28 September 2012

ရှေးဟောင်း မီးရထားခေါင်းတွဲများ တရုတ်ထံ လွဲပြောင်းပေးအပ်

မြန်မာဘက်မှ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်သော ရှေးဟောင်းရေနွေးငွေ့သုံး မီးရထားစက် ခေါင်းတွဲများကို လားရှိုးမြို့မှတဆင့် တရုတ်နယ်စပ် ကျယ်ဂေါဝ် ဘက်သို့ သယ်ဆောင်လာရာ ယမန်နေ့ နံနက်ပိုင်းက တရုတ် အာဏာပိုင်များထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
 
၎င်းမီးရထားခေါင်းတွဲများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ခွန်းမင်)ကူမင်းမြို့သို့ သယ်ဆောင်သွားပြီ ဖြစ်ပြီး ကူမင်းမြို့ရှိ မီးရထား ဥယျာဉ်တွင် ထားရှိမည် ဖြစ်ကြောင်း တရုတ် - မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ 

“မနေ့ကမနက်ပိုင်းက အပ်လိုက်ပြီ ၅ တွဲထင်တယ် လာပို့တဲ့သူတွေနဲ့လည်း တွေ့ပြီးပြီ၊ တရုတ်အစိုးရက ၀ယ်ဖို့ပြောတာ ဗမာအစိုးရက အလကားပေးလိုက်တာ” ဟု သူက ဆိုသည်။ 

 ၂၀၀၆ ခုနှစ်အတွင်းကလည်း မြန်မာဘက်မှ တရုတ်အစိုးရထံ ရှေးဟောင်း မီးရထားခေါင်းတွဲ ၂ တွဲ လက်ဆောင်ပေးခဲ့ဖူးရာ တစ်တွဲမှာ ရှန့်ဟိုင် မီးရထားဋ္ဌာနတွင် ထားရှိ၍ ကျန်တစ်တွဲအား တရုတ်အစိုးရမှ အင်္ဂလန်နိုင်ငံသို့ ရောင်းချလိုက်ကြောင်း သူကဆက်ပြောသည်။

 “တစ်တွဲက ဒီနေ့အထိ ရှန့်ဟိုင်မီးရထားမီဒီယာမှာရှိတယ် နောက်တစ်တွဲ ကိုအင်္ဂလန်မူရင်းကုမ္ပဏီကိုရောင်း လိုက်တယ်၊ လက်ဆောင်ပေးတဲ့အတွက်ဆိုပြီး တရုတ်က မြန်မာကို မီးရထားတွဲ ၁၃၀ ပြန်ပေးတယ်၊ ခေါင်းတွဲရောင်းလိုက်တဲ့ငွေက အသစ်စက်စက်ပေးတဲ့ ၁၃၀ တန်ဖိုးထက် ၄ ဆ ပိုများတယ်၊ မီးရထားတွဲပေါင်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ငွေကို တရုတ်အစိုးရက ရသွားတာဖြစ်တယ်” ဟု ပြောသည်။ 

အဆိုပါ မီးရထားခေါင်းတွဲ ၅ စင်းအား မြန်မာဘက်မှ တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရေး သက်သေပြရန် ပေးအပ်ခြင်းဖြစ်ပြီး ယခုလ ၂၁ ရက်နေ့က လားရှိုးမြို့မှ တဆင့် မူစယ်ဘက်သို့ ၂၂ ဘီးကားများဖြင့် တင်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း...သျှမ်းသံတော်ဆငိ့

အရှေ့တောင်အာရှ အားကစားပွဲတွင် မြန်မာ့ရိုးရာ ကစားနည်းနှစ်မျိုးကို" ထည့်သွင်း ယှဉ်ပြိုင်သွားမည်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ရိုးရာကစားနည်း နှစ်မျိုး ထည့်သွင်း ယှဉ်ပြိုင်မည်ဟု သိရသည်။ အိမ်ရှင်နိုင်ငံအနေဖြင့် ရိုးရာကစားနည်း ရှစ်မျိုးအထိ ထည့်သွင်း ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ခြင်းလုံးနှင့် ဗန်တိုသိုင်းတို့ကို ထည့်သွင်းမည်ဖြစ်သည်။ ငွေကုန်ကြေးကျ များသည့် ရိုးရာကစားနည်းများ ထည့်သွင်းပါက ထိုကစားနည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာနှင့် အင်္ဂလိပ် ဘာသာများဖြင့် ရေးသားပြုစုခြင်း၊ ကစားပုံ စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်ရပြီး အနည်းဆုံး နိုင်ငံလေးနိုင်ငံကို စည်းရုံးနိုင်မှသာ ကစားနည်းကို ထည့်သွင်းယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

 အားကစားပွဲတွင် ပြေးခုန်ပစ်နှင့် ရေကူးဒိုင်ဗင် ကစားနည်း၊ အိုလံပစ် ကစားနည်း ၁၄ နည်းနှင့် ရိုးရာကစားနည်း ရှစ်မျိုးတို့ကို အခြေခံ ထည့်သွင်းရမည်ဟု သိရသည်။ “အဓိက စဉ်းစားထားတာက ခြင်းလုံး၊ စစ်တုရင်၊ ဗန်တိုသိုင်းတွေပါ။ ဒီမှာ စစ်တုရင်က မနှစ်က အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ပွဲမှာ မြန်မာစစ်တုရင် မဟုတ်ဘဲ အာဆီယံ စစ်တုရင်ဆိုပြီး ယှဉ်ပြိုင်သွားတယ်။ နောက်တစ်ချက်က ရိုးရာကစားနည်း ပါနိုင်ဖို့ရာ ယှဉ်ပြိုင်မယ့် အာဆီယံနိုင်ငံတွေမှာ ကစားနည်းနဲ့ပတ်သက်တဲ့ အဖွဲ့ချုပ်တွေရှိမှ ရပါတယ်။ 

ကိုယ့်ရဲ့ ဗန်တိုသိုင်းနဲ့ ခြင်းလုံးကလည်း တော်တော်လည်း အကန့်အသတ် ဖြစ်နေပါတယ်” ဟု အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ပြောသည်။ အဆိုပါ ရိုးရာကစားနည်းများကိုမူ ရွှေတံဆိပ်ဆုအဖြစ် ထည့်သွင်းရေတွက်နိုင်ခြင်း မရှိဟု သိရသည်။ “ဒီကစားနည်း နှစ်မျိုးရဲ့ နည်းပညာတွေ၊ ဘာသာပြန်တာတွေ စတဲ့ လိုတာတွေ အားလုံး ပြည့်စုံပါပြီ။ သွားပြီး သရုပ်ပြဖို့ပဲ ကျန်ပါတော့တယ်။ ခြင်းလုံးကလည်း ၉၀ ရာခိုင်နှုန်း သေချာနေပါပြီ” ဟု ၎င်းက ပြောသည်။

 မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပသည့်အတွက် ပြိုင်ပွဲများတွင် ပေးအပ်သည့် စုစုပေါင်း ရွှေတံဆိပ်ဆုများ၏ သုံးပုံ နှစ်ပုံခန့်ရရှိရန် ကြိုးစားသွားမည်ဖြစ်သည်။ ပြီးခဲ့သည့် အားကစားပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် မြားပစ် အားကစားကိုလည်း ရွှေတံဆိပ် ထပ်မံရ ရှိအောင် လေ့ကျင့် မည်ဟု သိရသည်။ အားကစားဝန်ကြီးဌာနက ဘိလိယက် ကစားနည်းကို ရာနှုန်းပြည့် အနိုင်ရရန် မှန်းထားလျက်ရှိကြောင်း  မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

လက်သမားနှင့် ပန်းရံများအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များပေးရန် စီစဉ်


နိုင်ငံတကာ ရင်းနှီးမြှပ်နှံမူများ ဝင်ရောက်လာပါက အခြေခံအလုပ်သမားများ ထိုက်သင့်သော လစာနှုန်းထားများရန်အတွက် လက်သမားနှင့် ပန်းရံများအတွက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိအောင် နိုင်ငံ တကာ အလုပ်သမားကိုယ်စားလှယ်များက အောက်တိုဘာလတွင် လာရောက် စီစဉ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားများ အရေးဆောင်ရွက်နေသူ ဦးအေးချိုက ပြောကြားသည်။
"ကျွန်တော်တို့အလုပ်သမားတွေ အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်လောက်အနှိမ်ခံနေရသလဲဆိုတာ အသိပါပဲ၊ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်တွေ မရှိလို့ပဲ"ဟု ၎င်းက ဆိုသည်။
အဆိုပါလက်မှတ်များအတွက် ဆွီဒင်နိုင်ငံတကာ လျှပ်စစ်ကျွမ်းကျင်ရေးအသင်း၏ အတွင်းရေးလက်ထောက်ဖြစ်သူ မစ္စတာ Niklas Enstrom နှင့် BIW ၏ အရှပစီဖိတ်ကိုယ်စားလှယ် Apolinar Tolentiro က အောက်တိုဘာလကစတင်ကာ အခမဲ့သင်တန်းများစိစဉ်ကာ ပေးအပ်သွားမည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
အလုပ်သမာဝန်ကြီးဌာနနှင့် စက်မူဝန်ကြီးဌာန တို့ကလည်းဌာနချင်းပူးပေါင်း ကာ နိုင်ငံတကာ အသိအမှတ်ပြုကျွမ်းကျင်လက်မှတ် များရရှိအောင် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုအလုပ်အမူဆောင် ဦးလှကြိုင်ကဆိုသည်။
"plan တွေကို အင်ဂျင်နီယာအသင်းက ဆွဲတယ်၊ သက်ဆိုင်ရာကိုတင်ပြပြီး အတည်ပြုတယ်"ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ဝန်ကြီးဌာနများ၏ မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ် များပေးအပ်ခြင်းကို Kabar Service Co.,Ltd ၏ ပူးပေါင်းကူညီမှုဖြင့် ပြီးခဲ့သောလက ဂဟေဆက်ခြင်း လုပ်ငန်းအတွက် ပြုလုပ်ပေးခဲ့သည်။

သတင်း..... yangonchronicle

27 September 2012

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း

အင်းယားမြိုင်လမ်းတွင် လူ ၅ဦးကို သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ်သွားသောအမှုကို ယနေ့တိုင် စုံစမ်းလျက်ရှိပြီး CID သို့ လွှဲပြောင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးမြင့်ထွေးက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။ 

 အမူပေါ်ပေါက်မူအခြေအနေကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ အဆိုပါ လူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်းများ ပါဝင်ပက်သတ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။

 ၂၀၀၈ခုနှစ် မတ်လ ၃ရက်နေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ် ခြံအမှတ် (၁၂၆)၌ လူ ၅ဦး အသံတိတ် ပစ္စတိုများဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ်ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏ တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့မိသားစုဖြစ်ပြီး နိုင်ငံတော်ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေးအထူးတင်းကြပ်သော အနေအထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 ငါးနှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုလူသတ်မူကို ပေါ်ပေါက်ရန် ယနေ့တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း အမူပိတ်ထားခြင်း မရှိဘဲ ဆက်လက်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦး က အပတ်စဉ်ထုတ် သတင်းစာဆောင်တစ်ခုတွင် ယခုလအတွင်း၌လည်း ပြောဆိုခဲ့သည်။

သတင်း....  yangonchronicle

မြန်မာ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကရော မြန်မာ့ပညာရေးနဲ့ မြန်မာလူငယ်တွေ အကြောင်း ဘာတွေ ပြောသွားပါသလဲ


စက်တင်ဘာ ၂၅ က စတင်လိုက်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ စပ်လို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သူ့သြဇာနဲ့ ဦးဆောင်ဦးရွက် ကမကထပြုလို့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် တို့လို ကမ္ဘာနဲ့အ၀ှန်း ထင်ရှားကျော်ကြားသူတွေ ကို ကုလသမဂ္ဂ အဆောက်အဦးကို ဖိတ်ခေါ်ပြီး Education First ပညာရေးသည် ပထမဆိုတဲ့ လှုပ်ရှားမှုကို မနေ့က စတင်လိုက်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေရာချီအလယ်မှာ မြန်မာ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကရော
 မြန်မာ့ပညာရေးနဲ့ မြန်မာလူငယ်တွေ အကြောင်း ဘာတွေ ပြောသွားပါသလဲ။ အဲဒီ စည်းဝေးပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုချိုက အခုလို သတင်းပေးပို့ ထားပါတယ်။

ဒီအပါတ်ထုတ် မြန်မာတိုင်းစ်တွင် ပါဂျောင်သတ်ဖြတ်မှုကို သာယာဝတီထောင်တွင် စတင်စစ်ဆေးမှုပြုလုပ်ဟု ဖော်ပြထားခြင်း



မူရင်းလင့်..http://www.facebook.com/photo.php?fbid=339591119469796&set=a.231238103638432.50030.100002567311091&type=1&theater

26 September 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန် တည်းခိုရာ နယူးယောက်မြို့၊ The Mark ဟိုတယ် တွင်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန် တည်းခိုရာ နယူးယောက်မြို့၊ The Mark ဟိုတယ်ကို ဒီကနေ့ စက်တင်ဘာ ၂၅ နယူးယောက် စံတော်ချိန် ည ၆ နာရီ မိနစ် ၅၀ မှာ ရောက်ရှိလာပြီး သမ္မတကြီးနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဧည့်ခန်းမှာပဲ နှစ်ဦးတည်း သီးသန့် တွေ့ဆုံကြမှာ ဖြစ်တယ်လို့ သမ္မတနဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

သတင်း.... ဘီဘီစီ

ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေအကြောင်းကို သမ္မဦးသိန်းစိန်က အမေရိကန်မှာ နိုင်ငံတကာ သိအောင်ပြောကြားမည်

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးမှာ သမ္မတရဲ့  ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေကို နိုင်ငံတကာ သိ အောင် ထုတ်ဖော်ပြောကြားသွားမှာဖြစ်ပြီး ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လဲ ရှင်းလင်း ပြော ကြားသွားဖို့ ရှိတယ် လို့ သမ္မတရုံးက ပြောပါတယ်။

စက်တင်ဘာ ၂၄ရက်က စတင်လိုက်တဲ့ သမ္မတရဲ့ အမေ၇ိကန် တစ်ပတ်ကြာခရီးစဉ်ထဲ အဓိက ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲလို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက ခုလိုထုတ် ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အထူးသဖြင့်တော့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘာတွေလုပ်နေတယ်။ ဘာတွေ ဆက်လုပ် သွားမယ်၊ အခက်အခဲတွေ စိမ်ခေါ်မှုတွေက ဘာတွေရှိနေတယ်၊ အဲ့ဒီအတွက် နိုင်ငံတကာက ထောက်ပံ့ကူညီမှု ဘာတွေ လိုအပ်နေတယ် ဆိုတာတွေ သမ္မတအနေနဲ့  ထုတ်ဖော်ပြောကြားသွားဖို့ရှိတယ်လို့လဲ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အမေရိ ကား ခရီးစဉ်မှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ တွေ့ဖို့ရှိ မရှိကတော့ မသိရသေးပါဘူး။ ဒါပေမယ့် ကုလသမဂ အထွေထွေအတွင်း ရေး မှုးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင် နာဝပ်၊ အမေရိကန်နိုင်ငံခြားရေး မူဝါပိုင်းက ဟင်နရီကစ်ဆင်းဂျား၊ တခါ ဥရောပသမဂ အီးယူထိပ်တန်းေ ခါင်း ဆောင်တွေနဲ့ အမေရိကန်ထိပ်တန်းစီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ ဖို့ ရှိတယ်လို့ သမ္မတရုံးကပြော ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၀၉ခုနှစ်တုန်းက နအဖ ၀န်ကြီးချုပ်အနေနဲ့ ကုလသမဂအထွေထွေညီလာခံမှာ တက် ရောက် မိန့်ခွန်းပြောကြားခဲ့ဖူးပြီး၊ သမ္မတအနေနဲ့တော့ ဒါပထမဆုံးအကြိမ် ညီလာခံ တက်ရောက်တာ ဖြစ် ပါ တယ်။

 ဒီဗွီဘီ

25 September 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝအကြောင်း..ရုပ်သံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်နှင့် နယူးယော့ခ် မြန်မာမိသားစုများ တွေ့ဆုံပွဲ ရုပ်သံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ မြန်မာ ၀န်ထမ်းများ တွေ့ဆုံ ရုပ်သံ

ဘုရင်မ ကော်လိပ်တွင် မြန်မာ့ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောရရင် ပြုံးရွှင်နေတဲ့ သမီး၊

ဖခင်ဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောရရင် ပြုံးရွှင်နေတဲ့ သမီး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိချင်ရင် အများကြီးက ကိုယ့်ကို ချစ်နေဖို့ မလိုပါဘူး၊ တယောက်ထဲက ကိုယ့်ကို နှစ်နှစ်ကာကာ ချစ်ရင်ကို ရပါပြီ။ အဖေဟာ ကျွန် မကို အလွန်ချစ်တယ်လို့ အမေက ပြောပါတယ်။ ကျွန်မဟာ အဖေ့ရဲ့ အချစ်ဆုံးသမီးပါ၊ ဒါကို အဖေကိုယ်တိုင် ပြောခဲ့တဲ့ အကြောင်း မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အရွှန်းဖောက်ပြီး ပျော်ရွှင်စွာ ဖြေကြားထားတဲ့ စက်တင်ဘာ ၂၂ နယူးယောက် ကွင်းစ်ကောလိပ် ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေကြားထားတာတွေကို နားဆင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလို့ အမေရိကန် တေးရေးဆရာ၊ အဆိုတော်၊ စန္ဒရားပညာရှင် ကာရိုး ကင်း Carole King က သီဆို ဖျော်ဖြေခဲ့

ဒေါ်အောင်ဆန်းစုကြည် နယူးယောက် မြန်မာအသိုင်းအ၀ိုင်းနှင့် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နယူးယောက်မြို့ Queens College မှာ မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ စိတ်ဓာတ်ခွန်အား အရေးကြီးပုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိက အလေးပေး ပြောဆိုခဲ့ပါတယ်။

အကြောက်တရားနဲ့ အမုန်းတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေကြတာမို့ ပြဿနာဖြေရှင်းတဲ့အခါ အဲဒီတရားတွေကို ကျော်လွန်ပြီး ပြဿနာရဲ့မူလဇစ်မြစ်ကို တွေ့အောင်ရှာဖို့ အရေးကြီးကြောင်း၊ အထူးသဖြင့် ပဋိပက္ခ ဖြေရှင်းတဲ့နေရာမှာ ဒီအချက် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

"အခုဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ တချို့က ကျွန်မကို မကျေနပ်ကြဘူး။ တဖက်ကို ဘာဖြစ်လို့ တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောလဲ ဆိုပြီးတော့ မကျေနပ်တာ တွေရှိကြပါတယ်။ ကျွန်မကတော့ ဒီလိုပြင်းပြင်းထန်ထန် တဖက်ကိုပြောလို့ ဘာဖြစ်လာမယ်။ စဉ်းစားကြည့်ပါ။ နှစ်ဖက်စလုံးဟာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ထားလိုက်ဦး။ တဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတဖက်က ကျေနပ်မှာ မဟုတ်ဘူး။ အဲတော့ အချင်းချင်း ပဋိပက္ခတွေက ပိုပြီးတော့ကြီးသွားမယ်။ အဲတော့ ကျွန်မကနေပြီးတော့ ပြင်းပြင်းထန်ထန် မပြောလို့ မကျေနပ်ရင် မကျေနပ်ပါစေ။ ရတယ်။ ဒါပေမဲ့ ဒီပဋိပက္ခက ပိုပြီးကြီးထွားသွားမဲ့ ကိစ္စမျိုးကိုတော့ ကျွန်မ မလုပ်နိုင်ဘူး"

မိမိအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တရားဥပဒေ ဖောက်ဖျက်မှု၊ ရင်ကြားစေ့ သင့်မြတ်ရေး မလုပ်နိုင်အောင် တားဆီးမှုတွေကိုတော့ အပြင်းအထန် ကန့်ကွက်သွားမယ်လို့ ပြောဆိုပါတယ်။ ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"နိုင်ငံခြားကိုရောက်နေတဲ့ ကျွန်မတို့ပြည်သူ ပြည်သားများဟာ ကိုယ့်နိုင်ငံကို ပြန်ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင် ဘယ်လိုပိုပြီးတော့ အဆင်ပြေအောင်၊ ဘယ်လိုပိုပြီးတော့ ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲဆိုတာကို အဓိက စဉ်းစားကြပါ။ ဘယ်လို တို့မီး၊ ရှို့မီးတွေ လုပ်မလဲဆိုတာကို မစဉ်းစားကြပါနဲ့လို့ ကျွန်မမေတ္တာရပ်ခံပါတယ်"

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ကုလသမဂ္ဂကို သွားရောက်ခဲ့ပြီး Global Citizen Award ကမ္ဘာ့နိုင်ငံသားဆုကို လက်ခံခဲ့ပါတယ်။