11 March 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက် အမှတ် ၅/၀၃/၁၁

ကိုသန်းထွေးအား ကျေးဇူးတင်ပါသည်...

“တပ်မတော်သည် ပြည်သူဘက်မှ ရပ်ရမည်။ ပြည်သူလူထုအကျိုးအတွက် လိုအပ်လာပြီဆိုလျှင် ပြည်သူဘက်က ပါရမည်သာ ဖြစ်တယ်”













































၁၉၈၈ ခုနှစ် ပြည်သူလူထုလှုပ်ရှားမှုကြီး ဖြစ်တဲ့ ဒီမိုကရေစီရရှိရေးနဲ့  လူ့ အခွင့်အရေးရရှိရေး တော်လှန်တိုက်ပွဲဝင် ၈၈၈၈ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီင်္းကာလအတွင်းက ပြောကြားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လက်ရှိ ဒုဥက္ကဌဖြစ်သူ (ကာကွယ်ရေးဦးစီးချူပ်ဟောင်း၊ ဗိုလ်ချူပ်ကြီးဟောင်း) သူရ ဦးတင်ဦးရဲ့  တိုက်တွန်းပြောဆိုချက်ကို သမိုင်းမှတ်တမ်းအနေနဲ့  ဖေါ်ပြအပ်ပါတယ်။

“တပ်မတော်သည် ပြည်သူဘက်မှ ရပ်ရမည်။ တပ်မတော်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်းဖွဲ့ စည်းခဲ့သော တပ်မတော်ဖြစ်တယ်။ ပြည်သူလူထုအကျိုးအတွက် လိုအပ်လာပြီဆိုလျှင် ပြည်သူဘက်က ပါရမည်သာ ဖြစ်တယ်” လို့  ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်တုန်းက သမိုင်းမှတ်တမ်းအနေနဲ့ ရော၊ လက်ရှိအခြေအနေမှာလည်း တပ်မတော်အတွင်းက မျိုးချစ်တပ်မတော်သားတွေဟာ ပြည်သူတွေဘက်ကို မားမားမတ်မတ် ရပ်တည်ပြရတော့မယ့် နောက်ဆုံးသော အချိန်အခါဖြစ်နေပါပြီ။ အာဏာရူးသန်းရွှေတို့ ဘက်ကို မရပ်တည်တော့ဘဲ ဂုဏ်သိက္ခာမြင့်မားသော တပ်မတော်ကြီးအဖြစ် ပြသဖို့  ပြည်သူတွေဘက် ပြည်သူတွေအတွက် ရပ်တည်ပေးကြဖို့  လက်တွေ့ ပြဖို့  အချိန်ဟာ ကျရောက်နေပါပြီ။

ယနေ့  အချိန်အခါမှာ တိုင်းပြည်က တပ်မတော်ကို ပြည်သူတွေဘက် မားမားမတ်မတ်ရပ်ဖို့  အထူးလိုအပ်နေပါတယ်။

09 March 2011

ဆရာတော် ဦးပညာသီဟ (ရွှေည၀ါဆရာတော်) ဟောကြားတော်မူသော သာသနာတော်ကို စော်ကားသူ တစ်ယောက်၏ နောင်တတရားတော် အသံဖိုင်


ဆရာတော် ဦးပညာသီဟ (ရွှေည၀ါဆရာတော်) ဟောကြားတော်မူသော သာသနာတော်ကို စော်ကားသူတစ်ယောက်၏ နောင်တ တရားတော် အသံဖိုင်ပါ... (အပိုင်း ၁)
သာသနာတော်ကို စော်ကားသူ တစ်ယောက်၏ နောင်တ တရားတော် အသံဖိုင် အပိုင်း(၁)
ဒေါင်းလုပ် လုပ်ချင်ရင်...
 http://www.mediafire.com/?4b957zg7cd7neq7

အပိုင်း(၂) အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?691pa726i943227

အပိုင်း(၃) အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်http://www.mediafire.com/?gdnx75c94zfmz67
ပေးပို့ပေးတဲ့ ဆရာတော် ဦးဣသရိယအား ကျေးဇူးတင်ပါသည်....

08 March 2011

ကလေးတွေကို မူးယစ်ဆေးဖြန့်တယ် ဆိုသာသတင်း တစ်ခု (မြန်မာပြည်က လာတဲ့ စာလေးပါ )

ကလေးတွေကို မူးယစ်ဆေးဖြန့်နေတယ်ဆိုသောသတင်းတစ်ခု

ပြီးခဲ့တဲ့ရက်မှာ ၆ တန်းတက်နေသော သားရဲ့ကျူရှင်ဆရာမက ခေါ်လို့ သွားတွေ့ရပါတယ် အကြောင်းကတော့ သားရဲ့သူငယ်ချင်းတယောက်က သားနဲ့ သူ့သူငယ်ချင်း နောက်တယောက်ကို မူးယစ်ဆေးကျွေးခဲ့လို့ပါပဲ သားနဲ့သူ့သူငယ်ချင်းကို သေချာမေးကြည့်တော့ သူတို့ကို ကျွေးတာ ဘာမှန်းမသိလို့ စားကြည့်တာခါးတာနဲ့ ထွေးပစ်တယ်လို့ ပြောပါတယ် မလိမ်နဲ့ ဆေးစစ်ကြည့်လို့ ရတယ်လို့ ပြောတာလဲမလိမ်ပါဘူးတဲ့ ကျွေးတဲ့ သူငယ်ချင်းကတော့ သူကိုယ်တိုင်စားတာ ကျူရှင်မှာ မှောက်ပြီးအိပ်နေတာတဲ့ အဲဒီမယ် ဆရာမက သိလို့ မေးတော့ ထိုကလေးက သားတို့ပါ စားပါတယ်လို့တိုင်ပါတယ် ဆရာမကတော့ ၃ယောက်စလုံးကို ရိုက်ပြီး ဆုံးမပါတယ် နောက် မိဘများကိုခေါ်တွေ့ပြီး ကလေးတွေကို သတိထားဖို့ ပြောပါတယ် ထိုကလေး မိဘကိုခေါ်တာတော့ ကလေးကောလူကြီးကော မလာပါဘူးတဲ့ အဲဒီသတင်းကို ကြားတော့ တော်တော်စိတ်ညစ်သွားပါတယ် ဒီအသက်မှာဒီလိုထိန်းရရင် နောက် လူဖြစ်အောင် လုပ်ရမယ့် နှစ်တွေက အများကြီး ကျန်သေးတယ်

သားနဲ့အတူ အကျွေးခံရတဲ့ ကလေးက အိမ်နီးနားချင်းဖြစ်နေတော့ သူ့အိမ် မိသားစုဆီသွားပြီး ပြောဆိုမိမှ အဲဒီဆေးအကြောင်း နည်းနည်းသိလာရတယ် ရယ်ဒီမိတ်ကွမ်းယာထုပ်ဆိုတာ သိကြလား ကျမတော့ ခုမှကြားဖူးတာပဲ ၊ ပေါ်တာကြာပါပြီတဲ့

ကွန်ပေါင်းဆိုလား ကွန်ပေါင်ဆိုလားခေါ်တယ်တဲ့ မူးယစ်ဆေးကို ဒီအတိုင်းဖြန့်ရင် မလွယ်လို့ အဲဒီရယ်ဒီမိတ် ကွမ်းယာထုပ်ထဲမယ် ကွမ်းယာနဲ့လဲထည့်ပြီး ဖြန့်တာပါပဲ သားပြောပြတာတော့ အစောကကလေးဆီမယ် အဲလိုအထုပ်ကလေးတွေ ကြွပ်ကြွပ် အိတ်ထဲ ထည့်ထားတာ အများကြီးပါတဲ့ နောက်ပြီးအထဲက ဆေးကလဲ ပုံစံမတူပါဘူးတဲ့ အဲဒီဆေးတွေကို ချီကာ လို့ ခေါ်တယ်တဲ့

သားကိုကျွေးတာတော့ ကွမ်းထုတ်ထဲမယ် အချောင်းလေးတွေ အသားရောင်လို့ ပြောပါတယ်တရုတ်ကထုတ်တဲ့ မုန့်ထုပ်တွေမယ်လဲ အဲလိုအချောင်းပုံစံလေးတွေရှိတောအဲဒီမုန့်မျိုး ထင်တယ်နဲ့တူပါတယ် နောက်တစ်ယောက်ကိုတော့ အထုပ်ထဲမှာကွေကာအုပ်လို အမှုန့်လေးတွေတဲ့... သူကလဲ ကွေကာအုပ်ထင်လို့ လျက်ကြည့်တာတဲ့ ၂ယောက်စလုံးကခါးလို့ ထွေးပစ်ကြတယ်ပြောပါတယ် တစ်ထုပ် ၁၀၀ လို့ ပြောတယ်တဲ့ မြင်ဖူးတဲ့လူက မြင်ဖူးကြမှာပဲ။

ဘာပဲဖြစ်ဖြစ် သေချာတာက ဒီကလေးတွေအရွယ်မှာတောင် ဒီလိုဆေးတွေဖြန့်နေ ရောင်းနေကြတာပဲ ကျမအထင်တော့ အစောက ကလေးကို လူတစ်ယောက်က မင်းသူငယ်ချင်းတွေကို ကျွေးကြည့် ဒီအထုတ်တွေရောင်းရရင် မင်းကို မုန့်ဖိုး ဘယ်လောက် ပေးမယ် ဘာပေးမယ်ဆိုပြီး ပြောထားမယ် အစတော့ တစ်ထုပ် ၁၀၀ ရောင်းနောက် ကလေးတွေစွဲရင် ဈေးပိုတောင်းတော့မှာပဲ တော်တော် စိတ်ဓာတ်အောက်တန်းကျတဲ့လုပ်ရပ်တွေပါပဲ ပိုက်ဆံရ ပြီးရော လုပ်စားနေကြတာ

ဒီလိုဆေးတွေဟာ ဖြန့်ရောင်းတဲ့သူ မရှိပဲ ဘယ်လိုနည်းနဲ့မှ ကလေးတွေဆီ ရောက်စရာ မရှိဘူး

သားကိုတော့ ဒီတစ်ခါ မင်းရဲ့စကားကို ယုံပြီး ခွင့်လွှတ်လိုက်မယ် နောက်တစ်ခါ အသံကြားရင် မင်းကို ငါ ကိုယ်တိုင် ကျောင်းထုတ် ပစ်မယ်လို့ ခြိမ်းခြောက်ထားလိုက်တယ် ။ အဲဒီရက်နောက်ပိုင်း သားကိုပြောသမျှစကားတွေကမူးယစ်ဆေးနဲ့ပတ်သက်ပြီး သင်ခန်းစာပေးတွေပဲ ဖြစ်တော့တာပဲ မူးယစ်ဆေးစွဲရင် လူရဲ့စိတ်ဓာတ်ကော ဦးနှောက်ကောလူကော ပျက်စီးကြောင်း မိသားစုတစ်စုလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ကြောင်းလူတွေကြားထဲ အကဲ့ရဲ့ခံ လူတောမတိုးတော့ဘူး ဘာပဲလုပ်လုပ် ဘယ်သူကမှ အထင်မကြီးကြောင်း ပြောပြနေရတယ် နောက် ဘယ်သူက ဘယ်လောက်ခင်ခင် ဘာကျွေးကျွေး မစားနဲ့ ။နောက်ဆိုရင် ဆေးလိပ်တိုက်ကြမယ် အရက်တိုက်ကြမယ် လုံးဝစမ်းသပ်လို့ မရကြောင်း ၊ စမ်းသပ်လို့ ရတဲ့အရာမဟုတ်လို့ မစမ်းသပ် ရကြောင်း သင်ပေးရတယ်။

သူငယ်ချင်းကိုလဲ ရွေးပေါင်းဖို့ သင်ပေးရတယ် နောက် အစောက သူငယ်ချင်းကို လုံးဝ ခင်လို့မဖြစ်ကြောင်း လမ်းတွေ့လဲ စကားမပြောဖို့ သူ ဘာပေးပေး မယူဖို့ သူနဲ့အတူ မရှိဖို့ ပြောရတယ် ရဲက သတင်းကြားလို့ ဖမ်းရင် ရောပြီးအဖမ်းခံရနိုင်တယ် ဆရာမက မေးတော့ သားတို့ကိုပါ ရောတိုင်တတ်တော့ ရဲဖမ်းရင်လဲသားတို့ပါ ပါတယ်လို့ ပြောနိုင်တယ် နောက်ပြီး သူက ရဲကို မြင်လို့ သားတို့ကိုသူ့လက်ထဲက တခုခုပေးတာမျိုးဖြစ်နိုင်လို့ လက်ဝယ်ရှိရင် အပြစ်ပိုကြီးနိုင်တယ်သူ့လို သူငယ်ချင်းတွေ နောက်ထပ် အများကြီး ပေါ်လာဦးမယ် လူတွေကကောင်းအောင်လုပ်တဲ့သူထက် ပျက်စီးအောင်လုပ်တဲ့သူက ပိုများလို့ သတိထား ပေါင်းဖို့ ပြောပြရတယ် မိဘလုပ်သူက ဘယ်လိုပဲလိုက်ချုပ်ချယ်နေ သားတို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ထိန်းနိုင်ဖို့ အဓိကပဲကျောင်းထဲမှာ မုန့်စားဆင်းချိန်ရှိမယ် အိမ်သာသွားချိန်ရှိမယ် မိဘတွေက အဲဒီအထိလိုက်မကြည့်နိုင်ဘူး ဒီတော့ ကိုယ့်ကိုယ်ကို အထူး ဂရုစိုက် ထိန်းကျောင်းမှ ဖြစ်မယ်အိမ်သာလဲ လူစုနေရင် မသွားနဲ့၊ ရဲလာဖမ်းရင် ပါသွားမယ် ။

ပြီးခဲ့တဲ့ နှစ်တွေက ၉ တန်း ၁၀ တန်းကျောင်းသားတွေ အိမ်သာနားမှာဆေးစားနေကြတာ ရဲက သတင်းကြားပြီး ဝင်ဖမ်းတာ ကြားဖူးတယ် သားကိုလဲ ၉ တန်း ၁၀ တန်းရောက်မှ သင်ပေးရမယ်ထင်တာ ခုတော့ ရှေ့နှစ် ၇ တန်းအတွက်တောင် ရင်လေး ရတယ် ဒီနှစ်တောင် ကျောင်းပိတ်ခါနီး ရက်ပိုင်းအလိုမှာ သိလိုက်လို့ တော်သေးတယ်နို့မို့ဆို ကျောင်းက ဆရာ ဆရာမတွေ ဒီသတင်းကို သိရင် ကျောင်းထုတ်ခံရနိုင်တယ် ။

ခုဆို ချိုချဉ် ၊ပီကေ တို့မှာလဲ ဆေးတွေ ထည့်ထားတယ်တဲ့ ရိုးရိုးရေအသန့်တောင် အရောင်မပါတဲ့ ဆေးတွေ ထည့်ပြီး တိုက်နေတယ်တဲ့ အော်.... တီဗီဂိမ်း ဆိုင်တစ်ဆိုင်မှာတောင် သူတို့ဆိုင်က ရေထဲမှာ ထည့်ထားတယ် ကြားတယ် လူတစ်ယောက်က သူ့ရဲ့သားက ဂိမ်းဆိုင်ကို သွားဆော့လို့ အမြဲလိုက် ကြိုပို့လုပ်ရတယ်တဲ့ အဲဒီဆိုင်မှာ ရေထဲဆေးထည့်ထားတယ်ကြားလို့ နောက် ပေးမသွားတော့ဘူးတဲ့ ။

ဘုရားဟောပုံပြင်တွေ ဖတ်ပြရ ဖတ်ခိုင်းရနဲ့ အပေါင်းအသင်းကလဲ လူတစ်ယောက်မှာ အရေးပါလို့ ဘုရားက လူမိုက်ကို မပေါင်းရ ပညာရှိကိုသာ ပေါင်းဖို့ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဖြစ်သွားတဲ့ ကျေးညီနောင် ပုံပြင်ဆိုတာ တကယ်မှန်လို့ ဘုရားကဟောခဲ့တာလို့ ပြောပြရတယ် သားသမီးတွေကို မွေးရ ကျွေးရတာထက် ထိန်းသိမ်းရတာ ပိုခက် ပိုပင်ပန်းတယ်။

ဒါကြောင့် ဒီသတင်းကို ဖတ်မိရင် နီးစပ်ရာကို ပြောပြကြပါ မိန်းကလေးများလဲ ဘယ်သူ ဘာကျွေးကျွေး မစားဖို့ မသောက်ဖို့ တားပါ ..။

( မသမာတဲ့လူတွေကြောင့် ကိုယ်ရဲ့ခင်တဲ့ သူငယ်ချင်းမိတ်ဆွေကိုတောင် သံသယနဲ့နေရမယ့် ခေတ်ဖြစ်နေပြီနော် ) .

မိဘတိုင်း မိဘတိုင်း ကိုယ့်သားသမီး တွေကို စိတ်ပူပန် နေကြရမှာပါ.။

မေလ်းထဲကို ပေးပို့ လာလို့ ပြန်လည် မျှဝေလိုက်ပါတယ်ရှင်.။

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အကြား ဧရာဝတီမြစ်ကြောင်းတွင် စံချိန်တင် သဲသောင်ထွန်းမှုဖြစ်ပေါ်၊ မြစ်ကြောင်းအကျယ် ပေ၁၅၀ကျော်သာ ကျန်ရှိပြီး မြစ်ရေတင်လုပ်ငန်းများ၌ အခက်ကြုံ

6236a
    မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အကြား အင်းဝ(စစ်ကိုင်း) တံတားအောက်ဘက်ပိုင်း ဧရာဝတီမြစ်ကြောင်းတွင် စံချိန်တင် သဲသောင်ထွန်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး မြစ်ကြောင်းအကျယ်မှာ ပေ ၁၅၀ ကျော်ဝန်းကျင်သာရှိနေကြောင်း သတင်းရရှိပါသည်။ စံချိန်တင် သဲသောင်ဖြစ်ထွန်းမှု များကြောင့် စစ်ကိုင်းမြို့ရှိ မြစ်ရေ တင်လုပ်ငန်းများ၌ ရေကောင်းရေသန့် ရရှိရန် ခက်ခဲခြင်းနှင့် မြစ်ကြောင်း အကွာအဝေး ကျယ်ပြန့်လာမှုအရ လည်း ရေစုပ်တင်ရန် အချိန်ကြာမြင့်မှုများ စတင်ကြုံတွေ့လာရသည်။
6236   
"မြစ်ရေတင်လုပ်ငန်းအနေနဲ့ သွယ်တန်းထားတဲ့ ပိုင် အရှည်ကပေ ၃၀၀ နဲ့ ၄၀၀ ၀န်းကျင်ရှိနေတယ်။ လက်ရှိရေလမ်းကြောင်းက စီးနေသေးလို့ ဒီလောက်အကွာအဝေးမှာ ရေစုပ်တင်နိုင်သေးပေမယ့် ရေကြောင်းလေးကမရတော့ရင် အရှေ့ဘက်က မြစ်ကြောင်းအတိုင်း ပေ ၂၀၀၀ လောက်ကို လိုက်ပြီး စုပ်တင်ရမှာမို့ အခက်အခဲရှိနိုင်တယ်။ အခုရတဲ့ရေတောင် သန့်ရှင်းမှုအားနည်းလို့ ရပ်ကွက်တွေမှာ မြစ်ရေကို ကျိုချက် သောက်သုံးဖို့ သတိပေးချက်တွေထုတ် ပြန်ထားတယ်။ ဘာလို့လဲဆိုတော့ ရေခန်းသွားတဲ့နေရာတွေမှာ ဆားပေါက်သလိုမျိုးတွေ့လာရလို့ပါ"ဟု မင်းလမ်းရပ် မြစ်ရေတင်လုပ်ငန်းမှ တာဝန်ရှိသူက ဆိုပါသည်။
   မြန်မာနိုင်ငံမြောက်ဖျားပိုင်း ရေခဲတောင်ဒေသ ရေအရင်းအမြစ်များမှတစ်ဆင့် မေခမြစ်နှင့် မလိခ မြစ်တို့စုဆုံရာအရပ်မှ မြစ်ဖျားခံကာ စီးဆင်းလာသော ဧရာဝတီမြစ်သည် ကီလိုမီတာ ၂၁၇၀(၁၃၄၈ မိုင်) ရှည် လျားပြီး မြစ်အထက်ပိုင်းဒေသမှ အောက်ပိုင်းဒေသအထိ ကုန်စည်  ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလာရေးတို့အတွက် အဓိကအသုံးပြုနေရသောမြစ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေချိုရရှိရေး နှင့် သောက်သုံးရေလိုအပ်မှုအတွက် မရှိမဖြစ် အရေးပါနေသော ဧရာ ၀တီမြစ်သည် နွေရာသီ စတင်ချိန် တွင်ပင် စံချိန်တင်ရေကျဆင်းမှုများ ဖြစ်ပေါ်လာ

    ဧရာဝတီမြစ်သည် မြစ်ကြီး နား၊ ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ သရက်၊ ပြည်၊ ရွှေတောင်၊ မြန်အောင်၊ ဟင်္သာတ၊ ညောင်တုန်းအစရှိသည့် မြို့များကိုဖြတ်၍ စီးဆင်းနေသည်။
    ယင်းမြစ်သည် မြစ်ဖျားပိုင်းဒေသ၌ သဘာ၀၀န်းကျင်ထိန်းသိမ်းနိုင်ခြင်း အားနည်းလာမှု၊ ရေအရင်း အမြစ်နည်းပါးလာမှု၊  အနည်အနှစ် ပို့ချမှုများပြားလာမှုစသည်တို့ ကြောင့် မြစ်တွင်သောင်ထွန်းမှု များပြားလာခဲ့သည်။
     နှစ်စဉ် မြစ်ရေမြင့်တက်မှုကို ဇူလိုင်လရောက်ရှိသည်နှင့် ကြုံတွေ့ရတတ်သော်လည်း ၂၀၀၉ ခုနှစ်တွင်မူ စက်တင်ဘာလဆန်းပိုင်း၌ တစ်ကြိမ်သာ စိုးရိမ်ရေမှတ် ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မြစ် ရေကြီးခြင်းကို မကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။
    ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ အတွင်းက အင်းဝ(စစ်ကိုင်း)တံတား အနီး ဧရာဝတီမြစ်ကြောင်းတွင် ရေနည်း သတိပေးချက်အမှတ် ၁၇၀ စင်တီမီတာအောက် ရောက်ရှိနိုင်ပြီး   မြစ်ရေတင်စီမံကိန်း လုပ်ငန်းများ၌ အခက်အခဲရှိနိုင်ကြောင်းထုတ်ပြန် ခဲ့ကာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် အနည်းဆုံးရေအမှတ် ၁၄၇ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ မှတ်တမ်း များအရ သိရှိရသည်။
    ၂၀၁၁ ခုနှစ် လက်ရှိ မြစ်ရေ အမှတ်မှာ ဖေဖော်ဝါရီလအတွင်းက အနိမ့်ဆုံးရေအမှတ် ၂၃၃ စင်တီမီ တာရှိပြီး မတ်လ ၂ ရက်နေ့က ၂၃၈ စင်တီမီတာရှိကြောင်းသိရသည်။

     "စစ်ကိုင်းမြို့ပေါ် ရပ်ကွက်ကြီး ၁၃ ခုလောက်မှာ မြစ်ရေကို အဓိကသုံးစွဲကြပြီး ကျွန်တော်တို့ရပ်ကွက် အတွက် မြစ်ရေတင်လုပ်ငန်းအနေနဲ့တစ်နာရီကိုရေဂါလန် ၁၅၀၀၀နဲ့ ၁၆၀၀၀ ကြား ဖြန့်ဖြူးနေတယ်။ တစ်မြို့လုံး အတိုင်းအတာနဲ့ဆိုရင် တစ်နာရီကို ပျှမ်းမျှ ရေဂါလန် ၄၀၀၀၀ နဲ့ ၅၀၀၀၀ ကြားရှိမယ်။ တစ်နှစ်ပြီးတစ်နှစ်များလာတဲ့ သဲ သောင်တွေကိုသောင်တူးစက်တွေနဲ့ တူးဖို့ မြစ်ကြောင်းထိန်းသိမ်းရေးကို တင်ပြပေမယ့် အကျိုးမရှိနိုင်လို့ အကောင်အထည်ပေါ်မလာဘူး။ သဲသောင်တွေတူးပေမယ့် စီးမယ့်ရေမရှိရင် အလကားပဲ။ ခုချိန်မှာ မြစ်ရေက မနှစ်ကလောက် ကျဆင်းတာမျိုးမ ဟုတ်ပေမယ့် မြစ်ကြောင်းက တော် တော်လေးကျဉ်းသွားသလိုရေကြောင်း ကလည်းအရှေ့ဘက်ကိုပြောင်းသွား တော့အခက်အခဲရှိပါတယ်" ဟုလည်း မင်းလမ်းရပ် မြစ်ရေတင်လုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

    မြန်မာနိုင်ငံတွင် ရေချိုရရှိရေး နှင့် သောက်သုံးရေလိုအပ်မှုအတွက် မရှိမဖြစ် အရေးပါနေသော ဧရာ ၀တီမြစ်သည် နွေရာသီ စတင်ချိန် တွင်ပင် စံချိန်တင်ရေကျဆင်းမှုများ ဖြစ်ပေါ်လာ၍ ယခုနှစ် နွေရာသီ ကာလတွင် ရေအခက်အခဲများကို ကြုံရဖွယ်ရှိသည်ဟု သိရှိရသည်။

    မိုးလေ၀သနှင့် ဇလဗေဒ တာ ၀န်ရှိသူတစ်ဦးက "၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အနိမ့်ဆုံးရေအမှတ် ၁၂၉ စင်တီမီတာထိ ကျဆင်းဖူးပါတယ်။ မနှစ်ကရေနည်း မှတ် ၁၇၀ စင်တီမီတာအောက်ထိ ကျဆင်းခဲ့ပြီး ရေနည်းသတိပေးချက် ထုတ်ပြန်ခဲ့ရတယ်"ဟု ပြောကြား ခဲ့သည်။

     အင်းဝ(စစ်ကိုင်း)တံတား ရေလမ်းကြောင်းတွင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်၍ အစုန်အဆန်သင်္ဘောများ ဖြတ်သန်း သွားလာရန် သတ်မှတ်ထားသော ရေလယ်တိုင် ၄ နှင့် ၅ အကြား ခုံးအမှတ် ၅ မှ  ရေလယ်တိုင် အမှတ် ၂ နှင့် ၃ အကြား ခုံးအမှတ် ၃ ၌ ပြောင်းလဲသတ်မှတ်ခဲ့သည်။

     "သောင်ထွန်းမှုမှာ နှစ်မျိုးရှိပါ တယ်။ တစ်မျိုးကတော့ ရေနည်းလို့ သောင်ထွန်းတာ၊ နောက်တစ်မျိုးက တော့ မြစ်မှာ အနည်အနှစ်ပို့ချမှုများပြီး သောင်မြင့်ပြီး သောင်ထွန်းတာပါ။ ဧရာဝတီမြစ်ရဲ့ သောင်ထွန်းပုံကတော့ ရေနည်းလို့သောင်ထွန်းပုံထက် သောင်မြင့်လို့ သောင်ထွန်းပုံမျိုးပါ။ မြစ်ကြောင်းရှင်းလင်းဖို့မဖြစ် မနေဆောင်ရွက်ဖို့ ပြနေပါတယ်"ဟု MCCW မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။

"ဧရာဝတီမြစ်ကမ်း တစ်လျှောက်မှာ အရင်လောက်မြေသြဇာ မကောင်းတော့တာ၊ မြေသြဇာရှိတဲ့ နေရာပြောင်းတာတွေ ရှိလာတယ်။ စိုက်ဖို့ပျိုးဖို့ဆိုရင် နေရာရှာရတာတွေ ရှိလာတယ်"ဟု JENESYS အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့သွား ရောက်လေ့လာခဲ့သူ ကိုကြည်မင်းသူက ပြောပြသည်။

    အင်းဝ(စစ်ကိုင်း)တံတား၏ ရေဆန်ဘက် ပေ ၂၀၀၀ အကွာတွင် ဧရာဝတီတံတား(ရတနာပုံ)တည်ရှိပြီး ယခင်နှစ်က အဆိုပါတံတားနှစ်စင်း အကြား၌ သဲသောင်ဖြစ်ထွန်းမှု များပြား ခဲ့ကြောင်း သိရသည်။

ရင်းမြစ် New Eleven Media Group
ပညာရှင်တွေ မမေးမစမ်း ဆောက်ချင်ဦးဟဲ့ တံတား.. တင်ချင်ဦးဟဲ့ မြစ်ရေတင် လုပ်ငန်း..

အမှတ်တရအိမ်-ကိုမျိုး(မြန်မာစာ)

“ဗိုလ်ချုပ်အောင်ဆန်းထိုင်ခုံမှာထိုင်ရင်ဘာလို့ ငရဲကြီးမှာလဲဟင်..ဖေဖေ”

`အမှတ်တရအိမ်´

ကိုမျိုး(မြန်မာစာ)

ကိုယ်တွေက အနာဂတ်ကိုသမီးတို့ မျိုးဆက်လက်ထဲ မှာပဲ ထားခဲ့ ကြရမှာမဟုတ်ပါလား...။
-------------------------------------------------------------------

“ငရဲကြီးမယ်ဆိုတာက သမီးကို ဖေဖေ သက်သက်မဲ့ ခြောက်တာမဟုတ်လား။ ဖေဖေပဲ ကလေးတွေကို ကြောက်အောင် မခြောက်မလှန့်ရဘူးဆို” အိမ်အပြန်လမ်းမှာ ဘ၀င်မကျ ဖြစ်နေရဟန်ဖြင့် သမီးလေး မေးလာသောစကားဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်း ထိုင်ခုံမှာထိုင်ရင် ငရဲကြီးမယ် ဆိုတာပြခန်း လုပ်ထားတာတွေ ပျက်စီးသွားမှာ စိုးရိမ်လို့ ပြောတာမဟုတ်လား။ အဲ့ဒီဟာတွေ သမီးမကိုင်အောင် သက်သက်မဲ့ ခြောက်ပြောတာ မဟုတ်လား...။” 

ဦးဝိစာရလမ်းမကြီးထက်က ဘလေဇွန်ကုန်တိုက်ကပ်လျှက်ရှိ သမီးလေးတို့ Total ကျောင်းနှင့် မြေတစ်ဆက် တစ်ကြောတည်း ခြံချင်းဆက်စပ်တည်ရှိနေသည့် အိမ်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း စစ်ရုံးပြုလုပ်ခဲ့ဖူးသော သမိုင်းဝင် အဆောက်အအုံကြီး တစ်ခုဖြစ်ကြောင်း သမီးလေးကို ပြောပြထားခဲ့ဖူးသည့်အတွက် စာမေးပွဲအပြီးမှာ သမီးလေးကို ထိုအိမ်ကြီးဆီသို့ ပို့ဆောင်ပေးဖြစ်ခဲ့ရာမှ ဤဇာတ်လမ်း စသည်ဆိုရပါမည်။

ယနေ့မှာ လွတ်လပ်ရေးမတိုင်မီက ကြီးကျယ်ခန့်ထည်ခဲ့သော ရုံးအဆောက်အအုံကြီးတွေကို ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွေ အဖြစ်သတ်မှတ်ပေးကာ ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းဖို့ ပြင်ဆင်နေကြသည့် အချိန်အခါသမယ လည်းဖြစ်၍ ရှေးဟောင်းအမွေအနှစ်တွေကို သမီးလေးတို့ သိရှိ တန်ဖိုးထားတက်စေချင်သည့်ဆန္ဒလည်းရှိပါသည်။ ထို့အတွက် နှစ်ပေါင်းတစ်ရာကျော် ဟူသော နှစ်ကာလကြောင့် သာမက မြန်မာပြည်၏ လွပ်လပ်ရေး ဗိသုကာကြီးလည်းဖြစ်၊ မြန်မာ့တပ်မတော်၏ ဖခင်ကြီးလည်းဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရုံးထိုင်ခဲ့ဖူးသော အဆောက်အအုံ ဖြစ်ခြင်းကြောင့် သမိုင်းဝင် နေရာတစ်ခုဟုဆိုနိုင်နေသည့် အဆိုပါအိမ်ကြီး (House of memories အမည်ရ ထမင်းဆိုင်) ဆီသို့ သမီးလေးကို ပို့ဆောင် ပေးဖြစ်ခဲ့ခြင်းလည်း ဖြစ်၏။

ရောက်တုန်းရောက်ခိုက် မှာလည်း ဤအိမ်၏ အထင်ကရနေရာ တစ်ခုဖြစ်သော အိမ်အပေါ်ထပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သွားခဲ့သော ရုံးခန်းအား အဓိကထားပိုဆောင်ကာ လေ့လာစေဖြစ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းဟူ၍ အခန်းဝ နဖူးစီးတွင်အင်္ဂလိပ် စာတန်းဆိုင်းဘုတ် ချိတ်ဆွဲကာ ပြခန်းလေးသဖွယ် ထိန်းသိမ်းစောင့်ရှောက် ထားသည့်အခန်းတွင်းမှာ ဗိုလ်ချုပ် အသုံးပြုခဲ့သော အလုပ်စားပွဲရှိသည်။ ဗိုလ်ချုပ်အသုံးပြုခဲ့သည့် လက်နှိပ်စက်က အစ ရုံးသုံးပစ္စည်း များကိုလည်း စားပွဲပေါ်တွင် စာတန်းလေးများ စနစ်တကျရေးထိုးကာ ခင်းကျင်းပြသထားသည်။ ဗိုလ်ချုပ်၏အလုပ်စားပွဲ နှင့်ထိုင်ခုံဆီ သမီးလေးအားရ၀မ်းသာ ပြေးသွားစဉ်မှာတော့ “

သမီးရေအဲ့ဒါ...ဗိုလ်ချုပ်အောင်ဆန်း အလုပ်ထိုင်လုပ်ခဲ့တဲ့ ထိုင်ခုံနော်၊ သွားမထိုင်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ကိုယ်ကအစိုးရိမ် ကြီးကာ သတိလှမ်း ပေးလိုက်မိခဲ့ပါသည်။ သမီးလေးမှာ ပြခန်းပြတိုက် တကာကို လေ့လာရေးသွားခဲ့ဖူးသည့် အလေ့အထ ရှိထား၍ ဗိုလ်ချုပ်အောင်ဆန်း ထိုင်ခုံမှာ ထိုင်ဖို့မပြောနှင့် လက်ဖြင့်ပင် ကိုင်တွယ်ခြင်းမပြုရ မှန်းသိထားသူဖြစ်ပါလျှက် ဖခင်ဖြစ်သူက သူကိုထိုသို့ ဟစ်အော်ဟန့်တား သတိပေးစကား ဆိုလိုက်ခြင်း အပေါ်ဘ၀င်မကျ ဖြစ်ခဲ့ ရဟန်တူပါ၏။

သိုပေမဲ့ ထိုအခန်းနံရံမှာ ချိတ်ဆွဲထားသော ဗိုလ်ချုပ်တို့ မင်္ဂလာပွဲဖိတ်စာပုံ။ အင်္ဂလိပ်စာဖြင့် ရေးသားထားတဲ့ ဖိတ်ကြားစာ။ ဗိုလ်ချုပ်တို့ မင်္ဂလာပွဲပုံ၊ ဗိုလ်ချုပ်ကမတ်တပ်ရပ်လျှက် ထိုစားပွဲပေါ်မှ စာရွက်မှာစာရေးသား လက်မှတ် ရေးထိုးနေသောဓါတ်ပုံ။ ဗိုလ်ချုပ်တို့မိသားစုဓါတ်ပုံ။ အိမ်ရှင်ဖြစ်သော ၀ဏ္ဏကျော်ထင်ဘွဲ့ ရပုဂ္ဂိုလ် အင်္ဂလိပ်ကြီးနှင့် ဗိုလ်ချုပ်တို့ ဓါတ်ပုံ၊ ဗိုလ်ချုပ်တို့ မိသားစုဓါတ်ပုံ စသည်တို့ကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့ပြီးခါမှ အပြန်လမ်းရောက်မှသာ သူဘ၀င် မကျခဲ့သည့်စကား အတွက် မေးခွန်းထုတ် ဖြေရှင်းချက် တောင်းခြင်းဖြစ်ပါသည်။
“ဗိုလ်ချုပ်အောင်ဆန်းထိုင်ခုံမှာထိုင်ရင်ဘာလို့ ငရဲကြီးမှာလဲ ဟင်..ဖေဖေ”
“ငရဲကြီးမယ်ဆိုတာက သမီးကိုဖေဖေ သက်သက်မဲ့ခြောက်တာ မဟုတ်လား။ ဖေဖေပဲကလေးတွေကို ကြောက်အောင် မခြောက်မလှန့် ရဘူး ပြောထားပြီးတော့...”

ချက်ကျလက်ကျ မေးခွန်းထုတ်လာပြန်သည့် သမီးလေး၏ စကားကိုမဖြေနိုင်ပါက ကိုယ်ဟာရှေ့စကား နောက်စကား မညီသည့်သူ ဖြစ်ချေတော့မည့်ပုံပင်။ သမီးလေး ကျေနပ်သည် အထိ၊ ဘ၀င်ကျသည် အထိဖြေဖို့ မိဘဖြစ်သူ ကိုယ့်မှာ တာဝန်ရှိသလိုလည်း ခံစားလိုက်ရသည်။ တကယ်တမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းထိုင်ခုံ နှင့်စားပွဲဆီသမီးလေး ပြေးသွားလိုက်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်း ထိုင်ဖူးခဲ့သော ထိုင်ခုံမို့ သမီးလေး သွားထိုင်လိုက်မှာကို စိုးရိမ်မိခဲ့တာ အမှန်ပါ။ ထိုနည်းတူ ထိုင်လျှင်ငရဲကြီးမည်ဆိုသော စကားကလည်း သမီးကြောက်အောင် သက်သက်မဲ့ပြောခဲ့ ခြောက်ခဲ့ခြင်း မဟုတ်သည်ကတော့ သေချာပါ၏။

“သမီးလေးကို ဖေဖေက ကြောက်အောင် ခြောက်တာမဟုတ်ပါဘူး.. သမီးလေးရဲ့ ။ သမီးအဲ့ ဒီခုံသွားမကိုင်၊ သွားမထိုင်မှန်း ဖေဖေယုံပါတယ်။ ဒါပေမဲ့ သွားတက်ထိုင် လိုက်မိမှာ ဖေဖေတကယ်ပဲ စိုးရိမ်မိတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဖေဖေတို့ နိုင်ငံရဲ့ဖခင်လေ။ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ပဲသမီး။ သမီးလေးကကလေးဆိုတော့ မသိနားမလည်ပဲ မရိုမသေ ပြုမိသလို ဖြစ်သွားမှာ ဖေဖေစိုးရိမ်တာ။ ငရဲဆိုတာကြီးကို ဖေဖေတို့ သမီးတို့ မရောက်ချင်သလို၊ ရောက်မှာကို ကြောက်ကြရသလိုပဲ၊ ဖေဖေတို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးကိုလည်း မရိုမသေ ပြုသလိုဖြစ်မှာကို ဖေဖေတို့ သမီးတို့ ကြောက်ကြရမယ် မဟုတ်လားသမီး။ အဲ့ဒါကို ဖေဖေစိတ်ထဲက စိုးရိမ်မိလို့ ကြောက်မိလို့ ပြောလိုက်တာပါ သမီးလေးရယ်... ။ ဖေဖေရှင်းပြတာ သမီးလေးနားလည်လား။ ကျေနပ်ရဲ့လား၊ ဘ၀င်ကျပြီလား....။”

သမီးလေးက နားလည်ဟန်တော့ပြ၏။ ဘ၀င်ကျ ၊ကျေနပ်သွား ပုံလည်းရသည်။ သမီးတို့ ကျေနပ်မှ ဘ၀င်ကျမှကို ဖြစ်မည်။ ကိုယ်တွေက အနာဂတ်ကိုသမီးတို့ မျိုးဆက်လက်ထဲမှာပဲ ထားခဲ့ကြရမှာ မဟုတ်ပါလား...။

ကိုမျိုး(မြန်မာစာ)

၂၀၁၁ခုနှစ် မတ်လ ၉ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်မှ...

07 March 2011

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေး လုပ်ငန်းများ..... မတ်လ(၆)ရက်..

အာရောဂျံ ပရမံလာဘံ

“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟူသော စကားအရ ကျန်းမာခြင်း သည် လူသားများအတွက် အဓိကဖြစ်တော့သည်။ ကျန်းမာကောင်းမွန်လျှင် စားဝတ်နေရေး၊ ပညာရေး စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး ကို အထူးဂရုစိုက်ကြသည်။ အထူးအားဖြင့် မြန်မာပြည်သူ/သား အများစုသည် ကျန်းမာရေးကို အထူး ဂရုမစိုက်နိုင်ကြချေ။ ဆေးကုသစရိတ် မြှင့်မားခြင်းတို့ကြောင့် အခပေး ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသခြင်း မပြုလုပ်နိုင်ကြချေ။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ၂၀၁၀ ခုနှစ် တစ်နှစ်တာ အတွင်း လူနာစုစုပေါင်း (၃၃၄၄၈) ဦးနှင့် ခွဲစိတ်ကုသရန် လိုအပ်သော လူနာစုစုပေါင်း (၂၁၄၀)ဦးတို့ကို ပြည်သူ့ဆေးရြုံကီး (၈) ရုံတွင် (အခမဲ့) ခွဲစိတ်ကုသပေးခဲ့ရသည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြမည့် ရောဂါဝေဒနာသည် များအား တိုကင်ပေးစနစ်ဖြင့် စနစ်တကျ သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ကုသပေးမှုကို ပြုလုပ် ခဲ့သည်။ ယခင်က တိုကင်ပေးချိန်ကို နံနက် (၈း၃၀) နာရီတွင် စတင်၍ ပေးခဲ့ရာ၌ ည (၁း၀၀) ခန့်မှ စတင်၍ လာရောက်အိုးပစ်အိမ်ပစ် တိုကင်လာရောက်ယူရခြင်း၊ နံနက်မလင်းခင်အချိန်တွင် လိုင်းကားစီးရခြင်း၊ ကားငှါးရခြင်းတို့ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ယင်း တိုကင် လာရောက်ယူကြသော လူနာရှင်များကို လူသားချင်းစာနာ စိတ်ကင်းမဲ့စွာ တိုကင်နေရာ ရောင်းခြင်း တို့ကိုပြုလုပ်သော တုတ်၊ ဓါးတို့ဖြင့် ခြိမ်းခြောက်သော မသမာသူတချို့ရှိကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ၂.၃.၂၀၁၁ (ဗုဒ္ဓဟူး) နေ့မှ စတင်၍ ဆေးဝါးကုသလိုသော လူနာများအတွက် မသမာမှုများ၊ လူသားချင်းစာနာစိတ်မရှိမှုများ၊ ဒုစရိုက်မှုများပပျောက်စေရန် ရည်ရွယ်၍ နေ့လည်ပိုင်း (၂း၀၀) နာရီအချိန်သို့ ပြောင်းလဲ၍ တိုကင်ပေးစနစ်ကို ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ကျန်းမာရေးအား အလေးထားကုသလိုကြသော လူနာများ၊ လူနာရှင်များအား အသင်းသူ/သားများ၊ ၀န်ထမ်းများ အားလုံး မိမိတို့၏ ကိုယ်ရေးကိုယ်ထာ ကိစ္စရပ်များအား ဘေးချိတ်ထားကာ အချိန်ပေး၍ တတ်ကြွစွာ လာရောက်ဖေးမ ကူညီခဲ့သည်။ နေပူရှိန်ပြင်းပြင်းထဲတွင် လာရောက်တိုကင်ယူကြသော လူနာရှင်များ ကိုလည်း အခါအားလျော်စွာ အအေး၊ ဖျော်ရည်တို့ဖြင့် ကုသိုလ်ယူ၍ တိုက်ကျွေးသူများလည်း ရှိသည်။ 

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် နေ့စဉ်လူနာပေါင်း (၂၀၀) ကျော်တို့ကို (အခမဲ့) ဆေးဝါးကုသ ပေးခြင်းကို ကုသိုလ်ဖြစ် ဆရာဝန်ကြီး (၄၈) ဦးတို့ဖြင့် အလှည့်ကျ ကုသပေးလျှက်ရှိသည်။ ထိုကဲ့သို့ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်တွေ့ကြုံနေသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများသည် နေ့စဉ် လာရောက်ကုသနေကြသော လူနာများ၊ နာရေးကိစ္စရပ်များ၊ မျိုးဆက်သစ် ကလေးငယ်များ၏ ပညာရေးတိုးတက်မှုများကို ဖေးမကူညီ စွမ်းဆောင်ပေးနိုင်ကြရခြင်းမှာ ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ကျေးဇူးတရားကြောင့်ပင် ဖြစ်သည်။
အလှူရှင်ရှိမှ . . . လူမှုရေးသမားများ ပေးဆပ်နိုင်မည်။
လူမှုရေးသမားများ ပေးဆပ်မှ . . . ပညာရေးတိုးတက်မည်။
ပညာရေးတိုးတက်မှ . . . ကျန်းမာရေးကောင်းမည်။
ကျန်းမာရေးကောင်းမှ . . . တိုင်းပြည်တိုးတက်သာယာမည်။
မျိုးဆက်သစ်တို့ရဲ့အင်အား

၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း (၄၀) ဦးခန့် သာ ရှိခဲ့သော်လည်း ယခု ၂၀၁၁ ခုနှစ်တွင် ဒုတိယအကြိမ် နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်း တက်ရောက်ရန် လာရောက်၍ စာရင်းပေးသွင်းကာ သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ် ဖြေဆိုမှုများကို ၅.၃.၂၀၁၁ (စနေနေ့) နံနက် (၉း၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ မျိုးဆက်သစ် ကလေးငယ် စုစုပေါင်း (၅၀၀) ဦးရေခန့် တက်ရောက်ဖြေဆိုခဲ့ကြသည်။ စာမေးပွဲဖြေဆိုမည့် အချိန် အား နံနက် (၉း၀၀) နာရီ သတ်မှတ်ထားသော်လည်း မျိုးဆက်သစ်ကလေးငယ်များ၏ ပညာကို လိုလားသောစိတ်ဓါတ်၊ မျိုးဆက်သစ်ကလေးငယ်များ၏ အုပ်ထိန်းသူမိဘများ၏ ပညာရေးကို အားပေးသောမေတ္တာ စေတနာတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံ မြို့နယ်တွင် နံနက် (၇း၀၀) နာရီအချိန် ကတည်းက တဖွဲဖွဲနှင့်တက်ကြွစွာ လာရောက်ခဲ့သည်ကို တွေ့ရှိရသည်။ မျိုးဆက်သစ်ကလေးငယ် (၅၀၀) ခန့်တို့အား သင်တန်းခန်းမ (၂) ခန်းနှင့် မလုံလောက် ပါ၍ “သုခအဟာရ” စားသောက်ဆိုင်တွင်လည်း ရေးဖြေစာမေးပွဲကို ဖြေဆိုခဲ့ကြရသည်။ ထိုကဲ့သို့ ပညာလိုလားသော မျိုးဆက်သစ်ကလေးငယ်များ၏ အင်အားသည် မထင်မှတ်ဘဲနှင့် များပြားမှု တို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ ပညာဒါနဆရာ/မ များနှင့် အသင်း၏ တာဝန်ရှိသူများပါမကျန် ၀ိုင်းဝန်း၍ လုပ်အားပေး ဖေးမကူညီခဲ့သည်။
ယင်း စာမေးပွဲသည် အနိုင်အရှုံး အဓိကမဟုတ်၊ အောင်ခြင်း၊ ကျခြင်းဟူ၍ မသတ်မှတ်ပေ။ Levels တန်းခွဲများ ခွဲခြား၍ သင်ကြားပေးရန်အတွက် ဖြေဆိုရခြင်းဖြစ်သည်။ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၁၄) ဦးနှင့် တစ်ပါတ်လျှင် (၆) ရက်၊ Levels တန်းခွဲ (၃) ခုဖြင့် သင်ကြားပို့ချပေးမည် ဖြစ်သည်။ ဖြေဆိုမှုရလဒ် တန်းခွဲများအား ၁၃.၃.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ကြော်ငြာမည်ဖြစ်ပါသည်။

သင်တန်းများစတင်မည့် ၁၄/၁၅ .၃.၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် အဆောက်အဦးသစ်တွင်ရှိသော သန့်ရှင်းအေးချမ်းပြီး သင်ကြားမှု အထောက်အကူပြု ပရိဘောဂများ နှင့် ပြည့်စုံလျက်ရှိသော သင်တန်းခန်းမများထဲတွင် စနစ်တကျ သင်ကြားပို့ချတော့မည် ဖြစ်ပါသည်။

မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာသင်တန်းသည် မရှိမဖြစ် မတတ်မဖြစ်သော ပညာရပ် ဘာသာရပ်တစ်ခု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့် ကဏ္ဍနယ်ပယ်များတွင် အင်္ဂလိပ်စာ ပညာရပ်ဖြင့် လူမျိုးအသီးသီးတို့က ပြောဆို သုံးနှုန်း ရေးသား ဖတ်ကြားခြင်းများကို အဓိကပြုလုပ်လျှက်ရှိရာ ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ် ကလေးငယ်များလည်း ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်၍ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချပေးခြင်း ဖြစ်သည်။

စေတနာရှင် ပညာဒါနပြုလုပ်လိုသော ဆရာ/မများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉ - ၈၆ ၄၀၂၂၀ သို့၎င်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...

မယ်တော်ဆေးခန်းရံပုံငွေအတွက် ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ စန္ဒရားထွန်းအေးနွဲ.နှင့် မင်္ဂလာဒိုးအဖွဲ.သားမျာ­း၏ ကျော်ကြားခဲ့သော ရေဒီယိုတေးများ (ရုပ်သံ)


အပိုင်း(၁)

အပိုင်း(၂)
ရုပ်သံ ကိုမောင်သော်(maungwto)
ပေးပို့သူ ဥိးသန်းဝင်း

အဖြစ်မှန်ကိုတောင် ဖေါ်ပြခွင့်မရကြရတဲ့ နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ။



















အာဏာရူး သန်းရွှေတို့ အတွက် အသက်ပေးဆုံးရှုံးခဲ့ရပေမယ့် အဖြစ်မှန်ကိုတောင် ဖေါ်ပြခွင့်မရကြရတဲ့ နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ။

နအဖ လေတပ်မှ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာ ယနေ့ ထုတ် နအဖ၀ါဒဖြန့် ချီရေးသတင်းစာမှာ ပါရှိလာပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာ ဘာတာဝန်ကို ထမ်းဆောင်နေရင်း ဘယ်လိုဖြစ်လို့  ကွယ်လွန်ရတာလည်းဆိုတာကို လုံးဝဖေါ်ပြထားခြင်းမရှိဘဲ “ကွယ်လွန်သွားပါသဖြင့်” ဆိုတာလောက်လေးဘဲ နာရေးကြော်ငြာထဲ ဖေါ်ပြတာ တွေ့ ရှိရပါတယ်။


















နအဖက ရုရှနိုင်ငံလုပ် လေယာဉ်တွေကို ၀ယ်ယူတဲ့အခါမှာ လေယာဉ်ရဲ့  အရည်အသွေးပြည့်စုံမှု၊ ဘေးအန္တရာယ်ကင်းစေဖို့  စိတ်ချလုံခြုံမှုသတ်မှတ်ချက်စံနှုန်း မှီမှုရှိ မရှိတို့ ကို အဓိကမထားတော့ဘဲ ဈေးပေါပေါနဲ့  အချောင်ရပြီး ကောင်းတယ်ဆိုရုံမျှရှိရင်ပြီးရောဆိုတဲ့ ပေါချောင်ကောင်း ပုံစံနဲ့ သာ ၀ယ်ယူလေ့ရှိကြပါတယ်။ ဒီလို အခြားနိုင်ငံရဲ့  တစ်ပတ်သိုး အဆင့်နိမ့် ကျနေပြီး အရည်အချင်းမမှီတဲ့ ရောင်းမထွက်တွေကို ၀ယ်ယူခဲ့လို့ လည်း မကြာခဏ လေယာဉ်တွေ ပျက်ကြီးပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာလေယာဉ်မှူးတွေ မနည်းတော့ပါဖူး။

ယခုလည်းဘဲ ရုရှနိုင်ငံက An-148 လေယာဉ် ပျက်ကျခဲ့ရာမှာလည်း နအဖလေတပ်က လေယာဉ်ဝယ်ယူဖို့ အတွက် စမ်းသပ်ပျံသန်းတဲ့အခါမှာ နအဖလေတပ်ရဲ့  ကိုယ်စားလှယ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ နှစ်ဦး လေယာဉ်ပျက်ကျရာမှာ ပါရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  အမည်ကို လေယာဉ်ပျက်ကျမှုသတင်းဖေါ်ပြခဲ့တဲ့ ပြင်ပနိုင်ငံခြားသတင်းဌာနတစ်ခုကနေ ထုတ်ဖေါ်ရေးသားခဲ့လို့ သာ သိရှိရပေမယ့် နအဖကတော့ တာဝန်မဲ့စွာနဲ့  အများပြည်သူမသိရှိရလေအောင် သတင်းမှောင်ချကာ နေနေပါတယ်။

ယနေ့ ထုတ် နအဖဒါဒဖြန့် သတင်းစာထဲမှာ သမန်ကာလျှံကာမျှသာ ကွယ်လွန်သွားကြောင်းရေးသားခွင့်ပြုပြီး အဖြစ်အပျက်မှန်တွေကို ဖုံးဝှက်ထားပါတယ်။


















အာဏာရူး နအဖ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ ခိုင်းစေပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ရင်း အသက်ဆုံးရှုံးနေကြရတဲ့ တပ်မတော်အတွင်းက အရာရှိအရာခံ ဗိုလ်အကြပ်တပ်သားတွေဘ၀ဟာ သန်းရွှေတို့ ရဲ့  လစ်လျှူရှုတာဝန်မဲ့မှု၊ သတင်းဖုံးကွယ်ခံရမှု၊ ရေငုံနှုတ်ပိတ်ခံနေရမှုတွေနဲ့  အသက်ပေးဆုံးရှုံးမှုတွေ ကြုံရပေမယ့် အာဏာရူးသန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေအတွက်ကတော့ စည်းစိမ်ခံတောင် မပျက်ဖူးဖြစ်နေပါတယ်။

ဗိုလ်မှူးဇော်ထွန်းအောင်နဲ့  ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်တို့ ရဲ့  နာရေးကြော်ငြာပါအတိုင်း “ကွယ်လွန်သွားပါသဖြင့်” သာ ပြီးဆုံးသွားပြီးဖြစ်တာမို့  အာဏာရူးနအဖသန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ စေခိုင်းနေတဲ့ မတရားအမိန့် တွေနဲ့  အသုံးချခံနေရမှုကြောင့် အသက်ဆုံးရှုံးနေရသူများနဲ့  ကျန်ရစ်သူ မိသားစုတွေ ဘ၀တွေကတော့ တိုင်းပြည်နဲ့  လူမျိုးအတွက် အကျိုးမရှိဘဲ သန်းရွှေတို့ အတွက်သာ အကျိုးရှိနေစေတဲ့ ပေးဆပ်ရင်းနှီးမှုတွေနဲ့  ဆုံးရှုံးနေပါတော့တယ်။

06 March 2011

စနေနေ့က ရုရှားနိုင်ငံမှာ ပျက်ကျသွားတဲ့ မြန်မာလေယာဉ်မှုး (၂)ဦး သေဆုံးခဲ့ရတဲ့ လေယာဉ်ပျက်မှ မြင်ကွင်း ဓာတ်ပုံများ..

လေယာဉ်ပျက်ကျမှ သေဆုံးသွားသူ တစ်ဦး၏ ရုပ်အလောင်း..

သေဆုံးသွားတဲ့ မြန်မာလေယာဉ်မှုး (၂)ဦးကတော့ 

ဒုဗိုလ်မှူးကြီး ထိန်လင်းအောင် လေ-၂၂၅၂ တေဇ-၂၂ အသက် (၃၇) နှစ်

ဗိုလ်မှူး ဇော်ထွန်းအောင် လေ-၂၂၅၇ တေဇ-၂၂ အသက် (၃၇) နှစ်  တို့ဖြစ်တယ်လို့ ဆိုပါတယ်.. 

ဒီကနေ့ တနင်္ဂနွေနေ့ထုတ် မြန်မာသတင်းစာတွေမှာတော့ အဆိုပါ.. သတင်းနဲ့ ပတ်သက်ပြီး ဖော်ပြပါရှိခြင်း မရှိသေးပါဘူး..။
Personnel from the Russian emergency services stand beside a body at the site of a plane crash in Belgorod province, some 600 km (370 miles) south of Moscow, in this still image taken from video footage March 5, 2011. A passenger jet that Russia was to deliver to Myanmar crashed during a training flight on Saturday, killing its Russian crew of four and two pilots from the Southeast Asian nation, officials said. The pilots from Myanmar were undergoing training aboard the plane, one of two aircraft being sold to Myanmar's government under a 2010 contract, UAC said.

ဓာတ်ပုံ AP

ရုရှားတူဒေး သတင်းစာမျက်နှာက လေယာဉ်ပျက်ကျမှု သတင်းအောက်မှာ ရေးထားတဲ့ ကွန်မာန့်တစ်ခုပါ..။ စိတ်ဖိစီးမှုတွေ အောက်မှာ အလုပ်လုပ်နေရတဲ့ ရုရှားစစ်တပ်အကြောင်း ရေးထားတာလေး ကူးယူဖော်ပြလိုက်ပါတယ်...။
http://rt.com/news/antonov-148-crash-russia-four/

Since the new Mr.( reformer, read neo-liberalizer) President brought in his reformer Minister of Defense there has been a sharp increase of major accidents involving Russian military. Is this simply a coincident or these accidents have something that perhaps soldiers and officers do not get along with this Minister of Defense and are working under stressful working conditions?. In other words—does the leadership of this Minister of Defense is a source of extreme tension in the Russian armed forces? I distinctly remember around Christmas time last year a Russian military plane carrying closer t a 20 pilots went down and all onboard were killed. Accidents do happen but the frequency at which they are happing in the Russian armed forces in the last few years suggests that they have something to do with stressful working conditions of the military.

The Voice ဂျာနယ် March 1st Week


The Voice Journal March 1st week
ယနေ့ Scribd ဖိုင်နဲ့ တင်မရတဲ့ အတွက် Download လုပ်ချင်ရင် http://www.mediafire.com/?tdvfuwt0qc4d4kw

ယနေ့ စနေနေ့ မနက်ပိုင်းက မော်စကိုမြို့ရဲ့ တောင်ဘက် မိုင် ၃၅၀အကွာ Belgorodဒေသမှာ ပျက်ကျခဲ့တဲ့ ရုရှားနိုင်ငံလုပ် An-148အမျိုးအစား လေယာဉ် ပျက်ကျရာ၌ မြန်မာလူမျိုး လေယာဉ်မှုး နှစ်ဦးသေဆုံး. (ရုပ်သံ၊ သတင်း)

မော်စကိုမြို့ရဲ့ တောင်ဘက် မိုင် ၃၆၀အကွာ Belgorodမှာ ယနေ့ စနေနေ့မနက်ပိုင်းက ပျက်ကျခဲ့တဲ့ ရုရှားနိုင်ငံလုပ် An-148အမျိုးအစား လေယာဉ် 
လေယာဉ်ပျက်ကျတဲ့ သတင်းရုပ်သံ (RT သတင်းဋ္ဌာန)
ဗီဒီယို ဖိုင်တွေကြည့်မရလို့ ဒေါင်းလုပ်ဖိုင်တွေ တင်ပေးပါဆိုတဲ့ ပြည်တွင်းက ပရိသတ်အတွက် ဒေါင်းလုပ်လုပ်ချင်ရင်.. http://www.mediafire.com/?fxjjpmcsu8zt2a7
မြန်မာလေတပ်က မှာယူထားတဲ့ ရုရှားနိုင်ငံလုပ် An-148 လေယာဉ်ဟာ ခရီးသည် ၉၉ဦးဆန့်ပြီး ကီလိုမီတာ ၅၀၀၀(မိုင် ၃၀၀၀) အထိ ပျံသန်းနိုင်ပါတယ်..။ တစ်ချို့ သတင်းအေဂျင်စီတွေရဲ့ အဆိုအရ အဆိုပါလေယာဉ်ဟာ စမ်းသပ်ပျံသန်းချိန်မှာ ပျက်ကျခဲ့ပြီး မြန်မာလေယာဉ်မှုး (၂)ဦးပါဝင်တယ်လို့ ဆိုပါတယ်..။ စနေနေ့ မနက်အစောပိုင်းက ပျက်ကျခဲ့တာ ဖြစ်ပြီး မြန်မာပြည်သို့ ပို့ဆောင်စဉ်မှာ ပျက်ကျတာလား စမ်းသပ်ပျံသန်းချိန်မှာ ပျက်ကျတာလားဆိုတာ အတိအကျ မသိရသေးပါဘူး..။ (AP)

အဆိုပါ  An-148အမျိုးအစား ရုရှားလေယာဉ် (၂)စင်းအား ၂၀၀၉ခုနှစ် (၁၂)လပိုင်းက မလေးရှားနိုင်ငံ မှာပြုလုပ်တဲ့ လေယာဉ်နဲ့ သဘောင်္ပြပွဲ၌ မြန်မာနိုင်ငံသို့ ပေးအပ်မှာ ဖြစ်ကြောင်း United Aircraft Corporation မှ ညွှန်ကြားရေးမှူးတဦး ဖြစ်သူ Gennady Prishchepaက   Interfax-AVN သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်.။ 
 (ဧရာဝတီ ၂၀၀၉ ဒီဇင်ဘာ ၄ရက်)

ပြီးခဲ့တဲ့ ရက်သတ္တပတ်များကလည်း မြန်မာလေတပ်အတွက် မှာယူထားတဲ့ ရုရှားနိုင်ငံလုပ် MIG-29 အမျိုးအစား စစ်လေယာဉ်များအား ယခုလထဲမှာ လက်ခံရယူမယ်လို့ သတင်းများမှာ ဖော်ပြပါရှိပါတယ်..။

ယနေ့ ရုရှားနိုင်ငံ အနောက်ပိုင်း၌ အလယ်လတ်စား လေယာဉ်ပျက်ကျရာတွင် လေယာဉ်ပေါ်ပါသူ (၆)ဦးလုံး သေဆုံးသွားခဲ့ပြီး.. အဆိုပါ သေဆုံးသူများထဲ၌ (၂)ဦးမှာ မြန်မာလူမျိုးများ ဖြစ်ကြောင်း သိရှိရပါတယ်... သတင်း အသေးစိတ်ကတော့ အောက်မှာ ဖတ်ကြည့် နိုင်ပါတယ်..။
Myanmar citizens said among 6 dead in Russia 
MOSCOW, March 5 (Reuters) - A mid-sized Russian-built plane crashed in western Russia on Saturday, killing all six people on board, officials said, and Russian news agencies said two of the dead were citizens of Myanmar.

The Antonov An-148, with four crew members and two other people aboard, crashed in the Belgorod province, some 600 km south of Moscow, during a training flight, the Emergency Situations Ministry in Moscow said.

State-run Itar-Tass cited provincial emergency officials as saying two of the dead were Myanmar citizens who were pilots by profession.

The Myanmar embassy in Moscow said it had no information about the crash. RIA cited a source at the plant that built the plane as saying it was to be delivered to Myanmar at some point. (Reuter)

The Interfax-AVN military news agency said the Myanmar air force has ordered two An-148s. It was not immediately known if the plane that crashed was to be delivered to the country. (AP)