18 August 2012

ဦးအောင်သိန်းလင်း၏ Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်းဒေသကြီး
တာဝန်ခံ) ဦးအောင်သိန်းလင်း၏Southern Weekend(China)တရုတ်သတင်းစာ ပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာရည်ညွှန်းချက်

၁။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဋ္ဌာနချုပ်၏ (၂၈.၇.၂၀၁၂) ရက်စွဲပါ၊ စာအမှတ်၊၁၁/၇/ ပြည်ခိုင်ဖြိုး/၂၀၁၂(၁၀၄)

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ

၂။       စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းပါသည်-
          (က) ဥက္ကဋ္ဌ               ဦးတင်ထွတ်၊ ဗဟိုအတွင်းရေးမှူး
          (ခ)  အဖွဲ့ဝင်            သူရဦးအေးမြင့်၊ ဗဟိုအလုပ်အမှုဆောင်
          (ဂ) အဖွဲ့ဝင်             ဦးသိန်းဆွေ၊ ဗဟိုအလုပ်အမှုဆောင်

စွပ်စွဲခံရသူ

၃။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း

စုံစမ်းဖေါ်ထုတ်ရန်အချက်များ

၎။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)ဟု ဖေါ်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖေါ်ပြချက်များအား Internet စာမျက်နှာများနှင့် ပြည်တွင်းဂျာနယ်များတွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ အောက်ပါတို့ကို စုံစမ်းစစ်ဆေးရန်ဖြစ်ပါသည်-
(က) အဆိုပါရေးသားဖေါ်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ အမှန်တကယ်ပြောကြားချက်များအတိုင်း ဖေါ်ပြထားခြင်း ဟုတ်/မဟုတ်။
(ခ)     ပြောကြားချက်များတွင် ပါတီစည်းကမ်းနှင့်ငြိစွန်းနေသောအချက်များပါရှိခြင်း ရှိ/မရှိ။

စစ်ဆေးတွေ့ရှိချက်များ

၅။       စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဦးအောင်သိန်းလင်းထံမှ ထွက်ဆိုချက်ကို လက်မှတ်ရေးထိုး စေလျှက် ရယူပြီး ပူးတွဲ(က)အတိုင်းတင်ပြပါသည်။
၆။       အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေးသားဖေါ်ပြခဲ့သော အောက်ပါဂျာနယ်(၃)စောင်မှ တာဝန်ရှိ သူများကို ရန်ကုန်မြို့ Hotel Yangon တွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၃)ရက်၌ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းခဲ့ပါသည်။
          (က) Weekly Eleven ဂျာနယ်
                 (၁) Eleven Media Group CEO ဦးသန်းထွဋ်အောင်
                 (၂) Weekly Eleven အယ်ဒီတာချုပ် ဦးဝေဖြိုး
          (ခ)  မော်နီတာဂျာနယ်
                 (၁) CEO ဦးမြတ်ခိုင်
          (ဂ)  သံတော်ဆင့်ဂျာနယ်
                 (၁) ဦးဆန်းဝင်းထွန်း(တာဝန်ခံအယ်ဒီတာ)
                 (၂) ဦးပြည့်စုံထွန်း(သတင်းအယ်ဒီတာ)


၇။       Weekly Eleven ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်
(က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှရှင်းလင်းပြောကြားချက်။                     ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)တို့တွေ့ဆုံမေးမြန်းရေးသားဖေါ်ပြချက်အပေါ် ဂျာနယ်များ တွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ သိရှိလို၍ ခေါ်ယူမေးမြန်းရခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီသည် ပါတီစတင်ဖွဲ့စည်းစဉ်ကတည်းက ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါတီ၏ မူဝါဒ၊ သဘောထားများဖေါ်ပြပြီးဖြစ်ကြောင်း။ ပါတီ၏နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ကျင့်သုံးလျှက်ရှိကြောင်း၊ သို့သော်လည်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ ``ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး။´´ဟု Southern Weekend(China)မှ တရုတ်လိုဖေါ်ပြချက်ကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ၎င်းမှမြန်မာဘာသာဖြင့် ဂျာနယ်အချို့တွင်ဖေါ်ပြခဲ့ကြောင်း၊ အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအပေါ် ပြောဆိုခဲ့သည့်ဖေါ်ပြချက်မှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏မူဝါဒနှင့်ကွဲလွဲနေကြောင်း၊ ထို့ပြင် မြစ်ဆုံကိစ္စ ပြောဆိုချက်ဟုဖေါ်ပြထားခြင်းမှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏သဘော ထားနှင့်ကွဲလွဲနေကြောင်း၊ အဆိုးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ကို ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်အား လူထုမှလှိုက်လှဲစွာထောက်ခံအားပေးနေကြ ခြင်းမှာ ``လူတွေက Crazy ဖြစ်နေကြတာပါ။ လူကြိုက်များရခြင်းမှာ အမျိုးသား ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်လို့ပါ ´´ဟု ဖေါ်ပြထားကြောင်း၊ Crazy ဟူသော အင်္ဂလိပ်စကားကို အချို့ဂျာနယ်က ``လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ ကြောင်း၊ ဤအချက်အပေါ်တွင်လည်း လူထုမှအထင်မှားအမြင်မှား ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များအပေါ် Southern Weekend(China)က တရုတ်လိုဖေါ်ပြ၊ ၎င်းကို အင်္ဂလိပ်ဘာသာပြန်၊ ၎င်းကို ဂျာနယ်များက မြန်မာလိုပြန်၍ ဖေါ်ပြထားမှုများ၏ အခြေအနေမှန်ကို သိရှိလိုသဖြင့် ယခုလိုတွေ့ဆုံမေးမြန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
(ခ)   စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။                          Weekly Eleven ဂျာနယ်တွင် အဆိုပါ ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိပါသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
       Weekly Eleven ဂျာနယ်မှဖြေ။             ထည့်သွင်းဖေါ်ပြခဲ့ပါသည်။ ၂၅.၇.၂၀၁၂ ရက် ထုတ် ဂျာနယ်တွင်ဖြစ်ပါသည်။
မေး။    ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြ ခဲ့တာလဲ။
ဖြေ။    Southern China(Weekend)မှ Internet တွင် တရုတ်လိုတင်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို www.burmanet.org တွင် Google Translation မှ အင်္ဂလိပ် ဘာသာဖြင့် ဖေါ်ပြချက်အရသိရှိရပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာပြန်မှ ဂျာနယ်က မြန်မာလိုဘာသာပြန်၍ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။
မေး။    မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက် အပေါ် မည်သို့မြင်ပါသလဲ။
ဖြေ။    တရုတ်သတင်းစာနှင့်ဂျာနယ်များသည် တရုတ်အစိုးရ၏ဘက်တော်သားများ ဖြစ်ပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို အရမ်းပြန်လုပ်ချင်နေ သဖြင့် မြစ်ဆုံဘက်ကို လမ်းကြောင်းနိုင်မည့်နည်းလမ်းများ ရှာဖွေလျှက် ရှိကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြန်မာအစိုးရအပေါ် အနောက်နှင့်ဆက်ဆံ ပြီး သူတို့ကိုဖယ်နေသည်ဟု ထင်မြင်ရပါကြောင်း၊ သို့ဖြစ်ပါ၍ Southern Weelend(China)မှ မြစ်ဆုံကိစ္စအပေါ် ဦးအောင်သိန်းလင်းအား ဆွဲယူအသုံးချ ၍ မေးမြန်း သွားခြင်းဖြစ်သည်ဟု ယူဆပါသည်။
မေး။    ဂျာနယ်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ရာတွင် တိကျမှုရှိရဲ့လား။
ဖြေ။    ကျွန်တော်တို့က ဘာသာပြန်တာ တော်တော်များများတိကျပါသည်။
မေး။    အင်္ဂလိပ်လို Crazy ဟူသောစကားကို ဂျာနယ်က မည်သို့ဘာသာပြန်ခဲ့ပါသလဲ။
ဖြေ။    ``လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ပါသည်။ လူတွေကအရူးတွေဟု ပြန်ခြင်းမဟုတ်ဘဲ အရူးအမူးဖြစ်သည့်သဘောဖြင့် ``ရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ခြင်းဖြစ်ပါသည်။
မေး။    ``ရူးနေကြတာပါ´´ဟု ပြောခြင်းဟာ အရူးဟု မဆိုနိုင်ဘူးလား။
ဖြေ။    ``ရူးနေကြတာ´´လို့ ဘာသာပြန်ရာမှာ ရူးသွပ်တယ်လို့ မဆိုလိုပါ။ ပြည်သူတွေ ဟာအရူးလို့ ဘာသာပြန်ရင်တော့မှားပါတယ်။ ရူးနေကြတာဆိုရင် လက်ခံနိုင် ပါတယ်။ ဥပမာ ဒီအဆိုတော်ကို အရမ်းကြိုက်လို့ရူးနေကြတာဆိုခြင်းသည် အရူးအမူးနှစ်သက်တာကို ဆိုလိုခြင်းမျိုးဖြစ်ပါသည်။
မေး။    တခြားဂျာနယ်တွေမှာရော ဘယ်လိုရေးကြသလဲ။
 ဖြေ။    Envoy, Popular စတဲ့ဂျာနယ်တော်တော်များများကတော့ အရူးအမူးသဘောပဲ ရေးကြတယ်ထင်ပါသည်။
မေး။    မြစ်ဆုံကိစ္စမှာရော ဦးအောင်သိန်းလင်း၏ ပြောကြားချက်ကို ဘယ်လိုဖေါ်ပြခဲ့ပါ သလဲ။
ဖြေ။    မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက်ပါ ဦးအောင်သိန်းလင်းပြောခဲ့သည်ဆိုသည့်အတိုင်း နိုင်ငံတော်သမ္မတတစ်ဦးရဲ့ ဆုံးဖြတ်ချက်ပါ။ လွှတ်တော်၏ဆုံးဖြတ်ချက်မဟုတ်ပါ။ ``မြစ်ဆုံဆည်ကို မဖြစ် မနေပြန် လည်တည်ဆောက် ရမည်´´ဟု ဖေါ်ပြခဲ့ပါသည်။
မေး။    သမ္မတတစ်ဦးတည်းဆုံးဖြတ်ချက်ဟုတ်ရဲ့လား။
ဖြေ။    လွှတ်တော်မှာလည်း ကျွန်တော့အထင်တော့ အဆိုတင်သွင်းပြီး ၀ိုင်းထောက်ခံ ကြတယ်လို့ထင်ပါသည်။(ဦးသိန်းဆွေမှ အဆိုကို မိမိကအရေးပေါ်တင်သွင်းခဲ့ပြီး အများစုမှထောက်ခံခဲ့ကြောင်း ဖြည့်စွက်ပြောကြားပါသည်။)
မေး။    ဂျာနယ်တွင် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်ဆိုပြီး``သူတို့ထပ်နိုင် ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေဆောက်မယ်လို့ ဦးအောင်သိန်းလင်းကဆိုရင် ၂၀၁၅ အတွက်အဖြေကထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး´´ ဟု ဖေါ်ပြထားခြင်းမှာ ဘာကို ရည်ရွယ်ပါသလဲ။
ဖြေ။    အဲဒါကတော့ အမှန်အတိုင်းပြောရရင် စေတနာနဲ့ပြောတဲ့စကားပါ။ ဦးအောင်သိန်းလင်းရဲ့စကားဟာ ပါတီရဲ့အာဘော်ဆိုရင် ပါတီသိပ်နစ်နာနိုင်တဲ့ အတွက် သတိပေးဖေါ်ပြခြင်းဖြစ်ပါတယ်။
မေး။    Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။    တရုတ်စာနယ်ဇင်းထဲမှာ ဒီဂျာနယ်ဟာ အကြီးတန်းအဆင့်ထဲပါတယ်လို့ သိရပါ တယ်။ ဂျာနယ်ရဲ့သတင်းထောက်ဟာ မရိုးသားဘူးလို့မြင်ပါတယ်။ သူလိုချင် တာကိုဆွဲပြီးမေးမြန်း သွားတဲ့အပြင် မြစ်ဆုံကိစ္စကိုအခြေခံပြီး အစိုးရနဲ့ပါတီ အပေါ် သိက္ခာကျအောင်လုပ်တယ်လို့ထင်ပါတယ်။
၈။       မော်နီတာဂျာနယ်သို့စစ်ဆေးမေးမြန်းချက်
          (က)    အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။
(ခ)     စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။            ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြား ချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
ဂျာနယ်မှဖြေ။  ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၉.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါသည်။
မေး။    ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြခဲ့တာလဲ။
ဖြေ။    ဒီသတင်း Internet မှာပါလာပြီး အစောကြီးကတည်းကပြန့်နေတာဖြစ်ပါသည်။ Weekly Eleven မှာဖေါ်ပြခဲ့လို့ စာပေစိစစ်ရေးကခွင့်ပြုသည့်သဘောရှိပါသည်။ Internet ကရသည့် သတင်းအခြေအမြစ်ကတဆင့် ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။
မေး။    Internet က တရုတ်ဘာသာဖေါ်ပြချက်ကိုယူပြီး ဖေါ်ပြသလား၊ အင်္ဂလိပ် ဘာသာပြန်ကတဆင့် ဖေါ်ပြတာလား။
ဖြေ။    တရုတ်ကနေ အင်္ဂလိပ်လိုပြန်ရာမှာ မှားနေသလားလို့ မိမိဂျာနယ်ရှိ တရုတ်စာ ကျွမ်းကျင်သောကလေးများကို လေ့လာခိုင်းခဲ့ပါသည်။ တရုတ်လိုရော အင်္ဂလိပ် လိုရောယူ၍ ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။
မေး။    They are crazy ဆိုသောစကားနှင့်ပတ်သက်ပြီး ဂျာနယ်တွင် မည်သို့ဖေါ်ပြခဲ့ ပါသလဲ။
ဖြေ။    ဒါကတော့ ပြည်သူတွေရဲ့အရူးအမူးဖြစ်မှုကြောင့်ပါဟု ဖေါ်ပြခဲ့ပါသည်။
မေး။    အင်္ဂလိပ်ဘာသာ Crazy ရဲ့ အဓိပ္ပါယ်ကို တရုတ်ဘာသာမှာဘယ်လိုဖေါ်ပြထား ပါသလဲ။
 ဖြေ။    တရုတ်လိုမှာတော့ စိတ်ခံစားမှု နဲ့ ရူးသွပ်တယ်လို့ ဆိုလိုပါတယ်။
မေး။    ဒါဆိုရင် အရူးတွေလို့ဘာသာပြန်တာမှားတာပေါ့။
ဖြေ။    ဟုတ်ပါတယ်။ အရူးတွေလို့ဘာသာပြန်ရင် ဘာသာပြန်တဲ့လူ လွဲပါတယ်။
မေး။    ဦးအောင်သိန်းလင်းအနေနဲ့ ရန်ကုန်ကို တရုတ်မျက်စိကုအဖွဲ့နဲ့ပါလာတဲ့ Southern Weekend(China)သတင်းထောက်နဲ့ စာရင်းသောက်ရင်း အလွတ် ပြောတာကို ဂျာနယ်ထဲထည့် Internet ကထုတ်တာမျိုးလုပ်ခြင်းဟာ စာနယ်ဇင်းသဘောအရလုပ်ခွင့်ရှိပါသလား။
ဖြေ။    စာနယ်ဇင်းသဘောအရ အလွတ်ပြောတာကို ရေးခွင့်၊ ထုတ်ခွင့်မရှိပါ။ တွေ့ဆုံ မေးမြန်း(Interview)လုပ်ပါမယ်လို့ ပြောပြီးမှသာ ရေးခွင့်ထုတ်ခွင့် ရှိပါတယ်။
မေး။    ယခုကိစ္စနဲ့ပတ်သက်ပြီး Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါ သလဲ။
ဖြေ။    ဂျာနယ်သတင်းထောက်ဟာ သူလိုချင်တာဆွဲပြီး မေးမြန်းခဲ့တဲ့အပြင် အလွတ် ပြောတာကို ရေးသားထုတ်ဝေခဲ့တဲ့အတွက် ဥပဒေနဲ့မညီညွတ်ဟု ထင်မြင်ယူဆ ပါတယ်။
၉။       သံတော်ဆင့်ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်
          (က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။
(ခ)  စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။      ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့် ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
ဂျာနယ်မှဖြေ။     ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၈.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါ သည်။
မေး။      ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်းအခြေအမြစ်(Source)က ရ၍ ဖေါ်ပြ ခဲ့တာလဲ။
ဖြေ။       Internet နှင့် Facebook တွေမှာစတွေ့ပြီး ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ Eleven Media Group ကအစောဆုံး မြန်မာလိုဖေါ်ပြခဲ့တာဖြစ်ပါတယ်။
မေး။      Internet က တရုတ်ဘာသာဖေါ်ပြချက်ကို ယူသလား၊ အင်္ဂလိပ်ဘာသာပြန်က တဆင့်ယူပြီး ဖေါ်ပြတာလား။
ဖြေ။       အင်္ဂလိပ်လိုမှတဆင့် ဘာသာပြန်ဖေါ်ပြခြင်း ဖြစ်ပါသည်။
မေး။      အင်္ဂလိပ်လိုမှာ Crazy လို့သုံးနှုန်းတာလား။
ဖြေ။       They are crazy လို့သုံးထားတာတွေ့ရပါတယ်။
မေး။      Crazy ကို မြန်မာလိုဘယ်လိုဘာသာပြန်သလဲ။
ဖြေ။       အရူးအမူးနှစ်သက်ခြင်း၊ စွဲလန်းခြင်းလို့ ပြန်ပါတယ်။
မေး။      ဒီသတင်းအပေါ် ပါတီရဲ့သဘောထားကြေညာချက်ကိုရောသိပြီးပြီလား။
ဖြေ။       သိပြီးပါပြီ။ ဂျာနယ်မှာလည်းဖေါ်ပြခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင်မြင်ယူဆချက်

၁၀။     တရုတ်နိုင်ငံထုတ် Southern weekend(China)စာစောင်ပါ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံမေးမြန်းမှု သတင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းနှင့် Weekely Eleven၊ မော်နီတာ၊ သံတော်ဆင့် ဂျာနယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထွက်ဆိုချက်များ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အောက်ပါအတိုင်း ထင်မြင်ယူဆပါသည်-
(က) ဦးအောင်သိန်းလင်းသည် Southern Weekend(China)စာစောင်မှ သတင်းထောက်အား အလွတ်သဘောဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်ပြီး သတင်းအဖြစ် ထည့်သွင်းဖေါ်ပြခြင်း ပြု မည်/မပြုမည်ကိုလည်း မသိရှိခဲ့ပါ။
(ခ)   စာစောင်တွင်ပါရှိသည့် ရေးသားဖေါ်ပြထားချက်များမှာ ဦးအောင်သိန်းလင်း၏ ပြောကြား ချက်များဖြစ်ကြောင်း ယေဘူယျအားဖြင့် မှန်ကန်သည်ကို တွေ့ရှိရပါသည်။
by Myat Khine

17 August 2012

သြဂုတ်လ ၁၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ သတင်းတစ်ပုဒ်အား သြဂုတ်လ ၁၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် မှားကြောင်းပြန်လည်ဖော်ပြ

 

"သတင်းလွတ်လပ်ခွင့်ကော်မတီ အထူးထုတ်ပြန်ကြေငြာချက်"



သြဂုတ် ၁၆ ရက်နေ့တွင် ကျင်းပသော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေးဆပ်ကော်မတီအစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည်။

၁။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ထိုက်တန်သော သတင်းလွတ်လပ်ခွင့်မရှိသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာသမားများက တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဆန္ဒပြခွင့်လျှောက်ထားမည်ဖြစ်သည်။ ဆန္ဒပြမည့်နေရာမှာ မြို့တော်ခန်းမအနီးဖြစ်ပြီး ဆန္ဒပြခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားမည်ဖြစ်သည်။

၂။ သြဂုတ် ၂၂ ရက်နေ့တွင် Press Freedom အမှတ်တံဆိပ်ပါ အမည်းရောင်ဦးထုပ်များကို သတင်းမီဒီယာသမားများထံ ဖြန့်ဝေမည်ဖြစ်ပြီး ယင်းအမည်းရောင် ဦးထုတ်များကို ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် မရသေးသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။

၃။သြဂုတ် ၂၃ ရက်နေ့ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ရင်ဆိုင်နေရသော အမှုအတွက် စွဲချက် တင်သင့် ၊ မတင်သင့် တရားရုံးက ဆုံးဖြတ်မည်ကို Press Freedom တံဆိပ်ပါ အမည်းရောင် ဦးထုပ်နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက် သတင်းယူကြမည်ဖြစ်သည်။

၎။သြဂုတ် ၂၄ ရက်နေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသော လျှပ်တပြက် ဂျာနယ်အမှုကို Press Freedom တံဆိပ်ပါ ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက်သတင်းယူကြရန် ဖြစ်သည်။

၅။သြဂုတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်၌ တော်ဝင်နှင်းဆီတွင် သတင်းလွတ်လပ်ခွင့် မရရှိသေးသည့် ကိစ္စ ၊ ဆင်ဆာ မဖျက်သိမ်းသည့် ကိစ္စ ၊ မီဒီယာ ဥပဒေကို မီဒီသမားများအား အသိမပေးဘဲ ရေးဆွဲနေမှုအပါအ၀င် သတင်းမီဒီယာထိန်းချုပ်နေမှုများကို ဖယ်ရှားပေးရန် ကိစ္စနှင့် ပတ်သက်သော အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

၆။ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး ၊လိုအပ်သော လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

လုပ်ငန်းဖြစ်မြောက်ရေးဆပ်ကော်မတီ၊
သတင်းလွတ်လပ်ခွင့်ကော်မတီ၊
ရန်ကုန်မြို့။

ပြည်သူ့ဝန်ထမ်းများ ပြစ်မှုကျူးလွန်ပါက ခွင့်ပြုမိန့်မလိုဘဲ တရားစွဲဆိုခွင့်ပြု

(ပြန်တမ်းဝင်အရာရှိ)များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇(၁) အရ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့် တာဝန်ချိန် ပြင်ပတွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ နှင့် တရားရုံးများ ညွှန်ကြားလွှာအမှတ် ၁၁/၇၀ တို့အရ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန် မလိုဘဲ ဥပဒေနှင့်အညီ တရားစွဲဆို တင်ပို့နိုင်ပြီဟု သြဂုတ်လ ၆ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ အစိုးရအဖွဲ့ အဆင့်ဆင့်မှ အကြောင်းကြားချက် အရ သိရသည်။ 

ယခင်က ပြည်သူ့ဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ) များ ပြစ်မှုကျူးလွန်ပါက သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့များထံမှ တရားစွဲဆိုခွင့်ပြုမိန့် မလိုအပ်ဘဲ တင်ပြတောင်းခံနေရ၍ ဦးစီးဆိုင်ရာ လုပ်ငန်းများနှင့် အမှုများသည် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။ ထိုသို့ တင်ပြတောင်းခံသည့် ပြစ်မှုများကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ၂၁-၃-၂၀၁၂ ရက်နေ့၌ တာဝန်ထမ်းဆောင်မှုနှင့် ဆက်စပ်မှုမရှိသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြုလုပ်မှုများကို တရားစွဲဆိုခွင့်ပြုမိန့် ရယူရန် မလိုအပ်ဟု ထင်မြင်ယူဆကြောင်းကို ပြန်ကြားခဲ့ခြင်း ဖြစ်သည်။ “နှစ်ပိုင်းရှိတယ်။ အကျဉ်းဦးစီးတို့၊ စစ်ဘက်ဆိုင်ရာတို့မှာတော့ အဆင့်ဆင့် တင်ပြရမှာပါ။ ကျန်တဲ့ဌာနတွေဆို အကြောင်းကြားစာပဲ ပို့ရပါမယ်။ ဥပဒေနဲ့အညီ လုပ်ဖို့ပဲရှိပါတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး တစ်ဦးက ပြောကြားခဲ့ကြောင်း   သြဂုတ်လ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

သံတွဲမှ ကျောင်းသားကလေး လေးယောက်အမူကို စတင်စစ်ဆေးပြီ


စာရွက်စာတမ်း ဖြန့်ဝေမူဖြင့် ပုဒ်မ ၅၀၅(ခ) တပ်ကာ ဖမ်းဆီးထားသော
သံတွဲမြို့မှ

ညီမင်းခန့်် ၊
နိုင်ရဲဦး ၊
ခိုင်ဇော်ဆန်း ၊
သန့်ဇင်ဖြိုး ၊

ဆိုသော ကျောင်းသားလေးယောက် ကို သံတွဲ တရားရုံး ၁၄၊၈၊၂၀၁၂ နေ့လည်အချိန်တွင်
ကြားနာစစ်ဆေးရာ ဒေသခံလူထု ၁၀၀ ကျော်ခန့် လာရောက် နားထောင်ကြသည်။
သူတို့ဖြန့်သည်ဟု စွပ်စွဲခံရသော စာရွက်မှာ မူဆလင်များက ရေးသားဖြန့်ဝေသော စာရွက်ဖြစ်သော်လည်း
မူလအရင်းအမြစ်ကို မစုံစမ်းပဲ လက်ဝယ်တွင် တစ်စောင်တစ်လေ တွေ့ရှိသူကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည်မှာ အဘယ်ကြောင့်နည်း။
အကယ်၍ ဖြန့်ဝေမိသည် ဆိုလျှင်လည်း အမျိုးဘာသာ သာသနာ အတွက် သတိပေးရာရောက်သည် မဟုတ်ပါလား။ မူဆလင်များ၏ အန္တရာယ် ကို သတိပြုမိရန် မျိုးချစ်စိတ်ဓာတ် အရင်းခံဖြင့် ပြုလုပ်ခြင်းသည်
တိုင်းပြည်နှင့်နိုင်ငံ၏ အကျိုးပင် မဟုတ်ပါလား။
သတင်းရရှိသည်မှာ ရဲမြို့နယ်မူး၏ မိန်းမသည် မော်လမြိုင်မှ မူဆလင်မ တစ်ဦးဖြစ်ပြီး သံတွဲမူဆလင် အသိုင်းအဝိုင်း၏ ရာနှင့်ချီသော ငွေကြေးများက ဤအမူအပေါ် တစ်စုံတစ်ရာ သက်ရောက်မူ ရှိနေကြောင်း။
ဒေသခံ လူထုမှ ဤကျောင်းသားလေးများ အဖမ်းခံရမူ အပေါ် မကျေနပ်မူများစွာ ရှိနေကြကြောင်း။
အကယ်၍ ၎င်းတို့အား ထောင်ဒဏ် တစ်စုံတစ်ရာ ချမှတ်လိုက်ပါက မလိုလားအပ်သော အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း။
၎င်းတို့မှာ အရွယ်အားဖြင့်လည်း ၁၇ ၊ ၁၈ နှစ်ခန့်သာ ရှိသေးပြီး စာရွတ်စာတမ်းကို ကိုယ်တိုင်ဖြန့််ဝေသည်ဟု တိကျသော သက်သေခံ အထောက်အထားလည်း မရှိကြောင်း။
ဤအမူကို တစ်ပြည်လုံးရှိ ရခိုင်လူမျိုးများနှင့် ဗုဒ္ဓဘာသာဝင်များက အလေးအနက်ထားကာ ကူညီကြစေလိုပါသည်။

16 August 2012

ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်

ရင်းမြစ်.. RFA

ပုသိမ်မြို့ ရေလွှမ်းမိုးမှုဓါတ်ပုံများ



 
 တချို့တ၀က် နေနစ်မြုပ် လျှက်ရှိသည့် လူနေအိမ်တန်းလျား

 
ရေနစ်မြုပ်နေသည့် လူနေရပ်ကွက် လမ်းတလမ်း
 
 ပုသိမ် မြို့တော်ခန်းမရှေ့ရေနစ်မြုပ်မှုမြင်ကွင်း

 
ရေဘေးဒုက္ခသည်စခန်းတစ်ခု
 
 ရေနစ်မြုပ်လျှက်ရှိသည့် လူနေရပ်ကွက် တခု

 
 စာသင်ကျောင်းများရေနစ်မြုပ်နေပုံ
 
 ပုသိမ် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ကျောင်းသွားကျောင်းပြန်

ပုသိမ်မြို့တစ်ဝက်ခန့်ရေလွှမ်းမိုးခံရသောကြောင့် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း များတွင်ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရေဘေးဒုက္ခသည်
 နှစ်ထောင်ကျော် ထိရှိလာသည်။

င၀န်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်ရောက်ရှိနေပြီး ရက်အနည်းငယ်ထိ ဆက်လက်တည်ရှိနေဦးမည်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ကြေငြာထားသည်။

ထပ်မံရွှေ့ပြောင်းလာမည့်ရေဘေးဒုက္ခသည်များအတွက် စာနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုလိုအပ်လာမည်ဖြစ်သည်။           

ယခုရေလွှမ်းမိုးမှုသည် ၂၀၀၄ ခုနှစ်နောက်ပိုင်းအဆိုးဝါးဆုံးဖြစ်သည်ဟု ပုသိမ်ဒေသခံများကပြောသည်။ 

ယခုလဆန်းပိုင်းမှစတင်၍ဖြစ်ပေါ်ခဲ့သော င၀န်မြစ်ရေကြီးမှုကြောင့် သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ် များတွင်   ရွာလုံးကျွတ်ပြောင်းရွှေ့ရမှုများပြု လုပ်နေရပြီး ရေဘေးကယ် ဆယ်ရေးစခန်းများ တွင် ကျန်းမာရေးနှင့်စားနပ်ရိက္ခာအကူအညီများ အမြန်ဆုံးလိုအပ်လျှက်ရှိနေသည်။

ပုသိမ်မြို့ရှိ အခြေခံပညာကျောင်း ၂၅ကျောင်းပိတ်ထားရပြီး ပုသိမ်-ရန်ကုန်ကားလမ်းမတွင် ဒါးကကျေးရွာနှင့် ဂုံမင်း၊ကြိုးကြာကွင်းအထိကားလမ်းမပေါ်တွင် ရေနစ်မြုပ်နေသောကြောင့် ပုသိမ်-ရန်ကုန်ကားလိုင်းများလည်း ယနေ့မှစတင်၍ ရပ်နားလိုက်ရသည်။

 သတင်း... YPI

လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များရန်ကုန်စက်မှုတက္ကသိုလ်(RIT) နှင့်မန္တလေးစက်မှုတက္ကသိုလ် (MIT) ပြန်လည် ဖွင့်လှစ်တော့မည်




 
စစ်အစိုးရ လက်ထက်က ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္က
သိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။

နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲဖွင့်ပြီ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်း က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော် ရုံးခန်းဖွင့်ပွဲကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အဲဒီရုံးခန်းဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကျေးလက်ဒေသက ပြည်သူတွေ အတွက် အရေးတကြီးလိုအပ်နေတဲ့ အခမဲ့ပညာဒါနကျောင်းတွေ ထူထောင်နိုင်ဖို့ ဆရာအတတ်သင် သင်တန်းတွေကို မနက်ဖြန်ကစပြီး နေပြည်တော်မှာ ဖွင့်လှစ်တော့မယ် လို့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ လယ်ယာမြေ ဥပဒေနဲ့ပက်သက်တဲ့ ဥပဒေအကြောင်း သိကောင်းစရာတွေကို အပတ်စဉ် စနေနဲ့တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ၊ညနေ ၃ နာရီကနေ ၆ နာရီအထိ လာရောက်တိုင်ပင် ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုံးခန်းဖွင့်ပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ ၊ မြို့နယ်အဖွဲ့ချုပ် အဖွဲ့ဝင်တွေ နဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခုဖွင့်လှစ်တဲ့ နေပြည်တော် NLD ရုံးရဲ့ လုပ်ငန်းစဉ်တွေကို လွှတ်တော်အစည်းအဝေးတွေအတွက် နေပြည်တော်ကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ဦးစီးဆောင်ရွက်မှာဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းကလဲ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ ဒုတိယသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌသူရဦးရွှေမန်း နဲ့ ပြည်သူ့လွှတ်တော်ရေးရာကော်မတီဥက္ကများရဲ့ အစည်းအဝေးကို တက်ရောက် ခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာပုံမှန်ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဆက်လက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
 

သတင်း...  RFA Burmese

ဖွဲ့စည်းပုံခုံရုံး တဖွဲ့လုံးနှုတ်ထွက်ဖို့ အမတ်တွေ တောင်းဆို

မန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဥက္ကဌနဲ့ အဖွဲ့ဝင်တွေနှုတ်ထွက်ပေးဖို့အတွက် လွှတ်တော် အမတ် အများစုက တောင်းဆိုနေကြတာပါ။ လွှတ်တော် ကော်မီတီတွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်လိုက်တာမို့ လွှတ်တော်အမတ် ၃၀၀ကျော်က ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း စုပေါင်းလက်မှတ်ထိုး ကန့်ကွက် လိုက်ကြပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ တောင်းဆို လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်ရှင်။

ဟုတ်ကဲ့ပါ။ လွှတ်တော်ရေးရာကော်မီတီတွေဟာ ပြည်ထောင်စုအဆင့်မှာရှိမရှိဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား သဘောထားကွဲလွဲမှုတွေ ဖြစ်နေတာတော့ကြာပါပြီ။ အရင်စစ်အစိုးရ လက်ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲစဉ်ကတည်းက လွှတ်တော်အဖွဲ့အစည်းများ အားလုံးဟာ ပြည်ထောင်စုအဆင့်ဖြစ်တယ် လို့ပြဌာန်း ထားပြီးဖြစ်တဲ့ အပြင် အဲဒီဥပဒေကိုလည်း ပြင်ဆင်ခြင်းမလုပ်သေးဘဲ ဒီကော်မီတီတွေဟာပြည်ထောင်စု အဆင့်မရှိဘူးဆိုပြီး သမ္မတကိုယ်စားပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့တာပါ။

ဒါဟာတည်ဆဲဥပဒေကိုဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ပေမယ့်အခြေခံဥပဒေဆိုင်ရာခုံးရုံးကအဲဒီအဆိုကိုထောက်ခံ
အတည်ပြုပေးလိုက်တာကြောင့် လွှတ်တော်အမတ်အများစုက အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း လက်မှတ်ထိုးထောက်ခံခဲ့ကြပြီး ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေအားလုံး နှုတ်ထွက်ပေးဖို့ပါ တပါတည်း တောင်းဆိုစာကို လွှတ်တော်အခွင့်အရေး ကော်မီတီကို ပေးပို့လိုက်ကြတာ လို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ဒွဲဘူကပြောပါတယ်။

“အားလုံး၃၀၁ယောက်ပေါ့။ အခွင့်အရေးကော်မတီကို တင်တာပါရှင့်။ ဒီကိစ္စမှာတော့ အားလုံးကတော့ ကိုယ်စားလှယ်တွေ ကတော့ အားလုံးလည်း ပါတီလည်းခွဲမထားဘူးပေါ့နော်။ နယ်မြေလည်း မခွဲခြားဘူး။ ကိုယ့်ရဲ့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အပိုင်းပေါ့နော်။လွှတ်တော် ကိုယ်စားလှယ်ရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာနဲ့ သူတို့ရဲ့ field ပေါ့။ ဘာပဲပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့၊ နံမည်ကိုက ပြည်ထောင်စုလွှတ်တော်ဆိုတာ ပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍတချက်ပေါ့နော်။ နောက်တချက်က ကျတော့ လုပ်ငန်းပိုင်း ဆိုင်ရာမှာ ညှိနှိုင်းဆောင်ရွက် သွားတဲ့ အပိုင်းမှာ ကိုယ်ကပြည်ထောင်စုအဆင့် မဟုတ်ဘူး ဆိုတဲ့အခါမှာ ဒီကော်မတီတွေနဲ့ ဒီဝန်ကြီးဌာနတွေ အလုပ်လုပ်တဲ့အခါမှာအခက်အခဲရှိတယ်ပေါ့။”

သူတို့အနေနဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ စာထဲမှာ တောင်းဆိုထား ပေမယ့်လည်း အဲဒီဆုံးဖြတ်ချက်ကိုပြန်ပြင်တာမျိုး လုပ်ပေးရင်တော့ အေးအေး ချမ်းချမ်းနဲ့ပဲ ကြေအေးလိုတဲ့ ဆန္ဒရှိတယ်လို့ ဒေါ်ဒွဲဘူကဆက်ပြောပါတယ်။

“ကျမတို့ကတော့ ဒါပြင်ပေးလိုက်ရင်လည်း အားလုံးရဲ့ ဟိုဟာတော့မဟုတ်ဘူးပေါ့နော် ဟိုကျမ သီးသန့်ပေါ့ ကိုယ့်အနေနဲ့ ဆိုရင်တော့ ဒါပြင်ပေးလိုက်ရင်လည်း ရတာပဲလို့ ကျမတို့က ယူဆတာပဲ။ ကျမတို့ကတော့ ပြင်းပြင်းထန်ထန်တော့ ဘာမှမလုပ်ချင်ပါဘူး။ အခုဥက္ကဋ္ဌ အနေနဲ့လည်း သူလည်း ပြင်းပြင်းထန်ထန် ဘာမှလုပ်ချင်တဲ့စိတ် မရှိပါဘူး။ဒါပေမဲ့ဒီကိစ္စက နဂိုကတည်း ကပြင်ဖို့မလိုတဲ့ ကိစ္စပေါ့နော်။ အဲဒီလိုတော့ သုံးသပ်ပါတယ်။ဒါကျမတို့လည်း အဲဒီလိုပဲခံယူပါတယ်။ပြင်ဖို့ဘာမှမလုပ်ဘူး။ ဒါကပြည်ထောင်စုအဆင့်ဖြစ်တယ် မဖြစ်ဘူးဆိုတဲ့ကိစ္စတွေက နဂိုကတည်းက ဒါကလာပြင်စရာမလိုဘူးလို့ ကျမတို့ကမြင်ပါတယ်။”

ဒါပေမယ့် ဒီကိစ္စဟာ ပြည်သူက တိုက်ရိုက် ရွေးချယ် တင်မြောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ နဲ့ တိုက်ရိုက် ရွေးချယ်ခြင်း မဟုတ်ဘဲ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးထားတဲ့ အစိုးရဌာနတွေနဲ့ ၀န်ကြီးဌာနတွေ အကြား ဖြစ်နေတဲ့ ကိစ္စမို့ ပြည်သူလူထုရဲ့ သဘောဆန္ဒကိုဦးစားပေးပြီး ဒီကိစ္စ အဆင်ပြေတဲ့ အထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ လသာမြို့နယ်ကိုယ်စားပြု တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ် ဦးတင်မြင့်ကပြောပါတယ်။

“မည်သို့ပင်ဖြစ်စေပေါ့ဗျာ။ပြည်သူကသာအဓိကကိုး။အဲဒီတော့ပြည်သူ ကရွေးချယ် တင်မြှောက် လိုက်တဲ့ သူတွေက အပေါ်ကပဲဖြစ်ရမယ်လေ။သူတို့ကနေပြီးတော့ တဆင့်ခံ ခန့်လိုက်တဲ့သူတွေရယ်၊ အဲဒီ့ ခန့်လိုက်တဲ့လူက ထပ်ပြီးတော့တိုက်ရိုက်ခန့်လိုက်တဲ့ လူတွေရယ် ကတော့ အောက်မှာပဲရှိရမှာပေါ့။ အဲဒီတော့ ဒီကိစ္စကို ကျနော်တို့အနေနဲ့ ကန့်ကွက်ရမယ့်ကိစ္စပဲ။ဆိုတော့ဒီဥစ္စာက ရပ်တန်းကရပ်အောင် လုပ်ရမယ့် သဘောလောက်တော့ရှိတယ်။”

လွှတ်တော်အမတ်တွေအခုလိုလက်မှတ်ထိုးကန့်ကွက်လာတဲ့ကိစ္စကိုပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန်း
ကသြဂုတ်လ ၁၄ရက်နေ့ လွှတ်တော် အစည်းဝေးအတွင်း ဖတ်ပြခဲ့ပြီး ဒီကိစ္စကို သမ္မတထံ သ၀ဏ်လွှာရေး အကြောင်းကြားမယ် လို့ ပြောကြားခဲ့တဲ့ အကြောင်း လွှတ်တော်အမတ်တွေ က ပြောပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုး ခဲ့ကြတဲ့ လွှတ်တော် အမတ်၃၀၁ဦးထဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်အမတ် အားလုံး နီးပါး အပါအ၀င် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အမတ်တွေ၊ တိုင်းရင်းသား လွှတ်တော် အမတ်တွေနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေ ပါဝင်ကြပါတယ်ခင်ဗျား။ 

သတင်း...VOA

15 August 2012

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်း

 



ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေဟာ ပြစ်မှု တခုကို အခြေခံပြီး ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်ပါရှင်။

မေး။    ။ အခုဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုက အထူးသဖြင့် ရခိုင်ပြည် ရိုဟင်ဂျာ ကိစ္စ ပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့်အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ ကုလသမဂ္ဂ အစည်းဝေးတွေ လုပ်မယ်။ နိုင်ငံတကာ အစ္စလာမ်မစ် ကောင်စီ အစည်းအဝေးတွေ လုပ်တော့မယ် ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရှိ နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့ မူဆလင်တွေ ပေါ့ သူတို့ကို ဗမာနိုင်ငံက အများစုက လူအခွင့်အရေး ချိုးဖောက်မူတွေ ရှိနေတယ်လို့ စွပ်စွဲမူတွေ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံက ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေးဝန်ကြီးက အကူအညီတွေ ပေးသွားတာတွေ ရှိနေတယ် ဆိုတော့ မြန်မာနိုင်ငံမှာ သမ္မတကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာက နေပြီးတော့ လူအခွင့်အရေးဆိုပြီးတော့ ထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မူတွေ ရှိနေတယ် ဆိုပြီး ထောက်ပြမှုတွေ ကြားနေရပါတယ်။ အဲ့တော့ အဲ့ဒီ့ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့ အမြင်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

ဖြေ။     ။  ဒီဟာတော့ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက် နေတဲ့နေရာမှာ မမျှော်လင့်ပဲနဲ့ ဒါ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။  ဒီရခိုင်မှာဖြစ်ပျက်တဲ့ ကိစ္စ ကလည်း တစ်ကယ်တော့ ဒီလူတစ်စုကနေပြီးတော့  ဒီ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက်တဲ့ အတွက် ဒီအပေါ်မှာ မခံမရပ်နိုင် ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုကြီးက ကြီးထွားလာတယ်။ ကြီးထွားလာပြီးတော့ အချင်းချင်း သတ်တဲ့ ဖျက်တဲ့ အဆင့်ရောက်လာတယ်။ နောက်တစ်ခါ ဆိုးတာက ခုနကလို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက် ကလည်း မီးရှို့ တစ်ခါ  ဆိုရင် ကိုယ်အိမ် ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေ ရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ဒီရာဇ၀တ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်တဲ့ အတွက်ကြောင့် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ တကယ်တော့လည်း အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူး ပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်ပေါ့လေ မတွေ့ခဲ့ရပါဘူး။ ကျွန်တော် ပြောချင်တာက ဒီလိုဖြစ်ပျက်မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေ ဖြစ်ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေ နဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တစ်ကယ့် တစ်ကယ်ကြတော့လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့ စာရင် ပမဏအားဖြင့် အင်မတန် အင်မတန်မှ နည်းပါတယ်။ သေဆုံးတာ ဆိုရင်လည်း ရာဂဏန်း တောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာ ဆိုရင်လည်း တစ်ရာ တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ သို့သော်လည်း အိမ်တွေကို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတဲ့ အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါး လောက် မီးလောင်တဲ့ အတွက် ဒီအိမ်တွေမှာ နေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေ ဆိုကြပါစို့၊ အိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားကြတာပေါ့။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက် လောက်ရှိလဲဆိုတော့ ဒီကနေ့  ခြောက်သောင်း လောက်ရှိတယ်။ ခြောက်သောင်း လောက်ရှိတဲ့ အတွက် ကျွန်တော်တို့က အခု နှစ်ဘက်ပေါ့ တစ်ဘက်က လည်း  ရခိုင်တိုင်းရင်းသား ဒုက္ခသည် ဟိုဘက်ကလည်း ဘင်္ဂါလီ ဒုက္ခသည် အခုဆိုရင် စခန်း (၅၃) ခု ဖွင့်ပြီးတော့မှ ကူညီတဲ့ လုပ်ငန်းတွေ၊ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ပြန်လည် ထူထောင်တဲ့ လုပ်ငန်းတွေ  ဒီလုပ်ငန်းတွေကို  ကျွန်တော်တို့ က ဒီမြန်မာနိုင်ငံမှာ ရှိနေတဲ့ UN အေဂျင်စီက အဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေပါတယ်။ နောက်တစ်ခါ NGO တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်းပြီးတော့မှ တစ် အချက်က စားဖို့အတွက် ဒါတွေကို အားသွန် ခွန်စိုက် လုပ်ပေးနေပါတယ်။ နှစ် အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေ ဘာတွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီတာတို့ ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ မိုးသိပ်များ တဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက် ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့ အတွက် Shelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင် သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေး ဘာပေးနဲ့ နှစ်ဖက်စလုံးကို လုပ်ပေးနေပါတယ်။ လူမျိုးရေးအရ ကျွန်တော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့ ဒါတွေနဲ့ပတ်သတ်လို့ ကျွန်တော်တို့ကြားရတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာ ဖြစ်ပျက်တာတွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။ အဲတော့ တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့စည်း တွေနဲ့ ပွင့်လင်းမြင်သာမူ ရှိအောင် ပူးပေါင်းပြီးတော့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေကို လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူဆလင် နိုင်ငံက အကြီးအကဲတွေပေါ့ ဟိုတစ်လောက ဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး လာပါတယ်။ နောက်တစ်ခါ ၀န်ကြီးချုပ်ရဲ့အမျိုးသမီးလဲ ပါလာတယ်။ အင်အားကလည်း လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက် ရှိပါတယ်။ ကျွန်တော်နဲ့လည်း တွေ့တယ် ကျွန်တော်ကလည်း ဒီ ကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလဲ သူတို့ကြည့်ချင်တဲ့အတွက် ပို့ပေးပါတယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင် သွားပြီးတော့ ကူညီ ကယ်ဆယ်တဲ့ ပစ္စည်း ဘာတွေ  ဒါတွေလဲ နှစ်ဖက် မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခ သည်တွေ ကို သွားပြီး တွေ့သလို တစ်ဖက်လည်း ရခိုင်  ဒုက္ခသည်တွေကို သူတို့ တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူဆလင် ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ သူတွေ သွားတဲ့လူ ကိုယ်တိုင်က မူဆလင် ဘာသာဝင် ဖြစ်ပေမယ့်လည်း ဗုဒ္ဓ ဘာသာ ဘုန်းကြီးတွေနဲ့ လေးလေးစားစား တွေ့တာပြုတာ တို့ ဒါမျိုးတွေ တွေ့ပေးတာတို့ ကျွန်တော်တို့ ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်းမှာ အင်ဒိုနီးရှား ကနေပြီးတော့ အင်ဒိုနီးရှား ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း  ဥက္ကဌ   မစ္စတာကာလာ ဆိုတာ ဟိုတုန်းက ဒု သမ္မတ ပါပဲ။ ဟိုတုန်းတည်းက  ကျွန်တော် အင်ဒိုနီးရှား သွားလည်ပတ် ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့ အတွက် ကြောင့် ကျွန်တော် ၀မ်းသာသွားတယ်။ ဒါကြောင့်မို့လို့ သူ့လဲရှင်းပြတယ်။ သူသွားချင်တယ် ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူအညီတွေ ဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အတွက် ဒီလိုတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံ စွပ်စွဲနေတာတွေ မဟုတ်ဘူး ဆိုတာကို သက်သေ သာဓကနဲ့ တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင် လုပ်နေတာတွေရှိပါတယ်။

မေး။    ။ သူတို့ တောင်းဆိုနေတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ပေးဖို့  စုံစမ်းမူတွေ လုပ်ပေးဖို့ ဆိုတာရော ဖြစ်လာနိုင်မလား ခင်ဗျာ။

ဖြေ။     ။ တစ်ခုကတော့ ဒီဟာကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒီ ပြည်တွင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စလေး တစ်ခုပဲဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာလဲ မရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ မူဆလင်တွေ အများကြီး နေတာ ရှိတယ်။  ဗုဒ္ဓဘာသာဝင်တွေရှိတယ်။ ခရစ်ယာန်တွေရှိတယ်။ ဟိန္ဒူ တွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာ မရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေး တစ်ခုမှာပဲဖြစ်တာဖြစ်ပါတယ်။  ဒါ ကျွန်တော်တို့ ပြည်တွင်းရေး ကိစ္စ သက်သက်ပဲ ဖြစ်တယ်။ အခုလည်း ကျွန်တော် တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလဲ ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သတ်လို့လည်း တောက်လျောက် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာလဲ လွတ်လပ်တဲ့ လူအခွင့်ရေး ကော်မရှင် ဖွဲ့ထားတာ ရှိပါတယ်။ လူအခွင့်အရေး ကော်မရှင်ကိုလည်း ကျွန်တော်တို့က ဒါလေးကို စစ်ဆေးပေးပါလို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့ အတွက်ကြောင့် ပြည်ပကနေပြီးတော့ ဒါကို အင်တာနေရှင်နယ် အစ်ရှုး (Issue) တစ်ခုလို ဒီမှာလာပြီး စစ်မယ်ပြုမယ် ဆိုရင်တော့ အမှန်တော့ မလိုအပ်ပါဘူး။ ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ်ပြည်တွင်းရေး ကိစ္စ လည်းဖြစ်တယ်။ လုပ်သင့် လုပ်ထိုက်တာတွေလဲ ကျွန်တော်တို့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒီလို စစ်မယ်ပြုမယ် ဆိုရင် ဒါတော့ မဖြစ်သင့်တဲ့ ကိစ္စ လို့ ကျွန်တော်ထင်ပါတယ်။

မေး။    ။သမ္မတကြီး အခုနက ပြောသလိုပဲ လူမျိုးရေး ဘာသာရေး ကိစ္စ မဟုတ်ဘူး။ အဓိကရုဏ်း မဟုတ်ဘူး ဆိုပေမယ့်  ဒေသတွင်းမှာ နေနေတဲ့ အသိုင်းအ၀ိုင်း နှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမူဆိုတာက ကျွန်တော်တို့လဲ ငြင်းလို့မရတဲ့ ကိစ္စ ပါ။ အဲ့လို မုန်းတီးမှုဆိုတဲ့ ကိစ္စ ဒီထက်ပိုပြီး ပြန့်ပွားမလာအောင် အတူယှဉ်တွဲပြီး နေနိုင်အောင် သမ္မတကြီးတို့ အနေနဲ့ ဘယ်လိုစီမံချက်တွေချပြီး ဘယ်လိုဖြေရှင်းမူတွေလုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။    ။ မှန်ပါတယ်။ ကိစ္စ က ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စ ပါပဲ။ အခုချိန်မှာ တန်းရှင်း Tension က အတော်လေး မြင့်နေတဲ့အချိန်မှာ Cool Down ဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်း သားပါတီတွေ ရှိပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပါတီ အကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ မှာလဲ လူအခွင့်အရေးဆိုတဲ့ ကိစ္စ ကို ရှေ့တန်းတင်ပြီးတော့ ပြောကြားလာတယ်။ အားလုံး လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကားဆယ်ခွန်း တစ်ဆယ့်ငါးခွန်း ပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့ ထိရောက်ပါတယ်။ ခင်ဗျားတို့ကလည်း ဒါလေးကိုဝင်ပြီး သဘောထားတွေ စိတ်ထားတွေ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါဆိုပြီး တော့ အချိန်ယူ ပြောင်းရ မယ့် သဘောဖြစ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက်ငြင်းလို့မရအောင် ဥပဒေနဲ့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ခုနှစ် ဥပဒေဆိုတာရှိပါတယ်။ ၁၉၈၂ခုနှစ် ဥပဒေဆိုတာကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့ အကာအကွယ်ပေးထားတာ တွေရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော်သိရသလောက် ဆိုရင် ၄၈ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆိုပြီးတော့ ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင်တင်ပြီးတော့ နေနေကြတာပေါ့။ ၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့် တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင် ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်။ အခုက ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဟိုဘက်ပိုင်းမှာ ဘင်္ဂလီတွေနဲ့ ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲရှိတယ်။ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင် ပညာရေးစနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။ ဟိုမှာ တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့ သူတွေက ပေါက်ဖွားမူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။

မေး။    ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ဆင်းရဲနေတဲ့ လူစုတွေကို ထောက်ပံ့ပေးဖို့ ရန်ပုံငွေတွေလိုတာလည်းအမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျွန်တော်ပြောခဲ့ သလို ဆော်ဒီအာရေဗီးယားနိုင်ငံက နေပြီးတော့ ဒေါ်လာသန်းငါးဆယ် လှုမယ်ဆိုတဲ့ ကိစ္စ မျိုး၊ နိုင်ငံတော်အစိုးရဆီက နေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာသွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာရင်တော့ ကောင်းတာပေါ့ ဒါ သမ္မတ ကြီးတို့လည်း ကျေနပ် စရာ ဖြစ်ပါလိမ့် မယ်။ အဲဒီ့လိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာ လူ့အခွင့်အရေးအတွက် ဆိုပြီးတော့ ဒီလူတွေအတွက် အပြင်ဘက်မှာရှိနေတဲ့ ဆော်သြ ပေးနေတဲ့ အဖွဲ့အစည်းတွေကို တဆင့် ထောက်ပံ့ ပေးလိုက်တဲ့ အနေအထားမျိုးကို ရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်ဘူးလား။

ဖြေ။     ။ စိုးရိမ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ကလည်း သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြောနေတာပါ။ ခင်ဗျားတို့ ကူညီမယ်ပြုမယ် ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ ကူညီပါ လက်တွေ့ ခုနကလို ဒုက္ခ ခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့လည်း ခင်ဗျားတို့ ကူညီပေးတဲ့ ဟာတွေကို ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကိုရောက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့က သူတို့နဲ့တွေ့တိုင်း၊ တွေ့တိုင်း ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း ကျွန်တော်တို့ စိုးရိမ်ပါတယ်။

မေး။    ။ ဒေသတွင်းက အခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပ မီဒီယာတွေရဲ့ဖော်ပြမှုတွေကြားမှာ တော်တော်များများ ကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည် တွင်း မီဒီယာတွေ က အမျိုးသားရေးစိတ်ဓာတ် အမျိုးသားရေး အခြေခံတွေကို အကြောင်းပြုပြီးတော်တော်လေး ပြင်းပြင်းထန်ထန် ဖော်ပြတာတွေတွေ့ခဲ့ရပါတယ်။ ပြည်ပမီဒီယာတွေက
Aတာ့ ထုံးစံ အတိုင်းပဲ လူ့အခွင့်အရေးကို အခြေခံပြီး ဖော်ပြတယ် ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကို တောင်မှပဲ တစ်ဖက်က ကျူးကျော်လာတဲ့ သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ပြည်ပမီဒီယာတွေ ပြောကြားချက်ကို တစ်စုံတရာများ စိတ်အနှောက်ယှက် ဖြစ်ခဲ့ တာတွေ ရှိခဲ့လားခင်ဗျ။

ဖြေ။     ။     ကျတော်တို့က စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက ခုနလိုဆက်နွယ်ပြီးမှ အကြမ်းဖက်မှုတွေ ဒီလောက်ထိ ကိုယ့်နိုင်ငံပေါ်မှာ ကူးစက်လာမှာတွေ တော်တော်လေး ကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့ သတင်းတွေဟာ လုပ်ကြံဖန်တီးမှုတွေ ရှိသလို တစ်ဖက်က ခုနလို မူဆလင်ဘာသာ ကိုးကွယ်တဲ့ သူတွေကို  နှိုးဆွပြီး ဖော်ပြတဲ့ သတင်းတွေ အင်တာနက် သတင်းတွေ ကျွန်တော်တို့ အများကြီးတွေ့ရပါတယ်။ ဒီအတွက် ကျတော်တို့မှာ အတော်လေး စိတ်ပူနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပအနေနဲ့ ကျွန်တော်တို့သံရုံးတွေထဲက  အီဂျစ်မှာ ရှိနေတဲ့ သံရုံးဆိုရင် ဆန္ဒ လာပြတာတွေရှိခဲ့ပါတယ်။ သာမာန် ဆန္ဒ ပြတာတော့ လူ့အခွင့်အရေးပါပဲ ပြသာနာမရှိပါဘူး သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ ဘာတွေဖြုတ်ချတာတော့ ဒါမျိုးတွေ ဖြစ်တဲ့အခါ အဲ့မှာရှိတဲ့ မိသားစုတွေ သံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ နောက်တစ်ခါ အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျွန်တော်တို့ စိုးရိမ်ရပါတယ်။ ဒီ ကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျွန်တော်အနေနဲ့ သက်ဆိုင်ရာ နိုင်ငံအကြီးကဲတွေဆီ ကိုယ်တိုင် စာရေးပါတယ် ကုလသမဂ္ဂ  မစ္စတာ ဘန်ကီမွန်းထံကိုလဲ ကျွန်တော်စာရေးပါတယ်။ ဖြစ်စဉ်အမှန်က ဒီလို ဒီလိုဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး တပြည်လုံးမှာ ဖြစ်နေတဲ့ ကိစ္စ မဟုတ်ပါဘူး။ နေရာလေးတစ်နေရာမှာ ကွက်ပြီးဖြစ်တဲ့ ကိစ္စ ဖြစ်တယ်။ အဲဒီတော့ အင်ဒိုနီးရှားက သမ္မတကလဲ ကျတော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ကျွန်တော်စာရေးပါတယ်။ မလေးရှားက ၀န်ကြီးချုပ်ဆိုလဲ ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ အလည်ပတ်လာသွားတာ သိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့ ဒီပြသနာတွေကို ကျွန်တော်တို့ မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် သို့သော်လဲ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်း စာနာမှု အမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။ ဒါတွေကို သူတို့သိလာတဲ့ ဒီလိုအမြင် ပြောင်းတဲ့ တချိန်ထဲမှာပဲ ပြည်ပကအမြင်တွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်ဖြစ် လာတယ်။ ပြောင်းပြန်ဖြစ်လာ တဲ့အတွက် ကိုယ့်နိုင်ငံ အတွက်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ စိုးရိမ်မိတဲ့အတွက် နောက်ဒါမျိုးတွေ မဖြစ်ရအောင် ခုနကလို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ပြတယ်။ အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျွန်တော် ဖိတ်ထားပါတယ်။ လာပါ ခင်ဗျားတို့ လာကြည့်ပါ ကျွန်တော်တို့ရှင်းလင်းပြပါမယ်။ On Ground လဲလိုက် ပြပါမယ်။ နောက်ဒါမျိုးတွေ ဖြစ်မှာစိုးတဲ့ စိုးရိမ်မှုလဲ ကျွန်တော်တို့ စိတ်ထဲမှာ ရှိပါတယ်။

ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်ရှင်။

14 August 2012

ဗိုလ်ချုပ်ကြီးသူရတင်ဦးကာကွယ်ရေးဦးစီးချုပ်အဖြစ်က ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ...

 တစ်ချိန်က မြန်မာ့တပ်မတော်၌ ဒုတိယဗိုလ်အဆင့်မှ စတင်ကာ မြန်မာ နိုင်ငံ၏ (၄)ဦးမြောက် ကာကွယ်ရေး ဦးစီး ချုပ်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင် ခဲ့သောလက်ရှိအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦးအနေဖြင့် ကာကွယ်ရေးဦးစီး ချုပ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၇၆ခုနှစ် မတ်လ ၆ ရက် ရက်စွဲပါ နိုင်ငံတော်ကောင်စီ၏ ကြေညာချက် အမှတ်(၂၆/၇၆)အရ ကာကွယ်ရေးဦးစီး ချုပ်အဖြစ် ၆-၃-၇၆မှစတင်ကာ နှုတ် ထွက်ခွင့်ပြုကြောင်း (က-က-ထူး)၏ ၂၀ ရာထူး(၆)ဖြင့် အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရပြီး နှုတ်ထွက်ခဲ့ရသည့်အကြောင်းအရင်းအား ထိုစဉ်က နိုင်ငံပိုင်သတင်းစာအချို့နှင့် ၁၉၉၀ နောက်ပိုင်း ထုတ်ဝေခဲ့သော တပ် မတော်ခေါင်းဆောင်များ သမိုင်းအကျဉ်း စာအုပ်၌ ““ဗိုလ်ချုပ်ကြီးတင်ဦး၏ ဇနီးဖြစ် သူ ဒေါက်တာဒေါ်တင်မိုးလွင်အနေဖြင့် လူကြီးမိသားစုလိုက်နာရမည့်စည်းမျဉ်း များကို ထိပါးမှုကြီးနှင့်စပ်လျဉ်း၍ ထိန် ချန်မှုကိုပါကျူးလွန်ခဲ့သည့်အတွက် တာ ၀န်မှ ရပ်စဲသည့်အပြင် ထောင်ဒဏ်(၇) နှစ်ပါကျခံစေရန် ချမှတ်အတည်ပြုခဲ့ ကြောင်းရေးသားပါရှိခဲ့သည်။
ဦးနေ၀င်းအစိုးရမှ ကြေညာသကဲ့သို့ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ဇနီးသည် လူကြီးမိသားစု လိုက်နာရမည့် မျဉ်းများ အား ထိပါးခဲ့ခြင်းရှိ မရှိ၊ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည်လည်း နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးနှင့်စပ်လျဉ်း၍ ထိန်ချန်မှုကို ကျူးလွန်ခဲ့ခြင်းရှိမရှိ သမိုင်း ဖြစ်ရပ်အမှန်များအား ဗိုလ်ချုပ်ကြီး သူရတင်ဦးအားတွေ့ဆုံမေးမြန်းခဲ့ရာ–

မေး- ဦးနေ၀င်းရဲ့ အစိုးရက ကာကွယ် ရေးဦးစီးချုပ်ရာထူးက မဖယ်ရှားခင် ဘဘနဲ့ ဦးနေ၀င်းနဲ့ကြားမှာ အဖုအထစ် တွေဘာတွေများရှိခဲ့ဖူးပါသလား။ အဲ့ဒီ အဖုအထစ်လေးတွေရှိမယ်ဆိုရင် သိပါ ရစေ။

ဖြေ- ပြောရရင် သီးသန့်အရေးအခင်း တုန်းက ဦးသန့်အလောင်းကို ဟိုကနေ ပြီး အရုပ်ကလေးလို လှလှပပလေး လုပ် ပြီး ဒီကိုပို့လာတယ်။ ဒီမှာ ကျောင်းသား တွေ၊ ပြည်သူလူထုက ကြိုဆိုကြတာပေါ့။ ဒါပေမယ့် အစိုးရဘက်က လုံးဝမကြိုက် ဘူး။ အဲ့ဒီတုန်းက ဦးစန်းယုတို့ဘာတို့ အပါအ၀င် ၀န်ကြီးတွေ (၁၄)ယောက် လောက်က ဦးသန့်အလောင်းကို ခမ်းခမ်း နားနားနဲ့ ကြိုဖို့ သဘောတူညီချက်ရတယ်။ အဲ့သလို တစ်ယောက်ညီချက်ရပြီး ဦးစန်း ယုက ဦးနေ၀င်းကိုသွားပြောတယ်။ နိုင်ငံ ဂုဏ်ဆောင်ခေါင်းဆောင်တစ်ယောက်ကို ခမ်းခမ်းနားနားကို ကြိုဆိုမယ်ဆိုပြီးတော့ ဒီတော့ ဦးနေ၀င်းကပြောတယ်။ မင်းတို့ လုပ်ချင်လုပ် ငါတော့မလုပ်ဘူးဆိုပြီး ပြော လိုက်တယ်။ သူမလုပ်တော့ အခြေအနေ တွေက အရမ်းဆိုးတယ်။ ပြီးတော့ ဦးသန့် အရေးအခင်းဖြစ်တုန်းမှာ ကျောင်းသား နဲ့ လူထုအော်တာမကောင်းဘူး။ ဘာလဲ ဆိုတော့ ““နေ၀င်စန်းယုကျဆုံးပါစေ၊ တင်ဦးစိန်ဝင်း ကျန်းမာပါစေ၊ ကိုစိန်ဝင်း ဆိုတာ ၀န်ကြီးချုပ်ပါ။ ဘဘအနေနဲ့က လည်း ဦးနေ၀င်းကို ခဏခဏပြောဖူး တယ်။ ကျွန်တော်တို့ ဒီလိုနေရာတွေ၊ ရာ ထူးတွေရလာတာ ကျွန်တော်တို့တော်လို့၊ တက်လို့ ရောက်လာတာမဟုတ်ပါဘူး။ ဗိုလ်ချုပ်တို့ ကျေးဇူးနဲ့ရောက်လာတာပါ။ ကျွန်တော်တို့မှာ ပြောစရာတွေရှိရင် ပြောပါပြင်ပါမယ်။ လိုအပ်ရင် တပ်မတော် က ထုတ်ပစ်ပါလို့တောင် ခဏခဏပြော ခဲ့ဖူးတယ်။

မေး- ဘဘ ကာကွယ်ရေးဦးစီးချုပ်ဖြစ် တဲ့အချိန်တိုင်းပြည်မှာ မာရှယ်လော လည်း ထုတ်ထားတဲ့အချိန်လည်းဖြစ်နေ တော့ ဘဘတပ်ကရဲဘော်တွေက ဦးနေ ၀င်းရဲ့သားကို ဖြိုးဆံပင်ကို ဖြတ်ပြီး တချို့ လွန်တဲ့ စကားတွေပြောခဲ့တာကို ကိုဦးနေ ၀င်းကတော်တော် စိတ်ဆိုးခဲ့တယ်လို့ သိ ရပါတယ်။ အဲဒီ အဖြစ်အပျက်လေးကို လည်း သိပါရစေ။

ဖြေ- အဲဒီတုန်းက ၁၉၇၅ လောက်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့အချိန် ဒီရန်ကုန်တက္ကသိုလ် သမ ဆံပင်ညှပ်ဆိုင် မှာ ဦးနေ၀င်းရဲ့သား ကိုဖြိုးရဲ့ဆံပင်က ပခုံးနားထိရှည်တယ်။ အဲ့သလို ဆံပင် လာ ညှပ်တာကို ဘဘတပ်က ရဲဘော်တွေက တွေ့ပြီး ဒါလမ်းသရဲပုံတဲ့။ အဲ့ဒါကို တိုတို ညှပ်လိုက်လို့ပြောတယ်။ ဒီတော့ ကိုဖြိုး က သူက သမ္မတကြီး ဦးနေ၀င်းရဲ့သားပါ လို့ ပြန်ပြောတယ်။ အဲ့ဒီမှာ ရဲဘော်တွေ ကလည်း ခု စစ်အုပ်ချုပ်ရေးထုတ်ပြန် ထားတဲ့အချိန်တဲ့။ တိုင်းပြည်ကို မင်းအဖေ သမ္မတကြီးအုပ်ချုပ်နေတာမဟုတ်ဘူးတဲ့။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ကြီးတင်ဦး အုပ်ချုပ်နေတာတဲ့။ စစ်တပ်ဆိုတော့ ကိုဖြိုးကလည်းကြောက်တာပေါ့။ အဲ့ဒါ အိမ်ပြန်ရောက်တော့ သူ့အဖေကို တိုင်၊ သူ့အဖေက ဘဘလိုချက်ချင်းခေါ်တော့ တာပဲ။ အဲ့ဒီညမှာအခြေအနေက တော် တော်ဆိုးတယ်။ ဘဘတို့ လူကြီးအိမ်တွေ မှာ လူကြီးအိမ်အချင်းချင်း ဆက်သွယ် ထားတဲ့ စကားပြောစက်ကနေပြီးတော့ ဦးနေ၀င်းအသံကြီး ထွက်နေတာကို အိမ် ကသားက လာပြောလို့ သွားနားထောင် တော့ ဘဘလို့ခေါ်တာဖြစ်နေတယ်။ တင်ဦးကိုေ ခ်ါလိုက် တင်ဦးကိုခေါ်လိုက် ဆိုပြီး အဲ့ဒါနဲ့ ဘဘလည်း ချက်ချင်းသူ့ အိမ်ဘက်ရောက်လာတာပေါ့။ သူ့အိမ် ရောက်သွားတော့ သူဆင်းလတယ်။ နှာ ခေါင်းက နှာရည်တွေထွက်ပြီး မျက်နှာ ကလည်း နီနေတယ်။ စကားလည်း တစ် လုံးမှမပြောဘူး။ မတ်တပ်ပဲရပ်နေတယ်။  သူကမှ ပေးမထိုင်တာ ကိုယ်ကဘယ်လို့ မရမလဲ။ အဲ့ဒါသူက ဟေ့ကောင်ထိုင်တဲ့ ပြီးတော့ ဘဘကို မင်းကြားပြီးပြီလား။ မင်းတပ်ကကောင်တွေငါ့သားကို လုပ် လိုက်တာလေတဲ့။ ဘဘကလည်း အဲ့ဒီ အကြောင်းကို မသိတော့ ဘယ်လုပ်လိုက် လို့ပါလဲဆိုတော့ ငါ့သားဆံပင်သွားညှပ် တဲ့ဟာကို မင်းတပ်က ကောင်တွေက လမ်းသရဲဆိုပြီး ဆံပင်ကိုဖြတ်လိုက်တယ်။  ပြီးတော့ မင်းကောင်တွေပြောသွားတဲ့ စကားကမကောင်းဘူး။ ဒီမှာ မင်းအဖေ သမ္မတကြီးဦးနေ၀င်းအုပ်ချုပ်နေတာမဟုတ် ဘူးတဲ့။ တစ်တိုင်းတစ်ပြည်လုံးကို ဗိုလ် ချုပ်ကြီးတင်ဦးအုပ်ချုပ်နေတာတဲ့။ အဲ့ဒီ စကားအရမ်းဆိုးတယ်တဲ့။ ဘဘကလည်း ဦးနေ၀င်းကို ကျွန်တော်မှာ ဒီစိတ်မျိုးမရှိ ပါဘူး။ သိလည်းမသိခဲ့ပါဘူးလို့ပြော တယ်။ အဲ့ဒီမှာသူက တေးထားတယ်။ နောက်အပြစ်ရှာတယ်။ ဒါပါပဲ။

မေး- ဘဘအပြစ်ရှာတယ်ဆိုတော့ဘယ် ပုံစံမျိုးနဲ့ အပြစ်ရှာခဲ့တာလည်း သိပါရ စေ။

ဖြေ- အမှန်တော့ ဘဘကာကွယ်ရေးဦး စီးချုပ်ဖြစ်တဲ့ အချိန်ကပါ။ ကြာလည်း ကြာပါပြီ။ ဘဘလို ထောက်လှမ်းရေးက လူတွေပဲ လာကန်တော့ကြတာ။ ဘဘတို့ နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်း မျဉ်းအရ ရသမဆ လက်ဆောင်တွေကို အထက်ကို စာရင်းနဲ့တကွ အတိအကျ ပြန်အပ်ရတယ်။ အဲ့ဒီတုန်းက ထောက် လှမ်းရေးက ဘဘကို လာကန်တော့တာ အခင်းပြားလေးပါ။ အဲဒါ ဘဘက ဟေ့ ကောင်တွေ မင်းတို့ပေးတာကို ငါက အထက်ကိုစာရင်းနဲပ ပြန်အပ်ရမှာ။ အဲ့ သလိုပြောတော့ သူတို့က ဒီရေချိုခန်း အခင်းက ဟောင်ကောင်က။ ဒါကြောင့် ဆရာ့ကို ကန်တော့တာပါ။ အထက် လည်းမတင်ပါနဲ့။ ကျွန်တော်တို့ ပြေလည် အောင် လုပ်ပေးမယ်လို့ပြေတယ်။ အဲ့ဒါ ဘဘ အမျိုးသမီးကလည်း သူတို့ပိုက်ဆံ ပေးပြီး ၀ယ်တာနော်ဆိုပြီး နေလိုက်တာ အဲ့ဒါကို ပြန်ပြစ်ရှာပြီး ဦးနေ၀င်းက တင်ဦး မင်းကစည်းမျဉ်းစည်းကမ်းကို ထိ ပါးတယ်။ ထွက်တဲ့ အဲ့သလိုအဖြစ်ရှာခဲ့ တာပါ။

မေး- ပြီးတော့ အဲ့သလို ရာထူးကနေ ဘဘကို ဖယ်ရှားပြီးတော့ နိုင်ငံတော် သစ္စာဖော်ကဖျက်ပုန်ကယ်မှုမှာ ထိန်ချန် မှုကိုကျူးလွန်ခဲ့တယ်ဆိုပြီး ထောင်ဒဏ် (၇)နှစ်အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်ဟာကို အခြေခံပြီးတော့ ဘဘကို ပုန်ကန်မှုကို ထိန်ချိန်ခဲ့တယ်လို့ စွပ်စွဲခဲ့ ရတာလဲသိပါရစေ။

ဖြေ- သြော်..အဲဒါက ဘဘကိုရာထူး ကနေ ဖယ်ရှားပြီးတော့ တိုင်းမှူးတွေက လာပြီး မခံဘူး။ ချမယ်ဆိုပြီး လုပ်ပါ လေရော။ ဘဘကို သူတို့က ဗိုလ်ချုပ် မခံဘူး။ ကျွန်တော်တို့ချမယ်။ ဒီတော့ ဘဘလည်း မင်းတို့ကလည်းတစ်မျိုး။ အဲ့ဒါ သူတို့ကို ဖျောင်းဖျပြီး ပြန်လွှတ် လိုက်တယ်။ အဲဒါကို ဦးနေ၀င်းကို သိရဲ့ သားနဲ့မပြောဘူး။ ပုန်ကန်မှုကို ထိန်ချန် တယ်ဆိုပြီး ထောင်ခုနစ်နှစ်ချလိုက်တယ်။

မေး- ဘဘကို ဖယ်ရှားခဲ့သလို မ-ဆ-လ  ခေတ်က ကျန်အရာရှိကြီးတွေကိုလည်း ဦးနေ၀င်းအနေနဲ့ ဖယ်ရှားခဲ့တာမျိုးရှိပါ သလား။

ဖြေ- သူလုပ်ခဲ့တဲ့အထဲမှာ ဘဘအပြင် ၀န်ကြီးဦးရွှေ၊ ဗိုလ်မှူးကြီးမောင်ရွှေ၊ ဗိုလ် မှူးကြီးစိန်မြ၊ ဗိုလ်မှူးကြီးတန်ယုဆိုင်ပြီး တော့ ဗိုလ်မှူးကြီးစံဝင်း အဲ့ဒီထဲက ဦးရွှေ ဆုရင် အဲဒီတုန်းကသူက သတ္တုတွင်းဝန် ကြီးဌာန၀န်ကြီး သူ့သားက အလုပ်ကိစ္စ နဲ့ ဂျပန်သွားတယ်။ ဂျပန်ကလည်း ၀န် ကြီးသားဖြစ်တဲ့အတွက် သေသေချာချာ ကြိုဆိုတယ်။ သူကလည်း ဟိုရောက် တော့ အလုပ်လလေးဘာလေးလုပ်ဖို့အ တွက်ပေါ့နော်။ သူကလည်း သူ့အစီအစဉ် နဲ့သူအလုပ်လုပ်ဖို့။ အဲ့ဒါ ဂျပန်မှာ နေရာ လေးဘာလေးပဲ စီစဉ်ခိုင်းတာ။ အဲ့သလို သူ့သားလုပ်တာကို ဦးရွှေရဲ့ အရှိန်ကိုသုံး တယ်။ ပြီးတော့ အဲ့ဒါကို ဦးနေ၀င်းက လာဘ်ပေးလာဘ်ယူနွယ်တယ်။ ကိုယ်ရေး ကိုယ်တာနွယ်တယ်၊ အဲ့ဒါမင်းထွက်တဲ့။ ၀န်ကြီးရွှေကို အဲ့သလို စွပ်စွဲပြီး တရားစွဲ။ အဲ့ဒီမှာ တရားရုံးက စစ်ဆေးတော့လည်း ဘာမှအပြစ်မရှိဘူးဆိုတာ ပြောတာပဲ။ တရားရုံးကလုံးဝ အပြစ်မရှိဘူးဆိုတာ ဆုံး ဖြတ်ပြီး အမှုလွှတ်လာတာပဲ။ ဒါပေမယ့် ဦးနေ၀င်းက ပျက်သွားတဲ့ကြိုး ပြန်ဆက် ရင် အဖုအထုံးဖြစ်တယ်။ အဲ့ဒါ မင်းထွက် ဆိုပြီးဖယ်လိုက်တာပဲ။ နောက်တစ်ယောက် က ကိုစံဝင်း ဘဘတို့ မဆလခေတ်တုန်း က ၀န်ကြီးဌာနတွေက အစိုးရတွေဆီက ငွေချေးတဲ့အခါ ပြန်ဆပ်ရင် အမြတ် တစ် ကျပ်ပို့ပေးရတယ်။ တစ်ရာချေးရင် တစ်ရာ့တစ်ကျပ်ပေါ့နော်။ အမြတ်ကြိုက် သလောက်များ။ ဒါပေမယ့် တစ်ကျပ် အောက်တော့ လျှော့လို့မရဘူး။ အဲ့ဒီ တုန်းက ကုန်သွယ်ရေးဝန်ကြီး ဦးစံဝင်း လာမယ့် ဒီဇင်ဘာ ခရစ်စမတ်မှာ ကပွဲ သဘောမျိုးလေးလုပ်ပြီး ပိုက်ဆံရှာမယ် ပေါ့။ အဲ့ဒါကို ၀န်ကြီးများအဖွဲ့ ကက်ဘိ နက်အစည်းအဝေးကို တင်ပြတော့လည်း  ခွင့်ပြုတယ်။ အဲ့ဒါလုပ်တာက အင်းယား လိတ်မှာလုပ်တယ်။ အဲ့ဒါသူ့အိမ်နဲ့လည်း နီးတယ်။ အဲဒီမှာ ဒီခရစ်စမတ်ပွဲကိုသူ့ သမီးတွေကို မသွားဖို့သူက တားထား  တယ်။ ဒါပေမယ့် သူ့သမီးတွေက သူမသိ အောင် ခိုးထွက်ပြီးလာတာ ဦးနေ၀င်း သိလည်းသိရော သူ့တပည့်တွေခေါ် ဂျစ်ကားနဲ့သွားပြီးတော့ ကပွဲဝိုင်းမှာ ၀ိုင်း ရိုက်ပါလေရော။ သမ္မတနဲ့ လူကြမ်းအဖွဲ့ ဆိုတာ ကြားဖူးမှာပေါ့။ ဦးနေ၀င်းကိုယ် တိုင်ခေါင်းဆောင်ပြီး ၀င်ရိုက်တာတို့ ပစ္စည်းတွေရိုက်ချိုးတာတို့လုပ်။ အဲ့သလို ဖြစ်တုန်းကလည်း လူထုက သိပ်ဘ၀င် မကျခဲ့ဘူး။ နောက်ပိုင်းကျတော့ ဒီကိစ္စ မင်းမှာတာဝန်ရှိတယ်ဆိုပြီး ကိုစံဝင်းကို ဖယ်လိုက်တာပါတဲ့။ ကိုစံဝင်းကိုယ်တိုင် လည်း ၀န်ကြီးများအဖွဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာပဲလေ။

မေးခွန်းများအား အထက်ပါ အတိုင်း ပြန်လည်ပြောကြားပေးသွားခဲ့ သည်။ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ၂၆-၂-၁၉၄၆ခုနှစ်မှစတင်ကာ ဒုတိယ ဗိုလ်အဆင့်မှစ၍ တာဝန် အသီးသီး ဒေသ အသွယ်သွယ်တာဝန်ထမ်းဆောင်ခဲ့ ပြီး ၁၉၇၆ ခုနှစ် မတ်လ (၆)ရက်နေ့၌ နိုင်ငံတော်ကော်စီ ၏ ကြော်ငြာချက်အရ ကာကွယ်ရေးဦးစီးချုပ် အဖြစ်မှ ရပ်စဲခြင်း ခံခဲ့ရပြီး ပြန်လည်တည်တော်လှန်ရန် လာ ရောက်ပြောကြားသော တိုင်းမှူးများအား ဖျောင်းဖျ၍ ငြိမ်းငြိမ်းချမ်းချမ်း နေရန် ပြောဆို လွှတ်လိုက်သော်လည်း အထက် သို့ တင်ပြခြင်းမရှိခဲ့သည်ဟုဆိုကာ နိုင်ငံ တော်သစ္စာဖောက်ဖျက်မှုအား ထိန်ချိန် ခဲ့သည်ဟု စွဲချက်တင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ အရ အလုပ်နှင့်ထောင် ဒဏ် (၇)နှစ်ကျခံစေ၇န် ၁၁-၁-၇၇တွင် ဦးအုံးမောင် တိုင်းတရားသူကြီးအဖွဲ့မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တရားစီ ရင်ရေးအဖွဲ့မှ အပြစ်ကျခံစေရန် အမိန့် ချခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်ဦး၏ အယူခံ တင်သွင်းချက်အားလည်း ဦးစိုးလှိုင် ပြည် သူ့တရားသူကြီးအဖွဲ့ အဖွဲ့ဝင်မှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော ဗဟိုတရားစီရင် ရေးအဖွဲ့မှ ၂၀-၈-၇၇ တွင်ပယ်ချခဲ့ပြီး အမိန့်နှင့်ပြစ်ဒဏ်များကို အတည်ပြုခဲ့ သည်။

ရင်းမြစ်...... Hot News

မြစ်ဆုံစီမံကိန်းရှိ ဆောက်လုပ်ရေးသုံးပစ္စည်းများအား တရုတ်နိုင်ငံသို့ ပို့ဆောင်တော့မည်


နိုင်ငံတော်သမ္မတသက်တမ်းအတွင်း လုံးဝလုပ်ဆောင်ခြင်း ပြုလုပ်မည်မပာုတ်ပာု သမ္မတဦးသိန်းစိန်မှ ကတိပေးပြောကြားထားသည့် ကချင် ပြည်နယ်၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေးသုံး စက်ပစ္စည်းနှင့် ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။
“မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာရှိတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို တရုတ်နိုင်ငံကို ပြန်ပို့တော့မှာပါ။ သြဂုတ်လ ၈ ရက်နေ့ နေပြည် တော် စက်မှုဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိမှာတော့ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားပါတယ်”ပာု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် မကြာသေးမီကာလများအတွင်းကလည်း ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း နေရာများတွင် တရုတ်နိုင်ငံ CPI နှင့် အေးရှားဝေါလ်ကုမ္ပဏီဝန်ထမ်းများ လှုပ်ရှားမှုရှိနေဆဲ သတင်းများပေါ်ထွက်ခဲ့ပြီး တရုတ်နိုင်ငံ CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင် ရန် ယင်းဒေသရှိတိုင်းရင်းသားများအား မက်လုံးပေးမြူဆွယ်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ကို မြစ်ဆုံစီမံကိန်းကြီးသာပြီးသွားရင် မီးရမယ်။ ရေရမယ်တွေပြောပြီး စည်းရုံးနေပါတယ်။ ဒါတောင် တစ်ချို့မသိတဲ့သူတွေ ပါသွားကြသေးတယ်။ ကျွန်တော်တို့အနေနဲ့ မြစ်ဆုံစီမံကိန်းပြန်စဖို့ လုံးဝကန့်ကွက်သွားမှာပါ။ ဧရာဝတီပျက်စီးမယ့်အရေး၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းဖို့အရေးတွေအတွက် ဆုံးတဲ့အထိ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက် တိုက်ပွဲဝင်သွားမှာပါ”ပာု မြစ်ဆုံအရေးလှုပ်ရှားခဲ့သူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်နိုင်ရန် ယခင်အစိုးရလက်ထက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အမှတ် (၁)လျှပ် စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၏ CPI ကုမ္ပဏီတို့မှ သဘောတူလက်မှတ်ရေးထိုး၍ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက် တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ မိမိတို့အစိုးရသက်တမ်းကာလအတွင်း ယင်းမြစ်ဆုံစီမံကိန်း တည်ဆောက်နေမှုများကို ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သတင်း....yangonchronicle 

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမူ တိုင်းရင်းသားများ လက်မခံ

 r31POOKPP
 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု လုပ်ငန်းကော်မီတီ

အစိုးရ၏ တိုင်းရင်းသားများအပေါ် ထားရှိခဲ့သည့် လက်ရှိ သဘောထားသည် မူဟောင်းများဖြစ်၍ ဆက်လက် ဖိအားပေးနေ ပါက ရရှိထားသည့် ငြိမ်းချမ်းရေးများသည် ပျက်ပြားသွားနိုင်ဖွယ် အနေ အထားရှိကြောင်း ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့ပါ သည်။

 “အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ မူ(၈) ချက်ဟာ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိဘူး၊ တရား နည်းလမ်း မကျ ဘူး၊ မျှတမှု မရှိဘူး၊ သူတို့ အတွက် အသာစီး ယူထားပြီးတော့ ကျွှန်တော်တို့ တိုင်းရင်း သားတွေ သူတို့ ကြားကို ဝင်ရောက် စေတဲ့ နည်းဟာ တိုင်းရင်းသား အခွင့်အရေးတွေ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး၊ ဒီမူတွေဟာ မူဟောင်းပါ။ သူတို့က ဒီမူနဲ့ ဘဲ ဆက် လက်တွန်းအားပေးလာမယ် ဆိုရင် ငြိမ်းချမ်းရေးဟာ ရှေ့ဆက်သွားဖို့ မဖြစ်နိုင်တဲ့ အနေအထားပါ” ဟု နိုင်ဟံသာမှ ပြောပါသည်။

သြဂုတ်လ ၁၂ ရက်နေ့၌ သမ္မတ အိမ်တော် သဘင်ဆောင်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ လုပ်ငန်း ကော်မီတီ၏ ၁/၂၀၁၂ အစည်းအဝေး၌ ၄င်းတို့ ချမှတ်ထားသော တိုင်းရင်းသား အပစ်ရပ်အဖွဲ့များလိုက်နာ ရမည့်မူ (၈) ချက်သည် ယခင် စစ်အစိုးရလက်ထက်က ကျင့်သုံးခဲ့သော မူဟောင်းများသာ ဖြစ်သည်ဟု UNFC မှ ရှူ့မြင်ပါ သည်။ ယင်းမူ များသည် မြန်မာနိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ထုတ်ပြန် ကြေငြာထားပါသည်။

“ဒါကလည်း သူတို့ အမြင် သူတို့ ရပ်တည်ချက်ကို ထုတ်ပြတာပါ၊ ဒါကလည်း တရားသေ ဖြစ်ရမယ့် အရာမဟုတ်ပါဘူး၊ ကျွှန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကလည်း တရားသေ အနေအထား မဟုတ်ပါဘူး၊ နှစ်ဖက် ညှိနှိုင်း လုပ်ဆောင် သွားဖို့ သင့်ပါတယ်၊ ပြည်သူ လူထု တွေရဲ့ သဘောထား တွေကိုလည်း အခြေခံ ရမယ်၊ ကျွှန်တော်တို့ တိုင်းရင်းသားတွေ အားလုံး ကလည်း ဒီလိုပဲ မြင်ပါတယ်၊ ဒီထက် ဆိုးလာရင်တော့ အပစ်အခတ် ရပ်စဲရေး ဆိုတာ ပျက်ပြား နိုင်တဲ့ အနေအ ထားပဲ ရှိပါတယ်” ဟု နိုင်ဟံသာမှ ပြောပါသည်။

အဆိုပါ အစည်းအဝေးတွင် ဒု-သမ္မတ စိုင်းမောက်ခမ်းက “ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရေးမှာ နှစ်ဦး နှစ်ဖက် တွေ့ဆုံ လက်မှတ် ရေးထိုးပြီးရုံမျှဖြင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်၊ ထိလွယ်ရှလွယ်သော အခြေအနေ ဖြစ်၍ အခန့်မသင့်ပါက အချိန်မရွေး နောက်ဆုတ် ပျက်စီးသွားနိုင်ကြောင်း” ထည့်သွင်း ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မီတီကို ၃/၅/၂၀၁၂ ရက်နေ့က နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၁၁/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မီတီ (၁၁) ဦး ပါရှိ ပါသည်။ ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မီတီ ကိုလည်း သမ္မတရုံး အမိန့်အမှတ် ၁၂/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်ပေါင်း (၅၂) ဦးရှိပါသည်။ တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုမူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းမှ တာဝန်ယူ တွေ့ဆုံလျက် ရှိပါသည်။ 

သတင်း... ရွှေဟင်္သာသတင်းဌာန

13 August 2012

ပြန်ကြားရေးဝန်ကြီးနှင့် သတင်းစာဆရာများအသင်း ဆွေးနွေးမှုအပေါ် ဆရာမောင်ဝံသကို မေးမြန်းချက်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့ တာဝန်ရှိသူတွေ ကို သြဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းက စာနယ်ဇင်းလွတ်လပ်ခွင့်ကိစ္စကို ညှိနှိုင်းဆွေးနွေးပါတယ်။

ရန်ကုန်မြို့ သိမ်ဖြူလမ်းက ဗဟိုပုံနှိပ်တိုက် အစည်းအဝေးခန်း မမှာ တွေ့ဆုံကြရာ မှာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း တာဝန်ရှိသူတွေက အမြုတေ စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်လို့ သတင်းလွတ်လပ်ခွင့်ကို ထိပါးတယ်လို့ ယူဆတဲ့ လက်မခံနိုင်တဲ့ အချက်အလက်တွေကို ၀န်ကြီးကို တင်ပြခဲ့ကြတယ်လို့ ပြောပါတယ်။

ဝန်ကြီးကတော့ သူရဲ့ပြန်လည်ညှိနှိုင်းချက်ကို အတွင်းရေးအဖြစ် သတ်မှတ်ဖို့ မေတ္တာရပ်ခံတာကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ဘူးလို့ အစည်းအဝေး တက်ရောက်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဥက္ကဋ္ဌ ဆရာမောင်ဝံသက ပြောပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းကို ဒီလ ၁၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
အစိုးရက သြဂုတ်လ ၉ ရက်နေ့စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ အမြုတေစာနယ်ဇင်းကောင်စီမှာ ဆရာမောင်ဝံသတို့လည်း ပါဝင်ပေမယ့် တာဝန်ဝတ္တရားပိုင်းမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးတာကြောင့် တာဝန်မယူနိုင်ဘူး လို့ ငြင်းဆန်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဆရာမောင်ဝံသကို မေးထားပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းတို့တွေ့တယ်လို့ သိရပါတယ်။ ဘယ်သူတွေ့ ပါပြီး ဘာတွေဆွေးနွေးလဲ သိပါရစေ။

“တွေ့တဲ့အကြောင်းရင်းက မြန်မာနိုင်ငံသတင်းစာဆရာများအသင်းက ထုတ်ပြန်ကြေညာထားတဲ့ သဘောထားကြေညာ ချက်ပေါ့၊ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ တောင်းဆိုထားတဲ့အချက်တွေကို လိုက်လျောနိုင်လား၊ မလိုက်လျောနိုင်ဘူးလားဆိုတဲ့ သဘောထားပါ။”

အဓိကအားဖြင့် ဘယ်နှချက် တင်ပြလိုက်ပါလဲ။

“အားလုံးပေါင်း ၈ ချက်။”

၈ ချက်ထဲက ဆရာတို့ concern အဖြစ်ဆုံးဟာတွေကို ပြောပြပါ။

“၂(က)ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ရန်ဆိုတာကို၊ ကျနော်တို့က တည်ဆဲဥပဒေနဲ့အညီဆိုတာတော့ မသင့်တော်ဘူး။ ဒါကို ဖြုတ်ဖို့တောင်းဆိုတယ်။ တည်ဆဲ ဥပဒေ ဆိုတာ ကတော့ လုံခြုံရေး ပုဒ်မတွေ၊ ကာကွယ်ရေးပုဒ်မတွေ၊ အီလက်ထရောနစ်ပုဒ်မတွေနဲ့ဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့က ပြဒါးတလမ်း၊ သံတလမ်းလေ။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ၂(ခ)ကတော့ လုံးဝ ကိုဖြုတ် မှဖြစ်မယ်။ အဲဒါက တော်တော်ဆိုးတယ်။ စာနယ်ဇင်းနယ်ပယ်က ပုဂ္ဂိုလ်တွေ ရေးသားပြော ဆိုဟောပြောခွင့်များတဲ့၊ အဓိက ၃ ခုပေါ့၊ ဘာကိုဆိုလိုမှန်းတော့မသိ ဘူး။ ရေးသားတာ ရယ်၊ ဟောပြောတာရယ်(စာပေဟောပြောပွဲတွေပေါ့)၊ ဆောင်ရွက်မှုများ၊ အဲဒါတွေက တိုင်းရင်း သားပြည်သူ တို့ ရဲ့ အကျိုးစီးပွားကို မထိပါးအောင် ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာမထိခိုက်စေရေးကို ကြီးကြပ်ဆောင်ရွက်ရန် ဆိုတော့ ကျနော်တို့ အမြုတေကောင်စီက ဟောပြောပွဲတွေကို သွားထိုင်ကြည့်၊ နားထောင်ပြီးတော့ ငြိလား မငြိလား အဲလိုမျိုး လုပ်ရမယ့် သဘောဖြစ်နေတယ်။ အဲဒါကိုတော့ လုံးဝဖြုတ်ခဲ့ပေးဖို့ တောင်းဆိုတာပေါ့။”

ဝန်ကြီးဦးကျော်ဆန်းကရော စာနယ်ဇင်းလောကကို လွတ်လပ်ခွင့်ပေးလိုက်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ သူက စိတ်ထဲမှာရှိတယ်၊ ဘာတွေစိုးရိမ်နေတယ်လို့ သူနဲ့တွေ့တဲ့အခါမှာ မှတ်သားလိုက်မိလဲ။

“အခု တွေ့ဆုံပွဲကို ၀န်ကြီးကသူမေတ္တာရပ်ခံတာရှိတယ်။ ဒါနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို အားလုံး သဘောတူညီချက် မရမချင်း ဒါကို confidential (လျှို့ဝှက်) ထားပေးပါတဲ့။ ၀န်ကြီးဘက်ကပြောတာဆိုတာ ဆွေးနွေးတာတွေကိုတော့ ကျနော်မှာ မပြောနိုင်ဘူးပေါ့ဗျာ။ ကျနော်တို့ဘက်က ဆွေးနွေးချက်တွေ၊ လိုလားချက်တွေကိုတော့ ကျနော်ပြောခွင့်ရှိပါတယ်။”

အမြုတေစာနယ်ဇင်းကောင်စီရဲ့ ကြေညာချက်အရတော့ ဝေဖန်တဲ့ သတင်းလောကသားတချို့ကပြောတယ်။ စာပေစိစစ်ရေးက ဖြုတ်တော့မယ်။ စာပေစိစစ်ရေးရဲ့ တာဝန်ကို ပခုံးထမ်းလွှဲတယ်လို့ ပြောကြတယ်။ စာနယ်ဇင်းသမားချင်း ဟိုဟာမရေးရ၊ ဒါမရေးရ ကန့်သတ်ဖို့ပေါ့။ အဲဝေဖန်မှုတွေအပေါ်မှာ ဆရာတို့ သတင်းစာဆရာများအသင်းကရော သတ်သတ်မှတ်မှတ်ပြောပေးပါ။

“ဒါက ပြောနေတာပဲလေ၊ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့ပြီးရင် စာပေစိစစ်ရေးကို ရုပ်သိမ်းလိုက်တော့မယ်၊ မထားတော့ဘူးဆိုပြီး ပြောတယ်၊ တကယ်လည်း ပြင်ဆင်နေပုံရတယ်။ ဒီနေ့ကစပြီးတော့ ထုတ်တင်၊ စာမူတွေတင်စရာမလိုတော့ဘဲ ထုတ်ဝေခွင့်ပေးမယ့် သဘောရှိတယ်။ ကျနော်တို့ကလည်း စာနယ်ဇင်း သမားများရဲ့ ကျေနပ်တဲ့ သဘောတူတဲ့ အနေအထားမျိုးမရောက်ဘူး၊ ပြင်ဆင်ပြောင်းလဲတာတွေ မလုပ်ပေးဘူး ဆိုရင် ကျနော်တို့ ကလည်း အမြုတေစာနယ်ဇင်းကောင်စီမှာ ဆက်မပါဘူးပေါ့လေ။ မပါဘူး ဆိုတော့ အမြုတေ စာနယ်ဇင်းကောင်စီက အခု လောလောဆယ်မှာ အလုပ်မလုပ်နိုင်သေးတဲ့ သဘောရှိတယ်။ ဒါကြောင့်နဲ့ တူတယ်၊ မနေ့ကဆိုရင် စာပေစိစစ်ရေးက ဂျာနယ်တွေကို ဖုန်းခေါ်ပြီးတော့ ခါတိုင်းလိုပဲ စာမူတွေတင်ဖို့ လှမ်းအကြောင်းကြားပါတယ်။”

စာနယ်ဇင်းကောင်စီကို စာနယ်ဇင်းလောကသားတွေပဲ ဖွဲ့ဖို့အဆင်မပြေဘူးလား။ ဘာတွေအခက်အခဲရှိပါလဲ။

“အမှန်ကတော့ ဖြစ်သင့်တာတော့ အဲလိုဖြစ်ရမှာ။ တဖက်ကပြောတာတော့ အမြုတေဆိုတာ တကယ်ပေါ်လာမယ့် အမြဲတမ်းစာနယ်ဇင်းကောင်စီကို ဒီအမြုတေကောင်စီကနေ ပုံစံချပေးမယ်ပေါ့။ အဲတော့မှ စာနယ်ဇင်းကိုယ်စားလှယ်တွေ၊ အပြင်က ပညာရှင်အချိုးက ဘယ်လောက်၊ စာနယ်ဇင်းသမားတွေရဲ့ အချိုးကဘယ်လောက် အဲလိုနဲ့ သွားမယ်လို့ ဆိုပါတယ်။”

အမြုတေစာနယ်ဇင်းကောင်စီက လွှတ်တော်တင်တော့မယ်၊ ပြန်ကြားရေးကဆွဲတဲ့ မီဒီယာဥပဒေမူကြမ်းနဲ့ စပ်လျဉ်းလို့ ဘယ်လိုအခန်းကဏ္ဍကနေ ပါမယ်လို့ သိထားပါလဲ။

“ကျနော့်အထင်တော့ အမြုတေစာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးကရေးဆွဲပြီး လွှတ်တော်တင်တော့မယ် ပုံနှိပ်မီဒီယာဥပဒေမူကြမ်းနဲ့ အဆက်အစပ်တော့ မတွေ့သေးဘူး။”

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြန်ကြားရေးက ရေးဆွဲတဲ့ ဥပဒေကြမ်းကို လွှတ်တော်မတင်ခင်မှာ စာနယ်ဇင်းသမားတွေကို အရင်ချပြမယ်ဆိုတဲ့ သတင်းတခု ကျနော်တို့ ရေးလိုက်တယ်။ စာနယ်ဇင်းကောင်စီကိုများ ချပြပြီးတော့မှ သူတို့ လုပ်မလားလို့လေ။

“အဲဒီလိုတော့ မဟုတ်ဘူး။ သူရဦးအေးမြင့်တို့ ခေါင်းဆောင်တဲ့ လွှတ်တော်ရေးရာကော်မတီနဲ့ စာနယ်ဇင်း သမားတွေ တွေ့တုန်းက လွှတ်တော်ကို တင်ပြီဆိုတာနဲ့ သူတို့က စာနယ်ဇင်းသမားကိုယ်စား လှယ်တွေနဲ့ ဆွေးနွေးပြီး မကြိုက်တဲ့ အချက်တွေကို ပယ်ဖို့၊ ဖြည့်စွက် စရာတွေကို ဖြည့်စွက် ဖို့ အဲဒီလိုမျိုး လွှတ်တော်ရေးရာကော်မတီက စာနယ်ဇင်းသ မားတွေ ဘက် က ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ကတိက၀တ်ပေးသွားတယ်။ အဲဒီအဆင့်က မရောက်သေးဘူး။ လွှတ်တော်ကို ဥပဒေမူကြမ်းကို မတင်သေးတာ။”

စာနယ်ဇင်းကောင်စီက အခုလောလောဆယ်တော့ သတ်သတ်မှတ်မှတ် မရှိသေးဘူးပေါ့။ ဆရာတို့က လက်မခံသေးဘူး ဆိုတော့လေ။ အဲဒီစာနယ်ဇင်းကောင်စီက အစိုးရရဲ့ လွှမ်းမိုးမှု ရှိတယ်။ စာနယ်ဇင်းသမားတွေကလည်း ကန့်ကွက်တဲ့သူတွေရှိနေတယ်။ အဲဒီအပေါ်မှာ ဆရာတို့ အမြင် ပြောပြပါလား။

“အခု ထုတ်ပြန်တဲ့ တာဝန်ဝတ္တရားတွေနဲ့ လုပ်ပိုင်ခွင့်တွေ စာနယ်ဇင်း ကောင်စီကို ချမှတ်ပေးထားတဲ့ တာဝန်ဝတ္တရားတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ကြည့်မယ်ဆိုရင် စာနယ်ဇင်းသမားတွေက ကျနော်တို့ ကန့်ကွက်ထားတဲ့ သဘောမတူပါဘူးလို့ တောင်းဆိုထားတဲ့ အချက်တွေက စာနယ်ဇင်းသမားတွေ လိုလားချက်နဲ့ ကျနော်တို့ အတူတူပါပဲ။ အဲဒီတော့ ဒီအတိုင်း ဆက်သွားရင်တော့ ကျနော်တို့ဆိုလိုတာက ကျနော်တို့ မြန်မာနိုင်ငံဆိုင်ရာ သတင်းစာဆရာအသင်းက ကိုယ်စားလှယ်တွေ ပါသည်ဖြစ်စေ၊ မပါ သည်ဖြစ်စေ၊ စာနယ်ဇင်းသမားတွေနဲ့ စာဖတ်ပရိသတ်ပြည်သူတွေက လက်ခံဖို့ တော်တော်ခဲယဉ်းပါ လိမ့်မယ်။”

ဒီလအတွင်းမှာပဲ ဆက်တိုက်ကြားရတာက စာနယ်ဇင်း ဥပဒေမူကြမ်းကလည်း လွှတ်တော်တင်မယ် နောက်ပြီး စာနယ်ဇင်းကောင်စီပေါ်လာတယ်။ ဆရာတို့ကန့်ကွက်တယ်။ နောက် ၂ ရက်လောက် အတွင်းမှာပဲ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း ဖွဲ့စည်းလိုက်တယ်။ နောက်လည်း ကျရော ပြန်ကြားရေးဝန်ကြီးက တွေ့တယ်။ ဒီလိုမျိုး ဖြစ်နေတာက လွှတ်တော်ကို တင်မယ့် စာနယ်ဇင်း ဥပဒေ မူကြမ်းကို အချိန်ကိုက် ဖြစ်လာတာလို့ ဆရာတို့ ယူဆမိသလားဗျ။

“ကျနော်တို့ကတော့ သြဂုတ်လ ၁၁ ရက်နေ့ စနေနေ့က နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပဖို့က လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကြိုပြီးတော့ ပြင်ဆင်ထားတာ။ အမြုတေစာနယ်ဇင်းကောင်စီ ပေါ်လာမယ် ဆိုတာလည်း ကျနော် တို့ မသိဘူး။ ဒီကိစ္စတွေကိုလည်း ကျနော်တို့ ကြိုမသိဘူး။ အဲဒီတော့ အဆက်အစပ် မရှိပါဘူး။ ကိုယ့်ဘာသာ သီးခြား လုပ်ရင်းနဲ့ ပေါ်လာတဲ့ ပြဿနာတွေကို ကျနော်တို့က သဘောထားကြေညာချက် ထုတ်တာပါပဲ။”

စာနယ်ဇင်း ဥပဒေမူကြမ်းကို ပြန်ကြားရေးက ရေးဆွဲတယ်။ ကန့်ကွက်မှုလည်း ရှိနေတယ်ဆိုတော့ ဘယ်သူတွေ ရေးဆွဲတာကို ဆရာတို့ မြန်မာနိုင်ငံဆိုင်ရာ သတင်းစာ ဆရာများ အသင်းက လိုလားလဲဗျ။

“ပုံနှိပ်မီဒီယာ ဥပဒေကတော့ စာနယ်ဇင်းသမားတွေပါဝင်တဲ့ ကော်မရှင်တခုကနေ ရေးဆွဲဖို့ သင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါနိုင်တယ်ဗျာ။ ဥပဒေပညာရှင်လည်း ပါနိုင်တယ်။ အဲလို ပါဝင်ပြီး ပြေပြေလည်လည် ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အခု မြေယာဥပဒေတို့ ဆိုရင်လည်း တောင်သူလယ်သမားတွေ ချပြတဲ့နေရာတွေ အများကြီး ရှိတာပဲ။”

ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပွင့်လင်းစကာလမျိုးလို့လည်း ပြောကြတယ်။ မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေကို ညီလာခံတရပ်မျိုး ကျယ်ကျယ်ပြန့်ပြန့် ခေါ်ဖို့ဆိုရင် ဘယ်လိုမျိုး အခြေအနေမျိုး ဖြစ်နိုင်သလဲ။ အခုလက်ရှိ အခြေအနေက ဖြစ်နိုင်လား။

“ဒီလိုအချိန်မျိုးမှာ ပြဿနာတွေ ရှိနေတဲ့အချိန်ဆိုတော့ အခုအနေမှာ ညီလာခံခေါ်မယ်ဆိုရင် တင်းမာတာတွေကို လျော့အောင် မလုပ်နိုင်ဘူးဆိုရင် ပိုပြီး တင်းမာဖို့ပဲ ရှိတယ်။ အားလုံး ကျေကျေနပ်နပ်နဲ့ လက်ခံတဲ့ အနေအထားမျိုး အချက်အလက်တွေနဲ့ ဖွဲ့စည်းဖို့ လိုမယ်။ ပုံနှိပ်မီဒီယာ ဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်မယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့ စာနယ်ဇင်းသမားတွေရဲ့ သဘောဆန္ဒကို ထင်ဟပ်ပြီး ဆွေးနွေးဖို့၊ ပြဋ္ဌာန်းခြင်း မပြုခင်မှာ စာနယ်ဇင်းသမားတွေ ကိုယ်တိုင် က ကျေကျေ နပ်နပ်နဲ့ သဘောတူတဲ့ ဥပဒေမျိုးဖြစ်ရင် ပိုကောင်းတာပေါ့။ တကယ်ကျယ်ပြန့်တဲ့ မီဒီယာညီလာခံတခု ကျင်းပပြီး တိုင်းပြည်အတွက် စတုတ္တမဏ္ဍိုင်ပီပီသသနဲ့ ဘယ်လိုရှေ့ဆက်ပြီး သွားကြမယ်။ စတုတ္တမဏ္ဍိုင်အပေါ်မှာ ကျန်တဲ့ မဏ္ဍိုင်သုံးရပ်က ဘယ်လိုဆက်ဆံမလဲ။ စတုတ္တမဏ္ဍိုင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကလည်း စတုတ္တမဏ္ဍိုင်ကို ဘယ်လို တိုးပြီး မြှင့်တင်မလဲဆိုတာတွေ အများကြီး ရှိပါတယ်။”

ဆရာတို့ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းကတဖွဲ့၊ ကျန်တဲ့ ကျနော်တို့ ကြားတာက ရန်ကုန်မှာ ၂ ဖွဲ့ ၊ မန္တလေးမှာလည်း ထပ်ရှိသေးတယ်ဆိုတော့ အဲလိုအဖွဲ့တွေ ဘယ်လိုညှိနှိုင်းဆောင်ရွက်ကြမလဲ။

“ဒီလိုအဖွဲ့တွေကတော့ အခုလို ညီလာခံတို့၊ ဟိုတလောကဆိုရင် မီဒီယာ ၂ ခုကို ရပ်စဲလိုက်တဲ့အတွက် ကန့်ကွက်တာတို့ လုပ်တဲ့အခါ ပူးပေါင်းပြီးတော့ လုပ်ကြတာပါပဲ။ ပြီးတော့ ဒီလို အသင်း အဖွဲ့တွေပေါ်နေ တယ်ဆိုတာလည်း ၀မ်းသာစရာပါပဲ။ ပိုပြီးတော့ စုစုစည်းစည်းနဲ့ တွဲဖက်ပြီး လုပ်နိုင် ကိုင်နိုင်တဲ့ ကိုယ်နဲ့နီးစပ်သူအချင်းချင်းဖွဲ့၊ ပြီးတော့ တူတဲ့ကိစ္စတွေမှာ ပူးပေါင်းပြီးတော့လုပ်၊ ဒါက ပိုပြီးတော့ ဒီမို ကရေစီ ကျတာပေါ့။”

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

“မြန်မာနိုင်ငံသတင်းစာဆရာများအသင်းက အမြုတေစာနယ်ဇင်းကောင်စီနဲ့ ပတ်သက်လို့ သဘောထားကြေညာချက်လည်း ထုတ်ထားပါပြီ။ ကျနော်ကတော့ စာဖတ်ပရိသတ် ပြည်သူတွေရော၊ စာနယ်ဇင်းသမားတွေရော၊ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို လေ့လာစေချင်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်မှာ လိုအပ်တာတွေ၊ ချို့ယွင်းချက်တွေရှိရင်လည်း ကျနော်တို့ကို ဝေဖန်ထောက်ပြ၊ ညွှန်ပြပြီးတော့ ဆွေးနွေးနိုင်ပါတယ်။ ဒါဆိုရင်သေချာလက်ကမ်းကြိုဆိုမှာပါ။ ကျနော်တို့က ချက်ချင်းကြီး သောကြာနေ့သတင်းစာမှာ ပါတော့မှ သိတယ်။ အဲ့ဒါကို တနေ့ခင်းလုံး ချက်ချင်းဆွေးနွေးပြီးတော့ ညနေခင်းမှ သဘောထား ကြေညာချက် ထုတ်ရတာ။ တော်တော်ကြီး ကို မြန်မြန်ဆန်ဆန် ထုတ်ရတာ။ တကယ်လို့ လိုအပ်တာတွေ၊ လစ်ဟင်းတာတွေရှိရင်လည်း စာနယ်ဇင်းသမားတွေက ကောင်းစေချင်တဲ့ စေတနာနဲ့ ကျနော်တို့ကို ဝေဖန်နိုင်ပါတယ် လို့ ပြောချင်ပါတယ်။” 

သတင်း....DVB

မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမှု အာဏာပိုင်များ လိုက်လံစုံစမ်း

တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျောင်းသား ခေါင်းဆောင်တွေကို လိုက်လံစစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းလိုက်သော တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် တချို့ကို တွေ့ရပုံ။

သမဂ္ဂရဲ့ အတွင်းရေးမှူး တာဝန်ယူထားသူ ကိုစိုးသင့်ထွန်း ကို ဒီကနေ့ မနက်ပိုင်းက စစ်ဆေး မေးမြန်းခဲ့ပြီး အလုပ်အမှုဆောင် အဖွဲ့ဝင် တချို့ကိုလည်း လိုက်လံမေးမြန်းတယ်လို့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ကိုအုပ်စိုးထွန်း က ပြောပါတယ်။

"ဒီနေ့မနက်က လိုက်လံမေးမြန်းနေတယ်။ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ကိုစိုးသင့်ထွန်း ကိုလာမေးတယ်၊ အက်စ်ဘီ နဲ့ စရဖ ကပေါ့။ နာမည်တော့ ကျနော် မသိဘူးခင်ဗျ၊ မင်းတို့က ဘာဖြစ်လို့ ဒီလိုလုပ်လဲပေါ့၊ မင်းတို့ရဲ့ အထက်မှာ ဘယ်သူရှိလဲပေါ့ဗျား၊ ဒီလိုမျိုးပေါ့။ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေနဲ့ ကျောင်းမှာရှိတဲ့ ကိုယ်ရေးမှတ်တမ်းတွေရော မှတ်သွားတယ်၊ နောက် အမှုဆောင်တွေကိုလည်း လာမေးသွားတယ်လို့ ကြားတယ်၊ ဖမ်းဆီးတာတော့ မရှိဘူးခင်ဗျ။"

မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဟာ တက္ကသိုလ်အတွင်း လွတ်လပ်တဲ့ ကျောင်းသားလွတ်တော် တစ်ရပ် ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပညာရေးနဲ့ စစ်မှန်သော ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွေ အတွက် ကျောင်းသားထု အကျိုးပြု လုပ်ငန်းစဉ်တွေ ချမှတ် လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ကိုအုပ်စိုးထွန်း က ပြောပါတယ်။

"ကျနော်တို့ လုပ်ချင်တဲ့ ဆန္ဒက အခွင့်အရေးကို မျှော်ကိုးလို့ လုပ်တာမဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ထင်လို့ ကျနော်တို့ လုပ်တာ၊ ကျောင်းသားသမဂ္ဂက ဒါ ဗမာပြည်မှာ မရှိတာ ကြာပြီလေဗျ၊ ကျောင်းသားမှာဆိုတာ ကျောင်းသားသမဂ္ဂတော့ ရှိသင့်တာပေါ့ဗျာ။ လယ်သမားမှာဆိုတာ လယ်သမား သမဂ္ဂ ဆိုတာရှိတယ်ဗျ၊ ကျောင်းသားသမဂ္ဂ ဆိုတာ မရှိဘူး၊ ဒါကြောင့် ကျနော်တို့က လိုအပ်တယ်ထင်လို့ ကိုယ့်ဟာကို ဖွဲ့တာ၊ ကျနော်တို့ ကျောင်းသားတွေရဲ့ ဆန္ဒအတိုင်း ကျနော်တို့ လုပ်တာဗျ၊ ကျနော်တို့ ကျောင်းသားတွေမှာ ကျောင်းသားလွတ်တော်မျိုးပေါ့။ ပေါ်ပေါက်စေချင်တယ်၊ ပြီးတဲ့အခါ ကျနော်တို့ ကျောင်းမှာရှိတဲ့ ချို့တဲ့တဲ့ ကျောင်းသားတွေပေါ့နော်။ ဒီကျောင်းသားတွေ အတွက်ကို ကျနော်တို့က အကူအညီပေးချင်တဲ့ စိတ်ရှိတယ်။"

မြိတ်ခရိုင် အတွင်းက တက္ကသိုလ်တွေ ဖြစ်တဲ့ နည်းပညာ တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ် နဲ့ ၀ိဇ္ဖာသိပ္ပံ တက္ကသိုလ်တို့ ပူးပေါင်းပြီး မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ကို စနေနေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ကိုအုပ်စိုးထွန်း၊ ဒုဥက္ကဋ္ဌ အဖြစ် ကိုဇင်မိုးဝေ တို့ အပါအ၀င် အလုပ်အမှုဆောင် ၂၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

သတင်း...  NLD (Myeik)

သတင်းဂျာနယ်များ ထုတ်တင်စနစ်ပြောင်းလဲမည်


သတင်းစာလွတ်လပ်ခွင့် အပါအဝင် အပိတ်ခံထားရသော သတင်းဂျာနယ်များ ပြန်လည်ထုတ်ဝေခွင့်ပေးရန်  တောင်းဆိုချက်များ ထုတ်ပြန်ခြင်းနှင့် ရှပ်အင်္ကျီအနက်ဝတ်ဆင် စည်းရုံးလှုံဆော်ခြင်းများ သတင်းမီဒီယာသမားများက  ပြုလုပ်ခဲ့ပြီးရက်ပိုင်းအတွင်း ပိတ်ထားသော ဂျာနယ်များကို ပြန်လည်ထုတ်ဝေခွင့် ပေးခဲ့ပြီးနောက် သြဂုတ်လ ၁၃ ရက် နေ့မှစ၍ သတင်းမီဒီယာများအားလုံးကို ထုတ်ဝေဖြန့်ချီပြီးမှသာ စာပေ စိစစ်ရေးသို့ တင်ပြရသောစနစ်သို့ ပြောင်းလဲကျင့် သုံးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဦးစီးဌာန အကြီးတန်း အရာရှိတဦးက ပြောကြားသည်။
သြဂုတ် ၁၀ ရက်နေ့က မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းခဲ့ပြီးနောက် ယင်းသို့ ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။
"ကိုယ့်တာဝန် ကိုယ်ယူခိုင်းလာတဲ့ သဘောလို့ မြင်တယ်"ဟု ၎င်းတို့ ဖော်ပြမည့်သတင်းများအတွက် ဥပဒေအရသာ ဆောင်ရွက် လာနိုင်ကြောင်း The Unity ဂျာနယ်ထုက်ဝေသူ ဦးစောသန်းမြင့်က သုံးသပ်သည်။
The Voice Weekly ဂျာနယ်မှ တာဝန်ရှိသူတဦးကမူ ဂျာနယ်တိုက်တစ်တိုက်စီလျှင် အာမခံငွေသိန်း (၅၀) တင်သွင်းရမည် ဟူသော အစီအစဉ်ကို ထုတ်တင်စနစ်သို့ ပြောင်းလဲခြင်းအတွက် တရားဝင်ခေါ်ယူပြောဆိုပါက စတင်ကျင့်သုံးလာနိုင်ကြောင်း၊ ထုတ်တင်စနစ် ပြောင်းလဲသည် ဖြစ်စေ စာနယ်ဇင်းကောင်စီ ပေါ်လာသည်ဖြစ်စေ အမှန်တကယ်လိုအပ်သည်မှာ လွတ်လပ်စွာ သတင်းရေးသားခွင့်သာ ဖြစ်ကြောင်း သုံးသပ် ပြောကြား သည်။
"တစ်ပတ်ထဲမှာ အာမခံငွေထဲက သိန်း ၅၀ လုံးကုန်သွားနိုင်တယ်"ဟု စာပေစိစစ်ရေး၏ မူဝါဒများနှင့် ဆက်လက် ထိမ်းချုပ်ထားနိုင်ပြီး ပိုမိုတင်းကျပ်လာနိုင်သည့် အခြေအနေအတွက် ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြား သည်။

သတင်း... yangonchronicle

မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြိတ်မြို့မှစေတနာရှင်ပြည်သူများ၊အဝေးရောက်သူငယ်ချင်းမိတ်ဆွေများမှ တနသာင်္ရီမြို့နယ်အတွင်းရှိမြစ်ရေကြီးခြင်းခံရသောကျေးရွာများအားရိက္ခာနှင့် ဆေးဝါးများထောက်ပံ့လှူဒါန်းခြင်းနှင့်ကျန်းမာရေးပြုစုကုသစောင့်ရှောက်

 https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=782d4cfda2&view=att&th=1391c0f319d6fcdf&attid=0.2&disp=inline&realattid=f_h5s0uvym1&safe=1&zw&saduie=AG9B_P-N6MdzxaPnzjiSEevBCe2k&sadet=1344810053807&sads=fQIldfYgfwlBwIC5H-BRU0d7I1Y
 https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=782d4cfda2&view=att&th=1391c0f319d6fcdf&attid=0.1&disp=inline&realattid=f_h5s0ugtn0&safe=1&zw&saduie=AG9B_P-N6MdzxaPnzjiSEevBCe2k&sadet=1344809972117&sads=J44COQUCSWd6MwVRpWpZLfatbrw

 https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=782d4cfda2&view=att&th=1391c0f319d6fcdf&attid=0.3&disp=inline&realattid=f_h5s0vp942&safe=1&zw&saduie=AG9B_P-N6MdzxaPnzjiSEevBCe2k&sadet=1344810059238&sads=5XUVdbtZCqo7vWjCDyMH9YnpuLY
 https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=782d4cfda2&view=att&th=1391c0f319d6fcdf&attid=0.4&disp=inline&realattid=f_h5s0wsah3&safe=1&zw&saduie=AG9B_P-N6MdzxaPnzjiSEevBCe2k&sadet=1344810126028&sads=mULxnBj6TLv1CgaAdrK-1pe-Ixk

 https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=782d4cfda2&view=att&th=1391c0f319d6fcdf&attid=0.5&disp=inline&realattid=f_h5s0x0vs4&safe=1&zw&saduie=AG9B_P-N6MdzxaPnzjiSEevBCe2k&sadet=1344810131444&sads=n4QYLSU64jb7Tm2YN7Fjxb0XggY
 https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=782d4cfda2&view=att&th=1391c0f319d6fcdf&attid=0.6&disp=inline&realattid=f_h5s0xevj5&safe=1&zw&saduie=AG9B_P-N6MdzxaPnzjiSEevBCe2k&sadet=1344810184129&sads=hIaETJ0ej2g2su_neuVvpOmRq2w
 https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=782d4cfda2&view=att&th=1391c0f319d6fcdf&attid=0.7&disp=inline&realattid=f_h5s0xy646&safe=1&zw&saduie=AG9B_P-N6MdzxaPnzjiSEevBCe2k&sadet=1344810187179&sads=OOwLxlGxVomPG3ixDXQ3hWr8jgo

မြိတ်မြို့နယ်အမျိုးသားဒီမိုကေ
ရစီအဖွဲ့ချုပ်မှတနသာင်္ရီမြို့နယ်
ရေဘေးသင့်ဒေသများအားရိက္ခာနှင့်ဆေး ၀ါးထောက်ပံ့ရေးအဖွဲ့အဖြစ်မြိတ်ခရိုင်ကော်မရှင်မှဦးဝင်းနိုင်၊ဦးချစ်ဝေ၊တို့နှင့်လူငယ်အဖွဲ့တာဝန်ခံများ အဖြစ်၊ကိုဥက္ကာမင်း၊ကိုရဲဇော်နိုင်၊ကိုဇင်မောင်မောင်တို့ပါဝင်သောအဖွဲ့ဝင်၃၁ဦးဖြင့် ဖွဲ့စည်းပြီး၊ တနသာင်္ရီမြို့နယ် သို့(6.8.2012) ရက်နေ့နံနက်9:30တွင်မြိတ်မြို့မြို့သစ်ကမ်းလွန်ဘောတံတားမှစက်လှေဖြင့်စတင်ထွက်ခွါခဲ့ကြပါသည်။ 

လမ်းခရီးတစ်လျှောက်ရှိကျေးရွာမျ
ားအားရိက္ခာနှင့်ဆေးဝါးများထောက်
ပံ့လှူဒါန်းပြီးလမ်းကြောင်း(၁)
အဖြစ်လယ်သစ်ကျေးရွာတွင်ဆေးအဖွဲ့
တစ်ဖွဲ့ခွဲထွက်ကုသပေးရန်ကျန်၇ှိခဲ့ပြီးနောက် ဆက်လက် ထွက်ခွါ လာရာတနသာင်္ရီမြို့သို့ည6:00ခန့်ရောက်ရှိခဲ့ပါသည်။

7.8.2012ရက်နေ့မနက်
7:00တွင်လမ်းကြောင်း(၂)အဖြစ်
တနသာင်္ရီမြို့နယ်မှNLDအဖွဲ့ဝင်များနှင့်
မြိတ်NLDမှအဖွဲ့ဝင်၅ဦးပူးပေါင်
းပြီးအနီးအနားရှိကျေးရွာများသို့ထောက်ပံ့လှူဒါန်းရန်အတွက်ခွဲထွက်ခဲ့ကြပါသည်။

ကျန်ရှိသည့်အဖွဲ့
ဝင်များမှာပင်မလမ်းကြောင်းဖြင့်
ခရီးဆက်ခဲ့ရာလမ်းကြောင်းတစ်လျှောက် ရှိေ၇ဘေး သင့်ကျေး၇ွာများအားရိက္ခာနှင့်ဆေးဝါးများ၊ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပြီးညနေ 4:00နာရီ တွင်ညောင်ပင်ကွင်းကျေးရွာသို့ရောက်၇ှိခဲ့ပါသည်။

၎င်
းကျေး၇ွာတွင်ကျန်းမာရေးစောင့်ရှောက် ကုသမှုများပြုလုပ်ြ
ပီးညအိပ်ရပ်နားခဲ့ကြပါသည်။8.8.2012ရက်နေ့တွင်လမ်းကြောင်(၃)အဖြစ် ကိုအောင်ဆန်းဦး၊ ဦးဆောင်သောညောင်ပင်ကွင်းကျေးရွာ မှNLDအဖွဲ့ဝင်များအားရိက္ခာနှင့်ဆေးဝါးများလွှဲပြောင်းပေးပြီးနောက်ပြန်လည်ထွက်ခွါခဲ့ကြပါသည်။

ထို့နောက်ခရီးစဉ်လမ်းကြောင်းတစ်
လျှောက်ကျန်းမာရေးစောင့်ရှောက်
မှုများပြုလုပ်ပြီးည7:00နာရီတွင်တနသာင်္ရီမြို့သို့ရောက်ရှိခဲ့ပါသည်။တနသာင်္ရီမြို့တွင်(လမ်းကြောင်း(၂))နှင့်ပြန်လည်ပူးပေါင်းကာညတွင်းချင်းပင်ဆက်လက်ထွက်ခွါလာရာပ၀ကျေးရွာသို့ည(9:00)ခန့်တွင်ရောက်ရှိလာပြီးနောက် ကိုဇင်မောင်မောင်ဦးဆောင်သော(လမ်းကြောင်း၁)နှင့်ပြန်လည်ပူးပေါင်းကာညအိပ်ရပ်နားခဲ့ပါသည်။

အဖွဲ့ငယ်များအားလုံးပြန်လည်စု
စည်းပြီး9.8.2012မနက်(7း00)အချိန်ပ၀ကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက် ကုသမှုများပြုလုပ်ပေးပြီးနောက်နေ့လည်(2:00)တွင်မြိတ်မြို့သို့ပြန်လည်ထွက်ခွါလာရာည(6:00)တွင်ရောက်ရှိလာခဲ့ကြပါသည်။

မှတ်ချက်။  ။တနသာင်္ရီမြို့နယ်အတွင်းရှိကျေး
ရွာပေါင်း၃၃ရွာတွင်ပြောင်းရွေ့
အိမ်ရာများအားတစ်အိမ်ထောင်ဆန်၆ပြည်၊မာမား၅ထုတ်၊ကြက်ဥ၅လုံး၊ဆေးဝါးများနှင့် အခြား အသုံး အဆောင်များစွာပေးလှူနိုင်ခဲ့ပါသည်။

မပြောင်းရွေ့ရသောအိမ်ထောင်စုမျာ
းအားဆန်၃ပြည်၊မာမား၅ထုတ်၊ကြက် ဥ၅လုံးနှင့် အခြားအသုံး အဆောင်ပစ္စ
ည်းများ။

ကျန်းမာရေးအတွက်ကျေးရွာများတွင်
စခန်းချပြီးဆေးကုသမှုလာရောက်
ပြသ မနိုင်သော လူနာများ အားအိမ်တိုင်ရာရောက်သွားရောက်ကုသပေးခဲ့ပါသည်

ဆင်းရဲနွမ်းပါးသောစာသင်ကျောင်း
များအားဗလာစာအုပ်များအားလှူဒါန်
းခဲ့ပါသည်။စုစုပေါင်း လှူဒါန်းပစ္စည်းခန့်မှန်းတန်ဖိုးမှာသိန်း၅၀၀န်းကျင်ခန့်ရှိပါသည်။

သတင်း ပြန်လည် ဝေမျှပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။