03 September 2010

ပဲခူးမြစ်ရေ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ကျဆင်းလာပြီး စိုးရိမ်ရေမှတ်၏ အထက် ၂ စင်တီမီတာ၌ တည်ရှိနေ


ပဲခူးမြစ်ရေသည် စက်တင်ဘာလ ၁ ရက်နေ့ တိုင်းထွာချက်များအရ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေရာမှ ပြန်လည် ကျဆင်းလာပြီး စိုးရိမ်ရေမှတ်၏ အထက်၌မူ တည်ရှိနေဆဲဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။


ပဲခူးမြစ်ရေသည် စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်များ အရ ပဲခူးမြို့တွင် ၉၁၂ စင်တီမီတာ သို့ရောက်ရှိနေကြောင်း၊ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၉၁၀ စင်တီမီတာ၏အထက် ၂ စင်တီမီတာ ကျော်လွန်နေဆဲဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။


မြစ်ရေသည် သြဂုတ်လ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၁ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ပဲခူး မြို့တွင် ၉၂၅ စင်တီမီတာသို့ရောက် ရှိခဲ့ပြီး ပဲခူးမြို့၏ စိုးရိမ်ရေမှတ်ကို ၁၅ စင်တီမီတာ ကျော်လွန်ခဲ့ကာ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ကျဆင်းစ ပြုလာခြင်းဖြစ်သည်ဟု သိရှိရသည်။


သြဂုတ်လ ၂၉ ရက်နေ့ မြန်မာ စံတော်ချိန် ၁၁ နာရီခွဲအချိန် တိုင်း ထွာချက်များအရ ပဲခူးမြို့တွင် ၈၅၀ စင်တီမီတာသို့ စတင်ရောက်ရှိပြီး နောက် ၂၄ နာရီအတွင်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာကို ကျော်လွန်ရောက်ရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။


ပဲခူးမြို့တွင် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ပဲခူးမြစ်ရေ ဆက်တိုက် မြင့်တက်လာခဲ့ကာ သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း၌ မြစ်ရေအမှတ် ၉၀၀ စင်တီမီတာကို ကျော်လွန်ရောက်ရှိပြီး စိုးရိမ်ရေမှတ်ဝန်းကျင် သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။


၂၀၁၀ ပြည့်နှစ်အတွင်း မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့တွင် မြစ်ရေကြီးမှု များ ကြုံတွေ့ရခြင်းမရှိခဲ့ဘဲ မြစ်ငယ်များဖြစ်သော ဒုဋ္ဌ၀တီမြစ်၊ ပဲခူးမြစ် တို့တွင်သာ မြစ်ရေကြီးမှုများ ကြုံတွေ့ခဲ့ရကြောင်းကို eleven. ဂျာနယ် တွင် ဖော်ပြ ပါရှိသည်.။