19 March 2011

မြန်မာနိုင်ငံမှာ နအဖ မကောင်းတော့ ဘယ်လောက်ရှက်ဖို့  ကောင်းလည်း။

ငလျင်ကြီးလည်း ပြင်းထန်စွာ လှုပ်တာ ခံခဲ့ရတယ်၊ ဆူနာမီရေလှိုင်းတွေလည်း ကြောက်လန့် စရာ အရှိန်ပြင်းစွာနဲ့  တိုက်ခတ်ဖျက်ဆီး ခံခဲ့ရတယ်။ တစ်ပူပေါ် နှစ်ပူဆင့်ရုံတင်မကဖူး ထပ်ပြီး ကြုံတွေနေရတာက ညူကလီးယားစက်ရုံ ပေါက်ကွဲမှုက ပိုပြီး ရင်ဆိုင်နေရပြန်ပြီ။ အခုနေချိန်မှာ ဂျပန်လောက် ဒုက္ခတွေ တစ်ပြိုင်နက်ထဲ ကြုံနေရတဲ့ နိုင်ငံ ရှိဦးမလား။

ဒီလောက် ဒုက္ခပေါင်း မြောက်မြားစွာ တစ်ပြိုင်နက်ထဲ ကြုံတွေ့ ခံစားနေရတဲ့ ဂျပန်နိုင်ငံက ဂျပန်ပြည်သူတွေအတွက်တင်မကဖူး ဂျပန်နိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေအပါအ၀င် နိုင်ငံခြားတွေအတွက်ပါ ဂျပန်အစိုးရက ဘေးအန္တရာယ်တွေ ဘယ်လို ကာကွယ်ကြဖို့ နဲ့  လက်ရှိဖြစ်ပျက်နေသမျှကို ဘာသာစကားအမျိုးမျိုးနဲ့ အပြင် နားလည်လွယ် မြင်သိလွယ်မယ့် ပုံရိပ်လွှာတွေနဲ့ ပါ အစဉ်မပြတ် ဆက်တိုက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှင့်ထုတ်အသိပေး ပြောပြနေတယ်။ တိုင်းပြည်တစ်ပြည်ရဲ့  ပြည်သူပြည်သားတွေအပေါ် ဘယ်လောက် တာဝန်ကျေပွန်လိုက်တဲ့ အစိုးးရကောင်းတစ်ရပ်ဖြစ်လည်းဆိုတာ တစ်ကမ္ဘာလုံးက ချီးကျူးလေးစားကြတယ်။

ဒီလို ကိုယ်ရဲ့ နိုင်ငံမှာ ဘေးအန္တရာယ်တွေ ကြီးမားစွာ ကြုံတွေ့ နေရတာကို ပြေလည်အောင် အခက်အခဲအများအပြားနဲ့  ကြိုးစားဆောင်ရွက်နေရတာတောင် တာဝန်သိတတ်လွန်းတဲ့ ကတိသစ္စာစောင့်သိတတ်လွန်းတဲ့ ဂျပန်အစိုးရဟာ မြန်မာနိုင်ငံအပေါ် လက်ရှိ ပေးနေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲ မရှိပဲ ဆက်လက် ကူညီသွားမှာ ဖြစ်တယ်လို့  JICA ခေါ် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ က ပြောကြားတာ ကြားသိရတော့ လေးစားထိုက်တဲ့ အစိုးရ၊ ဂျပန်ပြည်သူပြည်သားတွေအတွက် ဂုဏ်မြင့်မားစေတဲ့ အစိုးရဆိုတာ အသိအမှတ်ပြု ဂုဏ်ယူထိုက်ပါပေတယ်။

တစ်ဘက်မှာတော့ ရှက်ဖွယ်တိတိ ကောင်းလွန်းလှ၊ တိုင်းပြည်နဲ့  လူမျိုးကို နိမ့်ပါးကျစေနေတဲ့ အာဏာရူး နအဖတွေကတော့ ဂျပန်နိုင်ငံက နှစ်စဉ်ကူညီနေတဲ့ အကူအညီတွေ မရမှာ စိုးရိမ်ပြီး အမျိုးမျိုးသော လိမ်ညာလုပ်ကြံပြောဆိုမှုတွေနဲ့  ပြောဆိုနေခဲ့ပြီး အကူအညီရငွေတွေကို လက်ဖြန့် တောင်း ရလာတော့ ကိုယ်ကျိုးအလွဲသုံးနဲ့ တင်မကဖူး၊ လက်ရှိဒုက္ခရောက်နေကြတဲ့ ဂျပန်ပြည်သူပြည်သားတွေကို နိုင်ငံတကာက ၀ိုင်းဝန်းကူညီနေကြချိန်မှာ နအဖအာဏာရူးတွေက စိတ်မကောင်း ၀မ်းနည်းမိပါတယ်ဆိုတဲ့ စာလေးပို့  သတင်းစာထဲ ဖေါ်ပြလောက်ဘဲ လုပ်ကြပါရဲ့ ။

ထားပါတော့ နအဖလက်အောက်က မြန်မာပြည်ကို လူသားချင်းထောက်ထားညှာတာတဲ့ အနေနဲ့  နအဖမကောင်းမှန်း သိရက်နဲ့  ကူညီထောက်ပံ့ပေးနေခဲ့တဲ့ ဂျပန်နိုင်ငံက ဂျပန်ပြည်သူပြည်သားတွေကို နအဖဘက်က ပြန်လည်ပြီး မကူညီနိုင်ဖူးဘဲထားပါတော့၊ ကိုယ်ရဲ့  မြန်မာပြည်သူပြည်သားတွေ ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတာ သောင်းဂဏန်းနဲ့ ချီပါရဲ့ ။ ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားများကို အခြားသော သက်ဆိုင်ရာနိုင်ငံတွေက ဘေးအန္တရာယ်တွေကနဲ့  လွတ်မြောက်အောင် လက်တွေ့ ကျကျ သွားရောက်ကူညီကြတယ် တစ်ဦးချင်းစီတိုင်းကို အဆက်အသွယ်လုပ်ကြတယ် သတင်းတွေ ထုတ်ပြန်ပေးနေကြတယ် အများကြီး တာဝန်ယူ ကူညီဆောင်ရွက်ပေးနေကြတဲ့အချိန်မှာတော့ နအဖအာဏာရူးဆီက ကိုယ့်မြန်မာပြည်သူတွေအတွက် အသံတောင် မကြားဖူး။ ဒီလို တာဝန်မဲ့တာ ဂျပန်နိုင်ငံဖြစ်ပျက်မှုမှာမှ မဟုတ်ပါဖူး။ မြန်မာပြည်သူပြည်သားတွေ ဘယ်နိုင်ငံမှာဘဲ အခက်အခဲဖြစ်နေပါစေ၊ ဒုက္ခရောက်နေပါစေ နအဖအာဏာရူးတွေ ကြိုးစားပမ်းစား ဆောင်ရွက်ပေးတာ ကယ်တင်ပေးတာ တာဝန်ယူပေးတာ လုံးဝမရှိဖူးဆိုတာ အားလုံးသိကြပါတယ်။

အခြားသော နိုင်ငံတွေက သူတို့ ရဲ့  နိုင်ငံသားတွေအတွက် တာဝန်အပြည့်နဲ့  အကူအညီတွေပေး ဆောင်ရွက်နေချိန်မှာ မြန်မာပြည်သူပြည်သားတွေအဖို့ ကတော့ မင်းတို့ နိုင်ငံက အစိုးရက ဘာတွေလုပ်ပေးလည်း အမေးခံရချိန်မှာတော့ တာဝန်မဲ့လွန်းတဲ့ အာဏာရူးနအဖတွေကြောင့် ဘယ်လိုမျက်နှာထား ပြောဆိုရမှန်း မသိအောင် ဖြစ်နေရပါတယ်။

ဒါပေမယ့်လည်း နအဖအာဏာရူးတွေကတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီ အတင်း မရမက ဆက်သွယ်တဲ့အခြေအနေတွေကတော့ အခွန်ဆောင်ဖို့ ၊ ပတ်စပို့ သက်တမ်းတိုးဖိုး အစရှိတဲ့ သူတို့ အတွက် မြိုးမြိုးမြက်မြက်လေး စားရသောက်ရဖို့ အတွက် အဆက်အသွယ်လုပ် မဟားဒယားတောင်းတဲ့အခါဘဲ ဖြစ်ပါတော့တယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေခင်ဗျာ - တောင်းစရာရှိတော့ မာရေကြောရေနဲ့  တောင်းစားနေခဲ့ကြတဲ့ နအဖအခွန်ရုံးနဲ့  နအဖအာဏာရူးတွေကို သင်ခန်းစာပေးဖို့  လက်တွေ့ အခြေအနေတွေအရ ဖြစ်ပေါ်သင့်ပြီဆိုတာ အထူး ပြောနေစရာ မလိုတော့ပါဖူး။ အခုလို ဂျပန်နိုင်ငံမှာ အသက်ဘေးအန္တရာယ် ကြုံနေရချိန်မှာ နအဖအာဏာရူးတွေရဲ့  အခွန်ရုံးကို တာဝန်မဲ့စွာနဲ့  ပိတ်ထားခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာပြည်သူပြည်သားတွေအပေါ် လစ်လျူရှူထားနေတာတွေဟာ မိုက်ရိုင်းလွန်းပါတယ်။














နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လည်း ဂျပန်နိုင်ငံအဖြစ်အပျက်ကို သိနားလည်ကြပြီး နအဖအာဏာရူးတွေဟာ ဒေါ်လာငွေရဖို့ အတွက်သာ အခွန်တွေ ဆောင်ခိုင်းပြီး၊ တကယ်အခက်အခဲကြုံရတဲ့အခါမှာ အသက်ဘေးအန္တရာယ် ကြုံရတဲ့အခါမှာ နအဖအာဏာရူးတွေဟာ ကူညီဖို့ ကင်းဝေးပြီး တာဝန်မဲ့လွန်းတတ်တယ်ဆိုတာ သက်သေသာဓကတွေ လက်တွေ့ ပြနေပါတယ်။ ဒါကို သိသာမြင်သာလျက်နဲ့  နအဖအာဏာရူးတွေ အလိုကျ အဘက်ဘက်က ဆက်လက် အားပေးနေရင်တော့ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ သာ ရှိပါတော့တယ်။

နိုင်ငံတကာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ သဘာဝဘေးအန္တရာယ်တွေ ကင်းဝေးကြပါစေ။

18 March 2011

အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်။


















စီစဉ်သူတို့စကား။

ထောင်ဆိုသည် နေရာကောင်းမဟုတ်၊ လူကောင်းသူကောင်းများကို ကာကွယ်စောင့်ရှောက်ရန် လူဆိုးသူဆိုးတို့ကို ဖမ်းဆီးထိမ်းသိမ်းထားသည့် နေရာဖြစ်သည်၊ မကောင်းသူတို့အားလှောင်ပိတ်ထားသည့် နေရာဟုလည်း ဆိုနိုင်သည်၊ ပြုပြင်ရန်အလို့ငှာဟု ရည်ရွယ်ချက်ကောင်းထားသော်လည်း ထောင်သည် နှစ်သက်စရာ ဖြစ်မလာခဲ့ပါ၊ သို့ သော်လည်း လူ၌အဖွဲ၌အစည်းတခုကို စနစ်တကျ တည်ထောင်စီမံခန်၌ခွဲရာတွင် ထောင်သည် ဖယ်ထုတ်မရသော အုပ်ချုပ်ရေးယန္တရား၏ အစိတ်အပိုင်းတရပ်ဖြစ်လာခဲ့သည်၊ ထို့အတူ မိမိတို့ကို မော်လို့မှမကြည့်ဝံ့၊ စကားတခွန်းမှ ခွန်းတုန်၌မပြန်ဝံ့စေရန် လူအများအား ဗိုလ်ကျဖိနှိပ်ရာတွင်လည်း မတရားစိုမိုးအုပ်ချုပ်သူတို့အတွက် ထောင်သည် လက်နက်ကောင်းတခုဖြစ်လာခဲ့ပြန်သည်၊ ထောင်ကျရခြင်းသည် မင်္ဂလာရှိသောကိစ္စမဟုတ်ပါ၊ ထောင်တွင်းမှာ နေရထိုင်ရသောဘဝသည်လည်း ကြမ်းတမ်းဆိုးဝါး လွန်းပါသည်၊ ထောင်တွင်းမှာ ဘဝပျက်သွားသူတွေရှိသည်၊ အသက်ပျောက်သွားသူတွေရှိသည်၊ ထောင်ထွက်ဆိုသူတို့ သည်လည်း ရပ်ထဲရွာထဲတွင် ပေါင်းအပ်သင်းအပ်သောသူများမဟုတ်ပါ၊ သို့သော် ယနေ့လို စစ်အာဏာရှင်ကြီးစိုးသည့် ခေတ်ဆိုးကြီးတခုထဲတွင်မူ လူကောင်းသူကောင်းစစ်မစစ် သက်သေခံနိုင်ရန် ထောင်ထွက်လက်မှတ် ထုတ်ပြရမလို ဖြစ်နေသည်ဟုဆိုရပေမည်၊ မတရားမှုတခုခုကို တနည်းနည်းဖြင့် အနည်းနှင့်အများ ဆန့်ကျင်မိသူတိုင်း၏ နောက်ဆုံး ရောက်ရှိစုဝေးရာသည် အကျဉ်းထောင်များ ဖြစ်လို့နေပါသည်၊

မတရားမှုတခုကို ဆန့်ကျင်ခြင်းသည် အနည်းနှင့်အများ အန္တရယ်ရှိပါသည်၊ တော်ရုံသတ္တိဖြင့် မလုပ်နိုင်ပါ၊ ထိုသတ္တိကလည်း မွေးရာပါ မလာပါ၊ အမှန်တရားကို ချစ်တတ်သည့်စိတ်ကသာ ထိုသတ္တိကို မွေးဖွားပေးပါသည်၊ မိမိစွဲကိုင်သော ယုံကြည်ချက်ကသာ ထိုသတ္တိကို ခိုင်မာစေပါသည်၊ ထိုသတ္တိမျိုးကို ဘယ်အကြောင်းနှင့်မျှ အကျဉ်းထောင်များက မသတ်ဖြတ်နိုင်ခဲ့ပါ၊ နှင်းပန်းအိမ်၏စာအုပ်ကိုဖတ်ရသည့်အခါ ထိုအချက်ကို ပိုမိုထင်ရှားစွာ မြင်ရပါသည်၊ ထိုသတ္တိမျိုး လူအများတွင် ပြန့်ပွားဖြစ်ထွန်းလာစေလိုခြင်းသည် ဤစာအုပ်ထုတ်ဝေရခြင်ဿး အကြောင်းရင်းတခုဟု ဆိုရပေမည်၊

ယနေ့မြန်မာနိုင်ငံတွင် မတရားမှုများကို ဆန့်ကျင်ရင်းယုံကြည်ချက်အတွက် အကျဉ်းကျနေရသူပေါင်း နှစ်ထောင်ကျော်ရှိသည်၊ ဘဝပေါင်းနှစ်ထောင်ကျော်ဟု မြင်ကြည့်လိုက်ပါ၊ သူတို့နှင့်ဆက်စပ်နေသည့် ဘဝပေါင်းကလည်း မနည်း၊ ထိုဘဝများကို မမေ့မလျော့စေချင်ပါ၊ ထိုဘဝများ ဘာတွေဖြစ်ပျက်နေသည်ကို လူအများ သိစေချင်ပါသည်၊ စာနာနားလည်စေလိုရုံသက်သက်မျှ မဟုတ်ပါ၊ အခြားသော သန်းငါးဆယ်ကျော် ဘဝများ၏ ကောင်းရာကောင်းကျိုးအလို၌ငှာ သူတို့ဘာတွေ ရင်းနှီးပေးဆပ်နေကြရသည်ကို ရှင်းရှင်းလင်းလင်း သိကြစေချင်သည်၊ လူတိုင်း ပေးဆပ်ကြသူချည်းဆိုလျင် လောကကြီးက အင်မတန်ကောင်းသွားပါလိမ့်မည်၊ ဒါမှမဟုတ် ပေးဆပ်တာနှင့် ရယူတာကို မျှမျှတတ ကျင့်သုံးကြလျင်လည်း လောကကြီးက သာယာနိုင်ပါသည်၊ ဒီလိုမဟုတ်ပဲ ရယူလိုသူတိုချည်း နေထိုင်ကြသည့်လောကဆိုလျင်တော့ ဒုက္ခဘုံသာဖြစ်နေပေလိမ့်မည်၊ အနည်းဆုံးတော့ ပေးဆပ်ခြင်း၏ အဓိပ္ပါယ်ကို နားလည် လက်ခံလာတတ်ကြစေချင်သည်၊ ပေးဆပ်ခြင်းကို တန်ဘိုးထားတတ်ကြ စေချင်သည်၊ ထိုမျှော်လင့်ချက်ဖြင့်ပင် ယခုလိုယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတို့နှင့်သက်ဆိုင်သည့် စာအုပ်စာပေများကို ကျနော်တို့ထုတ်ဝေပါသည်၊ လူတိုင်း သူ့နေရာမှန်သူရှိသွားလျင် လောကကြီး တည်ငြိမ်အေးချမ်းလာမည်ဟုယုံကြည်ပါသည်၊ အမှန်တရားကို ချစ်တတ်သူများ အတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ မတရားမှုများကို ဆန်၌ကျင်သူများအတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ လောကကြီးအတွက် ကိုယ့်ရှိတာလေးထဲက ဘာပေးရမလဲ စဉ်းစားနေတတ်သူများအတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ ထောင်သည်ပင်လျင် ဖိနှိပ်အုပ်စိုးနေသူတို့၏ သံပခြုပ်ဖြစ်နေရခြင်းကိုက နေရာမှန်မဟုတ်ပါ၊ ထောင်သည် လောကကြီးဆီက ရနိုင်တာထက် ပိုလိုချင်တတ်ကြသည့် လက်ကုန်နှိုက်သမားများအတွက်သာ နေရာမှန်ဖြစ်သင့်ပါသည်၊ ထောင်သည် လူအချင်းချင်း ဗိုလ်ကျစိုးမိုးလိုသည့် ကြီးနိုင်ငယ်ညှင်းသမားများအတွက်သာ နေရာမှန်ဖြစ်သင့်ပါသည်၊ လောကပါလတရားက လူတိုင်းကို သူ့နေရာမှန်မှာသူ ရှိအောင်လုပ်ပေးပါသည်၊ ထောင်သည် လောကပါလတရားကိုစောင့်ရှောက်အပ်သော နံရံတချပ်သာဖြစ်သင့်သည်၊ ဖြစ်စေချင်သည်၊ ထိုဆန္ဒဖြင့် နေရာမှားနေသောလူများ။ အရာဝတ္ထုများအကြောင်း စာအုပ်စာပေများကို မိမိတို့ထုတ်ဝေပါသည်။

စစ်အစိုးရက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိပါဟု တလျောက်လုံးဘူးကွယ်နေသည်၊ နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ်ရှိပါသည်၊ အကျဉ်းထောင်များအတွင်း အခြားသောရာဝဇတ်အကျဉ်းသားများထက် အစီအစဉ်ရှိရှိနှင့် စံနစ်တကျ စိတ်ရောကိုယ်ပါ ညှင်းပမ်းနှိပ်စက်ခံနေရသူများကို နိုင်ငံရေးအကျဉ်းသားဟုဆိုရလျင် လွန်အံ့မထင်၊ ထောင်ထဲကလူကိုပါမဟုတ်၊ ထောင်ပြင်က မိသားစုကိုပါ ဒုက္ခပေးလိုက်သေးသည်၊ စိတ်နာလောက်သည့် သေကွဲရှင်ကွဲအဖြစ်များ သည်အနှစ်နှစ်ဆယ် ကျော်မှာများလှပြီ၊ ဒါတွေကို ရပ်တန့်ဖိုလိုသည်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့လိုသည်၊ သည်အချက်ကို မိမိတို့ အစဉ်တစိုက်တောင်းဆိုခဲ့သည်၊ ထိုတောင်းဆိုချက်များကို အမှောင်ခေတ်ထဲက သူရဲကောင်းတို့၏ တကယ့်ဘဝများက ပိုမိုကျယ်လောင်စေခဲ့။ လေးနက်စေခဲ့သည်က အမှန်ပင်၊ ထိုကျယ်လောင်လေးနက်သော တောင်းဆိုချက်အား လူတိုင်းလူတိုင်းစီ ရောက်ရှိစေရန် ပြန့်နှံ့စေရန် သည်စာအုပ်ကို မိမိတို့ထုတ်ဝေလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)။

စာရေးဆရာမနှင်းပန်အိမ်၏ ဘဝ၊ ယုံကြည်ချက်နှင့် အလုပ်။

အဘဦးတင်စိန်၊ အမိဒေါ်သန်းစိန်တို့မှာ ၁၉၆၆ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် သမီးအကြီးဆုံးဖြစ်သည်။ ဖခင်ဖြစ်သူ ဦးတင်စိန်ကို စစ်အာဏာရှင်များက ကိုးကိုးကျွန်းသို့ ပို့ခဲ့သည့် အတွက် စာရေးသူ ၆ လသမီးမှာဖခင်နှင့် ခွဲခွာခဲ့ရပြီး ၇ နှစ်သမီးမှ ဖခင်ကိုမြင်ဘူးခဲ့ပါသည်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့ပြီး သင်္ကန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၂ တွင် အဖွဲ့ချုပ်လူငယ် ကိုနေဦးနှင့် အိမ်ထောင်ကျပြီး ၁၉၉၃ တွင် သားတယောက် ဖွားမြင်ခဲ့သည်။

၁၉၉၈ တွင် ခင်ပွန်းသည် အဖမ်းခံရပြီး ထိုအချိန်က နှစ်အများဆုံးဖြစ်သည့် ထောင် ၁၄ နှစ်နှင့် မတရားဖမ်းဆီးထောင်ချခံရပြီး စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေးအကျဉ်းထောင်သို့ အပို့ခံခဲ့ပါရသည်။

အကျဉ်းကျမိသားစုဝင်အဖြစ် စစ်ကိုင်းတိုင်းကလေးမြို့တွင် ငပိရောင်းပြီး ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့ခဲ့ရသည်။ စာရေးသူ၏ ဘဝကိုသိနေသည့် အဘွားလူထုဒေါ်အမာက သမီးတို့ဘဝတွေက စာရေးဖို့ကောင်းတယ်ဟု ပြောခဲ့ဘူးသည်။ စာရေးသူကို စာပေမျိုးစေ့ချပေးသူက အဘွားလူထုဒေါ်အမာဖြစ်ပြီး စာပေစင်မြင့်တင်ပေးခဲ့သူများမှာ ဒေးဒရဲဦးမြတ်ဆွေ၊ ဆရာ
နတ်နွယ်၊ ဦးဇင်လင်း (ဦးဌေးအောင်) တို့ဖြစ်သည်။

လက်ရှိလွပ်လပ်သောအာရှအသံ Radio Free Asia (RFA)မှာ အသံလွှင့်ဆောင်းပါအဖြစ် မှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည် အစီအစဉ်ကို ရေးသားထုတ်လွှင့်တင်ဆက်လျှက်ရှိပါသည်။

17 March 2011

အသစ်ပြန်စမယ့် ရာဇ၀င်

အသစ်ပြန်စမယ့်ရာဇ၀င် အမည်ရှိ နိုင်ငံရေးတေးစီးရီးခွေမှာ ညီမင်းသစ် (ခ) ကိုကျော်ထက်မင်း၏ တကိုယ်တော်တေးစီးရီးခွေဖြစ်ပြီး မတ်လ ၁၆-နေ့တွင် တံတားနီနေ့အထိမ်းအမှတ်အဖြစ်မလေးရှားနိုင်ငံ ဖြန့်ချိမည်ဖြစ်ပါသည်။ ကိုယ်တိုင်ရေး နိုင်ငံရေးသီချင်းသစ်အများစုပါဝင်ပြီး ၃/၈၈ အင်းလျားကို မတ်လအမှတ်တရအဖြစ် ထည့်သွင်းပြန်လည်သီဆိုထားပါသည်။ DVD ခွေဖြင့် ထွက်ရှိမည်ဖြစ်ပြီး ခွေတန်ဖိုးကို ၁၀ ရင်းဂစ် သတ်မှတ်ထားပါသည်။ ရောင်းရငွေများကို မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင်များနှင့် နိုင်ငံရေးအကျဉ်းသားမိသားစုများ ကူညီထောက်ပံ့ရေးများသို့ လှူဒါန်းမည်ဖြစ်ပါသည်။

ဆက်သွယ်မှာယူလိုပါက-
ကိုကျော်ထက်မင်း - ၀၀၆၀၁၀၂၁၉၀၉၂၁


သီချင်း ဒေါင်းလုပ်လုပ်ချင်ရင်.. http://www.mediafire.com/?hd3edwyhvc8d79w

( ၂၃ ) နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ( တံတားနီနှစ်ပတ်လည် ) ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ( ကိုရီးယား )


လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

မတ်လ (၁၆) ရက်နေ့ - တံတားနီနေ့ ။



















မတ်လ (၁၆) ရက်နေ့ ကို တံတားနီနေ့ လို့  သမိုင်းမှတ်တမ်းတင်ခဲ့ရတာကတော့ - ၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်နေ့ မှာ အာဏာရူးတွေရဲ့  လက်ပါးစေသေနတ်ကိုင်သမားတွေဖြစ်တဲ့ လုံထိန်းလို့ ခေါ်တဲ့ လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်တွေကြောင့် ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့ နေ့ တစ်ရက်ဖြစ်ခဲ့တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်နယ်မြေ အင်းလျားကန်စောင်းပေါ်မှာ ကျခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  သွေးတွေကြောင့် အင်းလျားကန်မြေမှာ သွေးလွှမ်းခဲ့ရသလို အင်းလျားကန်စောင်းပေါ်က အဖြူရောင် တံတားဖြူလည်း အနီရောင်ပြောင်းခဲ့ရတဲ့အတွက် ဒီနေ့ ကို ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ တံတားနီနေ့ ရယ်လို့  သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာရူး နေ၀င်းရဲ့ လက်ထက် ၁၉၆၂ ခုနှစ်က ပြည်သူ့ အာဏာကို လက်နက်နဲ့  အဓမ္မ စတင်သိမ်းပိုက်ခဲ့ရာမှ စလို့  ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးနဲ့  ယခုလက်ရှိ သန်းရွှေတို့  မတရားအုပ်ချုပ်မှုအောက်မှာ ကျောင်းသားကျောင်းသူတွေရဲ့  အသက်သွေးတွေ ဆုံရှုံးခဲ့ကြတာကို ဘယ်သောအခါမှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားစိတ်ဓါတ် ရှင်သန်နေသူတိုင်းကလည်း အာဏာရူးတွေကို ဘယ်သောအခါမှ ကမ္ဘာကြေမှာ မဟုတ်ပါဖူး။ ခေတ်အဆက်ဆက်တိုင်းမှာလည်း ကျောင်းသားစိတ်ဓါတ် ကျောင်းသားဝိညဉ်နဲ့  ကျောင်းသားတို့ ရဲ့  အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုတွေဟာ လက်ဆင့်ကမ်း ရှင်သန်ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ မှာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကိုစိုးနိုင်တို့  အာဏာရူးတွေရဲ့  မတရားပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတာကို မခံမရပ်နိုင်ဖြစ်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူအပေါင်းဟာ မတ်လ (၁၆) ရက်နေ့ မှာ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝန်းအတွင်းမှာ စုစည်းခဲ့ကြပြီး အာဏာရှင် မဆလ နေ၀င်းအစိုးရကို ပြင်းထန်စွာ ဆန့် ကျင်ဆန္ဒပြကြပါတယ်။

ရန်ကုန်တက္ကသိုလ် (ပင်မ) ရဲ့  ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် အာဏာရှင်ဆန့် ကျင်ရေး ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းအတွင်းရှိ အဆောင်နေ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ဆေးတက္ကသိုလ် ကျောင်းသားများလည်း စက်မှုတက္ကသိုလ်နဲ့  ရန်ကုန်တက္ကသိုလ်ကျောင်းသားများနဲ့ အတူ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း ဆန္ဒပြကြွေးကြော်နေရင်း ကျောင်းသားများထဲမှ အလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်ရှိရာ အင်းစိန် ကြို့ ကုန်းဘက်ဆီသို့ ချီတက်ဆန္ဒပြကြဖို့  လှုံ့ဆော်လိုက်ရာမှ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြပြီး ဆန္ဒပြကျောင်းသားများအားလုံး စုစည်းညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းကနေ ကျောင်းပြင်ပသို့  စတင်ထွက်ခွာခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းက အဓိပတိလမ်းကနေ စတင်ထွက်ခွာလာတဲ့ ဆန္ဒပြကျောင်းသူကျောင်းသားများဟာ ထိပ်ဆုံးမှာ သမိုင်းဝင်ခွပ်ဒေါင်းအလံကြီးကို လွှင့်ထူပြီး ပြည်လမ်းဘက်ကို ဦးတည် ချီတက်ထွက်ခွာလာခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်းသားထုကြီးတစ်ရပ်လုံး ဆန္ဒပြချီတက်လာကြတာကို မြင်တွေ့ ကြရတဲ့ ပြည်သူတွေက အားပေးခဲ့ကြတဲ့အပြင် အထက်တန်းကျောင်းသူကျောင်းသားတွေလည်း နောင်တော် တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ ချီတက်ဆန္ဒပြမှုထဲ အားဖြည့်ဝင်ရောက် ချီတက်ဆန္ဒပြလာခဲ့ကြပါတယ်။ နေ၀င်း အာဏာရူးရဲ့  ကျောင်းသူကျောင်းသားတွေအပေါ် မတရားဖိနှိပ်ချူပ်မှုတွေကို ခံစားနေကြရတဲ့၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်တို့ ကို သေနတ်နဲ့  ပစ်ခတ်သတ်ဖြတ်ခဲ့မှုကို မခံမရပ်နိုင်ဖြစ်ပြီး နာကျည်းနေကြတဲ့ ကျောင်းသားထုကြီးဟာ ရဲဝန့် စွာနဲ့  ချီတက်ဆန္ဒပြကာ အာဏာရှင်စနစ်ကို ဆန့် ကျင်တော်လှန်ခဲ့ကြပါတယ်။ ညီညွတ်စွာ သံပြိုင်ကြွေးကြော်နေကြတဲ့ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဟာ မိုးထိတိုင်အောင် လွှမ်းမိုးနေခဲ့ပါတယ်။

ဒီလိုနဲ့  ဆန္ဒပြ ကျောင်းသားထုကြီးဟာ ရန်ကုန် ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် အင်းလျားကန် တံတားဖြူရှိရာ ကန်ဘောင်ကို ကျော်လိုက်တဲ့အချိန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ အင်းလျားကန် တံတားဖြူကန်ဘောင် အကျော်မှာ နေ၀င်း အာဏာရူးရဲ့  လက်ပါးစေ စစ်ခွေးတွေဟာ သံဆူးကြိုးခွေများနဲ့ ပြည်လမ်းမကို ပိတ်ဆို့ ကာရံထားတာ တွေ့လိုက်ရလို့  ဖြစ်ပါတယ်။ အာဏာရူးလက်ပါးစေ စစ်ခွေးတွေဟာ အေးချမ်းစွာ ချီတက်ဆန္ဒပြလာတဲ့ ကျောင်းသားထုဘက်ကို လူသတ်သေနတ်များနဲ့ ချိန်ထားပြီး ဘရင်းကယ်ရီယာများကလည်း ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားခဲ့ပါတယ်။

ပြည်လမ်းပေါ်မှာ ဒီလို ဆန္ဒပြချီတက်လာတဲ့ ကျောင်းသားထုကို အာဏာရူး လက်ပါးစေ စစ်ခွေးတွေက အရှေ့ ဘက်က လူသတ်လက်နက်များနဲ့  ချိန်ရွယ်ထားနေစဉ်မှာ ကေက်ကျစ်စဉ်းလဲလွန်းလှတဲ့ အာဏာရူးလက်ပါးစေ လုံထိန်း (နေ၀င်းအာဏာရူးရဲ့  လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်) တွေဟာ ဆန္ဒပြကျောင်းသားထုရဲ့  နောက်ဘက်ကနေ ရုတ်တစ်ရက် သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံခဲ့ကြပါတယ်။ အရှေ့ဘက်မှာ အာဏာရူးလက်ပါးစေ စစ်ခွေးအုပ်စု၊ အနောက်ဘက်မှာလည်း အာဏာရူးလက်ပါးစေ လုံထိန်းလူသတ်ကောင်တွေ၊ ညာဘက်က အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ လူနေအိမ်တွေရဲ့  ကာရံထားသော ခြံစည်းရိုးများနဲ့ လေးဘက်လေးတန် ပိတ်မိနေပြီဖြစ်တဲ့ ဆန္ဒပြကျောင်းသားထုဟာ အာဏာရူးတွေရဲ့  သတ်ကွင်းထဲကို ရောက်ခဲ့ရပါတယ်။

ဒီလို အာဏာရူးလက်ပါးစေ လူသတ်ကောင်တွေရဲ့  ကောက်ကျစ်ယုတ်မာစွာနဲ့  ပိတ်ဆို့ မှုအောက်မှာ ရောက်ရှိနေကြစဉ်မှာ လူမဆန်လွန်းတဲ့ အမိန့် ပေးသံနဲ့ အတူ နောက်ဘက်က လုံထိန်းကောင်တွေဟာ အေးချမ်းစွာဆန္ဒပြနေကြတဲ့ ကျောင်းသားထုကို လက်ကိုင်တုတ်များနဲ့  အကြမ်းဘက်စွာ ၀င်ရိုက်ပါတော့တယ်။ ရက်စက်ရမ်းကားစွာ ရိုက်နေတဲ့ နံပါတ်တုတ်များနဲ့ ရိုက်သံဟာ ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေခဲ့ရပါတယ်။ လက်နက်ဆိုလို့  အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ဆန္ဒပြ ကျောင်းသားများဟာ ခြေဦးတည့်ရာကို ထွက်ပြေးကြရပါတယ်။ အင်းလျားကန်ဘောင်ပေါ် တက်ပြေးကြခဲ့ရတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာခဲ့ကြရတယ်။ သွေးဆာနေတဲ့ လူသတ်ကောင် လုံထိန်းများဟာ မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ခဲ့ကြပါတယ်။

ဆန္ဒပြကျောင်းသူကျောင်းသားများဟာ သွေးအလိမ်းလိမ်းနဲ့ ပြည်လမ်းမပေါ်မှာ အတုန်းအရုံး လဲကျကုန်ကြခဲ့ရတယ်။ နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြရသူတွေဟာ အနည်းစု ဖြစ်ခဲ့ပါတယ်။ အင်းလျားကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသူကျောင်းသားတွေနောက်ကို လူသတ်ကောင် လုံထိန်းတွေဟာ အတင်းအဓမ္မ လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေများကိုလည်း အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ခဲ့ကြပါတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ အင်းလျားကန်ရဲ့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူတို့ ရဲ့ သွေးတွေနဲ့  နီနီရဲကာ တံတားနီအဖြစ်ကို ကြေကွဲစွာ ရောက်ရှိခဲ့ရပါတယ်။

အဲ့ဒီနောက်မှယ အသင့်စောင့်ဆိုင်းနေခဲ့ကြတဲ့ လုံထိန်း အချူပ်ကားများ မောင်းဝင်လာပြီး ပြည်လမ်းပေါ်တစ်လျှောက် ဒဏ်ရာဒဏ်ချက်နဲ့  လဲကျနေသူ ကျောင်းသူကျောင်းသားတွေ၊ သေဆုံးသွားရတဲ့ ကျောင်းသူကျောင်းသားတွေ၊ မသေမရှင်နဲ့  ညီဒညူအော်ဟစ်နေကြတဲ့  ကျောင်းသူးကျောင်းသားတွေ၊ ဖမ်းဆီးမိတဲ့ ကျောင်းသူကျောင်းသားတွေကို အချူပ်ကားတွေပေါ်အတင်းဆွဲပြီး ပစ်တင်ခဲ့ကြပါတယ်။ ရာပေါင်းများစွာသော ကျောင်းသူကျောင်းတွေထဲက လုံထိန်းအချူပ်ကားအတွင်း ရောက်ရှိခဲ့ရသူတွေဟာ အချူပ်ကားအတွင်းမှာ ထပ်မံသေဆုံးခဲ့ကြရပါတယ်။

အာဏာရူး လက်ပါးစေ လုံထိန်းတွေရဲ့  အချူပ်ကားတွေ မောင်းထွက်သွားတဲ့အခါမှာ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် သွေးစွန်းနေတဲ့ လမ်းမ၊ အင်းလျားကန်ဘောင်နဲ့ တံတားဖြူကို ရေပက်ဖြန်းပြီး ဆေးကြောသုတ်သင်ခဲ့ပါတယ်။

ဒီလို ကျောင်းသူကျောင်းသားတွေရဲ့  သွေးမြေကျခဲ့ရတဲ့ မတ်လ (၁၆) ရက်နေ့  ညမှာဘဲ ရင်နာစဖွယ် ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေကို အာဏာရူးလက်ပါးစေတွေဟာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ည (၁၂) နာရီခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်မှာ ပါလာသော လူသတ်ကောင် လုံထိန်းများဟာ ကျောင်းသူ မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ချထားခဲ့ပါတယ်။ အဲ့ဒီ ကျောင်းသူ မိန်းကလေး (၃) ယောက်ဟာ အောက်ပိုင်း တစ်ခုလုံး သွေးများနဲ့ မြင်မကောင်းအောင် ဖြစ်နေပါတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက်ဖြစ်ပြီး သေလုမြောပါးဖြစ်နေတဲ့ ကျောင်းသူ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့ က အနီးဆုံး လဘက်ရည်ဆိုင်ထဲကို တိတ်တဆိတ် သယ်ခဲ့ကြပြီး နောက်နေ့  မနက် မိုးလင်းချိန် နံနက် (၅) နာရီလောက်မှာ ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ကြပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ ကျောင်သူအရွယ် မိန်းကလေးများ ရောက်ရှိလာခဲ့တယ်လို့ တာဝန်ကျနေကြတဲ့ သူနာပြုဆရာမများက ပြောပြပါတယ်။ ကျောင်းသူ မိန်းကလေးတွေ အာဏာရူးလက်ပါးစေတွေရဲ့  အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ကြရတယ်လို့  ပြောပါတယ်။ ဒီလို မတလလ (၁၆) ရက်နေ့  မှာ ရိုက်ပုတ်ပစ်ခတ်ဖမ်းဆီးပြီး လုံထိန်းအချူပ်ကားတွေနဲ့  ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြကျောင်းသူတွေဟာ အာဏာရူးလက်ပါးစေ လူသတ်ကောင် လုံထိန်း မိစ္ဆာကောင်တွေရဲ့  လူမဆန်သော ယုတ်မာမှုကို ခံခဲ့ကြရပါတယ်။

“ခင်ဗျားတို့ ကို စိန်ခေါ်တယ်”

(၁)။

ကျွန်မအပျိုမ လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော်.. ရေတွက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ
ရဲရဲတောက်ပ.. ရဲတောက်မဟာ
ကျွန်မ.. ကျွန်မ.. လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)။

၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ
ကျွန်မ..အပျိုမ.. ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)။

ဒါပေမယ့်လေ
ကျွန်မ မသေ.. မျက်ရည်မကျ
ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။
ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ
ဟယ်… အစိုးရ
ငါ့အပျိုရည်.. နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။
ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ
နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက် ဖြစ်ပါတယ်)။

အာဏာရူးတို့ ရဲ့  မတရားဖိနှပ်ချူပ်ချယ် ညဉ်းပမ်းသတ်ဖြတ်မှုများကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်တိုက်ပွဲဝင်ရင်း ခေတ်အဆက်ဆက်မှာ အသက်သွေးပေးဆပ်ခဲ့ကြရတဲ့ ကျောင်းသားကျောင်းသူအပေါင်းအား ဦးညွှတ်ဂုဏ်ပြု အလေးပြုအပ်ပါတယ်။

ကျောင်းသားကျောင်းသူအပေါင်းရဲ့  သွေးနဲ့  နီစွေးခဲ့ရတဲ့ အင်းလျားကန်ဘောင်က တံတားနီကို အာဏာရူးတွေ ပြုတ်ကျစေမယ့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့  အောင်ပွဲနဲ့ အတူ ပြန်လည်ဖြူစင်စေရမယ်။

မတ်လ (၁၆) ရက်နေ့ ကို တံတားနီနေ့ ရဲ့  သမိုင်းမှတ်တိုင်နဲ့ အတူ ပြည်သူပြည်သားတွေရဲ့  အောင်ပွဲကို မကြာခင်မှာ စိုက်ထူမယ်။

မြန်မာပြည်မှာ အာဏာရူးတွေမှန်သမျှကို ဆန့် ကျင်တော်လှန်တိုက်ပွဲဝင်နေမယ့် ကျောင်းသားထုရဲ့  တော်လှန်ရေးနဲ့  ကျောင်းသားစိတ်ဓါတ်ဟာ အစဉ်ရှင်သန်နေမယ် ဟေ့။

16 March 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်းစိန်မြို့နယ်မှ ပြုလုပ်တဲ့ နွေရာသီ အင်္ဂလိပ်စာ သင်တန်းအား ဘဘဦးဝင်းတင်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့.. (သတင်း၊ ဓာတ်ပုံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်းစိန်မြို့နယ်၏ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကလေးများအား အင်္ဂလိပ်စာ တိုးတက်မှုရရှိစေရန် ရည်ရွယ်ကာ အင်းစိန်မြို့ နယ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးတွင် ပညာဒါနတစ်ခုကို 15-3-2011 ရက်နေ့ နေ့လည် (၃)နာရီတွင် စတင် ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။

အဆိုပါ ပညာဒါန အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ လူငယ်များ ပညာရေး တိုးတက်စေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်...။  အဆိုပါအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဘဘဦးဝင်းတင်မှ တက်ရောက်ကာ အဖွင့် အမှာစကား ပြောကြား ဖွင့်လှစ်ပေးခဲ့ပါသည်။

ယနေ့ဖွင့်လှစ်လိုက်သော ပညာဒါန အင်္ဂလိပ်စာ သင်တန်းအား ပဉ္စမတန်းမှ အဌမတန်းထိ ကလေးငယ်များအား သင်ကြားပေးမည် ဖြစ်ပြီး အခြေခံ အင်္ဂလိပ်စကားပြောသင်တန်းအား ဆရာ ဦးမောင်မောင်ဌေးမှ သင်ကြားပို့ ချပေးမည်ဟုလည်း သိရှိရပါသည်။

သတင်း၊ ဓာတ်ပုံများအတွက် ညီမငယ်အား ကျေးဇူးတင်ပါသည်။

ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်း၊ ဓာတ်ပုံများ-၃)

နောက်ဆုံးရက် ကယ်ဆယ်ရေးရဟတ်ယာဉ် တက်လာပြီဟု သိရပြီး ရဟတ်ယာဉ်မှ မြင်နိုင်သည့် နေရာတွင် မိမိတို့ စုထိုင်ကာ ရဟတ်ယာဉ် စောင့်နေကြပုံ..
ကယ်ဆယ်ရေး ရဟတ်ယာဉ်နှင့် ပါလာပြီး ရဟတ်ယာဉ်ပေါ်မှ ခုန်ချကာ မိမိတို့နှင့် အတူပူးပေါင်း ကူညီကယ်ဆယ်ခဲ့သော ညီငယ် ခွန်နောင်မြင့်ဝေ..
ကျန်းမာရေးချိုတဲ့နေသည့် ဒုက္ခသည် ၂ဦးဖြစ်သည့် Capt. စည်သူချိမ့်နှင့် Grace တို့ကို ရဟတ်ယာဉ်ပေါ် တင်အပြီး " သူတို့၂ဦး အသက်တော့ ကယ်နိုင်ပြီဟု ကြွေးကြော်ကာ ကျန်ရှိသော မိမိတို့ အဖွဲ ပျော်ရွှင်စွာ မှတ်တမ်းတင်နေပုံ "
မဒွယ်ကို နောက်တစ်ခေါက် ခြေလျင်ပြန်တက်လာမည်ဟု ကြွေးကြော်နေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်ထားစဉ်... (ရဟတ်ယာဉ်မှ မရှိတော့တာ.. ဒီတစ်ခါဆိုရင် ဇာတ်သိမ်းခန်းပေါ့)
နောက်ဆုံးနေ့ ရဟတ်ယာဉ်ပေါ်မှ ရသည့်စောင်နှင့် Snow Travel Coat ကို ဝတ်ဆင်ကာ အရမ်းပူနွေးတာပဲဟု ဥက္ကဋ္ဌမှ နောက်နေစဉ် မှတ်တမ်းတင်ထားပုံ.... (ရီလိုက်ရတာ...)
နေရောင်နှင့် ရေခဲပြင်၏ ရောင်ပြန်ဟပ်မှုကြောင့် ငိုထားသကဲသို့ ဖြစ်ပြီး မျက်စိနာနေကြသော ဥက္ကဋ္ဌနှင့် ကိုဇေယျာတို့အား မှတ်တမ်းတင်ထားပုံ....
ရဟတ်ယာဉ် ပျက်ကျရာနေရာနှင့် စခန်းချရာနေရာများ..
ဥက္ကဋ္ဌနှင့် အဖွဲ့အား သယ်ဆောင်သည့် ရဟတ်ယာဉ် ရောက်ရှိလာစဉ် (ဗီယက်နမ် စစ်ကားတွေထဲကလို ဘာလိုလို Rambo ပြန်လာပြီ.. အဲ Ramtay  ရမ်တေ ပေါ့ဗျာ)
ပူတာအိုသို့ ရောက်ရှိပြီး ဆေးစစ်မှု့ခံယူနေသော ဥက္ကဋ္ဌအား ဒုဥက္ကဋ္ဌမှ အားပေးနေစဉ် (ဗီယက်နမ် စစ်ပြန်လိုလို ဘာလိုလို လက်စက်သတ်တော့ ချိတ်ထမီဝတ် တပ်ချုပ်ကြီးနဲ့ အပေါင်းအပါတွေအတွက် နတ်ရေကန် သနပ်ခါးနဲ့ မိတ်ကပ် သွားရှာတာကိုး.. )
ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး ဒုက္ခသည်အားလုံးကို ပန်းလှိုင်ဆေးရုံတွင် ဆေးစစ်ကြည့်ရာ အားလုံးတို့မှာ Toxic များ၊ မကောင်းသည့် (အင်ဇိုင်း)များ အလွန်များနေ၍ စင်္ကာပူသို့ အမြန်ပို့ပြီး Singapore Raffles Hospital တွင် ဆေးကုသမှု ခံယူနေစဉ်..
ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (မှတ်တမ်း)  ဤမှာတွင် ပြီးဆုံးပါပြီ.. ဇာတ်သိမ်းမှာတော့ မြိုင်ရာဇာတေဇရဲ့ နတ်ရေကန် ရှာပုံတော်ကတော့ နောက်ဆုံး ဒီနေ့တေဇတို့ ကံမကောင်းပါလား ဆိုသလို ရဟတ်ယာဉ်လည်းဆုံး၊ နတ်ရေကန်ထဲလည်းမဆင်းရ၊ သေကံမရောက် သက်မပျောက်ပဲ စင်ကာပူဆေးရုံရောက်ပြီး ဇာတ်သိမ်းလိုက်ပါကြောင်း..

မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၁) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_13.html
မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၂) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_9566.html

နျူးကလီးယားဓါတ်ပေါင်းဖို ပေါက်ကွဲမှု၊ ဂျပန်ငလျင်နဲ့ တိုကျိုမြို့ အခြေအနေ..

တိုကျိုမြို့က ကမ္ဘာအနှံ့မှာရှိတဲ့ LAWSON ဆိုင်ရဲ့ ၁၅ရက်နေ့ မြင်ကွင်းတစ်ခု..


နျူးကလီးယားဓါတ်ပေါင်းဖို ပေါက်ကွဲမှု၊ ဂျပန်ငလျင်နဲ့ တိုကျိုမြို့ အခြေအနေ (ယနေ့မြန်မာ ရုပ်သံ)

အလင်းအိမ်မဂ္ဂဇင်း..

luminary 5of1

14 March 2011

လွင်မိုး ဘယ်သူတွေနဲ့  ပေါင်းနေသလဲ။












လွင်မိုးဟာ ကြံ့ဖွံ့ပါတီကို လိုလို လားလား ရက်ရက်ရောရောနဲ့ တကူးတက လေယာဉ်စီးပြီး မြိတ်မြို့ က ကြံ့ ဖွတ်ကို မဲသွားထည့်ခဲ့သူ ဖြစ်ပါတယ်။

နအဖတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလတွေမှာ လွင်မိုးဟာ ကမာရွတ်မြို့နယ်၊မြကန်သာ ၂ လမ်းWA MINN Co., Ltd (Export & Import) မှာ Vice Chairman အဖြစ် လုပ်ကိုင်နေပြီး ဇေကမ္ဘာဦးခင်ရွှေ (နအဖသန်းရွှေတို့ နှင့် အလွန်နီးစပ်သူ) နဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို လိုက်ပါခဲ့ပါတယ်။

လွင်မိုးဟာ ကြံ့ဖွံ့ပါတီကနေ ၀င်အရွေးခံတဲ့ ယုဇန ဦးဌေးမြင့်ရှိရာ မြိတ်ကို သွားပြီး မဲပေးခဲ့ပြီး သူရဲ့  ဇနီးသည်နဲ့ အတူ မေသန်းနု၊ ဇူးဇူးမောင် တို့ ပါ ခေါ်သွားခဲ့ပါတယ်။

လွင်မိုးရဲ့  ဒီ ကြံ့ ဖွတ်ပါတီကို မဲပေးခဲ့မှုတွေ ကြံ့ ဖွတ်ပါတီရဲ့  မဲဆွယ်စည်းရုံးမှုကို လိုက်ပါခဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြောစကားတွေကတော့ - “ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့ကကျနော့် ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ” ဟူသော လွင်မိုးက ပြောခဲ့ပါတယ်။ ဒီအပြင် ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခု အချိန် မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟု ပြောကြားခဲ့ပါသေးတယ်။

မင်းသားဘ၀ကနေ စီးပွားရေးဘက် ပြောင်းလဲခဲ့သူ လွင်မိုးဟာ ပြည်သူက သူရဲ့  အနုပညာအောင်မြင်မှုအတွက် အားပေးပေးခဲ့ကြတာတွေ ပြည်သူက အားပေးလို့  အောင်မြင်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ကနေ ကျေးဇူးရှင် ပြည်သူပရိတ်သတ်ကို ကျောခိုင်းရုံသာမက၊ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးကို ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့ နအဖဘက်ကို ပြောင်ပြောင်တင်းတင်း လိုက်ပါပြတာ ထောက်ခံအားပေးပြောဆိုပြလိုက်တာတွေဟာ ပြည်သူအပေါ်ကျေးစွပ်လိုက်တဲ့အပြင် နအဖအာဏာရူးတွေရဲ့  လက်ကိုင်ဒုတ်ဘ၀ကို လွင်မိုးကိုယ်တိုင်က လိုလိုလားလား ခံယူလိုက်တယ်ဆိုတာ ပေါ်လွင်သွားပါတယ်။

လွင်မိုးရဲ့  အကြောင်းကို နအဖရွေးကောက်ပွဲ ကြံ့ ဖွတ်ပါတီ မဲဆွယ်စည်းရုံးတာ လိုက်ပါခဲ့တဲ့အချိန်နဲ့  ကြံ့ ဖွတ်ပါတီကို မဲပေးခဲ့မှသာ သိကြရပြီး လွင်မိုးကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုတဲ့အခါမှာ လွင်မိုးဟာ နအဖဘက် လိုက်ပါနေသူဆိုတာ တိတိကျကျ သိလိုက်ကြပါတယ်။

နအဖသန်းရွှေတို့ နဲ့  လွင်မိုး ဘယ်လောက်နီးနီကပ်ကပ် ပေါင်းဘက်နေပြီလည်းဆိုတာကို ထပ်မံတွေ့ ရှိရတဲ့ အခြေအနေတွေက ပြောနေပါတယ်။

နအဖသန်းရွှေတို့ နဲ့  နီးစပ်သူ ဇေကမ္ဘာ ခင်ရွှေတို့  ယုဇနဌေးမြင့်တို့ လို ကြံ့ ဖွတ်အကြီးစားတွေနဲ့  လွင်မိုး တွဲဘက်နေရုံတင်မက မကြာသေးခင်ကမှ သန်းရွှေအတွက် နှင်းတောင်ပေါ်မှာ နတ်ရေကန်သွားရှာတဲ့ (ရဟတ်ယာဉ်ပျက်လို့  ငရဲမင်းကတောင် လက်မခံရဲလို့  ထိုင်းက ကယ်လိုက်တဲ့ အသက်လေး ဖုတ်လိုက် ဖုတ်လိုက်နဲ့  ပြန်ရောက်လာတဲ့) တေဇရဲ့  သားတွေ၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့ သား စစ်သွေးအောင်တို့  နဲ့ ပါ လည်ပင်းဘက်ပေါင်းနေတာ တွေ့ ရပါတယ်။

အောက်ဖေါ်ပြပါ ပုံတွေ ကြည့်ရင် အနုပညာလိုင်းကနေ စီးပွားရေးလိုင်းပြောင်းပြီး ကျေးဇူးရှင်ပြည်သူတွေကို စော်ကားခဲ့တဲ့ လွင်မိုးနဲ့  မူးယစ်သောင်းကျန်းကဲနေကြတဲ့ တေဇရဲ့  သားတွေ အတူတကွ သောက်လိုက်စားလိုက် ထိုးလိုက် သွင်းလိုက်နဲ့  ကမြင်းကြောထနေကြတာကို တွေ့ ရပါလိမ့်မယ်။ လွင်မိုး စီးပွားရေးလုပ်ငန်းတွေ သွားလုပ်တဲ့အခါမှာ လိုက်လံစောင့်ရှောက်ပေးနေတဲ့ နအဖစစ်သားတွေကိုပါ တွေ့ မြင်ရပါတယ်။



ပြည်သူကို စော်ကားဆန့် ကျင်တဲ့ ကြံ့ ဖွတ်မင်းသား စီးပွားရေးသမား လွင်မိုး၊ တိုင်းပြည်သယံဇာတတွေကို ခိုးယူမောင်ပိုင်စီးနေတဲ့ သူခိုးကြီးတေဇရဲ့  အဖေခြေရာ ထပ်တူထပ်မျှ နင်းနေတဲ့ ပြည့်ဖြိုးတေဇတို့  မျိုးပျက်သားတွေကို နအဖသန်းရွှေတို့ က ချီးမြှောက်ထားတာမို့  တိုင်းပြည်ပျက်ရတဲ့အထဲ တိုင်းပြည်ဖျက်တဲ့အထဲမှာ အခုတော့ လွင်မိုးလည်း တစ်ဦးအပါအ၀င် ဖြစ်ပါပြီ။

(ပေးပို့ လာတဲ့ ကိုဂါမဏိအား ကျေးဇူးတင်ရှိပါသည်။ ထို့ အတူ ပို့ စ်ရေးသားမှုအား တက်ညီလက်ညီ အတူတစ်ကွ ဖေါ်ပြတဲ့ ဒီမိုဝေယံအားလည်း ကျေးဇူးတင်ရှိပါသည်)။

ပြည့်ဖြိုးတေဇ ၊ကြံ့ဖွတ်လွင်မိုးနှင့် သစ်တောဝန်ကြီး ဦးအောင်ဖုန်း၏သား စစ်သွေးအောင်တို့ရဲ့ လျှို့ဝှက်စံအိမ်တော်မှ မြင်ကွင်းများ...

နတ်ရေကန်တေဇနဲ့ အတူတွေ့ရတဲ့ ကြံ့ဖွတ်လွင်မိုး... ဘာကြောင့် ကြံ့ဖွတ်ကို ထောက်ခံတယ် ဆိုတာတော့ ပြောစရာမလိုတော့ပါဘူး.. ဒီယုံမြင်လို့ ဒီခြုံထွင်တာလေ...
ပြည့်ဖြိုးတေဇ (အိပ်နေသူ)၊ ကြံ့ဖွတ်လွင်မိုးနဲ့ သစ်တောဝန်ကြီး ဦးအောင်ဖုန်း၏သား စစ်သွေးအောင်တို့ ပျော်စံရာ အိမ်တော်မှ
သစ်တောဝန်ကြီး ဦးအောင်ဖုန်းသား စစ်သွေးအောင်
ပြည်သူ့ချဉ်ဖတ် ဖြစ်လာတော့မယ့် ကြံ့ဖွတ်လွင်မိုး..
ပြည့်ဖြိုးတေဇ
အဖေခြေရာနင်းမယ့် သား ပြည့်ဖြိုးတေဇ...
စစ်သွေးအောင်ရဲ့ မူးမူးရူးရူး 
သစ်တောဝန်ကြီး ဦးအောင်ဖုန်း၏သား စစ်သွေးအောင်
နအဖဗိုလ်ချုပ်တွေရဲ့ တစ်ဦးတည်းသော လက်ရုံး တေဇရဲ့သား ပြည့်ဖြိုးတေဇ၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်း၏သား စစ်သွေးအောင်နဲ့ ကြံ့ဖွတ်ပါတီကို တရားဝင်ထောက်ခံခဲ့တဲ့ ကြံ့ဖွတ်လွင်မိုး တို့အား ၎င်းတို့ပျော်စံရာ စံအိမ်တော်မှာ တွေ့ရတဲ့ ပုံတွေပါ...။

ပထမပိုစ့်မှာ တေဇဟု ပေးပို့လာသည့် အတိုင်း တင်မိလိုက်တာကို တောင်းပန်အပ်ပါသည်...။

ကံ့ဖွတ်လွင်မိုးနဲ့ အတွဲများနေတဲ့ စစ်သွေးအောင်အကြောင်း တစေ့တစောင်း

ကျိုက်ဝိုင်းဘုရားလမ်း နဲ့ မင်းဓမ္မလမ်းထောင့်က Palm Court Villa အိမ်ရာမှာ နေပါတယ်။  Palm Court Villa အိမ်ရာမှ မျက်နှာချင်းဆိုင် လုံးချင်းအိမ် ၂လုံးကို သစ်တောဝန်ကြီးဟောင်း ဗိုလ်မှုးကြီးအောင်ဖုန်း ပိုင်ဆိုင်ပြီး ၎င်းတို့ပိုင် ကုမ္ပဏီနာမည်က SUNTECH လို့ဆိုပါတယ်.။ သစ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းအပြင် ကလပ်ပါ ထောင်ထားတယ်ပါတယ်..။ ငွေဆောင်က Bay Of Bangal Resort Hotel ဟာလဲ သစ်တောဝန်ကြီး ဦးအောင်ဖုန်းတို့ ပိုင်ဆိုင်တာပါတဲ့။ စစ်သွေးအောင်နဲ့ ကြံဖွတ်လွင်မိုးဟာ BME 2 မှာ ဆေးအမြဲသွားရှုနေတာ ဖြစ်ပါကြောင်း ရေးသားပေးပို့လာပါတယ်...။

တေဇဟုမှားယွင်း ဖော်ပြထားမှုအား ပြန်လည် ရေးသားပေးပို့လာသည့် ပြည်တွင်းမှ အတွင်းသိ ညီငယ်နှင့် ပြန်လည် ထောက်ပြပေးသည့် စာဖတ်ပရိသတ် ညီမအားလည်း ကျေးဇူးတင်ပါသည်...။

ကြံ့ဖွတ်လွင်မိုးကတော့ အများသိတဲ့ အတိုင်း ပြီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတုန်းက လျှက်တပြက် ဂျာနယ်နှင့် အင်တာဗျူးရာမှာ “ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့က ကျွန်တော့ ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ”ဟု ဗြောင်ကျကျပြောဆိုခဲ့ပြီး ကြံ့ဖွတ်အမတ် ဦးခင်ရွှေ၏ မဲဆွယ် စည်းရုံးပွဲတွင်လည်း ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခု အချိန် မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာ ပေါ့လေ” ဟု သူက ပြောဆိုကြောင်း ဧရာဝတီ သတင်းဌာနက ရေးသားခဲ့ပါသည်။ အထက်ပါ ပုံတွေကို ကြည့်ချင်းအားဖြင့် လွင်မိုးဒီယုံ မြင်လို့ ဒီချုံထွင်တာ ဆိုတာသိသာ ထင်ရှားနေပါတယ်.။ နောက်(၅)နှစ်ကြာရင် အမတ်ပဲဖြစ်မလား ချဉ်ဖတ်ပဲ ဖြစ်မလားဆိုတာကတော့ သာကူးလွင်မိုး သမိုင်းက အဆုံးအဖြတ်ပေးမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်..။
ဒီမိုဝေယံ..

ဓာတ်ပုံများ ပေးပို့တဲ့ ကိုဂါမဏိအား ကျေးဇူးတင်ပါသည်...။

ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်း၊ ဓာတ်ပုံများ-၂)

  • စတင်၍ တောင်အောက်သို့ ဆင်းနေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်နေပုံ..
  • လမ်းလျှောက်ရင်း ခါးလယ်အောက် နစ်သွားသောသူကို တူးယူကယ်ထုတ်အပြီး ၎င်းချိုင့်ကို မှတ်တမ်းတင်ထားပုံ..
  • လမ်းခရီးတွင် တစ်ဦးကိုတစ်ဦး အားပေးရင်း ဆင်လာပုံကို မှတ်တမ်းတင်ထားပုံနှင့် Capt.များမှာလည်း လမ်းလျှောက်ရင်း ၎င်းတို့ Body Heat ကြောင့်၎င်းအချိန်တွင် အအေးဒဏ်ကို ခံနိုင်နေဆဲဖြစ်ပြီး မိမိတို့မှာလည်း တောင်အောက်ကို ရောက်ချင်ဇောနှင့် Snow Cover Travel Coat မျှဝေမပေးမိပေ..
  • ရာသီဥတု ဆိုးဝါးလာမှုကြောင့် နီးစပ်ရာကျောက်စပ် (ကျောက်ကြို ကျောက်ကြားများတွင် ဝင်ခိုကာ ဥက္ကဋ္ဌမှ ၎င်းဝတ်ထားသော ၎င်းအသက်အတွက် အလွန်အရေးကြီး လှသည့် Snow Cover Travel Coat/ နားအုပ်/ လက်အိတ်/ ခြေအိတ်များအား မျှဝေချွတ်ပေးကာ Capt.များကို အားပေးစကား ပြောနေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်ထားပုံ..
  • ဦးသက်ထွန်းမှ အောက်ခြေဘက်မှ မှတ်တမ်းတင်နေပြီး မိမိတို့မှလည်း ဦးသက်ထွန်းကို ပြန်၍ မှတ်တမ်းတင်နေပုံ..
  • ဘာပဲဖြစ်နေ ဖြစ်နေ ငါတို့ "မြန်မာ" မလျော့သော ဇွဲနဲ့ ဒီဒုက္ခက လွတ်အောင် လုပ်မည်ဟု ကြွေးကြော်ကာ ဥက္ကဋ္ဌအိတ်ထဲ ပါလာသည့် မြန်မာနိုင်ငံအလံ၊ မိမိတို့ ကုမ္ပဏီအလံများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံက အချင်းချင်း စိတ်ဓာတ်ပြန်မြှင့်နေပုံ....
  • စီးကျလာသော ရေများမှာ အောက်ခြေမကျပဲ လမ်းခရီးတွင် ခဲသွားစဉ် ထူးခြားစွာ တွေ့ရပုံကို မှတ်တမ်းတင်ထားပုံ..
  • (၂၂)ရက်နှင့် (၂၃)ရက် နှစ်ရက်တာကာလတွင် လူ(၆)ဦး/ ချိုချဉ်(၉)လုံး ချောကလက် ၃တောင့်ဖြင့် ပေ(၃၀၀၀) ကျောက်တောင် ဆင်းလမ်းတစ်လျှောက် ဖြတ်သန်းကျော်ဖြတ်ခဲ့ရပြီး အားအင်များ ကုန်ဆုံးကာ ဘာဓာတ်ပုံမှ မှတ်တမ်း မတင်နိုင်တော့သော်လည်း ၂၄ရက်နေ့ မနက်တွင် ရာသီဥတု ကောင်းလာပြီဖြစ်၍ မိမိတို့ ရောက်ရှိနေသော နေရာမှ မြင်တွေ့ရသော အလွန်လှပသည့် ပုံများကို မှတ်တမ်းတင်ထားပုံ
  • ဆိတ်သားခြောက် (၆)ချောင်းပါ နှစ်ထုတ်/ ဓါးနှစ်ချောင်း၊ ဖယောင်းတိုင် (၃)တိုင်၊ မီးခြစ်(၂)ခု၊ ဘီစကစ်(၁)ထုတ်၊ ခေါက်ဆွဲခြောက် (၁)ထုတ်နှင့် ဘောင်းဘီ(၄)ထည် ပါဝင်သည့် တစ်ထုတ်တည်းသာ ရရှိရန်အတွက် မိမိတို့ အဖွဲ့ဝင် Grace မှ ၄နာရီကြာ တစ်ဦးတည်းသွားကာ ခြေထောက်ဖြင့် တွန်းချယူခဲ့သည့် ခြေရာလမ်းကြောင်း။ (23.2.2011၊ ညနေ ၃း၀၀ နာရီ) (အကူအညီ ရောက်ရှိလာသည့် ရဟတ်ယာဉ်မှ ရိက္ခာ  ချပေးစဉ်)
    • ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်း၊ ဓာတ်ပုံများ-၃) ဆက်လက်ဖော်ပြပါမည်..။ နတ်ရေကန်ရှာပုံတော် စွန့်စားခန်းတွေပါ...။
    ဒီမိုဝေယံ
      မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၁) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_13.html ကျွန်ုပ်၏ စွန့်စားခန်းအတွက် ဝေဖန်ချက်များ ရေးသားနိုင်ပါတယ်...။

      မက်စ်မြန်မာ ဦးဇော်ဇော်ရဲ့ ရန်ကင်း ကလေး အထူးကု ဆေးရုံသစ်ဖွင့်ပွဲ...

       သံအမတ်တွေက အနောက် အလယ်မှာက မျောက်...
      ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် လက်အောက်ခံဌာနများ အဖြစ် ဖွင့်လှစ်ခဲ့သော ရုံးအဆောက်အဦးများကို ခုတင်(၅၅၀)ဆံ့ ကလေး အထူးကု ဆေးရုံသစ်ကြီးအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ ကလေးအထူးကု ဆေးရုံသစ်ကြီး၏ အကျယ်အ၀န်းမှာ မြေဧရိယာ(၉.၅)ဧက ကျယ်ဝန်းပါသည်။


      မက်စ်မြန်မာကုပ္မဏီပိုင်ရှင် ဦးဇော်ဇော်မှ မြန်မာကျပ်ငွေ သန်းပေါင်း(၉၀၀၀)ကျော် အကုန်ကျခံကာ လှုဒါန်းဆောက်လုပ် ပေးခဲ့သည်ဟု သိရှိရပါသည်။ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်ဖွင့်ပွဲသို့ နအဖအတွင်းရေးမှုး(၁) ဦးသီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်မှုးကြီး၏ သမီးနှင့်မြေး ဖိုးလပြည့်(ခ) နေရွှေသွေးအောင်၊ ကျန်းမာရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကျော်မြင့်၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၊ မက်စ်မြန်မာကုပ္မဏီအုပ်စု ပိုင်ရှင်ဦးဇော်ဇော်နှင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ၊ နိုင်ငံတကာမှ သံအမတ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။

      ရန်ကင်း ကလေးအထူးကုဆေးရုံသစ်ဖွင့်ပွဲကို ယနေ့ မတ် ၁၃ ရက် နံနက် ၈း၁၀ အချိန်တွင် အလှုရှင်ဖြစ်သော မက်စ်မြန်မာကုပ္မဏီအုပ်စု ပိုင်ရှင်ဦးဇော်ဇော်၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ကြီးဒေါက်တာကျော်မြင့်၊ နအဖအတွင်းရေးမှုး(၁) ဦးသီဟသူရ တင်အောင်မြင့်ဦး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်တွင် ဆေးရုံအဆောင်ပေါင်း (၂၄)ဆောင်ပါရှိသည်ဟု သိရှိရပါသည်။ ဖွင့်ပွဲ အခမ်းအနားကျင်းပပြီးနောက် နအဖဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏မြေး ဖိုးလပြည့်(ခ) နေရွှေသွေးအောင်မှ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်အတွက် အလှုငွေ(၁၅)သိန်းကို လှုဒါန်းခဲ့သည်ဟု သိရှိရပါသည်။

      ဒါကတော့ သတင်းတစ်ပိုင်းပေါ့...

      သာဓုခေါ် သင့်မသင့်ထက် နေရွှေသွေးအောင် လှူတာ သမ္မတ လစာရဲ့ သုံးပုံတစ်ပုံပါ..။ Max မြန်မာ ဦးဇော်ဇော်လှူတာ ကျပ်ငွေ သန်းပေါင်း (၉၀၀၀)တဲ့ နားကြားများ မှားလားလို့ပေါ့..။ သိန်း(၉၀၀၀)ထောင် မဟုတ်ပါ.. သန်း(၉၀၀၀)ထောင် ဒေါ်လာ ၉သန်းပေါ.့.။ နအဖဗိုလ်ချုပ်ကြီးတွေ ပိုင်ဆိုင်မှုဆိုရင် စဉ်းစားသာကြည့်ပါတော့..။ နအဖဗိုလ်ချုပ်တွေကော ဝင်ငွေကြေငြာရဲပါ့မလား.. လွှတ်တော်ထဲမှာ အမတ်ဆိုသူတွေက လူတိုင်းသိနေတဲ့ မေးခွန်းကို မေးနေပြီး  ဝန်ကြီးဆိုသူတွေက ဖြေချင်တာ ဖြေနေတာထက် အများသိချင်တဲ့ ပိုင်ဆိုင်မှုတွေ  ဝင်ငွေကို စစ်ဆေးပိုင်ခွင့်၊ ဝင်ငွေခွန် ဆောင်မဆောင် ကြေငြာခွင့် မေးမြန်းခွင့်ရှိပါလား။ တပ်ချုပ်ကြီးသားနေတဲ့ အိမ်က လျှပ်စစ်မီးမီတာခက ကျပ် ၁၀၀ကျော်ပဲ ကျတယ်ဆိုပဲ။ ဒီလို တိုင်းပြည်ဘဏ္ဍာငွေတွေကို အလကားနီးပါး ရနေတဲ့ တပ်ချုပ်ကြီး အသိုင်းအဝန်းက ဝင်ငွေခွန်ကျတော့ အများနီးပါး ဆောင်စရာမလိုဘူးလား။ မေးချင်တာပါ.. လွှတ်တော်ကိုယ်စားလှယ် ကြီးများလည်း လွှတ်တော်မှာ ဘာမှမအဖြေမရတဲ့ အမေးတွေ မေးမြန်းပြီး နောက်ဆုံးကတော့လည်း လုပ်ချင်တာပဲ လုပ်သွားတာကို ခံနေရမယ့် အတူတူ မိမိတို့ကိုယ်ကိုယ် ဘယ်ဘဝ ရောက်နေပြီလည်းဆိုတာ ပြန်လည် ဆန်းစစ်ပါဦးလို့ တင်ပြလိုက်ရပါတယ်...။
      သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

      အောက်မှာပေါ်ချင်တာဒီမှာရေး