သဘောပါပဲ။”



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။


ဒီအဖွဲ့ကို အဖွဲ့ချုပ် လုပ်ငန်းအဖွဲ့ အသီးသီးက တာဝန်ရှိသူ ၁၇ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ မဆိုင်ဘူးလို့လည်း ဦးတင်ဦးက ပြောဆိုသွားပါတယ်။



တချိန်တည်းမှာပဲ ပြည်သူသို့ ပန်ကြားချက်တစောင်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ချက် ထုတ်ပါတယ်။ ၁၉၉၀ ခုနှစ် ရလဒ်အရ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းတာတွေ၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်အောင် ကြိုးပမ်းခဲ့တာတွေကို လူထုကို ပြန်လည်အသိပေး ဖော်ပြတာ ဖြစ်တယ်လို့ သိရပါတယ်။



သတင်းရင်းမြစ်..VOA

ငါတို့ အမေကို ငါတို့ကို ပြန်ပေးပါ...




ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ



သူ ရဲ့နုပျိုမူ ကိုယ်ပိုင်လွတ်လပ်မူ တွေကို တိုင်းပြည်ကို ပေးခဲ့တယ်.
ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ



ပြည်သူရဲ့ရှေ့မှာ မားမား ရပ်ပြခဲ့တယ် သူ ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး..
ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ



တိုင်းပြည်တခွင် ခရီးစဉ်တိုင်းမှာလဲသူ့ကိုချ စ်တဲ့ ပြည်သူတွေနဲ့ အမြဲတမ်း တသားတည်းဖြစ်နေခဲ့တယ် ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ


သူ့ရဲ့ ရဲရဲတောက် မိန့်ခွန်းတွေမှာ အားငယ်စရာ တွန့်ဆုတ်စရာ တွေဝေစရာ ဘယ်တော့မှ မပါဘူး
ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ



သူ တိုင်းရင်းသား ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေကို မြတ်နိုးတယ် ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ


အချုပ်အနှောင်ကင်းကင်းနဲ့ ငြိမ်းချမ်းစွာနဲ့ သူချစ်တဲ့ပြည်သူ ပါတီဝင်တွေ မိသားစုနဲ့ ပြန်ဆုံစေချင်တယ် ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ


်မတရား အချူပ်အနှောင်ခံနေရတဲ့ ရဟန်းရှင်လူ ပြည်သူချစ်တဲ့ ငါတို့အမေကို ငါတို့အမေကို ငါတို့ကို ပြန်ပေးပါ ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ ငါတို့အမေကို ငါတို့ကိုပြန်ပေးပါ




စစ်အာဏာရှင် လက်အောက်ကနေ သက်စွန့်ဆံဖျား လူပ်ရှားနေကြရသော မြန်မာပြည်တွင်းမှ ဒီမိုကရေစီရေး လူပ်ရှားသူတွေရဲ့ ပြရုပ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံး လွတ်မြောက်ပါစေ.။

ညီမလေးဆုမွန် တင်ပြထားချင်းကို ပြန်လည်မျှဝေပေးပါသည်.။

နအဖအစိုးရလက်ထက်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာလို့ဘဲ စစ်တွေတွင် ရေရှားပါး၍ မြို့နေ လူထုအခက်ကြုံ






ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သောက်သုံးရေ ရှားပါးမှုကြောင့် မြို့လူထုအနေဖြင့် အခက်အခဲ ကြုံတွေ့နေရ ကြောင်း သတင်း ရရှိသည်။ ဘောက်သီးစုရပ်ကွက်မှ အိမ်ရှင်မှတဦးက စစ်တွေတွင် ရေရှားပါးနေကြောင်းကို ယခုကဲ့သို့ ပြောသည်။ “စစ်တွေမှာ အခု တအား ပူတယ်။ ရေကလည်း မလာဘူး။ အခု ကန်တော်ကြီးက ပေးတဲ့ရေက လည်း လုံးဝ မလာ သလောက်ပါပဲ။ ၃ ရက်မှ တခါ လာတယ်။



ဒါပေမယ့် နည်းနည်းဘဲ လာတယ်။ ရေကတော်တော့ကို အခက်ရှိပါတယ်။ အခု အပြင်က ဝယ်သုံးနေရတော့ ပိုက်ဆံ အကုန်အကျလည်း များနေရပါတယ်။”
စစ်တွေမြို့တွင် အာဏာပိုင်များမှ ရေပေးဝေမှုကို ပိုက်လိုင်းစနစ်ဖြင့် စစ်တွေ ကန်တော်ကြီးမှတဆင့် ပေးဝေခြင်း ဖြစ်သော်လည်း နှစ်ရက် တကြိမ် သုံးရက် တကြိမ်သာ ပေးဝေ နေသဖြင့် ယခုကဲ့သို့ စစ်တွေ လူထု အခက်ကြုံနေရခြင်း ဖြစ်သည်။ “ရေပေးတာက ရက်သတ်မှတ်ထားတာလည်း မရှိဘူး။ လာချင်တဲ့ အချိန်လာတယ်။ မလာချင်ရင် မလာဘူး။



ဒါပေမယ့် ရေခ လစဉ် ကြေးကိုတော့ ပုံမှန် သူတို့ လာကောက်ပါတယ်။ ရေတင်စက် တတ်ထားတဲ့ အိမ်ကဆိုရင် တလမှာ ၂၀၀၀ ကျပ်ပေး ရပြီးတော့ ရိုးရိုးအိမ်တွေဆိုရင် တလကို ၁၀၀၀ ပေးရပါတယ်။” ဟု သူမက ဆက်ပြောသည်။
ယခုကဲ့သို့ ရေရှားပါးမှုကြောင့် အပြင်မှ ရေဝယ်ယူသုံးစွဲနေရသဖြင့် တနေ့လျှင် ရေဖိုး အနည်းဆုံး ကျပ်ငွေ ၆၀၀ အထိ ကုန်ကျကြောင်း ရူပမြောက်ရပ်ကွက်မှ လူကြီးတဦးကပြောသည်။




“ရေရှားတာက စစ်တွေ တမြို့လုံး နီးပါး ပါပဲ။ ရေတွင်းတို့၊ အဝီစိတွင်း ရေစက်တို့ ရှိတဲ့ နေရာတွေမှာက နည်းနည်း သက်သာတယ်။ ရေမလာတော့ အပြင်က ရေဝယ်ယူ သုံးရတာက ငွေအကုန်ကျ များနေတယ်။ တနေ့ကို အနည်း ၆၀၀ နဲ့ ၇၀၀ ကျပ်ခန့် ကုန်တယ်။”
ရခိုင်ပြည်နယ်မှာ မိုးရာသီတွင် တနေ့ မိုးရေချိန်လက်မ ၁၂၀ ကျော်ထိ ရွာသွန်းသော်လည်း နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် သောက်သုံးရေ ရရှိမူကို စနစ်တကျ စီစဉ်မူ မရှိသဖြင့် နှစ်စဉ် နွေရာသီ ရောက်တိုင်း စစ်တွေမြို့တွင် သာမက နယ်မြို့များနှင့် ကျေးလက်တောရွာများတွင် ရေရှားပါးသည်ဟု သိရသည်။


နအဖ စစ်အစိုးရ အနေဖြင့် ရခိုင်လူထု အဓိက အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ရေနှင့် လျှပ်စစ်မီး ရရှိအောင် စီစဉ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် နအဖ စစ်အစိုးရမှ သူ့အစိုးရ လက်ထက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ဟု ပြောဆိုနေမူ အပေါ် ရခိုင်ပြည်သူများက မေးခွန်းများ ထုတ်နေကြသည်ဟု သိရသည်။ ရေရှားပါးနေသော အဓိက ရပ်ကွက်များမှာ ရွှေပြား၊ ဘောက်သီးစု၊ ဆင်ကူးလမ်း၊ အုန်းတပင်၊ ပါဒလိပ်ချိတ်၊ ကျောင်းတက်လမ်းနှင့် လမ်းမတော် စသည့် ရပ်ကွက်များ ဖြစ်ပြီး အသစ် တည်ဆောက်ထားသော ဆင်ခြေဖုံး ရပ်ကွက်များတွင် အခြေအနေမှာ ပိုမို ဆိုးရွားနေသည်ဟု သိရသည်။


သတင်းရင်းမြစ် ..နိရဉ္စရာ

05 April 2010

ကဗျာဆရာ ကိုစောဝေကို ထောင်ထဲပို့သူ မြတ်ခိုင်က ကဗျာရေးသူ စာပေစိစစ်ရေးညွှန်မှူးးကို အမှုပွေစေပြန်။

(ဖေဖေါ်ဝါရီ ၁၄) ကဗျာရေးသူ ကဗျာဆရာ ကိုစောဝေအား ထောင်ထဲသို့ တွန်းပို့ပြီး၊ ကိုယ်တိုင်ကမူ ကိုယ်လွတ်ရုန်းခဲ့သော အချစ်ဂျာနယ် အယ်ဒီတာချုပ်ဟောင်း မြတ်ခိုင် က၊ ကဗျာရေးသူတို့အား ထောင်ကျစေသော နအဖ လက်ထက်ဥပဒေကို ကိုင်စွဲကာ ကဗျာဆရာများကို တစ်ယောက်ပြီး တစ်ယောက် ထောင်ထဲသို့ပို့ရန် အကြံကြီး ကြံစည်လျှက် ရှိနေပါသည်။












































































၎င်း အယ်ဒီတာချုပ် မြတ်ခိုင် ထုတ်လုပ်နေသော လျှပ်တစ်ပြက်ဂျာနယ် ၄င်း အယ်ဒီတာချုပ် မြတ်ခိုင် ထုတ်လုပ်နေသော လျှပ်တစ်ပြက်ဂျာနယ် ၂၀၁၀၊ဧပြီလ(၁)ရက်နေ့ထုတ်တွင် ပါရှိသော ကဗျာဆရာ မောင်ရဲ၏ “ထိုတစ်ရက်” အမည်ရ ကဗျာကို ဖတ်အပြီး၊ ကဗျာဆရာများနှင့် နီးစပ်သော အသိုင်းအ၀ိုင်းများက ဖွင့်ဟပြောဆို လာကြသည်။“ထိုတစ်ရက်”အမည်ရ ကဗျာမှာ(…..ကဗျာစာထည့်) ဟူ၍ ဖြစ်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဌ ဦးသောင်းအား ရည်ရွယ်၍ ရေးသားထားကြောင်း သိသာသလို၊ အာဏာထိုင်ခုံမက်သော သူတွေကိုလည်း သရော်ထားသည့် ကဗျာဖြစ်၍ ဖတ်သူတိုင်း ပြုံးကြရသည်။

သို့သော် ကဗျာရေးသူမှာတော့ ပြုံးနိုင်မည် မဟုတ်ဟုလည်း စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ သုံးသပ်ကြပြီး၊ အဆိုပါ ကဗျာကို ရေးသားသူမှာ (စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဆွေ ဖြစ်ကြောင်းကိုလည်း ၄င်း ဂျာနယ်ထဲမှာပင် အရိပ်အမြွက် ရေးသားဖော်ကောင် လုပ်ထားသောကြောင့်ဟု ဆိုကြသည်။

စာပေအယ်ဒီတာကျင့်ဝတ်ကို မလိုက်နာသလို၊ စာနယ်ဇင်း တစ်လောကလုံး၏ မျက်နှာကို အိုးမဲသုတ်နေသော၊ နအဖ အစိုးရ၏ အောက်စွဲလုပ်နေသော ထို အယ်ဒီတာချုပ် မြတ်ခိုင် အား၊ (စာပေ ကင်ပေတိုင်ဗိုလ်မှုး တင့်ဆွေ တဖြစ်လဲ ကဗျာဆရာ မောင်ရဲ) က မည်သို့ ပြန်လည် စီရင်လေမည်လဲ ဆိုသည်ကို စောင့်ကြည့် ကြရပေတော့မည်။

ပေးပို့သော စာနယ်ဇင်းဝိုင်းတော်သားများအား အထူးကျေးဇူးတင်ရှိပါသည်။

(ပေးပို့ လာသော ဘားမား ပါပါရာဇီအား ကျေးဇူးတင်ရှိပါသည်)။



ကဗျာဆရာ ကိုစောဝေ၏ ကဗျာလေးကိုပြန်လည်ဖော်ပြပေးထားပါသည်.။






(ကိုစောဝေ ၏ ဓာတ်ပုံ)


ကဗျာဆရာကိုစောဝေဟာ ၂၀၀၈ခုနှစ် က ဇန်နဝါရီလက အချစ်ဂျာနယ်မှာ ချစ်သူများနေ့အထိမ်းအမှတ် ဖေဖော်ဝါရီ ၁၄ကဗျာဖြင့် " အာဏာရှုးကြီးမှုးကြီးသန်းရွှေ "စာသားကို ရေးသားမှုဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခြင်းခံခဲ့ရပြီး၊ကဗျာဆရာကိုစောဝေရဲ့ ကဗျာကို ထည့်သွင်းခွင့်ပြုတဲ့ အချစ်ဂျာနယ်အယ်ဒီတာချုပ် စစ်အစိုးရ အလိုတော်ရိ မီဒီယာကို မီဒီယာဖြင့်တိုက်မယ်ဆိုတဲ့ ဗိုလ်ကျော်ဆန်းရဲ့တပည့် မြတ်ခိုင်ဖြစ်ပြီး၊ ထုတ်ဝေသူကတော့ ဂျပန်ပြန် သာကူး မောင်ပန်းမွှေးဖြစ်ပါတယ်။ ထိုစဉ်ကကိုစောဝေရဲ့ ကဗျာကို မြတ်ခိုင်မှ တာဝန်ယူသည်ဆိုပြီး အချစ်ဂျာနယ်တွင် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ တာဝန်ခံမြတ်ခိုင်နှင့် မောင်ပန်းမွှေးတို့မှာမူ အရေးယူခံရခြင်းမရှိခဲ့ပါ။

ကဗျာဆရာ ကိုစောဝေသည် လွတ်ရက်စေ့နေသော်လည်းယနေ့ထိ စစ်ခွေးများရဲ့ ငရဲ စခန်းထဲမှာ နေနေရဆဲသာဖြစ်ပါသည်.။

နအဖ ရဲ့ လက်ကိုင်တုတ် တွေ ကိုကျော်သူရဲ့ Facebook Website ကိုလုပ်ကြံလိုက်ခြင်း

ကိုကျော်သူ Facebook Website လုပ်ကြံခံရခြင်း





လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုကျော်သူအား သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးများ ပါရှိနေသည့် Facebook Website ရှိ KyawthuFans တွင် Post များ၊ Comments များ ရေးသားမရခြင်းနှင့် သတင်းဆောင်းပါးအသစ်များ မပါရှိတော့သည့်အတွက် မေးမြန်း ကြည့်ရာတွင် ကိုကျော်သူမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ko k t

(ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်သတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်သတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook Website ကုမ္မဏီကို လုပ်ကြံဇာတ်ခင်းပြီး ပိတ်ခိုင်းလိုက်တာ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Gmail (ဂျီမေး)ကိုလည်း ပိတ်မယ် .. ဘာညာနဲ့ Warning (သတိ) ပေးပြီး အကြောင်းကြား စာပို့ခံရတယ်။



ဘာတွေလည်းဗျာ .. အေးအေးဆေးဆေး အခမဲ့ မသာချပေးနေတဲ့ သူကို လာတိုက်ခိုက်တာ။ အခမဲ့ မသာချပေးနေတဲ့ သူကို မနာလိုတွေဖြစ်နေတာ။ ရှင်းရှင်းပြောရရင် ကျွန်တော် အလုပ်ကြံခံရတာပဲ။ ကျွန်တော်ကတော့ အေးဆေးပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ပိုင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ၀ဋ်လည်လိမ့်မယ်လို့ပဲ ပြောလိုက်ပါမယ်။ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်နော့ . . . . ။



ကျွန်တော် နောက်ထပ်ပြီးတော့တင်ဖို့ ဆောင်းပါးလေးတွေ ရေးထားတာ ရှိတယ်။ ယခု ကျွန်တော်ရဲ့ kyawthufans အပိတ်ခံထားရတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သတင်း၊ ဆောင်းပါးတွေတင်ဖို့ ရေးထားတာတွေလည်း တင်လို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော် “ မျိုးဆက်သစ် Hip Hop လူမှုရေး သူရဲကောင်းများ” ဆိုတဲ့ ဆောင်းပါးလေး တင်ဖို့ ရှိပါတယ်။ တင်လို့ပြန်ရခဲ့ရင်တော့ Fans ပရိတ်သတ်များ အသစ်ထပ်ပြီး ဖတ်ရှုအားပေးလို့ ရမှာပါ…) ဟု ဖြေကြားသွားပါသည်။