08 September 2012

မြိတ်မြို့နယ်တွင် ငါးနှစ်အောက်ကလေးငယ်များ၌ ခဲဆိပ်သင့်မှုတွေ့



မြိတ်မြို့တွင် နေထိုင်သော ငါးနှစ်အောက် ကလေးငယ်များ၌ ခဲဆိပ်သင့်မှုများ တွေ့ရှိရကြောင်း လုပ်ငန်းခွင်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦးက ပြောကြားသည်။

ထိုသို့ တွေ့ရှိရမှုကြောင့် မြိတ်မြို့ရှိ မြေအောက်ရေတွင် ခဲဆိပ်ပျော်ဝင်မှုမည်မျှရှိသည်ကို နှစ်လကြာ သုတေသနပြုလုပ်မည်ဖြစ်ပြီး လေ့လာတွေ့ရှိ ချက်များကို ယင်းမြို့ရှိ ပြည်သူလူထုအား နိုဝင်ဘာလတွင် အသိပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ လေ့လာသောအချိန်ကာလအတွင်း ဖြစ်
သောကြောင့် ခန္ဓာကိုယ်အတွင်း မည်သည့်ပမာဏတွေ့ရှိရသည်ကို ပြော၍မရကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

“ခဲဆိပ်သင့်တဲ့ငါးနှစ်အောက်ကလေးငယ်တွေကို တွေ့ရတာများလို့ လေ့လာဖို့ဆုံးဖြတ်လိုက်တာပါ။ ဒီကလေးတွေ ဘယ်လောက်ထိခိုက်တယ်ဆို တာတော့ ပြောလို့မရပါဘူး။ ဘာကြောင့်ဖြစ်တယ်၊ ဖြစ်နေတာဘယ်လောက်ကြာပြီဆိုတာတော့ လေ့လာနေတုန်း မို့ပါ။ လေ့လာပြီး ရင်တော့ ပြည်သူလူထုကို တရားဝင်ပြောပြမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လေ့လာသုတေ သနပြုခြင်းကို စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ရေအရည်အသွေးတိုင်းတာစစ်ဆေး (PH Level) ပြီး၊ သောက်သုံးရန်သင့်၊ မသင့်ကို လေ့လာစစ်ဆေးမည်ဟုဆိုသည်။ သို့သော် ယင်းမြို့အတွက် ရေကို ရေရှည်အသုံးချစီမံခန့်ခွဲမှုပါရှိမည်မဟုတ်သေးဘဲ ဂျပန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြဒါးအဆိပ်သင့်မှုမျိုး မြန်မာနိုင်ငံတွင် မဖြစ်စေရန် လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသော စက်ရုံ၊အလုပ်ရုံများ၏ ရေဆိုးစွန့်ပစ်မှုများကို စံချိန်စံညွှန်းများဖြင့် ထားရှိသင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က အကြံပြုသည်။

တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် ခဲနှင့် အဖြိုက်နက်သတ္တုသိုက်များအများဆုံး ရှိသောနေရာများဖြစ်ပြီး သတ္တုတွင်းတူးဖော်သည့် ကုမ္ပဏီ၁၀၀ (တရားဝင်နှင့် တရားမ၀င်) ကျော်ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသော စာရင်းများအရ
သိရသည်။
 
သတင်း...  7Day News Journal

07 September 2012

အဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ထပ်မံသွားရောက်







မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်ဆွေးနွေးစဉ်။





မြို့နယ်အဖွဲ့ချုပ်ဥပဒေပညာရှင်များနှင့်မြေယာကိစ္စ၊စားကျက်မြေကိစ္စများဆွေးနွေးစဉ်။

မြို့နယ်အဖွဲ့ချုပ်ဥပဒေပညာရှင်များနှင့်မြေယာကိစ္စ၊စားကျက်မြေကိစ္စများဆွေးနွေးစဉ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက၀ယ်ယူထားသောမြေအားသွားရောက်ကြည့်ရှုစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ် အောင်ဆန်း
စုကြည်သည်၂၀၁၂ခု၊စက်တာဘာလ(၆)ရက်နေ့နံနက်(၈)နာရီခွဲကကော့မှူးမြို့နယ်သို့ရောက်ရှိခဲ့
ည်။ရှေးဦးစွာဥက္ကဌသည်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှဝယ်ယူထားသောမြေကွက်အားသွားရောက်ကြည့်ရှုခဲ့
သည်။ထိုနောက်ကော့မှူးမြို့နယ်အဖွဲ့ချုပ်ရုံးသို့သွားရောက်ကာဥပဒေပညာရှင်များ၊အဖွဲ့ချုပ်အဖွဲ့ဝင်မျာ
နှင့်တွေ့ဆုံပြီးမြေယာကိစ္စ၊စားကျက်မြေကိစ္စများကိုဆွေးနွေးအကြံပြုခဲ့သည်။ဆက်လက်ပြီးကော့မှူးမြို့နယ်
အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ပြီးတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။

ရင်းမြစ်...  NLD

ပြည်တော်ပြန်ချိန် ရောက်ပြီလား

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ၈၈ မျိုးဆက်ရဲ့  ထင်ရှားတဲ့ ခေါင်းဆောင်တချို့  အခုတလော မြန်မာနိုင်ငံကို ပြန်သွားနေကြတာဟာ အချိန်မတန်သေးပါဘူး။ ယုတ်စွအဆုံး မြန်မာအစိုးရရဲ့  ကမ်းလှမ်းဖိတ်ခေါ်ချက်ဟာ မူမမှန်ဘူးလို့ သုံးသပ်တချို့ ရှိလာပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးပြည်ပရောက် ၈၈ မျိုးဆက်တွေဖြစ်တဲ့ ကိုကိုဦး နှင့် မိဆူးပွင့်တို့နှင့် VOA ဝိုင်းတော်သား ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ် တင်ဆက်ထားပါတယ်။

ဦးကျော်ဇံသာ။ ။ အခုအခါမှာ သမ္မတဦးသိန်းစိန်အစိုးရ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်အောင် တိုက်တွန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ တချို့ ကလည်း လေ့လာဖို့ဆိုတဲ့ ရည်ရွယ်ချက် ဆွေးနွေးညှိနှိုင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနှင့် ထင်ရှားတဲ့ ခေါင်းဆောင်တချို့ က  ပြည်တွင်းထဲကိုပြန်ပြီး ဆောင်ရွက်နေကြပါတယ်။ ဒါပေမဲ့ ပြည်ပမှာ ကျန်ရစ်ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ ကတော့ ဒီလိုပြန်တာဟာ အချိန်စောသေးတယ်။ မပြန်သင့်သေးဘူးဆိုပြီး ပြောနေကြပါတယ်။ အဲဒီတော့ ပထဦးဆုံးအနေနဲ့  ကိုကိုဦးကို မေးပါရစေ။ ကိုကိုဦးအနေနဲ့ စပြောပါ။ ဘာဖြစ်လို့ ဒီလူတွေပြန်တာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ထောက်ပြနေရသလဲ။ ဘာကိုများ ဘဝင်မကျဘူးလဲဆိုတာ ပထမဦး ဆုံးဆွေးနွေးပါ။

ဦးကိုကိုဦး။ ။ အဓိကပြသနာက ၂၀၀၈ အခြေခံဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့က လုံးဝသဘောမကျဘူး။ ပြည်သူလူထုတရပ်လုံးက။ NLD ကလည်း ကြေညာထားတယ်။ လွှတ်တော်ထဲမှာ ရှင်းမယ်။ ဒါပေမဲ့ ဒီနေ့အထိက ဒါကိုလုံးဝ မရှင်းနိုင်သေးဘူး။ နောက်ပြီးတော့ ကျနော်တို့ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရအနေနဲပ တကယ်ပြင်ပြီးတော့ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်မလုပ် အမြဲတမ်းလေ့လာနေတယ်။ ဒါပေမဲ့ ဒီနေ့ကျနော်တွေ့နေရတဲ့  ပြုပြင်ပြောင်းလဲရေးဆိုတာက စနစ်မကျတဲ့ ပြုပြင်ပြောင်းလဲရေးကို ကျနော်မြင်နေရတယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင် တိုင်းပြည်မှာရှိနေတဲ့ ပြည်တွင်းစစ်တွေက လုံးဝမရှိရဘူး။ အဓိက ကျနော်တို့ ဦးစားပေးပြီးလုပ်ရမှာက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အဓိကဦးဆောင်ပြီး လုပ်သင့်တယ်။ အဲဒါတွေမလုပ်ဘဲနှင့် သူကနိုင်ငံတကာ အကြိုက်ပေါ့လေ ပြုပြင်ပြောင်းလဲရေးကို မြင်ကောင်းအောင် ဆေးမီးတိုနည်းနဲ့ပေါ့လေ လုပ်နေတဲ့ဟာကြီးက စနစ်မကျဘူးလို့ ကျနော်မြင်တယ်။ အဲဒီတော့ ဒီလိုစနစ်မကျတဲ့အချိန်မှာ ကျနော်တို့အနေနှင့်က ဒီအစိုးရနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့က အကန့်အသန့်ထားပြီး လုပ်သင့်တယ်။ ကျနော်က အထဲဝင်တာ မဝင်တာ မပြောလိုဘူး။ ကျနော်က အကန့်အသန့်ထားပြီး လုပ်သင့်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဒေါ်ဆူးပွင့်ရဲ့  သဘောထားလေး သိပါရစေ။

မဆူးပွင့်။ ။ ကျမအနေနှင့်ကတော့ ဒီလိုနိုင်ငံရေး အခြေအနေမျိုးအောက်မှာ တောက်လျှောက်ပေါ့နော် ဆန့်ကျင်တိုက်ခိုက်လာတဲ့ အဖွဲ့အစည်းတွေအနေနှင့် လူပုဂ္ဂိုလ်တွေအနေနှင့် သွားပြီးတော့ လေ့လာတယ်ဆိုတာကို အပြစ်တော့ မတင်ချင်ပါဘူး။ ဒါပေမဲ့  ဒီဖိတ်ခေါ်တဲ့ ပုံစံ ကတိုက်ကရိုက် ဖြစ်လွန်းတဲ့အပေါ်မှာတော့ ကျမ ဝေဖန်ချင်တယ်။ ပြီးတော့  အဖွဲ့အစည်းတွေရဲ့   နိုင်ငံရေးရပ်တည်မှုအပေါ်မှာ အသိမှတ်မပြုဘဲနှင့် ဒီလူပုဂ္ဂိုလ်တွေအပေါ်မှာ အဓိကထားတဲ့ ဖိတ်ခေါ်မှုမျိုး မဖြစ်သင့်ဘူးလို့မြင်တယ်။ ဒီလိုလုပ်ရပ်မျိုးက ပြုပြင်ပြောင်းလဲချင်တဲ့ အစိုးရတစ်ရပ်အနေနှင့် သတိထားသင့်တဲ့ ကိစ္စတစ်ခုလို့မြင်တယ်။ ဆိုတော့ နောက်တခုက ကျမတို့က အခုလိုပြန်ပြီးတော့ သွားလေ့လာရတဲ့ကိစ္စကလည်း အဓိကကပေါ့နော် ဒီပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲနှင့် တကယ့်နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းဖို့ ဒီဘက် တိုင်းရင်သားအင်အားစုတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီအင်အားစုတွေ တောင်းဆိုနေတဲ့ လမ်းကြောင်းပေါ် ရောက်နိုင့်မယ့် အခြေအနေ ရှိမရှိဆိုတာမျိုးကို တိုက်ရိုက် တာဝန်ရှိသူတွေနှင့် ဆွေးနွေးမေးမြန်း ပြောဆိုခွင့်တွေရလာရင်တော့ ကောင်းတဲ့အချက်လို့ ထင်တယ်။ သို့သော်လည်း ဒီလိုမျိုး ကျမတို့ထဲက ညီညွတ်ရေးကို ထိခိုက်စေတဲ့ ပုံစံမျိုးပေါ့။ ဥပမာ ကျမတို့ အဖွဲ့အစည်းလိုက် လေ့လာခွင့်တောင်းထားတဲ့ အဖွဲ့တွေ ရှိတယ်။ တွေ့ဆုံခွင့်တွေ တောင်းထားတဲ့အဖွဲ့တွေ ရှိတယ်။ ဒါတွေက ပူးပေါင်းဆောင်ရွက်တာ မဟုတ်ဘဲနှင့် လေ့လာချင်တယ်။ မိမိတို့ သက်ဆိုင်ရာ အင်းအားစုတွေ၊  နိုင်ငံရေးအင်အားစုတွေနှင့် ပြန်ပြီး တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတဲ့ သဘောထားတွေရှိတဲ့ အဖွဲ့အစည်းတွေရှိတယ်။ သို့သော် ဒီအပေါ်တွေမှာ အသိမှတ်မပြုဘဲနှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း၊  ခေါင်းဆောင်တစ်ဦးတစ်ယောက်ချင်းဆီ အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ  ဖိတ်ခေါ်တဲ့ပုံစံမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့။ ဒါကျမအမြင်ပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ ပထမဦးဆုံး ကျနော်က ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီးတော့ အစစ်အမှန် မဟုတ်သေးဘူး ဘာညာဆိုတဲ့ အပိုင်းတစ်ပိုင်း တွေ့ရပါတယ်။ အခုဆွေးနွေးကြတဲ့ အထဲမှာ။ နောက်တခုကတော့ ဖိတ်ခေါ်ပုံဖိတ်ခေါ်နည်း။ ဆိုတော့ ကျနော်တို့ ဖိတ်ခေါ်တဲ့နည်းကို အရင်ကြည့်ကြရအောင်။ ဟုတ်ပါတယ်။ ကျနော်တို့လည်း သုံးသပ်မိပါတယ်။  အခု ဖိတ်ခေါ်တယ်ဆိုတာက သတင်းသမားတွေရဲ့ အမြင် ကျနော် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မကြာခင်မှာပဲ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဒီဖက်ကိုလာလည်ဖို့ ရှိတယ်။ ဒီဖက်ကလည်းပဲ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတွေကလည်း ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ အစိုးရခေါင်းဆောင်တစ်ဦးအဖြစ်အနေနှင့် သူ့ကို လှိုက်လှိုက်လှဲလှဲ အားပေးကြိုဆိုကြမယ့် သဘောရှိတယ်။ အဲအချိန်မှာ သူ့ကိုဆန္ဒပြမယ့် ဆန့်ကျင့်နိုင်တဲ့ အလားအလာရှိခဲ့တဲ့ ကျောင်းသားတွေ၊ ပြည်ပရောက်နေတဲ့ ကျောင်းသားတွေကို ဦးဆောင်ပြီးတော့ ဆန့်ကျင်ဆန္ဒပြတဲ့အဖြစ်မျိုးနှင့် မကြုံစေချင်ဘူး။ သူ့ခရီးစဉ် ချောမွတ်အောင်မြင်စေချင်တယ်။ ဒီရည်ရွယ်ချက်နှင့် သူတို့ကို ကောက်ခါငင်ခါ ဖိတ်ခေါ်တယ်လို့ သတင်းသမားတွေရဲ့  သုံးသပ်မှုရှိပါတယ်။ ဆိုတော့ ဒီနေရာမှာ ကျနော်ပြောချင်တာက ဘယ်လိုပဲဖိတ်ဖိတ်၊ ဘယ်လို စေတနာနှင့်ပဲဖိတ်ဖိတ် နိုင်ငံရေးဆိုတာက လက်တွေ့လုပ်ရင်ပြီးတာပဲ မဟုတ်ဘူးလားခင်ဗျာ။ အဲဒါကော မဆူးပွင့်ရဲ့  သဘောထားပြောပါဦးခင်ဗျာ့။

မဆူးပွင့်။ ။ ဘယ်လိုပုံစံနှင့် လုပ်လဲဆိုတဲ့ ဒီပုံသဏ္ဍာန်ပေါ့နော် လုပ်ဆောင်ရတဲ့ ပုံသဏ္ဍာန်တွေကြည့်ရင် ဒီစေတနာတွေပေါ်မှာ ကြည့်ပြီးတော့မှ အကဲဖြတ်ရတာ ဖြစ်တယ်။ ကျမတို့က အစိုးရတစ်ရပ်ရဲ့  ပြုပြင်ပြောင်းလဲမှု၊ လုပ်ချင်ပါတယ်ဆိုတဲ့ အစိုးရတစ်ရပ်ရဲ့  လှုပ်ရှားမှုတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ အဖွဲ့အစည်းတွေအများကြီး ရှိသေးတယ်ပေါ့နော်။ ဒီအဖွဲ့အစည်းတိုင်းကို အသိမှတ်ပြုပြီးတော့ တွေ့ဆုံဆွေးနွေးစကားပြောတဲ့ အခြေအနေမျိုးရောက်အောင် လုပ်ဖို့ကတော့ အဓိကကျတယ်လို့ ကျမတို့မြင်တယ်။ အဲဒီ အနေအထားမှာ ဒီဖြစ်စဉ်ထဲမှာ ဒီပုဂ္ဂိုလ်တွေ ဒီအဖွဲ့တွေ ပါနေတာပါတယ်ဆိုတာမျိုး ဒီသဏ္ဍာန်အရပြလို့ ကောင်းရုံလောက်ပဲ လုပ်တယ်ဆိုတာမျိုး ဖြစ်တယ်ဆိုရင်တော့ ဒီလက်ရှိအစိုးရရဲ့  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေက တန်ဖိုးလျော့သွားနိုင်တယ်။ လိုက်ပါ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေလည်း တစုံတရာ အားနည်းနိုင်တယ်။ ကျမတို့ဖက်က ခေါင်းဆောင်ပိုင်းတွေ ပြီးတော့မှ ဒီနာမည်ကြီးတဲ့  ဒီလှုပ်ရှားသူတွေကလည်း ဒါတွေကို သေချာသတိပြုပြီးမှ ဒီအနေအထားတွေကနေ ဘာပဲပြောပြော အစိုးရနှင့် တွေ့ဆုံဆွေးနွေးစကားပြောခွင့်ရလာတဲ့ အစိုးရကိုယ်စားလှယ်တွေနှင့် တွေ့နေတဲ့အဆင့်ကနေပြီးတော့ နောက်တဆင့် ဒီအဖွဲ့အစည်းတွေအားလုံးကို အသိမှတ်ပြုရေး၊ တစုံလုံးရဲ့  အခြေအနေတွေကိုသိပြီး၊ တကယ့် လက်ခံဆွေးနွေးတဲ့ ပုံစံမျိုးတွေ ပိုဖြစ်အောင်လုပ်ဖို့မြင်တယ်။

ဦးကျော်ဇံသာ။ ။ ကိုကိုဦးကကော ဒီလိုဖိတ်ခေါ်တဲ့ပုံစံနှင့် ပတ်သက်ပြီးတော့ ဘယ်လိုသဘောရပါလဲ။ ဘယ်လိုဘဲ၊ ဘယ်စေတနာနှင့်၊ ဘယ်လိုစိတ်ဓာတ်မျိုးနှင့်ဘဲ ဖိတ်ဖိတ် လောလောဆယ် တကယ် သူတို့ လာခွင့်ရတယ် လေ့လာခွင့်ရတယ်ဆိုရင်ကို ဒါကို လက်ခံနိုင်တဲ့ အခြေအနေမရှိဘူးလား။

ဦးကိုကိုဦး။ ။ အဓိကက အစိုးရတရပ်အနေနှင့် သူတို့ ပြုပြင်ပြောင်းလဲရေးလုပ်ပြီးတော့ သူရဲ့  တိုင်းသူပြည်သားတွေကို တကယ်စေတနာပါပါနှင့် ဖိတ်တယ်ဆိုရင် ဘာပဲပြောပြော ကျနော်တော့ လွှတ်တော် ကြည့်ပါတယ်။ လွှတ်တော်မှာ ဥပဒေရှိပြီးတော့ ဒီနိုင်ငံသားတစ်ယောက်ရဲ့  ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးကို  အသိမှတ်ပြုပြီး ဖိတ်ခေါ်ပေးရမယ်။ ဟိုလူ့ကိုဖိတ်မယ်၊ ဒီလူ့ကိုဖိတ်မယ်၊ ဟိုလူကြတော့ Black List ထဲထည့် ဟိုလူကြတော့ မပါဘူးဆိုတာမျိုးက မလုပ်သင့်ဘူးဗျ။ ဘာပဲပြောပြော ဘာမှ အခုနက ပြောသလို ဥပဒေချိုးဖောက်ခဲ့တာ မရှိခဲ့ဘူးဆိုရင် နိုင်ငံသားတယောက်က နိုင်ငံကိုပြန်ခွင့်ကို ပေးကိုပေးရမယ်။ ဒါအစိုးရတရပ်ပေါ့။ နောက်တချက်က လေ့လာခွင့်ရတာ တချက်ကို ကျနော်က ထောက်ပြချင်တာက ဟုတ်ပြီ၊ အစိုးရက တဖက်မှာကြတော့ ကချင်ကိုအစိုးရကအသေအလဲတိုက်နေတယ်။ တဖက်မှာကြတော့ အတိုက်ခံအင်အားစု ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေကို လေ့လာရေးဆိုပြီးတော့ ဗမာပြည်ထဲကို ဝင်ခွင့်ပေးပြီးတော့ နိုင်ငံရေးအရ ပိုပြီးတော့ ရှုပ်ထွေးအောင် လုပ်နေတယ်လို့ ကျနော်မြင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ညီအစ်ကိုတွေမှာ အသေခံပြီး တိုက်နေတဲ့ ကချင်မှာ ကျနော်တော့ မမြင်ရပါဘူး။ အဝေးက။ ဒါပေမယ့် ကျနော်တော့နားလည်တယ်။ ဒါက လွတ်မြောက်ရေးတိုက်ပွဲဆိုတာ။ တဖက်က အသေအလဲ တိုက်တဲ့အချိန်မှာ တဖက်ကရှိတဲ့ အင်အားစုတွေကို ကဲမင်းတို့နှင့် ငါတို့နှင့်ပေါင်းကြရအောင်ဆိုပြီး ခေါ်တယ်ဆိုတာ နိုင်ငံရေးအရပိုပြီး ရှုပ်ထွေးအောင်လုပ်နေသလား။

ဦးကျော်ဇံသာ။ ။ အဲဒီတော့ အဖိတ်ခေါ်ခံရတဲ့ လူတွေဖက်ကကော တိုင်းရင်းသားအချင်းချင်း တိုက်နေတဲ့ ပွဲတွေကို ရပ်ပါဆိုတာ ဒီဟာကို ဖိအားပေးနိုင်စရာအကြောင်း မရှိဘူးလား။ သူတို့လည်းရောက်သွားတဲ့အခါမှာ။

ဦးကိုကိုဦး။ ။ အဲဒါကို ကျနော်တို့က ပုဂ္ဂိုလ်တစ်ဦးနှစ်ဦးကနေပြီးတော့ ဖိအားပေးလို့ မရဘူး။ အတိုက်အခံအားလုံးက ဒီဟာကို တသံတည်းဖြစ်အောင် ဖိအားပေးရမယ်။ ဒီအစိုးရ ဖိတ်ခေါ်ခြင်းကို ကျနော်တို့က မူအရတော့ လက်ခံတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီလိုမျိုး အထဲထဲကို အဲဒီလို တစ်ပတ် နှစ်ပတ် သွားရုံလောက်နှင့် ဒါဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သူတို့သိတယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲရေး လုပ်ချင်တယ်ဆိုရင် ၂၀၀၈ မှာရှိတဲ့ ဥပဒေမှာ ဒါတွေက သဘာဝမကျဘူး။ အဲဒီတော့ ဒီဟာတွေကို ပြုပြင်ဖို့အတွက်ကို ငါတို့က ပင်လုံနှင့်တူညီတဲ့ ညီလာခံခေါ်ပြီး မလုပ်သင့်ဘူးလား ဒီအချိန်မှာ လောလောဆယ် ရခိုင်အရေးမှာ အစိုးရကပါပြီးတော့ ပြည်သူလူထုက အစိုးရအပေါ် နည်းနည်းလေး အကောင်းမြင်လာတယ်။ အကောင်းမြင်လာတာ ရှင်းရှင်းပြောရရင်ဗျာ ပြည်သူလူထုက အစိုးရမှာထားတဲ့ အာဃာတ က လျော့လာတယ်။ ဒီလိုအခြေအနေမျိုးမှာ သူတို့က ပင်လုံညီလာခံ ခေါ်ပြီးတော့ လက်ရှိ တိုက်နေတဲ့ ကချင်ပါ အပါအဝင်ပါခေါ်ပြီးတော့ ဒီတိုင်းရင်းသား စည်းလုံးညီညွတ်ရေး မလုပ်သင့်ဘူးလား။ ပြည်တော်ပြန်တွေခေါ်တဲ့ ကိစ္စဆိုတာ ဒါလုပ်ရမယ့်ကိစ္စ။

ဦးကျော်ဇံသာ။ ။ အဲဒီအယူအဆကို ပြည်တော်ပြန်တွေဆီကတဆင့် ကိုကိုဦးက ဒီစကားမျိုး လက်ဆောင်မပါး နိုင်ဘူးလား။

ဦးကိုကိုဦး။ ။ ကျနော်တော့ ဒီပြည်တော်ပြန်တွေနှင့် အမြဲတမ်းစကားပြောနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို ကျနော်က လက်မခံလို့ဘဲ နောက်ဆုတ်ထားပါတယ်။ ကျနော့်ကိုလည်း ဒီကိစ္စမှာ ပါဝင်ဖို့ပြောပါတယ်။ ကျနော်က လောလောဆယ် ဒီကိစ္စ လက်မခံနိုင်သေးဘူး။

ဦးကျော်ဇံသာ။ ။ ကိုကိုဦးပေးတဲ့ အကြံကိုကော သူတို့ လက်မခံဘူလား။

ဦးကိုကိုဦး။ ။ ဟုတ်ပါတယ်။ သူတို့က အဲဒါကို မဟုတ်ဘူး။ သူတို့က သွားလေ့လာချင်တဲ့ဆန္ဒက များနေတယ်။ အဲဒါ ကျနော်က ဘာမှမပြောတော့ပါဘူး။ အဓိက ကျနော်ပြောတာက ကျနော်တို့ ပြည်သူတွေထဲကနေပြီးတော့ ဒီ စစ်ဗီုလ်ချုပ်ကြီးတွေရဲ့  မျက်နှာကိုကြည့်နေရတဲ့ ဒီမိုကရေစီမျိုးတော့ မဖြစ်သင့်ဘူး။ ကျနော်ကတော့ ဘာပဲပြောပြော ကျနော်တို့ဘက်က တောင့်ခံထားရမယ်လို့တော့ ယူဆတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ မိဆူးပွင့် ရဲ့  သဘောထားလဲ ကျနော် သိချင်ပါတယ်။ စောစောက ပြုပြင်ပြောင်းလဲချင်တယ်ဆိုတဲ့ကိစ္စနှင့် ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေဟာ မမှန်ကန်သေးဘူးလို့ ယူဆရင် မှန်ကန်အောင် အခုပြန်သွားတဲ့ ပြည်တော်ပြန်တွေက ဖိအားမပေးနိုင်ဘူးလား။ ဆွေးနွေးရင်းနှင့် မညှိနှိုင်းနိုင်ဘူးလား။

မဆူးပွင့်။ ။ ကျမအနေနှင့်ကတော့ ပြည်တော်ပြန်ရယ်လို့ အသုံးအနှုန်းမျိုးတော့ မသုံးချင်ဘူးပေါ့။ ဒါပေမဲ့ ဘယ်နိုင်ငံရေး ခေါင်းဆောင်မဆို တစ်ဦးချင်းတစ်ယောက်ချင်းအနေနှင့် ဒီလို တကယ့်ခက်ခဲနက်နဲတဲ့ နိုင်ငံရေးပြသနာတွေကို ပြေလည်သွားဖို့ တွန်းအားပေးနိုင်မယ်လို့ ဒီတစ်ဦးတစ်ယောက်ချင်းဆီရဲ့  လုပ်အားနှင့် တွန်းအားပေးနိုင်မယ်လို့ ကျမအနေနှင့်တော့ မယုံဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကချင်မှာ ဖြစ်နေတဲ့တိုက်ပွဲက တကယ့် တိုင်းရင်းသားတွေနှင့် လက်ရှိအစိုးရကြားမှာ နိုင်ငံရေးအရ ဆွေးနွေးနိုင်မယ့်အဆင့်ကို မရောက်မချင်း ပြေလည်မှာမဟုတ်ဘူး။ ဆိုတော့ ကြားလူတစ်ယောက်ယောက်က  ဝင်ရောက်ဖြန်ဖြေပေးရင် ပြေလည်သွားမယ်ဆိုတဲ့ အယူအဆမျိုး ကျမမှာ မရှိဘူးရှင့်။ ဒီလိုပြန်ပြီးတော့  ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းပေးမယ်ဆိုတာထက် ကျမမြင်တာက  လက်ရှိ တိုင်းရင်းသားအင်အားစုအားလုံး ဒီမိုကရေစီအင်အားစုအားလုံး နှင့် ဒီ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတခု တကယ်ဖြစ်ပေါ် လာနိုင်မနိုင်ဆိုတဲ့ဟာကို အဓိက တာဝန်အရှိဆုံး၊ အစိုးရအတွင်းမှာ  တာဝန်အရှိဆုံးပုဂ္ဂိုလ်နှင့် တွေ့ဆုံပြီး စကားပြောလာနိုင်တယ်ဆိုရင်တော့ တစုံတရာ ကျမတို့ ပေးချင်တဲ့ မတ်စေ့(ခ်ျ)က တာဝန်အရှိဆုံးဆီကို ရောက်သွားမှာပေါ့နော်။ ဒီလိုအနေအထားမျိုး ဖြစ်တယ်ဆိုရင်တော့လည်း ဒါတစုံတရာကတော့ အကျိုးရှိကောင်းရှိတယ်လို့ ကျမတို့ သတ်မှတ်ရမှာပဲ။ ဒါပေမယ့် အခု ဒီ ပြန်ဝင်သွားတဲ့ လူတွေအားလုံးကိုလည်း ပြန်လေ့လာဖို့ခေါ်တယ်။ အခု ပြန်လေ့လာတယ်ဆိုတာ အစိုးရထဲမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေက တကယ်ပဲ ဖြစ်နိုင်ချေရှိသလား။ ဒါတွေကို နိုင်ငံရေးအင်အားစုအားလုံးကလည်း  တကယ်ယုံယုံကြည်ကြည်နှင့် ပါဝင်လက်တွဲပြီး လုပ်ဆောင်နေပြီလား။ ကျမတို့ ပြင်ပက အဖွဲ့အစည်းတွေအနေနှင့်ကကော ဘယ်လို ဒီအခန်းကဏ္ဍတွေမှာ ပါဝင်နိုင်မလဲ။ ဒါမှမဟုတ်ရင်လည်း တကယ်ပြောင်းလဲတဲ့ အဆင့်ရောက်အောင် ကျမတို့ဘယ်လို ဝိုင်းတွန်းအားပေးနိုင်မလဲဆိုတဲ့ အနေအထားအမျိုးနှင့် ပြန်ဝင်သွားတာမျိုးကို ကျမအနေနှင့် ပိုဖြစ်စေချင်ပါတယ်။  ပြန်ပြီးလေ့လာတာမျိုးကို ကျမအနေနှင့် ပိုပြီးဖြစ်စေချင်ပါတယ်ရှင့်။

ဦးကျော်ဇံသာ။ ။ အခု သူတို့ပြန်သွားတာလည်း လေ့လာဖို့ဆိုပြီးသွားတာ ဟုတ်ပါတယ်နော် ကိုကိုဦး။

ဦးကိုကိုဦး။ ။ ဟုတ်ပါတယ်။ သူတို့က လေ့လာဖို့သွားတယ်။ ဒါပေမယ့် အချိန်ကလည်း နည်းပါတယ်။ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အနေအထားကိုရှိမရှိ သွားလေ့လာတဲ့သဘောပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ သူတို့ပြန်လာတဲ့အခါမှာ သူတို့နှင့် ပြန်တွေ့ရလို့ တကယ်လို့ အခြေအနေဟာ လက်ခံနိုင်တဲ့ အခြေအနေတရပ် ဖြစ်တယ်ဆိုရင်တော့ ပြန်သွားနိုင်တဲ့ အခြေအနေဖြစ်လာမှာပေါ့ ကိုကိုဦးတို့အနေနှင့်လည်း။ ဒါပေမယ့် ကျနော်သိချင်တာက ကိုကိုဦး စောစောက ပြောသလို ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေက အစ ပြင်မှ ဘာညာဆိုတဲ့အဆင့်ထိ စောင်ဦးမှာလား။

ဦးကိုကိုဦး။ ။ အဓိကက ကျနော်တို့က ပြင်တဲ့နေရာမှာ ကျနော်တို့ ဒီဖက်က အတိုင်းအတာ ဘယ်လောက်ထိ ပါဝင်နိုင်သလဲ။ တကယ်တမ်း လုပ်နေပြီလား။ ကျနော်စောစောက ထောက်ပြသလိုပဲ လွှတ်တော်က …….. တွေရှိလာပြီ။ ဒါပေမဲ့ ၂၀၀၈ နှင့် ပတ်သက်ပြီး ယနေ့ထိ မတို့ရ မထိရသေး ဖြစ်နေတယ်။ ပြသနာက။ အဲဒါကိုပဲ အားနည်းချက်ဖြစ်နေတယ်။ ကျနော်တို့က ပြန်ဖို့ကိစ္စက ကျနော်တို့က ဘယ်လောက်ထိ ပြောင်းလဲသလဲ။ ဗမာပြည်မှာ ပြောင်းလဲတဲ့အပေါ်မှာ ကျနော်တို့က တိုင်းသူပြည်သားတစ်ယောက်အနေနှင့် အတိုက်အခံလုပ်ပြီး စဉ်စားရမှာဖြစ်တယ်။

ဦးကျော်ဇံသာ။ ။ ကျနော် နောက်ဆုံး သိချင်တာကတော့ ဘယ်လိုအဆင့်မျိုးဆိုရင် အကုန်လုံး ပြန်နိုင်မယ်လို့ ဒေါ်ဆူးပွင့် ခင်ဗျာ။ ဘယ်အချိန်လောက် ဆိုရင်ကော ဒေါ်ဆူးပွင့်တို့ကိုယ်တိုင် ပြန်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ထားပါသလဲ။ အကောင်းမြင်သလားပေါ့ ကျနော်သိချင်တာက။ သို့တည်းမဟုတ် ဒါက  ဘာမှ အဖြေမပေါ်ဘဲနှင့် ဒုံရင်းအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်လို့များ သဘောရနေပါလား။

မဆူးပွင့်။ ။ တဖက်မှာကတော့ နိုင်ငံရေးအရပေါ့နော် အကောင်းဆုံးအခြေအနေကို ရောက်လာဖို့အတွက် ကျမတို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အဆိုးဆုံး ပြန်လှည့်သွားနိုင်တယ်ဆိုတာလည်း ကျမတို့ နားလည်ထားပါတယ်။ ဆိုတော့ ဒီအခြေအနေမှာ တိုင်းရင်းသားတွေနှင့် တွေ့ဆုံဆွေးနွေးတယ်။  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ချုပ်ဆိုတယ်။နောက်တနေ့ ပြန်တိုက်တယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ တွေ့ဆုံဆွေးနွေး စကားမပြောဘူးဆိုတဲ့ လူဟာ လူမိုက်ဖြစ်မယ်။ ဆိုတော့ အားလုံးဟာ ဒီနေ့ တွေ့ဆုံးဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်နေပြီ။ ငေးထိုင်နေလို့ မဖြစ်တော့ပါဘူး။ တစ်ယောက်နှင့်တစ်ယောက်လည်း ကျမတို့ အရမ်းအပြစ်မြင်နေလို့ မဖြစ်တော့ပါဘူးလို့ ကျမမြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ကိုကိုဦးကလည်း ပြောပါဦး။

ဦးကိုကိုဦး။ ။ ကျနော့် သဘောက ဒီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့နေရာမှာ သတ္တိရှိရှိလုပ်ဖို့ လိုပါတယ်။ တွန့်ဆုတ်နေလို့ မရဘူး။ အဓိက အရေးကြီးတဲ့ ကျနော်တို့ ဒီ တိုင်းရင်းသားတရပ်လုံး အတိုက်အခံအားလုံးကို  တိုင်းပြည်တပြည်လုံးမှာရှိတဲ့ ဟိုခုနက လူထုကိုယ်စားလှယ် အားလုံးပါဝင်နိုင်တဲ့  ညီလာခံတစ်ခု လုပ်ပြီးတော့ ပြုပြင်ပြောင်းလဲရေးကို အစိုးရတရပ်အနေနှင့် ဦးဆောင်ပြီး လုပ်သွားတာကို ကျနော်မြင်ချင်ပါတယ်။ အဲလို ညီလာခံကနေ ထွက်ပေါ်လာတဲ့ နိုင်ငံရေးရလဒ်အပေါ်မှာ ကျနော်တို့ ပြန်လာနိုင်မယ့် အခွင့်အရေးတွေ ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကြရင် ပြန်လာနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ 

VOA

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် အဖြစ် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေး

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် အဖြစ် တစ်နာရီကျော်ကြာ
တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ရရှိဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်
လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး
ကော်မတီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်း အတွင်းက တရားစီရင်ရေး ဆိုင်ရာ ဝန်ထမ်းတွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လာမယ့် စက်တင်ဘာ ၈ ရက်နေ့ တွေ့ဆုံဖို့ ရှိတယ်လို့ ရန်ကုန် တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

အဲဒီ တွေ့ဆုံပွဲကို နေပြည်တော် ပြန်ကြားရေး၊ ကာကွယ်ရေး၊ တရားရေး ဌာနတွေက ဌာနဆိုင်ရာ အရာရှိတွေ၊ တပ်မတော် အရာရှိတွေ၊ ရဲအရာရှိတွေ အပါအဝင် တာဝန်ရှိသူ ၂ ရာကျော် တက်ရောက်မယ်လို့ သိရပါတယ်။

သတင်း.. (Photo-RFA)

06 September 2012

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခြင်းတစ်နှစ်ပြည့် အခမ်းအနား

ကျေးဇူးရှင်လယ်ယာဦးကြီးများ၏ လယ်ယာသိမ်းတိုက်ပွဲသို့ တစ်ခေါက် ။

၅-၉-၁၂ နံနက် (၅း၀၀)နာရီ အောင်ရတနာ မုံရွာကား နဲ့ ထွက်ခဲ့ပါတယ် ။ ကျွန်တော်နှင့်အတူ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်)ကျောင်းသားတွေ လိုက်ပါလာခဲ့ပါတယ်။ မုံရွာ ရောက်တော့ ၈နာရီ ထိုးနေ ပါပြီ။ လ္ဘက်ရည်ဆိုင်မှာ နံနက်စာ အတွက် ခဏ ထိုင်ရင်း မုံရွာခရိုင်ကျောင်းသားတွေ ကို စောင့်နေ ပါတယ်။ ပြောတဲ့ နေရာလွဲနေလို့ လှေဆိပ်ကို ဆင်းဖို့ သုံးဘီ ငှားနေဆဲ မုံရွာကျောင်းသားတွေ ရောက် လာပါတယ်။ ဒီနောက်မှာတော့ လှေဆိပ်ကနေ မုံရွာ အနောက်ဘက်ကမ်းကို ကူးခဲ့ကြပါတယ်။ ဆိပ်ကမ်း ကပ်တော့ ရွာစပ်ကို လျှောက်ရတာ ဗွက်တွေ ချည်းပဲ ဆိုတော့ စိတ်နဲနဲ ညစ်ချင်သလို ရှိနေဆဲ ရှေ့က လူအုပ်ကြီးမြင်လိုက်တော့ လမ်းပိတ်လုနီးပါး ဆိုတော့ ဘာဖြစ်တာပါလိမ့်ပေါ့။ နောက်မှ ရွာကနေ ကျောင်း သားတွေ လာမယ် ဆိုလို့ လာကြိုတာ ဆိုတော့ ခုဏက ဗွက်တောထဲ လျှောက်ခဲ့ရတာ မေ့သွားအောင် ပီတိ ဖြစ်ရပါတယ်။

ဒီနောက်မှာတော့ စီစဉ်ပေးတဲ့ ဆိုင်ကယ် များနဲ့ ရွာကို သွားကြပါတယ်။ ရွာအဝင်လမ်းမကွေ့ခင်မှာ ကြိုတင်စောင့်နေတဲ့ ရွာသူ ရွာသားတွေ ကို မြင်ရတာ အံ့သြမိပါတယ်။  ဒါကြောင့် ဆိုင်ကယ်ပေါ်က အသီးသီး ဆင်းလိုက်ပါတယ် ။ လမ်းလျှောက်မှ သာ သင့်တော်မယ် ထင်လို့ပါ။ သူတို့ရဲ့ကြိုဆိုပုံကလည်း အလွန်ကို နွေးထွေးပြီး တက်ကြွလှပါတယ်။ အဲဒီကနေ ရွာထဲ ဖြတ်သွားတော့လည်း ရွာထဲမှာ ကျန်နေသူတွေက အိမ်ပေါက် အသီးသီးက ကြိုနေကြပြန်ပါတယ်။ အထူးသဖြင့် အမေအို တို့က မျက်ရည်များဖြင့် ဝမ်းသာစွာ ကြိုဆိုပြီး ပန်းကုံးများ ပန်းစည်းများ ပေးကြပါတယ်။


ရွာဦးကျောင်းမှာ ခဏ နားပြီး စီစဉ်စရာလေးတွေ စီစဉ်ပြီး အဝတ်အစားလဲကြပါတယ်။ ကချင်လုံချည် နှင့် အင်္ကျီဖြူ ပြောင်းဝတ်ကြပြီ ဗကသများအဖွဲ့ချုပ် စာတမ်းပါ ရင်ထိုးများကို ထိုးလိုက်ပြီးနောက် ရွာမှာ အရင် ရက်များကတည်း က ရောက်ရှိပြီး လယ်ယာသိမ်း တိုက်ပွဲကို ပါဝင်ဆောင်ရွက်နေတဲ့ ပြည်သူ့ အကျိုးဆောင်  ကွန်ယက်၊ နောက် ကိုဟန်ဝင်းအောင် နှင့် ရွာမှ ဦးဆောင်သူများနှင့် အတူ လယ်ယာသိမ်းပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းခံထားရသော တောင်ခြေ သို့ သွားရောက်ရန် ပြန်လည် ထွက်ခွာခဲ့ပါတယ်။ ညောင်ပင်ကြီး ကနေ တဆင့် ဆက်လက်ထွက်ခွာလာရာမှာ မုံရွာ-ပုသိမ်-ညောင်ပင်ကြီး-ကလေးဝ လမ်းခွဲ အရောက် လယ်သိမ်းခံတောင်ခြေသွားရာ အများ ပြည်သူပိုင်လမ်းမကြီး ဖြစ်တဲ့ ပုသိမ် လမ်းကြောင်းကို ကူညီပါရစေ ဆိုတဲ့ ရဲကိုကို တို့က ပိတ် စို့ထားပြီး ၊ သူတို့ နောက်မှာ တော့ ကားနီနီ များဖြင့် ဒိုင်းကိုင် လုံထိန်းများ ၊ ကုမ္ပဏိမှ ကားများ ရှိပါတယ်။ ဒေသခံတို့ ရဲ့ အဆိုအရ်း တစ်ရက်ကို ၂၀၀၀ကျပ် နဲ့ လုံထိန်းတွေ ကို ငှားရမ်းထားတယ် လို့ သိရပါတယ်။ အဲဒီ လမ်းဒေါင့်မှာလဲ မြန်မာဝမ်ပေါင် ကုမ္ပဏိ ရဲ့ ဝန်ထမ်း အိမ်ယာ တည်ရှိပါတယ်။



အဲဒါကြောင့် လမ်းဆုံမှာ ရပ်တန့်လိုက်ပြီး တောင်ခြေ ကို ဆက်မသွားနိုင်တော့လို့ တောင်ခြေမှာစောင့်နေတဲ့ အခြားရွာက လယ်ယာသိမ်း တိုက်ပွဲဝင်သူတွေ ဒီလမ်းဆုံရောက်အောင် လာချိန်ထိ စောင့်ဖို့ စီစဉ်ပါတယ်။ နောက် ညောင်ပင်ကြီး က လိုက်လာမယ့် သူတွေကို ထော်လာဂျီများနှင့် ပြန်ကြိုရန် လွတ်ပါတယ်။ သူတို့ လမ်းလျှောက်လာနေပြီ ဆိုတာ သတင်းက ရောက်မေပြီလေ။ မြန်အောင် ခေါ်ခိုင်းခြင်းဖြစ်သည်။ သူတို့ ရောက်လာပြီးမကြာမှီ တောင်ခြေ ဘက်မှ လည်း မရှေးမနှောင်း ရောက်လာလေသည်။

ရွာခံများ စီစဉ်ထားသော အခေါင်းများ ရောက်လာပြီးနောက် ထို အခေါင်းများတွင် ပုဒ်မ ၁၄၄ (၁)နှစ် ။
ဥိးပိုင် အသက် ( ၂၄) နှစ် ၊ ဦးတရုတ်ကြီး အသက် (၂၄ ) ဟု အသီးသီး ရေးထားသည်။ အစီအစဉ် အစ တွင်
ကိုဟန်ဝင်းအောင် မှ စတင် ပြောကြားပြီး နောက် ဗကသများ အဖွဲ့ချုပ်မှ ပြောကြားသည်။ ကျောင်းသားကွန်ရက် နှင့် ပြည်သူအကျိုးဆောင် ကွန်ယက်တို့ မှ ဆက်လက်ပြောကြားခဲ့ကြသည်။

ထိုနောက် ဒေသခံမျာစီစဉ်သော အမည် အသက်တပ်ထားသည့် အခေါင်းများကို မီးရှို့လျက် ကြွေးကြော်သ့များ တိုင်ခဲ့ပါတယ်။

အစီအစဉ် အပြီးမှာ ဗကသ ကျောင်းသားများ ဦးဆောင်ပြီး ခွပ်ဒေါင်းအလံ လွှင့်ထူလျက် ထမင်းရှင်ကျေးဇူးရှင် များဖြစ်တဲ့ ပြည်သူထဲက လယ်ယာရှင် တောင်သူဦးကြီးများ၏ ကြုံတွေနေရသော ဒုက္ခကို ပစ်ပယ်ထားခြင်းမရှိ ကျေးဇူးမကန်းဘူး... ကျောင်းသား ဆိုတာ တစ်သားတည်း ရပ်တယ် လို့ သက်သေထူ ဖွင့်ဆိုရင်း ညောင်ပင်ကြိးလမ်း အတိုင်း တစ်မိုင်ကျော် လမ်းလျှောက် ချီတက်ခဲ့ပါတယ်။ နောက်ဆုံးအစီအစဉ်လို့ ပြောရမယ့် အရာကတော့ ခေါင်းထဲ ဝင်လာတဲ့ အတွေး အတိုင်း လမ်းမှာရှိတဲ့ စေတီငယ်လေး မှာ ကျောင်းသားနှင့် ဒေသခံ လယ်သိမ်းခံများ စုပေါင်းပြီး ဝတ်ပြုဆုတောင်းခဲ့တာပါပဲ..။

သည့်နောက်မှာတော့ အောင်မြင်စွာ လမ်းခွဲပြီး ပြန်ကြပါတယ်။

ဤမျှသာ

ကိုဝိုင်ဝိုင်ကေ
၆-၉-၁၂
နံနက်(၂း၃၀)


















http://a1.sphotos.ak.fbcdn.net/hphotos-ak-snc7/s720x720/377591_331694120259496_1647435519_n.jpg

“သူ့ဘဝမှာ ပန်းချီကို စိတ်ဝင်စားပြီး ရေးဆွဲနေတဲ့ အချိန်က ကံအကောင်းဆုံးပဲလို့ မင်းကိုနိုင် ဖွင့်ဟ”

ဖခင်ဖြစ်သူ ပန်းချီဆရာကြီးဦးသက်ညွန့် ရဲ့ အနုပညာဗီဇသွေးဖြစ်သလို၊ အနုပညာနဲ့ ဆက်စပ်ပတ် သက်လာ ရင် ထက်ထက်သန်သန် ဝါသနာကြီးသူက ၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ပဲဖြစ်ပါတယ်ပန်းချီနဲ့ ပတ် သက်ပြီး စိတ်ဝင်စားမှုအတိုင်းအတာကို ၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင် ကို မေးကြည့်ဖြစ် ရာ“ကျွန်တော့်အဖေက ပန်းချီဆရာ။ ကျွန်တော်ပန်းချီဆေးတွေ၊စုတ်ခွက်တွေ၊ ကား ချပ်တွေကြားထဲမှာ ဝမ်းလျားထိုးပြီး ကြီးပြင်း လာခဲ့တာပါ။ အရင်ဆုံးစပြီး ဝမ်းလျားထိုးပြီး လက်နဲ့လျှောက် ဆွဲတဲ့အခါမှာ ဆေးခွက်ကြီး ကို ဆွဲမိတယ်။ ပြီးတော့ ပါးစပ်ထဲသွားထိုး လိုက်တယ်။ လူကြီးတွေ ပြန်ပြောပြ တာပေါ့။ ပါးစပ်တွေမှာ ဆေးတွေ ပေကျံပြီး ကျွန်တော် တပြွတ်ပြွတ်နဲ့စုပ်နေတာပေါ့။ အဲဒီမှာ ပန်းချီ နဲ့စ သိတာပေါ့။ ပန်းချီဆိုတာအရသာရှိတယ် ဆိုတာကျွန်တော်သိသွားပြီ။ နည်းနည်း နား ထောင်တတ်တဲ့ အရွယ်ရောက်လာ တော့အဖေနဲ့အဖေရဲ့ဆရာတွေ၊အဖေ့ရဲ့ တပည့်တွေ အဖေနဲ့ ခေတ်ပြိုင်တွေအဲဒီမျိုး ဆက်၃ခုလုံးက ပန်းချီရဲ့ သီအိုရီတွေကို ကျွန် တော်နားရည်ဝသွား တယ်။ကျကျနနသင်ယူရ တယ်လို့တော့ မခံစားနိုင်ဘူး။ အိမ်နားမှာ ပန်းချီကျော်သောင်းတို့၊ ပန်းချီဝသုန်တို့ရှိ တယ်။ အထူးသဖြင့် ကိုကျော်သောင်းတို့ ဆရာဝသုန်တို့က လက်ဖက်ရည် ဆိုင်မှာ ပန်းချီအကြောင်း ထိုင်ပြောကြတယ်။ ကျွန် တော်က သူတို့ခပ်လှမ်းလှမ်းက ထိုင်နား ထောင်တာပေါ့။ ဆရာဝသုန့်အိမ်ကို သွားပြီး ပန်းချီကိုသင်တယ်။ ဆရာကပြောတယ်။ မင်း အဖေရှိရဲ့သားနဲ့ မင်းကလုပ်ပြန်ပြီလို့ ပြော တယ်။ ကျွန်တော်က မတူကွဲပြားတဲ့ ရေးဟန် တွေ၊အယူအဆတွေကိုလိုချင်တယ်ပေါ့။ ကျွန် တော့်အပေါ် အင်မတန်ကောင်းခဲ့ပါတယ်။စိတ်ရှည်လွန်းလို့ ကျွန်တော်ကတောင် ပြန်ပြီး စိတ်မရှည်ရတဲ့ ဆရာမျိုးပါ”လို့ပြော ပါတယ်။

 ယုံကြည်ချက်ကြောင့် အကျဉ်းထောင် ထဲမှာ အကျဉ်းခံနေစဉ် မှာပန်းချီရေးဆွဲဖြစ် လား ဆိုတာကိုမေးကြည့်တော့ “ပထမ ဆုံးရေညှိနဲ့ ကျွန်တော်အိပ်တဲ့ နံရံလေးဘေးမှာ ဖွက်ပြီးဆွဲရ တာ။ ပုန်းလျှိုးကွယ်လျှိုးဆွဲရတာ။ ရေညှိနည်း နည်းသွားခြစ်လာတယ်။ ပဲဟင်းထဲမှာပါတဲ့ နနွင်းတောင့်လေးတွေ အဲဒါအဝါဖြစ်သွား တာပေါ့။ အုတ်ခဲအကျိုးလေးတွေ သွေးပြီးအနီ ရောင်ရတယ်ပေါ့။ အဲဒါဝါစိမ်းနီသုံးမျိုးနဲ့ပဲစဆွဲခဲ့တာပဲ။ နံရံပေါ်မှာဆွဲတော့ အဲဒီမှာပဲကျန် ခဲ့တာပေါ့။ထောင်ကနောက်ဆုံး အခေါက် လွတ် ခါနီးမှာပန်းချီဆွဲ ခွင့်တရားဝင်ရသွားတယ်။ အဲဒီပန်းချီကားတွေသတ်သတ်ရှိပါတယ်။ အဲ ဒီမှာလည်း ပုဂံက ဓာတ်ပုံတွေ၊အိမ်ကပို့လိုက် တာတွေ ကျွန်တော်ဆွဲ ခဲ့တာတွေရှိတယ်။ ဘဝမှာ အဲဒီလိုတစ်ခါမှမဆွဲဖူးဘူး။ ရောက်နေ တာကလည်းပုဂံမှာ၊ အဲဒါနဲ့ပုဂံက ပန်းချီဆရာ တစ် ယောက်ဆီကနေ ကိရိယာတွေတောင်း ပြီး တော့ နောက်နေ့ မနက်ထနိုင်သမျှစောစောထ ပြီးသွားဆွဲတယ်။ ညကလည်း ပင်ပန်းထားတော့ မထနိုင်ဘူး။ ပင်ပန်းရကျိုးနပ်ပါတယ်။ လိုက် ပို့တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်စရာ ကောင်းတာပေါ့။ သူတို့ကိုယ်တိုင်ကကျွန်တော့် ကို ပန်းချီဆွဲစေချင်တဲ့အခါ ဘုရားပေါ်တက် တယ်။ နေရောင်ရဲ့ သဘာဝဟာ တက်နေက နုတယ်ဗျ။ နေရင့်သွားရင် သွားပြီဗျ။မြင်ကွင်းက အရောင်းစူးသွားပြီဆိုရင် ကျွန်တော်တို့ အသည်းနှလုံးကို မကိုင်လှုပ်နိုင်တော့ဘူး။ တိမ်ကြားထဲမှာရှိနေ တဲ့ အသွေးတွေနဲ့ပေါင်း လိုက်တော့ ပုဂံက ပိုလှသွားတယ်။ အဲဒီအချိန် ကို လုပြီးဆွဲရတာဆိုတော့ အပြည့်တော့ မရ လိုက်ဘူး။ ဒါဘဝပါပဲဗျာ။ ဘဝမှာ အပြည့်ရ တယ်ဆိုတာ မရှိပါဘူး။မစို့မပို့လေးရတာကိုပဲ ကျွန်တော်တို့ ကျေနပ်ရတာပါ။ ပန်းချီမှာလည်း ဒီလိုပဲဖြစ်သွားမှာပါ။ ကဗျာတွေရေး၊ သီချင်းတွေရေးတယ်။ နာမည်ပေးတာက တစ်ခါပဲလှိုက်လှိုက်လှဲလှဲထွက်လာရင်ကောင်း တယ်။ မဖြစ်မနေဆိုရင် ဘယ်လိုနည်းနဲ့မှ မကောင်းနိုင်တော့ဘူး။ တစ်ခါတစ်ရံကျရင် နာမည်ကတောင် အရင်ရနေသေးတယ်။ ဒီ ပန်းချီကားလည်းထွေထွေထူးထူး နာမည်ပေး ဖို့မစဉ်းစားထားပါဘူး။ တိုက်ဆိုင်ရင် စိတ် ထဲမှာခလုတ်တိုက်သွားတဲ့ နေ့ကတော့ နာ မည်ပေးဖြစ်မှာပါ။ သကအိသသမ ပန်းဘွဲ့ဆွဲရတာ ဘယ်အရသာနဲ့မှ မလဲနိုင်ဘူးဗျ။ ဘဝမှာ တခြားအရသာတွေ တော်တော်ကြုံခဲ့ပြီးပြီ။ လူတစ်ယောက် ဟာသူ့ဘဝမှာ ပန်းချီကို ဝါသနာပါ၊ ပန်းချီလည်း ဆွဲနေတယ်ဆိုရင်သူ့ဘဝ မှာကံအကောင်းဆုံးအချိန်ပဲ။ သာမန် လောကီသားတွေရတတ်တဲ့ သမာဓိမျိုးသူ့ဆီ မှာရှိတယ်။စိတ်နှစ်ပြီးငြိ မသွားတဲ့အငြိမ်ရယ်၊ ရေစီးထဲကို တငြိမ့်ငြိမ့်ပြောသွားတာမျိုးပန်းချီ မှာပဲတွေ့ဖူးတယ်။ သီချင်း လည်းစပ်ခဲ့ဖူးတယ်။ပန်းချီ လောက် အရ သာတွေ့တာ မျိုး တစ်ခါမှမကြုံဖူးဘူး။ပန်းချီဟာ ဓျာန် ဝင်စားမှုမှာ တော့တော်တော် အဆင့် မြင့်တယ်ဆိုတာ ပိုသိလာတယ်” လို့ ရှင်းပြပါတယ်။

ရင်းမြစ်.. ပေါ်ပြူလာဂျာနယ်

ယနေ့ထုတ် ကြေးမုံသတင်းစာ မှ ထုတ်ပြန်ကြေငြာချက်

ဇယား ၃ နဲ့ ငြိနေတဲ့ ဦးအောင်သိန်းလင်း




ဒီတပတ် တနင်္လာနေ့လွှတ်တော်မှာ ဦးအောင်သိန်းလင်းရဲ့ စားကျက်မြေဆိုင်ရာ အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အမတ်တွေ၊ ဒီမိုကရက်တစ်ပါတီအမတ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ထိုင်နေခြင်းဖြင့် ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်မှာ အင်အားအများဆုံးဖြစ်တဲ့ ကြံ့ဖွံ့ပါတီအမတ်တွေက ထောက်ခံတဲ့အတွက် မဲအများဆုံးရပြီး ပြည်သူ့လွှတ်တော်က ဒါကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့က ဘာကြောင့် ကန့်ကွက်ရပါသလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ဦးအောင်သိန်းလင်းအဆိုက "တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ ကုမဏီအမည်ဖောက်၍လည်းကောင်း ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမဏီများမှ သီးစားခရယူနေခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေကို အမှန်တကယ် လုပ်ကိုင်နေသူများ လယ်သမားများကိုသာ ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" တဲ့။

စာစီထားတာ ဖတ်ကြည့်ရင်တော့ လယ်သမားတွေအတွက် ရှေ့ရှုတင်တဲ့အဆိုလို့ ထင်ရပါတယ်။ ဒါပေမယ့် နောက်ကွယ်က ၀ှက်ဖဲကိုလည်း သံသယ ရှိနေကြတာပေါ့လေ။

သုံးသပ်သူတချို့ကတော့ တောင်ဥက္ကလာပအမတ် ဦးအောင်သိန်းလင်းက သူ့သိက္ခာပြန်ဆယ်ချင်လို့ လယ်သမားအရေးဆိုင်ရာ အဆိုကို တင်တယ်လို့လည်း မြင်ကြတယ်။ တကယ်သာ ဒီအဆိုကို လက်ခံဆွေးနွေးပီး ဥပဒေဘာညာ ထွက်လာရင် ဦးပိုင်အမည်ပေါက် ဟာ တကယ့်လယ်သမားတွေနာမည် ဖြစ်ဖို့တော့ သတိထားသင့်တယ်လို့ သုံးသပ်ကြတယ်။

ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးကြည့်တဲ့အခါကျတော့ သူ့အဆိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၃ နဲ့ ငြိနေလို့ပါတဲ့။

ကဲ ... လာပြန်ပြီ။ ဖွဲ့စည်းပုံနဲ့ ငြိတဲ့ နောက်တခု။ ဘယ်လိုငြိတာပါလဲ။

ဇယား ၃ ပါ ဥပဒေပြုစာရင်းတွေထဲမှာ စားကျက်မြေများထိန်းသိမ်းရေး နဲ့ဆိုင်တာ ဥပဒေပြုရမှာ ပါပါတယ်။ ပုဒ်မ ၁၉၆ အတိုင်းဆိုရင် ဇယား ၃ ပါ ဥပဒေပြုစာရင်းကို ဥပဒေပြုခွင့်ရှိသူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသ ဦးစီးအဖွဲ့၊ တိုင်းနဲ့ဒေသကြီးလွှတ်တော်တွေက ဖြစ်ပါတယ်။

ပြည်နယ် တိုင်းလွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်အာဏာကို ပြည်သူ့လွှတ်တော်က ဥပဒေပြုဖို့ တင်တဲ့အမတ်က တင်တယ်။ ဆွေးနွေးဖို့လည်း ထောက်ခံတယ်ဆိုတော့ ဗိုလ်ပြုတ် အမတ်တွေ ကိုယ့်ခေါင်းဆောင်ကြီးရေးခဲ့တဲ့ ဖွဲ့စည်းပုံကို ဆန့်ကျင်တာလား။ တိုင်း၊ ဒေသတွေရဲ့ ဥပဒေပြုရေး အာဏာကို စွက်ဖက်ချင်တာလား။ ဒါမှမဟုတ် ဖွဲ့စည်းပုံမှာ ပါတာတွေ သေချာ မလေ့လာဘဲ ပြည်သူ့အကျိုးပြုသယောင်ယောင် ပြည်သူကို ဆွယ်ချင်တာလား။

၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား ၃ ကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။

ဇယား ၃

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း
(ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်)

၁။ မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ
၂။ လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
၂။ ပြည်သူ့ကျန်းမာရေး
၎။ စည်ပင်သာယာရေးလုပ်ငန်း၊
၅။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
၆။ စားကျက်မြေများ ထိန်းသိမ်းရေး
၇။ သစ်တော်များ ကာကွယ်ထိန်းသိမ်းရေး
၈။ ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၉။ မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စ၊
၁၀၊ မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာကိစ္စ၊

ပုဒ်မ ၁၉၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့ တိုင်း သို့မဟုတ် ဒေသအတွက် ဇယား ၃ တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့်အာဏာများကို ခွဲဝေအပ်နှင်းသည်။
 

05 September 2012

ခရမ်းမြို့နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ၊ ခရမ်းမြို့အရှေ့ခြမ်းအမတ် ဦးမြင့်ဦး၏ လယ်သမားများအားခွဲခြားဆက်ဆံခြင်း (သို့မဟုတ် ) ဒုက္ခကြားကရင်ဖွင့်သံများ

ကြံ့ခိုင်ရေးပါတီမှ လယ်သမားများအား တစ်ဧကလျှင် ကျပ် ( ၁၅၀၀၀ ) ကိုအတိုးနှုန်း (၂) ကျပ် ဖြင့် ထုတ်ချေးခဲ့ပါသည် ..။လယ်သမားများအနေဖြင့်ပြီးခဲ့သောနှစ်တွင် စပါးဈေး ၊ ပဲဈေး များ မကောင်းခြင်း ၊ သီးနှံအထွက်မကောင်းခြင်း ၊ ယခုနှစ်တွင် ရေကြီးသောကြောင့် လယ်ယာမြေများ ပျက်စီးခြင်းစသော ဒုက္ခပေါင်းစုံကြုံတွေ့ရသောကြောင့် ချေးငွေအား ပြန်မဆပ်နိုင်ခဲ့ကြပါ။ 

ထို့ကြောင့် ယနေ့ 5.9.2012 နေ့တွင် ကျေးရွာ ( ၂၆ ) ရွာမှလယ်သမားများအား ဆင့်ခေါ်ပြီး ချေးငွေများ ပေးဆပ်ရန် ပြောကြားခဲ့ပါသည် ။ထိုသို့ပြောကြားရာတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ လယ်သမားများအားနှစ်မျိုးခွဲထားကြောင်း (၁) NLD ပါတီဝင် လယ်သမားနှင့် (၂) ပါတီဝင်မဟုတ်သော လယ်သမားဟူ၍ ရှိကြောင်း ။ NLD ပါတီဝင် လယ်သမားများအနေဖြင့် (၁၆.၉.၂၀၁၂ ) နောက်ဆုံးထားပြီး ချေးငွေ ဆပ်ရမည်ဖြစ်ကြောင်း မဆပ်နိုင်ပါကတရား စွဲမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည် ။ ပါတီဝင်မဟုတ်သောလယ်သမားများ အနေဖြင့် မိမိတို့နှင့် လာရောက် ညှိနှိုင်း နိုင်ပါကြောင်းစသည်ဖြင့် ပြောဆိုခဲ့သည် ။ ချေးငွေ မဆပ်နိုင်ခြင်းကို အခွင့်ကောင်းယူကာNLD ပါတီဝင်များအား နှိပ့်ချခွဲခြား ဆက်ဆံလိုက်ခြင်းဖြစ်ပါသည် ..။ယခုလက်ရှိတွင် ကြံ့ခိုင်ရေးပါတီသည် အစိုးရဖြစ်နေသောကြောင့် ပါတီစွဲမထားသင့်ပါ ။ အားလုံးသော လယ်သမားများအား ပြည်သူများအနေဖြင့်ရှုမြင်သင့်ပါသည် ။ ထိုသို့ ခွဲခြားဆက်ဆံခြင်းသည် အစိုးရတရပ် လုပ်သင့်သောကိစ္စများ မဟုတ်ပါ ။ လုပ်လဲမလုပ်သင့်ကြောင်းကို သမ္မတကြီးနှင့်တကွသက်ဆိုင်ရာ ၀န်ကြီးများ သိစေရန် တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျား ..။


    ဒုက္ခတောမှ လယ်သမားများ

နိုင်ငံတော်သမတ ကလျာထားသော ပြည်ထောင်စုဝန်ကြီးများစာရင်း


(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို
(၃) နယ်စပ်ရေးရာ ၀န်ကြီးဌာန - ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး
(၄) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်
(၅) ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်
(၆) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ...
- ဦးမြင့်လှိုင်
(၇) ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီး - ဦးဝင်းရှိန်
(၈) ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးကျော်လွင်
(၉) အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာကံဇော်
(၁၀) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး - ဦးဝင်းမြင့်
(၁၁) ဆက်သွယ်ရေးနှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းထွန်း
(၁၂) သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီးဌာန ၀န်ကြီး - ဦးဝင်းထွန်း
(၁၃) မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီး - ဦးအုန်းမြင့်
(၁၄) သတ္ထုတွင်းဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြင့်အောင်
(၁၅) သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး - ဦးကျော်ဆန်း
(၁၆) အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး- ဦးမောင်မြင့်
(၁၇) ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးညဏ်ထွန်းအောင်
(၁၈) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး- ဦးဌေးအောင်
(၁၉) စက်မှုဝန်ကြီးဌာန ၀န်ကြီး - ဦးအေးမြင့်
(၂၀) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်စိုး
(၂၁) ကျမ်းမာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာဖေသက်ခင်
(၂၂) ပညာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြအေး
(၂၃) သာသနာရေးဝန်ကြီးဌာန ၀န်ကြီး - သူရဦးမြင့်မောင်
(၂၄) သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာ ကိုကိုဦး
(၂၅) အားကစားဝန်ကြီးဌာန ၀န်ကြီး -ဦးတင့်ဆန်း
(၂၆) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
(၂၇) ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဗိုလ်ချုပ် ဇေယျာအောင်
(၂၈) စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး - ဦးသန်းဋ္ဌေး
(၂၉) ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး- ဦးအေးမြင့်ကြူ
(၃၀) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး- ဦးခင်ရီ
(၃၁) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၁) - ဦးသိန်းညွန့်
(၃၂) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၂) - ဦးစိုးမောင်
(၃၃) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၃) - ဦးစိုးသိန်း
(၃၄) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၄)- ဦးအောင်မင်း
(၃၅) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၅)- ဦးလှထွန်း
(၃၆) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၆) - ဦးတင်နိုင်သိန်း
(၃၇) ပြည်ထောင်စု စာရင်းစစ်ချုပ် - ဦးသိန်းထိုက်

သတင်း...Yangon Media Group

တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ဒီမိုကရေစီခိုင်မာရေးကို ဦးတည်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ပြည်သူများအား ဒီမိုကရေစီ ခိုင်မာရေးကိုသာ ဦးတည်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒီမိုကရေစီ အရွယ်ရောက် ခိုင်မာလာပါက ဒီမိုကရေစီခေါင်းဆောင်များ မလိုအပ်တော့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာကပင် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဟု သတ်မှတ်ခံရသော ဒေါ်အောင်ဆန်းစုကြည်က... စက်တင်ဘာ ၁ ရက်၊ နေ့လယ်ပိုင်းက ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် ဒေသခံများ အား ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ ရေဘေးဒဏ်သင့် ရပ်ကွက်တချို့သို့ သွားရောက်ကာ ကျန်းမာရေးရန်ပုံငွေအတွက် မတည်ငွေ ကျပ်သိန်း ၂၀ ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒေသခံများ တင်ပြကြသည့် လိုအပ်ချက်များကို နားထောင်ကာ ပြန်လည်ဆွေးနွေးခဲ့သည်။ ပုသိမ်မြို့နယ် အင်န်အယ်လ်ဒီရုံးချုပ်ရှေ့ရှိ ဒေသခံလူထုများအား မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းဟောပြော သွားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ကနေပြီး ပြည်သူတွေကို အားလုံး ဒို့ပဲ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ဘယ်တော့မှ မလုပ်ဘူး။ အဲဒီလို လုပ်ပေးမယ်ဆိုရင် ပြည်သူတွေက ဘယ်တတ်တော့မလဲ။ ကျွန်မတို့ ပြည်သူတွေကို သန်မာစေချင်တယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်စေချင်တယ်။ မိဘကောင်းတွေက သားသမီးတွေကို သူတို့ကို အားကိုးစရာ မလိုတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် လုပ်ပေးရမယ်။ ငါတို့ကိုပဲ အားကိုးစေချင်တယ်ဆိုရင် စစ်မှန်တဲ့မေတ္တာ မဟုတ်တော့ဘူး။ ဒါအတ္တပဲ။ ပြည်သူပြည်သားတွေကို ဒီမိုကရေစီ အရွယ်ရောက်အောင် ကျွန်မတို့က အမြန်ဆုံးတွန်းပို့ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေက ဒီမိုကရေစီ အရွယ်ရောက်သွားလို့ရှိရင် ဒီမိုကရေစီခေါင်းဆောင်တွေကို မလိုအပ်တော့ဘူး။ ကိုယ့်ဘာသာကိုယ် လုပ်နိုင်တဲ့ အခြေအနေ ဖြစ်သွားမယ်။ ငါတစ်ယောက်တည်း အမြဲနေရာမှာ ရှိရေးအတွက်ဆိုပြီး လုပ်နေတဲ့ပုံနဲ့ဆိုရင်တော့ ကျွန်မတို့ပြည်သူတွေဟာ ဒီမိုကရေစီအတွက် ခိုင်မာတဲ့ အခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး”ဟု ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားနှင့် ပတ်သက်၍ သတင်းစာဆရာ ဦးရဲနိုင်မိုးက “ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ခေါင်းဆောင်တွေအပေါ်မှာ မှီခိုဖို့ မလိုတော့ဘူး။ ဒါဟာ ခေါင်းဆောင်တွေမှ မဟုတ်ဘူး။ အစိုးရကလည်း ဒီအတိုင်းပဲ။ တကယ့် မှန်ကန်တဲ့စနစ်မှာ အစိုးရရဲ့ အခန်းကဏ္ဍဟာ မကြီးမားတော့ဘူး။ ဘာလို့လဲဆိုတော့ စနစ်က မှန်ကန်သွားပြီ။ လူတွေက ရင့်ကျက်သွားပြီ။ ပုံမှန်လည်ပတ်သွားပြီပေါ့။ နိုင်ငံရေးပညာရှင်တချို့ ပြောတာရှိတယ်။ ရှိမှန်းမသိတဲ့ အစိုးရက အကောင်းဆုံးအစိုးရလို့။ တစ်ခုပဲ စိုးရိမ်ပူပန်စရာ ရှိတာက အဲဒီစနစ်ကလည်း မမှန်သေးဘူး။ ပြည်သူအများစုကလည်း ဒီမိုကရေစီ ရင့်ကျက်မှု ကျင့်သားမရသေးဘူး။ လူ့အဖွဲ့အစည်းက စနစ်နဲ့ကျင့်သားမှန်ကန်မှု မရှိသေးတဲ့အချိန်မှာ ခေါင်းဆောင်တွေ ဆုံးရှုံးသွားမယ် ဆိုရင်တော့ အဲဒါကြောက်စရာ ကောင်းပါတယ်”ဟု မှတ်ချက်ပေးသည်။

“အခု ဒေါ်အောင်ဆန်းစုကြည် လျှောက်တဲ့ပုံစံကို ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် ပိုပြီးရင့်ကျက်လာတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ တစ်ခုပဲ စိုးရိမ်ပူပန်မှုက အဖွဲ့အစည်းဆိုတဲ့ ရှုထောင့်နဲ့ ကြည့်မယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူတစ်ဦးအပေါ်မှာ မှီခိုနေရမှုက များတယ်လို့ မြင်တယ်”ဟု ဦးရဲနိုင်မိုးက ဆက်လက်ပြောသည်။

ပုသိမ်မြို့သို့ စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် ရေဘေးသင့် ရပ်ကွက်များတွင် ပါဝင်သော အမှတ်(၁၂) ရေကြည်ဦးရပ်ကွက်နှင့် အမှတ်(၁၄) ဥမ္မာဒန္တီရပ်ကွက်တို့သို့ သွားရောက်ခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ၏ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျန်းမာရေး ရန်ပုံငွေအတွက် ငွေကျပ်ဆယ်သိန်းစီကို မတည်ပေးခဲ့ပြီး ရန်ပုံငွေထိန်း သိမ်းရေး ကော်မတီ များကိုလည်း ဖွဲ့စည်းပေးခဲ့သည်။

“အဓိကက ပိုက်ဆံမဟုတ်ပါဘူး။ ဒီရန်ပုံငွေကို ဘယ်လိုထိန်းသိမ်းမယ်။ ဘယ်လိုသုံးမယ်ဆိုတာပဲ။ ဒီရန်ပုံငွေလေးကို ထိန်းသိမ်းပြီးတော့ တကယ်လိုအပ်တဲ့ သူတွေကို ဘယ်သူ့ကို ဘယ်လောက်ပေးမယ်။ ဘာအတွက်ပေးမယ်။ အဲဒီလို လုပ်တတ်ကိုင်တတ်အောင်လို့ပါ။ ဒီရန်ပုံငွေဟာ အရေးပေါ် ရန်ပုံငွေဆိုတော့ နောက်ကုန်သွားမှာပဲ။ ကုန်သွားပေမယ့်လည်း ဒီရန်ပုံငွေကို ထိန်းသိမ်းသုံးစွဲတဲ့နေရာမှာ ရသွားတဲ့ အတွေ့အကြုံတွေကတော့ ကုန်သွားပျောက်သွားမှာ မဟုတ်ဘူး။ ကိုယ့်ရပ်ရွာအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အသုံးဝင်မယ့် အတွေ့အကြုံတွေ ဖြစ်ပါတယ်”ဟု သူမ ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရေဘေးသင့် ပြည်သူများ တွေ့ဆုံရာတွင် ရေကြီးရခြင်းအကြောင်းအရင်းများနှင့် လတ်တလော ကြုံတွေ့နေရသော ကျန်းမာရေးအပါအ၀င် အခက်အခဲပြဿနာများကို တင်ပြခဲ့ကြကြောင်း သိရသည်။
 
သတင်း...  7Day News Journal

၅-၉-၂၀၁၂ နေ့ နံနက် ၁၀း၃၀ နာရီတွင် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Dean Rohrabecher နှင့်အဖွဲ့သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ

၅-၉-၂၀၁၂ နေ့ နံနက် ၁၀း၃၀ နာရီတွင် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Dean Rohrabecher နှင့်အဖွဲ့သည်NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်နေအိမ်တွင်
လာရောက်တွေ့ဆုံခဲ့ပါသည်။။

 ဓာတ်ပုံ...ကိုဆန်နီ

ကလေးသူငယ်များအား လွန်မင်းစွာရိုက်နှက်ခြင်းကိစ္စ အရေးယူပေးပါရန်

 

 

မြောက်ဥက္ကလာပ၊ အမှတ် (၆) အခြေခံပညာ အလယ်တန်းကျောင်းတွင် သူငယ်တန်း ကလေးတစ်ဦးအတွက် ရိုးရိုးကျူရှင် တစ်လလျှင် ငါးထောင်ကျပ်၊ ရှယ်တစ်လလျှင် တစ်သောင်းကျပ်တို့ဖြင့် အတန်းပိုင်အသီးသီးတို့မှ ရပ်ကွက်အတွင်း အိမ်ခန်းငှား၍ သင်ကြားခြင်းမှာ ပညာရေးလောကအတွက် လွန်စွာ ရုပ်ဆိုးလှပါသည်။ ကျောင်းအုပ်ဆရာမကြီးမှလည်း ၎င်းကျူရှင်ကိစ္စမှာ ဝန်ထမ်းများ ဝမ်းစာဖူလုံမှုမရှိ၍ ပညာရေးဝန်ကြီး ကိုယ်တိုင်ကပင် သိပါလျှက် မျက်ကွယ်ပြုထားရကြောင်း ပြောဆိုခဲ့ပြီး ကျူရှင်မတက်နိုင်သော ကလေးများအား ယခုကဲ့သို့ မဲ၍ရိုက်တတ်ပါသည်။ ( ဦးမျိုးအောင် - မမြသဇင်ခိုင်၏ဖခင်)

သတင်း... လမ်းပြကြယ်

ပြဋ္ဌာန်းဥပဒေများ သဘောမတူသည့်အတွက် NLD ပါတီအား ရွေးကောက်ပွဲကော်မရှင် ခေါ်ယူတွေ့ဆုံ


လက်ရှိ ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများလိုက်နာရန် ဥပဒေပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ သဘောတူညီမှုမရှိကြောင်း စာတင်ခဲ့သည့်အတွက် ပြည်ထောင်စု ရွေးကောက် ပွဲကော်မ ရှင်မှ NLD ပါတီမှ တာဝန်ရှိသူများအား သြဂုတ်လ ၃၁ ရက်နေ့ တွင် နေပြည်တော်သို့ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။
“ခုလို ခေါ်ယူတွေ့ဆုံတာပာာ NLD ပါတီရဲ့ လက်ရှိလှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေအတွက်လည်းပါတယ်။ ပြီးတော့ နိုင်ငံရေးပါတီတွေအတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ကျွန်တော်တို့ပါတီက သဘောမတူပါဘူးလို့ စာတင်ခဲ့လို့ပါ။ ဒီဥပဒေရဲ့ တစ်ချို့အချက်တွေကို လက်ခံနိုင်ပေမယ့် တစ်ချို့ အချက်တွေကိုတော့ လက်မခံနိုင်ပါဘူး။ ဒါကြောင့် ကော်မရှင်ကို လက်မခံနိုင်ကြောင်း စာတင်ခဲ့တာပါ”ပာု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတွေ့ဆုံပွဲတွင် NLD ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ အမြင်မတူညီမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ပြီး တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိဘဲ ပြဋ္ဌာန်းဥပဒေ များနှင့်ပတ်သက်၍သာ နှစ်ဖက်အမြင်များကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။

သတင်း..... yangonchronicle

ထွက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းဦးစားပေးသုံးစွဲရန် စွမ်းအင်ဝန်ကြီး ကတိပေး

 မြန်မာနိုင်ငံအတွင်း ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ကို ပြည်ပသို့ ရောင်းချတော့ မည်မပာုတ်ဘဲ ပြည်တွင်း၌သာ ဦးစားပေး သုံးစွဲ သွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “ကျွန်တော်တို့ဆီကထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ပြည်ပကို သိပ်မရောင်းတော့ ပါဘူး။ ပြည်တွင်းမှာပဲ အဓိကသုံးစွဲသွားမှာပါ။ အရင် တုန်း ကတော့ ပြည်တွင်းဓာတ်ငွေ့လိုအပ် ချက်မရှိသေးလို့ တရုတ်ကို ရောင်းစားခဲ့တာပါ။

 ပြည်တွင်းမှာသုံးစွဲလို့ ပိုလျှံနေရင်တောင် တန်ဖိုးမြှင့်ထုတ်ကုန် တွေ ထုတ်လုပ်သွးမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ လက်ရှိ ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ် လုပ်ရေး စွမ်းအင်ကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုထုတ်လုပ်နိုင်ရန် ကုန်းတွင်း ရေနံလုပ်ကွက်များတွင် နိုင်ငံတကာတင်ဒါစနစ်ဖြင့် လုပ်ငန်းရှင်များအား စိစစ်ရွေးချယ်လုပ်ကိုင်ခွင့်ပြုထားပြီး အဆိုပြုချက်များအနက် နိုင်ငံနှင့်ပြည်သူ များအတွက် ရည်ရွယ်၍ နိုင်ငံအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုမိုရရှိနိုင်စေရန် တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ “ရန်ကုန်မြို့အနီးက M-3 လုပ်ကွက်မှာ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ထိုင်းနိုင်ငံက PTTE ကုမ္ပဏီတို့ ပူးပေါင်း ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

 ဒီလုပ်ကွက်က ထွက်လာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်ပကို လုံးဝ မရောင်းပါနဲ့ ပြည်တွင်းမှာ လိုအပ်တဲ့ စွမ်းအင်ကဏ္ဍတွေအတွက်ပဲ သုံးစွဲသွားမှာပါ”ပာု စွမ်းအင်ဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထို့ပြင် ရခိုင်ကမ်းလွန်ဒေသရှိ လုပ်ကွက် A-1 နှင့် A-3 တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း မှ ထွက်ရှိသော ဓာတ်ငွေ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် အဓိက သုံးစွဲသွားမည်ဖြစ်ပြီး ရဲတံခွန်စီမံကိန်းမှ ထုတ်လုပ်မည့် သဘာဝ ဓာတ်ငွေ့နှင့်အတူ ထွက်ရှိလာမည့် အပေါ့စားရေနံ (Condesate)ကိုလည်း ပြည်တွင်း၌ချက်လုပ်၍ ပြည်သူများအသုံးပြုနိုင်စေရန် ဆောင်ရွက်သွားမည်
 ဖြစ်ကြောင်း သိရသည်။ 

သတင်:မြန်မာပို့စ်

04 September 2012

ယနေ့ ညနေတွင် တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စ မေတေး ကိုအားနေ မာရှာဘာနေ နှင့်အဖွဲ့သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံ


၎-၉-၂၀၁၂ ညနေ ၃း၃၀ နာရီတွင် တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စ မေတေး ကိုအားနေ မာရှာဘာနေ နှင့်အဖွဲ့သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား နေပြည်တော်ရှိ သူမ၏ နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်.။။

ဓာတ်ပုံ.. ကိုဆန်နီ

ABSDF ဗဟို ဥက္ကဋ္ဌ ဟောင်းများ မြန်မာနိုင်ငံ တွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန် ကြိုးပမ်း


မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်တွက် အမြဲတမ်းနေ ထိုင် ခွင့် PR (Permanent Resident ) ရ ရှိအောင် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း လက်ရှိ အမေရိကန် နိုင်ငံ သား ခံယူထားသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်သော ဦးမိုးသီးဇွန် နှင့် ဦးထွန်းအောင်ကျော် တို့ က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်တွင် စက်တင်ဘာလ ၃ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော် တို့ အခုလာရတာ ဗီဇာက ၂၁ ရက် ပဲ ရတယ် ။အဲ့ဒီ အချိန်နဲ့ ကျွနတော် လုပ် ချင်တာ တွေ မလုပ် နိုင်ဘူးဆိုတာလည်း ကျွန်တော် တို့ သိတယ်။ အမြဲ တမ်း နေ ထိုင် ခွင့် ရဖို့ တွက် အစိုးရ ပေါ် မူတည်ပါတယ် “ဟု ဦးထွန်းအောင်ကျော် ကပြော ဆိုသည်။

ABSDF အဖွဲ့ ဝင်များ သည် လက်နက် ကိုင် တပ် ဖွဲ့ ဝင် များ၊ တိုင်း ရင်း သား လက်နက် ကိုင်ခေါင်း ဆောင်၏ များ ပြသနာ၊ အခက်ခဲများ နှင့် အစိုး ရအပေါ် ထားရှိ သည့် သဘော ထာား ကို နား လည် သိရှိ သော ကြောင့် ပြည် တွင်း စစ် ရပ် ဆဲရေး နှင့် ငြိမ်း ချမ်း ရေး လုပ် ငန်း စဉ်များတွင် ဝင်ရောက် ကူညီ လုပ် ကိုင် ရန် မြန် သို့ ပြန်လည်ရောက် ရှိ လာခြင်းဖြစ်ကြောင်း ဦးမိုးသီးဇွန် ကပြောသည်။

ပြည်ပ မှာရှိတဲ့ အတိုက်ခံများပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေး ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆက်လက်ပြောကြားခဲ့သည်။

အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ်ခံထားရသူများကို စာရင်းမှပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟို ဥက္ကဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ဦးမိုးသီးဇွန်နှင့် ဦးထွန်းအောင်ကျော်တို့ ၉ဦးအဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင် ဘာလ၁ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့ကြသည်။
 
သတင်း... The Voice Weekly

"ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်"

ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့် မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။ ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့် တပ်မတော် သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။ 

 ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ် စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်း လက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။ " ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်" ဟု ဥက္ကဌ က ပြောကြားသည်။ 

အဆိုမှာ " တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" အဆိုဖြစ်သည်။

 ပုံစာ - ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို မတ်တပ်ရပ်နေ သူများမှာ ထောက်ခံ ဆန္ဒပြုကြသူများဖြစ်ပါသည်။ 

 
သတင်း...Popular Myanmar News Journal

02 September 2012

ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပမည်

လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဒုတိယအကြိမ်ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အစိုးရသစ်တက်ပြီးနောက်ပိုင်း ဒုတိယအကြိမ် ကျင်းပတာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာလ ၁၅ရက်နေ့တုန်းကလည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ အဲ့ဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေရှိတဲ့ နိုင်ငံရေးပါတီတွေကိုပဲ ဖိတ်ကြားခဲ့ပါတယ်”ပာု အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ တက်ရောက်နိုင်ရန် ပြည်တွင်းရှိ နိုင်ငံရေးပါတီအား လုံးကို ဖိတ်ကြားခဲ့ပြီး တစ်ပါတီလျှင် နှစ်ယောက်နှုန်းဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်းခံထားရကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
“တရားဝင်ဖိတ်စာမရောက်သေးပေမယ့် နေပြည်တော်ကဖုန်းဆက်ပါတယ်။ ဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက်ဖို့အတွက်ပါ။ ကျွန်တော်တို့ပါတီကတော့ နှစ်ယောက်အပြည့်တက်မယ်။ ခုချိန်ထိတော့ နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ်မယ်လို့ ပြောထားပေမယ့် ပါတီအချို့ကို တော့ မဖိတ်သေးဘူး”ပာု ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် လွှတ်တော်ပါတီများက ဒီမိုကရေစီနေ့ဆိုင်ရာစာတမ်းများ ဖတ်ကြားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂမှ အဖွဲ့ဝင်နိုင်ငံများတွင် ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ၂၀၀၇ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း.....  yangonchronicle

ယနေ့ညနေ ၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲ

  ဂီတပွဲ အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးတင်ဦးနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်း

ကဗျာဆရာ ၅၀ ရဲ့ ကဗျာရှည်ကြီးကို ကျောင်းသား ၅၀ က ရွတ်ဆို


ကြွရောက်အားပေးကြသော ပရိတ်သတ်

Photo: ကြွရောက်အားပေးကြသော ပရိတ်သတ်

 ယနေ့ညနေ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲတွင် ယခုအချိန် ( ည ၇း၃၀ နာရီ ) အထိ အလှူငွေ သိန်း ၇၀၀ ကျော် ရရှိနေပြီဖြစ်ပြီး ရရှိထားသည်။ ဒီနေ့ည ဂစ်တာလေလံဆွဲပွဲက ရရှိခဲ့တဲ့ ငွေကြေးထဲက သိန်း ၂၀၀ ကို ကချင် စစ်ဘေးဒုက္ခသည်များ၊ ကချင်ဒေသ ကလေးများအတွက် နှင့် နောက် သိန်း ၁၀၀ ကို ရခိုင်ဒုက္ခသည်များအတွက် ၈၈မျိုးဆက်ကျောင်းသားများက (ထပ်မံ) လှူဒါန်းလိုက်ပါတယ်။ (ယနေ့ညတွင် ၈၈မျိုးဆက်ကျောင်းသ
ားများက ကချင် စစ်ဘေးဒုက္ခသည်များအတွက် သိန်း၃၀၀ နှင့်ရခိုင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ လှူဒါန်းလိုက်ပြီ ဖြစ်ပါတယ်။ ရေဘေး ဒုက္ခသည်များအတွက် သိန်း ၁၀၀ အပါအ၀င် စုစုပေါင်း သိန်း ၆၀၀ ကို ချက်ချင်းလှူဒါန်းခဲ့ပါသည်။)
ဓာတ်ပုံ..၊သတင်း...Ko  Ant Bwe Kyaw

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပုသိမ် ရေဘေး သင့် ပြည်သူများအား သွားရောက်တွေ့ဆုံ သတင်း ဓာတ်ပုံ










 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရေကြည်ဦး ရပ်ကွက် နဲ့  အမှတ် ၁၄ ရပ်ကွက်ရှိ ရေဘေး သင့် ဒေသခံတွေကို သွားရောက်တွေ့ဆုံ ကာ ရပ်ကွက် တခုအတွက် အလှူငွေ ၁၀ သိန်းစီ စုစုပေါင်း သိန်း၂၀ ပေး အပ်ခဲ့ပါတယ်။

ဓာတ်ပုံ..DVB