14 August 2010

စစ်အုပ်စု၏၂၀၁၀ရွေးကောက်ပွဲကျင်းပရက်ကြေငြာမှုအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏သဘောထားထုတ်ပြန်ချက်

2010 August 14 NCUB Statement on Objection to Regime's Election Bur

စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေမည့် ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ကြ

စစ်အာဏာရှင်အုပ်စု၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲရက်ကိုသတ်မှတ်လိုက်ခြင်းနှင့်စပ်လျဉ်း၍ အထူးသဘောထားထုတ်ပြန်ချက်

Election[1]

ကော့သောင်းမြို့က ပုလုံးတုံးတုံး ဆိုတဲ့ ကျွန်းရွာကလေး ပြည်သူအသံ ရင်ဖွင့်လွှာ

-Kaw-Thaung-တိုင်ကြားစာ

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည် မဝင်းမော်ဦး ရဲ့မိဘများနဲ့ တွေ့ဆုံမေးမြန်းချက်.. (ရုပ်သံ)

မဝင်းမော်ဦး အိမ်မှာချိတ်စွဲထားတဲ့.. မဝင်းမော်ဦးရဲ့ သမိုင်းဝင်ဓာတ်ပုံပါ...






ပေးပို့လာသူအား ကျေးဇူးတင်ပါသည်... ဖြည့်စွက်ပေးတဲ့ ကိုသော်ကြီးအားလည်း
ကျေးဇူးတင်ပါသည်...
(ဒီမိုဝေယံ)

သြဂုတ် (၁၄) ချစ်ခြင်းအားဖြင့် အလွမ်းပြေ ထူးအိမ်သင်



ထူးအိမ်သင် သီဆိုသော နှုတ်ဆက်တေးကို နားထောင်မိရာက ထူးအိမ်သင် ကွယ်လွန်သည့် ရက်စွဲမှာ၂၀၀၄ ခုနှစ် သြဂုတ် ၁၄ ဟု သိရ၏။ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၄ ဆိုလျှင် သူကွယ်လွန်တာ ခြောက်နှစ်ပြည့်ပြီ။ နှုတ်ဆက်တေးကို သူ့သူငယ်ချင်း မြင့်မိုးအောင် ရေးဖွဲ့ထားသည်။ နှုတ်ဆက်တေးသည် တေးရေး၏ ဘ၀ပေလား။ တေးဆိုသူ၏ ဘ၀ပေလော။ အနုပညာသည် တစ်ဦး၏ ဘ၀ပေလော။ ထိုသီချင်းကို ဗီစီဒီအဖြစ် လွင်မိုးက ရိုက်သည်။ ဆံပင်ကောက်ကွေး၊ နှုတ် ခမ်းမွှေး မုတ်ဆိတ်မွှေးငုတ်စိ၊ နှုတ်ခမ်းပြဲပြဲ၊ ပါဝါမျက်မှန်ထူထူ၊ ခေါင်းမာတတ်ဟန်တူသူ၊ အင်္ကျီအကွက်၊ ဂျင်းဘောင်းဘီအပြာ ၀တ်ဆင်ထားသူ မွန်မြန်မာလူငယ်လေး ဂစ်တာတီးနေသည်။ သီချင်းဆိုနေသည်။

ပြီးတော့ အလင်းရောင်အခန်းလေးကို ထားခဲ့သည်။ လှေကားအတိုင်း ဆင်းသွား၏။ အမှောင်ဆီသို့ သူတိုးဝင်သွားပြီ။ ဂျင်းဘောင်းဘီ အပြာသည် အမှောင်ထဲမှာ မှောင်သွားသည်။ ပုသိမ်ကောလိပ် ဂီတညဆီသို့ သွားမှာလား။

'နှုတ်ဆက်ခဲ့ပါတယ် အချစ်ဖွဲ့ သီချင်းလေးရယ် ငါ နောက်ထပ်ဆိုညည်းစရာ မလိုအပ်တော့ပါ' ချစ်မေတ္တာတရားကို တမ်းတတတ်လေသူက အချစ်ဖွဲ့သီချင်းလေးကို ပြတ်ပြတ်သားသား နှုတ်ဆက်သွားပြီ။ 'ငါပြန်မလာတော့ဘူး အခန်းလေးရယ်'ဟု သူ သည် သီချင်းနှင့် နှုတ်ဆက်သွား၏။

'နှုတ်ဆက်ခဲ့ပါတယ် ကောင်းမြတ်ခြင်းတရားရယ်။ ငါမင်းရဲ့အလိုအတိုင်းသာ စွန့်စားခဲ့တယ်။ ငါ့အိပ်မက်တွေဟာ ဖြစ်မလာခဲ့ဘူး။အမှောင်မှာ ကျင်လည်ဖို့ ထွက်သွားပြီဟေ့'

ထူးအိမ်သင် ကွယ်လွန်ချိန်မှာ သူ၏ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထောသည် သူ့သီချင်းတွေ စိမ့်ဝင်နေသော သူ့ဂစ်တာလေးနှင့်အတူ ကျန်ရစ်ခဲ့ကြ၏။ သြစတြေးလျ ပလွေလေးမှာ မှုတ်သူကင်းမဲ့ချေပြီ။

''ကျွန်တော် စိတ်အ၀င်စားဆုံးက နှစ်ခုပဲရှိတော့တယ်။ အနုပညာရယ် သေခြင်းတရားရယ်ဗျ။ သေတော့လည်း ပျောက်သွားတာပဲဗျ။ ကျွန်တော်တို့လုပ်ခဲ့တဲ့ ကုသိုလ်တွေ၊ ကောင်းမြတ်တဲ့စိတ်ထားတွေ၊ ရိုးသားမှုတွေက ဘယ်လိုလဲ မသိဘူး''

ထူးအိမ်သင်က သူနှင့်တွဲဖော်တွဲဖက် စာရေးဆရာ နီကိုရဲကို ပြောခဲ့သည်။ တေးရေး၊ တေးဆို ထူးအိမ်သင်သည် သူ့မိတ်ဆွေ နီကိုရဲ၏ မွေးနေ့ မစ္စတာဂစ်တာမှာ ကျင်းပစဉ် မွေးနေ့ရှင်က သီချင်းဆိုပေးဖို့ တောင်းဆိုသော်လည်း အပြုံးလေးတစ်ပွင့် သာ ပွင့်ပြခဲ့၏။ သီချင်းဆိုမပေးပါ။

ဧရာဝတီမြစ်ဝှမ်းမှာ မြန်မာနိုင်ငံကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြသော ရှေးမြန်မာတို့ကို သူအရမ်းအံ့သြ၊ အရမ်းကြည်ညို၊ အရမ်း လေးစားနေမိသည်။ ဧရာဝတီ၏ တောက်ပသော သမိုင်းကြောင်းကို သူ့ရင်ဘတ် ပေါက်ထွက်မတတ် ခံစားမိသည်။ ရှေ့ဆက်သွားမည့် သူ့မျှော်လင့်ချက်တွေကို ဖြန့်ကြက်ခင်းကျင်းကြည့်မိသည် .

သူ့ကို လုပ်ချင်တာကို လုပ်ရဲသော သတ္တိထက် မလုပ်ချင်တာမလုပ်ဘဲ နေရဲသော သတ္တိကို ပိုသဘောကျမိပါ သည်ဟု ၀တ္ထုရေးဆရာက မှတ်ချက်ချသည်။ အပိုဆာဒါးတွေ မလုပ်ခဲ့သူဟု ကျွန်တော်က ထပ်ဖြည့်ချင်၏။

နှုတ်ဆက်တေးကို နားထောင်အပြီးမှာ အလင်းဆိုင်လေးရဲ့သီချင်း၊ ကြယ်တွေစုံတဲ့ည သီချင်းနှစ်ပုဒ်ကို ကျွန်တော် ဆက်နားထောင်မိသည်။ အယ်ဖြူရေးသည်။ ၂၀၁၀ မှာ ကျွန်တော်သည် ထူးအိမ်သင်၏ ပရိသတ် အစစ်ဖြစ်သွားပြီ။ သူ့မျက်နှာပေါ်မှ ဟန်မလုပ်သော ရိုးသားမှုကို ကျွန်တော်ကြိုက်သည်။ သူသည် ပေါ်လွင်ချင်လွန်းသော လူစားမျိုးမဟုတ်။ သူ့မျက်နှာပေါ်မှာ ၀ါဝါထိန်ထိန် အရောင်များကို မတွေ့ရပါ။ ငြိမ်းချမ်းသော အပြာရောင်၊ ရိုးသားသော အဖြူရောင်ကိုသာ တွေ့ရတတ်သည်။

"ကျွန်တော် ဒီလောကကြီးမှာ နေမှု၊ ထိုင်မှု၊ ရှင်သန်မှုပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော့် မတရားသဖြင့် အသက်ရှင်နေတာမျိုး မဖြစ်အောင်လို့ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီးတော့ နေထိုင်ပါတယ်''ဟု မဂ္ဂဇင်း အင်တာဗျူးတစ်ခုမှာ သူပြောခဲ့ဖူး၏။

သူလူ့ဘ၀မှာ မရှိတော့။ သူ့အနုပညာ၊ သူ့ရိုးသားမှု။ သူ့ကောင်းမြတ်ခြင်းတရားတို့က ပျောက်ကွယ်မသွားပါ။ ကျွန်တော်တို့ ခံစားနေရသည်။

အိပ်မက်သည်သူ၊ သူသည် အိပ်မက်။ အိပ်မက်သည်အသက် ဖြစ်စေ။ အချစ်ကြွင်းစေ၊ မြတ်နိုးမှု ကြွင်းစေ၊ မေတ္တာကြွင်းစေ။ လင်းလက်တောက်ပဆဲမှာ ကွဲကြေသွားသော ညနေကြယ်ဟု သူ့သူငယ်ချင်းများက သူ့ကိုတင်စားကြ၏။

'ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးက
ခဏကြည့်တာနဲ့ ရင်ထဲတုန်လှုပ်သွား။
ဘ၀မှာ ဆိုးရွားလွန်းတဲ့ အဓမ္မကို နိုင်ဦးမလား။
ဉာဏ်ပညာရယ်၊ ချစ်ခြင်းတရား ရင်ထဲလှပတဲ့ နေ့တွေရှိဦးမလား။
ဉာဏ်ပညာရယ် ချစ်ခြင်းတရား ရင်ထဲတောက်ပတဲ့ နေ့ရက်တွေ ကြုံဦးမလား။
ယုံကြည်တမ်းတဲ့ နှလုံးသားများအားလုံးရဲ့ ကမ္ဘာသစ်ရယ်
ယုံကြည်တမ်းတတဲ့ နှလုံးသားများအားလုံးရဲ့ အိပ်မက်ရယ်'

ဉာဏ်ပညာနှင့်ချစ်ခြင်းတရားတို့ ထုံးမွှမ်းသော အသစ်ကမ္ဘာကို လှပသည့်နှလုံးသားဖြင့် ယုံကြည်တမ်းတတတ်သူ ထူးအိမ်သင်၏ လူငယ်ဘ၀မှာ အသည်းကွဲသော အမေ့ဒုက္ခအိုးလေးဖြစ်သည်။

၁-၇-၆၃ မှာ သူ့မွေးရက်စွဲ။ ပုသိမ်မြို့မှာ မူလတန်းပညာ စတင်သင်ကြားခဲ့ပြီး အထက်တန်းပညာကို ပုသိမ် အ.ထ.က(၃)မှာ အောင်မြင်ခဲ့၏။ ၁၉၈၂-၈၃ တွင် ပုသိမ်ကောလိပ်မှာ ပထမနှစ်ကို နှစ်ကြိမ်ကျရှုံးပြီး ပြင်ပဖြေ (External) ကျောင်းသား တစ်ဦးဖြစ်နေ၏။

အခန်းထဲမှာ သူလဲကျနေ၏။ သူ့သူငယ်ချင်း၏ အခန်းလေးထဲမှာ သူသည် ခွေခွေလေး လဲကျနေ၏။ သူသည် အခန်းထဲမှာ ပစ်ချခံရသော ဖဲချပ်တစ်ချပ် ဖြစ်၏။ သူသည် အခန်းထဲက ပုလင်းလွတ်တစ်လုံး ဖြစ်သည်။ သူသည် အခန်းထဲမှာ ထောင်ထား သော ဂစ်တာစုတ်ကလေးတစ်လုံး ဖြစ်သည်။ သူသည် အခန်းပြတင်းပေါက်မှ ကြယ်ကလေးကို ငေးကြည့်နေသော ကြယ်ငေးသူတစ်ဦး ဖြစ်သည်။

'အမေ . . . ကျွန်တော့်ကို စိတ်မပျက်ဘူးလား
အမေယုံကြည်မျှော်လင့်ထားသမျှ ဘာတစ်ခုမှဖြစ်မလာ
ကိုယ်မှန်တယ်ထင်ရင်ပြီးရော ခေါင်းမာတတ်တဲ့အကျင့်ကဆိုး
ပိုက်ဆံတစ်ပြားမှမရှိဘဲ သူသိက္ခာရှိချင်သေးသတဲ့
အမေ့ရဲ့ဒုက္ခအိုးလေးပေါ့'

သို့သော် သူသည် ပုသိမ်ကောလိပ် အနီးအနားက အခန်းလေးထဲမှာ အမြဲတမ်း လဲကျနေသူ မဟုတ်ပါ။ လဲကျရာမှ သူရုန်းထသည်။ သူကိုယ်ကို သူကိုယ်တိုင် ထူမတ်ခဲ့၏။ မိဘများက မော်လမြိုင်သို့ တာဝန်ဖြင့် ပြောင်းရွှေ့ရပြီးနောက် သူလည်း မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒဘွဲ့ဖြင့် ကျောင်းပြီးသွားသည်။ မော်လမြိုင်မြို့တွင် ဂီတဆရာဦးအောင်စိုး(KC Francis) ထံမှ ဂီတသင်္ကေတနှင့်ဂီတပညာ သင်ယူသည်။ ၁၉၈၆ ခုနှစ်တွင် နာရီပေါ်မှ မျက်ရည်စက်များ' အမည်ရှိ ပထမဆုံး သီချင်းအယ်လ်ဘမ်ကို ရန်ကုန်မြို့တွင် အသံသွင်းနိုင်ခဲ့သည်။ ဂီတကို ရေဆုံးရေဖျား စနစ်တကျ လေ့လာဆည်းပူးခဲ့သော ထူးအိမ်သင်သည် ပထမဆုံးသီချင်းများနှင့်ပင် နာမည်ပေါက်သွားသည်။ မှော်ဆရာ့အိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ။ သူ့သီချင်းများသည် ကောင်းကင်ကကြယ်ကလေးများနှင့် အဆက်အသွယ်ရသွားပြီ။ မြို့ပြလရောင်ညများထဲမှာ သူ့သီချင်းက သီချင်းဆိုနေသည်။ ဂျပ်ဆင်ထိပ်ကလရိပ်ပြာထဲမှာ သူ့သီချင်းဖွဲ့တည်သည်။

'ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ် ရင်ကိုခုန်စေတဲ့သီချင်းရယ် အမှောင်မှာအသာအယာ နားစွင့်ခဲ့သူမှာ . . .'
ထူးအိမ်သင်ရေးခဲ့သမျှ သီချင်းများထဲတွင် ကျွန်တော်အကြိုက်ဆုံး သီချင်းနှစ်ပုဒ်ရှိသည်။ အသစ်ကမ္ဘာသို့။ ရာဇ၀င်များရဲ့သတို့သမီး။ အသစ်ကမ္ဘာသို့ သီချင်းကို လေးဖြူ၊ အငဲ၊ မျိုးကြီးတို့အဖွဲ့က ထူးအိမ်သင်ကွယ်လွန်ပြီးမှ သီဆိုခဲ့ကြသည်။ ရာ ဇ၀င်များရဲ့ သတို့သမီးကို ထူးအိမ်သင်ကိုယ်တိုင် ရာဇ၀င်ပြောင်မြောက်အောင် သီဆိုခဲ့သည်။ လေးဖြူက ဂျပန်ဖူကူအိုကာမြို့မှာ မြန်မာလူမျိုး၊ မြန်မာပြည်ကိုယ်စားပြု Own Tune အဖြစ် ဂုဏ်ယူစွာ သီဆိုခဲ့သည်။ ကျွန်တော် တို့တိုင်းပြည်၏ ဧရာဝတီမြစ် ဖြစ်ပါသည်။

'ရာဇ၀င်သစ်တို့မွေးဖွားရာ ရွှေရောင်နေ့သစ်များအတွက်
ရင်ခုန်သူတို့ရဲ့သီချင်းတွေ ပျိုမျစ်စိမ်းလန်းရေးအတွက် ယုံကြည်သူတွေအသက်နဲ့ ထုဆစ်ခဲ့တဲ့ အိပ်မက်များ ဧရာဝတီ
ရာဇ၀င်များရဲ့သတို့သမီး ငါတို့ရဲ့မိခင် ဧရာဝတီ
ငါတို့ရဲ့ဝိညာဉ် ဧရာဝတီ'

ညတစ်ညတွင် ထူးအိမ်သင်သည် ပုဂံရှိ ကန်တော့ပလ္လင် ဘုရားပေါ်မှ ဧရာဝတီမြစ်ကို စိတ်ဝင်တစား စူးစူးရဲရဲကြည့်နေမိသည်။ ဧရာဝတီမြစ်၏ တစ်ဖက်ကမ်း စက်ရုံဆီမှ မီးရောင်များ၊ ဧရာဝတီမြစ်ပြင်ပေါ်မှာ တလက်လက်တောက်ပနေသော အလင်း ရောင်များ၊ ဤဘက်ကမ်းတွင် ရှေးဟောင်းဘုရား မည်းမည်းများ၊ မြစ်၏တစ်ဖက်တွင် တောင်တန်းများ။

ဧရာဝတီမြစ်ဝှမ်းမှာ မြန်မာနိုင်ငံကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြသော ရှေးမြန်မာတို့ကို သူအရမ်းအံ့သြ၊ အရမ်းကြည်ညို၊ အရမ်းလေးစားနေမိသည်။ ဧရာဝတီ၏ တောက်ပသော သမိုင်းကြောင်းကို သူ့ရင်ဘတ် ပေါက်ထွက်မတတ် ခံစားမိသည်။ ရှေ့ဆက်သွားမည့် သူ့မျော်လင့်ချက်တွေကို ဖြန့်ကြက်ခင်းကျင်းကြည့်မိသည်။

ပုဂံညမှရခဲ့သော ညဧရာဝတီ ဈာန်ဝင်စားမှုကို အိုအေစစ်စတူဒီယိုမှာ တစ်လလုံးလုံး စိတ်ရှည်လက်ရှည် မအိပ်မနေ ရေးဖွဲ့တော့သည်။ သူ့ရင်ထဲမှာ၊ သူ့သွေးထဲမှာ ဧရာဝတီမြစ်သည် အားကောင်းဟုန်ပြင်း စီးဆင်းနေ၏။ သီချင်းမပြီးမချင်း သူအိပ်မ ပြန်တော့ပါ။ သူ့စိတ်မှာ သူ့ကိုယ်မှာ သူ့သွေးမှာ ဧရာဝတီမှလွဲ၍ အခြား ဘာမှမရှိတော့ပါ။ သီချင်းမပြီးမချင်း သူမာန်မချပါ။ ကွမ်းတစ်ယာ၊ ရေတစ်မှုတ်ဖြင့် သူစိတ်လျော့ချလိုက်ခြင်း မလုပ်ပါ။ သူဖန်တီးသော 'ရာဇ၀င်များရဲ့သတို့သမီး' ကြားရတော့ မြန်မာပြည်သည် ကြက်သီးဖြန်းဖြန်း ထရပြီ။

'ဣနြေ္ဒကြီးမားလွန်းတဲ့ ဒီမြေမှာ တို့ရဲ့သွေးတွေ ဖြတ်သန်းရင်းနဲ့စီးဆင်း
သူဟာရာဇ၀င်များရဲ့ လျှို့ဝှက်ချက်တို့သိမ်းဆည်းထား ဧရာဝတီ
ရွှေအတိပြီးသော မြို့ပြများ အစဉ်အလာကြီးမားခဲ့ကြရာ ရာဇ၀င်ဟောင်းရဲ့ အမှတ်တရ
ဒီမြေဟာတို့ရဲ့အမိမြေ ယဉ်ကျေးမှုရဲ့ နှလုံးသား ရှင်သန်စေသူတန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ ဧရာဝတီ'

ရာဇ၀င်များရဲ့သတို့သမီးကို ဖန်တီးခဲ့သော ထူးအိမ်သင်ကို ခင်ဗျား မေ့ပျောက်ပစ်နိုင်သလား။ ကွဲကြေကြယ်သို့ ချစ်ခြင်းအားဖြင့်...။ ဤစာမျက်နှာတွင် သူ့ကိုအမှတ်တရ ရှိရပြီ။

မောင်ကိုကို(အမရပူရ)

.................................................................။......................................................................................
အရေးကြီးပြီ

အရေး– ကြီးပြီ ညီနောင်အပေါင်းတို့ 

သွေး– စည်းကာ ညီစေ ညီကြစို့ 

ငါတို့ သမိုင်းသစ်ကို ငါတို့ သွေးနဲ့ ရေးခဲ့သည်

သွေး

သစ္စာလည်း ပြုခဲ့ပြီ။

နိုင်ငံတော်အတွက်ဆို

အသက်ကိုလည်း ဘာမထီ

သေပစေ

ခွပ်ဒေါင်းသွေးတွေ ရဲရဲ ရှေ့ ကိုချီ

လွတ်—လပ်ခွင့်နဲ့  ငြိမ်းချမ်းရေးအတွက်ဆီ

အဆုံးသတ်တိုက်ပွဲ ငါတို့ နွဲရမည်။

ထူးအိမ်သင်

အရေးကြီးပြီ ဆိုတဲ့ ကိုထူးအိမ်သင် ရဲ့ သီချင်း လေးကိုကျမ မြတ်လေးငုံ က ကိုထူးအိမ်သင် ကိုအစဉ်အမြဲအားပေးလေးစားခဲ့သောပရိသတ်တဦးအနေနဲ့ မနက်ဖြန်ကျရောက်မယ့်(၆)နှစ်ပြည့် အတွက်အောက် မေ့သတိတရ နှင့် ပြန်လည်တင်ပြပေးလိုက်ပါတယ်ရှင်.။

13 August 2010

၂၀၁၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ကြေငြာချက်နဲ့ ပတ်သတ်ပြီး ရှေ့နေကြီး ဦးဥာဏ်ဝင်း ပြောဆိုချက်..

၂၀၁၀ ရွေးကောက်ပွဲအား လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ယနေ့ မနက်(၁၀)နာရီက စစ်အစိုးရ (MRTV) သတင်းမှ ကြေငြာသွားပါတယ်..။ ထိုသတင်းနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက်ကို တင်ပြလိုက်ရပါတယ်..။

ဒီနေ့မနက် (၁၀)နာရီက (MRTV) သတင်းဋ္ဌာနကနေပြီးတော့ လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာသွားပါတယ်။ အန်ကယ်အမြင်ကို ပြောရရင် ဒီအချိန်နဲ့ ဒီအခြေအနေ ရွေးကောက်ပွဲ ကြေငြာတဲ့ရက်နဲ့ ကျင်းပမယ့်ရက်နဲ့ ဒီလောက်နီးတာ ဘယ်လိုလုပ်.. ... အဆင်ပြေ နိုင်မလဲဗျာ...ဒါကတစ်ချက် .. ဒုတိတစ်ချက်က အခုအချိန်အထိ ဘာမှ ထုတ်ပြန်ခွင့်မရှိဘူး ပါတီတွေက ..နောက် သတင်းရယူခွင့် သတင်းထုတ်ပြန်ခွင့် မရှိဘူး.. နှစ်ခုပေါ့နော် အဲ့ဒါတွေကြောင့် ဘယ်လိုမှ Free and Fair မဖြစ်နိုင်ဘူး..

နောက်ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့မှ နေအိမ်အကျယ်ချုပ်မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်.. ထိုအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ.. ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့ သူတို့ဥပဒေအရဆိုရင် ပြန်လွတ်ရမှာ ဖြစ်ပါတယ်...။ အဲ့ဒီမတိုင်ခင် ကျင်းပတာပေါ့လေ.. အဲ့ဒါကို ရှောင်တာ မရှောင်တာတော့ သူတို့ ဘယ်လို ဆုံးဖြတ်လဲတော့ မသိဘူးပေါ့ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်..


ဒီမိုဝေယံ

......................................................................................................................................................................



မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်မည့်ရက် ထုတ်ပြန် ကြေငြာ




၂၀၁၀ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့ (တနင်္ဂနွေနေ့တွင်) ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ယနေ့ သတင်း ထုတ်ပြန် ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၈ ပါ တာဝန် နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီး အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်း ပြုလုပ်မည် ဖြစ်ကြောင်း ယနေ့ နံနက်ခင်း သတင်းတွင် မြန်မာ့ ရုပ်မြင် သံကြား (MRTV) လည်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ ဟု ကော်မရှင် က သတ်မှတ် (၁၁.၈.၂၀၁၀) နေတွင် သတ်မှတ် ကြေငြာ ပြီးနောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်း ပြုလုပ်မည် ဖြစ်ကြောင်း ထပ်မံကြေငြာခြင်း ဖြစ်သည်။ လက်ရှိ၌ နိုင်ငံရေး ပါတီ တည်ထောင် ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိသွားပြီ ဖြစ်ပြီး နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီ အနက် ပါတီ ၄၀ ကို မှတ်ပုံ တင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန် ချက်များအရ သိရှိရပါသည်။

(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကျဆုံးသွားတဲ့ မဝင်းမော်ဦး မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ အာဇာနည်မဝင်းမော်ဦး အတ္တုပ္ပတ္တိ...

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
လက်ရှိ လှိုင်သာယာက မဝင်းမော်ဦးရဲ့ မိဘတွေရဲ့ နေအိမ်ပါ....
မဝင်းမော်ဦးရဲ့ ကျောင်းသားကဒ်လေးပါ..


မ၀င်းမော်ဦး (၂၁)နှစ်ပြည့် အထိမ်းအမှတ်
၁၉.၉.၂၀၀၉ မှာဝေငှတဲ့
အာဇာနည် မ၀င်းမော်ဦး၏ အတ္တုပတ္တိအကျဉ်း
------------------------------------------

အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်

ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဆရာဝန်လောင်းကိုဇော်ဝင်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုဇော်ဝင်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဆရာဝန်လောင်းကိုစောနိုင် ဟုလည်းပြောပါသည်။

သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။

"မ၀င်းမော်ဦး" သည် ၁၉.၉.၀၉ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ပေးပို့ပေးသူအား အထူးကျေးဇူးတင်ပါသည်...။


မီးမသဂြိုလ်ခင်မှာ နောက်ဆုံး တွေ့ရတဲ့ အာဇာနည် မဝင်းမော်ဦးရဲ့ နောက်ဆုံးပုံပါ...

ဓာတ်ပုံ ပေးပို့သူ BP နှင့် blue.peaceforu အားကျေးဇူးတင်ပါသည်...။

(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ ကျဆုံးသွားခဲ့ရတဲ့.. မ၀င်းမော်ဦး နှစ်ပတ်လည်များအား အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ မ၀င်းမော်ဦးမိသားစုသည် တချိန်က ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်ခဲ့ပြီး အာဏာပိုင်တို့၏ အနှောက်အယှက် ပေးခဲ့မှုကြောင့် မိသားစုများ ဒုက္ခရောက်ပြီး မိသားစုလိုက် လှိုင်သာယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ မဝင်းမော်ဦး မိသားစုအား လေ့လာချက်အရ အထက်ပါ.. အိမ်ကလေးတွင် လူအမြောက်အများ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါသည်။ ထိုကြောင့် မ၀င်းမော်ဦး နှစ်ပတ်လည် ကျင်းပရန်လဲ ခက်ခဲခဲ့ပါသည်။ နောက်ပိုင်းနှစ်များအား ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများမှ ဖိတ်စာမှစပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ မ၀င်းမော်ဦး၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့မှုအား အသိအမှတ် ပြုသူများအနေဖြင့် အာဇာနည် ကျောင်းသူ မ၀င်းမော်ဦး၏ နှစ်ပတ်လည် နှစ်စဉ်နှစ်တိုင်း ဖြစ်မြောက်ရေးအား ၀ိုင်းဝန်းကူညီကြပါရန် ... ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။ blue.peaceforu@gmail.com , skype-shwekyaungtharr 0044-07915157660
shwekyaungtharr@gmail.com သို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ
(မြန်မာနိုင်ငံ)
Ma Win Maw Oo
(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ စစ်အာဏာ ပါးကွက်သားတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့.. မောင်တင်ထွန်း. မဝင်းမော်ဦးနှင့် မောင်သန်းဋ္ဌေး

အင်မတန်ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက်ပါ.. ခံစားချက်များစွာနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်ပြောင်းသတိရရင်း အာဇာနည် မ၀င်းမော်ဦးရဲ့ အတ္တုပတ္တိကို ဖတ်လိုက်ရပါတယ်။ နှစ်စဉ်နှစ်တိုင်း စစ်အာဏာရှင် စံနစ်အောက် ထပ်မံကျရောက် ခဲ့ရသည့်.... စစ်အာဏာသိမ်းပြီး နောက်တစ်နေ့၌ ကျဆုံးခဲ့ရတဲ့ (၁၉)ရက် (၉)လ ရောက်တိုင်း မဝင်းမော်ဦး အတွက် ဆွမ်းသွပ်တရားနာပွဲ နှစ်စဉ် မိသားစုမှကျင်းပ ပြုလုပ်ခဲ့ကြပါတယ်...။ မဝင်းမော်ဦး မသေဆုံးခင် ပြောသွားခဲ့တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပေးပါလို့ ရင်နင့်ဖွယ် မှာကြားသွားခဲ့တဲ့အတွက်.. ယခုအချိန်အထိ မဝင်းမော်ဦးအတွက် အမျှမပေးနိုင်သေးတာ (၂၂)နှစ်ရှိနေပါပြီ.... အာဇာနည် မဝင်းမော်ဦးကို အမျှပေးဝေနိုင်ဖို့ ကျွန်တော်တို့ အားလုံး မစွမ်းဆောင်နိုင်သေးပါဘူး.. မဝင်းမော်ဦး ကောင်းရာ သုဂတိလားပါစေ...။

ဒီမိုဝေယံ...

မြန်မာအမျိုးသမီးလေးတွေကို အခုလိုတွေ လုပ်ခွင့်ပေးနေတာ စစ်အာဏာရှင်တွေ ဘာသဘောပါလဲ? ဒီလို ဝတ်စား နေထိုင်နေပုံကို မိဘတွေလဲ ဒီလိုဘဲ ကြည့်နေကြတော့မှာလား?


ယခုလ သြဂုတ်လ (၇) ရက်နေ့  ရန်ကုန်မြို့  သုဝဏ္ဏအားကစားရုံမှာ Bo Bo Entertainment ကနေ စီစဉ်ကျင်းပခဲ့တဲ့ Acoustic Hip-Hop Show ပွဲမှာ မြင်ရတွေ့ ရတာတွေကတော့ တော်တော်ကိုအခြေအနေ ဆိုးရွားနေတာပါဘဲ.။

ထိုမိန်းကလေးများကို မွေးဖွားခဲ့သော မိဘများကလဲ ကိုယ့်သားသမီးများကို ထိန်းမနိုင်ကြတာလား? ဒါမှမဟုတ် ကြည့်ကောင်း နေကြတာလားဆိုတာတော့ စဉ်းစားစရာပါဘဲ.။ ကိုယ့်ကို မွေးဖွားပေးတဲ့ မိဘ အသိုင်းအဝိုင်းတွေကလဲ ဂုဏ်ယူနေကြတာဘဲလား။ ဒါငါ့သမီးလေဆိုပြီး မာန်တက်နေပုံတွေလား? တော်တော်ကို မြင်မကောင်းတဲ့ ကိစ္စတွေပါဘဲ.။

ကိုယ့်အမျိုးဂုဏ်ကို ကိုယ်ဘဲ စောင့်ထိန်းကြရတာပါ.၊ ခုတော့လူငယ်တွေကိုခုလိုတွေဝတ်ပြ၊ ဖော်ပြ၊ ချွတ်ပြ၊ နေတာ ကိုကြတော့၊ နအဖစစ်အာဏာရှင်ကြီးများ ဘယ်လိုအမျိုးဂုဏ် ဇာတိဂုဏ်တွေ ထိန်းသိမ်းထားကြပါသလဲ?၊ ကိုယ့်တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေ၊ ခြစားနေတာတွေ၊ လမ်းမှားနေတာတွေကို ... ဖော်ပြပေးတဲ့ အများအကျိုးပြု လမ်းညွှန်ပြပေးတဲ့၊ ကာတွန်းတွေ၊ သီချင်းတွေ၊ ကဗျာ၊ ဆောင်းပါးများ ဖြင့်၊ ရေးသား ဖော်ထုတ်ပြသ သူတွေကိုတော့ မတရားသဖြင့် ဥပဒေမျိုးစုံကို သုံးပြီး ဖမ်းဆီးမ တရားသော နှစ်ရှည်၊ လပေါင်းများစွာ ထောင်တွေချ၊ မတရားသဖြင့် စစ်ကြောရေးစခန်းတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ မျက်စိပိတ် နားပိတ်အောင် နိုင်ထက်စီးနင်း အာဏာကို အလွန်အကျွံ သုံးစွဲပြီး.. ထင်သလို စီရင်ချက်တွေ ချတတ်ကြပြီး ..ယခုလိုအမျိုးသားဂုဏ်ကို ထိခိုက်စေတဲ့သရုပ်ပျက် အဝတ်အစားတွေဝတ်ပြ၊ ဖော်ပြ၊ ချွတ်ပြ၊ လူမြင်မကောင်းအောင် ပြုလုပ်နေတဲ့ ရှိုးပွဲတွေကျတော့ ပါမစ်တွေချပေးခဲ့တယ်.။ လုပ်ပိုင်ခွင့်တွေ ပေးနေပါတယ်။

“တိုင်းပြည်တွင်းမှာ နိုင်ငံရေး မလုပ်ရင် ပြီးရော... ငါတို့ကို မတော်လှန်ရင်ပြီးရော..... ဖြစ်ချင်တာဖြစ်ဆိုပြီး လုပ်နေတဲ့ နအဖစစ်အုပ်စု” ရဲ့စေတနာကတော့ တကယ် အံ့မခန်းပါဘဲ ၊ တိုင်းပြည်မှာလဲ ရောင်းစားတာကုန်ပြီ အမျိုးကောင်း သားသမီးတွေလဲ ပျက်ဆီးကုန်ပြီ နအဖစစ်အုပ်စုရောင်းစရာ မကုန်တာကတော့ ကျမတို့ တိုင်းပြည်က သူတို့ မိန်းမတွေနဲ့ သူတို့သမီးတွေဘဲ ကျန်ပါတော့တယ်.။ ဒါတောင် ဒေါ်လာများများ ရရင် စဉ်းစားဦးမယ် ထင်ပါတယ်.။

နအဖ စစ်အုပ်စုခေါင်းဆောင်ကြီး ဦးသန်းရွှေ နဲ့အပေါင်းအပါ တွေ ခုလိုမျိုး မြန်မာအမျိုးသမီး တွေကို ကြည့်ပြီး သေခါနီးရိက္ခာ ယူနေကြတာပဲလား ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဆိုတာ ဒါကို ခေါ်တာပဲဆိုပြီး ကြံဖန် ဂုဏ်ပဲယူနေမယ် ထင်ပါတယ်.။ ဦးနေဝင်း တုန်းကလဲ သေခါနီးရိက္ခာ ယူပြီး မကြာလိုက်ပါဘူး သူလဲ သေတာပါဘဲ.။

ဤပွဲတွင် ကပြ အသုံးတော်ခံနေရသော မြန်မာ အမျိုးသမီးလေး အမျိုးဂုဏ်စောင့်ထိန်းနေပုံကဖြင့် တော်တော်အတုခိုးစရာ တွေများလား?၊ မြန်မာနိုင်ငံ စာပေစိစစ်ရေးကတော့ ဖော်ချွတ် နေသောပုံ များကို သုံးခွင့်မပြုတော့ ပြန်ဘူးတဲ့ ... ဂျာနယ်များတွင် ဘယ်လောက် ကြာကြာ ခွင့်မပြု ဘဲထားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရပါအုံးမယ်.။

စတိတ်ရှိုးပွဲများ၊ မော်ဒန်ရှိုးပွဲများ၊ ယခုလိုမျိုးတွေကို ပြုလုပ်ခွင့် ပေးခဲ့သော ပါမစ်ချပေး ခွင့်ပြု ချက်တွေ ပေးခဲ့သော လူကြီးမင်းများကို လည်း ခုလိုအသုံးတော်ခံနေသော မြန်မာမလေးများတွင် ကိုယ့်သမီး ကိုယ့်တူမ ကိုယ့်ဆွေးမျိုး သားချင်းများ ပါဝင်ခဲ့မယ်ဆိုရင် မည်သို့နေမည်နည်း?။ ဘယ်သူတေတေ ငတေမှာ ပြီးရောဆိုပြီး ၂၀၁၀ အတွက် လွတ်လပ်ခွင့်တွေ ပေးနေတာများလား.....။ နအဖကတို့ ဖျက်ဆီးတာကတော့ တစ်တိုင်းပြည်လုံးကိုသာမက ပညာရေး၊ ယဉ်ကျေးမှုပါမကျန်... အနှစ်(၂၀)ကျော်အတွင်း အလုံးစုံ ဖျက်ဆီးပြစ်နေပါပြီ...။ ဗိုလ်ချုပ်ကို မလေးစား ၊ ဗိုလ်ချုပ်ကို မေ့ပျောက်အောင် လုပ်နေပေမယ့် .. ဗိုလ်ချုပ်ပြောတဲ့ ...... နိုင်ငံကိုတော့ မရောက်ရောက်အောင်.. သွတ်သွင်းနေတာပါ...

ယခုပုံတွင် ပါဝင် ကပြ အသုံးတော်ခံနေကြသော မြန်မာ မလေးများကို မွေးဖွားပေးခဲ့သော မိခင်များအနေနဲ့လည်း ကိုယ့်သားသမီးများကို ယိုသူမရှက် မြင်သူရှက် နေရတဲ့ အဖြစ်ကနေ ပြန်လည် ထိန်းသိမ်း သင့်ကြောင်း ထင်မြင် မိပါ တယ်ရှင်။ အဝတ်အစား ဝတ်စားချင်းဟာ ကိုယ့်ရဲ့ စာရိတ္တနဲ့ ကိုယ့်ရဲ့ အကျင့်စရိုက် ကို ထင်ဟပ် ပေါ်လွင်တယ်ဆိုတာ ပြန်စဉ်းစားဘို့ ကောင်းပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်.။

မြတ်လေးငုံ

12 August 2010

The_Voice_6-36 စာစောင်

The_Voice_6-36

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်အား ထောင်အဆင့်ဆင့်ပြောင်းခြင်းအား (AAPP) မှကန့်ကွက်

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်အား ထောင်အဆင့်ဆင့်ပြောင်းခြင်းအား အေအေပီပီမှကန့်ကွက်


ရက်စွဲ။ ။ ၂ဝ၁ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့

နှစ်ရှည်အကျဉ်းချခံထားရသူ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်အား သြဂုတ်လ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခန္တီးထောင်မှ မန္တလေးတိုင်း အိုးဘိုထောင်၊ ထိုမှ သြဂုတ်လ ၅ ရက်နေ့တွင် အင်းစိန်ထောင်၊ ထိုမှ သြဂုတ်လ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေထောင်သို့ ထောင်ပြောင်းလိုက်ကြောင်း ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ကြားသိရပါသည်။ ထောင်ဒဏ် ၁ဝ၆ နှစ် ချမှတ်ခံထားရသူ ဗိုလ်ချုပ်ဆေထင်သည် အသက် ၇၄ နှစ်ရှိပြီဖြစ်ပြီး မျက်စိတိမ်စွဲဝေဒနာအပြင် နှလုံးနှင့် ဆီးချို သွေးချိုဝေဒနာများ ခံစားနေရသူဖြစ်ပါသည်။ အေအေပီပီမှ ဗိုလ်ချုပ်ဆေထင်ကျန်းမာရေးနှင့်ပတ်သက်၍ မိသားစုနှင့်ထပ်တူထပ်မျှ စိုးရိမ်ပူပန်ကြောင်းကိုလည်း ဖေါ်ပြလိုပါသည်။

သမီးဖြစ်သူ နမ်းခမ်းပေါင်းမှ မန္တလေးတိုင်း အိုးဘိုထောင်၊ ထိုမှ ရန်ကုန်တိုင်း အင်းစိန်ထောင်တို့သို့ အဆင့်ဆင့် လိုက်၍ ဖခင်ဖြစ်သူအား ထောင်ဝင်စာတွေ့ရန်óကိးပမ်းခဲ့သော်လည်း ထောင်အာဏာပိုင်များမှ တွေ့ခွင့်ပေးမည်ဟု ကတိပေးပြီး အမှန်တကယ်၌ တွေ့ခွင့်မပေးပဲ ထောင်အဆင့်ဆင့်ပြောင်းခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူးဖြစ်သူ ကိုဘိုကြည်မှ “ဗိုလ်ချုပ်ဆေထင်လိုမျိုး ဝါရင့်တိုင်းရင်းသား ခေါင်းဆောင်တယောက်၊ အသက်အရွယ်ကြီးရင့်ပြီး ရောဂါဝေဒနာတွေခံစားနေရတဲ့သူတယောက်ကို ဆေးဝါးကုသမှုမပေးတဲ့ အပြင် ဝေးလံတဲ့ထောင်တွေကို ထောင်အဆင့်ဆင့်ပြောင်းပြီး မိသားစုကိုပါ စိတ်ဒုက္ခပေးတာ မလုပ်သင့်တဲ့လုပ်ရပ်ပါ။ ဒီလိုလုပ်ရပ်က ဘာကိုပြသလဲဆိုတော့ စစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ကျန်းမာရေးကို ဂရုစိုက်မှု၊ တာဝန်ယူမှု မရှိတဲ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လိုဦးတည်ချက်မျိုးမှ မရှိဘူးဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။”

ဗိုလ်ချုပ်ဆေထင်ကဲ့သို့ပင် ကျန်းမာရေးဆိုးရွားနေသူ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၃၈ ယောက်သည်လည်း သင့်တော်သည့် ဆေးဝါးကုသမှု မရရှိကြပါ။ ဥပမာအားဖြင့် ဦးတင်ယု၊ ကိုမြအေး၊ ကိုခင်မောင်ချို တို့သည်လည်း ဆေးဝါးကုသမှုမရကြသည့်အပြင် ဝေးလံသည့်ထောင်များသို့ ထောင်ပြောင်းခံရသူ နိုင်ငံရေးအကျဉ်းသားများဖြစ်ကြပါသည်။ အေအေပီပီမှ ကျန်းမာရေး ဆိုးရွားနေသည့် နိုင်ငံရေးအကျဉ်းသားများအား မိသားစုများနှင့်နီးသည့်ထောင်များသို့ ပြောင်းရွှေ့ပြီး သင့်တော်လုံလောက်သည့် ဆေးကုသမှုများစီစဉ်ဆောင်ရွက်ပေးရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့òဖိးရေးကောင်စီ အစိုးရအား တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

နောက်ဆက်တွဲသတင်း

စစ်တွေထောင်တွင် ဗိုလ်ချုပ်ဆေထင်အား မိသားစုမှ ယမန်နေ့ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဝင်စာတွေ့ခွင့်ရသည်ဟု အေအေပီပီမှ ကြားသိရပါသည်။ ဗိုလ်ချုပ်ဆေထင်မှ ကိုယ်အလေးချိန် ၁ဝ ပေါင်ခန့်ကျသွားကြောင်းနှင့် မန္တလေးမှ အင်းစိန်သို့ပြောင်းရာတွင် ခြေကျဉ်းတင်မက လက်ထိပ်ပါခတ်ပြီး ရိုးရိုးတန်းတွဲမှ ကျပ်သိပ်စွာလိုက်ရသည့်အတွက် အင်မတန်ပင်ပန်းခဲ့ရကြောင်းကို မိသားစုအား ပြန်လည်ပြောပြခဲ့ပါသည်။ ဗိုလ်ချုပ်ဆေထင်၏လက်တဖက်မှာလည်း အဆစ်လွဲနေခဲ့ပြီး အချိန်မှီဆေးဝါးကုသခွင့်မရသည့်အတွက် လက်အဆစ် ပြန်မတည့်တော့ပဲ အရိုးခိုင်သွားပြီဟု သိရှိရပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်

ကိုတိတ်နိုင်။ အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၂၈၇ ၈၇၅၁

ကိုဘိုကြည်။ တွဲဖက် အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃

မြန်မာနိုင်ငံမှာ မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေ ၀င်ငွေကောင်းနေပြီလား?မြန်မာပြည်သူတွေအတွက် ဘာတွေလုပ်ပေးကြပါသလဲ?

အမျိုးသမီး သရုပ်ဆောင်မော် ဒယ်လ်အချို့၏ အသုံးစရိတ်ထုတ် ဖော်ပြောဆိုမှုများက မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များဝင်ငွေ ကောင်းနေပြီလားဟု မေးခွန်းထုတ်ရန်ဖြစ်လာကြောင်း သိရပါသည်။

အမျိုးသမီး သရုပ်ဆောင် မော်ဒယ်လ်အချို့သည် မိမိတို့ အသုံးအဆောင်ပစ္စည်းများ၏ တန်ဖိုးများ၊ ပိုင်ဆိုင်မှုများနှင့် ဈေးဝယ်ထွက်စဉ် အသုံးပြုသော ငွေကြေးပမာဏများ ကို ဂျာနယ်၊ မဂ္ဂဇင်းစာမျက်နှာများ ထက်တွင် လူသိရှင်ကြား တရားဝင်ပြောဆိုလာခြင်းများ ရှိလာသောကြောင့် ယင်းကဲ့သို့ မေးခွန်းထုတ်စရာ ပေါ်လာခြင်းဖြစ်ပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ထုတ်ဝေထားသည့် ဈေးဝယ်လမ်းညွှန် ဂျာနယ်တစ်စောင်နှင့် မှုခင်းဂျာနယ်တစ်စောင်တို့တွင် ပြောဆိုထားသော မော်ဒယ်လ်တစ်ဦး ၏ ဆိုစကားများကလည်း မြန်မာနိုင်ငံမှ မော်ဒယ်လ်များ ၀င်ငွေကောင်းနေပြီလားဆိုသည့် မေးခွန်းကို ဆက်လက် ဖြစ်ပေါ်စေခဲ့ပါသည်။

"ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေတယ်။ Branded တွေကိုပဲ setလိုက် ၀ယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါ မှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတစ်ခါ ၀ယ်ရင် ဒေါ်လာ ၉၀၀၀၀ နဲ့ တစ်သိန်းကြား သုံးဖြစ်ပါတယ်"ဟု မော်ဒယ်လ်တစ်ဦးက ပြည်တွင်းထုတ် ဈေးဝယ်လမ်းညွှန် ဂျာနယ်တစ်စောင်တွင် ဖြေဆိုထားပါသည်။

ထိုကဲ့သို့ ပြောဆိုထားသော မော်ဒယ်လ်သည် မြန်မာနိုင်ငံတွင် တက်သစ်စ မော်ဒယ်လ်တစ်ဦး ဖြစ်ပါသည်။ ထိုမော်ဒယ်လ်ကပင် သူမ၏ ပိုင်ဆိုင်မှုအချို့နှင့်ပတ်သက်ပြီး ပြည်တွင်းထုတ် မှုခင်းဂျာနယ်တစ်စောင် တွင်လည်း ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

"ဒီကိုလာစတုန်းက မာ့ခ်တူးလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူးကို ၀ယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစ်စီးတည်းနဲ့အဆင်မပြေဘူး။ ဒါနဲ့နောက်တစ် စီးဝယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။ နောက်တစ်စီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကားဒီဇိုင်းလေးဆိုတော့ ညနေပိုင်း ပေါ့ပေါ့ပါးပါးစီးဖို့ ၀ယ်လိုက်တာပါ"

"အခုစီးနေတဲ့ ကားထဲမှာဆိုရင် မာ့ခ်တူးကို သိပ်မကြိုက်တော့ဘူး။ ရှုတင်သွားရင် မာစီဒီး စီးဖြစ်တယ်။ တူးဒိုးလေးကတော့ ညနေပိုင်းအရမ်း ပင်ပန်းနေတဲ့အချိန်မှာ အမိုးလေးဖွင့် ပြီး စိတ်ပြေလက်ပျောက် မောင်းဖြစ်တယ်"ဟု အဆိုပါမော်ဒယ်လ်က ယင်းမှုခင်းဂျာနယ်သို့ ဖြေကြားထားခဲ့သည်။

ထိပ်တန်းအဆင့်သို့ မရောက်ရှိသေးသော တက်သစ်စ မော်ဒယ်တစ်ဦး၏ ငွေကြေးသုံးစွဲမှုများနှင့် ပိုင်ဆိုင်မှုများက မြန်မာနိုင်ငံမှ မော်ဒယ်လ်များ ၀င်ငွေကောင်းနေခြင်းကို ဖော်ညွှန်းလျက်ရှိနေပါသည်။ သို့သော် မော်ဒယ်လ်တစ်ဦးနှင့် တစ်ဦး ၀င်ငွေရရှိမှုနှင့် သုံးစွဲနိုင်မှုပမာဏမှာမူ ကွာဟချက်ရှိနေကြောင်း သိရပါ သည်။

"သိန်း ၃၆၀ တန်ဖုန်းကိုင်ပြီး ဈေးတစ်ခါဝယ်ရင် ဒေါ်လာကိုးသောင်း တစ်သိန်းသုံးတယ်ဆိုတဲ့ မော်ဒယ်လ်တစ်ယောက်ရဲ့ ပြောဆိုမှုကို ဖတ်လိုက်ရတယ်။ ဒီနေ့ခေတ်လိုအချိန်မှာ အခုမှတက်လာသလိုရှိတဲ့ မော်ဒယ်လ် တစ်ဦးက ဒီလောက်သုံးနိုင်တယ်ဆိုတာ အံ့သြမိတယ်။ ဒီလောက် သုံးနိုင်လောက်အောင်ကို ၀င်ငွေတွေ ကောင်းနေပြီလားပေါ့၊ ကြွားပြောထားတာလည်း ဖြစ်နိုင်ပေမယ့် သူပြောထားတာဖတ်ပြီးတော့ စိတ်ထဲမှာ မေးခွန်းထုတ်စရာတွေ အများကြီး ရှိသွားတယ်။ လက်ရှိကြော်ငြာလောကမှာ နာမည် အကြီးဆုံးဖြစ်နေတဲ့ ၀တ်မှုန်ရွှေရည်တောင် ဒီလောက်သုံးနိုင်မယ် မထင်ဘူး"ဟု အမျိုးသမီး စာဖတ်ပရိသတ်တစ်ဦးက ပြောပြသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိနေသော သရုပ်ဆောင် အနုပညာကြေးများ နှင့်မော်ဒယ်လ်အချို့၏ ငွေကြေးသုံး စွဲမှုများသည် ၀င်ငွေနှင့်ထွက်ငွေကွာဟမှုများကို ဖြစ်ပေါ်နေစေပါသည်။ အချို့သော မော်ဒယ်လ်များမှာ အမှန်တကယ်ပင် ၀င်ငွေကောင်းသည့်အတွက် မိမိတို့၏ သုံးစွဲမှုများကို အိတ်သွန်ဖာမှောက် ပြောဆိုထားခြင်း ဖြစ်နိုင်သော်လည်း ထိုကဲ့သို့ပြောဆိုထားခြင်းအချို့က မေးခွန်းထုတ်စရာများ ရှိလာနိုင်ပါသည်။ သို့တည်းမဟုတ် အမှန်တကယ်ပင် ၀င်ငွေကောင်းနေသည် ဆိုပါကလည်း ကောင်းသော လက္ခဏာတစ်ရပ်ပင် ဖြစ်ကြောင်း သုံးသပ်သူများက ပြောဆိုခဲ့သောသတင်းအား news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်.။

မြန်မာပြည်တွင်း ရက်လွန်ချက်နို့ဆီ သုံးစွဲသော ရေခဲမုန့် စားသုံးမိလျှင် ကျန်းမာရေးအန္တရာယ် ကြီးမားစွာ ဖြစ်နိုင်


ဆင်ခြေဖုံး ရပ်ကွက် များအတွင်း လှည့်လည် ရောင်းချနေသော သာမန် လူတန်းစားများစားသုံးသည့် တန်ဖိုးနည်း ရေခဲမုန့်တချို့ တွင် ရက်လွန် ချက်နို့ဆီ များသုံးစွဲထားသောကြောင့် ကျန်းမာရေးအန္တရာယ်ကြီး မားစွာ ဖြစ်ပေါ်နိုင်ကြောင်း အထွေထွေ အထူးကုဆရာ ဝန် ဒေါက်တာ ဒေါ်ထား ထားက ပြောပြသည်။

ကျွန်မတို့ ကြုံတွေ့ ကြားနေရတာ ရပ်ကွက် အတွင်း လှည့်လည်ရောင်း တဲ့ တန်ဖိုးနည်း အချို့ရေခဲမုန့်တွေက ချဉ်နေတတ် တယ်။ အဲဒီရေခဲမုန့်ကို စားမိလို့ အစာအိမ်ဝေဒနာ ခံစားရတာတွေ၊ ဝမ်းပျက် ဝမ်းလျှော၊ အူရောင်ငန်း ဖျား ရောဂါတွေ ဖြစ်တတ် တယ်။ ရက်လွန်နေတဲ့ ချက်နိ့ဆီတွေကို သုံးစွဲနေ တာလည်းရှိတယ်။ ရေခဲမုန့် သည်တိုင်းတော့ မဟုတ်ပါ ဘူး။

ကိုယ့်ရေခဲမုန့် ချဉ်၊ မချဉ် ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာကို ကိုယ်တိုင် ပြန်စားကြည့်ပြီးမှ ရောင်း သင့်ပါတယ် ဟု ၄င်း က ထပ်မံပြောပြသည်။ ရပ် ကွက်အတွင်း လှည့်လည် ရောင်းချသော ရေခဲမုန့် သည်အများစုသည် အစား အသောက်နှင့် ပတ်သက် သော ကျန်းမာရေးအသိ များ ရှိရန်လိုအပ်ကြောင်း သိရသည်။

အစားအသောက် ရောင်းတဲ့ သူတစ်ယောက် အနေနဲ့ ကျန်းမာရေး အ သိပညာရှိ ဖို့လိုပါတယ်။ တစ် ကိုယ်ရေသန့်ရှင်းမှုရှိဖို့ လို ပါတယ်။ အစားအသောက် လည်း သန့်ရှင်း၊ လူလည်း သန့်သန့်ရှင်းရှင်းနဲ့ရောင်းရင် စားသုံးသူတွေအတွက် အ ကျိုးရှိပါတယ်ဟု ဒဂုံမြို့သစ်တောင်ပိုင်းမှ ရေခဲမုန့် သည် တစ်ဦးကပြောသည်။
ရေခဲမုန့် ပင်ရင်းရောင်း ဝယ်သူများအနေဖြင့်လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းရာ တွင် သန့်ရှင်းမှုနှင့်ပတ်သက် ပြီး ကျန်းမာရေး စံချိန်စံနှုန်းနှင့်အညီ ရောင်းချသင့် ကြောင်း သိရသည်။

တချို့ ရေခဲမုန့်တွေ က စားရင် ချဉ်တဲ့အရသာ ရှိတယ်ဆိုတာ ရေခဲမုန့် ရောင်းတဲ့သူတွေက တစ် ရက်တည်း မကုန်တာတွေရှိ တော့ နောက်နေ့ကျရင် အ သစ်ပြန်မသုံးဘဲ လက်ကျန် ပစ္စည်းတွေကိုပဲ ရောင်းကြ တယ်။ နောက်နေ့ကူးသွား ရင် ရေခဲမုန့်က ကြမ်းပြီး ချဉ်သွားတာပေါ့။ တစ်ခါ တလေတော့လည်း ရေခဲမုန့် လုပ်တဲ့ အချိန်အတွင်းမှာ မီးပျက်သွားရင် မီးစက်မရှိ တဲ့ သူတွေက မီးလာတာ ကို ပြန်စောင့်ရတဲ့အတွက် အဲဒီအချိန်အတွင်းမှာ ရေခဲ မုန့်က နို့ကိုအခြေခံပြီးပြုလုပ် ရတော့ ချဉ်သွားတာပေါ့။ ရောင်းချတဲ့သူတွေအနေနဲ့ အမြတ်များများကျန်အောင် ဆိုပြီး၊ လက်ကျန်ပစ္စည်း တွေကို မရောင်းသင့်ဘူး။

ကျွန်တော်တို့စက်ရုံက အ ပြင်ကလူတွေ ပြန်ရောင်း ချင်လို့လာဝယ်ရင်မရောင်း ဘူး။ ကိုယ့်လူတွေနဲ့ပဲ သန့် သန့်ရှင်းရှင်း ရောင်းခိုင်း တယ်။ စားသုံးသူတွေအ တွက် အဆင်ပြေအောင် လို့ပါ ဟု ဗိုလ်ကျော်ရေခဲ မုန့် ပင်ရင်းလုပ်ငန်းမှ ဦး မြတ်ကျော်က ပြောပြသည်။ ရပ်ကွက်အတွင်း လှည့် လည် ရောင်းချသော ရေခဲ မုန့်များပြုလုပ်ရာတွင် ပီ လောပီနံမှုန့်၊ အုန်းသီးအဆီ၊ နို့ဆီ၊ နို့စိမ်း၊ နွားနို့နှင့်သကြား တို့ ပါဝင်ကြောင်းသိရ သည်။ ထို့အပြင် အရောင် ဆိုးဆေးတို့လည်း ပါဝင် သည်ဟု ဆိုသည်။ ရေခဲမုန့် စက်ရုံများအနေဖြင့် အရေး ကြီး ဆုံးမှာ ရက်လွန် ချက် နို့ဆီများ မသုံးစွဲမိစေရန် ပင်ဖြစ်ကြောင်း သိရသည်။

မေဇာနည်ထွန်း

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB) (၆၀) နှစ်မြောက်ကရင်အာဇာနည်နေ့သို့ပေးပို့သော သဝဏ်လွှာ

60th Karen Martyr's Day

ယနေ့ကျရောက်သော “ကရင် အာဇာနည်နေ့”အတွက် “မဒတ”၏ ထုတ်ပြန်ကြေညာချက်

NDF Felic Let to KNU Martys Day 2010

AAPP Chronology_for_July_2010_Eng.

AAPP Chronology for July 2010 Eng

11 August 2010

မြန်မာနိုင်ငံ၏ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှားရှိနေသေးသော ကမ္ဘာ့အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီးနေ


မြန်မာနိုင်ငံ၏ လူထုမျှော်မှန်း သက်တမ်းသည် မြင့်တက်လာပြီး အသက်အကြီး ဆုံးသူမှာ အသက် ၁၁၈ နှစ်အရွယ်ရှိ ဒေါ်မြကြည်ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှားရှိနေသေးသော ကမ္ဘာ့အသက်ကြီးဆုံးသူထက် လေးနှစ်ခန့် အသက်ပိုကြီးနေကြောင်း သိရသည်။

ဂင်းနစ်မှတ်တမ်း၏ စာရင်းအရ သက်ရှိ ထင်ရှားရှိသော ကမ္ဘာ့အသက်ကြီးဆုံးသူမှာ Eugénie Blanchard ဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ၁၈၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မေလ ၂ ရက်တွင် ဂျပန်နိုင်ငံရှိ Kama Chinen သေဆုံးပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံးသူ ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်မြကြည်သည် မန္တလေးတိုင်း အမရပူရမြို့နယ် ပေါက်ခြံကုန်းကျေးရွာတွင် နေထိုင်ပြီး မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့ (၁၈၉၂ ခုနှစ်) တွင် မွေးဖွားခဲ့ကြောင်း၊ လက်ရှိအချိန် တွင် ဒေါ်မြကြည်မှာ ၁၁၈ နှစ် ဖြစ်သောကြောင့် Eugénie Blanchard ထက် အသက်လေးနှစ်ခန့် ပိုကြီးနေသည်ဟု သိရသည်။

မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ အသက် ၁၀၀ နှစ်နှင့်အထက် အဘိုး ၁၃ ဦး၊ အဘွား ၄၄ ဦး၊ သံဃာတော် ၂ ပါး၊ သီလရှင် ၁ ပါးတို့ ဖြစ်ကြောင်း သိရသည်။

"ဒီစာရင်းက အခုလက်ရှိသက်ရှိ ထင်ရှားရှိနေသေးတဲ့သူတွေကို စာရင်းလုပ်ထားတာပါ။ ဆုံးပါးသွားတဲ့သူ တွေလည်းရှိပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းလူတွေ အသက်ပိုရှည်လာတယ်လို့ ပြောလို့ရတယ်။ အခုအသက် အကြီးဆုံးက အသက် ၁၁၈ နှစ်အထိ ရှိနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ ဆီမှာရှိတဲ့စာရင်းက အဖွဲ့ကိုလာရောက် စာရင်းပေးထားတဲ့သူတွေပဲ ရှိပါသေးတယ်။ အသက် ၁၀၀ ကျော် ဘိုးဘွားတွေ ဒီထက်များများလည်း ရှိနေနိုင် ပါတယ်"ဟု မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ ဦးအောင်မျိုးမင်းက ဆိုပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထု မျှော်မှန်းသက်တမ်းသည် ၁၉၈၈ ခုနှစ် က ကျေးလက်ဒေသတွင် အမျိုးသား ၅၆ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆၀ ဒသမ ၄ နှစ်နှင့် မြို့ပြဒေသတွင် အမျိုးသား ၅၉ ဒသမ ၀ နှစ်၊ အမျိုး သမီး ၆၃ ဒသမ ၂ နှစ်ရှိခဲ့ရာမှ လက်ရှိ အချိန်တွင် ကျေးလက်ဒေသ၌ နေထိုင်သည့်အမျိုးသားများမှာ ၆၃ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆၇ ဒသမ ၁ နှစ်၊ မြို့ပြဒေသတွင် အမျိုးသား ၆၄ ဒသမ ၀ နှစ်၊ အမျိုးသမီး ၆၉ ဒသမ ၀ နှစ် အထိ တိုးတက်လာကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ယေဘုယျသေနှုန်းမှာ လူဦးရေတစ်ထောင်လျှင် ကျေးလက်ဒေသတွင် ၉ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၈ ဒသမ ၉ ရှိရာမှ ကျေးလက်ဒေသတွင် ၅ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၅ ဒသမ ၃ သို့ ကျဆင်း သွားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လူ့သက်တမ်းမြင့်မားလာခြင်းနှင့် ယေဘုယျ သေနှုန်းကျဆင်းလာခြင်း တို့ကြောင့် အသက် ၆၀ နှစ်နှင့် အထက် လူဦးရေများမှာလည်း နှစ်စဉ် မြင့်တက်လျက်ရှိကြောင်း သိရသည်။



လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်



"လူ့သက်တမ်းကို တွက်တဲ့အခါ မွေးတဲ့လူတစ်ယောက်ဟာ ဘယ်လောက် အသက်ရှည်မယ်ဆိုပြီး ပျမ်းမျှ တွက်ချက်တာပါ။ အဲဒီထက်ပိုရှည်တဲ့ သူလည်းရှိသလို အဲဒီလောက် အသက်မရှည်တဲ့သူလည်း ရှိပါတယ်။ လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်"ဟု UNFPA မှ ဌာနေကိုယ်စားလှယ် ဒေါက်တာနေ၀င်း က ပြောကြားခဲ့သည်ဟု news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။


မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး အဘွားဒေါ်မြကြည်နှင့် တွေ့ဆုံခြင်း

၁-၉-၁၉၅၈ ခုနှစ်တွင် မှတ်ပုံတင်ဌာနက ထုတ်ပေးခဲ့သော မှတ်ပုံတင်ပါ မွေးသက္ကရာဇ်အရ မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့တွင် ဖွားမြင်သောကြောင့် ယခုမြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့တွင် အသက် ၁၁၈ နှစ် ပြည့်မည်ဖြစ်သော မန္တလေးတိုင်း မန္တလေးခရိုင် အမရပူရမြို့နယ် ပေါက်ခြံကုန်းကျေးရွာနေ မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး အဘွား ဒေါ်မြကြည်အား တွေ့ဆုံမေးမြန်းခဲ့သည်။


မေး .. အဘွားနေထိုင်ကောင်းရဲ့လား၊ ကျန်းမာရဲ့လား။

ဖြေ.. နေထိုင်ကောင်းတယ်။ ခေါင်းကိုက်တာတစ်ခုပဲ။ နားကတော့ လေးတယ်။ မနည်း နားထောင်ရတာ။


မေး.. အဘွားမွေးရာဇာတိကို စပြောပြပါလား။

ဖြေ... မွေးရွာက တံခွန်တိုင်တောင်ဘက်နားက ထိန်ကုန်းရွာ။ ထိန်ကုန်းမှာ အသက်(၂၀)ကျတော့ ကိုအောင်ဝနဲ့ အိမ်ထောင်ကျခဲ့တယ်။ သူသေပြီးတော့ ဒုတိယအိမ်ထောင်ဦးနီနဲ့ အိမ်ထောင်ကျတော့ အသက်(၄၅)နှစ်ထဲမှာ။ ဒါနဲ့ မယ်တော်စုရွာ ရောက်လာတာ။ အခုနေတဲ့ ပေါက်ခြံကုန်းရွာကို ပြောင်းလာတာက လေးငါးဆယ်နှစ်ထဲ ရောက်ပြီ။ လုပ်ကိုင်စားသောက်ခဲ့ရတာကတော့ ကောက်စိုက်လယ်ရိတ်ပဲ တစ်လျှောက်လုံးလုပ်လာခဲ့တာ။


မေး ... သား၊ သမီး၊ မြေးမြစ်တွေရောရှိလား။

ဖြေ... ဦးနီနဲ့ သမီးသုံးယောက်ရှိခဲ့တာ။ အလတ်မ မကုလားမကသေပြီ။ အကြီးမ မညိုတင်က မယ်တော်စုရွာမှာ။ အငယ်မ မသေးမာက ပျဉ်းကလောမှာ အသက် ၅၅ နှစ်ရှိပြီ။ မြေးတွေလည်း မမှတ်မိတော့ဘူး။ မြစ်တွေလည်း ရှိတယ်။ တီထိရှိတယ်။


မေး... အခုလို ကျန်းမာအသက်ရှည်အောင်ရော ဘယ်လိုနေထိုင် စားသောက်ခဲ့ ပါသလဲ။

ဖြေ ...အခုတော့ ကျောင်းထမင်း၊ ကျောင်းဟင်းပေါ့။ ငရုတ်သီးတို့ ချဉ်ပေါင်ရွက်တို့ပေါ့။ ငယ်ငယ်ကတည်းက တောစာတောင်စာပဲ စားခဲ့တာ။ ၀က်သား၊ အမဲသား၊ ဘဲဥ၊ ကြက်ဥ၊ နွားနို့မစားဘူး။ ငါးမှုန်ငါးမွှားလေးတွေပဲ စားတယ်။ ဆေးလိပ်တော့ ငယ်ငယ်ကတည်းက သောက်တယ်။ အဖေက ဆေးလိပ်မီးတို့ ခိုင်းရင် မီးဖိုနားထိုင်သောက်တာပဲ။ အဖေက ဟဲ့ကောင်မလေး ကြာလှချည်လားဆိုမှ ထပေးတာရယ်၊ အဲဒီတုန်းက ပြောင်းဖူးဖက်တွေပဲ။ ဒီပြင်ဆေးလိပ် ဘာမှမရှိဘူး။


မေး ...ခေတ်အဆက်ဆက်မီခဲ့တာပေါ့။

ဖြေ ...အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ မြန်မာအစိုးရလက်ထက် အကုန်မီခဲ့တယ်။ ဂျပန်ခေတ်က ဂျပန်ပိုက်ဆံနဲ့ ဆီတစ်ဆယ်သား ငါးထောင်နဲ့ဝယ်ခဲ့ရတာ။ ဗိုလ်ချုပ်အောင်ဆန်းသီချင်းလည်း ရခဲ့တာပဲ။

မေး... ငယ်ငယ်တုန်းက သွားလာခဲ့ရဖူးတာတွေကိုရော မှတ်မိသေးလား။


ဖြေ ...မန္တလေးပဲသွားတာ။ ဓာတ်ရထားတွေနဲ့လေ။ ရဟိုင်းကနေ ဈေးချိုကို ကူးတော့ အသွားတစ်ပြား၊ အပြန်တစ်ပြား။ ကြေးနီပြားပေးစီးရတာ။ ကုန်ပါရင် နှစ်ပြားပေးရတယ်။ ဓာတ်ရထားက ရထားအတိုင်းပဲ။ အပေါ်က ကြေးနန်းနဲ့ သွားရတာ။ စက်နဲ့မဟုတ်ဘူး။ (မန္တလေးမြို့တွင် ဓာတ်ရထားကို ၁၉၀၄ ခုနှစ်တွင် စတင်ပြေးဆွဲပြီး ၁၉၃၉ ခုနှစ်တွင် ရပ်နားခဲ့)


မေး ...ဈေးချိုသွားခဲ့တာတွေရော မှတ်မိသေးလား။

ဖြေ ....အဲဒီတုန်းက ဒီလိုကားတွေမရှိသေးဘူး။ ဈေးချိုကိုသွားပြီး ဈေးဝယ်ကြတာ။ ဆီနှစ်ပြားဖိုးဆို နည်းတာမဟုတ်ဘူးတော့်။ ဆန်တစ်ပြည်မှ တစ်မူးရယ်။ လုံးတုတ်တွေပေါ့။ အင်္ကျီတစ်ထည် ငါးပဲဆိုပြီးခင်းရောင်းတာ။ လုံချည် တစ်ထည် တစ်မတ်။ ငါးပိ၊ ငါးခြောက်၊ ပလော (ပုဇွန်ခြောက်) အကုန်လျှောက်ဝယ်တာပဲ။ ပိုက်ဆံငါးကျပ်လောက်ပါသွားရင် ရွာအပြန်ကုန်သည်ဖို့ လှည်းကြိုမှာရတယ်။ ကိုယ့်ပြတ်နေလို့ တောင်မြင့်သွားဝယ်ရင်တောင် ပလော တစ်ဝက်ဖိုး၊ ငရုတ်သီးတစ်ဝက်ဖိုး၊ ကြက်သွန်တစ်ဝက်ဖိုးဆိုပြီး ၀ယ်ကြတယ်။ ပိုက်ဆံတစ်ပြားပါရင် နှစ်မယ်ရတယ်။


မေး ... မဟာမုနိဘုရားကြီးရော ရောက်လား။

ဖြေ ...အယ်...... နေ့တိုင်းလိုလိုပဲ။ ဆေးရိုးတွေထုရောင်းရင် အဲဒီကိုပဲ။ ရောင်းပြီးရင် ဘုရားကြီးဝင်ဖူးကြတာ။ မယ်တော်စုရောက်တော့မှ မရောက်တော့တာ။ အဲဒီတုန်းက ထိန်ကုန်းကနေ တံခွန်တိုင်ဘူတာကို ခြေကျင်သွားကြတာ။ တံခွန်တိုင် ဘူတာကနေမှ ဘုရားကြီးကို ရထားနဲ့သွားကြတာ။ ရိုးရိုးရထားတွေပဲ။ ရထားခတော့ မမှတ်မိတော့ဘူး။ လက်မှတ်နဲ့ရောင်းတာ။


မေး .. မန္တလေးသူဆိုတော့ ဆိုင်း၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေရော ကြိုက်လား။ ဘယ်သူတွေကို ကြည့်ခဲ့ရဖူးသလဲ။

ဖြေ... ကြိုက်တယ်။ ဆိုင်းဆို ဗေဒါကြီးပေါ့။ တောနယ်ဘက်က အလှူတွေက ငှားတော့ စိန်ဗေဒါကို လိုက်ကြည့်ကြတာ။ နောက် ဖိုးစိန်ကြီးတို့၊ ဒုတိယဖိုးစိန်၊ ဖိုးတိမ်နီ၊ အောင်မောင်း၊ ရွှေမန်းတင်မောင်၊ ဒီဘက်ကတောနယ်တွေမှာ ကြည့်ခဲ့ ရတာပဲ။ ဓာတ်ရှင်ကတော့ ဈေးချိုသွားရင်း တော်ဝင်ရုံမှာ ၀င်ကြည့်ကြတာ။ရှင်ဥပဂုတ္တလို ဘုရားကားတွေပဲကြည့်တာများတယ်။


မေး ..အခုလက်ရှိနေထိုင်မှု အခြေအနေကိုလည်း သိပါရစေ။

ဖြေ ....အခု ပေါက်ခြံကုန်း ဘုန်းကြီးကျောင်းမှာပဲ နေတယ်။ ဆရာတော်က စောင့်ရှောက်ထားတယ်။ ဥပုသ်စောင့်တယ်။ တောင်ပေါ်က ကိုယ်တော်လေး မိန့်ထားလို့ အရဟံဂုဏ်တော်ကို ပုတီးစိပ်တယ်။


အဘွားဒေါ်မြကြည်၏ကိုယ်ရေးအကျဉ်း

အမည်... မမြကြည်
မိဘအမည်... ဦးကာ+ဒေါ်ဖွားအုံ
မွေးသက္ကရာဇ် .... ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း (၁) ရက်
လက်ရှိနေထိုင်သည့်ဒေသ ... အမရပူရမြို့နယ်၊ ပေါက်ခြံကုန်းရွာ

အဘွားဒေါ်မြကြည်၏ အမေးအဖြေ အား news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်.။

မြန်မာပြည်ရှိ အဆောက်အဦးများကို မဆောက်နိုင်ဘဲ ကန်ထရိုက်တချို့လိမ်လည်မှုများပြုလုပ်နေသည်ကိုခံနေရသော မြေရှင်များ၏ရင်ဖွင်သံ


ကန်ထရိုက်တိုက်များကို အချိန်မီပြီးစီးစေရန် မဆောက်လုပ်နိုင်ဘဲ ကန်ထရိုက်တာအချို့တိမ်းရှောင်သည့် ဖြစ်ရပ်များရှိခဲ့ပြီး အဆောက်အအုံ အပြီးမဆောက်လုပ်နိုင်၍ မြေရှင်က ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းပေးရန် တောင်းဆိုမှုအပေါ်တွင် အကျပ်ကိုင်ငွေတောင်းမှုနှင့် လျော်ကြေးတောင်းခံမှုများလည်း ရှိကြောင်း သိရသည်။

ကန်ထရိုက်တာများနှင့် မြေရှင်များအကြား ဖြစ်ပွားခဲ့သော ကိစ္စရပ်များထဲတွင် ကန်ထရိုက်တာက သတ်မှတ်ကာလအတွင်း အဆောက်အအုံကို ပြီးဆုံးအောင် မဆောက်လုပ်နိုင်ခြင်း၊ မြေရှင်နှင့် ကန်ထရိုက်တာများအကြား သဘောတူ ကတိစာချုပ်များ ချုပ်ဆိုပြီး ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ပြီးနောက် ကန်ထရိုက်တာက နှစ်ချီကြာသည်အထိ လုပ်ငန်းမစတင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကန်ထရိုက်တာများနှင့် မြေရှင်များအကြား ဖြစ်ပွားခဲ့သော ကိစ္စရပ်များထဲတွင် ကန်ထရိုက်တာတစ်ဦးက သတ်မှတ်ကာလအတွင်း အဆောက်အအုံကို ပြီးဆုံးအောင် မဆောက်လုပ်နိုင်သည်ကို နောက်တစ်ဦးအား ထပ်မံ၍ အလုပ်အပ်ရာမှ ထပ်မံ၍ အလိမ်ခံရခြင်း၊ ကန်ထရိုက်တာ ထွက်ပြေး၍ ကြိုပွိုင့်ဝယ်ထားသူများ နစ်နာခဲ့ရခြင်း၊ အဆောက်အအုံ အကြမ်းထည်နီးပါး ပြီးဆုံးချိန်တွင် ဆက်မဆောက်ဘဲ ကန်ထရိုက်ထွက်ပြေးခဲ့ရာ ကြိုပွိုင့် ၀ယ်ထားသူများနေစရာမရှိ၍ အကြမ်းထည်သာ ပြီးသေးသည့်တိုက်ပေါ်တွင် နေထိုင်ရခြင်းတို့ ပါဝင်ကြောင်းသိရသည်။

ကန်ထရိုက်တာများက အဆောက်အအုံများကို အချိန်မီပြီးစီးစေရန် ဆောက်လုပ်နိုင်ခြင်း မရှိသည်ဟုဆိုရာတွင် လူအများနေထိုင်လျက်ရှိသော အဆောက်အအုံကို ကန်ထရိုက်တိုက်အဖြစ် ဆောက်လုပ်ရန် နေထိုင်သူများကို ဖယ်ခိုင်းပြီးနောက် အဆောက်အအုံကို ဖြိုဖျက်ကာ ဆက်လက် မဆောက်လုပ်နိုင်သည့် ဖြစ်ရပ်များရှိခဲ့ကြောင်း၊ လူနေထိုင်သောအိမ်အား မဖျက်သေးသော်လည်း အဆောက်အအုံ ဆောက်လုပ်ရန် လိုအပ်သည့်လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်းကိစ္စ၊ သက်ဆိုင်ရာသို့ လျှောက်ထားခွင့်ပြုချက် ရယူရမည့်ကိစ္စများကို နှစ်ချီသည် အထိ မလုပ်ဆောင်ဘဲ နေခြင်းများလည်း ရှိကြောင်း သိရသည်။

ဆောက်လုပ်ဆဲ အဆောက်အဦတစ်ခုကို တွေ့ရစဉ်

"ကျွန်မတို့ အိမ်ကိုဖျက်ပြီး ကန်ထရိုက်တိုက်ဆောက်ဖို့ ကန်ထရိုက်တာ တစ်ဦးနဲ့သဘောတူညီမှုရတယ်။ ပြီးတော့လိုအပ်တဲ့ စာရွက်စာတမ်းတွေ နဲ့ ခိုင်မာတဲ့ သဘောတူညီမှု စာချုပ်တွေ ဘာတွေချုပ်ဆိုပြီး တိုက်ကိုစဆောက်တယ်။ ကြိုပွိုင့် ၀ယ်ထားသူတွေလည်း ရှိတယ်။ ကန်ထရိုက်က ဆက်ပြီးမဆောက်တော့ဘဲ ထွက်လည်းပြေးရော မြေရှင်ရော၊ ကြိုပွိုင့်ယူထားသူတွေပါ ပြဿနာ တက်ကုန်တယ်။ ဒါနဲ့ နောက် ကန်ထရိုက်တစ်ယောက်ကို ထပ်အပ်ပြီး ဆက်ဆောက်တော့လည်း ထပ်ပြီး ထွက်ပြေးတယ်။ နောက်ဆုံး မြေရှင်ရယ်၊ ကြိုပွိုင့်ဝယ်ထားသူတွေရယ် စရိတ်မျှခံပြီး တိုက်ကိုမပြီးပြီးအောင် မနည်းဆောက်လိုက်ရတယ်။ အဲဒီမှာ ဘာပြဿနာတက်လဲဆိုတော့ အခန်းပိုင်ရှင်တွေက တိုက်ခန်းတွေကို ပြန်လည်းရောင်းရော တချို့က၀ယ်ပေမယ့် တချို့ကကန်ထရိုက်တွေ ခဏ ခဏပြောင်းနေတာ အရှုပ်အရှင်းရှိ တယ်ထင်ပြီး မ၀ယ်ရဲကြဘူး"ဟု ဗဟန်းမြို့နယ်နေ ကိုယ်တိုင်ကြုံရသူ မြေရှင်တစ်ဦးက ဆိုပါသည်။

"မြေရှင်က ကန်ထရိုက်တာနဲ့ သဘောတူညီချက် ရယူတယ်။ ပြီးတော့ စာချုပ်ချုပ်ဆိုပြီး ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခဲ့တယ်။ တစ်နှစ်သာကျော် သွားတယ် အဆောက်အအုံဖြိုဖျက်ခွင့်၊ အဆောက်အအုံ ဆောက်လုပ်ခွင့်နဲ့အခြား လိုအပ်တဲ့သက်ဆိုင်ရာနဲ့ ဆောက်ရွက် ရမယ့် ကိစ္စရပ်တွေကို လုံးဝမလုပ်ဆောင်သေးဘူး။ ဒါကြောင့် နောက်တစ်ယောက်နဲ့ ပြောင်းဆောက်ဖို့ ကိုယ်စားလှယ် လွှဲစာရုပ်ပေးဖို့ပြောတော့ လျော်ကြေးတောင်းတယ်"ဟု ကမာရွတ် မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါသည်။

အချို့သော ကန်ထရိုက်တာများသည် မြေရှင်နှင့်စာချုပ်ချုပ်ဆိုရာတွင် သဘောတူစာချုပ်ထဲ၌ မည်သည့်အချိန် စတင်ဆောက်လုပ် ပေးမည်ဟူသည့် အချက်အားမထည့်ကြောင်းနှင့် အိမ်ရှင်မှ တောင်းဆိုပါကလည်း ရုံးများနှင့် ခွင့်ပြုချက်ယူပြီး လုပ်ရမည့်အလုပ်ဖြစ်သည်ဟု အကြောင်းပြကာ အချိန်အတိ အကျထည့်ရန် ငြင်းဆိုကြကြောင်း သိရသည်။

ဘယ်လိုဘယ်ပုံ တိုက်တာ အဆောက်အအုံကြီးတွေ ဆောက်မှာ ဖြစ်လို့ ဖယ်ပေးကြပါဆိုလို့ လက်ရှိ နေထိုင်နေသူတွေက ဖယ်ပေးလိုက်ရတယ်။ ပြီးစီးအောင်လည်း မဆောက်နိုင်တဲ့အခါ နေရာဖယ်ပေးရလို့ နေစရာမရှိအောင် ဒုက္ခရောက်ရသူတွေ အများကြီးပါပဲ။ အဲဒီလို လူတွေ ဘ၀ မထိစေနိုင်အောင် စာနာစိတ်နဲ့ အမြန်ဆုံးပြီးအောင်တော့ ဆောက်ပေးကြစေချင်ပါတယ်။

ယခုနောက်ပိုင်းတွင် စာချုပ်ထဲ၌ ဖြစ်နိုင်ခြေရှိပြီးတရားမျှတသည့် စတင်ဆောက်လုပ်နိုင်မည့် ရက်အတိုင်းအတာကိုပါ ချုပ်ဆိုရန်လိုအပ်လာကြောင်း နှင့် ယင်းသို့ ထည့်သွင်းချုပ်ဆိုထားမှသာ ယင်းအပေါ်တွင် အခွင့်အရေး ယူကာ အချိန်ဆွဲခြင်းများ ပြုလုပ်နိုင်တော့မည်မဟုတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ဆိုပါသည်။

"ခွင့်ပြုမိန့်ကျတာနဲ့တိုက်ကို စဆောက်ပေမယ့် စာချုပ်ပါသတ်မှတ် ကာလသာကျော်သွားတယ်။ တိုက်က တစ်ဝက်တောင်မပြီးဘူး။ ဒါနဲ့ ကျွန်မတို့လည်း တခြားကန်ထရိုက်နဲ့ ပြောင်းဆောက်မယ်ဆိုပြီး ကိုယ်စားလှယ်လွှဲ စာပြန်ရုပ်သိမ်းပေးဖို့ ကန်ထရိုက်ကို ပြောတယ်။ သူကပြန်မရုပ်သိမ်းပေးဘဲ ပစ္စည်းဈေးတွေတက်လို့ ဆက်မဆောက် သေးတာလို့အကြောင်းပြတယ်။ ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းပေးဖို့ပြောတော့ တစ်ပိုင်းတစ်စဆောက်လုပ်ခဲ့စဉ် ကုန်ကျငွေထက်ပိုတဲ့ ငွေပေးဖို့ မြေရှင်ကိုအကျပ်ကိုင် ငွေတောင်းပါတယ်။ ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းမပေးတော့ တခြား ကန်ထရိုက်နဲ့ အလုပ်ဆက်လုပ်လို့မရဘူး။ တရားစွဲမယ်ဆိုတော့လည်း စာချုပ်ကို ခိုင်ခိုင်မာမာချုပ် မထားမိတာနဲ့ တရားမစွဲဖြစ်ခဲ့ဘူး"ဟု ကြည့်မြင်တိုင်မြို့နယ်နေ မြေရှင် တစ်ဦးက ရှင်းပြသည်။

"ဆောက်လုပ်ရေး ကန်ထရိုက်တာတွေကို လွှဲပေးထားတဲ့ ကိုယ်စားလှယ် လွှဲစာကိုပြန်ရုပ်သိမ်းချင်တယ်ဆိုရင် ကိုယ်စားလှယ်လွှဲအပ်သူရော လွှဲအပ်ခံရသူပါ နှစ်ဦးစလုံး စာချုပ်စာတမ်း မှတ်ပုံတင် အရာရှိရှေ့မှာ နှစ်ဦး သဘောတူ လက်မှတ်ရေးထိုးပြီး ပြန်ရုပ်သိမ်းမှရတာကြောင့် ကိုယ်စားလှယ် လွှဲအပ်ခံရသူကညစ်ရင် လွှဲအပ်ထားသူတွေက ဒုက္ခရောက်ရပါတယ်"ဟု အထက်တန်းရှေ့နေတစ်ဦးက ဆိုပါသည်။


ကန်ထရိုက်တာများအား ကိုယ်စားလှယ်လွှဲစာ ပေးအပ်ရခြင်းမှာ အိမ်ဖြိုဖျက်ခွင့် ခွင့်ပြုချက်တင်ရန်၊ အိမ်ဆောက်လုပ်ခွင့် ခွင့်ပြုချက်တင်ရန်နှင့် မြေပုံမြေရာဇ၀င်ကူးရန် ကိစ္စရပ်များ အပါအ၀င် အခြားသောကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။

"ဘယ်လိုဘယ်ပုံ တိုက်တာ အဆောက်အအုံကြီးတွေ ဆောက်မှာ ဖြစ်လို့ ဖယ်ပေးကြပါဆိုလို့ လက်ရှိ နေထိုင်နေသူတွေက ဖယ်ပေးလိုက်ရတယ်။ ပြီးစီးအောင်လည်း မဆောက်နိုင်တဲ့အခါ နေရာဖယ်ပေးရလို့ နေစရာမရှိအောင် ဒုက္ခရောက်ရသူတွေ အများကြီးပါပဲ။ အဲဒီလို လူတွေ ဘ၀ မထိစေနိုင်အောင် စာနာစိတ်နဲ့ အမြန်ဆုံးပြီးအောင်တော့ ဆောက်ပေးကြစေချင်ပါတယ်။ ဖယ်ပေးလိုက်ရသူတွေလည်း အခြေအနေမပျက် ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးလိုက်ကြပါ"ဟု ဆောက်လုပ်ရေး လောကတွင်နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူတစ်ဦးက အကြံပေးခဲ့သည်။

ကန်ထရိုက်တာများထဲတွင် ကတိတည်စွာ ဆောင်ရွက်သူ ကန်ထရိုက် တာများလည်းရှိကြောင်းနှင့် နာမည်ရပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း ရှိကြောင်း၊ ကတိတည်ပြီး အဆောက်အအုံ ဆောက်လုပ်ရာတွင် ခိုင်ခန့်သပ် ရပ်မှုရှိသည်ဟု နာမည်ကောင်းရသည့် ဆောက်လုပ်ရေး လုပ်ငန်းကြီးအများစုသည် လမ်းမတန်းများတွင်သာ ဆောက်လုပ်မှုများပြားကြောင်း၊ နာမည်ရပြီးသော ဆောက်လုပ်ရေးလုပ်ငန်း အများစုသည် မြေရှင်များနှင့်တိုက်ခန်းပေး၊ တိုက်ခန်းယူစနစ် ဆောက်လုပ်ခြင်းထက် မြေအပြီးဝယ်ယူပြီးမှသာ ဆောက်လုပ်ခြင်းမျိုး ပိုများကြောင်း ဆောက်လုပ်ရေးလောကတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူတစ်ဦးက ဆိုပါသည် ဟု news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

ရှေ့နေကြီးများ၏ သတင်းစာ ကြေညာချက်များ ဂရုပြုဖွယ် ဦးနေလ (တရားရုံးချုပ်ရှေ့နေ)


နေ့စဉ် သတင်းစာများတွင် ရှေ့နေကြီးများ၏ ကြေညာချက် များတွေ့ နေရသည်။ မမြင်ချင် မတွေ့ချင်၍ မရ။ အများပြည်သူတို့ အလယ်တွင် ရှေ့နေကြီးများ၏ ကြေညာချက်များကို အာရုံစိုက် ဖတ်ရှုနေသူတို့ ရှိနေသည်။ ထိုသူတို့က ကြေညာချက်ကို အထူး စိတ်ဝင်စားသူများ ဖြစ်ကြသည်။ ထိုသူတို့၏ အသံကို နားထောင်သင့်သည်။ ရှေ့နေကြီးများ၏ ဘွဲ့ထူးဂုဏ်ထူး ကိစ္စ ဆန်းစစ်လေ့လာသူ အချို့က ဆိုသည်။

ရှေ့နေကြီးများ၏ အဓိက ကြေညာချက်နှင့် ရှေ့နေကြီးများ၏ ဘွဲ့ထူးဂုဏ်ထူး တို့သည် သတင်းစာ၌ အညီအမျှ နေရာယူထားသည်။ ဘွဲ့ထူးဂုဏ်ထူး များပြားသော သူများပေတည်း။ ငွေကြေးစိုက်ထုတ်သူက ကြည်ဖြူပါရဲ့လား။ အများအမြင် ကဲ့ရဲ့ခြင်းကင်းလွတ်ပါရဲ့လား။ မိမိ၏ဘွဲ့ထူးဂုဏ်ထူးများထက် ရှေ့နေကြီးများ၏နာမည်က ပို၍ အရေးမကြီး ပေဘူးလား။

ရှေ့နေကြီးများ၏နာမည်ကို မှန်ဘီလူးနှင့်ရှာရပေမည်။ ရှေ့နေကြီး၏ ဘွဲ့ထူးဂုဏ်ထူးတွင်ဖော်ပြသောဘွဲ့ထက် အရန်ဒီပလိုမာများ လက်မှတ် များက ပို၍ရှည်လျားလွန်းလှသည်။ H.G.P., LL.B.,LL.M., D.L.P.(WIPO) (Graduate Intellectual Property) Geneva, Switzerland., D.M.L., D.I.L., D.A.Psy., D.A.E. Dip. in Globel English M.A.II (Business Law) Diploma in Business Law, စီးပွားရေးနှင့် ဥပဒေအတိုင်ပင်ခံ Advocate များပြားသော ဘွဲ့ထူးဂုဏ်ထူးများကို မျက်စိလည်ရသည်။ မည်သည့်အတွက် ဥပဒေဘွဲ့၊ မဟာဥပဒေဘွဲ့များဖော်ပြပြီးနောက် သေးငယ်သော ဒီပလိုမာကို Diploma in Business Law ဟု အရှည်ဖော်ပြရတာလဲ။ အကြွားပိုသည်ကို ဂုဏ်ယူစရာဟုမှတ် ယူနေခြင်းပေလား၊ အများအပြောလွတ်စေ ချင်သည်။ ဘွဲ့ထူးဂုဏ်ထူးများသည် ထိုသူတို့ ၏အမည်ထက်ပို၍ အရေးပါသွားကြကုန် သည်။ အများအမြင်ရိုင်းသော ကြေညာချက်များ ရှေ့နေတစ်ဦးကသတင်းစာတွင် ကြေညာသည်။ ကျန်ရှေ့နေတစ်ဦးက ပြန်လှန်ကန့်ကွက်ကြေညာသည်။

ရှေ့နေတို့သည် အမှုသည်တို့၏ ညွှန်ကြားချက်အရ ကြေညာခြင်းဖြစ်သည်။ ဤသည်ကို ဘယ်နေ့သတင်းစာပါ ရှေ့နေကြီး ဘယ်သူနှင့်ဘယ်သူတို့၏ ကြေ ညာချက်သည် မမှန်မကန်ကြေညာခြင်းဖြစ်ကြောင်း ကန့်ကွက်နေကြသည့် ကြေညာ ခေါင်းစဉ်တို့ပါရှိသည်။ မည်သည့်အတွက်ကြောင့် တဖက်ကြေညာသောရှေ့နေ၏အမည်ကို ပြန်လည်ထည့် သွင်းကန့်ကွက်ကြေညာရတာလဲ။ အပြန်အလှန်ကြေညာချက်များသည် ရန်တွေ့သည့်သဘောများတွေ့ရသည်။

အချို့ က ပြင်းထန်စွာဖြေရှင်းတုံ့ပြန်သည်ကိုတွေ့ရသည်။ ငါ့စကားနွားရကြေညာနေကြသည်။ ဤသည်ကို အများပြည်သူတို့က ရင်သတ်ရှုမောကြည့်ရှုနေကြသည်။ သူတို့တစ်တွေ ဟာဖြင့် တိုက်ပွဲပြင်းထန်နေကြပုံဘဲ။ ထိုကြေညာချက်များကို စိတ်ဝင်စားခြင်းထက် စိတ်ရှုပ်စရာဟုမြင်ကြသည်။ ရှေ့နေကြီးများသည် အမှုကို ကြေညာခြင်းလား၊ မိမိကိုယ်မိမိကြေညာခြင်းလား ဆန်းစစ်ကြပါ။ အမှုသည်များ၏ ကြော်ငြာ ကုန်ကျစရိတ်ကိုလည်း ငဲ့ညှာသင့်ပေသည်။ သတင်းစာတွင် တစ်လက်မတစ် ကော်လံကို ကျပ်(၇၅ဝဝ)ပေးသွင်းရသည်။ တချို့ဆိုလျှင်သတင်း စာကြေညာချက်ကို စာလုံးအသေးဖြင့်သုံးကော်လံ မျက်နှာပြည့်ရေးသားနေကြသည်။ သာမန်မျက်လုံးကောင်းသူပင် ဖတ်ရှုရ ခက်ခဲသည်။ ဖြစ်သင့်ရဲ့လားစဉ်းစားကြပါကုန်။

ရှေ့နေတို့၏ ကြေညာချက်၏ သဘောသဘာဝ သတင်းစာ၌ ကြေညာခြင်းသည် အသံ ကောင်း ဟစ်ခြင်းမဟုတ်။ တစ်ဖက်ကို ပုတ်ခတ်စော်ကားရန်လည်း မဟုတ်။ အငြင်းပွားတိုင်းသည်လည်း သတင်းစာပေါ် မရောက်ရှိကြ။ လိုအပ်၍မကြေညာမဖြစ်၍ ကြေညာရခြင်း သာဖြစ်ကြောင်းသိစေအပ်ပါသည်။ အများအားဖြင့် 'တရားစွဲဆိုခြင်း'မပြုမီ ဟန့်တားသင့်သည်ကို ဟန့်တားရန်သာ ဖြစ်သည်။ ပစ္စည်းနှင့်ပတ်သက်၍ အမှုဖြစ်ဖွယ်ရှိသည်ကို မလွှဲပြောင်းရန် ကြိုတင်ဟန့်တားကြေ ညာလေ့ရှိသည်။

ဤတွင် စကားဦးသန်းခြင်းမပေါ်ပေါက်ရန်လိုအပ်သည်။ အချို့ ကြော်ငြာများတွင် တရားစွဲပြီးနောက်တွင်မှပစ္စည်းကိုမလွှဲပြောင်းရန် တားမြစ် လေ့ရှိသည်။ အန္တရာယ်များလှပေစွ။ အမှုအတောအတွင်း ပစ္စည်းလွှဲပြောင်းလျှင် တရားမဝင်ကြောင်း ဥပဒေပြဋ္ဌာန်း ချက်အခိုင်အမာရှိသည်။ လိုအပ်လျှင် 'ယာယီတားဝရမ်း'လျှောက်ထား၍ ဟန့်တားနိုင် သည်။ ဤသည်ကို သတင်းစာမှ အသံကောင်းဟစ်ရန်မလိုအပ်။ အမှုတစ်ခုတွင် ရှမ်းပြည်နယ်တရားရုံး၌ 'အပေးစာချုပ်ပျက်ပြယ်ကြောင်း မြွက်ဟ ကြော်ငြာပေးစေလိုမှု' တရားစွဲဆိုသည်။

အမှုအတောအတွင်း တရားစွဲသူက အချင်း ဖြစ်ပစ္စည်းကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း စသည်တို့လွှဲပြောင်းခြင်းမပြုလုပ်ရန် 'သတိပေးတားမြစ်ကြေညာချက်'ကို သတင်းစာမှကြေညာသည်။ ယင်းကြေညာချက်သည် အများပြည်သူတို့အထင်အမြင်လွှဲမှားစေသည့်အတွက် တရားစီရင်ခြင်းကိုအနှောင့်အယှက် ပြုရာရောက်သဖြင့် တရားရုံးများ မထေ့မဲ့မြင်ပြုမှုအက်ဥပဒေ ပုဒ်မ(၃)အရ အရေးယူ ရန်လျှောက်ထားခဲ့သည်။ ဗဟိုတရားရုံးစီရင်ရေးအဖွဲ့က အမှုဖြစ်ပစ္စည်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊ ခွဲဝေခြင်း၊ အာမခံတင်သွင်းခြင်း စသည်တို့ကိုမပြုလုပ် ရန်သတိပေးတားမြစ်ကြောင်းဖော်ပြထားခြင်းဖြင့် အချင်းဖြစ်ပစ္စည်းကို တစ်ဖက်အမှုသည် ပိုင်မဟုတ်ဟု 'စကားဦးသန်းရာရောက်သည်' တရားဖြောင့်မှန်ရေးလမ်းစဉ်ကို နှောင့်ယှက်နိုင်သောအရေးအသား အားလုံးသည် တရားရုံးကိုမထီမဲ့မြင်ပြုလုပ်ခြင်းများဖြစ်သည်ဟု အဆုံးအဖြတ် ပြုခဲ့ပြီးဖြစ်သည်။

ရှေ့နေရှေ့ရပ်တို့သည် 'ဟိတ်ဟန်'များတတ်ကြသည်။ များကြပါ။ သို့ရာတွင် အများပြည်သူတို့အလယ်တွင် 'ဟိတ်ဟန်'များသည် မျက်စိစပါးမွှေးစူးသလိုမဖြစ်စေလိုပါ။ အများအမြင်တွင် ရှေ့နေကြီးတို့၏ကြေညာချက်သည် ခံ့ညားရန်လိုသည်။ ကြေညာ ချက်ပါအကြောင်းခြင်းအရာအပေါ် လို-တို-ရှင်း နားလည်စေရန်နှင့် ဥပဒေ အမြင်ဖြင့် ထည့်သွင်းဖော်ပြရန် လိုအပ်ပေသည်။ ဘွဲ့မဟုတ်သော ဒီပလိုမာ၊ အောင်လက်မှတ်များအား အသားပေးဖော်ပြရန်မဟုတ်။ ထို့အတူ အမှုသည်အချင်းချင်း ရန်ဖြစ်နေတိုင်း ရှေ့နေကြီးများက ပါဝင်ရန်မဟုတ် ဆိုသည်ကို သတိချပ်သင့်ပေသည်။ ကျမ်းကိုး - (၁၉၈၆)ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ-၁၃၃။ ထိုသတင်းအားလျှပ်တပြက် ဂျာနယ်တွင် ဖော်ပြပါရှိပါသည်။

ငါးသိန်းတန် ဖုန်းကတ်ထုတ်ပြီး တစ်လအတွင်း အက်ဖ်အီးစီမသွင်းလျှင် နိုင်ငံခြားဖုန်း အဝင်၊ အထွက်မရနိုင်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် နယ်မြေကန့်သတ်ချက် မရှိ အသုံးပြုနိုင်ပြီ ဖြစ်သော CDMA 800 MHz ခေါ် ငါးသိန်းတန်ဖုန်းများ ကတ်ထုတ်ပြီး တစ်လအတွင်း FEC Prepaid Top-up Card ဝယ်ယူကာ အက်ဖ်အီးစီ မသွင်းထားလျှင် နိုင်ငံခြားဖုန်း အဝင်အထွက် ရရှိမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စုံစမ်းသိရှိရသည်။

ငါးသိန်းတန် စီဒီအမ်အေ မိုဘိုင်းလ်ဖုန်း ရရှိပြီးနောက် နိုင်ငံခြားဖုန်း အဝင်အထွက်ရရှိ အသုံးပြုလိုပါက ဖုန်းကတ်ထုတ်ပြီး အက်ဖ်အီးစီ ယူနစ်တန်ဖိုး ထည့်သွင်းရမည် ဖြစ်ကြောင်း E Lite Tech ဆိုင်များထံမှ သိရှိရသည်။ ငါးသိန်းတန်ဖုန်းကတ် ထုတ်ယူပြီး တစ်လအတွင်း အက်ဖ်အီးစီ ထည့်သွင်း မထားလျှင် တစ်လကျော်သောအခါ နိုင်ငံခြားဖုန်း အဝင်အထွက် အလိုလို ပိတ်သွားမည် ဖြစ်ပြီး ငါးသိန်းတန်ဖုန်းကို ပြည်တွင်းဖုန်း အဝင်အထွက်သာလျှင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားဖုန်း အဝင်အထွက် ပြန်လည် အသုံးပြုလိုလျှင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် နိုင်ငံခြားဖုန်း အဝင်အထွက် အသုံးပြုခွင့် လျှောက်ထားရမည် ဖြစ်ကြောင်း E Lite Tech ဆိုင် တာဝန်ရှိသူများက ဆိုကြသည်။ နိုင်ငံခြားဖုန်း အဝင်အထွက်အတွက် အက်ဖ်အီးစီ ၂၀ တန်နှင့် ၅၀ တန် Prepaid Top-up Card များကို E Lite Tech ဆိုင်များတွင် ဝယ်ယူ ထည့်သွင်းနိုင်ကြောင်း၊ နိုင်ငံခြားမှ ဖုန်းအဝင်အတွက် အက်ဖ်အီးစီပေးရန် မလိုဘဲ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခြင်းအတွက် တစ်မိနစ်လျှင် အက်ဖ်အီးစီ ၀ ဒသမ ၉ ယူနစ်သာ ကျသင့်ကြောင်း E Lite Tech ဆိုင်တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပတ်စပို့ လျှောက်ထားရာတွင် ဘွဲ့လျော်ကြေးပေးကာ လျှောက်ထားသူများ ယခင်ကထက် ပိုမိုများပြားလာ

နိုင်ငံကူးလက်မှတ် ပတ်စပို့ လျှောက်ထားသူများတွင် မိမိ၏ ပညာအရည်အချင်း အတွက် ဘွဲ့လျော်ကြေး(ခ) EC ပြုလုပ်၍ ပတ်စပို့ လျှောက်ထား ခြင်းအား ယခင်ကထက် ပိုမိုပြုလုပ်လာကြကြောင်း သိရသည်။ အဆိုပါ ဘွဲ့လျော်ကြေး (ခ)EC ဆိုသည်မှာ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ သွားရောက်မည့်သူများ အနေဖြင့် နိုင်ငံကူးလက်မှတ် ပတ်စပို့ လျှောက်ထားရာတွင် မိမိ၏ ပညာအရည်အချင်းအတွက် ဘွဲ့လျော်ကြေး (ခ) EC ပေးသွင်းရခြင်း ဖြစ်ပြီး မည်သူမဆို မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဒုတိယနှစ်အောင်မှစ၍ ဘွဲ့ရပြီးသော သူများ အားလုံး ပေးဆောင်ရကြောင်း၊ ပတ်စပို့အား စက်ဖြင့် ဖတ်ရှုစစ်ဆေးနိုင်သော (MRP) စနစ်သစ်ဖြင့် ပြောင်းလဲ လိုက်ပြီးနောက် ဘွဲ့လျော်ကြေး (ခ)EC ပြုလုပ်၍ ပတ်စပို့ လျှောက်ထားသူများမှာ ယခင်ကထက် ပို၍များပြား လာကြောင်း သိရသည်။

ဘွဲ့လျော်ကြေး (ခ)ECအား အဆင့်မြင့်ပညာ ဦးစီးဌာန (အဝေးသင်တက္ကသိုလ်) တွင် သွားရောက် ပြုလုပ်နိုင်ပြီး ဘဏ်တွင် ငွေသွင်းခြင်းအား ဘာတာမှတ်တိုင်အနီးရှိ မြန်မာ့စီးပွားရေးဘဏ် (ကမာရွတ်) ဘဏ်ခွဲတွင် ဆောင်ရွက်ရကြောင်း၊ လျော်ကြေးငွေအား ဘွဲ့အလိုက် (ဘွဲ့လွန်မပါ) ကျပ်တစ်သောင်းမှ တစ်သောင်း ငါးထောင်ကျော် အထိ ပေးသွင်းရကြောင်း၊ ဘဏ်မှ ပေးလိုက်သော စာရွက်အား မိတ္တူကူးကာ အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ချလန်တစ်စောင်နှင့် မိတ္တူပေးရန် လိုအပ်ကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရန်ကုန် ဈေးကွက်အတွင်း ထိုင်းနိုင်ငံမှ ၀င်ရောက်သော အီလက်ထရောနစ် ပစ္စည်း၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းအချို့ ဈေးနှုန်းများပြောင်းလဲ

ရန်ကုန် ဈေးကွက်အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ၀င်ရောက်လျက်ရှိသော အီလက်ထရောနစ် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ အပြောင်းအလဲ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါ ပစ္စည်းရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရသည်။

ထိုင်းနိုင်ငံမှ ၀င်ရောက်လျက်ရှိသော ပစ္စည်းများမှာ ဇူလိုင်လ ကုန်ပိုင်းမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်း ၀င်ရောက်မှုများ သိသာစွာ နည်းပါးလာသဖြင့် ဈေးနှုန်းများ မြင့်တက်သွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် လျှပ်စစ် ပစ္စည်းများ ဖြစ်သော တီဗီ၊ ရေခဲသေတ္တာ၊ အ၀တ်လျှောက်စက်၊ အဲယားကွန်း၊ LCD တီဗီ ဈေးနှုန်းများမှာ ပြောင်းလဲမှု ဖြစ်ပေါ်နေကြောင်း၊ အထူးသဖြင့် LCD တီဗီ ဈေးနှုန်းများမှာ တစ်လုံးလျှင် ကျပ် ၅၀၀၀၀ ၀န်းကျင်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

စားသောက်ကုန် ပစ္စည်းဈေးကွက်တွင်လည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သော စားသောက်ကုန် ပစ္စည်းများ မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံမှ ရန်ကုန် ဈေးကွက်အတွင်းသို့ ၀င်ရောက်သော စားသောက်ကုန် ဈေးနှုန်းများမှာ ယခင်လပိုင်းများကတည်းက ဈေးနှုန်းများ တရိပ်ရိပ် အတက်ပြခဲ့ပြီး ယခုအခါ ဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူသုံးကုန်ပစ္စည်း ဖြစ်သည့် ထိုင်းနိုင်ငံထုတ် ဖိနပ်များ၏ ဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်လာခဲ့သည်ဟု ဖိနပ်ရောင်းချသည့် ဆိုင်အချို့ထံမှ သိရှိရသည်။ ထိုင်းနိုင်ငံမှ ၀င်ရောက်သော ပစ္စည်းများဈေးနှုန်း အပြောင်းလဲ ဖြစ်နေခြင်းကြောင့် အများစုမှာ ဈေးနှုန်းသက်သာသော တရုတ်နိုင်ငံမှ ပစ္စည်းများဖြင့် ပိုမိုအရောင်းအ၀ယ် ပြုလုပ်နေရကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

10 August 2010

မြန်မာနိုင်ငံသားများအပေါ် ခွင့်ပြုပေးနေသည့် ဆိုက်ရောက် ဗီဇာစနစ် မလေးရှားဖျက်သိမ်း

မလေးရှားနိုင်ငံအစိုးရက မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ နိုင်ငံရှစ်နိုင်ငံအပေါ် ခွင့်ပြုပေးနေသည့် ဆိုက်ရောက် ဗီဇာစနစ်ကို နိုင်ငံအတွက် ပြဿနာများစွာ ကြုံတွေ့နိုင်သည်ဟု အကြောင်းပြု၍ သြဂုတ်လ ၃ ရက်နေ့က ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဆိုက်ရောက် ဗီဇာစနစ် အမြဲတမ်း ရပ်စဲရခြင်း၏ အဓိကအကြာင်းအရင်းမှာ အိန္ဒိယနိုင်ငံမှ အလည်အပတ် လာရောက်သူ လေးသောင်းခန့်သည် ဆိုက်ရောက် ဗီဇာစနစ်ကို အသုံးချ၍ မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်လျက် ရှိသည့်အတွက် ယခုကဲ့သို့ ရပ်စဲရခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံထုတ် “Star” သတင်းစာတွင် ပါရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ “သြဂုတ်လ ၁၅ ရက်နေ့ လောက်ကစမယ် လို့တော့ ကြားတယ် ”ဟုလည်း ၄င်းက ဆက်လက်ရှင်းပြသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံသားများအပေါ် ဆိုက်ရောက် ဗီဇာစနစ် ဖျက်သိမ်းလိုက်သည့်အတွက် မြန်မာနိုင်ငံမှ ခေါ်စာ “Calling” ဖြင့် ဗီဇာမယူဘဲ သွားရောက် ကြသူများသည် မဖြစ်မနေဗီဇာ ယူရတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောကြားသည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသူများကို ဆိုက်ရောက် ဗီဇာစနစ်ခွင့်ပြုပြီး ယခုဆိုက်ရောက် ဗီဇာစနစ် ဖျက်သိမ်းသော နိုင်ငံများမှာ မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ တရုတ်၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်(တိုင်ပေ)၊ ကူမာရောကျွန်းစုနိုင်ငံတို့ ဖြစ်ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာပြည်ရှိ အကျဉ်းထောင်တွေ ထဲက သရက်ထောင် ၏လက်ရှိအခြေအနေ

မူလထောင်ပိုင်ကြီး လက်ထက်မှာ နှစ်ရှည်နှစ်ကြီး အကျဉ်းသားများနေထိုင်မှု့လုံ့ခြုံမှုကို ရှေရှုးပြီး အပြန်အလှန်
ရယူထားတဲ့ ယုံကြည်မှု့ အနေအထားတွေကို၊ ထောင်ပိုင် အသစ်လက်ထဲမှာ လုံးလုံး လျားလျားပြောင်းလဲပြစ်
တာကို ခံရတဲ့အတွက်၊ အကျဉ်းသူ အကျဉ်းသားများ သာမက၊၀န်ထမ်းများပါ၊စိတ်မသက်မသာဖြစ်နေရပါတယ်။

(၈.၇.၂၀၁၀)ဗုဒ္ဓဟူးနေ့က နိုင်ငံရေးသမားများကို အဓိကပစ်မှတ်ထားတဲ့ ရှာဖွေရေးကို မနက်တစ်ကြိမ်၊ အဲဒီနေ့ မှာပဲညနေတစ်ကြိမ် မြေလှန်ရှာဖွေမည် ဆိုပြီ အထူးသလာဆီ ရှာဖွေရေးပြုလုပ်ခဲ့တယ်၊ထောင်ပိုင်အသစ် ကတပ် ကနေ ပြောင်းလဲလာသူ ဖြစ်ပြီးတော့ သူ၏ ဇနီးနှင့် မောင်များနဲ့ အရာရှိများရဲ့ဇနီးများက ရာထူး နှိပ်ဝန်ထမ်းများရဲ့ ချဲလှယ် စွပ်ဖက်မှုကို ပြောင်းပြောင်တင်းတင်း ပြုလုပ်နေတဲ့ အတွက်အဆင့်နိပ်ဝန်ထမ်းများ မိသားစုတွေအနေနဲ့မဆီမဆိုင်၊၀င်ရောက်စွက်ဖက်၊သြဇာပေးနေတယ်လို့ခံစားရပါတယ်။

ထောင်ပိုင်အသစ်နှင်အတူ ရဲဖက်စခန်းအသီးသီးမှာ တာဝန်ယူပြီ ယခုမှ ပြန်ပြီ တာဝန်ယူကြတဲ့ ၊ထောင်တွင်း အုပ်ချုပ်မှုပုံစံမှာအကျဉ်းသူ ၊အကျဉ်းသားများသာမက၊ ၀န်ထမ်းများအပေါ်မှာရော၊ ရဲဘက်စခန်း၊ စစ်မြေပြင် သုဿန်သဖွယ် အနိုင်ကျင့် ဗိုလ်ကျ အုပ်ချုပ်နေသဖွယ် ဖြစ်နေပါတယ်။



မြန်မာနိုင်ငံရှိ စစ်အာဏာရှင် တွေနဲ့ စီးပွားတူ စစ်အာဏာရှင်တွေအားကိုးနေရသော လုပ်ငန်းရှင် ဦးတေဇ ပိုင်ဟိုတယ်များအကြောင်းသိကောင်းစရာ..


တေဇပိုင်တဲ့ ပုပ္ပားက ဟိုတယ်တစ်ခု..

စစ်အာဏာရှင် လက်ထက် အာဏာရှုးတွေနဲ့ ပေါင်းပြီး ဝေစားမျှစား ထင်တိုင်းကြဲပြီး ဗိုလ်သန်းရွှေရဲ့ သားမက်လို့
အပြောခံရလောက်အောင် နာမည်ကြီးတဲ့ ခေတ်ပျက်သူဋ္ဌေး လက်နက်ပွဲစား ပြည်သူ့ဘဏ္ဍာတွေနဲ့ တစ်ဦးတည်းပိုင် ဈေးကွက် စီးပွားရေးတွေ လုပ်ပြီး ရှိသမျှ စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာပြည်က အချမ်းသာဆုံး ပုဂ္ဂိုလ် ဦးတေဇရဲ့ ဟိုတယ်လုပ်ငန်းများ အကြောင်းကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

မောင်တေဇဆိုပြီး အများသိနေကြတဲ့ သူကိုယ် သူဟာ ဘယ်လို ချမ်းသာလာတာလည်းဆိုတာတော့ အားလုံးသိပြီးသားမို့လို့ အထူးတလည် မရေးတော့ပါဘူး… တလောကလည်း နောက်ထပ်လေယာဉ်တွေ ထပ်ဝယ်တာလည်း အားလုံးအသိပါပဲ။ မြန်မာပြည်မှာ လေယာဉ် ဝယ်နိုင်လောက်အောင် ချမ်းသာတာ သူတစ်ဦးတည်းရှိပါတယ်။ အခုလည်း ငွေမဲတွေ ခဝါချဖို့အတွက် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ရပြန်ပြီလေ… ။ ထားပါတော့ ကျွန်တော်က ကျွန်တော် သိတဲ့ တေဇရဲ့ ဟိုတယ်လုပ်ငန်းတွေ အကြောင်းကို အားလုံးသိအောင် တင်ပြပေးလိုက်ပါတယ်…။

တေဇရဲ့ရေတွက်လို့မရတဲ့ လုပ်ငန်းတွေထဲက လုပ်ငန်းတခုကို ပြပါဆိုရင်တော့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဦးစားပေးပြီးပြောကြရအောင်… ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်က ဒီလုပ်ငန်းနဲ့ အနည်းနဲ့အများ ပတ်သတ်နေတဲ့ အတွင်းသိသူ တစ်ယောက်ဆိုတော့ တေဇရဲ့ ဟိုတယ် လုပ်ငန်း အကြောင်းတွေကို ဦးစွာ ပြောပြပါမယ်..။ ပထမဦးစွာလွန်ခဲ့တဲ့ နှစ်တွေ များကသူ ဟိုတယ်တွေ တစ်လုံးပြီးတစ်လုံးနေရာတိုင်းမှာ စဆောက်တာတွေကို ပြောပါရစေ ကမ္ဘာကျော် ဟိုတယ်ကြီးတွေ ဖြစ်တဲ့ ရှန်ဂရီလာတို့ …. Traders Hotel တို့ Hilton Hotel တို့တောင် အဲ့လောက် ရင်းနှီးမြုပ်နှံ နိုင်ပါ့မလားလို့ ထင်မိပါတယ်… မြုပ်နှံနိုင်မယ် ဆိုရင်တောင် အခု လို ခရီးသွားတွေ သိပ်မလာတဲ့ အချိန် မှာဟိုတယ်တွေ တစ်လုံးပြီးတစ်လုံး နေရာတိုင်းမှာဆောက်ဖို့ ဆိုတာတော်ရုံတန်ရုံ ငွေ ဖြုနဲ့ ကတော့ ဘယ်လို မှ ဆောက်လို့ မရနိုင်ပါဘူး…။ ငွေ ကို စက်နဲ့ ရိုက်ထုတ်ရင်ထုတ် သို့ မဟုတ် ကျန်တဲ့ လို အပ်သမျှ ကို အလကား အကုန်ရမှပဲ ရပါမယ်… ။ သစ်ကနေ စပြောရရင် မြန်မာပြည်သစ်တောထဲ က သစ်တွေကို အကုန်ဖြုန်းတီးဖြစ်တဲ့ မောင်တေဇ ရဲ့  ဟိုတယ် List တွေကို အရင်ဆုံးပြောပါရစေ…. အောက်ကလင့်တွေကတော့ မောင်တေဇပိုင်တဲ့ ဟိုတယ်တွေပါပဲ...။ စီးပွားရေးအစုံလုပ်ပြီး ဓနအင်အားမှာ ဘယ်သူမှ လိုက်မမှီတဲ့ အတွက် ဟိုတယ်တွေမှာလည်း သူ့ကိုဘယ်သူမှ မပြိုင်နိုင်ပါဘူး။




တေဇပိုင် ဟိုတယ်တွေပါ...
အောက်ကလင့်တွေကတော့ ဦးတေဇပိုင်တဲ့ ဟိုတယ်လုပ်ငန်းတွေရဲ့ Home Page ပါ…..

http://www.aureumpalacehotel.com/
အထက်ပါ တည်းခိုးခန်းတွေက တစ်ညကို ဒေါ်လာ အနည်းဆုံး ၁၅၀ ကနေစပြီး ပုဂံ ကဟိုတယ်ဆိုရင် အရင်တုန်းက (၂)ခန်းပဲ ပါတဲ့အခန်းဆိုရင် တစ်ညဒေါ်လာ ၇၀၀ နီးပါးရှိပါတယ်။ ဘာတွေပါလည်းဆိုရင် အဲ့ ဒီ့ အခန်းက ၂ထပ်ဆောင် လိုမျိုး ဆောက်ထားပြီး အခန်းရှေ့ မှာတော့ သီးသန့် ရေကူးကန်လေးနဲ့ ပါ….။ ရှင်ဘုရင် ပုဆိုးပိုးချည်းပဲ လို့ မသုံးချင်ပါဘူး သူခိုးကြီးတွေက နိုင်ငံသစ်တောတွေ ပြည်သူ့ ဘဏ္ဍာ တွေ ကို သူ့ အမေလင် ပစ္စည်းလို ထင်တိုင်းသုံးနေကြတာလေ..။ ဒမြတွေ ပိုင်တဲ့ ပစ္စည်းဆိုတော့  နိုင်ငံတွင်းက ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ ကျွန်းသစ်တွေ.. ကြိမ်တွေ သုံးထားလိုက်ကြတာ .. လာတည်းခိုတဲ့ နိုင်ငံခြားသားတွေတောင် အံ့သြလက်ဖျား ခါကျပါတယ်…။

သစ်တောထဲကနေ လက်ညှိုးထိုး ခုတ်လာတဲ့  ကျွန်းသစ်တွေကို အသားကျအောင် အခြောက်မခံပဲ လိုချင်တာ တစ်ခါတည်း တန်းပြီးဆောက်တော့ အသားမကျသေးတေ့ ကွဲကုန်တာပေါ့ .. ဒီလို ကျွန်းတစ်ပင်ရဲ့ တန်ဖိုးကို လုံးဝမသိ နားမလည်တော့ လုပ်ချင်တိုင်း လုပ်ထားတာလေ… အသားကျအောင် မထား သေချာ ပေါင်းမတင်တော့ ကွဲနေတဲ့  သစ်သားခုံတွေ တိုင်တွေ ပစ္စည်းတွေကို ကြည့်ကြည့် ပြီး အင်မတန်မှ နှမြောတသ ဖြစ်မိရတယ်လေ.. ဒီလောက်တောင် ခုတ်ချင်တိုင်း ခုတ်နေမှတော့  ကုန်ြပီပေါ့ … ဒါကတော့ မောင်တေဇရဲ့  Aureumpalace က First Class ကြယ်ငါးပွင့် သတ်မှတ်လို့ရတဲ့ အတန်းစားတွေပေါ့…. ဘယ်ဈေးကွက်မှ မလွတ်သွားအောင် Deluxe ဟိုတယ်အဆင့်တွေပေါ့… ရန်ကုန်မှာ Deluxe အဆင့်ရှိတဲ့ ဟိုတယ်တွေကတော့ Strand Hotel, Sedona, Governor Resident တို့နဲ့ တေဇပိုင်တဲ့ Aureumpalace တို့ပဲရှိပါတယ်…။ ထူးခြားတာက တေဇဟိုတယ်တွေက နယ်တွေမှာ ရှိပြီးမြေနေရာ များများ ကျယ်ကျယ် သုံးနိုင်တဲ့ အတွက်ကြောင့် သတ်မှတ်ထားတဲ့ တစ်ခြားဟိုတယ်တွေထက် သာလွန်ကောင်းမွန်နေတာပေါ့။

အောက်က လင့်ကတော့ တေဇ Second Class လို့ သတ်မှတ်ထားတဲ့ ဟိုတယ်တွေပါ…. Second Class ကတော့ ရန်ကုန်က Chatrium (ယခင် Hotel Nikko), Grand Plaza park Royal တို့နဲ့ အဆင့်တူတွေပါပဲ.. http://www.myanmartreasureresorts.com/ ဒီအပေါ်က Myanmar Treasure Resorts Group ကတော့ သူ့ရဲ့ဒုတိယတန်းစားလို့ သတ်မှတ်လို့ ရတဲ့ ဟိုတယ်တွေပါ အုတ်ကတော့ ဘယ်က ရလည်းမသိပေမယ့်  ကျွန်းသစ်နဲ့ လိုအပ်တဲ့ သစ်တွေကို အခန်းထဲ မှာ ကြိမ်နဲ့ လုပ်မယ့် မီးအုပ်ဆောင်းတွေ အတွက်ကတော့ တောထဲ ကနေ ခုတ်ချင်တိုင်း လက်ညှိုးထိုး ခုတ်ခွင့် ရထားတယ်လေ…။ ဘိလပ်မြေက လည်းသူတို့စက်ရုံ သို့မဟုတ် အစိုးရ ဘိလပ်မြေ စက်ရုံ ကနေ ယူရုံပါပဲ သယ်ဖို့ ကားတွေကလည်း လိုင်စင်မဲ့ကားတွေက ဖောချင်းသောချင်း.. တစ်ခြားခရီးသွား ကုမ္ပဏီက ကားတစ်စီးဝယ်ဖို့ ပါမစ်တွေ ကျအောင် မနည်းလုပ်နေရတဲ့ အချိန်မှာ.. သူ့ကတော့ ကြိုက်တဲ့ကားသွင်းချင်တိုင်း သွင်းခွင့် ရှိတယ်လေ.. အင်းကားဝယ်တဲ့ ပိုက်ဆံက လည်းလိုသလောက် ရိုက်ထုတ်လို့ ရလောက်အောင် ဖြစ်နေလောက်တဲ့ငွေ ၀န်ထမ်းတွေကို ပေးတာကလည်း ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ သူတစ်ဦးတည်း မောင်ပိုင်စီးထားပီး လက်နက် အရောင်းအဝယ် လုပ်တာတွေ ကနေ နေတဲ့ ၀င်ငွေတွေပေါ့...။ ဒါကြောင့်လည်း အနည်းဆုံးလခ အနိမ့်ဆုံးဝန်ထမ်းတွေက ဒေါ်လာ ၁၀၀ ကနေ မာန်နေဂျာ အဆင့်ဆိုရင် ဒေါ်လာ ၁၅၀၀ အထိရကြပါတယ်။ အာဏာပိုင်တွေ ရဲ့သားသမီးတွေပဲ ခေါ်သုံးတာ များပါတယ်။


ပုဂံကတေဇပိုင်ဟိုတယ်..

ကောင်းပြီ သူတို့က အခွင့်ထူးခံတွေ ဥပမာ ဦးမောင်အေး ရုရှားသွားတယ် ဆို သူပါတယ် လုပ်ငန်းရှင်နေရာတွေမှာ သူ ပါတယ် ဒီတော့ ဘာလုပ်ငန်းမဆို သူတို့နဲ့ တခါတည်း ချိတ်ဆက်ထားပြီးပြီ သူရဲ့ခရီးသွားလုပ်ငန်းမှာ လေယာဉ်ရှိတယ် ကားကောင်းရှိတယ် ဟိုတယ်ရှိတယ် သူ့မှာ ၀န်ထမ်းပဲ လိုတယ် ကျန်တဲ့ အစိုးရရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်နေရတဲ့ မှန်မှန်ကန်ကန် ကားစုတ်လောက်ကို တန်ဖိုးကြီးပေးပြီးဝယ်ပြီး သုံးနေရတဲ့ တခြားလုပ်ငန်းရှင်တွေ က သူတို့ နဲ့ ဘယ်လို မှလိုက်ပြီးယှဉ်ပြိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ..။ နောက်လုပ်ပိုင်ခွင့် အာဏာကလည်း သာမာန်ဗိုလ်ချုပ် အဆင့်ထက် အများကြီး လုပ်ပိုင်ခွင့်ရှိတယ်လေ.. နေရာတိုင်းကိုလိုက်ပီး သာမန် ပြည်သူတွေရဲ့ ရပိုင်ခွင့် တွေ ကို လိုက်လုယူနေတာတွေ သူ့ ဝန်ထမ်းတွေ ခန့်ထားတဲ့ ( အစိုးရအသိုင်းအ၀ိုင်းက လူကြီးသားသမီးတွေ) အများစုပါပဲ…။ အများစု ကလည်းအတော်ကို ဘ၀င်မြင့်ကုန်ကျတယ်လေ.. တို့အဖေကြီးကိုကာကွယ်မည်လို ဖြစ်နေကြတာပေါ့..။

ငွေဆောင်မှာက ဟိုတယ်ကြီး ၃ ခု ရှိပါတယ်… ၂ခုက သူကိုယ်တိုင် ဆောက်ထားပြီး ကျန်တစ်ခုကတော့ ဦးပိုင်ကဟိုတယ် ကိုပြန်ယူပြီး ပြန်ပြင်ပြီးဆောက်ထားပါတယ်… တခြား ဟိုတယ်တွေကတော့ အင်းလေး မေမြို့  ရန်ကုန် ပုဂံ ပုပ္ပါး မှာရှိပါတယ်..။


ကျွန်းသစ်တွေနဲ့ ပတ်ပြီး ဆောက်ထားတဲ့ တေဇပိုင် နန်းမြင့်မျှော်စင်
ပုဂံမှာရှိတဲ့ နိုင်ငံတကာ ကန့်ကွက်တဲ့ ကြားက ဆောက်ထားတဲ့ နန်းမြင့် မျှော်စင် ကလည်း တေဇ ဆောက်ထားပါ… အခုနောက်ပိုင်း ဘုရားတွေပေါ် တက်ခွင့် မပြုပဲ အဆိုပါ နန်းမြင့် မျှော်စင်(ပုဂံတာဝါ) မှနိုင်ငံခြားတွေကို တက်ရောက်ကြည့် ပြုခွင့်ပြုပါတယ်… တစ်ဦးကို ၁၀ဒေါ်လာပေးရပါတယ် အဆိုပါရရှိတဲ့ ငွေတွေကို ရှေးဟောင်း ယဉ်ကျေးမှု ဋ္ဌာနက မရရှိပဲ တေဇက သာရရှိပါတယ်။ အဆိုပါ မျှော်စင်ကို အပြင်ကနေ ကျွန်းသစ်တွေနဲ့ ပတ်ပြီး ဆောက်ထားတာပေါ့… ပုဂံငွေဆောင် ကားလမ်းတလျှောက် ခုတ်ထားလိုက်တဲ့ သစ်တောတွေ တောင်ကတုံးကိုဖြစ်လို့ …. ပြန်စိုက်ထားပါတယ်ဆိုတဲ့  သစ်ပင်တွေက မစို့မပို့ သစ်တောတွေ ပြုန်းတီးတော့ ရာသီဥတုတွေ ဖောက်ပြန် ပြီး အပူတွေလွန် တာတွေဖြစ်လာတယ်လေ။ ဒီအကျိုးဆက်တွေကို သူတို့သိတယ်လေ.. စီးပွားရေး အသိုင်းအဝိုင်းမှာ သူ့ကို ကပ်ဖားလျှက်ဖား လုပ်နေတဲ့ သူတွေကတော့ အရိုးအရင်းလေး ကိုက်ရမလားဆိုပြီး… ကိုတေဇ ကိုတေဇနဲ့ပေါ့။ မှန်မှန်ကန်ကန် စီးပွားရေးလုပ်စားနေတဲ့ သူတွေကတော့ ငတေ လို့ပဲ ခေါ်ကြတယ်လေ။ သူတို့က ဒီအတန်းစား ဟိုတယ်တွေက တညကို ဒေါ်လာ ၉၀ ကနေ (မြန်မာငွေ တစ်သိန်း) အနည်းဆုံးစပါတယ်။

ဇာတ်တူသားစားတဲ့ သူတို့ တွေရဲ့  အရှက်မရှိကြတဲ့ လုပ်ရပ်တွေအတိုင်း တစ်ယောက်အရေးနိမ့် ရင် တယောက် က ချက်ချင်း အုပ်စိုးလို်က်တာတွေ ဆိုတာလည်း အဲ့လိုပါပဲ … ဥပမာ တစ်ခု အနေနဲ့ ပြောရရင် အရင် က ချောင်းသာ သွားဖူးသူတိုင်း သိမှာပါ.. မင်းမင်းစိုး ဟိုတယ်ဆိုရင် ချောင်းသာနဲ့ ပုပ္ပါး မှာလည်း ရှိခဲ့ ပါတယ်.. နောက်ပုဂံမှာလည်း ရှိခဲ့ပါတယ်။ မင်းမင်းစိုးနာမည်နဲ့တော့ မဟုတ်ခဲ့ပါဘူး အရင်လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ရဲ့ သားပိုင်တဲ့ဟိုတယ် တခုပါ သူ့အဖေ ဒေါ်လာတွေ ရွှေချောင်းကိစ္စတွေနဲ့ အရေးနိမ့်တော့  သူ့သားရဲ့ဟိုတယ်လည်း ပြန်အသိမ်းခံရပါတယ်...။ ဗိုလ်ချုပ်ညွန်တင်ရဲ့သား ကတော့ အရင်က စစ်အစိုးရဘက်ကို မျက်ရည်ခံထိုးပြီး ဘက်ပြောင်းလိုက်တဲ့ ဂျပန်က ငိုလွယ်ရီလွယ် နာမည်ကြီး ဒေါ်မြမြဝင်းရဲ့ သားမက်ဖြစ်ပြီး.. ရုပ်ရှင်တွေဘာတွေ ရိုက်လိုက်သေးတဲ့ ရွှေသွေးရဲ့ ယောက်ဖပါပဲ ..လက်ရှိမှာ ဂျပန်နိုင်ငံမှာ ဘာမှမလုပ်ပဲ ရန်ကုန်ကနေ မလာတဲ့ ပြည်သူ့ စည်းစိမ်တွေနဲ့ ခလေးတွေကို ကောင်းပေ့ဆိုတဲ့ ကျောင်းမှာထားပြီး ဂျပန်တွေကနေ သူဌေးလို့အသိအမှတ်ပြု ရလောက်အောင် နေနေတဲ့သူပါပဲ အဲံ့ဒီ မင်းမင်းစိုးရဲ့ ဟိုတယ်လုပ်ငန်းတွေကို Amata Resortက ပြန်ယူပါတယ် ပြီးတော့ ဟိုတယ်ကို နာမည်ပြောင်း လိုက်ပါတယ်။

အဲ့တော့ ဒီလိုအကောင်ကြီးကြီးတွေနဲ့ ပတ်သတ်သူတွေပိုင်တဲ့ ဟိုတယ်တွေက ဘယ်ဋ္ဌာန ဘယ်သက်ဆိုင်ရာတွေက အခွန်ကောက် အစစ်အဆေး လုပ်ရဲမလဲဆိုတာ စဉ်းစားတာ ကြည့်တော့ ကိုဒီမိုရေ..။

အောက်မှာ ဖော်ပြထားတာ တွေကတော့.. ရွှေတောင်ကြားမှာ ရှိတဲ့ တေဇရဲ့ ဟိုတယ်တွေ ဆက်သွယ်နိုင်တဲ့ ရုံးခန်းနဲ့ လိပ်စာပါ.... စိတ်ဝင်စားရင် ဆက်သွယ် နိုင်ပါတယ်..။

41 Shwe Taung Gyar Road, Bahan Township, Yangon, Myanmar.
Tel: +95-1-503816, 503824,503826, 502648, 502649
Fax:+95-1-527434
E-mail:
Website: www.aureumpalacehotel.com, www.aureumresortandspa.com
www.aureumresortsandspa.com, www.aureumpalace.com, www.aureumpalace-bagan.com
www.aureumpalacebagan.com, www.thebesthotelinmyanmar.com

အောက်ကတော့ ဗိုလ်ချုပ်သန်းရွှေသား.. ကြိုင်ဆန်းရွှေ ပိုင်တဲ့ ပုဂံသံတဲ ဟိုတယ်ပါ...။


ဗိုလ်ချုပ်သန်းရွှေသား.. ကြိုင်ဆန်းရွှေ ပိုင်တဲ့ ပုဂံသံတဲ ဟိုတယ်ပါ...။


ဗိုလ်ချုပ်သန်းရွှေသားပိုင်တဲ့ ဧရာဝတီ မြစ်ကမ်းနားက သံတဲဟိုတယ် ကိုဆက်သွယ်နိုင်တဲ့ လိပ်စာနဲ့ အီးမေးလ်...

http://www.hotelbaganthande.com

For Reservation in Yangon, Myanmar

Address :
No.75 (D), Banyadala Road, Bahan Township, Yangon, Myanmar.
Telephone :

95-01-546225, 546226, 703992, 727498, 543963
Fax :
95-01-546227

Email :
thandeoffygn@myanmar.com.mm

reservation@baganthandehotelgroup.com

sales@baganthandehotelgroup.com

frontoffice@baganthandehotelgroup.com
3. Bagan Thande Hotel

Telephone :

95-61-60025, 60031, 60964
Fax :

95-61-60050
Email :

baganthande@mptsat.com.mm

frontoffice@baganthandehotelgroup.com
URL
Address :

http://www.hotelbaganthande.com


စစ်အာဏာရှင် ဆန့်ကျင်နေသူအားလုံးအား အထူးလေးစားလျှက်..

အတွင်းသိ (GRW)

သတင်း အားပြန်လည်ရေးသားဖော်ပြသူ ဒီမိုဝေယံ အားကျေးဇူး တင်ရှိပါသည်.။