22 April 2011

ကရုဏာလက် လူမှုအကျိုးပြုလူငယ်များ၏ သစ်သီးပန်းပုအလှူပွဲ။

ကရုဏာလက် လူမှုအကျိုးပြုလူငယ်များမှ ကျောက်တန်းမြို့နယ် ဓမ္မသဘင်တရားပွဲတွင် သစ်သီပန်းပုအလှများထွင်းထု၍ လုပ်အားဒါနပေးလှူခဲ့ပါသည်။

ဤကုသိုလ်ကောင်းမှုအဖို့ ဘာဂကို ကရုဏာလက် လူမှုအကျိုးပြုလူငယ်များနှင့် အလှူရှင်များ ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်နိုင်စေရန် မှတ်တမ်းဓါတ်ပုံများဖြင့် ဖေါ်ပြအပ်ပါသည်။



ကရုဏာလက် လူမှူအကျိုးပြုလူငယ်များအနေဖြင့် အမျိုးဘာသာ၊ သာသနာနှင့် လူသားအကျိုးပြုလုပ်ငန်းများကို ဆက်လက်ထမ်းရွက်သွားမည်ဖြစ်ကြောင်း ကရုဏာလက်လူမှုအကျိုးပြုလူငယ်များအနေနှင့် အများပြည်သူများအား ကတိပြုအပ်ပါသည်။

ကရုဏာလက်လူမှုအကျိုးပြုလူငယ်များ၏ လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လိုသော စိတ်ပါဝင်စားသူ လူငယ်လူရွယ်များအားလည်း ကရုဏာလက်လူမှုအကျိုးပြုလူငယ်များ၏ လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ကြကြောင်း ဖိတ်မန္တက ပြုအပ်ပါသည်။

ကျော်သူထုံး .... ၁၀နှစ်ပြည့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဂုဏ်ပြုခြင်း...

ကျော်သူထုံး’’
အမေ….. ကျွန်တော် ကျောင်းသွားတော့မယ်…. လွယ်အိတ်ထုံးပေး
အေးပါ …သားရယ်
ကျော်သူထုံးနော်အမေ
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖြစ်ပါသည်။ ရုပ်ရှင်ကားထဲတွင် ကိုကျော်သူ လွယ်ထားသော လွယ်အိတ်မှာ အထုံးလေးနှင့် ဖြစ်ပါသည်။ ဒါကိုမြင်ပြီး အားကျအတုယူကာ ကျောင်းသွားကြလျှင် ကျော်သူ လွယ်အိတ်ထုံးစတိုင်လ်လေးနှင့် သွားကြသည်။ ကျွန်တော်တို့ ငယ်ငယ်က ‘ကျော်သူထုံး’ဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဖူးသည်။ နောက်တော့ ခေတ်ရေစီးကြောင်း အပြောင်းအလဲကြားမှာ ကျော်သူ လွယ်အိတ်ထုံးသည်လည်း ကွယ်ခဲ့ရသည်။ အနုပညာရပ်ဝန်းမှာ အမည်ကောင်းတစ်ခုနှင့် ကြာရှည်စွာ ရှင်သန်နေဖို့က မဖြစ်နိုင်ပါ။ စန်းထ နေတဲ့အချိန်လေးသာ ဟိုလေးတကျော်ကျော်ဖြစ်ပြီး စန်းကျ သွားပြီ ဆိုရင်တော့ ပျောက်ကွယ်ရသည်ချည်းပင်။ ထို့ထက်ပို တွေးကြည့်မိတော့ မိမိတို့ကျင်လည်ရာ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်မှာပင် အမည်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့မလွယ်ပေ။ ထို့ထက် ပိုတွေးကြည့်ပါက နိုင်ငံတ၀ှမ်းမှာ အမည်ကောင်း တစ်ခုရဖို့ဆိုတာ ပိုလို့ပင်မလွယ်ကူပေ။ ကုန်ပစ္စည်းတစ်ခုရဲ့ ကွာလတီကိုသာ ထိန်းထားဖို့ လွယ်သည်။ အမြဲဖောက်ပြန် ပြောင်းလဲနေသော လူတစ်ယောက်ရဲ့ စိတ်ကွာလတီကိုတော့ ထိန်းထားဖို့ မလွယ်ကူလှချေ။ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံ၊ မိမိတို့ကမ္ဘာမှာ အမည်ဆိုးနှင့် ကျော်ကြား သူတွေသာများသည်။ အမည်ကောင်းဖြင့် ကျော်ကြားသူက အင်မတန်ရှားပါးလှသည်။
ဓာတ်ပုံ Reuters
ယနေ့အချိန်တွင် ကိုကျော်သူနှင့် ခေတ်ပြိုင်တစ်ချို့ နှိုင်းယှဉ်ကြည့်သောအခါ အများကြီး ကွာခြားသွားခဲ့လေပြီ။ ဒီလိုပြောခြင်းဟာ တခြားသူတွေကို အပြစ်တင်ရှုတ်ချခြင်း မဟုတ်ပါပေ။ ဘာကြောင့် ကိုကျော်သူရဲ့ အမည်နာမဟာပိုမို တောက်ပြောင် လာရသနည်းဆိုရရင် သူရဲ့ပရဟိတ အများအကျိုး ရွက်သယ်ပိုးလိုတဲ့ စိတ်ကြောင့်လိုသာ ဆိုရပါမည်။ တကယ်လို့ ကိုကျော်သူသာ ပရဟိတလိုင်းဘက် ရောက်မလာခဲ့ပဲ ရုပ်ရှင်လောကမှာသာ ရှိနေခဲ့မည်ဆိုပါက ယခုအချိန်သည် အကျ ဘက်တွင် ရှိနေပါလိမ့်မည်။ ဒီနေရာမှာ လူတစ်ချို့အတွက် ဆင်ခြေတက်စရာ ရှိလာခဲ့သည်။ ဘာလဲဆိုတော့ ’သူကအနုပညာလုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ခံထားရတာကိုး လုပ်နိုင်မှာပေါ့’ဟုဆိုက ဆိုနိုင်ပါသည်။ လူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ နှစ်ရှည်လုပ်ကိုင်လာပြီးမှ အလုပ်ပြုတ်သွားသော် ရာထူးမှ ဖယ်ရှားခံလိုက်ရသော် စိတ်ဓါတ် ကျသွားမည်သာ ဖြစ်ပါသည်။

နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် သူအပိတ်ခံလိုက်ရတဲ့အခါ သူလဲစိတ်ဓါတ် ကျမည်သာဖြစ်ပါသည်။ သို့သော်သူက ငြိမ်ခံပြီး အကြာကြီးမနေ။ တွန်းလှန်ပစ်သည်။ နိုးထလာခဲ့သည်။ သူ့ဘ၀ကို အလကားလူအဖြစ် အရောက်မခံ။ ပေးဆပ်သူစစ်စစ်အဖြစ် အသွင် ကူးပြောင်းလိုက်သည်။ ဒါဟာလွယ်ကူသည့် ကိစ္စတော့မဟုတ် သို့သော် သူလုပ်ပြနိုင်ခဲ့သည်။ သူနှင့် တခါတုန်းက ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေ ဟိုတယ်ကြီးတွေမှာ ဇိမ်ခံနေတဲံ့အချိန်၊ နိုင်ငံတကာမှာ ထွက်ပြီး ရှော့ပင်းထွက်နေတဲ့အချိန်မှာ သူဟာဆင်းရဲသား အခြေခံလူတန်းစားတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး ထောက်ပံ့မှု့တွေနှင့် ဆင်းရဲသား အခြေခံ လူတန်းစား မိသားစုဝင်တွေ သေဆုံးတဲ့အခါ လူအများစု မထိချင် မကိုင်ချင်ကြတဲ့ အလောင်းကောင် ပုပ်ပွပွတွေကို ကားနှင့်တင်ပြီး မီးသဂြိုလ်စက်အထိ အခမဲ့အရောက် ကူညီ ပို့ဆောင်ပေးနေခဲ့သည်။ အခမဲ့ဆိုတာထက် သဂြိုတ်စရိတ် မတတ်နိုင်သူတွေကို ထောက်ပံ့ပေးခြင်း၊
ဆင်းရဲနွမ်းပါးပြီး ကျန်မာရေးချို့တဲ့သော်လည်း ဆေးခန်းလာပြဖို့ ခရီးစရိတ်မတတ်နိုင် တဲ့သူတွေကို ထောက်ပံ့ခြင်း၊ အခြေခံလူတန်းစားတွေရဲ့ ကလေးတွေကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ စိတ်ဓါတ်မြှင့်တင်ပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ အလောင်းကောက်ခြင်း(သို့) သယ်ယူပို့ဆောင်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးသည်။

အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်းဖြင့် အခြေခံဆင်းရဲသား လူတန်းစား မိသားစုတွေအတွက် ကျန်းမာပျော်ရွှင်သော မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးသည်။ အနာဂတ် ကြယ်ပွင့်လေးတွေအတွက် ပညာရေး ထောက်ပံ့ပေးခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးကို အလှဆင်ပေးသည်။ ဒီတခါ ကိုကျော်သူထုံးသည်ကား လွယ်အိတ်မဟုတ်တော့ပေ။ သူ့နှလုံးသား ၊သူ့ဘ၀ကိုတိုင်းပြည်နှင့် လူမျိုးအတွက် စွှန့်လွှတ်ပေးဆပ်ခြင်း စစ်စစ်ဖြင့် ‘ထုံး’ ပြနေခြင်းပင် ဖြစ်သည်။ ဒီတခါရော ကျွန်တော်တို့တစ်တွေ အားကျ အတုယူနိုင်ပါဦးမည်လား………………….။

ကျွန်တော်တို့ တက်ညီလက်ညီ ကြိုးစားကြရပါဦးမည်။

(ဤစာစုလေးဖြင့် ဦးကျော်သူ(နာရေးကူညီမှု့အသင်း) အားဦးညွတ်ပါ၏

(နှစ်သစ်အခါသမယမှသည် အသက်ထက်ဆုံးတိုင် တိုင်းပြည်နှင့် လူမျိုး၏အကျိုးကို ပိုမိုမြင့်မြတ်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဆုခြွေတောင်းပါသည်။)

ချစ်ခြင်းမေတ္တာအားဖြင့်

ဇေယျာချော

(ASDO ချစ်ခြင်းမေတ္တာလူမှု့ကူညီ စောင့်ရှောက်ရေးအဖွဲ့)
--
ချစ်ခြင်းမေတ္တာအားဖြင့်........
ဇေယျာမင်း

21 April 2011

နာရေးကူညီမှုအသင်း (၁၀)နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ။
























ဖိတ်ကြားအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ အခမဲ့ နာရေးကူညီမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် (၁၀) နှစ်တင်းတင်း ပြည့်မြောက်ပြီး ဖြစ်ပါသည်။

ထို့ကြောင့် ၂၃.၄.၂၀၁၁ (စနေနေ့)၌ ၁၀ နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားပွဲအား အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နံနက် (၉း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီ အချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးသစ်ဖွင့်လှစ်ခြင်း၊

မျိုးစေ့ချပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးရှင်ဘဘဦးသုခ၏ ရုပ်ထုကျောက်တိုင်ဖွင့်လှစ်ခြင်း၊

လူမှုရေးဂီတသူရဲကောင်းများ၏ သီဆိုဖျော်ဖြေခြင်း၊

မျိုးဆက်သစ်ကလေးငယ်များ၏ အဆို၊ အက ဖျော်ဖြေခြင်း၊

အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊

နာရေးကူညီမှု (၁) သိန်းပြည့် အမှတ်တရအဖြစ် ပြင်ပဓါတ်ပုံပညာရှင်များ၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံပြိုင်ပွဲဆုပေးခြင်း အခမ်းအနား စသည်တို့ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂၄.၄.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် မြန်မာနိုင်ငံတ၀န်းရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှု အသင်း အဖွဲ့များနှင့် ကျွန်တော်တို့ ရင်းနှီးနွေးထွေးစွာ မိတ်ဆုံစကားဝိုင်းအား နံနက် (၉း၃၀) နာရီတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာပြည်သူ/သားများ၊ လူမှုရေးသမားများ၊ အလှူရှင်များနှင့် (၇) ရက် သားသမီးအပေါင်း တို့အား ကြွရောက်ပါရန် လေးစားရင်းနှီးစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။

(ဖိတ်စာသီးသန့် မပို့နိုင်ခြင်းကို နားလည်ခွင့်လွှတ်ပါရန်)။

နာရေးကူညီမှုအသင်း(ရန်ကုန်)။

အမေရိကန်သမ္မတ အိုဘားမား မှ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် Derek Mitchell ကို ခန့်အပ်ခြင်းအား အေအေပီပီ (AAPP ) မှ ကြိုဆို

သတင်းထုတ်ပြန်ချက်

၂၀၁၁ ခုနှစ် ဧပြီလ ၂၀ ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ ပေါ်လစီရေးရာ အထူးကိုယ်စားလှယ်အဖြစ် Derek Mitchell ကို ခန့်အပ်ခြင်းအား ကြိုဆိုလိုက်သလို နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွတ်ပေးရေး အတွက် မြန်မာအစိုးရသစ်အပေါ် ဆက်လက်တွန်းအားပေးလုပ်ဆောင်ရန် အမေရိကန်အစိုးရအား တိုက်တွန်း လိုက်ပါသည်။

“ဒီလို အထူးကိုယ်စားလှယ် ခန့်အပ်လိုက်တာဟာ အပြုသဘောဆောင်တဲ့ တိုးတက်မူတစ်ခုဖြစ်ပြီး အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် လက်ရှိနိုင်ငံခြားရေးမူဝါဒဟာ တကယ့်ကိုအလေးအနက်ထားတယ် ဆိုတာကို ဖော်ပြတာဖြစ်တယ်။ လက်ရှိအချိန်ဟာ အလွန်အရေးကြီးတဲ့အချိန်ကိုရောက်နေပြီဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရဟာ သူတို့အရပ်သားအစိုးရအဖြစ်ပြောင်းသွားပြီးဖြစ်တယ်လို့ နိုင်ငံတကာကို ပြောနေတဲ့အချိန်ဖြစ်သလို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း “စောင့်ကြည့်ရအုံးမှာပေါ့” ဆိုတဲ့ ကျဉ်းထဲကျပ်ထဲအခြေအနေမှာ ရောက်နေလို့ပါ” ဟု အေအေပီပီ တွဲဘက် အတွင်းရေးမှုး ကိုဘိုကြည်မှ ပြောပါသည်။

အစိုးရသစ်ပြောဆိုသည်များနှင့် လက်တွေ့အခြေအနေသည် တခြားစီဖြစ်နေပါသည်။ မသမာမှု မြောက်များစွာ အတိပြီးသည့် ရွေးကောက်ပွဲမှတဆင့် အာဏာရလာသည့် ဦးသိန်းစိန်အစိုးရထံမှလည်း တကယ်စစ်မှန်သည့် ပြောင်းလည်းမှုမျိုး လုပ်ဆောင်မည့် လက္ခဏာမျိုးကိုမတွေ့ရှိရပါ။ နိုင်ငံရေး အကျဉ်းသားများအား ညှင်းပမ်းနှိပ်စက်ခြင်း မတရားဖမ်းဆီးခြင်းများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။ ၂၀၇၃ ဦးထက်မနည်းသော နိုင်ငံရေးအကျဉ်းသားများသည်လည်း ၄င်းတို့၏နိုင်ငံသား ဆိုင်ရာ အခြေခံအခွင့်အရေးများအား လက်တွေ့ ကျင့်သုံးသဖြင့် ထောင်သွင်းအကျဉ်းချ ခံနေရဆဲဖြစ်ပါသည်။

အေအေပီပီ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အသစ်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် အပြည့်အ၀ ပူးပေါင်းလက်တွဲလုပ်ဆောင်ရန် အသင့်ရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဆိုင်ရာမူဝါဒရေးရာ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာစစ်အစိုးရ၏ အဓိကကျသော တာဝန်ရှိသူများအား ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ နှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။

“မြန်မာနိုင်ငံမှာ အပြောင်းအလည်းဖြစ်နေပါပြီ ဆိုတဲ့လက္ခဏာမျိုးသက် ရောက်စေနိုင်တဲ့ မြန်မာ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ကို အမေရိကန်အစိုးရအနေနဲ့ လက်မခံနိုင်သေးဘူးဆိုတာပြဖို့ အရေးကြီးတယ်။ နိုင်ငံရေး အကျဉ်းသားများအားလုံးခြွင်းချက်မရှိလွတ်ပေးတာမျိုး၊ အမျိုးသားပြန်လည်သင့်မြောက်ရေးအတွက် စစ်မှန်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေးလုပ်တာမျိုးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ ချက်ချက်းရပ်တန့်ပေးတာမျိုး လုပ်ဆောင်မှသာ တကယ့်စစ်မှန်တဲ့ အပြောင်းအလဲဖြစ်စဉ်လို့ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်” ဟု ကိုဘိုကြည်မှပြောဆိုပါသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇ၀တ်မှုများ စုံစမ်းရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းရန် အမေရိကန်အစိုးရ၏ထောက်ခံအားပေးမှုကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက်လည်း အေအေပီပီမှ တိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

သမိုင်းစစ်ကိုဖော်ထုတ်ခြင်း..

သမိုင်းစစ်ကိုဖော်ထုတ်ခြင်း

မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော အာဇာနည်ကြီးများ၏ သမိုင်း၊ အတ္ထုပ္ပတိ၊ ရာဇ၀င် အမည်နာမများကို ယခုမျိုးဆက်သစ်ကလေးငယ်များ အတော်များများတို့သည် မသိရှိကြချေ။ အဘယ့်ကြောင့်နည်း သမိုင်းများကို ဖုံးကွယ်ထားခြင်းကြောင့်လား။ သမိုင်းများကို ဖျောက်ဖျက်ထား ခြင်းကြောင့်လား။ သမိုင်းများကို လစ်လျှူရှုထားခြင်းကြောင့်လား။ သမိုင်းများကို ထိမ်ချန်ထားခြင်း ကြောင့်လားတော့ မသိချေ။

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် လူမှုရေးအာဇာနည် တစ်ဦးဖြစ် သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘ ဦးသုခ၏ သမိုင်းကိုတော့ ဖုံးကွယ်၍မရ၊ ဖျောက်ဖျက်၍မရ၊ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။ အများပြည်သူ (၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူသားအားလုံး၏ နာရေးကိစ္စများကို အခမဲ့ ကူညီဖေးမပေးခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဟူသော လူမှုရေး အသင်းအဖွဲ့ကြီးအား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ မျိုးစေ့ချ၊ အုတ်မြစ်ချ ထူထောင် ခဲ့သော လူမှုရေးအာဇာနည်ကြီး တစ်ဦးဖြစ်သည့်အပြင် ဘဘဦးသုခသည် အနုပညာမှာရော စာပေ လောကနယ်ပယ်မှာပါ စိတ်ကောကိုယ်ပါ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူးဂုဏ်ထူးပေါင်းများလည်း ပေးအပ်ချီးမြင့်ခြင်းကို ခံခဲ့ရပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနား... (ဖိတ်ကြားစာ)

ဖိတ်ကြားအပ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ အခမဲ့ နာရေးကူညီမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် (၁၀) နှစ်တင်းတင်း ပြည့်မြောက်ပြီးဖြစ်ပါသည်။ 

ထို့ကြောင့် ၂၃.၄.၂၀၁၁ (စနေနေ့)၌ ၁၀ နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားပွဲအား အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နံနက် (၉း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီ အချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပါသည်။

 နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးသစ်ဖွင့်လှစ်ခြင်း၊
 မျိုးစေ့ချပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးရှင်ဘဘဦးသုခ၏ ရုပ်ထုကျောက်တိုင်ဖွင့်လှစ်ခြင်း၊
 လူမှုရေးဂီတသူရဲကောင်းများ၏ သီဆိုဖျော်ဖြေခြင်း၊
 မျိုးဆက်သစ်ကလေးငယ်များ၏ အဆို၊ အက ဖျော်ဖြေခြင်း၊
 အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊
 နာရေးကူညီမှု (၁) သိန်းပြည့် အမှတ်တရအဖြစ် ပြင်ပဓါတ်ပုံပညာရှင်များ၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံပြိုင်ပွဲဆုပေးခြင်း အခမ်းအနား စသည်တို့ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂၄.၄.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် မြန်မာနိုင်ငံတ၀န်းရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှု အသင်း အဖွဲ့များနှင့် ကျွန်တော်တို့ ရင်းနှီးနွေးထွေးစွာ မိတ်ဆုံစကားဝိုင်းအား နံနက် (၉း၃၀) နာရီတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာပြည်သူ/သားများ၊ လူမှုရေးသမားများ၊ အလှူရှင်များနှင့် (၇) ရက် သားသမီးအပေါင်း တို့အား ကြွရောက်ပါရန် လေးစားရင်းနှီးစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။

(ဖိတ်စာသီးသန့် မပို့နိုင်ခြင်းကို နားလည်ခွင့်လွှတ်ပါရန်)

နာရေးကူညီမှုအသင်း(ရန်ကုန်)

20 April 2011

မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများရှိ ကလေးငယ်များ၏ ကျောင်းပညာရေး အခြေအနေ ဗီဒီယို မှတ်တမ်း...။

အပိုင်း(၁)



အပိုင်း(၂)



အပိုင်း (၃)



Burma Issues အဖွဲ့မှ ထုတ်ဝေ ဖြန့်ချိသော our lives, our education - voices of children from Burma မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများရှိ ကလေးငယ်များ၏ ကျောင်းပညာရေး အခြေအနေ ဗီဒီယို မှတ်တမ်းခွေဖြစ်ပါသည်.။

မြန်မာနှစ်ဆန်းတစ်ရက်နေ့က အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချီးမြှင့် ပေးအပ်တဲ့ အညတြသူရဲကောင်း ဆုပေးပွဲ အခမ်းအနား (NTDTV ရုပ်သံ)

ဓာတ်ပုံ Reuters

ရုပ်သံ NTDTV
ရုပ်သံ ဒေါင်းလုပ်လုပ်ချင်ရင်... http://www.mediafire.com/?2392ygzszwzgo9w

19 April 2011

စစ်အာဏာရှင် ရွေးကောက်ပွဲ ကော်မရှင် မှ သတိပေးစာ

မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ တွေ အနေနဲ့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်း တွေနဲ့ မဆက်ဆံဖို့သတိပေးစာ တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပေးပို့ခဲ့ပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ပါတီ ၃၇ ခု ဟာ၊ ဒီသတိပေးစာတွေ အပေါ် ဘယ်လိုနားလည် ရမယ်မှန်း မသိပုံ ကို မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ မြန်မာ ရဲ့ ဥက္ကဌ တွေက ဘီဘီစီ ကို ပြောပြပါတယ်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၂ နဲ့ နည်းဥပဒေ ပုဒ်မ ၁၅ ကို ချိုးဖေါက်ပါက၊ မှတ်ပုံတင်ထားခြင်း မှ ပယ်ဖျက်မယ် လို့ ဆိုထားလို့ မတရားသင်း အနေနဲ့ ဘယ်အဖွဲ့အစည်း ကို ရည်ညွှန်းမှန်း လဲ မသိပုံ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုဆိုလိုသလား လဲ မမှန်းတတ်တဲ့ အကြောင်း နိုင်ငံရေးပါတီ တွေက အခက်တွေ့နေ ကြ တယ်လို့ ဆိုပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က မှတ်ပုံမတင်တဲ့ အတွက် NLD ပါတီကို ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ကြေညာပေမဲ့ အခု အချိန်အထိ NLD နဲ့ ထိတွေ့ ဆက်ဆံတဲ့ ပါတီတွေကို အရေးယူတာ မတွေ့ရ လို့ အစိုးရ အနေနဲ့ ဘာဆက်လုပ်မယ် ဆိုတာ ကို ခန့်မှန်းရ ခက်နေကြပါတယ်။

သတင်းရင်းမြစ် ..ဘီဘီစီ

အဖွဲ့ချုပ်အဖွဲ့ဝင် ကိုမင်းအောင်အား သင့်တော်သည့် ဆေးကုသခွင့်ပေးရန် အေအေပီပီ ( AAPP )မှ တောင်းဆို

သတင်းထုတ်ပြန်ချက်

၁၈ ရက် ဧပြီလ ၂၀၁၁ ခုနှစ်


နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သော ရခိုင်ပြည်နယ် တောင်ကုပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဘဏ္ဍာရေးမှူးဖြစ်သူ ကိုမင်းအောင် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေရသည့်အတွက် ဆေးကုသခွင့်ပေးရန် ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ၁၁ လကျော် ကြာမြင့်သည့်တိုင် ဆေးဝါးကုသခွင့်ကို မရရှိကြောင်း သိရသည့်အတွက် ဆေးကုသပေးရန် တောင်းဆိုလိုက်ပါသည်။

အသက် ၃၇ နှစ် အရွယ်ရှိ ကိုမင်းအောင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၇ နှစ် နှင့် ၁၄ ၇က် ချမှတ်ခံခဲ့ရပြီး စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရပါသည်။ ကိုမင်းအောင်သည် ဖမ်းဆီးခံခဲ့ရသည့် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင် လေးခုသို့ ပြောင်းရွှေ့ခြင်းကို ခံခဲ့ရပါသည်။

“မိသားစုနဲ့နီးတဲ့ အကျဉ်းထောင်တွေ ရှိပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီလို အလွန်ဝေးကွာတဲ့ ထောင်တွေကို ထောင်ပြောင်းတာက စစ်အစိုးရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒီလို ထောင်ပြောင်းတာက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက အကျဉ်းကျနေတဲ့ မိသားစုဝင် တွေကို ထောင်ဝင်စာတွေ့ဖို့နဲ့ အစာအစားနဲ့ ဆေးဝါးထောက်ပံ့ဖို့ကို ဖြတ်တောက် ပိတ်ပင်ဖို့ ကြိုးပမ်းတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်တဲ့ နည်းဗျူဟာတစ်ခုပါ။ အခု ကိုမင်းအောင်ဆိုရင် ထောင်ခနခန အပြောင်းခံနေရတာကြောင့် ကျန်းမာရေးကို ထိခိုက်လာတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်သွားစေတာပါ” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ဖြစ်သူကိုဘိုကြည်မှ ပြောဆိုပါသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ အကျဉ်းသားများအပါအဝင် လူသားအားလုံးသည် သင့်တော်မှန်ကန်သော ကျန်းမာရေး ကုသစောင့်ရှောက်မှုကို ရရှိခံစားရမည်ဖြစ်သည်။ အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အကျဉ်းသားများ၏ ကျန်းမာရေးကို စောင့်ရှောက် ကာကွယ် တာဝန်ယူရမည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အကျဉ်းထောင်အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ဆေးဝါးကုသမပေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မိသားစုတွေရဲ့ ထောက်ပံ့ပေးမှုဟာ နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ထောင်ပြောင်း လိုက်တဲ့အတွက် အဲဒီလို အရေးကြီးတဲ့ မိသားစုအထောက်အပံ့ကို ဖြတ်တောက်လိုက်တာပါပဲ။ အခုကိုမင်းအောင်လိုကိစ္စမျိုးမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတစ်ယောက်ကို သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာဟာ နှိပ်စက်တဲ့သဘော၊ လူမဆန်တဲ့သဘော၊ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ရာရောက်ပါတယ်” ဟု ကိုဘိုကြည်မှ ဆိုပါသည်။

အကျဉ်းထောင်ဆရာဝန်နှင့် သင့်တော်သော ဆေးဝါးကုသမှုမရှိသော နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခြင်း၊ လွန်စွာကြမ်းတမ်းသော အကျဉ်းထောင် အခြေအနေများ နှင့် အကျဉ်းထောင်အတွင်း နှိပ်စက်ကလူ ပြုမှုများကြောင့် မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးအတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော်သည် လက်ရှိတွင် ကျန်းမာရေး အခြေအနေ ဆိုးရွားပါသည်။ ၎င်းနိုင်ငံရေးအကျဉ်းသား ၁၅၀ ကျော်အတွင်းမှ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်း ဖြစ်ပွါးခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပက်သက်၍ မှားယွင်းစွပ်စွဲ၍ အတင်းအကျပ်ဝန်ခံခိုင်းကာ မတရားထောင်ဒဏ် ချမှတ်ခံခဲ့ရသဖြင့် ထောင်တွင်းတွင် နှစ် ၂၀ ကျော် ချုပ်နှောင်ခံနေရသူ ကိုညီညီဦး နှင့် ကိုသန့်ဇော် တို့နှစ်ဦးသည်လည်း အပါအဝင်ဖြစ်ပါသည်။ ကိုညီညီဦးသည် ၂၀၀၇ ခုနှစ်တွင် လေဖြတ်ကာ သွေးတိုးရောဂါခံစားနေခဲ့ရပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ ကျခံနေရသည့် ကိုမင်းကိုနိုင်သည် ကျန်းမာရေးအခြေအနေ ချို့ယွင်းကာ အရေးပေါ်ဆေးကုသမှု လိုအပ်နေပါသည်။ သူသည် အရိုးကျီးပေါင်းရောဂါနှင့် အဆစ်အမြစ်ရောင် ရောဂါကို ကြာရှည်စွာ ဆက်တိုက်ခံစားနေခဲ့ရပြီး ယခုလက်ရှိ အခြေအနေတွင် ထိုရောဂါနှစ်ခုအပြင် မကြာခဏ ခေါင်းမူးခြင်းနှင့် နှလုံးအားနည်းခြင်း ဝေဒနာကိုပါခံစားနေရပါသည်။ သူသည် အချိန်ကာလ ကြာမြင့်စွာ တစ်ဦးတည်းတိုက်ပိတ်ထိန်းသိမ်းခံထားရပါသည်။

“ကိုမင်းအောင်နဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြားထောင်တွေထဲမှာ ရောဂါဝေဒနာ ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လူအခွင့်အရေးအတွက် ဦးဆောင်ဦးရွက်ပြောဆို လုပ်ကိုင်မှုတွေကြောင့် ထောင်သွင်းအကျဉ်းချခံနေကြရပါတယ်။ တကယ်တော့ သူတို့တွေဟာ အစကတည်းက ထောင်ကျရမယ့်သူတွေမဟုတ်ပါဘူး။ သူတို့သာ အရေးပေါ် ဆေးဝါးကုသမှုတွေ မရဘူးဆိုရင် ဒီလိုနဲ့ပဲ ထောင်ထဲမှာ အသက်ဆုံးရပါလိမ့်မယ်” ဟု ကိုဘိုကြည်မှ ပြောကြားပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

“ အညတြသူရဲကောင်းများ”( မောင်မောင်ဝမ်း )

“ အညတြသူရဲကောင်းများ"  ( မောင်မောင်ဝမ်း )
ပြည်တွင်းက PDF ဖိုင် ဖတ်မရဘူးဆိုတဲ့ မိတ်ဆွေများအတွက် ဒေါင်းလုပ်လုပ်ရန်... 

ကက်ကင်းကုသိုလ်..

ကက်ကင်းကုသိုလ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ စသည့် သင်္ကြန်တွင်းကာလတွင် နာရေးကူညီမှုပေါင်း (၁၇၅) ဦးတို့အား အခမဲ့ ကူညီဖေးမ သင်္ဂြိုလ်ပေးခဲ့ သည်။ သင်္ကြန်အတက်နေ့ည (၁၂း၀၀) နာရီအချိန်ထိ ကူညီမှုများကို ပြုလုပ်ပေးခဲ့သည်။ သင်္ကြန်တွင်း ကာလတွင် နာရေးကူညီမှုများ ထမ်းဆောင်ပေးဆပ်ရာ၌ နာရေးလမ်းကြောင်း ကားလမ်းမပေါ်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ထားမှုကြောင့် နိဗ္ဗာန်ယာဉ် ၀င်/ထွက် သွားလာရာ၌ အခက် အခဲရှိခြင်း၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေသောကြောင့် ကူညီ မှုအချိန် နှောင့်နှေးကြန့်ကြာခြင်းများ ရှိခဲ့သည်။ သို့သော် မြန်မာပြည်သူလူထုတို့၏ လူသားချင်းစာနာ စိတ်ဓါတ်ကြောင့် ၀ိုင်းဝန်းကူညီကာ လမ်းရှင်းပေးခြင်း၊ ပိတ်ဆို့မှုများအား ဖယ်ရှားပေးခြင်းတို့ကြောင့် အခက်အခဲများ ချောမွေ့စေခဲ့သည်။

သင်္ကြန်တွင်းကာလအတွင်း အများပြည်သူတို့ ပျော်ပါး၊ ရေကစား၊ ကခုန်နေချိန်၌ နာရေးကူညီ မှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများသည် အများပြည်သူအတွက် မိမိတို့၏ ပျော်ရွှင်မှုများကို စွန့်လွှတ်ကာ အများအကျိုးအတွက် ထမ်းဆောင်ပေးဆပ်လျှက် ရှိကြသည်။ သင်္ကြန်ရက်အတွင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူ တစ်ဦးချင်း (သို့) အဖွဲ့ လိုက် စုပေါင်း၍ စတုဒီသာ အကျွေးအမွေးအဖြစ် နံနက်စာ၊ နေ့လည်စာ၊ အချိုပွဲ၊ ညနေစာ စသည်တို့ ကို ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ အလှူရှင်များအား ကုသိုလ်ဖြစ် ကျွေးမွေးဒါနပြုခဲ့ကြသည်။
နှစ်ဆန်းတစ်ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မိသားစုလိုက်၊ တစ်ဦးချင်း၊ မိတ်ဆွေသူငယ်ချင်းများအဖွဲ့လိုက် လာရောက်၍ အလှူငွေလှူဒါန်းခြင်းများ မထင်မှတ်လောက် အောင်များပြားလှသည်။ ထိုနေ့ ည (၇း၀၀) နာရီအချိန်တွင် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး ဦးဆောင်၍ သံဃာတော် (၅) ပါးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာသို့ ပင့်ဆောင်ကာ ဆရာတော်ကြီးမှ ပရိတ်တရားတော်ချီးမြှင့်ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထမ်းဆောင်ပေးဆပ်ခဲ့သော ကုသိုလ်ကောင်းမှုများအား အမိအဖ ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမ စသဖြင့် (၃၁) ဘုံကျင်လည်ကြကုန်သော မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှပေးဝေငှခဲ့သည်။

သင်္ကြန်အကြိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးအသစ်ရှိ ဥက္ကဋ္ဌ ဦးကျော်သူ၏ အခန်းရှေ့သို့ ပျံသန်းနေသော ငှက်တစ်ကောင် ပြုတ်ကျလာခဲ့သည်။ ယင်းငှက်ငယ် အား နွေးထွေးစွာ ယူငင်ကြည့်သောအခါ သိမ်းငှက်ပေါက် တစ်ကောင်ဖြစ်နေကြောင်း သိခဲ့ရသည်။ ၄င်း သိမ်းငှက်ငယ်လေးအား ကျွေးမွေးပြုစုခဲ့ပြီးနောက် နှစ်ဆန်းတစ်ရက်နေ့တွင် ဘေးလွတ်ရာသို့ အချုပ် အနှောင်လွတ်ငြိမ်းရာသို့ ပြန်လည်၍ လွတ်ပေးခဲ့သည်။

ဘဘ ဦးသုခ ပြောကြားခဲ့သောစကားအား ပြန်လည်အမှတ်ရစေခဲ့တော့သည်။ “မောင်ကျော်သူ မင်းနဲ့ ဘဘက ကက်ကင်း” တဲ့။

ဟုတ်ပါသည်။ ကျော်သူ - သုခ၊ ကျော်သူ - သင်္ချိုင်း၊ ကျော်သူ - သင်္ကြန်၊ ကျော်သူ - သိမ်းငှက် အားလုံးတို့သည် ကက်ကင်းများဖြစ်ကြသည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန်ကာလအတွင်း လုပ်ဆောင် ပေးခဲ့သော ကုသိုလ်ကောင်းမှုများအား ကက်ကင်းကုသိုလ်ကောင်းမှုဟု ဆိုလိုက်ပါတော့သည်။
အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

18 April 2011

အတာသင်္ကြန် အတွင်း " လက်ခုပ်ထဲကရေ "






လက်ခုပ်ထဲကရေ


ယာဉ်မောင်းသူတို့ ဆင်ခြင်ရန်၊ ယာဉ်မောင်းသူတို့ သတိရှိရန်၊ ယာဉ်မောင်းသူတို့ စည်းကမ်းရှိ ရန် သတိပေးချက်များတွင် “မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့” “သင့်လက်ထဲတွင် ခရီးသည်တို့၏ အသက်ရှိသည်။” “ဇနီးသားသမီးများက သင်ဘေးမသီရန်မခ အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသည် ကို သတိပြု” ဟူသော ဆောင်ပုဒ်များ ရှိလင့်ကစား မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် မဟာသင်္ကြန် အကြိုနေ့ ၁၃.၄.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် ဦးထွန်းအေး အသက် (၄၇)နှစ်၊ သား မောင်မြင့်မြတ်သူ အသက် (၃နှစ် ၂လ) တို့ သားအဖနှစ်ဦးတို့သည် မိဘဆွေမျိုးများရှိရာ ပဲခူးမြို့ဘက်သို့ သွားရောက်ပြီး ရန်ကုန်နေအိမ်သို့ TAXI အငှါးယာဉ်ဖြင့် ပြန်အလာ ညနေ (၆း၃၀) နာရီခန့်က မင်္ဂလာဒုံ ရေကြည်အိုင် ရှေ့တွင် ရန်ကုန်ဘက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော မှော်ဘီ - ရန်ကုန် (ဟိုင်းလတ်) ကားနှင့် ခေါင်းချင်းဆိုင် တိုက်မိတော့သည်။ သားအဖ နှစ်ဦးစလုံး ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်ကုသခဲ့ သော်လည်း ၁၆.၄.၂၀၁၁ (စနေ) နေ့တွင် ဘ၀တစ်ပါးသို့ ပြောင်းသွားကြရှာသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကွယ်လွန်သွားသူတို့နှင့် ကျန်ရစ်သူမိသားစုများအတွက် အဆင်ပြေရန် ကူညီဖေးမ ပေးဆပ်မှုလုပ်ငန်းဖြစ်သော နာရေးပို့ဆောင်မှုကို ၁၆.၄.၂၀၁၁ နေ့လည် (၂း၀၀) နာရီ သင်္ကြန်အတက်နေ့ဖြစ်၍ အများသူငှါ ပျော်ပါးစွာ ရေကစားကခုန်နေကြစဉ် ရင်ထဲနင့် နေရအောင် မီးသင်္ဂြိုလ်ပေးခြင်း အခမ်းအနားကို ဆောင်ရွက်ပေးခဲ့သည်။

ရန်ကုန်ဆေးရုံကြီး အအေး ခန်းသို့ နိဗ္ဗာန်မော်တော်ယာဉ်နှစ်စီး ပြိုင်တူသွားကြပြီး ရုပ်အလောင်းတို့အား ကြည့်ရှုစဉ် ဖခင်ဖြစ်သူ ဦးထွန်းအေး၏ ဦးခေါင်းနံဘေးတွင်ထားရှိသော ယွန်းဘူးငယ် (စိပ်ပုတီးထည့်ထားဟန်တူ၏) ကလေး ငယ် မောင်မြင့်မြတ်သူ၏ ရုပ်အလောင်းဘေးတွင် ဦးထုပ်ငယ်၊ ရေကစားသေနတ်၊ ဂီတာငယ်လေး တစ်လုံးနှင့်အတူ မောင်မြင့်မြတ်သူလေး အိပ်စက်နေသည့်အလား တွေ့မြင်ရတော့သည်။ ကလေးငယ် ၏ လက်ခြေဦးခေါင်း၊ ဖခင်၏ လက်ခြေတို့တွင် သွေးခြောက်များကပ်တွယ် ငြိနေသည်ကိုလည်း မြင်တွေ့ရသည်။ သားငယ်လေး မောင်မြင့်မြတ်သူကို ကလေးနိဗ္ဗာန်ယာဉ် (Baby Only)၊ ဖခင် ဦးထွန်းအေးအား လူကြီးနိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အား ဦးတိုက်၍ ရေဝေးသုဿန်ရှိရာသို့ ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုဿန်တွင် ဈာပနလိုက်ပါ ပို့ဆောင်သူများနှင့် စည်ကားပြည့်နှက်နေသည်။ အများသူငှါတို့ ပျော်ပါးနေသည့်အချိန် ရေကစား နေကြသည့်အချိန်၊ ကခုန်နေကြသည့်အချိန်တွင် ဈာပနပို့ဆောင်ကြသူ ဆွေမျိုးသားချင်းများ၏ နှလုံး သားထဲတွင်သာမက ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးသမားများ၏ နေ့စဉ် ကြုံတွေ့နေရသော ဈာပနဖြစ်စဉ်များ၊ အသုဘကမ္မဋ္ဌာန်းများစသည့် မရဏာနုဿတိကိုပင် တဒင်္က ကလေး မေ့လျော့ကာ ရင်ထဲနင့်နေအောင် ခံစားမိတော့သည်။

အဆုံးသတ်သော် မော်တော်ယာဉ်မောင်းသူတို့၏ လက်ခုပ်ထဲမှ ရေဖြစ်သော ခရီးသွားများ၏ တန်ဖိုးရှိလှသော အသက်ဝိဉာဏ်တို့အား မဖိတ်မစင်ရအောင် ယာဉ်မောင်းသူတို့၏ တာဝန်၊ စည်းကမ်း၊ သတိတို့သည် လွန်စွာမှ အရေးကြီးလှပါကြောင်း . . . ။

(ယင်းဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူ မှော်ဘီ - ရန်ကုန် အဝေးပြေးယာဉ်မောင်းကား အဝေးသို့ ထွက်ပြေးလွတ်မြောက် ရှောင်တိမ်းနေဆဲပင်။)

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးပါ..။

အဖွဲ့ချုပ်မှာ ကျင်းပတဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် အညတြသူရဲကောင်းဆုချီးမြှင့်ပွဲ အခမ်းအနား(ဓာတ်ပုံ)

ဘဘဦးလွင်..
အညတြသူရဲကောင်းဆု ချီးမြှင့် ပေးအပ်နေစဉ်..
ဓာတ်ပုံများ.. Reuters,Getty Images

၅ညသံစဉ် (ခရီးသွားခြေလှမ်းများ) .....

ဂျပန်နိုင်ငံရှိ အညတြသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ စီစဉ်ပေးအပ်ပြီး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင့်တဲ့ အညတြသူရဲကောင်းဆုပေးပွဲ အခမ်းအနားဓာတ်ပုံ AP


မြန်မာနှစ်ဆန်းတစ်ရက်နေ့က ကျင်းပတဲ့ အညတြသူရဲကောင်းဆု ချီးမြှင့်ပွဲ အခမ်းအနားနှင့်  အာဏာရှင်တွေရဲ့ မတရားဖမ်းဆီး ထိန်းသိမ်းမှုကြောင့် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များ အတွင်း အကျဉ်းကျခံနေရပြီး  ဘဝတွေ ပေးဆပ်တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုတဲ့အနေနဲ့ AAPP မှထုတ်ဝေတဲ့ ၅ညသံစဉ် (ခရီးသွားခြေလှမ်းများ) ..... သီချင်းအား ကိုသော်ကြီး (ဂျပန်) ခံစားတင်ပြပါသည်။

၅ညသံစဉ် (ခရီးသွားခြေလှမ်းများ)

သံစဉ်၊ စာသား - ကိုစိုင်း
တေးဆို၊ ဟာမိုနီ - လင်းလင်း၊ ဇူးဇီ၊ ဂေါ်ဒွင်
ခြေဆင်း - အားဗီ
နံရံအိုတွေ အုတ်ရိုးကင်း ဗူးကြိုးစင်တွေ
ရာဇမင်းလက် သားကောင်များ ညီးတွားသံတွေ
သော့အိမ်တွေ အလီလီအထပ်ထပ် ကြောက်တတ်သော အပြစ်ရှိသူတွေ
ခြေသံလိုလို တစ္ဆေများလား ည၀ိညာဉ်တွေ ပြိုပြီ ကျီးတသင်း
ကင်းသံချောင်း ̒ကောင်း̓ ဟစ်သံတွေ
အသိဥာဏ်ကို သံခြေကျင်းခတ်
မကြောက်တတ်သော သတိရှိသူတွေ

အကောင်းဆုံးသော မျှော်လင့်ချက် အနာဂါတ်အတွက်ဖြစ်စေ
အဆုံးဝါးဆုံး ဒဏ်ဆူးချက် လူတချို့ ပြည့်နှက်ကာနေ
ရွှေပြည်ကို လှမ်းဆက်ခရီးမှာလေ

ရာဇာဝင်အိုကို ပြန်ကြည့်မှ အတ္တချအိမ်တွေ
ရင်ဝယ်သားလား မင်းကျင့်တရား ခါးသီးပြီးဟေ့
သွေးညှီတွေ မင်းရည်ဆေးဖုံး ဖုံးပေမယ့်မရ ညအသေင်္ချေ

ကြယ်စင်တွေကို တိမ်တိုက်တချို့ ခဏဖုံးကွယ်ပါစေ
အာဏာစက်နဲ့ ရေးစေတိုင်း သမိုင်းမဖြစ်နိုင်ပေ
(လောကဓံလှေ ဘယ်လိုမှောက်မှောက် နောက်မဆုတ်သော ခရီးသွားရဲဘော်တွေ)
ပြည်တွင်းမှ ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/?qtbikv2sdk5f62d

17 April 2011

အာဏာရူးအုပ်စုတွေ ပိတ်ဆို့ တားမြစ်ထားတဲ့ အင်တာနက် စာမျက်နှာများအား ကြည့်ရှူနိုင်ရန်အတွက်။

freemyanmar google group မှ http://free-myanmar.appspot.com ကို ယနေ့စတင်ဖွင့်လှစ်ထားပါသည်။

ထို http://free-myanmar.appspot.com လိပ်စာမှ အတွင်းဝင်ရောက်ပြီး မိမိတို့ ဖွင့်လှစ်ချင်သော website များ၏ လိပ်စာကို ရိုက်ထည့်၍ လွယ်ကူစွာ ဖွင့်လှစ်နိုင်ပါသည်။

မြန်မာပြည်တွင်းမှ ပိတ်ဆို့ထားသော အင်တာနက်စာမျက်နှာများကို ကျော်ခွကြည့်ရှုနိုင်ရန် ရည်ရွယ်ပါသည်။